YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Happy.Family.Conditions.Apply.S01E08.720p(CM).mp4

237.38 MB 720p video/mp4 22 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Unheard
5.1

Horror ပရိသတ်တွေအတွက် ပူပူနွေးနွေးထွက်ရှိထားတဲ့ The Unheard ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ နားမကြားရတဲ့ခလိုဝီတစ်ယောက် စမ်းသပ်ဆဲ နားကြားကုထုံးတစ်ခုမှာ ဝင်ရောက်အစမ်းသပ်ခံခဲ့ပါတယ်။ ခလိုဝီဟာ သူ့အသက် ၈ နှစ်မှာ သူ့အမေပျောက်သွားပြီးနောက်ပိုင်း ဘာသံမှမကြားနိုင်တော့တာပါ။ နားထိုင်းသွားရင် ပြန်ကောင်းဖို့မဖြစ်နိုင်ပေမယ့် ဒီစမ်းသပ်ချက်က အောင်မြင်ခဲ့ပြီး အသံတွေပြန်ကြားသွားပါတယ်။ ‌ငှက်ကလေးတွေစကားပြောသံ၊ ရေစက်ကျတဲ့အသံ၊ သီချင်းသံတွေအားလုံးကိုပြန်ကြားရတဲ့အခါ တိတ်ဆိတ်ခြင်းနဲ့နေသားကျနေတဲ့ ခလိုဝီ အတိုင်းထက်အလွန် ပျော်ရပါပြီ။ ဒါပေမဲ့ အသံတွေအကြားလွန်ပြီး လူတွေမကြားနိုင်တဲ့အသံတွေကိုကြားရတဲ့အခါမှာတော့ မပျော်နိုင်တော့ပါဘူး။ တကယ့်အပြင်ကအသံတွေလား သူ့စိတ်ထဲကအသံတွေလား ဝေခွဲမရဖြစ်တဲ့အထိ နားထဲမှာအသံတွေဆူညံလာပါတော့တယ်။ ဒီဆူညံသံတွေက တကယ်ရှိရဲ့လား သူပဲစိတ်ထင်နေတာလား ‌အဖြေရှာရင်းနဲ့ သူနေထိုင်တဲ့မြို့မှာလည်း အမျိုးသမီးတွေထူးထူးဆန်းဆန်းပျောက်ဆုံးသွားရတဲ့ အကြောင်းအရင်းကို သိလာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ တခြား Horror ဇာတ်ကားတွေလို Jump scare တွေ အများကြီးထည့်မသုံးထားဘဲ ရင်တလှပ်လှပ်နဲ့ကြည့်ရမယ့်ကားမျိုးပါ။ တချို့အသံတွေကလည်း နားမကြားတဲ့ခလိုဝီနေရာကနေထည့်သွင်းထားတာကြောင့် အသံပါမှကြောက်စရာကောင်းတာမဟုတ်ဘဲ အသံမပါလည်းကျောချမ်းစရာကောင်းနေပါတယ်။ တစိမ့်စိမ့်ကျောချမ်းရတဲ့ Horror ကားမျိုးကို ကြိုက်တဲ့လူတွေကတော့ စမ်းကြည့်သင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.90GB, 930MB Quality - 1080p, 720p Format - mp4 Duration - 2H 5Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama • Family • Romance
5.1 2023 124 mins
The Unheard
Step Up
6.9

Channing Tatum ဆိုတဲ့ဘဲကြီးဆို မသိတဲ့သူ မရှိလောက်ပါဘူး။ ဒီဘဲကြီး ငယ်စဉ်ကရိုက်ခဲ့တဲ့ အကဖက်စပ် လူငယ်ကားတွေပေါ့။ ဒီကားက Step up Franchise ရဲ့အစပါ။ ၂၀၀၀ ခုနစ်ကနာမည်ကြီးခဲ့တဲ့ teenage ကားတွေထဲကတစ်ခုပေါ့။အမေရိကန်အကရုပ်ရှင်တွေရဲ့ ခေတ်ကဒီကားတွေက စတာပေါ့။အကကြိုက်တဲ့သူတွေ၊ အကအခုန် ဝါသနာ ကြီးသူတွေတော့ လက်လွှတ်မခံသင်တဲ့ ဇာတ်ကားတွေပါပဲ။ မင်းသမီး Jenna Dewan ဆိုတာကလည်း ခန္ဓာကိုယ်အချိုးအစား ပြေပြစ်တဲ့သူမို့ သူ(မ)ရဲ့ ရင်ခုန်စရကကွက်လေးတွေနဲ့တင် ဇာတ်ကားကကြည့်ရတာတန်နေပါပြီ။ ပထမကားရဲ့အစကတော့ ဒီလိုပါ။ တစ်ကားစီဖြတ်ကြည့်လို့ရပေမဲ့ ဇာတ်လမ်းအားလုံးကို ကြည့်ထားတာ အကောင်းဆုံးပါ။ဖြစ်နိုင်ရင် အစဉ်လိုက်ကြည့်ဖို့ recommend ပေးပါတယ်။ ပထမဆုံးအနေနဲ့ မယ်ရီလန်းအနုပညာကျောင်းက မြို့ထဲကကျောင်းကြီး တွေထဲက တစ်ကျောင်းပါ။အဲ့ကျောင်းမှာ တက်နေတဲ့ ကျောင်းသူမလေး နိုရာကတော့ အကကိုဝါသနာပါပြီး ဘဝတစ်ခုလုံး ရင်းနှီးပုံအပ်ထားတဲ့ စိတ်အားထက်သန်တဲ့ အကကျောင်းသူလေးပေါ့။သူ(မ) သူ(မ)အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ကျောင်းရဲ့ Senior Showcase မှာ အကောင်းဆုံး ဖျော်ဖြေတင်ဆက်နိုင်ဖို့ အားခဲနေတာပါ။တစ်ဖက်က တိုင်လာကတော့ သူငယ်ချင်းတွေနဲ့ လမ်းမထက်မှာ ပျော်ပါးအချိန်ကုန် ဖြတ်သန်းနေရင်း အကပညာမှာပါရမီပါလာတဲ့ အညတရသားလေးပါ။သူတို့နှစ်ဉီးရဲ့ ဇာတ်လမ်းကတော့ သူ့သူငယ်ချင်းတစ်စုနဲ့ မယ်ရီလန်းကျောင်းပိုင် ပစ္စည်းတွေကို ဖျက်ဆီးကျောင်းထဲခိုးဝင် လက်သရမ်းမြူးထူးမှု ဖြစ်ရပ်ကနေ စတင်ခဲ့ပါတယ်။ တရားရုံးကနေ ပြစ်ဒဏ်ချမှတ်ခံရပြီး လူမှုအကျိုးဆောင်အနေနဲ့ တိုင်လာ မယ်ရီလန်းကျောင်းမှာ နာရီ ၂၀၀ ကျောင်းပြုပြင်သန့်ရှင်းရေး ဆောင်ရွက်ရပါတယ်။ စိတ်ပါလက်ပါ သွက်သွက်လက်လက်ကပြ လေ့ကျင့်နေတဲ့ နိုရာကို အမြဲကြည့် နေတတ်သူ တိုင်လာနဲ့၊ လူစားထိုးဖို့ လူမရှိရာက သင့်တော်တဲ့သူမ​တွေ့တဲ့ အဆုံး လေ့ကျင့်သူနေရာမှာ ရွက်ပုန်းသီးလေးတိုင်လာ လူစားထိုးဝင်ပေးရာက ... File size…1.77GB / 746MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ..... Crime , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin

Drama
6.9 2006 104 mins
Step Up
Snake Lady
4

မြွေကားကြိုက်တဲ့သူတွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒီနှစ်ထဲအသစ်ထွက်ထားတဲ့မြွေကားတစ်ကားနဲ့တင်ဆက်ပြသလိုက်ပါတယ် ဒီကားလေးကတော့ ပုံမှန်လိုမြွေစိမ်းမလေးတွေအကြောင်းမဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်တဲ့ကျွန်းတစ်ကျွန်းမှာ မြွေနတ်ကိုသွားရှာတဲ့ကားလေးဖြစ်ပါတယ် မဂ္ဂဇင်းတိုက်ရဲ့ထုတ်လုပ်သူ ကုချိုးနဲ့ အယ်ဒီတာ လီထုံတို့ဟာ သူငယ်ချင်းတစ်ချို့ခေါ်လာပြီး ဒဏ္ဍာရီဆန်တဲ့ကျွန်းကိုရှာပြီးသွားရောက်ကြတယ် အဲ့နေရာမှာထူးခြားတဲ့မြွေကြီးတွေရှိပြီး လီထုံရဲ့အဖေက တစ်ချိန်တစ်ခါ တာဝန်ထမ်းတောင်ရင်း အဲ့ကျွန်းကိုရောက်သွားခဲ့ပြီး ဘာတွေဖြစ်လဲဆိုတာ လီထုံက သိချင်နေခဲ့တယ် ကျွန်းပေါ်ကခေါင်းဆောင်လျန်ရန်ကလည်း ရုတ်တရက်ရောက်လာတဲ့သူတို့ကို ဘယ်လိုဧည့်ခံမလဲ သူတို့အပေါ်ဘာတွေလျှိုဝှက်ထားတာလဲ လီထုံကရော နောက်ဆုံးမှာ သူ့အဖေအဲ့ကျွန်းပေါ်ဘာတွေဖြစ်ခဲ့လဲဆိုတာ သိနိုင်မလားဆိုတာကို အားလုံးအတူတူကြည့်ရင်းအဖြေရှာထုတ်ကြရအောင် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Adventure Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy • Romance
4 2022 88 mins
Snake Lady
High Crimes
6.3

ကလဲရ် ကုဘစ်ဟာ သိပ်ကို တော်တဲ့ အမျိုးသမီး ရှေ့နေတစ်ယောက်ပါ။ သူ့ရဲ့ အမျိုးသား တွမ်နဲ့အတူ အေးအတူပူအမျှ နေထိုင်နေသူပေါ့။ ဒါပေမဲ့ တစ်နေ့မှာ အမေရိကန်စစ်တပ်ဟာ သူ့ရဲ့ အမျိုးသားကို ရုတ်ချည်း ဖမ်းဆီးခဲ့ပြီး သူ့အမျိုးသားဟာ တွမ် ကုဘစ်မဟုတ်ဘဲ။ ရွန် ချက်မန်းလို့ အမည်ရတဲ့ တပ်ပြေးတစ်ယောက်လို့ ဆိုလာပါတယ်။ ပိုဆိုးတာက ရွန်ချက်မန်းဟာ လူအစုလိုက် အပြုံလိုက် သတ်မှုနဲ့ သေဒဏ်ကျမယ့် တရားခံဖြစ်နေတာပါပဲ။ သို့ပေမဲ့ ဒါတွေဟာ မဟုတ်မမှန် စွပ်စွဲချက်မှန်း သိလိုက်ရတဲ့အပြင် သူ့ရဲ့ အမျိုးသားကို တရားဆိုင်ဖို့ စစ်တပ်က အညတရ ရှေ့နေတစ်ယောက်သာ ချပေးထားတဲ့ အချိန်မှာ ကလဲရ်ဟာ ချာလီဆိုတဲ့ စစ်ထွက် တပ်သားဟောင်းကြီးရဲ့ အကူအညီနဲ့ စစ်တစ်တပ်လုံးနဲ့ မိန်းမတစ်ယောက် အကြိတ်အနယ် တရားရေးရာတွေ စတင်ပါတော့တယ်။ ဒီဇာတ်လမ်းမှာ မင်းသမီး Ashley Jadd က ကလဲရ်၊ ချာလီအဖြစ် မင်းသားကြီး ‌Morgan Freeman တို့က အတွဲညီညီ သရုပ်ဆောင်ထားကြပြီး တစ်လမ်းသွား စစ်တပ်ရဲ့ သဘာ၀တွေ အာဏာသုံးတဲ့ မဟုတ်မမှန်တွေကြားမှာ အမှန်တရားတွေ ပျောက်ရှရပုံတွေကို တွေ့မြင်နိုင်ပါလိမ့်မယ်။ File size…(2.28GB)/(1.09GB) / (776MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:55:00 Genre...Crime / Drama / Myetery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Yoon Sandi Aung

