YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

He is My Brother 2023 1080p WEB-DL CM.mp4

969.08 MB N/A video/mp4 144 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rockin’ on Heaven’s Door
7

Rockin’ on Heaven’s Door(2013) ***************************** Hong-ki Lee နဲ့ Ma Dong-seok တို့ အဓိကပါဝင်ထားတဲ့ဒီဇာတ်ကားဟာ တစ်ခါကြည့်ပြီး တစ်သက်မမေ့နိုင်ဖို့ ဒီတစ်ခေါက် CMပရိသတ်ကြီးအတွက် ထင်မထားရလောက်အောင် ရင်ထဲမှာစွဲကျန်ရစ်ခဲ့မယ့် “Rockin On Heaven’s Door”ဆိုတဲ့ ဒီဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းကိုတော့ ထင်ရာဆိုင်းတတ်တဲ့ ခပ်ဆိုးဆိုးအိုင်ဒေါအနုပညာရှင်လေး ချွန်အွီနဲ့ အစချီထားပါတယ် တစ်နေ့ ချွန်အွီတစ်ယောက် ကလပ်မှာပြဿနာရှာမိပြီး စေတနာ့ဝန်ထမ်းအဖြစ်နဲ့ အပြစ်ပြန်ဆပ်ရဖို့ အကြောင်းဖန်လာပါတယ် ချွန်အွီလုပ်ပေးရမယ့်နေရာကတော့ နယ်မြို့လေးတစ်ခုက “ဒုံးဟျွန်း”ဆိုတဲ့ဆေးရုံတစ်ခုမှာပေါ့ ဆေးရုံကို မုန်းပါတယ်ဆိုတဲ့ ချွန်အွီအတွက် အဲဒီဆေးရုံက လူတွေကလည်း ထူးဆန်းနေပြန်ပါတယ် နောက်ဆုံးထွက်သက်ရောက်တော့မယ့် လူနာအဘွားအိုကို အသက်ရှူစက်တပ်မပေးတာမျိုး… လူနာတွေကို ဆေးလိပ်သောက်ခွင့်ပေးတာမျိုး ကလပ်သွားခွင့်ပေးတာမျိုး.. စသည်ဖြင့်ပေါ့ အဲဒီလိုဆေးရုံက လုပ်ရပ်တွေကို သဘောမကျလို့ ချွန်အွီ ထွက်ခဲ့မယ်လို့ကြံမယ့်နေ့မှာပဲ .. နောက်ကွယ်ကအကြောင်းအရာတွေကို အန်နာဆိုတဲ့ စေတနာ့ဝန်ထမ်းကောင်မလေးပြောလို့ ချွန်အွီသိသွားခဲ့တဲ့အခါ… File Size :(1.9GB)&(685MB) Quality : Blu-Ray 1080P5.1Ch,720P Format :mp4 Duration : 01:39:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai Encoded by Phyo Pyae

7 2013 99 mins
Rockin’ on Heaven’s Door
Möbius
6.1

Mobius (2013) =========== မောဘီးယပ်စ်ဆိုလို့ မာဗယ်ထဲက မောဘီးယပ်စ်နဲ့ လွဲမသွားကြပါနဲ့ဦး။ ဒီမောဘီးဘပ်စ်က သတ်သတ်ပါ။ ဒီကားက Mobius Strip ဆိုတဲ့ ကျွန်တော်တို့ငယ်ငယ်က ကစားဖူးလောက်မဲ့ မျက်နှာပြင်နှစ်ဖက်ရောနေတဲ့ စက္ကူအဝိုင်းစလေးကနေ reference ယူထားတာပါ။ 2013ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb rating 6.1/10 ရရှိထားပါတယ်။ ရုရှား-ပြင်သစ်-အင်္ဂလိပ်စကားပြောရုပ်ရှင်ပါ။ Drama/Thriller အမျိုးအစားဖြစ်ပါတယ်။ ဇာတ်ညွှန်းကတော့ ရော့စ်တော့ဗ်စကီဆိုတဲ့လူကို ဖမ်းတဲ့နေရာမှာ အချက်အလက်တွေနှိုက်ဖို့သူလျှိုရွေးတော့ ‌Financial Expert တစ်ယောက်ဖြစ်တဲ့ မင်းသမီးကို ရွေးလိုက်ကြတယ်။ အပေးအယူကတော့ U.Sကနေ အလုပ်လုပ်ခွင့်အပိတ်ခံထားရတဲ့သူ့ကို ပြန်ရအောင်လုပ်‌ပေးမယ်ပေါ့လေ။ အချက်အလက်နှိုက်ရမဲ့သူလျှိုဆိုတော့ စီးပွားရေးလုပ်ငန်းကနေတဆင့် ဝင်လုံးပေမဲ့ အီစီကလီကိစ္စလေးတွေပါပါတာပေါ့။ အဲလိုသူလျှိုအလုပ်လုပ်နေတုန်းမှာပဲ မင်းသမီးကသူ့အချစ်စစ်ကိုရှာတွေ့ပါလေရော။ ဖြစ်ချင်တော့ သူ့ချစ်သူကလည်း တကယ့်လူမှသွားဖြစ်နေပြန်တယ်။ သူလျှိုအလုပ်နဲ့ အချစ်ရေးရောထွေးလာတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin ပါ ) File size_(2GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:43:00 Genre_Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Ngwe Zin

