YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Head Over Heels (2025) E07 1080p AMZN WEB-DL [RMC].mp4

972.96 MB 1080p video/mp4 3 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Stan Lee
7.1

Stan Lee (2023) ~ IMDb - 7.2/10, Rotten Tomatoes - 88% ~ Superhero ပရိသတ်တွေရင်ထဲမှာ Stan Lee ဆိုတဲ့ နာမည်ကိုကြားတာနဲ့ Marvel ရဲ့ပဲ့ကိုင်ရှင်၊ ကျွန်တော်တို့ချစ်တဲ့ Superhero တွေရဲ့ ဖခင်ကြီးအဖြစ် တံဆိပ်ခတ်နှိပ်ထားပြီးသားဖြစ်လို့နေပါတယ်။ Stan Lee နဲ့ Marvel ဟာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်း လိုပါပဲ။ Stan Lee မရှိရင် Marvel ဆိုတာလည်းဖြစ်မလာနိုင်ပါဘူး။ Fantastic Four ကစလို့ X-Men, Spider-Man, Iron Man, Captain America, Hulk, Thor, Dr. Strange, Black Panther တို့လိုစူပါဟီးရိုးတွေအပြင် တခြား ဟီးရိုးနဲ့ ဗီလိန်ပေါင်းများစွာကို ဖန်တီးခဲ့တဲ့ Stan Lee ကို Marvel ရဲ့ ဥသျှောင်တင်မက စူပါဟီးရိုးယဉ်ကျေးမှုကြီးရဲ့ ဥသျှောင်အဖြစ်တင်စားရင်တောင် လွန်မယ်မထင်ပါဘူး။ စူပါဟီးရိုးရုပ်ပြစာအုပ်တွေကို Stan Lee ခေတ် မတိုင်ခင်က အပျော်တမ်းဖတ်ကလေးကြိုက်အဖြစ်ယူဆထားခဲ့ပေမဲ့ Stan Lee ဟာ အဲဒီထုံးတမ်းတွေကို ရိုက်ချိုးပြပြီး လူကြီးလူငယ်မရွေး ဖတ်ရှုအသည်းစွဲနိုင်တဲ့ စူပါဟီးရိုး‌တွေ အကြောင်း ရုပ်ပြတွေကို ဖန်တီးပေးခဲ့ပါတယ်။ Timely Comics ကနေ Atlas Comics... Atlas ကနေ Marvel အထိ တဖြည်းဖြည်းဆွဲတင်ပေးခဲ့တဲ့အပြင် တစ်ကမ္ဘာလုံးက လူမျိုးဘာသာ ကျားမ အသက်အရွယ်မရွေး ပရိသတ်တွေအတွက် စိတ်အပန်းပြေစရာ စိတ်လှုပ်ရှားစရာ ဆွေးနွေးငြင်းခုန်စရာ Culture ကြီးတစ်ခုကို ပုံပေါ်လာအောင် ထုဆစ်ပေးခဲ့တဲ့ Stan Lee အကြောင်း အထုပ္ပတ္တိ Documentary လေးဖြစ်ပါတယ်။ Stan Lee ရဲ့ငယ်ဘဝ၊ သူ့ရဲ့အိမ်ထောင်ရေး၊ သူ့ရဲ့ဘဝဇာတ်လမ်း၊ စူပါဟီးရိုးတွေအပေါ်ရှုမြင်ပုံအပြင် Stan Lee ရဲ့ အတွေးအခေါ် အယူအဆတွေကို Stan Lee ရဲ့ နောက်ခံအသံ၊ Animation မြိုင်မြိုင်နဲ့ ရိုက်ကူးထားပါတယ်။ ကြည့်ရင်း ကြက်သီးတွေထရတဲ့အခါရှိမယ်၊ Stan Lee ကို သနားမိတဲ့အခါတွေရှိမယ်၊ ရင်ထဲနွေးသွားရတဲ့အခါတွေရှိမယ်။ ကျွန်တော်တို့ငယ်ငယ်က ပုံပြင်နားထောင်ရသလိုပေါ့။ စိတ်ဝင်တစားနဲ့ မျက်တောင်မခတ်တမ်း ပါဝင်စီးမျောသွားနိုင်မယ့် Documentary လေးတစ်ခုဖြစ်တာကြောင့် စူပါဟီးရိုးပရိသတ်တွေတင်မက စူပါဟီးရိုးနာမည်လေးတစ်ခုကြားဖူးတဲ့သူတွေအနေနဲ့တောင် လက်မလွှတ်သင့်တဲ့ Documentary တစ်ခုပါ။ Stan Lee ဟာ 2018 ခုနှစ်မှာ ကွယ်လွန်ခဲ့ပေမဲ့ သူဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေနဲ့အတူ Stan Lee ဟာလည်း ကျွန်တော်တို့ရင်ထဲမှာ အမြဲထာဝရ ရှင်‌သန်နေဦးမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.35GB, 900MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 26Min Genre - Biography, Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
7.1 2023 86 mins
Stan Lee
The Hunted
6.2

