YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Gooische.Vrouwen.2011.1080p.BluRay.(CM).mp4

2 GB N/A video/mp4 131 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Black Site
6.6

Black Site(2022) *************** ပုဆိန်လို့ နာမည်ဝှက်နဲ့ခေါ်ကြတဲ့ လူသတ်၊ခြေရာဖျောက်ရာမှာသိပ်ကျွမ်းကျင်တဲ့ အကြမ်းဖက်သမားတစ်ယောက်ရှိတယ်။ လူသတ်ရာမှာလည်း ဓားတစ်လက်ကို ပိုင်ပိုင်နိုင်နိုင်သုံးပြီး သားကောင်တွေကို ဘယ်သူမှန်းမသိစေဖို့ မျက်နှာကိုအရေခွံခွာသွားပါသေးတယ်တဲ့။ ဇာတ်လမ်းကတော့ အဲ့ဒီပုဆိန်ဆိုတဲ့ လူသတ်သမားနဲ့ အကျဥ်းထောင်က အရာရှိတစ်အုပ် ဘတစ်ပြန် ကျားတစ်ပြန်သတ်ပုတ်ကြတဲ့ action thrillerကားပါ။ ဇာတ်လမ်းအကျဥ်းကတော့ အက်ဘီဟာ ရာဇဝတ်မှုတွေကို စီစစ်ရသူ၊ အကျဥ်းသားတွေကို စစ်မေးရသူ စီအိုင်အေ အေးဂျင့်တစ်ယောက်ပါ။ လက်ရှိမှာလည်း အကြမ်းဖက်သမားတွေရဲ့ဗုံးခွဲတိုက်ခိုက်မှုတစ်ခုကို စစ်ဆေးမေးမြန်းနေရင်း လျှို့ဝှက်အကျဥ်းထောင်တစ်ခုမှာ တာဝန်ထမ်းဆောင်နေတာပါ။ ဒီဗုံးခွဲမှုဟာ အရပ်သားဆေးရုံကိုဗုံးခွဲခဲ့တာဖြစ်ပြီး အက်ဘီရဲ့ခင်ပွန်းဖြစ်သူနဲ့ သမီးဖြစ်သူကိုလည်း ပေါက်ကွဲမှုမှာသေဆုံးသွားပါတယ်။ အမှုနောက်လိုက်ရင်းလိုက်ရင်းက လက်သည်ဟာ ပုဆိန်နဲ့ ပတ်သက်နေမှန်းသိလိုက်ရတယ်။ ခက်တာက ပုဆိန်ဆိုတာ ဘယ်သူမှန်းမသိသလို ဘယ်သူမှမမြင်ဖူးပါဘူး။ သို့ပေမဲ့ တစ်နေ့မှာ အထူးရဲတပ်ဖွဲ့တွေက ပုဆိန်ကိုဖမ်းမိခဲ့ပြီး အက်ဘီရှိရာ အကျဥ်းထောင်ကိုစစ်ဆေးမေးမြန်းဖို့လွှဲပေးလိုက်ပါတယ်။ ပုဆိန်လို လူသူမသိခြေရာဖျောက်နိုင်တဲ့ အကြမ်းဖက်သမားက အဖမ်းခံရရိုးလား၊ တမင်အဖမ်းခံပြီး ထောင်ထဲရအောင်ဝင်လာတာပါ။ သူ့ရဲ့ရည်မှန်းချက်အစစ်က ဘာဖြစ်မလဲ၊ စီအိုင်အေး အေးဂျင့်တွေကြား ဘယ်လိုလှည့်ကွက်တွေလာဦးမလဲဆိုတာတော့ အက်ရှင်ကားကြိုက်သူတို့အတွက် ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ File Size :(1.3GB)& (443MB) Quality :BLU-RAY.1080P,720p Format…mp4 Duration…01:33:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae

6.6 2022 99 mins
Black Site
Accident Man: Hitman's Holiday
6.5

2018 ခုနှစ်က ထွက်ရှိခဲ့တဲ့ Accident Man ရဲ့ ဒုတိယမြောက်ကားထွက်လာပါပြီ။ ပထမကားကို မမှတ်မိဘူး ဒါမှမဟုတ် မကြည့်ရသေးသူတွေဆိုရင်လဲ ဒီဒုတိယကားကိုကြည့်လို့ဖြစ်ပါတယ်။ အက်ဆီးဒန့်မန်းကတော့ သူကကြေးစားလူသတ်သမားကိုမှ သူ သတ်ရင် မတော်တဆသေသွားသလိုဒီဇိုင်းနဲ့ သတ်လို့ အဲဒီနာမည်ကိုရထားတာပါ။ ပထမကားမှာအက်ဆီးဒန့်မန်းက လန်ဒန်မှာတော်တော်မွှေခဲ့ပြီး ဒီကားမှာတော့ လန်ဒန်နဲ့ဝေးရာကိုသူအားလပ်ရက်ခရီးထွက်လာခဲ့ပါပြီ။ သူက အာရှ ဥရောပ မြောက်အမေရိကတို့အားလုံးနဲ့နီးတဲ့ မောလ်တာကျွန်းမှာအေးအေးဆေးဆေးအနားယူခြေရာဖျောက်ရင်း ကြေးစားအလုပ်အနည်းငယ်ကိုလဲလုပ်တယ်ပေါ့။ ဒါပေမဲ့ သူ့အတိတ်က လူတစ်ယောက် ရောက်လာပြီးနောက်မှာ မာဖီးရားဂိုဏ်းကဘွားတော်ကြီးရဲ့ခပ်ပေါပေါခပ်ချာချာသားကို ကာကွယ်ပေးဖို့ဖြစ်လာပါလေရော။ အတိတ်ကနေလွတ်ရာပြေးလာတဲ့ အက်ဆီးဒန့်မန်းတစ်ယောက် ကြေးစားကနေ ဘော်ဒီဂတ်ဖြစ်လာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာဒီကားမှာကြည့်ရမှာပါ။ Comedy action ဇာတ်ကားဖြစ်တာကြောင့် ထေ့လုံးငေါ့လုံး အဆဲစုံဒိုင်ယာလော့ခ်လေးတွေပါတာရယ် အက်ရှင်နဲ့ဇာတ်လမ်းကလဲ မဆိုးတာရယ်ကြောင့် ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 1.36GB | 766MB | 418MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Comedy • Crime • Drama • Thriller
6.5 2022 96 mins
Accident Man: Hitman's Holiday
Three Thousand Years of Longing
7

