YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Harold & Kumar - Escape From Guantanamo Bay [16+] [2008] (MM Sub).mp4

772.48 MB N/A video/mp4 1876 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Padre Pio
6.1

Padre Pio (2022) ============= အီတလီဘုန်းတော်ကြီး Padre Pio အကြောင်းနဲ့ အဲဒီခေတ် အခါက အီတလီရဲ့နိုင်ငံရေးအခြေအနေတွေကို ရောစပ်ပြီး ပုံဖော်ထားတဲ့ဇာတ်ကားလေးပါ။ Padre Pio အဖြစ် Transformers မင်းသား Shia LaBeouf က သရုပ်ဆောင်ထားပါတယ်။ ပထမကမ္ဘာစစ်ပြီးကာလ အီတလီရဲ့ပထမဆုံးလွတ်လပ်သော ရွေးကောက်ပွဲရဲ့အရှုပ်တော်ပုံတွေနဲ့ မြေရှင်လူတန်းစားတွေက သူဆင်းရဲလုပ်သားတွေအပေါ်ဖိနှိပ်ချုပ်ချယ်တာတွေကို နိုင်ငံ ရေးရှုထောင့်အနေနဲ့ရိုက်ပြထားပြီး တဖက်မှာလည်း ခရစ်ယာန် ဘာသာဝင်တို့ရဲ့အကြီးအမြတ်ထားရာပုဂ္ဂိုလ်ဖြစ်လာအောင် Padre Pio ရဲ့စိတ်ပိုင်းဖြတ်မှုနဲ့လုပ်ဆောင်ပုံတွေကို ဘာသာ ရေးရှုထောင့်အနေနဲ့ ရိုက်ပြထားပါတယ်။ ဘာသာရေးနဲ့နိုင်ငံရေး ရောထွေးနေတဲ့ အီတလီနိုင်ငံက ကျေးရွာလေးတစ်ခုရဲ့အရှုပ် တော်ပုံကို ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size..........(2.09 GB) / (620 MB) / (360 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 44Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama Translator.......ZWT Encoder..........SWM

Crime • Drama • Mystery
6.1 2023 104 mins
Padre Pio
[18+] Tayuan
10

Tayuan (2023) ~ IMDb rating - 7.7/10 ~ အယ်လာ (Angeli Khang) ဟာ ငယ်ရွယ်ပြီးထက်မြက်တဲ့ ကိုယ်ပိုင်လုပ်ငန်းရှင် မိန်းမငယ်တစ်ယောက်ဖြစ်ပြီး ယောက်ျားတွေကို အပျင်းပြေ စားစရာလို့ပဲ သဘောထားတတ်သူပါ။ ယောက်ျားတွေနဲ့ပတ်သက်ရင် သူ့မှာ စည်းမျဉ်းတွေများစွာရှိပြီး လူတစ်ယောက်ကို နှစ်ခါပြန်မတွေ့တာ၊ ကိုယ့် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုပြောမပြတာ အစရှိတာတွေ ပါဝင်ပါတယ်။ ဒါတွေဟာလည်း ငယ်ရွယ်စဉ် အချစ်ဦးနဲ့ ခါးသီးတဲ့အတွေ့အကြုံတွေကြောင့်ဖြစ်ပြီး နောက်ပိုင်းတွေ့ကြုံလာရတဲ့ယောက်ျားမှန်သမျှ သူ့စံနှုန်းတွေနဲ့ မကိုက်ညီတာကြောင့်လည်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့အလိုဆန္ဒကိုပြီးမြောက်အောင် ဖြည့်ဆည်းမပေးနိုင်တဲ့ ယောက်ျားတွေကိုကြုံရဖန်များလာတဲ့နောက် အယ်လာတစ်ယောက် ပုံမှန်လုပ်ရိုးလုပ်စဉ်ကနေ ခွဲထွက်ပြီး စွန့်စားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမှာ ရီကိုဆိုတဲ့လူကိုတွေ့ခဲ့ရတာပါပဲ။ ရီကိုဆိုတာ အယ်လာ ကားမအားတဲ့ရက် အလုပ်အသွားမှာ ဘတ်စ်ကားစီးမိတဲ့ လမ်းကြောင်းပေါ်က လက်မှတ်ရောင်းသမား (စပယ်ယာ) တစ်ယောက်ပါ။ စံချိန်စံညွှန်းမြင့်မား စည်းကမ်းချက်တွေများလှတဲ့ အယ်လာတစ်ယောက် သာမန်ဘတ်စ်ကားလက်မှတ်ရောင်းလေးကိုမှ အစွဲလန်းကြီးစွဲလန်းပါတော့တယ်။အစပိုင်းမှာတော့ သွေးသားဆန္ဒအတွက်သက်သက် နှစ်ယောက်လုံး ရည်ရွယ်ခဲ့ပေမဲ့ တစ်ဖြည်းဖြည်းသံယောဇဉ်တွယ်တာခိုင်မာလာပြီး ခံစားချက်တွေပိုလာတဲ့အချိန်မှာတော့... 18 နှစ်အထက်အခန်းတွေ ခပ်များများနဲ့ အချစ်ဟာသဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းလေးကြည့်ကောင်းသလို မင်းသမီးလေးကလည်း အထူးတလည် မိတ်ဆက်ပေးစရာမလိုတဲ့အတွက် အားလုံး အကြိုက်တွေ့ကြမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 830MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 42Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Drama • Horror • Mystery • Thriller
10 2023 101 mins
[18+] Tayuan
Step Up Revolution
6.9

