YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Hangout.with.Yoo.E203.231014.720p.CM.mp4

1.05 GB N/A video/mp4 110 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Ultimate Life
7.3

Money is the second god. တဲ့။ တကယ်ပဲ ဘဝမှာ ပိုက်ဆံသာရှိရင် အရာရာပြီးပြည့်စုံရဲ့လား။ သူ့ကြီးပဲလားကွယ့်…ဆားလေးနဲ့ပါဘုရား လို့ အမတ်ကြီးဦးပေါ်ဦး ပြန်ဖြေသလိုပါပဲ၊ ဘဝမှာ ပိုက်ဆံလေးတင် ရှိနေရုံနဲ့ မပြီးပြည့်စုံပါဘူး။ ဘဝအဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာ လူအချင်းချင်း သဘောထားမတူနိုင်ပေမယ့်လည်း သေချာတာကတော့ ငွေကြေးနဲ့တင် ဘဝအဓိပ္ပာယ်ကို တန်ဖိုးပိုင်းဖြတ်လို့မရပါဘူး။ ဒီဇာတ်လမ်းထဲမှာ ဂျေဆန်စတီဗင်ဟာ သူ့အဘိုးဆီကနေ အမွေဆက်ခံပြီးနောက်မှာ တစ်ခြားမိသားစုဝင်တွေရဲ့ မလိုလောဘတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ကြိုးစားနေရတယ်။ တစ်ဖက်မှာတော့ ဂျေဆန်ဟာ သူ့ချစ်သူနဲ့ ပြဿနာပေါ်လာပါတော့တယ်။ ဒီဘဝပြဿနာကို ဖြေရှင်းနိုင်ဖို့ သူ့အဘိုးရဲ့ နေ့စဉ်မှတ်တမ်းကနေ အကြံပေးမှုရယူဖို့ ဖြစ်လာပါတော့တယ်။ သူ့အဘိုးရဲ့ ဘဝမှတ်တမ်းကနေ ဘယ်လိုသင်ခန်းစာတွေ သင်ယူသွားနိုင်မလဲ ဆိုတာကို ကြည့်ရှုလိုက်ကြပါဦးနော်။ The Ultimate Gift ၊ The Ultimate Life ၊ The Ultimate Legacyဆိုပြီး The Ultimate Trilogy ထွက်ရှိထားတာထဲက The Ultimate Life ကို CM ပရိတ်သတ်တွေအတွက် ဘဝသင်ခန်းစာလေးတွေ ရယူနိုင်ကြဖို့ ရည်ရွယ်ရင်း တင်ဆက်ပေးလိုက်ပါပြီ။ ( ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…2.06GB / 874.6MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 45m Genre ..... Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

