YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Gremlins.1984.1080p.Bluray(CM).mp4

3.93 GB N/A video/mp4 136 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Space Oddity
6.1

စကြဝဠာကြီးထဲမှာ နဂါးငွေ့တန်းဂလက်ဆီ‌ပေါင်း ၁၀၀ ထရီလီယံရှိတယ်။ ကျွန်တော်တို့ကမ္ဘာကြီးတည်ရှိတဲ့ Milky Way ဂလက်ဆီကြီးမှာ ဂြိုဟ်‌‌ပေါင်း ၁၀၀ဘီလီယံကျော်ရှိနေ တာပါ။ ကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီးမှာ လူဦးရေအဆမ တန်တိုးပွားလာတယ်။ ရာသီဖောက်ပြန်မှုတွေက ပိုပြီးဆိုးရွား လာတယ်။ ဒီတော့လူသားတွေက နေထိုင်လို့ရမယ့် တခြားဂြိုဟ် တစ်ခုကို‌ရှာဖွေနေကြဆဲပါ။ ဒီဇာတ်လမ်းမှာ အဲလက်စ်က မားစ်ကိုသွားဖို့အစီအစဉ်တွေချ ထားတဲ့သူပါ။ သွားရမယ့်ခရီးက ပြန်လမ်းမဲ့နေရာဖြစ်နေတော့ မိသားစုဝင်တွေနဲ့ညှိနှိုင်းတဲ့အခါ အဆင်မပြေမှုတွေဖြစ်လာတယ်။ အဖေဖြစ်သူက သူရဲ့ပန်းစိုက်ခင်းကို လက်လွှဲယူစေချင်တယ်။ ဒါပေမယ့် အဲလက်စ်က လုပ်ချင်တာကိုဖြစ်အောင်လုပ်တတ်တဲ့ လူစားဖြစ်နေတယ်။ ဘော်ဒါတို့လည်း ကြယ်တွေကို‌ငေးရင် အဲဒီ ကြယ်တွေဆီကို သွားချင်စိတ်ဖြစ်မိလား ကမ္ဘာ‌‌ပေါ်မှာ မကုန်ခမ်း နိုင်တဲ့ အသစ်‌အဆန်းတွေရှိနေပါရဲ့ အဲလက်စ်က ဘာလို့ထွက်သွား ချင်လဲဆိုတာတော့... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size..........(1.93 GB) / (700 MB) / (400 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 32Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance, Sci-Fi Translator.......ZWT Encoder..........SWM

Comedy • Drama • Family
6.1 2023 94 mins
Space Oddity
Scooby-Doo! and the Legend of the Vampire
7.2

Old but Gold ဆိုသလိုပဲ 2003 ခုနှစ်ကထွက်ရှိခဲ့တဲ့ classic Scooby-Dooကားလေးကို ပြန်ကြည့်လိုက်ကြရအောင်.. ဇာတ်လမ်းအကျဥ်း ဒီတစ်ခါမှာတော့ စကူဘီတို့အုပ်စု သြစတေးလျကို အပန်းဖြေခရီးထွက်တာနဲ့ ဇာတ်လမ်းစထားပါတယ်.. ကမ်းခြေမှာ အေးဆေးငြိမ့်နေရင်းကနေ ထုံးစံအတိုင်းပဲ ဗယ်လ်မာတစ်ယောက် လမ်းညွှန်စာအုပ်ကြီးကိုင်ပြီး သြစတေးလျရဲ့ ရေဝေးကုန်ခေါင်ဒေသတွေကို သွားစူးစမ်းဖို့ မဲဆွယ်ပါတော့တယ်... ထူးဆန်းတာက အဲဒီလိုခေါင်တဲ့နေရာကြီးမှာ ရော့ခ်ဂီတပြိုင်ပွဲကြီး ရှိနေတာပါပဲ.. သူတို့ရောက်သွားတော့ ပဟေဠိတစ်ခုက အသင့်စောင့်နေပါပြီ.. ဒဏ္ဍာရီလာ သွေးစုပ်ဖုတ်ကောင်ကြီး ရာဝီရာဟူးနဲ့ နောက်လိုက်သွေးစုပ်ဖုတ်ကောင် ၃ကောင်က ပြိုင်ပွဲဝင်တွေကို ပြန်ပေးဆွဲနေပါတယ်.. အဲဒီနောက်လိုက်၃ကောင်ဆိုတာ မနှစ်ကပြိုင်ပွဲအပြီး ပျောက်သွားခဲ့တဲ့ လေပြင်း‌ရော့ခ်ကာအဖွဲ့ပါပဲ.. ရာဝီရာဟူးက သူတို့၃ယောက်ကိုဖမ်းပြီး သွေးစုပ်ဖုတ်ကောင်ဖြစ်အောင် ပြောင်းလိုက်တာလို့ နယ်ခံတွေက ယုံကြတာပေါ့.. ဒါပေမယ့် ပြိုင်ပွဲမတိုင်ခင်ရက်မှာပဲ စကူဘီဒူးတို့အုပ်စု ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့တဲ့အခါ... သွေးစုပ်ဖုတ်ကောင်လို့ အသံကြားရုံနဲ့တင် တုန်တက်နေတဲ့ ရှက်ဂီနဲ့ စကူဘီဒူးတို့၂ယောက်နဲ့တင် ပြည့်စုံနေပြီမလို့ အများကြီးမညွှန်းတော့ပါဘူး.. ငယ်ဘဝကို Nostalgia ပြန်ဖြစ်ရင်း ပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုလိုက်ကြပါဦး... File size…(1.36GB)  / (`660MB) / (408MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre... Animation / Adventure / Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ei Thwal

