YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Heavenly.Forest.2006.720p(CM).mp4

987.89 MB N/A video/mp4 277 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Amazing Grace
6.9

IMDB...7.4 ၁၇ရာစုနှစ်အလယ်ပိုင်းလောက်က ကမ္ဘာကြီးမှာ ကိုလိုနီနယ်မြေတွေ၊အင်ပါယာတွေကြောင့် ကျွန်ကူးသန်းရောင်းဝယ်ရေးဆိုတာ ပေါ်ထွန်းလာခဲ့ပြီး အဓိကအချက်ကတော့ လုပ်ခသက်သာတာရယ် စိုက်ပျိုးရေးလုပ်ငန်းအမျိုးမျိုးအတွက် ခေါင်းပုံဖြတ်လို့ရတာတွေကြောင့်ပါ။ ဒီထဲမှာမှ ဗြိတိန်အင်ပါယာဟာလည်း ကိုလိုနီနယ်မြေတွေမှာ ကြံပင်၊ကော်ဖီပင်စတဲ့ စိုက်ပျိုးရေးတွေလုပ်ပြီး တိုင်းပြည်စီးပွားရေးအတွက် ကျွန်တွေအပေါ်မှီတည်ထားပါတယ်။ ၁၈ရာစုနှစ်အ‌ရောက်မှာတော့ William Wilberforceဆိုတဲ့ ဗြိတိန်ပါလီမန်အမတ်တစ်ဦးဟာ ကျွန်ကူးသန်းရောင်းဝယ်မှုကို ဖျက်သိမ်းဖို့ ဦးဆောင်လှုပ်ရှားခဲ့ပြီး ဒီဇာတ်လမ်းဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ ကျွန်စနစ်အပေါ် အဲ့ခေတ်က ပါလီမန်အမတ်တွေရဲ့အမြင်၊ လူထုအမြင်တွေကို သိသာအောင်ရိုက်ကူးပြထားတာပါ။ စနစ်တစ်ခု ပြုပြင်ဖို့ ဖျက်သိမ်းဖို့ လွှတ်တော်မှာတင်ပြကြတဲ့အခါ လက်ခံတဲ့သူတွေရှိသလို ဒီစနစ်ကနေအကျိုးအမြတ်ရနေသူတွေကတော့ ကန့်ကွက်ကြမှာပါပဲ။ ဒါဟာ ဖြစ်နေကျ နိယာမပါပဲ။ ဒါကို William Wilberforceဦးဆောင်တဲ့လူတစ်စုက အကြိမ်ကြိမ်ကျရှုံးရင်း ဘယ်လိုရင်ဆိုင်သွားကြလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှုနိုင်ပါပြီ။ သရုပ်ဆောင်တွေအနေနဲ့ အားလုံးသိပြီးသားဖြစ်တဲ့ Fantastic Four မင်းသား Ioan Gruffuddကအဓိကဇာတ်ဆောင်နေရာကပါဝင်ထားပြီး Doctor Strange မင်းသားBenedict Cumberbatchလည်းပါဝင်သရုပ်ဆောထားပါတယ်.. File Size :(3.07GB) and (1.01GB) Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Biography, Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • History
6.9 2006 117 mins
Amazing Grace
Persuasion
6

အချစ်ကားကောင်း Fifty Shades of Grey မှာ သူမရဲ့ လှပမှု့တွေနဲ့ လူအတော်များများသိလာကြတဲ့ မင်းသမီး Dakota Johnson ရဲ့ နောက်ထပ် အချစ်ကားတစ်ကား ထွက်ရှိလာပြန်ပါတယ် အချစ်စစ် အချစ်မှန်ဆိုတာ နှစ်တွေ ဘယ်လောက်ကြာကြာ မေ့ပစ်လို့မရနိုင်ဘူးမှတ်လား ဒီကားထဲမှာလည်း Anne ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဦးနဲ့ ‌‌‌‌ေ၀းခဲ့ပေမယ့် ၈နှစ်ကြာပြီးတာတောင် မမေ့နိုင်သေးဘဲ နောက်တစ်ခေါက် ပြန်ဆုံတဲ့အခါ နှလုံးသားက ဘယ်လိုခံစားရမလဲဆိုတာကို ရိုက်ပြထားတာပါ အ၀တ်အစား အဆင်အယင်လေးတွေကလည်း ဒီကားကို ကြည့်ဖို့ ဆွဲဆောင်နေတဲ့အပြင် နာမည်ကြီး စာရေးဆရာမ Jane Austenရဲ့ ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာမို့ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ ။ File Size__(1.9GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:47:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Myinn Encoded by Naing Aung Latt

Comedy • Horror • Thriller
6 2022 108 mins
Persuasion
Hellbender
5.6

Horror movie တွေကိုနှစ်သက်တဲ့ သူတွေတွက်ပါ ဆယ်ကျော်သက်ကောင်မလေးအစ်ဇီနဲ့ သူ့အမေက တောထဲက အိမ်မှာနေရင်း ဘဝကိုရိုးရိုးရှင်းရှင်း ဖြတ်သန်းရင်း နေထိုင်ကြတယ် သူတို့ရဲ့အချိန်တွေ metal music တွေကို ဖန်တီးရင်းကုန်ဆုံးကြတယ် ကောင်မလေးက သူ့ရဲ့ ဂီတစွမ်းရည်တွေကို လူတွေရှေ့မှာ ထုတ်ပြချင်ပေမယ့် အမေဖြစ်သူက သူ့ကို ၅နှစ်အရွယ်ကတည်းက လူတွေနဲ့ ဝေးဝေးနေခိုင်းထားခဲ့တာ... ကြမ္မာငင်လာတဲ့ တစ်ရက်မှာ ကောင်မလေးက အမ်ဘာတို့သူငယ်ချင်းတစ်စုနဲ့ ခင်မိပြီးနောက် သူတို့သားအမိက စုန်းအတက်မှော်အတက်တွေနဲ့ ပတ်သတ်တဲ့ hellbenderတွေမှန်း သိလိုက်ရတဲ့ အခါမှာတော့ ဘာဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ File Size__(1.5GB) / (780MB) Quality__1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__01:23:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Oleander Encoded by Naing Aung Latt

Adventure • Family • Fantasy
5.6 2021 83 mins
Hellbender
4 Horror Tales: Hidden Floor
5.6

