YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Guess Who I am E04 1080p WEB-DL CM.mp4

419.18 MB N/A video/mp4 23 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Detective Dee and the Mystery of the Phantom Flame
6.6

Detective Dee and the Mystery of the Phantom Flame (2010) IMDb Rating (6.6) / Rotten Tomatoes (80%) စုံထောက် ဒီး ... တရုတ်ပြည် ဂန္ဓာလရာဇ်ရဲ့ ကျော်ကြားတဲ့ အမှုလိုက်၊ အကြံပေး သက်‌တော်ရှည် အမတ်ကြီး။ အမည်ရင်းက ဒီးလျန်ကျယ် ပါ။ တရုတ်အမည်ကို မြန်မာလိုဖလှယ်တာဖြစ်လို့ မူကွဲတွေ၊ ခြားနားချက်တွေရှိပါတယ်။ အဲဒါတွေထဲကမှ မြန်မာနား၊ မြန်မာပါးစပ်နဲ့ အာထိလျှာထိရှိလှတဲ့ ဒီး ကို ကျွန်တော်အကြိုက်ဆုံးပါပဲ။ မင်းမှုထမ်းမျိုးရိုးကနေဆင်းသက်ပြီး စာပေလေ့လာရေးအားကောင်းတဲ့၊ ဉာဏ်ပညာကြီးမားတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ ခက်ခဲနက်နဲတဲ့အမှုတွေကို အမှုစစ်တစ်ယောက်အနေနဲ့ စုံစမ်းဖော်ထုတ်နိုင်သူ၊ တရားမမှုတွေကို မှန်ကန်စွာအဖြေထုတ် ဆုံးဖြတ်နိုင်တဲ့ တရားသူကြီး၊ ဘုရင်လုပ် အုပ်ချုပ်သူတွေအဆက်ဆက် အကြံပေးနိုင်တဲ့ သက်တော်ရှည်အမတ်၊ သမိုင်းမှာ ကျော်ကြားထိုက်သူပါပဲ။ တိုင်းပြည်အတွက် သူထမ်းခဲ့တဲ့အကျိုးကျေးဇူးတွေများလွန်းလို့ ဂန္ဓာလရာဇ်ရဲ့ ဂန္ဓဝင်အမတ်ကြီး ပေါင်ကျင်းထျန်း နဲ့ထပ်တူ ဂုဏ်ပြုရသူကြီးပါ။ ကိုယ်ကျိုးမဖက် အမှန်တရားသက်သက်အတွက်နဲ့ သက်ဦးဆံပိုင်ဧကရာဇ်ဘုရင်တွေကို အလိုမလိုက်၊ မှန်ရာကိုလျှောက်တင်ရဲ၊ လုပ်ရဲကြတဲ့နေရာမှာ ပန်းအတူဝင်ကြတဲ့ ပြိုင်မြင်းနှစ်ကောင်လိုပါပဲ။ တိမ်တောင်သဖွယ် မင်းရေးကျယ်တဲ့ ဇာတ်ရှုပ်လောက ထီးနန်းထက်က သပွတ်အူကိစ္စတွေမှာ ဒီး ရဲ့ လိမ္မာပါးနပ်မှု၊ မျက်စိတစ်ဆုံးကြည့်တတ်မှု၊ တိုင်းပြည်အရေးကို ရှေ့တန်းတင်တတ်မှုတွေကြောင့် တိုင်းပြည်သမိုင်း မရိုင်းခဲ့တာတွေရှိပါတယ်။ ဧကရာဇ်မင်းသုံးဆက်တိုင်တိုင် အမှုထမ်းခဲ့ပြီး တန်ဖိုးရှိလှတဲ့ သက်တော်ရှည်အမတ်ကြီးပေါ့။ ဧကရာဇ်မင်း ရွတ်ကျုံးလက်ထက်မှာ ဘုရင်မင်းမြတ်ကိုယ်တော်တိုင်က ဒီး ကို အဆင့်မြင့်လက်နက်တစ်ခုဖြစ်တဲ့ ကျိုင်းတစ်ခု နှင်းအပ်ခဲ့ပါတယ်။ ဒီး ရဲ့ ဝိသေသတစ်ခုဖြစ်လာခဲ့ပြီး နဂါးနိုင်ဓားလို့လည်း ခေါ်ကြပါသေးတယ်။ ဒါပေမဲ့ ဧကရာဇ် ရွတ်ကျုံး ကို အရာချပြီး တရုတ်သမိုင်းရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လာမယ့် ဝူ နန်းတက်လာပါတယ်။ ဒီဇာတ်လမ်းဟာ အဲဒီအချိန်မှာ ဖြစ်ပျက်ခဲ့တာပါ။ ပလ္လင်ပေါ် မိန်းမရောက်နေတာ မကြိုက်တဲ့ ဆွေမျိုးတော်တွေ၊ မူးမတ်တွေ တထွေးကြီးကို သွေးချောင်းစီးသတ်ဖြတ်ခဲ့လို့ ဒီး က ဧကရာဇ် ဝူ ကို အာဏာဖီဆန် ပုန်ကန်ခဲ့ပါသေးတယ်။ ဒါက ဇာတ်လမ်းထဲမှာ ဖြစ်ပျက်တာကို ပြောတာပါ။ ပုန်ကန်သူအဖြစ် အရုဏ်တက် လည်ဖြတ်အပြစ်ဒဏ်ကို မခံရတာတော့ တွေးစရာရှိပါတယ်။ အကျဉ်းထောင်မှာ ၈ နှစ်ပဲ နေခဲ့ရပါသတဲ့။ စုံထောက် ဒီး နဲ့ ဆန်းကြယ် တစ္ဆေမီးတောက်အမှုဇာတ်ကားက ဧကရာဇ် ဝူ နန်းသိမ်းပွဲတက်ကာနီးအချိန်ကို အခြေတည်ထားပါတယ်။ ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့ပြီး Andy Lau က ဒီး အဖြစ်သရုပ်ဆောင်တဲ့ တစ်ကားတည်းသောဇာတ်ကားမလို့ လူသိများပြီး အကြိုက်တွေ့ကြတဲ့ရုပ်ရှင်ပါ။ မကြည့်ဖူးတဲ့သူ ရှားလိမ့်မယ်လို့ထင်ပါတယ်။ ဧကရာဇ် ဝူ ဟာ ပထမဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လို့ ပြည်သူထောက်ခံမှုရအောင် နန်းတွင်းထဲက ကွမ်ရင်မယ်တော်ရုပ်တုတွေရဲ့မျက်နှာမှာ သူ့မျက်နှာပုံစံတူတွေ ထုလုပ်ခဲ့ပါတယ်။ နန်းတော်ထဲမှာလည်း ကြီးမားလှတဲ့ ကွမ်ရင်မယ်တော် မတ်တပ်ရုပ်ပွားတော်ကို သူနဲ့မျက်နှာတူ ထုလုပ်ပြီး သူဟာ ကွမ်ရင်မယ်တော်ဝင်စားသူအဖြစ် သတင်းဖြန့်ခဲ့ပါတယ်။ ရုပ်ပွားတော် တည်ထားနေတဲ့ကာလမှာပဲ ရုပ်ပွားတော်တည်ဆောက်ရေး စစ်ဆေးရေးမှူး အဆင့်လေး ရာထူးရှိ အရာရှိမင်းတစ်ယောက် နေရောင်အောက်မှာ အလိုလိုမီးထလောင်ပြီး သေသွားတဲ့အခန်းနဲ့ ဇာတ်လမ်းစပါတယ်။ လူတစ်ယောက်ကိုယ်တွင်းကနေ အစပျိုးလောင်မြိုက်သေရတဲ့အမှုဖြစ်လို့ ဖြေရှင်းနိုင်မယ့် အမှုစစ်တစ်ယောက် လိုလာပါပြီ။ ပုန်ကန်သူအဖြစ် အကျဉ်းကျနေတဲ့ စုံထောက် ဒီး ကို ဧကရာဇ် ဝူ မဖြစ်မနေပြန်ခေါ်ပြီး ရာထူးပြန်ပေးခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ နောက်ထပ် အဆင့်‌သုံး ရာထူးရှိ စစ်ဆေးရေးမှူးတစ်ယောက် အမှုဖော်ထုတ်နေဆဲ အရင်အရာရှိမင်းလို မီးလောင်သေရပြန်တာကြောင့်ပါ။ စုံထောက် ဒီး က စုံစမ်းရေးမှူးတာဝန်ယူပြီး များမကြာခင်မှာ အဆိပ်တစ်မျိုးမိလို့ အဲဒီအဆိပ်က နေရောင်အောက်မှာ မီးလောင်စေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဧကရာဇ် ဝူ နန်းတက်မယ့်အခမ်းအနားမတိုင်မီ ပြီးစီးအောင် တည်ဆောက်နေတဲ့ ကွမ်ရင်မယ်တော် ရုပ်ပွားတော်ကြီးရယ်၊ ဧကရာဇ် ဝူ နန်းတက်မှာကို အသည်းအသန် တားမြစ်လိုကြတဲ့ သဘောထားမညီသူတွေရယ်၊ ထီးနန်းကို သွေးချောင်းစီးပလ္လင်အထိ အရသိမ်းမယ့် ဧကရာဇ် ဝူ ရယ်၊ နက်နဲလှတဲ့အမှုကို အမှုမှန်ပေါ်အောင် အသက်အန္တရာယ်ကြားက စုံစမ်းရတဲ့ စုံထောက် ဒီး ရယ်တို့ရဲ့ အရှုပ်တော်ပုံကို အရသာရှိရှိ မြည်းစမ်းနိုင်တဲ့ဇာတ်ကားပါပဲ။ သမိုင်းအရတော့ ဒီး ဟာ ဧကရာဇ် ဝူ လက်ထက်မှာ စစ်တပ်အကြံပေးတပ်မှူးပါဖြစ်ခဲ့ပြီး ခီတန် တွေနဲ့တိုက်ပွဲမှာ အစွမ်းပြနိုင်ခဲ့ပါတယ်။ နောက်ဆုံး ဝူ လက်ထက်မှာ သေဆုံးတဲ့အထိ သက်တော်ရှည်အမတ်ကြီးအဖြစ် တာဝန်ထမ်းသွားပါတယ်တဲ့။ ဒီး ဇာတ်ကားတွေ အရေအတွက်တစ်ခုထိရှိပေမဲ့ Andy Lau သရုပ်ဆောင်တဲ့ဒီဇာတ်ကားက လူကြိုက်အများဆုံးပါ။ စုံထောက်ဒီးရဲ့ ငယ်ဘဝအကြောင်းရိုက်ကူးထားတဲ့ မင်းသား Mark Chao  ဒီးအဖြစ် သရုပ်ဆောင်ထားတဲ့ Young Detective Dee: Rise of the Sea Dragon (2013) နဲ့ Detective Dee: The Four Heavenly Kings (2018) ဇာတ်ကားများကိုလည်း ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။) File size…(3.1 GB)/(1.2 GB) Quality….BluRay 1080p HEVC/ 720p Format…mkv/mp4 Duration….02:03:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Thriller
6.6 2010 123 mins
Detective Dee and the Mystery of the Phantom Flame
Crawl
6.3

ရုံမှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ခဲ့ရတဲ့ ဟော်ရာ ကားကောင်းတစ်ခုကို တင်ပေးထားပါတယ်။ အရမ်းလန့်တတ်တဲ့ သူတွေတော့ သတိထားကြည့်သင့်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ရေကူးအားကစားမယ် တစ်ယောက်ဖြစ်တဲ့ ဟေလီဟာ သူနဲ့ စိတ်ဆိုးပြီး စကားမပြောဖြစ်တဲ့ အဖေ့ဆီကို သွားဖို့ အကြောင်းဖန်လာပါတယ်။ အကြောင်းကတော့ အင်အားကြီး ဟာရီကိန်းမုန်တိုင်းတစ်ခု တိုက်မယ့်နယ်မြေထဲမှာ ဟေလီရဲ့ အဖေဟာ အဆက်အသွယ်ပြတ်ပြီး ပျောက်နေလိုူ့ပါပဲ။ သူ့အဖေဆီကို ရောက်သွားတဲ့အချိန်မှာ အဖေဖြစ်သူ ဘာလို့ ရောက်မလာနိုင်လဲ ဆိုတဲ့အကြောင်းရင်းကို သူကိုူယ်တိုင် တွေ့လိုူက်ရပါတော့တယ်။ ရေလျှံပြီး ရောက်နေတဲ့ မိကျောင်းတစ်ကောင် ကြောင့်ပါပဲ။ ရေထဲမှာ ပြိုင်ဘက်ကင်းသားရဲလိုူ့ ပြောလိုူ့ရတဲ့ မိကျောင်းနဲ့ ငါးတစ်ကောင်လို ရေကူး ကျွမ်းကျင်သူတို့ ရေထဲမှာ ရင်ဆိုင်ကြရတ့အခါ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါပဲ။

Crime • Horror • Science Fiction
6.3 2019 88 mins
Crawl
Some You Loved
5

Someone You Loved (2023) လမ်းခွဲပြီးကြတဲ့နောက်မှာ အဲဒီလူကိုမေ့ပစ်ဖို့ အချိန်ဘယ်လောက်ကြာတတ်သလဲ။ သူနဲ့ပတ်သက်သမျှ အရာရာတိုင်းကို ဖုန်းထဲကနေ ဖျက်ပစ်လိုက်ရုံနဲ့ သူ့ကိုမေ့နိုင်သွားပါ့မလား။ ဒီဇာတ်ကားလေးထဲမှာဆိုရင်တော့ သူငယ်ချင်းတွေကနေ ချစ်သူတွေဖြစ်လာခဲ့ကြပြီး ချစ်သူတွေကနေ သူစိမ်းတွေပြန်ဖြစ်သွားကြတဲ့ ဂျွန်ဟိုနဲ့အာယောင်းတို့ရဲ့ Move On လုပ်ဖို့ကြိုးစားပုံကို ကြည့်ရှုခံစားကြရမှာပါ။ လက်ထပ်ဖို့အထိ ရည်ရွယ်ထားခဲ့‌ကြပေမဲ့ ဘယ်လိုမှ‌ညှိနှိုင်းလို့မရတော့တဲ့ အခြေအနေကြောင့် တစ်လမ်းစီလျှောက်ကြဖို့ဆုံးဖြတ်လိုက်ကြတဲ့အခါ …. ဂျွန်ဟိုနဲ့အာယောင်းတို့ရဲ့ အနာဂတ်ဟာ ပျော်ရွှင်နိုင်ပါ့မလား။ အဆင်မပြေတဲ့ချစ်သူနဲ့လမ်းခွဲပြီး အချစ်သစ်ကိုရော ရှာဖွေသွားနိုင်မှာလားဆိုတာ ငြိမ့်ငြိမ့်လေးနဲ့ ကြည့်ရှုခံစားရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Casts တွေအနေနဲ့လည်း Reply 1988 ထဲက Lee Ding-Hwi နဲ့ The King: Eternal Monarch ထဲက Jung Eun-Chae တို့က သရုပ်ဆောင်ထားတာမို့ ကြည့်လို့ကောင်းမှာပါပဲ။ အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre….. Romance, Drama Quality…. 1080p | 720p | 480p File size… 1GB | 397MB | 200MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe and Joyz Encoder ….. Aaron

Comedy
5 2023
Some You Loved
Hustlter vs Scammer
5.8

Hustler vs Scammer (2023) “ကလိမ်စေ့ ငြမ်းဆင်” တို့ “ခေါင်းတုံးပေါ်ထိပ်ကွက်” တို့ စကားလုံးတွေကြားဖူးကြမှာပါ အဲ့လိုစကားလုံးတွေနဲ့ လိုက်ဖက်တဲ့ လူလိမ်ကားမျိုးလေး သဘောကျတတ်ရင်တော့ ဒီကားလေးက မိတ်ဆွေတို့အတွက် အပန်းပြေကြည့်ကို ကြည့်သင့်တဲ့ကားလေးပါပဲ။ ဒါ့အပြင် ကိုယ်တွေနဲ့လဲ ယဉ်ကျေးမှုသိပ်မဝေးတဲ့ ဗီယက်နမ်ကားလေးဆိုတော့ ကြည့်ရတာ တော်တော်လေးကို အဆင်ပြေပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ခိုအာ ဆိုတဲ့ Low Level လူလိမ်လေးတစ်ယောက်ဟာ လမ်းကြိုလမ်းကြားတွေမှာ တစ်ပြားနှစ်ပြားလောက်လိမ်တဲ့ကောင်ပေါ့။ စိတ်ထားလေးကလဲ မဆိုးရှာဘူးလေ။ တစ်နေ့တော့ သူ့ထက်မြင့်တဲ့ Medium Level လူလိမ်တစ်စုနဲ့ ဆုံပြီး လိမ်လည်မှု အတတ်ပညာရပ်တွေ သင်ရင်းက သူတို့သွားမလိမ်သင့်တဲ့ အလှကုန်တွေ ရောင်းတဲ့ မမကြီး တစ်ယောက်ကို သွားလိမ်မိရာကနေ ဘယ်လိုအရှုပ်အရှင်းတွေနဲ့ တွေ့ရပြီး ဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာ ဇာတ်လမ်းသွားလှည့်ကွက်လေးတွေနဲ့ စိတ်ဝင်တစားကြည့်ရှုရမဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p | 480p File size… 1.8GB | 976MB | 480MB Format… mp4 Duration…. 2h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Drama
5.8 2023
Hustlter vs Scammer
You Don’t Mess with the Zohan
5.5

