YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Heartstopper.S02E07.720p.CM.mp4

213.91 MB 720p video/mp4 180 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Troll Hunter
6.7

Trollတွေဆိုတာကတော့ နော်ဝေကလူတော်တော်များများက တည်ရှိကြတယ်လို့ယုံကြည်ကြတဲ့ နော်ဝေနိုင်ငံရဲ့ဒဏ္ဍာရီလာ ဘီလူးတွေဖြစ်ပါတယ်။ တချို့ကလည်း သူတို့တွေကို တစ်ယောက်တည်း ဒါမှမဟုတ် အစုအဖွဲ့နဲ့ အေးအေးဆေးဆေး နေတတ်ကြတဲ့အကောင်တွေလို့ဆိုကြပြီး တချို့ကလည်း သူတို့ကို မကောင်းဆိုးဝါးဘီလူးကောင်ကြီးတွေလို့ဆိုကြပါတယ်။ ဒီရုပ်ရှင်ကတော့ Horrorပုံစံကြည့်ရတာကြိုက်တဲ့လူတွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုပါ။ ဆုပေါင်း၁၂ဆုတိတိတောင် ဆုခူးထားတဲ့Horrorဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ၂၀၀၈ အောက်တိုဘာ ၁၃ရက်နေ့မှာ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့က ၂၈၃မိနစ်စာပါဝင်တဲ့ မှတ်တမ်းတင်ရုပ်ရှင်တစ်ခုပါဝင်တဲ့ အထုပ်တစ်ထုပ်ကိုလက်ခံရရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ သူတို့လက်ခံရရှိထားတဲ့ မူရင်းဖိုင်လိုက်ကြီးပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်က base on trueလား ဘာလားဆိုတာတော့ ရုပ်ရှင်ကိုကြည့်ကြည့်လိုက်ပါ သောမတ်စ်တို့ကျောင်းသားအုပ်စုတစ်စုက ကျောင်းပရောဂျက်အတွက် ဝက်ဝံတွေအကောင်လိုက် ခနခနအသတ်ခံနေရတယ်လို့ သတင်းရတဲ့နေရာမှာ ရိုက်ကူးရေးလုပ်ဖို့ရောက်ရှိလာခဲ့ပါတယ်။ ရိုက်ကူးရေးလုပ်တဲ့အချိန်မှာ သူတို့မှတ်တမ်းတင်နေတဲ့အရာက သာမန်ဝက်ဝံတွေ သေဆုံးမှုမဟုတ်ဘဲ ဒီထက်ပိုပြီး ခက်ခဲနက်နဲခြောက်ခြားစရာကောင်းတဲ့အရာတွေဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ သူတို့နဲ့တွေ့ဆုံမိတဲ့ ထူးဆန်းထွေလာ မုဆိုးတစ်ယောက်ရဲ့ နောက်ကိုလိုက်ရင်း ဘာတွေကိုတွေ့ရှိသွားမှာလဲ၊ Trollတွေဟာ ခရစ်ယာန်တွေကိုမကြိုက်ပဲရန်ပြုတတ်တဲ့သဘာဝရှိပါတယ်၊ ကျောင်းသားတွေအဖွဲ့ထဲမှာ ခရစ်ယာန်တစ်ယောက်ပါလာတဲ့အခါ ဘာတွေဖြစ်လာကြမလဲ၊ အသက်ဘေးအန္တရယ်တွေကိုရော ဘယ်လိုကျော်လွှားကြမလဲဆိုတာ အသည်းတအေးအေးကြည့်ရှုရမှာဖြစ်ပါတယ်။ ကြည့်ပြီးသွားတဲ့အချိန်မှာ ကျွန်တော်ပထမဆုံးလုပ်မိတာကတော့ googleပြေးခေါက်တာပါပဲ၊ Horrorအပြင် တွေးစရာအတွေးတွေတစ်ပုံကြီးလည်းပေးသွားပါသေးတယ်။ 2010ကားမို့လို့ ရုပ်ထွက်ပိုင်းလည်းစိတ်ပူနေစရာမလိုဘဲ ကြည့်လို့တော်တော်လေးအဆင်ပြေပါတယ်။ မှတ်တမ်းတင်ပုံစံမျိုးဖြစ်ပင်မယ့် ခေါင်းမူးတတ်တဲ့ ကျွန်တော်တောင် ကြည့်လို့အဆင်ပြေပါတယ်။ Horrorကားကြိုက်တဲ့လူတွေအပြင် Koreaအချစ်ဒရမ်မာတွေပဲကြည့်လ်ို့ပျင်းနေပြီ ကြောက်လန့်တကြားဖြစ်ရတဲ့ ရုပ်ရှင်လေးတွေပြောင်းပြီးကြည့်ချင်တဲ့လူတွေအတွက် ကြည့်သင့်တဲ့ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်။ File size…(2.86GB)  / (1.38GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:24:00 Genre...Drama / Fantasy / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Drama
6.7 2010 103 mins
Troll Hunter
Bhoothakaalam
6.4

