YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Guillermo.del.Toros.Cabinet.of.Curiosities.S01E03.1080P.mp4

811.48 MB N/A video/mp4 395 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Master Gardener
6.2

Master Gardener (2022) ~ IMDb - 6.3/10, Rotten Tomatoes - 70% ~ "God's Lonely Man" ဘုရားသခင်ရဲ့အထီးကျန်လူ တနည်းအားဖြင့် သင်းကွဲလူ ဆိုတာကို ဒါရိုက်တာကြီး Martin Scorsese ရဲ့ Taxi Driver ထဲမှာလည်းကြားဖူးခဲ့မှာပါ။ လူ့အဖွဲ့အစည်းနဲ့သိပ်မရော မအပ်စပ်ဘဲ တစ်ယောက်တည်း နေ့စဉ်ဓူဝ ကိုယ့်အတွေးနဲ့ကိုယ်ချာချာလည်ရင်း သင်းကွဲတစ်ယောက်လိုအထီးကျန်နေတဲ့ ဇာတ်‌ကောင်မျိုးတွေပေါ့။ အဲဒီလိုဇာတ်ကောင်တွေက တစ်နေ့မှာ လှုပ်နှိုးခံလိုက်ရတဲ့အချိန် ပရိသတ်တွေကို " ဒီကောင်ဘာတွေလုပ်မလဲမသိဘူး" ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာက ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အရသာတစ်ခုပါပဲ။ ဒီရုပ်ရှင်က ဇာတ်ကောင်ကလည်း အဲဒီလို သာမန်ဥယျာဉ်မှူး။ လတ်တလောမှာတော့ သာမန်ဥယျာဉ်မှူးပေါ့။ သူ့မှာလည်း အတိတ်ကစိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေ၊ နောင်တတွေကျန်နေပေမဲ့ သာမန်ဥယျာဉ်မှူးတစ်ယောက်လို ဂရေ့စ်ဝုဒ်ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ ‌ဘဝကိုဖြတ်သန်းနေတာမျိုးပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂရေ့စ်ဝုဒ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ မာယာ ဆိုတဲ့ ကောင်မလေးတစ်ယောက် အလုပ်သင်အနေနဲ့ရောက်လာပြီး ပြဿနာတွေပါခေါ်လာခဲ့ချိန်မှာတော့ " ဒီကောင်ဘာတွေလုပ်မလဲမသိဘူး" ဆိုတာလေးဖြစ်ဖို့ အ‌ကြောင်းခံလေးတွေပေါ်လာပါတော့တယ်။ ဒီရုပ်ရှင်မှာသဘောကျမိတာတစ်ခုက ပန်းအကြောင်းတွေပါ။ သူ့ရဲ့ ဂျာနယ်မှာထည့်ရေးသမျှ ပန်းအကြောင်းတွေနားထောင်ရင်း ကိုယ်တိုင်ပါ ထပြီး ပန်းတွေစိုက်ပစ်ချင်စိတ်တောင်ပေါက်လာနိုင်ပါတယ်။ ဂျိုဝယ်အက်ဂျာတန်လို ဘဲကြီးက ပန်းလှလှလေးတွေစိုက်နေတာမြင်ရတာကလည်း တစ်မျိုးလေးကြည့်ကောင်းနေတာပေါ့လေ။ "God's Lonely Man" ဆိုလို့ ဒါရိုက်တာဘယ်သူလဲ ပြေးကြည့်စရာမလိုပါဘူး။ အဲဒီလို ရုပ်ရှင်မျိုးတွေကို အသည်းခိုက်တဲ့ Taxi Driver ဇာတ်ညွှန်းရေးခဲ့တဲ့သူ Paul Schrader ကိုယ်တိုင်ဖြစ်နေလို့ပါ။ Paul Schrader က ဇာတ်ညွှန်းတင်မက ဒါရိုက်တာလည်းကောင်းကောင်းကြီးလုပ်နိုင်တယ်ဆိုတာကို Mishima, Blue collar နဲ့ First Reformed ကားတွေမှာ မြင်ခဲ့ရပြီးပါပြီ။ အင်တာဗျူးတစ်ခုမှာ သူနောက်ဆုံးရိုက်ထားတဲ့ ရုပ်ရှင်သုံးခုဖြစ်တဲ့ First Reformed (2017), Card Counter (2021) နဲ့ အခု Master Gardener ရုပ်ရှင်တွေက ဇာတ်လမ်းချင်းမတူပေမဲ့ စိတ်ပိုင်းဆိုင်ရာကျောရိုးချင်း ဆက်နွယ်နေတဲ့ Trilogy တစ်ခုလို့ ပြောခဲ့ဖူးပါတယ်။ ဥပမာ ကားရယ် လေယာဉ်ရယ် ရထားရယ် နဲ့ ခရီးသွားသလိုပေါ့။ ခရီးသွားနေတယ်ဆိုတဲ့ သဘောတရားချင်းတူတယ် ဒါပေမဲ့ သွားပုံချင်းမတူတာမျိုး။ အဲဒီသဘောတရားအတွက် ကား၊ လေယာဉ်၊ ရထား သုံးမျိုးလုံး စီးကြည့်စရာမလိုပေမဲ့ အချိန်ရရင်တော့ ၃ ကား စလုံးကို မြည်းကြည့်စေချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဗယ်လာဒိုလစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့တဲ့အပြင် Alien Franchise ထဲက မင်းသမီးကြီး ဆစ်ဂေါနီးဝီဗာကလည်း ဒီရုပ်ရှင်နဲ့ ပေါ်တူဂီရုပ်ရှင်ဆု CinEuphoria ရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုရခဲ့ပြီး ဂျိုဝယ်အက်ဂျာတန်ကလည်း အမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့ပါသေးတယ်။ ပန်းကလေးတွေအကြောင်းရုပ်ရှင်တွေကြည့်တိုင်း ကြည်အေးရဲ့ မောင်ကိုကိုနှင့်မြနန္ဒာ စာအုပ်ထဲက "ကမ္ဘာပေါ်မှာ လူနည်းနည်းနဲ့ ပန်းတွေအများကြီးရှိရင် သိပ်ကောင်းမှာပဲ" ဆိုတာလေးကိုပဲ အမှတ်ရနေမိပါတယ်။ ပန်းကလေးတွေရဲ့အလှနဲ့ ရုပ်ရှင်ရဲ့ အလှအပနှောထားတာလေးကတော့ ဒီရုပ်ရှင်ရဲ့ မျက်စိပသာဒအဖြစ်ရဆုံး အချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 540MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 51Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Crime • Thriller
6.2 2023 111 mins
Master Gardener
World War III
6.8

