YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Hangout.with.Yoo.E143.220618.720p-CM.mp4

908.91 MB N/A video/mp4 375 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Under Wraps 2
6.8

2021မှာ Disney+က ထွက်ရှိခဲ့တဲ့ Under Wrapsဟာ အခုဆို Under Wraps 2အဖြစ် ဟောလိုးဝင်းကာလအကြို ထွက်ရှိလာပါပြီ။ ပထမကားမှာ မံမီကြီးဟာရိုးဒ်ရဲ့ အရှုပ်​တွေကို ဂေးဘတ်မာရှယ် နဲ့ အေမီတို့ သူငယ်ချင်း၃​ယောက် လိုက်ရှင်း​ပေးခဲ့ရသလို ဒုတိယကားမှာ​တော့ ဟာရိုးဒ်ကိုယ်တိုင်မရှုပ်ခဲ့တဲ့ အန္တရာယ်ကြီးက​နေ က​လေးတစ်သိုက်က ကယ်တင်ခန်း ဖွင့်ရဦးမှာပါ။ မံမီကြီးဟာရိုးဒ်ရဲ့ တစ်ချိန်ကမိတ်​ဆွေ​ဟောင်း လက်ရှိမှာ​တော့ ရည်းစားလုဘက်ဖြစ်​တဲ့ တန်ခိုးကြီးမံမီ ဆိုဘက်ဟာ တစ်ညမှာ မ​တော်တဆကိစ္စတစ်ခု​ကြောင့် အသက်ဝင်လာပြီး​ ချစ်ရသူကို လုသွားတဲ့ ရန်သူ​တော်ဟာရိုးဒ်ကို ရှင်းဖို့ကြိုးစားပါ​တော့တယ်။ ဒါကိုသိသွားတဲ့ ​ဂေးဘတ်တို့ ​ဘော်ဒါ ၃​ယောက်ဟာ ဟာရိုးဒ်နဲ့ရို့စ်နှစ်ယောက်လုံးကို ဆိုဘက်လက်ထဲက ကယ်ဖို့ ကြိုးစားရင်း လူငယ်သဘာဝ က​တောက်ကဆ​​တွေကိုပါ ​ဖြေရှင်းရမယ့်ကိန်း ဆိုက်လာပါ​တော့တယ်။ Disney+ ထုံးစံအတိုင်း ​​ပေါ့​ပေါ့ပါးပါးနဲ့ Drama Romance Comedy​တွေအစုံ ပါတာဖြစ်လို့ မိသားစုနဲ့အတူ အနားယူရင်း ​ပေါ့​ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် Family Fantasy ဇာတ်ကားပဲ ဖြစ်ပါတယ်။ IMDbက​တော့ 6.5ရရှိထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Family, Fantasy Quality…. 1080p | 720p | 480p File size… 1.69GB | 858MB | 450MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Crime • Thriller
6.8 2022 83 mins
Under Wraps 2
Korameenu

Korameenu(2022) IMDb-8.5/10 ဒီတစ်ခါတော့ အောင်မြင်တဲ့ဇာတ်လမ်းပေါင်းများစွာကိုကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ကိုယ်တိုင်သရုပ်ဆောင်လေ့ရှိတဲ့ မင်းသားကြီး Anad Ravi ရဲ့ ကားလေးအလှည့်ပါ သူကိုယ်တိုင်ရေးထားတဲ့ဒီကားထဲမှာတော့ ကောင်မလေးတစ်ယောက်ကို နှစ်ရှည်လများသဘောကျနေတဲ့ ကိုတီဆိုတဲ့လူရိုးကြီးအဖြစ်သရုပ်ဆောင်ထားပါတယ် မီနာရှီရ်လို့ ခေါ်တဲ့အမျိုးသမီးကို အဲ့မြို့ကနိုင်ငံရေးစီးပွားရေးအားလုံးကို လက်ဝါးကြီးအုပ်ထားတဲ့ ကာရူနာနဲ့ သူ့လက်အောက်က ကိုတီတို့ နှစ်ယောက်အပြိုင်ကြိုက်မိတဲ့အခါမှာ ဇာတ်လမ်းလေးက ရှင်းမလိုနဲ့ အဆုံးထိကို ဆွဲခေါ်သွားမှာပါ ကိုယ့်ထက်အင်အားအဆမတန်ကြီးမားတဲ့ ရန်သူကို ဘယ်လိုတိုက်ခိုက်မလဲဆိုတာ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း မြှပ်ကွက်များစွာနဲ့ တင်ဆက်ပြထားတာမို့ မလွတ်တမ်းကြည့်ရှုကြဖို့ တင်ဆက်ပေးလိုက်ပါရစေ File size…1.7GB / 837MB Quality…1080p HQ HDRIP / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ Sai ThuRein