ဒီတစ်ခေါက်တော့ Four Horror Tales:Hidden Floor ဆိုတဲ့ Korea Horror ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ single-mother မင်ယောင်ဆိုတဲ့ အမျိုးသမီးဟာ သူ့သမီးလေး ဂျူဟီး နဲ့အတူ တိုက်ခန်းအသစ်တစ်ခုကို ပြောင်းလာတာကနေ အစပြုထားပါတယ်။ ရောက်ရောက်ချင်းမှာပဲ ဒီတိုက်ခန်းအိမ်ယာမှာ လေးလွှာ မထားတာကို မင်ယောင်က သတိထားမိသွားပါတယ်။(လေးဂဏန်းဟာ တရုတ်လို သေခြင်း နဲ့ အသံထွက်ဆင်လို့ နိမိတ်မကောင်းဘူးလို့ ယူဆကြပါတယ်။)မင်ယောင်ကတော့ ဒါတွေကို အယုံအကြည်မရှိတာကြောင့် အမှုမဲ့ အမှတ်မဲ့ပါပဲ။ မင်ယောင်တို့ သားအမိနေတဲ့အခန်းနံပါတ်က (၅၀၄)ပါ။သူတို့အောက်က အခန်းကတော့ (လေးလွှာမရှိတာကြောင့် ) ၃၀၄ ပေါ့။တစ်ရက်ကျ မင်ယောင်တို့ဆီကို အောက်အခန်းက လူက ဒေါသတကြီးနဲ့ရောက်လာပြီး မဆူပူဖို့ ၊ဝုန်းဝုန်းဒိုင်းဒိုင်းတွေ မလုပ်ဖို့ ဒေါသတကြီး လာပြောပါတယ်။မင်ယာင်တို့သားအမိဟာလည်း တိတ်တိတ်ဆိတ်ဆိတ်နေတတ်သူတွေမို့ ဒါမျိုးလာပြောခံရတာကို ထူးထူးဆန်းဆန်းဖြစ်နေပါတယ်။ပိုပြီး ထူးဆန်းတာက ညဘက်ဆိုရင် သူတို့အောက်ခန်းကတောင် (၃၀၄ လို့ ထင်ရတဲ့အခန်းက )ဆူညံသံတွေ ကြားရတာပါပဲ။ သားအမိနှစ်ယောက်ပဲရှိတဲ့ မင်ယောင်ဟာ နေ့ခင်းတွေအလုပ်သွားပြီဆိုရင် သမီးလေးကို အိမ်မှာပဲ တစ်ယောက်တည်းထားခဲ့ရပါတယ်။ဒီလိုထားခဲ့ပြီး ရက်နည်းနည်းကြာတဲ့အခါ ဂျူဟီးလေးဟာ အောက်ထပ်တမံသလင်းကို နားကပ်ပြီး အကြာကြီးနားထောင်နေတာ၊နံရံမှာ နားမလည်နိုင်တဲ့ ပုံတွေလျှောက်ဆွဲတာ စတဲ့ အရင်ကသူမလုပ်ဘူးတဲ့ ထူးထူးဆန်းဆန်းတွေ လုပ်လာပါတယ်။ ဂျူဟီးလေး အဲ့လိုဖြစ်ပြီး တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ တိုက်ခန်းအိမ်ယာမှာ လူသေမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာတယ်။ ဂျူဟီးရဲ့ ထူးဆန်းတဲ့ အပြုအမူတွေနဲ့ လူသေမှုတွေဟာ ဘယ်လိုဆက်စပ်နေမလဲ၊သူတို့ အောက်တည့်တည့်က ကြားရတဲ့ အသံတွေဟာ ဘာတွေလဲ၊မေမေ မင်ယောင်ကရော ဒီအဖြစ်အပျက်တွေကြားထဲမှာ ဂျူဟီးလေးကို ဘယ်လို ကာကွယ်ပေးမလဲဆိုတာ ရင်တုန်အသည်းတုန်စွာနဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ IMDB 5.3/10 ရရှိထားပြီး Horror ကားကြိုက်နှစ်သက်သူတွေ ကျောတချမ်းချမ်းနဲ့ စောင့်ကြည့်ရမယ့် ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှူကြဖို့ တိုက်တွန်းချင်ပါတယ်။ (ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ်) File size…1.61GB / 526.3MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 40m Genre ..... Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damien

Documentary • Music
5.6 2006 100 mins
4 Horror Tales: Hidden Floor
The Trial of the Chicago 7
7.7