Comedy • Romance
7.3 2013 105 mins
The Ultimate Life
La La Land
7.9

(သီချင်းလေးတွေပါ ဘာသာပြန်ပြီး ပြန်လည်တင်ဆက်လိုက်ပါတယ်..BluRay 4K Quality ထိ ခံစားကြည့်ရှုနိုင်ပါတယ်။) IMDb - (8/10) / Rotten Tomatoes (91%) ၂ဝ၁၆ ခုနှစ်အတွင်း ပြသခဲ့သည့်ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများထဲမှအကောင်းဆုံးအတတ်ပညာရှင်၊ အနုပညာရှင်များကိုဂုဏ်ပြုသည့်(၇၄) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဇန်နဝါရီ ၈ ရက် ဒေသစံတော် ချိန်ညနေ ၅ နာရီတွင် ကယ်လီဖိုးနီးယားပြည်နယ် ဘေဘရီဟေးစ်ရှိ The Beverly Hilton ဟိုတယ်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အစီအစဉ်တင်ဆက်သူအဖြစ် ဟာသပညာရှင် ဂျင်မီဖော်လန်က ဆောင် ရွက်ခဲ့သည့်ဆုပေးပွဲတွင် “La La Land” ရုပ်ရှင်က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့်ဆုခုနစ်ခုကိုသိမ်းကျုံးရယူခဲ့ကာ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့သည်။တင်ဆက်သူ ဖော်လန်က ”ဒါဟာလူကြိုက်များတဲ့မဲကိုဂုဏ်ပြုနေသေးတဲ့ အမေရိကမှာ ကျန်နေသေးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲဖြစ်ပါတယ်” ဟုဆိုကာ နိုင်ငံရေးနှင့်ဆက်နွှယ်သော စကားဖြင့် ပွဲကိုစဖွင့်ခဲ့သည်။ ကွယ်လွန်သူ ဒါရိုက်တာကြီး ဗင်ဆန်တီမီနယ်လီနှင့်ဂျက်ကွက်ဒမ်မီတို့ ဖန်တီးခဲ့သော ရုပ်ရှင်များကို စိန်ခေါ်နိုင်ခဲ့သည့်“La La Land” ရုပ်ရှင်ဖန်တီးရှင်အသက် (၃၁) နှစ်ရှိဒါရိုက်တာ ဒါမီယန်ချာဇက်လီကအကောင်းဆုံးဇာတ် ညွှန်းဆုနှင့် အကောင်းဆုံးဒါရိုက်တာဆုများကို ရရှိခဲ့သည်။ထို့ပြင်ယင်းရုပ်ရှင်မှ မင်းသားရိုင်ယန်ဂိုးစလင်း နှင့် မင်းသမီး အမ်မာစတုန်းတို့ကအကောင်းဆုံး သရုပ်ဆောင် ဆုများကို အသီးသီးရရှိခဲ့သည်။ ကခုန်ခြင်းနှင့် သီချင်းသီဆိုခြင်းကို ဝါသနာပါသည့် လူငယ်နှစ်ဦးက၎င်းတို့ဖြတ်သန်းရာ ဘဝခရီးလမ်းတွင် မည်မျှကြမ်းတမ်းသောအခက်အခဲများပင် ရှိလင့်ကစား အောင်မြင်မှုများကို ရယူနိုင်ကြောင်း ရိုက်ကူးပြသခဲ့သည့်ရုပ်ရှင်က ယခင်က ဆုခြောက်ခုရရှိခဲ့ဖူးသောOne Flew Over the Cuckoo’s Nest and Midnight Express ရုပ်ရှင်ကိုကျော်တက်ကာ ဆုရရှိမှုစံချိန်တင်ခဲ့ခြင်း ဖြစ်သည်။ နာမည်ကျော်ဘရော့ဒ်ဝေး လမ်းမထက်က ဖျော်ဖြေပွဲများကိုအခြေခံထားခြင်းမရှိသည့် ယင်းရုပ်ရှင်ပြသသည်နှင့် တစ်ပြိုင်နက်စတူဒီယိုများတွင် ပြသခွင့်ရရှိခဲ့သည့် ရုပ်ရှင်လည်းဖြစ်သည်။ အနုပညာစိတ်ကူးဉာဏ်ရင့်သန်မှုတို့ဖြင့် ဒါရိုက်တာ ချာဇက်လီသည် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Lionsgate နှင့်တွဲဖက်ကာ အခွင့် အရေးကိုပိုင်နိုင်စွာအသုံးချပြီး အနုပညာအလောင်းအစားပြုလုပ်ခဲ့ရာမှအောင်မြင်မှုရရှိခဲ့ခြင်းလည်း ဖြစ်သည်။ အမျိုးသား သရုပ်ဆောင်ဆု တွမ်ဟီဒယ်စတန်ဆန်ခါတင် စာရင်းထဲတွင်ပါရှိခဲ့သည့် ဆုအားလုံးကို ရရှိခဲ့သည်သာမကအကောင်းဆုံး မူရင်းတေးသွားဆု နှင့် ဇာတ်ဝင်တေးသီချင်းတို့ကိုပါ ရရှိခဲ့သည်။ ယင်းရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု (တေး သံစုံ၊ ဇာတ်မြူး) ရရှိခဲ့သူအမ်မာစတုန်းကဆုလက်ခံရယူ ပြီးနောက် ”ဒါဟာ စိတ်ကူးယဉ်သမားတွေအတွက် ရုပ်ရှင်တစ်ခုပါပဲ။ ပြီးတော့ မျှော်လင့်ချက်နဲ့ဖန်တီးနိုင်မှုဟာ ကမ္ဘာပေါ်က အရေးအကြီးဆုံး အရာနှစ် ခုဖြစ်တယ် လို့ကျွန်မထင်ပါတယ်။ အဲဒါဟာ ဒီရုပ်ရှင်ရဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ရွှေကမ္ဘာလုံးဆုပေးပွဲသည် ဟောလိဝုဒ်ရုပ်ရှင်များအတွက် ဆုပေးပွဲရာသီပွဲဦးထွက်ကျင်းပသည့်ပွဲဖြစ်သည်။ ဆုများစွာကို စံချိန်တင်သိမ်းပိုက်ရရှိခဲ့သည့် “La La Land” ရုပ်ရှင်ကအော်စကာဆုအတွက် ဆုလျာထား စာရင်းတွင်ပါဝင်နိုင်ရန် သေချာသွားခဲ့သည်။အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု ရိုင်ယန်ဂိုးစလင်းCecil B. DeMille ဘဝတစ်သက်တာ အောင်မြင်မှု ဆုကိုရရှိခဲ့သူမယ်ရီယယ်စတွိက ပြီးခဲ့သောနှစ်တွင် မဲဆွယ်ပွဲတစ်ခု၌ မသန်စွမ်းသတင်းထောက်တစ်ဦးပုံစံကို သရုပ်ဆောင်ပြီး ဒေါ်နယ်ထရန့်က သရော်ခဲ့သည့် အတွက်စိတ်မကောင်းဖြစ်ခဲ့ရသည်ဟုဆိုကာ ဆုပေးပွဲတွင် အမေရိကန်သမ္မတဖြစ်လာမည့်သူကိုစကားဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့သည်။ အသက်(၆၇) နှစ်အရွယ်စတွိက”ပြီးခဲ့တဲ့နှစ်က ကျွန်မကို စိတ်မကောင်းဖြစ်စေ တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ ကျွန်မနှလုံးသားထဲအထိ နာကျင်ရပါတယ်။ အရမ်းကိုကောင်းလွန်းလို့တော့ မဟုတ်ပါဘူး။ မသန်စွမ်းသတင်းထောက် တစ်ယောက်ပုံစံတူပြုပြီးတော့ ကျွန်မတို့နိုင်ငံရဲ့အလေးစားခံရဆုံး ထိုင်ခုံမှာ ထိုင်မယ့်သူက လုပ်ခဲ့တဲ့ဖြစ်ရပ်ပါ၊အာဏာရှိတဲ့သူတွေက သူတို့ရဲ့ ရပ်တည်ရာနေရာကိုအသုံးချပြီးတခြားသူတွေကို အနိုင်ကျင့်မယ်ဆိုရင် ကျွန်မတို့အားလုံးဆုံးရှုံးတာပါပဲ။ ပြီးတော့ဟောလိဝုဒ်ဆို တာ ပြင်ပကလူတွေနဲ့ နိုင်ငံခြားသားတွေဝင်ထွက်သွားနေတဲ့နေရာပါ။ ရှင်တို့သာ သူတို့ကို နှင်ထုတ်ပစ်မယ်ဆိုရင်အနုပညာမဟုတ်တဲ့ ဘောလုံးပွဲနဲ့ သိုင်းပညာကလွဲလို့ ကြည့်စရာရှိတော့မှာ မဟုတ်ပါဘူး” ဟု ဝေ ဖန်ပြောကြားခဲ့သည်။ မင်းသမီးကြီးစတွိသည် ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်းတွင်အကြိမ် ၃ဝ ပါ ဝင်ဖူးပြီး ရှစ်ကြိမ်ဆုရရှိဖူးသည်။ ၎င်းကဲ့သို့ Cecil B. De-Mille ဆုရရှိခဲ့ကြဖူးသူများမှာဒန်ဇယ်ဝါရှင်တန်၊ ဂျော့ခ်ျ ကလူးနေး၊ ဝူဒီအယ်လန်နှင့် ဂျိုဒီဖော်စတာတို့ဖြစ်ကြသည်။“La La Land” ရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု ရရှိခဲ့သူ ရိုင်ယန်ဂိုးစလင်းကဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ကနေဒါနိုင်ငံသားဖြစ်သူ ရိုင်ယန်ရေးနိုးစ်ကိုဂုဏ်ပြုသည့် စကားကိုလည်း ဆု လက်ခံရယူနေချိန်တွင် ပြောကြားခဲ့သည်။၎င်းက ”ကျွန်တော့်ကို ရိုင်ယန်ရေးနိုးစ်နဲ့မှားကြတာ ဒါပထမဆုံးအကြိမ်မ ဟုတ်ပါဘူး။တစ်ခါတလေတော့လည်း အမှားဟာ အမှားကောင်းဖြစ်သွားတော့တာပါပဲ” ဟုပြောဆို သည်။ La La Land ဇာတ်ကားဟာ ဗြိတိန်ရုပ်ရှင်ရုံများတွင် စတင်ပြသသည့် ပိတ်ရက်ကတည်းကရုံဝင်ငွေ ပေါင် ၆ သန်း ကျော်ရရှိခဲ့ကာ အခြားဇာတ်ကားများထက် ပေါင်၅သန်းကျော် ပိုမိုရရှိခဲ့ပြီးပေါက်ကားတစ်ကားဖြစ်ခဲ့ပါသည်။ရွှေကမ္ဘာလုံးဆုပေးပွဲသမိုင်းတွင် စုစုပေါင်း ဆု ၇ ဆုရရှိခဲ့ကာစံချိန်ချိုးနိုင်ခဲ့သည့် ဂီတနောက်ခံရုပ်ရှင်ဇာတ်ကား La La Land ဟာBafta ဆုပေးပွဲအတွက်လည်း အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင်ဆုပေါင်း ၁၁ ဆုအတွက် လျာထားခြင်း ခံခဲ့ရပါသည်။ပွဲဦးထွက်ရုံဝင်‌ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် စံချိန်ချိုးနိုင်ခဲ့သော ဇာတ်ကားမှာLes Miserables ဖြစ်ပြီး ၂၀၁၃ခုနှစ်က ပြသခဲ့ကာပွဲဦးထွက်ရုံဝင်ငွေ ပေါင်၈.၁၂သန်း ရရှိခဲ့ပါသည်။ La La Land တွင် မင်းသား Ryan Gosling ကJazz ဂီတသမားစန္ဒယားဆရာအဖြစ် သရုပ်ဆောင်ထားပြီးမင်းသမီး Emma Stone က ရည်မှန်းချက်ကြီးသော မင်းသမီးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားကာ သူတို့ နှစ်ဦး၏ အိပ်မက်တွေကို လော့စ်အိန်ဂျယ်လိစ်မြို့၌အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီးသူတို့၂ယောက် အကောင်အထည်ဖော်နိုင်မဖော်နိုင်ကိုကတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ရှူ ရမှာပါ။ (ရုပ်ရှင်အညွှန်းကို myanmarnewsnetwork မှ ကူးယူဖော်ပြပါသည်။) File size…(9 GB)/ (1.9 GB) / (800 MB) Quality….BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:07:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Comedy • Crime • Drama
7.9 2016 129 mins
La La Land
Possession
7.3

