YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Hello My Girl E22 CM.mp4

290.79 MB N/A video/mp4 133 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Under Siege 2: Dark Territory
5.8

မင်းသားကြီး Steven Seagal ရဲ့ Under Siege အက်ရှင်ဇာတ်ကားတွဲရဲ့ ဒုတိယမြောက်ကားပဲဖြစ်ပါတယ်။ ရေတပ်အရာရှိဘဝကနေ အနားယူထားတဲ့ကေစီရိုင်းဘတ်ဟာ တူမဖြစ်သူနဲ့အတူ ခရီးအတူထွက်ဖို့ရထားစီးလာခဲ့ကြပါတယ်။ အကြမ်းဖက်သမားအဖွဲ့တစ်ခုက ဖျက်စီးအားပြင်းတဲ့ ဂြိုလ်တုတစ်ခုကိုထိန်းချုပ်ဖို့အတွက် ရထားကိုအနုကြမ်းစီးပြီး ခရီးသည်တွေကိုဓားစာခံအဖြစ် ဖမ်းသွားတဲ့အခါမှာ ကေစီရိုင်းဘတ်အနေနဲ့ အကြမ်းဖက်သမားတွေကို ဘယ်လိုတားဆီးသွားမလဲ ဓားစာခံအဖြစ်ဖမ်းခံရတဲ့သူတွေကိုရော ဘယ်လိုကယ်တင်သွားမလဲဆိုတာ... အပစ်အခတ် အတိုက်ခိုက်တွေနဲ့ အက်ရှင်ချစ်ပုရိတ်သတ်ကြီး အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File Size :(2.9GB)(966MB) and (340 MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:44:00 Genre : Action, Thriller, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Comedy • Romance • TV Movie
5.8 1995 100 mins
Under Siege 2: Dark Territory
Manhunter
7

FBI စုံထောက်‌ဝေလ်ဂရေဟမ် ဟာကွင်းဆက်လူသတ်သမားအမှု တစ်ခုစုံစမ်းပြီး နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် မိသားစုနဲ့အတူ ကမ်းခြေအိမ်လေမှာ ဇာတ်မြှုပ်နေနေသူဖြစ်တယ်။ တစ်နေ့တော့ ဂရေဟမ်ဆီကိုသူငယ်ချင်းဖြစ်သူရောက်လာပြီး မိသားစုလိုက်သတ်ဖြတ်ခဲ့တဲ့ကွင်းဆက်လူသတ်သမားကို ကူညီစုံစမ်းပေးဖို့ အကူအညီတောင်းလာတဲ့အခါ။ ဂရေဟမ်တစ်ယောက်လူသတ်မှုတွေကို ဘယ်လိုစုံစမ်းဖော်ထုတ်မလဲ။ လူသတ်သမားကရော ဘယ်လိုပိပိရိရိ ရှောင်တိမ်းမလဲ။ ဉာဏ်ကြီးရှင်လူသတ်သမားတွေနဲ့ FBI စုံထောက်တွေကြားအားပြိုင်‌ ပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ File size…1.3GB / 455MB Quality…WEB-DL 1080p5.1CH / 720p Format…mp4 Duration….2h Genre ..... Crime , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eunice

Drama • Romance
7 1986 120 mins
Manhunter
Black Panther SWAT Team

-ရဲအရာရှိဖြစ်တဲ့အဖေဖြစ်သူကတာဝန်ထမ်းဆောင်ရင်း အသက်ပေးသွားခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ကိုမုန်းတီးပြီး ဝါသနာပါရာ ဓာတ်ပုံဆရာအဖြစ်ဘဝကို ဖြစ်သလိုဖြတ်သန်းနေတဲ့ Jiang Miao -ပြည်သူတွေအတွက်ကိုယ်ကျိုးစွန့်ပြီး တာဝန်ကျေပွန်အောင်ထမ်းဆောင်ခဲ့ရတာ သူရဲကောင်းဖြစ်တယ်လို့ယူဆပြီး ကိုယ်တိုင်တင်မကပဲ ညီဖြစ်သူ Jiang Miaoကိုပါ အထူးရဲဖြစ်စေချင်တဲ့ Jiang Lei အယူအဆတွေကွဲပြားတဲ့ညီအစ်ကိုနစ်ယောက်မှာ Jiang Miaoဟာ လောကဒဏ်ရဲ့ရိုက်ခတ်မှုကြောင့် အလွဲလွဲအမှားမှားနဲ့ အထူးရဲတပ်ဖွဲ့ထဲရောက်သွားပြီး အထူးတပ်ဖွဲ့ရဲ့လေ့ကျင့်မှုကြောင့် အရည်အသွေးအဆင့်မှီတဲ့ပြည်သူ့ရဲဘယ်လိုဖြစ်လာခဲ့သလဲ ဆိုတာကိုရိုက်ကူးထားတဲ့ အက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 49 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy
0 2023 109 mins
Black Panther SWAT Team
A Christmas Cookie Catastrophe
6.1