~ IMDb - 7/10, Rotten Tomatoes - 100% ~ အီရန်က အော်စကာအတွက် ဝင်ပြိုင်ဖို့ရွေးခဲ့တဲ့ အီရန်ကားပါပဲ။ ဆန်ခါတင်ထဲတော့ မဝင်သွားပေမဲ့ ခရမ်းချဉ်သီး ၁၀၀ ရာခိုင်နှုန်းရထားတဲ့ ကားကောင်းလို့တော့ ပြောလို့ရပါတယ်။ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာတော့ ဆုရခဲ့ပါတယ်။ အီရန်ရုပ်ရှင်ကိုမှ Drama Thriller အမျိုးအစားမို့ ရင်တမမနဲ့ ကြည့်ရမယ့် ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ဇာတ်က ဒီလိုပါ။ လူတစ်ယောက်ရှိတယ်။ စာလည်းမတတ်ဘူး။ မိသားစုတွေကလည်း ငလျင်ကာလမှာ သေသွားလို့ ဘဝကို ထီးတည်းရှင်သန်နေတဲ့လူပေါ့။ အိမ်ရယ်လည်းမရှိဘူး။ သူငယ်ချင်းဆီ ကပ်နေနေရင်း တစ်နေ့ ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာ ဆက်တင်ပြင်တဲ့ဆီ အလုပ်သွားလုပ်ဖို့ အကြောင်းဖန်လာတယ်။ အဲဒီကားက ဒုတိယကမ္ဘာစစ်အကြောင်းရိုက်တာ။ ဟစ်တလာနေရာက သရုပ်ဆောင်တဲ့ သရုပ်ဆောင်က နှလုံးဖောက်ပြီး ဆေးရုံရောက်သွားရော။ ဒီတော့ ရိုက်ကွင်းအလုပ်သမားတွေထဲကပဲ အော်ဒီးရှင်းဝင်ခိုင်းပြီး လူရွေးတယ်။ ဒီမှာ ခုနလူက ဟစ်တလာနေရာက သရုပ်ဆောင်ရမယ့် မင်းသားဖြစ်လာရော။ ဘာမှမရှိတဲ့ဘဝကနေ အခွင့်အလမ်းလေးတစ်ခုပေါ်လာတယ်ပေါ့။ အဲဒီအခွင့်အလမ်းနောက်မှာ ဘယ်လိုနတ်ဆိုးတွေ စောင့်စားနေမလဲ ရင်တမမနဲ့ ဆက်ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 840MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 57Min Genre - Adventure, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama
6.8 2023 117 mins
World War III
Bajirao Mastani
7.3

