YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Happiness.S01E11[CM].mp4

508.2 MB N/A video/mp4 11355 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Night Train
7

Single Mother တစ်ယောက်ဖြစ်တဲ့ဟော်လီဟာ ကျန်းမာရေးမကောင်းတဲ့သားဖြစ်သူရဲ့ဆေးဖိုးဝါးခအတွက် တရားမ၀င်ကားပြိုင်ပွဲတွေမှာ ၀င်ပြိုင်ရင်း၀င်ငွေရှာရပါတယ်။ ကားမောင်းရာမှာ ငယ်ငယ်တည်းက ပါရမီပါတဲ့ ဟော်လီဟာ အပို၀င်ငွေရဖို့ ဆေးပစ္စည်းမှောင်ခိုသွင်းတဲ့ကားမောင်းပေးဖို့ သဘောတူလိုက်ရာကနေ ရာဇ၀တ်လောကထဲကို တဖြည်းဖြည်းခြေချမိပါတော့တယ်။ အဲဒီအချိန်မှာပဲ အင်မတန်အလုပ်ကြိုးစားတဲ့ FBI အေးဂျင့်တစ်ယောက်က ဟော်လီကို သတိထားလိုက်မိချိန်မှာတော့ ဟော်လီတို့သားအမိလည်း အန္တရာယ်နဲ့ရင်ဆိုင်ဖို့ဖြစ်လာရပါ‌တော့တယ်။ File size…(1.72GB)  / (929MB) /469MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:35:00 Genre...Action / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Thriller
7 2023 96 mins
Night Train
Cleaner
6

ဒီဇာတ်ကားကတော့ ကျွန်တော်တို့ရဲ့အချစ်တော်ကြီး Samuel L.Jackson၊ မင်းသားကြီး Ed Harris နဲ့ မင်းသမီး Eva Mendes စတဲ့ နာမည်ကြီးသရုပ်ဆောင်များ ပါဝင်ပြီး ဒါရိုက်တာ Renny Harlin က ရိုက်ကူးထားတဲ့ မှုခင်းဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ တွမ်ကတ်တလာ(Samuel L.Jackson)ဟာ ရဲဝန်ထမ်းအလုပ်ကနေ အနားယူပြီး သူ့ရဲ့သမီးလေးကိုထောက်ပံ့ပေးဖို့အတွက် မှုခင်းဖြစ်ပွားတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ရတဲ့သူအဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူလူမရှိတဲ့အိမ်တစ်အိမ်မှာ အလုပ်လုပ်ခဲ့ရပြီး အဲ့ဒီအိမ်မှာနေတဲ့ အန်းနော်ကပ်(Eva Mendes) ရဲ့အမျိုးသားဟာ ထူးဆန်းစွာပဲပျောက်ဆုံးနေတယ်ဆိုတာ သိလိုက်ရတယ်။ အဲ့ဒီအတွက်ကြောင့် တည်ငြိမ်နေပြီဖြစ်တဲ့ တွမ်ကတ်တလာရဲ့ဘဝကြီးဟာလည်း အရှုပ်တွေထဲကို နောက်တစ်ကြိမ်ပြန်လာရောက်ရှိလာပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ အန်းနော်ကပ်ရဲ့အမျိုးသားကို ပြန်လည်ရှာဖွေတာအပြင် တွမ်ကတ်တလာရဲ့ အတိတ်ကအရှုပ်တော်ပုံတွေ၊ သူ့နားကသူငယ်ချင်းဖြစ်သူ အက်ဒီလော်ရန်ဇို(Ed Harris)ရဲ့ လျှိုဝှက်ချက်တွေနဲ့ ထင်မှတ်မထားတဲ့ လှည့်ကွက်တွေကို စိတ်ဝင်စားဖွယ်ခံစားကြရမှာပဲဖြစ်ပါတယ်။ဇာတ်ကားထဲမှာ သွေးထွက်သံယိုဖြစ်တာတွေနဲ့ မသတီစရာကောင်းတဲ့အခန်းတွေပါဝင်တာကြောင့် နှလုံးမကောင်းသူများကြည့်ရှုဖို့ မသင့်တော်ပါဘူး။ File Size :(1.9GB)(618 MB) and (380 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:28:00 Genre : Crime , Thriller, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Adventure • Comedy • Drama
6 2007 88 mins
Cleaner
M. Butterfly
6.6