တရားမမှုအတွက် တရားခွင်နဲ့ ရာဇဝတ်မှုအတွက် တရားခွင် ဆိုတာပဲရှိတယ်။ နိုင်ငံရေး တရားခွင်ဆိုတာ မရှိဘူးဗျ။ ဟိ...ဟိ... နိုင်ငံရေးလှည့်ကွက် အနေနဲ့ အသုံးချဖို့ တရားခွင်ကို အသုံးချတာလေ။ မကြားဖူးဘူးမလား။ ဘယ်ကြားဖူးမလဲ။ တကယ်မှမရှိတာကိုး။ ဟား...ဟား.... ဆောရီးဗျာ။ နည်းနည်းတော့ရယ်မိတယ်။ အဲဒါနဲ့ နိုင်ငံရေးတရားခွင်ဆိုတာ မရှိဘူးနော်။ ကျွန်တော်ပြောရင် ယုံလိုက်။ ငိငိ xD... ၁၉၆၈ ခုနှစ် အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ အမျိုးသားဒီမိုကရက်တစ်ညီလာခံကို ကျင်းပခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်က အစပြုခဲ့တဲ့ ဗီယက်နမ် စစ်ပွဲက အားကောင်းနေဆဲကာလလည်းဖြစ်ပါတယ်။ ဒီလို အကျိုးမရှိဘဲ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ရတဲ့ စစ်ပွဲကို တားစီးနိုင်ဖို့ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံလုံးအာရုံစိုက်နေကြတဲ့ ညီလာခံရှိရာ ချီကာဂိုမြို့ကို စစ်ပွဲကို ဆန့်ကျင်သူတွေကို ဦးဆောင်ပြီး စစ်ပွဲဆန့်ကျင်ရေးတက်ကြွ လှုပ်ရှားသူ ၇ ယောက် ချီကာဂိုမြို့ကို ငြိမ်းချမ်းစွာ ချီတက်လာခဲ့ပါတယ်။ ဒီလို ဆန့်ကျင်ဆန္ဒပြရာမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြားမှာ ပဋိပက္ခတွေဖြစ်ပွားပြီး လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီလို အဓိကရုဏ်းဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ ၁၉၆၉ မတ်လ ၁၀ ရက်နေ့မှာ ခေါင်းဆောင် ၇ ယောက်ကို တရားစွဲဆိုခဲ့ပါတယ်။ နေဦး တရားစွဲတယ်လို့ ပြောမိတာလား။ မတရားအဆွဲခံရတယ်လို့ ပြောရင် ပိုမှန်မလား။ အဲဒါကို ဇာတ်ကားကို တစ်ချက်ကြည့်ပြီးမှ ဆုံးဖြတ်ကြတာပေါ့။ တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ တရားခွင်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပေမဲ့ အတော်ကို ဟာသမြောက်ပါတယ်။ Chicago 7 လို့ လူသိများတဲ့ ဒီ ၇ ယောက် စစ်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ဆန့်ကျင်ဆန္ဒပြရင်း ထောင်ခြောက်ဆင်ခံရပြီး နိုင်ငံရေးကစားပွဲထဲက ထိုးကျွေးခံနယ်ရုပ်လေးတွေ ဖြစ်လာတဲ့ပုံကို လှလှပပလေးပြထားပါတယ်။ ဒီ လူ ၇ ယောက်ထဲက နာမည်ကျော် နိုင်ငံတကာလူငယ်ပါတီ(YIP - Yippy လို့လည်းခေါ်ပါတယ်) ခေါင်းဆောင် အက်ဘီ ဟော့ဖ်မန်း ရဲ့ပြက်လုံးတွေကတော့ အဓိကအားဖြည့်ထားတာပေါ့။ သောက်တလွဲတရားသူကြီး ဂျူလိယက် ဟော့ဖ်မန်း(တရားခံ အက်ဘီဟော့ဖ်မန်းနဲ့အမျိုးမတော်ပါ။ ဒီအကြောင်းကို ဇာတ်ကားထဲမှာ သေချာရှင်းရှင်းလင်းလင်းပြထားပါတယ်။) ရဲ့ ကြောင်တောင်တောင် ဂေါက်တောက်တောက် လုပ်တာတွေက တကယ်ကို မုန်းချင်စရာကောင်းသလို ရယ်လည်းရယ်ချင်စရာကောင်းပါတယ်။ သူတို့ ၇ ယောက် တရားရုံးမှာ မလှုပ်သာမလှည့်သာ အကြပ်ရိုက်နေကြတာကို ထေ့လုံးငေါ့လုံးတွေနဲ့ သရော်ပြထားပြီး အဓိကရုဏ်းဖြစ်တဲ့နေ့က အဖြစ်အပျက်ကို အပြည့်အစုံပြထားပါတယ်။ ဒီတရားခွင်ဖြစ်လာတဲ့ အကြောင်းကို သိရင် အပေါ်မှာ ပြောထားတဲ့အတိုင်း နိုင်ငံရေးတရားခွင်ဆိုတာ ရှိလား ဆိုတာ ပြန်ပြီးမေးခွန်းထုတ်ချင်စရာဖြစ်လာပါလိမ့်မယ်။ ပိုပြီး ထင်ရှားတာကတော့ သူတို့ ၇ ယောက်နဲ့ ဘာမှမဆိုင်တဲ့ လူမည်းအခွင့်အရေးတက်ကြွလှုပ်ရှားသူ Black Panther ပါတီ ခေါင်းဆောင် ဘော်ဘီစီးလ် ကိုပါ သူတို့ ၇ ယောက်နဲ့ အတူတရားစွဲခံထားရတာကိုသာကြည့်ပါတော့။ သူတို့တွေက အတွေးအခေါ်တစ်ခုကို ပြည်နယ်တွေကို ဖြတ်ပြီးသယ်လာရင်း တစ်နိုင်ငံလုံးကို သိလာအောင် မြင်လာအောင် ကြားလာအောင် ပြောပြဖို့ ကြိုးစားရင်းက ပါးစပ်တွေကို ပိတ်ထားလိုသူတချို့ရဲ့စနက်ကြောင့် ရာဇဝတ်သားတွေဖြစ်လာခဲ့ရတာပါ။ တရားခွင်ကျင်းပနေစဉ်မှာပါ တကယ်ကို ပါးစပ်ကို အဝတ်နဲ့ ဆို့ပြီး မပြောနိုင်အောင် ပါးစပ်ပိတ်ထားခဲ့တာကို တွေ့ရပါလိမ့်မယ်။ ဒီသောက်တလွဲ တရားခွင်က ဘယ်လိုသောက်တလွဲတွေဖြစ်မယ်ဆိုတာကို The Trial of Chicago 7(2020) ကြည့်ပြီး ခွီရင်း ဒီဇာတ်ကားရဲ့ မတ်စေ့(Message) ကြီးကို ယူလိုက်ကြပါကုန်။ "တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြတယ်"တဲ့ ဆန္ဒပြသူတွေရဲ့ ကြွေးကြော်သံပါ။ သူတို့ပြောတဲ့အတိုင်းပဲ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြတယ်ဆိုပေမဲ့ စောင့်ကြည့်နေကြရုံပါပဲ။ မပြောဘဲ၊ မလုပ်ဘဲနေခဲ့ကြတာပါ။ ဒီနေရာမှာ အက်မွန် ဘရွတ်ရဲ့ စကားကို ကိုးကားချင်ပါတယ်။ "မကောင်းမှုအောင်မြင်ဖို့အတွက် ဘာမှမလိုပါဘူး။ လူကောင်းတွေ ဘာမှမလုပ်ဘဲ ရပ်ကြည့်နေဖို့ပဲလိုပါတယ်" ဆိုတဲ့စကားလေးပါပဲ။ လိုအပ်ရင် ကျွန်တော်တို့ ပြောဖို့လိုပါတယ်။ ပြဖို့လိုပါတယ်။ လုပ်ဖို့လိုပါတယ်။ ဒါပေမဲ့ ပြောတဲ့သူတွေ ဘာဖြစ်တတ်တယ်ဆိုတာ ဒီဇာတ်ကားမှာ မြင်မှာပါ။ ဘေးကနေ လက်ပိုက်ကြည့်နေရုံအတွက်တော့ သတ္တိမလိုဘူးပေါ့။ တစ်ယောက်ယောက်ကတော့ ပြောဖို့လိုနေပြီဆိုတာကို သိပြီး သိတဲ့အတိုင်းပြောခဲ့ကြတဲ့ သူရဲကောင်း ၇ ယောက်ကို ဒီအညွှန်းနဲ့ ဦးညွှတ်လိုက်ချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပဲဖြစ်ပါတယ်…) File Size : (1.80 GB) , (950 MB) and (480 MB) Quality : NF WEB-DL (1080p 5.1,720p,480p) Running Time : 2hr 09min Format : Mp4 Genre : Drama, History, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB.h264-PALEALE Translated by d3mon Encode by Thanhtike Zaw