မကြာသေးခင်ကမှထွက်ရှိထားတဲ့ အိန္ဒိယတောင်ပိုင်း ရုပ်ရှင်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကိုပြောရရင် Psychoနဲ့ Horror ပေါင်းစပ်ထားတဲ့ စိတ္တဇသရဲကားမျိုးပါပဲ။ အသည်းငယ်တတ်ရင်တော့ နေ့ခင်းဘက်လင်းလင်းရှင်းရှင်းရှိတုန်းမှာကြည့်စေချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ စိတ်ကျရောဂါခံစားနေရတဲ့သားအမိနှစ်ယောက်ဟာ မိသားစုဝင်တစ်ယောက်သေဆုံးသွားပြီးနောက် ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တွေကိုကြုံလာရပါတယ်။ ရုပ်ရှင်အစအဆုံးမှာလည်း သာမန်အိန္ဒိယသရဲကားတွေလိုပုံစံခွက်ထဲကအတိုင်းမဟုတ်ပဲ စိတ္တဇထိတ်လန့်သည်းဖိုပုံစံမျိုးရော သရဲခြောက်တာရောပေါင်းပြီး ကြက်သီးထစရာဖြစ်အောင်ဖန်တီးထားပါတယ်။ ဇာတ်လမ်းအစမှာ သားအမိနှစ်ယောက်ရဲ့ဆက်ဆံရေးကိုအရင်ဆုံးအသားပေးဖော်ပြထားပြီးတော့ သူတို့ရဲ့ မိသားစုဝင်တစ် ယောက်ဆုံးရှုံးသွားရတဲ့အခါ စိတ်ကျဝေဒနာကိုစတင်ခံစားလာရတာကနေ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းတစ်လျှောက်မှာလည်းလူတွေမခန့်မှန်းနိုင်တဲ့ အလှည့်အပြောင်းတွေကိုမြင်ရမှာမို့ Spoiler မဖြစ်အောင် အများကြီးပြောမပြတော့ပါဘူး။ ဇာတ်ကားရဲ့အစပိုင်းမှာ သရဲခြောက်တဲ့အခန်းတွေကိုအများကြီးမြင်ရမှာမဟုတ်ပေမယ့် ဒီ Psycho သားအမိနှစ်ယောက်နဲ့တင်ကိုကျောချမ်းနေရမှာတော့ အာမခံပါတယ်။ အမှန်တကယ်ကတော့ ဒီဇာတ်ကားတစ်လျှောက်လုံးမှာ ပဟေဠိတွေ၊မြှုပ်ကွက်တွေ၊မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေ မထင်ရင်မထင်သလိုပြနေတာကြောင့် သရဲကားလို့ကြိုမသိထားရင်တောင် ကြည့်ရတာပိုအရသာရှိမယ့်ကားမျိုးပါ။ ဒီတော့သရဲကားပရိသတ်မှမဟုတ်ပဲ ဇာတ်အိမ်ခိုင်ခိုင်၊ ဒိုင်ယာလော့ကောင်းကောင်းနဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို ကြိုက်တတ်ရင်တော့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။ File size…1.05Gb  / 500MB Quality…1080p True WEB DL AAC 2.0CH Format…mp4 Duration….1h 45mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Haruko & Yate

Romance • Thriller
6.4 2022 105 mins
Bhoothakaalam
The Woman in the Storm
6.2

မိသားစုတော်တော်များများမှာ အိမ်တွင်းဒုက္ခတွေကိုအပြင်ကိုထုတ်မပြောတတ်ကြဘူး။ ရွှီမင်ဟာ အလုပ်အကိုင် ရုပ်ရည်အားလုံးပြည့်စုံတဲ့မိန်းမတစ်ယောက်ပါ။ ဒါပေမယ့် သူ့မှာထုတ်ပြောဖို့ခက်တဲ့လျှို့ဝှက်ချက်တွေရှိနေပါတယ်။ ထိန်းချုပ်လိုစိတ် ပိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ကွဲခြင်းဟာ ရှက်စရာလို့ယူဆတဲ့ အာရှနိုင်ငံသားတစ်ယောက်အနေနဲ့မလွယ်ကူတဲ့အပြင် ငယ်ရွယ်သေးတဲ့ကလေးတွေလဲရှိသေးတာကြောင့် ပတ်ဝန်းကျင်ဖိအားတွေ အိမ်တွင်းဖိအားတွေ အဘက်ဘက်ကနေခံစားနေရပါတယ်။ အဲဒီအချိန်မှာ ရှေ့နေလိုင်စင်ရခါစ ရှေ့နေပေါက်စမလေးဟာ စာနာစိတ်ကိုအရင်းခံပြီးသူ့ကိုကူညီခဲ့ပါတယ်။ ကွာရှင်းခွင့်ရလိုက်ပေမယ့် ကလေးနှစ်ယောက်ကို တစ်ယောက်စီခွဲပြီး အုပ်ထိန်းခွင့်ရတဲ့အတွက် ပြဿနာတွေဟာပြီးမသွားပါဘူး။ ယောင်္ကျားဖြစ်သူက ဘယ်လိုတွေလိုက်တွယ်ကပ်ပြီး မိန်းမဖြစ်သူကိုဒုက္ခလိုက်ပေးနေမလဲ…… ကွာရှင်းထားတဲ့မိဘကြောင့် ခွဲနေရတဲ့သနားစရာ ကလေးတွေကိုပါ ဘယ်လိုအသုံးချနေမလဲ…… လူတွေကိုအပေါ်ယံပဲကြည့်ပြီး ဆုံးဖြတ်လို့မရတဲ့အကြောင်း အိမ်တွင်းအကြမ်းမှုဟာဘယ်လောက်ကြောက်ဖို့ ကောင်းကြောင်းကို ပညာပေးရိုက်ပြထားတာပဲဖြစ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုကိုဆန့်ကျင်တဲ့ ပညာပေးဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