ဒီကားကို ရိုက်တဲ့ဘဲက ဒေးဗစ်ခရိုနင်ဘတ်။ သူ့တော့ သိကြတယ်ဟုတ်။ Crimes of the Future တို့၊ The Fly တို့၊ Crash တို့လို Body Horror တွေအရိုက်များခဲ့တဲ့သူပါပဲ။ Body Horror မာစတာတစ်ပါးအဖြစ်လူသိများတဲ့ ခရိုနင်ဘတ်ဟာ ဒီတစ်ခါတော့ ထူးထူးခြားခြား ဘာညာဘာညာကြတာတောင် ဘော်ဒီမပြတဲ့ ကားကို ရိုက်ချလိုက်တယ်။ မင်းသားက Jeremy Irons ပါ။ ပေါ်ပြူလာအရမ်းဖြစ်တဲ့ထဲ မပါပေမဲ့လည်း သရုပ်ဆောင် တော်တော်ကောင်းတဲ့ ဘိုးတော်ကြီးပေါ့။ မင်းသမီးကတော့ အဲလေ နောက်မင်းသားကတော့ ဂျွန်လုံးပါ။ သူကတော့ ပုရီကားမှာ တော်တော်များများသိကြမှာပါ။ Rush Hour 2 ကတော့ သူ့ကို လူသိအများကြဆုံးကားဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းကတော့ ပြင်သစ်သံရုံးက စာရင်းကိုင်တစ်ယောက်ဟာ တစ်နေ့ အော်ပရာသွားကြည့်ရင်း ပီကင်းအော်ပရာသမလေးတစ်ယောက်နဲ့တွေ့တယ်။ ဘာမှတော့မသိပေမဲ့ အနုပညာကိုခံစားတတ်သလို ဘာလိုလိုနဲ့ ရောဖောရင်း စကားသွားပြောရာက ငြိတိတိဖြစ်မလိုလို ဖြစ်သွားတာပေါ့။ အဲဒီနောက် တော်တော်ကြာသွားတယ်။ မတွေ့ဖြစ်ကြဘူး။ နောက် သူလက်ထောက်ကောင်စစ်ဝန်ရာထူးတိုးသွားတဲ့အခါမှာ အဲဒီအော်ပရာသမလေးဆီသွားပြီး ချစ်ရေးဆိုရာကနေ ပြင်သစ် တရုတ်အချစ်ဇာတ်လမ်းလေးတစ်ခု ဖြစ်ထွန်းလာတယ်ပေါ့။ စပွိုင်လာလို့ပြောလို့ရပေမဲ့ ဇာတ်ကိုက ဖြစ်ရပ်မှန်ကို ရိုက်ထားတာဆိုတော့ ကျန်တဲ့ပြောမှာတွေက စပွိုင်လာဖြစ်နိုင်တာမို့ မသိသေးရင် ဒီမှာပဲ ရပ်လိုက်ပါ။ မပြောလို့လည်း မဖြစ်တာမို့ ပြောရပါဦးမယ်။ ဒီလိုနဲ့ သူတို့တွေ ချစ်ခင်စုံမက်ပေါင်းဖက်လာလိုက်တာ သားလေးမွေးကြတဲ့အထိပေါ့။ ------------- ပြဿနာက တော်တော်ကြာပြီးမှ တရားရုံးက ခေါ်လို့သွားရာက အမှုအစစ်ဆေးခံရင်းသိလိုက်ရတာက သူမယားအဖြစ်ပေါင်းသင်းခဲ့တဲ့ အော်ပရာအဆိုတော်မက အမမဟုတ်ဘဲ အထီးကြီးဖြစ်နေရှာတာ။ အဲဒီမှာ တစ်လောကလုံးစာ အရှက်တွေကွဲပါလေရော။ ဟိုကလည်း ပိရိသကိုး။ ပီကင်းအော်ပရာသမားတွေက အစကတည်းကိုက အမျိုးသမီးဇာတ်ကောင်နေရာလည်း အမျိုးသားပဲ သရုပ်ဆောင်ကြတော့ အမျိုးသမီးနေရာက သရုပ်ဆောင်သွားတာလည်း သိပ်ကောင်းနေသကိုး။ ဂျင်းအကြီးကြီးမိသွားရှာတာပေါ့။ သို့ပေမဲ့ လိင်ပါဆက်ဆံတာတောင် မသိဘူးလားဆိုတဲ့အမေးတော့ရှိမယ်။ ဒါကတော့ ကားမှာလည်း တစ်ချို့တစ်ဝက်မြင်သာသလို တကယ့်အမှုကိုစစ်ခဲ့တုန်းက ဆေးပညာရှင်ရဲ့ အတည်ပြုချက်အရတော့ သူက ခုခေတ်လည်းသုံးကြတဲ့ Tucking လို့ခေါ်တဲ့ လိင်တံကို မပေါ်အောင် နောက်ပစ်ထားတဲ့နည်းဆိုလား သုံးခဲ့သတဲ့။ နောက် သူက ထူးထူးခြားခြားပဲ သူ့ဝှေးကိုလည်း သူလိုချင်သလိုပုံစံဖြစ်ရအောင် ကြွလို့ရှုံ့လို့ရတဲ့ စွမ်းရည်လည်းရှိသတဲ့။ ဒီတော့ ဗဂျိုင်နာလို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နိုင်ခဲ့သတဲ့။ ဇာတ်ကတော့ တိုနီဆုပါရခဲ့တဲ့ ဘ‌ရော့ဒ်ဝေးပြဇာတ်တစ်ခုကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ အဲဒီပြဇာတ်ကလည်း ပြင်သစ်သံအမတ်နဲ့ Shi Pei Pu လို့ခေါ်တဲ့ တရုတ်အော်ပရာအဆိုတော်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကကို အခြေတည်ထားတာပါ။ ဒီအဖြစ်အတွက် နှစ်ယောက်စလုံး ထောင်ကျပြီး လွတ်လာခဲ့ပါတယ်။ အပြင်မှာတော့ Shi ဟာ မသေခင်မှာ ပြင်သစ်သံအမတ်ကို ကျွန်တော်ကတော့ အစ်ကို့ကို ချစ်တုန်းပဲလို့ ပြောခဲ့သလို ၂၀၀၉အထိအသက်ရှည်ရှည်နေခဲ့ရပြီး ၇၀နဲ့ဆုံးသွားခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမဲ့လည်း ဒီဇာတ်လမ်းဟာ သိပ်မယုံနိုင်စရာကောင်းလွန်းနေသလို မူရင်းပြဇာတ်ကို ရေးတဲ့စာရေးဆရာကလည်း " ဒီပြဇာတ်မှာ Gay နဲ့ Straight ကြားက မျဉ်းလေးဟာ အင်မတန်ဝေဝါးပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလူဟာ သူယောက်ျားတစ်ယောက်နဲ့ သံဝါသပြုနေခဲ့တယ်ဆိုတဲ့အချက်ကို သိခဲ့မယ်လို့ထင်ပါတယ်။ ဒါကြောင့်မို့ ပမာဏတစ်ခုအထိတော့ သူ့စိတ်က Gay ဖြစ်နေပုံပါပဲ " တဲ့။ ပြဇာတ်ရေးဆရာရဲ့ ဒီစကားကတော့ ပိုပြီးနှိုင်းဆကြည့်ရလွယ်ပါလိမ့်မယ်။ ပီကင်းအော်ပရာသမားတွေ ဈာန်အဝင်လွန်ပြီး ဒီမျဉ်းအရမ်းပါးလျသွားတာလည်း ဒါဦးဆုံးမဟုတ်ဘူးမို့လား။ Farewell My Concubine မှာလည်း ကျွန်တော်တို့တွေ့ခဲ့ရပြီးပြီပဲလေ... (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 660MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 41Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.6 1993 101 mins
M. Butterfly
Lara Croft: Tomb Raider - The Cradle of Life
5.7

