YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Hangout.with.Yoo.E138.220514.720p-CM.mp4

763.91 MB 720p video/mp4 381 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Devildom Elephant Man

ရှင်းလော်(ယခင် ထိုင်းနိုင်ငံအခေါ်အဝေါ်)ဆိုတဲ့နိုင်ငံမှာ ရှင်းလော်ဆင်မျိုးနွယ်ဆိုတဲ့ ဒဏ္ဍာရီလာမျိုးနွယ်တစ်စုရှိပါသတဲ့။ မင်းသမီးစင်သီယာရဲ့ဖခင်ဖြစ်သူမျိုးနွယ်ခေါင်းဆောင်ဟာ ယဇ်ဆရာ"ဆာဖော့်ခွမ်း"ရဲ့ယုတ်မာသွေးဆောင်မှုကြောင့် အစီရင်လုပ်ထားတဲ့ဆေးတစ်မျိုးကို သောက်သုံးခဲ့ပါတယ် ၊ အဲ့နောက်ပိုင်းကစပြီး....ပုံပြင်ဟာအစပြုလေပါတော့တယ်... မင်းသမီး'စင်သီယာ'ဟာ ဖခင်ဖြစ်သူရဲ့အမှန်တရားကိုဖော်ထုတ်ဖိုကြိုးစားပါတော့တယ် ထိုစဉ်မှာ ယွင်ချင်ဘုရင်နဲ့လက်ဆက်ဖိုပိုလိုက်တဲ့ ရှင်းလော်ဆင်း မျိုးနွယ်မင်းသမီးစင်သီယာဟာ ‌ရုတ်တရက်ပျောက်ဆုံးသွားတဲ့အခါ... "ဟုန်လူစုသတ်ဖြတ်မှု"ဆိုတဲ့ လူပေါင်းရာချီအသက်‌သေဆုံးခဲ့ရတဲ့အမှုမှာ မိသားစုဝင်ကိုဆုံးရှုးခဲ့ရတဲ့-"ဟုန်ရှီးကွမ်း" ရန်သူကို ကလဲ့စားချေဖိုလုပ်ရင်း အကျိုးတူအလဲလှယ်တစ်ခုကြောင့် စင်သီယာမင်းသမီးပျောက်ဆုံးမှုကို ဟုန်ရှီးကွမ်တစ်ယောက် ပါဝင်ရှာဖွေဖိုဖြစ်လာတဲ့အခါ... -မိမိကိုယ်တိုင်ပျောက်ဆုံးနေတဲ့မင်းသမီးလေးရော ဖခင်ဖြစ်သူရဲ့အမှုကို ရှင်းလင်းနိုင်ပါ့မလား -ဟုန်ရှီးကွမ်းလုပ်ခဲ့တဲ့အလဲအလှယ်ကရော ဘာများဖြစ်နေမလဲ -လမ်းသွယ်လေးနှစ်ခွဲကနေ နောက်ဆုံးမှာဘယ်လိုလမ်းဆုံးဆုံမှတ်ကို ရောက်သွားနိုင်မလဲ.... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Clytie Encoded by LK

Crime • Mystery
0 2023 73 mins
The Devildom Elephant Man
Good Morning, Vietnam
7.3

Good Morning, Vietnam (1987) ~ IMDb - 7.3/10, Rotten Tomatoes - 89% ~ ဒီဇာတ်လမ်းလေးကတော့ အမေရိကန်စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ အေဒရီယန်ခရိုနော်ဆိုတဲ့ ရေဒီယိုဒီဂျေတစ်ယောက်အကြောင်းကို အခြေခံထားတာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံ ၂ ခြမ်းကွဲနေတဲ့အချိန်ကာလကိုနောက်ခံထားပြီး ရိုက်ကူးထားပါတယ်။ အမေရိကန်က ဗီယက်နမ်မြောက်ပိုင်းဘက်ကနေ မဟာမိတ်အဖြစ် ကြားဝင်ဆောင်ရွက်နေတဲ့ကာလပေါ့။ အေဒရီယန်ခရိုနော်ကတော့ ဗီယက်နမ်မြောက်ပိုင်း ဆိုင်ဂွန်က ပြန်ကြားရေးဌာနကိုတာဝန်နဲ့ပြောင်းရွှေ့လာခဲ့ပါတယ်။ ဇဝနဉာဏ်ရွှင်လွန်းလို့ စရောက်တဲ့နေ့မှာတင် လက်တန်းပြက်လုံးထုတ်တင်ဆက်ပြီး ပွဲကျစေခဲ့တဲ့သူပါ။ ခရိုနော်ရောက်လာပြီဆိုကတည်းက အထက်လူကြီး ဟော့ခ်နဲ့ ဒစ်ကာဆန်တို့နှစ်ယောက် အငြိမ်မနေရတော့ပါဘူး။ ခရိုနော်က စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တတ်တဲ့သူပါ။ ဘယ်လောက်အမိန့်ပေးပေး အသံလွှင့်ခန်းထဲရောက်ရင် သူလုပ်ချင်ရာလုပ်ပါတယ်။ ဆင်ဆာဖြတ်ထားတဲ့အပိုင်းတွေ အကုန်ထည့်ဖတ်တယ်။ အမေရိကန်စစ်တပ်ကို Troll တယ်။ သမ္မတဟောင်းရဲ့မိန့်ခွန်းလွှင့်နေရင်းတောင် ရုပ်ပြောင်လိုက်ပါသေးတယ်။ အားတဲ့အချိန် မြို့ထဲက ဗီယက်နမ်တွေနဲ့မိတ်ဖွဲ့ပြီး အင်္ဂလိပ်စာလည်းသင်ပေးလိုက်ပါသေးတယ်။ စစ်ရဲ့ အနိဌာရုံတွေကြားက ဒီလူတွေနဲ့ ခရိုနော်ရဲ့ လှပပြီး တိုတောင်းတဲ့ ရေစက်လေးတစ်ခုပေါ့။ ဒီလိုပါပဲ ခရိုနော်နဲ့ ဒီလူကြားက ရေစက်ကလေး တိုတောင်းခဲ့သလို ခရိုနော်နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ ဟာသမင်းသားကြီး Robin Williams နဲ့ ကမ္ဘာတဝှမ်းက ရုပ်ရှင်ပရိသတ်တွေကြားက ရေစက်ဟာလည်း တိုတောင်းလွန်းခဲ့ပါတယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.55GB, 1.3GB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 1Min Genre - Biography, Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Drama • Thriller
7.3 1987 121 mins
Good Morning, Vietnam
Tetris
7.8