You Don’t Mess with the Zohan (2008) Adam Sandler ရဲ့ မကြည့်ဖူးသူမရှိလောက်မယ့် ကားဟောင်းကားကောင်းတစ်ကားပါ။ သူကိုယ်တိုင် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ညွှန်း‌ကိုလည်း သူပဲ ဝင်ရေးပေးခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Emmanuelle Chriqui, John Turturro နဲ့ Buddy Games ဇာတ်ကားထဲက မင်းသားကြီး Nick Swardson ကိုလည်း လူငယ်သရုပ်ဆောင်အနေနဲ့ တွေ့ရမှာဖြစ်လို့ လုံးဝကို လက်ရာမြောက် ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားကတော့ ဇိုဟန်ဆိုတဲ့ အစ္စရေးနိုင်ငံသား အထူးစစ်သားတစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးတော့ရိုက်ကူးထားတာပါ။ ဇိုဟန်ဟာ သူလုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ရုံတင်မကဘဲ အတော်လေးကို နာမည်ကြီးလှတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့ နိုင်ငံကျော်စူပါစတားပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီအလုပ်ကိုလုပ်နေရင်းနဲ့ ဒီလိုပဲ သူ့ဘဝကြီးက သံသရာလည်တာကို မနှစ်သက်တော့ပါဘူး။ အဲဒီအခါ ဇိုဟန်ဟာ သူ့ရဲ့ ဝါသနာပါရာ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် အမေရိကကို ထူးဆန်းတဲ့နည်းနဲ့ သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဇိုဟန်တစ်ယောက် အမေရိကရောက်သွားတော့ ဘာတွေဆက်ဖြစ်မလဲ… ဘယ်လိုဆန်းပြားတဲ့အတွေ့အကြုံသစ်တွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Adam Sandler ထုံးစံ စခွီတစ်သိန်းနဲ့ မြင်ရမှာဖြစ်လို့ ရှုစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 905MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 53Min Genre – Action, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Drama
5.5 2008 113 mins
You Don’t Mess with the Zohan
You Are So Not Invited to My Bat Mitzvah
6

You Are So Not Invited to My Bat Mitzvah (2023) ဒီကားလေးကတော့ လတ်တလော Rotten Tomato မှာ Rating 95% ရနေတဲ့ ဟာသကားလေးပါပဲ။ မင်းသားကြီး Adam Sandler နဲ့ သူ့ရဲ့ မိန်းမ၊ သူ့ရဲ့သမီးတွေ မိသားစုလိုက် ပါဝင်သရုပ်ဆောင်ထားတာပါပဲ။ သူ့ရဲ့မိန်းမနဲ့သမီးတွေဆိုပေမဲ့ အကုန်လုံးက အရင်ကတည်းက အောင်မြင်ပြီးသား သရုပ်ဆောင်၊မော်ဒယ်တွေမို့ အခုရုပ်ရှင်မှာမှ ပွဲထုတ်တာမျိုးတော့မဟုတ်ပါဘူး။ ဒီကားက Are You There God? It’s Me, Margaret နဲ့အတော်လေးကို ပုံစံဆင်တူပြီး၊ Anne with an E တို့လို ကလေးဘဝကနေ အရွယ်ရောက်တဲ့အချိန်အကြောင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ရိတ်တင် ကောင်းရတဲ့အချက်ကတော့ အဖေလုပ်တဲ့သူနဲ့ သမီးတွေ အရမ်း သဘာဝကျကျ လိုက်ဖက်ညီနေတာဖြစ်ပြီး ဇာတ်လမ်းလေးကလည်း ချစ်ဖို့ကောင်းနေတာပါပဲ။ ဒီတော့ မိန်းကလေး အချစ်ဆုံးသူငယ်ချင်းတွေကြားကအဖြစ်အပျက်တွေ မိသားစုကြားကအဖြစ်အပျက် ဒရမာ ဟာသမျိးတွေ ကြိုက်တတ်သူတွေအတွက် လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း စတေစီဆိုတဲ့ကောင်မလေးဟာ ဂျူးမိသားစုဝင်တစ်ယောက်ပါပဲ။ ဂျူးတွေမှာ ဘာသာရေးအရ ၁၃ နှစ်ပြည့်ပြီးဆိုရင် Bat Mitzvah ဆိုတဲ့အခမ်းအနားကျင်းပပြီး လူကြီးအဖြစ်သတ်မှတ်ခံရပါတယ်။ အဲဒီနေ့ဟာ ဂျူးတိုင်းအတွက် အရေးအကြီးဆုံးနေ့ပါပဲ။ လူငယ်လေးတွေအနေနဲ့လည်း သူတို့ရဲ့ Bat Mitzvah နေ့ကို အပြီးပြည့်စုံဆုံးဖြစ်ဖို့ ကိုယ်စီ စိတ်ကူးတွေယဉ်ကြတာပါ။ အစဉ်အလာအရ ဘုရားကျောင်းမှာ ကုသိုလ်တစ်ခုလုပ်ရမယ်၊ တိုရာကျမ်းစာရွတ်မယ်၊ မိန့်ခွန်းတစ်ခုပြောမယ်၊ ညကျရင် ပါတီအကြီးအကျယ်ဆင်နွှဲရပါတယ်။ စတေစီဟာလည်း သူ့ရဲ့ Bat Mitzvah နေ့အတွက် သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း လစ်ဒီယာနဲ့ ပြင်ဆင်ပြီး စိတ်ကူးတွေယဉ်နေခဲ့တာကြာပါပြီ။ ဒါပေမဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကကြားကို ကောင်လေးတစ်ယောက်ရောက်လာပြီး Bat Mitzvah နေ့မတိုင်ခင်မှာပဲ စိတ်ဝမ်းကွဲသွားကြပါတော့တယ်။ တော့ သူတို့အပြန်အလှန်ကူညီဖို့ စီစဉ်ထားတဲ့ Bat Mitzvah တွေမှာဘယ်လိုဖြစ်လာမလဲဆိုတာ…. အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 2GB |1GB Format… mp4 Duration….1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Anderson Encoder …..Aaron

