YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Graceful Friends (2020) (Ep7).mp4

587.25 MB N/A video/mp4 407 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
August 16, 1947
5

August 16 1947(2023) ရဲကား ရှေ့နေကား အမတ်ကား စသဖြင့် ရိုးရိုးအိန္ဒိယကားပေါင်းစုံ ကြည့်ရတာကို ငြီး‌ငွေ့နေလောက်မဲ့ ပရိသတ်တွေအတွက် IMDb 6.9 အထိ ရရှိထားတဲ့ တောင်ပိုင်းတမီလ်ရုံတင်ကားလေး တစ်ကားကို တင်ဆက်ပေးလိုပါတယ် အိန္ဒိယနိုင်ငံဟာလည်း ကျွန်တော်တို့မြန်မာတွေလိုပဲ ဗြိတိသျှသခင်ကြီးများရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကို ခံခဲ့ရတဲ့ ကိုလိုနီနိုင်ငံတွေပါ ဒီဇာတ်လမ်းလေးမှာတော့ လွတ်လပ်ရေးအရယူခါနီး အိန္ဒိယနိုင်ငံက သယံဇာတတွေကို ရသလောက် အမြတ်ထုတ်သွားတဲ့ သခင်ကြီးများရဲ့ဇာတ်လမ်းကို ‌အခြေပြုထားပါတယ် အိန္ဒိယတောင်ပိုင်း ဝေးလံခေါင်ဖျားရွာလေးတစ်ရွာမှာ ဝါဂွမ်းအထွက်ကောင်းလွန်းလို့ ဗြိတိန်တွေအတွက် အမြတ်ငွေ စတာလင်ပေါင်သိန်းရာနဲ့ချီ ဝင်နေပါတယ် လွတ်လပ်ရေးပေးရတော့မဲ့အချိန်မှာလည်း သခင်ကြီးများက သံယောဇဉ်မပြတ် အဲ့လုပ်ငန်းကို ဆက်မောင်ပိုင်စီးချင်ပါသေးတယ် အဲ့ရွာကို တာဝန်ယူအုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်ရောဘတ်နဲ့သူ့ရဲ့သား ဂျက်စတင်တို့ကလည်း လွတ်လပ်ရေးပေးခါနီးကိုတောင် ရွာသားတွေကို သတင်းအမှောင်ချ နှိပ်စက်နေတဲ့အခါ သူ့ကျွန်မခံနိုင်တော့တဲ့သူတွေရဲ့ တော်လှန်ပုန်ကန်ကြပုံကို သဘာဝကျကျ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ကြည့်ရှုကြရမှာဖြစ်လို့ ပရိသတ်ကြီးအနေနဲ့ အိုဗာအက်ရှင်တွေမပါပဲနဲ့ ဇာတ်လမ်းဇာတ်ကွက်လန်းတဲ့ ရုပ်ရှင်မျိုးကြည့်ချင်ရင်တော့ ဒီကားလေးက ပရိသတ်တွေအတွက်ပါပဲဆိုတာ ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ် File size…2.67GB / 1.15GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai~Yunni~BpL~Khin

Action • Romance
5 2023 144 mins
August 16, 1947
The Pension
5

ဘယ်သူမဆို တပ်မက်တဲ့ ဒီနေရာလေးမှာ ဖုံးကွယ်ထားချင်တဲ့ ဖြစ်စဉ်တွေ အကုန်လုံးနဲ့ ခံစားချက်တွေ ပေါက်ကြားကုန်တယ် !!! ဘယ်သူမဆို ထူးခြားတဲ့ အဖြစ်အပျက်တွေကြုံရမဲ့ ဒီ Pension ဆိုတဲ့ နေရာကို ရောက်လာကြတဲ့ လူတိုင်း ထူးခြားတဲ့ အဖြစ်အပျက်တွေ၊ သူစိမ်းတွေနဲ့ ပတ်သက်ဖို့ဖြစ်လာပြီးတော့ ဖြစ်တည်လာတဲ့ အကြောင်းအရာ ၄ပိုင်းကို သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းလေးပါ။ ဇာတ်ကားထဲမှာ မတူညီတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာ ၄ပိုင်းပါဝင်တာကြောင့် မတူညီတဲ့ စိတ်လှုပ်ရှားမှုတွေကို ပေးနိုင်မှာပါ။ “လရောင်” ဆိုတဲ့ Pension လေး မှာ လာတည်းတဲ့ ဧည်သည်တွေမှာလည်း “လ”နဲ့ သက်ဆိုင်တဲ့ လျှို့ဝှက်ချက်တွေကို စိတ်ဝင်စားဖွယ် ကြည့်ရူ့နိုင်မှာပါ။ အဓိက ဇာတ်ဆောင်တွေကတော့ Jo Jaeyoon, Park Hyo Joo, Jo hanchul, Lee Yi Kyung, Hwang sun hee တို့ပါဝင်ထားပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Hsu Wai Wai Kyaw ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.9GB | 805MB | 386MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hsu Wai Wai Kyaw Encoder ..... Aaron

