YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Gutar.Gu.S01E03.720p(CM).mp4

279.97 MB N/A video/mp4 72 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kranti

ဒီတစ်​ခေါက်တင်ဆက်​ပေးမယ့်ကားက​တော့ မကြာခင်ကမှ ထွက်ရှိထားတဲ့ "Kranti"ဆိုတဲ့ အက်ရှင်ဒရာမာဇာတ်ကား​ကောင်းဖြစ်ပါတယ် ဒီကားကBox Office 33 croresထိ​ရရှိထားပြီးဖြစ်တဲ့ ရုံတင်ဇာတ်ကားကောင်းတစ်ကားပါ အိန္ဒိယကားတွေဟာဆိုရင်ဖြင့် အားတိုင်းရဲတွေ‌ကိုထေငေါ့လိုက် နိုင်ငံရေးသမားတွေကို တိုက်ခိုက်လိုက် စသဖြင့်သူတို့အစိုးရစနစ် လူတန်းစားခွဲခြားမှု ကျားမခွဲခြားမှုတွေကို ထောက်ပြဝေဖန်နေတာ ယခုအခါအလှည့်ကျလာတဲ့မင်းသားကတော့ ပညာရေးပါ။ ဒါပေမဲ့ ဒီကားလေးမှာတော့ အဆန်းပါ အစိုးရကျောင်းတွေရဲ့ပညာရေးစနစ်ကို တိုက်ခိုက်တယ်ဆိုတာထက် ယခုမြန်မာပြည်မှာလဲ ခပ်စိတ်စိတ်တွေ့နေရတဲ့ ကိုယ်ပိုင်ကျောင်းစနစ်တွေကိုဝေဖန်ထားတဲ့ဇာတ်ကားလေးပါ ဇာတ်လမ်းအစမှာ​တော့ လူတစ်စုကနိုင်ငံ​ရေးဖက်ကလူတစ်​ယောက်နဲ့ ​ ပေါင်းပြီးအစိုးရ​ကျောင်း​တွေကို ပျက်စီးပိတ်သိမ်း​အောင် လုပ်ဖို့အတွက် အစီစဥ်ဆွဲ​​နေကြပြီး အဲ့အချိန်မှာတင်သူတို့လုပ်ရပ်ကြောင့် ​ကျောင်းသား​‌တွေ ဆရာတွေရဲ့ ဘဝများစွာဒုက္ခရောက်နေရပါတယ် သူတို့​တွေရဲ့ရည်ရွယ်ချက်ကဘာလဲ ​ကျောင်းဆရာ​တွေက​ရော သူတို့ရဲ့ယုတ်မာမှုကို Speak outလုပ်နိုင်ပါ့မလား ဒီအခက်အခဲ​တွေကြားထဲက​နေ သူတို့ကိုကယ်တင်​ပေးမယ့် "ကရန်တီ"က​ရော ဘယ်လိုလူမျိုးဖြစ်ပြီး ဘယ်အ​ကြောင်း​ကြောင့် သူပါဒီကိစ္စ​​တွေထဲပါဝင်လာပြီး​ဖြေရှင်းမလဲဆိုတာ​တွေကို စိတ်လှုပ်ရှားစွာကြည့်ရှု့ရမှာပါ ပညာရေးဟာ စီးပွားရေးလား ပညာသင်ကြားဖို့ဆိုတာ ငွေကြေးရှိတဲ့သူတွေပဲရမဲ့အခွင့်အရေးလား စသဖြင့် ဒီဇာတ်ကားလေးထဲမှာ ခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…3.26GB / 1.47GB Quality…1080p HEVC /720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin ~ Sai Thu Rein~ Yunni ~ BpL

