YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Greyhound.2020.WEB-DL.1080P.5.1CH.mp4

1.74 GB N/A video/mp4 11840 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Two Hands
6.5

Heath Ledger ရဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်.. ဂျင်မီဟာ ကလပ်မှာ အလုပ်လုပ်တဲ့ကောင်လေးပေါ့။ တစ်နေ့မှာ နယ်မြေရဲ့ဂိုဏ်းစတားကသူ့ပိုက်ဆံ‌တွေသွားပို့ပေးဖို့ ဂျင်မီကိုခိုင်းခဲ့ပါတယ်.. သွားပို့ရမယ့်နေရာမှာ ငွေလက်ခံမယ့်သူက အိမ်ထဲက ထွက်မလာလို့ အချိန်ဖြုန်းဖို့ဆိုပြီး ရေသွားကူးမိခါမှ ပိုက်ဆံတွေအလစ်သုတ်ခံလိုက်ရပါတယ်။ ပိုက်ဆံတွေပြန်မပေးနိုင်ရင် အသတ်ခံရမှာဆိုတော့ ဂျင်မီခ‌မျာ ကြံမိကြံရာကြံရပါတော့တယ်။ ကံတရားရဲ့အလှည့်အပြောင်းတွေကြောင့် ဂျင်မီတစ်ယောက် အဆုံးမှာ ဘယ်လိုဖြစ်သွားမလဲဆိုတာ‌ကိုတော့,,, File Size :(2.1GB)(897 MB) and (286MB) Quality : Blu-Ray 720p Format…mp4 Duration…01:43:00 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Action • Comedy • Science Fiction
6.5 1999 103 mins
Two Hands
M. Butterfly
6.6

ဒီကားကို ရိုက်တဲ့ဘဲက ဒေးဗစ်ခရိုနင်ဘတ်။ သူ့တော့ သိကြတယ်ဟုတ်။ Crimes of the Future တို့၊ The Fly တို့၊ Crash တို့လို Body Horror တွေအရိုက်များခဲ့တဲ့သူပါပဲ။ Body Horror မာစတာတစ်ပါးအဖြစ်လူသိများတဲ့ ခရိုနင်ဘတ်ဟာ ဒီတစ်ခါတော့ ထူးထူးခြားခြား ဘာညာဘာညာကြတာတောင် ဘော်ဒီမပြတဲ့ ကားကို ရိုက်ချလိုက်တယ်။ မင်းသားက Jeremy Irons ပါ။ ပေါ်ပြူလာအရမ်းဖြစ်တဲ့ထဲ မပါပေမဲ့လည်း သရုပ်ဆောင် တော်တော်ကောင်းတဲ့ ဘိုးတော်ကြီးပေါ့။ မင်းသမီးကတော့ အဲလေ နောက်မင်းသားကတော့ ဂျွန်လုံးပါ။ သူကတော့ ပုရီကားမှာ တော်တော်များများသိကြမှာပါ။ Rush Hour 2 ကတော့ သူ့ကို လူသိအများကြဆုံးကားဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းကတော့ ပြင်သစ်သံရုံးက စာရင်းကိုင်တစ်ယောက်ဟာ တစ်နေ့ အော်ပရာသွားကြည့်ရင်း ပီကင်းအော်ပရာသမလေးတစ်ယောက်နဲ့တွေ့တယ်။ ဘာမှတော့မသိပေမဲ့ အနုပညာကိုခံစားတတ်သလို ဘာလိုလိုနဲ့ ရောဖောရင်း စကားသွားပြောရာက ငြိတိတိဖြစ်မလိုလို ဖြစ်သွားတာပေါ့။ အဲဒီနောက် တော်တော်ကြာသွားတယ်။ မတွေ့ဖြစ်ကြဘူး။ နောက် သူလက်ထောက်ကောင်စစ်ဝန်ရာထူးတိုးသွားတဲ့အခါမှာ အဲဒီအော်ပရာသမလေးဆီသွားပြီး ချစ်ရေးဆိုရာကနေ ပြင်သစ် တရုတ်အချစ်ဇာတ်လမ်းလေးတစ်ခု ဖြစ်ထွန်းလာတယ်ပေါ့။ စပွိုင်လာလို့ပြောလို့ရပေမဲ့ ဇာတ်ကိုက ဖြစ်ရပ်မှန်ကို ရိုက်ထားတာဆိုတော့ ကျန်တဲ့ပြောမှာတွေက စပွိုင်လာဖြစ်နိုင်တာမို့ မသိသေးရင် ဒီမှာပဲ ရပ်လိုက်ပါ။ မပြောလို့လည်း မဖြစ်တာမို့ ပြောရပါဦးမယ်။ ဒီလိုနဲ့ သူတို့တွေ ချစ်ခင်စုံမက်ပေါင်းဖက်လာလိုက်တာ သားလေးမွေးကြတဲ့အထိပေါ့။ ------------- ပြဿနာက တော်တော်ကြာပြီးမှ တရားရုံးက ခေါ်လို့သွားရာက အမှုအစစ်ဆေးခံရင်းသိလိုက်ရတာက သူမယားအဖြစ်ပေါင်းသင်းခဲ့တဲ့ အော်ပရာအဆိုတော်မက အမမဟုတ်ဘဲ အထီးကြီးဖြစ်နေရှာတာ။ အဲဒီမှာ တစ်လောကလုံးစာ အရှက်တွေကွဲပါလေရော။ ဟိုကလည်း ပိရိသကိုး။ ပီကင်းအော်ပရာသမားတွေက အစကတည်းကိုက အမျိုးသမီးဇာတ်ကောင်နေရာလည်း အမျိုးသားပဲ သရုပ်ဆောင်ကြတော့ အမျိုးသမီးနေရာက သရုပ်ဆောင်သွားတာလည်း သိပ်ကောင်းနေသကိုး။ ဂျင်းအကြီးကြီးမိသွားရှာတာပေါ့။ သို့ပေမဲ့ လိင်ပါဆက်ဆံတာတောင် မသိဘူးလားဆိုတဲ့အမေးတော့ရှိမယ်။ ဒါကတော့ ကားမှာလည်း တစ်ချို့တစ်ဝက်မြင်သာသလို တကယ့်အမှုကိုစစ်ခဲ့တုန်းက ဆေးပညာရှင်ရဲ့ အတည်ပြုချက်အရတော့ သူက ခုခေတ်လည်းသုံးကြတဲ့ Tucking လို့ခေါ်တဲ့ လိင်တံကို မပေါ်အောင် နောက်ပစ်ထားတဲ့နည်းဆိုလား သုံးခဲ့သတဲ့။ နောက် သူက ထူးထူးခြားခြားပဲ သူ့ဝှေးကိုလည်း သူလိုချင်သလိုပုံစံဖြစ်ရအောင် ကြွလို့ရှုံ့လို့ရတဲ့ စွမ်းရည်လည်းရှိသတဲ့။ ဒီတော့ ဗဂျိုင်နာလို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နိုင်ခဲ့သတဲ့။ ဇာတ်ကတော့ တိုနီဆုပါရခဲ့တဲ့ ဘ‌ရော့ဒ်ဝေးပြဇာတ်တစ်ခုကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ အဲဒီပြဇာတ်ကလည်း ပြင်သစ်သံအမတ်နဲ့ Shi Pei Pu လို့ခေါ်တဲ့ တရုတ်အော်ပရာအဆိုတော်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကကို အခြေတည်ထားတာပါ။ ဒီအဖြစ်အတွက် နှစ်ယောက်စလုံး ထောင်ကျပြီး လွတ်လာခဲ့ပါတယ်။ အပြင်မှာတော့ Shi ဟာ မသေခင်မှာ ပြင်သစ်သံအမတ်ကို ကျွန်တော်ကတော့ အစ်ကို့ကို ချစ်တုန်းပဲလို့ ပြောခဲ့သလို ၂၀၀၉အထိအသက်ရှည်ရှည်နေခဲ့ရပြီး ၇၀နဲ့ဆုံးသွားခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမဲ့လည်း ဒီဇာတ်လမ်းဟာ သိပ်မယုံနိုင်စရာကောင်းလွန်းနေသလို မူရင်းပြဇာတ်ကို ရေးတဲ့စာရေးဆရာကလည်း " ဒီပြဇာတ်မှာ Gay နဲ့ Straight ကြားက မျဉ်းလေးဟာ အင်မတန်ဝေဝါးပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလူဟာ သူယောက်ျားတစ်ယောက်နဲ့ သံဝါသပြုနေခဲ့တယ်ဆိုတဲ့အချက်ကို သိခဲ့မယ်လို့ထင်ပါတယ်။ ဒါကြောင့်မို့ ပမာဏတစ်ခုအထိတော့ သူ့စိတ်က Gay ဖြစ်နေပုံပါပဲ " တဲ့။ ပြဇာတ်ရေးဆရာရဲ့ ဒီစကားကတော့ ပိုပြီးနှိုင်းဆကြည့်ရလွယ်ပါလိမ့်မယ်။ ပီကင်းအော်ပရာသမားတွေ ဈာန်အဝင်လွန်ပြီး ဒီမျဉ်းအရမ်းပါးလျသွားတာလည်း ဒါဦးဆုံးမဟုတ်ဘူးမို့လား။ Farewell My Concubine မှာလည်း ကျွန်တော်တို့တွေ့ခဲ့ရပြီးပြီပဲလေ... (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 660MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 41Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.6 1993 101 mins
M. Butterfly
Slapface
5.1