Genre – Drama, Music, Romance IMDB – 6.4/10 Step Up ရုပ်ရှင်တွေ အများကြီးထွက်ခဲ့တဲ့နောက် ကျွန်တော့်အတွက်တော့ အကြိုက်ဆုံးတွေက No 2 ပြီးရင် ဒီ Revolution ဖြစ်လိမ့်မယ်ထင်တယ် ဘာလို့လဲဆိုတော့ သူသွားတဲ့ ပုံစံက အရင်ကားတွေ အဖွဲ့လိုက် ယှဉ်ပြိုင်တာမျိုးတွေ မဟုတ်ပဲ Falsh Mob လို့ခေါ်တဲ့ အများလူကြားမှာ ပြချင်တဲ့ Message တစ်ခုကို ကြိုတင်ပြင်ဆင်ထားပြီး ရုတ်တရက် ထကကြပြီး ပုံဖော်တာမျိုးကို အသုံးပြုထားလို့ပဲ ဖြစ်တယ်။ ဒီကားမှာတော့ နာမည်က Revolution ဆိုတဲ့အတိုင်း တစ်ခုခုကို တော်လှန်တာတဲ့အကြောင်း Mob တွေ လုပ်ကြတာပေါ့။ ဒီကားမှာပါတဲ့ ကခန်းတွေကလည်း ပိုပြီး အနုပညာဆန်လာတယ် မျက်စိပဒေသာလည်း ဖြစ်တယ် (ပြတိုက်အခန်းနဲ့ ရုံးပုံစံ အခန်းဆို တော်တော်ကိုမိုက်တယ်) သီချင်းတွေလည်း အဲဒီခေတ်တုန်းက ခေတ်စားခဲ့တဲ့ Dubstep တွေအပြင် Hip Hop အလန်းစားတွေနဲ့ အရှေ့ကားက Legend တွေလည်း Cameo အဖြစ် ပြန်သရုပ်ဆောင်ထားကြသေးတာ။ ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ ရှောင်န်ဆိုတဲ့လူငယ်လေးက ဟိုတယ် တစ်ခုမှာ ဝန်ထမ်းလုပ်နေရင်း တစ်ဖက်မှာ သူ့သူငယ်ချင်းတွေနဲ့ Youtube မှာ လူ ၁ သန်း ကြည့်ရှုသူရအောင် The Mob ဆိုတဲ့ အဖွဲ့နဲ့ ထူးဆန်းတဲ့ Mob ကကွက်တွေ ဖန်တီးနေသူ။ ကြည့်တဲ့လူ ၁ သန်းပြည့်ရင် ဆုကြေးက တစ်သိန်းပေးမှာကိုး။ တစ်ဖက်မှာ အမ်မလီဆိုတဲ့ကောင်မလေးကကျ ဒီဟိုတယ်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်ရဲ့ သမီး အဖေဖြစ်သူနဲ့ သဘောထား ကွဲလွဲပြီး အကသမား ဖြစ်ချင်နေတဲ့လူ။ အဲဒီမှာ နှစ်ယောက်သား ရေစက်ပါလို့ တွေ့ဆုံကြရင်းနဲ့ အမ်မလီကလည်း ဒီ The Mob ဆိုတဲ့ အဖွဲ့ကို ဝင်ချင်တဲ့အချိန်၊ အမ်မလီရဲ့အဖေက ရှောင်န်တို့ ရပ်ကွက်တွေကို ငွေနဲ့ပေါက်ဝယ် သိမ်းပိုက်ပြီး ဟိုတယ်တွေဆောက်ဖို့လုပ်တဲ့အချိန် ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါ။ သားအဖနှစ်ယောက်က ဘယ်လိုဖြစ်မလဲ ရှောင်န်တို့ကရော ဘယ်လိုတားဆီးကြမလဲဆိုတာကို ကကွက်ဝေဝေဆာဆာတွေ သီချင်းအမိုက် တွေနဲ့ ရှယ်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…2.25GB / 1.08GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ..... Drama, Music, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Horror • Mystery
6.9 2012 99 mins
Step Up Revolution
Robots
6.3