Adventure • Fantasy
null 2023 163 mins
Kranti
Bull Demon King Rise Again

ကောင်းကင် နဲ့ မြေကြီး နယ်ပယ်တွေ ဖန်ဆင်းပြီးတဲ့နောက်မှာ ကောင်းကင်ဘုံ မသေမျိုးနတ်မင်းတွေနဲ့ နတ်ဆိုးနယ်မြေက နတ်ဆိုးမျိုးနွယ်စုတို့ဟာ အေးချမ်းစွာနဲ့ပဲ အတူတူ နေထိုင်လာခဲ့ကြပါတယ် ။ ဒါပေမဲ့ တစ်နေ့မှာတော့ နတ်မျိုးနွယ်တွေဟာ နတ်ဆိုး ၊ မိစ္ဆာ မျိုးနွယ်စုတွေကို အထင်သေးပြီး အသက်တစ်ချောင်းကိုလဲ ပဓာဏ မထားပဲ သတ်ပစ်လာခဲ့ပါတယ် ။ အဲဒီအတွက်ကြောင့် နတ်ဆိုးမျိုးနွယ်တွေရဲ့ ခေါင်းဆောင် နွားနတ်ဆိုးလို့ခေါ်တဲ့ အားနျိုဟာ နတ်မျိုးနွယ်တွေကို ရုတ်တရက်ဆိုသလို တိုက်ခိုက်ခဲ့ပါတယ် ။ ဒါပေမဲ့ အင်အားချင်းမမျှတာကြောင့် နတ်မင်းတွေရဲ့ အပြစ်ပေးချင်းကိုခံရပြီး သူလေ့ကျင့်ထားသမျှ စွမ်းအားတွေဟာလဲ ပျက်ဆီးသွားခဲ့ပါတော့တယ် ။ ဒီလိုနဲ့ အားနျိုတစ်ယောက် သာမန်လူလိုပဲ လူ့ပြည်မှာသွားလာကျက်စားနေရင်း ယဲ့ရှောင်းရှောင်းဆိုတဲ့ မိန်းမပျိုလေးနဲ့ တွေ့ဆုံကြုံကြိုက်ခဲ့ပါတယ် ။ တွေ့ဆုံမှုကနေတစ်ဆင့် ကံကြမ္မာဖန်လာပြန်တော့ နှစ်ဦးသား အတူတူ ခွင်းလွင်တောင်မှာ ရှိတဲ့ ရတနာကို ဖေးယွင်ရန်းကိုယူဆောင်ဖို့ အတွက်ခရီးဆက်ခဲ့ကြတဲ့အခါ မှာတော့...? သူတို့ ဖြတ်သန်းရာ ခရီးလမ်းကြောင်းမှာ ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ဆုံကြမှာလဲ ? သူတို့နှစ်ဦး ခွင်းလွင်တောင်ရတနာဖြစ်တဲ့ ဖေယွင်းရှန်းကို ယူဆောင်ရတဲ့ အကြောင်းအရင်းကရော ဘာဖြစ်မှာလဲ ? နွားနတ်ဆိုးဖြစ်တဲ့ အားနျိုကရော စွမ်းအားတွေပြန်လည်ရရှိပြီး သူ့ရဲ့နတ်ဆိုးမျိုးနွယ်အတွက် တရားမျှတမှုကို ပြန်လည်ယူဆောင်ပေးမလားဆိုတာ? ဒီဇာတ်ကားလေးကို အခုပဲကြည့်ရှုရအောင်ပါ ။ [Reviwed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action & Adventure • Drama
0 2023 87 mins
Bull Demon King Rise Again
Twins Mission
5.1