Action • Adventure • Comedy • Family • Science Fiction
7.2 2003 72 mins
Scooby-Doo! and the Legend of the Vampire
Absolute Power
6.6

အက်ရှင်ကားတွေရဲ့မင်းသားကြီးဖြစ်တဲ့ အော်စကာဆုများရှင် ကလင့်အိစ်ဝုဒ်က ခေါင်းဆောင်မင်းသား‌ေနရာက‌ေန ပါဝင်သရုပ်‌ေဆာင်ထားပြီး ကိုယ်တိုင်ရိုက်ကူးထုတ်လုပ်ထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးပုံစံကိုအခြေခံထားတဲ့ Action, Thriller ဇာတ်လမ်းအမျိုးအစားဖြစ်တာမလို့ ဒီလိုgenereတွေကို ကြိုက်တဲ့သူတွေအတွက် လက်မလွှတ်စတမ်းကြည့်ရှုသင့်ပါတယ်။ ကလင့်အိစ်ဝုဒ်သရုပ်‌ေဆာင်ထားတဲ့ အဓိကဇာတ်ကောင် လူသာဝစ်တနီဟာ ဖောက်ထွင်းနိုင်စွမ်းအကောင်းဆုံးတွေထဲက အမိုက်စားသူခိုးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူဟာ ဘီလျံနာသူဌေးကြီးတစ်ယောက်ရဲ့အိမ်ကို ‌ဖောက်ထွင်းရာကနေ လူသတ်မှုတစ်ခုနဲ့ပါဝင်ပတ်သက်သွားပါတော့တယ်။ အဲဒီလူသတ်မှုရဲ့အဓိကတရားခံဟာလည်း နိုင်ငံရဲ့ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ဖြစ်နေချိန်မှာတော့ လူသာက ဒီအမှုရဲ့သံသယရှိသူ‌ေနရာကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ပြီး ဥပဒေဘောင်အပြင်ဘက်ကနေ တရားခံကိုဘယ်လိုအပြစ်ပေးမယ်ဆိုတာတွေကို ရင်တဖိုဖိုနဲ့ကြည့်ရမှာဖြစ်ပါတယ်။ သူခိုးအကျော်အမော်လူသာဝစ်တနီနေရာကနေ ကလင့်အိစ်ဝုဒ်၊ အမေရိကန်သမ္မတအယ်လန်ရစ်ခ်ျမွန်းနေရာကနေ ဂျီးန်ဟက်ခ်မန်း၊ အထက်တန်းစုံထောက်ဆက်သ်ဖရန့်နေရာကနေ အက်ခ်ဟဲရစ်နဲ့ ကိတ်ဝစ်တနီနေရာကနေ လော်ရာဝင်းနေးတို့က အသီးသီးပါဝင်သ‌ရုပ်ဆောင်ထားကြပါတယ်။ 1997မှာ ရုံတင်ထားတာဖြစ်ပါတယ်။ File size…(2.02GBGB)  / (`1019MB) / (486MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:01:00 Genre...  Drama / Action / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Choi Ellie

Crime
6.6 1997 121 mins
Absolute Power
Bloody Summer Camp
4

1986 ခုနှစ်ဝန်းကျင်၊ Trustfall ဆိုတဲ့နွေအပန်းဖြေစခန်းတစ်ခုမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုပါတော့။ အပန်းဖြေစခန်းပိုင်ရှင်တွေနဲ့ဝန်ထမ်းတွေက အသစ်ရောက်လာမယ့်နွေရာသီအတွက် ပြင်ကြဆင်ကြ လူအသစ်ခန့်ကြပေါ့။ လူအသစ်လေးတွေနဲ့စခန်းအတွက်ပြင်ကြဆင်ကြရင်း ကံဆိုးမိုးမှောင်တစ်ခုကျရောက်လာခဲ့ပါတယ်။ ဝန်ထမ်းတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်နေတဲ့ကိစ္စပါပဲ။ ဟိုးအရင်အပန်းဖြေစခန်းရဲ့ကြောက်စရာဒဏ္ဍာရီဇာတ်လမ်းနဲ့ ဒီဝန်ထမ်းတွေပျောက်နေတဲ့ကိစ္စက ပတ်သက်မှုများရှိနေမလား။ လူတွေပျောက်နေတဲ့ကိစ္စကဘယ်လိုအဖြေပေါ်လာမှာလဲ။ အဖြေကရောရှာလို့တွေ့နိုင်ပါ့မလား စတာတွေကိုကြည့်ရမယ့် Horror ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။ File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:02:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Encoded by Naing Aung Latt

Action • Adventure • Comedy • Family • Fantasy
4 2021 125 mins
Bloody Summer Camp
K.G.F: Chapter 1
7.5