Family • Comedy • Drama
6.1 2013
Möbius
Contact
7.5

Contact (1997) IMDb Rating (7.5) / Rotten Tomatoes (68%) Forrest Gump တို့ Cast Away တို့ Back to the Future တို့လို နာမည်ကျော်ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ရဲ့ Sci-Fi /Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသမီး Jodie Foster, မင်းသားကြီး Matthew McConaughey တို့လို ဝါရင့်သရုပ်ဆောင်တွေပါဝင်ထားပြီး ရုံတင်ဝင်ငွေ $171.1 million ထိ ရရှိခဲ့တဲ့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ လူသားတွေက ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုတည်းနဲ့တောင် ပြဿနာတွေ ဒီလောက်ရှုပ်ထွေးနေတာ အဆုံးအစမဲ့ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲကိုတောင် ခြေဆန့်လို့ ငါလိုလူမျိုးရှိသေးလား ရှာဖွေတတ်ကြသူတွေပါ။ လူကြီးမင်းအနေနဲ့ အပေါစား ဂြိုဟ်သားဇာတ်ကားထဲကလို ကွိကွိကွကွတွေပြော၊ အစိမ်းရောင်ကိုယ်ခန္ဓာနဲ့ အခြားကမ္ဘာသားတွေကို စိတ်ဝင်စားတတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဇာတ်ကားက လူကြီးမင်းအတွက် မဟုတ်ပါဘူး။ အတ္တအဇ္ဇတ္တတစ်ခုနဲ့ပဲ လူကြီးမင်းဟာ ကမ္ဘာပေါ်က နေ့ရက်တစ်ခုကို ကျင်လည်ခဲ့တယ်ဆိုပါစို့။ လူကြီးမင်းဖြတ်သန်းနေတဲ့ မိနစ်တိုင်းမှာ စကြဝဠာထဲက ခုန်လျှိုးပေါက်တွေကတဆင့် သတ္တဝါတွေဟာ အလင်းနှစ်သန်းချီအဝေးကို စက္ကန့်မခြား ခရီးထွက်နေကြသတဲ့။ မိခင်မြေက စွန့်ခွာလာသူတွေကို ကြိုဆိုလိုက် မောင်းထုတ်လိုက် လုပ်နေသူတွေရှိပါတယ်။ ဒါဟာ ဘယ်သူတွေပါလဲ။ ဒါမှမဟုတ် ဘယ်သူပါလဲ။ သိပ္ပံပညာဟာ အချက်အလက် (database) နဲ့ သက်သေသက္ကာရ (prove) ကို အလေးအနက်ထား နံပါတ် ၁ နေရာက စဉ်းစားကြသူတွေပါ။ ဒါပေမဲ့ သိပ္ပံပညာနဲ့ ဖြေရှင်းလို့မရတဲ့ အရာတွေမှာရော ဘုရားရှင်ကို အရာရာရဲ့ အဖြေပါလို့ လက်ညိုးထိုးမလား။ သတိထားပါ လူကြီးမင်း။ ဘုရားသခင်ကို ဘယ်သူဖန်ဆင်းခဲ့သလဲလို့မေးရင် ကြက်ဥနဲ့ ကြက်မပြဿနာလို ဂျာအေးကို မုန့်လုံးစက္ကူကပ်နေမှာပါပဲ။ ဆင်မှာလည်း ဆင်အထွာနဲ့၊ ဆိတ်မှာလည်း ဆိတ်အထွာနဲ့ဆိုပေမဲ့ ဆင်အထွာကိုရော ဆိတ်အထွာကိုရော ပုရွက်ဆိတ်လေးက မမီခဲ့ပါဘူး။ ဒါပေမဲ့ ဆင်တွေ ဆိတ်တွေကို အောင်သေအောင်သားစားသူက ပုရွက်ဆိတ်လေးလည်း ဖြစ်နိုင်ပါရဲ့။ နွားခြေရာခွက်ထဲမှာ ရေတင်ကျန်ရစ်တာကို သမုဒ္ဒရာကြီးထင်နေတဲ့ ဖားလောင်းကို ဧရာဝတီမြစ်ထဲက ငါးကြင်းတစ်ကောင်က ရယ်သွမ်းသွေးတယ်ပဲ ထားကြပါစို့။ ‌အတ္တလန်းတစ် သမုဒ္ဒရာထဲက ဝေလငါးကတော့ သူ့နေရာမှာတောင် နယ်မနှံ့ခဲ့သေးပါဘူး။ ဒီလိုနဲ့ပဲ ဘုရားသားတော်တစ်ပါးနဲ့ သိပ္ပံကျေးကျွန်တစ်ယောက်က ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်ခဲ့ပေမဲ့ ရေများရင် ရေနိုင်လို့ မီးများရင် မီးနိုင်တဲ့လောကကြီးမှာ အမှန်တရားနဲ့ ယုတ္တိကျ ပြေပြစ်ခြင်းဆိုတာ တစ်ခါတလေမှာလည်း ဘယ်ဘက်မှာ၊ တစ်ခါတလေမှာလည်း ညာဘက်မှာ။ လူကြီးမင်းက အဖြူကို အဖြူပါလို့လက်ခံထားချိန်မှာ မဟူရာလို နက်မှောင်ပါတယ်လို့ ပြောလာသူတစ်ယောက်ကို လေးစားတတ်ဖို့ တကယ်အရေးကြီးပါတယ်။ သူကလည်း အမည်းကို ‌အဖြူလို့ ပြောလာသူတစ်ယောက်ကို ရင်ဆိုင်နေရသူပါ။ ဒါပေမဲ့ တစ်ထွာစာ မြေနေရာလောက်နဲ့ လူတစ်သိန်းအသက်ကို စတေးရဲသူ လူသားတွေဟာ အမည်းကို အဖြူပြောတယ်ဆိုပြီး အယူလွှဲမှားသူစာရင်းထဲကိုထည့် ရက်ရက်စက်စက် အပြစ်ပေးတတ်သူတွေ။ ဒီလိုနဲ့ပဲ အပြစ်အနာအဆာတွေ အများကြီးနဲ့ လူသားတွေရယ်၊ လူသားတွေလိုသတ္တဝါတွေရယ်ကို သူတို့က ဘယ်လောက်တောင် သိမ်နုတ်သလဲ၊ ဉာဏ်တိမ်သလဲဆိုတာ ခေါ်ပြောလိုက်ရုံတမယ် တစ်ဆင့်မြင့် အခြားကြယ်စုကြယ်ဝေးက ဂြိုဟ်သားတွေဟာ ရေဒီယိုလှိုင်းတွေနဲ့ ဆက်သွယ်ခေါ်ယူ ပညာပေးနေကြသတဲ့။ ဒီဇာတ်လမ်းဟာ လူကြီးမင်းတို့ကို အတွေးတစ်စုံတစ်ရာ ‌ပေးစွမ်းမှာဖြစ်ပြီးတော့ တနုံ့နုံ့ခံစားနေရမယ့် ရုပ်ရှင်တစ်ကားပါပဲ။ သိပ္ပံပညာရှင် အမျိုးသမီးတစ်ဦး ဗေဂါကြယ်အဖွဲ့အစည်းဆီကနေ ဆက်သွယ်မှုတစ်ခုရ၊ သူတို့ပေးတဲ့နည်းပညာနဲ့ သူတို့ဆီကို ခရီးထွက်ခဲ့တဲ့အကြောင်းဆိုပေမဲ့ အရင်းစစ်ရင် အမြစ်ကဆိုသလို မြေကမ္ဘာပေါ်မှာပဲ အသိအသစ်တွေနဲ့ အစကနေ ပြန်လည်နေထိုင်ရခြင်းကို ရည်ညွှန်းတယ်ထင်ပါရဲ့လေ။ စိတ်ပညာအသားပေးရုပ်ရှင်မလို့ ဇာတ်လမ်းနဲ့ ဇာတ်ကွက်ကို အဓိကမထားဘဲ ဒါရိုက်တာပေးချင်တဲ့ သတင်းစကားကိုသာ လိုအပ်သလို အဓိပ္ပာယ်ဖွင့်ယူနိုင်တဲ့ ကြည့်သင့်ကြည့်ထိုက်တဲ့ ဇာတ်ကားဖြစ်‌ကြောင်းပါဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

