YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Heart.Signal.S02E08.720p-CM.mp4

676.69 MB N/A video/mp4 343 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
In a Land That No Longer Exists
6.8

ဘာလင်တံတိုင်းကြီး ဖြိုမချခင် အရှေ့ဘာလင်က ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းပါ။ ဆူဇီက အဖေနဲ့ညီမလေးနဲ့အတူ နေထိုင်ပါတယ်။ အထက်တန်းကျောင်းအောင်ပြီး မကြာခင်မှာ တက္ကသိုလ် တက်ရတော့မဲ့ ဆူဇီရဲ့ အိပ်မက်ကတော့ စာရေးဆရာမဖြစ်ဖို့ပါ။ မကြာခင်မှာပဲ သူ့အိတ်ထဲက စာအုပ်တစ်အုပ်ကြောင့် ဘဝကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားပါတော့တယ်။ ဆိုရှယ်လစ်အရာရှိတွေက စစ်မေးတဲ့အချိန်မှာ သူ့အိတ်ထဲက George Orwell ရဲ့ 1984 ဆိုတဲ့ စာအုပ်ကြောင့် ရုတ်တရက်ကြီး ကျောင်းထုတ်ခံလိုက်ရတာပါ။ ဆိုရှယ်လစ်အလုပ်ရုံမှာ သတ္တုဖြတ်အလုပ်သမားအဖြစ် လုပ်အားပေးဖို့ ဖိအားပေးခံရပါတယ်။ တစ်နေ့မှာတော့ အလုပ်ရုံကို အစောကြီး ရထားစီးလာတဲ့ ဆူဇီကို ဓာတ်ပုံဆရာတစ်ယောက်က ရိုက်မိသွားပြီး အရှေ့ဂျာမနီရဲ့ Vogue လို့တောင် တင်စားလို့ရတဲ့ Sibylle ဆိုတဲ့ ဖက်ရှင်မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ပါလာပါတော့တယ်။ “ပျော်ရွှင်မှုကို ရှာဖွေဖို့ လမ်းလွှဲက သွားသင့်လည်း သွားရမယ်”ဆိုတဲ့ ဆူဇီတစ်ယောက် သူ့အိပ်မက်တွေဖြစ်လာဖို့၊ စက်မှာ အလုပ်လုပ်ရတဲ့ဘဝက လွတ်ဖို့ ဖက်ရှင်မော်ဒယ်ဖြစ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ ဒါရိုက်တာ Aelrun Goette ရဲ့ ပွဲဦးထွက်လက်ရာဖြစ်ပြီး သူ့ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်လို့ ဆိုထားပါတယ်။ ဇာတ်လမ်းရသမြောက်အောင် တချို့နေရာလေးတွေမှာ ပြုပြင်ထားတာကလွဲလို့ ဖြစ်ရပ်မှန်နဲ့ အတူတူပါပဲ။ ဆိုရှယ်လစ်ဝါဒ လွှမ်းမိုးတဲ့ အရှေ့ဂျာမနီရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြားက ယုံကြည်ရာကို အရောက်သွားကြမဲ့ သူတို့တွေ၊ ရင်ဆိုင်ရမဲ့ စိန်ခေါ်မှုတွေကို အချင်းချင်းလက်တွဲပြီး ကျော်ဖြတ်နိုင်မလားဆိုတာကိုတော့ … File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phu Myat Thwe

Horror • Mystery • Thriller
6.8 2022 101 mins
In a Land That No Longer Exists
Waking Karma
2.7

ခါမာဆိုတဲ့ ကောင်မလေးဟာ သူ့မိခင်ဖြစ်သူဆန်နီနဲ့ နှစ်ယောက်တည်းနေထိုင်ပါတယ်။ သူတို့သားအမိနှစ် ယောက်ဟာ တစ်စုံတစ်ယောက်လက်ကနေလွတ်အောင် ပုန်းရှောင်ပြီးနေနေရတာပါ။ ပုန်းနေတာလုံပြီထင်ခါမှ တစ်နေ့ကျတော့ သူတို့ကိုလိုက်ဖမ်းနေတဲ့သူဆီကနေ စာတစ်စောင် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာ ပါတော့တယ်။ သူတို့ ဘာကြောင့် ထွက်ပြေးနေရတယ်၊ သူတို့ကိုဘယ်သူက ဘာလို့လိုက်ဖမ်းနေတယ်၊ နောက်ဆုံးမှာ သူတို့ တကယ်ရော လွတ်မြောက်သွားနိုင်မှာလားဆိုတာကို ကြည့်ရှုခံစားရမှာပါ။ One time watch အနေနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်ကား လေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူ ကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.34 GB) / (451 MB) / (271 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 27Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Ngwe Zin Encoder..........SWM

