YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Heavenly Delusion - 01 1080p {CM}.mp4

311.62 MB N/A video/mp4 1321 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
PSV Garuda Vega
6

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 2017တုန်းကထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ "PSV Garuda Vega"ဖြစ်ပါတယ် တရားဥပဒေကိုလိုက်နာပြီး အိုင်အက်အေအရာရှိတစ်ဦးဖြစ်တဲ့ဆီခါက သူ့ရဲ့အလုပ်ကိုတာဝန်သိတတ်မှုတွေကြောင့် ဇနီးဖြစ်သူဆွာတိနဲ့ အိမ်ထောင်ရေးပြိုကွဲတော့မလိုထိဖြစ်ခဲ့ပါတယ် အလုပ်နဲ့မိသားစုယှဉ်လာတဲ့အခါ မိသားစုကိုပဲရွေးဖို့ဆုံးဖြတ်ကာအလုပ်ထွက်ဖို့ လုပ်ခါနီးမှ လူသတ်မှုတစ်ခုကြောင့် အလုပ်ထွက်မယ့်အရေးကိုနောက်ဆုတ်ရင်း လူသတ်မှုကိုလိုက်စုံစမ်းရာမှ မီးခိုးကြွက်လျှောက်သလိုပေါ်ထွက်လာတဲ့ နိုင်ငံရေးလှည့်ကွက်တွေကြားထဲ ရောက်သွားတဲ့ဆီခါတစ်ယောက် ဘယ်လိုဖြေရှင်းမလဲ တစ်ဖက်မှာလည်းနီရာဂျန်အမည်ရှိ လူငယ်ဟက်ကာလေးတစ်ယောက်က သူ့လက်ထဲမှာရှိနေတဲ့ အချက်အလက်တချို့ကြောင့် လူတစ်စုရဲ့အနောက်ကလိုက်သတ်တာကိုခံနေရပြီး ထွက်ပြေးရာမှဆီခါနဲ့ မတော်တဆတွေ့ဆုံပြီး သူတို့နှစ်ဦးလုံးရဲ့ရန်သူက တစ်ဦးတည်းဖြစ်နေသောအခါ နှစ်ယောက်သားဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရမှာဖြစ်ပါတယ် ဒီကားထဲမှာဆိုရင်ဇာတ်ကွက်အလှည့်အပြောင်းတွေကို မကြာခဏတွေ့ဆုံရမှာဖြစ်ပြီး မထင်မှတ်ထားတဲ့သူတွေရဲ့ ပူးပေါင်းပါဝင်နေမှုတွေကိုပါ ရင်ခုန်စွာကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…3.78GB / 1.93GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Khin Khin

Biography • Drama
6 2017 160 mins
PSV Garuda Vega
Beverly Hills Chihuahua 2
5.9

ဒီတစ်ခါ Beverly Hills 2 မှာတော့ မကြီးကျယ်လေးခလိုဝီတစ်ယောက် LA ကိုပြန်ရောက်ပြီး သခင်နဲ့လည်းပြန်တွေ့ရ လင်လည်းရဆိုသလို ပါပီနဲ့လက်ထပ်လိုက်ပြီး ခွေးလေး၅ကောင်ပါမွေးလာခဲ့ပါတယ်။ ပါပီ့သခင်ဆမ့်အိမ်ကို သွားလည်ကြတဲ့နေ့မှာတော့ ဆမ့်မိဘတွေမပြေမလည်ဖြစ်လို့ အိမ်ကိုဘဏ်မှာပေါင်ထားရပြီး အကြွေးမဆပ်နိုင်ဖြစ်နေတာကိုသိခဲ့ရပါတယ်။ လမ်းဘေးခွေးလေးဘဝကနေ အိမ်ပေါ်ခေါ်တင်ပေးထားတဲ့သခင်တွေကြောင့် နေစရာအိမ်ဆိုပြီးရှိလာခဲ့တဲ့ပါပီကတော့ သခင်တွေရဲ့ကျေးဇူးကိုပြန်ဆပ်ဖို့ကြိုးစားပေမယ့် ပိုသာဆိုးသွားခဲ့ပါတယ်။ ပါပီတို့အမှားကြောင့် အချိန်၃ပတ်လေးတောင်မရတော့ဘဲ အိမ်ပေါ်ကနေချက်ချင်းဆင်းပေးလိုက်ရတဲ့ ဆမ်တို့မိသားစုလည်း အဝေးကြီးကိုပြောင်းသွားရဖို့ဖြစ်လာတဲ့အခါမှာ ...... ဘဏ်ဓားပြတိုက်မှုကြောင့် ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲဆိုတာကို အလှည့်အပြောင်းတွေနဲ့အတူကြည့်ရှုရမှာပါ....။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Hnin Wut Yi ပါ ) File Size__(1.7GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:37:00 Type__Adventure Subtitle__Myanmar Subtitle (Hardsub) Translated by Hnin Wut Yi Encoded by Naing Aung Latt