7.5 1997
Contact
Rope
7.9

“ကြိုး” ကြိုးလေး တစ်ချောင်းက လူတွေအများကြီးရဲ့ ဘဝကို ပြောင်းလဲသွားစေမယ်ဆိုရင် သင် လက်ခံနိုင်ပါ့မလား။ 1948 ကဇာတ်ကားဆိုတော့ ဒီဘက်ခေတ်က လူတွေနဲ့ အလှမ်းဝေးတဲ့ ကာလာတစ်ခုက ရုပ်ရှင်ဆိုရင်လဲ မမှားပါဘူး။ ဒါပေမယ့် IMDB နဲ့ Rotten Tomato မှာ rating တော်တော်ကောင်းတဲ့ ရုပ်ရှင်တစ်ကားပါ။ Director Hitchcock ရဲ့ ပထမဆုံး Technicolor နဲ့ရိုက်ခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ သူငယ်ချင်းနှစ်ယောက်ဟာ Nietzchean Theory (နီချေး သီအိုရီ) ကို သဘောကျပြီး လောကမှာ လူ့အဆင့်အတန်း နှစ်မျိုးနဲ့ ဘယ်သူကတော့ ဘယ်သူ့ကို သတ်ခွင့်ရသင့်တယ်ဆိုတဲ့ အယူကို လက်တွေ့ဘဝထဲ ခေါ်ဆောင်လာခဲ့ပါတယ်။ ကျူးလွန်ခဲ့တာကို ဘယ်လိုရှောင်တိမ်းမလဲ။ လွတ်သွားမှာလား မိသွားမှာလားဆိုတာကို ဇာတ်သိမ်းခန်းအထိ စိတ်ဝင်တစား ကြည့်ရမှာဖြစ်ပါတယ်။ အပြင်မှာ တကယ်ရှိခဲ့တဲ့ Leopold နဲ့ Loeb အမှု​ကို အခြေခံယူထားတဲ့ ဒီကားမှာ သရုပ်ဆောင်တွေ အားလုံးရဲ့ retro vibe ကို မြင်တွေ့ရမှာ ဖြစ်ပါတယ် File size…(1.75 GB)/(1.57 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:20:00 Genre… Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Boomer