Slapface (2021) =========== လူးကက်စ်နဲ့ တွမ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်က သူတို့ရဲ့ မိခင် မတော်တဆမှုဖြစ်ပြီး ဆုံးသွားတဲ့နောက် တောထဲက အိမ်လေးမှာ နှစ်ကိုယ်တည်းနေနေခဲ့ကြပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ထူးဆန်းတဲ့ဂိမ်းကတော့ တစ်ယောက်နဲ့တစ်ယောက် မနာနာအောင် ပါးရိုက်ကြေးဆိုတဲ့ဂိမ်းပါ။ အန်နာ ဆိုတဲ့ ကောင်မလေးက တွမ်နဲ့ ချစ်ကြိုက်မိပြီး အန်နာကပါ သူတို့အိမ်လေးမှာ လိုက်နေလာခဲ့ပါတယ်။လူးကက်စ်မှာလည်း ချစ်သူဖြစ်သူ မိုရိုင်ယာရဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ အမြွှာမိန်းကလေးနှစ်ယောက်ရဲ့ အနိုင်ကျင့်ခြင်းကို ခံနေရသူပါ။ တစ်ရက်မှာတော့ လူးကက်စ်တစ်ယောက် တောထဲမှာ မကောင်းဆိုးဝါးတစ်ကောင်နဲ့ တွေ့မိပြီး မိတ်ဆွေဖွဲ့ခဲ့ရာကနေ ထိတ်လန့်ခြောက်ခြားဖွယ် အဖြစ်အပျက်တွေ အားလုံး စတင်လာခဲ့ပါတော့တယ်။ Virago Witch Story နဲ့ ချိတ်ဆက်ထားတဲ့ Horror and Thriller ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1 GB) / (430 MB) / (240 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 25mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….May Thet Khine Soe Encoder……….SWM