မေပယ်ဝုဆိုတဲ့နယ်မြို့လေးက ခရစ္စမတ်စိတ်ဓာတ်အပြည့်ရှိတဲ့မြို့လေးပါ မြို့ထဲမှာ ခရစ္စမတ်ဆိုရင်ရောင်းအားအကောင်းဆုံးထိပ်တန်းလက်ရာနဲ့ ကွတ်ကီးလုပ်ငန်းတစ်ခုရှိတယ် မေပယ်ဝုမြို့မှာ "ခူးပါကွတ်ကီး"ဆိုရင်မသိတဲ့သူမရှိသလောက်ပါပဲ...။ "ခူးပါကွတ်ကီး"လုပ်ငန်းတည်ထောင်သူအဖွားခူးပါမရှိတော့တဲ့နောက်မှာ နယူးယော့ခ်မြို့ကလာတဲ့ ​မြေးမလေးအန်နီခူးပါ က "ခူးပါကွတ်ကီး"ရဲ့CEOဖြစ်လာခဲ့တယ်။ မြို့ကြီးပြကြီးကလာတဲ့ အန်နီခူးပါတစ်ယောက် နယ်မြို့လေးက ကွတ်ကီးဆိုင်ပိုင်ရှင်ဖြစ်လာတဲ့အခါ လုပ်ငန်းအသုံးစရိတ်တွေကိုလျှော့ချတော့တယ်။ အန်နီခူးပါရဲ့ လုပ်ဆောင်ချက်တွေကြောင့် ရှယ်ယာရှင်တွေအပါအဝင် တစ်မြို့လုံးက အန်နီခူးပါကိုသိပ်မကြည်ခဲ့ပါဘူး တစ်နေ့ ခူးပါကွတ်ကီးဆိုင်အတွင်းမှာ ဆိုင်ရဲ့အနာဂတ်အဆုံးသတ်သွားနိုင်လောက်တဲ့ လျို့ဝှက်ကိစ္စကြီးတစ်ခုဖြစ်လာတယ်.. ဒီလျို့ဝှက်ကိစ္စကြီးရဲ့တရားခံက ဘယ်သူဖြစ်မလဲ။ တရားခံရဲ့ရည်ရွယ်ချက်ကရော စခရူးမက်ဒက်ခ်လို့နာမည်ပြောင်ပေးထားရလောက်အောင်တစ်မြို့လုံးမကြည်တဲ့သူမကိုပညာပြချင်တာလား ၊ "ခူးပါကွတ်ကီး"လုပ်ငန်းကိုဖျက်ဆီးချင်တာလား ။ ဒါမှမဟုတ် ဒီရည်ရွယ်ချက်နှစ်ချက်စလုံး မဟုတ်နေတာမျိုးရောဖြစ်နေမလား...။ အန်နီခူးပါက ဒီပြဿနာကြီးကို မေပယ်ဝုမြို့သူမြို့သားတွေမသိခင်ဘယ်လိုဖြေရှင်းသွားမလဲ ဘယ်လာကွတ်ကီးဆိုင်ပိုင်ရှင် ဆမ်တို့သားအဖနဲ့ရော ဘယ်လိုရေစက်ဆုံမလဲ "ခူးပါကွတ်ကီး"ဆိုင်ကိုကယ်တင်ဖို့ အတူတူကြိုးစားပေးကြတဲ့သူတွေနဲ့ အန်နီခူးပါရဲ့အလွဲလေးတွေကို ဒီကားထဲမှာ ဟာသဆန်ဆန်တွေ့ရမှာပါ ရိုမန့်ကတော့ပါးပါးလေးပါပါတယ်... ဇာတ်ကားအစကနေ အဆုံးထိကြည့်ချင်အောင်ဆွဲခေါ်သွားနိုင်တဲ့ ၂၀၂၂ထွက်ခရစ္စမတ်ဇာတ်ကားကောင်းအသစ်ပါ။ မင်းသား Victor Webster၊ မင်းသမီး Rachel Boston၊ ကလေးသရုပ်ဆောင် Averie Peters နဲ့ ဟာသသရုပ်ဆောင်များစွာပါဝင်ရိုက်ကူးထားပါတယ်။ File size…(2.02GB)  / (`1GB) / (540.41MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:24:00 Genre... Comedy / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra Zaw

