YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Guns.and.Gulaabs.S01E07.Chapter.7+8.Raat.Baaki.1080p.NF.WEB-DL.YK(CM).mp4

1.18 GB N/A video/mp4 211 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Blind
7

Blind 2023 Neerja လေယာဉ်ပြန်ပေးဆွဲတဲ့ကားထဲက လေယာဉ်မယ်လေး ဆိုနမ်ကပူးရ် ခေါင်းဆောင်အနေနဲ့ပါဝင်ထားတဲ့ အိန္ဒိယ crime/thriller ရုပ်ရှင်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း ထိပ်တန်းရဲအရာရှိတစ်ဦးဖြစ်တဲ့ဂျီယာဟာ မိဘမဲ့ဂေဟာမှာအတူကြီးပြင်းခဲ့တဲ့ မောင်လေးဖြစ်သူ အေဒရီရန်အပေါ် အစ်မအရင်းလိုတာဝန်ကျေတဲ့သူတစ်ဦးပါ။ တစ်နေ့မှာတော့ မောင်လေးဖြစ်သူကိုကလပ်ကနေ ဆွဲခေါ်လာပြီးအပြန်မှာ မတော်တဆမှုတစ်ခုကြောင့် အမြင်အာရုံဆုံးရှုံးလိုက်ရပြီး မောင်လေးဖြစ်သူနဲ့ အရာရှိဘဝကိုပါ စွန့်လွှတ်လိုက်ရပါတယ်။ တစ်နေ့တော့ မိဘမဲ့ဂေဟာကအပြန် လမ်းမှာတက္ကစီငှားရင်း မထင်မှတ်ထားတဲ့ လူသတ်မှုတစ်ခုကို ကိုယ်တိုင်ကြုံလိုက်ရပြီး တစ်ဦးတည်းသောသက်သေ ဖြစ်သွားတဲ့ချိန်မှာ မျက်မမြင်တစ်ယောက်ရဲ့စကားကို ဘယ်သူမှလက်မခံခဲ့ပါဘူး။ ဒီလိုနဲ့ ဂျီယာဟာ ရဲဝန်ထမ်းဟောင်းတစ်ယောက်အနေနဲ့ ဒီအမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမှာလဲ သူကိုယ်တိုင် လူသတ်သမားကို ရှာတွေ့နိုင်မှာလားဆိုတာ အဖြေရှာရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~Zwe~V~BpLတို့ပဲဖြစ်ပါတယ်။ File size…1.8GB / 737MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~Zwe~V~BpL

Comedy • Drama
7 2023
Blind
Tomb Adventurer

အခုတစ်ခါ CM က ဘာသာပြန်တင်ဆက်ပေးမှာကတော့ Tomb Adventure (2022) ဆိုတဲ့ သည်းထိတ်ရင်ဖိုကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဟူပါးယီး တို သူငယ်ချင်း (၃) ယောက်ဟာ ရွာသားတွေ ပြောပြတဲ့ ပန်းထိုးဖိနပ်ပုံပြင်နဲ့ အလိမ်ခံလိုက်ရပြီး ရှန်ရှီးဂူလန်ခရိုင်ကို သွားခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက် အန္တရာယ်တွေနဲ့ကြုံတွေခဲ့ရပြီး တည်းခိုဆောင်မှာ မျက်ကန်းချိန်ရဲ့ သတိပေးမှုကြောင့် ရွာသားတွေရဲ့ ထောင်ချောက်ထဲက ရှောင်ပြေးနိုင်ခဲ့ပါတယ်။ သူတို (၃) ယောက်သား မတော်တဆ Longling ဝင်္ကပါဂူကြီးထဲ ပြုတ်ကျသွားခဲ့ပြီး ထိုဂူထဲမှာ လင်းနိုတွေ တိုက်ခိုက်တာခံခဲ့ရပြီးနောက် ကိုယ်ပေါ်မှာ အနီရောင်အကွက်တွေ ထွက်လာတော့ ဦးလေးဝမ်အိမ်မှာ အနားယူဖို ဆုံးဖြတ်လိုက်ကြတယ်။ အဲ့အချိန်မှာပဲ အနီကွက်အကြောင်းလာစုံစမ်းတဲ့ Shirley နဲ့ တွေကြတာပေါ့ သူတိုနဲ့ Shirley တိုတွေ့ဆုံပြီးနောက် အနီကွက်ကြီးကို ကုသဖို ဘယ်လိုနည်းလမ်းတွေရှာကြမလဲ...... သူတိုလမ်းခရီးတစ်လျှောက်မှာကော ဘယ်လို အန္တရယ်မျိုးတွေနဲ့ ဘယ်လို ထူးဆန်းတဲ့ အရာတွေကြုံတွေ့မလဲ ဆိုတာတွေကို CM ရဲ့ ဘာသာပြန်လေးနဲ့အတူ သည်းထိတ်ရင်ဖို လိုက်ပါခံစားလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h 30min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Adventure • Drama • Thriller
0 2022 90 mins
Tomb Adventurer
The Kissing Booth 2
7.7

