YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Have a Crush on You E31 CM.mp4

262.45 MB N/A video/mp4 142 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Olvido y León
6

ဇာတ်ကားနာမည်အတိုင်းပဲ အော်ဗီဒို နဲ့ လီယွန်တို့ မောင်နှမ နှစ်ယောက် အကြောင်းကို အဓိက တင်ဆက် ထားပါတယ်။ မွေးဖွားတဲ့နေ့ရက်တူပေမယ့် ကံကြမ္မာမတူတဲ့ သူတို့နှစ်ယောက်မှာ လီယွန်က Down Syndrome ဝေဒနာသည်လေး အဖြစ် မွေးဖွားလာခဲ့ပါတယ်. အဖေရော အမေပါ ဆုံးသွားပြီးတဲ့နောက် သူတို့နှစ်ယောက် တည်း ကျန်ခဲ့တဲ့အချိန်မှာ ဘယ်သူ့ကိုမှ မျက်နှာသာမပေးတဲ့ လောကဓံတရားကလည်း သူတို့ကို ပြင်းထန်စွာ ရိုက်ခတ် လာပါတော့တယ်။ မိဘမဲ့အနေနဲ့ အစိုးရထောက်ပံ့ကြေး ယူ ထားရင်းနဲ့ပဲ ဝါသနာပါတဲ့ သရုပ်ဆောင် အလုပ်ကိုလည်း လက် မလွှတ်နိုင်ဘဲ အောင်မြင်မှုနဲ့ ဝေးကွာရင်း စိတ်ကျန်းမာရေးပါ ထိခိုက်လာတဲ့ အော်ဗီဒို၊ အစ်မဖြစ်သူရဲ့ အခြေအနေကို အဆုံး စွန်ထိ ကာကွယ်ပြောဆိုရင်း ဉာဏ်ရည်မဖွံ့ဖြိုးပေမယ့် မေတ္တာ တရားများ ဖွံ့ဖြိုးကြီးထွားလာသူ လီယွန်တို့နှစ်ယောက် အခက် အခဲတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ။ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားရလောက်တဲ့အထိ စိတ်ဓာတ် တွေ ကျဆင်းနေသူအတွက် လီယွန်ရဲ့ ရိုးရှင်းစွာအားပေးလိုက်တဲ့ စကားလေးတစ်ခွန်းကိုလည်း ပြောပြချင်ပါတယ်။ “You Can Also Die of Success” (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်) File Size..........(1.7 GB) / (650 MB) / (380 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1H 47Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Sai Sumali Encoder..........SWM

Adventure • History
6 2021
Olvido y León
Pu-239
6.7

ရုရှားရဲ့လျှို့ဝှက်နျူကလီးယားစက်ရုံတစ်ခုမှာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး နည်းပညာရှင်တစ်ယောက်ဖြစ်တဲ့ တီမိုဖေးဟာ ရေဒီယို သတ္တိကြွမှုအဆင့် Rems 100 နဲ့ထိတွေ့ခံခဲ့ရပါတယ်။ ဒီပမာဏဟာ ကာယကံရှင်နဲ့ပတ်ဝန်းကျင်ကိုထိခိုက်နိုင်မှုနည်းပါးပေမယ့် စက်ရုံ ဒါရိုက်တာက ဖြစ်စဉ်တစ်ခုလုံးအတွက် တီမိုဖေးကိုအပြစ်ပုံချပြီး ခံစား ခွင့်တွေမှန်သမျှရုတ်သိမ်းခဲ့ပါတယ်။ တစ်ခုခုသိထားပုံရတဲ့ တီမိုဖေးဟာ ပလူတိုနီယမ် နည်းနည်းခိုးယူလာပြီးမြို့ပေါ်တက် ရောင်းချဖို့ကြိုးစား ရင်းနဲ့သူ့ဇနီး သူ့သားတို့နောင်ရေးတို့စိတ်အေးရအောင် စီစဉ်ပါတော့ တယ်။ အဲ့ဒီမှာပဲ သူ ရှစ်ဇ်နဲ့စတွေ့ပါတယ်။ရှစ်ဗ်ဆိုတာကတော့ လူဆိုးဂိုဏ်းတစ် ခုရဲ့ ငွေကောက်တဲ့လူမိုက်အဆင့်တွေထဲကတစ်ယောက်ဖြစ်ပြီး လောလော ဆည်တော့ သူတို့ဂိုဏ်းနဲ့ပြိုင်ဘက်ဂိုဏ်နယ်မြေထဲက ဆိုင်တစ်ဆိုင်ကို လိပ် စာမှားပြီး ငွေဝင်ကောက်ရင်း ဆိုင်ကိုမီးရှို့ပစ်မိလို့ သူ့ဘော့စ်က လျော်ကြေး တောင်းထားတဲ့အတွက် အဲ့ဒီလျော်ကြေးကို နည်းပေါင်းစုံနဲ့ရှာနေရပါတယ်။ သတ်မှတ်ချိန်အတွင်း သတ်မှတ်ပမာဏမရရင် အသတ်ခံရမှာဖြစ်တဲ့အတွက် သူလည်းအသည်းအသန်ဖြစ်နေတာပါ။ ဒီတော့ လက်ကျန်ဘဝသက်တမ်း အချိန်အကန့်အသတ်နဲ့ ငွေသိပ်လိုနေတဲ့လူနှစ်ယောက် နျူကလီးယားဗုံးထုတ် နိုင်တဲ့အဆင့် ပလူတိုနီယမ်တွေကိုတစ်ညအတွင်း အမြန်ရောင်းထွက်ဖို့နည်း ပေါင်းစုံနဲ့ကြိုးစားကြတာတွေကိုမြင်တွေ့ရမှာပါ။ Drama ဆိုပေမယ့် ရှစ်ဗ် ပါဝင်လာတဲ့အပိုင်းကစပြီး Crime/Thriller ဆန်ဆန်နဲ့မြူးမြူးသွက်သွက် ဆွဲခေါ်သွားတာဖြစ်တဲ့အတွက် အဆုံးထိဆွဲဆောင်မှုရှိတဲ့ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size..........(2.13 GB) / (842 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Alias Encoder..........SWM

