YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Heartstrings(2011)EP10.NF.WEB-DL.720P(CM).mp4

685.8 MB N/A video/mp4 168 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] Hosto

Hosto (2023) ပက်ထရစ်ဟာ ငယ်ရွယ်စဉ်က ထင်ရာစိုင်းခဲ့တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ သားတစ်ယောက်အဖေဘဝနဲ့ ဘဝကိုကြိုးစားတည်ဆောက်နေပါတယ်။ သူ့မှာ ဇနီးအပြင် ချစ်သူအမျိုးသားလည်းရှိပြီးတော့ အဲဒီအမျိုးသားက သူ့အတွက်အစစအရာရာ ပံ့ပိုးဖြည့်ဆည်းပေးနေတဲ့သူပါ။ သူ့အိပ်မက်ကတော့ ဂျပန်မှာစာသင်ရင်းအလုပ်သွားလုပ်ဖို့ဖြစ်ပြီး အဲဒါတွေကလည်း သူ့သားရဲ့အနာဂတ်နဲ့ သူ့မိသားစုအတွက်ပါပဲ။ တကယ်တမ်း သူဂျပန်ကိုရောက်ရှိချိန်မှာတော့ စိတ်ကူးတွေထဲကနဲ့ အစစအရာရာ ကွာခြားနေခဲ့ပြီး လိုအပ်ချက်တွေများလွန်းတဲ့ သူ့မိသားစု၊ အထူးစောင့်ရှောက်မှုလိုအပ်နေတဲ့ သူ့ကလေးအတွက် ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ ကြိုးစားသမျှတွေ အရာမထင်ဖန်များလာတဲ့နောက် သူနဲ့အတူနေမိတ်ဆွေ ရစ်ချတ်ရဲ့မိတ်ဆက်ပေးမှုနဲ့ ဂျပန်နိုင်ငံရဲ့ Nightlife ထဲမှာ Hosto တစ်ယောက်အဖြစ် အချိန်ပိုင်းလုပ်ဖို့ဖြစ်လာပါတော့တယ် (Hosto ဆိုတာအမျိုးသမီးကြီးတွေနဲ့ အတူထိုင်သောက် စကားပြော လိုအပ်ရင်အဆုံးထိလိုက်လျောရတဲ့အမျိုးသားဂေးရှားသဘောမျိုးပါ)။ ဒါပေမဲ့လည်း မိသားစုအတွက် တိုင်းတစ်ပါးမှာ အဆုံးစွန် စွန့်လွှတ်အနစ်နာခံနေမှုတွေကတစ်ဖက်၊ အဲဒီလိုအလုပ်တွေလုပ်နေရတဲ့အတွက် သူ့ဇနီးအပေါ်၊ ချစ်သူအပေါ်၊ သူ့လိပ်ပြာသူမလုံတဲ့ စိတ်တွေနဲ့ရှေ့ဆက်ဖို့ ခက်ခဲလာနေတဲ့ ပက်ထရစ်တစ်ယောက် သူ့အိမ်ရှင်ရဲ့သမီးဖြစ်တဲ့ သီယာဆိုတဲ့မိန်းကလေးက သူ့ကိုကယ်တင်တဲ့အနေနဲ့ သူနဲ့ဟန်ဆောင်လက်ထပ်ဖို့ကမ်းလှမ်းလာတဲ့အခါ... ချစ်သူတွေဝိုင်းနေတဲ့ ပက်ထရစ်တစ်ယောက် သူနဲ့ သူချစ်ရတဲ့သူတွေ မနာကျင်စေဖို့ ဘယ်လမ်းကိုရွေးမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။ ဆက်လက်ရှုစားလိုက်ကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 750MB Quality - 1080p, 720p Format - mp4 Duration - 1H 35Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Drama • Family
0 2023 93 mins
[18+] Hosto
Days of Heaven
7.5

Days of Heavenဟာ Terrence Malickရဲ့ ဒုတိယကားပါ။ Terrence Malickပီသစွာပဲ အစက ကားတွေမှာတောင် narrative တွေ ရင်သပ်ရှုမောလောက်အောင် လှတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ ပုံဖော်ထားတဲ့ ကားပါပဲ။ ဒါပေမဲ့ narrativeတွေဟာ သူ့နှောင်းပိုင်းကားတွေ အရမ်းကြီးတော့ fragmentation မဆန်သေးပါဘူး။ ဒီရုပ်ရှင်ရဲ့အခန်းအများစုကို Golden hour လို့ခေါ်တဲ့ စီနီမာတိုဂရပ်ဖာတွေက "magic hour " လို့ ခေါ်ကြတဲ့ အချိန်တွေမှာ ရိုက်ကူးခဲ့တာပါ။ အကျဉ်းဖြဉ်းအားဖြင့်တော့ နေထွက်ပြီးစနဲ့ နေမဝင်ခင် ကောင်းကင်နီဆွေးလှပနေတဲ့ အချိန်တွေကိုခေါ်တာပါ။ Days of Heavenဟာ အော်စကာဆုပေးပွဲမှာ Academy Award for Best Cinematography ဆုရခဲ့ပြီး 1979 Cannes Film Festival မှာ Best Director ဆုလည်းရရှိခဲ့ပါတယ်။ ရစ်ချက်ဂီရိလို တစ်ချိန်က နာမည်ကျော်မင်းသားကြီးကို သုံးထားပြီး ဒီထဲမှာ သူတော်တော်နုသေးတာကြောင့် တစ်ချိန်က လူကြိုုက်များ ခဲ့တဲ့ သူ့ရုပ်သွင်ကိုလည်း မြင်ရမှာပါ။ Terrence Malickရဲ့ ရုပ်ရှင်တွေဟာ ဇာတ် အိမ်တွေ ဒိုင်ယာလော့တွေထက် ကြည့်ရှုသူကို နိဗ္ဗာန်ကို အလည်တစ်ခေါက် ရောက်သွားသလို မျက်စိအာရုံဖမ်းစားနိုင်တဲ့အလှအပတွေနဲ့ ပိုဆွဲဆောင်တတ်တဲ့ ရုပ်ရှင်တွေဖြစ်ပြီး။ ရုပ်ရှင်ဆိုတာ ဘာမက်ဆေ့မှ ယူဖို့မဟုတ်ဘဲ ဒီတိုင်း ကြည့်ကောင်း လို့ ထိုင်ကြည့်ချင်သူတွေ အကြိုက်တွေ့မယ် ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ရဲ့နာမည် Days of Heavenနဲ့ ရုပ်ရှင်ရဲ့ဇာတ်အိမ်က ဆန့်ကျင်ဘက်ဖြစ်နေပေမဲ့လည်း အပြတွေကတော့ Days of Heavenဆီ ခင်ဗျားကို တကယ်ခေါ်ဆောင်သွားနိုင်မှာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(2.71 GB) / (1.07 GB) / (624 MB) Quality............BluRay 1080p, 720p, 480p Duration.........1h 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......WiRa Aung Encoder..........SWM

