YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Hangout.with.Yoo.E157.221015.720p-CM.mp4

960.57 MB N/A video/mp4 300 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Family Man
6.7

အဓိကဇာတ်ဆောင်အဖြစ် မင်းသားကြီး Gerard Butler ကသရုပ်ဆောင်ထားပြီး William Dafoe၊ Alfred Molina၊ Alison Brie၊ Gretchen Molစတဲ့ ပရိသတ်နဲ့ရင်းနီးပြီးသား သရုပ်ဆောင်တွေချည်းပါပဲ။ ဇာတ်လမ်းလေးကတော့ Head-hunter ဆိုတာ ကုမ္ပဏီတွေအတွက်လူသစ်ရှာဖွေရေးဝန်ဆောင်မှုလုပ်ရင်း အလုပ်ဖြစ်ရင်၊ ပွဲဖြစ်ရင် ကုမ္ပဏီဘက်ကနေ ဝန်ဆောင်ခရတဲ့ အလုပ်ကိုမျိုးကို ပွဲစားလိုလုပ်တဲ့ အလုပ်ပွဲစားတွေပေါ့။ အလုပ်လုပ်ဖို့ကလည်း စားပွဲတစ်လုံး ဖုန်းတစ်လုံး ထိုင်ခုံတစ်ခု လူတစ်ယောက်ပဲ လိုပါတယ်။ ကလိမ်ကကျစ်ကျတတ်ဖို့၊ ကွက်ကျော်ရိုက်တတ်ဖို့ ၊လိမ်လည်တတ်ဖို့ကတော့ အဆစ်ပေါ့ဗျာ။ သူဌေးဖြစ်သူကိုယ်တိုင်က အလုပ်မဖြစ်တဲ့ အလုပ်ပွဲစားတွေကို အလုပ်ဖြုတ်တဲ့စနစ်၊ ရာထူးတိုးချင်ရင်လည်း လအလိုက်အပြိုင်အဆိုင် ငွေရှာခိုင်း၊ နိုင်တဲ့သူမှ ရာထူးတိုးပေးတဲ့စနစ်ကိုပဲသွေးအေးအေးကျင့်သုံးတဲ့သူပေါ့။ ဘယ်လောက်တောင်ဆိုးလဲဆိုရင် အလုပ်ထွက်သွားတဲ့သူတွေ သူ့ကိုပြန်မတုနိုင်အောင် မယှဥ်ပြိုင်ရသဘောတူညီချက်(non-compete aggreement)တွေထားပြီး ကိုယ့်ဆီကအလုပ်ထွက်သွားရင်တောင် ဒီအလုပ်လုပ်လို့မရအောင် ခေါင်းပုံဖြတ်ထားသတဲ့။ ဒီအလုပ်ကိုပိုင်နိုင်ကျွမ်းကျင်သလို အရမ်းလည်းအလုပ်ကြိုးစားတဲ့ David Jensenတစ်ယောက် အလုပ်ကိုပဲ မဲလုပ်နေတော့ မိသားစုအပေါ်လစ်လပ်လာတာတွေ၊ သားသမီးကိုဂရုမစိုက်မိတာတွေ ဖြစ်လာတယ်။ ပိုကံဆိုးချင်တော့ သားဖြစ်သူက သွေးကင်ဆာ ဖြစ်ပြီး သေမလားရှင်မလားဖြစ်အလာ၊ အလုပ်ကလည်း အပြိုင်အဆိုင်ဆိုတော့ Dane တစ်ယောက် ဘာ‌တွေဘယ်လို့ရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ File Size :(948MB)&(461MB) Quality : Blu-Ray 1080p, 720p Format :mp4 Duration : 01:48:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by HYAN

Horror • Thriller
6.7 2017 108 mins
A Family Man
Deadpool 2
7.5

Deadpool 2 (2018) ကို အလန်းဆုံးဗားရှင်းဖြစ်တဲ့ Super Duper Cut Version နဲ့ တင်ဆက်လိုက်ပါတယ်။ အရင် Version တွေမှာမပါတဲ့ အခန်းအပိုအလိုတွေအများကြီးပါပါတယ် အလန်းကြီးပါ အခုပဲ ဒေါင်းလုတ်ဆွဲကြည့်လိုက်ပါ --------------- Deadpool ရုပ်ရှင်ဆိုတဲ့အတိုင်း တစ်ကားလုံးက Deadpool ပီသခဲ့တယ်။ အရင်ကားထက်ပိုပြီး ပြောင်၊ ပိုပြီးအရှက်မရှိ၊ ပိုပြီးကြမ်းထားတယ်။ အထူးသဖြင့် Credit scene တွေဆို ရစရာကိုမရှိဘူး။ Plot ပိုင်းမှာ အရမ်းကြီးတော့မရှိ။ ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်းအများစုက action ရယ် ဓာတ်ပူး မျက်နာပြောင်နေတာရယ်က အဓိက များတယ်၊ ကိုဓာတ်ပူးရဲ့ X Force အဖွဲ့ skill ကိုပြထားတာ‌လည်း တော်တော်မိုက်တယ်။ တော်တော်ကိုကြမ်းပြထားနိုင်တယ်။ ထင်မထားဘူး။ Domino နဲ့ Cable ကိုပုံဖော်ထားတာလည်း တော်တေယ်လေးကောင်းတယ်။ Cable လုပ်တဲ့ Thanos ကြီးလည်း သရုပ်ဆောင်လန်ထွက်နေတာပဲ။ မဆီမဆိုင်စဉ်းစားမိတာက Deadpool ဘေးမှာနေရင်း Cable ကြီး မရယ်မိအောင် တော်တော်လုပ်ယူရမလားပဲ။ Deadpool 2 ဟာ တစ်ကားလုံးနီးပါး ဗြင်းနေတာနဲ့ ပြောင်နေတာတွေ ချည်းမို့ လုံးဝ ကြည့်ပျော်တဲ့ ကားတစ်ကားပါ။ Ref လုပ်ပြီး ဟာသတွေထုတ်ထားတာတွေများတဲ့အတွက် အများစုကတော့ အားလုံးနားလည်မှာ မဟုတ်လောက်ဘူး။ And btw, နာမည်ကြီးလှပါတယ်ဆိုတဲ့ မင်းသားတစ်ယောက် cameo ပါသေးတယ်။ သေချာကြည့်ကြည့်ကြပေါ့ဗျ။ နောက်ထပ် Cameo ကတော့ IT ထဲက Pennywise လုပ်ခဲ့တဲ့ မင်းသား Bill Skarsgård လေးက Zeitgeist အဖြစ်ပါဝင်ထားတာပါပဲ (ဇာတ်လမ်းအညွှန်းကို Datshin Page မှ ကူးယူဖော်ပြထားတာဖြစ်ပါတယ်။) File size…(7.5 GB)/(2.7 GB)/(1.2 GB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 Duration….02:13:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ye Kyaw Htet,Idiot MyoKo