Drama • Thriller
0 2022 124 mins
Korameenu
Hatchet II
5.5

အမေရိကန် လူဝီဆီယားနာပြည်နယ်မှာ ချောက်ခြားဖွယ်ရာ စိမ့်တောပုံပြင်လေး တစ်ပုဒ်ရှိပါတယ်။ ဗစ်တာခရောင်လီဆိုတာ ရုပ်ဆိုးပန်းဆိုးနဲ့ မွေးဖွားလာတဲ့ကလေးတစ်ယောက်ပါ။ သားအဖနှစ်ယောက်တည်း လူသူကင်းဝေးတဲ့တောထဲ နေကြတာပေါ့၊ အဲဒီလိုနဲ့ တစ်ညကြတော့ ဖခင်ဖြစ်သူဟာ စိတ်ဖောက်သွားပြီး သားဖြစ်သူကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေလို့ဆိုပြီး ရဲတင်းကြီးနဲ့ ခုတ်သတ်လိုက်ပါတယ်။ အဲဒါကြောင့် ခုထိ စိမ့်တောထဲမှာ သူတို့အိမ်နား ဖြတ်ရင် “ဖေဖေရေ” လို့ ငိုယိုပြီး ခေါ်နေသံ ကြားရတယ်လို့ ဆိုကြပါတယ်။ ဘန်တစ်ယောက် ၈ နှစ်ကြာတွဲခဲ့တဲ့ ကောင်မလေးနဲ့ ပြတ်ပြီး ဘော်ဒါတွေနဲ့ ခရီးထွက်ခဲ့ပေမယ့် ပျော်ရွှင်မှုတွေ မရပဲ လင်းတမှိုင်မှိုင်ပြီး ရည်းစားပူမိနေတာပေါ့။ ဒီလိုနဲ့ သူ့ ဘော်ဒါတွေနဲ့ မလိုက်ပဲ ကောလိပ်တုန်းကလူတွေ အကြံပေးလိုက်တဲ့ စိမ့်တောထဲက သရဲခြောက်တဲ့ လှေစီးခရီးစဉ် သွားဖို့ ကြံစည်ပါတော့တယ်။ အဲဒီမှာ မနေနိုင်တဲ့ သူငယ်ချင်း မားကပ်စ်ကလည်း ပါလာခဲ့တာပေါ့။ သူတို့ရဲ့ စိမ့်တောခရီးစဉ်မှာတော့ အသက်ကြီးကြီး စုံတွဲတစ်တွဲရယ် အပျော့စားအပြာကားရိုက်ဖို့ ကောင်မလေးနှစ်ယောက်နဲ့ ဒါရိုက်တာလိုဘဲကြီးရယ် စကားနည်းပြီး ထူးဆန်းတဲ့ကောင်မလေးတစ်ယောက်ရယ် ခရီးစဉ်ခေါင်းဆောင် လူလိမ်လိုလိုကောင်ရယ် ဘန်တို့ရယ် စိမ့်တောထဲ ထွက်လာကြတဲ့အချိန်မှာတော့…..။ Friday the 13th တို့ Texas Chainsaw Massacre တို့ Wrong Turn တို့လိုမျိုး Slahser အမျိုးအစား သည်းထိတ်ရင်ဖို ရုပ်ရှင်ဖြစ်ပါတယ်။ ဆိုတော့ကား R Rated ဖြစ်နေတဲ့အတွက် အသတ်အဖြတ်တွေက ပေါ်တင်ပြကွက်တွေနဲ့ သွေးသံတရဲရဲ တကယ်ကြမ်းပါတယ် ကလေးသူငယ်တွေရှိတဲ့လူတွေအတွက် သတိထားကြည့်ရှုစေလိုပါတယ်၊ နောက်ပြီး ပေါက်စီနှစ်လုံးတွေဆိုတာလည်း အားတိုင်းယားတိုင်း ပြနေတဲ့အတွက် အသက်ကလေးပြည့်မှလည်း ကြည့်ရှုပေးဖို့ တိုက်တွန်း နှိုးဆော်ပေးလိုက်ရပါတယ်ဗျ။

Action & Adventure • Drama • Mystery
5.5 2010 85 mins
Hatchet II
Ripley’s Game
6.6