ဒီရုပ်ရှင်ကို ရိုက်တဲ့သူက Mad Max ကားတွေရဲ့ ဒါရိုက်တာ စာရေးဆရာဖြစ်တဲ့ George Miller ဖြစ်တဲ့အပြင်ကို အမျိုးအစားကလည်း Fantasy, ပိုစတာကြည့်တော့လည်း မီးခွက်စောင့်ဘီလူးလိုဘဲနဲ့ဆိုတော့ Fantasy / Adventure ဆန်ဆန်ကားဖြစ်မယ် ထင်ခဲ့မိတာပေါ့။ တက်တက်စင်အောင်လွဲပါတယ်။ Before Trilogy နဲ့များ မှားဒေါင်းမိသလားထင်ရတဲ့အထိ အတိတ်မှာ ဂျင် ဖန်ပုလင်းထဲ ဆော်လမုန်ပိတ်တာခံရတဲ့ ရှီဘာဘုရင်မနဲ့ဆော်လမုန်တို့ခေတ်တို့၊ ကွန်စတန်တီနိုပယ်နန်းတော်ထဲရောက်သွားတာတို့၊ ဒါဗင်ချီလိုလို ဂျီးနီးယပ်စ်မနဲ့ ခေတ်သုံးခေတ်ကလွဲ ကျန်တဲ့တစ်ကားလုံး Tilda Swinton ရဲ့ဇာတ်ကောင် အလစ်သီယာနဲ့ အခန်းထဲ စကားတွေထိုင်ပြောရင်းတင် ပြီးသွားပါတယ်။ ရိုလည်းရိုပါတယ်။ စကားတွေက ဒိလည်းဒိပါတယ်။ ဒါကြောင့် Before Trilogy နဲ့များ မှားသွားလား ပြန်မေးယူရတာပါပဲ။ ဇာတ်ကတော့ အလစ်သီယာလို့ ခေါ်တဲ့မိန်းမတစ်ယောက်က ဖန်ပုလင်းတစ်ခု ဝယ်တာကနေ စတာပါပဲ။ အထဲက အာလာဒင်ရဲ့ မီးခွက်စောင့် ဘီလူးလို ဂျင်တစ်ကောင် ထွက်လာပြီး သူ့ကိုဆုတောင်း၃ခုဖြည့်ပေးမယ်ပြောတယ်။ ဒါပေမဲ့ ဆော်လမုန်က ဂျင်ဟာ သူ့ဆန္ဒ ထုတ်ပြမိလို့ ဖန်ပုလင်းထဲ ပိတ်ထားခဲ့တာဆိုတော့ သူဖြည့်ပေးရမယ့်ဆုသုံးခုက ဆုတောင်းတဲ့သူ အသည်းထဲကနေ နှစ်နှစ်ကာကာ တကယ်လိုချင်တဲ့ဆုဖြစ်ရပါမယ်။ အဲဒီလိုဆုမဟုတ်ရင် သူမလွတ်နိုင်ပါဘူး။ ဒီလိုနဲ့ဂျင်နဲ့ အလစ်သီယာဟာ အလစ်သီယာ ဘာလိုချင်တာလဲ သိရဖို့ စကားတွေထိုင်ပြောကြရင်း ဂျင်ကလည်း အလစ်သီယာကို သူ့အခြေအနေကို နားလည်အောင် သူ သုံးကြိမ်သုံးခါပိတ်လှောင်ခံထားခဲ့ရတဲ့ နှစ်ပေါင်းသုံးထောင်အကြောင်း ပြန်ပြောကြရင်း သူတို့၂ယောက်ကြားက ကွက်လပ်ကို အဖြေရှာကြမှာပါ။ ဘယ်လိုဆုမျိုးတောင်းမလဲကတော့ ခင်ဗျားလည်း ထင်မိမှာမဟုတ်ပါဘူး။ တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်လမ်းထဲမှာ အလစ်သီယာက ပုံပြင်တွေဇာတ်လမ်းတွေကို လေ့လာတဲ့သူပါ။ သူက ဆုတောင်းတာရဲ့ အန္တရာယ်များတဲ့အကြောင်းတွေ အကုန်လုံးသိထားတယ်။ ဟိုကြားဖူးနေကျ လှေပေါ်သောင်တင်နေရာက ရှေ့ကဆုတောင်းပြီး လစ်သွားတဲ့ ၂ကောင်ကို တတိယကောင်က ကျွန်တော့်သူငယ်ချင်းတွေကို လွမ်းတယ်ဆိုပြီး ပြန်ခေါ်ခိုင်းတဲ့ ဇာတ်လမ်းကိုတောင် ထည့်ပြောထားပါတယ်။ ဆုတောင်းမတော်ရင် ဖြစ်တတ်တဲ့ အကျိုးဆက်တွေကို ကောင်းကောင်းနားလည်ထားတဲ့သူက ဆုကိုသတိထားပြီးတောင်းတာကို ပြထားတာက မိုက်ပါတယ်။ ဒီကားကြည့်ရတာ အာလာဒင်လိုကားမျိုးဖြစ်မလားထင်ခဲ့ပေမဲ့ တက်တက်စင်အောင်လွဲပြီး အနီးစပ်ဆုံးတူတဲ့ ဥပမာပေးရရင် The Man from Earth ကားနဲ့တူပါတယ်။ စကားပဲထိုင်များနေပေမဲ့လည်း သူက သိပ်တော့မပျင်းရအောင် (တကယ်ဆို စကားတွေက ပျင်းစရာလည်းမရှိပါဘူး) ဆော်လမုန်နဲ့ရှီဘာတို့လို စိတ်ဝင်စားစရာ ဒဏ္ဍာရီလာဇာတ်ကြောင်းတွေကို ညှပ်ညှပ်ပြီး စိတ်ကူးယဉ်ဆန်ဆန်လည်း ပြသွားတော့ အပျော်ကြည့်ကားဘက်ကို သိပ်မရောက်ဘဲ ဒိနေပေမဲ့လည်း ကြည့်လည်းပျော်ပါတယ်။ ဒီဇာတ်လမ်းဟာ သူ့နာမည် Three Thousand Years of Longing လို့တဲ့အတိုင်းပဲ ဆန္ဒတွေ အချစ်တွေအကြောင်းကိုပိုဦးတည်ထားတဲ့ ဇာတ်လမ်းပါပဲ။ ဒီဇာတ်လမ်းကို အစအဆုံးကြည့်မိရင် သေချာတာတော့ အဆုံးကျရင် ဒီဇာတ်လမ်းကို ခင်ဗျားချစ်မိမှာပါပဲ။ ကြည့်ဖူးသမျှ မီးခွက်စောင့်ဘီလူးကားထဲတော့ အကောင်းဆုံးကားလို့ပြောလည်း မလွန်တော့မလွန်ပါဘူး။ ကောင်းလည်းကောင်း၊ ဆန်းလည်းဆန်းတဲ့ ကားမျိုးကြည့်ချင်ရင်တော့ ကွက်တိပါပဲ။ ဒီရုပ်ရှင် ဘယ်လိုရုပ်ရှင်မျိုးလဲ ပြောရရင် စိတ်ရောဂါကုဆရာဝန်နဲ့ လူနာစကားပြောနေတာကို ထိုင်ကြည့်နေရသလို ရုပ်ရှင်မျိုးပေါ့။ မတူတာကတော့ အခုဒီမှာ ကျွန်တော်တို့ ကြည့်ရမှာက ရူးနေတဲ့ စိတ်ရောဂါကုဆရာဝန်တွေနှစ်ယောက် စကားထိုင်ပြောတာကို ထိုင်ကြည့်နေရတဲ့ ဖီလင်မျိုးပေးပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.3GB, 680MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 48Min Genre - Drama, Fantasy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance
7 2022 108 mins
Three Thousand Years of Longing
Interceptor
6.2