Horror • Thriller
7.5 1978 94 mins
Days of Heaven
Water for Elephants
6.9

ဒီဇာတ်ကားက Twilight မင်းသား Robert Pattinson, Django Unchained, Inglorious Bastards ထဲက မင်းသားကြီး Christoph Waltz နဲ့ မင်းသမီး Reese Witherspoon တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Romance/ Drama ဇာတ်ကား တစ်ကားပဲဖြစ်ပါတယ် IMDb - 6.9/10, Rotten Tomatoes - 60% ရထားပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ပိုလန်ကနေထွက်လာတဲ့ ကော့စကီးမိသားစုက သားဖြစ်သူ ‌ဂျေကော့ ဂျန်ကော့စကီးဟာ တိမွေးကု ဆရာဝန်ဖြစ်ဖို့ နောက်ဆုံး စာမေးပွဲကို ဖြေဆိုနေတုန်းမှာပဲ သူ့ဘဝရဲ့ အချိုးအကွေ့တစ်ခု ဖြစ်လာခဲ့ပြီး စီစဉ်ထားသမျှ အကုန်လွဲကာ လေလွင့်တဲ့ဘဝကို ရောက်သွားခဲ့ပါတယ် ဒီလိုနဲ့ လမ်းမတွေထက် ဦးတည်ရာမဲ့ သွားလာနေရင်း သူ ရထားတစ်စီးကိုမြင်တော့ ပြေးတက်သွားခဲ့ရာကနေ သူ့အတွက် ရှင်သန်ဖို့ မျှော်လင့်ချက်တွေ ဘယ်လိုပြန်ရလာမလဲ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် ဆပ်ကပ်အဖွဲ့သားတွေရဲ့ ဘဝတွေကို ရိုက်ကူးထားပြီး ဖြစ်ရပ်မှန်တချို့နဲ့ Fiction ပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ် The Greatest Showman လို ဆပ်ကပ်အဖွဲ့တွေအကြောင်း ရိုက်ထားတာချင်းတူပေမယ့် Musical Movie မဟုတ်ပါဘူး ဒီဇာတ်ကားက သရုပ်ဆောင်ကောင်းတွေပါဝင်တဲ့ ဇာတ်ကားကောင်းဖြစ်သလို Box Office မှာလည်း အောင်မြင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ် နောက်ဆုံးအနေနဲ့ ကြည့်မိလို့ နောင်တမရမယ့် ဇာတ်ကားဖြစ်တယ်လို့ပဲ ညွုန်းပေးချင်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Shan Tun Wai ပဲ ဖြစ်ပါတယ်။ Genre..... Drama, Romance Quality…. 1080p | 720p | 480p File size…1.9GB | 947MB | 355MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae Shan Tun Wai Encoder ..... August

Action • Horror
6.9 2011 122 mins
Water for Elephants
BARDO, False Chronicle of a Handful of Truths
7