ကိုယ့်ကိုယ်ပွားစက်ရုပ် clone တွေများထုတ်နိုင်ရင် အဲဒီစက်ရုပ် တွေနဲ့ ဘာလုပ်ချင်ကြသလဲ။ ဒီကားထဲက ချားလ်စ်ကတော့ သူ့ ကိုယ်ပွားစက်ရုပ် စီတူးကို သူ့အစားအလုပ်လုပ်ခိုင်းတယ်။ အိမ် သန့်ရှင်းရေး ထမင်းဟင်းချက် စွယ်စုံခိုင်းတဲ့အပြင် စီတူးရဲ့ အပြော ချိုချို ကြင်နာတတ်တဲ့စိတ်ထားကိုသုံးပြီး ကောင်မလေးတွေနဲ့ အိပ် ရအောင်ပါလုပ်တဲ့ ငပွေပါ။ ချားလ်စ်ရဲ့ အမဲလိုက်ကွင်းကတော့ ရေခဲ ပြင်စကိတ်ကွင်းပါတဲ့။ အဲဒီမှာ သူသဘောကျတဲ့ကောင်မလေးတွေနဲ့ ဝင်ဝင်တိုက်ပြီး ဇာတ်လမ်းထွင်ပါတယ်။ ကောင်မလေးတွေ သူ့ကိုချစ်လာအောင်လုပ်ရတာကတော့ စီတူးရဲ့ တာဝန်ပေါ့။ အယ်လိန်းဆိုတဲ့ကောင်မလေးကတော့ သိုက်တူးသမား။ ရေလျှံတဲ့ဘဲကြီးတွေနဲ့သွားချိတ်ပြီး သူတို့နဲ့အိပ်ဖို့က အယ်လိန်းရဲ့ ကိုယ် ပွားစက်ရုပ် အီးတူးရဲ့တာဝန်ဖြစ်ပါတယ်။ တစ်နေ့ကျ ရေခဲပြင် စကိတ် ကွင်းမှာ ချားလ်စ်နဲ့အယ်လိန်းတို့တွေ့ပြီး အတွဲတွေဖြစ်သွားပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်အစား စီတူးနဲ့ အီးတူးက အိပ်ဖြစ်သွားကြပြီး ချစ်မိသွားကြရာကနေ ထွက်ပြေးပါတော့တယ်။ တကယ်က စက်ရုပ် ကိုယ်ပွားထုတ်တာက တရားမဝင်ဘဲ မိတာနဲ့ ထောင်နှစ်ရှည်ကျမှာပါ။ ဒီလိုနဲ့ ချားလ်စ်နဲ့အယ်လိန်းတို့ရဲ့ စက်ရုပ်လိုက်ဖမ်းပုံတွေကို ရှုစားရမယ့် Sci-fi / fantasy ဇာတ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size..........(1.24 GB) / (523 MB) / (290 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 33Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance, Sci-Fi Translator.......EL Encoder..........SWM

Crime
6.3 2023 93 mins
Robots
RRR
7.8

IMDb Rating -8.4/10 (ခုဗားရှင်းကတော့ အကြည်ဆုံး WEB DL ဗားရှင်းကို Audio 5.1CHနဲ့ 4k Qualityထိ တင်ဆက်ပေးထားပါတယ်) ဘိုင်ယာဘာမင်းသား Konidela Ram Charan Teja နဲ့ ဂမ်ဂုဘိုင် မင်းသမီး Alia Bhatt တို့ရဲ့ ပါဝင်ထားပြီး မင်းသားကြီးအာဂျေးလို ဝါရင့်သမ္ဘာရင့် သရုပ်ဆောင်ကြီးကပါ ပါဝင်အားဖြည့်ပေးထားပါတယ်) 1920 ခုနှစ် အိန္ဒိယနိုင်ငံကို ဗြိတိသျှအစိုးရ အုပ်ချုပ်နေစဥ်အခါက မြို့စားမင်း စကော့နဲ့ အမျိုးသမီးဖြစ်သူ ကတ်သရင်းတို့ဟာ အာသီလာဘတ်တောအုပ်ထဲကိုသွားရင်း မာလီဆိုတဲ့ ကလေးလေးတစ်ယောက်ကို အဆိုကောင်းတာကြောင့် မတရား ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ် မာလီရဲ့ အစ်ကိုဖြစ်တဲ့ ဘင်းတစ်ယောက်ကတော့ သူ့ညီမလေးကို ကယ်ဖို့ အစွမ်းကုန်ကြိုးစားနေရင်း တစ်နေ့ ရာမာ(ရမ်) နဲ့ ဆုံခဲ့ပါတယ် သူတို့နှစ်ယောက် အလုပ်အတူတူလုပ်ရင်းနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်သွားခဲ့ကြတာပေါ့ သို့သော် ဘင်းမသိခဲ့တဲ့ ရမ်ရဲ့အကြောင်းကတော့ ရမ်ဟာ အင်္ဂလိပ်တွေအတွက် အလုပ်လုပ်ပေးနေတဲ့ ရဲအရာရှိတစ်ယောက် ဖြစ်နေခဲ့တာပါ ရမ်က ရဲသားတစ်ယောက်ဖြစ်တဲ့အပြင် ကိုယ့်လူမျိုးတွေကိုပါ ညှာတာခြင်းမရှိ နှိပ်စက်သတ်ဖြတ်နိုင်တဲ့သူတစ်ယောက်ပါ ဒါပေမဲ့ သူ့မှာလည်း လျှို့ဝှက်ချက်တွေအများကြီးရှိနေခဲ့ပါတယ် ဘင်းနဲ့ ရမ်ရဲ့ ဆက်ဆံရေးက ဘယ်လိုဆက်ဖြစ်မှာလဲ... ရမ်နဲ့ စီသာ (မင်းသမီး Alia Bhatt) ကကော ဘယ်လိုဆက်နွယ်မှုရှိနေတာလဲ.... IMDb 8.4/10 ရရှိထားပြီး ဗြိတိသျှအစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့အတူ အဖိနှိပ်ခံပြည်သူတွေရဲ့ ဇာတ်ကြောင်းနဲ့ ဘဝတွေကို အကောင်းဆုံးရိုက်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကောင်းဖြစ်တာကြောင့် အခုပဲ ကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ်ဗျာ (4k Quality ထွက်လာရင်လဲ အမြန်ဆုံး Updateပေးသွားပါမယ်) File size…12GB / 5.3Gb / 3GB