Action • Thriller • Adventure
7.9 1948 81 mins
Rope
[18+] Trauma

Trauma (2017) စပိန်စကားပြော ချီလီဇာတ်ကားဖြစ်ပြီး ကြောက်မက်ဖွယ်ရာ Horror, Drama ,Thriller,Action ဆိုပြီး မတူညီတဲ့ အမျိုးအစားတွေတွဲဖက်ပါဝင်တဲ့ဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့… ညီမဖြစ်သူအပေါ် အရမ်းချုပ်ချယ်သလို ဖြစ်သော အစ်မကြီး အန်ဒရီယာ၊ ညီမဖြစ်သူက လိင်တူချင်းကြိုက်ပြီး အစ်မနဲ့ မတည့် အမေနဲ့ စကားမပြောတဲ့ ကာမီလာ၊ သူတို့နှစ်ယောက်ရဲ့ ဝမ်းကွဲညီအစ်မ မက်ဂ်ဒါလီနာ၊ ကာမီလာရဲ့ လက်စ်ဘီယန်ချစ်သူ ဟူလီယာ စတဲ့ မိန်းကလေး ၄ ယောက်ဟာ မြို့ပြင်နယ်စွန်နယ်ဖျားက ဦးလေးဖြစ်သူရဲ့ အပန်းဖြေအိမ်ကလေးကို အနားယူဖို့ ခရီးထွက်လာကြပါတယ်။ ဒီအိမ်ရဲ့ရာဇဝင်နဲ့ ခြောက်ခြားဖွယ်အတိတ်တွေက ဘယ်လိုဆိုတာမသိကြဘဲ အဲဒီညမှာပဲ ထူးခြားတဲ့ သားအဖနှစ်ယောက်ဟာ အိမ်ထဲကို အကြမ်းဖက်ဝင်ရောက်လာပြီး ထပ်မံဒုက္ခပေးတဲ့အချိန်မှာတော့ အမျိုးသမီး ၄ ယောက်သား အသက်ရှင်နိုင်ဖို့ ဘယ်လိုတွေ လုပ်ကြမလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ (လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြကွက်များ၊ သွေးထွက်သံယို အော်ဂလီဆန်စရာများ ပါဝင်သောကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးမှသာကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။) (Dark Side Production မှ တင်ဆက်သည်။)

Drama
0 2017 106 mins
[18+] Trauma
Widow Clicquot
6.3

? မုဆိုးမကလီကိုး(1777-1805)ဟာ နပိုလီယံ​​ခေတ် ဝိုင်လောကရှန်ပိန်သမိုင်းမှာ ရှန်ပိန်ဖော်စပ်တဲ့နေရာမှာထင်ရှားလွန်းလို့ ”ရှန်ပိန်လောကရဲ့ဖွားအေကြီး”လို့တောင်တင်စားခေါ်ဝေါ်ရတဲ့အထိ တကယ့်ဆရာတစ်ဆူအဖြစ်သမိုင်းဝင်ခဲ့တဲ့ ဂန္ဓဝင်အမျိုးသမီးကြီးတစ်ဦးပါ ? ငယ်ငယ်ရွယ်ရွယ်နဲ့မုဆိုးမဖြစ်ခဲ့ရပြီး ၁၉ရာစုအစောပိုင်းလူမှုရေးစံနှုန်းတွေအတိုင်း ယောကျ်ားတွေပဲအရာရာကိုလွှမ်းမိုးနေတဲ့​ခေတ် ဝိုင်ဖောက်တဲ့နေရာမှာ မိန်းမတစ်ယောက်ဥိီးစီးလို့မရတဲ့ခေတ်မှာ သွားလေသူ သူ့ယောကျ်ားရဲ့ စွဲလမ်းရူးသွပ်ခဲ့ရာစပျစ်ခင်းနဲ့စပျစ်ဝိုင်ထုတ်လုပ်ရေးကို အတိုက်အခိုက်တွေကြားထဲကဆက်ပြီးဥိီးဆောင်ရုန်းကန်ခဲ့တဲ့ ပြင်သစ်သူအာဂမိန်းမ ဘာ့ဘ်နီကိုးကလီကိုးရဲ့အထ္တုပတ္တိကို ဇာတ်လမ်းပြန်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ? ကွယ်လွန်သူယောကျ်ားချခဲ့တဲ့အုတ်မြစ်ကို လက်မလျှော့ဘဲ ​အခက်အခဲမျိိုးစုံလူမျိုးစုံကိုရင်ဆိုင် ”လောကဓံဆိုတာဘာလဲ မမှုဘူး ယုံကြည်ရာနောက်ကို ရေဆုံးမြေဆုံးလိုက်မယ်”ဆိုတဲ့ခံယူချက်နဲ့ ခုခေတ်မှာထိပ်တန်းနာမည်ကြီးဝိုင်တွေဖြစ်လာမဲ့ မုဆိုးမဝိုင်လို့လူသိများတဲ့ 1. *Veuve Clicquot Yellow Label Brut* 2. *Veuve Clicquot Rosé* 3. **Veuve Clicquot La Grande Dame**တွေကိုတီထွင်ဖော်စပ်ခဲ့တဲ့တကယ့်Legendအမျိုးသမီးကြီးရဲ့အကြောင်းကို ရုပ်ရှင်အနေနဲ့ပြန်လည်ပုံဖော်ထားတာပဲဖြစ်ပါတယ် ? ကလီကိုးစုံတွဲရဲ့နက်နဲတဲ့ရိုမန့်တစ်အချစ် ဝိုင်ဖောက်လုပ်ငန်းအပေါ်မှာထားတဲ့စိတ်ခံစားချက်အတိမ်အနက် ဒူပေနာပေခံမှုတွေ တီထွင်ဆန်းသစ်မှုတွေကို ဒိုင်ယာလော့ခ်ကောင်းကောင်းတွေနဲ့ ဖော်ကျူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ ကြည့်ရှူခံစားလိုက်ကြပါအုံးး…. File size…(1.2 GB)/(525 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shwe Eain Si