Drama • Romance
5.9 2011 84 mins
Beverly Hills Chihuahua 2
Soldier
6.4

၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ အက်ရှင်ဇာတ်ကားလေးဟာ သာမန် စစ်ကားတစ်ကားထက်ပိုတဲ့ ခေတ်ဟောင်း ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားလေးကို ကြည့်ရင်း ကျွန်တော်တို့ ငယ်စဥ်က တစ်အုပ် ၁၀၀ ၁၅၀ နဲ့ ငှားဖတ်ခဲ့ရတဲ့ ဒီရဲဂျာတို့ ရာမာဖုံတို့လို ကာတွန်းစာအုပ်တွေကိုတောင် ပြေးသတိရမိပါသေးတယ် " စစ်သား ဆိုတာ မိတ်ဆွေ နဲ့ မိသားစု မရှိရဘူး စစ်ပွဲက မိတ်ဆွေဖြစ်ပြီး တပ်စုကြီးက မိသားစုပဲ " ဒါ ဇာတ်ကားထဲက စာသားလေး လက်မရွံ့တပ်သားတွေဖြစ်အောင် ကလေးဘ၀ထဲကနေ ပြုစုပျိုးထောင်ရင်း အင်အားကြီးလာတဲ့ တပ်စုကြီးတစ်စု...အချိန်ကြာလာတဲ့အခါမှာ လက်မရွံ့တပ်သားတွေလည်း အသက်ကြီးကြရတာပဲ ဒါကိုမှ ကာနယ်မက်ကမ် ဆိုတဲ့သူဟာ မျိုးရိုးဗီဇပြုပြင်ပြီး မွေးထုတ်ထားတဲ့ စက်ရုပ်ဆန်ဆန် စစ်သားတွေနဲ့ အစားထိုးဖို့ လုပ်လာတယ် တော့ဒ်ကတော့ တပ်စုကြီးရဲ့ စစ်သားဟောင်းတွေထဲက အထူးချွန်ဆုံး စစ်သားတစ်ယောက်ဖြစ်ပြီး တပ်သားသစ်တွေနဲ့ အစားထိုးဖို့လုပ်ရင်း စွန့်ပစ်ခံလိုက်ရတော့တယ် အဲဒါကပဲ သူ့အတွက် ကောင်းဖို့ဖြစ်လာတယ်လို့ပြောရမလား ဘ၀မှာ အမိန့်တွေနာခံရတာထက် ပိုသာတဲ့အရာတွေ ရှိသေးတယ် ဆိုတာ စွ့န်ပစ်ခံရတဲ့နေရာက ဖုန်းဆိုးမြေမှာ နေထိုင်သူတွေက သူ့ကို စောင့်‌ရှောက်ပေးလို့ သိခဲ့ရတယ် တိုက်ဆိုင်ချင်တော့ တပ်စုကြီးဟာ သူတို့ရဲ့ မျိုးဗီဇပြုပြင်ထားတဲ့ တပ်သားသစ်တွေကို စမ်းသပ်ဖို့ အဲဒီစွန့်ပစ်မြေကြီးကို ရွေးချယ်လိုက်တဲ့အခါမှာတော့ တော့ဒ် တစ်ယောက် မြေပြင်ပေါ်က လူတွေကို စောင့်ရှောက်ဖို့ တစ်တပ်လုံးနဲ့ တစ်ယောက် ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ် အဟောင်းထဲက အကောင်းဖြစ်တဲ့ အက်ရှင်ကားလေးမို့ ဒေါင်းရတာ တန်စေမယ်လို့ အာမခံပါတယ် File size…(1.96GB)/(1.16GB)/(695MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre...Action / Drama / Sci -fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck

Drama • Music • Romance
6.4 1998 99 mins
Soldier
Little Love Song

Little Love Song (2019) ဘဝမှာ ကိုယ်လုပ်ချင်တဲ့အရာတွေကို လုပ်ရင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရတာလောက် ကောင်းတာရှိပါဦးမလား။ အဆင့်ကောင်းကောင်းရဖို့ ကိုယ်ပျော်ရွှင်တဲ့အရာတွေက အရေးမပါတော့ဘူးလား။ သီချင်းတွေကြောင့် လူတွေ ပျော်ရွှင်ရတယ် ဝမ်းနည်းရတယ် ပြောင်းလဲလာရတယ်။ နောက် ခံစားချက်တွေကို ဖော်ပြလို့ရတယ်။ ဒါကြောင့် ဘဝမှာ သီချင်းတွေကလည်း အရေးပါတဲ့နေရာမှာ ရှိနေမှာပါပဲ ဒီတစ်ခါမှာတော့ Little love song ဆိုတဲ့ ဂျပန်လူငယ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုကီနာဝ ကျွန်းငယ်လေးက အထက်တန်းကျောင်းသားလေး လေးယောက်ဟာ သီချင်းတွေကို ချစ်ကြပြီး အတူတကွ Band လည်းထောင်ထားကြပါတယ်။ သူတို့သီချင်းတွေက အရမ်းကောင်းလွန်းလို့ တစ်ကျောင်းလုံးက ကျောင်းသူကျောင်းသားတွေကလည်း အရမ်းကို ကြိုက်ကြပါတယ်။ သီချင်းဆိုလိုက်တာနဲ့ တစ်ကျောင်းလုံးမှာ အားပေးသံတွေနဲ့ ဆူညံနေလို့ ကျောင်းရုံးခန်းကိုလည်း ခဏခဏရောက်ကြတဲ့အဖွဲ့ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့အသုံးပြုနေကျ စတူဒီယိုက ဦးလေးနီမာဟာ သူတို့ကို တိုကျိုအသံသွင်းရုံတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်တဲ့အခါမှာ သူတို့လေးယောက်ဟာ တိုကျိုကို သွားရဖို့ အကြောင်းပေါ်လာပါတော့တယ်။ ဒီသတင်းကြောင့် သူတို့ဟာ အရမ်းပျော်နေကြပြီး အိမ်ပြန်လာတဲ့လမ်းမှာ စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ခုဖြစ်လာပါတော့တယ်။ တီးဝိုင်းထဲက ကျောင်းသားလေးနှစ်ယောက်ဟာ အိမ်ပြန်ရင်း လမ်းမှာ ကားတိုက်ခံရပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ တောက်ပနေတဲ့ အနာဂတ်လေးဟာ ဘယ်လိုပြောင်းလဲသွားမလဲ တီးဝိုင်းကရော ဘယ်လိုဆက်ဖြစ်သွားမလဲ ဆိုတာကိုတော့ ဇာတ်ကားထဲမှာ စိတ်ဝင်စားစရာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ သီချင်းလေးတွေလည်း နားထောင်ရင်း ဇာတ်ကားထဲမှာ အဖြေမြန်မြန် ရှာလိုက်ရအောင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Thada NL ဖြစ်ပါတယ်။ Genre….. Drama, Music, Romance Quality…. 1080p | 720p | 480p File size… 2.1G | 1.1GB | 598MB Format… mp4 Duration…. 2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thada NL Encoder ….. August

Action • Crime • Drama • Thriller
0 2019
Little Love Song
[18+] Trap of Lust

Trap of Lust (1973) နာမည်ကျော်ယာကူဇာဇာတ်ကားဖြစ်တဲ့ Branded to Kill ကို Pink Film အဖြစ် ပြန်ပြီးပုံဖော်ထားတာဖြစ်ပါတယ်။ ဒါရိုက်တာကလဲ Branded to Kill ကိုရေးခဲ့တဲ့သူတွေထဲကတစ်ယောက်ဖြစ်တဲ့ Atsushi Yamatoya ဆိုတော့ မူလဇာတ်ကားကို အညှီအဟောက်တွေထပ်ဖြည့်ထားတဲ့ Version အဖြစ်ရှုစားကြရမှာပါ။ ဇာတ်လမ်းကတော့ ဟိုရှီဆိုတဲ့ လုပ်ကြံရေးသမားတစ်ယောက် သူ့ဇနီးနဲ့ပတ်သက်လို့ သူအလုပ်လုပ်ပေးနေတဲ့ ဂိုဏ်းတစ်ခုလုံးနဲ့ရန်ညှိုးဖွဲ့မိရာကနေ အချင်းချင်းအပြန်အလှန်လုပ်ကြံဉာဏ်ကစားကြပုံကို ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ ဂန္ထဝင်ကားတစ်ကားကိုပြန်မူပွားထားတဲ့ နောက်ထပ်ဂန္ထဝင်ကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.25GB, 570MB Quality – 1080p, 720p Format – mp4 Duration – 1H 13Min Genre – Action, Crime Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Horror
0 1973
[18+] Trap of Lust
Blood Flower
5.7