6.2 2023
The Woman in the Storm
The Interpreter
6.4

Special ops: Lioness, The undoing, Aquaman 1,2 , Nice perfect stranger အစရှိတဲ့ ရုပ်ရှင်ကားကောင်းများစွာရဲ့ သရုပ်ဆောင် အမျိုးသမီး Nicole Kidmanနဲ့ I’m Sam , Mystic River, Deadman walking , Casualties of War, Black Flies အစရှိတဲ့ ရုပ်ရှင်ကောင်းများစွာရဲ့ မင်းသား Sean Penn တို့ ၂ယောက်ရဲ့ ၂၀၀၅ခုနှစ်က ထွက်ရှိထားတဲ့ The Interpreter ဆိုတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ မတိုဘူလို့ ခေါ်တဲ့ အာဖရိက နိုင်ငံလေးမှာ ဒေါက်တာ ဇူဝါနီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ရယ်၊ အဂျင်း ဇိုလာ ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့ရယ်၊ ပြည်နှင်ခံထားရတဲ့ တော်လှန်ရေးခေါင်းဆောင် ကူမန်း-ကူမန်း ဦးဆောင်တဲ့ အဖွဲ့ရယ်ဆိုပြီး ၃ဖွဲ့ ရှိပါတယ်။ အဂျင်း ဇိုလာနဲ့ ကူမန်း-ကူမန်းက ဒေါက်တာ ဇူဝါနီ အစိုးရအဖွဲ့ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို တော်လှန်နေတဲ့ တပ်ဖွဲ့တွေ ဖြစ်ကြပါတယ်။ ဒေါက်တာ ဇူဝါနီက သူ့ရဲ့ လူမျိုးတုန်းသုတ်သင်ရေး မူဝါဒအတွက် ကုလသမဂ္ဂရဲ့ ICCမှာ တရားစွဲခံရတော့မှာပါ။ ဒီလို တရားစွဲခံရတော့မှာမို့လို့ ဒေါက်တာ ဇူဝါနီက UNကို လာပြီးတော့ အစိုးရတစ်ရပ်အနေနဲ့ သူ့ရဲ့အမြင်နဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေအကြောင်းကို မိန့်ခွန်းလာပြောတော့မှာပါ။ ဆေးလ်ဗီယာ ဘရွန်းလို့ ခေါ်တဲ့ ကောင်မလေးက ကုလသမဂ္ဂမှာ စကားပြန်အနေနဲ့လုပ်နေတဲ့ မတိုဘူ နိုင်ငံသူလေးပါ။ သူအလုပ်လုပ်နေရင်း ကုလသမဂ္ဂက ရုံးခန်းမှာ ပစ္စည်းကျန်ခဲ့လို့ လာယူရင်း ကုလသမဂ္ဂမှာ မိန့်ခွန်းလာပြောမယ့် ဒေါက်တာဇူဝါနီကို လုပ်ကြံမယ့်အကြောင်း လုပ်ကြံရေးသမားတွေ ပြောနေကြတာကို ကြားသွားပါတော့တယ်။ ထိုအကြောင်းကို သူ(မ)က လျှို့ဝှက်ထောက်လှမ်းရေးကို တိုင်လိုက်တော့ အေးဂျင့် တိုဘင် ကယ်လာနဲ့ တွေ့ဆုံဖို့ ဖြစ်လာပါတော့တယ်။ တိုဘင်နဲ့ ဆေးလ်ဗီယာတို့ လုပ်ကြံရေးသမားကို လိုက်ရှာကြရင်း မထင်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ၊ လုပ်ကြံမှုတွေ၊ သတ်ဖြတ်မှုတွေ၊ ရက်စက်မှုတွေနဲ့ ကြုံလာတဲ့အခါမှာတော့ ….. လုပ်ကြံရေးသမားတွေက ဘယ်သူလဲ ….. ဘာလို့လုပ်ကြံမှာလဲ …. ဒီ ဇာတ်လမ်းမှာ လူဆိုးက ဘယ်သူလဲ …. လူကောင်းက ဘယ်သူလဲ …. အစရှိတာတွေကို Action ဆန်ဆန် ပြေးရင်းလွှားရင်းနဲ့ ထောက်လှမ်းရေးပုံစံနဲ့ကိုပါ ပေါင်းပြီး ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ ကဲ Reviewကို ဒီမှာတင် အဆုံးသတ်ပြီး Please enjoy the movie ။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(2.3 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:08:00 Genre…Crime, Mystry, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

6.4 2005 128 mins
The Interpreter
Catch Me If You Claus
6.6

Catch Me If You Claus (2023) ===================== IMDb Rating – 6.6/10 ဒီကားလေးက ခရစ်စမတ်ဒရာမာကားလေးပါပဲ။ သတင်းတင်ဆက်သူအဖြစ် အလုပ်ရနိုင်ဖို့ကြိုးစားနေတဲ့အေဗရီက ခရစ်စမတ်ကိုအကြောင်းပြုပြီးတော့ သူ့ရဲ့လုပ်နိုင်စွမ်းကိုရှာဖွေတွေ့ရှိသွားတဲ့ စွန့်စားခန်းတွေနဲ့ ကြည့်ရတဲ့ကားလေး ပါ။မိသားစုနဲ့အတူ ကြည့်ဖို့သင့်လျော်တဲ့ ဇာတ်ကားပါ။ အလုပ်တွေလုပ်နေကြပေမယ့် ဘဝမှာ ကိုယ်တကယ်လုပ်သင့်တာကဘာလဲ ဆိုတာကို ရှာဖွေဖို့လိုအပ်ပါတယ်။ ဘဝရဲ့အရေးကြီးတဲ့အရာတွေကို လုပ်ဆောင် နိုင်မှာသာ ကျွန်တော်တို့ဟာ ဘဝကို အဓိပ္ပါယ်ရှိရှိဖြတ်သန်းနိုင်ကြတယ်လို့ဆို ကြရမှာပါ။ ဒီဇာတ်လမ်းမှာလည်းကြည့်ရှုသူတွေအနေနဲ့ အဲဒါကိုတွေ့ကြရမှာ ပါ။ ဒီရုပ်ရှင်ကို ဒါရိုက်တာ Bradley Walsh က စီစဥ်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး IMDb rating 6.6 ရရှိထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.43 GB) / (570 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Thy Santa Encoder……….SWM