Drama
2.7 2023 86 mins
Waking Karma
Do Revenge
6.4

ထွက်ရှိထားတာ မကြာသေးပဲ hot ဖြစ်နေတဲ့ American Comedy Genre ဇာတ်ကားလေးဖြစ်ပြီး Riverdale မင်းသမီးချော Camila နဲ့ Stranger Things မင်းသမီး Maya Hawkes တို့အတွဲညီညီ သရုပ်ဆောင်ထားတဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ... ဒရေယာက အမေတစ်ခု သမီးတစ်ခုဖြစ်ပြီး ဆင်းရဲပေမယ့် ရို့စ်ဟေးလ်ကျောင်းကို ပညာသင်ဆုနဲ့ တက်ရောက်ခွင့်ရရှိထားသူပါ။ သူ့ရည်မှန်းချက်ကတော့ နာမည်ကျော် ရေးလ်တက္ကသိုလ်တက်ရဖို့ဖြစ်ပြီး ကျောင်းမှာလည်း ထိပ်ထိပ်ကြဲ လူချမ်းသာ သားသမီးတွေနဲ့ ဝင်ဆံ့တဲ့အထိ ပါးနပ်ပါတယ်။ ကံဆိုးတာက သူ့ချစ်သူ သူဌေးသားမက်စ်ဆီက ဒရေယာရဲ့ sex tape ပျံ့လာခဲ့ပြီး ဒရေယာက စိတ်မြန်လက်မြန်နဲ့ မက်စ်မျက်နှာကို လက်သီးတစ်လုံးကျွေးလိုက်ရာက သူ့အချစ်ဆုံး သူငယ်ချင်းဆိုသူတွေကိုပါ ဆုံးရှုံးလိုက်ရပြီး အပယ်ခံဖြစ်သွားပါတော့တယ်။ ကံကောင်းတာက သူ့အတွက် စစ်မှန်တဲ့သူငယ်ချင်းမလေး ပေါ်လာတာပါပဲ။ အဲဒါကတော့ သူ နွေရာသီ တင်းနစ်ကမ့်မှာ ဆုံခဲ့တဲ့ သူ့လိုပဲ စိတ်ဒဏ်ရာဒဏ်ချက်တွေအပြည့်နဲ့ အယ်လီနောဆိုတဲ့ လိင်တူချစ်သူ ကောင်မလေးပါပဲ။ သူတို့ရဲ့ရေစက်က အဲဒီမှာတင် မဆုံးတဲ့အခါ နှစ်ကောင်ပေါင်းပြီး ကျောင်းမှာ ဘယ်လိုပြန်မွှေကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ May Myat Thu က ရေးထားပါတယ်။) File Size          : 2.2GB, 938MB, 507MB Quality            : 1080p WEB-DL AC3 5.1CH, 20p WEB-DL, 480p Format            : mp4 Duration         : 1hr & 58mins Genre              : Comedy Translated by May Myat Thu & Kit Encoded by Kinnov

6.4 2022 118 mins
Do Revenge
Gehraiyaan
5.9

ဘောလီးဝုဒ်မင်းသမီးချော Deepika ပါဝင်ရိုက်ကူးထားတဲ့ အိန္ဒိယဒရာမာဇာတ်ကားသစ်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားရဲ့အကြောင်းအရာကတော့ အခုခေတ် Relationship တွေရဲ့နားလည်ရခက်ပြီး ရှုပ်ထွေးတဲ့သဘောသဘာဝတွေကို ကြည့်ရှုသူတွေပါရင်ခုန်စေမယ့် ရိုမန့်တစ်ဆန်ဆန်ဇာတ်ကွက်တွေနဲ့တင်ဆက်ထားတာပါ။ ယောဂဆရာမလေး Alisha နဲ့ စာရေးဆရာဖြစ်ဖို့ကြိုးစားနေတဲ့ Karan တို့ရဲ့ရည်းစားသက်တမ်းဟာခြောက်နှစ်ဆိုတဲ့ ကာလတစ်ခုကိုရောက်လာခဲ့ပါပြီ။ ဒါပေမယ့်သူတို့ကြားမှာထုတ်မပြောပေမယ့်သိသာနေတဲ့ငွေကြေးပိုင်းဆိုင်ရာ မကျေလည်မှုလေးတွေရှိနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အိမ်ခြံမြေသူဌေးလေး Zain ကသူတို့နှစ်ယောက်ကြားမှာ အဖုအထစ်ဖြစ်စေမယ့်အကြောင်းရင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် Zain ကလည်း Alisha ရဲ့ညီမဝမ်းကွဲဖြစ်သူ Tia နဲ့တွဲနေတာဖြစ်ပြီး သူတို့ကြားမှာလည်း ငွေကြေးနဲ့ပတ်သက်တဲ့သဘောထားမတိုက်ဆိုင်မှုလေးတွေရှိနေခဲ့တာပါ။ ဒါ့အပြင် Alisha၊ Tia နဲ့ Zain တို့ဟာ ဆိုးဝါးလှတဲ့ ငယ်ဘဝတွေ၊ မကောင်းတဲ့မိဘတွေနဲ့ကြုံခဲ့ရတာကြောင့် သူတို့ရဲ့အချစ်ရေးနဲ့သက်ဆိုင်တဲ့ဆုံးဖြတ်ချက်တွေအပေါ် သက်ရောက်မှုရှိသွားခဲ့တာလားဆိုတာကလည်း စဥ်းစားစရာပါပဲ။ အဲဒီဆုံးဖြတ်ချက်တွေကရော မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေဖြစ်ခဲ့ရဲ့လား။ ရက်စက်ခြင်းနဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းကလည်း လူ့သဘာဝ၊လူသားဆန်ခြင်းတစ်မျိုးပဲမို့ သာမန်အမြင်နဲ့ကြည့်ရင် မှားတယ်လို့ယူဆထားတဲ့အရာတွေကိုလည်း တစ်ခါတစ်ရံမှာအပြစ်တင်လို့မရတဲ့အခါ အက်ကြောင်းတွေရှိနေတဲ့စုံတွဲနှစ်ခုရဲ့ လေးပွင့်ဆိုင်ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မှာလဲ။ အညွှန်းဖတ်ပြီးလောင်စရာချည်းပဲလို့တော့မတွေးလိုက်ပါနဲ့ဦး။ Romantic,Drama ဖြစ်တဲ့အပြင် ရိုက်ကွင်းပြင်ဆင်မှုနဲ့ သရုပ်ဆောင်၊ဒါရိုက်တာတွေရဲ့အားထုတ်မှုကြောင့် အရင်ဘောလီးဝုဒ်ကားတွေလို ပန်းခင်းထဲပတ်ပြေးပြီးကတာမျိုးထက်မိုက်တဲ့ ချစ်ခန်းကြိုက်ခန်းတွေအများကြီးကို စောင်ကိုက်ပြီး တစ်ဝကြီးကြည့်ရှုရဦးမှာပါ။ နိဂုံးချုပ်ရရင်တော့ အိန္ဒိယဒရာမာတွေကြိုက်တတ်တဲ့ပရိသတ်တွေအတွက် အချိန်နှစ်နာရီခွဲကုန်ရကျိုးနပ်မယ့်ဇာတ်ကားကောင်းတစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။ File size…1.45GB / 700MB Quality…1080p WEB DL AAC 5.0CH / 720p AAC 2.0CH Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni , Shwe Pwint , Haruko