Adventure • Family • Science Fiction
7.5 2018 120 mins
Deadpool 2
The Flower and the Empress

ဒီကားလေးကတော့ ဘုရင်မအုပ်ချုပ်ချိန် မ ဝါဒကြီးစိုးချိန်ကာလကို နောက်ခံထားရိုက်ကူးပြထားတာပါ... ဒီကားလေးမှာ ဘုရင်မကြီးရဲ့ အချစ်ရဆုံးနဲ့ အားအထားရဆုံး တတိယမင်းသမီးလေး လန်ရှီဟာ ဒေသခံတစ်ခုကို စုန်းမနက်ဂိုဏ်းက ကယ်တင်ပေးရာကနေ... ဒေသခံ ဇာတ်နိမ့်အမျိုးသားတစ်ဦးကို သတိထားမိခဲ့ရာကနေ စစ်သူကြီးဆိုတဲ့ရာထူးကို အမျိုးသမီးမဟုတ်ဘဲ အမျိုးသားတစ်ယောက်သာ တာဝန်ထမ်းဆောင်ရင် ဘယ်လိုဖြစ်မလဲလို့ စတင်တွေးမိခဲ့တယ်... တစ်ဖက်မှာလဲ မြင်မြင်ချင်းအချစ်လို့ဆိုရမလား. ဒုက္ခရောက်နေချိန်မြင်လိုက်ရတဲ့ ကောက်ရိုးမျှင်လေးကြောင့်လို့ပဲဆိုရမလား... တတိယမင်းသမီးကယ်တင်ခံခဲ့ရတဲ့ ချောင်ရှန်းတစ်ယောက်ဟာ တတိယမင်းသမီးရှိတာ မြို့တော်ကို ချက်ချင်းဆိုလို တတိယမင်းသမီးရဲ့မြင်းနောက်က တောက်လျှောက်လိုက်သွားခဲ့သလို... လေ့ကျင့်ရေးကျောင်းက ရွေးချယ်ခံရတဲ့ အမျိုးသားတွေက မင်းမျိုးနွယ်တွေကို ခစားခွင့်ရှိမယ်ဆိုတာကို သိထားတာကြောင့် ဒီကျောင်းဝင်ခွင့်ရဖို့ပါကြိုးစားခဲ့ပြီး တင်းယွမ်ဆိုတဲ့ ပထမတန်းစား ခစားသူအဖြစ် အရွေးခံရပြီးနောက် ချောင်ရှန်းတစ်ယောက် သူ့နှလုံးသားထဲကတတိယမင်းသမီးလေးကို ဆုံဖို့ နန်းတော်ကို ခစားဝင်ခွင့်ရခဲ့တယ်... ကဲ သူတို့ တကယ်ဆုံမှာလား... ဆုံပြီးရင်ရော ဒီလို ဝါဒကြီးစိုးနေတဲ့လောကကြီးမှာ သူတို့အချစ်ဇာတ်လမ်းရော ဖြောင့်ဖြူးပါ့မလားဆိုတာ ဒီဇာတ်လမ်းလေးဒေါင်းကြည့်လိုက်နော်~ Qualty : WEB-DL 1080p , 480p Format : mp4 Genres : Action , Romance Runtime : 1h 18min Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu , Nu Mon , Shwe Zin Oo Encoded by LK

Action • Adventure • Comedy
0 2019 78 mins
The Flower and the Empress
Man on the Moon
7.4