ဒီကားကတော့ မင်းသားကြီး Tommy Lee Jones နဲ့ Benecio del Toro တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ကားဖြစ်ပါတယ်။ ခြေရာခံကျွမ်းကျင် ဆရာကြီး Bonham(Tommy Lee Jones) ဟာ FBI နဲ့ ပေါင်းပြီး သူ့ရဲ့ အတော်ဆုံး တပည့် ဖြစ်သူ ကို လိုက်လံ ဖမ်းဆီးရမယ့် စိတ်လှုပ်ရှားစရာ Action/Thriller genre ပါ။ The Exorcist တို့ Cruising တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး William Friedkin ရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားပဲ ဖြစ်တာကြောင့် ကားဟောင်းထဲကမှ အက်ရှင်ကားကောင်းကောင်းကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားက ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ကားပါ။ ရှုပ်ရှုပ်ထွေးထွေးဇာတ်လမ်း မဟုတ်ဘဲ ကြည့်ရင်းနဲ့မှ စိတ်လှုပ်ရှားရမယ့် ကားဖြစ်တာမို့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ ( ဘာသာပြန်နဲ့ အညွှန်းကတော့ Khay Mar ပဲ ဖြစ်ပါတယ်) File size…1.74GB / 778MB Quality…Blu-Ray1080p / 720p Format…mp4 Duration….1h 34m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Khay Mar

Drama
6.2 2003 94 mins
The Hunted
The Eden Theory
4

ဒီရုပ်ရှင်ရဲ့ Genre ကတော့ Sci-Fi Horror ပါ။ ဒီ Genre က ကားတွေက နှယ်နှယ်ရရ ကားတွေတော့ မဟုတ်ပါဘူး။ နာမည်ကျော် Alien Franchise ကြီးဟာ ဒီ Genre က ကားတွေပါပဲ။ World war Z, I am Legend, The Thing, The Mist လိုကားတွေကလည်း ဒီ Genre ထဲပါသေးတယ်။ ပြောရရင်တော့ဗျာ Sci-Fi Horror ကားတွေက လန်းတတ်တယ်ပေါ့။ သူငယ်ချင်း၂ယောက် ကျောင်းပိတ်တဲ့တစ်နွေမှာ မြို့နားက နေရာလေးတစ်ခုကို အလည်သွားကြတယ်။ သွားတုန်းက ၂ယောက်ပေမဲ့ အပြန်မှာတော့ တစ်ယောက်တည်း ပြန်လာနိုင်ခဲ့တယ်။ အဲဒီတော့ ပြန်လာတဲ့တစ်ယောက်ကို ရဲတွေက စစ်လားဆေးလားလုပ်တာ‌ပေါ့။ 2016 မှာထွက်ခဲ့တဲ့ Arrival ဇာတ်ကားလိုလို ဘာလိုလိုနဲ့ ဒီရုပ်ရှင်မှာ ကောင်လေးဟာ ပျောက်သွားတဲ့ သူငယ်ချင်းနဲ့ ရဲတွေကြားဗျာများရင်း ဘယ်လို အရာတွေနဲ့ ကြုံတွေ့ရမလဲ အသည်းတထိတ်ထိတ်နဲ့ ကြည့်ရမယ့် ရုပ်ရှင်ပါ။ ဇာတ်ကားနာမည်ကိုက အေဒင်သီဝရီလို့ နာမည်အလန်းပေးထားတာမို့ ကမ္ဘာဦးအစက အေဒင်ဥယျာဉ်ကြီးရဲ့ ဘယ်လိုသီဝရီတွေကို ဖော်ထုတ် အဖြေညှိပြမလဲ အသည်းတအေးအေးနဲ့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 860MB Quality - 1080p, 720p IMDb Rating - 4.7/10 Format - mp4 Duration - 1H 47Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Drama
4 2021 107 mins
The Eden Theory
Father of the Bride
5.9