ဇာတ်အိမ်ခိုင်ခိုင်နဲ့ အက်ရှင်ကား ကောင်းကောင်းကြည့်ချင်သူတွေအတွက် ၂၀၂၂ ထွက် Intercepter လာပါပြီ။ ဇာတ်လမ်း အကျဉ်းကတော့ အမေရိကန်မှာရှိတဲ့ နျူကလီးယား ဒုံးကျည်တွေကို ခိုးယူပြီး အမေရိကန် နိုင်ငံတစ်ဝက်စာလောက်ကို ဖျက်ဆီးပစ်ဖို့ လူတစ်စု ဗိုလ်ကြီး ကောလင်းစ်ရဲ့ တာဝန်ကျရာ တပ်စခန်းကို ဝင်ရောက် စီနင်းကြတယ်။ သူတို့ စီနင်းကြတဲ့ စခန်းက နျူကလီးယား ဒုံးတွေ ပစ်လွှတ်လာခဲ့ရင် ကြားဝင် ဖြတ်ချပစ်ဖို့ ဒုံးဖျက်လက်နက်တွေကျန်ရှိရာ ရေလယ်က တစ်ခုတည်းသော ရေပေါ်စခန်းကြီးတစ်ခု ဗိုလ်ကြီးကောလင်းစ်တစ်ယောက် အနိုင်ရဖို့ ၂၀ ရာခိုင်နှုန်းတောင် မသေချာတော့ လူဆိုးတွေနဲ့ ပူးပေါင်းမလား ဆက်လက်တိုက်ပွဲဝင်မလား ရင်တမမနဲ့ ကြည့်ရမယ့်ကားပါပဲ။ ဒီဇာတ်လမ်းဟာ သာမာန် အက်ရှင်ကား အများစုနဲ့ ကွဲထွက်နေတဲ့အချက်က social issue ( လူအသိုင်းအဝိုင်းတွင်းက မမျှတမှု) တွေကို ထည့်စဉ်းစားမိအောင် အများကြီး ထည့်ရိုက်ပြသွားပါတယ်။ လက်ယာစွန်းရောက်နေတဲ့ မျိုးချစ် အမေရိကန်တွေရဲ့ ရူးမိုက်မှု၊ အမျိုးသမီးတွေကို နိုင့်ထက်စီးနင်းလုပ်မှု ၊ ရွှေ့ပြောင်းအခြေချလာတဲ့ အမေရိကန်မဟုတ်သူတွေကို ခွဲခြားဆက်ဆံမှု ဒါတွေကို တစ်လွှာချင်း တူးဖော်ပြီး ကြည့်နိုင်ပါတယ်။ သေချာတာကတော့ သဘာဝလွန် လက်တွေ့မဆန်တဲ့ အက်ရှင်မျိုးထက် လူမှု ပြဿနာတွေအကြောင်း တစ်ရစ်ချင်း ပါးပါးလေးထည့်ရိုက်ပြထားတဲ့ကားပါ။ ဒီအက်ရှင်ကားဟာ တစ်ကားလုံး ဇာတ်လမ်းဇာတ်အိမ်မရှိ စွတ်ချချင်ရာချနေတဲ့ အက်ရှင်မျိုးထက် ဒိုင်ယာလေ့ာတွေ အသားပေး မလွတ်တမ်းကြည့်ရတဲ့ အက်ရှင်ကားမျိုးပါ။ ဒီအချက်ကြောင့်ပဲ ဒီကားဟာ ဇာတ်အိမ်ခိုင်တဲ့ တန်းမြင့် အက်ရှင်ကားကောင်းတစ်ခု ဖြစ်လာရတာပါ WEB DL AAC5.12CH / 720p  Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V