၁၉၅၁ ခုနှစ်ကို အခြေတည်ရေးသားထားတဲ့ ကိုလာရွှေလုပ်ကွက်ရဲ့ အကြောင်းအရာတွေ ပါဝင်နေတဲ့ ဂျာနယ်လစ်အာနန်းအင်္ဂလာဂီရဲ့ "El Dorado- အယ်လ်ဒိုရာဒို"စာအုပ်ကို အိန္ဒိယအစိုးရက တားမြစ်ပိတ်ပင်ပြီး ထုတ်ဝေထားသမျှ စာအုပ်အားလုံးကို မီးရှို့ဖျက်ဆီးပစ်လိုက်တယ်။ မျက်မှောက်ခေတ်ကို ရောက်တော့ ဒီစာအုပ်ကိုပဲ တီဗီချန်နယ်တစ်ခုက မရမက ရှာဖွေပြီး ဂျာနယ်လစ်ကို အင်တာဗျူးလုပ်တယ်။ စာအုပ်ထဲက အကြောင်းအရာတွေကို စာရေးသူက ပြန်လည်ပြောပြရာကနေ ဒီဇာတ်လမ်း ပြန်လည်အသက်ဝင်လာခဲ့တော့တယ်။ "ကိုလာရွှေလုပ်ကွက် ဖြစ်တည်လာပုံနှင့် ရော်ကီမွေးဖွားလာပုံ ပြိုင်တူအဖြစ်အပျက်နှစ်ခု..." ဟိုး ၁၉၅၁ခုနှစ်တုန်းက အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ မိုင်ဆောပြည်နယ် (ယခု ကာနာတားကားပြည်နယ် - ကိုလာခရိုင်) မှာ အစိုးရအာဏာပိုင်တွေဟာ ရွှေကြောတစ်ခုကို တွေ့ရှိခဲ့ကြတယ်။ ဒီရွှေကြောကို ရှာတွေ့ခဲ့တဲ့ နေ့မှာ အဖြစ်အပျက်နှစ်ခု ပြိုင်တူဖြစ်ပွားခဲ့တယ်။ တစ်ခုက ရာဂျားကရစ်ရှ်နားပါးဘိုင်ယာဆိုတဲ့ လူသားတစ်ယောက် အသက်မပြည့်သေးပဲ ကိုယ်ဝန်လွယ်ထားရတဲ့ အမိဝမ်းကနေ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး နောက်တစ်ခုက ကိုလာရွှေကြောကို တွေ့ရှိတဲ့နေရာမှာကြီးစိုးတဲ့ ဆူရိယဗာဒန်ဆိုသူ လူမိုက်ကြီးဟာ ရွှေကြောကို တွေ့ရှိတဲ့ အစိုးရအာဏာပိုင်တွေကို လက်စဖျောက်ပစ်ပြီး ရွှေကြောကို အပိုင်စီးလိုက်တာပဲ...။ အဲ့ဒီနောက်မှာ ဒီနေရာကို တပ်မက်နေတဲ့သူတွေလက်ကနေ ကာကွယ်ဖို့ ၉၉နှစ်တာ လုပ်ကိုင်ခွင့် စာချုပ်နဲ့အတူ နာရာချီထုံးကျောက်တူးဖော်ရေးကုမ္ပဏီဆိုပြီး သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုကို ကောက်ထူထောင်ပြီး ခံတပ်ကြီးတစ်ခုကို အခိုင်အမာ ဆောက်တည်တယ်။ အင်အားကြီးလာတဲ့ ဆူရိယဗာဒန်ဟာ ပတ်ဝန်းကျင်ဒေသတွေမှာရှိတဲ့လူတွေကို သူ့ခံတပ်အတွင်းကို အတင်းအဓမ္မခေါ်ယူပြီး မညှာမတာ အလုပ်စေခိုင်းတော့တယ်။ လုံခြုံရေးသုံးဆင့်ကာရံထားတဲ့ ခံတပ်ကြီးအတွင်းကို ရောက်ရှိသွားသူတွေဟာ ပြန်လမ်းမရှိတော့ဘူး။ အဲ့ဒီလုံခြုံရေးသုံးဆင့်ဆိုတာက ၁ - အခိုင်အမာတည်ဆောက်ထားတဲ့ ဧရာမတံတိုင်းကြီး ၊ ၂ - ဧရာမတံခါးကြီး နဲ့ ၊ ၃ - အဲ့ဒီနှစ်ခုကို စောင့်ရှောက်ပေးမယ့် ရက်စက်ကြမ်းကြုတ်လွန်းသူ လူမိုက်ခေါင်းဆောင် ဗားနာရမ် တို့ ဖြစ်တယ်။ လက်ရှိအချိန်မှာ သူဟာ နာမကျန်းဖြစ်ပြီးတော့ အိပ်ယာထဲ လဲနေတယ်။ သူ့အရိုက်အရာကို ဆက်ခံဖို့ သားကြီးဖြစ်တဲ့ ဂါရူးဒါးကို တာဝန်ပေးထားတယ်။ ကိုလာရွှေလုပ်ကွက်ရဲ့ ခေါင်းကိုင်ဖခင်ကြီးမှာ အိုးစားဖက် ငါးယောက်ရှိတယ်။ ၁ - ဘာဂါ့ဗ်ရဲ့သား ကာမဲလ် (ကိုလာရွှေလုပ်ကွက်က ထွက်လာသမျှ ရွှေတွေကို သန့်စင်ပေးတဲ့သူ) ၂ - ရာဂျန်ဒရာဒီစိုင်း (ဘန်ဂလောမှာနေရင်း ကိုလာရွှေတွေကို စျေးကွက်ကို ဖြန့်ပေးတဲ့သူ) ၃ - အင်ဒရူး (ရေလမ်းကုန်သွယ်ရေးအတွက် အနောက်ကမ်းရိုးတမ်းကို ချုပ်ကိုင်ထားတဲ့သူ) ၄ - ဂုရုပန်ဒရန်း (ဆူရိယဗာဒန်ကြောင့် နိုင်ငံရေးသမား ဖြစ်လာတဲ့သူ) ၅ - အာဒီးရာ (ဆူရိယဗာဒန်ရဲ့ ညီအရင်း) ဒီ၅ယောက်ကို အုပ်ချုပ်ပြီး ၊ ဒီ၅ယောက်ရဲ့ အကူအညီနဲ့ ကိုလာရွှေလုပ်ကွက်ကို လည်ပတ်နေတာ....။ "ရော့ကီ့အကြောင်း" ရော့ကီဟာ ဘုံဘေမြို့မှာနေထိုင်တယ်။ ငယ်ကလည်းက ဇရှိတယ် ၊ လက်ရဲတယ်။ရည်မှန်းချက် ကြီးမားတယ်။ သွားလေသူ မိခင်ပေးခဲ့တဲ့ ဘ၀ခွန်အားတွေကြောင့် အမြင့်ဆုံးကို ရောက်ချင်နေတဲ့သူ။ ငယ်ကလည်းက လက်ယဉ်တာကြောင့် ဘုံဘေရှက်တီဆိုသူ လူမိုက်ကြီးရဲ့ လက်သပ်မွေးခြင်းကို ခံရတဲ့သူ။ ရှက်တီ့မှာ ကြုံလာသမျှ ဘေးရန်တွေ ၊ ရှက်တီ့လုပ်ငန်းတွေကို စွမ်းစွမ်းတမံလုပ်ကိုင်ပေးရင်း သူမတူတဲ့သူ့အစွမ်းအစကြောင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အမြင်မကြည်တာကို ခံရတဲ့သူ။ သူ့အစွမ်းအစကို ရှက်တီက အသိအမှတ်မပြုပေမယ့် ရှက်တီ့အထက်က အကောင်ကြီးတစ်ကောင်ဖြစ်တဲ့ နံပါတ် ၃ အိုးစားဖက် အင်ဒရူးက ရော့ကီ့အကြောင်းကို ကြားပြီး အလုပ်တစ်ခု လာကမ်းလှမ်းတယ်။ ကမ်းလှမ်းတဲ့အလုပ်က လုံခြုံရေးအပြည့်ယူထားပြီး ဘန်ဂလောမြို့ကို လာမယ့်လူတစ်ယောက်ကို အပြတ်ရှင်းပေးရမှာ...။ ဒီတော့ သူဟာ ဘုံဘေကနေ ဘန်ဂလောကို ခရီးထွက်လာခဲ့ပြီး သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဖြစ်လာခဲ့ပါတယ်။ အပိုင်း၂အတွက်ဆိုရင်တော့ ဇာတ်ဆောင် အသစ်တွေ မြင်ရတော့မှာပါ။ ရာမီကာစိမ်းဆိုတဲ့ လူထုဩဘာသံနဲ့အတူ နိုင်ငံရေးလောကထဲ ဝင်ရောက်လာသူနဲ့ ဆူရီးယားဗာဒန်ရဲ့ ညီ၊ ဂါရူးဒါးရဲ့ ဦးလေးဖြစ်တဲ့ အားဒီးယားပါ။ အပိုင်း၁မှာတော့ သူတို့အကြောင်း အနည်းငယ်မျှသာ ပါဝင်ခဲ့ပြီး အပိုင်း၂မှာတော့ ရော့ကီရဲ့ အဓိကပြိုင်ဘက်တွေ ဖြစ်လာနိုင်ပါတယ်။ မကြာခင်ထွက်လာတော့မယ့် အပိုင်း၂ကို စောင့်စားရင်း အပိုင်း၁ကို အရင်ကထက် ပိုလန်းတဲ့ အရည်အသွေး၊ ပိုကောင်းတဲ့မြန်မာမှု၊ မူရင်းအသံတို့နဲ့အတူ ပြန်လည် ခံစားလိုက်ကြရအောင်ဗျာ။ File Size :(1.20 GB ) and (600 MB) Quality : WEB-DL 720p Running Time : 2h 36min Format : Mp4 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Source : WEB-DL-1080p-UNTOUCHED-AVC-DD5.1  Translated by Myint Thu & Nyi Nyi Koe (MLMC) Encoded by Phyo Pyae