သမီးရှင် …. အဖေဆိုတာ သူ့တို့အလှည့်တုန်းကသာ မိန်းမယူဖို့ တကဲကဲဖြစ်ပြီး ဇွတ်တွေ ယူကြပေမယ့် တကယ်တမ်း သူတို့ မိဘဖြစ်လာတဲ့အခါ သားသမီးကို တစ်ပါးသူလက်ထဲ ထည့်ပေးရမှာ အင်မတန် အူတိုကြသူတွေပါပဲ။ အထူးသဖြင့် သမီးရှင် ဖခင်တွေပါ။ သူ ပိုးမွေးသလို မွေးခဲ့ရတဲ့ သမီးလေးကို အနာဂတ်မှာ သမက်ဖြစ်လာမယ့်လူရဲ့ လက်ထဲကို အပြီးအပိုင် ပေးလိုက်ဖို့အရေးဟာ သူတို့အတွက်တော့ ကမ္ဘာကြီး ပူနွေးလာမှုထက် ပိုပြီး ရင်ဆိုင်ရခက်ခဲတဲ့ ပြဿနာကြီးတစ်ခုပါ။ ဒီ‌လူဟာ ငါ့သမီးနဲ့ သင့်တော်ရဲ့လား၊ ငါ့သမီးကို တင့်တောင်းတင့်တယ် ထားနိုင်ပါ့မလား၊ ငါ့သမီးအပေါ် ကောင်းပါ့မလား စတဲ့ စတဲ့ သံသယတွေနဲ့ လောင်မြိုက်ကြတာဆိုသည်မှာ မသိရင် သူတို့အလှည့်တုန်းက ပြီးပြည့်စုံနေသည့်အလား ….. ဒီ သ၀န်တိုမှုဟာ တစ်မျိုးလေးတော့ ချစ်စရာကောင်းနေပါတယ်။ ဖခင်ရဲ့ မေတ္တာပါပဲ …. ဒီဇာတ်လမ်းမှာလည်း ဘီလီဆိုတဲ့ သူဌေးကြီးဟာ သိပ်ကို ရှေးရိုးစွဲပြီး အရာရာကို သူ့ခေတ်တုန်းက အခြေအနေနဲ့ နှိုင်းယှဉ်ပြီး အလကားနေ အလကား ဇီဇာကြောင်သူ ဖေဖေကြီးပါ။ လူဆင်းရဲဘ၀က လာခဲ့သူဖြစ်လို့ သမီးဖြစ်သူတွေ လိုလေသေးမရှိ နေနိုင်ရေး အလုပ်တွေပဲ ဖိလုပ်နေသူ သူဌေးကြီး ဦးဘီလီကို မိန်းမဖြစ်သူကလည်း ဒီကိစ္စတွေကြောင့်ပဲ စိတ်တွေကုန်ပြီး ကွာရှင်းဖို့ ပြောလာခဲ့ပါပြီ။ အဲဒီအချိန်မှာ ကောလိပ်က ပြန်လာသူ သမီးကြီး ဆိုဖီက ရုတ်တရက် သူ လက်ထပ်တော့မယ့်အကြောင်း ဖွင့်ပြောလာခဲ့ရာ ဘီလီတစ်ယောက် တစ်ပူပေါ် တစ်ပူတွေ ဆင့်လို့ မိသားစုအရေး သမီးရှင်အရေးတွေကြား ဗျာများ ဒုက္ခကြုံရပုံတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။ IMDb 5.9, Rotten Tomatoes 81 % ရရှိထားတဲ့ ဒီဇာတ်လမ်းမှာ မင်းသားကြီး Andy Garcia က သမီးရှင် ဘီလီအဖြစ် ကာရိုက်တာနဲ့ လိုက်ဖက်စွာ ပါ၀င်ထားပါတယ်။ စာရေးသူ ကိုယ်တိုင်လည်း ဘ၀င်ကျမိတာဖြစ်လို့ တကယ့်ကို အနှစ်ရှိတဲ့ Romance, Drama သစ်မျိုး ရှာဖွေနေသူဆို ဒီကားကို လက်မလွှတ်တမ်း ကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။ File size…(2.56GB/(1.24GB)/(811.29MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:57:00 Genre…Drama / Comdey / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yoon Sandi Aung

Adventure • Science Fiction
5.9 2022 118 mins
Father of the Bride
Motion Detected

ခေတ်မီသူတိုင်း AIကြိုက်ကြတဲ့ ITခေတ်ကြီးမှာ လူတိုင်းဟာ ကိုယ်နဲ့သက်ဆိုင်တဲ့fieldတစ်ခုစီမှာ AIကိုမှီခိုနေကြပါတယ်။ ဒါကြောင့်လည်းပဲ လူသားတွေတီထွင်ခဲ့တဲ့ AIက overpowering ဖြစ်လွန်းပြီး လူသားတွေကို ကျော်လွန်တော့မှာလားဆိုတဲ့မေးခွန်းတွေ၊ ဒီAIသာ စနစ်တစ်ခုခုချို့ယွင်းခဲ့ရင် errorတက်ခဲ့ရင် human best friend ကနေ အဆိုးဆုံးလူသတ်သမားဖြစ်လာမှာလားဆိုတဲ့ idea‌တွေ ထွက်ပေါ်လာပါတယ်။ ဒီရုပ်ရှင်လေးကလည်း American Horror stories ရဲ့ Alexaအကြောင်းရိုက်ထားတဲ့ရုပ်ရှင်လိုပဲ Diablo Controlsဆိုတဲ့ကုမ္ပဏီက AI security system အကြောင်း ရိုက်ကူးထားတာပါ။ အဲဗာဟာ အိမ်ဖောက်ထွင်းအကြမ်းဖက်မှုတစ်ခုရဲ့ ထူးဆန်းစွာ အသက်ရှင်ကျန်နေခဲ့တဲ့လူပေါ့။ ထူးဆန်းစွာလို့ပြောရတာကတော့ အတော်ကိုသွေးဆာနေတဲ့လူသတ်သမားက အဲဗာတို့အိမ်ထဲကို ဖောက်ဝင်ပြီး အဲဗာကိုအကြမ်းဖက်ခဲ့ပေမဲ့ သူ့ကိုမသတ်ဘဲကျော်သွားပြီး တခြားအမျိုးသမီး 2 ယောက်ကိုပဲ သတ်သွားတာပါ။ ဒါပေမဲ့လည်း အဲဗာတစ်ယောက် PTSDနဲ့ သံသယလွန်ကဲရောဂါတွေကြောင့် ဆွေးနွေးကုသမှု ခံယူနေရပြီးတော့ ခင်ပွန်းဖြစ်သူကလည်း အဲဗာကို နေရာသစ် အိမ်သစ် ပတ်ဝန်းကျင်သစ်မှာ စိတ်သစ်လူသစ်နဲ့နားနေနိုင်ဖို့ ကယ်လီဖိုးနီးယားကအိမ်တစ်လုံးကို ခေါ်လာခဲ့ပါတယ်။ အတော်လေး နေရာကျယ်တဲ့ အိမ်ကြီးတစ်လုံးဖြစ်တဲ့အပြင် အဆင့်မြင့်ပရိဘောဂနဲ့ စက်ပစ္စည်းတွေကိုသုံးထားတဲ့ဒီအိမ်ကြီးဟာ အဲဗာတို့ဇနီးမောင်နှံအတွက်တော့ သဘောကျစရာဖြစ်နေတာပေါ့။ အထူးသဖြင့် အိမ်မှာတပ်ဆင်ထားတဲ့ Diablo Controlsရဲ့အဆင့်မြင့်လုံခြုံရေးစနစ်က အိမ်ဖောက်ထွင်းခံရဖူးတဲ့ စိတ်ဒဏ်ရာရှိနေတဲ့အဲဗာအတွက် အသင့်တော်ဆုံးလို့ မီဂေးလ်ကတထစ်ချတွက်နေတာပေါ့။ သူတို့ထက်အရင် ဒီအိမ်မှာနေသွားတဲ့မိသားစုက ပျောက်ချင်းမလှပျောက်သွားတယ်ဆိုတဲ့အချက်ကတော့ ဘဝင်မကျစရာဆိုပေမဲ့ အိမ်ကမျက်စိကျစရာကောင်းလောက်အောင် ခမ်းနားပြီးဆန်းသစ်နေတဲ့အတွက် ငှားဖြစ်သွားပါတော့တယ်။ ဒါပေမဲ့ အိမ်ငှားပြီးပြီးချင်းညမှာပဲ ချက်ချင်းဆိုသလို အရင်မြို့ကို အလုပ်ကိစ္စနဲ့ ပြန်သွားရဖို့ဖြစ်လာတဲ့ ခင်ပွန်းဖြစ်သူကြောင့် အဲဗာတစ်ယောက် 3 ထပ်အိမ်ကြီးထဲမှာ တစ်ယောက်တည်းကျန်နေခဲ့တဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ပဲ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…(1.1 GB)/(600 MB)/(290 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:20:00 Genre…Thriller, Science Fiction, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