TV Movie • Mystery • Thriller • Drama
6 2023
You Are So Not Invited to My Bat Mitzvah
Jailer
7.5

Jailer (2023) IMDb-7.5/10 ရူပီသန်းပေါင်း၂၄၀ဝန်းကျင် အသုံးပြုရိုက်ကူးထားပြီး ရူပီ၆၃၅သန်းပြန်လည်ရရှိခဲ့တဲ့ မင်းသားကြီးရာဂျ်နီကန့်သ်ရဲ့ ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ဟာသမင်းသားကြီး ရိုဂီဘာဘူလည်း ပါဝင်အားဖြည့်ထားပါတယ်။ အကြည်ဗားရှင်းထွက်တာ အချိန်တစ်ခုကြာပြီဖြစ်ပေမယ့် ရုပ်သံစာတန်းထိုးမှန်အောင်စောင့်ဆိုင်းနေခဲ့တဲ့အတွက် စီအမ်ဘောလိဝုဒ်ပရိသတ်ကြီးကိုအနူးအညွတ်တောင်းပန်အပ်ပါတယ်။ ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဆိုတာ နာမည်တစ်ခုတင်ကျန်ရစ်တတ်ပေမယ့် အတိုက်ခိုက်ခံရ ပေးဆပ်လိုက်ရတာတွေကတော့ ရှိနေတတ်တာဓမ္မတာပါပဲ။ မင်းသားကြီးရာဂျ်နီကန့်သ်က ဇနီးဖြစ်သူရယ် သားရယ် ချွေးမရယ် မြေးလေးရယ်နဲ့ အငြိမ်းစားထောင်မှူးကြီးဘ၀ကို ငြိမ်းချမ်းစွာဖြတ်သန်းနေသူတစ်ယောက်။ သားဖြစ်သူကိုလည်း ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူ။ တစ်ရက်မှာတော့ ဘုရားကျောင်းရုပ်တုတွေပျောက်ဆုံးမှုကို စုံစမ်းဖော်ထုတ်နေတဲ့ သားဖြစ်သူ ပျောက်ချင်းမလှပျောက်သွားရာကစ အသတ်ခံလိုက်ရတာကိုသိလိုက်ရပါတယ်။ အဲဒီမှာပဲ အေးချမ်းတဲ့ဘ၀လေးကနေ သားကိုသတ်ခဲ့တယ်လို့သိရတဲ့ လူဆိုးဂိုဏ်းကို လက်စားချေအမြစ်ဖြတ်သုတ်သင်ဖို့ကြိုးစားတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့အမှန်တရားတွေ အသတ်အဖြတ်ကြမ်းကြမ်းရမ်းရမ်းတွေကို ကြည့်ရှုခံစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~YH~Cherry~Zwe Yan~BpLတို့ပဲဖြစ်ပါတယ်)

Romance • TV Movie
7.5 2023 165 mins
Jailer
Rama Ayodhya

Rama Ayodhya (2024) (အယုဒ္ဓယသို့ အလည်တစ်ခေါက်) IMDb- 6/10 ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ လေယာဉ်စီးစရာမလိုဘဲ အယုဒ္ဓယကို လည်ပတ်နေသလိုမျိုး ခံစားစေရမှာဖြစ်ပါတယ်။ သမိုင်းကြောင်းစိတ်ဝင်စားတဲ့သူတွေအတွက်တော့ အကြိုက်ပေါ့ဗျာ။ ဇာတ်လမ်းကတော့ အယုဒ္ဓယမှာရှိတဲ့ အရှင်ရာမနဲ့ သက်ဆိုင်တဲ့နေရာတွေကို အသေးစိတ်ရှင်းပြပြီးတော့ အရှင်ရာမရဲ့ အကြောင်းတွေကို အသေးစိတ်လေ့လာနိုင်မှာပဲဖြစ်ပါတယ်။ အရှင်ရာမရဲ့ စိတ်နေသဘောထားတွေ ခွန်အားကြီးတာတွေ အစရှိသဖြင့် အရာတွေကို အရှင်ရာမရဲ့ သက်ဆိုင်တဲ့နေရာတွေနဲ့ ယှဉ်ပြပြီး ပြောသွားတာမျိုးဆိုတော့ စိတ်ဝင်စားစရာလည်း ကောင်းပြီး သမိုင်းကြောင်းတွေကိုလည်း သိရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒီလို သမိုင်းကြောင်းတွေပြောကြားရင်းနဲ့ လူ့အဖွဲ့အစည်းမှာ ကောင်းသောနေထိုင်နည်းနဲ့ နေထိုင်နိုင်ဖို့ကိုလည်း လမ်းညွှန်သင်ပြသွားပါသေးတယ်။ အဲဒီတော့ ဘယ်လိုသမိုင်းကြောင်းတွေ , ဘယ်လိုနေရာတွေကို ပြသသွားမလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)

