YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Grand Shining Hotel (2024) E06 END WEB-DL 720P(CM).mp4

231.69 MB N/A video/mp4 365 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Peach Tree
6.5

IMDb Rating - 6.4/10 Kdrama ပရိတ်သတ်တွေ အကြိုက် မင်းသား မင်းသမီးကြီးတွေ ပါဝင်ထားတဲ့အပြင် ဇာတ်အိမ်ခိုင်ခိုင်နဲ့ old but gold လေးကို Cm ကနေ တင်ဆက်ပေးလိုက်ပါတယ်။ ပရိတ်သတ်ကြီးတို့ ရင်းနှီးပြီးသား မင်းသမီး-ဒါရိုက်တာ Koo Hye Sun ရိုက်ကူးထားတာ ဖြစ်ပြီး Sisyphus: The Myth တို့လို နာမည်ကြီး Drama တွေထဲက မင်းသားကြီး Cho Seung Woo ၊ Ryu Deok Hwan နဲ့ မင်းသမီး Nam Sang Mi တို့ အဓိက ပါဝင်ထားပါတယ်။ Cameo အနေနဲ့ အခုခေတ်မှာ လူကြိုက်များနေတဲ့ Why her မင်းသမီး Seo hyun Jin အပြင် တခြား သရုပ်ဆောင်‌များစွာပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း -------------------- ဆန်းဟျွန်း(Cho Seung Woo) နဲ့ ဒုံဟျွန်း(Ryu Deok Hwan) တို့ဟာ ကံမကောင်းစွာနဲ့ ခန္ဓာကိုယ်တစ်ခုတည်းကို မျှဝေရတဲ့ ခေါင်းနှစ်လုံးဆက် အမြွှာအဖြစ် မွေးဖွားလာခဲ့ပါတယ်။ မကောင်းဆိုးဝါးလို့ အမြင်ခံရမှာ တွေကို ကြောက်တာကြောင့် အနှစ်(၃၀)လုံး အိမ်ထဲမှာပဲ နေခဲ့ကြရ တယ်။ ဆန်းဟျွန်းက စိတ်ထားကောင်းပြီးနာခံတတ်တဲ့သူဖြစ်ပြီး ဒုံဟျွန်းကတော့ တစ်ကိုယ်ကောင်းဆန်တဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာ တက်ကြွပြီးစိတ်ရင်းကောင်းတဲ့ ကောင်မလေး ဆွန်းအာ (Nam Sang Mi) တစ်ယောက် သူတို့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့ အခါ...ဘယ်လို Ending လေးဖြစ်လာမလဲဆိုတာကို ခံစားမှုရသစုံလင်စွာ ကြည့်ရမှာမို့ လက်လွှတ်မခံဘဲ အခုပဲ ကြည့်လိုက်တော့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khaing Khin ဖြစ်ပါတယ်) File Size..........(1.5 GB) / (532 MB) / (334 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........2Hrs Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Khaing Khin Encoder..........SWM

Horror
6.5 2012 120 mins
The Peach Tree
The Ultimate Life
7.3

Money is the second god. တဲ့။ တကယ်ပဲ ဘဝမှာ ပိုက်ဆံသာရှိရင် အရာရာပြီးပြည့်စုံရဲ့လား။ သူ့ကြီးပဲလားကွယ့်…ဆားလေးနဲ့ပါဘုရား လို့ အမတ်ကြီးဦးပေါ်ဦး ပြန်ဖြေသလိုပါပဲ၊ ဘဝမှာ ပိုက်ဆံလေးတင် ရှိနေရုံနဲ့ မပြီးပြည့်စုံပါဘူး။ ဘဝအဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာ လူအချင်းချင်း သဘောထားမတူနိုင်ပေမယ့်လည်း သေချာတာကတော့ ငွေကြေးနဲ့တင် ဘဝအဓိပ္ပာယ်ကို တန်ဖိုးပိုင်းဖြတ်လို့မရပါဘူး။ ဒီဇာတ်လမ်းထဲမှာ ဂျေဆန်စတီဗင်ဟာ သူ့အဘိုးဆီကနေ အမွေဆက်ခံပြီးနောက်မှာ တစ်ခြားမိသားစုဝင်တွေရဲ့ မလိုလောဘတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ကြိုးစားနေရတယ်။ တစ်ဖက်မှာတော့ ဂျေဆန်ဟာ သူ့ချစ်သူနဲ့ ပြဿနာပေါ်လာပါတော့တယ်။ ဒီဘဝပြဿနာကို ဖြေရှင်းနိုင်ဖို့ သူ့အဘိုးရဲ့ နေ့စဉ်မှတ်တမ်းကနေ အကြံပေးမှုရယူဖို့ ဖြစ်လာပါတော့တယ်။ သူ့အဘိုးရဲ့ ဘဝမှတ်တမ်းကနေ ဘယ်လိုသင်ခန်းစာတွေ သင်ယူသွားနိုင်မလဲ ဆိုတာကို ကြည့်ရှုလိုက်ကြပါဦးနော်။ The Ultimate Gift ၊ The Ultimate Life ၊ The Ultimate Legacyဆိုပြီး The Ultimate Trilogy ထွက်ရှိထားတာထဲက The Ultimate Life ကို CM ပရိတ်သတ်တွေအတွက် ဘဝသင်ခန်းစာလေးတွေ ရယူနိုင်ကြဖို့ ရည်ရွယ်ရင်း တင်ဆက်ပေးလိုက်ပါပြီ။ ( ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…2.06GB / 874.6MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 45m Genre ..... Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