Horror • Mystery • Thriller
5.1 2021
Slapface
The Legend And Butterfly
6.7

The Legend And Butterfly(2023) ****************************** ဂျပန် တန်းမွန်းခေတ်က ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကို အခြေခံပြီး ဒါရိုက်တာOtomo Keishiကရိုက်ကူးတင်ဆက်ထားပါတယ်.. သမိုင်းကြောင်းလေးကိုအနည်းငယ်ပြောပြရရင် ဂျပန်ဟာအဲဒီခေတ်အဲဒီအခါတုန်းက ပုဂံမတိုင်ခင် မြန်မာနိုင်ငံလိုပဲ တစ်နယ်စီသီးခြားကွဲပြားနေခဲ့တာပါ .. ဒါပေမဲ့ အနော်ရထာလက်ထက်မှာပုဂံအင်ပါယာအနေနဲ့စုစည်းနိုင်ခဲ့သလိုပါပဲ .. ဇာတ်လမ်းထဲကဇာတ်လိုက်ဖြစ်တဲ့ အိုဒါ နိုဘူနဂဆိုတာ ဂျပန်ပြည်ကိုပထမဆုံးအကြိမ်စုစည်းနိုင်ခဲ့တဲ့ daimyō(စစ်ဘုရင်)တစ်ပါးဖြစ်ခဲ့ပါတယ်.. ဇာတ်လမ်းအကျဥ်းကတော့ အိုဝါရီစီရင်စုရဲ့ သခင် အိုဒါ နိုဘူနဂ နဲ့ မီနိုစီရင်စုက မင်းသမီးနိုဟီမဲတို့ရဲ့လက်ထပ်ပွဲနဲ့အစပြုထားပါတယ် တစ်နိုင်ငံလုံးကိုသိမ်းပိုက်နိုင်ခဲ့တဲ့ Daimyō ကြီးဖြစ်လာမှာပေမဲ့ နိုဘူနဂဟာ သမိုင်းမှာ အိုဝါရီရဲ့အရူးလို့နာမည်ပြောင်ရတဲ့အထိကိုပေါကြောင်ကြောင်နဲ့ပါ … တဖက်မှာတော့ မင်းသမီးနိုကအလွန်ထက်မြက်ပြီးမြွေပွေးရဲ့သမီးလို့ပါ နာမည်ကြီးသူပါ .. စရိုက်ရောပညာဉာဏ်ပါမတူတဲ့သူတို့နှစ်ယောက် နိုင်ငံရေးပရိယာယ်တွေကြောင့်သာလက်ထပ်လိုက်ပြီးနောက်ပိုင်းမှာတော့… File Size : (2.9GB) (1.1GB)and (313MB) Quality :WEB-DL1080p5.1Ch, 720p Format…mp4 Duration…02:48:00 Genre : History ,Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Vo Aung Din Encoded by Phyo Pyae

6.7 2023 168 mins
The Legend And Butterfly
Long Live Love!
7.5

Long Live Love! (2023) Comedyပိုင်တဲ့ Sunnyနဲ့Chompooတို့ရဲ့ “အချစ်သည် သက်တော်ရာကျော် ရှည်ပါစေသတည်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး Netflix ကနေ ထွက်ရှိလာပါပြီ GAPက Beckyလေးကလည်း ပါဝင်ထားပါသေးတယ် ဒီကားကတော့ အလွယ်ပြောရရင်လူတွေရဲ့ အချစ်နဲ့ ဘဝအပေါ် အမြင်တွေကို မေးခွန်းထုတ်သွားတာပါပဲ။ ဒီလိုမျိုး ကြုံလာရရင် ဘာလုပ်မလဲ လက်လျှော့မလား ပြန်ကြိုးစားမလားဆိုတာပေါ့။ အမှန်တရားဆိုတာ ရှုထောင့်အပေါ်မူတည်တယ်ဆိုသလိုပဲ ဘယ်လိုဆုံးဖြတ်ရင် အမှားလည်း အမှန်လည်း ပြောဖို့လည်းမဖြစ်နိုင်ပါဘူး။ ဒီရုပ်ရှင်ထဲမှာ ပြောသွားသလိုပါပဲ – “လူတစ်ယောက်ကို အရမ်းချစ်မိသွားရင် ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ မေ့သွားတတ်တယ်” တဲ့။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်ပြန်ချစ်တာကအမှန်လား လူတစ်ယောက်ကိုပဲ အရမ်းဆက်ချစ်သွားတာက အမှန်လား။ ဒီရုပ်ရှင်မှာတော့ အဓိက ဆေတီ နဲ့ မယ်တာဆိုတဲ့ စုံတွဲလေးက ပါဝင်ထားပါတယ်။ သူတို့အရမ်းချစ်တဲ့စုံတွဲပါ၊ အရမ်းလည်းမုန်းတဲ့စုံတွဲပါ၊ သစ္စာမရှိတဲ့စုံတွဲပါ၊ သစ္စာလည်းရှိတဲ့စုံတွဲပါ၊ နားလည်မှုမရှိတဲ့စုံတွဲပါ၊ အရမ်းနားလည်ပေးတဲ့စုံတွဲလည်းဟုတ်ပါတယ်။ ဒီတော့ အချစ်ကို သက်တော်ရာကျော်ရှည်စေချင်တာ စုံတွဲတိုင်းပါပဲ။ လက်တွေ့မှာတော့ အချစ်ကို ဖျားနာစေတဲ့ အရာတွေအများကြီးရှိနေပြီတာကို ဒီရုပ်ရှင်မှာ မြင်ရပါလိမ့်မယ်။ အချစ်နေပြန်ကောင်းလားမလား အချစ်သေဆုံးသွားမလားဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့။ အညွှန်းကိုတော့ Mr.Anderson က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ CM Team ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Rpmance Quality…. 1080p | 720p File size…3GB | 978MB Format… mp4 Duration…. 2h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. CM Team Encoder ….. Aaron , Garfield