Adventure • Drama • Mystery
5.9 2022 148 mins
Gehraiyaan
The Peanut Butter Falcon
7.4

လက်ရှိIMDbမှာ rating 7.9 နဲ့ tomatoမှာ 95%ရထားတဲ့ Dramaကားကောင်းတစ်ကားပါ။ ရင်းနှီးပြီးသားသရုပ်ဆောင်တွေလည်းပါဝင်ထားပါတယ် (Dakota Johnsonလေး) ဇာတ်လမ်းကတော့ ဇက်ခ်ဆိုတဲ့၂၂နှစ်အရွယ်ကောင်လေးတစ်ယောက်က ဉာဏ်ရည်နိမ့်ပါးတဲ့ရောဂါဖြစ်နေပြီး သူ့ကိုစောင့်ရှောက်‌ပေးမယ့် မိသားစုမရှိတာကြောင့် အစိုးရကသူ့ကို သက်ကြီးဘိုးဘွားဂေဟာမှာ နေခိုင်းထားပါတယ်။ ဒါပေမယ့် သူ့ရဲ့နပန်းသမားအိပ်မက်ကိုအကောင်အထည်ဖော်ဖို့အတွက် အဲ့ကနေထွက်ပြေးလာရင်း လမ်းမှာပြဿနာဖြစ်လို့ထွက်ပြေးလာတဲ့ ‌အကြမ်းဗတမ်းအကုန်ရတဲ့တောသား ကြီးတိုင်လာနဲ့ တွေ့ဆုံမိသွားတယ်။ နောက်တော့ ဇက်ခ်သွားမယ့်နေရာက တိုင်လာသွားမယ့်နေရာနဲ့ တစ်လမ်းတည်းဖြစ်နေတာကြောင့် သူတို့နှစ်ဦးသား အတူတူခရီးနှင်ဖြစ်သွားတာပေါ့။ ဇက်ခ်ကိုလည်း ဂေဟာကစောင့်ရှောက်ပေးနေသူလေးကလိုက်ရှာ၊ တိုင်လာကိုလည်း သူ့ကိုမကျေနပ်တဲ့သူတွေ(Yelawolfတောင်ပါသေး)က လိုက်ရှာဆိုတော့ လမ်းမကနေမသွားဘဲ ပုန်းလျှိုးကွယ်လျှိုးနဲ့သွားလာနေကြရတာပေါ့။ အဲ့လိုခရီးအတူတူနှင်ရင်းနဲ့ သူတို့နှစ်ဦးလမ်းခရီးမှာ အခက်အခဲတွေကိုကျော်ဖြတ်ရင်း၊ ဒုက္ခသုခတွေကိုမျှဝေရင်းနဲ့ ဖြစ်လာတဲ့သံယောဇဉ်တွေ၊မေတ္တာတွေကို ညိမ့်ညိမ့်ညောင်းညောင်း‌ဖော်ကျူးတင်ဆက်ထားတဲ့ကားလေးပါ။ Ratingတွေလည်းအရမ်းကောင်းနေတာမို့လို့ ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ပါ။ File Size : ( 908 MB , 342 MB) Quality :  WEB-DL 720p Running Time : 1 hr 37 min Format : Mp4 Genre : Adventure , Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin

Drama • Family
7.4 2019 97 mins
The Peanut Butter Falcon
Hush
6.7

မက်ဒီ ဟာ တောစပ်ကိုစာရေးဖို့ရောက်လာခဲ့ပါတယ် တောစပ်ဆိုပေမဲ့ အိမ်လေးတွေတော့ရှိပါတယ် အလှမ်းတော့ဝေးတာပေါ့ အိုကေ ဆက်ရအောင် အံဩစရာကောင်းတာက မက်ဒီဟာ ဆွံ့အနားမကြားသူ တစ်ယောက်ပါ သူစာရေးလို့ စာမူခရတာတွေကိုလည်း နားထိုင်းစောင့်ရှောက်ရေး ဝက်ဆိုဒ်အတွက် ကူညီပေးပါတယ်... "She is alone.... But She is not alone.... သူ့အတွက် ကံကြမ္မာဆိုးတွေစတင်ဝင်ရောက်လာပါပြီ သူ့ဆီကိုဖိတ်မခေါ်ပဲရောက်လာတဲ့လူတစ်ယောက်.... သူ့အသက်ကိုတစ်စစီခြွေမဲ့သူ...... အကူအညီအော်တောင်းလည်းမရနိုင် ...ပြေးလည်းမလွှတ်... မက်ဒီဟာ ထိုသူလက်ခုပ်ထဲကရေဖြစ်နေမလား.... ဒါမှမဟုတ်.... ဖိတ်မခေါ်ပဲရောက်လာတဲ့သူကိုမက်ဒီက ပြန်မလာနိုင်တဲ့လမ်းကိုပို့ပေးမလား..... လူတွေက သေခြင်းတရားနဲ့နီးကပ်လာရင် ဘယ်လိုတွေဖြစ်တက်ကြတာလဲ ပြင်းထန်တဲ့အခက်အခဲတွေကြုံလာတိုင်း အလျှော့မပေးပဲ အဖြေကိုရအောင်ရှာပါတဲ့..... ဒီကားကတော့ အင်းအားကြီးသူနဲ့ အားနည်းသူတို့ ယှဉ်ပြိုင်တိုက်ခိုက်တဲ့ပွဲပဲလို့ပြောရတော့မှာပဲ ကိုင်း ....အညွန်းကိုတော့ဒီမှာတင်တစ်ခန်းရပ် ကျွန်တော် John LaYaungဆိုတဲ့လူချောလေးနားပါရစေတော့လားခင်ဗျား File Size : (600 MB) and (230 MB) Quality : 720p WebRip  Running Time : 1hr 21minutes Format : Mp4 Genre : Horror, Thriller Translated By John La Yaung Encode By Thanhtike Zaw