Action • Animation • Fantasy
6.2 2022 98 mins
Interceptor
Manmatha Leelai
4.2

IMDb 6/10 ပညာပေးဇာတ်လမ်းသဘောမျိုးဖြစ်ပြီး Romance/Comedy/ Thriller အမျိုးအစားဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်လမ်းက ဖြစ်ရပ်နှစ်ခုကိုယှဉ်ပြီးရိုက်ပြထားတာပါ ရာနဲ့ ဆာသရာဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ တစ်ချိန်တည်းမှာပဲလုပ်မိကြတဲ့အမှားတွေကိုယှဉ်ပြထားပါတယ် ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ဆာသရာက ဒိတ်ဒိတ်ကြဲနာမည်ကြီးသူတစ်ယောက်ပါ ရာကတော့သာမန်လူတစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်က တစ်ချိန်တည်းမှာပဲ မိန်းကလေးနှစ်ယောက်နဲ့ပတ်သက်မိသွားပါတယ် ရာတို့အတွဲကလိုင်းပေါ်ကနေချစ်ကြိုက်ပြီး အပြင်မှာသွားတွေ့တဲ့အချိန်မှာ မထင်မှတ်တာတွေဖြစ်ပေါ်လာပါတော့တယ် အချဉ်ဖမ်းမယ်လို့ရည်ရွယ်ပြီး ဘယ်သူမှမရှိချိန်ကောင်မလေးအိမ်ကိုလိုက်သွားခဲ့တဲ့ ရာတစ်ယောက် ဘယ်လိုတွေကြုံတွေ့ရမလဲ တစ်ချိန်တည်းမှာပဲ ဆာသရာ့ဆီ ညဘက်မိုးရွာနေချိန်အိမ်လိပ်စာမှားပြီး အလန်းစား ကောင်မလေးတစ်ယောက်ရောက်လာခဲ့ပြီးနောက် သူရောဘာတွေဆက်ဖြစ်သွားမလဲ ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့်ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားတဲ့အခါ သူတို့တွေဘယ်လိုကြံကြံခံသွားမလဲ ဟာသခန်းတွေကိုတောင် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့်အပိုင်းတွေပါဝင်တာကြောင့် စိတ်ဝင်တစားကြည့်ရှုနိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ် File size…1.96GB / 950MB Quality…1080p TRUE WEB DL AAC5.1CH / 720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honeyey & Yunni & GuuGuu