Blood Flower (2022) ကျွန်တော်တို့ငယ်ငယ်ကတုန်းဆို မလေးရှားသရဲကားတွေဆိုတာလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာပေါ့။ မလေးရှားစုန်းကာ အသစ်ထွက်တယ်ဆိုရင်ကို အဒေါ်တွေနဲ့ ရုပ်ရှင်ရုံသွားကြည့်ရ အခွေငှားဆိုင်မှာ လုငှားခဲ့ရတာပေါ့။ တစ်ခါတစ်လေဆို အခွေကလက်မလည်လို့ ကြိုတင်ဘွတ်ကင်ပါ လုပ်ရသေးတာ။ ခုချိန်မှာလဲ မလေးရှား ဟော်ရာကားတွေက အရင်ကလို သိပ်မကြည့်ကြတော့ဘူးဆိုပေမဲ့ အရင်ကလိုပဲ မလေးရှားသရဲကား အငွေ့သက်တွေနဲ့ ကြောက်စရာကောင်းနေတုန်းပါပဲ။ အပနှင်တဲ့ပုံစံမျိုးနဲ့ လျှို့ဝှက်ချက်တွေပါတဲ့ ဟော်ရာကားမျိုး ကြိုက်တတ်တဲ့သူတွေအတွက်ကတော့ ဟော်ရာကားတွေ ထွက်စရာသိပ်မရှိတော့လို့ ဒီမလေးရှားဟော်ရာကားလေးက စိတ်ကျေနပ်မှုပေးနိုင်တဲ့ကားလေးဖြစ်မှာပါ။ သွေးသံတရဲရဲအခန်းတွေပါတာကိုတော့ သတိချပ်စေလိုပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အပနှင်တဲ့မိသားစုတစ်စုရှိပါတယ်။ အဲ့မိသားစုထဲမှာမှ အဖေလုပ်သူကလွဲပြီး ကျန်တဲ့သုံးယောက်လုံးဟာ သရဲတစေ တွေကို မြင်နိုင်စွမ်းရှိကြပါတယ်။ တစ်နေ့အပနှင်နေတုန်းမှာ အမေဖြစ်သူဟာ နတ်ဆိုးတစ်ကောင်ကြောင့်သေခဲ့ရပြီး နောက် အဖေဖြစ်သူက သူ့သားသမီးတွေ ဒီလိုမဖြစ်ရအောင်ဆိုပြီး သူတို့ရဲ့အစွမ်းစတွေကို ချိတ်ပိတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူတို့နဲ့အိမ်နီးချင်းတစ်ယောက်ဟာ သူမရှိတုန်း သူ့အခန်းကိုကြည့်ပေးဖို့ထားခဲ့ပါတယ်။ သားဖြစ်တဲ့သူနဲ့ သူ့သူငယ်ချင်းတွေဟာ အဲ့အခန်းထဲကိုဝင်ပြီး အလုံပိတ်ထားတဲ့ အခန်းတစ်ခုကို ဖွင့်မိရာကနေ လူတွေတစ်ယောက်ပြီးတစ်ယောက် သေကုန်ကြပါတယ်။ အဲ့အခန်းထဲက လွတ်သွားတဲ့အရာက ဘာလဲ ဘာလို့လူတွေကိုလိုက်သတ်နေရတာလဲ အခန်းပိုင်ရှင်ရဲ့ လျှို့ဝှက်ချက်ဟာဘာလဲဆိုတာကို အသဲတယားယားနဲ့ ကြည့်ရှုလိုက်ကြပါဦး ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Fantasy, Horror, Mystery Quality…. 1080p | 720p | 480p File size… 1.2GB | 567MB | 290MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Comedy • Romance
5.7 2022
Blood Flower
Mission: Impossible – Rogue Nation
7.4