Horror • Thriller
6.1 2022 84 mins
A Christmas Cookie Catastrophe
Escape the Field
5

Thriller/ Mystery သည်းထိတ်ရင်ဖိုကားလည်းဖြစ်၊ လျို့ဝှက်ဆန်းကြယ်အမျိုးအစားလည်းဖြစ်တဲ့ ဒီကားလေးဟာ ၂၀၂၂ ခုနှစ်မှာထွက်ရှိလာတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။ Escape Room လိုမျိုး thriller ကားကောင်းကြိုက်နှစ်သက်တဲ့သူတွေ ကြည့်သင့်တဲ့ကားလေးဖြစ်ပြီး ရင်ခုန်လှိုက်မောမှုနဲ့ နားမလည်နိုင်ခြင်းတို့ ဒွန်တွဲပြီးကြည့်ရမယ့် သည်းထိတ်ရင်ဖိုကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်ကွက်အနေနဲ့လည်း မ‌ဆိုးလှသလို ဇာတ်ကောင်တွေရဲ့သရုပ်ဆောင်တွေကလည်း အသည်းတယားယားဖြစ်ချင်စရာမျိုးဖြစ်အောင်ကို ကောင်းမွန်လှပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့ မိမိဘာသာယမန့်နေက တစ်နေရာရာမှာ အိပ်မောကျမိသွားတဲ့သူတွေ ဘယ်နေရာကမှန်းမသိတဲ့ ပြောင်းခင်းကျယ်ကြီးထဲ ရောက်သွားရာကနေ စတင်ပါတယ်။ ‌ အဆိုပါ ပြောင်းခင်းကြီးဟာ လူလုပ်ပြောင်းခင်အတုကြီးလား၊ တကယ့်ပြောင်းခင်းအစစ်လား။ ပြောင်းခင်လိုနေရာမျိုးမှာ Escape Room လိုမျိုး ဇာတ်ကွက်ကို ဘယ်လိုဖော်ဆောင်သွားမလဲ၊ ဘယ်လောက်တောင် ဇာတ်ရှိန်တက်ပြီး ကြည့်ကောင်းမလဲဆိုတာကိုတော့ Escape the Field 2022 ကားလေးထဲမှာ ခံစားရင်ခုန်ပေးလို့ရပါပြီခင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ San Thu Aung ပဲ ဖြစ်ပါတယ်။ Genre..... Horror, Thriller Quality….1080p | 720p| 480p File size… 1.3GB | 653MB | 288MB Format…mp4 Duration…. 1h 29 min Subtitle….Myanmar Subtitle (Hardsub) Translator ..... San Thu Aung Encoder ..... August