Action • Comedy • Crime
7.8 2022 187 mins
RRR
Fall In Love With My King

ရှေးခေတ်မှာဇာတ်အိမ်တည်ထားတဲ့ ရိုရိုချိုချို ဇာတ်လမ်းလေးလည်းကြည့်ချင်တယ်၊ အပိုင်းဆက်များတာတွေလည်းမကြည့်ချင်ဘူးဆိုသူတွေအတွက် တစ်ပိုင်းတည်းအပြီး အချစ်ဇာတ်မြူးကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ချောမောခန့်ညားပြီးအရည်အချင်းရှိတဲ့ စစ်သူကြီးနဲ့ မင်းသမီးလေးတို့ရဲ့ ဇာတ်လမ်းလေးပေါ့။ စစ်သူကြီးမုရုံဆိုတာ ရန်တိုင်းပြည်ရဲ့ကျော်ကြားတဲ့စစ်သူကြီး၊ မင်းကြီးကသူ့ကို မင်းသမီးတစ်ပါးနဲ့လက်ဆက်ပေးတယ်။ မင်းသမီးဆိုပေမယ့် ဘုရင့်သမီးတော်မဟုတ်ဘူး။ ဦးရီးတော်ရဲ့မွေးစားသမီး။ ဦးရီးတော်ဆိုတာကလည်း ထီးနန်းကိုကြိတ်ကြံနေတာ။ သူ့မွေးစားသမီးကို စစ်သူကြီးအိမ်တော်ပို့လိုက်တာကလည်း စစ်သူကြီးဆီကပစ္စည်းတစ်ခုကိုခိုးဖို့။ ဒီလိုနဲ့ စစ်သူကြီးနဲ့မင်းသမီးလေးတို့ လက်ထပ်ပြီးသွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ အကြံနဲ့လာတဲ့ မင်းသမီးလေးနဲ့ ထက်မြက်တဲ့စစ်သူကြီးတို့ ဘယ်လိုအလွဲလေးတွေဖြစ်ပြီး ၊ ဘယ်လိုချစ်ကျွမ်းဝင်သွားကြမလဲ။ ဘယ်လိုအချိုတွေကျွေးမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Gernes : Romance Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon , Chu Chu , Yin Wai Phyo Encoded by LK

Crime • Mystery • Thriller
0 2020
Fall In Love With My King
Look At Me: XXXTENTACION
6.3

IMDb-7/10, Rotten Tomatoes-89% ဒီ Documentary မှာတော့ ရက်ပ် ဆိုရင်လည်း ကြမ်းပြီး သီချင်းဆိုရင်လည်း ချိုတဲ့ ကျွန်တော်တို့ရဲ့ ကွယ်လွန်လေပြီးသော စွယ်စုံရအဆိုတော်ကြီး XXXTentacion (Jahseh Onfroy) ရဲ့ ဘဝဇာတ်ကြောင်းကို မြင်တွေ့ရမှာဖြစ်ပါတယ် X ဟာ အသက် ၁၀နှစ်အရွယ်တည်းက စိတ်ကျဝေဒနာရှင်ဖြစ်ခဲ့တာပါ သူ့ရဲ့ဂီတလမ်းကြောင်းကလည်း ဟိုးအစတည်းက သူ့ရဲ့ရွေးချယ်မှုကြောင့်ရော ဘေးလူတွေကြောင့်ပါ မထင်မှတ်ထားလောက်အောင် ကြမ်းတမ်းပြီးအကျည်းတန်ခဲ့ပါတယ် သို့သော် သူ့သီချင်းတွေကတော့ လူအများကြီးရဲ့ဘဝကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်... သူ့အကြောင်းကိုဖော်ပြသွားတဲ့နေရာမှာလည်း မိသားစု သူငယ်ချင်း ချစ်သူ လုပ်ဖော်ကိုင်ဖက် ပရိတ်သတ် စသဖြင့် ရှုထောင့်ပေါင်းစုံကနေရိုက်ပြထားတာဖြစ်တဲ့အတွက် X ကိုအမြင်မျိုးစုံနဲ့မြင်ရမှာပါ အားလုံးထက် X ကိုယ်တိုင်ဖြေထားတဲ့ Interview တွေနဲ့ ဗီဒီရိုတွေကိုပါ ထည့်သွင်းပြသထားတာကြောင့် X တစ်ယောက် အသက်ရှင်နေသေးသလားလို့တောင် အောက်မေ့ရမှာဖြစ်ပါတယ်... ဂီတလောကကို ကိုင်လှုပ်ခဲ့တဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ခံစားချက်မျိုးစုံနဲ့ ကြည့်ရှုရမှာဖြစ်တဲ့အတွက် ဒီ Documentary လေးကို X fan တွေအတွက်ရော X fan မဟုတ်တဲ့သူတွေအတွက်ကော ညွှန်းပေးလိုက်ရပါတယ်ဗျာ... File size…1.85GB / 848MB Quality…1080p WEBRIP AAC5.1CH / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Guu Guu & Honey