တစ်ချိန်က UK မှာ အ ban ခံရတဲ့ Horror movie လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ စပိုင်တစ်ယောက် ဖြစ်တဲ့ မာ့ခ်ဟာ သူ့မစ်ရှင်အပြီး မိန်းမဖြစ်သူ အန်နာနဲ့ သားလေး ဘော့ဘ် ရှိရာဆီပြန်လာခဲ့ပေမယ့် မိန်းမရဲ့ ကွာရှင်းခွင့်တောင်းခြင်းကို ခံရပါတယ် ဘာကြောင့်ကွာရှင်းချင်ရလဲဆိုတဲ့အကြောင်းရင်းကို မေးမြန်းရာမှာတော့ တခြားတစ်ယောက်ရှိလို့မဟုတ်ဘူးဆိုပြီး တွင်တွင်ငြင်းခဲ့ပေမယ့် တကယ်တော့ ရှိနေပါတယ် ကဲ ကွာမယ် အိမ်နဲ့ကလေးကိုပေးလိုက်တော့ အန်နာဟာ ကလေးကို အိမ်ထဲမှာ ရက်သတ္တပတ်အတော်ကြာ တစ်ယောက်တည်း ပစ်ထားတယ် သူ့ဖာသာသူ အပြင်တွေဘယ်သွားမှန်းမသိသွားရင်း ရွာလည်နေတယ် မာ့ခ်ကလည်း စိတ်ညစ် အရက်သောက်ပြီး အရက်ကြောင်တဲ့အဆင့်ထိဖြစ်လာခဲ့တယ် မာ့ခ်က သားလေးရဲ့အခြေအနေကိုမြင်လိုက်ရချိန်မှာ အိမ်ပေါ်ပြန်တက်နေဖို့ ဆုံးဖြတ်ခဲ့တယ် အန်နာကို အိမ်ပြန်မလာတော့ဖို့ပြောပေမယ့် ကလေးဗန်းပြပြီး သူလာချင်တဲ့အချိန်လာတယ် ကြောင်တောင်တောင်တွေလုပ်ပြီး ပြန်ပြန်သွားတယ် လင်ငယ်ဆီ သွားနေနေလားဆိုပြီး စုံစမ်းပြန်တော့လည်း မဟုတ် မဟုတ်နဲ့ အမှန်တရားကို မြင်လိုက်ရချိန်မှာတော့....။ IMDb 7.3အထိရရှိခဲ့ပေမယ့် အမေရိကမှာလည်း ပြသခွင့် ၂နှစ် မရရှိခဲ့တဲ့ ဇာတ်လမ်းလေး... ဘာကြောင့်လဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစား အဖြေရှာလိုက်ကြပါနော်။ သွေးထွက်သံယိုအပြင် ဝတ်လစ်စလစ်ခန်းတချို့လဲပါတာကြောင့် အသက်ပြည့်မီသူများသာ ကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ File size…(8.3 GB)/(2.7 GB)/(1.3 GB) Quality…BluRay 4K HEVC /1080p HEVC / 720p Format…mkv/mp4 Duration….02:04:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mugiwara Ya