0 2023
Motion Detected
Delivery Man
6.3

Delivery Man (2013) ================== အကယ်၍ သင်ဟာ မမျှော်လင့်ပဲ ကလေး၅၃၃ယောက်ရဲ့ အဖေဖြစ်နေတာသိလိုက်ရပြီး သူတို့ထဲက ၁၄၂ယောက်က သင့်ကိုတွေ့ချင်နေတယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲ။ အားလုံးသိကြတဲ့ ဟာသသရုပ်ဆောင် Vince Vaughn ကအဓိကပါ၀င်သရုပ်ဆောင်ထားပြီး ဇာတ်ပို့အနေနဲ့ အားလုံးရဲ့အချစ်တော် Starlord မင်းသားကြီး Chris Pratt နဲ့အတူ မင်းသမီးချော Cobie Smulders တို့ပါ၀င်သရုပ်ဆောင်ထားတဲ့ comedy/drama ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ IMDb 6.3 အထိရထားတာကြောင့် ဟာသနှောတဲ့drama ကြိုက်သူတွေ သဘောတွေ့မယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဝေါ့ဇ်နီယက်မိသားစုဟာ အသားလုပ်ငန်းစုကိုပိုင်ဆိုင်တဲ့မိသားစုဖြစ်ပြီး သားတစ်ဦးဖြစ်သူဒေးဗစ်ဝေါ့ဇ်နီယက်ဟာ အသားပို့ဖို့ကိုတာ၀န်ယူထားပါတယ်။ တစ်နေ့မှာ အပေါ်မှာပြောခဲ့သလို သူရဲ့ ကလေး၅၃၃ယောက်ထဲက ၁၄၂ယောက်က သူတို့ဖခင်ဘယ်သူလဲဆိုတာ သိချင်လာကြပါတယ်။ ဒီလောက်ကလေးများရတဲ့အကြောင်းရင်းက သူဟာ သုတ်ပိုးလှူဒါန်းမှုပေါင်း ၆၉၃ကြိမ်ပြုလုပ်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီထဲက ၁၄၂ယောက်ဟာ သူတို့အဖေကိုသိချင်လို့ တရားရုံးမှာစွဲချက်တင်ပြီး လျို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားကြပါတယ်။ ဒေးဗစ်ဟာ ဒီကိစ္စကြီးကို ရင်ဆိုင်နေရတုန်းမှာပဲ သူ့ရည်းစား အမ်မာကလည်း ကိုယ်၀န်ရှိနေတာကို သိလိုက်ရချိန်မှာတော့ တရားခွင်ကတစ်ဖက်၊ ဒီအကြောင်းကိုဘာမှမသိသေးတဲ့ သူ့ရည်းစားကတစ်ဖက်၊ အိမ်ကတစ်ဖက်နဲ့ ရုန်းကန်လှုပ်ရှားရပုံတွေကို ဟာသနှောပြီး drama ဆန်ဆန်ရိုက်ကူးထားတာကြောင့် အချိန်ကုန်ရကျိုးနပ်ပြီး ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။ File size… 1.33 GB / 646 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ….. Drama , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