Mission: Impossible V – Rogue Nation (2015) ================================= IMDb Rating 7.4/10 ဒီကားကတော့ အားလုံးသိတဲ့အတိုင်း မင်းသားချော Tom Cruise ရဲ့ Mission Impossible ဇာတ်လမ်းတွဲ ထဲက ငါးကားမြောက် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားအကြောင်းမပြောခင် MI ဇာတ်ကားတွေမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ ဇာတ်ကားတစ်ကားပြောင်းတိုင်း ဒါရိုက်တာ အသစ်ပြောင်းသွားပြီး ဒါရိုက်တာအားလုံးကလည်း အသစ်တွေဖြစ်ကြပါတယ်။ Mission Impossible ကိုမရိုက်ကူးခင်မှာ အဲ့ဒီဒါရိုက်တာတွေ က ဇာတ်ကားကြီးတွေမရိုက်ဖူးထားပါဘူး။ Brian De Palma က ပထမဆုံးကား၊ John Woo က ဒုတိယကား၊ J.J. Abram က တတိယကားနဲ့ နောက်ဆုံး Brad Bird က Ghost Protocol ကိုရိုက်ကူးထားကြပါတယ်။ အခု Rogue Nation ကိုတော့ Christopher McQuarrie (Edge of Tomorrow) ကရိုက်ကူးထားပါတယ်။ ဇာတ်ကားအားလုံးကို Tom Cruise က တည်းဖြတ်ထုတ်လုပ်ခဲ့ပြီး ဒါရိုက်တာတွေကိုလည်း သူကိုယ်တိုင် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ Mission Impossible က ပထမသုံးကားက ဆင်တူ ယိုးမှားဇာတ်လမ်းတွေပဲဖြစ်ပြီး၊ စတုတ္ထကား Ghost Protocol ကနေစပြီး Spy Action ကားကောင်း တစ်ကား အသွင်ဖြစ်လာပါတယ်။ ပထမသုံးကားက တစ်ကားနဲ့ တစ်ကား အဆက်အစပ်မရှိသလို သုံးကားလုံးမှာ Luther နဲ့ Hunt ကလွဲရင် ပါတဲ့ သရုပ်ဆောင်တွေ လည်း မတူပါဘူး။ ဒါပေမယ့်ဒီကားမှာ တော့ အရင် တုန်းကနဲ့ မတူပဲ Ghost Protocol အဆုံးကနေ ပြန်ဆက်ထားပါတယ်။ Ghost Protocol အဆုံးသတ်မှာ Ethan Hunt က The Syndicate ဆိုတဲ့အဖွဲ့အစည်းကို ခြေရာခံဖို့ တာဝန်ပေးခံရပါတယ်။ ဒီဇာတ်ကားအစမှာ Ethan Hunt က Nerve Gas တွေကို အကြမ်းဖက်သမားတွေ လက်ထဲမရောက်အောင် လုပ်ရင်းက The Syndicate ဆိုတဲ့အဖွဲ့အစည်း အကြောင်းကို စုံစမ်းဖို့ လုပ်ပါတယ်။ ဒီအချိန်မှာပဲ London မှာ သူ့ရဲ့ နောက်ထပ် Mission အကြောင်းအရာကို နားထောင်နေတုန်းမှာပဲ Syndicate ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ တစ်ဖက်မှာလည်း IMF အဖွဲကို ဖျက်သိမ်းလိုက်ပြီး CIA ရဲ့ လက်အောက်ကို ပေါင်းထည့်လိုက်ပါတယ်။ IMF Chief Analyst ဖြစ်တဲ့ William Brandt (Jeremy Renner) က လည်း CIA အရာရှိ Alan Hunley (Alec Baldwin) လက်အောက်ကို ရောက်သွားပါတယ်။ ဒါကြောင့် Hunt ကိုလည်းမကူညီနိုင်တော့သလို သူတို့ IMF အဖွဲ့လည်း ပျက်သွားပြီဖြစ်လို့ ဘာလုပ်ရမှန်း မသိဖြစ်နေပါတယ်။ Hunt က Syndicate ရဲ့ လက်ထဲကနေ MI6 (British Intelligence) Secret Agent မလေး ရဲ့ အကူအညီနဲ့ လွတ်မြောက်လာခဲ့ပြီးနောက် Syndicate ရဲ့ အဓိက ခေါင်းဆောင် Solomon Lane ကို ရအောင် ရှာဖွေပြီး သူရဲ့ အကြံအစည်တွေ အထမမြောက်အောင် တားဆီးရမှာဖြစ်ပါတယ်။ The Syndicate ဆိုတာ British တွေ ရဲ့ Black Ops အဖွဲ့အစည်းဖြစ်ပြီး သူတို့ရဲ့ အစီအစဉ်က အခြား နိုင်ငံတွေက Spy တွေကို Recruit လုပ်ပြီး Black Ops Mission တွေလုပ်ခိုင်းမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Prime Minister က အတည်မပြုပေမယ့် သူတို့ က တရားမဝင်လုပ်နေရင်းက Solomon Lane က သစ္စာဖောက်ပြီး သူ့ပါသူ ခွဲထွက်သွားတာဖြစ်ပါတယ်။ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပြီး James Bond ဇာတ်ကားတွေ ကြည့်ရသလိုပဲ Spy ကားဆန်ဆန် ရိုက်ကူးထားပါတယ်။ ဒါပေမယ့် James Bond ဇာတ်ကားတော်တော်များများထက်ကောင်းပြီး အက်ရှင် ကောင်းကောင်းတွေလည်းပါပါတယ်။ MI6 Agent အဖြစ် သရုပ်ဆောင်ထားတဲ့ Rebecca Ferguson က သရုပ်ဆောင်ကောင်းပြီး အက်ရှင် စတားတစ်ဦးအဖြစ်လည်း ပီပီပြင်ပြင် သရုပ်ဆောင်ထားနိုင်တာ တွေ့ရပါတယ်။ Tom Cruise နဲ့ အတူ Jeremy Renner, Simon Pegg နဲ့ Ving Rhames (Luther Stickell) တို့ကလည်း ပြန်လည်ပါဝင်ထားကြပါတယ်။ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Spy ကားကောင်း တစ်ကား ဖြစ်တာနဲ့အညီ ဇာတ်လမ်းကလည်း ပရိတ်သတ်ကို လှည့်စား ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး မင်းသမီး Rebbeca ကို ရေကူးဝတ်စုံနဲ့ တစ်ခန်းတွေ့ရပေမယ့် No Sex, No Nudity ဖြစ်လို့ မိသားစု တူတူကြည့်နိုင်ပါတယ်။ (ရုပ်ရှင်အညွှန်းကို Movies For Myanmar မှ တင်ဆက်ထားပါတယ်။) Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible ကြည့်ပါ။

7.4 2015 131 mins
Mission: Impossible – Rogue Nation
Lamb Game
5.9

ဒီဇာတ်လမ်းလေးက မြို့လေးတစ်မြို့က စားသောက်ဆိုင်မှာ စတင်ဖြစ်ပွားခဲ့တဲ့ အက်ရှင်ဇာတ်လမ်းလေးပါ……. တစ်နေ့မှာ ရွှယ်လိ့ ဆိုတဲ့ကောင်မလေးနဲ့ သူမရည်းစားတို့ဟာ စားသောက်ဆိုင်တစ်ခုမှာ မင်္ဂလာပွဲကျင်းပနေကြပါတယ် အဲ့ဒီစားသောက်ဆိုင်မှာပဲ ကျန်းနီဆိုတဲ့ စုံထောက်မလေးကလဲ သူမ အဖေနဲ့ ညနေစာ စားနေခဲ့ကြတယ် တာ့တိ့ ဆိုတဲ့ ဓားပြ ခေါင်းဆောင်ဟာ သူ့အပေါင်းအပါတွေနဲ့ ဓားပြတိုက်ပြီး ရလာတဲ့ရွှေတွေ ရောင်းဖို့အတွက် ရွှယ်လိ့တို့ မင်္ဂလာပွဲကျင်းပနေတဲ့ စားသောက်ဆိုင်က VIP အခန်းထဲကို ရောက်လာခဲ့ပါတယ် ပစ္စည်းအရောင်းအဝယ် ကိစ္စငြင်းခုံရင်း တာ့တိ့ဟာ လူသတ်မှု စကျူးလွန်ပါတော့တယ် ထိုအချိန်မှာ သတင်းပေးသူတစ်ဦးကြောင့် ရဲတွေဟာ ရွှေတွေလုသွားတဲ့ လူတွေဟာ စားသောက်ဆိုင်တစ်ခုမှာရှိကြောင်းသိပြီးနောက် စစ်ဆေးဖို့ရောက်လာပါတော့တယ် စစ်ဆေးဖို့ဦးဆောင်တဲ့လူ ကျန်းနီဆိုတဲ့ စုံထောက်မလေးပေါ့ ရဲတွေရောက်လာတာသိတဲ့ တာ့တိ့ဟာ ရွှယ်လိ့ တို့ မင်္ဂလာဆောင်မှာ ဧည့်သည်အဖြစ်အယောင်ဆောင်ပြီးဝင်လိုက်ပါတော့တယ် အဲ့နောက်မှာတော့ ဘယ်လိုအရှုပ်အထွေးတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားနဲ့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်