Comedy • Romance
7.3 2013 105 mins
The Ultimate Life
Pacto de Fuga
7.5

~ IMDb - 7/10, Rotten Tomatoes - 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ "နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး" ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.1GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 15Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Drama • Thriller
7.5 2020 138 mins
Pacto de Fuga
Harry Potter and the Philosopher's Stone
7.9

Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ... ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ... သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ယောက်နဲ့အတူ ဒီမှော်ဆရာကြီးနဲ့ အချိန်အကြာကြီး ရင်ဆိုင်ခဲ့ပါတယ် ... အဆိုးနဲ့အကောင်း အမှောင်နဲ့အလင်း အမည်းနဲ့အဖြူလို ဆန့်ကျင်နေတဲ့ ဒီ မှော်ဆရာ ၂ ယောက်ရဲ့ တိုက်ပွဲရှည်ကြီးကို ပြန်လှန်လေ့လာလိုက်ကြပါစို့... မြန်မြန်တက်ကြဗျို့ Hogwarts ရထားကြီး ထွက်တော့မယ် !! (The Philosopher's Stone(or)The Sorcerer's Stone (2001) နဲ့ The Chamber of Secrets (2002) နှစ်ကားက ရုံတင်ဗားရှင်းထက် 10မိနစ်စာလောက်ပိုပါတဲ့ EXTENDED Version ထွက်ထားပါတယ်။ဒါကြောင့်မို့ 1080p နဲ့ 720p ကို EXTENDED version နဲ့ တင်ဆက်ထားပြီး 4K ကတော့ ရုံတင်ဗားရှင်းဖြစ်ပါတယ်။) File size…(5.6 GB) /(2.6 GB)/(900 MB) Quality….BluRay 4K HEVC/EXTENDED 1080p /720p Format…mkv/mp4 Duration….02:38:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Yoon Sandi Aung

Action & Adventure • Drama
7.9 2001 152 mins
Harry Potter and the Philosopher's Stone
Kubo and the Two Strings
7.6