Thriller • Science Fiction
0 2024
Rama Ayodhya
Khwaabon Ka Jhamela
6.4

Khwaabon Ka Jhamela 2024 (စော်ငြင်းကောင်လေး ဇူဘင်) ဇူဘင်ဆိုတဲ့ကောင်လေးဟာ ၂နှစ်လောက်တွဲလာတဲ့‌ ကောင်မလေးဖြစ်သူ ရှီနာ့ဇ်နဲ့အတူ ယူကေကို သွားဖို့အတွက် စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ ဇူဘင်ကို ငြီးငွေ့လာပြီဖြစ်တဲ့ ရှီနာ့ဇ်ကတော့ ဇူဘင်ကို ငြင်းခဲ့ပါတယ်။ ဒီလိုနဲ့ ချစ်သူနဲ့သွားဖို့ စီစဉ်ထားတဲ့ ယူကေခရီးစဉ်မှာ တစ်ယောက်တည်း ယောင်ချာချာဖြစ်ပြီးတော့ ယူကေမှာ ကြိုတင်ပလန်ဆွဲထားတဲ့နေရာတွေမှာ တစ်ယောက်တည်းပဲ ကြေကွဲနေရပါတော့တယ်။ ကြေကွဲနေတဲ့ ဇူဘင်တစ်ယောက် ဘားတစ်ခုကို ရောက်သွားပြီး အရက်တွေသောက်လို့ စော်ငြင်းကောင်လေးတစ်ယောက် တွေ့သမျှ ကောင်မလေးတိုင်းကို လိုက်ကြောင်ရင်းနဲ့ ရူဘီဆိုတဲ့ ကောင်မလေးနဲ့တွေ့ခဲ့ပါတယ်။ ရူဘီဆိုတဲ့ ကောင်မလေးကို ကြောင်ရင်းနဲ့ အဲဒီဘားမှာလည်း သူ့အရင်ကောင်မလေးအကြောင်းတွေကို မိုက်နဲ့ ရင်ဖွင့်ပြောခဲ့ပြီး ဘားတစ်ခုလုံးကို ကြေငြာလိုက်ပါသေးတယ်။ ဘားမှာ မူးရူးနေရင်းကနေ ဘယ်ကမှန်းမသိတဲ့ကောင်တွေက သူ့ပိုက်ဆံအိတ်ကို အလစ်သုတ်ချင်တာနဲ့ပဲ ဘောင်းဘီကိုပါချွတ်ယူသွားပြီး ဇူဘင့်ကို အမှိုက်ပုံးနားမှာ ထားခဲ့ပါတော့တယ်။ ဒါကိုတွေ့သွားတဲ့ ရူဘီတစ်ယောက် ပြစ်မထားခဲ့နိုင်ဘဲ သူ့အိမ်ကို ခေါ်လာပါတော့တယ်။ ပြည်ပမှာ အလုပ်လုပ်ရတာ ခက်ခဲကြတဲ့ထုံးစံအတိုင်း ရူဘီဟာလည်း ဘာဘေလ်တွေမှ မဆောင်နိုင်တဲ့အတွက် အိမ်ကို အပြင်က သော့ခတ်ပြီးတော့ ခိုးကြောင်ခိုးဝှက်နေနေသူတစ်ယောက်ပါ။ ဒီလိုနဲ့ အသည်းကွဲရင်း ပိုက်ဆံအိတ်ပါပျောက်ပြီး ဒုက္ခရောက်နေတဲ့ ဇူဘင်နဲ့ ငွေကြေးဆိုင်ရာခက်ခဲလို့ သိုသိုသိပ်သိပ်နေနေရတဲ့ ရူဘီတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် ရိုမန့်ဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Drama • Family
6.4 2024 120 mins
Khwaabon Ka Jhamela
Chintu Ji
5.5

Chintu Ji (2009) “ချင်တူတို့ရွာ” IMDb – 5.5/10 ဒီရုပ်ရှင်မှာ အဓိကသရုပ်ဆောင်အနေနဲ့ပါဝင်ထားတာက အရင်ခေတ်အိန္ဒိယရဲ့ဂန္ဓဝင်မင်းသားကြီးလို့တင်စားကြတဲ့ ရာ့ဂျ်ကပူးရဲ့သားဖြစ်သူ၊ လက်ရှိနာမည်ကျော်ဘောလိ၀ုဒ်မင်းသား ရန်ဘီးကပူးရဲ့အဖေဖြစ်သူ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားကြီး ရီရှီကပူးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဟာဒတ်ဘာဟီဒီဆိုတဲ့ လူမသိသူမသိ အေးချမ်းတဲ့ရွာငယ်လေးတစ်ခုရှိတယ်။ ရွာအစည်းအဝေးမှာ ဘေးနားကရွာက နာမည်ကျော်တွေထွက်တဲ့အတွက် တော်တော်များများသိကြပြီး သူတို့ရွာလေးကို ဘယ်သူမှမသိတဲ့အတွက် နာမည်ကျော်ဖို့ ဆွေးနွေးကြတာပေါ့။ ဒီမှာပဲ သားဖွားဆရာမအိုကြီးတစ်ယောက်ကထပြီး သူတို့ရွာကလည်း နာမည်ကျော်တစ်ယောက်ထွက်တယ်ဆိုတော့ ဘယ်သူလဲမေးကြတာပေါ့။ ဒီမှာပဲ ဓာတ်ပုံထုတ်ပြတဲ့အချိန် နာမည်ကျော်မင်းသား ရီရှီကပူးဖြစ်နေတာကြောင့် ရီရှီကပူးကို သူတို့ရွာဆီဖိတ်ခေါ်ဖို့ လုပ်ကြရော။ မင်းသားကလည်း နိုင်ငံရေးလောကထဲဝင်မဲ့အချိန်ဆိုတော့ မဲဆန္ဒရှင်တိုးဖို့အရေး မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို ရွာကလေးဆီကို ရောက်လာတဲ့အချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။)