Man On The Moon =================== ဇာတ်ကားအကြောင်းမပြောခင် သရုပ်ဆောင်တွေကို အရင်မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ The Ture Man Show, The Mask အစရှိတဲ့ဇာတ်ကားတွေရဲ့ ဇာတ်လိုက်ကျော်ကြီးဖြစ်တဲ့ ဂန္ဓ၀င်ဟာသမင်းသားကြီး Jim Carrey နဲ့အတူ နောက်ထပ်ဂန္ဓ၀င် မင်းသားကြီးတစ်ဦးဖြစ်တဲ့ Danny DeVito တို့ ပါ၀င်ရိုက်ကူးထားတဲ့အတွက် တကယ့်ကို ကြည့်ရကျိုးနပ်စေပါတယ်။ ဒီဇာတ်ကားကတော့ အမေရိကန်ရဲ့ နာမည်ကျော်လူရွှင်တော်ကြီး အန်ဒီကော့ဖ်မန်းရဲ့ ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ သူဟာ တခါတလေ သူ့ကိုယ်သူ “အဆိုအကလူကြီး” လို့ ခေါ်တတ်ပြီး တခြားလူရွှင်တော်တွေနဲ့မတူ ထူးခြားနေတဲ့ ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၁၉၈၄ခုနှစ်မှာ ရှားပါးတဲ့ အဆုတ်ကင်ဆာရောဂါတစ်မျိုးကြောင့် ဆုံးပါးသွားခဲ့ပြီး သူထားရှိခဲ့တဲ့ အနုပညာတွေကတော့ ယနေ့အချိန်အထိ ကျန်ရှိနေဆဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အန်ဒီရဲ့ ဟာသ အပေါ်မြင်တဲ့အမြင်တွေ၊ သဘောထားတွေကို မြင်တွေ့ရမှာဖြစ်ပြီး သူ့ပြက်လုံးတွေဟာ ကြည့်ရှုသူတွေကိုပါ ကြောင်တောင်တောင်ဖြစ်အောင် လုပ်နိုင်တာကို တွေ့ရပါမယ်။ ကြည့်ရှုသူတွေတင်မက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တချို့ပါ သူ့ဟာသတွေကြောင့် ခနခနဇာတ်တွေရှုပ်ကြရပါတယ်။ ဒီလိုလူရွှင်‌ တော် တစ်ယောက်ဖြတ်ကျော်ခဲ့ရတဲ့ ဘ၀အကြောင်းကို တစ်ကားလုံး မပျင်းရအောင် ကြည့်ရှူရမှာဖြစ်တာကြောင့် CM ပရိသတ်တွေအနေနဲ့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် မိတ်ဆက်ပေးလိုက်ပါတယ်။

Action • Comedy
7.4 1999 118 mins
Man on the Moon
[18+] Elena Undone
6.7

************************ LGBT တွေအပေါ် နားလည်စာနာနိုင်စေမယ့်ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်။ အယ်လီနာဝင်းတားစ် ဟာ ခရစ်ယာန်သင်းအုပ်ဆရာတစ်ယောက်ရဲ့ အမျိုးသမီးဖြစ်ပြီး သားတစ်ယောက်လည်းရှိပါတယ်။ ခင်ပွန်းသည်နဲ့ အတူ ဘုရားကျောင်းအမြဲတက်ပေမယ့် တချို့သောလှုပ်ရှားမှုများမှာ အင်တိုက်အားတိုက်မဆောင်ရွက်တဲ့အတွက် သူ့ပတ်ဝန်းကျင်မှ ာ အထီးကျန်နေသူတစ်ယောက်ဖြစ်ပါတယ်။ စာရေးဆရာမလွန်းဘတ်ကတော့ ယောက်ျားလျာ တစ်ယောက်ဖြစ်ပြီး သူ့အမေကိုပြုစုရင်းနဲ့ တွဲနေတဲ့ကောင်မလေးက ခြံခုန်သွားတာကြောင့် အသည်းကွဲနေသူ ဖြစ် ပါတယ်။ ယောက်ျားလျာတစ်ယောက်နဲ့ အသည်းကွဲနေတဲ့အိမ်ရှင်မဟာ ကံကြမ္မာရဲ့စေစားမှုကြောင့် မမျှော်လင့်ဘဲ တွေ့ဆုံပါတော့တယ်။ တွေ့ဆုံပြီးနောက်မှာတော့ မထင်မှတ်ထားတဲ့အဖြစ်အပျက်များစွာ ကြုံတွေ့ရပါတော့တယ်။ LGBT တွေရဲ့ခံစားချက်တွေ၊ အခက်အခဲတွေ၊ ပတ်ဝန်းကျင်ရဲ့ မေးငေါ့မှုတွေကို ကြံကြံခံနိုင်ဖို့ရာ သာမန်လူတွေ ထက်အဆများစွာခက်ခဲကြောင်း ရိုက်ပြထားတာပါ။ မိသားစုအတူကြည့်ဖို့ မသင့်တဲ့အခန်းများစွာပါဝင်ပါတယ်။ File Size :(1.9GB) and (861 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:51:00 Genre : Adult, Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by SD

Action • Horror • Thriller
6.7 2010 111 mins
[18+] Elena Undone
A Bronx Tale

နာမည်ကျော်မင်းသားကြီးတွေဖြစ်ကြတဲ့ Robert De Niro, Chazz Palminteri, Joe Pesci တို့အပြိုင်အဆိုင် ပါ၀င်ထားကြတဲ့ဇာတ်ကားလေးပါ။ Bronx မှာနေတဲ့ Calogero ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ ရပ်ကွက်ထဲက ဘ၀ကို ဇာတ်တည်ထားတာပါ။ Calogero ရဲ့အဖေက ရိုးရိုးသားသား ဘက်စကားမောင်းပြီး အသက်မွေး၀မ်းကြောင်းပြုနေပေမယ့် Calogero ကတော့ ရပ်ကွက်ထဲက ဂိုဏ်းခေါင်းဆောင် Sunny ကိုလေးစားအားကျနေမိပါတယ်။ Calogero လည်းအဖေဖြစ်သူရဲ့ ဖြောင့်မတ်ကြိုးစားဖို့ ဆုံးမစကားတွေနဲ့ Sunny ရဲ့ငွေကြေး အာဏာရမယ့်မက်လုံးတွေကြား လွန်ဆွဲရင်း ကြီးပြင်းလာပုံကို ကြည့်ရှုရမှာပါ။ ရင်ထဲထိပြီး သင်ခန်းစာတွေရမယ့် ဇာတ်ကားကောင်းလေးပါ။ File size…(2 GB)/(1.5 GB)/(900 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre…Drama,Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