Comedy • Drama • Romance
6.3 2022 108 mins
Look At Me: XXXTENTACION
4 Horror Tales: Hidden Floor
5.6

ဒီတစ်ခေါက်တော့ Four Horror Tales:Hidden Floor ဆိုတဲ့ Korea Horror ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ single-mother မင်ယောင်ဆိုတဲ့ အမျိုးသမီးဟာ သူ့သမီးလေး ဂျူဟီး နဲ့အတူ တိုက်ခန်းအသစ်တစ်ခုကို ပြောင်းလာတာကနေ အစပြုထားပါတယ်။ ရောက်ရောက်ချင်းမှာပဲ ဒီတိုက်ခန်းအိမ်ယာမှာ လေးလွှာ မထားတာကို မင်ယောင်က သတိထားမိသွားပါတယ်။(လေးဂဏန်းဟာ တရုတ်လို သေခြင်း နဲ့ အသံထွက်ဆင်လို့ နိမိတ်မကောင်းဘူးလို့ ယူဆကြပါတယ်။)မင်ယောင်ကတော့ ဒါတွေကို အယုံအကြည်မရှိတာကြောင့် အမှုမဲ့ အမှတ်မဲ့ပါပဲ။ မင်ယောင်တို့ သားအမိနေတဲ့အခန်းနံပါတ်က (၅၀၄)ပါ။သူတို့အောက်က အခန်းကတော့ (လေးလွှာမရှိတာကြောင့် ) ၃၀၄ ပေါ့။တစ်ရက်ကျ မင်ယောင်တို့ဆီကို အောက်အခန်းက လူက ဒေါသတကြီးနဲ့ရောက်လာပြီး မဆူပူဖို့ ၊ဝုန်းဝုန်းဒိုင်းဒိုင်းတွေ မလုပ်ဖို့ ဒေါသတကြီး လာပြောပါတယ်။မင်ယာင်တို့သားအမိဟာလည်း တိတ်တိတ်ဆိတ်ဆိတ်နေတတ်သူတွေမို့ ဒါမျိုးလာပြောခံရတာကို ထူးထူးဆန်းဆန်းဖြစ်နေပါတယ်။ပိုပြီး ထူးဆန်းတာက ညဘက်ဆိုရင် သူတို့အောက်ခန်းကတောင် (၃၀၄ လို့ ထင်ရတဲ့အခန်းက )ဆူညံသံတွေ ကြားရတာပါပဲ။ သားအမိနှစ်ယောက်ပဲရှိတဲ့ မင်ယောင်ဟာ နေ့ခင်းတွေအလုပ်သွားပြီဆိုရင် သမီးလေးကို အိမ်မှာပဲ တစ်ယောက်တည်းထားခဲ့ရပါတယ်။ဒီလိုထားခဲ့ပြီး ရက်နည်းနည်းကြာတဲ့အခါ ဂျူဟီးလေးဟာ အောက်ထပ်တမံသလင်းကို နားကပ်ပြီး အကြာကြီးနားထောင်နေတာ၊နံရံမှာ နားမလည်နိုင်တဲ့ ပုံတွေလျှောက်ဆွဲတာ စတဲ့ အရင်ကသူမလုပ်ဘူးတဲ့ ထူးထူးဆန်းဆန်းတွေ လုပ်လာပါတယ်။ ဂျူဟီးလေး အဲ့လိုဖြစ်ပြီး တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ တိုက်ခန်းအိမ်ယာမှာ လူသေမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာတယ်။ ဂျူဟီးရဲ့ ထူးဆန်းတဲ့ အပြုအမူတွေနဲ့ လူသေမှုတွေဟာ ဘယ်လိုဆက်စပ်နေမလဲ၊သူတို့ အောက်တည့်တည့်က ကြားရတဲ့ အသံတွေဟာ ဘာတွေလဲ၊မေမေ မင်ယောင်ကရော ဒီအဖြစ်အပျက်တွေကြားထဲမှာ ဂျူဟီးလေးကို ဘယ်လို ကာကွယ်ပေးမလဲဆိုတာ ရင်တုန်အသည်းတုန်စွာနဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ IMDB 5.3/10 ရရှိထားပြီး Horror ကားကြိုက်နှစ်သက်သူတွေ ကျောတချမ်းချမ်းနဲ့ စောင့်ကြည့်ရမယ့် ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှူကြဖို့ တိုက်တွန်းချင်ပါတယ်။ (ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ်) File size…1.61GB / 526.3MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 40m Genre ..... Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damien

Documentary • Music
5.6 2006 100 mins
4 Horror Tales: Hidden Floor
Seven Nights in Japan
6