လာပါပြီ အကုန်လုံး​စောင့်​မျှော်​နေကြတဲ့ Kissing Booth 2 ..... အခု 2 မှာ​တော့ မင်းသမီးအယ်ဗန်စ်နဲ့သူ့​ဘော်ဒါလီတို့ ဖိုင်နယ်​ကျောင်းသား​တွေဖြစ်သွားကြပါပြီ မင်းသားနိုအာကလည်း ​​ကျောင်းဆက်တက်ဖို့အတွက် ​ ဘော်စတွန်ကိုထွက်သွားရပါတယ် လီမှာကလည်း ​ရေချယ်ဆိုတဲ့ကောင်မ​လေး နဲ့ ချစ်သူ​တွေဖြစ်​နေကြပါတယ် မင်းသမီးအ​နေနဲ့နိုအာ့ကိုလွမ်း​နေတုန်း နိုအာက​တော့ ​ဘော်စတွန်မှာသူငယ်ချင်း​ ကောင်မ​လေးအသစ်ရသွားပါတယ် မင်းသမီးကလည်း ​နောက်ထပ် ​ စော်ကြည်ဘဲကောင်​လေးတစ်​ယောက်နဲ့သူငယ်ချင်းဖြစ်သွားပါတယ် အမြဲတပူးပူးတတွဲတွဲဖြစ်​နေကြ မင်းသမီးနဲ့လီတို့သူငယ်ချင်းနှစ်​ယောက်ကြားမှာ ​ ရေချယ်​ရောက်လာ​တော့ဘယ်လိုပြဿနာ​တွေဖြစ်လာမလဲ မင်းသမီးနဲ့နိုအာကြားက အချစ်​ရေးက​ကော ပျက်စီးသွားမလား ပိုပြီးခိုင်မာလာမှာလားဆိုတာ ဆက်ပြီးကြည့်ရှုပါဦးလို့..... File Size -  1.8 gb Quality - web-dl 1080p Subtitle -  burmese Translator - Augsut , Pyae Shan Tun Wai , YK , Dolly Encoder - Thit San Khant

Comedy • Family
7.7 2020 132 mins
The Kissing Booth 2
The Killer
7

The Killer(2022) အညွှန်း ******************** အက်ရှင်ကားငတ်နေတဲ့သူတွေအဖို့တော့ နင်းကန်လန်းပါတယ်.. မင်းသားက အရေးအကြောင်းဆိုရင် မိန်းကလေးဖြစ်နေလည်း မျက်နှာတွေဖြတ်ရိုက်သလို ကျောင်းသားအရွယ်ဖြစ်နေလည်း သူ့ရန်ရှာရင် ခြေထောက်တွေ လက်တွေ မျက်တောင်တစ်ချက်မခတ်ဘဲ ရုက်ချိုးပစ်ပါတယ်.. တကယ့်လူမိုက်တွေဆိုရင်တော့ပြောမနေနဲ့တော့… ဘန်ဝီဂန်ဆိုတဲ့ ဘဲတစ်ပွေဟာ သူ့ကောင်မလေး အပျော်ခရီးမထွက်ခင် ကလေးမလေးတစ်ယောက်ကို သွားတဲ့ကာလအတွင်း စောင့်ရှောက်ပေးဖို့ မှာသွားခဲ့တယ်… သူကလည်း မကောင်းတတ်လို့သာ လက်ခံလိုက်ရတယ်..၁၇ နှစ်အရွယ်ကလေးမလေးဆိုတော့ အရာရာစူးစမ်းချင်စိတ်တွေပြည့်နေတဲ့အရွယ်လေး.. ဒါ့ကြောင့် အိမ်မလိုက်ချင်ဘူး သူငယ်ချင်းအိမ်မှာပဲနေမယ်ဆိုတော့ သူက ပိုက်ဆံတောင် သုံးဖို့စွဲဖို့ ထည့်ပေးလိုက်သေးတယ်… အဲ့ဒီနောက်မှာတော့ ပြဿနာမျိုးစုံတက်တော့တာပါပဲ… ဘာတွေလဲဆိုတာကိုတော့ ………………… File Size :(1.89GB) (700MB) and (220 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:35:00 Genre : Action , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Estel,Song Song & So Ri Encoded by Phyo Pyae