6.6 2023 84 mins
Catch Me If You Claus
The Crash Reel
8.2

Action sports တွေဖြစ်တဲ့ နှင်းလျှောစီး၊ အတားအဆီးဖြတ်ကျော်ဆိုင်ကယ်စီး စတဲ့ အားကစားနည်းတွေဟာ ပရိသတ်တွေ အတွက်ရင်သပ်ရှုမောဖြစ်စေပေမဲ့ ကစားသမားတွေအတွက်‌တော့ အသက်ဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။ တစ်နှစ်မှာ ကစားသမား နှစ်သိန်းမှ ခြောက်သိန်းလောက် ထိခိုက်ဒဏ်ရာရတယ်လို့‌ စာရင်းတွေမှာဖော်ပြကြပါတယ်။ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးမှာတော့ နှင်းလျှောစီးကစားသမား ကယ်ဗင် ပီးရတ်စ် နဲ့ ရှောင်န်ဝိုက်ကြားကပြိုင်ဆိုင်မှု‌တွေ၊ ကစားသမားဘဝတ‌လျှောက် ရုန်းကန်ရပုံတွေ၊ ကစားနည်းအပေါ် ရူးသွပ်ပုံတွေ ကိုပေါ်လွင်အောင်ရိုက်ပြထားပါတယ်။ အားကစားဝါသနာပါသူတွေကြိုက်ကြမဲ့ ဇာတ်လမ်းလေးပါ။ ပရိသတ်တွေကိုဖျော်ဖြေမှုပေးနိုင်တဲ့ကစားနည်းတွေရဲ့ နောက်ကွယ်ကအဖြစ်အပျက်တွေလည်းတွေ့မြင်နိုင်ပါတယ်။ ကစားသမားတွေကိုယ်တိုင် သရုပ်ဆောင်ထားပြီး အမျိုးသမီးဒါရိုက်တာဖြစ်တဲ့ Lucy Walker ရိုက်ကူးထားတာပါ။ IMDb rating 8.2 နဲ့ RT 96% ရရှိထားပြီးနိုင်ငံတကာဆုတွေ လည်းတသီကြီးရရှိထားပါတယ်။ ကစားသမားတွေရဲ့ ဒဏ်ရာအတွက်ရုန်းကန်ကြရ အသက်ဆုံးနိုင်လောက်အောင် ဖြစ်ခဲ့ကြပေမဲ့ ပြန်ကစားနိုင်ဖို့ စိတ်အားထက်သန်ကြတဲ့ စိတ်ဓာတ်ကိုလည်းတွေ့ကြရမှာပါ။ မိသားစုတွေရဲ့ထောက်ပံ့မှုတွေ ချစ်ခြင်းမေတ္တာတွေကိုလည်း ရိုက်ပြထားတဲ့အတွက် ကြည့်ရတာ နွေးထွေးစေ ပါတယ် ခြုံပြီးပြောရရင်တော့ မှတ်တမ်းရုပ်ရှင်ဖြစ်ပေမဲ့ ကစားသမားတွေရဲ့ပြိုင်ပွဲဝင်ပုံတွေ၊ နောက်ခံသီချင်းကောင်းတွေနဲ့ လှပတဲ့ရိုက်ချက်တွေကြောင့် အစမှအဆုံးပျင်းစရာကောင်းတယ်လို့မခံစားရပါဘူး။ သမားရိုးကျဇာတ်လမ်းတွေကြည့်ပြီးနည်းနည်းအီလာရင် ဒီလိုဇာတ်ကားတွေကြည့်ခြင်းအားဖြင့်လည်း မတူညီတဲ့ခံစားချက်တွေရနိုင်သလို စိတ်ဓာတ်ကျနေတဲ့အချိန်မှာကြည့်ဖြစ်ရင်တော့ စိတ်အားတက်ကြွမှုတွေပြန်လည်ရရှိနိုင်ပါတယ်လို့ ပြောချင်ပါတယ်။ File size… 1.3 GB / 760 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ….. Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sophie

8.2 2013 108 mins
The Crash Reel
Shinjuku incident
6.9

ဒီဇာတ်ကားလေးကတော့ ကျွန်တော်တို့အချစ်တော်မင်းသားကြီး ဂျက်ကီချန်း ရိုက်ကူးထားတဲ့ ဂျပန်ရောက် တရုတ်ဇာတ်ကားကောင်းပါ။ “ဘဝမှာ သုံးဆယ်ရာခိုင်နှုန်းက ကံတရား၊ ကျန်တာက တိုက်ပွဲပဲ” တဲ့။ ဒီဇာတ်ကားလေးမှာတော့ သံခေါင်းတစ်ဖြစ်လည်း ဂျက်ကီချန်းဟာ သူ့ကောင်မလေးတစ်ယောက် သူ့အဒေါ်ရှိရာ ဂျပန်ကိုလိုက်သွားပြီး သတင်းအစအန မရတော့တဲ့အတွက် ဂျပန်ကို တရားမဝင်မှောင်ခိုလိုက်လာပါတော့တယ်။ ဂျပန်ရောက်တော့ သူ့တို့ တရုတ်ညီနောင်တွေနဲ့အတူ တရားမဝင်လုပ်သားအဖြစ်နဲ့ ရရာအောက်ခြေအလုပ်တွေကို ကျပန်းလုပ်ရင်းနဲ့ သူ့ကောင်မလေးကို လိုက်ရှာပါတော့တယ်။ သူဟာ ဂျပန်ရောက်တရုတ်တွေ တရားဝင်နေထိုင်ခွင့်ရရှိရေးကို ကြိုးပမ်းရင်း သူ့ကောင်မလေးကို ရှာရင်းနဲ့ ဂိုဏ်းအဖွဲ့တွေနဲ့ ပတ်သက်မိလာပါတော့တယ်။ ဒီအချိန်မှာ သမာအာဇီဝကျကျ လုပ်စားချင်တဲ့ သူ့ခမျာ ဒီဂိုဏ်းပြဿနာတွေဆီကရော သူ့ညီနောင်တွေ လမ်းမှားမရောက်အောင်ရော ဘယ်လိုကြိုးပမ်းမလဲ သူ့ကောင်မလေးကိုရောရှာတွေ့နိုင်ပါ့မလား ဆိုတာကို စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.3 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:59:00 Genre…Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

6.9 2009
Shinjuku incident
Crazy/Beautiful
6.4

၂၀၀၀ခုနှစ်အစောပိုင်းက Romance/Drama ရုပ်ရှင်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသမီး Kirsten Dunst နဲ့ မင်းသား Jay Hernandez တို့ ဦးဆောင်ပါဝင်ထားတဲ့ ဒီကားက Rotten Tomatoes – 63% ရရှိထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အမေရိကန်အထက်လွှတ်တော်အမတ်ရဲ့ သမီးဖြစ်တဲ့ Nicoleက ဘဝကို ဖြစ်ချင်သလို ဖြတ်သန်းနေတဲ့သူပါ။ သူပျော်ရာပဲ လုပ်တတ်ပြီး ဘယ်သူ့ကိုမှလည်း ဂရုမစိုက်တတ်ပါဘူး။ မူးပြီး ကားမောင်းမှုနဲ့ Nicoleဟာ ကမ်းခြေမှာ အမှိုက်ကောက် လုပ်အားပေးဖို့ အပြစ်ဒဏ်ချခံရပါတယ်။ အဲဒီကမ်းခြေကို သူငယ်ချင်းတွေနဲ့ အတူရောက်လာတဲ့ Carlosက Nicole ကိုမြင်မြင်ချင်း သဘောကျသွားပါတယ်။ သူတို့နှစ်ယောက်က တစ်ကျောင်းထဲ တူတူတက်တာဖြစ်ပြီး ကျောင်းမှာတွေ့ကြရင်း ခင်မင်ရင်းနှီးတာကနေ ချစ်ကျွမ်းဝင်သွားခဲ့ကြပါတယ်။ Carlosက လေယာဥ်မှူးဖြစ်ချင်ပေမယ့် လေယာဥ်တစ်ခါမှမစီးဖူးတဲ့အတွက် Nicoleက Carlos စမ်းသပ်မောင်းနှင်လို့ရအောင် လေယာဥ်စင်းလုံးငှားပေးခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အတော်လည်း မတူကြပါဘူး။ Nicoleက ချမ်းသာပြီး ဘာကိုမှ အရေးမထားတတ်ပေမယ့် Carlosကတော့ ဆင်းရဲတဲ့မိသားစုကလာပြီး စာကိုလည်း တကယ်ကြိုးကြိုးစားစားသင်ယူနေတဲ့သူဖြစ်ပါတယ်။ သူတို့ရဲ့ အချစ်ခရီးလမ်းက ဖြောင့်ဖြူးပါ့မလား Carlosကရော Nicoleကို ချစ်တာမှန်ရဲ့လား။ Romance ကားတွေ ကြိုက်နှစ်သက်တဲ့သူတွေ ခံစားကြည့်ရှုနိုင်မယ့် ရုပ်ရှင်ကောင်းလေးဖြစ်ပါတယ်။ File size…(2.9GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