Western
5 2022 89 mins
Escape the Field
Three Colors: Blue
7.7

ပထမဆုံးကားက အပြာ၊ သူ ကိုယ်စားပြုတာ လွတ်မြောက်မှု။ ဇာတ်လမ်းလေးကလည်း ဂျူလီဆိုတဲ့ အိမ်ထောင်သည် ၃၀ ကျော် အမျိုးသမီးတစ်ယောက်က ကားမတော်မဆ ဖြစ်ပြီး ယောက်ျားဖြစ်သူနဲ့ ၅ နှစ်အရွယ် သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတယ်။ အဲဒီမှာ သူဟာ လောကကြီးကို အဆက်သွယ်ဖြတ်ဖို့ ရှိသမျှအကုန် ရောင်းချပြီး တစ်နေရာမှာ အပျောက်သွားနေထိုင်ရာကနေ ပတ်ဝန်းကျင်ကလူတွေကြောင့်ပဲ လွတ်မြောက်မှုကို ကိုယ်စားပြုတဲ့ ဘဝအသစ်စတင်တာတွေ၊ ကတိကဝတ်တွေ ပူဆွေးမှုတွေ အချစ်တွေ အမုန်းတွေက လွတ်မြောက်သွားတာတွေကို အပြာဆိုတဲ့အတိုင်း အပြာရောင် Theme တို့ ပစ္စည်းတွေ အရောင်တွေနဲ့ ပုံဖော်သွားခဲ့တဲ့ ဒရမ်ကားလေးပါ။ မင်းသမီးနေရာကလည်း အော်စကာတစ်ခု ရရှိဖူးတဲ့ ပြင်သစ်မင်းသမီးကြီး Juliette Binoche က အဲဒီခေတ်တုန်းက လှလှလေးနဲ့ ကောင်းကောင်းကြီး သရုပ်ဆောင်ထားတာပါ။

7.7 1993 98 mins
Three Colors: Blue
Toy Story 4
7.5

ရုပ်ရှင်ချစ်သူတွေထဲမှာ တွိုင်းစတိုရီကို မကြည့်ဖူးဘဲ ကြီးပြင်းလာတဲ့သူဆိုတာ အတော်ရှားပါလိမ့်မယ်။ ငယ်ငယ်တုန်းကတည်းက တွိုင်းစတိုရီကိုကြည့်ပြီး ကိုယ့်အရုပ်လေးတွေ ဘယ်လိုများ အသက်ဝင်မလားမလဲတောင် ချောင်းကြည့်ဖူးကြတဲ့သူတွေ ရှိမလားမသိဘူး။ ဝုဒီတို့ ဘက်ဇ်တို့နဲ့ မိတ်ဆွေတစ်သိုက်ဟာ မိတ်ဆွေတွေတိုးရင်း စွန့်စားခန်းတွေ ဖွင့်ရင်း နေလာခဲ့တာ နှစ်ပေါင်းတွေ ကြာလာခဲ့ပါပြီ။ အရုပ်တွေအတွက ်သူတို့ရဲ့ ပိုင်ရှင် ကလေးငယ်ဆိုတာ ဘဝကြီးပါပဲ။ ဒါပေမယ့် အဲဒီပိုင်ရှင်တွေရဲ့ သက်တမ်းက တိုတောင်းပါတယ်။ သေဆုံးသွားတာ မဟုတ်ပေမယ့်လည်း ကြီးပြင်းလာတဲ့အချိန်မှာ အရုပ်တွေကို စွန့်ပစ်ကြတာ၊ ဒါမှမဟုတ် အခြားကလေးကို ပေးပစ်ကြတာတွေ လုပ်ကြတာပေါ့။ ဒီလိုနဲ့ ဘိုပိ ဟာလည်းအခြားပိုင်ရှင်တစ်ယောက်ဆီကို ရောက်သွားပြီး ဝုဒီတို့နဲ့ ကွဲကွာသွားခဲ့ပါပြီ။ ဒီတစ်ခေါက်မှာလည်း အန်ဒီဟာ ဘွန်နီဆိုတဲ့ ကလေးမလေးဆီကို သူ့ရဲ့အရုပ်တွေ ပေးပစ်လိုက်တာကနေ စတင်ပါတယ်။ ဘွန်နီဟာ အရုပ်လေးတွေကိုချစ်ပြီး နေ့တိုင်းကစားတတ်ပေမယ့် သူ ရွေးနေကျမဟုတ်ဘဲ ချန်ထားခဲ့တဲ့ အရုပ်လေးတွေ ရှိတတ်ပါတယ်။ အဲဒီအထဲမှာ တစ်ချိန်က အန်ဒီရဲ့ အချစ်တော် ဝုဒီလည်း ပါနေတာပေါ့။ ဒီလိုနဲ့ ဘွန်နီလေး ပထမဆုံး မူကြိုကို ကြောက်ကြောက်လန့်လန့်နဲ့ သွားရင်းနဲ့ ဇွန်းခရင်း တစ်ခါသုံးလေးကို ဖော့ကီဆိုတဲ့ အရုပ်အဖြစ် ဖန်တီးလိုက်မိပါတယ်။ ပြီးတော့ အဲဒီ ခရင်းရုပ်လေးက ဘွန်နီရဲ့ မူကြိုကျောင်းမှာ အားပေးမယ် အဖော်လေးဖြစ်လာပါတော့တယ်။ ဒါပေမယ့် ဖော့ကီဟာ မထင်မှတ်ဘဲ ဘွန်နီနဲ့ ကွဲကွာသွားတဲ့အခါမှာတော့ ဝုဒီဟာ ဖော့ကီကို လိုက်ကယ်ဖို့ သူ့မိတ်ဆွေတွေနဲ့ အတူ စွန့်စားခန်းတွေ ဖွင့်ရပါတော့မယ်…. တွိုင်းစတိုရီ-၄ ဟာလည်း အရင်ကားတွေလိုပဲ မိတ်ဆွေစိတ်တွေ၊ အရုပ်တွေနဲ့ ကလေးတွေရဲ့ သံယောဇဉ်တွေကို လှလှပပ ပုံဖော်ထားတာပဲမို့ ကြည့်တဲ့သူတွေ ကြိုက်ကြမှာပါ။ ရုပ်ရှင်ကားကို Little Neo က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။