5.9 2023
Lamb Game
Les Femmes du square

IMDb 6.5 ရရှိထားပြီး The Nanny ဆိုတဲ့နာမည်အတိုင်းပဲ ဒီရုပ်ရှင်က လူမည်းအမျိုးသမီး ကလေးထိန်းတွေအကြောင်း ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ။ အန်ဂျလီဟာ ‌အဝေးတစ်နေရာကနေ ပဲရစ်မြို့ကို အလုပ်လုပ်ဖို့ရောက်ရှိလာခဲ့ပြီး လက်ရှိမှာ ရရာအလုပ်ကို လုပ်ကိုင်ရင်း ရုန်းကန်နေရတဲ့ အမျိုးသမီးတစ်ယောက်ပါ။ တစ်နေ့မှာတော့ အိမ်နီးချင်းဖြစ်တဲ့ အူအက်တာရာဆိုတဲ့ အမျိုးသမီးရဲ့အကူအညီနဲ့ လူကုံထံအမျိုးသမီးတစ်ဦးရဲ့ နေအိမ်မှာ အာသာလို့ အမည်ရတဲ့ ၈နှစ်အရွယ် ကောင်ကလေးအတွက် ကလေးထိန်းသွားလုပ်ဖို့ရာ အကြောင်းဖန်လာခဲ့ပါတယ်။ ပါရီမြို့က လူကုံထံအသိုင်းအဝိုင်းဟာ ၀င်ငွေကောင်းတဲ့အလုပ်အကိုင်တွေကို လုပ်ကိုင်ကြတဲ့အလျောက် မိဘအတော်များများဟာ အချိန်ပြည့်နီးပါး မအားလပ်ကြပဲ သားသမီးတွေကို ကြည့်ရှုထိန်းကျောင်းပေးဖို့ရာ ကလေးထိန်းတွေကို ငှားရမ်းကြတာများပါတယ်။ အာသာတို့ကျောင်းရှေ့မှာဆိုရင်လည်း ညနေကလေးကျောင်းဆင်းလို့ ကျောင်းလာကြိုကြသူတွေဟာ ကလေးမိဘတွေမဟုတ်ဘဲ လက်တွန်းလှည်းတွေကိုယ်စီနဲ့ ကလေးအရွယ်ပေါင်းစုံကို ထိန်းကျောင်းနေကြတဲ့ ကလေးထိန်းအမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ အန်ဂျလီဟာ ကလေးကစားကွင်းမှာ မိမိလို ကလေးထိန်းအလုပ်ကို လုပ်ကိုင်သူအမျိုးသမီးတစ်စုနဲ့ ခင်မင်ရင်းနှီးသွားပြီးနောက်မှာတော့ အိမ်အကူ ကလေးထိန်းအမျိုးသမီးတစ်ဦးကို ကူညီပေးဖို့ ကြိုးစားရင်းကနေ ကလေးထိန်းတွေ ဆုံးရှုံးနေရတဲ့ အခွင့်အရေးတွေ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံနေရမှုတွေကို ဥ‌ပဒေဘောင်အတွင်းကနေ ကာကွယ်ပေးဖို့ရာ အကြောင်းဖန်လာခဲ့ပါတော့တယ်… ဒီရုပ်ရှင်ထဲမှာ ပါရီလိုမြို့ကြီးတစ်မြို့ကအထက်တန်းလွှာနဲ့ အောက်ခြေလူတန်းစား‌တွေရဲ့ဘ၀တွေ ကွာခြားကြပုံတွေ လူချမ်းသာတွေရဲ့ လူဆင်းရဲတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်ကြပုံတွေ အများနည်းတူ ခေါင်းငုံ့မခံနေဘဲ ကိုယ့်ရပိုင်ခွင့်အတွက် ဖီဆန်ထကြွသူတို့ရဲ့ စိတ်ဓာတ်တွေကို မီးမောင်းထိုးရိုက်ပြထားတဲ့အပြင် ဒရာမာနဲ့ ဟာသကို ရောယှက်ရိုက်ကူးထားတာမလို့ အချိန်ပေးကြည့်ရှုဖို့ရာ ထိုက်တန်မယ့် ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2022
Les Femmes du square
Hostile Forces

ယခုအခါ တင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် အက်ရှင်ဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင် စစ်ပြန်တစ်ယောက်ဖြစ်သူ မစ်ကီဟာသူ့မိသားစုနဲ့အတူ သူ့အကိုဖြစ်သူ နိုအာ နေထိုင်ရာဆီသို့ အားလပ်ရက်ခရီးထွက်လာခဲ့ပါတယ်။ သူ့အကိုအိမ်ကိုရောက်တဲ့အခါ မမျှော်လင့်တာတစ်ခုဖြစ်လာခဲ့ပါတယ်။ မစ်ကီဟာသူ့အကိုရဲ့အလောင်းနဲ့အတူ အိတ်နှစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။ ထိုအခါဒီအိမ်ကနေချက်ချင်းထွက်ခွာဖို့လုပ်ခဲ့ပေမယ် အိမ်အပြင်မှာလူတစ်စုကဝိုင်းထားပြီးပါပြီ။ နောက်နေ့မနက်ကျတော့ အိမ်ကိုဝိုင်းထားသူဟာ သူ့ရဲ့တပည့်ဟောင်းဖြစ်သူ ကိန်းဆိုတဲ့သူဖြစ်နေခဲ့ပါတယ်။ မစ်ကီရဲ့အကိုဟာ ကိန်းအပါအဝင်အခြားလူတွေနဲ့ပူးပေါင်းပြီး မူးယစ်ဆေးရောင်းစားနေခဲ့တာပါ။ ဒါပေမဲ့မစ်ကီရဲ့အကိုက မူးယစ်ဆေးတွေကိုပြန်ခိုးလို့ဆိုပြီး ကိန်းတို့ကသတ်လိုက်တာပါ။ ထိုအခါ ကိန်းရဲ့မူးယစ်ဆေးအိတ်တွေကိုပြန်ပေးလည်း အသတ်ခံရမယ်မှန်းသိခဲ့တဲ့အတွက် မစ်ကီဟာ သူ့မိသားစုကိုကယ်တင်ဖို့ ကိန်းတို့ရဲ့လက်ကနေလွတ်မြောက်အောင်ထွက်ပြေးရပါတယ်။ မစ်ကီတို့လွတ်မြောက်သွားမလား..ဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါခင်ဗျာ။ File size…(960 Mb) Quality….Webrip 720p Format…mp4 Duration….01:49:00 Genre…Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