အမျိုးသမီးဖိုက်တာဇာတ်ရုပ်တွေဆိုရင် Angelina Jolie ရဲ့ Lara Croft: Tomb Raider ရုပ်ရှင်တွေက ထိပ်ဆုံးကပါလာတတ်ပါတယ်။ ဂိမ်းဇာတ်ကောင် Lara Croft ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာဖြစ်ပြီး Lara Croft ဇာတ်ကားတွေရဲ့ တင်ဆက်ပုံက ဇာတ်လမ်းဇာတ်ကွက်ထက် ဇာတ်ကောင်ရဲ့ မိမိုက်နေမှုကိုပဲ ဦးစားပေးပုံဖော်ထားပါတယ်။ ဇာတ်ကောင်မင်းသမီးကလဲ အင်ဂျလီနာဂျိုလီဆိုတော့ လိုတာထက်ပိုတဲ့ မိမိုက်နေမှုတွေကို ခံစားကြည့်ရှုရမှာပါ။ ရှေးခေတ်က သဘာဝလွန်ပစ္စည်းတွေကို ရှာဖွေရာမှာ ကမ္ဘာကိုဒုက္ခပေးမယ့် လူဆိုးတွေနဲ့ အပြိုင်အဆိုင် အနိုင်ကြဲမယ့် မိန်းမ ဂျိမ်းစ်ဘွန်း အဖြစ် ဂျိုလီကိုရှုမြင်ရတာ လိုက်ဖက်လွန်းပါတယ်။ Action, Adventure, Fantasy ဆိုတဲ့ အရသာကို အပြည့်အဝခံစားရမှာပါ။ BluRay 4K Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ File size…(6.2 GB)/(1.7 GB)/(900 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:57:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by KiKi

Adventure • Fantasy
5.7 2003 117 mins
Lara Croft: Tomb Raider - The Cradle of Life
Restless
6.1

အခုတစ်ခေါက်မှာတော့ Netflix ကနေ အသစ်စက်စက်ထွက်ရှိထားတဲ့ ပြင်သစ်အက်ရှင်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ အမြဲတမ်း ဖြောင့်မတ်တဲ့ရဲတွေကိုပဲ ဇာတ်လိုက်နေရာက မြင်နေရတာ ရိုးသွားပြီလား ဒါဆိုရင် ဒီကားလေးကို ကြည့်လိုက်ပါ။ အဓိက ဇာတ်လိုက်ဖြစ်တဲ့ ဘလင်းဟာ ပုံမှန်မြင်နေကျဇာတ်ကောင်တွေလို ရိုးသားဖြောင့်မတ်တဲ့ရဲမဟုတ်ဘဲ လာဘ်ပေးလာဘ်ယူလုပ်ပြီး အကျင့်ပျက်ခြစားတဲ့ရဲပဲဖြစ်ပါတယ်။ ဘလင်းတစ်ယောက် သူ့မိခင်ဆုံးပြီး အခေါင်းသွင်းတော့မှာဖြစ်တဲ့အတွက် ဆေးရုံကို အလောတကြီးသွားရမဲ့ အချိန်မှာပဲ ပြည်တွင်းလုံ​​ခြုံ​​ ရ​ဌာနက သူတို့စခန်းကို ရှောင်တခင်ဝင်စစ်ဆေးပါတော့တယ်။ မောင်ဘလင်းတစ်ယောက် လောလောနဲ့ ဗျာများပြီး ကားမောင်းရာကနေ လူတစ်ယောက်ကို တိုက်မိခဲ့ပါတယ်။ အကျင့်ပျက်ခြစားရုံတင်မက ကားနဲ့လူပါတိုက်လိုက်မိတဲ့ ဘလင်းဟာ ဒီယာဥ်တိုက်မှုကို ခြေရာလက်ရာဖျောက်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ပေမယ့်လည်း ထူးဆန်းတဲ့ မျက်မြင်သက်သေတစ်ယောက်ဆီကနေ ခြိမ်းခြောက်မှုတွေရရှိလာတဲ့ခါ.... ဘလင်းတစ်ယောက် ဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲ..?? သူရဲ့လာဘ်စားမှုတွေကရော ပေါ်လွင်သွားမှာလား..?? မျက်မြင်သက်သေကရော ဘာလို့ခြိမ်း ခြောက်နေရတာလဲ.. ဆိုတာကို ကြည့်ရှုရမဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်တာမလို့ အားလုံးအကြိုက်တွေ့ကြမယ့် Action, Crime, Thriller ကားသစ်လေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size - (1.2 GB) / (585 MB) / (385 MB) Quality – WebDL 1080p / 720p/480p Duration - 1h 35mins Subtitle – Myanmar Hardsub Format – MP4 Genre : Action, Crime, Drama Translator – CM Team Encoder – SWM