Review- အမွှာတွေချည်းပဲဖွဲ့စည့်ထားတဲ့အဖွဲ့အစည့်တစ်ခုမှာ ခေါင်းဆောင်အမွှာညီနောင်၂ဦးဟာ ရည်မှန်းချက်မတူတာကြောင့် ၂ဖွဲ့ကွဲသွားခဲ့ပါတယ် ကျေးညီနောင်၂ဦးလိုတစ်ဖွဲ့ကမကောင်းတဲ့လမ်းစဉ်ကိုလိုက်ပြီး နောက်တစ်ဖွဲ့ကတော့တရားမျှတမှုအဖွဲ့ပါ တစ်ရက်မှာ Lau Hay နဲ့ Uncle Luck ဟာ Heaven's Bead လို့ခေါ်တဲ့အစေ့ကိုဟောင်ကောင်ကိုသယ်ယူလာတုန်းခြုံခိုတိုက်ခိုက်ခံရတာကြောင့် လမ်းမှာတင်ပျောက်ဆုံးသွားခဲ့ပါတယ် ဒီအစေ့ကိုမှော်စွမ်းအင်တွေရှိပြီး သေဆုံးသွားတဲ့လူတွေကိုပြန်ခေါ်နိုင်တယ်လို့ ယုံကြည်တာကြောင့် လူဆိုးအမွှာအဖွဲ့လိုက်ရှာတာကို နောက်တစ်ဖွဲ့ကတားဆီးတာပဲဖြစ်ပါတယ် တစ်ဖက်မှာလဲမြို့တော်စီမံကိန်းတွေရှိနေတယ့် Professor Mok ဟာ သူ့တူမ Li ပိုင်ဆိုင်တဲ့မြေနေရာကွက်တွေကိုလိုချင်နေတာကြောင့် နေမကောင်းဖြစ်နေတဲ့သူ့ညီမကို Heaven's Bead နဲ့အကျပ်ကိုင်လာပါတယ် Lau Hay နဲ့ Uncle Luck တို့ဟာအင်အားမမျှတာကြောင့် ပျောက်ဆုံးနေတဲ့အမွှာအဖွဲ့သားတွေကိုအကူအညီတောင်းလာရပါတော့တယ် သူတို့တွေHeaven's Bead ကို ဘယ်လိုပြန်ယူမလဲ Li ညီအစ်မနှစ်ယောက်ကိုပါဘယ်လိုကယ်တင်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Son Gohan ပါ ) File Size__(1.8GB) Quality__BluRay_720p IMDb Rating__5.1/10 Format__mp4 Duration__01:33:00 Type__Action, Comedy, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Son Gohan Encoded by Naing Aung Latt

Drama
5.1 2007 103 mins
Twins Mission
The Royal Nanny
6.5

ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ spy kids တို့ spy next door တို့လိုမျိုး ပေါ့ပေါ့ပါးပါးလဲဖြစ်မယ် ခိုင်မာတဲ့ဇာတ်အိမ်လေးလဲရှိမယ် မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး အပန်းဖြေကြည့်ရှုဖို့ဆိုရင်တော့ နောက်ဆုံးထွက်လာတဲ့ ဒီဗြိတိန်ကားလေးကို ညွှန်းဆိုပေးပါရစေ ‌ ဗြိတိန်တော်ဝင်မိသားစုကို အန္တရာယ်ပေးမယ့်သူတွေရှိနေလို့ အနီးကပ်အသွင်ယူအနေနဲ့ ကလယ်ရာဟာ ‌ကလေးထိန်းအဖြစ်တာဝန်‌ထမ်းဆောင်ဖို့ အကြောင်းဖန်လာပါတယ် ဒီခြိမ်းခြောက်မှုကို ကြိုးကိုငါနေတာဘယ်သူလဲဆိုတာ ဇာတ်လမ်းအဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့်အပြင် ခရစ္စမတ်လို ဟောလီဒေးvibe ကို ရရှိနေမှာမလို့ ပရိသတ်ကြီးတို့ အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.5GB | 688MB | 329MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... August