Horror • Thriller
6.7 2006 97 mins
Pu-239
Silence
7.1

Liam Neeson နဲ့ Andrew Garfield ပါဝင်တဲ့ ဒီဇာတ်ကားလေးဟာဆိုရင် မိမိတို့ဘာသာ တရားအတွက် မိမိရဲ့ ယုံကြည်မှု့အတွက် အသက် ကိုစွန့်လွှတ် ခဲ့တဲ့ ခရစ်ယာန် ဘာသာဝင်တွေ နဲ့ ခရစ်ယာန် ဘုန်းတော် ကြီးတွေ အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ Rating 7.2 ရရှိထားတဲ့ ဒီဇာတ်ကားလေး ဟာဆိုရင် ကြည့်ရတာ တော်တော့်ကိုကောင်းမွန် တဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားထဲမှာ တော်တော် ကို အော့နှလုံးနာစရာ အခန်းတွေ ပါဝင်ပေမဲ့ ရက်စက်ကြမ်းကြုတ်တက်တဲ့ လူသားတွေရဲ့ သဘောသဘာဝ ကို ပုံဖော်ပြထားတာကိုပဲခံစားကြည့် ရှု့ဖို့ တောင်းဆိုပါရစေ။ ဇာတ်လမ်း အကျဉ်းကတော့ ၁၇ ရာစု အစပိုင်းမှာ ဂျပန်ကို သာသနာပြုဖို့ အတွက် ဘုန်းတော်ကြီး Ferreira (Liam Neeson) တို့ဟာစေလွှတ်ခြင်းခံခဲ့ရပါတယ်။အစပိုင်းမှာတော့ သူတို့ခရီးစဉ် အောင်မြင် ခဲ့ပြီး နောက်ပိုင်းမှာတော့ ရက်စက်တဲ့ Shogun တွေက သာသနာပြုလုပ်ငန်းတွေကို ဖျက်စီး ဘာသာဝင်တွေကို ဖမ်းဆီး နှိပ်စက် ကာ သာသနာ ပြု ဘုန်းတော်ကြီးတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ သို့သော် မကြာခင်မှာရရှိတဲ့ သတင်းအရ ဘုန်းတော်ကြီး ဖာရာရီဟာ ခရစ်ယာန် သာသနာ ကို စွန့်လွတ် သွားပြီတဲ့လေ။ ဒါကို မယုံနိုင်တဲ့ သူ့ တပည့် နှစ်ယောက် ဖြစ်တဲ့ Andrew Garfield နဲ့ Adam Driver တို့နှစ်ယောက်ဟာ သူ့တို့ ဆရာကို ရှာဖွေဖို့ ဂျပန်ကို တိတ်တဆိတ် ဝင်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့ မကြာခင်မှာပဲ Shogun တွေက သိရှိသွားတဲ့အခါမှာတော့ သူ့ကို အတင်း အကျပ်ကိုင် ပြီး ဘာသာကိုစွန့်လွှတ်ခိုင်းပါတော့တယ် သူ ဘာသာကို မစွန့်လွတ်ဘူးဆိုရင် သူ့ရှေ့တင် မှာပဲ ခရစ်ယာန်ဘာသာဝင်ရွာသားတွေကို သတ်ဖြတ်ပြပါတယ် အန်ဒရူး အနေနဲ့ မိမိရဲ့ ယုံကြည် သက်ဝင်မှု့ကို စွန့်လွတ်ပြီး တစ်ခြား သူတွေရဲ့ အသက်ကို ကယ်တင်မလား မိမိ ရဲ့ ယုံကြည်မှု့ကို ပဲ ခိုင်မြဲစွာဆုပ်ကိုင်ထားမလားဆိုတာ စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်ရမှာပါ။ <Tariq L Walker> File Size : 1.3 GB Quality :  Bluray 720P Running Time : 2hr 41minutes Format : Mp4 Genre :   Drama, History Encoder : Tariq L Walker

Crime • Drama • Romance
7.1 2016 161 mins
Silence
Horror in the High Desert
5.3

Horror in the High Desert (IMDb 5.7/10 , RT 66% ) ၂၀၁၇မှာ အမေရိကန် နီဗားဒါးမှာ ဂယ်ရီဟင့်ဆိုတဲ့ ခြေလျင်တောင်တက်သမားတစ်ယောက် ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်… သူ့ကို အင်းအားသုံး ရှာဖွေခဲ့ကြပေမယ့် မတွေ့ရှိခဲ့ပါဘူး… အလားတူပဲ နောက်တစ်နှစ်မှာ အမျိုးသမီးတစ်ယောက်ပျောက် တစ်ယောက် အသတ်ခံခဲ့ရပါတယ်… နီဗားဒါးပြည်နယ်ထဲက ဆိုက်ပရပ်စ်မြို့ဟာ အထီးကျန်ဆုံး ဟိုင်းဝေးလမ်းမှာလို့ ခေါ်ကြတဲ့ အဝေးပြေးလမ်းမကြီးပေါ်က အစိတ်အပိုင်းတစ်ခုပါ… အထီးကျန်ဆို မိုင်၂၀၀လောက်နေမှ ရဲရှိတဲ့ အထိကို အဲ့ကြားထဲမှာ ဘာဆိုဘာမှမှရှိမနေတဲ့ ကန္တာရအတိဒေသကြီးတစ်ခုပေါ့… ဒီလိုဝေးလံတဲ့ဒေသမှာ လူသူနည်းတာမို့ လူမဟုတ်တဲ့ သတ္တဝါတွေက ကြီးစိုးလို့နေပါတယ်… ဒါပေမယ့်လည်း ဒီသတ္တဝါတွေကို လက်ဆုပ်လက်ကိုင်ပြနိုင်တာမျိုးတော့ မရှိသေးပါဘူး… ဒီဇာတ်လမ်းမှာတော့ ရရှိထားတဲ့အထောက်အထား… ခံရတဲ့ သားကောင်တွေကို အင်တာဗျူးတဲ့ Documentry ပုံစံမျိုး ရိုက်ကူးထားတာပါ တစ်ကားလုံးကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာမို့ သဲထိတ်ရင်ဖိုဇာတ်လမ်းကြိုက်သူတွေအဖို့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(1.4GB) / (600MB) Quality__WEB-DL_1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__01:15:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Lawn Ya Tal