6.3 2013 105 mins
Delivery Man
Balls of Fury
5.3

Balls of Fury (2007) Genre – Comedy, Crime, Sport IMDB – 5.3/10 ပင်ပေါင်အားကစားကို အခြေခံထားတဲ့ အရင်တုန်းက ကားဟောင်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။ အားကစားဆိုလို့ အတည်မထင်လိုက်ပါနဲ့ သောက်ခွက်ပြောင်ထားတဲ့ ဟာသကားလေးပါ။ သရုပ်ဆောင်တွေဆိုရင်လည်း ရုပ်ရှင်ကြည့်နေကြလူတွေနဲ့ မစိမ်းတဲ့လူတွေကို မြင်ရမှာပါ။ အဓိကမင်းသားဆိုရင် Fantastic Beasts ဇာတ်ကားတွေထဲက လူချစ်များတဲ့ Mr. Jacob လုပ်တဲ့ ဝတုတ်ကြီးပါ နောက်ပြီး ဆရာကြီး Christopher Walken တို့လည်းပါပြီး ငယ်ချစ်ဖြစ်တဲ့ မမ Maggie Q တောင် ပါဝင်ထားပါသေးတယ်ဗျာ။ Terry Crews တောင် မျက်ခွက်ဝင်ပြောင်ထားပါသေးတယ်။ ဇာတ်လမ်းကလည်း ပြောရမယ်ဆိုအလေကြီး ၁၉၈၈ ခုနှစ် အမေရိကန်မှာ ပါရမီရှင် ၁၂ နှစ်အရွယ် ပင်ပေါင်ကစားသမားလေး ရန်ဒီဆိုတာ ရှိတယ်။ တစ်နိုင်ငံလုံးက အသေအားပေးကြတာပေါ့ ဒီလိုနဲ့ ဆိုးလ်အိုလံပစ်ပွဲမှာ ပြိုင်ရတဲ့အချိန်ကျ ဖအေဖြစ်သူနဲ့ ပြဿနာတစ်ခုတက်ပြီး ပရမ်းပတာဖြစ် ရှုံးခဲ့ရတဲ့အပြင် အရှက်တွေပါ ကွဲ အဖေဖြစ်သူလည်း သေဆုံးရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာလာတော့ ရန်ဒီတစ်ယောက် သူ ကျွမ်းကျင်တဲ့ ပင်ပေါင်အားကစားကို ပြပွဲလေးတစ်ခုမှာ ပြစားပြီး အသက်မွေးဝမ်းကြောင်းနေရတာပေါ့။ တစ်ရက်ကျ FBI တွေက ရောက်လာပြီး နာမည်ကြီးလူဆိုးတစ်ယောက်ကို ဖမ်းဆီးဖို့အတွက် သူ့ရဲ့ ပင်ပေါင်အရည်အချင်းကို အလိုရှိကြောင်း လျှို့ဝှက်စစ်ဆင်ရေး စေလွှတ်ချင်ကြောင်းတွေ ပြောပြပြီး တရုတ်တန်းက မျက်မမြင်ဘိုးတော်ကြီးနဲ့ သင်တန်းအပ်ကာ ဒီလူဆိုးကြီးကို ဘယ်လိုတွေ ဖမ်းကြမလဲဆိုတာ ပေါက်တတ်ကရ ဟာသတွေနဲ့ ပျော်ပျော်ပါးပါး ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ရုပ်တည်ကြီးတွေ ထထဖောက်တဲ့ ဟာသတွေဆို တကယ်ရယ်ရပါတယ်။ တစ်ခုပြောချင်တာကတော့ ဒီလိုဟာသကားကို Rating မကြည့်လိုက်ပါနဲ့ ဒီလို စိတ်မောလူမောကာလလေးမှာ မိတ်ဆွေတို့ကို တင်္ဒကလောက်တော့ အမောအပန်းတွေ ပြေသွားစေမယ့် ဟာသကားဟောင်းလေးပါလို့ ပြောလိုက်ပါရစေဗျာ…။ File size… 1.4 GB / 763 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Comedy/Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Thriller
5.3 2007 90 mins
Balls of Fury
Cashback
7.1

(18+ အခန်းတချို့ပါဝင်၍ အသက်ရွယ်မပြည့်သူများနှင့် မိသားစုဝင်များအတူတကွ ကြည့်ရှုရန်မသင့်တော်ပါ) Comedy, Drama, Romance IMDB Rating: 7.1/10 ဒီဇာတ်ကားကတော့ ခင်ဗျားတို့ မြင်ဖူးတဲ့ Romance ကားတွေနဲ့ မတူ တော်တော်ထူးခြားနေမှာပါ။ Ben ဆိုတဲ့ အနုပညာကျောင်းသား ပန်းချီဆရာ‌လေးတစ်ယောက် သူ့ကောင်မလေးနဲ့ လမ်းခွဲပြီးနောက်ပိုင်းInsomnia လို့ခေါ်တဲ့ အိပ်မရတဲ့ ရောဂါတစ်မျိုး စွဲကပ်လာပါတော့တယ်။ အဲဒီတော့ ‌အိပ်မရတဲ့ ၈နာရီဟာအချိန်ပိုဖြစ်လာတဲ့ အတူတူ အကျိုးရှိအောင်ဆိုပြီးတော့ ‌စူပါမားကတ်တခုမှာ အချိန်၈နာရီနဲ့ ‌‌ငွေနဲ့လဲလှယ်ဖြစ်လာခဲ့ပါတော့တယ်(cashback)။ အဲဒီအလုပ်မှာပဲ Ben ဟာသူအချိန်ကို ရပ်နိုင်တယ်ဆိုတဲ့ စွမ်းအားရှိကြောင်း သိရှိလာခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ Ben ရဲ့စိတ်ကူးယဥ် လက်တွေ့မဆန်တဲ့ကမ္ဘာမှာ နေနေတုန်း လောကကြီးရဲ့ အလှတရားတွေ ရပ်တန့်နေတဲ့ ကမ္ဘာမှာ မိန်းမတွေရဲ့ အလှတရားတွေအကုန်လုံးကို ခံစားမိလာပြီးတော့ သူ့ဘဝကြီးရဲ့ အဓိပ္ပာယ်နဲ့ အလှတရားကို ရှာတွေ့သွားပါတော့တယ်။ Ben ဟာ သူနဲ့ အလုပ်အတူတူလုပ်တဲ့ Sharon ဆိုတဲ့ ကောင်မလေးကို သဘောကျသွားမိပြီးတော့သူ့အတိတ်ကိုမေ့ထားပြီး ပစ္စုပ္ပာန်ကို တန်ဖိုးထားတတ်လာပါတော့တယ်။ ဒီ Cashback ဆိုတဲ့ ဇာတ်ကားလေးမှာ ဆိုရင်တော့ဖြင့် အချစ်၊ လမ်းခွဲခြင်း၊ ပြောင်းလဲတတ်ခြင်း စတဲ့အရာတွေကိုခံစားရမှာဖြစ်ပြီးတော့ Ben ရဲ့အကြောင်းကို ကြည့်ရင်းနဲ့ ကျွန်တော်တို့အတွေးတွေ တခုခုတော့ပြောင်းလဲသွားမှာပါခင်ဗျာ။ IMDB 7.1 လဲရထားတာမလို့ ကြည့်ရတန်တဲ့ ဇာတ်ကားတကား ဖြစ်မှာပါလို့ ကျွန်တော်တော့ထင်ပါတယ်။ ရှုစားကြပါအုံးခင်ဗျာ။ File size… 1.7 GB / 821 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 42m Genre ….. Comedy/Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Dr Zac