Action • Comedy • Fantasy
6.5 2022 84 mins
The Royal Nanny
xxxHOLiC
6.9

Clamp ရဲ့ mangaစီးရီးဖြစ်တဲ့ xxxHOLiC ကို Live action အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ "ဝါတနုကိ"ဆိုတဲ့ အထက်တန်းကျောင်းသားမှာ တခြားသူတွေမမြင်နိုင်တဲ့ အငြိုးကြီးတဲ့သရဲတစ္ဆေတွေကို မြင်နိုင်စွမ်းရှိပါတယ်။ တစ်ချိန်လုံး ဒါတွေကိုပဲမြင်နေရပြီး သူတို့လက်ကလွတ်အောင် ထွက်ပြေးနေရတာမို့ ဘယ်သူနဲ့မှ ခင်မင်ပေါင်းသင်းလို့မရဘဲ တစ်ယောက်တည်းဖြစ်နေပါတယ်။ သူက ဒီလိုမြင်နေရတဲ့ဘဝကနေလွတ်ပြီး သာမန်ဘဝမှာနေထိုင်ချင်နေတာပါ။ တစ်နေ့မှာတော့ သူဒီလိုတွေမြင်နေရတုန်းမှာ လိပ်ပြာတစ်ကောင်ရောက်လာပြီး သူ့ကိုဆန်းကြယ်တဲ့ဆိုင်တစ်ခုဆီခေါ်သွားပါတယ်။ ဆိုင်ရဲ့ပိုင်ရှင်ဖြစ်သူကတော့ ယုကိုစံလို့ခေါ်တဲ့မှော်ဆရာမတစ်ယောက်ပါ။ ဒီဆိုင်က ဆုတောင်းတဲ့သူတွေရဲ့ရှေ့မှာမှပေါ်လာတတ်တာဖြစ်ပြီး ဆုတောင်းတစ်ခုကိုပြည့်အောင် ဖြည့်ပေးပါတယ်။ ဒါပေမဲ့ ဆုတောင်းနဲ့တန်တဲ့ တန်ကြေးတစ်ခုကိုတော့ ပြန်ပေးဆပ်ရပါတယ်။ ဝါတနုကိရဲ့ သရဲမမြင်လိုတဲ့ဆုတောင်းနဲ့ ပြန်ပေးဆပ်ရမဲ့တန်ကြေး၊ ပြီးတော့ သူဘာတွေကြုံရဦးမလဲဆိုတာတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5.2/10 Format__mp4 Duration__02:00:00 Type__Adventure, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Comedy • Crime
6.9 2022 110 mins
xxxHOLiC
God's Creatures
6

Game Of Throneထဲက မင်းသမီး ချောလေး Aisling Franciosiနဲ့ Corpse Bride နဲ့ Chernobylတို့မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ မင်းသမီးကြီးEmily Watsonတို့ရဲ့ဇာတ်ကားကောင်းလေးလာပါပြီ။ အေးလင်ရဲ့သားဖြစ်သူ ဘရိုင်ယန်ဟာ မိခင်ရှိရာဆီကို နှစ်အတော်ကြာမှပြန်ရောက်လာခဲ့ပါတယ်။ သားအမိ၂ယောက်အလွမ်းသည်လို့မှ မဆုံးသေး ဘရိုင်ယန်တစ်ယောက် လက်အငြိမ်မနေ ခြေမငြိမ်နေမှုကြောင့် ဆာရာဆိုတဲ့ကောင်မလေးကို မုဒိန်းကျင့်ပါတယ်ဆိုပြီး တရားစွဲခံရပါတော့တယ်။ သူတကယ်ပဲ ဆာရာကို မုဒိန်းကျင့်ခဲ့သလား၊ သူဒီအမှုကနေရော လွတ်မြောက်သွားပါ့မလား၊ သားအမိ၂ယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ တွေးရင်းတွေးရင် ကြည့်ရှု့ရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…(1.28GB)  / (665.65MB) / (303.28MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Comedy • Horror
6 2022 101 mins
God's Creatures
[18+] Usotsuki Paradox
5.3