6.4 2001 99 mins
Crazy/Beautiful
The Edge of the Blade
6.6

ဒီဇာတ်ကားဟာ ပြင်သစ်နိုင်ငံသမိုင်းကို နောက်ခံထားပြီး (၁၈၈၀) ခုနှစ်များအချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ ပဲရစ်မြို့မှာ စီးချင်းထိုးပွဲတွေကို ဥပဒေပုဒ်မ တွေထုတ်ပြီး တားမြစ်ထားတာတောင် လူကြိုက်များနေတုန်းပါပဲ။ သြဇာတိက္ကမနဲ့ ပြည့်စုံတဲ့ ဓားဆရာ ကလီးမွန့်လာကက်ဇ်ဟာ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားမယ့် ကြမ်းတမ်းမှုတွေနဲ့ ကြုံတွေ့နေရချိန် မာရီရို့စ် အက်စတီဆိုတဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ အမျိုးသမီးကို စီးချင်းထိုးအနုပညာ လောကနဲ့ ထိတွေ့စေလိုက်ပါတယ်။ တစ်ယောက်စီရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ကြုံလာတဲ့အခါ သူတို့ ဘယ်လောက်အထိ ခရီးဆက်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဒီဇာတ်ကားထဲက မာရီရို့စ် အက်စတီ ဒီဗက်ဆယ် ဆိုတာ (၁၈၄၆-၁၉၁၅) အထိ ပြင်သစ်သမိုင်းမှာ အမှန်တကယ်ရှိခဲ့တဲ့ အမျိုးသမီး အခွင့်အရေးတန်းတူရရှိရေး လှုပ်ရှားမှုမှာ တက်ကြွပါဝင်ခဲ့တဲ့ ပြင်သစ်လူမျိုး အမျိုးသမီးဖြစ်ပါတယ်။ (၁၉၉၆)ခုနှစ်က နာမည်ကြီးဇာတ်ကား The Crow: City of Angels မှာ Ashe Corven ဇာတ်ကောင်နဲ့ ပွဲထွက်ခဲ့တဲ့ ဆွစ်ဇာလန်လူမျိုး သရုပ်ဆောင်နဲ့ ဒါရိုက်တာ ဗင်းဆင့်ပီရက်ဇ်ရဲ့ လက်ရာဖြစ်ပါတယ်။ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး (၂၀၁၇)ခုနှစ် ကက်ဘရိုး ရုပ်ရှင်ပွဲတော်ရဲ့ Swann d’Or for Female Revelation ဆုရှင် ဒိုရီယာ တီလာက သမိုင်းဝင် အက်စတီနေရာက သရုပ်ဆောင်ထားပါတယ်။ File size…(2 GB)/(920 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Boomer

6.6 2023
The Edge of the Blade
Turtles All the Way Down
6.8

John Green ရဲ့ Turtle all the way down ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကတော့ မေလ ၂ ရက် နေ့တုန်းကမှ ထွက်ရှိထားတာဖြစ်ပြီး Rotten Tomatoes ဝက်ဘ်ဆိုက်မှာ မှတ်ချက်ကောင်းတွေ ရထားတဲ့ ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ် ။ ဒီရုပ်ရှင်မှာတော့ Obsessive Compulsive Disorder (OCD) ရောဂါရှိနေတဲ့ ၁၆ နှစ်အရွယ် မိန်းကလေး အေဇာရဲ့ ရှုထောင့်ကနေ သူ့အတွေးတွေ သူ့ခံစားချက်တွေကို မြင်တွေ့ရမှာပါ ။ အေဇာဟာ OCD ရှိတဲ့မိန်းကလေး တစ်ယောက်ဖြစ်ပြီး ဘက်တီးရီးယားပိုးမွှားတွေကို အလွန်အမင်းကြောက်စိတ်ဝင်နေတတ်သူလည်း ဖြစ်ပါတယ် ။ သူ့မှာ ဒေစီနဲ့ မိုက်ကယ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပြီး တစ်ရက်မှာတော့ ဘီလီယံနာသူဌေးတစ်ယောက် ပျောက်သွားတဲ့ သတင်းကနေ သူ့ရဲ့ ငယ်သူငယ်ချင်း ဒေးဗစ်နဲ့ ပြန်လည်ဆုံစည်း လိုက်ရပါတော့တယ် ။ ဒီလိုနဲ့ အေဇာနဲ့ ဒေးဗစ်တို့ အချင်းချင်း မေတ္တာရှိလာကြတဲ့အခါ အဓိက အဟန့်အတားဖြစ်လာတာကတော့ အေဇာရဲ့ OCD ရောဂါပါပဲ ။ အေဇာရဲ့ အတွေးလွန်ဆွဲပုံတွေ ၊ ဒေးဗစ်ရဲ့ နားလည်ပေးနိုင်မှု တွေကိုတော့ သေချာလေး မြင်တွေ့ရမယ့်အပြင် အမေနဲ့သမီးရဲ့ ဆက်ဆံရေး ၊ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကြားက ပဋိပက္ခတွေကိုလည်း ရင်ထဲထိရလောက်တဲ့အထိ ကြည့်ရှု ခံစားရမှာပါ ။ အဆုံးကျရင်တော့ အေဇာရဲ့ အတွေးတိုက်ပွဲမှာ ဘယ်ဘက်က အနိုင်ရမလဲ ။ ဒေးဗစ်နဲ့ရော ဘယ်လိုဖြစ်သွားမှာလဲဆိုတာကတော့ Turtles all the way down ရုပ်ရှင်ရဲ့ Ending လှလှလေးမှာ အတူတူခံစားကြည့်ကြပါလို့ပဲ အကြံပေးချင်ပါတယ် ။ File size…3.19GB / 873 MB Quality… WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