2016 ရဲ့ Box Office မှာ No.4 နေရာရခဲ့တဲ့ ကာတွန်းကားတစ်ကားဖြစ်တဲ့ Kubo and the Two Strings ကို နာမည်ကြီး Laika Production ကထုတ်လုပ်ထားတာဖြစ်ပြီး Stop Motion နဲ့ ရိုက်ကူးထားပါတယ်.. IMDb 8.4/10 , Rotten Tomato 96% အထိ Rating ရရှိခဲ့တဲ့ ဒီကားဟာ မပြသခင်ကတည်းက အထူးနာမည်ကြီးနေတဲ့ ကားတစ်ကားပဲဖြစ်ပြီး Travis Knight ကိုယ်တိုင် ဒါရိုက်တာအဖြစ်နဲ့ ပွဲဦးထွက်ဦးဆောင်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်.. အသံသရုပ်ဆောင်တွေကလဲ အော်စကာဆုရဝါရင့်သရုပ်ဆောင်တွေအပြင် Game of Thrones ထဲက Rickon Stark တို့.. The Girl with Dragon Tattoo ထဲက Rooney Mara တို့အပြင် LORD VOLDERMORT သရုပ်ဆောင် Talph Fiennes တို့လို ဒိတ်ဒိတ်ကြဲတွေဖြစ်နေမှတော့ အထူးညွှန်းစရာမလိုလောက်အောင်ပါပဲ... ဇာတ်လမ်းသွားကိုတော့ ရှေးခေတ်ဂျပန်စတိုင်ဇာတ်အိမ်ဖွဲ့ထားပြီး သူ့အမေဘက်က သဘာဝလွန်အစွမ်းတွေရှိတဲ့အဘိုးနဲ့ မိသားစုကို ရင်ဆိုင်ဖို့အတွက် အဖေ့အမွေ ပစ္စည်း ၃ မျိုးကို လိုက်လံရှာဖွေရတဲ့ Kubo ဆိုတဲ့ကောင်လေးတစ်ယောက်အနေနဲ့ ရိုက်ကူးထားပါတယ်.. Kubo မှာ မကြာခဏ အတိတ်မေ့သလိုဖြစ်နေတဲ့အမေနဲ့အတူ တောင်ပေါ်ဂူတစ်ဂူမှာ နေထိုင်ရသူဖြစ်ပြီး သူ့ရဲ့ဆန်းကြယ်တဲ့ ၃ ကြိုးတပ်တူရိယာလေးနဲ့ စက္ကူရုပ်တွေကို ပုံပြင်တစ်ခုပမာ လှုပ်ရှားဖန်တီးစေရင်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေပါတယ်.. သူ့အမေဟာ ကူဘိုလေးကို ညဘက်တွေ အပြင်မထွက်ဖို့ ပြင်းပြင်းထန်ထန်တားဆီးထားတာကြောင့် နေဝင်ချိန်အမီ ရောက်ရာအရပ်က အမေ့ဆီပြန်ရတယ်.. .ညဘက်တွေမှာ အသိစိတ်ကပ်နေတတ်တဲ့အမေ့ဆီကတဆင့် အဖေဖြစ်သူ ဆာမူရိုင်းဟန်ဇိုအကြောင်းကို နားထောင်ပြီး မမြင်ဖူးလိုက်တဲ့အဖေ့ကို အားကျနေတတ်တယ်.. သူ့မှာမျက်လုံးတစ်ဖက်ပဲပါပြီး တစ်ဖက်ကိုတော့ အဘိုးဖြစ်သူက ထုတ်ယူထားတာလို့ တစွန်းတစပြောဖူးပေမယ့် အကြောင်းရင်းကို သေချာမသိရှာပါဘူး... ဒါပေမယ့် တစ်ရက်မှာတော့ ကူဘိုတစ်ယောက်အပြင်နောက်ကျခဲ့ပါပြီ... ညမှောင်လာတဲ့အခါမှာ သူ့အမေစိုးရိမ်ခဲ့သလို ကြောက်စရာအဖြစ်အပျက်ဆိုးတွေ သူ့ဆီရောက်ရှိလာပါတော့တယ်... ဒီအဖြစ်တွေကြောင့် သူ့အမေကိုလဲ ဆုံးရှုံးခဲ့ရပြီး သူလဲ အဝေးကို လွင့်ပါးခဲ့ရပါတော့တယ်... အဖော်အဖြစ် သူ့အမေပေးထားတဲ့ မျောက်ရုပ်လေးရယ် အမေ့ဆီက ဆံပင်တစ်ချောင်းရယ် တီးခတ်နေကျတူရိယာလေးရယ်ပဲ သူ့နဲ့အတူပါလာပါတယ်.. သူသတိရချိန်မှာတော့ မျောက်ရုပ်လေးဟာ ထူးဆန်းစွာပဲ မျောက်တစ်ကောင်ဖြစ်နေပြီး သူ့ကို အဖေ့ပစ္စည်း ၃ မျိုးကို လိုက်ရှာနိုင်မှ ဒါတွေကို အောင်နိုင်မယ်လို့ပြောပြီး ပစ္စည်းမျိုးရှာဖို့တိုက်တွန်းပါတော့တယ် ... လမ်းမှာ ဆာမူရိုင်းဝတ်စုံဝတ်ထားတဲ့ ပိုးကောင်တစ်ကောင်နဲ့တွေ့ပြီး အဲဒီပိုးကောင်ဟာလူအဖြစ်ကနေ ကျိန်စာမိထားသူဖြစ်ကာ အတိတ်မေ့နေသူပါ.. တကယ့်ဇာတ်လမ်းက ဒီမှာစတာပါပဲဗျာ... ကူဘိုရယ်.. မျောက်တစ်ကောင်ရယ်.. ပိုးကောင်တစ်ကောင်ရယ်ဟာ သူတို့နောက်မှာလိုက်နေတဲ့ မကောင်းဆိုးဝါးတွေကို တားဆီးရင်း ရှာဖွေဖို့မလွယ်ကူတဲ့ ပစ္စည်း ၃ မျိုးကိုရဖို့ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ.. သူ့ဘေးမှာ အမြဲရှိနေတတ်တဲ့ မျောက်နဲ့ ပိုးကောင်ကြားကအလွဲတွေနဲ့ သူတို့ဟာ ဘယ်သူတွေဖြစ်မလဲ.. အဖိုးကရော ဘာကြောင့် သူ့မျက်လုံးကိုထုတ်ယူချင်ရတာလဲ... ဒေါသရန်ငြိုးကြီးပြီး အစွမ်းထက်လှတဲ့ အဖိုးရဲ့အန္တရာယ်ကိုရော ရှောင်လွဲနိုင်ပါ့မလားဆိုတာကိုတော့........... 2014 ကတည်းက ပြင်ဆင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို မထွက်ခင်ကတည်းက နာမည်ကျော်နေတဲ့ကားတစ်ကားဖြစ်တဲ့အပြင်... ရိုးရိုး Animation တစ်ကားထက်ပိုတဲ့ရသမျိုးစုံကို ခံစားစေရမှာမို့ ဘာသာပြန်တင်ဆက်ပေးထားလိုက်ပါတယ်။ File Size     :   800Mb Duration   :   01 : 41 : 35 Quality       :   1080p Blu-ray and HEVC 1080p 5.1CH Format       :   MP4 Genre          :   Animation, Adventure Translator :  Nyi Thanlwin Encoder      :  Kyaw Ye Aung