5.3 2022 80 mins
Horror in the High Desert
Awareness

လူတိုင်းသိကြတဲ့ Money Heist ထဲမှာ Berlin အနေနဲ့နာမည်ကြီးခဲ့ပြီး၊ Berlin ဇာတ်ကောင်နဲ့ပဲ spin-off series ထပ််ထွက်ဦးမယ့် စပိန်မင်းသားကြီး Pedro Alonso ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားသစ်လေးတစ်ကားကိုတင်ဆက်ပေးပါရစေ။ Ian ဆိုတဲ့ကောင်လေးဟာ လူတွေကိုမရှိတဲ့အရာတွေကို မြင်အောင်လုပ်နိုင်တဲ့ ထူးဆန်းတဲ့စိတ်စွမ်းအားကိုပိုင်ဆိုင်ထားတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုကြီးမားတဲ့စွမ်းအားရှိပါလျက်နဲ့ Ianဟာ သူ့အဖေအုပ်ထိန်းမှုအောက်မှာ သားအဖ ၂ယောက်အတူ မြို့အစွန်အဖျားလေးမှာပုန်းလျှိုးကွယ်လျှိုးနေထိုင်ရင်း အသေးစားဓားပြမှုလေးတွေကျူးလွန်ပြီးအသက်မွေးနေရရှာတယ်။ သူ့ကို သူ့အဖေတစ်ယောက် ဘာကြောင့်များ လူ့အဖွဲ့အစည်းရဲ့အဝေးမှာ ဒီလိုစုတ်ချာပြီးအထီးကျန်တဲ့ဘဝမျိုးနဲ့နေခိုင်းသလဲဆိုတာကိုတော့ သူနားမလည်ခဲ့ဘူး။သူ့အဖေကတော့ သူ့ကိုလာဖမ်းပြီး ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်မှုတွေလုပ်ချင်နေတဲ့သူတွေရှိတယ်ဆိုတာကိုပဲ အမြဲသတိပေးနေခဲ့တယ်။ မထင်မှတ်တဲ့အမှားတစ်ခုကြောင့် တစ်နေ့မှာ သူ့ အဖေစိုးရိမ်ခဲ့တဲ့အရာတွေတကယ်ဖြစ်လာခဲ့တဲ့အခါမှာတော့ Ian တစ်ယောက် အခက်အခဲများစွာရင်ဆိုင်လာရပါတော့တယ်။ Ianတစ်ယောက် သူကိုယ်တိုင်တောင်နားမလည်တဲ့အရှုပ်တွေရဲ့ အလယ်ဗဟိုချက်ဖြစ်လာရပါတော့တယ်။ ထိုအရှုပ်တွေကြားမှာရော သူလိုက်ရှာနေတဲ့အဖြေတွေကိုရှာတွေ့နိုင်မှာလား။ သူ့ကိုယ်သူနဲ့ပတ်သက်ပြီးရော ဘယ်လိုအမှန်တရားတွေကိုတွေ့ရှိလာရမလဲ။ သူ့ရဲ့စွမ်းအားတွေကရော ဘယ်လိုဖြစ်တည်လာခဲ့သလဲဆိုတဲ့အဖြေများကိုဘယ်လိုရှာဖွေမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre…Mystery, Sci-fi. Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar Maw

0 2023 112 mins
Awareness
Heaven’s Seven
6.1

Heaven’s Seven (2002) ဗီယက်နမ်စစ်ပွဲအပြီး သွေးသောက်ညီအစ်ကိုဖြစ်တဲ့ထိုင်းစစ်သား၇ဦးအဖွဲက သူတိုနေရပ်ကိုပြန်သွားခဲ့ကြတယ် တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံမှာ အမေရိကန်လူမျိုးတွေက ဓာတုအဆိပ်တမျိုး လာသိုလှောင်တာကို ရဲအုပ်အွန်အတ်က သက်သေရှာဖိုတာဝန်ကျနေခဲ့ပါတယ် စစ်သားဟောင်း၇ဦးတိုအဖွဲကို သူဌေးတစ်ဦးက အမေရိကန်လူမျိုးတွေဆီက ရွှေခိုးဖို ငှါးရမ်းခဲ့တယ် တစ်ဖက်ကလည်း ရဲအုပ်အွန်အတ်ကို ဒီဓာတုအဆိပ်ကားခိုးဖိုကူညီခဲ့တာကြောင့် သူဌေးကြီးအပါအဝင် ပြည်သူအများ ဓားစာခံအဖြစ် ဖမ်းစီးခြင်းခံခဲ့ရရာကနေ ဒီအဖွဲက ဗျာများစရာ ဓာတုကားနဲ့ပြည်သူ့အသက်ကြားမှာ ဘယ်လိုတွေရွေးချယ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ် အညွှန်း န့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy Quality…. 1080p | 720p File size… 5GB } 2GB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator …..Lei Wutyi Tun Encoder ….. Aaron

Family • Adventure • Science Fiction • Drama
6.1 2002 106 mins
Heaven’s Seven
The Grey Man
5.9