Seven Nights in Japan (1976) ဒီဇာတ်ကားနဲ့ပတ်သက်လို့ အချက်အလက်တွေရှာတာမှာ စိတ်ဝင်စားဖွယ်တစ်ခု တွေ့ရတာက ဒီဇာတ်ကားဟာ မြန်မာပြည် (အရင်တုန်းက Burmaလို့နာမည်ရှိစဉ်)မှာ ရုံတင်ခဲ့ချိန်တုန်းက အလွန်အောင်မြင်လူကြိုက်များခဲ့တဲ့အကြောင်းကို Wikipedia မှာ ညွှန်းထားတာပါပဲ။ ညွှန်းတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်တောင် ရုပ်ရှင်ရုံရှေ့က လက်မှတ်တန်းစီတိုးကြတဲ့ လူအုပ်ကြီးထဲ ညပ်ပါသွားခဲ့ရတယ်ဆိုလား။ ဥရောပတစ်နိုင်ငံက အိမ်ရှေ့စံမင်းသားလေးတစ်ပါးဟာ (ဘယ်နိုင်ငံရယ်လို့တော့ အတိအကျညွှန်းမထားပါဘူး။ ) ရေတပ်ဗိုလ်လေးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ရင်း ဂျပန်နိုင်ငံကိုအရောက်မှာ အားလပ်ရက်အနေနဲ့ ခွင့်တစ်ပတ်ယူပြီး ကုန်းပေါ်တက်သွားတာကနေ ဇာတ်လမ်းစတာပါပဲ။ သာမန်သင်္ဘောသားတစ်ယောက်လိုတော့ အားလပ်ရက်ရတုန်း ကဲချင်သလိုကဲခွင့် မရှိရှာပါဘူး။ သူ့ခမျာ မင်းမျိုးမင်းနွယ်ဖြစ်ရတဲ့သူတွေရဲ့ဒုက္ခကို ခံရပါတယ်။ သူရတဲ့ အားလပ်ရက်လေးအနည်းငယ်ကို မင်းသားတစ်ပါးရဲ့ သံတမန်ခရီးစဉ်လိုမျိုး စီစဉ်လိုက်ကြတော့ သူ့မှာ ဧည့်ခံပွဲတွေတက်ရ၊ မကုန်နိုင်တဲ့လူတွေနဲ့ လက်ဆွဲနှုတ်ဆက်ရ ၊ သတင်းထောက်တွေမေးတာဖြေလိုက်ရနဲ့ မခံနိုင်တဲ့အဆုံး တစ်ညမှာ သူအခန်းကနေခိုးထွက်ပြီးတော့ တိုကျိုမြို့တော်ရဲ့ night life ကို လျှောက်ခံစားကြည့်ပါတော့တယ်။ ပိုက်ဆံလည်းတစ်ပြားမှမပါဘဲနဲ့ နိုက်ကလပ်ထဲကို သူမို့ဝင်ရဲပါပေတယ်။ အဲဒီမှာ စားပွဲထိုးမလေးတွေပါးပါးလှီးသမျှ ခံရရင်း ပြန်တော့မယ်ဆိုလို့ ငွေရှင်းသွားဦးလေ ဆိုတော့ "ကျွန်တော်အပြင်ထွက်တဲ့အခါ ပိုက်ဆံကိုင်လေ့မရှိဘူးဗျ" တဲ့။ "အဲဒီပိုက်ဆံကို နက်ဖြန်ကျရင် အပို့ခိုင်းလိုက်ပါ့မယ်" တဲ့။ အဲဒီတော့ ဘာပြောကောင်းမလဲ နိုက်ကလပ်လုံခြုံရေးတွေက အတင်းလိုက်ဖမ်းတာကို လွတ်‌အောင် သေပြေးရှင်ပြေး ပြေးရရောဆိုပါတော့။ ပြေးရင်းပုန်းရင်းနဲ့ ဘတ်စ်ကားတစ်စင်းပေါ်ရောက်သွားပါတယ်။ အဲဒီကားက ကမ္ဘာလှည့်ခရီးသွားတွေကို တိုကျိုမြို့ရဲ့ညဘက်မြို့ပတ်ခရီးစဉ်လိုက်ပြတဲ့ကုမ္ပဏီတစ်ခုရဲ့ကားပါ။ အဲဒီကားပေါ်မှာပဲ ဧည့်လမ်းညွှန် ဂျပန်မချောချောလေးတစ်ယောက်နဲ့ ဆုံမိကြရောဆိုပါတော့။ မြင်မြင်ချင်းချစ်မိတဲ့အချစ်ရယ်၊ မွန်းကျပ်ဆို့သိပ်ဖွယ်ကောင်းလှတဲ့ တာဝန်ဝတ္တရားတွေကို ရှောင်ပြေးချင်စိတ်ရယ်၊ တစ်ခါမှမခံစားရဖူးတဲ့ လွတ်လပ်မှုနဲ့အလှတရားတွေရယ် ဒါတွေအားလုံးပေါင်းဆုံမိသွားတဲ့အခါမှာတော့ ကြည်နူးလွမ်းမောဖွယ်အချစ်ဇာတ်လမ်းလေးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ ရုပ်ရှင်ရုံတွေမှာရုံတင်ခဲ့တုန်းက ဆင်ဆာကတ်ကြေးကြောင့် ချစ်မက်၊နှစ်သက်၊မပစ်ရက်စရာကြည်နူးဖွယ် Romantica/ Erotica ပြကွက်လေးတွေကို ကြည့်ခွင့်မရခဲ့ကြမယ့် လက်ရှိ လူလတ်ပိုင်း၊လူကြီးပိုင်းပရိသတ်တွေအနေနဲ့လည်း အခု ပြည့်ပြည့်စုံစုံခံစားခွင့်ရကြပါလိမ့်မယ်ဆိုတဲ့အကြောင်း ညွှန်းလိုက်ရပါတယ်ခင်ဗျ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Tharman Myint မှ တက်ဆက်ထားပါတယ်။) File size…(650MB) Quality….DVDRip Format…mp4 Duration….01:40:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Tharman Myint