Action • Thriller
7.6 2016 102 mins
Kubo and the Two Strings
What She Likes
6.8

What she likes (2021) Web novel ကို ပြန်လည်ရိုက်ကူးထားတဲ့ တွေးစရာတွေတစ်ပုံကြီးပါတဲ့ ဆယ်ကျော်သက်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျွန် အန်ဒိုဆိုတဲ့ကောင်လေးက ဂေးတစ်ယောက်ဖြစ်ပေမဲ့ come out လုပ်မထားရသေးတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ သူက သူ့ရဲ့ဖြစ်တည်မှုကို အမြဲတမ်းမေးခွန်းထုတ်နေခဲ့တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့မှာ အသက်ကြီးတဲ့ရည်းစားလည်းရှိပါတယ်။ သူ့ရည်းစားကအိမ်ထောင်သည် ကလေးအဖေဖြစ်ပြီးတော့ အားတဲ့အချိန်မှာ သူနဲ့တွေ့လေ့ရှိပါတယ်။ တစ်ဖက်မှာလည်း သူ့ကို ငယ်ငယ်တည်းကခင်တဲ့ ကောင်မလေး မိအူရက ဖွင့်ပြောလာပါတယ်။မိအူရက BLဇာတ်လမ်းတွေကို ငယ်ငယ်တည်းကကြိုက်ခဲ့တဲ့ ဖူဂျိုရှီလေးပါ။ မိသားစုဘဝကိုမက်မောတဲ့ ဂျွန်က သူ့ဖြစ်တည်မှုကိုမသိတဲ့ မိအူရကိုတွဲဖို့ လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ကောင်မလေးကြိုက်တဲ့သူဟာ straightကောင်လေးမဟုတ်ဘဲ ဟိုမိုတစ်ယောက်ဖြစ်နေခဲ့တဲ့အခါမှာတော့… ဂျွန်တစ်ယောက် ကောင်မလေးနဲ့ ရည်းစားကောင်လေးအကြား ခံစားချက်လွန်ဆွဲပွဲတွေ ဘယ်လိုကြုံရမလဲ။သူကိုယ့်ကိုယ်ကိုဖိအားပေးပြီးကြိုးစားယူချင်နေတဲ့ မိသားစုဘဝလေးကရော ဖြစ်မြောက်မှာလား။ ဖူဂျိုရှီလေးရဲ့ စိတ်ကူးယဉ်မှုတွေက လက်တွေ့ဘဝထဲ တကယ်ဖြစ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်မှာလဲ ။ လက်တွေ့ဘဝက ဂေးကောင်လေးတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေ ခံစားချက်တွေအကြောင်း ကောင်းကောင်းပုံဖော်ထားတဲ့ ဆယ်ကျော်သက်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2.2GB) / (1GB) Quality__1080p, 720p IMDb Rating__6.8/10 Format__mp4 Duration__02:06:00 Type__Romance Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Action • Drama • Thriller
6.8 2021
What She Likes
Green Zone
6.8