Drama
6.1 2022 95 mins
Restless
Annabelle: Creation
6.6

၂၀၁၄ တုန်းကAnnabelle အမည်နဲ့ ဇာတ်ကားထွက်ခဲ့ဖူးပြီး အခုဇာတ်လမ်းကတော့ အမှောင့်ပယောဂ ဝင်နေတဲ့ အန်နာဘဲလ် အရုပ်မရဲ့ ရာဇဝင်ကို ရိုက်ကူးထားတာမို့ အရင်အန်နာဘဲလ်ဇာတ်လမ်းနဲ့ ရင်းနှီးပြီးသား ပရိ သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလို့ဆိုရမှာပါ။ ဆမ်မြူရယ်မူလင်ဟာ ဇနီးအက်စ်သာ၊ သမီးလေးအန်နာ ဘဲလ်နဲ့အတူ ကယ်လီဖိုးနီးယားက ယာတောအိမ်ကြီးမှာနေထိုင်ရင်း ကစားစရာအရုပ်တွေ ပြုလုပ်ပြီးအသက်မွေးသူပါ။ တစ်ရက်မှာတော့ (၇)နှစ်အရွယ်သမီး လေး အန်နာဘဲလ်ဟာ ဆိုးရွားလှတဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ပြီး ဆမ်မြူရယ်ဟာလည်းသူ့သမီးမရှိတော့တဲ့နောက် အရုပ်တွေလည်း မလုပ်တော့ပါဘူး။အဲဒီလိုနဲ့နေလာရင်း အန်နာဘဲလ်ဆုံးတာ ၁၂နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ ဆမ်မြူရယ်တို့ ဇနီးမောင်နှံဟာ ယာတောအိမ်ကြီးမှာ သူတို့နှစ်ယောက်တည်းနေ တာဖြစ်တဲ့အတွက် မိဘမဲ့ဂေဟာ ပိတ်လိုက်ရလို့ နေစရာမရှိဖြစ်နေတဲ့ သီလရှင်တစ်ပါးနဲ့ မိဘမဲ့ မိန်းကလေးခြောက်ယောက်ကို ယာတောအိမ်ကြီးမှာ လာနေဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီအိမ်ကြီးကို မိန်းကလေးတွေ ရောက်လာပြီးနောက်မှာတော့ ထူးဆန်းတဲ့ကိစ္စရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီး မိဘမဲ့မိန်းကလေးတွေထဲက ပိုလီယိုကြောင့် ခြေထောက်မသန်တဲ့ ဂျန်နစ္စတစ်ယောက် အရုပ်လိုလို၊ လူလိုလို လှုပ်ရှားမှုတစ်ခုရဲ့ ခြောက်လှန့်မှုနဲ့ကြုံခဲ့ပါတော့တယ်။ ဂျန်နစ္စက ယာတောအိမ်ကြီးက ပိတ်ထားတဲ့အခန်းတစ်ခန်းကို သွားဖွင့်မိရာကနေ မိန်းကလေးတစ်ယောက်ပုံစံ ထူးဆန်းတဲ့အရုပ်နဲ့ ကြုံခဲ့တာဖြစ်ပါတယ်။နောက်တော့ တစ်ယောက်ပြီးတစ်ယောက် အိမ်ကြီးထဲက ဆန်းကြယ်တဲ့အဖြစ်အပျက်တွေ၊ အခြောက်အလှန့်တွေကြုံခဲ့ပြီး အရုပ်လုပ်သူ ဆမ်မြူရယ်ရဲ့ စမ်းသပ်မှုတစ်ခုရဲ့ ဓားစာခံတွေဖြစ်ခဲ့ရပါတော့တယ်။ အခြောက်အလှန့်တွေလုပ်တဲ့အရုပ်နဲ့ သေသွားတဲ့အန်နာဘဲလ်ကဘယ်လိုအဆက်အစပ်တွေရှိနေတာလဲ၊ သီလရှင်နဲ့ မိဘမဲ့မိန်းကလေးတွေ အမှောင့်ပယောဂဝင်နေတဲ့ သစ်သားရုပ်ရဲ့ လက်က လွတ်မြောက်နိုင်ပါ့မလား၊ ဒီအရုပ်နဲ့ပတ်သက်လို့ ဆမ်မြူရယ်က ဘာတွေလျှို့ဝှက်ကြံစည်ထားသလဲဆိုတာတော့ ဆက်ကြည့်လိုက်ပါဦးလို့။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေက စတက်ဖနီဆစ်မန်း၊ တ ာလီသာဘိတ်မန်း၊ လူလူဝီလ်ဆင်၊ ဖီလစ်ပါကော့လ်ဟာ့တ်၊ အန်သိုနီလာပါဂလီယာ၊ မီရန်ဒါအော့တို စသူတွေ ဖြစ်ပါတယ်။ ။(ဇာတ်လမ်းအညွှန်းကိုတော့ 7Daily Website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ ခင်ပြည့်စုံကျော်ပါ)

Comedy • Science Fiction
6.6 2017 110 mins
Annabelle: Creation
Jailbreak Pact
7

Jailbreak Pact (2020) ~ IMDb – 7/10, Rotten Tomatoes – 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ “နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး” ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size – 2GB, 1.1GB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 2H 15Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Action • Adventure • Science Fiction
7 2020
Jailbreak Pact
Which Brings Me to You
5.6