Comedy • Romance
7.3 1981 124 mins
Possession
The Rocket Angels

အဆင်သင့်မဖြစ်ခင် ကြိုးစားရတာက မကြိုးစားဘဲအရှုံးပေးလိုက်ထက် ပိုကောင်းတယ်မဟုတ်လား ယဆိုထောင်းပြည်နယ်မှာ ရိုးရာမီးဒုံးလွှတ်ပွဲတော်ကို ကျင်းပလေ့ရှိပါတယ် ဒီတစ်ခါမှာ နတ်သမီးအဖွဲ့ဖြစ်တဲ့ မို၊ သဲသဲ၊ ပွမ့်၊ မြောင်နဲ့ နွိုင်းတို့ ၅ယောက်က ခရိုင်ကိုယ်စားပြုအကပြိုင်ကြမှာဖြစ်ပါတယ် ဒါပေမယ့် ရွာလူကြီးထစ်က သူ့သမီးကိုပေးပြိုင်မှာ​ကြောင့် နတ်သမီးအဖွဲ့က မတရားသဖြင့် နောက်ဆုတ်ပေးလိုက်ရပါတယ် ဒါကြောင့် သူတို့က မဟာထစ်ရဲ့အချစ်တော်မီးဒုံးကို ပြိုင်ပွဲမှာအနိုင်ပိုင်းဖို့ မီးဒုံးပြုလုပ်ပြီးဝင်ပြိုင်ကြဖို့ဆုံးဖြတ်ကြရာမှာ တစ်ခါမှမီးဒုံးမလုပ်ဖူးကြတဲ့ သူတို့ငါးယောက်ရဲ့အခက်အခဲမျိုးစုံကို ဟာသပေါင်းစုံနဲ့ရောယှက်ပြီး အူတက်​နေအောင် ရယ်ရမှာဖြစ်သလို ဒီဇွဲရှိလှတဲ့နတ်သမီးအဖွဲ့လေးက ပြိုင်ပွဲမှာရော မဟာထစ်ဆိုတဲ့လူဆိုးရဲ့မီးဒုံးကိုအနိုင်ရသွားမလားဆိုတာ အဆုံးသတ်ကိုလည်း စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။ Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.86GB | 1GB | 453MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun Encoder ..... August

Thriller
0 2022 85 mins
The Rocket Angels
I Dream of a Psychopomp

I Dream of a Psychopomp (2021) ဆန်းဆန်းပြားပြား ထူးထူးခြားခြား သဘာဝလွန်ကားတွေကို ငံ့ငံ့လင့်လင့် ဖြစ်နေတဲ့လူတွေအတွက် ချာချာလည်အောင် မူးဝေဝေဖြစ်သွားမယ့် ရုပ်ရှင်တစ်ကားပါ။ ဇာတ်လမ်းကတော့ ရိုးရိုးကုတ်ကုတ်လင်မယားလေး တစ်တွဲရှိပါတယ်။ စစဖွင့်ချင်းမှာပဲ ဓာတ်တိုင်ကိုကားနဲ့တိုက်မိပြီး မိန်းမက လျောလျောရှုရှု ပွဲချင်းပြီး သေသွားပါတယ်။ သေပြီးတဲ့နောက် စိတ်ပိုင်းဆိုင်ရာ ခနော်နီခနော်နဲ့ ဖြစ်သွားတဲ့ ယောက်ျားဟာ တမလွန်ဘက်ကို မြင်လာနိုင်သွားပါတယ်။ ဒီလိုနဲ့ နောက်ဘဝ နောက်တစ်ဘုံ မကူးနိုင်တဲ့ သူ့မိန်းမကို ကူညီဖို့ အကြောင်းဖန်လာတယ်။ ဒီတစ်ချိန်တည်းမှာပဲ ဒီလိုမြင်ရတာ သူတစ်ဦးတည်းထီးထီးမဟုတ်ဘဲ ကျန်တဲ့သူတွေလည်းရှိပါသေးတယ်။ အဲဒီလူတွေကိုပါ ဇာတ်လမ်းမှာထည့်ပြီး ပီပီသသပုံဖော်သွားပါတယ်။ ဒီဇာတ်လမ်းနဲ့အပြိုင်ပဲ မသေနိုင်တဲ့ လူတစ်ယောက်နဲ့ သေခါနီးကလေးမလေးတစ်ယောက်ရဲ့ ဇာတ်လမ်းကို လှလှပပသွတ်သွင်းထားပါတယ်။ သေချင်နေတဲ့မသေမျိုးရယ် မသေချင်နေတဲ့သေခါနီးကလေးမရယ် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်ရလေအောင် ကြံကြံဖန်ဖန် အစီအစဉ်တစ်ခုကို လုပ်ကြပါတယ်။ ဒီရုပ်ရှင်ဟာ ဒီလိုထူးခြားဆန်းပြား ဇာတ်လမ်းတွေကို ယှက်ဖောက်သီကုံးထားတဲ့ သဘာဝလွန် ရုပ်ရှင်မျိုးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 690MB Quality – 1080p, 720p Format – mp4 Duration – 1H 20Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Drama • Horror • Mystery • Thriller
0 2021
I Dream of a Psychopomp
Garuda
9.2

Garuda(2022) IMDb-9.2/10 ကန်နာဒါရုပ်ရှင်မင်းသမီးချောလေးနှစ်ယောက် ဖြစ်တဲ့ Ashika Ranganath နဲ့ Aindrita Ray တို့ရဲ့ အလှကိုခံစားရင်းကြည့်ရှူရမယ့်အက်ရှင် ဇာတ်ကြမ်းလေးဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းကတော့ ဂိုအာဆိုတဲ့ကမ်းခြေမြို့လေးဟာ သာယာလှပသလောက် အကြမ်းဖက်မှုပေါင်းစုံ၊ လူသတ်မှုပေါင်းစုံ စသဖြင့် အကြမ်းဖက်သမားနဲ့ ရဲတွေလက်ဝါးချင်းရိုက်နေတဲ့ ဒုစရိုက်နေရာပါ။ အဲ့နေရာမှာ ရမ်ဆိုတာက သူ့ဘဝကိုဇာတ်မြှုပ်ပြီး ဟိုတယ်အသေးစားလေးဖွင့်ကာ လုပ်ကိုင်စားသောက်နေတဲ့သူ‌ပေါ့ တစ်နေ့မှာ မြို့ကိုအုပ်စိုးနေတဲ့ လူဆိုးဂိုဏ်းတစ်ဖွဲ့ ဟိုတယ်စား‌သောက်ဆိုင်ထဲ၀င်ကာ စားသောက်ပြီးငွေမရှင်းဘဲ စားပွဲထိုးကိုပါ ပါးရိုက်လိုက်ပါတယ်။ သူဌေးဖြစ်တဲ့ရမ်က သူ့၀န်ထမ်းကိုစော်ကားသွားတဲ့ လုပ်ရပ်ကို သူလက်ပိုက်ကြည့်မနေနိုင်တဲ့အခါ မြို့ကိုအုပ်စိုးနေတဲ့ လူဆိုးဂိုဏ်းနဲ့ ရင်ဆိုင်ဖို့ဖြစ်လာတော့တယ်။ ဒုစရိုက်မြို့ကြီးထဲမှာ ဒုစရိုက်သမားကို ရမ်တစ်ယောက်ဘယ်လိုဖြေရှင်းရမလဲ သူ့ရဲ့မြှုပ်ထားတဲ့ ဘဝဇာတ်ကြောင်းကရောဘာဖြစ်မလဲဆိုတာကို အမိုက်စားအက်ရှင်တွေနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။