0 1993
A Bronx Tale
Saw II Saw 2
6.6

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 2 (2005)မှာတော့ Jigsaw လူသတ်သမားကို ပြန်ပေါ်လာတဲ့အတွက် အထူးတပ်ဖွဲ့တွေနဲ့အတူ စုံထောက်အဲရစ်ခ်မက်သရူးပါ ပါလာပြီး လာဖမ်းတော့တယ်။ ဒီအချိန်မှာ Jigsaw လူသတ်သမားက ကင်ဆာရောဂါသည်တစ်ဦး ဖြစ်နေတော့တယ်။ စုံထောက်အဲရစ်ခ်ဆိုတာကလည်း လူကောင်းမဟုတ်။ ဟိုးတုန်းကဆို သူဖမ်းချင်တဲ့သူတွေဆိုရင် သက်သေအတုလုပ်ပြီး ဖမ်းထည့်တတ်တဲ့သူ။ Jigsaw က အဲဒါကို ကောင်းကောင်းသိထားတော့ သူ အရင်က အမှုဆင်ပြီးဖမ်းဖူးတဲ့သူအားလုံးနဲ့အတူ အဲရစ်ခ်ရဲ့သားကို ဖမ်းထည့်ပြီး အိမ်တစ်အိမ်မှာ ဂိမ်းတွေ စကစားစေတော့တယ်။ အိမ်တစ်လုံးမှာ ထောင်ချောက်တွေ အပြည့်ပေါ့။ ဂိမ်းကို ကျော်ဖြတ်နိုင်တဲ့သူကပဲ အသက်ရှင်ခွင့်ရမှာ။ ဒါကို အဲရစ်ခ်တို့ Jigsaw ကို လာဖမ်းတဲ့အခါမှာ Jigsaw ရဲ့ ပုန်းအောင်းတဲ့နေရာမှာရှိတဲ့ ကွန်ပျူတာဖန်သားပြင်တွေပေါ်မှာ သူ့သားနဲ့အတူ တခြားလူတွေ အဖမ်းခံထားရတဲ့အကြောင်း အဲရစ်ခ်သိလိုက်ရတော့တယ်။ Jigsaw ရဲ့ ထောင်ချောက်တွေကြားကနေ သူ့ကိုမကျေနပ်တဲ့သူတွေနဲ့အတူရှိနေတဲ့ သူ့သား ဒန်နီရယ်ကို စုံထောက်အဲရစ်ခ်တစ်ယောက် ဘယ်လိုကယ်တင်မလဲဆိုတာ ဒီ Saw II ဇာတ်ကားထဲမှာ ရှုစားရမှာပါ။

6.6 2005
Saw II Saw 2
Escobar: Paradise Lost
6.5

Pablo Escobar ဆိုတဲ့ ကိုလံဘီယာက မူးယစ်ရာဇာကို ရုပ်ရှင်၊ စီးရီးများအဖြစ် ပုံဖော်ခဲ့ကြတဲ့ ဇာတ်လမ်းတွေ အများကြီးရှိခဲ့ကြပါတယ်။ ဒီ Escobar Paradise Lost ဆိုတဲ့ ဇာတ်လမ်းလေးမှာတော့ ပုံမှန်ချဉ်းကပ်နေကြ ဇာတ်လမ်းပုံစံမျိုးတွေထက် အချစ်နဲ့ အန္တရာယ်ကြားထဲက သည်းထိတ်ရင်ဖိုဇာတ်လမ်းပုံစံမျိုးကို အသားပေး ဖော်ပြထားပါတယ်။ ပါဘလို အက်စကိုးဘားအဖြစ် Benicio Del Toro က သရုပ်ဆောင်ထားပြီး Josh Hutcherson က နစ်ခ်ဘရေဒီ အဖြစ် ပါဝင်ထားပါတယ်။ The Usual Suspects, Che, Sicario စတဲ့ ဇာတ်ကားတွဲ တွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ Legend ကြီး Benicio Del Toro နဲ့ The Hunger Games ဇာတ်လမ်းတွဲတွေရဲ့ စတား Josh Hutcherson တို့ အားပြိုင်မှုကိုလည်း တွေ့ရပါတယ်။ နစ်ခ်ဘရေဒီဟာ ကိုလံဘီယာမှာ အစ်ကိုနဲ့အတူ အလုပ်လုပ်နေပြီးတော့ မာရီယာနဲ့ တွေ့ဆုံပြီး ချစ်မိသွားခဲ့တာဖြစ်ပါတယ်။ မာရီယာကလည်း မူးယစ်ရာဇာ Pablo Escobar ရဲ့ တူမ ဖြစ်နေပြန်ပါတယ်။ အစပိုင်းမှာတော့ သူတို့အချစ်ရေးက အားလုံးကလည်း သဘောတူကြည်ဖြူတဲ့အတွက် ဖြောင့်ဖြူးသလိုရှိခဲ့ပေမယ့်.. အက်စကိုးဘားမိသားစုထဲ ပိုပြီးဝင်ရောက်လာလေ အန္တရာယ်များပြီး ကြောက်မက်ဖွယ်ကောင်းတာတွေက ပိုပြီး ထင်ရှားလာခဲ့ပါတယ်။ ပါဘလိုအက်စကိုးဘားနဲ့ပတ်သက်နေသရွေ့ သူတို့အဖို့ မလုံခြုံနိုင်မှန်း သဘောပေါက်သွားချိန်မှာ နစ်ခ်ဟာ မာရီယာနဲ့အတူ ကိုလံဘီယာက ထွက်ပြေးဖို့ ကြံစည်ခဲ့ပါတယ်။ သူတို့ မပြေးနိုင်ခင်မှာပဲ အက်စကိုးဘားက သူ့လူယုံတွေကို အရေးပေါ်အစည်းအဝေးတစ်ခု ခေါ်လိုက်ပါတယ်။ နစ်ခ်ကိုလည်း သူ့ရဲ့ အဖိုးတန်ပစ္စည်းတွေကို သိမ်းဆည်းဖျောက်ဖျက်တဲ့အစီအစဉ်မှာ ပါဝင်ခိုင်းခဲ့ပြန်ပါတယ်။ ပစ္စည်းတွေဖျောက်ဖျက်ရုံတင်မဟုတ်ဘဲ လမ်းပြသူကိုပါ တစ်ခါတည်း နှုတ်ပိတ်ရမယ့်တာဝန် ရှိလာခဲ့ချိန်မှာ သာမန်လူတန်းစားဘဝက လာခဲ့သူ နစ်ခ်ဟာ သူ့တာဝန်ကို ပြီးဆုံးအောင် မလုပ်နိုင်ဘဲ လမ်းပြကို လွှတ်ပေးမိခဲ့ ပါတယ်။ အစီအစဉ်အတိုင်း ဖြစ်မလာခဲ့ဘဲ ပါဘလိုအက်စကိုးဘားကို ဆက်သွယ်ခဲ့ချိန်မှာတော့ နှုတ်ပိတ်ခံရမယ့်စာရင်းမှာ သူလည်းအပါအဝင်ဖြစ်နေတယ်ဆိုတာ နစ်ခ်ဟာ ရိပ်စားခဲ့ပါတယ်.။ အက်စကိုးဘားရဲ့ သွေးအေးတဲ့လှည့်ကွက်တွေကြားထဲမှာ နစ်ခ်က ရုန်းထွက်ဖို့ ကြိုးစားလေ ညှို့ချက်မိသလို ဝဲလည်ရင်းနဲ့ သူ စီစဉ်ထားတဲ့ ထွက်ပြေးမယ့် အစီအစဉ် အထမြောက်မှာလား. အက်စကိုးဘားရဲ့ လက်တံရှည် တွေကြားထဲမှာ ပြန်မိမှာလား ဆိုတာကို ဇာတ်လမ်းအဆုံးထိ သည်းထိတ်ရင်ဖို ခံစားကြည့်ရှုနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.6 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre ….. Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