Action & Adventure • Drama
5 2018 113 mins
The Pension
It's a Wonderful Life
8.3

~ IMDb - 8.6/10, RT - 93%, Meta - 89% ~ It's a Wonderful Life ကို တချို့က အကောင်းဆုံး ခရစ္စမတ်ကားလို့ သမုတ်ကြတယ်။ သူက Greatest Films of All time လို့ သမုတ်ကြတဲ့ကားတွေထဲက တစ်ကားအပါအဝင်လည်းဟုတ်တယ်။ 100 best American Films Ever Made စာရင်းထဲလည်းဝင်သလို American Film Institute ရဲ့ Greatest Movie List တွေထဲလည်း အမြဲပါတယ်။ Classic မှ ရေမရောတဲ့ ကလပ်စစ်စစ်စစ် ခရစ္စမတ်ကားဆိုလည်း ဟုတ်တယ်။ ခရစ္စမတ်ရုပ်ရှင်တွေထဲကမှ ခရစ္စမတ်အဆန်ဆုံး ရုပ်ရှင်ဆိုလည်း ဟုတ်တယ်။ ဒီကားကို Philip Van Doren Stern ရဲ့ The Greatest Gift လို့ခေါ်တဲ့ ဝတ္တုတိုကလေးကနေ Frank Capraက ရိုက်ထားတာ။ Frank Capraက It Happened One Night တို့ You Can't Take It with You တို့ကို ရိုက်ခဲ့တဲ့သူ။ ဂန္ထဝင်ဒါရိုက်တာကြီးလို့ပြောရင်လည်း မမှားဘူး။ ဘာလို့ဆို ဒီကားတွေက ကလပ်စစ်ဖြစ်ကုန်ကြသကိုး။ ဒီဝတ္တုကလည်း ခရစ္စမတ်အငွေ့အသက်အပြည့်ရသဆို ခရစ္စမတ်ရဲ့အကျော်ကြားဆုံး ဝတ္တုဖြစ်တဲ့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကို ပါးပါးလေးအခြေတည်ထားသကိုး။ ဒီခရစ္စမတ်ကားဟာ ဒါရိုက်တာကိုယ်တိုင်ကလည်း သူရိုက်ခဲ့သမျှကားတွေထဲ အကြိုက်ဆုံးဖြစ်ခဲ့သလို ဒီရုပ်ရှင်ရဲ့မင်းသား James Stewart ရဲ့ အကြိုက်ဆုံးကားလည်းဟုတ်ခဲ့တယ်။ သူတို့လက်ရာတွေထဲ သူတို့အကြိုက်ဆုံးဖြစ်ခဲ့တဲ့ကားဆိုတော့ စဉ်းစားကြည့်ပေါ့။ ဒီရုပ်ရှင်ကို ခေတ်အဆက်ဆက်ဗားရှင်းပေါင်းစုံအဖြစ် ကာလာသွင်းလိုက် ဘာလုပ်လိုက် ညာလုပ်လိုက်အသက်သွင်းခဲ့ကြသလို ဖိုးကေအထိပြန်လုပ်ခဲ့ကြပြီးပေမဲ့ မူလအရသာအတိုင်းပဲ ရစေချင်တာမို့ အဖြူအမဲဗားရှင်းကိုပဲ ရွေးချယ်ထားပါတယ်။ ထူးတာက It's a Wonderful Life ဟာ ခရစ္စမတ်ကားဆိုပေမဲ့ ဆန်တာကလော့မပါ ဘာမပါ အကျိုးနည်းခရစ္စမတ်ကားပါလို့ ပြောရမယ့် ခရစ်စမတ်ကားပါပဲ။ It's a Wonderful Life ဆိုပြီး စထားပုံကလည်း သတ်သေတော့မယ့် လူတစ်ယောက်နဲ့ စထားတယ်။ ပြီးတော့ ကျွန်တော်တို့ကို မြို့လေးတစ်မြို့က ဂျော့ဘိုင်လေလို့ခေါ်တဲ့လူတစ်ယောက်ရဲ့ ဘဝသမိုင်းကို ဖန်သားပြင်ထက် တရိပ်ရိပ်ပြတယ်။ အဲဒီလူနာမည်က ဂျော့ဘိုင်လေ။ ဒီလူက သာမန်လူတော့ သာမန်လူပါပဲ။ဒါပေမဲ့ သူ့ဘဝကတော့ သာမန်ဟုတ်မနေခဲ့ဘူး။ သူဟာ ကျွန်တော်တို့အားလုံးလိုပဲ အိပ်မက်တစ်ခုနဲ့လူပေါ့။ အရွယ်ရောက်လာရင် ကမ္ဘာကြီးကိုပတ်မယ် အသစ်အဆန်းတွေကို ရှာဖွေမယ်ဆိုတဲ့ လူမျိုး။ ဒါပေမဲ့ သူ့မိသားစုတွေ မိတ်ဆွေရဲ့ အကျိုးနဲ့ယှဉ်လာရင် သူ့အိပ်မက်တွေကို သူနောက်ဆုတ်ပေးရင်းပေးရင်း အချိန်တွေရယ်ကုန်ဆုံးလို့သာ အရွယ်လွန်လာခဲ့တဲ့ လူတစ်ယောက်ပေါ့။ သူ့အဖေရဲ့ပရဟိတလုပ်ငန်းလိုဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အိမ်ရာနဲ့ချေးငွေလုပ်ငန်းကို အမွေဆက်ခံပြီး ဒီလုပ်ငန်းအတွက် ပြဿနာပေါင်းများစွာကို လူတော်တစ်ယောက်အနေနဲ့ ကျော်လွန်နိုင်ခဲ့ပေမဲ့လည်း သူ့မှာ စုမိဆောင်းမိဆိုလို့ ဒေါ်လာ၅၀၀တန် အသက်အာမခံကလွဲ ဘာမှမရှိခဲ့ဘူး။ တခြားမရှိဆင်းရဲသားတွေအတွက် ချေးငွေနဲ့အိမ်ပေါင်းများစွာကို ဖြစ်အောင် ဆောက်ပေးခဲ့ပေမဲ့ သူ့အပိုင်အိမ်ဆိုတာလည်း မရှိခဲ့ဘူး။ ဒါပေမဲ့လည်း သူဟာ သူ့မိတ်ဆွေတွေအတွက် သူချစ်တဲ့သူတွေအတွက် သူ့ဘဝကို သူကျေနပ်လိုက်ရင်း နေခဲ့တာပါပဲ။ တစ်ခုသော ခရစ္စမတ်အကြိုညမတိုင်ခင်အထိပေါ့။ တစ်ခုသော ခရစ္စမတ်အကြိုညမှာ သူ့ဘဝ ပြောင်းပြန်လန်သွားတဲ့ အဖြစ်မျိုးဖြစ်ခဲ့တယ်။ ဘာနည်းလမ်းမှမရှိတော့တဲ့နောက် ခရစ္စမတ်ညမှာ သတ်သေပစ်ဖို့ရွေးရတဲ့အထိ သူလမ်းဆုံးသွားခဲ့တယ်။ ဒါပေမဲ့ ဒီညက ခရစ္စမတ်ညပဲလေ။ ခရစ္စမတ်ဟာ နေ့တာအတိုဆုံး အအေးစက်ဆုံးလထဲက ရက်တစ်ရက်မှာ တည်နေတဲ့ အနွေးထွေးဆုံး ချစ်ခြင်းတွေအရှည်ကြာဆုံး ရက်တစ်ရက်ပဲမလား။ ခရစ္စမတ်ဟာ အားလုံးရဲ့ ရင်ထဲ ချစ်စိတ်တွေဖြည့်ပေးနိုင်တဲ့နေ့ပေါ့။ ခရစ္စမတ်ဟာ အဆိုးဆုံးလို့ခေါ်တဲ့လူတွေကို စိတ်ကောင်းဝင်စေနိုင်တဲ့နေ့။ ခရစ္စမတ်ဟာ အတွန့်တိုဆုံးလူတွေရဲ့နှလုံးသားကို ပြောင်းလဲစေနိုင်တဲ့နေ့လည်း ဟုတ်တယ်။ မပြေလည်ခဲ့သမျှတွေကိုလည်း ခရစ္စမတ်ဟာ သူ့ထဲက ချစ်ခြင်းတွေနဲ့ ခဝါချပေးနိုင်တယ်။ ခရစ္စမတ်ဟာ ဘာမဆိုဖြစ်နိုင်တယ်။ ဘာလို့ဆို ခရစ္စမတ်ဟာ ခရစ္စမတ်ကိုး။ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ဟာ ဆန်တာကလော့ဆီမှာမဟုတ်ဘဲ ကျွန်တော်တို့ကိုချစ်တဲ့လူတွေ ကျွန်တော်တို့ကချစ်တဲ့လူတွေဆီမှာရှိနေတယ်။ ဒီရုပ်ရှင်ဟာ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုအကြောင်းပေါ့။ ဂျော့ဘိုင်လေလို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ တစ်ပြားမှမရှိပေမဲ့ အဖိုးအတန်ဆုံးဘဝအကြောင်းဆိုလည်း ဟုတ်တယ်။ ဘဝတွေဟာ လှပချင်မှလည်း လှပမယ်။ အကျည်းတန်ခြင်းက ပိုများနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကချစ်တဲ့လူတွေအတွက် ကျွန်တော်တို့ကိုချစ်တဲ့လူတွေအတွက် ကျွန်တော်တို့မသိကြသည်ဖြစ်စေ သူတို့မသိကြသည်ဖြစ်စေ ဘဝတွေဟာ It's a Wonderful Life လို့ ပြောရမယ့် ဘဝတွေချည်းပေါ့။ ဒီရုပ်ရှင်ဟာ ခင်ဗျားဘဝကို It's a Wonderful Life လို့ ရဲရဲကြီးပြောမိစေနိုင်မယ့် ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ခရစ္စမတ်ဟာ ကျွန်တော်တို့ ယဉ်ကျေးမှုလို့ ပြောလို့မရပေမဲ့ ခရစ္စမတ်ကာတွန်းတွေ ခရစ္စမတ်စာအုပ်တွေ ခရစ္စမတ်ရုပ်ရှင်တွေကို ကျွန်တော်တို့ ဘဝထဲက ပိုင်းခြားပစ်လို့မရတော့ ခရစ္စမတ်ဟာ ကျွန်တော်တို့ရဲ့ အရင်းနှီးဆုံးသူစိမ်းလိုဖြစ်နေတဲ့အရာပါပဲ။ ဒါပေမဲ့ ခရစ္စမတ်ရောက်လို့ ခရစ္စမတ်ကားတစ်ကားကြည့်လိုက်မိပြီဆိုရင် ခရစ္စမတ်ပီသစွာပဲ ချစ်တဲ့စိတ်တွေနဲ့ ပြည့်လာတတ်တာပါပဲ။ ဒီလောကမှာ မျှဝေဖို့ အကောင်းဆုံးအရာဟာ ချစ်ခြင်းမေတ္တာပဲမလား။ ချစ်ခြင်းတွေလွှမ်းနေတဲ့ ခရစ္စမတ်တွေကိုလည်း မျှဝေယူလိုက်ကြတာပေါ့။ ဒီဇင်ဘာဆိုတဲ့ နေ့တာအတိုဆုံး ဒက္ခိဏယဉ်စွန်းချိန်ရဲ့လမှာ ကမ္ဘာရဲ့ဝင်ရိုးတစ်ဖက်ဟာ နေရဲ့ဟိုးအဝေးဆုံးကို ရောက်ရှိသွားတတ်တယ်။ အအေးစက်အမှောင်မိုက်ဆုံး အချိန်လို့ပဲ ယေဘုယျဆိုလိုက်ကြတာပေါ့။ ဒုက္ခတွင်းထဲက အချိန်တွေဟာ ချစ်ခြင်းတွေရဲ့ အထင်ရှားဆုံး အချိန်ပဲမလား။ ဒီရုပ်ရှင်ဟာလည်း အလားတူအကြောင်းအရာပါပဲ။ နောက် အမှောင်မိုက်ဆုံးအချိန်ကို အလင်းလက်ဆုံးဖြစ်စေမယ့် ညတစ်ညအကြောင်းရောပေါ့။ အဲဒီညဟာ ခရစ္စမတ်ညပါပဲ။ အားလုံးပဲ မယ်ရီခရစ္စမတ်ပါ... (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.2GB, 615MB Quality - 1080p, 720p, 480p IMDb Rating - 8.6/10 Format - mp4 Duration - 2H 10Min Genre - Drama, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Comedy • Romance
8.3 1946 130 mins
It's a Wonderful Life
The Reader
7.4