Ripley’s Game (2002) ~ IMDb – 6.6/10, Rotten Tomatoes – 92% ~ “တွမ် ရစ်ပလေ” ဒီလူက ဘာလား။ အူကြောင်ကြောင်ကောင်လား။ မထုံတက်တေးလား။ လူယုတ်မာလား။ လူပျော့လူညံ့လား။ သွေးအေးသူကြီးလား။ သူဟာ လူထဲက လူတစ်ယောက်ပါပဲ။ နည်းနည်းတော့ အရောင်ပိုစုံတယ်ပေါ့ဗျာ။ ကောင်းရောင်းကောင်းဝယ် လုပ်စားနေသူတော့မဟုတ်ပါဘူး။ ဖျံကျတတ်တယ်၊ ဖျံကျခြင်းရဲ့ အန္တရာယ်တွေကို လူမိုက်ဆန်ဆန် ကာကွယ်နိုင်တယ်။ ပိုက်ဆံရဖို့အတွက် အချီကြီးကြံတဲ့သူ။ ဒါပေမဲ့ ငွေနောက်ကို ဆက်တိုက် တမ်းတမ်းစွဲလိုက်နေသူတော့မဟုတ်ဘူး။ သူလိုချင်သလောက် ရလိုက်တော့ ခြေငြိမ်သွားတယ်။ ဇာတ်မြှုပ်သွားတယ်။ ဂီတပညာရှင် ဇနီးသည်ကို အကောင်းဆုံးထောက်ပံ့လို့ ဂီတသံနဲ့ ပန်းချီကားကြားမှာ မွေ့လျော်နေတဲ့ သူဌေးကြီးပေါ့။ အတိတ်က အရိပ်လိုလိုက်နေသတဲ့။ အတိတ်တစ္ဆေလာခြောက်တဲ့အခါ တွမ်ရစ်ပလေ က မထုံတက်တေးပါပဲ။ သူနဲ့အလုပ်အတူလုပ်ခဲ့တဲ့ လူမိုက်တစ်ယောက်က သူ့ကို လူသတ်ပေးဖို့ အကူအညီတောင်းခဲ့တယ်။ ဒါကိုပဲ ပါတီတစ်ခုမှာ သူမရှိဘူးမှတ်လို့ အတင်းတုပ်ခဲ့တဲ့ ပန်းချီကားဘောင်ကွပ်လုပ်တဲ့ လက်သမား သွေးကင်ဆာလူနာကို အဲဒီပြဿနာထဲဆွဲထည့်လိုက်တယ်။ ဆင်းရဲလှရှာတဲ့၊ ရောဂါကြောင့်သေခါနီးဖြစ်နေတဲ့ အင်္ဂလိပ်လူမျိုးလေးကို ငွေတွေအပုံလိုက်ပေးပြီး လူသတ်ခိုင်းတဲ့အစီအစဉ်မှာ တွမ်ရစ်ပလေက နောက်ကွယ်က လက်မည်းကြီးပေါ့။ ဒါပေမဲ့ လူမိုက်လောက လူသတ်တယ်ဆိုတာ ဝင်ပြီးပြန်ထွက်သွားလို့ရတဲ့ ပြည့်တန်ဆာအိမ်မှ မဟုတ်ဘဲလေ။ လူသတ်ခိုင်းသူကလည်း နောက်ထပ်သတ်ပေးစေချင်တယ်။ အသတ်ခံလိုက်ရသူတွေဘက်ကလည်း လက်စားချေချင်တယ်။ ဒီတော့ ရောဂါသည် လူသတ်သမားလက်သစ်လေး သူ့ပယောဂနဲ့ အန္တရာယ်ပတ်လည်ဝိုင်းလာတဲ့အခါ တွမ် ရစ်ပလေ ဟာ သူဖော်တဲ့ဆေး သူပြန်စားရတော့တာပါပဲ။ အငြိမ်းစားလူမိုက်သူဌေးကြီး နဲ့ ရောဂါသည်တစ်ယောက် အရှုပ်တော်ပုံထဲမှာ သပွတ်အူမျှင် ထိုင်ရေနေကြပုံကို လူကြီးမင်းတို့ ခံစားကြည့်ရှုရပါမယ်။ ဒီဇာတ်ကားဟာ သာမန်ပရိသတ်တွေထက် ဝေဖန်ရေးဆရာတွေနဲ့ ရုပ်ရှင်အသိုင်းအဝိုင်းထဲမှာ အင်မတန်နာမည်ကြီးပါတယ်။ မူရင်းဝတ္ထုက အတွဲလိုက်လာတာဖြစ်ပြီး ဒီဇာတ်ကားက သုံးပုဒ်မြောက်ဖြစ်ပါတယ်။ ဝေဖန်ရေးဆရာတွေ အရမ်းအကြိုက်တွေ့ပြီး ကောင်းမွန်တဲ့ မှတ်ချက်တွေ အများကြီးရထားတာပါ။ ခရမ်းချဉ်သီးပုပ် ၉၂ % လည်း ရထားတယ်ဗျ။ ဝေဖန်ရေးဆရာ Roger Ebert က ဒီဇာတ်ကားကို သူ့အကြိုက်ဆုံးရုပ်ရှင်စာရင်းထဲမှာ ထည့်သွင်းခဲ့ပါတယ်။ သူပြောတဲ့စကားအရဆိုရင် Ripley ရုပ်ရှင်လေးကားထဲမှာ အကောင်းဆုံးပါတဲ့။ ဟုတ်ပါတယ်နော်။ anti-hero ဖြစ်တဲ့ Ripley ဇာတ်ကောင်အတွက် ရုပ်ရှင်လေးကားရိုက်ထားပါတယ်။ ဒီထဲကမှ အကောင်းဆုံးကားကို ရွေးပြီး တင်ဆက်လိုက်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.04GB, 942MB, 650MB Quality – 1080p, 720p, 480p IMDb Rating – 6.6/10 Format – mp4 Duration – 1H 50Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Family • Fantasy
6.6 2002
Ripley’s Game
Jemputan Ke Neraka
7.7

Jemputan Ke Neraka 2023 CM ပရိသတ်ကြီးအတွက် IMDb 7.7/10 ရထားတဲ့ မလေးရှား Crime, thriller ကားသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းဟောင်း‌တစ်ယောက်ရဲ့ မင်္ဂလာပွဲဖိတ်လို့ ပွဲသွားတက်ကြရင်း တစ်ကျောင်းထဲသားသူငယ်ချင်းတစ်စုကလွဲ ဘယ်ဧည့်သည်မှရှိမနေတဲ့အပြင် လိုင်းမမိ ဆက်သွယ်မရတဲ့နေရာဖြစ်နေတာပါပဲ။ ဒီလိုနဲ့ ရှာရင်းဖွေရင်း တည်ခင်းပေးထားတဲ့ စားသောက်ပွဲထဲက လက်တစ်ချောင်း၊ အပေါ်ထပ်က သတို့သမီးအလောင်း နောက်ပြီး ဓာတ်ပုံဘောင်တစ်ခုနဲ့ သူတို့… ။ ဘာတွေဆက်စပ်နေလဲ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုပြီး အသည်းတယားယားနဲ့ အဖြေထုတ်လိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းကိုတော့ Aditi မှရေးသားပေးပြီး Aditi, Cherry, Alex, ToMo တို့မှ ဘာသာပြန်တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။)