6.8 2024 111 mins
Turtles All the Way Down
Dancing Village: The Curse Begins
6.2

ကချေသည်ရွာ – ကျိန်စာများ၏ နိဒါန်း (၂၀၂၄) 2022 ခုနှစ်က ကချေသည်သရဲကားဆိုပြီး အတော်လေးနာမည်ကြီးခဲ့တဲ့ စံချိန်တင် အင်ဒိုသရဲကား KKN, Curse of dancing village လေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒီတုန်းကတော့ ရွာမှာ ပရဟိတလာလုပ်တဲ့ ကျောင်းသားတစ်သိုက်နဲ့ ထူးဆန်းတဲ့ရွာလေးအကြောင်းကို အဓိကရိုက်ကူးပြခဲ့တာဖြစ်ပြီး အခု 2024 Dancing Village, The Curse Beginsမှာတော့ ဒီကျောင်းသားတွေ သွားခဲ့တဲ့ရွာလေးရဲ့အကြောင်းကို နောက်ကြောင်းပြန်ရှင်းမယ့် prequelလေးပါ။ ဒီကားလေးကို မသိကြသေးသူတွေရော သဘောကျလို့ အဆက်ကိုမျှော်နေသူတွေရောအတွက် ဒီဇာတ်လမ်းလေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။ မစ်လာရဲ့အမေက အကောင်းကြီးကနေ ရုတ်တရက်ဆိုသလို အိပ်ရာထဲလဲသွားပြီး ဆေးခန်းပြတော့လည်း ဆရာဝန်တွေလည်း အဖြေမရှာနိုင်တာဖြစ်လို့ နတ်ဆရာတစ်ယောက်နဲ့ခေါ်ပြတော့တာပေါ့။ ဒီနတ်ဆရာက မစ်လာ့အမေဆီမှာ ဂျာဗားကျွန်းအရှေ့စွန်းက ပစ္စည်းတစ်ခုရှိနေကြောင်း ဒီပစ္စည်းက ဒီကျွန်းပေါ်ကပိုင်ရှင်ဆီပြန်အပ်မှပဲ အမေဖြစ်သူက ပြန်လည်ကောင်းမွန်လာမယ်ဆိုပြီး ပြောသွားတော့ မစ်လာလည်း အစ်ကိုဝမ်းကွဲနဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ လမ်းပြရှာပြီး ကချေသည်ရွာကို ခရီးထွက်လာပါတော့တယ်။ ဒါပေမဲ့ သူတို့မသိလိုက်တာက ဒီကချေသည်ရွာလေးဟာ ကျိန်စာသင့်နေတဲ့ရွာလေးဖြစ်ပြီးတော့ မစ်လာပြန်လာပေးဖို့ ယူလာခဲ့တဲ့လက်ကောက်က ကျွန်းပေါ်ကနတ်ဆိုး ဘာဒရာဝူဟီရဲ့လက်ကောက်ဖြစ်နေချိန်မှာတော့….. KKN မှာ အကျယ်တဝင့် မပြောခဲ့တဲ့ ကချေသည်ရွာနဲ့ ဘာဒရာဝူဟီရဲ့ကျိန်စာကရော ဘာလဲ။ ဝေးလံခေါင်ဖျားက လူသူမသိတဲ့ရွာငယ်လေးကနတ်ဆိုးရဲ့လက်ကောက်ကရော မစ်လာအမေဆီဘယ်လိုရောက်နေတာလဲ။ မသေချာမရေရာခြင်းများစွာနဲ့ မစ်လာတို့အဖွဲ့ကရော ကချေသည်ရွာမှာ ဘာတွေကြုံရမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Horror, Mystery, Thriller Quality….WEB-DL 4K HEVC | 1080p | 720p File size… (3.9 GB) | (1.53 GB) | (796 MB) Format… mp4 Duration…. 2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