Comedy • Drama • Romance
6.7 2016 82 mins
Hush
The Bang Bang Club
6.9

The Bang Bang Club (2010) အာဖရိကတိုက်ဟာ လူမျိုး‌ရေးပြဿနာတွေ၊ ပဋိပက္ခ‌တွေ၊ ငတ်မွတ်ခေါင်းပါးခြင်းနဲ့ သွေးသံရဲရဲသတ်ဖြတ်မှုတွေကြောင့် တကမ္ဘာလုံးက စောင့်ကြည့်ခဲ့ရတဲ့ နေရာတစ်ခုပါ။ နေ့တိုင်း တစ်ခုမဟုတ် တစ်ခုဖြစ်နေတဲ့အရပ်မို့လို့လဲ သတင်းသမားတွေရဲ့ ရတနာသိုက်ကြီးတစ်ခု ဖြစ်လာတော့တာပေါ့။ သတင်းသမားဆိုတာနဲ့ လူ့ကျင့်ဝတ်ကို ဘေးဖယ်ထားလိုက်ရတော့တာပါပဲလေ။ ကိုယ့်ရှေ့မှာ လူသတ်နေရင် ဝင်ကူညီဖို့ထက် ရှင်းလင်းပြတ်သားမြင်သာတဲ့ ဓာတ်ပုံတစ်ပုံ ရိုက်နိုင်ဖို့က ပိုအရေးကြီးတာကိုး။ ဒါ့ကြောင့်ပဲ သတင်းထောက်တွေကို နှာခေါင်းရှုံ့ကြတယ်ပဲ ထင်ပါရဲ့။ သတင်းသမား‌တွေအတွက် ဓာတ်ပုံတစ်ပုံဟာ ရွှေထက်ပိုတန်ဖိုးရှိတာပေါ့။ သတင်းဓာတ်ပုံဆု ပူလစ်ဇာ ဆိုတာက သတင်းထောက်တစ်ယောက်ကို စင်ပေါ်တင်ပေးလိုက်ပြီး ငွေပုံပေါ် ထိုင်လို့ရသွားစေတာကိုး။ သတင်းဌာနတွေက အလုအယက်ဝိုင်းခေါ်၊ လစာတွေတပုံကြီးပေးပစ်လိုက်ကြတာမျိုးပဲ။ ကဲ ဒီလောက်ဆိုရင် အမြည်းသဘော သိရပြီမလို့ အကြောင်းအရာလေးတစ်ခု ထပ်ပြောပါ့မယ်။ လူကြီးမင်းတို့ထဲမှာ မှတ်မိလိုက်ကြသူတွေလည်း ရှိမှာပေါ့။ အာဖရိက ဆူဒန်တောင်ပိုင်းမှာ ငတ်မွတ်ခေါင်းပါးမှု အကြီးအကျယ်ဖြစ်တော့ လူအမြောက်အများ သေကြေခဲ့ရဖူးတယ်။ ထမင်းငတ်လို့ သေတဲ့မသာတွေပေါ့ဗျာ။ အဲဒီထဲမှာမှ အစာရေစာငတ်လို့ သေအံ့မူးမူးဖြစ်နေတဲ့ ကလေးမလေးတစ်ယောက် လဲကျခါနီးမှာ လင်းတငှက်တစ်ကောင်က ဘေးမှာအသင့်စောင့်နေတဲ့အဖြစ်ကို ရိုက်ကူးထားတဲ့ဓာတ်ပုံတစ်ပုံက ကမ္ဘာကြီးကို ကိုင်လှုပ်လိုက်ပါတယ်။ သိပ်ကြောက်စရာကောင်းတဲ့အဖြစ်ကြီးကို ကမ္ဘာကြီးက မျက်ဝါးထင်ထင်တွေ့လိုက်ရအောင် တင်ဆက်နိုင်လိုက်တဲ့ ဓာတ်ပုံဟာ ပူလစ်ဇာဆုကို ဆွတ်ခူးသွားပါတယ်။ အဲဒီနောက်မှာပဲ ဓာတ်ပုံဆရာဟာ အဲဒီကလေးမကို မကူညီခဲ့လို့ ဝိုင်းဝန်းပြစ်တင်ခံရတဲ့ နောက်ဆက်တွဲအပိုင်းတွေလည်း ရှိတာပေါ့။ နောက်တစ်ပုံ ရှိသေးတယ်ဗျ။ ကိုယ့်လည်ပင်းကို လှီးမယ့်ဓားသမားက ကိုယ်နဲ့ နှစ်ပေအကွာမှာရှိတယ်။ သုံးလေးချက်လည်း လှမ်းခုတ်နေသေးတာနော်။ မထိလိုက်လို့ လည်ပြတ်မသွားသေးတာ။ အဲဒီမှာ ဓာတ်ဆီလောင်းပြီး မီးရှို့ခံလိုက်ရလို့ မီးလုံးကြီးတဝင်းဝင်းလောင်နေတဲ့သူက ကိုယ့်ရှေ့က ဖြတ်ပြေးတော့ ဆယ်ပေအကွာမှာရောက်နေပါသတဲ့။ လူကြီးမင်းတို့ ဘာလုပ်မလဲ။ သတင်းထောက်ရဲ့ခေါင်းထဲမှာ အတွေးတစ်ခုပဲ ရှိတယ်တဲ့နော်။ F 5.6 တဲ့။ သူတို့ခေတ်က ဖလင်ခေတ်။ Digital တွေမရှိဘူး။ ကင်မရာအလင်းဝင်ပေါက် အကျဉ်းအကျယ်က ကိုယ်တိုင်ချိန်ရတာ။ မီးတောက်လိုမျိုး အလင်းစူးစူးကိုရိုက်ရင် ‌shatter ပွင့်တဲ့အချိန် တိုရတယ်ဗျ။ ကြာသွားရင် ပုံက ဘာမှမပေါ်တော့ပဲ အဖြူပြင်ကြီးဖြစ်နေမှာ။ ဒီတော့ သတင်းထောက်က အလင်းဝင်ပေါက် အကျဉ်းဆုံးနဲ့ အမြန်ဆုံးဖြစ်တဲ့ F 5.6 setting ကိုပဲ ခေါင်းထဲတွေးမိသတဲ့။ တကယ့်ကောင်တွေပါဗျာ။ သူ့ရဲ့ မီးလောင်နေတဲ့လူဓာတ်ပုံကလည်း ပူလစ်ဇာဆု ရခဲ့တယ်ဗျ။ ထူးခြားတာက ဒီဓာတ်ပုံသမားနှစ်ယောက်လုံးက ဘန်းဘန်းကလပ်လို့ခေါ်တဲ့ သတင်းထောက်ဓာတ်ပုံဆရာအသင်းငယ်လေးထဲကပါ။ ဒီတော့ ဘန်းဘန်းကလပ် လို့ နာမည်ပေးထားတဲ့ ဟောဒီဇာတ်ကားက ဘာကိုရိုက်ကူးတင်ဆက်ထားတယ်ဆိုတာ လူကြီးမင်းတို့ကို ညွှန်းစရာမလိုလောက်တော့ပါဘူး။ Cast တွေကလည်း ရှယ်မိုက်တာမလို့ အခုချက်ချင်း Download ဆွဲပြီး ကြည့်သင့်တဲ့ဇာတ်ကားပါပဲခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 1GB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 46Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Crime • Thriller
6.9 2010
The Bang Bang Club
Blood Father
7