7.5 2023
Long Live Love!
Cargo
6.1

၂၀၀၉ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျာမန်Sci-fi/Thrillerရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ခရစ်သက္ကရာဇ် ၂၂၆၇ခုနစ်အချိန်၊ ဂေဟစနစ်ပြိုလဲတာကြောင့် ကမ္ဘာကြီးဟာ အသက်ရှင်နေထိုင်ဖို့မသင့်တော့ပါဘူး။ ဒီတော့ အသက်ရှင်ကျန်နေတဲ့လူသားတွေဟာ ကမ္ဘာပတ်လမ်းကြောင်းမှာရှိတဲ့ အာကာသစခန်းတွေမှာနေထိုင်ကြရပါတော့တယ်။ ဒေါက်တာလော်ရာပေါ့မန်းက ဒုက္ခတွေကြုံတွေ့နေရတဲ့ အမျိုးသမီးဆရာဝန်တစ်ဦး။ အစ်မဖြစ်သူမိသားစုရှိတဲ့ ရီယာဆိုတဲ့ လူတွေနေထိုင်နေကြတဲ့ဂြိုလ်ဆီကိုသွားဖို့ ရည်မှန်းထားသူ။ အဲဒီဂြိုလ်မှာနေထိုင်ဖို့ အသုံးစရိတ် နေထိုင်ခွင့်အတွက် ပိုက်ဆံရှာဖို့ ကတ်ဆန်ဒရာကုန်တင်အာကာသယာဉ်ပေါ်မှာ ဆေးအမှုထမ်းအနေနဲ့ လိုက်ပါခဲ့ပါတယ်။ ယာဉ်ပေါ်မှာက ၈လကျော်ကြာတစ်ဆိုင်းနှုန်းနဲ့ တစ်ယောက်စီ အလှည့်ကျကင်းစောင့်ရပါတယ်။ ဒေါက်တာပေါ့မန်းအဆိုင်းတာဝန်ချိန်မှာပဲ ထင်မှတ်မထားတာတွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါ…။ သူသွားချင်တဲ့ ရီယာဆိုတဲ့ဂြိုလ်ကလည်း ဖုံးကွယ်မှုတွေများစွာနဲ့တည်ရှိနေတာကို သိလိုက်ရတဲ့နောက်မှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2 GB)/(916 Mb) Quality….Blu-ray 1080p/720p Format…mp4 Duration….01:52:00 Genre…Drama, Mystery, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

Action • Comedy
6.1 2009 120 mins
Cargo
Mongol: The Rise of Genghis Khan
7.2

ဒီရုပ်ရှင်ကားအကြောင်း မပြောခင် ချင်ဂစ်ခန်း(Chinggis Khan)လို့ကော ဂန်ဂျစ်ခန်း(Genghis Khan)လို့ရော ခေါ်ကြတဲ့ ထယ်မူဂျင်းဆိုတဲ့ မွန်ဂိုလူမျိုးတစ်ယောက်အကြောင်းကို အရင်ဆုံး ပြောပြချင်ပါတယ်။ ကမ္ဘာ့သမိုင်းရေးရာတွေကို စိတ်ဝင်စားတဲ့သူဆိုရင်တော့ နာမည်ကြားရုံနဲ့ တန်းသိလောက်မယ့် တစ်ခေတ်တစ်ခါက ကမ္ဘာ့အကြီးဆုံးအင်ပါယာကြီးကို တည်ထောင်အုပ်စိုးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပဲဖြစ်ပါတယ်။ သူ့ကို မသိတဲ့လူတွေတောင် သူပြောခဲ့တဲ့စကားတွေကိုတော့ ကြားဖူးကြမှာပါ၊ “ကြောက်ရင် မလုပ်နဲ့၊ လုပ်ပြီဆိုရင်လည်း မကြောက်နဲ့”ဆိုတာမျိုးတွေပေါ့။ သူ မသေဆုံးခင်ထိဆို သူ့အင်ပါယာမှာ အာရှရဲ့ သုံးပုံတစ်ပုံလောက်ကို အုပ်စိုးထားနိုင်ခဲ့တာပါ။ ဒီဘက်ခေတ်အနေအထားနဲ့ ပြောရမယ်ဆိုရင်တော့ ရုရှား၊ တရုတ်၊ ကိုရီးယား၊ အရှေ့တောင်အာရှ၊ အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနဲ့ အရှေ့ဥရောပထိ ပါဝင်ခဲ့ပါတယ်။ ဟုတ်ပါတယ်…ဒီရုပ်ရှင်ဟာ ဒီလိုကြီးကျယ်ခမ်းနားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ အတိတ်သမိုင်းပါ။ သူ့အတိတ်သမိုင်းသာလျှင် ကြီးကျယ်တာမဟုတ်ပါဘူး၊ သူ့အကြောင်းရိုက်ထားတဲ့ ဒီရုပ်ရှင်ဟာလည်း ဆုပေါင်း ၁၆ ဆုရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံး ရုပ်ရှင် ၁၀ ကားစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဇာတ်လမ်းကိုတော့ ကျွန်အဖြစ်နဲ့ လှောင်အိမ်ထဲမှာ ရောက်နေတဲ့ ခပ်ငယ်ငယ်အရွယ် ထယ်မူဂျင်းရဲ့ နောက်ကြောင်းပြန်မှုကနေ စတင်ထားပါတယ်။ အတ္ထုပတ္တိရုပ်ရှင်သဘောလည်းဖြစ်တာကြောင့် ဇာတ်လမ်းကိုတော့ ဒီ့ထက်ပိုမပြောတော့ပါဘူး။ ဂျန်ဂျစ်ခန်းဆိုတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်လာဖို့အတွက် ထယ်မူဂျင်းဆိုတဲ့ ကောင်လေးရဲ့ အချစ်၊ မိသားစု နဲ့ သွေးစိမ်းရှင်ရှင်ထွက်တဲ့ တိုက်ပွဲတွေကို အနုပညာမြောက်မြောက် ရောစပ်ထားပါတယ်။ ဒီရုပ်ရှင် ရိုက်ကူးတုန်းက ၁၄ လတိတိကြာမြင့်ခဲ့ပြီး ရိုက်ကူးရေးအဖွဲ့ဝင်တွေထဲမှာ ဂျာမန်၊ မွန်ဂို၊ တရုတ်၊ ဂျပန်၊ ရုရှ၊ ယူကရိန်း၊ ကာဇက်စတန်.. တို့လို့ လူမျိုးပေါင်းများစွာ ပါဝင်တာကြောင့် စကားပြန်အယောက် ၃၀ ကျော်ကို ရိုက်ကွင်းပေါ် အမြဲတမ်းခေါ်ထားခဲ့ရပါတယ်။ ပြီးတော့ မြင်းစီးစစ်သည်တော်တွေဟာလည်း သရုပ်ဆောင်တွေမဟုတ်ကြပဲ ကာဇတ်စတန်ကနေ လွှတ်လိုက်တဲ့ မြင်းစီးသမားအစစ်တွေဖြစ်တာကြောင့် သူတို့အတွက် ၂လသီးသန့် သရုပ်ဆောင်လေ့ကျင့်ရေး ဆင်းခဲ့ရပါသေးသတဲ့။ “ မြင်းရဲ့ကျောပေါ်ကနေ ကမ္ဘာကြီးကို သိမ်းပိုက်ရတာက လွယ်ပါတယ်၊ မြင်းပေါ်က ဆင်းပြီး အုပ်ချုပ်ဖို့ကသာ ခက်တာ” တဲ့။ တစ်ခေတ်တစ်ခါရဲ့ သမိုင်းဝင်ပုဂ္ဂိုလ်ကြီးရဲ့ ငယ်ဘဝကို မပင်မပန်းလေး ထိုင်ကြည့်နေနိုင်မှတော့ ဒီအခွင့်အရေးမျိုး လက်လွတ်မခံလိုက်ပါနဲ့နော့်။ File size… 3.8 GB / 1.4 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 6m Genre ….. Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Z