Action & Adventure • Crime • Drama
7.7 2020 130 mins
The Trial of the Chicago 7
When the Screaming Starts

When the Screaming Starts (2022) ~ IGN – 8/10, Rotten Tomatoes – 100% ~ သင် Serial Killer တစ်ယောက် ဖြစ်ချင်ခဲ့ဖူးလား။ သင်ဟာ သမ္မတတွေ နိုင်ငံကျော်ဘောလုံးသမားတွေ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်တွေမဖြစ်ခဲ့ရင်တောင် လူတွေအများကြီးကိုသတ်ဖြတ်ခဲ့တဲ့ Serial Killer ဆိုရင် သူတို့လိုပဲ ကမ္ဘာ့သမိုင်းမှာအမြဲရှိနေမှာလေ… မဟုတ်ရင် Serial Killer တစ်ယောက်ရဲ့နေထိုင်ပုံ သတ်ဖြတ်ပုံ စတာတွေကို Interview တွေနဲ့ရော သူလူသတ်တဲ့နေရာမှာ ကင်မရာတွေထောင်ပြီးတော့ပါ တကယ်ကို အမှန်အကန်ရိုက်ထားတဲ့ Documentary Movie ကြီးကို ကြည့်ရမယ်ဆိုရင် ဘယ်လောက်များ Hype လိုက်မလဲ… အဲလိုအတွေးအခေါ်ကို ရိုက်ကူးထားတဲ့ When the Screaming Starts ဟာ ဒီ Message ကို ဟာသပေါင်းစုံနဲ့ ရောစပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ Norman Greysmith ဟာ Documentary ရိုက်ကူးသူ တစ်ယောက်ဖြစ်ပါတယ်။ Norman ဟာ အထက်ပါပုံစံ Documentary ကိုရိုက်ရင် လူတွေအရမ်းစိတ်ဝင်စားပြီး သူအောင်မြင်မှုတွေများစွာရမယ်လို့ ယုံကြည်သူပါ။ ဒီလိုနဲ့ Aidan Mendle ဆိုတဲ့ အရမ်းကြမ်းတဲ့ Serial Killer တစ်ယောက်ကို Internet ပေါ်က ရှာဖွေတွေ့ရှိပြီးနောက်မှာ သူ Documentary ဇာတ်လမ်းကို စတင်ပါတော့တယ်။ သရုပ်ဆောင်တွေကလည်း နာမည်အရမ်းမကြီးပေမယ့် တကယ် Comedian ရုပ် ပီသပြီး တကယ်ရယ်ရတာမို့ ဒီ လူသတ်ဟာသ ဇာတ်ကားကြီးက အတော်လေး Entertaining ဖြစ်စေမယ့်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 870MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 28Min Genre – Comedy, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

0 2022 89 mins
When the Screaming Starts
Tamil Kudimagan
9.6

Tamil Kudimagan (2023) “တမီလ်နာဒူးနိုင်ငံသား” IMDB 9.3 တောင်ရထားတဲ့ တမီးလ် ဒရာမာ ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ တမီးလ်လ်မျက်နှာသိသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Cheran နဲ့ မင်းသမီး Sri Priyanka တို့ အားဖြည့်ထားပြီး critically လည်း အောင်မြင်တဲ့ ရုပ်ရှင်ပါ အိန္ဒိယနိုင်ငံရဲ့ ဇာတ်အနိမ့်အမြင့်လူတန်းစား ခွဲခြားမှုကို မေးခွန်းထုတ်ထားတဲ့ ဇာတ်မျိုးပါပဲ မြို့ငယ်လေးတစ်ခုမှာ ချင်နာဆာမီဆိုတဲ့ ကောင်လေးက VAO ဆိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးစာမေးပွဲကိုအသွား ရပ်ကွက်ထဲက လူသေလို့ အသုဘချဖို့ လာခေါ်တာနဲ့ မလိုက်ချင်လိုက်ချင် လိုက်သွားရပါတယ်…။ သူကိုယ်တိုင် ရိုးရိုးကျင့် မြင့်မြင့်ကြံပြီး ကြိုးစားနေပေမယ့်လည်း လူ့အသိုင်းအဝိုင်းက ချင်နာဆာမီတို့ မျိုးရိုးအလုပ်ဖြစ်တဲ့ အသုဘချတာကို သူတစ်ယောက်တည်း လုပ်သင့်တယ်လို့ ဇွတ်သတ်မှတ်ထားကြတာပါ…။ ပြီးတာနဲ့ ဆိုင်ကယ်နဲ့ စာမေးပွဲဖြေဖို့လိုက်ပို့မယ်ဆိုပြီး ခေါ်တဲ့ လူကလည်း သောက်မြင်ကပ်ပုဒ်မနဲ့ လမ်းမှာ ဆီကုန်တယ်လို့ ညာပြီး စာမေးပွဲချိန်နောက်ကျအောင် တမင်ညစ်ပါတယ် ဒီဇာတ်နိမ့်လူတန်းစားမှာ အဖေက ဒါလုပ်ရင် သားက ဒါလုပ်ဆိုပြီး တသမတ်တည်း သတ်မှတ်ထားတဲ့ လူ့အဖွဲ့အစည်းကို တော်လှန်ချင်စိတ်ရှိတဲ့ ချင်နာဆာမီတို့ မောင်နှမတို့က လူတန်းစားခွဲခြားခံရတိုင်း တစ်ယောက်နဲ့တစ်ယောက် တောက်တခေါက်ခေါက် ပေါ့ သူ့ညီမလေးကလည်း ဆေးကျောင်းသူပေမယ့်လည်း လူတန်းစားအဆင့်အတန်းနဲ့ပတ်သက်လို့ ရည်းစားရဲ့အဖေဖြစ်သူ ပစ်ပစ်ခါခါ ပြောတာ ခံလိုက်ရပါတယ် ဒါတင်မကပဲ ချန်နာဆာမီ VAO ရာထူးရလာချိန်အထိ ရာထူးကိုမထောက်ပဲ မျိုးရိုးစွဲနဲ့လူတွေက သူ့ကို အသုဘ ချခိုင်းတုန်းပါပဲ ဒီလိုနဲ့ သူတို့မြို့လေးမှာ ဘယ်လိုတွေ ပြဿနာဖြစ်ကြမလဲ တရားခွင်တွေရောက်တဲ့အထိ ဖြစ်ရင်း ဘယ်လိုတွေ ဆက်ပြီးရှင်းကြမလဲ အိန္ဒိယနိုင်ငံရဲ့ ရှေးရိုးစွဲအယူဝါဒတွေကို တွန်းလှန်နိုင်မှာလား လူ့အဖွဲ့အစည်းစနစ်အောက်မှာပဲ ပြားပြားဝပ်နေရမှာလားဆိုတာ ဆက်လက်ကြည့်ရှူပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ KKKZ ~ Zwe ~ Dee ~ Alex ~ V တို့ပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