Crime • Drama
7 2022 95 mins
The Killer
Amy’s F**k It List
5.1

Amy’s F**k It List (2023) လူ့ဘဝကြီးမှာ မသေခင်လုပ်ချင်တဲ့အရာတွေကို bucket list လုပ်တယ်ဆိုပြီး ကြားဖူးမှာပေါ့ ဘဝမှာ ကားဝယ်နိုင်ရမယ် ဟိုသွားနိုင်ရမယ် ဒီသွားနိုင်ရမယ် ဘာညာပေါ့ ခုဇာတ်ကားလေးထဲမှာလဲ အေမီဆိုတဲ့ကောင်မလေးက ရုတ်တရက်ကြီး ကင်ဆာရှိနေလို့ တစ်ပတ်လောက်ပဲ ခံတော့မယ်ဆိုတာသိလိုက်ရပါတယ် အဲ့အချိန်မှာ သူက bucket list ရဲ့ next level အနေနဲ့ F**ket list ဆိုပြီး ရှိသမျှသူ့ဘဝမှာ မကျေနပ်ခဲ့သမျှတွေကို လက်ခလယ်ထောင်ပြပါတော့တယ် ဇာတ်လမ်းလေးက ဘတ်ဂရောင်းမြူးဇစ်လေးနဲ့အတူ ခပ်မြူးမြူးလေးကြည့်ရှုရမဲ့အပြင် ဇာတ်ဆောင်မင်းသမီးနဲ့အတူ မိမိရဲ့မကျေနပ်ချက်တွေ လောကကြီးကို အရွဲ့တိုက်လိုက်ရသလိုခံစားရမှာပါ ဘဝရဲ့မွန်းကျပ်မှုတွေဖြေဖျောက်ချင်နေတဲ့သူတွေအတွက် အကူအညီဖြစ်ရအောင် ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 720p File size… 594MB Format… mp4 Duration…. 1h 18min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. August

5.1 2023 78 mins
Amy’s F**k It List
The Birds
7.6

Classic Films တွေကြိုက်တဲ့သူဆို Alfred Hitchcock ကို သိကြမယ်ထင်ပါတယ်။ ဒီဇာတ်ကားက England က Sir ဘွဲ့ရထားတဲ့ directior တစ်ယောက်ဖြစ်သလို Film လောကမှာ influential အဖြစ်ဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့ Alfred Hitchcockရဲ့ လက်ရာဖြစ်ပါတယ်။ ‌ ထပ်ဆင့်အနေနဲ့ နာမည်ကြီး စာရေးဆရာမ Daphne Du Maurier ရဲ့ ‘The Birds’ အမည်ရ ၀တ္ထုကို ရုပ်ရှင် ပြန်ရိုက်ထားတာဖြစ်ပါတယ်။ 1963 က ထွက်တာဆိုပေမည့် ခုထိ မဟောင်းသွားဘဲ ကောင်းနေဆဲပါပဲ။ IMDb မှာ 7.6 ရရှိထားပါတယ်။ ဇာတ်လမ်းအကြောင်းတော့ အများကြီးပြောမနေတော့ပါဘူး။ ဒီတိုင်း ဘာမှမသိထားဘဲ ကြည့်လိုက်တာ ပိုကောင်းမယ် ယူဆပါတယ်။ File size…(2.7 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:59:00 Genre…Drama, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by BB