အားလုံးပဲ ဘဝမှာ တစ်ချိန်တစ်ခါက ကိုယ်စီအချစ် ဇာတ်လမ်းလေးတွေရှိကြမှာပါ…။ အဲ့ဒီအချစ်ဇာတ်လမ်းလေးတွေကို ပြန်တွေးကြည့်လိုက်ရင် ရသတစ်မျိုးစီ၊ အ‌ရောင်တစ်မျိုးစီ နှလုံးသားနဲ့ချီပြီး ခံစားကြရတယ်မလား။ နှလုံးသားမှာ ဒီလိုပုံပြင်လေးတွေ၊ အရောင်လေးတွေများလာရင် မွန်းကြပ်လာရပြီး ထပ်ချစ်မိဖို့ နောက်ထပ်အချစ်တစ်ခုအစပြုဖို့လည်း စိုးထိတ်သွားရလေ့ရှိတယ်တဲ့။ ထပ်ချစ်ဖို့မကြိုးစားတော့ဘဲ သွေးသားဆန္ဒကိုသာဦးစားပေးတတ် သူတွေ ဖြစ်သွားတတ်တာပေါ့၊ ဒီလိုအချိန်မှာ အကောင်းဆုံးနည်းလမ်းက အရင်ကဇာတ်လမ်းလေးတွေဆီကို တစ်ခေါက်ဆီအလည်သွားပြီး တစ်ယောက်အကြောင်းတစ်ယောက်သိအောင် ကြိုးစားဖို့ပါပဲ..။ အခုဇာတ်လမ်းလေးဟာ ဒီလိုဇာတ်လမ်းလေးပါပဲ။ ဝီလ်နဲ့ ဂျိန်းဟာ မင်္ဂလာဆောင်တစ်ခုမှ စတွေ့ခဲ့ရတဲ့သူစိမ်းတွေပေါ့…။ တွေ့တွေ့ချင်းမှာပဲ အဝတ်လဲခန်းထဲသွားပြီး ချစ်ကြည်နူးဖို့သာ စိတ်ကူးမိကြပါသတဲ့။ သို့ပေမဲ့ ရှေးဟောင်းနှောင်းဖြစ်အချစ်ဒဏ်ရာလေးတွေကို ပြန်ပြောမိရင်းက တစ်ယောက်နဲ့တစ်ယောက် တကယ်စိတ်ဝင်စားလာတဲ့အခါမှာတော့…. အရင်အချိန်တွေကို တစ်ခါပြန်အောင့်မေ့ရတဲ့အချစ်ဇာတ်လမ်းမျိုးကိုမှ သဘောကျရင် ဒီကားလေးကိုသာ ကြည့်လိုက်ပါတော့ဗျာ…။ File size…1.48 GB / 639 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.6 2024 98 mins
Which Brings Me to You
Die in a Gunfight
4.7

ရက်သ်ကာ့သ် မိသားစုနဲ့ ဂစ်ဘွန် မိသားစုတွေဟာ နယူးယောက်ခ်မြို့တော်မှာ သြဇာကြီးတဲ့ ထိပ်တန်းမီဒီယာလုပ်ငန်းရှင်ပြိုင်ဘက်ကြီးတွေဖြစ်ပြီး မျိုးရိုးစဉ်ဆက် တစ်ဦးနဲ့ တစ်ဦး ရန်စောင်တိုက်ခိုက်လာတဲ့ မဟာရန်သူတွေပါ။ သူတို့ရဲ့ ဆယ်ကျော်သက်သားနဲ့သမီးတွေဖြစ်တဲ့ ဘင်န်ဂစ်ဘွန်နဲ့ မေရီရက်သ့်ကာသ့်တို့ဟာ ရန်စတွေကို လျစ်လျူရှုပြီး အရူးအမူးချစ်မိသွားတဲ့အခါမှာတော့ ခေတ်သစ်ရိုမီယိုနဲ့ ဂျူလီယက်ဆန်ဆန် ဇာတ်လမ်းမျိုးဖြစ်လာပါတော့တယ်။ ဒီနေရာမှာဇာတ်လမ်းကို ပိုရှုပ်ထွေးတာက ကော်ပိုရိတ်တစ်ခုရဲ့အတွင်းရေးအရှုပ်တော်ပုံ၊ သူတို့ငှားထားတဲ့ ကြေးစားလူသတ်သမား၊ မေရီရက်သ်ကာ့သ်ကို တစ်ဖက်သတ်ချစ်မိနေတဲ့ ဝီလျံရက်သ်ကာ့သ်ရဲ့လူယုံတော်တို့ပါပဲ။ ခေတ်အဆက်ဆက်ရိုးမသွားနိုင်တဲ့ ဇာတ်လမ်းသွားမျိုးကို မြူးကြွသွက်လက်နေအောင်တင်ဆက်ထားပြီး လူငယ်ကြိုက် သရုပ်ဆောင်တွေဖြစ်တဲ့ Diego Boneta (Terminator: Dark Fate,Monster Hunter) နဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ မင်းသမီးချောလေး Alexandra Daddario တို့က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပါတယ်။