9.6 2023
Tamil Kudimagan
La Vie en Rose
7.6

La Vie En Rose ဆိုတဲ့ ဇာတ်လမ်းလေးကတော့ ပြင်သစ်အဆိုတော် အီဒစ်ပီအပ်ဖ်ရဲ့ ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့အမည်ကိုလည်း အီဒစ်ပီအပ်ဖ် ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ La Vie En Rose ကိုမှည့်ခေါ်ထားပါတယ်။ အီဒစ်ပီအပ်ဖ်ရဲ့ ငယ်ဘဝအကြောင်းအရာတွေက စပြီး သူသေဆုံးချိန်မတိုင်ခင်နဲ့ ပတ်ဝန်းကျင် အဖြစ်အပျက်တွေထိ ပရိသတ်သိထားတာတွေရော နောက်ကွယ်က အကြောင်းအရာတွေပါ စုံစုံလင်လင် တင်ဆက်ထားတဲ့ အထ္ထုပတ္တိဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ အီဒစ်ပီအပ်ဖ်ဟာ အောင်မြင်မှုကြီးမားသူတွေရဲ့ ထုံးစံအတိုင်း ခက်ခဲကြမ်းတမ်းတဲ့ငယ်ဘဝကို ပိုင်ဆိုင်ခဲ့ရသူ ဖြစ်ပြီး ငယ်ငယ်ကလေးဘဝကတည်းက တာဝန်မယူတတ်တဲ့ အမေဖြစ်သူကြောင့် အဘွားဖြစ်သူ ရဲ့ ဆောင်ကြာမြိုင်မှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။ အီဒစ်လေး ၉ နှစ် အရွယ်ရောက်ချိန်မှာ သူ့အဖေဖြစ်သူ ဆပ်ကပ်ကျွမ်းဘားသမားရဲ့ လမ်းပေါ်က ဖျော်ဖြေပွဲ တစ်ခုမှာ ပရိသတ်တစ်ယောက် တောင်းဆိုမှုကြောင့် “La Marseillaise” ကိုသီဆိုပြခဲ့ပြီး ကမ္ဘာကြီးဆီကို “အီဒစ်ပီအပ်ဖ်” ကို စတင်မိတ်ဆက်ခဲ့ပေးပါတယ်။ နှစ်တွေအများကြီးကြာခဲ့ပြီး ကလပ်ပိုင်ရှင် လူးဝစ်လပ်ပလီး နဲ့ တွေ့ဆုံပြီးချိန်မှာတော့ ကလပ်ရဲ့ ပင်တိုင်အဆိုတော် ဖြစ်လာခဲ့ပါတယ်။ လူးဝစ်လပ်ပလီးကိုယ်တိုင်က သူ့ကို “စာငှက်ကလေး” လို့ အဓိပ္ပါယ်ရတဲ့ ပီအပ်ဖ်ဆိုတဲ့ အမည်ကို တွဲပေးခဲ့လို့ “အီဒစ်ပီအပ်ဖ်” ဆိုတဲ့ အနုပညာနာမည်ကို စရခဲ့ပါတယ်။ ကံကြမ္မာလှည်းဘီးတစ်ပတ်လည်ပြီး လူးဝစ်လပ်ပလီး တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရခဲ့ပါတယ်။ စုံထောက်တွေအနေနဲ့ မာဖီးယားတွေနဲ့ ပတ်သက်တယ်ဆိုပြီး အီဒစ်ပီအပ်ဖ်ကို သံသယဝင်လာခဲ့ပါတယ်။ ပရိသတ်ရဲ့ လက်မခံခဲ့တဲ့အပြင် အချစ်ဆုံးသူငယ်ချင်းပါ ထိန်းသိမ်းခံလိုက်ပြီးမှာတော့ ကြံရာမရဖြစ်နေတဲ့ အီဒစ်ဟာ ရေးမွန်အက်ဆို နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့အဆိုတော်ဘဝအတွက်တစ်ဆင့်တက်လာစေမယ့် လက်ဟန် ခြေဟန်နဲ့ ဖျော်ဖြေမှု၊ ပိုပြီးသက်ဝင်ခံစားနိုင်မှု နဲ့ အခြားသင်ခန်းစာတွေကိုပါ လေ့လာခဲ့ရပြီး အောင်မြင်တဲ့ အဆိုတော်ဘဝကို တက်လှမ်းနိုင်ခဲ့ပါတော့တယ်။ ဇာတ်လမ်းအဆုံးသတ်ပိုင်းမှာ အီဒစ်ရဲ့ ကံမကောင်းတဲ့အချစ်ရေး၊ အောင်မြင်မှုဖိစီးလာပုံ နဲ့ ဇရာပိုင်းရောက်လာချိန် စိတ်ခံစားချက်တွေကို လှလှပပ ပုံဖော်သွားနိုင်ပြန်ပါတယ်။ အီဒစ်ပီအပ်ဖ် အဖြစ် သရုပ်ဆောင်ခဲ့သူ Marion Cotillard အနေနဲ့လည်း အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင် -အော်စကာဆု၊ BAFTA AWARD၊ ရွှေကမ္ဘာလုံးဆု နဲ့ César Award တွေပါ ဆွတ်ခူးနိုင်ခဲ့သလို ဇာတ်ကားအနေနဲ့လည်း အကောင်းဆုံးမိတ်ကပ်၊ဆံပင်ပညာရှင်အော်စကာဆု၊ ဝတ်စုံဒီဇိုင်း BAFTA AWARD၊ ၊ အကောင်းဆုံးဂီတရုပ်ရှင်ဆု BAFTA AWARDတွေ ရခဲ့တဲ့ ဇာတ်ကားလေးဖြစ်လို့ လက်လွတ်မခံဘဲ ကြည့်ရှုနိုင်ပါရန် တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.2 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 20m Genre ….. Drama/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