ဒါရိုက်တာ ဆန်ဂျေးဘန်ဆာလီရဲ့ History နောက်ခံ အချစ် War ဇာတ်ကားဖြစ်ပါတယ်... နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား ရန်ဗီးဆင်း... မင်းသမီး ဒီပီကားနဲ့ ပရီရန်ကားတို့ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်းဆိုတော့ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... စစ်သူရဲကောင်း ဘာဂျီရောဝ် ဟာ 
စစ်ပရိယာယ် ကြွယ်ဝလှပြီး တိုင်းပြည်ရဲ့
အားထားရာ / ပြည်သူ့အချစ်တော်တစ်ဦး
ဖြစ်ပါတယ်။ သူ့မှာ ကာရှီးဆိုတဲ့ ဇနီးချောလေးရှိပြီး သားတစ်ယောက်လည်း 
ပိုင်ဆိုင်ထားသူပါ။ တစ်နေ့မှာတော့ သူရဲ့ စစ်မြေပြင်ကို
မဟာမိတ်တိုင်းပြည်မှ မင်းသမီးလေး 
မာစတီးနီ လာရောက်ပြီး စစ်ကူတိုက်ခိုက်ပေးပါဖို့ အကူညီတောင်းခံလာခဲ့ပြီး ဘာဂျီရောဝ်ရဲ့ စစ်ရေးကျွမ်းကျင်မှုကြောင့်
မင်းသမီး မာစတီးနီ တို့ဘက်မှ အနိုင်ရှိခဲ့ပါတယ်။ ဒီ့နောက်မှာတော့ ဘာဂျီရောဝ်ဟာ မင်းသမီးလေးကို
ချစ်မြတ်နိုးလာခဲ့ပြီး သူမပြန်ခင်အချိန်မှာ
 သူ့ဓားမြှောင်လေးကို ပေးခဲ့ပါတယ်။
မင်းသမီး မာစတီးနီတို့တိုင်းပြည်မှာတော့
ဓားမြှောင်ပေးအပ်ခြင်းဟာ လက်ထပ်ခွင့်
တောင်းခြင်းလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ဘာဂျီရောဝ် ကို ချစ်မိခဲ့သူ မာစတီးနီဟာလည်း ဓားမြှောင်လေးကို
တယုတယသိမ်းဆည်းထားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အချစ်ရဲ့စွန့်စားခန်း
အနေဖြင့် မင်းသမီး မာစတီးနီဟာ ဘာဂျီရောဝ်ကို တွေ့ဆုံဖို့ ကြိုးစားပါတော့တယ်...သူတို့နှစ်ဦးကြားက အဓိက ကွာခြားချက်က ဘာသာတရားဖြစ်ပြီး ဘာသာတရားကြီးစိုးတဲ့ခေတ်မှာ သူတို့ရဲ့အချစ်ရေးဘယ်လိုရှေ့ဆက်မယ်ဆိုတာ...။ အိန္ဒိယသမိုင်းကို
အခြေပြုရိုက်ကူးထားတဲ့ရုပ်ရှင်ကားဖြစ်ပြီး ဆုပေါင်း ၁၄ ခု
ရရှိသည်အထိ အောင်မြင်ထားပါတယ်။ မိန်းမသားတို့ရဲ့
ခံစားချက်/ အချစ်ရဲ့ခံယူချက်တွေကို ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့သလို ဇာတ်ဝင်ခန်း စကားပြောတွေက ထိရှစေတဲ့အပြင် အကအလှရသ
စုံလင်လှတာမို့ လက်လွတ်မခံသင့်တဲ့ Bollywood ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ File size…(4.6 GB) /(2.9 GB) / (1.5 GB) Quality….BluRay 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….02:38:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

7.3 2015 158 mins
Bajirao Mastani
Moonshot
6.9

ဒီဇာတ်ကားလေးကတော့ ၂၀၂၂ မှာအသစ်ထွက်ရှိထားတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ Walt ဆိုတဲ့ကောင်လေးတစ်ယောက်က ငယ်ငယ်လေးကတည်းက အာကာသတစ်ခွင် လျှောက်သွားချင်နေခဲ့တာပါ။ Kovi Industries Student Mars Program ဆိုတာကတော့ ကောလိပ်ကျောင်းသားတွေကို အင်္ဂါဂြိုလ်ဆီ ပို့ပေးနေတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ Walt ရဲ့ရည်းစားဖြစ်သူကလည်း အင်္ဂါဂြိုလ်မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ။ Walt တစ်ယောက် အင်္ဂါဂြိုလ်သွားဖို့ကို အကြိမ်ကြိမ်ပယ်ချခံရပြီးနောက်မှာတော့ Sophie ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ Sophie ကတော့ ထူးချွန်တဲ့ကျောင်းသူတစ်ယောက်ဖြစ်သလို သူ့ရည်စား Kelvin ကလည်း အင်္ဂါဂြိုလ်ပေါ်မှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။ တစ်နေ့မှာ Sophie ဟာသူ့ရည်စားနဲ့ တွေ့ဖို့အတွက် အင်္ဂါဂြိုလ်ကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီမှာ အင်္ဂါဂြိုလ်ရူး Walt ကလည်း Sophie ကိုအသုံးချပြီး ယာဉ်ပေါ်ကို ခိုးပြီးလိုက်ပါသွားပါတော့တယ်။ Walt ခိုးပြီးတော့လိုက်ပါလာတာကို Sophie သိသွားပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက် အာကာသခရီးစဉ်တစ်လျှောက် ဘယ်လိုနှစ်ပါးဆက်သွားကြမလဲ၊ သူတို့ရဲ့ ရည်းစားတွေနဲ့ရော အင်္ဂါဂြိုလ်ပေါ်မှာ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကတော့ C hannel Myanmar ပရိသတ်ကြီးက ဆက်ကြည့်ပြီး ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ အညွှန်းကိုတော့ Loon Swal Eain က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Loon Swal Eain နဲ့ Leonard Lin တို့ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance, Sci-Fi Quality….WEB-DL 1080p and 720p File size… Format…mp4 Duration….1h 44min Subtitle….Myanmar Subtitle (Hardsub) Translator ..... Looon Swal Eain and Leonard Lin Encoder ..... August