IMDb Rating - 7.4/10 တက်ထရစ်ဂိမ်းကို လူအတော်များများဆော့ဖူးပြီး မဆော့ဖူးရင် တောင် မြင်ဖူးကြမှာပါ။ သန်း ၅၂၀ ကျော် ရောင်းချခဲ့ရပြီး မိုဘိုင်း ဂိမ်းအဖြစ် သန်း ၆၅၀ ကျော် ဒေါင်းလုတ်ဆွဲခံရတဲ့ ဂိမ်းတစ်ခုဖြစ် ပါတယ်။ ၂၀၂၀ အထိ သမိုင်းတလျှောက်အရောင်းရဆုံးဂိမ်းဖြစ် ခဲ့ပြီး အဲဒီနောက်မှာမှ Minecraft (2009) က ကျော်တက်သွား ခဲ့တာပါ။ လက်ရှိမှာတော့ Minecraft ကပထမ၊ Grand Theft Auto V (2013) က ဒုတိယနဲ့ Tetris က တတိယဖြစ်နေပါပြီ။ ဒါပေမဲ့ ဂိမ်းစက်နဲ့ကော်ပီရောင်းရနှုန်းက သန်း ၅၀၀ ကျော်တာမို့ မာရီယိုပြီးရင် ဒုတိယအရောင်းရဆုံး ဂိမ်းဖရန်ချိုက်စ်လည်း ဖြစ် နေပါတယ်။ အရာတစ်ခုခုကို အချိန်အကြာကြီး အာရုံစူးစိုက်ပြီး လုပ်လိုက်ရင် အဲဒီအရာက လူတွေရဲ့ အတွေးတွေ အိပ်မက်တွေ စိတ်ပုံရိပ်တွေကို လွှမ်းမိုးသွားတဲ့ သက်ရောက်မှုကိုတောင် စိတ် ပညာရှင် Jeffrey Goldsmith က Tetris Effect လို့ နာမည်ပေး ခဲ့တဲ့အထိပါပဲ။ ဒီရုပ်ရှင်ကတော့ စစ်အေးတိုက်ပွဲကာလမှာ တက် ထရစ်ဂိမ်း ကမ္ဘာကျော်လာပုံရဲ့ နောက်ခံဇာတ်လမ်းတွေကို ရိုက် ကူးထားတာပါ။ ဒါပေမဲ့ ပျင်းစရာ ဒရာမဟုတ်ပါဘူး Thriller ပုံစံရိုက်ကူးထားတာဖြစ်လို့ သည်းထိတ်ရင်ဖိုကြည့်ရမှာပါပဲ။ ဒါရိုက်တာ Jon S. Baird ရိုက်ကူးထားပြီး Kingsmen မင်းသား Taron Egerton အဓိကပါဝင်ထားပါတယ်။ အဓိကကတော့ Kingsmen တွေရဲ့ ပရိုဂျူဆာ Matthew Vaughn ကြောင့်ပါပဲ။ တက်ထရစ်ဂိမ်းရဲ့ မူပိုင်ခွင့်ကို ကုမ္ပဏီကြီးတွေ လုကြတဲ့အကြောင်း ဆိုပေမဲ့ ဂိမ်းတီထွင်သူဟာ ရုရှားကဖြစ်ပြီး စစ်အေးတိုက်ပွဲကာလ ဖြစ်နေတာကြောင့် KGB ထောက်လှမ်းရေးတွေပါ ပတ်သတ်နေပြီး မော်စကိုမှာ သူလျိုစစ်ဆင်ရေးလုပ်နေသလိုကို ကြည့်ရမှာပါ။ ရုရှားဟာ ကွန်မြူနစ်နိုင်ငံဖြစ်လို့ ဂိမ်းတီထွင်သူဟာ မူပိုင်ခွင့်မရှိပါဘူး ငွေလည်းမရပါဘူး။ မူပိုင်ခွင့်ငွေကို အစိုးရကပဲ ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခါနီးအချိန် ကွန်မြူနစ်အစိုးရ တစ်ခုလုံး ချစားနေတဲ့အချိန်ဖြစ်တာကြောင့် မရိုးရှင်းခဲ့ပါဘူး။ နိုင်ငံ အတွက်ရမယ့်ငွေကို အိတ်ထဲထည့်ချင်လို့ လာဘ်စားပြီး ဈေးနှိမ်တဲ့ ကုမ္ပဏီကိုပဲ ရောင်းချင်တဲ့ အကျင့်ပျက်နိုင်ငံ့ခေါင်းဆောင်တွေပါမယ် လူလည်စီးပွားရေးသမားတွေပါမယ် အစုံပါပဲ။ ဒီတော့ စပိုင် thriller ကြိုက်တဲ့သူတွေ ဖြစ်ရပ်မှန်ကြိုက်တဲ့သူတွေ အားလုံး ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.38 GB) / (611 MB) / (356 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 58Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, History Translator.......Mr.Anderson Encoder..........Zin Phyo Aung