6.3 2023 91 mins
Widow Clicquot
Wolfs

မင်းသားကြီး ဂျော့ကလူနီ နဲ့ ဘရက်ပစ်တို့ ပါဝင်ထားတဲ့ သည်းထိပ်ရင်ဖိုမှုခင်းကားအသစ်ပါ။ ဒါရိုက်တာကတော့ Spider-Man : No Way Home ကိုရိုက်ခဲ့တဲ့ Jon Watts ပါပဲ။ ဇာတ်လမ်းအကျဉ်း တိုင်းရှေ့နေမကြီးတစ်ယောက်က လူငယ်လေးတစ်ယောက်နဲ့ ဟိုတယ်မှာ ချိန်းတွေ့ရင်း လူငယ်လေးက ဆေးလွန်ပြီး သေသွားတယ်။ ဒီလိုကိစ္စမျိုးတွေကို ရှင်းပေးတဲ့ ပရော်ဖက်ရှင်နယ်ကြီးတစ်ယောက်ကို ဖုန်းဆက်ပြီးခေါ်လိုက်တယ်။ ဒါပေမဲ့ ဟိုတယ်ပိုင်ရှင်ကလည်း ဒီကိစ္စကိုရှင်းဖို့ ပရော်ဖက်ရှင်နယ်လေးတစ်ယောက်ကို ထပ်ပြီးခေါ်မိတယ်။ အဲဒီမှ ရှင်းလင်းရေးသမားနှစ်ယောက် ထိပ်တိုက်တိုးပြီး ဒီလူသေမှုကို အတူတူ အစဖျောက်ဖို့ကြုံလာတယ်။ ဒါပေမဲ့ ဒါက သာမန်အမှုမဟုတ်ဘဲ ဘိန်းဖြူဂိုဏ်းတွေနဲ့ပါ ပတ်သတ်နေတာမို့ နှစ်ယောက်လုံး ကြားညပ်ပြီး အစကနေအဆုံးထိ လိုက်ရှင်းရင်း အသက်ရှင်ဖို့ ကြိုးစားရပါတော့တယ်။ File size…(4.3 GB)/ (1.3 GB)/(707 MB) Quality….Webrip 4K HEVC/ 1080p / 720p Format…mp4 Duration….01:48:00 Genre… Action, Comedy, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet, Ka Naung Translated by Mr. Anderson

0 2024
Wolfs
Dear Santa
5.5

ဒီဇာတ်ကားလေးကတော့ ဟာသမင်းသားကြီး Jack Black ပါဝင် သရုပ်ဆောင်ထားတဲ့ ကြည်နူးချမ်းမြေ့ရယ်ရွှင်ဖွယ် ခရစ်စမတ် ဟာသကားလေးပဲဖြစ်ပါတယ်… Liam Turner ဆိုတဲ့ ကလေးလေးတစ်ယောက် အကြီးမားဆုံး ဆန္ဒတစ်ခု ပြည့်ဝစေဖိုအတွက် ခရစ်စမတ်ဘိုးဘိုးကြီး ဆန်တာကလော့ဆီ ဆုတောင်းစာရေးပိုရာမှ အလွဲအချော် တစ်ခုကြောင့် မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေကို ဒီကားလေးမှာ ပြုံးရွှင်ဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်… အဆိုတော် Post Malone ကိုလည်း ဒီကားမှာ Cameo အနေနဲ့ တွေ့မြင်ရမှာဖြစ်လို Postmates ‌တွေလည်း သဘောကျမိမယ်လို မျှော်လင့်ပါတယ်… မိတ်ဆွေက ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာဟာသကားလေးကို သဘောကျသူဆိုရင်တော့ ဒီကားလေးဟာ အချိန်ပေးကြည့်ဖို ထိုက်တန်တဲ့ ကားလေးတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်… File size… (1.84GB) / (954MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 47m Genre ….. Comedy , Fantasy , Holiday , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

5.5 2024 108 mins
Dear Santa
The Unborn Soul Vong Nhi
5.3

The Unborn Soul (2023) IMDb Rating (5.3) ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ Tung နဲ့ Thao က သူတို့ဘဝမှာ အရာအားလုံးအဆင်ပြေနေပေမဲ့ သူတို့လိုချင်တဲ့ မိသားစုဝင်အသစ် ကလေးလေးကို တော့ အိမ်ထောင်သက်တမ်းသုံးနှစ်ပြည့်တဲ့အထိ ​မရနိုင်ဘူး ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာကံကောင်းပြီး Thao ကိုယ်ဝန်ရသွားတော့ သူတို့နှစ်ယောက် အပျော်လွန်နေချိန်မှာပဲ ထူးဆန်းတဲ့ ကလေးဝိဉာဥ် ခြောက်လှန့်မှုတွေကို သူတို့အိမ်မှာ စပြီး ကြုံခဲ့ရတော့တယ်။ အိပ်မက်ဆိုးတွေဆက်တိုက်မက်တဲ့ Thao က ကြာလာတော့ ကြောက်ရွံ့ပြီး အပနှင်ဆရာဆီကို သွားမေးတဲ့အခါ အဲဒီဝိဉာဥ်က Thao အတိတ်က သူ့ဝမ်းကွဲညီမလေးကို ကိုယ်ဝန်ဖျက်ချခိုင်းခဲ့လို့ Thao ကို အငြိုးထားနေတဲ့ သန္ဓေသားဝိဉာဥ်ဆိုတာ သိခဲ့ရတယ်။ Thao သူလွယ်ထားတဲ့ ကလေးလေးကို သူ့နောက်ခြောက်လှန့်ပြီး အနှောင့်အယှက်ပေးနေတဲ့ ကလေးသရဲဆီကနေ ဘယ်လိုကာကွယ်မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖိုနဲ့ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီ Vietnam horror ကားက ဗီယက်နမ်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချမှုနှုန်းတွေက အတော်လေးမြင့်တက်နေတာကြောင့် လူ့ဘဝကိုရောက်ခွင့်မရသေးတဲ့ အပြစ်မဲ့ကလေး တွေရဲ့အသက်ကို တန်ဖိုးထားပြီး ကာကွယ်တတ်ဖို့ မက်ဆေ့ကိုပေးချင်တဲ့ Horror ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.7 GB) / (840 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:58:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