0 2023 109 mins
Hostile Forces
[18+] Pwede G, Pwede B
4.5

ဘာဆီဟာ အသက် ၃၀ ဝန်းကျင်လူပျိုလူလွတ်တစ်ယောက်ဖြစ်ပြီး မိန်းမကိစ္စ ဝါသနာထုံပါတယ်။ မိန်းကလေးတွေတစ်ယောက်ပြီးတစ်ယောက်ကို စားပြီးနားမလည်လုပ်ခဲ့ရာကနေ လီလီဆိုတဲ့ ကောင်မလေးနဲ့အလှည့်မှာတော့ စိတ်အနာကြီးနာသွားတဲ့ လီလီရဲ့ကျိန်စာတိုက်မှုကို သူခံခဲ့ရပါတယ်။ အဲ့ဒီကျိန်စာကတော့ မိန်းကလေးတွေကိုလှည့်စားခဲ့တဲ့အတိုင်း သူ့အပေါ်မေတ္တာမတုန့်ပြန်ပဲ အပျော်ကြံမယ့်ယောက်ျားတစ်ယောက်ကို ချစ်မိသွားပါစေဆိုတာပါပဲ။ အဲ့ဒီညမှာပဲ အသည်းကွဲလာတဲ့ အတူနေအခန်းဖော် သူငယ်ချင်း သီယိုနဲ့အမှတ်မထင်အချစ်နယ်ကျွံမိခဲ့ကြပြီး တစ်ဖြည်းဖြည်းနဲ့ သီယို့အပေါ်သူ့ခံစားချက်တွေပြောင်းလဲလာနေပြီဆိုတာ အလန့်တကြားသိလိုက်ရချိန်မှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(810 MB) / (360 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….00:51:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.5 2024
[18+] Pwede G, Pwede B
Nosferatu
7.6

Nosferatu (2024) IMDb Rating (7.6) / Rotten Tomatoes (84%) ဒီရုပ်ရှင်ကတော့ ၁၉၂၂ တုန်းက ရိုက်ကူးခဲ့တဲ့ ဂန္ဓဝင်ဂျာမန်ဟော်ရာရုပ်ရှင်ကြီးကို ပြန်လည်ဖန်တီးထားတာပါ။ မူရင်းရုပ်ရှင်ကိုတော့ ကြောက်ဖို့အရမ်းကောင်းလို့ ဆွီဒင်နိုင်ငံမှာဆို ၁၉၇၂ အထိ ပိတ်ပင်ခံခဲ့ရတာပါ။ ဒါ့အပြင် မူရင်းရုပ်ရှင်ဟာ ဘရမ်စတုတ်ရဲ့ ကမ္ဘာကျော် ဒရက်ကူလာဝတ္ထုကို မူပိုင်ခွင့်မတောင်းဘဲ မှီငြမ်းရိုက်ကူးခဲ့လို့ ဘရမ်စတုတ်ရဲ့ အမျိုးသမီးက တရားစွဲတာ ခံခဲ့ရပါတယ်။ လျော်ကြေးမပေးနိုင်လို့ ပရိုဂျူဆာတွေက ဒေဝါလီခံသွားပြီး ရုပ်ရှင်ရဲ့ ဖလင်နဲ့ မိတ္တူအားလုံးကို ဖျက်ဆီးဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။ ဒါပေမဲ့ မိတ္တူအချို့ ဖျက်ဆီးခံရတဲ့ဘေးကနေ လွတ်မြောက်သွားတာမို့ လိုင်းပေါ်မှာ ရှိနေပြီး ချန်နယ်မြန်မာမှာလည်း တင်ပေးထားမှာပါ။ အခု ၂၀၂၄ ဗားရှင်းကတော့ မူပိုင်ခွင့်ယူထားတယ်လို့ မကြေညာထားပေမဲ့ သီးသန့် သဘောတူညီချက်ရှိရင်ရှိမှာပါ။ နောက်ပြီးတော့ ဒရက်ကူလာဝတ္ထုဟာလည်း ထုတ်ဝေပြီး နှစ် ၅၀ အကြာမှာ အများသုံးမူပိုင်ခွင့်စာရင်းထဲ ပါဝင်လာပြီမို့ တရားတော့အစွဲမခံရလောက်ဘူးထင်ပါတယ်။ အခုရုပ်ရှင်ဟာ The Lighthouse 2019 ရဲ့ ဖန်တီးရှင် ရောဘတ်အက်ဂါ ရိုက်ကူးထားတဲ့ဖြစ်ပြီး သူ့ရဲ့လက်ရှိ အကောင်းဆုံးလက်ရာလို့ ပြောလို့ရပါတယ်။ နို့စ်ဖရာတူ ၁၉၂၂ ဟာ ရောဘတ် ဒါရိုက်တာဘဝမှာ အကြီးအကျယ်လွှမ်းမိုးခဲ့တဲ့ရုပ်ရှင်ဖြစ်တာကြောင့် ဒီလို အကောင်းဆုံး ပြန်ရိုက်ကူးနိုင်ခဲ့တာလည်း ဖြစ်မှာပါ။ သရုပ်ဆောင်တွေအနေနဲ့ကတော့ အယ်လာဟက်တာအဖြစ် ဂျွန်နီဒက်ရဲ့ သမီး လီလီ-ရို့စ် ဒက်၊ သောမတ်ဟက်တာအဖြစ် နီကိုလတ်ဟောက်ထ်၊ နယ်စားကြီး အောလော့အဖြစ် IT ထဲက လူပြက်ကြီး ဘေလ်စကားစဂတ်၊ ပါမောက္ခဖရန့်အဖြစ် ဝီလီယံဒဖိုးတို့ ပါဝင်ထားတာပါ။ ဇာတ်လမ်းအကျဉ်း နို့စ်ဖရာတူ ဆိုတဲ့ စကားလုံးရဲ့ ဇစ်မြစ်ကတော့ ကွဲပြားနေတာအမျိုးမျိုးရှိပါတယ်။ ရိုမေးနီးယားဘာသာဖြစ်ပြီး ဗမ်ပိုင်းယား၊ ပလိပ်ကပ်ဘေး၊ သေမင်း စသဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပေမဲ့ ရိုမေးနီးယားစကားလုံးအစစ်ဟုတ်မဟုတ်၊ ဂျာမန်လား အခြားဘာသာလားဆိုတာ အတည်ပြုရခက်ပါသေးတယ်။ ဒီရုပ်ရှင်မှာတော့ သောမတ် နဲ့ အယ်လန်တို့က ကြင်စဦး ဇနီးမောင်နှံတွေပါ။ သောမတ်ဟာ ဆင်းရဲတာကြောင့် ငွေရှာဖို့ကြိုးစားရင်း နယ်စားကြီးအောလော့ဆီမှာ အိမ်စာချုပ်တစ်ခု သွားချုပ်ပေးဖို့ ကြုံလာပါတယ်။ သောမတ်တစ်ယောက် အောလော့ဆီကို ရောက်နေတုန်းမှာပဲ အယ်လန်ဟာ ညဘက်တွေ ယောင်တာ၊ လမ်းထလျှောက်တာ၊ အတက်ရောဂါတွေဖြစ်လာပြီး ဆရာဝန်တွေ ကုလို့မနိုင်လောက်အောင် ဆိုးရွားလာပါတယ်။ သောမတ်ကလည်း အောလော့ဟာ လူသားမဟုတ်တာကို သိပြီးထွက်ပြေးဖို့ ကြိုးစားရပါတော့တယ်။ အဲဒီအချိန်မှာပဲ ဝစ္စဘက်မြို့တစ်ခုလုံး ပလိပ်ကပ်ဘေးကြီးကျလာတဲ့အခါ ဂမ္ဘီရပညာတွေကိုလေ့လာနေတဲ့ သမားတော် ဗွန်ဖရန့်နဲ့ သောမတ်ဇနီးမောင်နှံတို့ဟာ နို့စ်ဖရာတူ ခေါ် နယ်စားကြီးအောလော့ကို နှိမ်နင်းဖို့ ကြိုးစားကြရပါတော့တယ်။ ဒီရုပ်ရှင်အတွက် ဘေလ်စကားစဂတ်ဟာ အော်ပရာအဆိုတော်တစ်ယောက်နဲ့ အောလော့အသံကို လေ့ကျင့်ခဲ့ပြီးမှ သရုပ်ဆောင်ခဲ့တာပါ။ ဝီလီယံဒဖိုးကလည်း ကြွက်အစစ် အကောင် ၂၀၀၀ နဲ့ ဇာတ်ဝင်ခန်းကို ပီပီပြင်ပြင် သရုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဆုတွေ တစ်ပုံကြီးသိမ်းပိုက်ထားပြီး အော်စကာမှာလည်း ထိပ်ဆုံးကပြေးမဲ့ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ရောဘတ်အက်ဂါပိုင်တဲ့ ရုပ်ရှင်အလင်းအမှောင်နဲ့ ရိုက်ကွင်းအလန်းတွေ၊ အသံဖန်တီးမှုကောင်းတွေ၊ သရုပ်ဆောင်ကောင်းတွေအပြင် မူရင်းဟော်ရာမြင်ကွင်းတွေနဲ့ ခေတ်သစ်ဟော်ရာစတိုင်တွေကို ပေါင်းစပ်ထားတာမို့ နို့စ်ဖရာတူ ၂၀၂၄ ဟာလည်း ဂန္ဓဝင်ဟော်ရာရုပ်ရှင်စာရင်းထဲမှာ သေချာပေါက်ပါလာမဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ အိပ်ရာခန်းအချို့နဲ့ ရက်စက်တဲ့အခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့ကြည့်လို့တော့ သိပ်အဆင်မပြေလောက်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size…(9.2 GB) / (2.3 GB) / (1.1 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Fantasy, Horror, Mystery Duration….02:13:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mr. Anderson