Music
7.5 2018 156 mins
K.G.F: Chapter 1
Hex
5.9

ကောင်းကင်ပေါ်ကို လေယာဉ်နဲ့အမြင့်ကြီးသွားပြီးတော့ Skydiving (လေထီးခုန်ခြင်း)ကိုလုပ်ဖူးတဲ့သူတွေရှိပါသလား။ အဲ့လိုလုပ်ချင်တဲ့အိပ်မက်ရှိတဲ့လူတွေလဲရှိမှာပါပဲ။ ဒီကားထဲမှာတော့လေထီးခုန်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့သူတို့အဖွဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတွေကို ရိုက်ကူးထားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဆယ်ရာဆိုတဲ့ ကောင်မလေးတစ်ယောက်ကလေထီးခုန်တဲ့ကွင်းမှာ တစ်ယောက်တည်း လေထီးခုန်လေ့ရှိတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ရုပ်လေးကလဲချော စကေးကလဲကောင်းတော့ အဲ့ဒီကွင်းကငါးယောက်ရှိတဲ့ အဖွဲ့တစ်ဖွဲ့က သူတို့အဖွဲ့ထဲဝင်ဖို့အတွက်သူ့ကိုသိမ်းသွင်းပါတော့တယ်။ ဒီလိုနဲ့နောက်ဆုံးတော့လဲဆယ်ရာတစ်ယောက်အဲ့ဒီအဖွဲ့ထဲကိုရောက်သွားခဲ့ပါတယ်။ ဆယ်ရာအဖွဲ့ထဲရောက်ပြီး သိပ်မကြာခင်ပဲသူတို့အဖွဲ့ထဲကတစ်ယောက်က ဟက်ဇ်ဆိုတဲ့အဖွဲ့လိုက်လေထီးခုန်နည်းတစ်ခုကို လုပ်ဖို့အတွက်အကြံပေးပါ တော့တယ်။အဲ့ဒီလေထီးခုန်နည်းကအရမ်းအန္တရာယ်များလို့မလုပ်သင့်ဘူးလို့ ပြောကြပေမဲ့ သူတို့အဖွဲ့ကတော့ရအောင်ကိုလုပ်ပါတော့တယ်။ ဒီလိုနဲ့ပထမဆုံး လုပ်ခဲ့တဲ့နေ့မှာတော့အလွဲလေးတွေ ဖြစ်ခဲ့ပေမဲ့နောက်နေ့ပြန်ခုန်ကြည့်တဲ့အခါမှာ အောင်မြင်သွားခဲ့ပါတယ်။အဲ့ဒီမှာတင် သူတို့ဘဝရဲ့အိပ်မက်ဆိုးတွေကစတင်ခဲ့ပြီး အဖွဲ့ထဲကလူတွေနည်းအမျိုးမျိုးနဲ့တစ်ယောက်ချင်းစီသေကုန်ကြပါတော့တယ်။ ဒီလိုနဲ့ဆယ်ရာတို့လဲ အဲ့လိုဖြစ်နေရတာဘာလို့လဲဆိုတာကိုအစွမ်းကုန်အဖြေ ထုတ်ဖို့ကြိုးစားကြရင်းနဲ့ သူတို့ဘဝရဲ့အကြီးမားဆုံးအိပ်မက်ဆိုးကြီးကနေ နိုးထနိုင်ပါ့မလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.43GB / 584MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Drama
5.9 2022 88 mins
Hex
Ouija: Origin of Evil
6.1

ကျွန်တော်တို့နိုင်ငံတိုင်း ဒေသတိုင်းမှာ သရဲခေါ်နည်းအမျိုးမျိုးရှိကြသလိုပဲ ဒါကတော့ အင်းဂိတ်သရဲခေါ်နည်းပေါ့ဗျာ.. A ကနေ Z, Yes , No , Good Bye ဆိုတာတွေ ရေးထားတဲ့ ဘုတ်ပြားလေးတစ်ခုမှာ အဝိုင်းပေါက်လေးပါတဲ့ ရွှေ့စရာသစ်သားပြားလေးတစ်ခုတင်ပြီး သရဲခေါ်ပြီး မေးချင်တာမေးရတဲ့ကစားနည်းမျိုးပေါ့.. ဒီ ကစားနည်းမှာ စည်းကမ်းချက်လေးတွေရှိတယ်.. ၁. ဘယ်တော့မှ တစ်ယောက်တည်း မကစားရဘူး ၂. သချိုင်းမြေပေါ်မှာ မကစားရ ၃. ကစားပြီးသွားရင် အမြဲတမ်း နှုတ်ဆက်စကား ( Good Bye ) ပြောရမယ်ဗျ.. 2016 မှာ ထွက်ရှိထားတဲ့ ဒီ Ouija ကားသစ်ကတော့ ပထမဇာတ်ကားထက် နှစ်ငါးဆယ်လောက်စောတဲ့အချိန်ကို နောက်ကြောင်းပြန်ရိုက်ကူးထားတာဖြစ်ပြီး ပထမကားရဲ့ အဓိကလှည့်ကွက်ပိုင်ရှင် Doris ရဲ့ဘဝအကြောင်းပဲဖြစ်ပါတယ်... အဲဒီကားမှာ ဖခင်မရှိတော့တဲ့ Doris ဟာ သူ့အမေနဲ့အစ်မဖြစ်သူနဲ့အတူ နေထိုင်ပြီး အမေ့ရဲ့ ဝိဉာဉ်ခေါ်ပွဲတွေမှာ ကူညီရသူလေးဖြစ်ပါတယ်... တကယ်တော့ ဝိဉာဉ်ခေါ်ပွဲတွေဟာ အလကားဖြစ်ပြီး ဟန်ဆောင်လိမ်ညာနေကြတာပဲဖြစ်ပါတယ်.. တစ်ရက်မှာတော့ ဒီကစားနည်းဟာ စိတ်ဝင်စားဖို့ကောင်းတာကြောင့် ဧည့်သည်တွေကို လှည့်စားဖို့ အသုံးပြုသင့်တယ်ဆိုတဲ့ သမီးကြီးရဲ့အဆိုအရ Ouija Board တစ်ခုဟာ အိမ်ပေါ်ရောက်လာပါတော့တယ်... သမီးငယ် Doris ဟာ အဖေနဲ့တွေ့ချင်စိတ်ကြောင့် ကစားနည်းကို တစ်ယောက်တည်းကစားကြည့်ခဲ့ရာက မကောင်းဆိုးဝါးဝိဉာဉ်တွေ နိုးထလာပါတော့တယ်... သူ့အမေကတော့ Doris ကို အပမှီနေတာကိုမသိဘဲ သူ့အဘွားဆီကပါရမီကို ဆက်ခံနိုင်တာပဲလို့ယုံကြည်ပြီး မကြာခဏအသုံးပြုခဲ့တာကြောင့် သမီးငယ်ရဲ့စိတ်ကို မကောင်းဆိုးဝါးတွေက လုံးဝအပိုင်ရသွားပါတော့တယ်... ဝိဉာဉ်တွေနဲ့ လိမ်ညာစားသောက်နေရာကနေ အမှန်တကယ် နဖူးတွေ့ဒူးတွေ့ရင်ဆိုင်လာရတဲ့အခါမှတော့ သူတို့တွေ ဘယ်လိုအန္တရာယ်ဆိုးမျိုးကြုံလာမလဲ.. တစ်အိမ်သားလုံး လွတ်မြောက်နိုင်ပါ့မလား... ရောက်ရှိနေတဲ့ဝိဉာဉ်တွေက ဘယ်သူတွေလဲဆိုတာကိုတော့ ............................... လှည့်ကွက်သိပ်မပါပေမယ့် နောက်ပိုင်းမှာ တော်တော်ကျောချမ်းစရာကောင်းတဲ့ဇာတ်ကားပါ... သရဲကားကြိုက်နှစ်သက်သူတွေအတွက်တော့ Ouija 1 ကြည့်ပြီးဖြစ်တာကြောင့် အထူးညွှန်းစရာမလိုဘူးလို့ထင်ပါတယ်.. ကစားနည်းကို စိတ်ဝင်စားသူများ Ouija Board Application တွေ Play Store တွေကနေ ဒေါင်းလုပ်ဆွဲကစားနိုင်ပြီး ကစားပြီးနောက်မှာ အမှန်တကယ်သေဆုံးသူတွေလဲ ရှိခဲ့တယ်လို့လဲ သတင်းကြီးတာမို့ စိတ်မခိုင်သူများ လုံးဝဆော့ကစားခြင်းမပြုပါရန် အကြံပေးချင်ပါတယ်... Translated By Nyi Than Lwin Encoded By Joker.phs