Drama • Romance
6.3 2002 115 mins
High Crimes
The Takedown
6.1

IMDb Rating 5.7/10 အစစအရာရာမိုးနဲ့မြေ ဆီနဲ့ရေလိုကွာခြားလှတဲ့ မတည့်အတူနေ သူငယ်ချင်းရဲနှစ်ယောက်ဖြစ်တဲ့ Monge နဲ့ Diakite။ တစ်ချိန်တုန်းက တစ်ဖွဲ့တည်းအတူတူအလုပ်လုပ်ခဲ့ကြပေမယ့် အကြောင်းတစ်ခုကြောင့် တစ်ယောက်တစ်ဌာနဆီရောက်သွားခဲ့ကြပါတယ်။ ဒါပေမယ့် ရထား တစ်စီးပေါ်က လူသေအလောင်းကနေအစပြုပြီး နှစ်ယောက်သားပြန် ပေါင်းမိပြီး အမှုလိုက်ဖို့ဖြစ်လာခဲ့ပါတယ်။ နဂိုကတည်းကအရာရာ မတူညီတဲ့သူတို့နှစ်ဦး အမှုကိုဘယ်လိုလိုက်ကြမှာလဲ။ ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေတဲ့သူနှစ်ဦး အမှုအတူလိုက်တဲ့အခါ ဘာတွေအလွဲလွဲ အချော်ချော်တွေဖြစ်မှာလဲ စတာတွေကို ရယ်မောဖွယ်ကြည့်ရမယ့် Crime , Comedy, Drama ကားကောင်းလေးတစ်ကားပါလို့ညွှန်းပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်) File Size..........(2.5 GB) / (1.16 GB) / (816 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 59mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Crime Translator.......Chit Tee Encoder..........SWM

Horror
6.1 2022 119 mins
The Takedown
The Grandmother
5.9

ဇာတ်စစအဖွင့်မှာ အဘွားကြီးတစ်ယောက်က သူ့ သူငယ်ချင်းအိမ်ကို အလည်သွားတယ်။ အဲဒီကိုရောက်တော့ သူ့သူငယ်ချင်းက ကြမ်းပြင်မှာ သေနေပြီ။ ဒါပေမဲ့ သူ မျက်နှာတစ်ချက်မှ ပျက်မသွားဘူး။ ပြီးကျ အခန်းထဲက ကောင်မလေးတစ်ယောက် ကိုယ်လုံးတီးနဲ့ ထွက်လာတယ်။ အဘွားကြီးဟာ ကောင်မလေးကိုကြည့် အားရပါးရပြုံးရင်း ကောင်မလေးရဲ့ အောက်ပိုင်းကို နမ်းလိုက်တယ်။ အဲဒီအဘွားကြီးမှာ မြေးမလေးတစ်ယောက်ရှိတယ်။ ကောင်မလေးရဲ့ အဖေအမေတွေက ဆုံးသွားတာကြာပြီ။ သူတို့နှစ်ယောက်တည်း ဆွေရယ်မျိုးရယ်ကျန်ခဲ့တာပေါ့။ ကောင်မလေးက မော်ဒယ်လုပ်တယ်။ တစ်နေ့ကျ အဘွားကြီး ဦးနှောက်ထိသွားပြီ သိပ်မလှုပ်နိုင် စကားမပြောနိုင်တော့လို့ ဆရာ၀န်က ကောင်မလေးကို ခေါ်လိုက်တယ်။ ကောင်မလေးက သူ့အဘွားကို ပြုစုပေးရင်း သူ့အဘွားနဲ့ နေရဖို့ အကြောင်းဖန်လာတယ်။ ဒီလိုနဲ့ ကောင်မလေးဟာ နေမကောင်းတဲ့ သူ့အဘွားကို ပြုစုရင်း ထူးဆန်းတာတွေ ဖြစ်လာခဲ့တယ်။ Jump Scare သိပ်မသုံးထားဘဲ အဖွားနဲ့မြေးကြားတင် တစိမ့်စိမ့် ရင်တုန်ရအောင် ရိုက်ထားတဲ့ ကားကောင်းပါ။ ဇာတ်ကိုလည်း မှန်းရလွယ်သလို ဖြစ်အောင် လုပ်ထားပေမဲ့ ‌ရင်ဖိုစရာအတော်ကောင်းပါတယ်။ မခြောက်ဘဲလည်း ရင်တုန်ရတာတွေပါပါတယ်။ ကောင်မလေးက သူ့အဘွားပုံကို ကြည့်တဲ့အခန်းမှာတောင် နောက်ခံအသံနဲ့ပေါင်းစပ်ပြီး ရင်တုန်စရာတကယ်ကောင်းပါတယ်။ ပညာသားပါပါနဲ့ ခြောက်ပြထားသလို ဝုန်းခနဲလည်း ခြောက်ပြထားတဲ့ ဟော်ရာကားကောင်း တစ်ကားပါပဲ။ Horror ကား Rating 6 ပါ။ သို့ပေမဲ့ စစကတည်းက ဘောင်မ၀င်တဲ့ User rating တွေကို ဖယ်ထားလိုက်ပါ။ အဲဒီ Rating ဘေးမှာ Critic Review ဆိုတာ ရှိပါတယ်။ ၀င်ကြည့်လိုက်ပါ။ 4/5 တွေ 4.5/5 တွေချည်း ပေးထားတာပါ။ ဒီလိုပေးဖို့လည်း တကယ်တန်ပါတယ်။ ဒါရိုက်တာကလည်း ဟော်ရာလိုင်းမှာ နာမည်ရှိတဲ့ Rec ကားတွေကို ရိုက်ခဲ့တဲ့ Paco Plaza ပါပဲ။ Size - 1.24GB, 591MB Quality - 1080p, 720p Format - mp4 Duration - 1H 40Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Drama • Thriller
5.9 2022 101 mins
The Grandmother
The Curse of La Patasola
6.2