ဒီဇာတ်ကားက ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Matt Damonရဲ့ War/actionဇာတ်ကြမ်းဖြစ်ပါတယ်။ IMDb 6.8နဲ့ RT rating 53% ရထားပြီး အီရတ်နဲ့ အ​မေရိကန်ကြား စစ်​ရေးတင်းမာမှု​တွေဖြစ်ခဲ့တဲ့ ၂၀၀၃ခုနှစ်ဝန်းကျင်ခန့်ကို ဇာတ်အိမ်တည်ထားပါတယ်။ ရွိုင်း​မီလာက ယူအက်စ်ရဲ့အဖျက်လက်နက် ရှာ​ဖွေ​ထောက်လှမ်း​ရေး အဖွဲ့​​ခေါင်း​ဆောင်ဖြစ်ပြီး အီရတ်နိုင်ငံထဲမှာ အဖျက်စွမ်းအားကြီးတဲ့ လက်နက်ကြီးတစ်ခုရှိတဲ့ဆိုတဲ့ အတွင်းသတင်း​ကြောင့် ရှာ​ဖွေမှု​တွေ ​နေရာအနှံ့လုပ်​​နေခဲ့တာပါ။ဒါ​ပေမဲ့ သတင်း​ရတဲ့​နေရာ​တွေမှာရှာတိုင်း ဘာလက်နက်ကြီးမှ မ​တွေ့ရဘဲ လက်ဗလာနဲ့ပဲ ပြန်လာ​နေရတဲ့​နောက် ​ ထောက်လှမ်း​ရေးကရ​တဲ့ သတင်းက တစ်ခုခုလွဲ​နေတယ်လို့ သံသယ ဝင်လာပြီး အထက်အမိန့်ကိုဖီဆန်ပြီး သတင်း​ရင်းမြစ်အ​ကြောင်းကို ထဲထဲဝင်ဝင်စုံစမ်းရာက​ ထင်မှတ်မထားမိတဲ့ လျှို့ဝှက်ချက်တစ်ခုကို သိသွားပြီး အဲဒီကိစ္စရဲ့​နောက်ဆက်တွဲကိစ္စ​တွေကိုပါ ​ဖြေရှင်းဖို့အ​ရေး ကြုံလာပါ​တော့တယ်။ အဲဒီလျှို့ဝှက်ချက်က ဘာဖြစ်​နေမလဲ။ ဘယ်​လောက်ထိကြီးမားတဲ့ ပြဿနာကြီးဖြစ်​နေမလဲ။ မတည်ငြိမ်မှု​တွေဖြစ်​နေတဲ့ အီရတ်​မြေမှာ မီလာတို့အဖွဲ့ ဘယ်လိုအခက်အခဲ​တွေကို ရင်ဆိုင်​ကျော်ဖြတ်ရမလဲ ဆိုတာ ကြည့်ရှုခံစားရမှာပါ။ File size…2.31GB / 968MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Drama , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

Adventure • Drama • Comedy
6.8 2010 115 mins
Green Zone
Snowed In for Christmas
6.2