IMDb Rating (7.6) မင်းသမီး ကိတ်ဝင်းစလက် အော်စကာဆုရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဂျာမန်စာရေးဆရာ Bernhard Schlink ရဲ့The Reader ဆိုတဲ့စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းကတော့ ရသစုံပါတယ်... ပညာပေးဇာတ်ကားလို့ပြောလို့ရသလို အချစ်အလွမ်းဒရမ်မာလဲ အပြည့်ပါပဲ။ ဟန်နာရှမစ်(ကိတ်ဝင်းစလတ်)ဟာ စာမတတ်သူပါ.. သူဟာ နာဇီတွေရဲ့ လူသတ်စခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဂျူးတွေကိုသတ်ဖို့ လူရွေးချယ်ပေးရတဲ့ အလုပ်ကိုလုပ်ခဲ့သူပါ... ဒါပေမယ့် သူရွေးလိုက်တဲ့လူတွေ သတ်ခံရတယ်ဆိုတာတောင် သူသိပုံမရတဲ့အထိ တုံးအတဲ့ စာမတတ်ပေမတတ်လေးပါ။ ဒါပေမယ့် စစ်ကြီးပြီးသွားတဲ့အခါ သူဟာလဲ သူမသိတဲ့ပြစ်မှုတွေအတွက် တာဝန်ရှိစွာ အစစ်ခံရပါတော့တယ်။ ဒီတော့ စာမတတ်တဲ့ဟန်နာတစ်ယောက် တရားရုံးမှာ စာနဲ့ပေနဲ့တကွ ဖြေရှင်းရတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ....။ စာမတတ်လို့ အမှားကိုအမှားမှန်းမသိ...ပြစ်မှုကိုပြစ်မှုမှန်းမသိပေမယ့် ကျူးလွန်မိရင်တော့ ပြစ်မှုကနေ ရှောင်လွှဲလို့မရဘူး...ဖြေရှင်းဖို့ဉာဏ်လဲမမီဘူးဆိုတာကို ညွှန်းချင်ကြရင် ဒီဇာတ်ကားကို တခုတ်တရညွှန်းဆိုကြပါတယ်။ ကြည့်ကြည့်ကြပါ...တကယ်ကောင်းပါတယ်။ ကိတ်ဝင်းစလတ်နဲ့မင်းသားတို့ရဲ့ အချစ်ခန်းတချို့ကတော့ မိသားစုနဲ့ကြည့်လို့မရပါဘူး။ File size…(2 GB)/(800 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:03:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alexon