Drama • Mystery
6.1 2016 99 mins
Ouija: Origin of Evil
Talk to the Dead

Talk to the Dead (2013) ကိုယ်တန်ဖိုးထားရတဲ့သူတစ်ယောက်ကို ရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ သူ့ကို ပြောချင်တဲ့စကားတွေအများကြီး ကျန်နေခဲ့ဦးမှာပါ။ ဒီလိုပဲ ဒီဇာတ်ကားမှာလည်း ယူရီဆိုတဲ့ ကောင်မလေးက မောင်လေးဖြစ်သူကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီး မပြောလိုက်ရတဲ့ စကားတွေကို ပြောပြချင်နေခဲ့တဲ့သူတစ်ယောက်ပါ။ ယူရီဟာ ဆိုးသွမ်းတဲ့ မိခင်ကြောင့် အကြွေးတွေပိနေခဲ့ပြီး call girl အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း မောင်လေးဖြစ်သူကို စောင့်ရှောက်နေရသူဖြစ်ပါတယ်။ တစ်နေ့မှာ မောင်လေးကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီး အချိန်မီမကယ်တင်လိုက်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း နောင်တတွေနဲ့ ရှင်သန်နေခဲ့ရပါတယ်။ အဲ့အချိန်မှာပဲ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မာယူဆိုတဲ့ မိန်းကလေးက ထူးဆန်းတဲ့ App တစ်ခုအကြောင်းကို ပြောလာခဲ့ပါတယ်။ အဲဒီ App က သေသွားတဲ့သူတွေကို ဖုန်းဆက်ပြီး စကားပြောလို့ရတဲ့ App ဖြစ်နေခဲ့ပါတယ်။ တစ်ခုရှိတာက စကားပြောလို့ရပေမယ့် သေသွားတဲ့လူဘက်က “တွေ့ချင်တယ်” လို့ပြောတဲ့အခါမှာ ပြန်မပြောရပါဘူး။ မောင်လေးနဲ့ဆက်သွယ်ခွင့်ရဖို့ဆို ဘာမဆိုလုပ်ဖို့အဆင်သင့်ဖြစ်နေတဲ့ ယူရီဟာ အဲဒီ App ကို Down ပြီး အသုံးပြုလာပါတော့တယ်။ ဒီ App ဟာ တကယ်ပဲ သေသွားတဲ့သူတွေကို ဆက်သွယ်လို့ရတာလား၊ တွေ့ဖို့ပြောတာကို လက်ခံလိုက်တဲ့အခါမှာရော ဘာတွေဖြစ်ကြမလဲဆိုတာကိုတော့ ရင်ဖိုဖိုနဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ Genre….. Horror Quality…. 1080p | 720p File size… 1.2GB | 545MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thada NL Encoder ….. Aaron