Adventure • Animation • Family • Fantasy
7.5 2019 100 mins
Toy Story 4
Blood Flower
5.7

Blood Flower (2022) ကျွန်တော်တို့ငယ်ငယ်ကတုန်းဆို မလေးရှားသရဲကားတွေဆိုတာလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာပေါ့။ မလေးရှားစုန်းကာ အသစ်ထွက်တယ်ဆိုရင်ကို အဒေါ်တွေနဲ့ ရုပ်ရှင်ရုံသွားကြည့်ရ အခွေငှားဆိုင်မှာ လုငှားခဲ့ရတာပေါ့။ တစ်ခါတစ်လေဆို အခွေကလက်မလည်လို့ ကြိုတင်ဘွတ်ကင်ပါ လုပ်ရသေးတာ။ ခုချိန်မှာလဲ မလေးရှား ဟော်ရာကားတွေက အရင်ကလို သိပ်မကြည့်ကြတော့ဘူးဆိုပေမဲ့ အရင်ကလိုပဲ မလေးရှားသရဲကား အငွေ့သက်တွေနဲ့ ကြောက်စရာကောင်းနေတုန်းပါပဲ။ အပနှင်တဲ့ပုံစံမျိုးနဲ့ လျှို့ဝှက်ချက်တွေပါတဲ့ ဟော်ရာကားမျိုး ကြိုက်တတ်တဲ့သူတွေအတွက်ကတော့ ဟော်ရာကားတွေ ထွက်စရာသိပ်မရှိတော့လို့ ဒီမလေးရှားဟော်ရာကားလေးက စိတ်ကျေနပ်မှုပေးနိုင်တဲ့ကားလေးဖြစ်မှာပါ။ သွေးသံတရဲရဲအခန်းတွေပါတာကိုတော့ သတိချပ်စေလိုပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အပနှင်တဲ့မိသားစုတစ်စုရှိပါတယ်။ အဲ့မိသားစုထဲမှာမှ အဖေလုပ်သူကလွဲပြီး ကျန်တဲ့သုံးယောက်လုံးဟာ သရဲတစေ တွေကို မြင်နိုင်စွမ်းရှိကြပါတယ်။ တစ်နေ့အပနှင်နေတုန်းမှာ အမေဖြစ်သူဟာ နတ်ဆိုးတစ်ကောင်ကြောင့်သေခဲ့ရပြီး နောက် အဖေဖြစ်သူက သူ့သားသမီးတွေ ဒီလိုမဖြစ်ရအောင်ဆိုပြီး သူတို့ရဲ့အစွမ်းစတွေကို ချိတ်ပိတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူတို့နဲ့အိမ်နီးချင်းတစ်ယောက်ဟာ သူမရှိတုန်း သူ့အခန်းကိုကြည့်ပေးဖို့ထားခဲ့ပါတယ်။ သားဖြစ်တဲ့သူနဲ့ သူ့သူငယ်ချင်းတွေဟာ အဲ့အခန်းထဲကိုဝင်ပြီး အလုံပိတ်ထားတဲ့ အခန်းတစ်ခုကို ဖွင့်မိရာကနေ လူတွေတစ်ယောက်ပြီးတစ်ယောက် သေကုန်ကြပါတယ်။ အဲ့အခန်းထဲက လွတ်သွားတဲ့အရာက ဘာလဲ ဘာလို့လူတွေကိုလိုက်သတ်နေရတာလဲ အခန်းပိုင်ရှင်ရဲ့ လျှို့ဝှက်ချက်ဟာဘာလဲဆိုတာကို အသဲတယားယားနဲ့ ကြည့်ရှုလိုက်ကြပါဦး ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Fantasy, Horror, Mystery Quality…. 1080p | 720p | 480p File size… 1.2GB | 567MB | 290MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Comedy • Romance
5.7 2022
Blood Flower
The Island

Actionကားတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဒီနှစ်အတွင်းမှာထွက်ရှိထားတဲ့ အသစ်စက်စက်ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမေရိက ကျွန်းတစ်ကျွန်းပေါ်မှာတည်ထားတာပဲဖြစ်ပါတယ်။ ညီဖြစ်သူ အသတ်ခံလိုက်ရပြီးနောက်မှာ LAPD ရဲတစ်ယောက်ဖြစ်တဲ့ မာ့ခ်က သူ့ရဲ့ကြီးပြင်းရာဇာတိဖြစ်တဲ့ ကျွန်းပေါ်ပြန်သွားခဲ့ပါတယ်။သူ့ညီအတွက် လက်စားချေဖို့ပြင်ဆင်ရင်း သူတို့ရဲ့ကျွန်းက အရင်လို အေးချမ်းတဲ့နေရာမဟုတ်တော့ဘဲ ဂိုဏ်းသားတွေရဲ့ လက်ဝါးကြီးအုပ် အနိုင်ကျင့်ခံနေရမှန်းသိသွားတဲ့အခါမှာ ညီအတွက်ရော ကျွန်းကိုပါ ကာကွယ်ရင်း လက်စားချေတာကို ကြည့်ရမှာပါ။ စိတ်လှုပ်ရှားစရာ အက်ရှင်ကားကောင်းရှာနေတဲ့သူဆို အံကိုက်ပါပဲ။ အက်ရှင်ကားမို့လို့ ဇာတ်လမ်းအလှည့်အပြောင်းတွေအများကြီးနဲ့ဆိုတော့ အများကြီးမညွှန်းတော့ပါဘူး။ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ။ File size…(1.7 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Leonie

Romance
0 2023 93 mins
The Island
The Fury of a Patient Man
6.7

နောက်ပိုင်းထွက်တဲ့ ဇာတ်ကားသစ်တွေကောင်းတာရှားလို့ Old but Gold ဇာတ်ကားဟောင်းတွေကိုပြန်ကြည့်ချင်တဲ့လူတွေအတွက် ၂၀၁၆ ကထွက်ရှိခဲ့တဲ့ The Fury of a Patient Man ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.7 ရရှိထားပြီး ဇာတ်ကားနာမည်အတိုင်းပဲ သည်းခံစိတ်ရှိတဲ့ လူတွေ ဒေါသထွက်လာရင်တကယ်မလွယ်ဘူးဆိုတဲ့ အကြောင်းကို အဓိက တွေ့ရမှာဖြစ်ပါတယ်။ဟိုဆေးဆိုတဲ့ လူတစ်ယောက်က မကြာခင်လက်ထပ်ရတော့မဲ့ သူ့ရဲ့ချစ်သူကို ဆုံးရှုံးထားရတဲ့ လူဖြစ်ပြီး သူ့ရဲ့ချစ်သူက ဘဏ်ဓားပြတိုက်ခဲ့တဲ့ လူတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။သူ့ချစ်သူကို သတ်ခဲ့တဲ့ အဲ့ဒီ လူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကူရိုဆိုတဲ့ လူတစ်ယောက် ထောင်ထဲက ထွက်လာပြီးနောက်မှာ ဟိုဆေးကကူရို့ကို အသုံးချပြီးဘယ်လိုတွေ ပြန်လက်စားချေသွားမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.89GB/ 769MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2016 92 mins
The Fury of a Patient Man
Dead Mine