7.2 2007
Mongol: The Rise of Genghis Khan
Amour
7.9

ဇာတ်ကားနာမည်လေးကတော့ အချစ်ပါတဲ့၊ ပြင်သစ်လိုဆိုရင်တော့ Amour ပေါ့။ စကားလေးရှိတယ်မလား၊ ကျွန်တော်တို့က ၂၀ ရာစုမှာ ၉၀ ပြည့်နှစ်ဝန်းကျင်က အချစ်မျိုးကို ရှာဖွေနေကြတယ်ဆိုတာလေ။ ဒီဇာတ်ကားလေးကတော့ ကျွန်တော်တို့ ကြုံတွေ့ပိုင်ဆိုင်ဖူးချင်တဲ့ အချစ်ရဲ့ အလှတရားကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်း ဂျော့နှင့် အန်းဟာ ဇရာရလာပြီဖြစ်ပြီးတော့ သားသမီးတွေလည်း အတောင်စုံလို့ အမြင့်ပျံသွားကြပြီဖြစ်လို့ နှစ်ယောက်တည်း အိမ်ကလေးမှာ တစ်ယောက်နှင့်တစ်ယောက် အမှီသဟဲပြုရင်း ကျန်ရစ်ခဲ့တဲ့ ဇနီးမောင်နှံပါ။ တစ်နေ့မှာတော့ အန်းဟာ အသက်အရွယ်ရလာတာကြောင့် အောက်ပိုင်းအကြောသေသွားခဲ့ပါတယ်။ ဂျော့က အန်းကို ဆေးရုံတက်စေခဲ့ပေမယ့် အန်းတစ်ယောက် ဆေးရုံကြောက်တာသိတဲ့အတွက် အိမ်ကိုပဲခေါ်ပြန်လာပြီး သူကိုယ်တိုင် ပြုစုပါတော့တယ်၊ သားသမီးတွေကလည်း ဆေးရုံပို့တာဖြစ်ဖြစ် သက်ကြီးရွယ်အို စောင့်ရှောက်ပေးတဲ့ဆီ ပို့တာဖြစ်ဖြစ် လုပ်ခိုင်းကြပေမယ့် တအားချစ်ကြရှာတဲ့ ဇနီးမောင်နှံ နှစ်ယောက်သားကတော့ အိမ်လေးမှာပဲ သူနာပြုတွေငှား ဆရာဝန်တွေခေါ်ပြီး နှစ်ပါးသွားပါတော့တယ်။ ဒီဇာတ်ကားလေးမှာတော့ ဂျော့နှင့်အန်းကြားထဲက မပြောင်းလဲသွားတဲ့ ချစ်ခြင်းမေတ္တာနှင့် ရှေ့ဆက်ကြပုံကို ကြည့်နူးဆွတ်ပျံ့ဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.8 GB)/(730 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