Comedy • Drama • Romance
7.4 2008 124 mins
The Reader
Greyhound
7.4

Greyhound(2020) IMDb...7.2,,,Rotten....78% အချိန်ကား ဒုတိယ ကမ္ဘာစစ်ကာလ... ကပ္ပတိန် Ernest Krause  ဟာ Greyhound ဆိုတဲ့ escort warship ကြီးကို ဉီးဆောင်ပြီး North Atlantic ဒေသကို ြဖတ်သန်းဖို့ပြင်ဆင်ရတယ်..ဒီခရီးစဉ်မှာ သူဟာ မဟာမိတ်သင်္ဘော၃၇စီးကိုစောင့်ကြပ်ဦးစီးရတဲ့ကွန်မန်ဒါ... သူ့အပေါ်မှာ အသက်ပေါင်းများစွာ မူတည်နေတယ်....ဘာလို့ဆို ခရီးစဉ်မှာ ရန်သူ့ ဂျာမန် U-boatတွေ ရေငုတ်သဘေ်ာတွေဟာ သေမင်းတွေလို့ သူတို့ကိုဇီဝိန်ချွေဖို့စောင့်နေလို့ပါပဲ.... ခရီးစဉ်စကထဲက ရန်သူတွေဟာ Greyhound ကြီးနဲ့မဟာမိတ်သဘေ်ာတွေကို အမဲလိုက်သလို တဝုန်းဝုန်း စစ်မျက်နှာဖွင့်ပါတယ်...ကပ္ပတိန် Ernest Krause တစ်ယောက် ဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကိုတော့.... ဒီရုပ်ရှင်ကားကြီးဟာ C.S Foresterရဲ့ 1955 ခုနှစ်ကထုတ်ဝေတဲ့ The Good Shepherd ကိုအခြေခံထားပြီး Captain ရဲ့နေရာမှာတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks က သရုပ်ဆောင်ထားပါတယ်... စစ်ပွဲရဲ့အလယ်မှာ ရရှိတဲ့ အချက်အလက်တွေမူတည်ပြီး စက္ကန့်ပိုင်းအတွင်း မှန်ကန်တဲ့ အမိန့်ကိုပေးဖို့က တကယ့်ကိုမလွယ်ပါဘူး...တစ်ချက်လောက်မှားလိုက်တာနဲ့ အားလုံးအသက်ပျောက်သွားတဲ့အပြင် သူစောင့်ရှောက်တဲ့ သဘေ်ာတွေလည်း အလွယ်တစ်ကူဆုံးရှုံးရမှာမို့ တာဝန်က ကြီးလွန်းလှပါတယ်....ဒီရုပ်ရှင်ဟာ battle scene တွေက ဇာတ်လမ်းစပြီးကို မကြာဘူး ဝုန်းဂျိန်းနဲ့ကိုတွယ်တာပါ...ကြည့်ရှုသူ ကိုယ်တိုင် ကပ္ပတိန် Ernest Krause  နေရာကိုရောက်သွားပြီး မွန်းကြတ်လာပါလိမ့်မယ်...ခံစားကြည့်ကြပါဉီး.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Hein That Naing နဲ့ Aye Mon Kyaw တို့ပဲဖြစ်ပါတယ်... File Size : (1.74GB) (900 MB) and (340 MB) Quality :WEB-DL 1080p 5.1CH, WEB-DL 720p Format…mp4 Duration…01:31:00 Genre : Action , Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by  Hein That Naing & Aye Mon Kyaw Encoded by Phyo Pyae