ဒီဇာတ်ကားလေးကတော့ ဟောင်ကောင်က ဘိန်းရာဇာဂိုဏ်းတစ်ခုကိုဖယ်ရှားကြမဲ့ ရဲတွေနဲ့ ဘိန်းရာဇာဂိုဏ်းကြားထဲက ထောင်ချောက်တွေ အလှည့်အပြောင်းတွေကို ရင်ခုန်စွာနဲ့ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ။ Crime နဲ့ Action , Drugs စတဲ့ဇာတ်လမ်းအမျိုးအစားတွေကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်မှာ အသေအချာပဲလို့ အာမခံပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ – ဘိန်းရာဇာဂိုဏ်းရဲ့ စီမံသူတစ်ဦးဖြစ်တဲ့ အစ်ကိုပေါက်ဆိုသူက လိုင်ခါးမှ ာဘိန်းအရောင်းအဝယ်လုပ်ရင်း ရဲတွေဆီမှာမိမလိုဖြစ်သွားခဲ့ပါတယ် ။ ဒါပေမဲ့ သူကလည်းအဆက်အသွယ်တွေရှိတော့ သူ့အစား သူ့ရဲ့ညာလက်ရုံး အားထျန်းခေါင်းပေါ်ကိုအကုန်ပုံချလိုက်ပါတော့တယ် ။ ငွေလည်းသုံးထားတာမို့ အားထျန်းကလည်း ထောင်အကြာကြီးတော့မကျဘဲ လိုင်ခါးမှာပဲ ထောင် ၃နှစ်ကျသွားပါတော့တယ် ။ ဒါပေမဲ့ ရဲတွေမိသွားတဲ့နေရာမှ ာတိုက်ရင်းခိုကိရင်းက ဘယ်လက်ရုံးခုန်ချွဲ့ရဲ့ညီလေးကလည်း သေဆုံးသွားခဲ့ပါတယ် ။ ခုန်ချွဲ့ကတော့ သူ့ညီလေးကို အားထျန်းသတ်ပါတယ်ဆိုပြီးယုံကြည်နေပြီး အမုန်းကြီးမုန်းနေပါတော့တယ် ။ အဲဒီလိုနဲ့ သုံးနှစ်အကြာ အားထျန်းတစ်ယောက် ထောင်ကထွက်ပြီး ဟောင်ကောင်ကိုပြန်ရောက်လာတဲ့အချိန် အဖွဲ့အစည်းကရောဘယ်လိုပုံစံဖြစ်နေမလဲ ? ‌ အစ်ကိုပေါက်ကရော သူ့ကတိအတိုင်း စီမံသူရာထူးကိုပေးပါ့မလား ? ရဲတွေကရော သူတို့ဂိုဏ်းကိုလိုက်ရင်းဘာတွေကြုံရမလဲ ? နောက်ဆုံး ဘယ်သူတွေနဲ့တွေ့ဆုံပြီးဘာတွေကြုံတွေ့ရမလဲဆိုတာကို ရင်တထိတ်ထိတ် စိတ်ဝင်စားဖို့ကောင်းစွာနဲ့ကြည်ရှုရမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့‌ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်