Snowed In for Christmas (2021) ======================== IMDb rating – 6.2/10 ပရိတ်သတ်ကြီးအတွက် အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ ဒီနှစ်ခရစ်စမတ်မှာ ကြည့်ရှူနှုန်း 613 အထိတက်လာတဲ့ ခရစ်စမတ် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ – ကေလီ ကန်နင်းဟမ်မိသားစုက သမီးလေးနှစ်ယောက်ဖြစ်တဲ့ လီလီနဲ့ ရိုစီကို ထိန်းပေးနေတဲ့ကလေးထိန်းတစ်ယောက်ပါ။ ခရစ်စမတ်ကျရင် သူ့မိဘတွေရှိတဲ့အိုဟိုင်အိုကိုပြန်ပြီး အနားယူနေပေမဲ့ ဒီနှစ်မှာတော့ လီလီနဲ့ရိုစီရဲ့မိဘတွေက နှင်းမုန်တိုင်းကြောင့် နယူးယော့ခ်မှာပိတ်မိနေ တာနဲ့ သူ့မိဘတွေရှိတဲ့အိုဟိုင်အိုကို မပြန်ရဘဲ လီလီနဲ့ရိုစီရယ် တခြား နယ်တစ်နယ်ကရောက်လာတဲ့ အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်တဲ့ သူ့ဦး လေးရယ်နဲ့ပိတ်မိနေပါတော့တယ်။ ဒီဇာတ်လမ်းလေးမှာတော့ ခရစ်စမတ်မှာ မိသားစုတွေအတူတူခရစ်စ မတ်ကိုဖြတ်သန်းကြပုံနဲ့ ကေလီနဲ့အီသန်တို့ဘယ်လိုချစ်မိသွားကြမလဲ ဆိုတဲ့ အချစ်ဇာတ်လမ်းလေးကိုပါ ခရစ်စမတ် vibe အပြည့်နဲ့ကြည့်ရ မယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ကြည့်ရှူပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(1.69 GB) / (558 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 26Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….June Encoder……….SWM

6.2 2021
Snowed In for Christmas
Earth and Blood
5.2

2020 တုန်းကထွက်ရှိခဲ့တဲ့ Netflix တန်းဝင်ပြင်သစ်အက်ရှင် ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Earth And Blood ဖြစ်ပြီး IMDb Rating 5.2 လည်း ရရှိထားပါတယ်.. စစချင်းမှာရဲစခန်းကိုဓားပြတွေ ဝင်စီးနင်းနေတာကိုတွေ့ရမှာဖြစ်ပြီး အဲ့ဒီဓားပြတွေ လိုချင်တာကတခြားမဟုတ်ဘဲ ရဲစခန်းမှာ သိမ်းဆည်းထားတဲ့ ကိုကိန်းတွေပဲဖြစ်ပါတယ်။ဒီလိုနဲ့ အဲ့ဒီကိုကိန်း တွေကို ယူလာခဲ့ပြီးနောက်မှာ အဲ့ဒါတွေကိုရောင်းပြီး ဝေးရာလစ်ဖို့ စီစဉ်ကြပါတော့တယ်။ဒါပေမယ့် အဲ့ဒါတွေက သူတို့ပိုင်တဲ့ပစ္စည်းတွေ မဟုတ်ဘဲ ပိုင်ရှင်ကသက်သက်ရှိနေခဲ့ပါတယ်။အဲ့ဒါကြောင့်မလို့ ဓားပြတွေထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့တစ်ယောက်က သစ်စက်မှာ အလုပ်လုပ်နေတဲ့ ညီဖြစ်သူကိုခေါပြီး အဲ့ဒီဆေးတွေကိုသိမ်းထားခိုင်း ခဲ့ပါတယ်။ဖြစ်ချင်တော့ ပိုင်ရှင်အစစ်အမှန်က အဲ့ဒီအကြောင်းကို သိသွားပြီး သစ်စက်ကိုလိုက်လာတဲ့အခါမှာတော့ မဆီမဆိုင်သစ်စက် ပိုင်ရှင်တို့ မိသားစုမှာကြားညှပ်ကုန်ပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့အက်ရှင် ဒရာမာဇာတ်ကားပဲဖြစ်ပါတယ်။ File size…770MB / 391MB Quality…WEB-Dl 1080p / 720p Format…mp4 Duration….1h 20m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.2 2020 80 mins
Earth and Blood
Godzilla : Millennium (1999)
6