7.6 2007
La Vie en Rose
Rhinegold

IMDb 6.8 || Rotten Tomatoes 71% ဂျာမန် rapper နဲ့ တေးသံသွင်းပိုင်ရှင် Xatar (Giwar Hajabi)ရဲ့ အထုပ္ပတ္တိကို ရိုက်ကူးထားတဲ့ Crime/Drama ဖြစ်ပါတယ် ရပ်ဂီတနဲ့ ဒုစရိုက်ဆိုတာ လိုက်ဖက်ညီတဲ့ အဓိပ္ပာယ်နှစ်ခုလို့ ပြောလို့ရမှာဖြစ်ပြီး ဒီဇာတ်ကားမှာဆိုရင် rap အပိုင်းထက် Xatar ရဲ့ ဘဝဇာတ်ကြောင်းနဲ့ ဝရမ်းပြေးဘဝ/ဒုစရိုက်လောကထဲ ပါဝင်ပတ်သက်မိပုံတွေ အဓိကအလေးပေးပြီး ဖော်ပြထားတာပါ G ရဲ့ အစောဆုံးမှတ်ဉာဏ်တွေက ထောင်ထဲမှာပါပဲ အီရန်-အီရတ် ပဋိပက္ခတွေရဲ့ အလယ် အကျဥ်းထောင် မွေးဖွားခဲ့ပြီး လွတ်မြောက်လာတော့ ဒုက္ခသည်စခန်း၊ ဒီကနေတစ်ဆင့် ဥရောပ ဂျာမနီကို ရွှေ့ပြောင်းလာခဲ့ရတယ် သူ့ရဲ့အဖေက သူတို့ Kurd မျိုးနွယ်တို့ လေးစားကြတဲ့ နာမည်ကြီး ဂီတဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့သား G ကို ငယ်ငယ်လေးကတည်းက classical ဂီတကို လက်ဆင့်ကမ်းဖို့ရည်ရွယ်ချက်နဲ့ စန္ဒရားသင်ပေးခဲ့ပေမဲ့ သူတို့နေထိုင်ရာ ဂျာမန်ရပ်ကွက်လေးရဲ့ စရိုက်ဆန်မှု၊ လူနေမှုဘဝတွေက Giwar ကို rap ဂီတ ဝါသနာပါအောင် တွန်းပို့ခဲ့တယ် ငယ်ငယ်ကတည်းက အပေါင်းအသင်းကြောင့် ဆေးခြောက်ရောင်းခဲ့ပြီး မဟုတ်တာတွေလည်း အစုံတတ်ခဲ့တဲ့နောက် ကြီးလာတော့ အမှုတစ်ခုကြောင့် ဟော်လန်နိုင်ငံကို ထွက်ပြေးခဲ့ရတယ် ဟော်လန်မှာ ငယ်သူငယ်ချင်းရဲ့ကောင်းမှုနဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုနဲ့ ပတ်သက်မိပြန်ပြီး ဂျာမနီကို ပြန်ရောက်တယ် သူချစ်ရတဲ့ ကောင်မလေးက သူ့ရဲ့စရိုက်ကို မကြိုက်ခဲ့ပေမဲ့ Giwar က စိတ်ရင်းကောင်းပြီး သူ့ရဲ့ ရည်ရွယ်ချက်က အခွေမထုတ်နိုင်တဲ့ rapper တွေကို တေးသံသွင်းကုမ္ပဏီထောင်ပြီး စင်တင်ပေးချင်တာပါ ဒီအတွက် ပိုက်ဆံရှာဖို့ လုပ်မိလုပ်ရာတွေ လျှောက်လုပ်မိရင်း သူ့ရဲ့အိပ်မက်ကို တက်လှမ်းနိုင်မှာလား သူ့ဘဝခရီးတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ လူနေမှုဘဝ ပုံစံ၊ သူတို့ဝန်းကျင်နဲ့ အသိုင်းအဝိုင်း ယဥ်ကျေးမှုတွေကို တဝကြီး ခံစားရမှာဖြစ်ပြီး ဖျော်ဖြေရေးဆန်အောင်လည်း တင်ဆက်ထားတာမို့ မပျင်းစေရမဲ့ ကားလေးပါ File size…(2.2 GB)/(1.85 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:18:00 Genre…Biography, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

0 2022
Rhinegold
Bullet Diaries
4.2

Bullet Diaries (2024) ဘူးလက်ဒိုင်ယာရီ Biker တို့အတွက် ခပ်အေးအေး မလေယာလမ်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်လိုက်ပါတယ် ရာဂျူးဆိုတာ ရိုးရိုးသားသား ဆိုင်ကယ်ပြင်ပြီးအသက်မွေးသူတစ်ယောက်… သူ့ဆိုင်ကယ်ကို ဘာနဲ့မှမလဲနိုင်ဘဲ မြတ်နိုးသူတစ်ယောက်ဆိုလည်း ဟုတ်ပါတယ် ရေကိုတစ်နေ့တစ်ခါပဲချိုးပြီး ဆိုင်ကယ်လေးကိုတော့ အကြိမ်ကြိမ်ရေချိုးပေးတတ်တဲ့ biker လေး ရာဂျူးက… Bullet ’76 ဆိုတဲ့ ၁၉၇၆ ထုတ် ဆိုင်ကယ်မော်ဒယ်လ်ကိုလည်း လိုက်ရှာနေတယ် သူ့အိပ်မက်အစစ်အမှန်က ဘာဖြစ်မှာလဲ သူ့ဘဝမှာလိုနေတဲ့ အချစ်ဆိုတဲ့ကွက်လပ်လေးကိုရော ဘယ်သူကဖြည့်ဆည်းပေးနိုင်မှာလဲ ဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