TV Movie • Thriller
4.7 2021
Die in a Gunfight
Honeymoonish
5.5

၂၀၂၄ ဧပြီလ ၃၀ ရက်ကမှထွက်ရှိထားတဲ့ Honeymoonish ဆိုတဲ့ရုပ်ရှင်ကတော့ ကူဝိတ်အချစ်ဟာသဇာတ်လမ်းချိုချိုလေးဖြစ်ပါတယ်။ ကူဝိတ်ရုပ်ရှင်ဆိုပေမယ့် Netflix က ထုတ်လုပ် ပေးထားပြီး လက်ဘနွန်နိုင်ငံရဲ့လှပတဲ့ ရှု့မျှော်ခင်းပေါင်းများစွာကိုထည့်သွင်းရိုက်ကူးထားပါတယ်။ ကူဝိတ်ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ Nour Al Ghandour နဲ့ Mahmoud Boushahri တို့က အဓိကပါ၀င်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ဇာတ်လမ်းနာမည်အတိုင်း ပျားရည်ဆမ်းခရီးဆိုတာဟာ ပုံမှန်အားဖြင့် ချစ်သူနှစ်ဦးအတွက် ပျားရည်လို ချိုမြိန်မှုတွေပြည့်နှက်နေတဲ့ခရီးတစ်ခုလိုမှတ်ယူ ထားကြပေမယ့် နောနဲ့ဟာမတ်အတွက်တော့ မဟုတ်ခဲ့ပါဘူး။ ကုမ္ပဏီမန်နေဂျာတစ်ဦးဖြစ်တဲ့ ဟာမတ်ဟာ ကုမ္ပဏီပိုင်ရှင်ဖခင်က မြေးရအောင် မလုပ်ပေးနိုင်ရင် အမွေမပေးဘူးလို့ဆိုတာကြောင့် အချိန်တိုအတွင်း သတို့သမီးတစ်ယောက်ကိုအမြန် ရှာနေသူဖြစ်ပါတယ်။ နောကတော့ ချစ်သူက သစ္စာ ဖောက်ပြီးမိန်းမယူသွားတာကြောင့် ချစ်သူကို လက်စားချေဖို့ အမြန်ဆုံးလက်ထပ်ချင်နေသူ တစ်ယောက်ပါ။ ရည်ရွယ်ချက်တူတဲ့ဟာမတ်နဲ့နောဟာ သူငယ်ချင်းလင်မယားနဲ့ချိတ်ဆက်ပေးမှုကတစ်ဆင့် အမြန်ဆုံးမင်္ဂလာဆောင်ပြီး လက်ဘနွန်ကို ပျားရည် ဆမ်းခရီးထွက်လာခဲ့ကြပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်ဘာမှမသိကြတဲ့ဟာမတ်နဲ့နောရဲ့ ပျားရည်ဆမ်းခရီးဟာ ချိုမြိန်ရမယ့်အစား ခါးသက်တဲ့ အရာတွေနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ကြရပါတော့တယ်။ File size…1.77GB / 869MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.5 2024 100 mins
Honeymoonish
Red Line
6

Andy Lau နဲ့ ထိုင်ဝမ်သရုပ်ဆောင်တွေပါဝင်ထားတဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ကားဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ပြိုင်ကားဆိုတာ အစကတည်းကအသက်နဲ့ရင်းရတဲ့ပြိုင်ပွဲတစ်ခုပါ။ လူငယ်တွေဟာ အရှိန်ကိုခုံမင်ပြီး အသက်နဲ့ရင်းပြီးပြိုင်တဲ့ပြိုင်ပွဲမှာ အနိုင်ရပြီလို့ထင်ပေမယ့် ကားနက်တစ်စီးဟာ ရုတ်တရက်လိုက်လာပြီး အဆုံးအစွန်ထိရောက်အောင်တွန်းပို့တဲ့အတွက် ပြိုင်ကားမောင်းသူဟာ သေသွားခဲ့ပါတယ်။ ဒါကိုသာမန်အရှိန်လွန်တဲ့ဖြစ်ရပ်တစ်ခုလို့ထင်ကြပေမယ့် ကြိမ်ဖန်များလာတဲ့အခါ အားလုံးHellCatလို့နာမည်ပေးထားတဲ့ ဒီကားနက်ဟာ တရားမဝင်မြေအောက်ပြိုင်ကားမောင်းတဲ့သူတွေကို ပစ်မှတ်ထားနေတာကို သတိထားမိလာကြတယ်။ အဲဒီအကြောင်းကိုမသိသေးတဲ့ရှောင်လော့ဆိုတဲ့ကောင်လေးဟာ သူ့ အစ်ကိုကပြိုင်ကားမောင်းရင်းသေသွားတာကြောင့် ပြိုင်ကားမောင်းတာကိုစွန့်လွှတ်ပြီး လူတွေရဲ့အသက်ကိုကယ်ရတဲ့ အရေးပေါ်လူနာတင်ကားပြောင်းမောင်းနေခဲ့တယ်။ မထင်မှတ်ပဲ သူ့အစ်ကိုသေရတာ ဒီငရဲကြောင်ကြောင့်ဆိုတာသိလိုက်ရတော့ သူငယ်ချင်းတွေနဲ့ပူးပေါင်းပြီး လက်စားချေဖို့အစီအစဉ်စလိုက်ပါတော့တယ်။