9.2 2022 142 mins
Garuda
Dear David
6

Dear David (2023) ****************** ဇာတ်လမ်းလေးကတော့ဂျာကာတာမြို့က ကဟရာအထက်တန်းကျောင်းမှာ Dear David ဆိုတဲ့ အပြာဇာတ်လမ်းဟာ ကျောင်းသားကျောင်းသူတွေကြားမှာ အရမ်းရေပန်းစားလာပါတယ်။ ဒါပေမယ့် ကျောင်းမှာကလည်း ကျောင်းသူတွေကြားမှာ‌နာမည်ကြီးနေတဲ့ ဒေးဗစ်ဆိုတဲ့ကျောင်းသားလေးတစ်ယောက်ကလည်းရှိနေပြန်တယ်။ ဒီလိုဇာတ်လမ်းထွက်လာတော့ ဒေးဗစ်က အနေအထိုင်ကျပ်လာပြီး စာရေးတဲ့သူကိုလိုက်တဲ့အခါ ကျောင်းသားရေးရာဥက္ကဌလည်းဖြစ် စကော်လာရှစ်ရထားတဲ့အတန်းဖော်ကျောင်းသူလေး လာရာစ်ဖြစ်နေတာကိုသိလိုက်ရတယ်။ တကယ်ရေးခဲ့လား မရေးခဲ့လားဆိုတာမေးခဲ့အခါမှာ‌တော့ လာရာစ်ဟာ သူရေးခဲ့ကြောင်းဝန်ခံတယ်။ လာရာစ်က ကျောင်းမှာဘယ်သူ့ကိုမှလျှောက်မပြောဖို့နဲ့ ဘာမဆိုလုပ်ပေးမယ်လို့ပြောလိုက်တယ်။ အဲ့ဒီနောက်မှာတော့…. File Size :(1.29GB),(572.9 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:58:00 Genre : Comedy , Romance ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

6 2023
Dear David
Bridget Jones’s Baby
6.5

Bridget Jones’s Baby (2016) ~ IMDb – 6.5/10, RT – 78%, Meta – 59% ~ ဘရစ်ဂျစ်တို့ တတိယမြောက်ကားကတော့ 2 အပြီး ၁၀နှစ်လောက်ကြာ 2016 ခုနှစ်မှာမှ ထွက်ခဲ့ပါတယ်။ 3 မှာတော့ Second Lead ဒယ်နီရယ်ပါမလာတော့ပါဘူး။ အဲဒီအစား နောက်ထပ်မင်းသားတစ်လက်ပါလာပါတယ်။ 2 မှာ ဘရစ်ဂျစ်တို့စုံတွဲက ပြန်တွဲခဲ့ပြီး ဇာတ်သိမ်းခဲ့ပေမယ့် 3 မှာတော့ သဘောထားမတိုက်ဆိုင်တာတွေဖြစ်ပြီး နှစ်ယောက်သားပြန်လည် လမ်းခွဲခဲ့ပါတယ်။ မာ့ခ်ကလည်း အခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး ကွာရှင်းလိုက်ပါသေးတယ်။ သူငယ်ချင်းတွေပါ အိမ်ထောင်အသီးသီးကျပြီး မိသားစုနဲ့ ဖြစ်နေချိန်မှာ ဘရစ်ဂျစ်က‌ တစ်ကိုယ်တည်းပြန်ဖြစ်ပြီး အလုပ်ပဲလုပ်‌နေခဲ့ပါတယ်။ အလုပ်ကသူငယ်ချင်းရဲ့ တိုက်တွန်းမှုကြောင့် ဂီတပွဲတစ်ခုကိုသွားရာကနေ အဲဒီမှာ အမှတ်မထင်တွေ့တဲ့လူတစ်ယောက်နဲ့အိပ်ခဲ့မိပါတယ်။ နောက်တော့ သူငယ်ချင်းရဲ့ကလေးကင်ပွန်းတပ်ပွဲမှာ မာ့ခ်နဲ့အတူ ခေါင်းကိုင်မိဘ‌တွေလုပ်ရင်း မာ့ခ်နဲ့လည်းပြန်အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သုံးခဲ့တဲ့အကာအကွယ်ပစ္စည်းတွေက ဒိတ်လွန်နေတော့ ဘရစ်ဂျစ်မှာ ကိုယ်၀န်ရှိလာပါတော့တယ်။ ကိုယ်၀န်က ဘယ်သူ့ဟာလဲဆိုတာ မသိတဲ့အခြေအနေမှာ တစ်ညအတူအိပ်ခဲ့တဲ့သူကလည်း မီလီယံနာသူဌေးတစ်ယောက်ဖြစ်နေပါတယ်။ ကိုယ်၀န်ကိစ္စကို နှစ်ယောက်လုံးသိသွားတဲ့အခါမှာ နှစ်ယောက်လုံးက ဘရစ်ဂျစ်နဲ့ကလေးကို အပြိုင်အဆိုင်ဂရုစိုက်ပါတော့တယ်။ ဒါပေမဲ့လည်း မာ့ခ်ကတော့ အလုပ်များတာနဲ့ ဘရစ်ဂျစ်လိုတဲ့အချိန်မှာ မလာနိုင်တာမျိုးဖြစ်ပြီး ကတောက်ကဆဖြစ်တာမျိုးရှိပါတယ်။ နောက်ဆုံး DNA စစ်ပြီးတဲ့အခါမှာ ကလေးရဲ့ဖခင်အစစ်က ဘယ်သူဖြစ်မလဲ၊ ဘရစ်ဂျစ်ကရော ဘယ်သူ့ကိုရွေးချယ်မှာလဲ၊ ဘရစ်ဂျစ် အမှန်တကယ်ချစ်တဲ့သူက ကလေးဖခင်ဖြစ်ပြီး ပျော်ရွှင်စွာအဆုံးသတ်မှာလားဆိုတာ ဟာသလေးတွေပါရောပြီး စိတ်၀င်စားဖွယ်ကြည့်ရမှာပါ။ နာမည်ကျော်အဆိုတော် Ed Sheeran ကလည်း Guest အနေနဲ့ ပါ၀င်သရုပ်ဆောင်ထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 840MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 48Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6.5 2016 123 mins
Bridget Jones’s Baby
A Day in Tongyeong
6.7