Comedy • Romance
4.2 2022 110 mins
Manmatha Leelai
Save the Green Planet!
6.9

"သင်ဟာ ဂြိုလ်သားတွေရှိကြောင်းယုံကြည်တဲ့သူလား"? လီဗြောင်ဂူဆိုတဲ့ လူသားတစ်ယောက်ကတော့ ဂြိုလ်သားတွေအခိုင်အမာရှိတယ်လို့ ယုံကြည်နေပြီး အဲဂြိုလ်သားတွေက အကြံအစည်တစ်ခုနဲ့ လူသားတွေထဲ ရောနှောနေထိုင်နေတယ်လို့ ယူဆထားပါတယ်။ ဘေးလူဘယ်သူကြားကြား အရူးလို့ထင်မြင်စေမဲ့ လုပ်ရပ်တွေကို လုပ်နေတဲ့သူ၊ ငယ်ငယ်ကတည်းက အပယ်ခံတစ်ယောက်ဖြစ်လာတဲ့သူ့ကို ဘေးကနေအားပေးထောက်ပံ့‌ပြီး ကူညီပေးနေတဲ့ ဆူနီဆိုတဲ့ ချစ်သူကောင်မလေးလည်းရှိပါတယ်။ ‌တစ်နေ့မှာတော့ ဂြိုလ်သားတွေရဲ့ခေါင်းဆောင်လို့ သူယူဆထားတဲ့ သူဌေးဂန်မန်ရှစ် ကို ချစ်သူကောင်မလေးနဲ့နှစ်ယောက်ပေါင်းပြီး ပြန်ပေးဆွဲကာ သရုပ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။ ဂြိုလ်သားခေါင်းဆောင်ဖြစ်သူကို နည်းပေါင်းစုံနဲ့ နှိပ်စက်မေးမြန်းရင်းက ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဒီကားလေးကို ကြည့်ရင်းအဖြေရှာကြပါစို့။ ဒီကားက Sci-fi movie အမျိုးအစားဖြစ်လို့ ဗဟုသုတအစုံလည်းပါသလို comedy ပါဖြစ်တဲ့အလျောက် ပေါက်ကရတွေပါပြီး ခွီနေရတာမလို့ ကြည့်နေရင်း မပျင်းစေမှာတော့ အမှန်ပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ ChoThet ပါ။) File Size          :  (2.9GB), (1.3GB) & (452MB) Quality            : 1080p WEB-DL, 720p WEB-DL & 480p Format            : mp4 Duration         : 1hr & 58mins Genre              : Comedy, Drama, Crime Translated by  Chothet Encoded by Kinnov

Drama
6.9 2003 118 mins
Save the Green Planet!
Megalomaniac
5.7

Megalomaniac (2022) ~ IMDb – 5.7/10, Rotten Tomatoes – 84% ~ “Megalomaniac” ဆိုတဲ့ စကားလုံးကို စိတ်ကြီးဝင်တဲ့သူ ဒါမှမဟုတ် စိတ်ကြီးဝင်နေတဲ့ရောဂါသည်ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကားကတော့ နောက်ခံအင်အားတောင့်လို့ ဘဝင်လေဟပ် အောက်ခြေလွတ် မာနကြီးနေတဲ့သူတွေအကြောင်းရိုက်ကူးထားတာမဟုတ်ဘဲ ပတ်ဝန်းကျင်ရဲ့ပြင်းထန်လှတဲ့ ရိုက်ခတ်မှုတွေကြောင့် နာကျည်းချက်ပေါင်းများစွာနဲ့ မလုပ်သင့်မလုပ်အပ်တဲ့နည်းလမ်းတွေကိုအသုံးပြုပြီး စိတ်ထွက်ပေါက်ရှာခဲ့ရင်း လူစိတ်ပျောက် ဘဝင်ရူးသွားတဲ့အမျိုးသမီးတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ၁၉၉၀ ခုနှစ်တုန်းက ဘယ်လ်ဂျီယံနိုင်ငံမှာ ၆ လအတွင်း အမျိုးသမီး ၁၅ ယောက်တိတိကို သတ်ပြီးတော့ လူမြင်ရာတွေမှာ အလောင်းအိတ်တွေနဲ့ ချန်ထားလေ့ရှိတဲ့ လူသတ်သမားတစ်ယောက်ရှိခဲ့ပါတယ်။ အဲဒီလူသတ်သမားဆီမှာ မာသာနဲ့ ဖီးလစ်လို့ခေါ်တဲ့ သားသမီး နှစ်ယောက်ရှိခဲ့ပါတယ်။ ဖီးလစ်ကတော့ အဖေမရှိတော့တဲ့နောက်ပိုင်း အဖေ့ခြေရာနင်းပြီး လူလိုက်သတ်ပါတယ်။ မာသာကတော့ သန့်ရှင်းဝန်ထမ်း တစ်ယောက်ပေါ့။ သူဟာ အလုပ်မှာ အမြဲကိုယ်ထိလက်ရောက်ကျူးလွန်ခံရပါတယ်။ အလုပ်မှာလည်း လူလိုဆက်ဆံမခံရ၊ ဘဝကြီးကိုလည်း ပုံမှန်လူတွေလိုမဟုတ်ဘဲ တစ်ဆင့်ခံမြင်ရကြားရတဲ့ အခြေအနေမျိုးနဲ့ပဲ ဖြတ်သန်းရတဲ့ မာသာဟာ ကြာလာတဲ့အခါ စိတ်ရူးပေါက်ပြီးတော့ လူမဆန်တဲ့လုပ်ရပ်တွေကို လုပ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ မာသာတစ်ယောက် စိတ်ထွက်ပေါက်ကို ဘယ်လိုနည်းတွေနဲ့ရှာလဲ… ကြုံခဲ့ရတဲ့အဖြစ်ဆိုးတွေကို ဘယ်လိုဝ⁠ဋ်ကြွေးပြန်ဆပ်မလဲ… ဆိုတာကို အလန့်တကြားကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 820MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 58Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