Comedy • Thriller • Action
7.7 2023
Jemputan Ke Neraka
Identity Crisis

Grey Anatomy, History of the World, Light outနဲ့ The Fabulousတို့ထဲက သရုပ်ဆောင်ပိုင်နိုင်လှတဲ့ မင်းသမီး Scout Lepore ကနေ ဒီဇာတ်လမ်းထဲမှာ ၂ကိုယ်ခွဲပြီး လက်ဖျားခါလောက်အောင် သရုပ်ဆောင်ထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Scout Lepore အပြင် Greenhouse Academy, 20th Century Womenနဲ့ Side Effects အစရှိတဲ့ seriesတွေထဲက Finn Robertsနဲ့အတူ ဂန္တဝင်ကြီး Maria Canals-Barrera၊ Eliza Shin၊ Alexandra Boylanနဲ့ Elester Lathamတို့က အတူတကွ ဇာတ်ကို အထွတ်ထိပ်ရောက်အောင် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဥ်းကို ပြောပြရရင် ဒီဇာတ်လမ်းကို “ကိုယ့်ကိုယ်ကိုရှာဖွေခြင်း”လို့ ဘာသာပြန်သူအနေနဲ့ သမုတ်ချင်ပါတယ်။ မက်ဒီစင် မွန်ဂိုးမယ်ရီ,ဆိုသူက မျိုးရိုးဗီဇကို လေ့လာသင်ယူနေနဲ့ ပထမနှစ် သိပ္ပံပညာရှင်လေးဖြစ်ပါတယ်။ သူက သိပ်တော်တဲ့ သိပ္ပံပညာရှင်ဖြစ်ကြောင်း သူတီထွင်ထားတဲ့ စကားပြောနိုင်တဲ့ မှန်ကို ရုပ်ရှင်အစောပိုင်းမှာတင် ကြည့်ရုံနဲ့ သိရှိနိုင်ပါတယ်။ ဒါပေမယ့် မက်ဒီစင်က သိပ်တော်လှပေမယ့် သူ့ကိုယ်သူ လူရာမဝင်သလို၊ သူ့ရဲ့အမေက သူ့ကို ဂုဏ်မယူသလို၊ အရာရာကို မလုပ်ရဲ မကိုင်ရဲ ဖြစ်နေပါတယ်။ အဲဒီလိုနဲ့ မက်ဒီစင်တစ်ယောက် ပြည့်စုံတဲ့ သူကို ဖန်တီးဖို့ Clone လို့ခေါ်တဲ့ ပုံတူပွားခြင်းနည်းပညာကို ရှာဖွေစမ်းသပ်ပါတော့တယ်။ စမ်းသပ်ရင်းကနေ နောက်ဆုံးတော့ သူ့ကိုယ်သူ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ သူမလုပ်ရဲမကိုင်ရဲဖြစ်နေတဲ့ အရာတွေကို သူ့ရဲ့ပုံပွား ကလုံးနဲ့ အစားထိုးလာပါတော့တယ်။ ကလုံးနဲ့ မက်ဒီစင် ထပ်တူညီဖြစ်အောင် Balancing လုပ်ရင်း မက်ဒီစင် တစ်ယောက် သူ့ကိုယ်သူ ရှာတွေ့သွားမလား ….. သူ ကလုံးလုပ်ခြင်းနည်းပညာကို ရှာဖွေတွေ့ရှိထားတာကို လူတွေ မသိအောင် ဘယ်လို ဖုံးဖိကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Family, Science Fiction, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by MIn Khant Kyi Win

0 2023
Identity Crisis
What We Did on Our Holiday

ပေါ့ပေါ့ပါးပါးနဲ့ မိသားစုလိုက်ထိုင်ကြည့်ပြီး ခွီးလို့ရမယ့် ၂၀၁၄ ခုနှစ်ထွက် ဗြိတိသျှ black comedy- drama ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ Outnumbered ဆိုတဲ့ BBC Show တစ်ခုကို အတုခိုးပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ Doctor Who (2005) မှာပါဝင်တဲ့ David Tennant နဲ့ Jack Reacher (2012)၊ Die another day (2002) စတဲ့နာမည်ကြီးဇာတ်ကားတွေမှာ ပါဝင်တဲ့ မင်းသမီးချော Rosamund Pike တို့ခေါင်းဆောင်ပါဝင်ထားပြီး Billy Connolly၊ Ben Miller၊ Lewis Davie၊ Celia Imrie၊ Amelia Bullmore စတဲ့သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ Andy Hamilton နဲ့ Guy Jenkin တို့ကပူးတွဲရိုက်ကူးထားပြီး BBC Films၊ Creative Scotland စတဲ့ကုမ္ပဏီများကထုတ်လုပ်ထားပြီး UK၊ US နိုင်ငံတွေမှာ Lionsgate ကဖြန့်ဖြူးပေးထားပါတယ်။ ကုန်ကျစရိတ် ပေါင် ၃.၅ သန်းဝန်းကျင် ဘတ်ဂျက်သုံးစွဲထားပြီး Box Office မှာတင် ဒေါ်လာ ၁၀.၇ သန်း ပြန်ရတာဖြစ်လို့ တွက်ချေကိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကင်ဆာရောဂါနဲ့ကွယ်လွန်ခါနီး ဖခင်ကြီးဖြစ်သူ ဂေါ်ဒီမက်ကလောက်ရဲ့ဆန္ဒအရ သားငယ်ဖြစ်သူ ဒေါက်မက်ကလောက်နဲ့ ချွေးမဖြစ်သူ အဘီတို့ဟာ ကလေးဘုစုခရုသုံးကောင်ကို လက်ဆွဲပြီး လန်ဒန်ကနေ စကော့တလန်ကို လာတွေ့တဲ့အကြောင်းပါ။ ဘဝနေဝင်ချိန်ရောက်နေတဲ့ ဖခင်ကြီးအတွက် အစ်ကိုကြီးဖြစ်သူ ဂယ်ဗင်မက်ကလောက်က ခမ်းခမ်းနားနား ပါတီကြီးတစ်ခုကျင်းပပေးဖို့ စီစဥ်ရင်း ညီဖြစ်သူတို့မိသားစုကိုပါ အဖေဖြစ်သူနဲ့ တွေ့ရအောင် စီစဥ်လိုက်တာပါ။ အမှန်တော့ ညီတော်မောင်လင်မယားက ကလေးသုံးယောက်ရပြီးကာမှ ယောကျ်ားဖြစ်သူရဲ့ဖောက်ပြန်မှုကြောင့် လင်မယားနှစ်ယောက် အိမ်ခွဲနေကြရင်း ကွာရှင်းဖို့အထိ အခြေအနေတွေဖြစ်နေကြတာပါ။ ကလေးသုံးယောက်ကလည်း တကယ့်ကိုမိမနိုင်၊ဖမနိုင် မျောက်လောင်းလေးတွေဖြစ်ကြပြီး အမှန်တော့ ဇာတ်လမ်းတစ်ခုလုံးဟာလည်း ကလေးသုံးယောက်မွှေသမျှကို ကျောရိုးတည်ထားတင်ပြထားသလို ဖြစ်နေတာပါ။ ဘဝနေဝင်ချိန်ရောက်နေတဲ့ ဖခင်ကြီးစိတ်မချမ်းမသာမဖြစ်ရစေဖို့ ကလေးတွေကို သူတို့အတူမနေကြောင်းအဘိုးကို သွားမပြောဖို့ ဖခင်ဖြစ်သူ ဒေါက်က စည်းရုံးရာကနေ မအောင်မမြင်ဖြစ်ပြီး တလွဲတွေတောက်လျှောက်ဖြစ်ပါတယ်။ လွဲချက်လက်လွန်ပြီး အဘိုးဖြစ်သူခမျာ မျောက်လောင်းသုံးကောင်မွှေတဲ့ဒဏ်နဲ့ သူ့အတွက်စီစဥ်ပေးတဲ့ ပါတီကိုပါ မတက်လိုက်ရတဲ့အထိ အလွဲလွဲအချော်ချော်တွေချည့်ဖြစ်ကြပုံကို တစ်ကားလုံးခွီးရင်း ကြည့်ကြရမှာပဲဖြစ်ပါတယ်။ မိသားစုဝင်များကြား၊ လင်မယားနဲ့ သားသမီးမိဘကြား ဖြစ်တတ်တဲ့စိတ်သဘောထားမတိုက်ဆိုင်မှုတွေ၊ လွဲချော်မှုတွေအကြောင်း ဟာသနှောတင်ပြရင်း ဘဝမှာထားသင့်ထားအပ်တဲ့ စိတ်ထားမျိုး၊ ရှင်သန်မှုပုံစံမျိုးကိုလည်း တစ်စွန်းတစ်စလှစ်ဟပြသထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဝေဖန်ရေးပိုင်းမှာလည်း IMDb rating 6.9 နဲ့ Rotten Tomatoes လည်း 75% ရထားတာဖြစ်လို့ ဆက်ဆက်ကြည့်ရှုကြဖို့ လက်တို့လိုက်ရပါတယ်။ File size…(1.8 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Horror • Mystery
0 2014 95 mins
What We Did on Our Holiday
Election
6.6