Fantasy • Romance
5.9 2024
The Grey Man
Good Morning
7.8

အိုဇုဟာ စစ်ကြိုခေတ်မှာ ရုပ်ရှင်စရိုက်ခဲ့တဲ့ ဒါရိုက်တာပေမဲ့ သူ့လက်ရာတွေကတော့ လက်ရှိသက္ကရာဇ်အထိ ထင်ကျန်နေတုန်းပဲ။ ဒီလိုထင်ကျန်နေတဲ့သူတွေ ဂျပန်မှာတင် နည်းတော့ မနည်းပါဘူး။ ဒါပေမဲ့ မတူတာက အိုဇုဟာ သူများတွေလို ဆန်းပြားတဲ့ဇာတ်တွေ အကြောင်းအရာအစဖော်ပေးလိုက်တာနဲ့ အားလုံးစိတ်ဝင်စားလာမယ့် ဇာတ်တွေကို ရိုက်ခဲ့တာမဟုတ်ဘဲ ရိုးရိုးရှင်းရှင်း မိသားစုတွေကြားက အဖြစ်အပျက်တွေကို ရိုးရိုးရှင်းရှင်းလေးပဲ ပုံဖော်ရင်းကို ဒီလိုမှတ်ကျောက်တင်နိုင်ခဲ့တာပါပဲ။ တခြား အဲဒီခေတ်တွေကနေ အခုခေတ်အထိ ထင်ရှားဆဲ ဒါရိုက်တာတွေလည်း ဒါမျိုးတွေ ရံဖန်ရံခါတော့ ရိုက်တတ်ကြပေမဲ့ အိုဇုလို ဒီလိုအကြောင်းအရာတွေချည်း သန့်သန့် ရိုက်နေတဲ့လူတော့ ကျွန်တော်သိသလောက်မရှိဘူး။ ဒီလိုမျိုးခပ်ဆင်ဆင် အပုသုံးကားကိုရိုက်ခဲ့တဲ့ ဆတ္တရာဂျစ်ရေးလို ဂုရုကြီးမှာတောင်မှပဲ ဒီလိုကားမျိုးသက်သက်ရိုက်ခဲ့တာတော့ မဟုတ်ဘူး။ အိုဇုကတော့ တစ်စိုက်တမတ်ပဲ ဒါမျိုးတွေချည်းပဲ ရိုက်ခဲ့တယ်။ ဒါပေမဲ့လည်း ဒါမျိုးတွေ တစ်ကားပြီး တစ်ကား ကျွန်တော်တို့ကြည့်နေရပေမဲ့ ဘယ်တော့မှလည်း ငြီးငွေ့သွားချင်စရာမကောင်းနေဘူး။ အိုဇုရဲ့ ထူးခြားတဲ့ဟန်က တတမိဖျာရိုက်ချက်ရယ် မြုပ်ကွက်ချန်တဲ့ ရိုက်ချက်ရယ်လို့ ပြောရမယ်။ တတမိဖျာရိုက်ချက်ကတော့ ဇာတ်ကောင်တွေကို ကျွန်တော်တို့က သူ့ရှေ့က တတမိဖျာပေါ်ထိုင်ရင်း မြင်နေရသလိုဖြစ်နေတဲ့ အပြမျိုးပေါ့။ မြုပ်ကွက်ချန်တဲ့ ရိုက်ချက်ကတော့ အိုဇုဟာ သူ့ဇာတ်လမ်းရဲ့ အရေးအပါဆုံး အချိုးအကွေ့ကို လုပ်ပေးနိုင်တဲ့ဇာတ်ဝင်ခန်းကို လုံးဝမပြဘဲ ပရိသတ်ကို သူ့ဘာသာပုံဖော်နိုင်အောင် စကားအရိပ်အမြွက်နဲ့ပဲ ပြတာမျိုးပဲ။ နောက်ပိုင်းဒါရိုက်တာတွေလည်း ဒီအကွက်ကို တော်တော်တော့ သုံးခဲ့ကြတယ်။ အိုဇုနဲ့အဆင်ဆုံးပုံစံကိုတော့ Korredaရိုက်ခဲ့တဲ့ Still Walkingမှာ တွေ့နိုင်တယ်။ အိုဇုဟာ သူ့သက်တမ်းတစ်လျှောက်မှာ နှောင်းလူတွေ ပြောစမှတ်ပြုရမယ့် ကားပေါင်းများစွာ ချန်ခဲ့တယ်။ တိုကျိုစတိုရီဆိုရင် သမိုင်းတစ်လျှောက် အကောင်းဆုံးရုပ်ရှင်တွေထဲ နံပါတ်သုံးချိတ်ခဲ့သလို အကောင်းဆုံးဂျပန်ရုပ်ရှင်အဖြစ်လည်း မှတ်ကျောက်တင်နိုင်ခဲ့တယ်။ ဒုတိယကတော့ အကီရာကူရိုဆာဝါရဲ့ ဆဲဗင်းဆာမူရိုင်းပါပဲ။ နာမည်ကျော် The Criterion Collectionကလည်း သူ့ကားပေါင်းများစွာကို ပြန်ထုတ်ပေးခဲ့တယ်။ Good Morningကတော့ အဲဒီကားတွေထဲက တစ်ကားပေါ့။ Good Morningဟာ အိုဇု ၁၉၃၂တုန်းက ရိုက်ခဲ့ဖူးတဲ့ အသံတိတ်ရုပ်ရှင် I Was Born, Butကို သူကိုယ်တိုင် ပြန်ရိုက်ထားတဲ့ရုပ်ရှင်ပါပဲ။ အရောင်နဲ့ရိုက်တဲ့ သူ့ရဲ့ ဒုတိယကားဆိုလည်း ဟုတ်တယ်။ ဇာတ်ကတော့ အဓိကအားဖြင်တော့ မီနိုရုနဲ့ အစ်ဆုမိဆိုတဲ့ ကလေးနှစ်ယောက်နဲ့ သူ့မိသားစုကို တည်ထားတယ်။နောက် သူ့ဘေးက အဝိုင်းအဝန်းထဲက သူ့အိမ်နီးချင်းတွေတစ်ဖြစ်လည်း သူတို့သူငယ်ချင်းတွေ သူတို့သူငယ်ချင်းတွေရဲ့မိသားစုတွေကိုလည်း ပေါ်လွင်အောင် ပုံဖော်ပြထားတယ်။ သူတို့ ငယ်ဘဝကို သေချာပုံဖော်ပြဖို့ဆို သူတို့အိမ်နီးချင်းတွေ သူငယ်ချင်းတွေကို မပါမဖြစ်လိုသကိုး။ နောက် အဲဒီကလေးနှစ်ယောက်ရဲ့ ကလေးဆန်ဆန် အတွေးအခေါ်တွေ လုပ်ရပ်တွေ စိတ်ကူးစိတ်သန်းတွေ, အဲဒီအရာတွေကို သူတို့မိဘတွေ ကိုင်တွယ်ဖြေရှင်းရပုံတွေကိုပြထားတယ်။ ဇာတ်ကတော့ ဒီလိုရိုးရိုးလေးပဲ။ ဒါပေမဲ့လည်း ဒီလောက်အချိန်တိုလေးအတွင်းမှာ ၃၀လောက်ရှိမယ့် ခုနလူတွေအားလုံးရဲ့ စရိုက်တွေ ဘဝတွေကို ကောင်းကောင်းအသက်သွင်းနိုင်ခဲ့တယ်။ ဒီဇာတ်ဟာ ဘာမှတော့ ပေးနိုင်မယ့် ဇာတ်မဟုတ်ပါဘူး။ ဒါပေမဲ့ ရယ်အားထက်ငိုအားသန်အဖြစ်တွေ နွေးထွေးမှုတွေတော့ မြင်ရလိမ့်မယ်။ Korreda ရဲ့ I Wish လို Reply 1988လို အခက်အခဲတွေကြားက နွေးထွေးခြင်းတွေကို မြင်ရမယ့်ဇာတ်ပါပဲ။ ဒီထက်ရှင်းရှင်းလင်းလင်းပြောရရင် အိုဇုဆန်တဲ့ အိုဇုရုပ်ရှင်တစ်ကားပါပဲ။ ဒါတော့မပြောလည်းသိမှာပါ။ အိုဇုမဆန်တဲ့ အိုဇုရုပ်ရှင်ဆိုတာမှ မရှိခဲ့ဘူးကိုး။ File size… 1.7 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