5.3 2023 117 mins
The Unborn Soul Vong Nhi
Kumbaari
6.3

Kumbaari (2024) “တို့အတူ” ပေါ့ပေါ့ပါးပါး တမီးလ် ဖန်စီအချစ်ကားလေးကို တင်ဆက်လိုက်ပါတယ် သာယာတဲ့ နယ်မြို့လေးတစ်မြို့က အာရွန်ဆိုတဲ့ တည်ကြည်ရိုးသားတဲ့ ကောင်လေးနဲ့ အစအနောက်သန်တဲ့ ဒါရှီနီဆိုတဲ့ ကောင်မလေးတို့ဇာတ်လမ်းမှာ ဒါရှီနီက ယူကျုဘာတစ်ယောက်ဖြစ်ပြီး prank ဗီဒီယိုတွေ ရိုက်ရင်း အာရွန်နဲ့ မတော်တဆဆုံမိတာပါ ဗီဒီယိုတစ်ပုဒ် နာမည်ကြီးသွားတဲ့နောက်မှာတော့ အာရွန်တစ်ယောက် ဟီးရိုးကြီးဆိုတဲ့ နာမည်ရလာခဲ့ပြီး သူတို့နှစ်ယောက်ဘယ်လိုတွေ နီးစပ်လာကြမှာလဲ ဘယ်လိုရန်သူတွေနဲ့ ရင်ဆိုင်ဖိုက်ရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Thriller • Mystery
6.3 2024 115 mins
Kumbaari
To Me, the One Who Loved You
6.9

To Me, the One Who Loved You (2022) IMDB – 6.9/10, MyAnimeList – 7.4/10 ဒီကားကို မကြည့်ခင် ပထမဦးဆုံးပြောချင်တာကတော့ သူနဲ့အတူတူ တွဲထွက်လာတဲ့ အမွှာရုပ်ရှင် “To Every You I’ve Loved Before” ကို ပစ်ပယ်ထားလို့မရပါဘူး ဘာလို့လဲဆိုတော့ သူတို့နှစ်ကားက အလင်းနဲ့အမှောင်လို ဟန်ချက်ညီစွာ ယှဉ်တွဲနေလို့ပဲ ဖြစ်ပါတယ်။ ဒီတော့ တစ်ခုမေးစရာရှိတာက ဒီနှစ်ကားကို ဘယ်ကားအရင်စကြည့်ရမလဲဆိုရင် ကြက်ဥနဲ့ ကြက်ပြဿနာလို ဖြစ်နေမှာပါ။ ဆိုတော့ကား ပရိသတ်တို့ စိတ်ကြိုက်သာ ကြည့်ကြပါ ဘယ်လိုနေနေအဆင်ပြေပါတယ်။ ဒီ Anime နှစ်ကားတွဲရုပ်ရှင်လေးကတော့ ဂျပန်ရိုးရာမူမပြတ် Multiverse လိုအပြိုင်ကမ္ဘာနဲ့သက်ဆိုင်တဲ့ ထူးဆန်းထွေလာ အယူအဆအကြောင်းအရာတွေကို လူလိုနားမလည်နိုင်အောင် ထည့်ထားပြီး ကြီးမြတ်တဲ့ ချစ်ခြင်းမေတ္တာတရားကို ဖော်ကျူးထားတာပါ။ ဒီကားလေးတွေကို ကြည့်မိတော့ တစ်ခုပြေးမြင်မိတာ အဆိုတော်မင်းသား Jared Leto သရုပ်ဆောင်ထားတဲ့ Mr. Nobody ဆိုတဲ့ ရုပ်ရှင်ကိုပဲ။ အဲဒီကားမှာဆို လူသားတစ်ယောက်ရဲ့ဘဝတစ်ခုမှာ ရွေးချယ်မှုလေးတစ်ခုပြောင်းသွားတာနဲ့ နောက်ဆက်တွဲအကျိုးဆက်က မတူညီတော့တဲ့အကြောင်းကို မော်ဒန်ဆန်ဆန် တင်ပြထားတာပါ။ ဒီကားမှာလည်း ထိုနည်း၎င်းပေါ့လေ… ယခုဒီကားမှာဆို မင်းသားက ကွာရှင်းထားတဲ့ မိဘနှစ်ယောက်ကြား အဖေဘက်ကို လိုက်သွားတဲ့ဇာတ်ကြောင်းဖြစ်ပြီး သူ့အမွှာဖြစ်တဲ့ ဟိုကားမှာကျ အမေဘက်ပါသွားတဲ့ကားလို့ အကျဉ်းချုံးယူဆလို့ရပါမယ်။ သူ့အယူအဆ သီအိုရီသဘောတွေကတော့ ကျွန်တော်တို့အနားမှာတင် သိပ်ပြီး ကွာခြားချက်မကြီးမားတဲ့ အပြိုင်ကမ္ဘာလေးတွေ များစွာရှိနေတယ်ပေါ့လေ။ ဥပမာဆို မနက်စာကို ဒီဘက်ကမ္ဘာမှာ ရှမ်းခေါက်ဆွဲစားပြီး ဟိုဘက်မှာကျ မြီးရှည်စားတယ်ဆိုတာမျိုး။ ကဲ ဒါဆို ဇာတ်လမ်းအကျဉ်းလေးက မင်းသားဖြစ်တဲ့ Koyomi ဆိုတဲ့ကောင်လေးက ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့ အပြိုင်ကမ္ဘာနဲ့ ပတ်သက်တဲ့ သိပ္ပံသုတေသနဌာနမှာနေရင်း တခြားပညာရှင်တစ်ယောက်ရဲ့သမီးဖြစ်သူ Shiori နဲ့ နဖူးစာရွာလည်ပြီး ဆုံတွေ့ခဲ့ကြတာ။ ဒီလိုနဲ့ နှစ်ဦးသား ငယ်စဉ်ကလေးဘဝကတည်းကနေ နှစ်တွေကြာပြီး သံယောဇဉ်တွေ တိုးပွားပေါက်ဖွားလာချိန်ကျမှ သူတို့ Single မိဘနှစ်ပါးက အချင်းချင်း လက်ထပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်ကျ Koyomi တို့နှစ်ယောက်က ဒါဆိုရင်တော့ မဖြစ်ဘူး သူတို့ မူရင်းမိဘတွေ ကွာမရှင်းထားတဲ့ အပြိုင်ကမ္ဘာတွေဆီသွားပြီး နှစ်ဦးသား လက်ထပ်ပေါင်းဖက်ကြမယ်ဆိုပြီး ဉာဏ်ကောင်းပြီး လူကြီးတွေမသိအောင် Parallel World ကို ခိုးသွားကြတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြရမလဲဆိုတာကို ကြည့်ရမှာပါ။ တချို့ သိပ္ပံသီအိုရီ ရှင်းပြချက်တွေကို လျစ်လျူရှုပြီး Animation ကောင်းကောင်းနဲ့ပဲ ဇာတ်လမ်းကို ခံစားစီးမျောကြည့်မယ်ဆို ဆွတ်ပျံကြည်နူးလွမ်းမောစရာ မေတ္တာဘွဲ့တေးတစ်ပုဒ်ကို နားဆင်ရသလို ဖြစ်နေမှာတော့ အမှန်ပါပဲဗျာ…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size… 1.1 GB / 462 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Animation, Romance, Fantasy, Sci-fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