7.6 2024 133 mins
Nosferatu
The Skulls
5.6

The Skulls (2000) IMDb Rating (5.6) / Rotten Tomatoes (9%) ၂၀၀၀ ပြည့်နှစ်မှာ ထွက်​ရှိခဲ့တဲ့ ဒီရုပ်ရှင်က အမေရိကန်​ အိုင်​ဗီလိဂ် တက္ကသိုလ်​တွေရဲ့​ အထူး​လျှို့ဝှက်​အဖွဲ့အစည်း​တစ်ခု​ အကြောင်း​နဲ့ အဲဒီ​အဖွဲ့​မှာ ပါဝင်​ပတ်သက်​မိတဲ့ ကျောင်း​သား​တစ်ဦး​ အကြောင်း​ကို တင်ဆက်​ထားတာ​ဖြစ်ပါတယ်​။ Fast and Furious ဇာတ်ကားတွေရဲ့ သရုပ်ဆောင်​တစ်ဦး​ဖြစ်​တဲ့ Paul Walker နဲ့ Joshua Jackson တို့က​ အဓိက​ပါဝင်ထားပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Luke ဟာ ဆင်းရဲနွမ်းပါးပေမဲ့ ထူးချွန်​တဲ့ ကောလိပ်​ကျောင်းသား​တစ်ဦး​ဖြစ်ပြီး အိုင်​ဗီလိဂ်​လို့ခေါ်တဲ့​ အမေရိက အရှေ့မြောက်ပိုင်းက ထိပ်​သီး​တက္ကသိုလ်​ရှစ်ခုထဲက တစ်ခုမှာ တက်​ရောက်​နေသူ​ဖြစ်​ပါတယ်​။ ကြီး​လေးတဲ့ ကျောင်း​စရိတ်​အတွက် စကောလားရှစ်တွေနဲ့ အချိန်​ပိုင်း​အလုပ်​တွေကို​ လုပ်​ကိုင်​ပြီး ရုန်းကန်​နေရ​သူဖြစ်ပါတယ်။ တစ်ညမှာတော့ Luke ကို Skulls​ လို့​ခေါ်​တဲ့ လျှို့ဝှက်​အဖွဲ့အစည်း​တစ်ခု​က အသင်း​ဝင်​အဖြစ် ကမ်း​လှမ်း​လာပါ​တယ်။ Skulls အဖွဲ့​အစည်း​က တက္ကသိုလ်​ကျောင်းသား​တွေ​ကြား​မှာ ဒဏ္ဍာရီ​လိုလို​ အမှန်​တကယ်​လိုလို​ လူပြောများနေတဲ့ လျှို့ဝှက်​အဖွဲ့အစည်း​တွေထဲက အင်​အား​အကြီးဆုံး အဖွဲ့​ဖြစ်​ပါတယ်။ ဒီအဖွဲ့မှာ လူ့မလိုင်တွေ လူချမ်းသာတွေနဲ့ အစိုး​ရထိပ်ပိုင်းပုဂ္ဂိုလ်တွေ ပါဝင်​နေတယ်လို့​ ဆိုကြ​ပြီး အိုင်​ဗီကောလိပ် ကျောင်း​သား​တွေ​ထဲက အတော်​ဆုံး​ အထက်​ဆုံး​ ကျောင်းသား​တွေကိုပဲ အသင်း​ဝင်​အဖြစ်​ လက်​ခံလေ့ရှိပါတယ်။ ဒီလို​နဲ့ Luke တစ်ယောက်​ Skulls​ အဖွဲ့​နဲ့ ပတ်​သက်​မိပြီး နောက်​ပိုင်း​မှာ သူ့ဘဝကို ပြောင်း​လဲစေမဲ့ အဖြစ်အပျက်​တွေ​နဲ့ရင်ဆိုင်​လာရပြီး ဒီအဖြစ်အပျက်တွေက Luke အပြင်​ သူ့ရည်းစား Chloe နဲ့ သူငယ်ချင်း​ Will တို့ကို​ပါ သက်​ရောက်​မှုရှိလာချိန်မှာတော့ ဘာတွေ​ဆက်​ဖြစ်​ကြမလဲ ဆိုတာကို​ ကြည့်​ရှု​ရမှာ​ဖြစ်ပါတယ်​။ ၂၀၀၀ ခုနှစ်​က ကား​ဟောင်း​လေး​ ဆို​ပေမဲ့​ Action/Thriller အမျိုး​အစား​ဖြစ်​ပြီး သွက်လက်​မြန်ဆန်​တဲ့ ဇာတ်​အိမ်​နဲ့အတူ ကြည့်​ပျော်​တဲ့ ဇာတ်ကား​ကောင်း​တစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wolfenheim ဖြစ်ပါတယ်။) File size…(4.1 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Crime,Drama,Thriller Duration….01:47:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Wolfenheim