Horror
7.8 2023 118 mins
Tetris
Liberal Arts
6.5

Cast တွေကို ကြည့်လိုက်ရုံနဲ့တင် ပေါ့ပေါ့တန်တန်ကား မဟုတ်တာ သဘောပေါက်ကြမယ့် ၂၀၁၂ ထွက် Drama Comedy ဇာတ်ကားလေးတစ်ကားပါ။ ပုရိသတို့အသည်းစွဲ မမ Elizabeth Olsen ရယ်၊ HIMYM က ကိုယ်တွေရဲ့ ဘော်ဒါကြီးတက်ဒ် ဖြစ်တဲ့ Josh Radnor တို့ရယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့။ ဒီဇာတ်ကားလေးမှာတော့ တက်ဒ်ဟာ ကျောင်း၀င်ခွင့်အရာရှိတစ်ယောက်ဖြစ်တဲ့ ဂျက်ဆီနေရာကနေ သရုပ်ဆောင်ထားပါတယ်။ HIMYM မှာကတည်းက အသည်းကွဲဘော်ဒါကြီး တက်ဒ်ဟာတော့ ဒီထဲမှာလည်း အိမ်ထောင်ကွဲခါစ အသည်းကွဲသမားကြီး ဖြစ်နေပြန်ပါတယ်။ ဂျက်ဆီရဲ့ ကျောင်းသားဘ၀က ဆရာဖြစ်သူ ပီတာရဲ့ အငြိမ်းစားယူပွဲလေးကြောင့် ကောလိပ်တက်ခဲ့ရာ‌ဒေသကို ခဏပြန်လာခဲ့ရင်း ကျောင်းသူတစ်ဦးဖြစ်တဲ့ ဇစ်ဘီနဲ့ ဆုံမိကြတယ်။ အိမ်ထောင်ကွဲခါစ ဂျက်ဆီနဲ့ ကောလိပ်က တွဲပြတ်ထုံးစံကြီးနဲ့ ချစ်ရေးချစ်ရာကို အသားမကျတဲ့ ဇစ်ဘီတို့ဟာ အသက် ၁၈ နှစ်ကွာပေမယ့် ခပ်မြန်မြန်ပဲ ရင်းနှီးခဲ့ကြတယ်။ သူတို့နှစ်ဦးဟာ လမ်းခုလတ်မှာ ခဏတဖြုတ်တွေ့ဆုံကြမယ့်သူတွေလား၊ ဘ၀လက်တွဲဖော် ဖူးစာဆုံကြမယ့်သူတွေလားဆိုတာကို အချစ်ဒဿန ဘ၀ဒဿနတွေနဲ့ ခပ်ပါးပါးလေးပုတ်ထားတဲ့ ဇာတ်ကားတစ်ကားမို့ ကြည့်ဖို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ဖြစ်ကြောင်း အသိပေးလိုက်ပါရစေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 1.05GB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 37Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

TV Movie • Thriller
6.5 2012 97 mins
Liberal Arts
A Fairy Tale After All
6.3

IMDb Rating - 7.6/10 Musical/Family Friendly Genre ကိုနှစ်သက်တဲ့ ပရိတ်သတ်များအတွက်တော့ ကြည့်ရှူသင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ စကိုင်းနဲ့ ဘရတ်စ်တန်ဟာ ဖခင်ဖြစ်သူဆုံးပါးသွားပြီးနောက် အအရာရာပြောင်းလဲ သွားခဲ့တဲ့မောင်နှမနှစ်ယောက်ပေါ့။ အမြဲအလုပ်များနေတဲ့မိခင်ကို သားငယ် ဘရတ်စ်တန်က နားမလည်ပေးနိုင်သလို၊ အကြီးမလေးစကိုင်းခမျာလည်း ပြိုလဲနေ ပေမယ့်အကုန်အဆင်ပြေချင်ဟန်ဆောင်နေရတာပါ။ ဖခင်ဖြစ်သူပြောပြခဲ့တဲ့ နတ်သမီးပုံပြင်တွေကို သူသိပ်နှစ်ခြိုက်ခဲ့ပေမယ့် လက်တွေ့ဘဝက အဲဒီလိုဖြစ်မလာတဲ့ အခါ ပုံပြင်တွေကို မယုံကြည်တော့ပဲ ရှောင်ပြေးနေခဲ့ရာက နတ်သမီးပုံပြင်တစ်ခုထဲ သူကိုယ်တိုင်ရောက်သွားချိန်မှာတော့…. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Myat Thu ဖြစ်ပါတယ်) File Size - (899 MB) / (439 MB) / (284 MB) Quality – WebRip 1080p / 720p/480p Duration - 1h 12mins Subtitle – Myanmar Hardsub Format – MP4 Genre : Adventure, Family, Fantasy Translator – May Myat Thu Encoder – SWM

Action • Drama
6.3 2022 72 mins
A Fairy Tale After All
Dark Cloud
6.3

ခေတ်ကြီးက တိုးတက်လာပြီ။ ကျွန်တော်တို့ငယ်ငယ်ကလို ညတွေဟာ အိပ်စက်ဖို့ရာမဟုတ်တော့ဘူး။ မကုန်နိုင်တဲ့ရုပ်ရှင်တွေ ဆိုရှယ်မီဒီယာတွေ ဂိမ်းတွေနဲ့ ညတွေဟာ ပိုစည်းကားလာကြပြီ။ အိပ်ချိန်တွေ မမှန်ကြတော့ဘူး။ ဒီလို အိပ်ချိန်မမှန်ရာကနေ အိပ်မပျော်တဲ့ရောဂါတွေပါ ရလာတယ်။ အစမှာတော့ သိပ်မသိသာပေမဲ့ အိပ်ချိန်မမှန်တဲ့အခါ စိတ်ဓာတ်တွေကျလာမယ်။ အသားအရေတွေ မကောင်းဖြစ်လာမယ်။ ၀က်ခြံတွေပေါက်လာမယ်။ ဘာမှကိုအကောင်းမရှိပါဘူး။ ဒါကြောင့် အများသူငါအတွက်မျှော်တွေးပြီး ဆယ်မိနစ်လောက်ကြည့်ရုံနဲ့ အိပ်ပျော်သွားစေမယ့် Sci-Fi ရုပ်ရှင်ကားသစ်ကြီးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ အတိတ်ခဏခဏမေ့ပြီး ဘာမှမမှတ်နိုင်ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက် A.I အိမ်ကြီးထဲ စမ်းသပ်နေထိုင်ကြည့်တဲ့ အကြောင်းပါ။ A.I က ထကြောင်ပြီး ပြဿနာရှာရာက ခြောက်ခြားစရာတွေ ဖြစ်လာတဲ့ရုပ်ရှင်ပေါ့။ ဒါပေမဲ့ ဘာအဓိပ္ပာယ်မှလည်းရှိမနေသလို ကောင်းကွက်တစ်ကွက်မှလည်း မတွေ့ပါဘူး။ အားလုံးပဲ ဒီရုပ်ရှင်လေးကြည့်ပြီး အိပ်ပျော်နိုင်ကြပါစေ... Size - 800MB, 390MB Quality - 1080p, 720p Format - mp4 Duration - 1H 21Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Drama • History • Romance
6.3 2022 81 mins
Dark Cloud
Groundhog Day
7.6