Horror • Thriller • Drama
7.1 2006 102 mins
Cashback
Love Letter
7.9

Love Letter ( 1995 ) Directed by Shunji Iwai ရှုန်းဂျီအီဝေရဲ့ Love Letterက စီအမ်မှာတင်ပြီးသား သူ့ Last Letter နဲ့တော့ မဆိုသလောက်ဆင်တယ်။ ဆင်တယ်ဆိုတာက သူ့ဘဝထဲက ပျောက်သွားတာကြာပြီဖြစ်တဲ့လူတစ်ယောက်ကို ဆုံးပါးသွားပြီးမှ ခြေရာပြန်ကောက်ကြတဲ့ အကြောင်းအရာချင်းတူနေတာ။ ဇာတ်လမ်းအကြောင်းအရာအတိအကျကတော့ မပြောဘဲထားတာ ပိုကောင်းပါလိမ့်မယ်။ Love Letterဟာ အီဝေ့ပွဲဦးထွက်ရုပ်ရှင်ပေမဲ့ သူ့အကောင်းဆုံးတွေထဲတောင် စာရင်းသွင်းလို့ရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ကိုရီးယားမှာ ပထမဆုံးပြန်ပြတဲ့ ဂျပန်ရုပ်ရှင်တွေထဲက တစ်ကားဖြစ်ခဲ့သလို highest-grossing Japanese film in South Korea လည်းဖြစ်ခဲ့တယ်။ ဂျပန်အကယ်ဒမီဆုပေးပွဲမှာလည်း ဆုတွေရခဲ့တယ်။ ရှန်းဂျီအီဝေဟာ မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက လက်ချိုးရေလို့ရတဲ့ အတော်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်တော့ ရှုန်းဂျီအီဝေကို မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက အကောင်းဆုံးဒါရိုက်တာလို့ ကိုယ့်ဘာသာ သတ်မှတ်ချင်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော် ရှုန်းဂျီအီဝေဆို All About Lily Chou-Chouလောက်ပဲ ရင်းနှီးခဲ့တဲ့အချိန်တုန်းက အာရှရုပ်ရှင်ဂရုတစ်ခုမှာ ဖတ်ခဲ့ဖူးတာက ” ရှန်းဂျီအီဝေရဲ့ ရုပ်ရှင်တွေက ကမ္ဘာပေါ် နိဗ္ဗာန်ကို ပစ်ချပြလိုက်သလို ရုပ်ရှင်တွေပဲ”တဲ့။ နှစ်တွေကြာလာလေ အီဝေကိုပိုသိလာလေ ကျွန်တော့် ဒီစကားကို ပိုထောက်ခံမိလာလေပဲ။ အီဝေ့ရုပ်ရှင်တွေက လှပတာတစ်ခုသက်သက်ကြောင့်နဲ့တော့ ဒီလိုပြောတာမဟုတ်ဘူး။ အီဝေ့ရုပ်ရှင်အများစုမှာ ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကို ဖြတ်သန်းရတတ်တယ်။ တစ်ချို့ကားတွေဆို အဲဒီဝမ်းနည်းစရာအခိုက်အတန့်ကို ဖြတ်သန်းတဲ့ အခိုက်အတန့်အကြောင်းကိုပဲ ရိုက်ပြထားတာ။ မရှိတော့တဲ့ ကိုယ်ချစ်ခဲ့ဖူးတဲ့သူတစ်ယောက်ရဲ့ ကိုယ်မသိခဲ့ ရာဇဝင်ကို ပြန်လည်တူးဖော်ရတာမျိုးပေါ့။ အီဝေ့ရုပ်ရှင်တွေဟာ ဒီအခိုက်အတန့်တွေကို ဖြတ်သန်းပြီး အဆုံးမှာ ကမ္ဘာကြီးဟာ လှပနေပါသေးတယ်လို့ ကျွန်တော်တို့ကို မြင်လာအောင် လုပ်ပေးနိုင်တယ်။ တစ်စုံတရာမရှိတော့ရင်တောင် ကျန်ခဲ့သေးတဲ့ အမှတ်တရတွေက ကျွန်တော်တို့ရှင်သန်မှုတွေကို အဓိပ္ပာယ်ရှိစေခဲ့တဲ့ အကြောင်းတရားတွေကို မြင်လာအောင် လုပ်ပေးနိုင်တယ်။ အီဝေ့ရုပ်ရှင်တွေဟာ ကမ္ဘာပေါ်မှာ နိဗ္ဗာန် တည်ရှိနေသေးကြောင်း, အဲဒီနိဗ္ဗာန်ဟာ ကျွန်တော်တို့ရဲ့ချစ်ခဲ့ခြင်းတွေ အမှတ်ရနေခြင်းတွေဖြစ်ကြောင်း သက်သေပြနေတဲ့ ရုပ်ရှင်တွေပါပဲ။ အီဝေဟာ ကမ္ဘာပေါ်ကို နိဗ္ဗာန်ပစ်ချလိုက်တာထက် ကမ္ဘာအစစ်ထဲက နိဗ္ဗာန်ကို မြင်သာလာအောင် ပြပေးခဲ့တယ်ဆို ပိုမှန်လိမ့်မယ်။ File size… 1.9 GB / 899 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 57m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