Horror • Action • Science Fiction • Thriller
7.9 2012
Amour
A Moment to Remember

A Moment to Remember (2004) ********************************* အချစ်စစ်ဆိုတာကို သိမြင်ဖို့ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ပါတယ်။ အချစ်ကို အကြိုက်နဲ့ ရောထွေးနေတဲ့ အရေခြုံအချစ်တွေလည်းရှိသလို ဘာကြောင့် ညာကြောင့် ချစ်တယ်ဆိုတာတွေ ကျွန်တော်တို့အများကြီးကြားနေရတယ်။ အကြိုက်နဲ့ချစ်လိုက်ပြီဆိုရင် အတူယှဉ်တွဲပါလာတာက မာနပါပဲ။ မာနတွေနဲ့ ဘောင်ခတ်ပြီး မြင်နေရင်တော့အချစ်စစ်မဟုတ်ပါဘူး။ အချစ်စစ်ဆိုတာ ပေးဆပ်မှုတွေနဲ့ ကိုယ်ချစ်တဲ့သူကို စိတ်ချမ်းသာစေပြီး အမြင့်ကိုရောက်သွားစေဖို့ပဲ ဆန္ဒရှိပါတယ်။ ဒီကိုရီးယားကားလေးထဲမှာတော့ အချစ်စစ်ဆိုတာမျိုးတွေ တွေ့မြင်ရပါတယ်။ ကောင်လေးက သာမန် လက်သမားဆရာလေးတစ်ယောက် ငယ်ငယ်လေးထဲက အဖေဆုံးသွားတဲ့အပြင် အမေက ဘယ်အရပ် ဘယ်ဒေသ ရောက်နေမှန်းမသိ ကောင်မလေးက အစစအရာရာ သူ့ထက်သာပါတယ်။ အဖေက ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သလို သင့်တင့်တဲ့ငွေရေးကြေးရေး အသိုင်းအဝန်းက‌ပေါ့။ တစ်နေ့ သူတို့ ၂ယောက်ဟာ စတိုးဆိုင်လေးတစ်ဆိုင်မှာ ဆုံခဲ့ကြတယ်။ ဒီလိုနဲ့ပဲ………. တကယ်တော့ ဒီဇာတ်ကားလေးဟာ သာမန်ကိုရီးယားအချစ်ဇတ်လမ်းပါပဲ။ ဘဝကို နာကျဉ်းချက်တွေရှိတဲ့ ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ဟာ အချစ်ကြောင့် ပြောင်းလဲလာပုံတွေ တွေ့ရတယ်။ မိဘတွေတွေဟာ ကိုယ့်သားသမီးကို အမြင့်ဆုံးဖြစ်စေချင်ပေမဲ့ နောက်ဆုံးသားသမီး ဆန္ဒကိုဦးစားပေးတဲ့ မေတ္တာတရားတွေကိုလည်း တွေ့နိုင်သလို ကောင်လေးနဲ့ ကောင်မလေးဟာ အချစ်အတွက် ပေးဆပ်ပုံလေးတွေကိုလည်း တွေ့မြင်ရမှာပါ။ အထူးသဖြင့် အပြစ်ကင်းကင်းနဲ့ ပွင့်လင်းရိုးသားတဲ့ စရိုက်ပုံစံ သရုပ်ဆောင်တဲ့ Ye-jin Son က ချီးကျူးဖို့ကောင်းပါတယ်။ နောက်ခံတေး ဖျော့ဖျော့လေးတွေနဲ့ စီးမျောလို့ကောင်းတဲ့ ဇာတ်ကားဆိုတာတော့ IMDb 8.2ဆိုတာကြည့်ရုံနဲ့လုံလောက်ပါတယ်။ ဟုတ်ကဲ့ ခံစားကြည့်လိုက်ပါဦးဗျာ ….. File size…1.91GB / 760MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….2h 8m Genre ….. Romance, Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by MMyo

0 2004 117 mins
A Moment to Remember
Pariah Vol. 1
6.9

Pariah (2024) ( ခွေးချစ်ကြသူများ ) IMDb 6.4/10 ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဘင်္ဂါလီအက်ရှင်ကားဖြစ်ပြီး လမ်းဘေးခွေးများကို မတရားဆက်ဆံမှုများကို ဆန့်ကျင်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူတွေနဲ့ထိတွေ့ဆက်ဆံမှုမရှိ စကားပြောဆိုမှုမရှိတဲ့ ကြေးစားလူမိုက်ဆန်ဆန်လူတစ်ယော်ဟာ လမ်းဘေးခွေးများကို နေ့စဉ် ကြင်နာစွာစောင့်ရှောက်ပေးတတ်တဲ့ အဘွားကြီးတစ်ယောက်ရဲ့ဆိုင်မှာ နေ့စဉ်ထမင်းစားလေ့ရှိပါတယ်။ အဲဒီလိုပဲ ခွေးလေးတွေကို ဆေးတိုက်ပြီး ဆေးကုသပေးနေတဲ့ အဖွဲ့တစ်ခုလည်းရှိပါသေးတယ်။ တစ်ရက်မှာတော့ ခွေးလေခွေးလွင့်တွေရှိနေတာကို မကျေနပ်တဲ့ ရပ်ကွက်ထဲကလူတွေနဲ့ ခွေးချစ်သူတွေထိပ်တိုက်တွေ့ကာ စကားများကြပါတော့တယ်။ တစ်ဖက်မှာလည်း လမ်းဘေးခွေးများကို ခွေးကုန်ကူးနေသော မာဖီးယားအဖွဲ့တစ်ခုကိုလည်း ရိုက်ပြထားပါသေးတယ်။ ဒီလိုနဲ့ လူနဲ့မတည့်တဲ့မင်းသား ၊ ခွေးလေခွေးလွင့်များနဲ့ ခွေးကုန်ကူးသူတွေဟာ ဘယ်ကဘယ်လိုဆက်စပ်ပြီး အတိုက်အခိုက်ဦးစားပေး အက်ရှင်ဇာတ်ကားအဖြစ် ဘယ်လိုပုံဖော်ထားသလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဗျာ.. ဒီဇာတ်ကားက အက်ရှင်ကားဆိုပေမဲ့ အတိုက်အခိုက်တွေကိုတင်ခံစားကြည့်ရှုရမှာမဟုတ်ဘဲ လူနဲ့တိရစ္ဆာန်တို့ရဲ့ကြားက သံယောဇဉ်တွေနဲ့ လူသားတွေဟာသက်ရှိတိုင်းအပေါ်မှာ ဂရုဏာတရားထားတတ်ဖို့လိုအပ်ကြောင်းနဲ့ လမ်းဘေးခွေးလေးတွေဟာလည်း သက်ရှိဖြစ်တာကြောင့် သက်ညှာသနားပေးသင့်ကြောင်း ပညာပေးရိုက်ကူးထားတာကြောင့် တော်တော်လေးကြည့်ပျော်တဲ့ ဇာတ်ကားတစ်ခုအနေနဲ့ CMဘောလိ၀ုဒ်ပရိသတ်ကြီးတို့ကို တင်ဆက်ပေးလိုက်ပါတယ်ဗျ.. ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ် )