Blood Father(2016) ****************** ဂျွန်လင့်ဆိုသူဟာ ထောင်ကထွက်လာပြိး စောင့်ကြည့်ကာလနဲ့နေထိုင်ရင်း အသောက်အစားဖြတ်ကာ ဘဝသစ်ပြန်စ၊ ဆိုးသွမ်းခဲ့တာတွေပြင်ဆင်၊ ဆုံးရှုံးခဲ့တာတွေ ပြန်အဖတ်ဆယ်ရင်းနဲ့၊ ဇနီးဖြစ်သူကလည်းပစ်သွားတဲ့အပြင် တစ်ဦးတည်းသောသမီးကပါ အိမ်ကထွက်ပြေးသွားလို့ ရှာမရဖွေမရဖြစ်ရင်း ပြန်လည်ထူထောင်ရေးစခန်းမှာသောင်တင်နေသူပါ။ သမီးဖြစ်သူ လဒ်ဒီယာဟာဆိုရင် အိမ်ကထွက်ပြေးရင်းမှ လူမိုက်ဂိုဏ်းသားတစ်ယောက်နဲ့ရည်းစားဖြစ်မိကာ အခြေအနေအမျိုးမျိုးကြောင့် ရည်းစားဖြစ်သူကိုသတ်မိသွားပါရော၊ ဆိုးတာက သူ့ကောင်လေးဟာ လူမိုက်ဂိုဏ်းကခေါင်းဆောင်ရဲ့တူဖြစ်နေတဲ့အပြင်၊ သူမကိုပါ ပိုက်ဆံတွေယူသွားတယ်ဆိုပြီး စွဲချက်တွေနဲ့အတူ၊ ရဲဘက်ကလည်း လူသတ်မှုနဲ့လိုက်ရှာပါတော့တယ်။ ကြံရာမရတဲ့အဆုံး ဖခင်ဆီကိုသာပြန်လာခဲ့ပြီး ဖခင်ဖြစ်သူက သမီးရဲ့အရှုပ်တွေကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကို ကြည့်ရှုရမယ့် ဖအေနဲ့ သမီးတို့ရဲ့ စွန့်စားခန်းတစ်သီကြီးနဲ့ အက်ရှင်ကားဖြစ်ပါတယ်… File Size :(1.9GB)(and (718MB) Quality :Blu-Ray 1080P5.1Ch, 720p Format…mp4 Duration…01:28:00 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

7 2016 88 mins
Blood Father
The Up Rank

The Up Rank (2023) ဖွံ့ဖြိုးတိုးတက်နေတဲ့ ယနေ့ခေတ်ကြီးမှာ ဂိမ်းကိုအရူးအမူးစွဲလမ်းကြတဲ့လူငယ်တွေလည်း အများကြီးရှိလာပါတယ်။ Rank မှ Rank ဖြစ်နေပြီး Rank ချင်းပြိုင်ရင် နိုင်ချင်ကြသူတွေလည်း အများကြီးပါပဲ။ ဒီထဲကမှ ယူဆိုတဲ့ကောင်လေးဟာ ဂိမ်းကို ထမင်းမေ့ဟင်းမေ့ အဖေနဲ့ရည်းစားကိုပါမေ့ပြီး အရူးအမူးဆော့တဲ့ Ace rank ID ပိုင်ရှင်‌ပါ။ တစ်နေ့မှာတော့ သူနဲ့ပွဲတစ်ပွဲမှာဆုံတဲ့အကောင့်တစ်ခုက ဂိမ်းဆော့ရင်းပိုက်ဆံရမယ်ဆိုတဲ့ စာပို့လာတဲ့အခါ ယူတစ်ယောက် သံသယလေးတစ်ဖက်နဲ့ စိတ်ဝင်စားလာပါတော့တယ်။ ဂိမ်းဆော့ရင်းပိုက်ဆံရပေမဲ့ ဂိမ်းစည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတဲ့ rank တင်တဲ့အလုပ်… ဒီအလုပ်ရဲ့နောက်ကွယ်မှာ ဘာတွေရှိမလဲ။ လောဘပေါ်လောဘဆင့်လာတဲ့ လူတွေရဲ့အငြိုးအာဃာတတွေ၊ ဆက်ဆံရေးတွေ ပျက်စီးလာရလောက်တဲ့အထိ ရူးသွပ်ကြပုံတွေ… စတာတွေကို IMDb 6.6 ရထားတဲ့ ဒီထိုင်းကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Drama Quality…. 1080p | 720p | 480p File size… Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xing Egg Encoder ….. Aaron