La Patasola ဆိုတာ ကိုလံဘီယာ ဒဏ္ဍာရီ မကောင်းဆိုးဝါးတစ်ကောင်ပါ၊ Patasola ဆိုတာကတော့ ခြေတစ်ချောင်းလို့ အဓိပ္ပာယ်ရပြီးတော့ မိန်းမတစ်ဦးပါ။ သူကတော့ သူ့ယောက်ျားကိုဖောက်ပြန်လို့ သူ့ယောက်ျားကခြေထောက်တွေရိုက်ချိုးပြီးသတ်ခဲ့ပါတယ်၊ ဒီလိုနဲ့ တောထဲမှာ သေဆုံးပြီး မကောင်းဆိုးဝါးဖြစ်လာတာပေါ့၊ သူကိုယ်တိုင်ကဖောက်ပြန်ပေမဲ့ ဖောက်ပြန်တာတော့ မုန်းတဲ့ မိန်းမဗျ။ တောထဲမှာ ဆွဲဆောင်မှုရှိပြီးလှပတဲ့အသွင်နဲ့ ရုတ်တရက်ပေါ်လာပြီး ယောက်ျားတွေကိုဆွဲဆောင်၊ ဒီလိုနဲ့တောနက်ထဲရောက်လာလို့ အဖော်တွေနဲ့ဝေးသွားတဲ့ ပုရိသယောက်ျားခင်ဗျာ ပုံစံအစစ်အမှန်ကိုမြင်လိုက်ရတဲ့အချိန်မှာ နောက်ကျသွားပါပြီ။ တောထဲသွားတိုင်းလည်းကြောက်မနေပါနဲ့ ပုရိသအပေါင်းတို့... ဒီသတ္တဝါဆိုးက ကိုယ့်ရဲ့လက်တွဲဖော်ကို ဖောက်ပြန်တဲ့သူမှပဲမြင်ရတယ်လို့ ဒဏ္ဍာရီတွေကဆိုပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဒန်နီရယ် ဆာရာတို့တစ်တွဲ ဒန်နီရယ့်သူငယ်ချင်းတို့ကတစ်တွဲနဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာကို Camp ထွက်ကြပါတယ်။ ဒီနေရာကလည်း သတင်းဆိုးတွေ လူ‌သေမှုသတင်းတွေနဲ့ကျော်ကြားတဲ့နေရာဖြစ်ပေမဲ့ ဒန်နီရယ်ကတော့ မသွားရရင် မနေနိုင်အောင်ကိုဖြစ်နေပါပြီ၊ အစောင့်တွေသတိပေးတဲ့ကြားက ဒန်နီရယ်ကလည်းသွားချင်၊ ဆာရာခမျာလည်း ယောက်ျားကိုချစ်ရှာလေတော့ ဒီလိုနဲ့သွားဖြစ်လိုက်ကြပါရော။ တောထဲမှာ မလုပ်သင့်တာတွေလုပ်ပြီး မဖြစ်သင့်တာတွေဖြစ်တာကို အသည်းတယားယား ကြည့်ရှုရမယ့် The Curse of La Patasola ပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို ပြန်ဆိုရေးသားပေးထားသူကတော့ Murphy ပဲ ဖြစ်ပါတယ်) Size - 800MB, 410MB Quality - 1080p, 720p Format - mp4 Duration - 1H 24Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Murphy Encoded by Y

Action • Fantasy • Horror • Thriller • War
6.2 2022 90 mins
The Curse of La Patasola
Mona Lisa Smile
6.9