6.9 2024 135 mins
Pariah Vol. 1
Hellraiser: Revelations

Hellraiser: Revelations (2011) Hellraiser Revelations ကတော့ မိသားစုကြောင့် စိတ်ဒုက္ခရောက်နေတဲ့လူငယ်လေးနှစ်ယောက် စိတ်ပြေလက်ပျောက် ခရီးထွက်ရင်း ဒီဘဝအလွန်က သာယာမှုကို ရှာဖွေဖို့ အခွင့်အရေးကြုံလာပါတယ်။ သေတ္တာကို ဖွင့်လိုက်တော့ Cenobite တွေ ရောက်လာတယ် ခေါ်သွားတယ်ပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်ထဲက တစ်ယောက်ကပဲ ခေါ်လိုက်တာဖြစ်ပေမဲ့ နှစ်ယောက်လုံးက မိသားစုဆီ ပြန်ရောက်မလာကြလို့ မိသားစုနှစ်ခုလုံး စိတ်ဒုက္ခရောက်နေကြရပါတယ်။ သူတို့ပျောက်သွားတဲ့အချိန်မှာ ဗီဒီယို ရိုက်ထားတာရှိတော့ အဲဒီဗီဒီယိုကနေ သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်တာကို သိကြပေမဲ့ ဘာကြောင့်ရယ်ဆိုတာကိုတော့ အဖြေမထုတ်နိုင်ကြပါဘူး။ သူတို့မိသားစုနှစ်စု ညစာစားနေတဲ့အချိန် ပျောက်သွားတဲ့ ကောင်လေးထဲက တစ်ယောက် ပြန်ရောက်လာတဲ့အချိန်မှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 785MB Quality – 1080p, 720p Format – mp4 Duration – 1H 15Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

0 2011 75 mins
Hellraiser: Revelations
Aparadhi

Aparadhi 2024 အမှောင်ထု Pushpa 2 နဲ့ နာမည်ကြီးနေတဲ့မင်းသားချော Fahadh Faasilရဲ့ suspense thriller ဇာတ်ကားကောင်းတစ်ကား ထွက်ရှိလာပြီဖြစ်လို့ ဘောလိဝုပရိသတ်ကြီးအတွက် ခုပဲတင်ဆက်ပေးလိုက်ပါပြီ။ Fahadh Faasilရဲ့ တေလဂူလောကခြေလှမ်းသစ်ဖြစ်တဲ့ ဒီရုပ်ရှင်ဇာတ်ကားလေးကရော ဘယ်လိုစိတ်ဝင်စားစရာ plot twistတွေနဲ့ ပြည့်နေမလဲဆိုတာ အတူရှုစားကြပါဦးစို့။ Darkဆန်ဆန်ဝတ္ထုတွေကြောင့်နာမည်ကြီးတဲ့ စာရေးဆရာအဲလက်တစ်ယောက် ညညအိပ်မက်ဆိုးတွေမက်ပြီး အိပ်မပျော်ဖြစ်နေလို့ စိတ်ဖိစီးနေရပါတယ်။ ဒီတော့ စိတ်သက်သာရာရဖို့ ရည်းစားဆီဖုန်းဆက်တော့လည်း ရှေ့နေမလေးဖြစ်တဲ့ရည်းစားက အမှုတွင်းကာလမလို့ ချိန်းတွေ့ချိန် ခဏလေးမှာတောင် ဖုန်းတဂွမ်ဂွမ်မြည်ပြီး မအားလပ်ပြန်ပါဘူး။ အဲဒါနဲ့ အဲလက်တစ်ယောက် စိတ်ကောက်ပြီး အိမ်အပြန် ချစ်သူလေးက ဖုန်းဆက်ချော့ရင်း သူတို့နှစ်ယောက် အဝေးတစ်နေရာစီကို ဖုန်းတွေ အလုပ်တွေအကုန်ထားခဲ့ပြီး စနေတနင်္ဂနွေပိတ်ရက်လေးကို နှစ်ကိုယ်တူကုန်ဆုံးဖို့ သဘောတူလိုက်ကြပါတယ်။ ဒါပေမဲ့ သူတို့နေမယ့်အိမ်ထဲကို သူစိမ်းတစ်ယောက် ဝင်လာချိန်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM B team မှဖြစ်ပါတယ်).