Drama • Comedy • Romance
5.5 2009 115 mins
Chintu Ji
Bougainvillea
6.7

Bougainvillea (2024) “စက္ကူပန်း” IMDb – 6.7/10 ဒီကားလေးကတော့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းတွေကို ကြိုက်တတ်တဲ့ပရိသတ်တွေအတွက် မလွတ်တမ်းကြည့်သင့်တဲ့ ရုံတင်ဇာတ်ကားကောင်းလေးပါ။ ရော့်ချီနဲ့ ရီသူးတို့ဟာ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ဘဝကို အေးအေးချမ်းချမ်းလေး ဖြတ်သန်းနေကြတဲ့သူတွေပါ။ ဒါပေမဲ့ တစ်ရက် ကားအက်စီးဒင့်တစ်ခုနဲ့ကြုံလိုက်ရပြီး ရီသူးတစ်ယောက် အတိတ်မေ့သွားပါတယ်။ မိဘတွေဆုံးပါးသွားပြီးနောက်ပိုင်း ဒီလိုအဖြစ်ဆိုးနဲ့ပါကြုံလိုက်ရတာကြောင့် အနည်းနဲ့အများတော့ နေ့စဉ်ဘဝမှာ သက်ရောက်မှုရှိခဲ့တာပေါ့။ ဒါပေမဲ့ ရော့်ချီဟာ သူ့ဇနီးကို စိတ်ရှည်ရှည်နဲ့စောင့်ရှောက်ပေးပြီး အချစ်တွေအပြည့်အဝပေးရှာပါတယ်။ ရီသူးက အပြင်ကိုသိပ်ထွက်လေ့မရှိပေမဲ့ အားလပ်ချိန်တွေမှာတော့ ပန်းချီလေးတွေဆွဲပြီး သွားသွားရောင်းတတ်တဲ့သူပါ။ ဒါပေမဲ့ ဒီလိုတစ်ဖန်ပြန်အဆင်ပြေနေတဲ့ သူတို့ဘဝလေးထဲကို နောက်ထပ်မုန်တိုင်းတစ်လုံး ဝင်လာပါတယ်။ အဲဒါကတော့ ရဲအရာရှိတစ်ယောက် စုံစမ်းနေတဲ့အမှုတစ်ခုမှာ ရီသူးက အဓိကသံသယရှိသူဖြစ်လို့နေတာပါ။ ရီသူးဆိုတဲ့ အမျိုးသမီးရဲ့အတိတ်မှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ။ ဒီအမှုကရော သူနဲ့ဘယ်လိုပတ်သက်မှုရှိနေတာလဲ.. ဒီမေးခွန်းတွေကိုတော့ ဇာတ်ကားလေးကို ရင်တထိတ်ထိတ်ကြည့်ရင်းနဲ့ပဲ အဖြေရှာလိုက်ရအောင်နော်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

6.7 2024 138 mins
Bougainvillea
The Gangs, the Oscars, and the Walking Dead

The Gangs, the Oscars, and the Walking Dead (2019) ************************************************** ဒီတစ်ခါမှာတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိထားတဲ့ ထိုင်ဝမ် ဟာသကားလေးတစ်ကားကို… တင်ဆက်ပေးမှာဖြစ်ပါတယ်။ ရုပ်ရှင်ဝါသနာကြီးတဲ့ လူမိုက်တွေရဲ့ အဖြစ်အပျက်တွေကို ဒီဇာတ်လမ်းမှာ ဟာသမြောက်အောင် ရိုက်ကူးပုံဖော်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ————- ငယ်ငယ်ကတည်းက ဝါသနာတူပြီး အတူကစားပြီးကြီးပြင်းလာကြတဲ့ သူငယ်ချင်း(၂)ယောက်… တစ်ယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းပြီးနေလာရာကနေ အသက်လေးရလာတော့… ငယ်ငယ်တုန်းကစိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုရိုက်ဖို့ ရုပ်ရှင်လောကထဲကိုဝင်ခဲ့တယ်… ရုပ်ရှင်ပြီးအောင်မရိုက်နိုင်တဲ့အပြင် အားလုံးပျက်စီးသွားလို့ အကြွေးဗရပွနဲ့ကျန်ခဲ့တယ်… အလုပ်ရှုံးသွားပြီး လျော်ကြေးပေးဖို့အတွက် လူဆိုးဂိုဏ်းထဲ မဝင်ချင်ဘဲ ဝင်လိုက်ရတယ်… သူတို့အတွက်ကံလေးပြန်တက်လာမယ်လို့ထင်လိုက်တာ… အဲဒီဂိုဏ်းထဲရောက်မှ ငါးပါးမှောက်တော့တာပဲ…သူတို့ လူဆိုးဂိုဏ်းထဲရောက်ပြီး… ဘယ်လိုတွေတိုင်ပတ်ကြလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး… ဇာတ်လမ်းအညွှန်းကို MiMi မှ ရေးသားပေးထားပါတယ်။ File Size : 1.72GB / 772MB Quality : WEB-DL 1080p / 720p Duration : 01:45:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Esther Oo Encoded by Heather Oo

Horror • Thriller
0 2019 105 mins
The Gangs, the Oscars, and the Walking Dead
Love The Stars
5.7