6.5 2014
Escobar: Paradise Lost
Alicia in Terrorland

မိဘနှစ်ပါးလုံး ကွယ်လွန်သွားပြီးနောက် ခိုကိုးရာမဲ့ဖြစ်နေတဲ့ Alice ဟာ သူမရဲ့အဖွားဖြစ်သူ Beth ရှိတဲ့ Wonderland က မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာတဲ့အိမ်ကြီးမှာ ပြောင်းနေဖို့ အကြောင်းဖန်လာတယ်။ ခမ်းနားကြီးကျယ်တဲ့ တောအုပ်ထဲက အိမ်ကြီးကိုကြည့်ပြီး အံ့ဩဘနန်းဖြစ်နေပေမဲ့ မကြာခင်မှာပဲ Alice တစ်ယောက် အိမ်ကြီးထဲမှာ ထူးဆန်းတာတွေကို စပြီးမြင်ယောင်လာတယ်။ အဖွားဖြစ်သူကတော့ အိမ်နားက တောအုပ်ဆီကို မသွားဖို့မှာထားပေမဲ့ အိပ်မက်သယောင်ယောင်နဲ့ ယုန်လေးတစ်ကောင်နောက်လိုက်ရင်း တောအုပ်ထဲကိုဝင်သွားပြီး ယုန်တွင်းပေါက်ကနေတစ်ဆင့် တခြားကမ္ဘာက Wonderland ကို ရောက်သွားသောအခါ… Alice တစ်ယောက် သူရောက်သွားတဲ့ Wonderland မှာ ဘာတွေကြုံတွေ့ရမှာလဲ။ Wonderland ကနေရော ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကိုတော့ Alice in Wonderland ကိုမှ Horror Vibe ရနိုင်မဲ့ Alice in Terrorland ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…(820 Mb)/(350 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:17:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana

0 2023
Alicia in Terrorland
Enemy at the Gates
7.5

Enemy at the Gates ( 2001 ) ဒီဇာတ်လမ်းက ဒုတိယဇာတ်ကမ္ဘာစစ်ကို အဆုံးအဖြတ်‌ပေးခဲ့တဲ့ တိုက်ပွဲတစ်ခုအကြောင်းလို့ ပြောရင်လည်းပြောလို့ရတယ်။ ဂျာမနီနဲ့ ဆိုဗီယက်ပြည်ထောင်စုကြားက တိုက်ပွဲပေါ့။ ဒီတိုက်ပွဲမှာ ဆိုဗီယက်တပ်နီတော်ကနေ ဂျာမန်တပ်တွေကို လုံးလုံးအနိုင်ယူနိုင်ခဲ့တယ်။ ဒီစစ်ပွဲမှာ စစ်သုံ့ပန်းဖြစ်ခဲ့တဲ့ ဂျာမနီတွေလည်း၉သိန်းကျော်၁၀သိန်းနီးပါးရှိခဲ့တယ်။ ဒီစစ်ပွဲမှာ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဂျာမန်တွေကြား အင်အားက တော်တော်လေးကွာခြားခဲ့တယ်။ ဆိုဗီယက်တွေဘက်က ရိုင်ဖယ်တစ်လက်ကို နှစ်ယောက်ခွဲသုံးကြရတဲ့အထိကို လက်နက်အင်အားနည်းပါးခဲ့သလို ပြည်သူ့စစ်ကိုထည့်သုံးရတဲ့အထိကို အင်အားနည်းပါးခဲ့ပေမဲ့ စိတ်ဓာတ်ကတော့ တော်တော်လေးခိုင်မာခဲ့တယ်။ ဆိုပေမဲ့ ဒီရုပ်ရှင်တော့ အဲဒီလိုစိတ်ဓာတ်ခိုင်မာလာဖို့ လုပ်ရတဲ့ ဝါဒါဖြန့်စစ်ပွဲတွေ အတင်းအကျပ်ရဲ့အပိုင်းတွေကို ဒီရုပ်ရှင်မှာ ပါးပါးလေးပြသွားခဲ့သလို သူ့ဘာသာသူကို စိတ်ဓာတ်ခိုင်မာနေတဲ့အပိုင်းကိုလည်း ပြသွားခဲ့တယ်။ သမိုင်းကြီးတဲ့ ဒီစစ်ပွဲက ဒီရုပ်ရှင်ရဲ့နောက်ခံပေမဲ့ ဒီရုပ်ရှင်က မီးမောင်းထိုးပြထားတာက ဒီစစ်ပွဲအကြောင်းကိုတော့ မဟုတ်ခဲ့ဘူး။ Enemy at the Gates ဟာ ဒီစစ်ပွဲရဲ့ အရေးပါတဲ့ တစ်ထောင့်တစ်နေရာပါခဲ့တဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်အကြောင်းကို မီးမောင်းထိုးပြသွားတယ်။ Enemy at the Gatesမှာ စစ်ပြတဲ့အခြေအနေက ဆိုဗီယက်တွေက ဂျာမနီရဲ့တိုက်ခိုက်မှုကို တင်းခံနေရပေမဲ့ တပ်ဆုတ်ရင်ပစ်သတ်ဆိုပြီး အမိန့်ပေးထားရတဲ့အထိ စိတ်ဓာတ်ရေးရာက ပျက်ပြားနေခဲ့တယ်။ ဒီတော့ ပစ်မလွဲဖြစ်နေတဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်ရဲ့ အောင်ပွဲတွေကို သူရဲကောင်းဆန်ဆန် ရေးသားပြီး ပြည်သူတွေအားလုံး စိတ်ဓာတ်တက်ကြွလာအောင် ဝါဒဖြန့်ခဲ့တယ်။ အဲဒီလက်ဖြောင့်တပ်သားက ဒီတိုက်ပွဲရဲ့အရေးအပါဆုံး နာမည်အကျော်ဆုံး တပ်သားတစ်ယောက်ဖြစ်ခဲ့သလို တစ်ချိန်တည်းမှာပဲ ဒီတိုက်ပွဲရဲ့ အလေးဆုံးဝန်ကို ထမ်းထားရတဲ့ စစ်သားလည်းဟုတ်ခဲ့တယ်။ သူ့အလေးဆုံးဝန်က တကယ်တမ်း ရာထူးတွေ တာဝန်တွေထက် အားလုံးအချစ်ခံနေရ ချီးကျူးခံနေရတာဖြစ်ခဲ့တယ်။ တလောက ဇာတ်လမ်းတွဲတစ်ခုထဲက မှတ်မှတ်ရရရှိလိုက်တဲ့ ဒိုင်ယာယော့လိုတစ်ခုအတိုင်းပါပဲ။ ချီးကျူးခံရတာက ချီးကျူးခံရတဲ့သူဘက်ကပဲ ဝန်လေးတာဖြစ်ပြီး ချီးကျူးလိုက်ရတဲ့သူဘက်က ဘာမှ မဆုံးရှုံးသွားဘူးတဲ့။ ပြည်သူတွေရဲ့ ချစ်ခင်လေးစားမှုတွေကြားမှာ အဲဒီလက်ဖြောင့်တပ်သားက ကျရှုံးလို့မဖြစ်တဲ့ သူရဲကောင်းတစ်ယောက်အဖြစ်နေနေရမယ့် ဝန်ကြီးကို ထမ်းထားရတယ်။ ပြောရရင် ဒီရုပ်ရှင်ဟာ စစ်ပွဲတစ်ပွဲအကြောင်းဆိုတာထက် အလေးဆုံးဝန်ကို ထမ်းထားရတဲ့တပ်သားတစ်ယောက်အကြောင်းပဲ။ သာမန်စစ်သားတစ်ယောက်လို ရဲရဲတိုက် ရဲရဲသေလိုက်တာကမှ သူ့အတွက်ပိုလွယ်နေသေးပေမဲ့ သူကျရှုံးသွားရင် အားလုံးစိတ်ဓာတ်ပျက်ပြားသွားနိုင်တယ်ဆိုတဲ့အချက်ကြောင့် သူက ဒီဝန်ကြီးကို သူထမ်းနေရတယ်။ ဒီလိုနဲ့ သူ့ဂုဏ်သတင်းကြောင့် ပျက်ပြားလာတဲ့ ဂျာမန်စစ်သည်တွေရဲ့ စိတ်ဓာတ်ကို ပြန်အဖတ်ဆည်ဖို့ ဂျာမန်ဘက်ကလည်း သူတို့ရဲ့ နာမည်ကျော်စနိုက်ပါသမားကို လွှတ်လိုက်တယ်။ သူ့ထက်ပညာအရာမှာသာနေတဲ့ ဂျာမန်စနိုက်ပါသမားကို ရုရှစနိုက်ပါသမားလေးက ရှုံးလို့မဖြစ်တဲ့ဝန်ကြီးကို သယ်ပြီး ရင်ဆိုင်ခဲ့ရတယ်။ Enemy at the Gates ( 2001 )ဟာ စစ်ပွဲတစ်ပွဲမှာ ဝါဒဖြန့်ချီရေး စိတ်ဓာတ်စစ်ဆင်ရေးက အရေးအပါဆုံးဖြစ်ကြောင်း တင်ပြထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ စစ်ကားတစ်ကားဆိုတာထက် လူ့စရိုက်တွေ လူတန်းစားကွာဟမှုတွေကို ပေါ်လွင်အောင် တင်ပြထားတဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Enemy at the Gatesရဲ့ ဒါရိုက်တာ Jean-Jacques Annaudဟာ The Lover (1992)တို့ Seven Years in Tibet (1997)တို့လို ဒီမှာလူသိများတဲ့ ကားတွေအပြင် တခြားကားကောင်းတွေကိုလည်း ရိုက်ခဲ့သလို ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် စနိုက်ပါသမား၂ယောက်နေရာမှာ Ed Harrisနဲ့ Jude Lawတို့လို သရုပ်ဆောင်ကောင်းတွေကိုသုံးထားပေးတယ်။ ဘာမှတော့မဟုတ်ပေမဲ့ ဒီရုပ်ရှင်မှာ ကျွန်တော့်အတွက် သိပ်လှတဲ့အခန်းက ဘွဲ့ရပညာတတ်ပေမဲ့ ရှေ့တန်းမှာပဲ မရမကတိုက်ချင်နေတဲ့ ကောင်မလေးကို လက်ဖြောင့်တပ်သားလေးက တစ်ဖက်လှည့်နဲ့ သူ့နေရာသူပြန်သွားဖို့ နားချတဲ့အခန်းပဲ။ ” တောထဲမှာ ဝံပုလွေတွေက သုံးနှစ်ပဲ အသက်ရှင်နိုင်ပေမဲ့ မြည်းတွေကတော့ ကိုးနှစ်ရှင်နိုင်တယ်။ မြည်းတွေက ပိုအသုံးဝင်လို့ ကြာကြာရှင်ရတယ်”လို့ လက်ဖြောင့်တပ်သားလေးကပြောတော့ ကောင်မလေးက ” အဓိပ္ပာယ်မရှိတာကြီး တောထဲမှာ မြည်းမရှိဘူးလေ”လို့ ပြန်ပြောလိုက်တယ်။ ခဏတော့တွေသွားပြီးမှ ကောင်မလေးထပ်ပြောခဲ့တဲ့စကားက “ရှင်က ကျွန်မကို မြည်းလို့ပြောချင်တာလား”တဲ့။ File size… 8.9 GB / 2.6 GB / 895 MB Quality… BluRay HEVC 4K / 1080p / 720p Format… mp4 Duration…. 2h 11m Genre ….. Drama/War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