Animation • Adventure • Comedy • Family • Fantasy • Music
6.9 2022 98 mins
To Me, the One Who Loved You
The Real Sister aka Chi Dâu
7.3

The Real Sister (2024) “အစ်မကြီးအမိအရာ” ဒီတစ်ခါမှာတော့ ခပ်ဆန်းဆန်း ဗီယက်နမ် မိသားစုဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ အစ်မကြီး Hai က မုဆိုးမတစ်ယောက်ဖြစ်ပြီး ဆုံးသွားတဲ့သူ့ယောကျ်ားနဲ့ အတူတူကြိုးစားခဲ့လို အတော်လေးချမ်းသာကြွယ်ဝသူပါ သူ့ယောကျ်ားမှာ ညီမ ၄ ယောက်တောင်ရှိပြီး အားလုံးက တစ်ယောက်တစ်ပေါက်နဲ့ဆိုပေမဲ့ အကူအညီလိုလာရင် Hai ကပဲ သူ့ယောင်းမလေးတွေကို ပြန်ကြည့်ပေးရပါတယ် တစ်ရက်တော့ ဘိုးဘွားပိုင်အိမ်မှာ ဆုံးသွားတဲ့မိဘတွေအတွက် နှစ်လည်ကန်တော့ပွဲလုပ်တဲ့အခါမှာတော့ ယောင်းမ ၄ ယောက်လုံးရောက်လာကြပါတယ် ဒီလိုနဲ့ မိသားစုကြားဘယ်လိုပြဿနာအလွဲအချော်လေးတွေ ဖြစ်ကြမလဲ နောက်ပြီး ဘယ်လိုမျိုးကြည်နူးစရာလေးတွေရော တွေ့ကြုံရမလဲ ဆိုတာကတော့ ။ ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team မှ ဖြစ်ပါတယ်

Comedy • Adventure • Family • Crime • Drama
7.3 2024 100 mins
The Real Sister aka Chi Dâu
Gone with the Wind
8.2