5.7 2022
Megalomaniac
Foe
5.8

Foe (2023) Foe ကို ရိုက်တာက Lion (2016) နဲ့ Mary Magdalene (2018) တို့ရဲ့ ဒါရိုက်တာ Garth Davis ဖြစ်ပြီး မနှစ်က A24 ရဲ့ Aftersun နဲ့ လူကြိုက်များခဲ့သလို မင်းသားဆုလည်း အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့၊ Normal People စီးရီးရဲ့ အဓိကဇာတ်ကောင်လည်းဖြစ်ခဲ့တဲ့ Paul Mescal နဲ့ သူ့အရွယ်တန်းမင်းသမီးတွေထဲ သူ့ကိုမီတဲ့လူ ဘယ်သူမှမရှိတဲ့၊ ဟိုးငယ်ငယ်ကလေးကတည်းက Atonement မှာ အားလုံးမြင်ကတ်လောက်အောင် ပညာပြခဲ့သလို Little Women, Lady Bird, The Grand Budapest Hotel, Loving Vincent စစသဖြင့် ရိုက်သမျှကားတိုင်းမကောင်းမရှိသလို သရုပ်ဆောင်လည်း သိပ်ကောင်းတဲ့ Saoirse Ronan တို့က ပါဝင်သရုပ်ဆောင်ထားတယ်။ ဒီ၂ယောက်ရဲ့ Acting စကေးနဲ့တင် ဒီကားက တန်ပေမဲ့ ဝေဖန်ရေးသမားတွေဆီမှာတော့ မျက်နှာပန်းမလှခဲ့ပါဘူး။ ဇာတ်ကလည်း ပြချင်တာတော့ ကောင်းပေမဲ့ နည်းနည်းတော့ မနိုင်သလိုဖြစ်သွားတာကြောင့်လည်း ပါချင်ပါလိမ့်မယ်။ ဒါပေမဲ့ ဇာတ်က မဆိုးနေပြန်တော့ တန်တယ်ပြောရမှာပဲ။ ဇာတ်ကတော့ Psychological Thriller ဇာတ်။ မူရင်းစာအုပ်ကလည်း ဆုတွေဘာတွေရထားသေးတယ်။ ပြထားတာတွေကတော့ သိပ်မကြာသေးခင်က နည်းနည်းဟောင်းတဲ့ကာလတွေဆန်ပေမဲ့ ကာလကတော့ လူသားတွေ အာကာသထဲ အခြေချဖို့ကြိုးစားနေကြတဲ့ ဒီခေတ်အလွန်ကာလ။ ကျေးလက်ထဲမှာ ရိုးရိုးကုတ်ကုတ်နေနေတဲ့ လင်မယားနှစ်ယောက်ရှိတယ်။ ပြောရရင် အမေရိကကို ဒီဗွီပေါက်သလို အမေရိကကနေ အာကာသထဲကိုသွားဖို့ ယောက်ျားဖြစ်သူက ဒီဗွီပေါက်သွားတယ်။ အာကာသထဲသွားနေရတော့မယ်ပေါ့။ ဒီမှာ ကျန်ခဲ့ရမယ့်သူနဲ့ ထွက်သွားရတော့မယ့်သူကြား ပြဿနာစတက်တယ်။ ဆန်းတော့ဆန်းသား… ဒီကားက သိပ္ပံစိတ်ကူးယဉ်အမျိုးအစားလည်း သွင်းလို့ရပေမဲ့ ပေါလ်ရဲ့ ရိုနန်တို့ရဲ့ သရုပ်ဆောင်စကေးကို ပြလို့ရမယ့် ဒရာမာခန်းတွေချည်း ဖောဖောသီသီသုံးသွားတယ်။ ဒီနောက် သူတို့ကို လာစောင့်ကြည့်တဲ့လူထည့်ပြီး ဒီသုံးယောက်ကြားက ပဋိပက္ခတွေကို ဆက်ပြတယ်။ သုံးယောက်စလုံး သရုပ်ဆောင်ကောင်းနေလေတော့ စကားပဲများနေတာပေမဲ့ ကြည့်လို့တော့ကောင်းနေတယ်။ နောက် ထွက်သွားရတော့မယ့် ယောက်ျားနေရာမှာ အစားထိုးဖို့ လူလုပ်အသိဉာဏ်နဲ့ ခန္ဓာကိုယ်ပါရှိတဲ့ သူ့ယောကျ်ားနဲ့တစ်ထေရာတည်းတူတဲ့ လူလုပ်လူတစ်ယောက်ထားခဲ့ဖို့လုပ်တယ်။ အဲဒီလူလုပ်လူအတွက် လိုအပ်တဲ့ မှတ်ဉာဏ်တွေ ဗီဇတွေ ပင်ကိုစရိုက်တွေကို ပေါလ်ရဲ့ဇာတ်ကောင်ဆီက ယူဖို့လုပ်ရင်း မထင်မှတ်ထားတဲ့အရာတွေ ကြုံလာရတယ်။ ဒါပါပဲ။ တစ်ခါတလေ ဉာဏ်စဉ်မမီနိုင်တော့တဲ့ အချစ်တွေရှိလိမ့်မယ်။ ဆန်းပြားစွာပဲ သဏ္ဍာန်အမျိုးမျိုးနဲ့ ရှိနေကြတယ်။ ဘယ်လိုပုံစံမျိုးနဲ့ရှိနေလဲ ကျွန်တော်တို့ကိုယ်တိုင်တောင် နားမလည်နိုင်တဲ့အရာတွေပေါ့။ ဘောင်တွေထဲဝင်ရင်းတိုးရင်း ကျွန်တော်တို့ဘယ်လိုလူတွေလဲ ကျွန်တော်တို့မသိနိုင်တော့တဲ့အထိ အဲဒီအချစ်တွေ ခက်ခဲလွန်းတယ်။ ဒီရုပ်ရှင်ရဲ့ တစ်စိတ်တစ်ဒေသဟာ အဲဒီလိုအချစ်တွေကို ပုံဖော်သွားခဲ့တယ်။ မှန်ခြင်းမှားခြင်းတွေပါလာတဲ့အခါ ဒီရုပ်ရှင်က ဇာတ်ကောင်တွေဟာ အဲဒီအချစ်တွေကို ဘာမှမတတ်နိုင်ခဲ့ကြပါဘူး။ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ခဲ့ဘူး။ သဏ္ဍာန်တွေ သဏ္ဍာန်တွေ ဘယ်လိုပဲ ကွဲကြပါစေပေါ့… အချစ်ဆိုတဲ့အရသာဟာ ဘယ်တော့မှ ဟောင်းမသွားဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 2.2GB, 1.05GB Quality – 4K HEVC, 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 50Min Genre – Drama, Thriller, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y, Ka Naung