Drama
7.4 2020 91 mins
Greyhound
Queen of the Desert
5.7

Queen of Desert (2015) ဒီကားလေးက 2015 ခုနှစ်က ထွက်ထားတဲ့ လက်ရာမြောက် အတ္ထုပ္ပတ္တိ ဒရာမာကားကောင်းလေးဖြစ်ပါတယ်။ ကန္တာရရဲ့မိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ကတ်ထရုဘဲလ်အကြောင်းကို အသက်(၂၀)နှောင်းပိုင်းကစပြီး စိတ်၀င်စားဖို့ကောင်းစွာတင်ဆက်ထားခြင်းဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာက Werner Herzog ပါ။ ဟားဇော့ဆို စီနီမာဖန်တွေကြား မသိတဲ့လူမရှိလောက်ပါဘူး။ နယူးဂျာမန်စီနီမာရဲ့ ပိုင်အိုးနီးယားတစ်ယောက်လည်းဖြစ်တဲ့ ဟားဇော့ရဲ့ ရုပ်ရှင်အများစုက ဂန္ထဝင်စံတင်ရတဲ့ကားတွေချည်းပါပဲ။ ဒီကားကတော့ သူ့ရဲ့ သိပ်မကြာသေးခင်ကကားပါ။ ခင်ဗျားတို့သိသလိုပဲ ဒီလိုဒါရိုက်တာတွေရဲ့ကားတွေက ရိတ်တင်မကောင်းရင်တောင် ကောင်းနေကြတာများပါတယ်။ ဘာလို့ဆို အကဲဖြတ်တဲ့ဘဲတွေက သူ့ရှေ့ကားတွေနဲ့ပါ ချိန်ထိုးဖြတ်ကောင်းဖြတ််နိုင်ကြတာကိုး။ ကတ်ထရုရဲ့ဘ၀အစ ဆို့နင့်ဖို့‌‌ကောင်းတဲ့အချစ်ဇာတ်လမ်းကို ကျွန်တော်တို့ ဗမာတွေ မင်းယုဝေဘာသာပြန်တင်ဆက်သမှုနဲ့ မသိသူမရှိတဲ့ သူ့စာသားတွေကို ကဗျာဆရာတွေ တေးရေးတွေ ခဏခဏယူသုံးခံရတဲ့ ကဗျာဆရာအိုမာခယမ်ရဲ့ ရူဘိယက်ကဗျာနဲ့တင်ဆက်ထားတာကအစ လွမ်းမောစရာကောင်းပြီး အမျိုးသမီးတစ်ဦးအနေနဲ့ အရှေ့အလယ်ပိုင်းဒေသကို ခရီးလှည့်လည်သွားလာရင်း ကြုံတွေ့ရတဲ့အခက်အခဲတွေကို ကဗျာတလှည့် စာတလှည့်နဲ့ပြသထားပါတယ်။ ထူးတာက ဒီဇာတ်ထဲက အဓိကဇာတ်ကောင် ကတ်ထရုဘဲလ်က တကယ်ရှိခဲ့သလို ဒီဇာတ်ကလည်း ဖြစ်ရပ်မှန် အခြေအတည်ထားတဲ့ ဇာတ်ပါ။ သရုပ်ဆောင်ပိုင်းအနေနဲ့ဆိုရင်လည်း ဝါရင့်မင်းသမီးကြီး Nicole Kidman က ကတ်ထရုဘဲလ်အဖြစ် သရုပ်ဆောင်ထားတဲ့အပြင် Robert Pattinson နဲ့ James Franco တို့လို ထိတ်ထိတ်ကြဲတွေကပါ ပါ၀င်ထားလို့ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 775MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 2H 8Min Genre – Adventure, Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Action • Adventure • Fantasy • TV Movie
5.7 2015 128 mins
Queen of the Desert
Looking for Her
6.6

Looking for Her (2022) ================= IMDb Rating – 6.6/10 Lesbian ဖြစ်တဲ့ တေလာက သူ့ကောင်မလေး ဂျက်စ်နဲ့ပြတ်ပြီးမကြာခင် မှာပဲ သူအဆက်အသွယ်ဖြတ်ထားတဲ့မိဘတွေဆီက ခရစ္စမတ်ကိုလာဖို့ ဖိတ်ခံရတယ်။ သူ့ကောင်မလေး ဂျက်စ်ကိုပါ ခေါ်ခဲ့ပါတဲ့။ တေလာလည်း သူ့မိဘတွေကို အဖြစ်မှန်ပြောရမှာ ရှက်တာနဲ့ ခေါ်လာမယ်ဆိုပြီး ပြော လိုက်ရာကနေ ဇာတ်လမ်းစတော့တာပါပဲ။ နောက်ဆုံး ကြံရာမရတဲ့အဆုံး တေလာ့သူငယ်ချင်းက သူ့ရည်းစားဟောင်း ဂျက်စ်နေရာမှာ သရုပ်ဆောင်ပေးဖို့ မိန်းကလေးတစ်ယောက်လိုကြောင်း သတင်းစာမှာကြော်ငြာပါတော့တယ်။ အဲဒီကြော်ငြာကို သရုပ်ဆောင်ဝါသနာ ပါပြီး ငွေလိုနေတဲ့ အိုလစ်ကတွေ့တော့ တေလာဆီကို အလုပ်စိတ်ဝင်စား ကြောင်း ပို့လိုက်တယ်။ အဲဒီလိုနဲ့ပဲ တေလာနဲ့ အိုလစ်တို့ တေလာ့မိဘတွေကို လိမ်ဖို့ ကြိုးစားရင်း ဘယ်လိုချစ်စရာကောင်းတဲ့ဇာတ်လမ်းတွေဖြစ်မလာမလဲ ဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.6 GB) / (563 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Thwal Htoo Zin Encoder……….SWM

Comedy
6.6 2022 104 mins
Looking for Her
Love the Coopers
5.8

မိသားစုတိုင်းမှာ မတူညီတဲ့ နောက်ခံဇာတ်လမ်းတွေ အဖြစ်အပျက်တွေ ပျော်ရွှင်စရာတွေ ဝမ်းနည်းရတာတွေ မကျေမနပ်ဖြစ်ရတာတွေ ရှိကြပါတယ်။ လူတွေဟာ လူတွေဖြစ်နေတဲ့အတွက်ကြောင့်ကို ပြီးပြည့်စုံခြင်းမရှိနိုင်ကြပါဘူး။ ဒ ါကြောင့် ဘယ်လောက်ပဲမပြေလည်တာတွေရှိကြပေမယ့် အချိန်မနှောင်းခင်မှာ ပြေလည်မှုရဖို့ ကြိုးစားသင့်ကြပါတယ်။ ဘာလို့လဲဆိုတာ့ မိသားစုဖြစ်နေလို့ပါ။ တစ်သက်မှာ တစ်ခါပဲ ရနိုင်တဲ့ ရွေးချယ်ခွင့်လည်းမရှိတဲ့ ကိုယ့်ကို ချစ်ခြင်းမေတ္တာတွေသိသိသာသာဖြစ်ဖြစ် မသိမသာဖြစ်ဖြစ် ပေးနိုင်တဲ့သူတွေဖြစ်နေလို့ပါလေ။ သွေးက ရေထက်တော့ပြစ်တယ်လို့ဆိုကြတယ်မလား။ ချစ်ခြင်းမေတ္တာက ပြဿနာအားလုံးကိုဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။ ဒီဇာတ်ကားလေးမှာလည်း သားသမီး‌တွေကို ထိန်းကျောင်းရင်း ကိုယ့်ဖာသာကိုယ်ပျောက်ဆုံးနေတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ မိသားစုဝင်တွေအတွက် အမှတ်တရဖြစ်စေမဲ့ ခရစ်စမတ်ညစာလေးကိုဖန်တီးကြရင်း မပြေလည်တာတွေကို ပြေလည်အောင်လုပ်ပေးနိုင်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ အခက်အခဲတွေ ပြဿနာတွေ မထင်မှတ်တာတွေ ကြုံလာရတဲ့အခါ ဘယ်လိုကျော်ဖြတ်ကြလဲ နောက်ဆုံးမှာ ဘယ်လိုပြေလည်သွားကြလဲဆိုတာကို ခရစ်စမတ်အချိန်နောက်ခံလေး နဲ့ တင်ဆက်ပြထားတဲ့အတွက် ဆွတ်ပျံ့ကြည်နှူးဖွယ် ရယ်ရွှင်ဖွယ် ခံစားကြရမှာပါ။ 2015 ခုနှစ်ကထွက်ရှိခဲ့တဲ့ comedy drama အမျိုးအစားဇာတ်ကားဖြစ်ပြီး မိသားစု နဲ့ ချစ်ရသူတွေနဲ့ ကတောက်ကဆဖြစ်နေရတဲ့ အချိန်တွေမှာများကြည့်ဖြစ်ခဲ့မယ်ဆိုရင် ဇာတ်ကားဆုံးတာနဲ့ ရင်ထဲ အတွေးတစ်စကျန်ကောင်း ကျန်နေနိုင်ပါတယ်လို့ ပြောချင်ပါတယ်။ File size… 2 GB / 984 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ….. Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sophie