Groundhog Day လို့‌ခေါ်တဲ့ ဖေဖော်ဝါရီ ၂ရက်နေ့ဟာ မြောက်အမေရိကရဲ့ ပွဲတော်နေ့တစ်ခုပါပဲ။ Punxsutawney မြို့မှာ Punxsutawney Phil လို့ခေါ်တဲ့ ဂရောင်းဟော့လေး‌က နွေဦးပဲစောစော‌လာမလား ဆောင်းပဲရှည်မလား ဟောတာကို ကြည့်ပြီး ပါတီတွေပေးကြတဲ့နေ့ပေါ့။ အဲဒီနေ့မှာ နေရာအနှံ့က သတင်း‌သမားတွေ တီဗီအစီအစဉ် ကြေညာသူတွေ Punxsutawney ကို လာရောက်ကြတယ်။ ဒီရုပ်ရှင်ဟာ အဲဒီ Groundhog Day မှာ ပိတ်မိနေတဲ့ လူတစ်ယောက်အကြောင်းပေါ့။ တော်တော်လေးစောတဲ့ Time Loop ရုပ်ရှင်တစ်ကားဖြစ်သလို သူ့ဟန်ကို Theme အဖြစ်မှီးပြီး နောက်ပိုင်းသုံးလာကြတာတွေလည်း မနည်းပါဘူး။ Supernatural ထဲလည်း မှီးသုံးခဲ့ဖူးတယ်။ Groundhog Day ဟာ Classic တန်း၀င် Comedy ကားကောင်းတစ်ကားဖြစ်သလို ဝေဖန်ရေးသမား Roger Ebert အကြိုက်ဆုံးစာရင်းထဲ၀င်ခဲ့တဲ့ ရှားရှားပါးပါး Comedy ကားလည်း ဟုတ်ပါတယ်။ အဓိကဇာတ်​ဆောင်ကလည်း နာမည်ကျော် Bill Murray ဆိုတော့ ကောင်းမှာမပူရတော့ဘူး​ပေါ့။ ဇာတ်လမ်းလေးကလည်းဆန်းပါတယ်။ Bill ဟာ မိုးလေဝသကြေညာသူတစ်ယောက်ဖြစ်ပြီး မာနကြီး လက်​ပေါက်ကတ်သူပေါ့။ ရေတစ်၀က်ပဲရှိတဲ့ ဖန်ခွက်ကိုကြည့်ပြီး တစ်၀က်တောင်ရှိတယ်ပြောမယ့်လူရယ် တစ်၀က်ပဲရှိတယ် ပြောမယ့်လူရယ်ဆိုတဲ့ လူစား၂မျိူးမှာ သူဟာ ဒုတိယလူစားမျိူးပါပဲ။ ဒါနဲ့ပဲ တစ်ရက်ကျ ပန်ဆူ​​​တော်နီဆိုတဲ့ ဇနပုဒ်​လေး မှာ Groundhog Day ဆိုတဲ့ ရာသီပွဲတော်တစ်ပွဲကို သွားရောက်ရိုက်ကူးဖို့ အကြောင်းဖန်လာပါတယ်။ သူတို့အဖွဲ့သားတွေရောက်သွားကြပြီး Bill တစ်ယောက်ဟာ ထူးဆန်းစွာနဲ့ပဲ အဲဒီနေ့ကိုပဲ နေ့တိုင်း ဖြတ်သန်းနေရပါ​တော့တယ်။ သူဟာ Groundhog Day ဆိုတာကြီးကို နေ့တိုင်း ထပ်တလဲလဲ ကြုံနေရတဲ့ Time Loop သဘောမျိုးမှာနေနေရတယ်။ အဲဒီကနေ လွတ်လမ်းရှာရင်း ကြာလာတော့ စိတ်ဓါတ်တွေကျ၊ သတ်သေချင်စိတ်တွေပေါ်လာပါ​တော့တယ်။ အဲဒီနေ့ မနက်မှာဖွင့်တဲ့ Radioသံကြားရရင်ကို စိတ်က ဂယောက်ဂယက်တွေဖြစ်လာပြီး ဒီ Time Loop က​နေ ကျော်လွှားဖို့နည်းလမ်းကို အသည်းအသန်ရှာရပါတော့တယ်။ ရုပ်ရှင်ဟာ IMDB Rating 8.0 အထိရရှိထားပြီး Bill Murray ရဲ့ ဂန္တဝင်သရုပ်ဆောင်ချက်တွေ၊ ဘဝသင်ခန်းစာတွေကို ညိမ့်ညိမ့်လေးကြည့်သွားရမှာဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ကျီစယ်မှုတစ်ခုဖြစ်တဲ့ ဒီ Time loop ရဲ့ ရည်ရွယ်ချက်ကို ရှာ​ဖွေရင်း ကိုယ်သာ ဒီလို တစ်ရက်ထဲကိုပဲ အကြိမ်ကြိမ်ကြုံခဲ့ရရင် ဘာ​တွေ လုပ်မလဲဆိုတာ စိတ်ကူးယဉ်လိုက်ကြစေချင်ပါတယ်။ Groundhog Day နဲ့ ပတ်သက်ပြီး ဝေဖန်ရေးသမားတွေကတော့ "Groundhog Day ဟာ သူ့ပေးချင်တဲ့မက်ဆေ့နဲ့ သူ့ရည်ရွယ်ချက်ကို ထင်သာမြင်သာ ရှင်းရှင်းလင်းလင်းတွေ့နိုင်တဲ့ရုပ်ရှင်ပါပဲ။ သူ့ရဲ့ ပညာသားပါမှုကိုတော့ ချက်ချင်းကြီး သတိထားမိမှာမဟုတ်စေဘဲ မှတ်ဉာဏ်ထဲ အခြေကျရင်းနဲ့မှ သိလာမယ့် သဘောမျိုး " လို့ ဆိုကြပါတယ်။ ရုပ်ရှင်တစ်ကားကြည့်ပြီး ကိုယ့်ခံစားချက်ကို သေသေချာချာဖော်မပြတတ်ပေမဲ့ တူညီတဲ့ခံစားမှုတစ်ခုရတဲ့အခါ ဒီရုပ်ရှင်က Groundhog Day လို ရုပ်ရှင်မျိုးပဲဆိုပြီး ကိုယ့် မှတ်ဉာဏ်ထဲ Reference အနေနဲ့ ကိုးကားဖို့ ကျန်နေတဲ့ရုပ်ရှင်မျိုးလည်းဟုတ်တယ်လို့ ဆိုကြပါတယ်။ ရေတစ်၀က်ရှိတဲ့ ဖန်ခွက်တစ်ခွက်ကိုကြည့်ပြီး "တစ်၀က်တောင်ရှိတယ်"ဆိုတဲ့သူရော "တစ်၀က်ပဲရှိတယ်"ဆိုတဲ့သူရောဟာ အချိန်တစ်ခုမှာတော့ ရေအပြည့်ရှိတယ်လို့ ထင်မြင်သွားကြပါလိမ့်မယ်။ တကယ်ပြည့်မပြည့်တော့ ဘယ်သူမှမသိပေမဲ့ ချစ်ခြင်းကတော့ လိုနေတဲ့ရေတစ်၀က်ကို ဖြည့်ပေးသွားပါလိမ့်မယ်။ လောကကြီးကိုက ရေတစ်၀က်သာ ဖြည့်ထားတဲ့ ဖန်ခွက်ကြီးပဲမို့လို့ လူတွေဟာ ချစ်ခြင်းမေတ္တာကို လိုအပ်ခဲ့တာပေါ့... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.2GB, 880MB, 440MB Quality - 1080p, 720p, 480p IMDb Rating - 8.0/10 Format - mp4 Duration - 1H 41Min Genre - Comedy, Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Crime • Drama
7.6 1993 101 mins
Groundhog Day
Bad Boys for Life
7.1