CM ရဲ့ ဇာတ်ကားတွေကို အားပေးနေတဲ့ ချစ်ပရိတ်သတ်တို့ရေ… အခန်းတစ်ခန်းထဲမှာ မတူညီတဲ့အချိန်နှစ်ခုက လာတဲ့ လူနှစ်ယောက်ရဲ့ ချစ်ခြင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်တယ်နော်… ဘတ်ဂျက်ကားလေးဆိုပေမယ့် ရူပါတွေက နွံထဲက ပတ္တမြားခဲလေးမို့အရှုံးမရှိသလို… ဇာတ်လမ်းလေးကလည်း မဆိုးလှဘူး ဘာဖြစ်မလဲ တွေးတွေးရင်း ဇာတ်သိမ်းသွားတာတောင်မသိလိုက်ဘူးဖြစ်မယ်… ဇာတ်လမ်းလေးကတော့ အင်္ဂလန်မှာ ကျောင်း၅ နှစ်တက်ပြီး ပြန်လာတဲ့ ရှန်ကျန့်ဆိုတဲ့ ကောင်လေးဟာ… အမေတစ်ခု သားတစ်ခုမို့ သူ့အပေါ် အမှီခိုလွန်တဲ့ အမေကို ဆန့်ကျင်ဖို့ တစ်ယောက်တည်း အခန်းငှားခဲ့ရာက စတာပါပဲ… တစ်မနက်ခင်းလုံး အကောင်း အကျိုးဆောင်နဲ့ အိမ်အတူတူကြည့်ပြီး စိတ်တိုင်းကျလို့တောင် စာချုပ်ချုပ်ပြီးပြီ…. ပြောင်းပြီးလာလည်းလာရော ည ၉ နာရီရောက်မှ ထူးထူးခြားခြား သူပြင်ဆင်ထားတဲ့ အခန်းအပြင်အဆင်တွေအားလုံးပြောင်းသွားတဲ့အပြင် သူ့အခန်းထဲမှာ ပိုင်မုန့်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ပါ ပေါ်လာတယ်… နောက်တော့ အဲ့ပိုင်မုန့်ဆိုတဲ့အမျိုးသမီးက ဒီအခန်းရဲ့ပိုင်ရှင်တဲ့… သာမန်အနေအထားဆို အခန်းလိမ်ခံရပြီး စာချုပ်မှားချုပ်မိတာပေါ့… ဒါပေမယ့် ထူးခြားတာက သူက ဩဂုတ်လ ၁ ရက်နေ့မှာရှိနေပြီး သူ့ကိုရန်လုပ်နေတဲ့ အမျိုးသမီးက ဇွန်လ ၁ ရက်နေ့မှာ ရှိနေတာပါပဲ… ဘာလို့ သူတို့ကြားမှာ ဒီလို ကိစ္စပေါ်လာတာလဲ… ဘာလို့ အချိန်နှစ်ခု တိုက်ခန်းတစ်ခန်းဖြစ်နေတာလဲ… ပိုင်မုန့်နဲ့ ရှန့်ကျန့်ကြားမှာ ဘာပတ်သက်မှုရှိနေလို့လဲ… ဇာတ်လမ်းလေးထဲ အဖြေရှာလိုက်ကြတော့နော်

5.7 2024
Love The Stars
Sarzameen

Sarzameen (2025) “လွန်ဆွဲပွဲ” နာမည်ကြီးသရုပ်ဆောင်တွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါ၀င်ထားတဲ့ ဟင်ဒီစကားပြော သည်းထိတ်ရင်ဖို-ဒရာမာ ဇာတ်လမ်းကောင်း တစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းမှာ မလေယာလမ်းနာမည်ကြီးမင်းသားချော ပရီသ်ဗီရာ့ဂ်ျဆူကူမာရန်၊ ဟင်ဒီမင်းသမီးကြီး ကာဂျိုးနဲ့ (ဆေ့ဖ်အလီခန်းရဲ့သား) အီဘရာဟမ်အာလီခန်းတို့ ပါ၀င်ထားတာမို့ ဘောလိဝုဒ်ရုပ်ရှင်ချစ်သူတို့ မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဇာတ်လမ်းထဲမှာတော့ ဗီဂျေးဟာ အရည်အချင်းပြည့်၀ပြီး အကြမ်းဖက်သမားတွေကိုရဲရဲဝံ့ဝံ့နှိမ်နင်းလာတဲ့ စစ်တပ်အရာရှိကြီးတစ်ဦးပါ။ ဒါပေမဲ့ သူ့မှာရှ်တဲ့ တစ်ဦးတည်းသောသားဖြစ်သူ ဟာမန်ကတော့ ဖခင်နဲ့လုံး၀မတူဘဲ အရမ်းကြောက်တတ်တဲ့ ကောင်လေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ အကြမ်းသမားတွေကိုနှိမ်နင်းနေသူဖြစ်တာကြောင့် ရန်သူတွေ ပတ်လည်ဝိုင်းနေတဲ့ ဗီဂျေးတစ်ယောက် တစ်နေ့မှာ သားဖြစ်သူနဲ့ ခြိမ်းခြောက်တာကို ခံရတဲ့အခါ… အရမ်းကြောက်တတ်တဲ့ ဟာမန်တစ်ယောက် ဘာတွေကြုံတွေ့ရမလဲ ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရဦးမလဲ၊ သူတို့မိသားစု ရှေ့ဆက်ဘာဖြစ်မလဲ ဆိုတာတွေကို သည်းထိတ်ရင်ဖိုဇာတ်၀င်ခန်းတွေနဲ့အတူ ဒရာမာပါနှောပြီး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym ~ ToMo ~ KKKZ ~ V ~ Alex ဖြစ်ပါတယ်။)

Drama
0 2025 137 mins
Sarzameen