5.8 2015 107 mins
Love the Coopers
Set It Up
6.5

Set It Up (2018) IMDb (6.5) / Rotten Tomatoes (68 %) Rating မြင့်မြင့်ရရှိထားတဲ့ Comedy,Romance အမျိုးအစား ဒီရုပ်ရှင်လေးကတော့ လုပ်ငန်းခွင်ဝင်လူလတ်ပိုင်းအရွယ်တို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပြီး အချစ်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အထူးသင့်လျော်မယ့်ဇာတ်ကားလေးပါ။ Before I fall ရုပ်ရှင်ထဲက မင်းသမီးချောလေး Zoey Deutch ပါတဲ့ကားပါ။ မင်းသားကတော့ ဓာတ်ပုံထဲမှာမချောပေမဲ့ ရုပ်ရှင်ထဲမှာတော့ ခန့်ချောပါ။ ပြီးတော့ တရုတ်နဲ့အမေရိကန်ကပြားမင်းသမီး Lucy Liu ကလည်း နာမည်ကြီးဆောင်းပါးရေးသူ၊မင်းသမီးရဲ့သူဌေးမအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Claire Scanlon ပါ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့… ဟာပါဆိုတဲ့အရမ်းအလုပ်ကြိုးစားတဲ့ကောင်မလေးက ခရစ်စတန်ဆိုတဲ့သူဌေးမရဲ့လက်ထောက်ဖြစ်ပြီး သူရဲ့အိပ်မက်ကဆောင်းပါးရေးတဲ့စာရေးဆရာမဖြစ်ချင်တယ်….ဒါပေမဲ့ သူက အလုပ်မှာ ခိုင်းဖက်လေးပေါ့ တစ်နေ့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့် ရုံးအဆောက်အအုံတစ်ခုတည်းမှာအလုပ်လုပ်တဲ့ ချာလီ(မင်းသား) နဲ့တွေ့ခဲ့တယ်ချာလီကလည်း ဟာပါလိုပဲ ရစ်ခ်ဆိုတဲ့သူဌေးတစ်ယောက်ရဲ့လက်ထောက်ဖြစ်ပြီး ရာထူးတိုးချင်နေတဲ့သူပေါ့ နစ်ယောက်လုံးက ရုံးမှာဆို နောက်ဆုံးမှအိမ်ပြန်ရတဲ့သူ၊ တစ်နေကုန် အလုပ်ကလည်းရှုတ် အရမ်းဇီဇာကြောင်တဲ့သူဌေးတွေရဲ့ဒဏ်ကိုလည်းခံရနဲ့ နှစ်ယောက်သား သူဌေးတွေရဲ့အတင်းကိုပြောရင်း သူတို့သူဌေးနှစ်ယောက်ကို အောင်သွယ်ပေးဖို့ အကြံရသွားကြတယ် သူတို့ရဲ့ရည်ရွယ်ချက်က သူဌေးနှစ်ယောက်ဒိတ်လုပ်ရင် သူတို့အေးဆေးနေလို့ရတယ်ဆိုပြီး နည်းအမျိုးမျိုးနဲ့ကို အောင်သွယ်တော့တာပဲ အောင်သွယ်ရင်းနဲ့မှ သူတို့နှစ်ယောက်ပဲ ချစ်ကြိုက်သွားမလား သူဌေးနှစ်ယောက်ပဲအဆင်ပြေသွားမလား သူတို့ရဲ့အိမ်မက်ကိုကော အကောင်အထည်ဖော်နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုကြပါရှင့်။ ဇာတ်လမ်းလေးက ပေါ့ပါးပြီး ရယ်လည်းရယ်ရတယ် ချစ်ဖို့လည်းကောင်းတယ် လူတွေရဲ့သဘာဝအရ အိမ်မက်တွေကို အကောင်အထည်ဖော်ရင်း ဒီအိမ်မက်ယောင်ယောင်ထဲမှာပဲ နှစ်မြုပ်နေတတ်တယ် အဲ့ဒီကနေ ဘယ်လို ပြန်ရုန်းထွက်မလဲ စတဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေပါဝင်တဲ့ ကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းကို Ann Mary မှတင်ဆက်ထားပြီး ဘာသာပြန်ကတော့ Yazar Htun ပါ။)

Action • Comedy
6.5 2018 105 mins
Set It Up
[18+] Fairy Beauty Shop

ရောက်လာခဲ့တဲ့ ဂျပန်မလေးတစ်ယောက် ဘုန်းကြီးကျောင်းရောက်တာနဲ့ ထူးဆန်းစွာ အိပ်မောကျသွားပြီး အဲဒီ ဘုန်းကြီးကျောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို မြင်ယောင်လာခဲ့တယ် အဲဒီ ထူးဆန်းတဲ့ ဘုန်းကြီးကျောင်းကို ဘယ်သူမှ လွယ်လွယ်နဲ့ မရောက်လာနိုင်ဘူး သူနဲ့ ရေစက်ရှိတဲ့ သူတွေပဲ လမ်းရှာတွေ့ပြီး ရောက်လာနိုင်တယ်တဲ့ တကယ်တော့ အဲဒီနေရာဟာ ဘုန်းကြီးကျောင်းမဟုတ်သလို လွန်ခဲ့တဲ့ နှစ် 100 တုန်းက ဆောင်ကြာမြိုင် ဖြစ်ခဲ့တာပါတဲ့ အဲဒီနေရာမှာ သေသွားတဲ့ အပျော်မယ်လေးတွေက မကျွတ်မလွတ်ဘဲ ဆက်လက် ရှိနေသလို တံခါးစောင့်ကလည်း မကျွတ်လွတ်နိုင်ဘူးဖြစ်နေတယ် အဲဒီဂျပန်မလေးက မကျွတ်မလွတ်နိုင်ရှာဘူးဖြစ်နေတဲ့ ဝိညာဉ်တွေကို ကျွတ်လွတ်သွားအောင် ဘယ်လိုလုပ်ပေးမလဲဆိုတာကို ရင်သက်ရှုမော ကြည့်ရှုအားပေးလိုက်ကြပါဦးနော် File Size : 2.22 GB, 769 MB Quality : 1080p,720p Format…mp4 Duration…01:42:40 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2017
[18+] Fairy Beauty Shop
A.I. Artificial Intelligence
7.1