6 2023
Red Line
Oh, Canada
5.7

အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ နာမည်ကြီး ကနေဒါရုပ်ရှင် ရိုက်ကူးသူကြီး လန်နက်ဖိုက်ဖ်ရဲ့နောက်ဆုံးခရီးစဉ်ကို ရုပ်ရှင်ရိုက်ကူးသူ တစ်ယောက်နဲ့နောက်ဆုံးခရီးဆိုတဲ့အတိုင်း ရုပ်ရှင်ဆန်ဆန်ရိုက်ကူးပြသ ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ကနေဒါမှာတော့ လန်နက်ဖိုက်ဖ်ကို လူတော်တော်များများသိကြပြီး ခေတ်သစ်ရုပ်ရှင်ရိုက်ကူးသူတွေအတွက် စံထားရသူတစ်ယောက်လည်း ဖြစ်ပါတယ်။အဲ့ဒါကြောင့်သူ့ကိုဂုဏ်ပြုသောအားဖြင့် Oh Canada ဆိုတဲ့ ဇာတ်ကားလေးကိုရိုက်ကူးခဲ့ပြီး လက်ရှိ IMDb Rating 5.7 အထိရရှိ ထားပါတယ်။အနုပညာနဲ့ရသကိုနှစ်သက်တန်ဖိုးထားသူတွေအတွက် ကြည့်ကောင်းမဲ့ဇာတ်ကားလေးတစ်ကားဖြစ်မယ်ဆိုတာတော့ ငြင်းလို့မရပါဘူး။ လန်နက်ဖိုက်ဖ်က ကင်ဆာကြောင့်သူ့ဘ၀ရဲ့နောက်ဆုံးနေဝင်ချိန်နီးကပ် လာတဲ့အခါမှာ တစ်ချိန်တုန်းကသူ့ကျောင်းသားဟောင်းတစ်ယောက်က သူ့ကိုအင်တာဗျူးလုပ်ချင်တယ်ဆိုတာကိုလက်ခံခဲ့ပါတယ်။ နာမည်ခံတာကတော့ အင်တာဗျူးဆိုပေမဲ့ တကယ်တမ်းမှာသူငယ်စဉ်ဘ၀ အသက် ၂၀ ကျော်ကတည်းက အခုအထိ ဖုံးကွယ်လိမ်ညာထားသမျှ အမှန်တရားတွေအားလုံးကို သူ့ဇနီးဖြစ်သူအမ်မာရဲ့ရှေ့မှာဝန်ခံချင်တာ ဖြစ်ပါတယ်။ ဒီလိုနဲ့အင်တာဗျူးစတင်ခဲ့ပြီး သူငယ်စဉ်ဘ၀က အသက် ၂၀ ကျော်နဲ့ အိမ်ထောင်ကျ ကလေးအဖေဖြစ်ခဲ့တဲ့အပြင် အိမ်ထောင်ပါကွဲပြီး နောက်မိသားစုထူထောင်ခဲ့ပုံတွေ ဗီယက်နမ်မှာစစ်မှုထမ်းရမှာကို ရှောင်ချင်လို့ ကနေဒါကိုပြေးရှောင်ခဲ့ပုံတွေ သူ့ရဲ့ရုပ်ရှင်ရိုက်ကူးတဲ့အလုပ် ဘယ်လိုစတင်ဖြစ်ခဲ့ပုံတွေအပြင် သူ့မိန်းမအမ်မာကိုယ်တိုင်ပါ အံ့ဩရတဲ့ တခြားသောစိတ်ဝင်စားစရာတွေအများကြီးကို အနုပညာဆန်ဆန် ရိုက်ကူးပုံဖော်ထားတဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (950MB) / (519MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Mystery • Drama
5.7 2024
Oh, Canada
Diagnosis: Dissent
7.9

Diagnosis: Dissent (2024) IMDb Rating (7.9) အန်ဒရီ ဒိုဗ်ချန်ကိုက ငယ်ချစ်ဇနီးချောလေး သားတစ်ယောက်နဲ့အတူအောင်မြင်သာယာတဲ့ဘ၀တစ်ခုကိုပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် သူဟာ ဆိုဗီယက်အစိုးရကိုဆန့်ကျင်သူတစ်ယောက်ဖြစ်ပြီး အစိုးရယန္တရားမှာပါဝင်နေတဲ့ ယောက္ခမကြီးနဲ့လည်း လုံး၀အစေးမကပ်ပါဘူး။ အဲ့ဒီလိုပြဿနာသေးသေးလေးတွေကနေ မီးခိုးကြွက်လျှောက်ဖြစ်ပြီး တားမြစ်ထားတဲ့ သီချင်းတွေကိုနားထောင်မှုနဲ့ထောင်ကျခံရမယ့် အရေးကိုရှောင်လွှဲဖို့ သူဟာ စိတ်မူမမှန်ကြောင်းသက်သေထူပြီး စိတ်ရောဂါကုဆေးရုံတစ်ခုကို ပို့ဆောင်ခံလိုက်ရာကနေ ထင်မှတ်မထားတဲ့ ငရဲခန်းကိုကြုံတွေ့ဖို့ဖြစ်လာပါတော့တယ်။ KGB တွေဟာ စိတ်ရောဂါကုထုံးကိုလက်နက်တစ်ခုလိုအသုံးချပြီး အစိုးရနဲ့ဘာသာရေးအတိုက်အခံတွေကို အသိစိတ်ပျောက်တဲ့အထိနှိပ်စက်ညှင်းပန်းနေခဲ့တာဖြစ်ပါတယ်။ ဒီငရဲခန်းကနေ အန်ဒရီ တစ်ယောက် အသက်ရှင်ရက်လွတ်မြောက်နိုင်ပါ့မလား? ဒါမှမဟုတ် ဘ၀တူအကျဉ်းသားတွေလိုပဲ အမှန်တကယ်ရူးသွပ်တဲ့အခြေနေကိုဆိုက်သွားတော့မလား? ခံစားကြည့်ကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.3 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Thriller Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Drama • Crime
7.9 2024 118 mins
Diagnosis: Dissent
Alice: Boy from Wonderland
7.7