Godzilla 2000: Millennium (1999) ===================== ဂေါ်ဇီလာဟာ ဂျပန်အတွက်တော့ သဘာ၀ရဲ့စွမ်းအားတစ်ရပ်ပဲဖြစ်ပါတယ်။သူ့နောက်ကြောင်းနဲ့ဆန်းကြယ်မှုတွေ ပဟေဠိတွေကို စိတ်ဝင်စားတဲ့ သိပ္ပံပညာရှင်နဲ့ဝါသနာတူတစ်စုဟာ ဂေါ်ဇီလာခန့်မှန်းရေးကွန်ယက်ဆိုတဲ့ (GPN) ကိုဖွဲ့စည်းပြီး သူ့အကြောင်းတွေ ရောက်လာနိုင်မယ့်အချိန်ကိုခန့်မှန်းတွက်ချက်နေကြပါတယ်။ အဲ့ဒီအချိန်မှာပဲ အရေးပေါ်အခြေအနေထိန်းသိမ်းရေးအဖွဲ့ (CCI) ဟာ နှစ်သန်းပေါင်းခြောက်ဆယ်သက်တမ်းရှိ အမည်မသိယာဉ်ပျံကြီးတစ်ခုကိုရေအောက်ကနေ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာပဲ မြေပေါ်ကိုပြန်တက်လာပြီဖြစ်တဲ့ ဂေါ်ဇီလာနဲ့ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အပြင်းအထန်တိုက်ပွဲဆင်နွှဲနေကြပါတယ်။ တကယ်လို့ ဒီ ဂြိုလ်သားယာဉ်ပျံကြီးကပါ မိတ်ဆွေမဟုတ်ပဲ ရန်သူဖြစ်နေခဲ့မယ်ဆိုရင် အင်အားကြီး ရန်သူနှစ်ဦးကြားမှာ လူသားတွေအမှုန့်ခြေခံရတော့မှာပဲဖြစ်ပါတယ်။ Godzilla 2000 ကတော့ Millennium era ရဲ့အဖွင့်ဇာတ်ကားပဲဖြစ်ပါတယ်။ပြန်လည်ခံစားကြည့်လို့ရပါပြီ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.9GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:39:00 Genre_Adventure Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

6 2000 107 mins
Godzilla : Millennium (1999)
The Tiger

The Tiger (2015) ***************** Old Boy ရုပ်ရှင်ထဲမှ မင်းသားကြီး Choi Man Sik အပြင် နာမည်ကြီး ဇာတ်ပို့ဇာတ်ရံတွေ များစွာပါဝင်တဲ့ The Tiger ဆိုတဲ့ ကားလေးကတော့ ဂျပန်လက်အောက်ရောက်နေတဲ့ ဂျိုဆွန်းပြည်ကို နောက်ခံထားရိုက်ထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ၁၉၂၅ ခုနှစ် ဂျပန်တွေက ဂျိုဆွန်းကို နယ်ချဲ့ထားခဲ့စဉ် အမဲလိုက်သမားတွေကိုလည်း လွတ်လွတ်လပ်လပ် အမဲလိုက်ခွင့် မပေးဘဲ သူတို့ ညွှန်ကြားချက်ရမှသာ အမဲလိုက်စေတယ်။ သားကောင်တွေ ပေါများပြီး အမဲလိုက်သမားတို့ ကျက်စားရာဖြစ်တဲ့ ဂျီရီတောင်ကို ဂျပန်တွေ မျက်စိကျလာပြီး ‌ဂျီရီတောင်က တောင်အရှင် တောဘုရင်ကျားကြီးကို ဖမ်းဆီးချင်လာကြတယ်။ ဒါပေမဲ့ ဂျပန်တပ်သားတွေနဲ့ ဂျိုဆွန်းအမဲလိုက်သမားတွေ ပူးပေါင်းပြီး ဖမ်းတာတောင်မှ ဘယ်လိုမှ မဖမ်းဆီးနိုင်ခဲ့တဲ့အပြင် အတုံးအရုံး သေကြေလာကြရတဲ့အခါ ဘုရင်ခံက အမဲလိုက်ဘုရင် ချွန်းမန်ဒုကို တောင်အရှင်ကျားကြီးကို ဖမ်းဆီးပေးဖို့ တွန်းအားပေးလာပါတော့တယ်။ တောင်အရှင်ကျားကြီးနဲ့ အမဲလိုက်ဘုရင်ချွန်းမန်ဒုတို့ ထိပ်တိုက်တွေ့ကြရာမှာ ဘယ်သူနိုင်သွားမလဲ ဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးကြပါဦးနော်။ (အညွှန်း နဲ့ ရုပ်ရှင်ကားကိုတော့ Miri မှ ဘာသာပြန်ရေးသားထားပါတယ်။) File size…3.2GB / 1.6GB Quality…BluRay 1080p/ 720p Format…mp4 Duration….2h 20m Genre ….. Action, Thriller, Historical, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Miri