7.9 1995
Love Letter
Reservation Road
6.6

Mark Ruffalo, Jennifer Connelly စတဲ့နာမည်ကြီး သရုပ်ဆောင်တွေပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဝိတ်အာနိုးနဲ့ သူ့သားက ဘေ့စ်ဘောပွဲကြည့်နေတုန်းမှာ ဇနီးဟောင်းဖြစ်သူကဖုန်းဆက်ပြီး သူ့သားကိုအမြန်ပြန်လာခိုင်းတယ်။ ပွဲကလည်းအချိန်ပို ကစားတဲ့အတွက် နည်းနည်းနောက်ကျ သွားလို့ ကားကို အမြန်မောင်းပြီးပြန်လာခဲ့တယ်။ တစ်ဖက်မှာတော့ အီသန်လာနာတို့ မိသားစုလေးယောက်မှာ သားဖြစ်သူဂျော့ရှ်ရဲ့ ဖျော်ဖြေပွဲကိုကြည့်ပြီးတော့အိမ်ပြန်လာခဲ့တယ်။ ကားပေါ်မတက်ခင်မှာ ဂျော့ရှ်က သူ့ညီမလေးအတွက် ပိုးစုန်းကြူး တွေကိုဖမ်း ပုလင်းထဲထည့်ပြီးလက်ဆောင်ပေးထားတယ်။ အီသန်တို့ မိသားစုအိမ်ကိုကားမောင်းပြန်နေတုန်းမှာ ပိုးစုန်းကြူး တွေကို သမီးဖြစ်သူအမ်မာက ပိုးစုန်းကြူးလေးတွေကိုမွေးချင်ကြောင်း ပြောတော့ ဂရေ့စ် သူတို့မွေးရင်သေသွားနိုင်ကြောင်း အိမ်ပြန် ရောက်ရင်လွှတ်ပေးသင့်ကြောင်းနားချလိုက်တော့ အစ်ကိုဖြစ်သူ ဂျော့ရှ်ကို ပုလင်းပေးထားတယ်။ လမ်းမှာခဏနားတဲ့အချိန်မှာ ဂျော့ရှ်ကကားအပြင်ထွက်ပြီး ပိုးစုန်းကြူးတွေကိုလွှတ်တဲ့အချိန် တစ်ဖက်က ဒဝိတ်ကကားကိုအမှုမဲ့အမှတ်မဲ့မောင်းလာချိန်မှာ ဂျော့ရှ်ကိုဝင်တိုက်မိပြီး‌ နေရာမှာတင်ဆုံးသွားတယ်။ ဒဝိတ်က‌တော့ကြောက်လို့ထွက်ပြေးသွားတယ်။ အီသန်တို့က ကားတိုက်‌ထွက်‌ပြေးမှုကို ရဲတွေကိုတိုင်ကြားပေမယ့် နှစ်ပတ်လောက် ကြာတဲ့အချိန်အထိ ဘာသတင်းမှမရတဲ့အတွက် ရှေ့နေ ထပ်ငှားစုံစမ်းဖို့ဆုံးဖြတ်လိုက်တယ်။ သူတို့ငှားတဲ့ရှေ့နေက ဒဝိတ်အာနိုးဖြစ်နေတဲ့အခါမှာတော့…… File size…1.83GB / 908MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 42m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Action • Crime • Drama • Thriller
6.6 2007
Reservation Road
The Architecture of Love
6.9