ဒီကားက မက္ကဆီကန်ဒါရိုက်တာရိုက်တဲ့ မက္ကဆီကန်ကားစစ်စစ် ဘယ်လောက်စစ်လဲဆို ဒီတစ်ကားလုံး မက္ကဆီကန် လူမျိုးရေး၊ ဘာသာရေး၊ သမိုင်း ဒါတွေနဲ့ပဲ အခြေတည်ထားတယ်။ သို့ပေမဲ့လည်း ဒီကားရဲ့နာမည် Bardo ဆိုတဲ့ စကားလုံးက တကယ်ဆို ဗုဒ္ဓဘာသာကပဲလာတဲ့ စကားလုံး။ ပါဠိလိုဆို antarābhava (အန္တရဘဝ) စုတိနဲ့ ပဋိသန္ဓေအကြားက ဘဝပေါ့။ သေခြင်းရယ် တစ်ဖန်ပြန်လည်မွေးဖွားခြင်းရယ်ကြားက ကြားပိုင်းဘဝအကူးအပြောင်းကာလလို့ ပြောကြတယ်။ ဒါပေမဲ့ သူပြတဲ့ပုံစံကတော့ မူရင်းအယူအဆနဲ့ နည်းနည်းတော့ ကွဲလွဲနေမယ်ထင်ပါတယ်။ ဒီကားကို စစဖွင့်ချင်းမှာတော့ Alejandro က ခင်ဗျားကို တော်တော်လေး အူကြောင်ကြောင်နိုင်သလို စိတ်ကူးယဉ်ဆန်လွန်းတဲ့ ဇာတ်ဝင်ခန်းတွေကို ဟိုကူးဒီကူးနဲ့ ပြနေလိမ့်မယ်။ အဲဒီလိုပြနေတဲ့အခန်းတွေက စိတ်ကူးယဉ်ဆန်လွန်းပေမဲ့လည်း အမှန်တရားတစ်စိတ်တစ်ဒေသ ရှိနေတာကိုလည်း ဘာဇာတ်ကြောင်းမှမဖြည်ဘဲကို အတွေးထဲဝင်လာအောင် ရိုက်ပြထားတယ်။ အရှိတရားနဲ့ အိပ်မက်တွေ စိတ်ကူးတွေဟာ ရောထွေးနေတယ်။ ဘာက ဘာလဲ သူပြသွားတဲ့တစ်ကွက်ချင်းကိုကြည့်ပြီး တရိပ်ရိပ်တော့ သိလာလိမ့်မယ်။ ဒါပေမဲ့လည်း သိပ်တော့ မသည်းကွဲချင်ဘူးပေါ့။ ဘယ်အချိန်ထိလဲဆိုရင် သူသတ်မှတ်ထားတဲ့ အချိန်အထိလို့တော့ ပြောရမှာပဲ။ ဆန်းတာက ဒီကားက တစ်ဖက်ကကြည့်ရင် ဟန်များလွန်းတယ်ထင်ရတဲ့အနေအထားမှာရှိတယ်။ ဒါပေမဲ့ ကြည့်ရင်းနဲ့ သူတို့ ဒိုင်ယာလော့တွေ စကားတွေအရှည်ကြီးထိုင်ပြောနေကြတာတွေကို ကြည့်ရင်း ဟန်များနေသလို ထင်ရတာနဲ့ တစ်ချိန်တည်းမှာပဲ ဖန်တီးသူရဲ့ ရိုးသားမှုက အလိုလိုသိလာလိမ့်မယ်။ အဲဒီလိုရိုးသားမှုဟာ တာကော့စကီးကားတွေနဲ့ မစိမ်းတဲ့လူတွေအတွက် ပိုပြီးထင်သာမြင်သာရှိမယ်လို့တော့ ထင်ရတာပဲ။ ဒီလိုရိုးသားလိုက် ဟန်များသလိုဖြစ်လိုက်ဆိုတဲ့အချက်ကို တစ်နေရာမရောက်ခင်အထိတော့ ဒီလိုပဲမြင်နေဦးမယ်။ တစ်နေရာအရောက်တော့ ကျွန်တော်တော့ ဒီကားဟာ ရိုးသားတဲ့ဘက် ပိုသွားတယ်လို့ပဲ မြင်မိတော့တယ်။ အမြင်တူချင်မှလည်းတူမယ်။ ဒီရုပ်ရှင်ကို ကြိုက်ချင်မှလည်း ကြိုက်လောက်မယ်ပေါ့။ အာမ တော့ ခံလို့မရဘူး။ သူ့ဇာတ်လမ်းက ဒိုကူဖစ်ရှင်ရိုက်တဲ့ ဒါရိုက်တာတစ်ယောက်အကြောင်းပေါ့။ ထူးတာက ဒီကားထဲက ဇာတ်ကောင်က ရိုက်ချင်တာက သူ့အကြောင်းပေါ့။ ပြဿနာက ဒီဘဲက သူ့အကြောင်းသူရိုက်ချင်တယ်ဆိုပေမဲ့ သူ့အကြောင်း သူမရိုက်ဘူး။ ဟိုးမဆီမဆိုင် မက္ကဆီကိုကနေ ရွှေ့ပြောင်းအခြေချတဲ့လူတွေအကြောင်းတွေ၊ ဟိုးရှေးခေတ်ကလူတွေအကြောင်းတွေ၊ မက္ကဆီကိုသမိုင်းက တချို့အဖြစ်အပျက်တွေအကြောင်းတွေ ကောက်ရိုက်တယ်။ ဒါပေမဲ့ သူ့ခံယူချက်က ဒီအကြောင်းအရာတွေက သူနဲ့တူညီတယ်လို့ ခံစားရတာကို သူရိုက်ထားတာဆိုတော့ ဒီအကြောင်းအရာတွေကို ပြခြင်းအားဖြင့် သူ့အကြောင်းပါ ပြပြီးပြီလို့ ဆိုလို့ရတယ်။ ဘာလို့ ဒီလိုပြသလဲဆို လူတစ်ယောက်က ကိုယ့်အကြောင်းကိုယ်ရေးတယ်ဆိုပါစို့... ဒါမှမဟုတ်လည်း ရိုက်တယ်ဆိုပါစို့... ဒါကြီးက အမှန်တရားဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ပြောပြရလွယ်တဲ့ ပြောပြချင်တဲ့ အမှန်တွေပဲ ဖြစ်ဖို့တော့များမယ်။ ကိုယ့်မကောင်းကြောင်းကိုယ် ရေးနိုင်တယ်ဆိုတာကလည်း ကိုယ်ပြောပြချင်တဲ့ မကောင်းကြောင်းပဲမလား။ သူက သူ့အကြောင်းကို ဒီလိုအပေါ်ယံကြောကို မရိုက်ချင်ဘူး။ လူတစ်ယောက်အကြောင်းဆိုတာက ဘယ်လိုနေလာတယ် ဘယ်လိုရှင်လာတယ်ဆိုတာထက် တစ်ခါတလေ သူ့ဘဝမှာ သူစကားလုံးနဲ့ပြောဖို့ခက်တဲ့ အတွေးခေါ်တွေ ခံစားချက်တို့ ရှိကောင်းရှိမှာပဲ။ မဟုတ်လည်း ဒီတိုင်းကြီးပြောပစ်ရင် သူများအတွက် ဘာမှမဟုတ်တာတွေဖြစ်သွားနိုင်ပြီး သူ့အတွက်တော့ နက်ရှိုင်းနေတဲ့ဟာမျိုးတွေပေါ့။ ဒီတော့ သူက သူ့အကြောင်းကို စကားလုံးနဲ့လည်းမပြောဘူး။ အရုပ်နဲ့လည်း ရိုက်မပြဘူး။ ဘာနဲ့ ဒိုကူမန်ထရီ ရိုက်ပြသလဲဆို သူရဲ့ Handful of Truths တွေကို သမိုင်းထဲက တချို့ဖြစ်ရပ်တွေမှာ သူ့ကိုယ်သူထည့်ပြီးပြတယ်။ ဒီလိုပြတဲ့နေရာမှာ Chronology ကာလစဉ်အတိုင်း မပြဘူး။ ဗြောက်သောက် ပေါ်လာချင်သလိုပေါ်လာလိမ့်မယ်။ ကာလစဉ်လွဲနေတဲ့ Chronicle လိုမျိုး ပြတယ်။ ဒါပေမဲ့ ဒီလိုပြတဲ့နေရာတွေမှာရော အိပ်မက်လိုနေရာတွေမှာရော သူညှပ်ထားတဲ့ စကားလုံးတွေက ဆန်းသလိုလိုရှိပေမဲ့ သူ့အရင်ကားတွေနဲ့ယှဉ်ရင် သူ့အကြောင်းသူပြောနေတယ်လို့ ထင်ရလောက်အောင် ဇာတ်ကောင်မဆန်နေတာမျိုးတွေကို သူ့ကားတွေကို ရင်းနှီးရင် အလိုလို သတိထားမိလောက်တယ်။ တစ်ဝက်ကျော်လောက်မှာ ကိုယ်တိုင်လည်း သတိထားမိလို့ ဒါရိုက်တာရဲ့ဘဝအကြောင်းရှာကြည့်တော့ ဒီထဲက ဇာတ်ကောင်ရဲ့ဘဝအစပိုင်းက သူ့ဘဝအစပိုင်းနဲ့ ချွတ်စွပ်လိုဖြစ်နေတာကို တွေ့ရတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကတော့ သူ့နာမည်အတိုင်း နောက်ဆုံးအချိန်ကို ဦးတည်တာဆိုတော့ သူ့အကြောင်းလို့တော့ ပြောလို့မရဘူး။ ဒါပေမဲ့လည်း ရုပ်ရှင်ထဲက ဇာတ်ကောင်က သူ့အကြောင်းကို ပြောပြဖို့ ဒဲ့မပြောဘဲ False Chronicle of a Handful of Truths ကိုသုံးထားသလိုမျိုး သူလည်း သုံးထားတာသလိုရှိတဲ့ ခံစားချက်မျိုးတော့ ရနေတာပါပဲ။ ရုပ်ရှင်တော်တော်ကြည့်စရှိနေရင် ဇာတ်ကားတစ်ကားရဲ့ ရိုးသားမှုပမာဏကို အလိုလိုခံစားမိနေမှာပဲ မဟုတ်လား။ တစ်ခုရှိတာက ဒီကားကို ဒီထက်နည်းနည်းအရွယ်လွန်ပြီးတဲ့ အချိန်မှကြည့်ရင် ပိုထိလောက်မယ်ဆိုတဲ့ အသိမျိုးလည်း ရနေပြန်တာပဲ။ ပုဂ္ဂလိက အမြင်အရတော့ ကိုယ့်ကိုယ်ကိုယ် ဒီကားကြည့်ဖို့ နောက်မကျသေးဘူးလို့ ထင်ရင် သိမ်းထားလိုက်ပြီး တော်တော်ကြာမှ နည်းနည်းအရွယ်လွန်မှ ကြည့်တာ ပိုကောင်းမယ်ထင်တာပါပဲ။ ၂ခါပြန်ကြည့်လည်းရပေမဲ့ အရသာတော့ မတူနိုင်ဘူးမလား။ BARDO, False Chronicle of a Handful of Truths ဟာ Alejandro ရဲ့ အရင်ကားတွေလောက် ဝေဖန်ရေးသမားတွေရဲ့ မျက်နှာပန်းမလှခဲ့ပေမဲ့ တော်တော်ကောင်းတဲ့ ကားတစ်ကားဖြစ်နေတုန်းဆိုတာတော့ ငြင်းမရသလို ပုဂ္ဂလိက အမြင်အရတော့ Bardo ဟာ သူ့ကားတွေထဲ အရိုးသားဆုံးလည်းဟုတ်သလို Pretentious အဖြစ်ဆုံးလည်း ဟုတ်တဲ့ကားပါပဲ။ ရှေ့ကကားတွေလောက် အားမရသလို ရှေ့ကကားတွေထက် ပိုသဘောကျမိတဲ့ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 811MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H 39Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Horror • Thriller
7 2022 160 mins
BARDO, False Chronicle of a Handful of Truths
Instant Karma
5.6