Horror • Thriller
7.5 2001
Enemy at the Gates
Go West

IMDb 6.4 ကောင်းဘွိုင်ဟာသကားလေးတစ်ကားကို တင်ဆက်လိုက်ပါတယ် အယ်ဗလင်းဟာ မုဆိုးမတစ်ယောက်ဖြစ်ပြီး သူချစ်မိတဲ့ ယောကျာ်းမှန်သမျှ သေဆုံးခဲ့ရတာကြောင့် ကျိန်စာသင့်မုဆိုးမလို့ လူတွေကသူ့ကို ခေါ်ကြပါတယ် တစ်နေ့ အယ်ဗလင်းရဲ့သမီးဖြစ်သူက ဝရမ်းပြေးနဲ့လက်ထပ်တော့မယ် သတင်းကြားတာကြောင့် အော်ရီဂွန်ကို သွားရဖို့ အကြောင်းဖန်လာတဲ့အခါ… သူ့အစ်မ ရောဂါသည် ကိုရာ၊ ကျောင်းဆရာ အီလိုင်ဂျာနဲ့ လမ်းပြကပ္ပတိန်အပါအဝင် လူထူးလူဆန်းတွေ ပေါင်းစုံနဲ့အတူ ခက်ခဲကြမ်းတမ်းလှတဲ့ အနောက်အရပ်ခရီးကို ဘယ်လိုသွားကြမလဲဆိုတာကတော့… File size…(379 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Western, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Sike Tan

Horror • Thriller • Drama • Comedy
0 2023
Go West
The Lobster
7.1

The Lobster (2015) IMDb Rating (7.1) / Rotten Tomatoes (88%) ဒီရုပ်ရှင်ကားက အတော်ကိုထူးဆန်းတဲ့ရုပ်ရှင်ကားပါပဲ။ အနာဂတ်က ကာလတခုမှာပေါ့… ဘဲမရှိ၊စော်မရှိ လက်တွဲဖော်မရှိတဲ့ FAလေးတွေဟာမြို့တော်ရဲ့ ဉပဒေအရ Hotel ဆိုတဲ့နေရာကိုအပို့ခံကြရပါတယ် ၄၅ရက်အတွင်း ကြင်ဖက်ကိုရှာဖို့ပါ… အဲ့လိုလုပ်ပေးတာတောင်မှ မစွံခဲ့ရင်တော့တိရစ္ဆာန်အဖြစ်အပြောင်းခံရပြီး တောထဲကိုနှင်ထုတ်ခံရမှာပဲဖြစ်ပါတယ် ပြီးတော့ Hotelမှာစည်းကမ်းတစ်ခုရှိပါတယ် လုံးဝလက်သုံးပြီး အာသာဖြေလို့မရပါဘူး Maidရဲ့ ယုယမှုလောက်ကိုပဲ ယောကျာ်းလေးတွေ အနေနဲ့ဖြေသိမ့်ရပါတယ် …without orgasm ပါ။ ခွေးဖြစ်နေတဲ့သူ့အစ်ကိုနဲ့ ဒေးဗစ်တို့Hotelကိုရောက်သွားတဲ့အခါမှာတော့…။ Dark Comedy ဆန်ဆန် အထူးအဆန်းဇာတ်လမ်းဆိုပေမယ့် ဒီကားရဲ့ရရှိထားတဲ့အောင်မြင်မှုတွေကတော့ (Nominated for 1 Oscar. Another 33 wins & 72 nominations)တို့ပဲဖြစ်ပါတယ် မင်းသားမင်းသမီးတွေကလဲ ဒိတ်ဒိတ်ကြဲတွေပါပဲ… Colin Farrell , Rachel Weisz , Léa Seydoux တို့လိုနာမည်ကြီးတွေနဲ့ တခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