Gone with the Wind (1939) IMDb Rating (8.2) / Rotten Tomatoes (90%) ပရိသတ်တွေ ဒီနာမည်ကြားဖူးကြလိမ့်မှာပါ။ ခင်ဗျားတို့ အဖေအမေတွေ အဘိုးအဘွားတွေကတော့ ဒီနာမည်အစား ” လေရူးသုန်သုန် “ ဆိုတဲ့နာမည်ဆိုရင်ပိုပြီးသိကြလိမ့်မယ်ဗျ။ ဆရာမြသန်းတင့်ဘာသာပြန်ခဲ့ပြီး မြန်မာ့ဘာသာပြန်စာပေလောက တစ်ခေတ်ဆန်းစေခဲ့တဲ့ ကမ္ဘာကျော်စစ်နောက်ခံအချစ်ဝတ္ထုကြီး အေဗရာဟင်လင်ကွန်းခေတ် ပြည်တွင်းစစ်အတွင်း ပေါက်ဖွားလာခဲ့တဲ့ အချစ်ဇာတ်လမ်းနောက်ဆုံး ဒီဇာတ်လမ်းကို ပိတ်ကားပေါ်တင်လိုက်တဲ့အခါအော်စကာဆု ၁၅ဆု အတွက်လျာထားခံရပြီး ၈ဆု ရခဲ့တဲ့ဇာတ်ကားဒီခေတ်အနေနဲ့ ပြန်ကြည့်ရင်တောင် Rotten Tomato မှာ9၀% နဲ့ imdb မှာ 8.2 ရထားတဲ့ကားမသေခင်ကြည့်သင့်တဲ့ ဇာတ်ကား ၁၀၀၁ကားထဲမှာ ထိပ်ဆုံး list ကနေပါတဲ့ကားစပြီးရုံတင်တဲ့အချိန်ကစပြီး ၂၅နှစ်ထိကြာအောင် ဇယားထိပ်မှာ ရပ်တည်ခဲ့တဲ့ သူ့ရဲ့စံချိန်ကိုခုထိဘယ်ဇာတ်ကားမှ မချိုးနိုင်ခဲ့တဲ့ကားဒီလိုမျိုး ပြည့်စုံနေတဲ့ကားက ထုံးစံအတိုင်း ကြာချိန်က၃နာရီ နဲ့ မိနစ်၄၀ နီးပါးကြာတယ်စကားလက်အိုဟာရာ ရဲ့ တစ်ဖက်သတ်အချစ်ဇာတ်လမ်းစစ်ဖြစ်တဲ့ အချိန်မှာ ကြုံရတဲ့ လောကဓံအပြောင်းအလဲတွေကိုယ့်ကို မချစ်တဲ့ယောက်ျားတစ်ယောက်အတွက်အရွဲ့တိုက်ချင်တဲ့စိတ်ဒီစိတ်ကြောင့် ကြုံခဲ့ရတဲ့ အခက်အခဲဒုက္ခတွေနောက်ဆုံး ကိုယ်အမုန်းဆုံးလူက ကိုယ်တစ်ကယ်ချစ်တဲ့လူမှန်း သိလာရချိန်မှာလဲလောကဓံတရားက ထပ်ပြီး နိုပ်စက်လိုက်ပြန်တဲ့အခါ . . . အကောင်းဆုံး ဂန္ဓဝင်ဝတ္ထုကြီးကို ဇာတ်လမ်းအချိတ်အဆက်မိမိ နောက်ခံတီးလုံးအကောင်းစားတွေ သရုပ်ဆောင်တွေရဲ့အပိုအလိုမရှိ ကိုယ့်ဇာတ်ကောင်ကိုပိုင်နိုင်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဒီလိုမျိုး အော်စကာဆု ၈ဆုရတဲ့အကြီးကျယ်ဆုံး ဂန္ဓဝင်ဇာတ်ကားကြီး ဖြစ်လာပါတော့တယ်။ “After all, tommorrow is another day! “ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ye Khant Min ဖြစ်ပါတယ်။) File size… (15 GB) / (5.8 GB) / (3.3 GB) Quality…. Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance,War Duration…. 03:53:57 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Ye Khant Min

8.2 1939 233 mins
Gone with the Wind
3BHK
7.6

3BHK (2025) နွေးထွေးတဲ့ အိပ်မက်အိမ်ကလေး IMDb -7.6/10 သာမန်မိသားစုလေးတစ်ခုရဲ့ ရိုးရှင်းနွေးထွေးတဲ့ အိပ်မက်လေးတစ်ခုအကြောင်းကို ဒရာမာခပ်နည်းနည်းနဲ့ တင်ပြထားတဲ့ ရုပ်ရှင်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ အိမ်ပိုင်မဟုတ်တဲ့ အိမ်ထောင်စုလေးတစ်ခုရဲ့ အခန်းကိုယ်စီနဲ့အိမ်လေးရဖို့ ကြိုးစားမှုလေးက အတော်လေးချစ်စရာကောင်းတာမလို့ ခုပဲ ရှုစားလိုက်ရအောင်ပါ။ ဗာဆူဒေဗန်က သားတစ်ယောက် သမီးတစ်ယောက်ရှိတဲ့ မိသားစုလေးရဲ့ အိမ်ထောင်ဦးစီး သူ့ရဲ့ ကာလရှည်ကြာအိပ်မက်တစ်ခုက မြို့ထဲမှာ အခန်းကိုယ်စီပါတဲ့ တိုက်ခန်းကောင်းကောင်းတစ်လုံး ဝယ်ဖို့ပါပဲ။ ဒါပေမဲ့ ရတဲ့လစာနဲ့ မိသားစုတွေစားစရိတ် သားသမီးတွေရဲ့ ကျောင်းစရိတ်က လောက်ငှရုံလေးဆိုတော့ အိပ်မက်က လိုက်လေပြေးလေ တွေးလေဝေးလေဖြစ်နေတာပေါ့။ ဒီလိုနဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ အိမ်ဝယ်တော့မယ်လို့အတွေး မြို့ထဲကတိုက်ခန်းကို ငေးကြည့်နေတဲ့ အဖေ့ရဲ့ဆွေးရိပ်ထင်နေတဲ့မျက်နှာကိုကြည့်ပြီး သူတို့တစ်မိသားစုလုံး အိမ်ဝယ်ဖို့ ကြိုးစားပါတော့တယ်။ ကဲ သူတို့အိပ်မက်ထဲက Home sweet homeလေးကို ပိုင်ဆိုင်ခွင့် ရသွားကြမလားကတော့ အတူရှုစားကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM B Teamမှပဲဖြစ်ပါတယ်)

Action • Drama
7.6 2025 139 mins
3BHK