Instant Karma(2021) Imdb-5.6/10 Type-Comedy,Drama,Fantasy,Mystery Jeffလို့ခေါ်တဲ့ လူတစ်ယောက်ကအလုပ်‌ကောင်းကောင်းတခုရဖို့ကြိုးစားခဲ့ပေမယ့် တခုပြီးတခုပြုတ်ခဲ့လို့စိတ်ညစ်နေတဲ့သူတစ်ယောက်ပါ အခုလည်းအလုပ်ထပ်ပြုတ်လို့LiftဆီမှာFreelancerလုပ်ရင်းကားမောင်းပြီးလိုက်ပို့တဲ့အလုပ်ကိုစလုပ်ကြည့်ပါတယ် ဒါပေမဲ့“ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ”ဆိုသလို မောင်းနေတဲ့ကားစုတ်လေးပါရုတ်တရက်ပျက်သွားလို့ မရှိမဲ့ရှိမဲ့အလုပ်လေးတောင်ဆက်မလုပ်နိုင်တော့ပါဘူး ကိုယ့်ကိုကိုယ်ဝင်ငွေမရှိရင်ချစ်သူနဲ့ပါ အတူမနေနိုင်တော့ဘဲအိမ်ခြေရာမဲ့ဖြစ်ရတော့မယ်ဆိုပြီးစိတ်ညစ်နေတုန်း သူ့ချစ်သူရဲ့သူငယ်ချင်း‌တစ်ယောက်ကဇာတိမြို့ကိုပြန်ရင်၃လ‌လောက်ကြာမှာဖြစ်လို့ သူတို့ကို သူ့ကားပေးထားခဲ့ပါတော့တယ် ကားပျက်နေလို့အလုပ်ဆက်မလုပ်နိုင်တဲ့Jeffလည်;သူ့ဘဝမှာပထမဆုံးကံကောင်းမှုဖြစ်လာတဲ့ကားကိုယူမောင်းရင်းထင်မှတ်မထားတဲ့ ကုသိုလ်ကံအကျိုးပေးတွေပါ အဲ့ဒီကားထဲမှာ ဖြစ်ပျက်လာပါတော့တယ် သူတို့ချက်ချင်းအကျိုးပေးတဲ့ကံကောင်းမှုနောက်ကွယ်က အကြောင်းရင်းကို ဂျက်နဲ့သူချစ်သူတို့ နောက်ဆုံးရှာတွေ့နိုင်မှာလား အဲ့ဒီကားရဲ့လျို့ဝှက်ချက်ကရောဘာဖြစ်နိုင်မလဲ File size…(1.86GB)/(834MB)/(403MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre…Comedy / Drama / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by …Kelvin