A Day in Tongyeong(2023) ************************* ဘဝမှာ အဖြေရှာမရတဲ့ အကြောင်းပြချက်တွေကြောင့် ဘာလုပ်လုပ် အဆင်မပြေ‌ဘဲ အရည်အချင်းမရှိတော့တဲ့ လူတစ်ယောက်လို ခံစားလာရတဲ့ နေ့ရက်တွေနဲ့ ကြုံလာရတတ်ပါတယ်။ တစ်ချိန်က ထိပ်ဆုံးထိ တက်လှမ်းနိုင်ခဲ့ပြီး အမှတ်တရ‌ကောင်းတွေရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာအရာရာဟာ ကိုယ်ကြိုးစားပေးဆပ်ထားတာနဲ့ မတန်အောင် ကမောက်ကမဖြစ်လာတဲ့အခါ မွန်းကြပ်မှုတွေထဲက ရုန်းထွက်ဖို့ စိတ်ထွက်ပေါက်ဆိုတာလိုအပ်လာပါတော့တယ်။ တစ်ခါတစ်လေမှာ မပြောပလောက်တဲ့ အရာလေးတွေက ကိုယ့်အတွက် စိတ်ခွန်အားနဲ့ ဆက်လက်ပြေးလွှားနိုင်မယ့် အားအင်တစ်ခုဖြစ်ပေးနိုင်တာကြောင့်ပါ။ ‌တော်ရာမှာနေပြီး မပျော်ရဘဲ စိတ်ဒုက္ခရောက်နေကြတဲ့ သူတွေလည်း ရှိတတ်ပါတယ်။ဒါကြောင့် ပျော်ရာမှာ တော်အောင်နေတတ်ဖို့ကလည်း လိုအပ်ပါသေးတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ ဟီယွန်းဟာ ပျော်ရွှင်ခြင်းနေ့ရက်တွေကို ပျောက်ဆုံးလာတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီး အရင်က လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့သူ ဆောင်းဆွန်းရဲ့ ဇာတိမြေကို ခဏတာ သွားရောက်လည်ပတ်ရင်း ဟီယွန်းနဲ့ ဆောင်းဆွန်းတို့ရဲ့ မတူညီတဲ့ ဘဝနှစ်ခုကို ပြသသွားမှာဖြစ်ပါတယ်။ ကိုယ့်အတွက် ပျော်ရွှင်စေတဲ့ အရာကို ကိုယ်တိုင်အသိဆုံးဖြစ်တာကြောင့် လွှတ်ချသင့်တဲ့အရာကို လွှတ်ချပြီး ရှင်သန်နေရတဲ့ အချိန်‌လေးအတွင်းမှာပျော်ရာမှာ ကြိုးစားနေထိုင်သင့်ကြောင်းကိုလည်းရိုက်ကူးပြသထားပါသေးတယ်။ လုပ်သလိုမဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမလုပ်ဘဲ စိတ်ကို အစာကျွေး၊အနားပေးပြီးမှ ခြေလှမ်းသစ်တွေနဲ့ အကောင်းဆုံး ပြန်လည်စတင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီဇာတ်ကားလေးကနေလည်း သင်ခန်းစာတစ်ခု ရယူနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက Treasure Htetပဲဖြစ်ပါတယ်…. File Size : 561MB | 1,3GB Quality : WEB-DL720p | 1080p Format…mp4 Duration…01:37:00 Genre : Thriller, Mystery, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌ Treasure Miri Encoded by Phyo Pyae

6.7 2023
A Day in Tongyeong
Case 30
8.3

Case 30 (2023) “သုံးဆယ်မြောက်အမှု” IMDb-8.4/10 လတ်တလောထွက်ရှိထားတဲ့ တလေဂူးရဲမှုခင်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းနာမည်အတိုင်းပဲ ဒုရဲအုပ်တစ်ယောက်ရဲ့ သုံးဆယ်မြောက်အမှုကို ဇာတ်တည်ထားပါတယ်။ မိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရတယ်။အဲဒီမိန်းကလေးအသတ်ခံရတဲ့အမှုက ရဲအရာရှိအာဂျွန်ရဲ့ သုံးဆယ်မြောက်အမှု။ထူးဆန်းတာက မိန်းကလေးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကို စုံစမ်းရတာ ခက်ခဲနေရော။အိမ်နီးချင်းတွေကလည်း သူဘယ်ကလာလဲ ဘာလုပ်လဲမသိပေမဲ့ ယောကျ်ားတစ်ယောက် လာလာပြီးအတူနေတာတစ်ခုပဲသိကြတယ်။ အတူနေအမျိုးသားဖြစ်တဲ့ ရည်းစားဖြစ်သူကိုတွေ့တော့လည်း အဲဒီအသတ်ခံရတဲ့ရက်ပိုင်းမှာ တခြားအမျိုးသမီးတစ်ယောက်နဲ့ မိဘတွေသဘောအတိုင်း စေ့စပ်ပွဲလုပ်ခဲ့တဲ့သူဖြစ်နေတယ်။ စုံစမ်းရင်းနဲ့ပဲ အမှုကထင်မှတ်မထားတာတွေ ဖြစ်လာ၊ တွေ့လာပါတော့တယ်။ အရာရှိအာဂျွန်ရဲ့ သုံးဆယ်မြောက်အမှုဖြစ်တဲ့ ဒီအမှုမှာ မိန်းကလေးကိုသတ်တဲ့ တရားခံကိုရှာတွေ့မှာလား။ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Alex~BpL~ToMo~Aditiတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.3 2023 120 mins
Case 30
Inside the Mind of a Cat
6.9