7.1 2015 119 mins
The Lobster
The Rocketeer
6.6

Rocketeer (1991) IMDb Rating (6.6) / Rotten Tomatoes (66%) Dark Horse Comicက ထုတ်ဖူးခဲ့တဲ့ Rocketeer comic စီးရီးကို Period SuperHero ကားတစ်ကားအဖြစ် ၁၉၉၁မှာ Disneyက ပြန်အသက်သွင်းထားခဲ့ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဆွဲဆောင်မှုကတော့ အမေရိကန်ဖစ်ရှင်သမိုင်းတစ်လျှောက်မှာ ဟာရိုးရော်ဘင်တို့လို ဘတ်ဆဲလ်လား စာရေးဆရာတွေ , မာတင်စကောဆေးစိလို ဒါရိုက်တာတွေ ကြီးကြီးကျယ်ကျယ် မိုက်မိုက်ကန်းကန်း သူဌေးတစ်ယောက်အဖြစ် ပုံဖော်ခဲ့ကြတဲ့ ဟောင်းဝတ်ဟုဒ်ကာရိုက်တာက ဒီဇာတ်လမ်းရဲ့ အဓိကအခရာအဖြစ်ပါနေတာပါပဲ။ အိုင်းရွန်းမန်း တိုနီစတက်ကာရိုက်တာကလည်း ဟောင်းဝတ်ဟုဒ်ကာရိုက်တာကိုပဲ မှီးထားခဲ့တယ်။ ချမ်းသာပြီး မိုက်ကန်းရူးရဲသလို အရည်အချင်းလည်းရှိတဲ့ ဟောင်းဝတ်ဟုဒ်ကာရိုက်တာဟာ ဟိုးရှေးကတည်းကနေ အခုထက်ထိ ပရိသတ်ကို ကောင်းကောင်းဆွဲဆောင်နိုင်တဲ့ ကာရိုက်တာမျိုးဖြစ်ခဲ့တယ်။ ဒီကားထဲက ဟောင်းဝတ်ဟုဒ်ကတော့ နည်းနည်းအသက်ကြီးသွားသလို နည်းနည်းလည်းကွဲပြားတယ်ပြောရမယ်။ 1938ခုနှစ်မှာ နာမည်ကျော် လေယာဉ်ထုတ်လုပ်သူ Howard Hughesဟာ ကျောမှာတပ်ဆင်ပြီးပျံသန်းလို့ရစေမဲ့ ဒုံးပျံကို အချိန်အင်အား ငွေအင်အား လူအင်အားများစွာသုံးပြီး တီထွင်ခဲ့ပါတယ်။ဒီဒုံးပျံရဲ့ ရှေ့ပြေးပုံစံကို နာဇီတွေလည်း စမ်းသပ်တီထွင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ဇာတ်လမ်းအစမှာတော့ ဒုံးပျံဝတ်ကွန်မန်ဒိုတွေနဲ့ ကမ္ဘာကိုသိမ်းချင်တဲ့ နာဇီတွေဟာ Howardရဲ့ဒုံးပျံကို ခိုးယူပြီး နည်းပညာခိုးဖို့ကြံစည်နေပါပြီ။FBIက ဒီဒုံးပျံသူခိုးတွေနောက်ကိုလိုက်ရင်း သူခိုးတွေချောင်ပိတ်မိနေချိန်မှာတော့ သူခိုးတွေဟာ လေယာဉ်ရုံတစ်ခုထဲမှာ ပစ္စည်းလဲထည့်ခဲ့ကြပြီးပါပြီ။ဒီပစ္စည်းကိုတွေ့သွားတဲ့ စတန့်ပိုင်းလော့ Cliff Secordနဲ့ သူ့ အဖော်စက်ပြင်ဆရာ Peevyတို့နှစ်ယောက်သား ဒီဒုံးပျံကို ပြင်ဆင်စမ်းသပ်ခဲ့ပါတယ်။FBIက ပျက်စီးသွားပြီထင်နေတဲ့ ကြေးစား လူဆိုးတစ်အုပ် မရမနေရှာနေတဲ့ ဒုံးပျံဟာ သတင်းစာရဲ့ ခေါင်းကြီးသတင်းကနေပါလာတဲ့အခါ နာဇီတွေနဲ့ FBI အပြိုင်ကြဲရှာကြမယ့်ကြားက မြေစာပင်တွေကတော့ Cliff , Peevy နဲ့ Cliff ရဲ့ ရည်းစား Jennyတို့ပါပဲ။ Cliff ရဲ့ Jenny အဖြစ်ကျွန်တော်တို့တွေ့ရမှာကတော့ တစ်ချိန်တုန်းက နှစ်ခါလည်ပြန်ငေးမောရလောက်အောင် ရက်ရက်စက်စက်လှဖူးတဲ့ Jennifer Connellyပါပဲ။နာဇီတွေက Jennyကို ဖမ်းသွားပြီး ဒုံးပျံနဲ့ Jennyအသက်ကိုလဲဖို့ ခြိမ်းခြောက်လာတဲ့အခါ…ဒီအကျပ်အတည်းထဲကနေ ဘယ်လိုရုန်းထွက်ကြမလဲ…ကမ္ဘာရဲ့ပထမဆုံး ဒုံးပျံစီးသမား Rocket Pioneerလေးရော ဘာဖြစ်သွားမလဲဆိုတာကိုတော့…..။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

Drama • Comedy
6.6 1991 108 mins
The Rocketeer