Drama • Family
5.6 2021
Instant Karma
Occupant
4.6

Occupant (2011) ============ 2011က ထွက်ရှိခဲ့တဲ့ Psychological thriller ကားကောင်းလေးနဲ့ မိတ်ဆက်လိုက်ပါရစေ။ တိုက်ခန်းကောင်းကြီးတစ်ခုမှာ ငှားခ သက် သာစွာ တစ်ဦးတည်းနေထိုင်နေတဲ့ အဘွားအိုကြီးတစ်ယောက် နှလုံး ဖောက်ပြီး သေဆုံးသွားတာနဲ့ စတင်ထားတယ်။ သူ့မြေးဖြစ်တဲ့ ဒန်နီက သေဆုံးသူဟာ သူ့အဘွားဖြစ်ကြောင်း အတည် ပြုပေးဖို့ ရောက်လာခဲ့ပြီး၊ အဲဒီက တိုက်စောင့် ဂျိုးဟာ ဒန်နီကို အဘွားကြီး ရဲ့ ခံစားခွင့်တွေအတိုင်း ဆက်လက်ငှားရမ်းနိုင်မယ့် အကြံကောင်းတစ်ခု ပေးပါတယ်။ ဒေါ်လာတစ်သောင်းတန်တဲ့တိုက်ခန်းကို သက်သာစွာနဲ့ တစ် သက်တာနေထိုင်ခွင့်ကို သဘောကျသွားတဲ့ ဒန်နီဟာ အကြံကို လက်ခံလိုက် တာပေါ့။ ပြီးတော့ တံခါးစောင့်ပြောတဲ့အတိုင်း ရှေ့နေလည်းငှားရမ်းလိုက် ပါတယ်။ သူ့ရဲ့ရှေ့နေက တိုက်ခန်းပိုင်ရှင် မောင်းမထုတ်နိုင်အောင် အိမ်ထဲမှာပဲ ၁၂ရက် တာ တရားဝင်အမိန့်စာ ကျတဲ့အထိ နေထိုင်ဖို့ပြောခဲ့တာမို့ သူနေရတော့တာပေါ့။ ဒန်နီလည်း အစပိုင်းတော့အဆင်ပြေပေမယ့် ရက်ကြာလာတာနဲ့အမျှ ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို တစ်ခုပြီးတစ်ခု ကြုံလာရပါတယ်။ သူ့ဆီလာလည်တဲ့ သူငယ် ချင်းမကျ ဟိုမကျ ဒီမကျလေးလည်း ပျောက်ဆုံးသွားခဲ့ပြန်တယ်။ ဒီလိုနဲ့ပဲ ဒန်နီတစ်ယောက် မတော်လောဘစိတ်လေးနဲ့ ၁၂ရက်ပြည့်အောင် နေနိုင်မလား ထူးဆန်းတဲ့ ဖြစ်ရပ်တွေရဲ့ အကြောင်းရင်းက ဘာများဖြစ်မလဲ ဆိုတာတော့ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size……….(1.2 GB) / (450 MB) / (288 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 26mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Mugiwara Ya Encoder……….SWM

Comedy • Music
4.6 2011 86 mins
Occupant
The Unspoken Stories: Legend of Green Fish
5.9

ဒီတစ်ခေါက်မှာတော့ VFX ကောင်းကောင်းနဲ့ မိန်းကလေးချောချောလေးတွေပါတဲ့ တရုတ်မှော်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် အရမ်းဆိုးသွမ်းလွန်းတဲ့ နဂါးနီကို ဖမ်းဖို့ ပု၀ူဂိုဏ်းရဲ့ဂိုဏ်းချုပ်ဆရာကြီးဟာ ကိုယ့်ကိုကိုယ် စတေးပြီး နှစ်တစ်ရာလောက် နဂါးနီကို လှောင်ထားခဲ့ပါတယ်။ နှစ်တစ်ရာလုံး အဲ့ဒီနေရာကို ဘယ်သူမှ ရှာလို့မတွေ့ပေမယ့် နှစ်တစ်ရာပြည့်တဲ့အချိန်မှာတော့ မိစ္ဆာအဖြစ်ကနေ နဂါးဖြစ်ချင်တဲ့ မချောလေးရယ် ပု၀ူဂိုဏ်းက မိစ္ဆာနှိမ်နင်းတဲ့ဆရာရယ် ပေါင်းပြီး နဂါးနီရှိတဲ့နေရာကို ရှာဖို့ အကြောင်းဖန်လာပါတော့တယ်… သူတို့နှစ်ဦး နဂါးနီဖမ်းထားတဲ့နေရာကိုရှာတွေ့မလား ဘယ်လိုအကြောင်းအရာတွေပေါ်ထွက်လာဦးမလဲဆိုတာတော့ ရုပ်ရှင်ထဲမှာစီးမျောခံစားလိုက်ပါဦး

Drama • Thriller
5.9 2022
The Unspoken Stories: Legend of Green Fish
Goodbye 2
6

သိပ်မကြာသေးခင်က တင်ဆက်ပေးထားတဲ့ Good Bye 1 ရဲ့ အဆက်လေးပါ အရင်ကားကိုကြည့်ချင်တယ်ဆိုရင်တော့အောက်ကလင့်မှာဝင်ရောက်ကြည့်နိုင်ပါတယ် Goodbye I ( 2022 ) – Channel Myanmar တုန်းပေမှာ အသုဘကိစ္စတွေကိုလုပ်ဆောင်တဲ့ ဖန့်တမင်ပိုင် ဆိုသူဟာ အမှားတွေ မြောက်များစွာ ကျူးလွန်ခဲ့ပေမဲ့လို့ သူ့ရဲ့ အမှားတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် အဖွဲ့ပြန်လည်ဖွဲ့စည်းကာ သုဘရာဇာအလုပ်ကိုပြန်လည်လုပ်ကိုင်ခဲ့ပါတယ် ။ ဖခင်ရဲ့ သေဆုံးမှုနဲ့ သမီးငယ်ဖြစ်သူရဲ့ ခွဲစိတ်စရိတ် အစရှိတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဖန့်တမင်ပိုင် တစ်ယောက် စျာပနာတစ်ခုစီစဥ်ပေးဖို့အတွက် မထင်မှတ်ပဲ လက်ခံရရှိခဲ့ပါတော့တယ် ။ ဒီကိစ္စတွေ လုပ်ကိုင် နေစဥ်အတွင်းမှာပဲ ပြဿနာတွေအများကြီး ကြုံတွေ့ခဲ့ရသလို အလုပ်အပ်သူရဲ့ ထူးဆန်းမှုတွေကလဲ တစ်ဖြည်းဖြည်းနဲ့ ပေါ်ပေါက်လို့လာခဲ့ပါတယ် ။ ❏ ဒီတော့ ဒီဆန်းကျယ်လှတဲ့ စျာပနကို ဖန့်တမင်ပိုင် တစ်ယောက် ဘယ်လိုကိုင်တွယ်မှာလဲ ? ❏ ဒီစျာပနရဲ့ နောက်ကွယ်က အဖြစ်မှန်ကရော ဘယ်လိုဖြစ်နေမလဲ ? ❏ သူနဲ့ရော ဘာအညှိုးအတေးတွေ ရှိနေနိုင်မလဲ ? ဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ ။ ဒီဇာတ်ကားအတွင်းမှာ ဝမ်းနည်းမှု ပျော်ရွှင်မှု အစရှိတဲ့ ရသမျိုးစုံကို ရောယှက်ပြီးဖော်ပြထားတာ ဖြစ်တာမို့ အခုပဲကြည့်လိုက်ရအောင်ပါနော် ။