7.8 1959
Good Morning
Southpaw
7.4

Southpaw(2015) =========== သိပ်မကြာသေးခင်က Jake Gyllenhaal ရဲ့Road House(2024) UFC Boxer အက်ရှင်ကား တစ်ကားထွက်လာတယ်…ကောင်းမွန်တဲ့အက်ရှင်ကားဆိုသော်ငြား တစ်ချို့သူတွေအတွက် Southpaw(2015) လောက်ရင်ထဲမရောက်ဘူးလို့ဆိုကြတယ်… ဒါ့ကြောင့် Southpaw ကားကို Quality လုံးဝအလန်းဖြစ်အောင်လုပ်ပြီးတင်ပေးထားပါတယ်… ဘီလီဟုပ် ပွဲ ၄၀ ကျော်လာပြီသူ့ဘဝမှာ ရှုံးပွဲဆိုတာ တစ်ခါဖူးမျှမှ မရှိခဲ့… ပွဲတိုင်းအောင်ပွဲဆင်ခဲ့တာချည်း ဒါပေမယ့် သူ့ထိုးသတ်မှုနည်းဗျူ ဟာက အခြားသူတွေနဲ့မတူပါဘူး ။ ပြင်းထန်တဲ့ ရန်သူ့လက်သီးချက်တွေကို တပျော်တပါးကြီးခံစားပြီးမှ သွေးဆာလောင်မှုကိုမွေးမြူ တတ်သူ ။ ဒါပေမယ့်သူ့မိန်းမမော်ရင်းကအဲဒီလို ထိုးသတ်တာကိုမကြိုက်ဘူး ။ တစ်ဘဝလုံးဇနီးဖြစ်သူရဲ့စီစဉ်ပေးမှုအောက်မှာပဲ နေထိုင်လာတဲ့ဘီလီတစ်ယောက်… ဇနီးဖြစ်သူက သူထိုးပါလို့ပြောတဲ့သူနဲ့မှထိုးတဲ့ အရိုင်းကောင်ကြီးဘီလီ… ကံကြမ္မာဆိုးကဆိုက်ကလုန်းလိုမွှေနောက်ပြီးတဲ့အခိုက်မှာ သမီးလေးနဲ့ နှစ်ယောက်တည်း ဖိအားတွေ အောက်မှာပြားပြားဝပ်ပေါ့ ။ လက်စားချေလိုမှုတွေအမုန်းတရားအာဃာတတွေနဲ့ ဖုံးလွှမ်းနေတဲ့ဘီလီတစ်ယောက် သူအမှောင်ထဲမှာအလင်းပြပြလေးတွေ့ခဲ့တယ် ။ ‘ သူ့လက်သီးချက်တွေကိုအဓိပ္ပာယ်ရှိစေမယ့်အလင်း ‘ ‘ ဒီဖိုက်တာကောင်ကြီးရဲ့မာန်စွယ်တွေကို ထက်ရှနေအောက်သွေးပေမယ့် အလင်း ‘ ဘီလီဟုပ် အော် ဘီလီဟုပ်တဲ့ Billy Hope ရှိနေသ၍ Hope ဆိုတဲ့မျှော်လင့်ချက်ကရှိနေဦးမှာပါပဲ ။ ဒီကားမှာ အဓိကထားပြောချင်တာတော့ JakeGyllenhaal ပါပဲ ဘယ်လိုမှ Jake လို့မထင်မိအောင်ကောင်းလွန်းတယ် ။ လုံးဝအရိုင်းစိုင်းဖိုက်တာကြီးတစ်ယောက် ကြိုးဝိုင်းစင်မြင့်ထက်မှာ အောင်သေအောင်သားစားနေတဲ့ သွေးဆာနေတဲ့ဘောက်ဆာသမားတစ်ယောက်အဖြစ်ပဲမြင်ရမှာပါ ။ နောက်ပြီး Equalizer တို့ Training Day တို့နဲ့ရေလည်လန်းခဲ့တဲ့ ဒါရိုက်တာ Antoine Fuqua ရဲ့ပေါင်းစပ်မှုနဲ့ဆိုတော့ ပြောစရာမရှိတော့ပါဘူး ။ ဒီ Southpaw ဆိုတဲ့ ညာခြေညာလက်အယောင်ပြပြီး ဘယ်ခြေဘယ်လက်သုံးထိုးနည်းဟာ တိကျတဲ့ထိုးသတ်မှုအပေါင်းစည်းပါ ။ ဘီလီအတွက်လဲ အဓိပ္ပာယ်အများကြီးရှိပီး သူ့အတွက်တစိမ်းတရံဆန်တဲ့ ထိုးသတ်မှုမျိုး ။ ချောက်ကမ်းပါးထက်ရောက်နေတဲ့ လူတစ်ယောက်ရဲ့အားမာန် ငါမလုပ်ရင်မဖြစ်ဘူး ငါလုပ်ကိုလုပ်ရမယ်ဆိုတဲ့ motivational sense တွေအများကြီးပါတဲ့ Southpaw… တချိန်က Eminem ကို သရုပ်ဆောင်ဖို့ဖြစ်စေခဲ့တဲ့Southpaw… Rap God ကြီး Eminem ရဲ့ Soundtrack တွေနဲ့ လက်ဝှေ့သမားတစ်ယောက်ရဲ့ ကြမ်းတမ်းခက်ထန်တဲ့ ဘဝခရီးကိုခံစားကြည့်ကြပါ….။ (အညွှန်းရေးသူကတော့ Hein That Naing ဖြစ်ပါတယ်) File size__( 2.5GB) and ( 964MB) Quality__Blu-Ray 1080p5.1Ch, 720p Format__mp4 Duration__02:3:48 Type__Drama , Sport Subtitle__Myanmar Subtitle (Hardsub) Translated by Themes Encoded by Phyo Pyae