၁၉၅၃ / ၅၄ ခုနှစ်တွေဆီက အမျိုးသမီး အခန်းကဏ္ဍ၊ သူတို့ရဲ့ ပညာသင်ယူရေး၊ အိမ်ထောင်ရေးတို့ရဲ့ ရှေးရိုးစွဲအခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် တင်ပြထားတဲ့ ဇာတ်လမ်းကောင်း တစ်ခုပါ။ အဲဒီခေတ်တွေဆီက အမျိုးသမီးတွေ ပညာသင်ယူခွင့် ရတာကိုပဲ ဘုရားပေးတဲ့ဆုလို့ ခံယူရတဲ့အချိန်ပေါ့။ ကောလိပ်တက်၊ ဘွဲ့ယူဆိုတဲ့ မဟာ့မဟာ အခွင့်အရေးကြီး ရကာစ။ အင်္ဂလန်ဆိုတာ ကိန်းကြီးခန်းကြီးနိုင်တဲ့နေရာမှာ သိပ်ကို နာမည်ကြီး တယ်ဗျ။ ညစာကို မိသားစုအချင်းချင်း စားဖို့အရေးတောင်မှ လည်စည်း မပါဘဲမစားရတာ၊ ညနေ ၅ နာရီ အမီစားရတာ ဘာညာ။ အဲဒါကိုမှ လူကုံတန်အသိုင်းအဝိုင်းဆိုရင်တော့ ပိုဆိုးပြီသာမှတ်။ အဲဒီလိုနိုင်ငံ၊ အဲဒီ စနစ်ကို ရေရှည်တည်မြဲရေးလုပ်ပေးနေတဲ့ ကောလိပ်တစ်ခုကိုမှ လွတ်လပ် ပြီး တက်ကြွတဲ့ ဆရာမလေး ‌အမေရိကားကနေ ရောက်လာခဲ့တယ်။ ဘွဲ့ ရတဲ့အထိ လွှတ်ပေးထားပြီး ဘွဲ့ရတာနဲ့ ခင်ပွန်းသည်အတွက် ညအိပ်ပြည့် တန်ဆာ၊ အိမ်မှာ အစေခံတစ်ယောက်ဖြစ်သွားတဲ့အိမ်ထောင်ရေးထဲ ဆွဲ သွင်းလိုက်ကြရောတဲ့။ အဲဒီလိုအဖြစ်တွေကို မကြည့်နိုင်တဲ့ ဆရာမလေး ဟာ အဲဒီကျောင်းကြီးမှာ ကျောင်းသူတွေက အမြင်မကြည်၊ ကျောင်းတာ ဝန်ခံအဖွဲ့ကမုန်းနဲ့ စာသင်နှစ်တစ်ခုကို အလူးလူး အလဲလဲ ဖြတ်သန်းခဲ့ရတဲ့ အကြောင်းပါပဲ။ ဒီလိုစနစ်ကြီးကို ယောက်ျားတွေက အပင်ပန်းခံ တည်ဆောက်ယူနေစရာ မလိုဘူး။ မိန်းမတွေကိုယ်တိုင်ကကို လိုလိုချင်ချင်နဲ့ ပုံဖော်ပေး၊ သမီးတွေကို အတင်းဆွဲသွင်းနေကြတာ တွေ့ရဦးမှာပါ။ ခင်ပွန်းဖြစ်သူ ဖောက်ပြန်နေလို့ ဆောက်တည်ရာမရဖြစ်နေတဲ့သမီးကို အမေလုပ်တဲ့သူက အိမ်ကိုပြန်၊ ယောက်ျားပြန်လာတာကို ပြုံးပြုံးလေးကြိုနေစမ်းလို့ ပြောနေတဲ့ခေတ်ကာ လကြီး။ အနုပညာကို ထွင်းဖောက်မြင်တတ်ဖို့၊ အနုပညာကို သတ်မှတ်ထားတဲ့စံနှုန်း တွေအပြင်ကိုထွက်ပြီး အနုပညာရဲ့ အတွင်းပိုင်းကို မြင်အောင်ကြည့်တတ်ဖို့ ရှေးရိုးစွဲသင်ရိုးတွေချိုးဖောက်ပြီး သင်ပေးနေတဲ့ဆရာမလေးဟာ သူ့ကျောင်း သူတွေရဲ့ ဘဝနေထိုင်မှုအမြင်ကိုပါ ပြောင်းလာအောင် သင်ပေးနေခဲ့တယ်။ သိပ်ထက်မြက်တဲ့ကျောင်းသူတစ်ယောက် ရှေ့နေတက္ကသိုလ်ဆက်တက်ဖို့ထက် လင်ဖြစ်သူကို ညနေ ၅ နာရီအမီ ထမင်းပြင်ကျွေးဖို့ကို ပိုအားသန်နေတာကြောင့် အားမလိုအားမရဖြစ်ရတဲ့ ဆရာမလေး။ ဒီလိုနဲ့ ရှေးရိုးစွဲအမေရဲ့ ပုံသွင်းမှုအောက် မှာ ခေါက်ရိုးကျိုးလုလုဖြစ်နေတဲ့ ကျောင်းသူ အိမ်ထောင်သည်လေး ဘတ်တီ နဲ့ ဒီစနစ်၊ ဒီခေတ်ကို တော်လှန်ချင်တဲ့ ဆရာမလေး ကတ်သရင်း ရဲ့ကြားမှာ အစပြု ဇာတ်လမ်းတည်ခဲ့တဲ့ ဝက်စလေကောလိပ်ကြီးရဲ့ တစ်ခါတုန်းက ကောလိပ်မှာရုပ် ရှင်ကို ခံစားကြည့်ရအောင်လား။ ကြည့်လိုက်စမ်း။ မိုနာလီဆာရဲ့ အပြုံးကို။ သူပျော်နေပါတယ်လို့ ဟန်ဆောင်နေပေမဲ့ သူ့ရင်ထဲမှာ ဘာတွေရှိနေတယ်ဆိုတာ သူ့မျက်လုံးနဲ့ ငါတို့ကို ပြသွားတယ်။ တွေ့လား။ (ဘတ်တီ) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size..........(3.5 GB) / (1.07 GB) Quality............BLU-RAY 1080p / 720p Duration.........1Hr 57Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Arr Khun Winchester Encoder..........Zin Phyo Aung

Action • Adventure • Crime • Drama • Fantasy • Horror • Mystery
6.9 2003 117 mins
Mona Lisa Smile
Look Into the Fire
4.9