6 2023
Goodbye 2
Apaches
5.4

Apaches (2023) “Apache” ဆိုတဲ့ စကားလုံးကတော့ ဇူနီဘာသာစကားမှာ ရန်သူ ဒါမှမဟုတ် လူမိုက်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဇာတ်ကားရဲ့ နာမည်အတိုင်း ပြင်သစ်လူမိုက်တွေအကြောင်းကို ဇာတ်အိမ်တည်ပြီးတော့ သရုပ်ဖော် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ အဲလစ်၊ ပေါလ်နဲ့ ထရစ်ကီဆိုတဲ့ မိဘမဲ့ကလေးသုံးယောက်ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး တစ်ကမ္ဘာလုံးငတ်မွတ်ခေါင်းပါးပြီး ပြန်လည်ထူထောင်နေကြရတဲ့အချိန်ပေါ့။ အဲလစ်တို့ကလည်း ဒီလိုအခြေအနေတွေမှာ လစ်ရင်လစ်သလို သူများပစ္စည်းတွေကိုလိုက်သုတ်တဲ့ သူခိုးလေးတစ်ဖွဲ့ဖြစ်ပါတယ်။ သူတို့နောက်ကွယ်မှာတော့ အပါချီလို့ခေါ်တဲ့ နယ်ခံဂိုဏ်းတစ်ခုရှိပါတယ်။ သူတို့က အဲလစ်တို့သုံး​ယောက်ကို ခြိမ်းခြောက်ပြီး ပစ္စည်းတွေလိုက်ခိုးခိုင်းတာပေါ့။ တစ်နေ့မှာတော့ အဲလစ်ရဲ့အစ်ကို ပေါလ်က သူဌေးမကြီးတစ်ယောက်ဆီကနေ သူ့ညီမ ပစ္စည်းကို ဂိုဏ်းဆီသွားမပေးဘဲ မလှိမ့်တပတ်လုပ်ပြီး တခြားပွဲစားဆီမှာသွားရောင်းစားပြီးတော့ အဲဒီကာလက ရွှေသီးသီးနေတဲ့ အမေရိကားကို ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ အဲလစ်တို့သုံးယောက်ကို ဂိုဏ်းကမိသွားပြီး ပေါလ်ကအသတ်ခံရ၊ အဲလစ်လည်း ထောင်ထဲမှာတိုက်ပိတ်ခံလိုက်ရပါတယ်။ အဲလစ်ဟာ ထောင်ထဲနေခဲ့ရတဲ့တစ်လျှောက်လုံး သူ့အစ်ကိုကို့လက်စားချေဖို့ ငြိုးတေးထားခဲ့ပါတယ်။ ၁၅ နှစ်အကြာ အဲလစ်တစ်ယောက် ထောင်ထဲကအထွက်မှာ သူ့အစ်ကိုသတ်ခဲ့တဲ့ “အပါချီ”လို့ခေါ်တဲ့ လူမိုက်ဂိုဏ်းကို အမြစ်ဖြုတ်လက်စားချေဖို့ သူတို့နေခဲ့တဲ့မြို့လေးကို ပြန်လာခဲ့ပါတော့တယ်။ အဲလစ်တစ်ယောက် အပါချီဂိုဏ်းကို ဘယ်လိုလက်စားပြန်ချေမလဲ… သူ့ရဲ့ပျောက်သွားတဲ့ညီ ပေါလ်ကရော ဘယ်တွေရောက်နေလဲ… နောက်ဆုံးမှာ ဘယ်လိုရလဒ်တွေထွက်လာမလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင်တော့ အမျိုးသမီးဇာတ်ကောင်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်လို့ သမားရိုးကျ မင်းသမီးမင်းသားဇာတ်ကားတွေလို အီဆိမ့်နေမှာမဟုတ်ပါဘူး။ ဒါ့အပြင် စာရိတ္တပိုင်းဆိုင်ရာသင်ခန်းစာတွေကို များစွာထည့်သွင်းပေးထားတာဖြစ်လို့ ယူရင်ယူတတ်သလို သုတကော ရသပါပေးစွမ်းနိုင်တဲ့ အက်ရှင်၊ ဒရာမာဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 751MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 33Min Genre – Action, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

5.4 2023
Apaches
Dead Silence
5.7

ဒီရုပ်ရှင်လေးမှာ ပန်းပဲသမားလေးလုလီရဲ့ ကံဆိုးမှုတွေနဲ့ ရင်နင့်စရာတွေကို ခံစားရမှာဖြစ်ပါတယ်။ မင်္ဂလာဦးဇနီးလေး သေဆုံးသွားပြီးနောက် ဇာတိက ထွက်လာတဲ့ လုလီဟာ တိုက်ဆိုင်စွာနဲ့ ညခရီးသွားတစ်ဦးကို ဆရာတင်ခဲ့ပြီး လူအများက လေးစားရတဲ့ ညခရီးသွားတစ်ဦး ဖြစ်သွားခဲ့ပါတယ်။ ၇ နှစ်ကြာပြီးနောက် လုလီဟာ ဇာတိကို ပြန်ရောက်လာခဲ့ပြီး မိုးခေါင်ရေခန်းခြင်းကို ဖြစ်ပေါ်စေတဲ့ မိုးခေါင်မိစ္ဆာကို ဖြေရှင်းတဲ့အချိန်မှာ သူ့ဇနီးသေဆုံးရခြင်းရဲ့ အ ကြောင်းရင်းရဲ့ နောက်ကွယ်မှာ ယုတ်မာတဲ့ အကြံအစည်တွေ ရှိနေတာ သိခဲ့ရပါတယ်။ အမှန်တရားကို ရှာဖွေနေတဲ့ အချိန်မှာလည်း မိန်းကလေးတစ်ယောက်က သူ့အတွက်နဲ့ သေဆုံးသွားခဲ့ပါတယ်။ ရန်ငြိုးအဟောင်းနဲ့ အသစ်ပေါင်းစပ်ပြီးနောက် မိစ္ဆာကိုနှိမ်နင်းရတဲ့ ညခရီးသွားဆိုတာကို သူမလုပ်ချင်တော့အောင် ဖြစ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်က ဘယ်လို ယုတ်မာမှုတွေ ရှိခဲ့တာလဲ…… မိစ္ဆာဆိုတာ မိစ္ဆာပဲဆိုပေမယ့် မိစ္ဆာထက် ကြောက်ဖို့ကောင်းတဲ့အရာက လူ့စိတ်ဖြစ်ကြောင်းကို ရုပ်ရှင်လေးကိုပဲ ကြည့်ရှုခံစားလိုက်ရအောင်နော်။