7.4 2015 123 mins
Southpaw
8 A.M. Metro
7

8 A.M Metro (2023) ရှစ်နာရီမက်ထရို Saithan၊ Hate Story နဲ့Hunterrr တို့ရဲ့မင်းသား Gulshan Devaiah နဲ့ Ghoomerမင်းသမီး Saiyami Kherတို့ရဲ့ ဒရာမာကားလေးပါ. ဘဝဟာ ရထားတစ်စင်းနဲ့တူတယ်လို့ပြောကြတယ်။ ဘဝတစ်လျှောက် မောင်းနှင်သွားလိုက်ရတာ ကိုယ်ဆင်းမယ့် ဘူတာမရောက်ခင်ထိပေါ့။ ရထားပေါ်မှာ လူအမျိုးမျိုး အဖြစ်အပျက်အမျိုးမျိုးကို တွေ့ကြုံရတတ်ကြတယ်။ မြင်ရခံစားရတယ်။ ကိုယ့်ကိုကိုယ်ပျောက်ဆုံးနေတယ်လို့ ခံစားရတဲ့သူအဖို့တော့ ရထားဟာလည်း ဗလာပါပဲ။ အီရာဟာ သာမန်အိမ်ထောင်ရှင်မတစ်ယောက်ပါ။ အရမ်းအလုပ်များတဲ့ ခင်ပွန်းနဲ့ ကလေးနှစ်ယောက်နဲ့ ပြည့်စုံတဲ့မိသားစုလေးနဲ့ပါ။ အတိတ်ကဖြစ်ရပ်တွေကြောင့် စိတ်ဒဏ်ရာရပြီး ရထားစီးရမှာ ကြောက်နေတဲ့ အီရာဟာ ဆေးရုံတက်နေတဲ့ ညီမဖြစ်သူကိုပြုစုဖို့အတွက် နှစ်ပတ်လောက် မက်ထရို(ရထား) စီးရဖို့ ဖြစ်လာပါတယ်။ အဲဒီမှာ သူ့လိုပဲ လူသိပ်မရောတတ်တဲ့ ပရီတမ်နဲ့ ဆုံခဲ့တယ်။ အီရာလိုပဲ ပရီတမ်မှာလည်း အတိတ်ဒဏ်ရာတွေနဲ့ပါ။ ဝါသနာအရ ကဗျာရေးတဲ့ အီရာဟာ ကဗျာချစ်သူပရီတမ်နဲ့ ရထားပေါ်မှာပဲ ပိုရင်းနှီးလာခဲ့တယ်။ အိမ်ထောင်ကိုယ်စီရှိကြတဲ့ နှစ်ယောက်သား၊ ကဗျာရေးတဲ့သူနဲ့ ကဗျာဖတ်တဲ့သူနှစ်ယောက်ကြား ခင်မင်ရုံပဲလား။ အဲဒီထက်ပိုလာမလား။ နှလုံးသားချင်းနီးစပ်ရင် အချိန်တွေဟာ အလကားပါဆိုတဲ့ စကားအတိုင်း တစ်ယောက်နဲ့ တစ်ယောက် စာနာနားလည်ကြတဲ့ သူတို့အတွက် ဘာတွေဆက်ဖြစ်လာကြမလဲဆိုတာကတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ Alex ~ToMo ~ V ~ Suri ဖြစ်ပါတယ်)

7 2023
8 A.M. Metro
Coco Farm
6.9

ချစ်စရာ ကနေဒါ-ပြင်သစ် ကျေးလက်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ၁၂ နှစ်အရွယ်ကောင်လေး မက်စ်တို့သားအဖက မွန်ထရီရယ်မြို့ကြီးကနေ ငွေကြေးအခက်အခဲကြောင့် နယ်မြို့လေးကို ပြောင်းခဲ့ရပါတယ် စွန့်ဦးထီထွင်လိုစိတ်ရှိသူ မက်စ်က နယ်မှာ ဘာမှလုပ်စရာမရှိဘဲ အကြံအိုက်နေချိန်မှာ သူ့ဝမ်းကွဲအစ်ကို ချားစ်တို့အိမ်မှာ ကျွေးတဲ့ ကြက်ဥကို အရသာတွေ့သွားပါတယ် အလုံးအရင်းနဲ့ မွေးမြူရေးလုပ်ငန်းစုကြီးတွေရဲ့ ကြက်ဥနဲ့ အရသာကွာခြားချက်ကို အဖြေရှာပြီး တစ်နိုင်တစ်ပိုင် ကြက်မွေးမြူရေးလုပ်ငန်းကို မက်စ်၊ ချားစ်၊ youtuber ကောင်မလေးနဲ့ အလုပ်မရှိတဲ့ ဘီယာဗိုက် ဦးလေးကြီးတို့နဲ့ စထောင်လိုက်တယ် စထောင်ဖို့ကလည်း ပိုက်ဆံတွေ လိုက်ချေးထားရပြီး ရောင်းချဖို့ကျတော့လည်း ကြက်ဥလုပ်ငန်းအကြီးစားတွေကို မယှဥ်သာတာတွေ တခြားတခြားသော အခက်အခဲပေါင်းစုံတို့ကို ဘယ်လို ဝိုင်းဝန်းအဖြေရှာကြမလဲ ဆိုတာကတော့ …. File size…(1.2 GB)/(580 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:27:00 Genre… Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