0 2023 108 mins
The Up Rank
Sheroes

Sheroes 2023 အခုတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ခေါင်းစဉ်လေးအတိုင်းပါပဲ ဟီးရိုးမဟုတ်ပါဘူး “ရှီးရိူး” ပါ အဲ့တော့ ကောင်မလေးတွေအစွမ်းပြမဲ့ကားတစ်ကားပေါ့ ဘယ်လို အစွမ်းပြမလဲဆိုတော့ ဇာတ်ကားက ဒီလိုပါ။ သာမန်မိန်းကလေး လေးယောက်ပေါင်းပြီးတော့ ထိုင်းနိုင်ငံဖူးခက်မှာ လောင်းကျော်ကြဖို့ ပရိုက်ဗိတ်လေယာဉ်ကြီးနဲ့ချီတက်လာတဲ့အခါမှာ သူတို့အိတ်နဲ့ဆေးအိတ်နဲ့မှားပြီးတော့ ထိုင်းက မူးယစ်ဂိုဏ်းစတားကြီးတွေနဲ့ သွားရှုပ်မိတော့တာပါပဲ။ အပိုဆောင်းအနေနဲ့ကတော့ သူတို့သူငယ်ချင်းလေးတစ်ယောက်ပါ အဖမ်းခံရပါတော့တယ် ဒါပေမဲ့ ဇာတ်လမ်းထဲက ဒါရိုက်တာကြီးရဲ့သမီးတော်လေးက တွမ်ခရုဘာညာရှုံးတဲ့ အေးဂျင့်စကေးလ်တွေကို သူ့ဖားသားကြီးရိုက်လာတာ ကြည့်ရင်း တစ်သက်လုံးကြီးပြင်းခဲ့ရသူလေးမို့ ခုလည်း ထင်ရာမြင်ရာမူးယစ်ဂိုဏ်းနဲ့အပြိုင် သူတို့သူငယ်ချင်းကို ဘယ်လိုဉာဏ်တွေ သုံးပြီ ပြန်ကယ်တင်ကြမလဲဆိုတာကတော့ … မင်းသမီးလေး လေးယောက်လုံးက ချစ်စဖွယ်ကညုတုတုရုပ်လေးတွေဖြစ်တဲ့အပြင် အပြောအဆိုတွေကလည်း အင်မတန်ယဉ်ကျေးပြီး လူကြီးခန်းလေးတစ်ချို့တစ်လေလည်းပါတာမလို့ မိသားစုနဲ့ မကြည့်ရှုကြရန် ကြိုတင်သတိပေးလိုက်ရပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thu Rein Lynn ပဲ ဖြစ်ပါတယ်။ Genre….. Action, Adventure Quality…. 1080p | 720p | 480p File size… 1.3GB | 756MB | 363MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