A.I. Artificial Intelligence(2001)အညွှန်း *********************************** IMDb….7.1,,,,Rotten….73 ဒါရိုက်တာ Steven Spielberg ဆိုတာနဲ့ ခင်ဗျားတို့ ဒီကားကိုနည်းနည်းတော့စိတ်ဝင်စားသွားမယ်ထင်တယ်.. ..ဒီကားရိုက်တော့ သူကိုယ်တိုင်လည်း အော်စကာ ဆန်ကာတင်အဆင့်ပါခဲ့တယ်.. .ကျွန်တော်တို့တွေဟာ ရုပ်ရှင်ကြည့်သက်ရင့်လာတာနဲ့အမျှ ဇာတ်ကားကြည့်တဲ့နေရာမှာ အစပိုင်းနည်းနည်းကြည့်ပြီးတာနဲ့ တစ်ကားလုံးမဟုတ်တောင် ရှေ့ဆက်ဖြစ်နိုင်ခြေရှိတဲ့ဟာတစ်ချို့ကိုမှန်းဆနိုင်ပါတယ်… ဒါပေမယ့် ဒီကားကိုကြည့်မိရင် ခင်ဗျားတို့ ထင်ထားတာတခြားစီဖြစ်သွားနိုင်တယ်. .ဘာလို့ဆို ၁၀မိနစ်လောက်စထားတဲ့ plotတစ်ခုဟာ နောက်တစ်နေရာရောက်တော့ ခင်ဗျားတို့လုံးဝထင်မထားတဲ့ရှုထောင့်တစ်ခုကိုချိုးကွေ့လိုက်တယ်… ..အချိုးအကွေ့ပေါင်းများစွာနဲ့ဒီကားကိုတည်ဆောက်ထားတယ်… ဒါကြောင့်လည်း Steven Spielberg ဟေ့ဆိုပြီးနာမည်ကြီးတာနေမယ်… ပြီးတော့ကျွန်တော်ပဲ စဉ်းစားဉာဏ်နဲ့ရေးသားမှုပိုင်းညံလေသလားမသိ ဒီကားကိုအညွှန်းဘယ်လိုရေးရမှန်းမသိဘူး. ..ကောင်းလားလို့မေးရင်တော့ ပြန်ဖြေလို့ရတယ်….ကျွန်တော်တို့တွေလေထဲကအောက်ဆီဂျင်ကိုရှူကြတယ်… တစ်ယောက်ယောက်က လေဘယ်မှာလဲပြဆိုရင် လက်ဆုပ်လက်ကိုင်ပြလို့မရဘူး… ဒီတော့လေမရှိဘူးလားဆိုတော့မဟုတ်ပြန်ဘူး လေဟာနေရာတိုင်းမှာရှိတယ်… ဒီလိုပဲ ဒီကားရဲ့ကောင်းကွက်ကဘာလဲ ဘယ်နေရာဘယ်အပိုင်းကကောင်းတာလဲ music ပိုင်းလား plotပိုင်းလား .. သရုပ်ဆောင်ပိုင်းလား နည်းပညာပိုင်းလား..ဆိုတော့ လေရှိလားဆိုတဲ့မေးခွန်းကိုဖြေသလိုပြန်တုန့်ပြန်ရမယ်ထင်တယ်… .အယ် ဒေါင်းမဲ့သူတွေအတွက် ဆင်ခြင်လို့ရအောင်ပြောလို့ရတာတော့တော့ရှိတယ် . .အမိုက်စားအက်ရှင်ခန်းတွေ …ဘီကီနီဝတ်အလှအပတွေ….၁၅၀၀ဖွဲ့ romantic ဆန်အကွက်တွေ မပါဘူး… File Size…(3GB) and (1.43GB) Quality…Blu-Ray 1080p, 720p Format…mp4 Duration…02:26:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe

Thriller • Comedy • Romance • Horror
7.1 2001 146 mins
A.I. Artificial Intelligence
Crocodile Island
5.5

ဒီကားကတော့၂၀၂၀ထွက်သည်းထိတ်ရင်ဖို တရုတ်ဇာတ်ကားကောင်းလေးပါ Budget 8millionသာရှိပေမယ့် box office ဝင်ငွေ16.7millionထိရခဲ့ပါတယ် Devil`s Sea နယ်မြေတစ်ဝိုက်ကို Bermuda Triangleလို့ခေါလေ့ရှိကြတယ်… အဲ့နယ်မြေရောက်ရင် လျှပ်စစ်သံလိုက်စွမ်းအားနှောက်ယှက်မှုကြောင့် လေယာဉ်တွေမကြာခဏပျက်ကျလေ့ရှိပါတယ်… ဒီလိုနဲ့ လင်ဟောက်နဲ့ရီးရီးတို့သားအဖနှစ်ယောက်စီးလာတဲ့ GZ261လေယာဉ်ဟာ အဲ့နယ်မြေတစ်ဝိုက်မှာပျက်ကျသွားတဲ့အခါ အမည်မသိကျွန်းတစ်ခုပေါရောက်သွားပါတယ်.. အဲ့ကျွန်းပေါမှာ ဧရာမမိချောင်းကြီးအပြင် ပင့်ကူကြီးတွေ တွရှိနေတဲ့အခါ…. သူတို့တွေအသက်ရှင်နိုင်ဖို့ ဘယ်လိုတွေတိုက်ပွဲဝင်ကြရမလဲ.. နောက်ဆုံးမှာလွတ်မြောက်နိုင်ပါ့မလား.. ဇာတ်လမ်းတစ်ခုလုံးကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ

5.5 2020 86 mins
Crocodile Island
The King’s Letters
6.4

The King’s Letters (2019) ************************** IMDb… 6.4 Song Kang-Ho , Park Hae-Il , Jeon Mi-Sun အစရှိတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ကိုရီးယားအက္ခရာဖန်တီးပုံကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဇာတ်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ – ဇာတ်လမ်းအကျဉ်း – ဂျိုဆွန်းဘုရင် ဆယ်ဂျုံးလက်ထက်မှာ ကိုယ်ပိုင်အက္ခရာမရှိခဲ့တဲ့အတွက် တရုတ်အက္ခရာများကိုသာ အသုံးပြုခဲ့ကြရပါတယ်။ သို့သော်လည်း တရုတ်အက္ခရာတွေက မှတ်သားရခက်ခဲတဲ့အတွက် သာမန်ပြည်သူ အများစုက စာမတတ်ပေမတတ် ဘဝပဲ ဖြစ်ကျန်နေပြီး သူတို့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေကိုတောင် ဘုရင်ဆီ ရေးသားလျှောက်တင်ဖို့ အခွင့်မရခဲ့ကြပါဘူး။ ဒီအတွက် ဆယ်ဂျုံးဘုရင်က ပြည်သူအားလုံး ‌သင်ယူဖို့လွယ်ကူတဲ့ ကိုယ်ပိုင်အက္ခရာကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပြီး ဘုန်းကြီးရှင်းမီဆိုသူနဲ့အတူ နှစ်ယောက်အင်အားပေါင်းပြီး ဂျိုဆွန်းရဲ့ကိုယ်ပိုင်အက္ခရာကို ကြိုးစားဖန်တီးကြရာမှာတော့… ကိုးရီးယားသမိုင်းကြောင်းနဲ့ သွေဖည်နေတဲ့ အကြောင်းအရာများ ပါဝင်နေသော်ငြား ဇာတ်လိုက်သရုပ်ဆောင်များရဲ့ သရုပ်ဆောင်ချက်များကတော့ အံ့မခန်းလောက်အောင် ကောင်းမွန်တာမို့ ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားလို့ အကြံပြုပါရစေရှင်။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File size… 1.12GB / 400MB Quality… WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Historical, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hnin Wai Oo

6.4 2019 110 mins
The King’s Letters
Trust in Love
7.1

၂၀၂၄ ခုနှစ်ကထွက်ရှိပြီး IMDb rating 7.1 ရရှိထားတဲ့ Trust In Love ဟာ Drama အမျိုးအစားကိုမှ ဟာသနှော ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ တစ်ချိန်ကနာမည်ကျော်တေးထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ မစ်ကီဟာ ခေတ်ရဲ့ပြောင်းလဲမှုနောက်ကိုမလိုက်နိုင်တာကြောင့် ပေါက်တဲ့သီချင်းတွေကိုမဖန်တီးနိုင်တော့ဘဲ အောင်မြင်မှုနဲ့ ဝေးကွာပြီး တေးထုတ်လုပ်သူဘဝကိုစွန့်လွှတ်ရတော့မလို ဖြစ်နေခဲ့ပါတယ်။ ကံဆိုးချင်တော့ အသက် ၅၀ ကျော်အရွယ်မစ်ကီနဲ့မလိုက်ဖက် လောက်အောင် လှပချောမောလွန်းတဲ့ဇနီးငယ်ငယ်လေးကလည်း သူ့မှာနောက်တစ်ယောက်ရှိနေလို့ ကွာရှင်းမယ်လို့ ဆိုလာခဲ့ပါတယ်။ မိဘတွေရဲ့ကွာရှင်းမှုက ဂျန်နီဖာနဲ့ကိုဒီတို့မောင်နှမအတွက် ကြီးမားတဲ့စိတ်ဒဏ်ရာတစ်ခုဖြစ်လာပြီး အထူးသဖြင့် သားငယ်ကို ဒီဟာ ကိုယ့်အခက်အခဲတွေနဲ့ကိုယ်ဖြစ်နေတဲ့ဖခင်မစ်ကီရဲ့အကူအညီကို လိုအပ်နေခဲ့ပါတယ်။ မစ်ကီဟာ တစ်ချိန်တည်းမှာကြုံတွေ့လာရတဲ့ ဘဝရဲ့စမ်းသပ်မှုတွေကိုကျော်လွှားနိုင်ဖို့ကြိုးစားလေလေ လွဲချော် မှုတွေနဲ့တွေ့ကြုံရလေဖြစ်ပုံကို ဟာသနှောကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ File size… (1.58 GB) / (856 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by July

Horror • Thriller
7.1 2024 94 mins
Trust in Love
Holiday on Four Wheels Prázdniny s Brouckem
5.4

Holiday on Four Wheels (2024) IMDb Rating (5.4) 2024 ကမှထွက်ရှိထားတဲ့ Czech ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းလေးထဲမှာတော့ Honza လို့ခေါ်တဲ့ အိမ်ထောင်ဦးစီး၊ အချက်အပြုတ်ဝါသနာကြီးတဲ့အိမ်ရှင်မ Monika နဲ့အတူ အဆော့သန်ပြီး အငြိမ်နေတတ်တဲ့ Pet’r နဲ့ Diana ဆိုတဲ့ သားနဲ့သမီးလေးရှိပါတယ်။ တစ်နေ့ Monika ရဲ့အဖေဆီက ကားအဟောင်းကြီးကိုအမွေရလိုက်ပြီးမိုနီကာအနေနဲ့ သူတို့သွားဖို့စီစဉ်ထားတဲ့ကမ်းခြေခရီးကို ဒီကားကြီးနဲ့သွားဖို့ဆိုပြီး ပူဆာပါတော့တယ်။ Honza လည်း ကမ်းခြေမှာဘီယာသောက်ပြီးငြိမ့်ရရင်ပြီးရော မိန်းမသဘောဆိုပြီး သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ကားကအတော်ဟောင်းတာကြောင့် ပြင်ပြီးတာတောင်မှ လမ်းမှာ အငြိမ်မနေပဲ ထပျက်ရင်း Honza တို့မိသားစုဘယ်လိုဒုက္ခတွေရောက်ကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမယ့် မိသားစုဇာတ်ကားလေးပဲဖြစ်ပါတယ်ခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။) File size…(2.5 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:28:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by S4L

Drama
5.4 2024 87 mins
Holiday on Four Wheels Prázdniny s Brouckem