Drama • Romance • Crime
6.9 2023 87 mins
Coco Farm
Outlaw Posse
5

လူဖြူလူမည်းခွဲခြားတဲ့ပြဿနာတွေက ဟိုးဘိုးဘေးဘီဘင် လက်ထက်ကတည်းက အခုထက်ထိ မပြီးနိုင်သေးပါဘူး။ မြန်မာနိုင်ငံမှာတော့ သိပ်မသိသာပေမဲ့ အမေရိကန်နိုင်ငံမှာတော့ လူဖြူလူမည်းပြဿနာတွေက အခုထက်ထိပြင်းထန်နေဆဲ ဖြစ် ပါတယ်။ဘာလို့အဲ့လိုဖြစ်ရတာလဲဆိုရင်တော့ ဟိုးအရင်ခေတ်တုန်းက လူဖြူတွေက လူမည်းတွေကို ကျွန်ပြုခဲ့ရာကနေစပါတယ်။ အခုတင်ဆက်ပေးမဲ့ Outlaw Posse ဆိုတဲ့ဇာတ်ကားမှာလည်း လူမျိုးရေးခွဲခြားမှု အရမ်းပြင်းထန်နေတဲ့အချိန် ဖြစ်ခဲ့တဲ့ ၁၉၀၈ ခုနှစ် ကောင်းဘွိုင်ခေတ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ လူမည်းသူရဲကောင်း တစ်ယောက်အကြောင်းကိုတင်ဆက်ပြသထားတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ လူမျိုးရေးခွဲခြားတဲ့လူတွေက အရက်ဆိုင် တစ်ဆိုင်ထဲကိုဝင်လာပြီး ဆိုင်ပိုင်ရှင်အင်ဒီးယန်းလူနီကိုစော်ကား ပုတ်ခတ်ကြပါတော့တယ်။အဲ့ဒီအချိန်မှာဘေးဝိုင်းက လူမည်း တစ်ယောက်ထလာပြီး ကြားဝင်လိုက်တဲ့အခါမှာတော့ အကုန် တိတ်ဆိတ်သွားပါတော့တယ်။ ဘာလို့လဲဆိုတော့အဲ့ဒီလူမည်းကဂန္တဝင်၀ရမ်းပြေးတစ်ယောက် ဖြစ်နေလို့ပါပဲ။လူမြင်ကွင်းကနေပုန်းကွယ်နေတာကြာပြီး အခုမှ ပြန်ပေါ်လာရတဲ့အကြောင်းအရင်းကတော့ အင်ဒီးယန်းတွေရဲ့ တောင်တွေထဲမှာ လူဖြူတွေဖွက်ထားခဲ့တဲ့ရွှေတွေကိုရှာဖို့အတွက် ပါပဲ။ဒါပေမယ့် အဲ့ဒီရွှေတွေကိုလိုချင်နေတာ သူတစ်ယောက်တည်း မဟုတ်ပါဘူး။အိန်ဂျယ်လို့ခေါ်တဲ့ လူဖြူတပ်ကြပ်ကြီးကလည်း အရင်ကတည်းက သူနဲ့ပြိုင်ဖက်တွေဖြစ်ခဲ့ပြီး သူ့ပြိုင်ဖက်ကရွှေတွေကို ရှာနေတဲ့သတင်းကြားတော့ အပြိုင်အဆိုင်ရှာဖို့ကြိုးစားကြတဲ့ ပြိုင်ဆိုင်မှုကြီးတွေအပြင် လူကောင်းတွေကလူဆိုးတွေဖြစ်ပြီး လူဆိုးတွေက တကယ်တမ်းလူကောင်းတွေဖြစ်နေတဲ့အချိန်မှာ ဘယ်လိုအပြောင်းအလဲတွေကိုကြုံတွေ့ရမလဲဆိုတာတွေကို စိတ်ဝင်စားစရာကောင်းအောင်ကြည့်ရှုရမဲ့ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ File size…2.12GB / 1.14GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024
Outlaw Posse
Sorry, Charlie
5.1

ရာဇဝတ်မှုတစ်ခုမှ ရှင်သန်လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ ရှားလော့ဟာ လုပ်အားပေးအနေနဲ့ တယ်လီဖုန်းပေါ်ကနေ အကူအညီလိုသူများကို ကူညီပေးနေရင်း စိတ်ဒဏ်ရာများကို ကျော်လွှားနေပါတယ်။ ရှားလော့အပါအဝင် တခြားအမျိုးသမီးငယ်လေးများကို အဓမ္မမှုကျူးလွန်ပြီး သတ်ပစ်တတ်သော ရာဇဝတ်ကောင်ကို ဖမ်းမိပြီဟု ရဲဌာနမှလည်း ကြေငြာချက်ထုတ်ထားပြီးဖြစ်ပါတယ်။ သို့သော်ရှားလော့ စိတ်ထဲတွင် တရားခံအစစ်ကို မဖမ်းမိသေးပဲ သူ့ရှေ့ကိုရောက်လာမည်ယုံကြည်နေရာမှ တစ်နေ့ သူယုံကြည်ထားသလို တရားခံက သူ့ရှေ့ကိုရောက်လာမလား ရှားလော့တစ်ယောက်စိတ်ဒဏ်ရာကြောင့် ထင်ယောင်ထင်မှားဖြစ်နေတာလား၊တရားခံပေါ်လာရင်ရော ရှားလော့တစ်ယောက် ရင်ဆိုင်နိုင်ပါ့မလား စသည်ဖြင့်သည်းထိပ်ရင်ဖို ကြည့်ရမည့်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ File size…(300 Mb) Quality….Webrip 720p Format… mp4 Duration…. 01:15:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

5.1 2023
Sorry, Charlie
Deadly Justice
4.8

Deadly Justice (2024) ********************** 2024 မှာအသစ်ထွက်ရှိထားတဲ့ thriller ဇာတ်လမ်းတစ်ခုဖြစ်ပြီးတော့ ဒါရိုက်တာ Kayrn Klein ရိုက်ကူးကာ သရုပ်ဆောင်များဖြစ်ကြတဲ့ Kelly Sullivan, Brain Krause, Corin Nemec, Jason London တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ် .. Holly Powell ဟာ အစိုးရရှေ့နေဟောင်းတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ နာမည်ကြီးမှုခင်းအစီအစဥ်တစ်ခုမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ခန့်က သူကိုင်တွယ်ခဲ့တဲ့ တရားသူကြီးတစ်ယောက်ရဲ့လူသတ်မှုအကြောင်း တင်ဆက်မှုမှာ ပါဝင်ခဲ့ပါတယ် .. အဲဒီအစီအစဥ်လွင့်ပြီးသွားတဲ့နောက်မှာတော့ Holly တစ်ယောက် သူ့ကိုအသက်အန္တရာယ်ပြုချင်တဲ့ Stalker တစ်ယောက်ရသွားပါတော့တယ် .. အဆိုပါ stalker က သူ့ကိုတိုက်ခိုက် ၊ သူ့ရုံးခန်းကိုဝင်မွှေခဲ့တဲ့အပြင် နောက်ပိုင်းမှာတော့ Holly လက်ထောက်လဲဖြစ် သူငယ်ချင်းလဲဖြစ်တဲ့ Carla ကိုပါပြန်ပေးဆွဲသွားခဲ့ပါတော့တယ်…… (အညွှန်းကို Aerin မှ ရေးသားထားပါတယ်) File size…1.78GB / 919MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 25m Genre ….. Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Aerin Encoded by AHtet

Horror • Thriller
4.8 2024
Deadly Justice