IMDb Rating 7.1/10 ထိရရှိထားပါတယ်။ #Unicode Bad Boys ရုပ်ရှင်တွေကို ရုပ်ရှင်ချစ်သူအတော်များများ သိကြမှာပါ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ အက်ရှင်ခပ်မြူးမြူးတွေပါပဲ။ အခုလည်း ဆရာကြီးနှစ်ယောက် အသက်ကြီးမှ တကြော့ပြန်လာပါပြီး။ အခုချိန်မှာဆို မားကတ်စ်ကလည်း အဘိုးဖြစ်လာပြီး အငြိမ်းစားယူဖို့ဆုံးဖြတ်လိုက်ပါပြီ။ မိုက်ခ် (ဝယ်လ်စမစ်) တော့ လူပျိုကြီးအဖြစ် သေတဲ့အထိ လူဆိုးဖမ်းချင်နေတုန်းပါပဲ။ ဒါပေမယ့် သူတို့ရဲ့အတိတ်က ရန်ငြိုးက သူတို့ကို အေးအေးဆေးဆေးအနား ယူခွင့်မပေးလာပါဘူး။ မိုက်ခ် နဲ့အတူ တရားသူကြီး၊ရှေ့နေ၊သတင်းပေး၊ ရဲအရာရှိ စတဲ့သူတွေအကုန် လုပ်ကြံခံလာရ ပါတယ်။ ဒီတော့ နောက်ဆုံးမှာ Bad Boys ကြီးနှစ်ယောက် နောက်ဆုံးအကြိမ်အဖြစ် ဆိုးကြ ကြမ်းကြပါတော့တယ်။ ဇာတ်လမ်းရယ် အက်ရှင်တွေရယ် အကုန်အဆင်ပြေတာမို့ ကြည့်ရတာ ကျေနပ်ကြမှာပါ။ Quality – 1080p, 720p  Web-Rip Duration – 2 hrs 4 mins Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Comedy, Crime Source : 1080p.WEB-RIP Translator – Littleneo Encoder – San Win Maung

Comedy • Drama
7.1 2020 124 mins
Bad Boys for Life
[18+] Snow Woman

ရွာထဲက ယောကျ်ားတွေကိုသတ်ပစ်တယ်ဆိုပြီး နာမည်ကြီးနေတဲ့နှင်းမိစ္ဆာ… တစ်ရွာလုံးက ယောက်ျားတွေမုန်းနေကြတဲ့ နှင်းမိစ္ဆာ… နှင်းမိစ္ဆာက ယောက်ျားတွေကိုစားသတဲ့… ယောက်ျားတွေက နှင်းမိစ္ဆာကိုပလစ်ကြတာကိုတော့ ဘယ်သူမှမပြောကြဘူး.. နှင်းမိစ္ဆာကိုကစားခဲ့ကြတာကိုလည်း ပြန်မပြောခဲ့ကြဘူး။ တကယ်တော့ နှင်းမိစ္ဆာက ဘယ်သူ့ကိုမှမစားပါဘူး… သူ့ကိုလာချစ်ကြတဲ့ယောက်ျားလေးတွေရဲ့ ငယ်ပါကိုပဲ အေးခဲသွားအောင်လုပ်တာပါ။ ဒါပေမဲ့ထူးခြားတာတစ်ခုက နှင်းမိစ္ဆာကလည်း ခံစားချက်နဲ့မို့လို့ ကောင်းရင်ကောင်းသလောက် သူလည်းသေလုနီးပါးဖြစ်တတ်ပါတယ်။ ဒါကိုမသိတဲ့ လူလိမ်နီအဲတစ်ယောက် အရမ်းလှတဲ့နှင်းမိစ္ဆာနဲ့ မတော်တဆစိတ်ပါပြီး ချစ်မိကြပြီးနောက် တစ်ရွာလုံးက သူ့အိမ်မှာနှင်းမိစ္ဆာကိုလာဖမ်းတဲ့အခါ…. အချစ်လွန်ထားကြတဲ့ သူတို့နှစ်ယောက် ရွာသားတွေရဲ့လက်ကနေ လွတ်နိုင်မလား? နှင်းမိစ္ဆာရဲ့သနားစရာဘဝကိုပဲ နားလည်သွားကြမလားဆိုတာ နားကြပ်လေးတပ် မီးလေးပိတ်ပြီး နှင်းမိစ္ဆာကိုခံစား (မှားလို့) ဇာတ်လမ်းကိုခံစားလိုက်ပါဦးဗျာ….