Inside the Mind of a Cat (2022) IMDb – 6.9 “ကြောင်တစ်ကောင်ရဲ့ စိတ်ထဲမှာဘာတွေဖြစ်နေမလဲ” ဒီမေးခွန်းက‌တော့ ကြောင်ချစ်သူတွေနဲ့ ကြောင်တွေကိုလေ့လာတဲ့ သုတေသနပညာရှင်တွေ ယနေ့အချိန်အထိဖော်ထုတ်ဖို့ ကြိုးစားနေကြတဲ့ မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်ကတည်းက ကျွန်တော်တို့နဲ့အတူရှိနေခဲ့ကြတဲ့ ကြောင်လေးတွေရဲ့ စိတ်ကို အခုထိအပြည့်အဝနားမလည်နိုင်ကြသေးသလို ကြောင်တွေနဲ့ပတ်သတ်တဲ့ သုတေသနတွေကလည်း ခွေးတွေနဲ့ပတ်သတ်တဲ့ သုတေသနထက်စာရင် (၁၅) နှစ်လောက်ကို နောက်ကျနေပါတယ်။ ယနေ့ခေတ်မှာတော့ ကြောင်တွေကို အထူးပြုတဲ့ သိပ္ပံပညာရှင်တွေအများကြီးပေါ်ထွန်းလာရုံသာမက ကြောင်တွေနဲ့ပတ်သတ်တဲ့ စမ်းသပ်ချက်တွေ၊ သုတေသနတွေလည်း အများကြီးလုပ်လာနိုင်ခဲ့ပါပြီ။ ဒီလိုမျိုး ပဟေဠိဆန်လှတဲ့ အဖော်ကြောင်လေးတွေရဲ့ စိတ်အတွင်းမှာဖြစ်နေတာတွေ၊ အပြုအမူတွေ၊ ပင်ကိုစရိုက်တွေနဲ့ အမူအကျင့်တွေကွာခြားပုံကို ကမ္ဘာအနှံ့က ကြောင်ကျွမ်းကျင်ပညာရှင်တွေရဲ့ ပညာရှင်ဆန်ဆန် ရှင်းပြချက်နဲ့အတူ လိုက်ပါစီးမြောပြီး ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 2022 မှာထွက်ရှိပြီး Netflix ကထုတ်လွှင့်ခဲ့တဲ့ Documentary တစ်ပုဒ်ဖြစ်တဲ့အပြင် ကြောင်လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ဦးစားရေးရိုက်ကူးထားတာဖြစ်လို့ ကြောင်ချစ်သူတွေအတွက် ကြည့်လို့ကောင်းမဲ့ Documentary တစ်ပုဒ်ဖြစ်မှာ အမှန်ပါပဲ။ File size… 1.2 GB / 588 MB Quality… Web-DL NF 1080p / 720p Format… mp4 Duration…. 1h 7m Genre ….. Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT

Drama
6.9 2022 67 mins
Inside the Mind of a Cat
Crazy/Beautiful
6.4

၂၀၀၀ခုနှစ်အစောပိုင်းက Romance/Drama ရုပ်ရှင်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသမီး Kirsten Dunst နဲ့ မင်းသား Jay Hernandez တို့ ဦးဆောင်ပါဝင်ထားတဲ့ ဒီကားက Rotten Tomatoes – 63% ရရှိထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အမေရိကန်အထက်လွှတ်တော်အမတ်ရဲ့ သမီးဖြစ်တဲ့ Nicoleက ဘဝကို ဖြစ်ချင်သလို ဖြတ်သန်းနေတဲ့သူပါ။ သူပျော်ရာပဲ လုပ်တတ်ပြီး ဘယ်သူ့ကိုမှလည်း ဂရုမစိုက်တတ်ပါဘူး။ မူးပြီး ကားမောင်းမှုနဲ့ Nicoleဟာ ကမ်းခြေမှာ အမှိုက်ကောက် လုပ်အားပေးဖို့ အပြစ်ဒဏ်ချခံရပါတယ်။ အဲဒီကမ်းခြေကို သူငယ်ချင်းတွေနဲ့ အတူရောက်လာတဲ့ Carlosက Nicole ကိုမြင်မြင်ချင်း သဘောကျသွားပါတယ်။ သူတို့နှစ်ယောက်က တစ်ကျောင်းထဲ တူတူတက်တာဖြစ်ပြီး ကျောင်းမှာတွေ့ကြရင်း ခင်မင်ရင်းနှီးတာကနေ ချစ်ကျွမ်းဝင်သွားခဲ့ကြပါတယ်။ Carlosက လေယာဥ်မှူးဖြစ်ချင်ပေမယ့် လေယာဥ်တစ်ခါမှမစီးဖူးတဲ့အတွက် Nicoleက Carlos စမ်းသပ်မောင်းနှင်လို့ရအောင် လေယာဥ်စင်းလုံးငှားပေးခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အတော်လည်း မတူကြပါဘူး။ Nicoleက ချမ်းသာပြီး ဘာကိုမှ အရေးမထားတတ်ပေမယ့် Carlosကတော့ ဆင်းရဲတဲ့မိသားစုကလာပြီး စာကိုလည်း တကယ်ကြိုးကြိုးစားစားသင်ယူနေတဲ့သူဖြစ်ပါတယ်။ သူတို့ရဲ့ အချစ်ခရီးလမ်းက ဖြောင့်ဖြူးပါ့မလား Carlosကရော Nicoleကို ချစ်တာမှန်ရဲ့လား။ Romance ကားတွေ ကြိုက်နှစ်သက်တဲ့သူတွေ ခံစားကြည့်ရှုနိုင်မယ့် ရုပ်ရှင်ကောင်းလေးဖြစ်ပါတယ်။ File size…(2.9GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