6.9 2022 104 mins
Moonshot
j-hope IN THE BOX
5

“J-Hope in the Box” (2023) Yo! ARMY တို့ အချိန်အတော်ကြာ စောင့်နေခဲ့ကြတဲ့ BTS အဖွဲ့ဝင် J-Hope ရဲ့ Documentary Film “J-Hope in the Box” လာပါပြီ။ ဒီမှတ်တမ်းရုပ်ရှင်မှာတော့ J-Hope ရဲ့ Chapter – 2 အစဖြစ်တဲ့ “Jack In the Box” အယ်လ်ဘမ်ခရီးစဉ်ကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ “ဒီအယ်လ်ဘမ်က ကျွန်တော့်အနုပညာအဆင့်ကို တစ်ဆင့်မြှင့်ပေးနိုင်လိမ့်မယ်” လို့ ပြောခဲ့တဲ့ မြင်နေကျ နားထောင်ဖူးနေကျ ပုံစံမဟုတ်တဲ့ ဒီ”Jack In the Box” က သီချင်းတွေရဲ့ ဖြစ်တည်မှုအစ၊ ပဲ့ကိုင်ရှင် J-Hope က Mainstream မဟုတ်တဲ့ ဒီလိုသီချင်းမျိုးတွေကို ဘယ်လိုအတွေးမျိုး၊ ခံစားချက်မျိုးနဲ့ ရဲတင်းစွာ ဖန်တီးခဲ့လဲဆိုတာကို ချဉ်းကပ်ကြည့်ရှုခွင့်ရမှာပါပဲ။ “Jack In the Box” အယ်လ်ဘမ်နောက်ကွယ်က ဖြစ်စဉ်တွေအပြင် အားလုံးစိတ်ဝင်တစား မျှော်လင့်ခဲ့ကြတဲ့ J-Hope ရဲ့ အိမ်အပြန်ခရီး၊ Listening partyနဲ့ ဝက်ဝက်ကွဲခဲ့တဲ့ Lollapalooza ဖျော်ဖြေမှုရဲ့ နောက်ကွယ်ပိတ်ကားကိုပါ ကြည့်ခွင့်ရဦးမှာမို့ J-Hope ရဲ့ ပထမဆုံးတစ်ကိုယ်တော် ခရီးစဉ်အတွင်းက ပင်ပန်းမှု၊ ပျော်ရွှင်မှုတွေကို အတူတူ လိုက်ပါခံစားနိုင်မှာဖြစ်ပြီး၊ လက်မလွှတ်သင့်တဲ့ Documentary တစ်ခုဆိုတာ ငြင်းဖွယ်မရှိပါပဲ။ အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာက​တော့ Su Myat နဲ့ ThantSin ပဲ ဖြစ်ပါတယ်။ Genre….. Documentary, Music Quality…. 1080p | 720p | 480p File size… 1.7GB | 829MB | 412MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat and ThantSin Encoder ….. August

5 2023
j-hope IN THE BOX
Palm Trees and Power Lines
6.5

Palms tree and Power Line (2022) Rotten Tomatoes 90%, IMDb Rating 6.7 ရရှိထားတဲ့ ၂၀၂၂ ခုနှစ်ထွက် ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၈+ကားလိုမျိုးမဟုတ်ပေမယ့် မိသားစုနဲ့အတူ မကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်ကြောင်း ကြိုပြီး သတိပေးလိုက်ချင်ပါတယ်။ လီယာဟာ အိမ်ထောင်ကွဲနေတဲ့ အမေဖြစ်သူနဲ့ အတူနေထိုင်တဲ အထက်တန်းကျောင်းသူတစ်ယောက်ပါ။ အမေဖြစ်သူရဲ့ ရည်းစားများမှု ပြဿနာကြောင့် အိမ်မှာနေထိုင်ရတာလည်း အဆင်မပြေလှဘူးဖြစ်နေပါတယ်။ ဒီလိုနဲ့ နွေရာသီတစ်ခုမှာတော့ လီယာဟာ သူ့သူငယ်ချင်းတွေ၊ သူ့အမေနဲ့ ကင်းကွာသလိုဖြစ်ပြီးတော့ တွမ် ဆိုတဲ့ အသက် ၃၀ ကျော် လူတစ်ယောက်နဲ့ ဆုံစည်းဖြစ်ပါတယ်။ လီယာလည်း သူ့အဆင်မပြေမှုတွေရဲ့ ထွက်ပေါက်အဖြစ် တွမ် ကို အသုံးပြုပါတော့တယ်။ ဒါပေမယ့် နောက်ကြောင်းကိုလည်း ရှင်းရှင်းမသိရတဲ့ တွမ်ဟာ အသက် ၁၇ နှစ်အရွယ် လီယာကို ဘာကြောင့် ချဉ်းကပ်ရတာလဲ၊ သူ့မှာ ဘာရည်ရွယ်ချက်တွေ ရှိနေမလဲဆိုတာ အများကြီး မညွှန်းတော့ဘဲ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ခံစားလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.42GB | 523MB | 275MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