Election (2024) ============= ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2024 ခုနှစ်မှာထွက်ရှိထားတဲ့ Election ဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ Thamizh က ရိုက်ကူးပေးထားပြီး အဓိကဇာတ်ဆောင်အနေနဲ့ Vijay Kumar အပြင် Preethi Asrani, Richa Joshi, George Maryan, Pavel Navageethan, Dileepan နဲ့ Rajeev Anand စတဲ့ သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင် သရုပ်ဆောင်ပေးထားပါတယ်။ IMDb rating အနေနဲ့ကတော့ 6.6 အထိ ရရှိထားပါတယ်။ ဒီဇာတ်လမ်းလေးမှာဆိုရင် နိုင်ငံရေးသမားတွေ ကြုံတွေ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ဆုပ်လည်း စူး စားလည်း ရူးအခြေအနေတွေကိုပါ မီးမောင်းထိုးဖော်ပြထားတာမလို့ Political thriller ကားကောင်းကောင်းလေးမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တွေကိုတော့ အကြိုက်တွေ့စေမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ နာဒါရာဆန်ဟာ နိုင်ငံရေးကို စိတ်မဝင်စားပေမဲ့ နောက်တော့ သူ့အဖေဂုဏ်ယူရအောင်ဆိုပြီး ရပ်ကွက်ကောင်စီဥက္ကဌနေရာအတွက် ဝင်ပြိုင်ပါတော့တယ်။ ဒီလိုမျိုး ရွေးကောက်ပွဲတွေနဲ့အတူ ရှုပ်ထွေးလွန်းလှတဲ့ နိုင်ငံရေးလောကထဲကို နာဒါရာဆန်တစ်ယောက် ခြေချလိုက်တဲ့အခါမှာတော့ အကြမ်းဖက်မှုတွေ ယှဉ်ပြိုင်မှုတွေ သစ္စာဖောက်မှုကို ကြုံတွေ့လာရတဲ့အခါ….. ဘာတွေများ ဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ပရိသတ်ကြီးက ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုအားပေးကြပါဦးရှင့် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်။