6.4 2001 99 mins
Crazy/Beautiful
Rampant
6.7

Rampant (2018) ***************** ဒီတစ်​ခေါက်ဇာတ်ကားက​တော့ 2018ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Action/Horror ရုပ်ရှင်ဖြစ်ပြီး Hyun Bin၊ Jang Dong Gun၊ Kim Eui Sung နှင့် နာမည်ကြီး သရုပ်ဆောင်များစွာတို့ ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဥ်းက​တော့ အရည်အချင်းမရှိတဲ့ဘုရင်​ကြောင့် ချင်နိုင်ငံရဲ့ လက်​အောက်ခံနိုင်ငံအဖြစ် သွတ်သွင်းခံထားရတဲ့ ဂျိုဆွန်းပြည်ကို လွတ်​မြောက်ဖို့ကြိုးစားနေတဲ့ စစ်မက်​ရေးရာအမတ်ဂင်ရဲ့ လျှို့ဝှက်ကြံစည်မှု​ကြောင့် အိမ်​ရှေ့စံမင်းသားသေဆုံးသွားပြီး ညသရဲလို့​ခေါ်တဲ့ မ​ကောင်းဆိုးဝါး​တွေ ​ရောက်ရှိလာပါ​တော့တယ်။ တစ်ဖက်မှာလည်း ဂျိုဆွန်းမှာ​မွေးပြီး ချင်နိုင်ငံမှာ ကြီးပြင်းလာတဲ့ မင်းသားဂန်ရင်းက အိမ်​ရှေ့စံရဲ့ ​​သေတမ်းစာ​ကို ရရှိပြီး ဂျိုဆွန်းကိုပြန်​ရောက်လာပါ​တော့တယ်။​ ​ရောက်​ရောက်ချင်းပဲ အမတ်ဂင်ရဲ့ လုပ်ကြံ​​ရေးအဖွဲ့အပြင် ညသရဲ​တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အိမ်​ရှေ့စံရဲ့ အ​စေခံရဲမက်နဲ့ ​​တွေ့ဆုံကာ အ​ခြေအ​နေ​တွေကို တဖြည်းဖြည်းချင်း နားလည်လာပါ​​တော့တယ်။ နောက်ဆုံး အမတ်ဂင်ရဲ့ အကြံအစည်တွေ​ကြောင့် မင်းကြီး​သေဆုံးကာ နန်း​တော်တစ်ခုလုံး ညသရဲအဖြစ် ​ပြောင်းလဲသွားပြီး​ ဂျိုဆွန်းတစ်ပြည်လုံးကို ကယ်တင်ဖို့ မင်းသားဂန်ရင်းရဲ့ ​ တာဝန်ဖြစ်လာတဲ့အခါမှာတော့… မင်းသားဂန်ရင်းက ​သူ့တာဝန်ဖြစ်တဲ့ ဂျိုဆွန်းကို ကယ်တင်​ပြီး ညသရဲ​တွေကို ဘယ်လိုနှိမ်နင်းသွားမလဲဆိုတာကို​တော့ ဆက်လက်ကြည့်ရှုလိုက်ရ​အောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Stary မှ ရေးသားပေးထားပါတယ်။) File Size : 2.15GB/ 870MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Action, Thriller, Historical, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Stary Encoded by Tiff

6.7 2018 122 mins
Rampant
Alice in Wonderland
7.4

Alice in Wonderland (1951) IMDB: 7.3 Rotten Tomatoes : 84% Genre :Animation/Fantasy Alice in Wonderland (1951) ကတော့ စာရေးဆရာ Lewis Carroll ရဲ့ မူရင်း Alice in Wonderland ကို Animation အဖြစ် Walt Disney ကထုတ်ထားတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ အဲလစ်စ် အကြောင်းကိုလည်း သိနေပြီးသားမလို့ ထွေထွေထူးထူးညွှန်းစရာမလိုဘူးထင်ပါတယ်။ ဇာတ်ညွှန်း အဲလစ်စ်ဆိုတဲ့ ကောင်မလေးဟာ စပ်စုတတ်တဲ့ကောင်မလေးဖြစ်ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ စပ်အစုလွန်ပြီးတော့ ယုန်ကျင်းတစ်ခုထဲပြုတ်ကျကာ အံ့ဖွယ်ကမ္ဘာကြီးကိုရောက်သွားပါတော့တယ်။ သူဟာအဲဒီမှာ ဝစ်စ်ကုတ်ဝတ်ထားတဲ့ယုန်တစ်ကောင်၊ ဒိုဒိုငှက်ကြီးတစ်ကောင်၊ ပြုံးနေတဲ့ကြောင်ကြီးတစ်ကောင်အစရှိသဖြင့် ထူးဆန်းတဲ့အရာတွေကိုမြင်ခဲ့ရပါတယ်။ ဒီလိုနဲ့အဲလစ်စ်လေးတစ်ယောက် အံ့ဖွယ်ကမ္ဘာကြီးကနေ ဘယ်လိုမျိုး အပြင်လောကကိုပြန်ထွက်သွားမလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ်ရာကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 3.4 GB / 1.2 GB / 750 MB Quality… Web-DL 4k/ 1080p / 720p Format… mp4,mkv Audio… AAC,EAC 3 Duration…. 1h 13m Genre ….. Family/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Lucifer Maximoff

Horror
7.4 1951 75 mins
Alice in Wonderland
Il Tha Ka Sai Aa

Il Tha Ka Sai Aa (2024) “အိပ်မက်ဆိုးအလွန်” တေလဂူး သည်းထိပ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ် ရမ်နဲ့ ရမ်ယာတို့က ချစ်ခင်စုံမက်လို့ နှစ်ဦးသဘောတူလက်ထပ်ခဲ့ကြတဲ့ ညားခါစလင်မယားပါ သူတို့အချစ်ရေးက သာသာယာယာရှိလှပြီး လောကထဲကို အသစ်ရောက်လာမယ့် လူသားကလေးကိုလည်း စောင့်ဆိုင်းနေကြတဲ့သူတွေ ဒီလိုပြည့်စုံတဲ့ ရမ်က အိပ်မက်ထဲမှာ သူ့မိန်းမသူ သတ်ပစ်လိုက်လို့ ရဲတွေလာဖမ်းတယ်ဆိုတဲ့ အိပ်မက်မက်တဲ့နောက် အဲဒီအိပ်မက်က သူ့ကိုဆက်လက်တုန်လှုပ်ခြောက်ခြားစေပါတော့တယ် လျှို့ဝှက်ချက်က ဘာဖြစ်မလဲ အရာအားလုံးက အကြောင်းကြောင့် အကျိုးဖြစ်လာတာလား အပေါ်ယံနဲ့မမြင်ရတဲ့ ဖြစ်ရပ်တချို့ရှိနေမလား ဆိုတာကတော့ ။ ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ Cym ~ STAR ~ ToMo ~ Zwe မှ ဖြစ်ပါတယ်

Fantasy • Comedy
0 2024
Il Tha Ka Sai Aa