Drama
0 2013
Talk to the Dead
Wall Street
7.3

IMDb 7.3/10, Rt 73 % ရရှိထားတဲ့ Crime/Thriller ဇာတ်ကားဖြစ်ပြီး မင်းသားကြီး Michael Douglas က ဒီဇာတ်ကားမှာ အော်စကာဆုအပြင် Golden Globe နဲ့ အခြားဆု ၇ ဆုပါ ရရှိခဲ့ပါတယ်။ Hot Shots မင်းသားကြီး Charlie Sheen ကလည်း အပြိုင်သရုပ်ဆောင်ထားသေးတာမို့ ၂ နာရီစာ အချိန်ပေးရကျိုးနပ်မှာတော့ အသေအချာပါပဲ။ ဒီကားက World of Wall Street (2013) မတိုင်ခင်ကားဖြစ်ပြီး သူ့ခေတ်သူ့အခါကတော့ အတော်လေးအောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ Wall Street ကားတွေဆိုရင် စတော့ရှယ်ယာလောကရဲ့ လောဘကိုအခြေခံထားတာ များတာနဲ့အညီ ဒီကားကလည်း လောဘကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ဖြတ်လမ်းကအောင်မြင်ချင်ပြီး ချမ်းသာချင်တဲ့ ဘတ်ဒ်ဖော့စ်ဆိုတဲ့ လူငယ်လေးက သူ့ရဲ့စံပြပုဂ္ဂိုလ်ကြီး ဂေါ်ဒန်ဂတ်ကိုအနား မရောက်ရောက်အောင်သွားကာ ဂတ်ကို့ဆီက ပညာသင်ရဖို့ ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့အောင်မြင်ချင်စိတ်နဲ့ အလားအလာကိုမြင်တဲ့ ဂတ်ကိုကလည်း ငွေဖြစ်လွယ်တဲ့နည်းတွေ သင်ကြားပေးခဲ့တာပေါ့လေ။ ဒါပေမဲ့ ဂတ်ကို့ရဲ့နည်းလမ်းတွေက ဖြတ်လမ်းနည်းဆိုတဲ့အတိုင်း နောက်ဆက်တွဲဆိုးကျိုးတွေရှိလာခဲ့ချိန်မှာတော့ ဘတ်ဒ်ဖော့စ်တစ်ယောက် ကြုံတွေ့လာတဲ့ အခက်အခဲ အကျပ်အတည်းတွေကို အောင်မြင်အောင်ကျော်လွှားနိုင်ပါ့မလားဆိုတာ.. Old but Gold ကားမို့ အသေးစိတ်ညွှန်းစရာမလိုတော့ဘူးထင်ပါတယ်။ ၂၀၁၃ ခုနှစ်မှာထွက်တဲ့ ဇာတ်ကားနဲ့ မတူတဲ့ရသကို ပေးစွမ်းနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စီးမျောကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(2.7 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:06:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

Comedy • Crime
7.3 1987
Wall Street
[18+] Sex In Philippine Cinema 2
5

ခေါင်းစဉ်အတိုင်းပါပဲ၊ ဖိလစ်ပိုင်ရုပ်ရှင်လောကရဲ့ ဟိုယခင်ခေတ်ကတည်းက ထွက်ရှိခဲ့ဖူးတဲ့ဇာတ်ကားတွေထဲက နာမည်ကြီးမင်းသမီးတွေနဲ့ နာမည်ကြီးလိင်ဇာတ်ဝင်ခန်းများစုစည်းမှုဖြစ်ပါတယ်။ ဒီအခန်းလေးတစ်ခန်းကြည့်ဖို့သက်သက် တစ်ကားလုံးကြည့်စရာမလို ရစ်ကြည့်စရာလည်းမလိုတဲ့အပြင် အခုချိန်ထိ နာမည်ကြီးနေဆဲဖြစ်တဲ့ Sunshine Cruz, Maui Taylor, Rosanna Roces တို့လိုဂန္ဓဝင်မမကြီးတွေရဲ့ ငယ်ဘဝအလှအပပုံရိပ်လေးတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ ကြည့်လို့တန်သလို ဗဟုသုတလည်းယူတတ်ရင်ရမှာဖြစ်တဲ့အတွက် အချိန်ပေးရကျိုးနပ်မယ့် ဗီဒီယိုတွေပါပဲ။ ( အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.5GB)/( 620MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:50:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5 2004
[18+] Sex In Philippine Cinema 2
Operation Valentine
5.5

Operation Valentine (2024) ပရောဂျက်ဗာဂ်ျရာ IMDb-5.5/10 Rotten tomatoes/71% ရီသိက်ရိုရှန်ရဲ့ ဖိုက်တာကားကြည့်ပြီး တိုက်လေယာဉ်ကားတွေ ထပ်ကြည့်ချင်သေးတဲ့ပရိသတ်ကြီးအတွက် တိုက်လေယာဉ်တွေနဲ့ကြမ်းပြမဲ့ နောက်တစ်ကားထွက်ရှိလာပါတယ် Varun Tej နဲ့ Miss World 2017 Manushi Chhillar တို့က အဓိကပါဝင်ထားပါတယ် အာဂျွန်ဒေ့ဗ်ဆိုတာ အရည်အချင်းရှိသလို ခေါင်းလည်းမာတဲ့ လေတပ်ဗိုလ်တစ်ယောက် အတိုင်းအတာ ခန့်မှန်းချက်တွေထက် သူ့ရဲ့လုပ်နိုင်စွမ်းကိုသာယုံကြည်ပြီး မစ်ရှင်တိုင်းကို စွန့်စွန့်စားစားလုပ်တတ်တဲ့သူ ။ သူဦးဆောင်ခဲ့တဲ့ ပရောဂျက်ဗာဂ်ျရာမှာ သူရဲ့စွန့်စားအရဲကိုးမှုတွေကြောင့် တွဲဖက်အရာရှိကျသွားပြီးတဲ့နောက် အဲဒီမစ်ရှင်ကိုရပ် သူကိုယ်တိုင်လည်းပျံသန်းခွင့်ရပ်နားခံလိုက်ရတယ် အာဟာနာက‌တော့ လေကြောင်းတိုက်ပွဲတွေမှာ အရာရှိတွေဘေးကင်းဖို့ မြေပြင်ကနေ ခန့်မှန်းချက်တွေ ရေဒါအတိုင်းအတာတွေ သတင်းပို့ညွှန်ကြားရသူ အာဂျွန်ဒေ့ဗ်ရဲ့ဇနီး ။ တစ်နေ့မှာ ရပ်ဆိုင်းထားတဲ့ ပရောဂျက်ဗာဂ်ျရာကို ပြန်စဖို့ လုပ်နေတယ်ဆိုတာ သိလိုက်ရတယ် အန္တာရယ်များလို့ရပ်ဆိုင်းထားတဲ့ ဗာဂ်ျရာပရောဂျက်ကို တစ်ခါရှုံးနိမ့်ဖူးတဲ့ ခေါင်းမာတဲ့အရာရှိအာဂျွန်က ဦးဆောင်တိုက်တဲ့ ဝေဟင်တိုက်ပွဲက ဘယ်လိုတွေဆက်ဖြစ်မလဲ အာဂျွန်နဲ့ ဆာဟာနာတို့ကရော တာဝန်ဝတ္တရားနဲ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေကြား ဒီမစ်ရှင်ကို ဘယ်လိုကိုင်တွယ်သွားကြမလဲဆိုတာ ရှုစားကြည့်ပါဦး အညွှန်း နှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