0 2009
[18+] Snow Woman
Basic Instinct [18+]
7

Basic Instinct (1992) IMDb Rating (7.0) ဒီဇာတ်ကားကို ယောက်ျားလေးပရိသတ်ထဲက မသိတဲ့သူ ရှားမယ်ထင်ပါတယ်။ မင်းသမီး ရှာရွန်စတုန်း ခြေထောက်ကို ဘယ်ညာပြောင်းချိတ်ပြတဲ့အခန်းကို သုံးလေးခါလောက် ရှေ့နောက်ရစ်လိုက်၊ ရပ်လိုက်၊ Slow နဲ့ ကြည့်လိုက် ကြည့်ဖူးတဲ့သူတွေထဲမှာ ကျွန်တော်လည်း ပါပါတယ်…ခင်ဗျားတို့လဲပါပါလိမ့်မယ်…မပူပါနဲ့…တစ်ကမ္ဘာလုံးလဲ ခုထိ အဲ့လိုပဲကြည့်နေကြတုန်းပါပဲ။ဘာလို့ဆို Pause ခလုတ်နှိပ်ပြီးရပ်ကြည့်ရတဲ့ ရုပ်ရှင်စာရင်းတွေထဲမှာ ဒီရုပ်ရှင်က ထိပ်ဆုံးမှာ ရပ်တည်နေလို့ပါပဲ။ အခုပြန်ကြည့်မိတော့မှ ဒီဇာတ်ကားက မင်းသမီးကို ငမ်းရတာထက် အများကြီးအနှစ်ရှိပြီး အရမ်းကောင်းတဲ့ Psychological, Crime, Drama ဇာတ်ကားလေးဆိုတာ သိရတော့တာပါပဲ။ ဇာတ်လမ်းအလှည့်အပြောင်းလေးတွေက အရမ်းလှတယ်။ ကြည့်နေရင်း မင်းသားစုံထောက်နဲ့တူတူ ခေါင်းတွေလည်သွားမှာသေချာပါတယ်။ အမှုတစ်မှုကနေ စပြီး တခြားအမှုတွေ တစ်သီတတန်းကြီး ထွက်လာတယ်။ အဲဒီအမှုတွေ အကုန်လုံးကလည်း လူတစ်ယောက်တည်းနဲ့ ဆက်စပ်နေတယ်။ ဒါပေမဲ့လည်း အဲဒီလူက အမှုကျူးလွန်ပါတယ်ဆိုတာကို သက်သေမပြနိုင်ဘူး။ တော်တော်လေးကို အကွက်ရွှေ့တာတွေလှပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ခပ်ရှုပ်ရှုပ် စုံထောက်ဇာတ်ကားလေးပါ။ မင်းသမီး Sharon Stone နဲ့ Jeanne Tripplehorn တို့ရဲ့ အလှအပတွေကိုလည်း ခံစားနိုင်သေးတော့ ကြည့်ဖူးပြီးသားလူတွေလည်း ပြန်ကြည့်သင့်ကြောင်း ညွှန်းလိုက်ပါတယ်။ ရှရွန်စတုန်းကလဲ တကယ့်အဟော့ဆုံးအချိန်ဗျာ…ရိုက်ထားတာကလဲ အကုန်ရှင်းရှင်းလင်းလင်း…ဇာတ်လမ်းကလဲ ရမ္မက်တွေနဲ့ပြစ်မှုတွေအကြောင်းဆိုတော့ ဘာမှဖြတ်တောက်ထားခြင်းမရှိတဲ့ Unrated Version ကိုမှ ကာလာအစုံနဲ့အလန်းဆုံးကြည့်ရှုရမယ့် 4K HDR Quality နဲ့ ထပ်မံတင်ဆက်လိုက်ပါတယ်။ မိသားစုနဲ့တော့ကြည့်ရှုလို့မရပါခင်ဗျာ။ 4K ဖိုင်ကို HDR Version နဲ့တင်ဆက်ထားတာကြောင့် မိမိကြည့်ရှုမယ့် Player မှာ HDR Setting တွေ On ထားပြီးကြည့်ရှုမှသာ ကာလာစုံမြင်ရမှာဖြစ်ပြီး 1080p/720p ကတော့ ရိုးရိုးတမ်းတမ်းကြည့်ရှုလို့ရပါတယ်။