0 2015
The Tiger
Moby Dick
6.4

Moby Dick (2011) **************** ဒီတစ်ခါ CM ပရိသတ်တွေအတွက် တင်ဆက်ပေးလိုတာက ၂၀၁၁ တုန်းက ထွက်ရှိခဲ့ပြီးတော့ ပရိသတ်တွေရဲ့ ရင်းနှီးပြီးသား ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Hwang Jung-Min, Kim Sang-Ho, Kim Min-Hee နဲ့ Jin Goo တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Mystery, Drama အမျိုးအစား ဇာတ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ************************* ၁၉၉၄ ခုနှစ်မှာ ဆိုးလ်းမြို့စွန်မှာရှိတဲ့ ဘာရမ်တံတားမှာ အမျိုးအမည် မသိတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ သတင်းဦးသတင်းထူးရချင်တဲ့ သတင်းထောက်အီဘန်းအူ (Hwang Jung-Min)က သွားရောက်စုံစမ်းခဲ့ပြီး မြောက်ပိုင်းကသူလျှိုရဲ့လက်ချက်ဖြစ်တယ်ဆိုတဲ့ အတွင်းသတင်းကိုရလာခဲ့ပေမဲ့ မွေးရပ်မြေက ညီငယ်တစ်ယောက်ဖြစ်တဲ့ ယွန်းဟျော့ (Jin Goo) က ဒီပေါက်ကွဲမှုက လုပ်ဇာတ်ဖြစ်နိုင်တယ်ဆိုတဲ့ အတွေးစနဲ့ အချက်အလက်တချို့ကိုပေးသွားခဲ့ပါတယ်။ ဒီအချက်အလက်တွေကို လုပ်ဖော်ကိုင်ဖက်သတင်းထောက်တွေဖြစ်တဲ့ ဆုန်းဂျင်ဂီ (Kim Sang-Ho)နဲ့ ဟိုဂွမ် (Kim Min-Hee)တို့နဲ့အတူ ပူးပေါင်းစုံစမ်းရင်းနဲ့ နောက်ကွယ်မှာဘယ်လိုအမှန်တရားမျိုးကိုတွေ့ရှိလာရမလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ (အညွှန်းကို Zoronoa မှ ရေးသားပေးထားပါတယ်) File size…2GB / 770MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 52 min. Genre ….. Action, Thriller, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Zoronoa & Eric Encoded by AHtet

Drama
6.4 2011 112 mins
Moby Dick
Air Force One
6.5

Air Force One (1997) IMDb Rating (6.5) / Rotten Tomatoes (79%) မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ် ပါဝင်တဲ့ ဒီရုပ်ရှင်ကားကြီးက အမေရိကန်သမ္မတတွေပဲ စီးနင်းရတဲ့ Air Force One လေယာဉ်ကြီးပေါ်မှာ သမ္မတကိုပြန်ပေးဆွဲတဲ့ကားအဖြစ်နာမည်ကြီးပါတယ်။ ဘတ်ဂျက် $85 million ပဲသုံးခဲ့ပေမယ့် Box office $315.2 million ပြန်ရရှိတဲ့အထိ အောင်မြင်ခဲ့ပြီး အခုချိန်ထိ တမ်းတမ်းစွဲကြည့်နေကြရတဲ့ ရုပ်ရှင်ကားကြီးတကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့.. သမ္မတကြီးဂျိန်းမာရှယ်လ်နဲ့မိသားစုဟာ မော်စကိုကနေ USကို air force one လေယာဉ်နဲ့ ပြန်လာတဲ့ခရီးလမ်းတခုရဲ့အလည်ပျံသန်းနေစဉ်အတွင်းမှာပဲ အကြမ်းဖက်သမားတစ်စုက လေယာဉ်ကိုပြန်ပေးဆွဲလိုက်ပါတော့တယ်။ ပြန်ပေးသမားတွေရဲ့ လိုရင်းက ဘာလဲ သမ္မတရဲ့ အစိုးရအဖွဲ့တွေကရော ပြန်ပေးသမားတွေရဲ့တောင်းဆိုချက်တွေကို လိုက်လျောပါ့မလား သမ္မတကရော ဘယ်လိုတွေစွန့်စားဆုံးဖြတ်သွားမလဲဆိုတာ အသည်းတအေးအေးကြည့်ရှုကြရမှာဖြစ်ပါတယ်။

Action • Crime • Thriller • Adventure • Mystery
6.5 1997 124 mins
Air Force One