6.2 2024
Dancing Village: The Curse Begins
The Thinning
5.5

The Thinning (2016) ဇာတ်ကားကတော့ Action/Drama/Horror အမျိုးအစားပါ Directed by Michael J. Gallag’her ဖြစ်ပါတယ် IMDb 5.5/10 ဖြစ်ပြီး Rotten Tomatoes ရဲ့ Audience Score မှာလည်း 62% ရရှိထားပါတယ် ကိုယ်လည်းစကြည့်တုန်းက အစပိုင်း၁၀မိနစ်လောက်ထိ ဘာလဲပေါ့ဆိုပြီး ကြည့်ခဲ့တာ တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ် ဇာတ်လမ်းအဆုံးထိဘာဖြစ်မလဲသိချင်အောင် ဆွဲခေါ်သွားခဲ့တယ် သမားရိုးကျဇာတ်လမ်းတွေကနေ ခွဲထွက်ထားတော့ ပိုကောင်းတာပေါ့ (စာကျက်ပျင်းတဲ့သူတွေပိုကြည့်သင့်ပါတယ်နော် ) 2038 ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းလုံးလူဦးရေသိပ်သည်းမှုကြောင့် နိုင်ငံတိုင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လူဦးရေထူထပ်လာမှုကို လျှော့ချကြပါတယ် နှစ်တိုင်းမှာ လူဦးရေရဲ့ငါးရာခိုင်နှုန်းကို လျှော့ချကြတာပါ ကလေးတစ်ယောက်ပဲ မွေးရမယ်တို့ ဘာတို့ ဒါပေမယ့် အမေရိကမှာတော့ ကျောင်းသားကျောင်းသူ တွေကို စစ်ဆေးမှုပြုလုပ်ပါတယ် စာမေးပွဲပေါ့ စစ်ဆေးမှုရဲ့ အဆင့်အနိမ့်ဆုံး အမှတ်အနည်းဆုံး ကျောင်းသားကျောင်းသူတွေကို thinning လုပ်လိုက်တယ် သတ်ပစ်လိုက်တာပေါ့ Michaels (Peyton List) တက္ကဆက်ပြည်နယ် ဗစ်စတာပွိုင့်အထက်တန်းကျောင်းရဲ့ အတော်ဆုံးကျောင်းသူတစ်ဦး မိခင်ရဲ့ကျန်းမာရေးကြောင့် ဆေးဖိုးဝါးခရှာရင်း ကျူရှင်လဲသင် စာမရတဲ့ကျောင်းသားတွေကို ခိုးချလို့ရတဲ့ မျက်ကပ်မှန်လေးတွေရောင်းရင်း ကော်ရင်းနဲ့ဂျိုဝီဆိုတဲ့ ညီမလေးနဲ့မောင်လေးကိုလည်း ပြုစုစောင့်ရှောက်နေတဲ့ မမတစ်ယောက် စစ်ဆေးမှုမှာ အမြဲ90%ကျော်နေခဲ့ပြီး ဘာလို့ စစ်ဆေးမှုကျရှုံးသွားရတာလဲ Blake Redding (Logan Paul) & Ellie Harper ( Lia Marie Johnson) သူတို့ကတော့coupleပါ မြို့တော်ဝန်ရတ်ဒင်းန်ရဲ့ သားဖြစ်သူ ဘလိတ်ရတ်ဒင်းန်နဲ့ ကျောင်းကခပ်လန်းလန်းကောင်မလေး အယ်လီဟက်ပါ စစ်ဆေးမှုမတိုင်ခင်ညမှာ ချိန်းတွေ့ကြတာမိသွားတော့ မြို့တော်ဝန်က သူ့သားကျမှာစိုးလို့မပေါ့လျော့ဖို့ဆုံးမ မနက်ရောက်တော့ စစ်ဆေးမှုမှာ အယ်လီကျသွားတယ် ချစ်သူကိုအဆုံးရှုံးမခံနိုင်တဲ့ဘလိတ်ခ်က အဖေကို အကူအညီတောင်းပေမယ့် ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးလို့ငြင်းခံရတော့ ဒီစနစ်ကိုဒီလောက်ထောက်ခံရလားဆိုပြီး သူပါ တမင်ကျရှုံးအောင်ဖြေမယ့်အကြောင်း videoတစ်ခု လုပ်ထားခဲ့တယ် ရမှတ်တွေမထွက်ခင် မြို့တော်ဝန် သိသွားတဲ့အခါတားမှာလား ဥပဒေအတိုင်းထားမှာလား Woods (Calum Worthy) လီနာရဲ့သူငယ်ချင်းကောင်း စီစီတီဗွီတွေကိုအမြဲဟက်ပြီး ကြည့်လေ့ရှိသူ သတင်းထောက်လည်းဖြစ်ချင်တဲ့အတွက် နာမည်ကျော်သတင်းထောက် ဝမ်ဒီဆီကိုသတင်းတွေ အမြဲပို့နေသူတစ်ယောက် Thinning လုပ်တယ်ဆိုတာကရော ဘယ်လိုနည်းနဲ့သတ်ပစ်တာလဲ စစ်ဆေးမှုရလာဒ်တွေကရော အမှန်တိုင်းဟုတ်ရဲ့လား ကယ်လန်ကရော စီစီတီဗွီမှတ်တမ်းကနေတစ်ဆင့် သူငယ်ချင်းတွေကိုဘယ်လိုကူညီနိုင်မှာလဲ သနားစရာလီနာနဲ့ အယ်လီတို့ကရော ကယ်တင်ခံရမှာလား ဘလိတ်ခ်ကရော သတ်ပစ်ခံရတဲ့ထဲပါသွားမှာလားဆိုတာ Channel Myanmar ကနေတစ်ဆင့် ကြည့်ရှုခံစားကြမယ်နော်

Drama
5.5 2016 84 mins
The Thinning
Temurun
6.6

Temurun (2024) IMDb Rating (6.6) ဒေဝီနဲ့ဆီနာတို့ဟာမောင်နှမရင်းတွေဖြစ်ပြီး စိတ်ကျန်းမာရေးမကောင်းတဲ့ မိခင်ကြီးနဲ့အတူနေထိုင်ပါတယ်။ ဆီနာကတော့ အစ်ကိုကြီးဖြစ်ပေမယ့် ဘာကိုမကျေနပ်လို့မကျေနပ်မှန်းမသိ လောကကြီးကိုအရွဲ့တိုက်နေပြီး သူတို့မိခင်ကြီးရဲ့ကိစ္စအ၀၀နဲ့ အိမ်ထောင့်တာဝန်တွေကို ဒေဝီကပဲတာဝန်ယူထားရတာပါ။ တစ်ညမှာတော့ သူတို့အိမ်ကို မျက်နှာဖုံးစွပ်လူဆိုးတွေဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သူတို့ရဲ့မိခင်သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီလူဆိုးတွေဟာ ဆီနာကိုလာရှာတာဖြစ်ပြီး သူမရှိတဲ့အတွက် တွေ့တဲ့သူကိုရန်ရှာသွားခဲ့တာပါ။ မိခင်သေဆုံးသွားတဲ့နောက် ကိုယ်စိတ်နှလုံးဂျုံးဂျုံးကျသွားတဲ့ ဒေဝီဟာ သူတို့အမေရဲ့ဝိဉာဉ်ကိုမကြာခဏမြင်လာရပါတယ်။ အဲ့ဒီအခြေအနေမှာပဲ ငယ်စဉ်ကတည်းက မိခင်ကိုရောသူတို့ကိုပါစွန့်ခွာသွားခဲ့တဲ့ သူတို့ရဲ့ဖခင်က သူနဲ့အတူလိုက်ခဲ့ဖို့လာခေါ်တဲ့ အချိန်မှာတော့ ဒေဝီအနေနဲ့ ဖခင်ကိုရော အစ်ကိုကိုပါစိတ်နာနေပေမယ့် ရွေးစရာလမ်းမရှိတဲ့အတိုင်း သူတို့ဖခင်ခေါ်ဆောင်ရာ သူတို့ရဲ့ အမွေခံ စံအိမ်ကြီးကိုလိုက်ခဲ့တဲ့နောက်မှာတော့..။ အဲ့ဒီအိမ်ကြီးကိုရောက်တဲ့ အချိန်မှာ သူတို့မိခင်ရဲ့ခြောက်လှန့်မှုတွေ ရပ်တန့်သွားမှာလား? သူတို့မိဘနှစ်ပါးကွဲကွာခဲ့တဲ့ ကိစ္စရဲ့အဖြေက ဘာဖြစ်မလဲ? သူတို့ရဲ့ခေါ်ဆောင်လာတဲ့ ဖခင်ဖြစ်သူရဲ့ရည်ရွယ်ချက်တွေကရော ရိုးသားရဲ့လား?… အစရှိတာတွေကိုကျောချမ်းစရာ ရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.1 GB) / (550 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Thriller Duration….01:27:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