ရုံးဝန်ထမ်းအသစ်ဖြစ်တဲ့ ဆဲအိယုဆိုတဲ့မိန်းကလေးကို ယောခဒိုကသဘောကျနေတယ်၊ ဒါပေမယ့် ဆဲအိယုမှာက LDRS ချစ်သူရှိတယ်၊ နာဂိုယာမှာရှိနေတဲ့ချစ်သူကိုခဏခဏ သွားမတွေ့နိုင်ဘူးတစ်လမှာတစ်ခါလောက်ပဲ ဆဲအိယုကသွားတွေ့နိုင်တယ်၊ Singleလေး ယောခဒိုက ရည်းစားရှိမှန်းသိလျက်နဲ့ ဆဲအိယုကို အိစီကလိလုပ်နေတယ်၊ ဆဲအိယုလည်း သူ့ကိုသဘောကျနေပေမယ့် ချစ်သူအပေါ်သစ္စာဖောက်မိမှာလည်းစိုးရိမ်တယ် ချစ်သူနဲ့တစ်လမှတစ်ခါပဲသွားတွေ့ရတဲ့သူနဲ့ Single ဖြစ်နေတဲ့သူက အထီးကျန်နေရတာကများတယ်၊ အထီးကျန်ဝေဒနာကိုဖြေဖျောက်ဖို့အတွက် လိင်ကိစ္စကလွဲလို့ တစ်ယောက်နဲ့တစ်ယောက်ဟန်ဆောင်ချစ်သူတွေလုပ်ကြဖို့သဘောတူလိုက်တယ် ဒီလိုနဲ့ ယောခဒိုကစည်းမျဉ်းကိုတဖြည်းဖြည်းနဲ့စဖောက်လာတဲ့အခါမှာတော့.... 18+ ဖြစ်တဲ့အတွက်မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်တော်ပါဘူး File Size :(2.1GB)(600 MB) and (263 MB) Quality : Blu-Ray 720p Format…mp4 Duration…01:25:00 Genre : Romance , Adult Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

Horror
5.3 2013 83 mins
[18+] Usotsuki Paradox
Revealed: The Cape
5.5

Revealed: The Cape (2023) =================== ၂၀၀၃ခုနှစ်မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို Documentary တစ်ခုအနေနဲ့ ပြန်လည်ရိုက်ကူးထားတယ် ၂၀၀၃ခုနှစ်၊ဇွန်လ သြစတေးလျပင် လယ်ကွေ့တစ်နေရာမှာ ပျောက်သွားတဲ့သားအဖနှစ် ယောက်အကြောင်းပါပဲ၊ နှစ် (၂၀)အကြာမှာတော့ Documentary တစ်ခုအနေနဲ့ ဖန်သားပြင် ပေါ် တင်ဆက် ချပြလာပါတယ်။ လူပျောက်တဲ့ နေရာက Cape York ကျွန်းဆွယ်မှာဖြစ်ခဲ့တာပါ။ လူသူအ ရောက်အ ပေါက်နည်းတဲ့ပင်လယ်ကွေ့လို နေရာမျိုးက သားရဲ ကောင် တွေကြီးစိုးတဲ့ နေရာပါပဲ။ အဲဒီဒေသမှာ နေထိုင်ကြတဲ့သူတွေကလည်း တံငါအလုပ်ကို မျိုးရိုးစဥ်ဆက်လုပ် ကြပြီးတော့ တော်ရုံလူမလာရဲတဲ့ကျွန်းဆွယ်တစ်ခုပါပဲ။ ပြောရရင် အဲဒီမှာနေတဲ့ သူတွေထဲ ရာဇဝတ်မှု မကျူးလွန်ဘူးတဲ့လူရယ်လို့မရှိဘူး။ အကုန်လုံးက ဇိုးတွေ ပေါ့ဗျာ။ ၂၀၀၃ခုနှစ်၊ဇွန်လမှာ ဘေဗင် ဆေမွန်နဲ့ဘရက် ဆေမွန်တို သားအဖနှစ် ယောက်ဟာ ပင်လယ်ထဲမှာ ပိုက်ဆယ်ဖိုထွက်သွားခဲ့ကြပေမဲ့ ပြန်မရောက်လာခဲ့ ကြဘူး။ ဒီတော့ ဇာတ်လမ်းက ဒီကစပြီး တွေးစရာ တွေ ပေါ်လာပြီ။ ဒီလို ဒေသ မျိုးမှာ လူပျောက်သွားတယ်ဆိုရင် မိတ်ဆွေတို့ဘယ်လို တွေးကြမလဲ။ ငါးမန်းတွေပဲ စားသွားတာလား၊ မုန်တိုင်းမိလို လှေနစ်သွားတာလား၊ ဒေဝေါကြီးများဖမ်းစားသွား တာလား၊ လူ ရော၊ လှေ ရော ပျောက်သွားရခြင်းရဲ့နောက်ကွယ်မှာ အဆိုးတကာ့ အဆိုးဆုံးသားရဲကောင်က ဘယ်ကောင်ဖြစ် နေမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size……….(2.4 GB) / (877 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary Translator……ZWT Encoder……….SWM