Look Into the Fire (2022) =================== စိတ်ရဲ့ရှုပ်ထွေးနက်နဲမှုလောက် ဘယ်အရာကမှ ရှုပ်ထွေးမယ် မထင်ပါဘူး။ စိတ္တဇဆန်ဆန် သို့လောသို့လော ဇာတ်လမ်းမျိုးကိုမှ ကြည့်ချင်သူတွေအတွက် စိတ်အာရုံရဲ့နက်နဲရှုပ်ထွေးမှုကို ခပ်ပါးပါး ရိုက်ကူးပြထားတဲ့ psychological thriller ဆန်ဆန် ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကို ဦးနှောက်အာရုံကြောစိတ်ပညာဆိုင်ရာ ကျောင်းသား တစ်စုက သူတို့တင်ရမယ့် စာတမ်းတစ်ခုအတွက် လက်တွေ့စမ်းသပ် မှုတွေ ပြုလုပ်တာနဲ့ အစပျိုးထားပါတယ်။ တစ်ရက်မှာ အဒမ်၊ ဆမန် သာ၊ ဂျယ်ရီနဲ့ ဆက်သ်တို့အဖွဲ့ဟာ လက်တွေ့စမ်းသပ်မှုလုပ်ဖို့ volunteer ရှာမရတာကြောင့် အဒမ်ကိုယ်တိုင် အစမ်းသပ်ခံရာက ဇာတ်လမ်းစ ပါတော့တယ်။ အဲဒီလိုစမ်းသပ်ကြရင်းနဲ့ အဒမ်တစ်ယောက် သူ့ရဲ့အတိတ်က ကြောက် စရာအမှန်တရားကို သိလာရတဲ့အခါ….။ ကြည့်ရင်းကြည့်ရင်းနဲ့ ဇာတ်ရှိန် တက်တက်လာပြီး နောက်ဆုံးမှာ ဘယ်လိုမှ မထင်မှတ်တဲ့ အလှည့်အ ပြောင်းတစ်ခုက ကြည့်တဲ့သူတိုင်းကို သို့လော‌သို့လောနဲ့ တကယ်အံ့ဩ သွားစေမှာ သေချာပါတယ်။ အဲဒီတော့ အတူတူကြည့်ရင်း အတွေးများ လိုက်ကြရအောင်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.67 GB) / (535 MB) / (348 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 45Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….C’mon Encoder……….SWM

4.9 2022
Look Into the Fire
Horror in the High Desert
5.3

Horror in the High Desert (IMDb 5.7/10 , RT 66% ) ၂၀၁၇မှာ အမေရိကန် နီဗားဒါးမှာ ဂယ်ရီဟင့်ဆိုတဲ့ ခြေလျင်တောင်တက်သမားတစ်ယောက် ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်… သူ့ကို အင်းအားသုံး ရှာဖွေခဲ့ကြပေမယ့် မတွေ့ရှိခဲ့ပါဘူး… အလားတူပဲ နောက်တစ်နှစ်မှာ အမျိုးသမီးတစ်ယောက်ပျောက် တစ်ယောက် အသတ်ခံခဲ့ရပါတယ်… နီဗားဒါးပြည်နယ်ထဲက ဆိုက်ပရပ်စ်မြို့ဟာ အထီးကျန်ဆုံး ဟိုင်းဝေးလမ်းမှာလို့ ခေါ်ကြတဲ့ အဝေးပြေးလမ်းမကြီးပေါ်က အစိတ်အပိုင်းတစ်ခုပါ… အထီးကျန်ဆို မိုင်၂၀၀လောက်နေမှ ရဲရှိတဲ့ အထိကို အဲ့ကြားထဲမှာ ဘာဆိုဘာမှမှရှိမနေတဲ့ ကန္တာရအတိဒေသကြီးတစ်ခုပေါ့… ဒီလိုဝေးလံတဲ့ဒေသမှာ လူသူနည်းတာမို့ လူမဟုတ်တဲ့ သတ္တဝါတွေက ကြီးစိုးလို့နေပါတယ်… ဒါပေမယ့်လည်း ဒီသတ္တဝါတွေကို လက်ဆုပ်လက်ကိုင်ပြနိုင်တာမျိုးတော့ မရှိသေးပါဘူး… ဒီဇာတ်လမ်းမှာတော့ ရရှိထားတဲ့အထောက်အထား… ခံရတဲ့ သားကောင်တွေကို အင်တာဗျူးတဲ့ Documentry ပုံစံမျိုး ရိုက်ကူးထားတာပါ တစ်ကားလုံးကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာမို့ သဲထိတ်ရင်ဖိုဇာတ်လမ်းကြိုက်သူတွေအဖို့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(1.4GB) / (600MB) Quality__WEB-DL_1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__01:15:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Lawn Ya Tal

5.3 2022 80 mins
Horror in the High Desert
Parundhaaguthu Oor kuruvi
7.6

Parundhaagudhu Oor Kuruvi 2023(ပဲလှော်ကြား ဆားညပ်) IMDb 8.2/10 Thriller IMDb အမိုက်စားနဲ့ ကြည့်ရကျိုးနပ်စေမယ့် တမီးလ်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အာဒီဆိုတဲ့သူဟာ ခါးပိုက်နှိုက်အဖြစ် မြို့ထဲမှာ နာမည်ကြီးတဲ့သူပေါ့။ ခိုးလွန်းလို့ ရဲတွေနဲ့တောင် အရမ်းရင်းနှီးပြီး ရဲစခန်းဟာ အိမ်ဦးနဲ့ကြမ်းပြင်လိုတောင် ဖြစ်နေတာပါ။ တစ်ရက်မှာတော့ ရဲစခန်းကို လူသတ်မှုကျူးလွန်မိပါတယ်ဆိုပြီး ဖြောင့်ချက်လာပေးတဲ့သူတွေ ရောက်လာပါတယ်။ ဒီအမှုကို စုံစမ်းဖို့အတွက် ရဲအရာရှိဘိုဆီကို အာဒီက အခင်းဖြစ်ရာ သစ်တောဆီ လမ်းပြပေးရပါတယ်။ သစ်တောတစ်နေရာမှာ လူသေအလောင်းကိုတွေ့တဲ့အခါ ဘိုဆီက အာဒီနဲ့အဲဒီအလောင်းကို လက်ထိပ်ခတ်ခဲ့ပြီး ဆက်စုံစမ်းဖို့သွားပါတော့တယ်။ ဒါပေမဲ့ လူသေအလောင်းဟာ မသေသေးဘဲ အသက်ရှင်နေသေးတာကို အာဒီသိခဲ့ရပါတယ်။ အဲဒီလူဟာ မာရာဆိုသူဖြစ်ပြီး အခက်ကြုံနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အာဒီတစ်‌ယောက် မာရာနဲ့ ပတ်သက်ပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲ။ မာရာကရော ဘယ်လိုလူလဲ။ သူ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေရှိနေဦးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Aditi, KKKZ, Cherryနဲ့ Deeတို့ပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.6 2023
Parundhaaguthu Oor kuruvi
The Prequel of Gold Convoyers 2: Super National Treasure
5.8

ပထမကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး မင်ခေတ် ကျားကျင့်နှစ်အတွင်းမှာ မင်းကြီးက မသေဆေးကို ဖော်စပ်ဖို့သာ အားသာနေပြီး နိုင်ငံ့အရေးကို လျစ်လျူရှုခဲ့ပါတယ်။ တစ်နေ့မှာ ကျင့်မင်းသားကြီးအိမ်တော်က ကျောက်ပြားကို အစောင့်အထပ်ထပ်ချထားတဲ့ကြားက “အမြီးကိုးချောင်းမြေခွေး” ကခိုးယူသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ “အမြီးကိုးချောင်းမြေခွေး” ရဲ့သတင်းက တိုင်းပြည်အနှံ့ပြန့်သွားပြီး အစိုးရကလည်းဖမ်းမိန့်ထုတ်ခဲ့ပါတယ်။ နန်းတွင်းကိုယ်ရံတော်တပ်က ဝမ်ကျောက်ရှင်းဟာ အမိန့်အရ ဖျင်အန်းပို့ဆောင်ရေးစခန်းမှာ ပို့ဆောင်ရေးသမားအဖြစ် ဝင်ရောက်လုပ်ကိုင်နေခဲ့ပါတယ်။ မင်းသားကြီးအိမ်က ပျောက်သွားတဲ့ ကျောက်ပြားအကြောင်း စုံစမ်းဖို့နဲ့ “အမြီးကိုးချောင်းမြေခွေး”ကို ဖမ်းဆီးဖို့ ဆရာတူညီမဖြစ်သူဆီကနေ အမိန့်က်ို လက်ခံရရှိခဲ့ပါတယ်။ နောက်နေ့မှာ ခရိုင်မှူးအသစ်က ဖျင်အန်းပို့ဆောင်ရေးရဲ့ သူဌေးဂူဖျင်အန်းနဲ့ သူမအဖေကို ဆင့်ခေါ်ပြီး အလုပ်အပ်ခဲ့ပါတယ်။ “နတ်သားနှင်းရည်ခံပြား” ကို “အမြီးကိုးချောင်းမြေခွေး” လက်ထဲက ကာကွယ်ပေးရန်ဖြစ်ပါတယ်။ “နတ်သားနှင်းရည်ခံပြား” က ဘယ်လို အဖိုးတန်တဲ့ ရတနာဖြစ်နေမလဲ…… ဖျင်အန်းတစ်ယောက် ဝမ်ကျောက်ရှင်းရဲ့ အကူအညီနဲ့ “အမြီးကိုးချောင်းမြေခွေး” ကို ဖမ်းဆီးနိုင်လိမ့်မလား…… “အမြီးကိုးချောင်းမြေခွေး” ကရော ဘယ်သူ ဖြစ်နေမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။

5.8 2010
The Prequel of Gold Convoyers 2: Super National Treasure
Mischievous Kiss the Movie Part 2: Campus
7.1

Mischievous Kiss: Campus Arc (2017) My Drama List – 7.4 IMDb – 7.1 2016 ခုနှစ်ကထွက်ရှိခဲ့တဲ့ Highschool arc ရဲ့အဆက်ဖြစ်ပြီးတော့ campus arc မှာတော့ ခိုတိုခိုရော အီရိအဲရော တိုးနန်တက္ကသိုလ်ကို ရောက်သွားကြပေမယ့် မေဂျာတော့ မတူပါဘူး။ အီရိအဲက သိပ္ပံအင်ဂျင်နီယာမေဂျာကိုယူပြီး အဲဒီမှာ မာဆုမိုတိုဆိုတဲ့ကောင်မလေးနဲ့ ရင်းနှီးလာခဲ့ပါတယ်။ တစ်နေ့မှာတော့ အီရိအဲရဲ့ အထက်တန်းကျောင်းတုန်းက စီနီယာဖြစ်တဲ့ ဆုဒိုက အီရိအဲကို သူတို့ကလပ်ထဲဝင်ဖို့ စည်းရုံးလာပါတယ်၊ ဒါကို အီရိအဲနဲ့ ကလပ်အဖွဲ့ အတူတူဝင်ချင်တဲ့ ခိုတိုခိုတစ်ယောက်ကြားသွားပြီးတော့ ဘာကလပ်မှန်းမသိဘဲ အနောက်ကလိုက်ကြည့်ပါတော့တယ်။ အီရိအဲဝင်မယ့်ကလပ်က တန်းနစ်ကလပ်ဖြစ်နေပြီး မာဆုမိုတိုကလည်း အဲဒီကလပ်မှာရှိ‌‌နေပါတယ်။ ခိုတိုခိုတစ်ယောက် တန်းနစ်အဖွဲ့ထဲဝင်ပြီး အီရိအဲရဲ့အာရုံစိုက်မှုကို ဘယ်လိုအရယူမလဲ၊ အီရိအဲကိုကြိုက်တဲ့ ပြိုင်ဘက်ကရော ဘယ်နှယောက်ပေါ်လာမလဲ၊ အဲဒီပြိုင်ဘက်တွေကိုရော ခိုတိုခိုတစ်ယောက် အနိုင်ယူနိုင်မလား၊ အီရိအဲနဲ့ခိုတိုခိုတို့ကြားထဲက ဆက်ဆံရေး ဘယ်လိုမျိုးပြောင်းလဲသွားမလဲ အစရှိတာတွေကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် File size… 2.6 GB / 1.1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Comedy/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