Horror • Mystery
7 1992
Basic Instinct [18+]
Neru
7.8

Neru (2023) “အမှန်တရား” IMDb – 7.8/10 (function(f,b,n,j,x,e){})(); လေးတန်းတောင်မအောင်ဘဲ မိသားစုကိုစော်ကားဖို့ကြံတဲ့သူရဲ့အလောင်းကို ဖျောက်ပြခဲ့တဲ့ မူရင်းမလေယာလမ်းရုပ်ရှင်ထဲက မင်းသားကြီး Mohanlal Viswanathanရဲ့ ရုံတင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကို အမေရိကန်ဒေါ်လာ တစ်သန်းကျော်အသုံးပြုရိုက်ကူးခဲ့ပြီး ဆယ်ဆကျော် ပြန်လည်ရရှိခဲ့တာပါ။ Jawan (2023)ရုပ်ရှင်ထဲမှာပါခဲ့တဲ့ မင်းသမီးချောလေး ပါရီယာမာနီလည်း ပါဝင်ထားပါသေးတယ်။ ပန်းပုပညာရှင် မျက်မမြင်အမျိုးသမီးလေးရဲ့ ပုံဖော်မှုကြောင့် မုဒိမ်းသမားကို ဖမ်းဆီးနိုင်ခဲ့ပေမဲ့ သက်သေမခိုင်လုံတာကြောင့် မုဒိမ်းကောင်က အာမခံနဲ့ လွတ်သွားခဲ့ပါတယ်။ မုဒိမ်းကောင်မိသားစုက အင်မတန်ချမ်းသာတဲ့မိသားစု ဖြစ်တာရော သူတို့အမှုကို လိုက်ပေးတဲ့ရှေ့နေရဲ့ ဂုဏ်သတင်းကျော်ဇောမှု ဩဇာညောင်းမှုတွေကြောင့်ရောနဲ့ ကျူးလွန်ခံရတဲ့ အမျိုးသမီးငယ်ဘက်ကနေ လိုက်ပေးမဲ့ ရှေ့နေကို ရှာဖို့ရာမလွယ်ကူခဲ့။ ဒီမှာပဲ ကျွန်တော်တို့ရဲ့ လေးတန်းမအောင်တဲ့ဇာတ်လိုက်ကျော်ကြီးက အဓိကနေရာကိုရောက်လာပါတော့တယ်။ တရားကိုစောင့်ပါတယ်ဆိုတဲ့ နတ်က တကယ်ပဲရှိတာလားဆိုတာ ကြည့်ရှုသူအပေါင်းတို့ကပဲ ဝေဖန်သုံးသပ်ကြပါဦးတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.8 2023
Neru
Flashbacks of a Fool
6.8

Flashbacks of a Fool (2008) ======================= CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဂျိမ်းစ်ဘွန်းမင်းသားDaniel Craig ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.8/10 ရရှိထားတဲ့ (2008)ခုနှစ်ထွက် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အက်ရှင်ကားမဟုတ်ဘဲ တစ်မျိုးတစ်ဖုံစီးမျောလို့ကောင်းတဲ့ကားလေးဖြစ်ပါတယ်။ ဂျိုးဟာ နာမည်ကျသွားတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ပါ။ သူ့ရဲ့စည်းလွတ်ဝါးလွတ်နေပုံထိုင်ပုံတွေကြောင့် ဘဝကြီး ကမောက်ကမဖြစ်နေရသူပေါ့။ တစ်နေ့ကျ သူနှစ်ပေါင်းများစွာလျစ်လျူရှုထားတဲ့ မွေးရပ်မြေကသတင်းဆိုးတစ််ခုကို သူ့အမေကယူဆောင်လာခဲ့ပါတယ်။ တစ်ချိန်က သူ့အချစ်ဆုံးသူငယ်ချင်း ဘုစ် ဆုံးသွားတဲ့အကြောင်းပါ။ အဲလိုနဲ့ ဂျိုးတစ်ယောက် မွေးရပ်မြေကို ပြန်ဖို့ဖြစ်လာပါတယ်။ တကယ်တော့ သူဟာ မွေးရပ်မြေကနေ ထွက်ပြေးလာပြီး သရုပ်ဆောင်လုပ်ဖို့ မြို့တက်လာတာပါ။ မမှတ်မိချင်လို့တစ်သက်လုံးရှောင်ပုန်းနေခဲ့တဲ့ မှတ်ဉာဏ်တွေဟာလည်း သူ့ဆီကို တစ်ရစ်ချင်းပြန်ဝင်လာခဲ့ပါတယ်။ ဂျိုးတစ်ယောက်သူ့အတိတ်ကို ဘယ်လိုပြန်ရင်ဆိုင်မလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin Thike ပါ ) File size_(1.7GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Ngwe Zin Thike

Action • Fantasy
6.8 2008 110 mins
Flashbacks of a Fool
Phulrani
5.8

Phulrani (2023)”ပန်းဘုရင်မလေး” ============================= ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားလို့ရမယ့် ၂၀၂၃ ခုနှစ်ထွက် မာရသီစကားပြော အချစ်ဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်လေးဟာဆိုရင် နာမည်ကြီး အိုင်းရစ်ရှ်လူမျိုး ပြဇာတ်ရေးဆရာ ဂျော့ဂျ်ဘားနတ်ရှောကို အော်စကာဆုရစေခဲ့တဲ့ Pygmalion ဆိုတဲ့ ဂန္တဝင်ပြဇာတ်ကို အိန္ဒိယမှုပြုပြီး တမူဆန်းသစ်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့.. Pretty Princess ဆိုတဲ့ အလှမယ်ပြိုင်ပွဲတစ်ခုမှာ အကယ်ဒမီတစ်ခုတည်းက အလှမယ်တွေဟာ ၅ နှစ်ဆက်တိုက် အနိုင်ရနေပါတယ်။ အဲဒီအကယ်ဒမီကို ဦးစီးလေ့ကျင့်ပေးနေတာကတော့ ဗစ်ကရမ်ဆိုတဲ့ စိတ်မြန်လက်မြန် သင်တန်းဆရာပါ။ သူဟာ ပြိုင်ပွဲဆုပေးပွဲ့နေ့မှာ အရက်မူးပြီး သူငယ်ချင်းဖြစ်သူနဲ့ ငြင်းခုန်ရင်း သူတို့နားကိုရောက်လာတဲ့ အခြေခံလူတန်းစား ဆတ်ဆတ်ကြဲ ပန်းသည်မလေးကို အလှဘုရင်မဖြစ်အောင် လုပ်ပေးပြမယ်လို့ လူသိရှင်ကြားစိန်ခေါ်မိသွားပါတယ်။ သူဟာ အဲဒီအလောင်းစားကို အနိုင်ရမှာလား၊ ရပ်ကွက်ထဲက အော်ကြောလန်ကောင်မလေးကို အလှမယ်ဖြစ်အောင်ဘယ်လိုလုပ်ပေးမှာလဲ၊ သူတို့နှစ်ယောက် ဘယ်လိုဇာတ်လမ်းဆက်ကြမလဲဆိုတာကို လူတန်းစားခွဲခြားမှုတွေကို ဆန့်ကျင်ပြထားတဲ့ ဒီရုပ်ရှင်လေးထဲမှာ ချစ်စဖွယ်မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Romance • Comedy
5.8 2023
Phulrani
Balamevvadu
7.4