Dead Mine (2012) Genre – Action, Horror အင်ဒိုနီးရှားကျွန်းစွယ် တောနက်နက်ထဲကို လူတစ်စု စူးစမ်းရှာဖွေလျက် ရှိပါတယ်။ လက်နက်ကိုင် ကြေးစားစစ်သည်တွေလည်း ပါဝင်သလို ပညာရှင်တွေလည်း ပါဝင်ပြီး ဘယ်လိုမျိုးအရာကို လိုက်လံရှာဖွေနေတယ်ဆိုတာ ပညာရှင်တွေကလွဲပြီး ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီလိုနဲ့ ရှာဖွေနေစဉ်မှာပဲ ပင်လယ်ဓားပြအုပ်စုနဲ့ တွေ့ပြီး တိုက်ခိုက်ရာကနေ မိုင်းတွင်းအဟောင်းကြီးတစ်ခုထဲကို ထွက်ပြေးခဲ့လိုက်ရပါတော့တယ်။ ဖြစ်ချင်တော့ ဒီမိုင်းတွင်းကြီးဟာ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်စစ်တပ်တွေ တပ်စွဲခဲ့တဲ့နေရာတစ်ခု ဖြစ်နေပြီး နောက်ကွယ်မှာကတော့ သာမန်တပ်စွဲသလောက်ထက် ကျော်လွန်ပြီး ထူးခြားဆန်းကြယ်မှုတွေ ရှိတဲ့နေရာ ဖြစ်လို့နေပါတယ်။ အဲဒီအခါကျမှ ပညာရှင်တွေဖက်ကနေ ဒီစူးစမ်းလေ့လာရေး ခရီးစဉ်ရဲ့ ရည်ရွယ်ချက်အမှန် ထွက်ရှိလာပြီး မိုင်းတွင်းထဲက မမျှော်လင့်ထားတာတွေ ဖြစ်ပျက်ခဲ့တဲ့ အချိန်မှာတော့ တစ်အုပ်စုလုံး အသက်ရှင်သန်ဖို့ ကြိုးစားရုန်းကန်ပြီး ရှာဖွေနေတာတွေလည်း တွေ့မလားဆိုတာ ကြည့်ရမယ့်ရုပ်ရှင်လေး ဖြစ်ပါတယ်။ ခုနောက်ပိုင်း နာမည်ကြီးလာတဲ့ အင်ဒိုနီးရှားမင်းသား Joe Taslim တောင် အရန်နေရာက သရုပ်ဆောင်ထားပါသေးတယ်။ File size… 1.4 GB / 703 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Drama
0 2012 91 mins
Dead Mine
Bhaiyya Ji
6.6