Drama • History • Romance
6 1976 100 mins
Seven Nights in Japan
Captain America: Civil War
7.4

Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။ Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။ Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့ ၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ) ၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်) ၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။) ၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်) ၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ) ၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ ) အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။ File size…(2.3 GB) and (1.2 GB) Quality…1080p BluRay 5.1 DTS Format…mp4 Duration….02:27:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Horror • Thriller
7.4 2016 147 mins
Captain America: Civil War
30 Jours Max

30 Jours Max (2020) =============== IMDb Rating – 5.4/10 ဒီဟာသဇာတ်ကား​လေးနာမည်က အလွန်ဆုံး ရက် ၃၀ပါပဲ။ ကျန်းကျန်းမာမာနဲ့ ဘဝကိုဖြတ်သန်း​နေရင်း ရုတ်တရက်ကြီးအသက်ရှင်သန်ရဖို့ ရက်၃၀ပဲကျန်​တော့ မယ်ဆိုရင် ကျွန်​​တော်တို့​ရော ဘာ​တွေလုပ်မိကြမလဲ။ ရာယန်းက ကပျက်ကျ​ချော် နိုင်တဲ့ရဲဝန်ထမ်းတစ်​ယောက်၊ အ​​​ဖေဖြစ်သူကိုဂုဏ်ယူ​စေဖို့ ရဲတပ်ဖွဲ့ထဲဝင်ခဲ့ပြီး ကြိတ်ကြိုက်​နေရတဲ့ တွဲဖက်​ရဲ​မေကိုလည်း အထင်ကြီး​အောင် လုပ်ပြချင်​နေတဲ့သူ​ ပေါ့။ ကံဆိုးချင်​တော့ သူရဲ့​ပေါ့တိ​ပေါ့ပျက်နိုင်မှု​တွေ​ကြောင့် အ​ရေးကြီးတဲ့စစ်ဆင်​ ရေးတစ်ခုမှာ အမှားလုပ်မိပြီး ရဲဌာနက ရဲ​ဘော်ရဲဖက်​တွေရဲ့ဖယ်ကျဥ်ခြင်းကို ခံရ တယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း သူ့ကိုရှိတယ်လို့​တောင် မထင်ဘဲ ချိုး နှိမ်ဆက်ဆံကြတယ်။ သူကိုယ်တိုင်ကလည်း တဖက်သားအ​ပေါ် လိုတာထက်ပိုပြီး သည်းခံတတ်တာလည်းပါတာ​ပေါ့။ ဘယ်​လောက်သည်းခံလဲဆိုရင် ပြတ်သွားတာ တစ်နှစ်​လောက်ရှိနေပြီဖြစ်တဲ့ ရည်း စား​​ဟောင်းက သူငှား​နေတဲ့အိမ်​ပေါ်တက်​နေပြီး လူပါးဝတာကိုမှ ​ငြိမ်ခံပြီး ဆက်​နေ ခိုင်းတယ်။ အဲဒီ​နောက် ကြွက်တစ်​ကောင်နဲ့ဆရာဝန်တစ်​​ယောက်​ကြောင့် သူရဲ့ဘဝ က အကြီးအကျယ်​ပြောင်းလဲဖို့ဖြစ်လာတယ် ဘာ​တွေဘယ်လို​ပြောင်းလဲကုန်မလဲသိ ရဖို့ အ​ပြေး​လေး ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size……….(1.17 GB) / (420 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy, Crime Translator……ZWT Encoder……….SWM