6.5 2022 110 mins
Palm Trees and Power Lines
In Order of Disappearance
7.1

ဒီဇာတ်ကားဟာ ၂၀၁၄ခုနှစ်ကထွက်ရှိခဲ့တဲ့ ​​နော်​ဝေထုတ်ဇာတ်ကား ဖြစ်ပြီး IMDb 7.1နဲ့ RT -86%ရထားတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းရဲ့အကျဉ်းက အမြဲတ​စေနှင်း​တွေကျ​နေတဲ့ ​တောင်​ပေါ်မြို့​လေးမှာ နှင်းရှင်းစက်​မောင်းတဲ့ အလုပ်နဲ့ ပြည်သူ့သား​ကောင်းဆု ရထားတဲ့ ​ နေးလ်ဒစ်မန်းတို့ လင်မယားဟာ တစ်​နေ့မှာ သားဖြစ်သူ အသတ်ခံ လိုက်ရတဲ့အတွက် သူတို့သားကို သတ်သွားတဲ့ လက်သည်​တွေကို စုံစမ်းရင်း နယ်ခံမူးယစ်ဂိုဏ်းရဲ့လက်ချက်ဖြစ်​ကြောင်း သိသွားတဲ့ အခါ အဲဒီဂိုဏ်းသား​တွေကို တစ်​ယောက်ချင်း ပြန်လိုက်သတ်ရင်း သားရဲ့​​သွေး​​ကြွေးကို ပြန်ဆပ်ဖို့ကြိုးစားပုံ​တွေကို ကြည့်ရှုရမှာပါ။ File size…1.58GB / 594MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 56m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

Romance • Comedy
7.1 2014
In Order of Disappearance
To All a Good Night
7.7

To All a Good Night (2023) =================== To All A Good Night ဇာတ်ကားကတော့ ခရစ်စမတ်ဒရာမာ ကားလေးပါနော်။ လျှို့ဝှက်ဇာတ်လမ်းလို့လည်း ပြောလို့ရပါတယ်။ ဇာတ်အိမ်ကို စစ်မှုထမ်းဟောင်းတွေရဲ့ စိတ်ဒဏ်ရာတွေမှာ သွားပြီး တော့ လျှို့ဝှက်အခြေတည်ထားပါတယ်။ မိသားစုနဲ့အတူ ကြည့်ဖို့ သင့်တော်တဲ့ခရစ်စမတ်ကားလေးပါ။ ခရစ်စမတ်က မိသားစုတွေ အားလုံးအတွက် အမှတ်တရတွေကို ပြန်ပြီးအမှတ်ရစေပါတယ်။ အဲဒီအခါမှာ ဝမ်းသာစရာတွေချည်း မဟုတ်ဘဲ ဝမ်းနည်းစရာတွေပါ ရှိနေတတ်ပါတယ်။ ဒါပေမယ့် ဒီလိုဝမ်းနည်းစရာတွေကိုကျော်ဖြတ် ပြီးသွားရင်တော့ ခံနိုင်ရည်ရှိတဲ့သူအဖြစ်ရောက်ရှိသွားကြတာပါပဲ။ ဒီလိုကျော်ဖြတ်နိုင်ဖို့ဆိုရင် ကိုယ့်အနားမှာ အားပေးမယ့်သူလိုအပ် ပါတယ်။ ဆမ် နဲ့ စီစိီတို့ ဘယ်လို ကျော်ဖြတ်သွားကြပါသလဲ ။ ဒီရုပ် ရှင်ကို ဒါရိုက်တာ Andy Mikita က ရိုက်ကူးထားပြီးတော့ IMDb rating 7.7 ရရှိထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.97 GB) / (722 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Thy Santa Encoder……….SWM