Balamevvadu 2022 (အာမခံအေးဂျင့်လေးရဲ့ အချစ်ပုံပြင်) IMDb – 7.4/10 ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲလို့ မေးကြတဲ့အခါ ဆရာဝန်ဖြစ်ချင်တယ်, အင်ဂျင်နီယာဖြစ်ချင်တယ်လို့ ဖြေတတ်ကြပေမယ့် ဆတ်တယာနာရာယာနာဆိုတဲ့ကောင်လေးရဲ့ အိပ်မက်ကတော့ အာမခံအေးဂျင့်တစ်ယောက်ဖြစ်ချင်တာပါတဲ့။ ဘာလို့လဲဆိုတော့ မစွန့်စားရတဲ့အလုပ်မလို့ပါနဲ့လေ။ ဒီလိုနဲ့ ဖြစ်ချင်တဲ့ အာမခံအေးဂျင့်တစ်ယောက်ဖြစ်လာပြီးတဲ့နောက်မှာတော့ လူကြီးတွေက သူ့ကို အိမ်ထောင်ဖက်တွေ့ခိုင်းပေမယ့် အဆင်မပြေဖြစ်တာတွေ များခဲ့ပါတယ်။ နောက်တော့ ကောင်မလေးတစ်ယောက်ကို တွေ့သွားပြီးတော့ စွဲလန်းမိသွားရကနေ ကောင်မလေးရဲ့အချစ်ကို ရအောင်ယူနိုင်လိုက်ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သား အချစ်ကြီးချစ်ခဲ့ကြပြီးတဲ့နောက်မှာ မျှော်လင့်မထားတဲ့ ကင်ဆာဆိုတဲ့ရောဂါဆိုးကြီးက ကောင်မလေးဆီကို ရောက်ရှိလာခဲ့ပါတယ်။ ကင်ဆာရောဂါသည်ကောင်မလေးနဲ့ အာမခံအေးဂျင့်ကောင်လေးတို့ ဘဝကို ဘယ်လိုတွေရှေ့ဆက်သွားမလဲ …… ဒီရောဂါဆိုးကြီးကိုရော အနိုင်တိုက်နိုင်ပါ့မလား …….. ဆိုတာကို ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

7.4 2022
Balamevvadu
Dream Images
7.6

ရိုမေနီးယား ဒိုကူမန်ထရီ ရုပ်ရှင်ပါ။ ၂၀၁၆မှာပဲ Transilvania International Film Festivalမှာ ပြသခဲ့ဖူးတယ်။ 1978မှာ ရိုမေနီးယား အာဏာရှင် Ceausescuက တစ်တိုင်းပြည်လုံးကို ထိန်းချုပ်ထားခဲ့တယ်။ အဲဒီကာလမှာ အနုပညာသမားတွေဟာ ပိတ်ပင်ခံခဲ့ရတယ်။ Rodion G.A.ဆိုတဲ့ တီးဝိုင်းတစ်ခုကလည်းပါခဲ့တယ်။ သူတို့ဝိုင်းဟာ အဲဒီခေတ်အနေနဲ့ဆို တော်တော်ခေတ်ရှေ့ပြေးနေတဲ့ ဂီတကို ချပြခဲ့တဲ့ဝိုင်းပါ။ အာဏာရှင်က ပိတ်ပင်ထားလို ဆိုဗီယက်ကလည်း သူနဲ့မဟာမိတ်ဖြစ်တဲ့ ဥရောပအလယ်ပိုင်းနဲ့အရှေ့ပိုင်းက နိုင်ငံတွေကို ကွန်မြူနစ်မဟုတ်တဲ့ နိုင်ငံတွေနဲ့ ကူးလူးဆက်ခံခွင့်ပိတ်ထားတယ်။ အဲဒါကို Iron Curtainလို့ခေါ်ခဲ့ကြတယ်။ ဒီတော့ သူတို့ဝိုင်းဟာ ဘယ်လိုမှ သူတို့ဂီတကို မဖြန့်ဝေနိုင်ခဲ့ဘူး။ အနှစ်၃၀ကြာပြီး ၂၀၁၃မှပဲ ပွဲဦးထွက် အယ်လ်ဘမ်ကို ယူကေက Strut Recordကနေ ဖြန့်ဝေပေးခဲ့တယ်။ ဒီလို ခေတ်ရဲ့ဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ Bandက Rodion Ladislau Rosca ဆိုတဲ့ အဓိကလူရဲ့ ၂၀၁၆တုန်းက လက်ရှိဘဝကို ရိုက်ပြထားတာပါ။ တီးဝိုင်းအကြောင်းနည်းနည်းပဲပါပြီး လက်ရှိကျေးလက်မှာနေနေတဲ့ Rodion Ladislau Rosca ရဲ့ ဘဝကိုပဲ ပြထားပါတယ်။ ဒီဒိုကူမှာ သူနေထိုင် စားသောက်ရှင်သန်ဖြတ်သန်းပုံကို အဓိကပြပြီး ဂီတကိုချစ်ခြင်းနည်းနည်းစွက်ထားပါတယ်။ ဒီဒိုကူမန်ထရီက ရိုမေနီးယား ဂီတအဖွဲ့တစ်ဖွဲ့ရဲ့အတိတ်ကို ဦးတည်တာဆိုပေမဲ့ လက်ရှိကိုပဲပြထားတဲ့ အချက်က ထူးခြားတယ်လို့ပဲပြောရပါမယ်။ File Size : 1.5 GB, 932 MB Quality : WEB-DL 1080p / 720p Running Time : 1hr 18min Format : Mp4 Genre : Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

7.6 2016
Dream Images