4.2 2024
Bullet Diaries
Salt Lake Project
6

MV တစ်ပုဒ်လိုလှတဲ့ ရှုခင်းတွေနဲ့ စိတ်လှုပ်ရှားစရာ ဟာသမှုခင်းဇာတ်လမ်းကို ရှာနေတယ်ဆိုရင် ဒီရုပ်ရှင်လေးကို ကြည့်ဖို့ ညွှန်းပါရစေ။ ဇာတ်လမ်းအကျဉ်းလေးကတော့- လွန်ခဲ့တဲ့ ၂ နှစ်က မူးယစ်ဖမ်းဆီးရဲမေ ရှောင်ယွီဟာ တာဝန်ထမ်းဆောင်နေချိန်မှာ မူးယစ်ဂိုဏ်းအဖွဲ့ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီအချိန်ကစ သူ့ရဲ့ချစ်သူ လောင်ရှန့်ဟာ ရူးသွားခဲ့ပြီး ခြေဦးတည့်ရာထွက်ခဲ့ပြီးနောက် အနောက်မြောက်ဘက်ကို ရောက်လာခဲ့ပြီး ဦးလေးယင်တို့အဖွဲ့နဲ့အတူ နေထိုင်နေပါတယ်။ တစ်နေ့မှာ ဦးလေးယင်တို့အဖွဲ့က မူးယစ်အဖွဲ့နဲ့ အပေးအယူလုပ်ဖို့ လောင်ရှန့်ကို သွားခိုင်းပါတယ်။ လောင်ရှန့်နဲ့ အပေးအယူလုပ်ဖို့ ရောက်လာတဲ့လူကတော့ ယွမ် ၂ သောင်းနဲ့ ပစ္စည်းပို့ခိုင်းလို့ ရောက်လာတဲ့ မှောင်ခိုကားဆရာ လျိုလုပဲဖြစ်ပါတယ်။ အပေးအယူလုပ်မဲ့အချိန်မှာ လောင်ရှန့်တစ်ယောက် အရူးဖောက်ပြီး ပိုက်ဆံအိတ်ကို ယူပြေးတဲ့အခါ ဦးလေးယင်တို့အဖွဲ့ကလည်း အလိမ်ခံရတဲ့ ခံပြင်းစိတ်နဲ့ အနောက်က လိုက်ဖမ်းပါတော့တယ်။ သူတို့တွေ ခရီးလမ်းတစ်လျှောက်မှာ ဘယ်လို အလွဲမျိုးတွေနဲ့ ကြုံကြရမလဲ ဆိုတာကို ရုပ်ရှင်ကို ဆက်ပြီးကြည့်ရှုခံစားလိုက်ရအောင်နော်။

Drama • Comedy • Family
6 2024
Salt Lake Project
[18+] Forbidden Desire

Forbidden Desire (2024) အာဂါသာနဲ့အူဘယ်တို့ဟာ ငယ်စဉ်ကတည်းက သူငယ်ချင်းတွေဖြစ်ခဲ့ပြီး၊ အရွယ်ရောက်လာချိန်မှာတော့ တိတ်တိတ်ကလေး ချစ်သူတွေဖြစ်နေခဲ့ကြပါပြီ။ အာဂါသာရဲ့ဖခင်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့တစ်ယောက်ဖြစ်တဲ့ အူဘာကိုတာဝန်ယူထောက်ပံ့ခဲ့တာဖြစ်ပြီး သမီးအရင်းထက်ပိုပြီး ပစားပေးထားပါတယ်။ အဲ့ဒီကိစ္စဟာ အာဂါသာအတွက် ဆူးတစ်ချောင်းလိုဖြစ်နေခဲ့တဲ့နောက် ဖခင်ဖြစ်သူက သူ့ကို အမျိုးသားတစ်ယောက်နဲ့စပ်ဟပ်လာချိန်မှာတော့ အဲ့ဒီအမျိုးသားကို ချက်ချင်းလက်ခံခဲ့သလို ငယ်ချစ်ဦးလိင်တူချစ်သူ အူဘယ်ကိုလမ်းခွဲလိုက်ပါတော့တယ်။ အာဂါသာရဲ့ဆုံးဖြတ်ချက်ဟာ မှန်ကန်ရဲ့လား? ဒီဆုံးဖြတ်ချက်ကိုအူဘယ်က အသာတကြည်လက်ခံပါ့မလား? သူ့ဆီမှာဘယ်လိုအကြံအစည်လျှို့ဝှက်ချက်တွေ ရှိနေနိုင်မလဲအစရှိတာတွေကိုဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(940 MB) / (400 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:10:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