7.6 1963
The Birds
Lohusa
5.4

Postpartum Depression ဆိုတာ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ကလေးမွေးဖွားပြီးခါစ မေမေတွေမှာဖြစ်တတ်တဲ့ စိတ်ကျရောဂါလက္ခဏာတွေဖြစ်ပြီးတော့ မေမေတွေအတွက်ခက်ခက်ခဲခဲကျော်ဖြတ်ရတဲ့ stage ပဲဖြစ်ပါတယ်။အခုမိတ်ဆက်ပေးချင်တာကတော့ postpartum အကြောင်းကိုအခြေခံပြီး၊ ကလေးမွေးထားခါစမေမေနှင့် ဖေဖေတို့ ကြုံတွေ့ရတဲ့ပထမ ဆုံးရက် ၄၀အကြောင်းကိုရိုက်ကူးထားတဲ့ Lohusa ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ Netflix ကနေထွက်ရှိထားပြီး Rating 5.4 ရရှိထားတဲ့ (comedy/romance) ဇာတ်ကားလေးဖြစ်ပြီး အမျိုးသမီးတွေကြားထဲက အချင်းချင်းကူညီဖေးမမှုအရေးကြီးပုံနဲ့ ကလေးကိုပြုစုရာမှာဖေဖေရဲ့အရေးကြီးပုံကိုလည်း ပြထားတဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်နေစဥ်နှင့် မွေးပြီးခါစ မှာ postpartum Depression ဖြစ်တာကပုံမှန်ဆိုတာကို မသိတဲ့ဇာတ်ဆောင်ဟာ အရမ်းသန်မာတဲ့မေမေလုပ်ချင်ပြီး တစ်ယောက်တည်းဘယ်သူ့အကူညီမှမယူဘဲ လူမှုရေးတွေရော၊ ကလေးကိစ္စတွေရော လုပ်တာကနေပြဿနာတွေစဖြစ်ပါတော့တယ်။ ဘယ်လိုပြဿနာတွေလဲ သူဘယ်လိုကျော်လွှားမလဲ စတာတွေကိုတစ်ကားလုံးဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်းလေးမို့တင်ဆက်လိုက်ရပါတယ်။ ကိုကိုတွေမောင်မောင်တွေနဲ့အတူတူကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားလေးဆိုလည်းမမှားပါဘူး။ File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:58:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Theint

5.4 2024
Lohusa
The Hustler
7.9

ဒီဇာတ်ကားဟာ ၁၉၅၉ ခုနှစ်ထွက် အမေရိကန်စာရေးဆရာ Walter Tevis ရဲ့ အမည်တူစာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ Edward “Fast Eddie” Felson ဆိုသူ pool player တစ်ယောက်ရဲ့ အနိုင်အရှုံးတွေအကြောင်းပါ။ အက်ဒီဟာ နယ်လှည့်ကာ ကျူထိုးရင်း အသက်မွေးနေတဲ့သူတစ်ယောက်ပါ။ ကစားပွဲအစမှာ မကစားတတ်ချင်ယောင်‌ဆောင်ပြီး နောက်မှကြေးမြှင့်ကာ အနိုင်ယူတတ်တဲ့ Hustler တစ်ယောက်။ သူ့ရဲ့ရည်မှန်းချက်ဟာ ၁၅ နှစ်လုံး ဘယ်သူမှအနိုင်မယူနိုင်ခဲ့တဲ့ ဂန္ဓ၀င်ကစားသမားကြီး Minnesota Fats ကိုအနိုင်ယူဖို့ဖြစ်တာကြောင့် စိန်ခေါ်လိုက်တဲ့အချိန်မှာ နိုင်နိုင်ရှုံးရှုံး ဘယ်အချိန်ရပ်ရမယ်မှန်းမသိဘဲ အရည်အချင်းတစ်ခုပဲရှိတဲ့ အက်ဒီတစ်ယောက် ဘယ်လိုမျိုးတွေဖြစ်လာမလဲ။ နှဲသမားပါးစပ်လို ပိန်‌လိုက်ဖောင်းလိုက်ဖြစ်နေတဲ့ သူ့ဘ၀ရဲ့အဆိုးဆုံး အခြေအနေမှာ ဆာရာဆိုသူမိန်းကလေးတစ်ယောက်နဲ့လည်း ဆုံဖြစ်ခဲ့တယ်။ ဇာတ်လမ်းအစကနေ အဆုံးထိ အက်ဒီဟာ တကယ့်ကို ငယ်ရွယ်တဲ့လောင်းကစားသမားတစ်ယောက်ပီသခဲ့ပါတယ်။ File size…(1.8 GB)/(810 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:14:00 Genre… Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Drama
7.9 1961 134 mins
The Hustler
Flawless