0 2020 87 mins
30 Jours Max
Still Alice
7.5

အသက် ၅၀ အရွယ် အဲလစ်ဟာ ကိုလမ်ဘီယမ်တက္ကသိုလ်မှာ ဘာသာဗေဒကိုပို့ချလျက်ရှိတဲ့ပါမောက္ခတစ်ယောက်ဖြစ်ပါတယ်။ ဘာသာဗေဒနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်ချက်များပြုလုပ်ကာ တကမ္ဘာလုံးမှာသင်ကြားပို့ချရလောက်တဲ့ ပြဌာန်းစာအုပ်တွေကို ပြုစုရေးသားနိုင်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့မှာ ချစ်ရတဲ့ခင်ပွန်းနဲ့ သားသမီး ၃ ယောက်တို့ရှိပါတယ်။ သူ့အနေနဲ့ အချို့အရာလေးတွေကို စတင်မေ့စပြုလာတဲ့အတွက် ဦးနှောက်နဲ့အာရုံကြောအထူးကုဆရာဝန်တစ်ဦးနဲ့ သွားရောက်ပြသလိုက်တဲ့ အခါ မျိုးရိုးဗီဇကြောင့် အရွယ်မတိုင်ခင်ဖြစ်တတ်တဲ့ အယ်ဇိုင်းမားရောဂါကို စတင်ခံစားနေရပြီဆိုတာကိုသိလိုက်ရပါတော့တယ်။ ရောဂါဖြစ်နေကြောင်း သိလိုက်ပြီးတဲ့နောက် သူ့အလုပ်မှာရောဘာတွေဆက်ဖြစ်မလဲ? သူ့ရဲ့ မိသားစုကရော မှတ်ဉာဏ်တွေ ယိုယွင်းလာတဲ့သူမအပေါ် ဘယ်လိုဆက်ဆံကြမလဲ? ဒါတွေကို ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အဲလစ်အဖြစ် မင်းသမီးကြီး Julianne Moore ကပါဝင်သရုပ်ဆောင်ထားပြီး အယ်ဇိုင်းမားရောဂါသည် တစ်ဦးအနေနဲ့ စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ၊ နာကျင်ခံစားရမှုနဲ့ ဒေါသစတဲ့စိတ်ခံစားချက်မျိုးစုံကို ပေါ်လွင် အောင်သရုပ်ဆောင်ထားတာတွေကို တွေ့ရှိရမှာပဲဖြစ်ပါတယ်။ သူမအနေနဲ့ ဒီဇာတ်ကောင်ဖြင့်ပင် အကယ်ဒမီဆုပေးပွဲအပါအဝင် အခြားဆုပေးပွဲတွေမှာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအများအပြားကို သိမ်းယူနိုင်ခဲ့ပါသေးတယ်။ သူ့ကို ချစ်ခင် တဲ့ ခင်ပွန်းသည်အဖြစ် မင်းသားကြီး Alec Baldwin သမီးငယ်အဖြစ် မင်းသမီးချော Kristen Stewart နဲ့ သမီးကြီးအဖြစ်ကိုတော့ Superman Returns မှာ လူးဝစ်လိန်းအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kate Bosworth တို့ကပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်း အမျိုးအစားလေးကတော့ Drama/ Melodrama အမျိုးအစားဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo Kay Zaw ဖြစ်ပါတယ်။ File size…(1.5 GB)/(700 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo Kay Zaw

Drama • Horror
7.5 2014 100 mins
Still Alice
Mumu
7.1

တစ်ချိန်တစ်ခါက EXO အဖွဲ့ထဲက အိုင်ဒေါလ် Lay ကတော့ သရုပ်ဆောင် Zhang Yi Xing အဖြစ်နဲ့ ကြိုးစားခဲ့တာ ဇာတ်ကားတွေ ရုပ်ရှင်တွေမနည်းပါဘူး… ဒီထဲမှာမှ ရုံတင်ကားဖြစ်ပြီး ရုံတစ်ခုလုံး မျက်ရည်မိုးကျအောင် လုပ်နိုင်ခဲ့တဲ့ အောင်မြင်မှုကို ဆွတ်ခူးနိုင်တဲ့ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ” အကြားအာရုံချို့တဲ့နေသူကို လူပင်လယ်ထဲ တန်းပြီး ခွဲခြားနိုင်တဲ့နည်းလမ်းကိုသိလား” သိချင်တယ်ဆို ဒီကားလေးကို ကြည့်ကြည့်လိုက်ပါ… မာတ ဆိုတဲ့ ကောင်လေးက မွေးရာပါ အကြားအာရုံချို့တဲ့သူဖြစ်ပြီး အကြားကိရိယာကို တပ်ဆင်တာတောင် နားမကြားနိုင်တဲ့အနေအထားမျိုးပါ… ဒါကြောင့်လည်း သာမန်လူတွေလိုမျိုး ပညာရေးကို ပြီးမြောက်အောင် သင်ကြားခွင့်မရခဲ့ပါဘူး… ဒါပေမယ့် သူချစ်ရတဲ့သမီးလေး မုမုကိုတော့ သူပေးနိုင်တဲ့ အကောင်းဆုံးပဲ ပေးဖို့ ကြိုးစားနေတဲ့ အဖေကောင်းတစ်ယောက်ပေါ့… ဒါပေမယ့်လည်း သမီးလေးကို ကျောင်းထားဖို့ကိစ္စ မစွမ်းဆောင်နိုင်သေးတာရယ်.. ကွာရှင်းထားတဲ့ မိန်းမကလည်း ငွေထုတ်ပိုက်ပြီး ပြန်လာနိုင်တာရယ်… ဒီအချက်တွေကြောင့် သူ့ဘဝမှာ တစ်ခုတည်းသော ရတနာဖြစ်တဲ့ သမီးလေးရဲ့ အုပ်ထိန်းခွင့်ကို ဆုံးရှုံးရမယ့် အနေအထားကိုရောက်လာတော့တာပေါ့… ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ အကူအညီပေးမယ့်သူတွေက မိုးပေါ်ကကျသလို ရောက်လာတယ်… ရှေ့နေလိုချင် ရှေ့နေရတယ်…အလုပ်လိုချင်လည်း အလုပ်ရပြီ.. ငွေလိုတယ် ပိုင်ဆိုင်မှု သက်သေလိုတယ်ဆိုတော့လည်း အာမခံပေးမယ့်သူက အသင့်ပေါ်လာတယ်… ဒါတွေက မသန်စွမ်းကိုနတ်မတာလား…ရေနစ်သူကို လှံထိုးဖို့လာတာလား ဆိုတာကတော့ ဇာတ်ကားလေးက ပြောပြသွားမှာမို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်

Thriller
7.1 2025
Mumu