7.1 2017 104 mins
Mischievous Kiss the Movie Part 2: Campus
Vishesham
8.5

Vishesham 2024 ကိုလူပျိုရဲ့အချစ်ခရီး IMDb – 8.6/10 လူတစ်ယောက်အတွက် ပထမဆုံးအကြိမ်ဆိုတာ အတော်လေးအရေးကြီးပါတယ်။ ဒီပထမဆုံးအကြိမ်ကနေရလိုက်တာက သူ့အတွက် အဖိုးမဖြတ်နိုင်တဲ့ ယုံကြည်မှုဆိုတဲ့အရာပါပဲ။ ဒါပေမဲ့ ရှီဂျူကတော့ ဒီယုံကြည်မှုဆိုတဲ့အညွန့်လေး ရိုက်ချိုးခံလိုက်ရတဲ့သူပေါ့။ လူရိုးကြီးရှီဂျူက သိပ်ချစ်တတ်တဲ့သူတစ်ယောက်ဆိုပေမဲ့ သူ့ကိုမင်္ဂလာဆောင်ပေးမယ့်အချိန်မှာ သတို့သမီးလေးက ကိုထိပ်ပြောင်ကြီးမြင်ပြီး ထွက်ပြေးသွားတာမလို့ အသည်းလည်းကွဲ အရှက်လည်းကွဲပြီး လယ်စိုက်ပြီး တစ်ကိုယ်တည်းပဲနေတော့တာပေါ့။ ဒါကို မကြည့်ရက်လေတော့ အမေနဲ့ အစ်ကိုဖြစ်သူအပါအဝင် တစ်ဆွေတစ်မျိုးလုံးက ရှီဂျူကို အိမ်ထောင်ထပ်ပြုဖို့ ဇွတ်တိုက်တွန်းတာမလို့ ရှီဂျူလည်း မရေမရာနဲ့ပဲ ထပ်ပြီးစမ်းကြည့်ဖို့ လက်ခံလိုက်ပါတော့တယ်။ နှလုံးလှတဲ့ ကိုလူရိုးဆို‌ပေမဲ့ အသက်ကကြီး ထိပ်ကပြောင် ဗိုက်ကပူနေတဲ့ အဘိုးအိုပေါက်စရုပ်နဲ့ရှီဂျူကို မိန်းကလေးတိုင်းက ငြင်းနေတော့ အိမ်ထောင်ပြုဖို့ လက်လျှော့မယ့်ဆဲဆဲ ကျားမလေးလို ရဲရဲတောက် ရဲမေမလေးနဲ့ဆုံဖို့ ဖြစ်လာချိန်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)

8.5 2024
Vishesham
Gumasthan
7.3

Gumasthan 2024 (ဂူမာစ်သန်) မိန်းမကို သံတုတ်နဲ့ရိုက်လိုက်မိလို့ မိန်းမသေသွားရာကနေ အမှုဖွင့်ခံထားရတဲ့ ဂီရိ၊ သူဟာ ထောင်မကျဖို့အရေး လွတ်လမ်းရှာရင်းနဲ့ တရားဥပဒေနဲ့ပတ်သတ်ပြီးတော့ ဉာဏ်ကြီးရှင်ကြီးတစ်ပါးဖြစ်တဲ့ ပါလီပါဒန်ကို သူ့ရဲ့ ရှေ့နေကနေတစ်ဆင့် သိခဲ့ပါတယ်။ ပါလီပါဒန်ဟာဆိုရင် ဥပဒေရဲ့ ယိုပေါက်တွေအားလုံးကို သူသိနေပါတယ်။ ဥပဒေကနေ လွတ်လမ်းရှာချင်သူတိုင်း သူ့ဆီလာပြီးတော့ အကြံတောင်းကြပါတယ်။ တစ်ခုထူးခြားတာကတော့ ပါလီပါဒန်ဟာ ဆူညံမှုကို မုန်းတီးတာပါပဲ။ သူ့အိမ်မှာဆိုရင် အသံကျယ်ကျယ်ပြောလို့မရသလို ဘာဆူညံမှုမှလည်း လုပ်လို့မရပါဘူး။ ဂီရိဟာ ဒီအမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်နိုင်ဖို့အတွက် ပါလီပါဒန်ဆီကနေ အကြံသွားတောင်းခံခဲ့ပါတယ်။ ပါလီပါဒန် အကြံပေးတဲ့အတိုင်း လုပ်ဆောင်ခဲ့ပေမယ့် ရဲအရာရှိတွေဟာလည်း ဂီရိရဲ့ မှုခင်းဇာတ်ကြောင်း အကြောင်းကို သိသွားကြတဲ့နောက်မှာ ရဲတွေဟာလည်း ဒီအမှုကို အမှန်ဖြစ်စေနိုင်ဖို့ လုပ်ဆောင်ပါတော့တယ်။ ဒီလိုနဲ့ ဂီရိကို အမှုကနေ ကွင်းလုံးကျွတ်နိုင်ဖို့ ပါလီပါဒန်ပေးတဲ့ အကြံတွေအတိုင်းလုပ်ရင်း လွတ်သွားနိုင်မလား …… ရဲတွေဘက်ကနေပဲ အားသာပြီး ဂီရိတစ်ယောက်အမှုမှာ ရှုံးသွားမလား ……. ပါလီပါဒန်ရဲ့ နောက်ကွယ်က အကြောင်းတွေကရော ဘယ်လိုတွေ စိတ်ဝင်စားဖို့ကောင်းမလဲ….. ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.3 2024 145 mins
Gumasthan