0 2023
Sheroes
Mission: Impossible – Fallout
7.7

Mission: Impossible VI – Fallout (2018) ============================= IMDb Rating 7.7/10 MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ မပါဘူး။ ဇာတ်လမ်းပိုင်းမှာလည်း twist တွေ revelation တွေထည့်ထားပေမဲ့ အရမ်းကြီးလည်း မရှုပ်သလို အရမ်းကြီးလည်း မပေါ့ဘူး။ Fallout ရဲ့ အကောင်းဆုံးကတော့ တင်ဆက်သွားပုံတွေပဲ။ Christopher McQuarrie ကြီးက တကယ်လန်ထွက်နေတယ်လို့ ပြောရမှာပါ။ ရုပ်ရှင်ရဲ့ 70% လောက်က ပြေးလွှား၊ ကားမောင်း၊ ပစ်ခတ်၊ ရဟတ်ယာဉ်မောင်း စတဲ့ action scene တွေ။ ဒါပေမဲ့ လုံးဝ ပျင်းသွားရတယ်ဆိုတာမျိုး မရှိဘူး။ John Wick 2 မှာတုန်းကဆို action scene အရမ်းများ၊ အချိန်တန်သူပဲနိုင်မှာ သိတော့ ပျင်းသွားတဲ့အခိုက်အတန့်ရှိသေးတယ်။ MI ကတော့ creative လည်းဖြစ်၊ ရိုက်ချက်တွေလည်း လှ၊ ကိုယ်တော်ချော Tom Cruise ကိုယ်တိုင် stunt တွေဆိုတော့ တစ်ကားလုံး မျက်လုံးကြီးပြူးပြီး ကြည့်နေရတယ်။ ရိုက်ချက်တွေလှတယ်ဆိုလို့ ထပ်ပြောရရင် ဒီကားမှာ visual တွေက လုံးဝ stunning ပါ။ Action ကားကြီးကို လှအောင်ရိုက်တယ်ဆိုတာ မလွယ်ဘူး။ Scene ကြီးကိုရှယ်ပြလို့ action ပေါ့သွားတာမျိုး၊ action ပိုပြလို့ ရုပ်ထွက်ပျက်သွားတာမျိုးလည်းမရှိဘူး။ ဒီအတိုင်း လေယာဉ်ဆီကို ကားနဲ့ ပုံမှန်လေးမောင်းဝင်လာတဲ့ အခန်းကအစ woah ဆိုပြီးဖြစ်လောက်အောင်ရိုက်ထားတယ်။ ကြမ်းတယ်ဟ ဆိုတာထက် oh sh** moment တွေလည်း များတယ်။ နောက် CGI, Green Screen, stuntman, stunt robot စတာတွေ ပြွတ်ထနေတဲ့ဒီနေ့ခတ်ကြီးထဲမှာ Fallout က တကယ့်အစစ်တွေ သုံးထားတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ၊ ရဟတ်ယာဉ်တွေကိုယ် Tom Cruise ကြီးကိုယ်တိုင်မောင်းတယ်။ ရဟတ်ယာဉ်ပေါ်က ရိုက်ချက်တွေ Green screen လေးခံလိုက်ရင် အလွယ်လေးဆိုပေမဲ့ တကယ်ကြီး မိုးပေါ်မှာရိုက်တယ်။ တချို့ တကယ်တမ်း vfx နဲ့ရိုက်မယ်ထင်ရတဲ့ ရှုခင်းလိုနေရာတွေကအစ တကယ်ကြီးခက်ခက်ခဲခဲသွားရိုက်တယ်။ အဲအတွက် ရုပ်ရှင်ဟာ CGI heavy ရုပ်ရှင်တွေထက် အများကြီး weight ရှိတယ်။ ကြည့်နေရတဲ့သူ ပိုပြီး အသည်းယားတယ်။ အကုန်လုံးနီးပါးက အစစ်တွေချည်းကိုး။ ဒီ effort က တကယ်ကိုချီးကျူးရမှာပါ။ Mission: Impossible – Fallout ဟာ တကယ် နောက်တစ်ဆင့်တက်သွားတဲ့ action film ပါပဲ။ Tom Cruise, Henry Cavil တို့ရဲ့ performance လည်းကောင်း၊ ဒါရိုက်တာ Christopher McQuarrie ရဲ့ လန်ထွက်နေတဲ့ vision အောက်မှာ ထပ်အောင်မြင်ဦးမှာ အသေအချာပဲ။ တော်သေးတယ်။ Cavill ရဲ့ မုတ်ဆိတ် မဖျက်လိုက်ရကျိုးနပ်တယ်။ ခါတိုင်း MI ကားတွေမကြိုက်တဲ့သူတွေတောင် action ကားကြိုက်တယ်ဆိုရင်၊ ကားကောင်းကောင်းကြိုက်တယ်ဆိုရင် လုံးဝ ကြည့်ရကျိုးနပ်တဲ့ကားပါ။ (ရုပ်ရှင်အညွှန်းကို Dat Shin မှ ကူးယူဖော်ပြပါသည်။) Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible ကြည့်ပါ။

7.7 2018 147 mins
Mission: Impossible – Fallout
Adalynn

” Adalynn ” ဆိုတဲ့ဇာတ်ကားဟာ 2023 ခုနှစ်မှာထွက်ရှိထားပြီး Horror mystery အမျိုးအစားဖြစ်ပါတယ်။ ကိုယ်ဝန်တစ်ခေါက်ပျက်ကျခဲ့ဖူးတဲ့စိတ်ဒဏ်ရာရှိတဲ့မိခင်တစ်ယောက်ဟာ သူမရဲ့ဒုတိယကလေးနဲ့သူမကိုယ်တိုင်အသက်ရှင်နိုင်ဖို့အတွက် စိတ်ကျရောဂါတွေ ပူဆွေးသောကတွေနဲ့ အတွင်းစိတ်တစ္ဆေ ဘယ်လိုပြန်လည်တိုက်ခိုက်မလဲ။ သူမယောကျာ်းအလုပ်ခရီးသွားပြီး သူမနဲ့မွေးကင်းစကလေးငယ်လေးနှစ်‌ယောက်ထဲ အိမ်ထဲမှာကျန်ခဲ့တုန်း သူမကိုစိတ္တဇဖြစ်အောင်လုပ်နေတဲ့အရာဆီကနေ အနိုင်ရနိုင်ဖို့မိခင်တစ်ယောက်ဟာသူမရဲ့ကလေးဖြစ်သူနဲ့ဘယ်လို ရုန်းကန်မလဲဆိုတာကြည့်ရမယ့် Horror ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.1 GB)/(514 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Horror Mystery, Drama. Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris

0 2023
Adalynn
Twilight Gangsters
6.5

Twilight Gangsters (2010) **************************** ဒီဇာတ်ကားလေးကတော့ လောကဓံကို ရင်ဆိုင်အန်တုပြီး ဆိုးအတူကောင်းအတူ အမြဲအတူတူ ရှိလာတဲ့ သူငယ်ချင်း ၃ယောက်ရဲ့ ဇာတ်လမ်းလေးဖြစ်ပြီး တကယ့် ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ နာမွန်းဟီး၊ ဂင်ဆူမီ၊ ဂင်ဟယ်အို့တို့က အဓိကဇာတ်လိုက်တွေအဖြစ် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း- ဂျောင်ဂျာ၊ ယောင်းဟီးနဲ့ ရှင်းဂျာဆိုတဲ့ သူငယ်ချင်း ၃ယောက်ဟာ ဟာဝိုင်အီကို အထူးပက်ကေ့ချ်နဲ့ ခရီးသွားဖို့အတွက် ပိုက်ဆံတွေကို ခက်ခက်ခဲခဲ နဲ့ စုလာခဲ့ကြတာ ၈နှစ်ကြာတဲ့နောက်မှာတော့ သူတို့ လိုချင်တဲ့ပမာဏ ပြည့်သွားကြပါတယ်။ အဲဒါနဲ့ ခရီးစဥ်ပက်‌ကေ့ချ်အတွက် ငွေသွင်းဖို့ ဘဏ်သွားရာမှ ကံမကောင်းစွာနဲ့ ဘဏ်ဓားပြတိုက်ခံရပြီး သူတို့ရဲ့ ပိုက်ဆံတွေ အကုန်ပါသွားပါတော့တယ်။ ဘဏ်ကလည်း ဓားပြတိုက်ခံရတဲ့ ငွေတွေကို တာဝန်မယူဘဲ ခေါင်းရှောင်တဲ့အခါမှာတော့ အာဂအဘွားကြီး ၃ယောက်ဟာ ဘဏ်ကို ပြန်ဓားပြတိုက်ပြီး သူတို့ရဲ့ ဆုံးရှုံးသွားတဲ့ ‌ငွေတွေကို ရအောင် ပြန်ယူဖို့ ဆုံးဖြတ်လိုက်တဲ့အခါ…။ ဘဝဇာတ်ခုံပေါ်မှာ တွေ့ကြုံရတဲ့ လောကဓံတရားတွေကို ရသမျိုးစုံနဲ့ ရိုက်ကူးထားတဲ့အပြင် အချိန်တွေ အကြာကြီး အတူတူရှိလာကြတဲ့ သူငယ်ချင်းအဘွားကြီး ၃ယောက်ရဲ့ သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ တစ်ယောက်အပေါ်တစ်ယောက် အနစ်နာခံမှုတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ကားဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Htoo Htoo Aung မှ ရေးသားပေးထားပါတယ်။) File size…2.95GB / 1.17GB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 49m Genre ….. Comedy, Crime, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Htoo Htoo Aung

6.5 2010 107 mins
Twilight Gangsters
Canary Black

Amazon Prime ကနေထုတ်လွှင့်တဲ့ အက်ရှင်ကားအသစ် ဖြစ်ပါတယ် အစိုးရအေးဂျင့်အဖြစ် လျှို့ဝှက်လုပ်ကိုင်နေတဲ့ အေဗရီဂရေဗ့်ဟာ သူ့ရဲ့ personal life မှာတော့ မိသားစုမရှိပေမယ့် ချစ်ရတဲ့ ယောက်ျားနဲ့ အိမ်ထောင်သက် ၂ နှစ်ပြည့်သွားတဲ့ သာမန်အိမ်ထောင်ရှင်မလေးတစ်ယောက်ပါပဲ … တစ်နေ့မှာတော့ သူ့ယောက်ျားကိုပြန်ပေးဆွဲသွားပြီး ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တွေ နိုင်ငံတွေရဲ့ စတော့ဈေးကွက် စီးပွားရေး တစ်ခုလုံးကို ဖျက်စီးပစ်နိုင်နဲ့ အနက်ရောင်ကနေရီလို့ခေါ်တဲ့ ဖိုင်လ်တစ်ခုနဲ့ အလဲအလှယ်လုပ်ဖို့ လူတစ်စုက အကြပ်ကိုင်လာပါတယ်…ဒီအရာကိုရဖို့အတွက် သူ့ရဲ့အေဂျင်စီကိုပါ သစ္စာဖောက်ခဲ့ရပြီး… အစိုးရတွေ လူဆိုးဂိုဏ်းတွေရဲ့ လိုက်လံဖမ်းဆီးမှုတွေကို ရှောင်တိမ်းရင်း ယောက်ျားဖြစ်သူနဲ့ ကမ္ဘာကြီးကို အလဲအလှယ်လုပ်မယ့် ထိပ်တန်းအေးဂျင့် အေဗရီဂရေဗ့်ရဲ့ စွန့်စားခန်းတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်… (အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(1.2 GB)/(779 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thiha Yan Naing

0 2024
Canary Black
We Live in Time
7.3

We Live in Time (2024) IMDb Rating (7.3) / Rotten Tomatoes (78%) မထွက်ခင်ကတည်းက hype နေကြတဲ့ မင်းသား Andrew Garfield နဲ့ မင်းသမီး Florence Pugh တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေး ထွက်ရှိလို့ လာပါပြီ။ အဲလ်မက်နဲ့ တိုဘိုင်းယက်စ်ဆိုတဲ့ လူနှစ်ယောက်ဟာ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကြောင့် ဆုံတွေ့ခဲ့ကြပြီး ချစ်ကျွမ်းဝင်ခဲ့ကြတယ်။ ပြီးနောက် အယ်လာဆိုတဲ့ ချစ်သမီးလေးနဲ့အတူ မိသားစုလေး တစ်ခု တည်ထောင်ခွင့်ရခဲ့တယ်။ သိုပေမဲ့ တစ်နေ့မှာတော့ ရက်စက်တဲ့ ကံကြမ္မာက အဲလ်မက်ရဲ့ ကမ္ဘာမြေပေါ်မှာ အခွင့်အရေးကို အချိန်ကန့်သတ်ပစ်ခဲ့ပါတယ်။ ဒီလိုနဲ့ အဲလ်မက်တစ်‌ယောက် သူ့ရဲ့ ခင်ပွန်းဖြစ်သူရယ် သမီးလေးရယ်နဲ့အတူ ကျန်ရှိတဲ့အချိန်တွေကို အမြတ်တနိုးထားပြီး ဖြတ်သန်းရင်း ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပုံကို ကြည်နူးစရာ တစ်လှည့် ဝမ်းနည်းစရာတစ်လှည့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်… File size…(3.9 GB) / (1.46 GB) / (773 MB ) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….1h 48m Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Act Molemy, Cyberboy

Romance
7.3 2024 108 mins
We Live in Time