Action • Comedy • Family
5.5 2023
Revealed: The Cape
Perfect Hotel Manager
5.8

အခု တစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဘာသာပြန်တင်ဆက်ပေးမှာကတော့ ပုံမှန်ရုပ်ရှင်တွေနဲ့ မတူတဲ့ လူ့စိတ်ကို စမ်းသပ်တဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ယင်ရှန့်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကနေပြီး ကစားပွဲတစ်ခုကို လုပ်ခဲ့ပါတယ်။ ဒီကစားပွဲမှာ အနိုင်ရသူက ကျိုရှီဟိုတယ်ကို ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်။ ကစားပွဲကို ပါဝင်ခွင့်ရသူက…… ကျိုးပင်းချန်- အသက် ၃၀ အိမ်ထောင်မရှိ၊ အတွင်းခံဆိုင်ပိုင်ရှင်၊ မိသားစုနဲ့ မိတ်ဆွေတွေက အိမ်ထောင်ပြုဖို့ တိုက်တွန်းနေကြပေမဲ့ အိမ်ထောင်ရေးအပေါ် အယုံအကြည်မရှိသူ…… ကျာထျန်းရှန်း – တက်ခ်စီကားဆရာ အသက် ၄၀၊ ဘဝမှာ ဖိအားအပြည့်နဲ့ အောင်မြင်မှုဆိုတာ မရှိဖူးဘူး။ မိသားစု ဆက်ဆံရေးကလည်း မကောင်းနေဘူး…… ကျာထျန်းကျင့် – ကျာထျန်းရှန်းရဲ့ ညီလေး ၊ အသက် ၃၁ နှစ်၊ ဘဏ္ဍာရေးကုမ္ပဏီတစ်ခုမှာ မန်နေဂျာရာထူးရထားသူ။ အောင်မြင်မှုတွေ အနာဂတ်ကောင်းတွေ ရှိနေပေမဲ့ စိတ်ညစ်စရာတွေလည်း ရှိနေသူ…… ဟူကျယ် – အသက် ၂၂ နှစ် တက္ကသိုလ်ဘွဲ့ရခါစ၊ လူမှုပတ်ဝန်းကျင်ထဲကို မရောက်ဖူးသေးဘူး၊ အခုတစ်လော ရည်းစားနဲ့ လမ်းခွဲထားရတဲ့အတွက် စိတ်ညစ်နေရသူ…… သူတို့ ၄ ယောက်က အလှည့်ကျ ဟိုတယ်ပိုင်ရှင်အဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး အကောင်းဆုံးလူကို မဲပေးစနစ်နဲ့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ ဟိုတယ်တစ်ခုလုံးကို ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်တဲ့အတွက် လောဘရဲ့ လှုံ့ဆော်မှုကြောင့် လူတွေက ဘယ်လိုအကြံအစည်မျိုးတွေ ကြံစည်ကြမလဲ…… သူတို့ ၄ ယောက် ဒီ ၁၂ ရက်တာ အချိန်အတွင်းမှာ ဘယ်လို ဖြတ်သန်းကြမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.8 2024
Perfect Hotel Manager
Christmas with the Singhs