7.7 2023
To All a Good Night
Aadikeshava
5.1

Aadikeshava (2023) “အစောင့်အရှောက်” IMDb – 5.1/10 Netflixကနေ ပူပူနွေးနွေးထုတ်လွှင့်ခဲ့တဲ့ အိန္ဒိယတောင်ပိုင်းဇာတ်လမ်းလေးကိုတင်ဆက်ပေးပါရစေ။ မင်းသားကတော့ ပထမဆုံးရုံတင်ကားမှာတင် အကောင်းဆုံးမျက်နှာသစ်ဇာတ်ဆောင်ဆုကိုရရှိခဲ့တဲ့ တောင်ပိုင်းလူငယ်မင်းသားချော ဗတ်ရှနေ့ဗ်တက်ဂျ်ပါ။ကုမ္ပဏီရဲ့ စီအီးအိုမလေးနေရာကသရုပ်ဆောင်တာကတော့ မင်းသမီးချောလေး ဆရီလီလာပဲဖြစ်ပါတယ်။ ဘာလူဆိုတဲ့ကောင်လေးက ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေတဲ့ လူငယ်လေးတစ်ယောက်ပေါ့။ ဘယ်လောက်ထိပေါ့ပါးလည်းဆို ဘာအလုပ်မှမလုပ်လို့ အဖေဖြစ်သူက အလုပ်မလုပ်ရင် အိမ်ပေါ်ကဆင်းဆိုတဲ့ထိအောင်ကို ပေါ့ပေါ့ပါးပါးနေတဲ့ကောင်လေး။ အမေချစ်သားလေးဆိုတော့ အမေဖြစ်သူ တစ်ချက်စိတ်ငြိုငြင်တာကို မြင်လိုက်ရင်ပဲ အလုပ်သွားလျောက်ပါတော့တယ်။တော်ကီကြွယ်တဲ့ လူငယ်လေးဖြစ်တာကြောင့် အင်တာဗျူးတဲ့နေ့မှာပဲ စီအီးအိုမမက ပြောပုံဆိုပုံကို သဘောကျသွားပြီး မာကတ်တင်းဌာနမှူးခန့်လိုက်ပါတော့တယ်။ ဘ၀ကိုဒီလို ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းနေချိန်မှာပဲ သိလိုက်ရတဲ့အမှန်တရားက သူကမွေးစားသားဆိုတာပါပဲ။အဖေအရင်းဖြစ်သူက နိုင်ငံရေးသမားတစ်ယောက်ရဲ့ ရက်ရက်စက်စက်အသတ်ခံလိုက်ရတယ်ဆိုတာနဲ့ သူ့မိသားစုဝင်တွေရှိသေးတယ်ဆိုတဲ့အကြောင်းကို သိလိုက်ရတဲ့အချိန်မှာတော့။ အချစ်၊အလွမ်း၊အက်ရှင်အကြမ်းပတမ်းတွေကို တ၀ကြီးကြည့်ရမယ့် ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Drama • History
5.1 2023 127 mins
Aadikeshava
Friday the 13th Part VI: Jason Lives
6

Friday the 13th Part VI: Jason Lives (1986) ~ IMDb – 6/10, Rotten Tomatoes – 50% ~ ၁၃ ရက် သောကြာနေ့ လူသတ်သမားကြီး ဂျေဆင်ဗော်ဟီးရဲ့ ခြောက်ကားမြောက်ဖြစ်ပါတယ်။ ဘယ်လိုပဲသေသေ အမြဲပြန်လာနေကျ ဂျေဆင်တစ်ယောက် အခုလည်း သေရွာကနေ ပြန်နိုးထလာခဲ့ပြန်ပါပြီ။ ဂျေဆင်ကို အသွေးထဲအသားထဲ အသည်းထဲက မုန်းတဲ့သူ တွန်မီက ညတိုင်း အိပ်မက်ထဲမှာ ဂျေဆင် သူ့ကို လာခြောက်လှန့်နေတာကို သည်းမခံနိုင်တော့ပါဘူး။ တွန်မီတစ်ယောက် ဂျေဆင်ကိုမြှုပ်ထားတဲ့ သင်္ချိုင်းကို သူငယ်ချင်းတစ်ယောက်နဲ့ မိုးသည်းညတစ်ညမှာ ပြန်လာခဲ့တယ်။ မြေပုံကိုတူးပြီး အလောင်းကိုပြန်ဖော်တယ်။ သံတူရွင်းနဲ့ အငြိုးတကြီး ထိုးတယ်။ အဲဒီမှာတင် ရင်ဝကိုစိုက်နေတဲ့ သံတူရွင်းကို မိုးကြိုးပစ်လိုက်ပြီး ဂျေဆင် ပြန်နိုးထလာပါတော့တယ်။ နဂိုကထက် ပိုအင်အားကြီးပြီး ပိုသတ်ရခက်တဲ့ သဘာဝလွန်သတ္တဝါကြီး ဂျေဆင် ပြန်လာပြီဆိုတာကို ရဲစခန်းကို အပြေးအလွှားသွားပြောခဲ့ပေမဲ့ ရဲကမယုံဘဲ အချုပ်ထဲ ထည့်လိုက်ပါရော။ လက်စသတ်တော့ ဂျေဆင်ကိုကြောက်ကြလွန်းလို့ ခရစ်စတယ် ဆိုတဲ့နာမည်ကိုတောင် ပြောင်းထားပြီး အမြုပ်ကီးနေကြတဲ့ မြို့သားတွေပါတဲ့ဗျာ။ ဒါကို ဂျေဆင် ပြန်လာပြီ ထပြောတော့ ဒေါဖောင်းပြီး အချုပ်ထဲ ထည့်တော့တာပေါ့။ ဒီလိုနဲ့ပဲ Jason Vs. Tommy ချကြ သတ်ကြပုံတွေကို ရှုစားရမှာဖြစ်ပါကြောင်း။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 905MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 26Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