5.7 2023
Dead Silence
Bambi II
6.1

ambi 2 ကတော့ Disney ရဲ့ ဂန္တဝင်ကာတွန်း (Bambi) ရဲ့ ကြည်နူးစရာကမ္ဘာဆီကိုပြန်လည်ခေါ်ဆောင်ပေးသွားမယ့် နောက်ဆက်တွဲဇာတ်ကားလေးပဲဖြစ်ပါတယ်။ Bambi 2 ရဲ့ ထူးခြားတဲ့အင်္ဂါရပ်တွေထဲကတစ်ခုကတော့ ရုပ်ရှင်ကိုအဆင့်မြင့်နည်းပညာတွေသုံးပြီးပြန်ရေးဆွဲတဲ့အချိန်မှာ မူ ရင်းလက်နဲ့ရေးဆွဲထားတဲ့ကာတွန်းပုံစံကိုလည်းဂုဏ်ပြုတဲ့အနေနဲ့ မပျောက်ပျက်အောင်ထိန်းသိမ်းပေးထားတာဖြစ်ပါတယ်။ စိမ်းလန်းစိုပြေတဲ့တောအုပ်တွေ ချစ်စရာကောင်းတဲ့တောအုပ်ထဲက သတ္တဝါလေးတွေနဲ့ ဘမ်ဘီနဲ့သမ်ပါတို့လိုအဓိကဇာတ်ကောင်လေးတွေဟာ အရင်အတိုင်းတက်ကြွတဲ့ပုံစံနဲ့နှစ်ခြိုက်ဖွယ်ကောင်းနေတုန်းပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအမှန်တကယ်ထူးခြားစေတာက သူ့ဖခင်ရဲ့စောင့်ရှောက်မှုအောက်မှာ အရွယ်ရောက်လာမယ့် ဘမ်ဘီရဲ့ စိန်ခေါ်မှုတွေ အောင်မြင်မှုတွေပြသထားပြီး အဖေနဲ့သားကြားက ဆက်ဆံရေးအပေါ်အာရုံစိုက်ဖော်ထုတ်ထားတဲ့အတွက် ကြည်ရှုသူတွေကို အသက်အရွယ်မရွေးဘဲ ဇာတ်ကောင်နဲ့ချိတ်ဆက်ခေါ်ဆောင်ပေးသွားနိုင်တာဖြစ်ပါတယ်။ Bambi 2 မှာ ရွန်နိုနဲ့မီနာတို့လိုဇာတ်ကောင်အသစ်တွေကိုလည်း မိတ်ဆက်ပေးထားပြီးတော့ ဇာတ်လမ်းရဲ့ဆွဲဆောင်မှုရှိစေမယ့် အစိတ်အပိုင်းတစ်ခုအနေနဲ့ ဘမ်ဘီနဲ့ရွန်နိုတို့ရဲ့ပြိုင်ဆိုင်မှုတွေ ပ ဋိပက္ခတွေကိုလည်းပေါင်းထည့်ပေးထားပါတယ်။ မူရင်းကအရမ်းကောင်းမွန်နေရင် နောက်ဆက်တွဲထွက်လာတဲ့ဇာတ်ကားကပိုကောင်းမွန်တဲ့ မှတ်ချက်ရဖို့အင်မတန်ရုန်းကန်ရပါတယ်။ နောက်ဆက်တွဲဇာတ်ကားတွေကမူရင်းအရသာကိုဖျက်မိတဲ့ များပြားလှတဲ့ဇာတ်ကားတွေကြားထဲမှာ Bambi 2 လေးကတော့ ကောင်းမွန်တဲ့ဥပမာတစ်ခုရဲ့ပြယုဂ်တစ်ခုအနေနဲ့အခိုင်အမာရပ်တည်နေပါတယ်။ သင်နဲ့သင့်မိသားစုရဲ့အပြုံးတွေပြန်လည်အသက်ဝင်ပြီး ပျော်ရွှင်ကြည်နူးအေးချမ်းမှုဆိုတဲ့ ကောင်းမွန်တဲ့စိတ်ခံစားချက်လေးတွေပြန်လည်ခံစားနိုင်စေဖို့ Bambi 2 ကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။ File size… 1 GB / 502 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre ….. Adventure , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Wai Wai Thin

Comedy • Romance • Science Fiction • Mystery
6.1 2006
Bambi II
Sophie’s Choice
7.5

လှပတဲ့ဝတ္ထုတစ်ပုဒ်ကို စာရွက်တစ်ရွက်ချင်းလှန်ရင်း အေးအေးဆေးဆေး ထိုင်ဖတ်နေရသလို ဖီလင်မျိုးကို ပေးနိုင်မယ့် Classic War Drama ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ၁၉၇၉ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ စာရေးဆရာ William Styron ရဲ့ Sophie’s Choice စာအုပ်ကိုပဲ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာပါ။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အပြီး နှစ်နှစ်အကြာ ၁၉၄၇ ခုနှစ်မှာ အခြေပြုထားပြီး လူသုံးယောက်ကိုအဓိကထား ဇာတ်အိမ်တည်ထားတာပါ။ စာရေးဆရာတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ကျေးလက်တောရွာလေးတစ်ရွာကနေ ဘရွတ်ခ်ကလင်းမြို့ကိုတက်လာတဲ့ စာရေးဆရာပေါက်စလေး စတင်ဂို၊ စစ်အတွင်းမှာ နာဇီတွေရဲ့ဖမ်းဆီးမှုကိုခံရပြီး စစ်အကျဉ်းစခန်းမှာ အခက်အခဲပေါင်းမြောက်မြားစွာကိုဖြတ်ကျော်ကာ လွတ်မြောက်လာခဲ့တဲ့ ပိုလန်သူလေး ဆိုဖီနဲ့ သူမရဲ့ချစ်သူ ဂျူးလူမျိုး သိပ္ပံပညာရှင် နေသန်တို့ဟာ ဘရွတ်ခ်ကလင်းမြို့က အိမ်တစ်လုံးမှာ အတူတူငှားနေကြရင်း အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်။ ဇာတ်လမ်းကိုတော့ လက်ရှိအချိန်ကာလရယ် ဆိုဖီရဲ့စစ်အတွင်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို flashback အနေနဲ့ storytelling ပြန်ပြောထားတဲ့ပုံစံအတိုင်း ဖန်တီးထားတာပါ။ အကျဥ်းချုံး ရီဗျူးပေးရမယ်ဆိုရင်တော့ ဇာတ်လမ်းဟာ စိတ်နှစ်ခံစားသူတွေအဖို့ဆိုရင် တစ်ချိန်တည်းမှာပဲ ကြေကွဲစရာ ကောင်းလွန်းလှသလို အရမ်းလည်း လှပသေသပ်လွန်းပြီး Slow Burning လေးနဲ့ အငြိမ်ကြည့်ရှုရမှာပါ။ သမိုင်းကြောင်းနောက်ခံ ကမ္ဘာစစ်နောက်ခံ Drama ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူများအတွက်ကတော့ ဒီဇာ​တ်ကားက လုံးဝလက်မလွှတ်သင့်တဲ့ရွှေပါပဲ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:30:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader

7.5 1982 151 mins
Sophie’s Choice
Curious Caterer: Fatal Vows

ဒီတစ်ခါမှာ‌တော့ အသစ်ထွက်ရှိထားတဲ့ Curious Caterer ဇာတ်ကားအသစ် ကိုတင်ဆက်ပေးသွားမှာ ဒီဇာတ်ကားထဲမှာ စုံထောက်ကြီး တွမ်ရဲ့ ဇနီးဟောင်းဖြစ်သူ ဂျက်စ်ဟာ မင်္ဂလာဆောင်တော့မှာဖြစ်ပြီး မင်္ဂလာပွဲနေ့မှာပဲ သတို့သားဟာ သေဆုံးသွားပြီး သတို့သမီးဟာလည်း ပျောက်ဆုံးသွားပါတော့တယ် စုံထောက်တွမ်ဟာလည်း ဒီအမှုဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်နေတဲ့အတွက် အမှုလိုက်ခွင့်မရ‌လိုက်ပါဘူး ဒါပေမဲ့ လက်မလျှော့တဲ့ စုံထောက်တွမ်ဟာ မင်္ဂလာကိတ်မုန့် လုပ်ပေးတဲ့ ဂိုဒီဆိုတဲ့ အမျိုးသမီးနဲ့ အတူ အမှုလိုက်ပါတော့တယ် သတို့သမီးကရော အသက်ရှင်လျက် ရှိနေသေးလား သတို့သားကိုရော ဘယ်သူသတ်သွားတာလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ File size…(1.6 GB)/(873 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Tv Movie, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

Thriller • Action • Crime • Drama
0 2023
Curious Caterer: Fatal Vows
[18+] Sound of the Sea Son de mar
6

Sound of the Sea(2001) Son De Mar IMDb Rating (6.0) Rotten Tomatoes (68%) Sound of the Sea (2001) ရုပ်ရှင်ဟာ စပိန်စကားပြော Romance/Drama ရုပ်ရှင်ကားဖြစ်ပါတယ်။ 18+ အခန်းတချို့ပါတာမလို့ မိသားစုနဲ့အတူကြည့်လို့တော့မရပါဘူး။ ဇာတ်သိမ်းမှာ ရင်ထဲတစ်မျိုးဖြစ်သွားစေမယ့် ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…. အူလိဆက်စ်ဟာ မြို့ကိုအသစ်ပြောင်းလာတဲ့ ကျောင်းဆရာအသစ်ဖြစ်ပါတယ်။ မာတီနာကတော့ မြို့ခံဆိုင်တစ်ခုက ပိုင်ရှင်ရဲ့သမီးဖြစ်ပါတယ်။ လိုတိုရှင်းပြောရရင် မာတီနာမှာ ကိုယ်ဝန်ရှိလာတော့ နှစ်ယောက်သားလက်ထပ်လိုက်ကြပါတယ်…. သာမန်အပေါ်ယံကြည့်ရင်တော့ သူတို့ချစ်သူနှစ်ဦးဘဝလေးဟာပျော်ရွှင်ကြည်နူးအတိနဲ့ပေါ့…. ဒါပေမယ့် တကယ်ပဲပျော်ဖို့ကောင်းခဲ့သလားဆိုတာ…..။ စပိန်ရုပ်ရှင်အထိအတွေ့နဲ့ ဆွဲဆောင်မှုရှိတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)

Drama • Comedy • Horror
6 2001 95 mins
[18+] Sound of the Sea Son de mar
#AMFAD: All My Friends Are Dead

အမေရိကန်ပြည်ထောင်စုမှာ KarmaPaloozaဆိုတဲ့ ပွဲတော်ကျင်းပလေ့ရှိတယ် အဲဒီပွဲတော်နဲ့ပတ်သတ်ပြီး အတိတ်ဆိုးကြီးတစ်ရပ်လည်းရှိခဲ့တယ် အဲဒီပွဲတော်နေ့မှာပဲ လူအစုလိုက်အပြုံလိုက်သတ်ခြင်းဖြစ်ပွားခဲ့တယ် ဒါပေမဲ့ တရားခံကိုလည်းလုံးဝရှာမတွေ့ခဲ့ပါဘူး ခုတော့အဲဒီတရားခံလွတ်နေတာနှစ်နှစ်ဆယ်ကြာခဲ့ပြီးဖြစ်ပြီး KarmaPalooza ပွဲတော်ရက်ကြီးကိုလည်း ပြန်လည်ရောက်ရှိလာခဲ့ပါတယ် လူတွေအားလုံးရဲ့စိတ်ထဲမှာတော့ နှစ်နှစ်ဆယ်ပြည့် KarmaPaloozaပွဲတော်ကြီးမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က တရားခံပြန်လည်ပေါ်ပေါက်လာမလား တရားခံကရောဘယ်သူလဲ သူတို့ဘယ်လိုဟာမျိုးတွေလုပ်ခဲ့တာလဲဆိုတာ စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ပေးကြပါဦး File size…(1.6 GB)/(830 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:31:00 Genre… Slasher Horror, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe

0 2024 91 mins
#AMFAD: All My Friends Are Dead