Flawless ကတော့ thriller comedy ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ လုံခြုံရေးဝန်ထမ်းအဖြစ်အလုပ်လုပ်ခဲ့ဖူးတဲ့ ဝေါ့ဟာ တိုက်ထဲမှာဖြစ်ပျက်ခဲ့တဲ့ မတော်တဆမှုတစ်ခုကနေ ခန္ဓာကိုယ်တခြမ်းလေဖြတ်သွားခဲ့ပါတယ်။ သူ့ရဲ့ကျန်းမာသန်စွမ်းတဲ့ခန္ဓာကိုယ်ကိုဆုံးရှုံးခဲ့ပြီးနောက်စိတ်ဓာတ်ကျနေတဲ့ဝေါ့ဟာ စကားတောင်ပြီးပီပြင်ပြင်မပြောနိုင်တော့တာကြောင့် သူ့ရဲ့တိုက်ခန်းမှာနေတဲ့ သူနဲ့အစေးမကပ်တဲ့ drag queen တစ်ယောက်ဆီမှာ သီချင်းဆိုလေ့ကျင့်ဖို့အကြာင်းဖန်လာပါတော့တယ်။ ရှေးရိုးစွဲအမျိုးသားတစ်ဦးနဲ့ ဖျော်ဖြေရေးမိန်းမရှာတို့ရဲ့ကမောက်ကမဆက်ဆံရေးနဲ့ သူတို့တိုက်ထဲမှာဖြစ်ပျက်နေတဲ့မှုခင်းအရှုပ်ထုပ်တွေကို ရီစရာဟာသလေးတွေနဲ့ စိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size…(1.3 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Senju

Comedy • Crime • Drama
0 1999
Flawless
Dance Your Life
5.8

ဒီနေ့မှာတော့ အကကို ဘဝလို့သတ်မှတ်ပြီး… ဘဝအတွက် အကကို ဆက်ကချင်နေတဲ့ ယွီရှင်းဆိုတဲ့ ကောင်မလေးအကြောင်းကို ရိုက်ကူးထားတဲ့ကားလေးကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်… ဒီကားလေးမှာဆိုရင် မိဘနှစ်ပါးထဲမှာတောင် အမေက အသည်းအသန် ကန့်ကွက်ထားတဲ့အတွက် အဖေနဲ့ပေါင်းကြံပြီး ပေကျင်း တက္ကသိုလ်မှာ အကမေဂျာယူခဲ့ပေမယ့်… အမေစိတ်ပူသလိုမျိုး အလုပ်လက်မဲ့ဘဝမရောက်နိုင်ဘူးဆိုတာကို သက်သေပြနိုင်တော့မှာကို တွေးတွေးပြီး ပီတိတွေနဲ့ ဇာတိမြေကို ပြန်လာခဲ့တယ်… ဒါပေမယ့် အမေရဲ့ ” ဆက်မကရဘူး” ဆိုတဲ့ စကားတစ်ခွန်းက သူ့အိပ်မက်အားလုံးကို သဲထဲရေသွန်ဖြစ်စေခဲ့ချိန်မှာတော့… သူလည်း ဘဝမှာ ပထမဆုံးမိခင်ကိုဆန့်ကျင်ပြီး အိမ်ပေါ်က ဆင်းသွားခဲ့တာပေါ့… ကဲ သူ့အိပ်မက်ကို ရှေ့ဆက်အကောင်အထည်ဖော်နိုင်မှာလား… သူ့အမေတားသလိုပဲ တကယ် အကနဲ့ သက်မွေးပြုဖို့ဆိုတာ မဖြစ်သင့်တာလားဆိုတာတော့… ဇာတ်ကားလေးစောင့်ကြည့်လိုက်ကြနော်…

War • Adventure • Action
5.8 2025
Dance Your Life