6.6 2024
Temurun
Pushpa: The Rise
8.1

Pushpa : The Rise (2021) ===================== IMDB- 8.1/10 ဒီဇင်ဘာလကမှ ရုံတင်ခဲ့ပေမယ့် 2021 မှာ အိန္ဒိယရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ပြီး ဟော့နေတဲ့ Pushpa Part1 ကို တင်ဆက်လိုက်ပါတယ်။ အင်တာနက်မှာတော့ ဒီနေ့မှ ပူပူနွေးနွေး ထွက်ရှိလာခဲ့တာပါ။ နာမည်ကြီး မင်းသား Allu Arjun ပါ၀င်သရုပ်ဆောင်ထားပြီး မင်းသမီးချော Rashmika Mandanna ကလည်း ပါ၀င်အားဖြည့်ထားပါသေးတယ်။ သာမန်ဆင်းရဲသား ကြုံရာကျပန်း လုပ်တတ်တဲ့ ပွတ်ရှ်ပါ ဟာ ဆင်းရဲသလောက် မာနကြီးသလို ဘုဘောက်လည်းကျပါတယ်။ တစ်ခွန်းတည်းစာဖွဲ့ရရင် လူ့ဂွစာပေါ့ဗျာ။ ကိုယ်မှန်တယ်ထင်ရင် ဘာကိုမှ အလျှော့မပေးတတ်သလို အမျှော်အမြင်လည်း အတော်ကြီးရှာတယ်။ အဲ့လိုလူတစ်ယောက်က အလွန်ရှားပါးသော သစ်တစ်မျိုးဖြစ်တဲ့ အနီရောင်စန္ဒကူးပင်ကို မှော်ခိုရောင်း၀ယ်ကူးလူးတဲ့ ဂိုဏ်းနဲ့ ချိတ်ဆက်မိသွားရာက CM ပရိသတ်ကြီးတို့ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီကားကို ဝေဖန်ရေးဆရာများက ချီးကျုးထားကြပြီး အထူးသဖြင့် မင်းသား Allu ရဲ့ ကာရိုက်တာဇာတ်ရုပ်အား ပီပြင်စွာ သရုပ်ဖော်နိုင်ခြင်းကို အထူးသဘောကျနှစ်သက်နေကြပါတယ်။ Box Office မှာလည်း ၀ငျငွေများစွာ ရရှိနေပြီး အောင်မြင်မှုအပေါင်း သရဖူဆောင်းထားတယ်လို့ ဆိုရမှာပါ။ ဘာပဲပြောပြော လူတစ်ကိုယ်အကြိုက်တစ်မျိူးဖြစ်တဲ့အတွက် တကယ်ကောင်းမကောင်း ကြိုက်မကြိုက်ကို ကိုယ်တိုင်ကြည့်ရှုခံစားပြီးမှသာ ဆုံးဖြတ်သင့်ကြောင်း တိုက်တွန်းလိုပါတယ်။ အခု ဇာတ်လမ်းဟာ Part 1 ဖြစ်ပြီး Part 2 ကိုတော့ February 2022 မှာ ရိုက်ကူးရေးစတင်မှာဖြစ်လို့ ပရိသတ်ကြီးတို့ အကြာကြီး မစောင့်ရမှာသေချာပါတယ်နော်။ (ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu က ရေးသားပေးထားပါတယ်)

8.1 2021 179 mins
Pushpa: The Rise
Christmas at Keestone
5.3

Christmas at Keestone (2024) IMDb Rating (5.3) အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သူ John ဟာ ဇနီးဖြစ်သူ သေဆုံးသွားတဲ့အတွက် ဇနီးဖြစ်သူကို လွမ်းဆွတ်တဲ့စိတ်နဲ့ပဲ အတိတ်မှာ ပိတ်မိနေသူတစ်ယောက်ပါ။ ဇနီးဖြစ်သူကိုအမှတ်ရတဲ့စိတ်နဲ့ပဲအားလပ်ရက်ပိတ်ရက်တိုင်းမှာ Loretto နယ်ဘက်က နာမည်ကြီးအပန်းဖြေစခန်းတစ်ခုဖြစ်တဲ့ Keestone အပန်းဖြေစခန်းဘက်ကို နှစ်တိုင်း လာတည်းလေ့ရှိပါတယ် ။ Madeline ကတော့ သူငယ်ချင်းဖြစ်သူ Whisper နဲ့အတူ အပန်းဖြေစခန်းမှာပဲအတူတူအလုပ်ဝင်လုပ်ရင်း ကွတ်ကီးလည်းဖုတ်ရောင်းပါသေးတယ်။ သူဖုတ်သမျှကွတ်ကီးတိုင်းဟာ ဆွေမျိုးမေ့နိုင်လောက်တဲ့လက်ရာကိုပေးစွမ်းလို့ အပန်းဖြေစခန်းကိုလာတည်းသူတိုင်းရဲ့ လက်စွဲတော်ဆိုလည်းမမှားပါဘူး။ ရိုးသားကြိုးစားတဲ့ မက်ဒလင်းနဲ့ ဇနီးဖြစ်သူကိုမမေ့နိုင်တဲ့ အတိတ်မှာပိတ်မိနေသူ ဂျွန်တို့နှစ်ယောက် keestone အပန်းဖြေစခန်းမှာ ဖူးစာဆုံတွေ့ဆုံကြုံကြိုက်ကြပြီး အချစ်ပန်းပွင့်များ ဘယ်လိုတွေ ပွင့်လန်းလာမလဲဆိုတာကို romantic နဲ့ comedy ရောနှောပြီး ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size…(1.4 GB) / (650 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:23:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Myat Noe Yamone

Mystery • Thriller
5.3 2024 83 mins
Christmas at Keestone