Bhaiyya Ji (2024)”အစ်ကိုကြီး အဖအရာ” ================================ The Family Man ထဲက သဘာဝမင်းသားကြီး မာနို့ဂျ်ရဲ့ IMDb 6.6/10 ရ ကလဲ့စား အက်ရှင်သည်းထိတ်ရင်ဖိုရုပ်ရှင်အသစ် ott ထွက်ရှိလို့လာပြီ။ ဒီရုပ်ရှင်ဟာဆိုရင် အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ်ပြည်နယ်ထဲက ဖြစ်ရပ်မှန်တွေပေါ်မှာ အခြေခံထားတယ်လို့လည်း ဒါရိုက်တာဖြစ်သူက ပြောပြထားပါတယ်။ ဇာတ်လမ်းကတော့ မာနို့ဂျ်သရုပ်ဆောင်ထားတဲ့ ဇာတ်လိုက်ဖြစ်သူ ရမ်ချာရန်ရဲ့ မင်္ဂလာပွဲအတွက် သူ့ရဲ့ညီဖြစ်သူဟာ သူတို့ရဲ့ မွေးရပ်မြို့ဆီကို ပြန်လာနေတုန်းမှာ အကြောင်းပြချက်မရှိ ပျောက်ဆုံးသွားတဲ့အတွက် ရမ်ချာရန်တစ်ယောက် လိုက်ရှာဖို့ကြိုးစားရင်း တစ်နွယ်ငင်တစင်ပါဆိုသလို အမှိုက်ကစ ပြဿာဒ်မီးလောင်ကာ နိုင်ငံရေးသမား အကောင်ကြီးကြီးတွေနဲ့ငြိပြီး မီးခိုးကြွက်လျှောက်ဖြစ်ပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ သဘာဝမင်းသားကြီး မာနို့ဂျ်ရဲ့ အက်ရှင်အကြမ်းပတမ်းတွေကို မြင်တွေ့ရမှာဖြစ်လို့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ချန်နယ်မြန်မာ ဘောလိဝုဒ်အဖွဲ့သားတွေကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

Romance • Comedy • Crime
6.6 2024
Bhaiyya Ji
The Severed Sun
6.3

မိုးအေးအေးမှာ စောင်လေးကွေးရင်း ကြည့်နိုင်ဖို့အတွက် Horror ကားလေးတစ်ကားနဲ့ cm ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက IMDB မှာ 6.3 အထိ ရထားတာမို့ သိပ်မဆိုးဘူးလို့ ဆိုရမှာပါ။ ဘာသာရေး အယူဝါဒဆိုတာ လူတွေကို မှိုင်းမိအောင် လုပ်ဖို့အတွက် အလွယ်ကူဆုံးပဲ ဆိုတာကို ဒီဇာတ်ကားကြည့်ရင် သိနိုင်ပါတယ်။ အိမ်ထောင်တစ်ခုမှာ လင်ယောကျ်ား လုပ်သမျှအမှန် ဇနီးမယားဆိုတာ ထားရာနေ စေရာသွား အနိုင်ကျင့်သမျှ ခံရမယ့် အိမ်သူထက် မပိုတဲ့ ခေတ်ကာလကို နောက်ခံ ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းအကျဉ်းကတော့ မြို့ပြတွေနဲ့ ဝေးကွာတဲ့ ရွာလေးတစ်ရွာမှာ ဦးစီးအုပ်ချုပ်တဲ့သူက သင်းအုပ်ဆရာ တစ်ယောက် ဖြစ်ပါတယ်။ သူတို့ရွာလေးက ဘယ်သူတွေနဲ့မှ အဆက်စပ်မရှိဘဲ ကိုယ်တိုင်ပဲ သီးသန့် စိုက်ပျိုးမွေးမြူ ရှင်သန်ကြတာဖြစ်ပြီး အားလုံး လေးစားလိုက်နာကြတဲ့ ဖာသာကပဲ စီမံခန့်ခွဲတာ ဖြစ်ပါတယ်။ ဖာသာသမီးဖြစ်သူ မက်ပိုင်ရဲ့ ခင်ပွန်း တောထဲမှာ အသတ်ခံလိုက်ရပြီးနောက် ရွာလူထုကြားထဲမှာ တောထဲက ထူးဆန်းတဲ့ နတ်ဆိုးကောင် အကြောင်း တဖြည်းဖြည်းနဲ့ အပြောများလာခဲ့ပါတယ်။ ဒီနတ်ဆိုးနဲ့ မက်ပိုင်နဲ့ ဘယ်လို ဆက်စပ်မှု ရှိနေလဲ….။ ဖာသာအနေနဲ့ ဒီကိစ္စကို ရှင်းမရရင် သူ့အနေနဲ့ ရပ်ရွာ ဩဇာအာဏာကို ထိခိုက်လာမှာမို့ ဘယ်လိုတွေ ဖြေရှင်းဖို့ ကြိုးစားမလဲဆိုတာကတော့….။ File size… (1.17 GB) / ( 723 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 20m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Mystery • Drama • TV Movie
6.3 2024 80 mins
The Severed Sun