5.5 2024 132 mins
Operation Valentine
[18+] Cheaters
5

ဂျူနိုနဲ့ ဧပရယ်တို့ဟာ အိမ်မက်တွေအကြီးကြီးနဲ့လူငယ်တွေဖြစ်ပြီး နှစ်ဦးစလုံးမှာ သူဌေးသား၊သူဌေးသမီး ချစ်သူတွေ ကိုယ်စီရှိကြပါတယ်။ အတွေးအခေါ် အယူအဆ အဆင့်အတန်းကွာခြားမှုတွေကြောင့် ချစ်သူတွေနဲ့ပြဿနာတွေ တက်လေ့ရှိကြပြီး အဆင်မပြေဖြစ် စိတ်ညစ်နေချိန်မှာ သူတို့နှစ်ယောက်တွေ့ဆုံခဲ့ကြပါတယ်။ ဘ၀တူတွေဖြစ်သလို အချင်းချင်းလည်းနားလည်မှုရှိကြတဲ့သူတို့နှစ်ယောက်ဟာ ဖောက်ပြန်ဇာတ်လမ်းစခဲ့ကြပြီး ဘယ်အချိန်မှာရပ်လိုက်ရမလဲ မသိနိုင်တော့တဲ့အခါမှာတော့..။ Angeline Aril နဲ့ Kara Fernandez ဆိုတဲ့မင်းသမီးအသစ်စက်စက်လေးနှစ်ဦးကိုပထမဆုံးမိတ်ဆက်ပေးထားတဲ့ဇာတ်ကားပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(800MB)/(400MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:53:00 Genre_Adult, Asian Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5 2024
[18+] Cheaters
The Hitman’s Bodyguard
6.9

The Hitman’s Bodyguard (2017) IMDb Rating (6.9) 2017 ရဲ့ အကောင်းဆုံး Action Comedy တွေထဲက တစ်ခုပါ။ IMDb 6.9 နဲ့ Box Office မှာ ထိပ်ဆုံးရောက်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ချ်ကို နိုင်ငံတကာရာဇဝတ်မှုတရားရုံးက တရားစွဲထားချိန်မှာ သူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။ ဒူကိုဗစ်ချ်ရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။ ဝါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ် ကင်ကိတ်ကတော့ နောက်ဆုံးမှာ အပေးအယူလုပ်ပြီး သက်သေထွက်ဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့် မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာ လူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။ သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့ လုံးဝမတည့်ပဲ ရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကို ဒူကိုဗစ်ချ်ရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ…… သက်တော်စောင့်ဘရိုက်စ်ဟာ အရာရာကို တွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊ ကင်ကိတ်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းက ပိုကောင်းတယ်ယူဆသူ၊ သူတို့ နှစ်ယောက်ရဲ့ အလွဲတွေ ဟာသတွေနဲ့ အက်ရှင်ခပ်ကြမ်းကြမ်းတွေကို တစ်ကားလုံး အလန်းစား သရုပ်ဖော်ထားတာမို့ အရမ်းကောင်းတယ်လို့ပဲ ညွှန်းချင်ပါတယ်။ ဒီကားရဲ့ အဆက် Hitman’s Wife’s Bodyguard (2021) ကိုလဲ CM မှာ ကြည့်လို့ရပါတယ်။

Adventure • Comedy • Horror
6.9 2017 118 mins
The Hitman’s Bodyguard
Semi-Soeter
5.5

ဂျေစီနဲ့ဂျေပီဆိုတဲ့ အလုပ်ကြိုးစားတဲ့ အောင်မြင်တဲ့ စုံတွဲဟာ ကလေးမယူဖို့ ကတိပြုထားသူတွေ။ ပြောရရင် ကလေးယူဖို့ထက် အလုပ်ကိုပဲ ဖိလုပ်နေကြတဲ့သူတွေပေါ့။ ဒါပေမယ့် ဘေဘီထုတ်ကုန်ကုမ္ပဏီတစ်ခုနဲ့ အလုပ်သဘောတူညီဖို့ သူတို့ဟာ ပြီးပြည့်စုံတဲ့ မိဘတွေလို ဟန်ဆောင်ရတဲ့ အခြေအနေထဲ ရောက်သွားပြီး အလွဲအချော်တွေ၊ ဟာသတွေနဲ့ ပြည့်နှက်နေတဲ့ အခြေအနေက သူတို့ရဲ့ ကတိကဝတ်တွေကို စမ်းသပ်ရင်း အချစ်နဲ့ ဘဝရဲ့ အဓိပ္ပါယ်ကို ပြန်လည်ဆန်းစစ်စေမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေတာကြောင့် ကြည့်ရှုလိုက်ကြပါဦး… File Size… (2.07 GB) / ( 1.04 GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 33m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Horror
5.5 2025
Semi-Soeter