0 2024 69 mins
[18+] Forbidden Desire
Demon City
6

ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Demon City ဆိုတဲ့ဂျပန်အက်ရှင်ကားလေးပဲဖြစ်ပါတယ်.. ဒီကားလေးဟာဆိုရင် အသတ်အပုတ်အတိုက်အခိုက်ခန်းများ တင်းကြမ်းပါဝင်လို့ အက်ရှင်ဇာတ်ကားချစ်သူများအတွက် အရသာတွေ့စေမှာ သေချာပါတယ်… Sakata ဟာဆိုရင် လက်မရွံ့လူသတ်သမားတစ်ယောက်ဖြစ်ပြီး Shinjo မြို့တော်ရဲ့ ဒဏ္ဍာရီအတိုင်း နတ်ဆိုးဝင်ပူးနေသူလို့လည်း သတ်မှတ်ခံသူတစ်ယောက်ဖြစ်ပါတယ်.. Shinjo မြို့တော်တွင် အင်အားချင်းပြိုင်နေသည့် ယာကူဇာဂိုဏ်းကြီး နှစ်ဂိုဏ်းရှိရာ ဇာတ်လမ်းအစမှာပဲ Sakata လက်ချက်နဲ့ ဂိုဏ်း တစ်ဂိုဏ်းဟာ ကိစ္စတုံးခဲ့ရပါတယ်.. ထိုသို့ကိစ္စတုံးအပြီး Sakata တစ်ယောက်ဟာ မိသားစုဘဝလေးကို အေးအေးချမ်းချမ်းအလုပ်လုပ်ရင်း ဖြတ်သန်းဖို့ဆုံးဖြတ်ကာ လက်မရွံ့လူသတ်သမားအဖြစ်က အနားယူဖို့လုပ်ချိန်မှာတော့ အနားယူခွင့်မပေးလိုတဲ့သူတချို့ဟာ Sakata ရဲ့အေးချမ်းပျော်ရွှင်နေတဲ့ မိသားစုဘဝလေးကို ဖျက်ဆီးကာ ၎င်းကိုသတ်ဖြတ်ဖို့ အိပ်မက်ဆိုး သဖွယ်လာခဲ့ပါတယ်… သာမန်အလုပ်ကလေးတစ်ခုကို ရှာဖို့ ဇနီးဖြစ်သူနဲ့တိုင်ပင်ထားကြတဲ့ Sakata တို့ရဲ့ အိမ်ဂေဟာလေးအတွင်းကို ဘယ်သူဘယ်ဝှာမှန်းမသိတဲ့ မျက်နှာဖုံးစွပ်အဖွဲ့တွေ ရောက်လာပြီး သမီးနဲ့ ဇနီးကို ချုပ်ကိုင်ကာ Sakata ကို အလွယ်တကူပဲ သတ်ဖို့လုပ်ပါတယ်… ဒေသတွင်းသတင်းများမှာတော့ ဇနီးဖြစ်သူနှင့် သမီးကို ပစ်သတ်ကာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်တဲ့ Sakata အကြောင်းဟာ ဟိုးလေးတကြော်ဖြစ်ခဲ့ပြီး လူသတ်မှုနှင့် ထောင်ကျခဲ့ရပါတယ်… ထိုဖြစ်စဉ်အပြီး ၁၂ နှစ်အကြာ ထောင်ကထွက်လာတဲ့ Sakata ဟာ သေနတ်ဒဏ်ရာကြောင့် ဦးနှောက်သေသလိုဖြစ်နေခဲ့ပေမဲ့ ထောင်ထွက် ဖြစ်သူ ၎င်းထံ အပြတ်ရှင်းဖို့ မျက်နှာဖုံးစွပ်များ အလျှိုအလျှို ရောက်လာချိန်မှာတော့ ဒဏ်ရာရလျက်သားနဲ့ လက်စားချေဖို့ အခွင့်ကြုံလာပါတော့တယ်.. ဒီကာလေးဟာဆိုရင် သွေးအလိမ်းလိမ်းသတ်ပုတ်ခန်းများ ကြုံရာကျပန်း ထိုးသွင်းခုတ်ထစ်ခန်းများ မီးတောက်ပေါက်ကွဲသည့်အက်ရှင်ခန်းများနှင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်တဲ့အပြင် စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းဇာတ်ကွက်များလည်း ပါဝင်တာကြောင့် အက်ရှင်ကားချစ်သူပရိသတ်များ ကြည့်ရှုခံစားနိုင်စေဖို့ ညွှန်းဆို တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ……….. File size… (2.34 GB) / (897 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 46m Genre ….. Action , Adventure , Crime , Fantasy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Thriller
6 2025 106 mins
Demon City
Love of the Irish
6.5

Love of the Irish (2025) IMDb Rating (6.5) မိသားစု/ဒရာမာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်လိုက်ပါတယ်။ ဖီရိုနာက နယူးယောက်မြို့မှာ တစ်သက်လုံး အကလူရွေးပွဲတွေ တစ်ခုပြီးတစ်ခု ဝင်အရွေးခံခဲ့ပေမဲ့ မအောင်မြင်တာကြောင့် သူ့ကိုယ်သူကံဆိုးတတ်သူတစ်ယောက်လို့ ခံယူထားတာပါ။ တစ်ဖက်မှာလည်း ဖီရိုနာရဲ့အမေဟာ သူ့ရဲ့မိခင်အရင်း (MJ) ပို့ခဲ့တဲ့စာကို အကြောင်းမပြန်ခဲ့ဘဲ အမေအရင်းကိုတွေ့ချင်ပါရက်နဲ့ အပြောင်းအလဲကို မဝံ့ရဲသူ.. ဒါပေမဲ့ ဖီရိုနာရဲ့တိုက်တွန်းစကားကြောင့် သူတို့သားအမိ အိုင်ယာလန်နိုင်ငံကို ရှာပုံတော်ခရီးထွက်လာတဲ့အခါမှာတော့.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။) File size… (1.6 GB) / (880 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:24:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Sike Tan

TV Movie • Comedy • Romance
6.5 2025 84 mins
Love of the Irish
[18+] Puri for Rent
4.8

Puri for Rent (2025) IMDb Rating (4.8) နန်စီဟာ စတိုးဆိုင်တစ်ခုကအရောင်းစာရေးမလေးတစ်ဦးဖြစ်ပြီး မကျန်းမာတဲ့မိခင်နဲ့ညီအစ်ကိုမောင်နှမတွေတာဝန်ကိုပါယူထားရတာကြောင့် အမြဲတမ်းငွေလိုအပ်နေတတ်တဲ့သူပါ။ စတိုးဆိုင်အလုပ်ကနေထွက်ပြီး ချစ်သူနဲ့ပါ လမ်းခွဲလိုက်ရတဲ့နောက်မှာတော့ ငွေအသည်းအသန်လိုအပ်နေတဲ့ နန်စီဟာ အရာရာကိုအလိုမကျဖြစ်နေတဲ့ ဒုကိ္ခတသူဌေးသားတစ်ယောက်ကို အရာရာဖြည့်ဆည်းပေးရမယ့်အဖော်အဖြစ် အလုပ်ကိုလက်ခံခဲ့မိပါတယ်။ ငွေရလွယ်သလိုအပေါ်ယံရိုးရှင်းလွယ်ကူသယောင်ထင်ရတဲ့ ဒီအလုပ်ရဲ့နောက်ကွယ်မှာ မြုပ်ကွက်တွေ လှည့်စားမှုတွေရှိနေမယ်ဆိုတာကို သူအသိနောက်ကျသွားတဲ့အခါမှာတော့..။ Roxanne De Vera ဆိုတဲ့ မင်းသမီးအသစ်လေးပွဲဦးထွက်ပါဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.1 GB) / (460 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:10:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Comedy
4.8 2025
[18+] Puri for Rent