Alice: Boy from Wonderland (2015) ********************************** ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးတို့ကို Love Next Door, Alchemy of Souls ထဲက မင်းသမီး Jung So-min, What comes after love ထဲမှ Hong Jong-Hyun တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၅ ခုနှစ်ထွက် Romance , Mystery , Horror ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ************* Hye-Joong(Jung So-min) ဟာ အသက် ၄နှစ်မတိုင်ခင်က အဖြစ်အပျက်တွေကို မေ့ပျောက်နေတဲ့သူ တစ်ဦးပါ။ ညတိုင်း အိပ်မက်ဆိုးတွေ မက်ပြီးတော့ ဆိုးဝါးလှတဲ့ အိပ်မက်ဆိုးတွေက လက်တွေ့ဘဝကိုပါ ထိခိုက်လာပြီးတော့ နတ်ဆရာမနဲ့ပါ တိုင်ပင်ပြီး အကြံဉာဏ်တောင်းရတဲ့ထိ ဖြစ်လာခဲ့ပါတယ်။ နတ်ဆရာမရဲ့ “ပျောက်ဆုံးနေတဲ့အရာတွေကို ရှာဖွေရမယ်” ဆိုတဲ့ ဟောကြားချက်အရ လွန်ခဲ့တဲ့ ၂၄နှစ်တုန်းက နေထိုင်ခဲ့တဲ့ Wonderland ဆိုတဲ့ဗီလာလေးကို ပြန်လာခဲ့ရပါတယ်။ Wonderland မှာ သူမကို စောင့်မျှော်ကြိုဆိုနေတဲ့သူကတော့ Hwan(Hong Jong-Hyun)နဲ့ ယုန်ဖြူလေးတစ်ကောင်ပဲဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ၁၅ရက်အတွင်း ကံကြမ္မာဆိုးကို ရှောင်ရှားဖို့အတွက် သူမနဲ့ Wonderland က ကောင်လေးတို့ ဘယ်လိုတွေ အဖြေရှာသွားမလဲ… ဘယ်လိုထိတ်လန့်စရာအကြောင်းတွေက နောက်ကွယ်မှာရှိနေတာလဲ… သူမ မမှတ်မိခဲ့တဲ့ အသက် ၄နှစ်မတိုင်ခင်က ဖြစ်ရပ်တွေကရော ဘာတွေလဲ…ဆိုတာကို ရင်ဖိုဖိုနဲ့ စိတ်ဝင်တစား နစ်မြောကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…1.5GB / 630MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 54m Genre ….. Mystery, Horror, Romance, Supernatural Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet

Comedy • Crime
7.7 2015 118 mins
Alice: Boy from Wonderland
I Love You Forever
6

တစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးက title ကို ကြည့်လိုက်ရင်တော့ ပျော်ရွှင်ကြည်နူးစရာ အချစ်ဇာတ်လမ်းလို့ ထင်သွားကြပါလိမ့်မယ်။ တကယ်တမ်းမှာတော့ ဒီရုပ်ရှင်ဟာ သမီးရည်းစားဆက်ဆံရေးကြားက မွန်းကြပ်ဖွယ်ရာ စိတ်ပိုင်း ဆိုင်ရာ ခြယ်လှယ်အနိုင်ကျင့်မှုတွေကို ရိုက်ကူးတင်ဆက် ပြထားတာပါ။ မက်ကန်ဇီဟာ အသက် ၂၆နှစ်အရွယ် ဥ‌ပဒေ ကျောင်းသူတစ်ဦးဖြစ်ပြီး ဘဝကို သမားရိုးကျ နေထိုင်နေတဲ့ သာမန်ကောင်မလေးတစ်ယောက်ပါ။ တစ်နေ့ကျတော့ မက်ကန်ဇီရဲ့ သူငယ်ချင်းမွေးနေ့ပါတီပွဲမှာ ဖင်းဆိုတဲ့ လူတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။ ဒီလိုကနေ ဇာတ်လမ်းတွေငြိပြီး သူတို့နှစ်ယောက်တွဲ ဖြစ်သွားကြပါတယ်။ ဆက်ဆံရေးအစပိုင်းမှာ ဖင်းက မက်ကန်ဇီကို ရေကုန်ခမ်းကုန်ကြူးပြတာတွေ ချစ်ပြတာ တွေကြောင့် မက်ကန်ဇီလည်း ဖင်းကိုတော်တော်လေး ချစ်မိသွားပါတယ်။ ဒါပေမဲ့ တွဲလာတာ ၃လလောက် ကြာတဲ့အခါမှာ ဖင်းရဲ့ ချစ်သူရည်းစားအပေါ် အလွန် အကြူး ခြယ်လှယ်ချုပ်ကိုင်တတ်တဲ့ စိတ်ရင်းမှန်က ဖြည်းဖြည်းချင်းပေါ်လာပါတော့တယ်။ ဒီလို မွန်းကြပ်ဖွယ်ရာ ဆက်ဆံရေးထဲ ပိတ်မိသွားတဲ့ မက်ကန်ဇီတစ်ယောက် ဘယ်လိုတွေရှေ့ဆက်မလဲ ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားမျိုးပါ။ အခုရုပ်ရှင်ထဲမှာပါတဲ့ မက်ကန်ဇီနဲ့ ဖင်းတို့ရဲ့ ဆက်ဆံရေး မျိုးကို တကယ့်လက်တွေ့ဘဝမှာကြုံတွေ့နေရသူတွေလည်း ရှိပါတယ်။ ကိုယ်ထိလက်ရောက် စော်ကားနှိပ်စက်တာ မဟုတ်တိုင်း ဘာမှမဖြစ်ပါဘူးလို့ မြင်ကြပြီး စိတ်ပိုင်းဆိုင်ရာ abuse လုပ်နေကြသူတွေလည်းတစ်ပုံတစ်ပင်ကြီးပါ။ ဒီလို စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရ၊ manipulate လုပ်ခံ နေရတဲ့ အဆိပ်အတောက်ဆန်ဆန် ဆက်ဆံရေးမျိုးတွေ ထဲမှာ ပိတ်မိနေတယ်ဆိုရင် အမြန်ဆုံးရုန်းထွက်ဖို့ အကြံပေး လိုက်ချင်ပါတယ်။ မက်ကန်ဇီလည်းရုန်းထွက်နိုင်သွားပါ မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှု လိုက်ကြပါဦး။ File size… (898 MB) / (496 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Horror • Thriller
6 2024 89 mins
I Love You Forever