Western • Drama • Action
5.6 2000 106 mins
The Skulls
Nizharkudai
7.9

Nizharkudai (2025) “မေတ္တာရိပ်” ‌အခုတစ်ခါမှာ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် တမီလ်စကားပြော ဒရာမာဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ လန်ဆီနဲ့နီရမ်ဂျာတို့ဟာ ဘာသာချင်းမတူပေမဲ့ မိသားစုဆွေမျိုးတွေကို ဆန့်ကျင်ပြီး အိမ်ထောင်ပြုခဲ့ကြတဲ့ လူငယ်ဇနီးမောင်နှံပါ။ သူတို့မှာ သမီးလေးတစ်ယောက်ရှိပြီး မိသားစုလိုက် အမေရိကမှာအခြေချဖို့ ကြိုးစားနေကြသူတွေပေါ့။ နှစ်ယောက်လုံးက အလုပ်အကိုင်တွေနဲ့မို့ သူတို့အလုပ်သွားချိန်ဆို သမီးဖြစ်သူကို ကလေးထိန်းနဲ့ ထားခဲ့ရပါတယ်။ အဲဒီကလေးထိန်းမိန်းကလေးဟာ လန်ဆီတို့လင်မယား အလုပ်သွားပြီဆိုတာနဲ့ ကလေးကို အိပ်ဆေးတိုက်၊ ရည်းစားကို အိမ်ပေါ်ခေါ်ပြီး နေ့တိုင်း သာယာဇိမ်ကျနေပါတယ်။ တစ်နေ့တော့ ပြဿနာတစ်ခုတက်ရာက အဲဒီအကြောင်း လန်ဆီတို့လင်မယားသိသွားပြီး ကလေးထိန်းဖို့ လူထပ်ရှာရပါတယ်။ အဲဒီအချိန်မှာပဲ လန်ဆီတို့သမီးလေးအတွက် ဂျိုသီဆိုတဲ့ မေတ္တာရှင်အမျိုးသမီးနဲ့ တွေ့ဆုံရဖို့ အကြောင်းဖန်လာပါတော့တယ်။ ခင်ရာဆွေမျိုးဆိုတဲ့အတိုင်း တကယ်‌စေတနာ မေတ္တာထားသူနဲ့ကြုံဆုံရတဲ့ သူစိမ်းတွေဖြစ်ပေမဲ့ သံယောဇဉ်တွေ နှောင်တွယ်မိကြပါတယ်။ ဒီလိုနဲ့ အမေရိကအိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတဲ့ လန်ဆီတို့လင်မယား၊ သံယောဇဉ်နှောင်တွယ်နေကြပြီဖြစ်တဲ့ သူတို့သမီးလေးနီလာနဲ့ ဂျိုသီတို့ကြား ရှေ့ဆက်ဘယ်လိုတွေဖြစ်လာမလဲ၊ ဘာတွေကြုံတွေ့ရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

7.9 2025
Nizharkudai
Yuddhakaanda Chapter 2
7.2

Yuddhakaanda Chapter 2 (2025)”ပါလတိုက်ပွဲ” ===================================== ရှေ့နေကားတွေ ထွက်လေ့မရှိတဲ့ ကန်နာဒါရုပ်ရှင်လောက၊ ဆန်ဒယ်ဝုဒ်ကနေ အသစ်ထွက်လာတဲ့ ပထမဆုံးလို့ပြောလို့ရမယ့် တရားရေးဒရာမာရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်နာမည်မှာ Chapter 2 လို့ပါပေမဲ့ ဒီရုပ်ရှင်ဟာ နောက်ဆက်တွဲဇာတ်လမ်းတစ်ခုမဟုတ်ဘဲ အော်ရီဂျင်နယ်ရုပ်ရှင်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အိန္ဒိယ ရှေ့နေကားတွေဟာ သမ္ဘာရင့်နေတဲ့ ဇာတ်လိုက်ရှေ့နေကြီးတွေ တရားရုံးမှာ ဆရာကျကျ အမှုဆိုင်တာတွေကို ပြတတ်ကြပေမဲ့ ဒီရုပ်ရှင်ကတော့ ဘွဲ့ရခါစရှေ့နေပေါက်စတစ်ယောက်ကို အဓိကဇာတ်ကောင်နေရာထား ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ငယ်ငယ်ကတည်းက မိဘမဲ့ဘဝနဲ့ စားသောက်ဆိုင်မှာအလုပ်လုပ်ခဲ့ရပြီး ခက်ခက်ခဲရှေ့နေဖြစ်လာခဲ့တဲ့ ဘာရတ်။ အရည်အချင်းရှိပေမဲ့ အတွေ့အကြုံမရှိလို့ ဘယ်ရှေ့နေအဖွဲ့ကမှ လက်မခံတဲ့အတွက် ဘာရတ်တစ်ယောက် ရှေ့နေတွေကို ခေါင်းပုံဖြတ်တတ်တဲ့ အသေးစားဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ပြီး နေရာရဖို့ကြိုးစားရင်း သူ လေးစားအားကျရတဲ့ ဂန္ထဝင်ရှေ့နေကြီးတစ်ယောက်နဲ့ မထင်မှတ်ဘဲ ထိပ်တိုက်အမှုဆိုင်ရပုံကို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးပုံဖော်ထားတာပါ။ ရှေ့နေကားဆိုပေမဲ့ မြင်ရခဲတဲ့ဇာတ်လမ်းမျိုးဖြစ်ပြီး ဆက်တိုက်ကြည့်မိအောင်ဆွဲခေါ်သွားမယ့် ရုပ်ရှင်ကောင်းတစ်ခုဖြစ်လို့ ပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်…။

7.2 2025 146 mins
Yuddhakaanda Chapter 2