6 1986 86 mins
Friday the 13th Part VI: Jason Lives
Cat and Dog
5.1

စိတ်တွေပင်ပန်းနေတဲ့အချိန်မှာပေါ့ပေါ့ပါးပါးပျော်စရာ ဇာတ်ကားလေးတွေကြည့်ချင်တယ် ကြောင်လေးခွေးလေးတွေကို ချစ်တတ်တဲ့သူလည်းဖြစ်တယ်ဆိုရင်ကြည့်သင့်တဲ့ Cat And Dog ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ Rating 5.1 ရရှိထားတဲ့အတွက်ထုံးစံအတိုင်းသာမန်အနေအထား လေးနဲ့ကြည့်ပျော်ရှုပျော်ရှိပါတယ်။ ဇာတ်လမ်းနာမည်အတိုင်းပဲ ကြောင်နဲ့ခွေးကိုအဓိကဇာတ်ကောင်တွေ အနေနဲ့ တွေ့ရမှာဖြစ်ပြီး ကြောင်ကတော့ဒီဗာဆိုတဲ့ နာမည်ကြီး Influencer ‌ကြောင်ပဲ ဖြစ်ပါတယ်။ခွေးကတော့ ဒီအတိုင်း လမ်းဘေး ခွေးလေးတစ်ကောင်သာဖြစ်ပေမဲ့ ဒီဇာတ်ကားမှာ ဘယ်လိုအရေးပါလာတာလဲ ဆိုတာကိုပြောရရင်တော့ သကြားလုံးပန်းသီးလို့ ခေါ်တဲ့ တန်ဖိုးကြီးပတ္တမြားကို ခိုးလာတဲ့ သူခိုးဆီကနေ စားမိသွားလို့ပါပဲ။ဒီတော့ ပတ္တမြားပြန်ထွက် လာတာစောင့်ဖို့ တစ်နည်းပဲ ရှိတော့တဲ့အတွက် သေးခံလေး ဝတ်ပေးထားတာကလည်း တော်တော်ချစ်စရာကောင်းပါတယ်။ အဲ့ဒီ သူခိုးရဲ့နာမည်ကတော့ ဂျက်ခ်လို့ခေါ်ပြီးအဲ့ဒီရတနာကို ခိုးလာတဲ့အတွက်နယူးယောက်ကိုသွားပြီး ခြေရာဖျောက်ဖို့ ပတ္တမြားစားထားတဲ့ ခွေးလေးနဲ့လေဆိပ်ကိုထွက်လာတဲ့အချိန်မှာ ဒီဗာနဲ့ သူ့ပိုင်ရှင်မိုနီကာနဲ့တွေ့ခဲ့ပြီးနောက်ပိုင်းမှာတော့ ကြောင်လေးနဲ့ ခွေးလေးကသက်သက် ပိုင်ရှင်နှစ်ယောက်ကလည်းသက်သက် စွန့်စားခန်းတွေထွက်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက် ဖြစ်ကြမယ်ဆိုတာကို ဟာသတွေနဲ့နှောပြီးကြည့်ရမဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ File size…1.64GB / 832MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Thriller • Drama
5.1 2024 86 mins
Cat and Dog
To Me, the One Who Loved You
6.9