ဒီတစ်ခါမှာတော့ IMDb မှာ Rating ကောင်းကောင်းရရှိထားတဲ့ Indonesian Romance Drama ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကြီးစာရေးဆရာမတစ်ယောက်ဖြစ်တဲ့ Ika Natassa ရဲ့ ဝတ္ထုစာအုပ်ကို ရုပ်ရှင်အဖြစ်ဖန်တီးထားတာဖြစ်ပါတယ်။ အတိတ်မှာဖြစ်ပျက်ခဲ့တဲ့ နာကျင်စရာအဖြစ်အပျက်တွေကြောင့် Trauma တွေရှိနေကြတဲ့လူနှစ်ယောက် အဲဒီဒဏ်ရာတွေကို ကုစားဖို့အတွက် အဝေးတစ်နေရာကို ထွက်ပြေးလာကြရင်း တစ်ယောက်ကိုတစ်ယောက် ရှာတွေ့သွားပြီးတော့ ချစ်မိသွားကြတဲ့အကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဝတ္ထုစာအုပ်ကို အခြေခံထားတာနဲ့အညီ ဇာတ်လမ်းကတော့ အပြစ်ပြောစရာ မရှိလောက်အောင် ကောင်းမွန်ပါတယ်။ Main character နှစ်ယောက်ကြားက chemistry ကလည်း အရမ်း လိုက်ဖက်ပြီးတော့ ဇာတ်လမ်းကို အဆုံးအထိရောက်အောင် ဆွဲခေါ် ပေးသွားပါတယ်။ Drama Genre ဖြစ်တာနဲ့အညီ အချစ်၊အမုန်း ရသမျိုးစုံကို ခံစားရမှာဖြစ်ပြီးတော့ Rating တွေကလည်း အရမ်းကောင်းတာကြောင့် ကြည့်ကြည့်ဖို့ကို recommend ပေးပါတယ်။ File size…1.24GB / 725MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Drama
6.9 2024 110 mins
The Architecture of Love
The Birth of Kitaro: The Mystery of GeGeGe
7.2

ဒီကားလေးကတော့ Horror Anime လေးတစ်ကားဖြစ်ပြီး တော်တော်လေးကောင်းတဲ့ ကားဖြစ်ပါတယ် ဇာတ်လမ်း အညွှန်းကတော့ ဒုတိယကမ္ဘာစစ်အပြီး နာမည်ကြီး ဆေးဝါးလုပ်ငန်း လုပ်ကိုင်တဲ့ မိသားစုတစ်ခုရဲ့ မိသားစု ခေါင်းဆောင် အဘိုးကြီးသေသွားတဲ့အခါမှာ နောက်ဆက်ခံသူနဲ့ မိတ်ဖွဲ့ဖို့ သွေးဘဏ်တစ်ခုမှာ အလုပ်လုပ်တဲ့ Mizuki ဆိုတဲ့ လူတစ်ယောက်ဟာ ဒီမိသားစုရှိတဲ့ ရွာကို ထွက်လာခဲ့ပြီး အဲဒီရွာကိုရောက်ပြီးတဲ့ နောက်မှာ ထူးဆန်းတာတွေကို ကြုံရပါတော့တယ် အဲဒီရွာမှာ သူဘာတွေကြုံတွေ့ရမလဲ ဒီမိသားစုနဲ့ ဒီရွာမှာ ဘာတွေကို လျှို့ဝှက်ထားတာလဲ ဒီဆေးဝါးလုပ်ငန်းရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေတာလဲ သူကရော သူလာခဲ့သလို မိတ်ဖွဲ့သွားနိုင်မှာလား ဆိုတာကို မထင်ထားတဲ့ အလှည့် အပြောင်း များစွာနဲ့ ရင်တမမ ကြည့်ရမှာပါ…. File Size : 2 GB, 910 MB Quality : WEB-DL 1080p / 720p Running Time : 1hr 44min Format : Mp4 Genre : Action,Comedy, Dark Fantasy, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by : Zin Sann Oo Encode by : Zin Sann Oo

TV Movie • Thriller
7.2 2023
The Birth of Kitaro: The Mystery of GeGeGe
The Bad Shepherd
5.8

The Bad Shepherd (2024) ဒါရိုက်တာ Geo Santini ရိုက်ကူးခဲ့ပြီး သူကိုယ်တိုင် Sidney ဆိုတဲ့ antagonist နေရာမှာလည်း သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ psychological thriller တစ်ပုဒ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ယောက်ျားလေး သူငယ်ချင်းလေးယောက် အမဲလိုက်ခရီးထွက်ရင်း တောထဲမှာ ကောင်မလေးတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိတယ်။ ဒါပေမဲ့ ကောင်မလေးသေသွားခဲ့တာက ဘယ်တုန်းကမှန်းမသိ အပစ်ခံလိုက်ရတဲ့ သေနတ်ဒဏ်ရာကြောင့်ဖြစ်ပြီး သူနဲ့အတူ အိတ်ရှည်ကြီးတစ်အိတ်လည်း ပါလာခဲ့တယ်။ သူငယ်ချင်းလေးယောက်က အိတ်ထဲကိုကြည့်လိုက်တဲ့အခါမှာတော့ ဒေါ်လာတွေသန်းချီရှိနေတာတွေ့ခဲ့ရတယ်။ မကြာခင်မှာပဲ Sidney ဆိုတဲ့ အမျိုးသားပေါ်လာပြီး သူငယ်ချင်းလေးယောက်အဖွဲ ပိုရှုပ်ထွေးအန္တရာယ်များတဲ့အခြေအနေတွေထဲကို ကျရောက်လာချိန်မှာတော့ သူတိုရဲ့ကိုယ်ကျင့်သီလနဲ့ လောဘကြား လွန်ဆွဲမှုတွေပေါ်လာပြီး အခင်ဆုံးသူငယ်ချင်းတွေအချင်းချင်းရော သစ္စာရှိနိုင်ပါ့မလားဆိုတာကို စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုမျိုးစုံနဲ့ သည်းထိတ်ရင်ဖိုဆက်လက်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်း တစ်ပုဒ်ပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.4 GB) / (760 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:31:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

Drama • War • History
5.8 2024 91 mins
The Bad Shepherd