6.6 2024
Election
The Jack in the Box: Rises
5

The Jack in the Box (2019) နဲ့ The Jack in the Box Awakening (2022) တို့ရဲ့ အဆက် The Jack in the Box Rises ကတော့ ထွက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ Jack in the Box ဆိုတာကတော့ သေတ္တာကိုဖွင့်လိုက်ရင် စပရိန်တပ်ထားတဲ့ လူပြက်အရုပ်လေးခုန်ထွက်လာတဲ့ ဂျာမန်ကစားစရာအရုပ်ကိုခေါ်တာဖြစ်ပါတယ်။ ယုံတမ်းစကားတွေအရ Jack-in-the-box ဆိုတာ “သေတ္တာထဲကနတ်ဆိုး”လို့ အဓိပ္ပါယ်ရပြီး အဓိပ္ပါယ်အတိုင်း နတ်ဆိုးကို သေတ္တာထဲထည့်ပိတ်ထားတယ်လို့ မှတ်ယူကြပါတယ်။ ဒီဇာတ်ကားထဲမှာလည်း ယက်စတီမာရာ (Jackestemara) လို့ခေါ်တဲ့ နတ်ဆိုး တစ်ကောင်ကို အစီအရင်နဲ့ သေတ္တာထဲထည့်ပိတ်ထားတာပါ။ နတ်ဆိုးဟာ သေတ္တာဖွင့်ပေးတဲ့လူရဲ့ ဆုတောင်းတစ်ခုကိုဖြည့်ဆည်းပေးပါတယ်။ ဒါပေမဲ့ အဲလိုဖြည့်ဆည်းပေးဖို့ရာအတွက် လူ ၆ယောက်ကို သတ်ပြီးမှသာ ဆုတောင်းပြည့်မှာဖြစ်ပါတယ်။ ဝိသမာလောဘသားတွေဖြစ်တဲ့ လူတွေကတော့ ကိုယ်ကျိုးအတွက် နတ်ဆိုး သေတ္တာကိုဖွင့်လိုက်ကြရာကနေ အပြစ်မဲ့တဲ့လူ၆ယောက် နတ်ဆိုးလိုက်သတ်တာ ခံရတဲ့အကြောင်း ရိုက်ကူးထားတဲ့ Horror movie series ပဲဖြစ်ပါတယ်။ ဒီတတိယမြောက်ကားမှာတော့ 2022တုန်းက ထွက်ရှိခဲ့တဲ့ Awakening ကားထဲမှာ နတ်ဆိုးနဲ့အပေးအယူလုပ်ခဲ့တာကြောင့် ရောဂါကနေပြန်ကောင်းသွားတဲ့ အဘွားကြီးဟာ သူ့ကို ကူညီပေးခဲ့တဲ့ မိတ်ဆွေတစ်ယောက်ကို နတ်ဆိုးသေတ္တာ ဝှက်ထားတဲ့‌နေရာအကြောင်း ပြောပြခဲ့ပါတယ်။ အဲနေရာကတော့ အခြားမဟုတ်ဘဲ 2022 Awakening ကားထဲက Rosewood အိမ်ကြီးပါ။ Rosewood အိမ်ကြီးဟာ အခုဆို စည်းကမ်းတင်းကြပ်တဲ့ ဘော်ဒါဆောင်တစ်ခုဖြစ်နေပါပြီ။ နတ်ဆိုးသေတ္တာကို အပိုင်လိုချင်တဲ့ ဟာဗေးဟာ ရေဗင်ဆိုတဲ့ကောင်မလေးကို အကြပ်ကိုင်ကာ အဲဒီဘော်ဒါဆောင်က Jack-in-the-box ကို ကျောင်းသူအယောင် ဆောင်ပြီးသွားယူခိုင်းရာကနေ ဇာတ်လမ်းစတင်ထားပါတယ်။ ဒီတစ်ခေါက်မှာရော ဘယ်သူက သေတ္တာကိုဖွင့်လိုက်တာလဲ၊ ဘယ်သူတွေ အသတ်ခံရဦးမလဲ၊ နတ်ဆိုးကိုရော နှိမ်နင်းနိုင်မှာလားဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…673MB / 344MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5 2024
The Jack in the Box: Rises
Succubus
5

Olivia Grace Applegate ၊ Ron Perlman စတဲ့နာမည်ကြီး သရုပ်ဆောင်တွေပါဝင်အားဖြည့်ထားတဲ့ ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ခရစ်တိုဖာက သူထောင်ထားတဲ့ကုမ္ပဏီကပြိုလဲ ၊ ဇနီးသည်ကလည်း ကွာရှင်းမယ့်အခြေအနေဖြစ်နေပြီး စိတ်ဓာတ် အတော်ကျဆင်းနေပါတယ်။ အဲ့အချိန်မှာ အိမ်ထောင်ကွဲထားတဲ့ အချစ်ဆုံးသူငယ်ချင်း အက်ဒီက သူ့အိမ်ထောင်ရေးအကြံ‌ပေးချက်အတိုင်း စိတ်ညစ်တာတွေပြေပျောက်သွားဖို့ လိုင်းပေါ်ကအလန်းဇယားတွေကို ရှာခိုင်းပါတယ်။ ဇနီးသည်နဲ့ခဏတာအဆင်မပြေတဲ့ကာလပဲမို့လို့မလုပ် ချင်ပေမယ့် အက်ဒီရဲ့အတင်းအကျပ်တိုက်တွန်းမှုကြောင့် dating app တစ်ခုမှာအကောင့်ဖွင့်လိုက်ပါတယ်။ လိုက် add နေရင်းနဲ့ ဆော်လေး တစ်ပွေနဲ့ဆုံဖြစ်ပြီး စကားပြောဖြစ်တယ်။ ခဏအကြာမှာ ဒေါက်တာ ဇက်ဖာဆိုတဲ့အကောင့်တစ်ခုက ခရစ်တိုဖာကို လက်ရှိစကားပြောတဲ့ ကောင်မလေးကိုထပ်မဆက်သွယ်ဖို့နဲ့ ကောင်မလေးက အန္တရာယ်ရှိကြောင်း လာသတိပေးတယ်။ ခရစ်တိုဖာက ဒေါက်တာဇက်ဖာရဲ့စကားကိုမယုံတဲ့ အခါမှာတော့…… File size…1.39GB / 681MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 43m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Horror • Thriller
5 2024
Succubus
Best Cop Ever

အဲဗားက ရဲဌာနမှူးတစ်ယောက်ဖြစ်ပြီးတော့ သူတို့မြို့မှာ အကြမ်းဖက်မှုတွေက အမြဲတမ်း ဖြစ်ပွားလို့နေပါတယ်။ တစ်နေ့တစ်နေ့ သူဟာ လူတွေကို ကယ်ဆယ်ရင်းနဲ့ သဘောပေါက်လာတာက သူ့တစ်ယောက်တည်းမှာပဲ အစွမ်းရှိ၊ လူတွေအားလုံးက သူ့ကိုပဲ အဖက်လုပ်၊ သူ့လက်အောက်က ရဲတွေကလည်း အသုံးမကျပဲ သူတစ်ယောက်တည်း အရေးပါအရာရောက်သလိုပဲ ဖြစ်နေတဲ့အခါမှာ တစ်ခုခုလွဲနေမှန်း သတိထားမိလာပါတော့တယ်။ တကယ်တမ်းတော့ သူဟာ မြန်မာပေါကားထဲက မင်းသားလိုပဲ သူတစ်ယောက်တည်း စောက်ဆရာကြီးဖြစ်နေပြီး ဘေးက ကျန်တဲ့သူငယ်ချင်းတွေက သောက်ပေါသာသာလေးတွေ ဖြစ်နေတဲ့ ဇာတ်ကားတစ်ခုထဲက အဓိကဇာတ်ကောင်ဖြစ်နေမှန်း သိသွားပါတော့တယ်။ ဒီတော့ သူ့အနေနဲ့ ဒီဇာတ်ကားထဲက လွတ်မြောက်ဖို့အတွက် ကြိုးပမ်းပါတော့တယ်။ ဒီတော့ သူအနေနဲ့ ဘယ်လိုသိရှိသွားလဲ၊ ဒီဇာတ်ကားထဲက လွတ်မြောက်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Action, Comedy, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo

Action • Crime • Thriller
0 2024
Best Cop Ever
The Dark Eye
5.5

cm ပရိသတ်ကြီးကို Psycho Horror ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ..။ ဒီဇာတ်ကားမှာ လော်ရန်ဆိုတဲ့ ကောင်မလေးနဲ့ ဒန်နီရယ်ဆိုတဲ့ MMA နာမည်ကြီး နပန်းသမား ကောင်လေးတစ်ယောက် အိမ်ထောင်ရက်သားကျပြီး နောက်ပိုင်း ရသမျှ ကိုယ်ဝန်အဖတ်မတင်ဘဲ အကြိမ်တိုင်း ပျက်ကျခဲ့ပြီး သုံးကြိမ်မြောက် ပျက်ကျပြီးနောက်ပိုင်းမှာတော့ လော်ရန်ဟာ Postmortem Depression လို့ခေါ်တဲ့ ပြင်းထန် မီးဖွားပြီး စိတ်ကျ ရောဂါ ဖြစ်လာခဲ့ပါတယ်။ ဒီလိုရောဂါဟာ ထင်ယောင်ထင်မှား အမြင်မှားတွေ ဖြစ်တာနဲ့အတူ စိတ်တက်လွယ် ကျလွယ်ဖြစ်တဲ့အပြင် ဘေးပတ်ဝန်းကျင်က သူတွေသာမက ကိုယ်တိုင်အတွက်ပါ ဘေးဒုက္ခ ဖြစ်နိုင်တဲ့အထိ အန္တရာယ် ကြီးပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ သူတို့တွေဟာ နာမည်ကြီး စိတ်ကုထုံးဆရာမ တစ်ယောက်ဖြစ်တဲ့ ကရီနာဆိုတဲ့ စိတ်ဆရာဝန် ဖွင့်လှစ်ထားတဲ့ လူသူဝေးရာ Resort Clinic ဆီကို လာခဲ့ကြပါတယ်။ ကုသမှုခံယူနေချိန်မှာ ပြင်ပနဲ့ အဆက်အသွယ် မလုပ်ရတဲ့အပြင် ဖုန်း/အင်တာနက် ဘာမှအသုံးပြုခွင့် မပေး ထားတာကြောင့် ဒန်နီရယ်အနေနဲ့ လော်ရန်နဲ့ အတူစောင့်နေဖို့ မဖြစ်နိင်လို့ ပြန်သွားခဲ့ပါတယ်။ လော်ရန်အနေနဲ့ ကုသမှုကို ခံယူနေရင်း သက်သာသလို ရှိလာတဲ့ အချိန် သူ့မှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရပါတယ်။ ဒီအချိန်မှာပဲ သူတို့ဆေးခန်းဆီကို ဖိတ်ခေါ်မထားတဲ့သူတွေ ရောက်လာခဲ့ပါတယ်။ ဒီလူတွေက လော်ရန်ရဲ့ အရင်က ပျက်ကျသွားခဲ့တဲ့ ကိုယ်ဝန်တွေနဲ့ ဘယ်လိုဆက်စပ်မှု ရှိနေတာလဲ..။ လော်ရန်နဲ့ ဒန်နီရယ်တို့ ဘယ်လိုဘေးအန္တရာယ်တွေ ကျရောက် လာဦးမလဲ ဆိုတာကိုတော့….။ File size… (1.23GB) / (744MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 59m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2024
The Dark Eye
Ghost of Spring
5.8

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းစုံထောက်ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ၁၂ နှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ နိုင်ငံတော်ကန်တော့ပူဇော်ပွဲတော်ကြီး ရောက်ရှိလာချိန်မှာ ကန်တော့အိုးဖြစ်တဲ့ “တင်” ကို သွန်းလုပ်သူတွေ ဆက်တိုက် ထူးဆန်းစွာ သေဆုံးသွားခဲ့ပါတယ်။ သွေးကြောက်ရောဂါရှိတဲ့ အမှုစုံစမ်းစစ်ဆေးရာမှာ ထူးချွန်လှတဲ့ စုံထောက်နဲ့ သိုင်းပညာကျွမ်းကျင်ပြီး အတွေးရိုးအလှတဲ့ လက်ထောက်မလေးတို့က နှစ်ပေါင်းများစွာ ဖုံးကွယ်နေခဲ့တဲ့ အမှန်တရားတစ်ခုကို အဖြေရှာဖို့ ပူးပေါင်းခဲ့ကြပါတယ်။ ရက်စက်စွာ သေဆုံးသွားတဲ့ တင်သွန်းလုပ်သူတွေက လွန်ခဲ့တဲ့ ၁၂ နှစ်က ချွင်းညန်နဲ့ ပတ်သက်နေကြောင်း သိရတဲ့အခါ…… ချွင်းညန်ရဲ့ ဝိညာဉ်ကပဲ ပြန်လာပြီး ကလဲ့စားချေနေသလား…… တရားခံအစစ်က ဘယ်သူဖြစ်မလဲ…… ဘာဖြစ်လို့ ဒီလိုအမှုတွေ ဆက်တိုက်ဖြစ်နေရသလဲ…… ဆိုတာကို အကူအညီမဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကံကြမ္မာ ကြမ်းတမ်းရပုံကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.8 2024
Ghost of Spring
Firefighters
7.2