Thriller • Drama
0 2024
Aparadhi
The Deceased (aka) Almarhum
5.6

The Deceased (aka) Almarhum (2025) “မရဏကျိန်စာ” CM ပရိသတ်ကြီးအတွက် စိတ်၀င်စားစရာကောင်းတဲ့ အင်ဒိုနီးရှားဟော်ရာဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ ဟော်ရာဆိုပေမဲ့ ထိတ်လန့်ချောက်ချားစရာအပြင် စိတ်၀င်စားစရာ ဒေသတွင်းအယူအဆနဲ့ မိသားစုဒရာမာကိုပါ နှောထားတာမို့ တကယ်ကြည့်လို့ကောင်းပါတယ်။ ကျေးလက်ဒေသက စိုက်ခင်းရှင် မူးလ်တို့ဇနီးမောင်နှံမှာ ဆီဆာ၊ နူရီနဲ့ ယန်ဒါ ဆိုတဲ့ သားသမီးသုံးယောက် ရှိပါတယ်။ အကြီးဆုံးသားကဆရာ၀န်၊ သမီးလတ်က အင်ဂျင်နီယာကျောင်းဆင်းဖြစ်ပြီး အငယ်ဆုံးသားကတော့ ကောလိပ်ဆက်မတက်ဘဲ ဖခင်နဲ့အတူ စိုက်ခင်းကိစ္စတွေကိုပဲ ကူညီပေးနေ‌သူပါ။ မိဘနဲ့သားသမီးကြား မပြောပလောက်တဲ့ အသေးအဖွဲကိစ္စလေးတွေကလွဲရင် ဘာကြီးကြီးမားမားပြဿနာမှမရှိဘဲ သာယာတဲ့ သာမန်မိသားစုလေးတစ်ခုပါပဲ။ တစ်နေ့တော့ အဲဒီမိသားစုလေးထဲ မုန်တိုင်းထန်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒါကတော့ ဖခင်ဖြစ်သူသေဆုံးသွားတာကြောင့်ပါပဲ။ သေဆုံးတာကလည်း ကံဆိုးတဲ့ရက်လို့ ယူဆကြတဲ့နေ့မှာပါ။ သူတို့ဒေသအယူနဲ့ဆိုရင် ဒေသတွင်းပြက္ခဒိန်အရ ကလီ၀န်-အင်္ဂါနေ့မှာ သေဆုံးရင် အဲဒီသေဆုံးသူရဲ့ မိသားစုပါခိုက်တတ်တယ်လို့ အများကယုံကြည်ထားကြပါတယ်။ မူးလ်ဟာလည်း အဲဒီနေ့မှာမှ သေဆုံးသွားတာကြောင့် ကျန်ရစ်တဲ့မိသားစုကို တကယ်ပဲထိခိုက်စေမှာလား၊ ဘယ်လိုချောက်ချားစရာအဖြစ်တွေကြုံရမလဲ၊ မိသားစုက အဲဒီအဖြစ်ကိုတားဆီးနိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Team ဖြစ်ပါတယ်။)

Romance • Comedy • Drama
5.6 2025 102 mins
The Deceased (aka) Almarhum
The Bhootnii
6.1

The Bhootnii 2025 (ချစ်ခြင်းကိုတောင့်တနေတဲ့ အချစ်သရဲမလေး) နာမည်ကြီးမင်းသားကြီး ဆန်ဂျေးပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ ဟာသလေးတွေနှောပြီး ကြည့်ရှုရမဲ့ သရဲကားအသစ်စက်စက်ကြီးထွက်ရှိလို့လာပါပြီ။ စိန့်ဗင်ဆင့်ဆိုတဲ့ ကျောင်းတော်ကြီးမှာ ထုံးတမ်းဓလေ့ပွဲတစ်ခုရှိပါတယ်။ အဲဒီဓလေ့ပွဲကတော့ သူတို့ကျောင်းဝင်းထဲမှာရှိတဲ့ အပျိုစင်သစ်ပင်ဆိုတဲ့ သစ်ပင်ကြီးကို နှစ်စဉ်နှစ်တိုင်း ချစ်သူများနေ့မှာ ပူဇော်လေ့ရှိတဲ့ ဓလေ့ပဲဖြစ်ပါတယ်။အဲဒီလို အပျိုစင်သစ်ပင်ကြီးကို ပူဇော်ရင် အချစ်စစ်နဲ့တွေ့ရမယ်ဆိုတဲ့ အယူရှိကြပါတယ်။ သို့ပေမဲ့လည်း အဲဒီသစ်ပင်ကြီးမှာ သရဲမတစ်ယောက်ရှိနေပြီး အဲဒီသရဲမဟာ ချစ်သူများနေ့မှာပဲ ပေါ်လာတတ်ပါတယ်။ အဲဒီလို သရဲမက ပေါ်လာပြီဆိုရင်လည်း ယောက်ျားလေးတွေ တစ်ယောက်မဟုတ် တစ်ယောက် သတ်သေတာမျိုးက နှစ်စဉ်နှစ်တိုင်းကြုံတွေ့လာရပါတယ်။ အဲဒီအကြောင်းကို ကျောင်းသူလေးတစ်ယောက်က သတိထားမိသွားရာကနေတဆင့် ကျောင်းမှ တာဝန်ရှိသူများက ဒီဖြစ်ရပ်ကို တားဆီးနိုင်ဖို့ လုပ်ကြတဲ့အခါမှာတော့ ……… ကျောင်းမှ တာဝန်ရှိသူများမှ ဒီကျောင်းရဲ့ ကျောင်းသားဟောင်းဖြစ်တဲ့ ဘာဘာလို့ခေါ်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို သိပ္ပံနည်းကျ ဖြေရှင်းပေးတဲ့သူကို ဒီကိစ္စတွေ ဖြေရှင်းပေးဖို့ ခေါ်လိုက်ရာကနေ အပျိုစင်သစ်ပင်မှာရှိတဲ့ သရဲမက ဘယ်လိုအကြောင်းတွေကြောင့် ဒီသစ်ပင်ကြီးမှာရှိနေရတာလဲ …….. ဒီသရဲမရဲ့ ဘဝ ဇာတ်ကြောင်းကရော ဘာလဲ …… ဘာဘာ တစ်ယောက်ရော အပျိုစင်သစ်ပင်ပေါ်က သရဲကို နှိမ်နင်းပေးလိုက်နိုင်မှာလား …… ဆိုတာကို ဟာသလေးတွေနှောရင်း ကြည့်ရှုရမဲ့ သရဲကားဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

6.1 2025 130 mins
The Bhootnii