To Me, the One Who Loved You (2022) IMDB – 6.9/10, MyAnimeList – 7.4/10 ဒီကားကို မကြည့်ခင် ပထမဦးဆုံးပြောချင်တာကတော့ သူနဲ့အတူတူ တွဲထွက်လာတဲ့ အမွှာရုပ်ရှင် “To Every You I’ve Loved Before” ကို ပစ်ပယ်ထားလို့မရပါဘူး ဘာလို့လဲဆိုတော့ သူတို့နှစ်ကားက အလင်းနဲ့အမှောင်လို ဟန်ချက်ညီစွာ ယှဉ်တွဲနေလို့ပဲ ဖြစ်ပါတယ်။ ဒီတော့ တစ်ခုမေးစရာရှိတာက ဒီနှစ်ကားကို ဘယ်ကားအရင်စကြည့်ရမလဲဆိုရင် ကြက်ဥနဲ့ ကြက်ပြဿနာလို ဖြစ်နေမှာပါ။ ဆိုတော့ကား ပရိသတ်တို့ စိတ်ကြိုက်သာ ကြည့်ကြပါ ဘယ်လိုနေနေအဆင်ပြေပါတယ်။ ဒီ Anime နှစ်ကားတွဲရုပ်ရှင်လေးကတော့ ဂျပန်ရိုးရာမူမပြတ် Multiverse လိုအပြိုင်ကမ္ဘာနဲ့သက်ဆိုင်တဲ့ ထူးဆန်းထွေလာ အယူအဆအကြောင်းအရာတွေကို လူလိုနားမလည်နိုင်အောင် ထည့်ထားပြီး ကြီးမြတ်တဲ့ ချစ်ခြင်းမေတ္တာတရားကို ဖော်ကျူးထားတာပါ။ ဒီကားလေးတွေကို ကြည့်မိတော့ တစ်ခုပြေးမြင်မိတာ အဆိုတော်မင်းသား Jared Leto သရုပ်ဆောင်ထားတဲ့ Mr. Nobody ဆိုတဲ့ ရုပ်ရှင်ကိုပဲ။ အဲဒီကားမှာဆို လူသားတစ်ယောက်ရဲ့ဘဝတစ်ခုမှာ ရွေးချယ်မှုလေးတစ်ခုပြောင်းသွားတာနဲ့ နောက်ဆက်တွဲအကျိုးဆက်က မတူညီတော့တဲ့အကြောင်းကို မော်ဒန်ဆန်ဆန် တင်ပြထားတာပါ။ ဒီကားမှာလည်း ထိုနည်း၎င်းပေါ့လေ… ယခုဒီကားမှာဆို မင်းသားက ကွာရှင်းထားတဲ့ မိဘနှစ်ယောက်ကြား အဖေဘက်ကို လိုက်သွားတဲ့ဇာတ်ကြောင်းဖြစ်ပြီး သူ့အမွှာဖြစ်တဲ့ ဟိုကားမှာကျ အမေဘက်ပါသွားတဲ့ကားလို့ အကျဉ်းချုံးယူဆလို့ရပါမယ်။ သူ့အယူအဆ သီအိုရီသဘောတွေကတော့ ကျွန်တော်တို့အနားမှာတင် သိပ်ပြီး ကွာခြားချက်မကြီးမားတဲ့ အပြိုင်ကမ္ဘာလေးတွေ များစွာရှိနေတယ်ပေါ့လေ။ ဥပမာဆို မနက်စာကို ဒီဘက်ကမ္ဘာမှာ ရှမ်းခေါက်ဆွဲစားပြီး ဟိုဘက်မှာကျ မြီးရှည်စားတယ်ဆိုတာမျိုး။ ကဲ ဒါဆို ဇာတ်လမ်းအကျဉ်းလေးက မင်းသားဖြစ်တဲ့ Koyomi ဆိုတဲ့ကောင်လေးက ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့ အပြိုင်ကမ္ဘာနဲ့ ပတ်သက်တဲ့ သိပ္ပံသုတေသနဌာနမှာနေရင်း တခြားပညာရှင်တစ်ယောက်ရဲ့သမီးဖြစ်သူ Shiori နဲ့ နဖူးစာရွာလည်ပြီး ဆုံတွေ့ခဲ့ကြတာ။ ဒီလိုနဲ့ နှစ်ဦးသား ငယ်စဉ်ကလေးဘဝကတည်းကနေ နှစ်တွေကြာပြီး သံယောဇဉ်တွေ တိုးပွားပေါက်ဖွားလာချိန်ကျမှ သူတို့ Single မိဘနှစ်ပါးက အချင်းချင်း လက်ထပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်ကျ Koyomi တို့နှစ်ယောက်က ဒါဆိုရင်တော့ မဖြစ်ဘူး သူတို့ မူရင်းမိဘတွေ ကွာမရှင်းထားတဲ့ အပြိုင်ကမ္ဘာတွေဆီသွားပြီး နှစ်ဦးသား လက်ထပ်ပေါင်းဖက်ကြမယ်ဆိုပြီး ဉာဏ်ကောင်းပြီး လူကြီးတွေမသိအောင် Parallel World ကို ခိုးသွားကြတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြရမလဲဆိုတာကို ကြည့်ရမှာပါ။ တချို့ သိပ္ပံသီအိုရီ ရှင်းပြချက်တွေကို လျစ်လျူရှုပြီး Animation ကောင်းကောင်းနဲ့ပဲ ဇာတ်လမ်းကို ခံစားစီးမျောကြည့်မယ်ဆို ဆွတ်ပျံကြည်နူးလွမ်းမောစရာ မေတ္တာဘွဲ့တေးတစ်ပုဒ်ကို နားဆင်ရသလို ဖြစ်နေမှာတော့ အမှန်ပါပဲဗျာ…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size… 1.1 GB / 462 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Animation, Romance, Fantasy, Sci-fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

Animation • Adventure • Comedy • Family • Fantasy • Music
6.9 2022 98 mins
To Me, the One Who Loved You