Christmas with the Singhs ဇာတ်ကားလေးကတော့ ခရစ်စမတ်ရဲ့ ပျော်ရွှင်ဖွယ်အချိန်တွေနဲ့ မတူကွဲပြားတဲ့ ရိုးရာယဉ်ကျေးမှုတွေကို ပေါင်းစပ်ပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားပါ။ အဓိကဇာတ်ဆောင် Anuja Joshi နဲ့ Benjamin Hollingsworth တို့ရဲ့ ခရစ်စမတ် အတူဖြတ်သန်းရင်း မိသားစုအကြား နားလည်မှုလွဲတာတွေကို တဖြည်းဖြည်းနဲ့ဖြေရှင်းတာကို ပေါ့ပေါ့ပါးပါးရိုက်ကူးဖော်ပြထားပါတယ်။ ရုပ်ရှင်ကတော့ ဟာသ၊ ချစ်ခြင်းမေတ္တာနဲ့ မိသားစုတန်ဖိုးကို ပျော်ရွှင်စရာပုံစံလေးနဲ့ရိုက်ထားပြီ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ချမ်းသာစေမှာပါ ။ ကြည့်ရင်း ပျော်စရာကောင်းတဲ့ ခရစ်စမတ်ရဲ့ အလှတွေကိုလည်းရိုက်ကူးထားတဲ့အတွက်ကြောင့် မိသားစုနဲ့နွေးထွေးစွာကြည့်လို့ရမယ့်ဇာတ်ကားလေးပါ။ File size…(1.5 GB)/(852 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Romance, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

Animation • Comedy • Action • Family • Science Fiction
0 2024
Christmas with the Singhs
Lizzie Lazarus
4.3

Lizzie Lazarus (2024) ဒီဇာတ်ကားလေးကတော့ Horror, Mystery, Thriller, နဲ့ Drama အမျိုးအစားဖြစ်ပြီး 1990 ခုနှစ် Summer Solstice ကာလမှာ သေဆုံးသူ Lizzie ကို အသက်ပြန်သွင်းဖို့ ကြိုးစားကြတဲ့ Lizzie ရဲ့အစ်မဖြစ်သူနဲ့ Lizzie ရည်းစားတို့အကြောင်းကို ရိုက်ကူးထားတဲ့ Horror ဇာတ်ကားပဲဖြစ်ပါတယ်။ မတော်တဆဖြစ်ပြီး သေဆုံးသွားခဲ့တဲ့ Lizzie ကို အသက်သွင်းဖို့ တောကြီးထဲကို သူတို့နှစ်ယောက် Lizzie အလောင်းကိုသယ်ရင်း သွားကြတဲ့အခါ လမ်းတစ်လျှောက် သူတို့ပြောသွားကြတဲ့အကြောင်းအရာတွေက ဘယ်လိုဆက်စပ်မှုရှိမလဲ၊ ဘယ်လိုနည်းကို အသုံးပြုပြီး အသက်သွင်းကြမှာလဲ၊ လမ်းထဲမှာရော ဘယ်လိုမျိုး အနှောင့်အယှက်တွေ တလွဲတွေ ဖြစ်ဦးမလဲ၊ Lizzie ကရော တကယ်ပြန်ရှင်လာပါ့မလားဆိုတာကို အဖြေရှာစောင့်ကြည့်ရမှာဖြစ်သလို သွေးထွက်သံယိုတွေ အော့နှလုံးနာစရာမြင်ကွင်းတွေ ပါဝင်မှုအနည်းဆုံးဖြစ်လို့ အသည်းငယ်သူတွေလည်း ကြည့်လို့ရမှာဖြစ်ပြီး ဇာတ်အေး Horror တွေကိုသဘောကျနှစ်ခြိုက်တဲ့ ပရိသတ်တို့အတွက် ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vivien Cho ဖြစ်ပါတယ်။) File size…(1 GB) / (670 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Thriller Duration….01:32:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Vivien Cho

4.3 2024 91 mins
Lizzie Lazarus