Firefighters (2024) ******************** ကိုရီးယားနိုင်ငံ ဟုန်းဂျယ်ဒုံမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ မီးလောင်မှုကို အခြေခံပြီး ရိုက်ကူးထားတဲ့ “Firefighters” ဇာတ်ကားကြီး ထွက်ရှိလို့ လာပါပြီ။ Kwak Do Won, Joo Won, Lee Jun Hyuk, Oh Dae Hwan, Lee Yoo Yeong အစရှိတဲ့ နာမည်ကြီး သရုပ်ဆောင်တွေ အများအပြား ပါဝင်ထားတဲ့ ဒီကားလေးမှာတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ စည်းစိမ်တွေကို ကာကွယ်ဖို့အတွက် နေ့ရက်တိုင်းကို ‌နောက်ဆုံးနေ့အဖြစ် သတ်မှတ်ပြီး ရှင်သန်နေကြတဲ့ မီးသတ် သူရဲကောင်းတွေရဲ့ ဘဝကို မီးမောင်းထိုးပြီး ရိုက်ကူး ပြသထားပါတယ်။ ဇာတ်လမ်းအညွှန်း- မီးသတ်တပ်ဖွဲ့ထဲကို လူသစ်အနေနဲ့ ဝင်ရောက်လာတဲ့ ချောအွန်း (Joo Won) ဟာ လုပ်ဖော်ကိုင်ဖက်ကို ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် အပြစ်မကင်းတဲ့ စိတ်နဲ့ နေထိုင်နေခဲ့ရပါတယ်။ ဒီအချက်ကြောင့်ပဲ ချောအွန်းဟာ ရာထူးမြင့်တဲ့ နေရာကို တက်လှမ်းပြီး ကယ်ဆယ်ရေး တပ်ဖွဲ့ရဲ့ ညွှန်ကြားမှု စနစ်ကို ပိုမွန်ကောင်းမွန်အောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ ဒီအချက်တွေကြောင့်ပဲ အထက်လူကြီးနဲ့ ချောအွန်းတို့ကြားမှာ ကတောက်ကဆလေးတွေ ရှိလာခဲ့ပြီး လုပ်ဖော်ကိုင်ဖက်ကို ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် တခြား မီးသတ် တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ထဲမှာလည်း အတွေး အမြင် ကိုယ်စီ ရှိလာကြပါတယ်။ ဒီလိုမျိုး ကတောက်ကဆ‌လေးတွေ ရှိနေကြတဲ့ အခြေအနေမှာပဲ ဟုန်းဂျယ်ဒုံမှာ မီးလောင်မှုအကြီးကြီး ဖြစ်ပွားခဲ့ပြီး လောင်မြိုက်နေတဲ့ မီးတောက်တွေကြားမှာ ပြည်သူတွေကို အသက်ပေး ကာကွယ်ရင်း ကိုယ်ကျိုးစွန့်သွားကြမဲ့ သူရဲကောင်းတို့ရဲ့ ပုံရိပ်ကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာမို့လို့ ကြည့်ရှူဖို့ ညွှန်းဆိုလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။) File Size : 1.78GB/ 870MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:47:00 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Miri & Hnin Wai Oo Encoded by Tiff

7.2 2024 106 mins
Firefighters
Cidade Rabat
6.3

Cidade Rabat (2024) IMDb Rating (6.3) Cidade Rabat (2023) က Susana Nobre ရိုက်ကူးခဲ့တဲ့ လွမ်းဆွတ်ပူဆွေးမှု၊ ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲမှုနဲ့ သက်လတ်ပိုင်းအရွယ်ရဲ့ အခက်အခဲတွေကို ပေါ်လွင်အောင် ရိုက်ကူးထားတဲ့ ပေါ်တူဂီ ဒရမ်မာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက Raquel Castro သရုပ်ဆောင်ထားတဲ့ သူမ၏အမေ သေဆုံးမှုနဲ့ ဘဝရဲ့ ရှုပ်ထွေး‌မှုတွေကြား ရှင်သန်နေရတဲ့ အသက် ၄၀ အရွယ် ရုပ်ရှင်ထုတ်လုပ်ရေး မန်နေဂျာ Helena အကြောင်းကို ရိုက်ကူးထားပါတယ်။ Plot Overview Helena ရဲ့ဘဝက လုပ်ငန်းတာဝန်တွေအပြည့်နဲ့ ယန္တရားကြီးတစ်ခုလိုပဲ။ ဆယ်ကျော်သက် သမီးလေးကို ပျိုးထောင်ရ၊ ရုပ်ရှင်ရိုက်ကူးရေး အလုပ်ရဲ့ ပြဿနာ တောင်းဆိုချက်တွေကိုလည်း ဖြေရှင်းရ၊ ဒီလို အလုပ်တွေပိနေတဲ့ကြားထဲ မိခင်ဖြစ်သူကပါ ဆုံးပါးပြီး ဈာပနပွဲတာဝန်တွေပါ ပေါ်လာခဲ့တယ်။ သူမရဲ့ အမေ သေဆုံးမှုက Helena ကို မိဘမဲ့တစ်ယောက်ရဲ့ ခံစားချက်တွေ ပေါ်လာစေပြီး လူလတ်ပိုင်းအရွယ်ရဲ့ အခရာကျတဲ့ အချိုးအကွေ့ကို နားလည်သွားစေခဲ့တယ်။ ဒီလိုနဲ့ မိခင်ဆုံးပါးခြင်းရဲ့ ပူဆွေးမှုကို ရင်ဆိုင်ဖြတ်ကျော်နေရတဲ့ Helena တစ်ယောက် သူ့ရဲ့ နေ့စဉ်ဘဝအတိုင်း အလုပ်တွေကို ဆက်လက်လုပ်ကိုင်ရင်း ငြီးငွေ့ဖွယ် ထပ်တလဲလဲဘဝထဲမှာ အဓိပ္ပါယ်နဲ့ ဘဝသစ်ပြန်စမှုတွေကို ရှာဖွေပြီး ဘယ်လို ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိမှုတွေ ရလာမလဲဆိုတာ‌ကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.9 GB) / (700 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:43:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Action • Comedy • Romance
6.3 2024 101 mins
Cidade Rabat