5.8 2023
Foe
Will
7.1

Will (2024) ~ IMDb – 7.1/10, Rotten Tomatoes – 60% ~ ဒီကားလေးကတော့ ခုလပိုင်းအတွင်းကမှထွက်ရှိထားတဲ့ စစ်ပွဲကာလနောက်ခံ ဘယ်လ်ဂျီယမ်ကားလေးပါ။ ဇာတ်လမ်းကို WW2 ကာလအတွင်း အရေးပါတဲ့ Antwerp ဆိပ်ကမ်းမြို့မှာ ဇာတ်အိမ်တည်ထားပြီး ဂျူးတွေအများ‌အပြား‌ နေထိုင်ခဲ့ကြတဲ့မြို့လည်းဖြစ်ပါတယ်။ သင်တန်းဆင်းခါစရဲတပ်သား “ဝေလ်” နဲ့ရဲဘော်တစ်ယောက်က ဂျာမန်စစ်တပ်ရဲတစ်ယောက် ဂျူးရပ်ကွက်ကို လူသွားဖမ်းထားတာကို အစောင့်အရှောက်အဖြစ်လိုက်သွားရင်း မတော်တဆ စစ်တပ်ရဲကိုသတ်မိလိုက်ပါတယ်။ အဲဒီကနေမှ ဂျုးတွေကိုမုန်းတဲ့ပန်းချီဆရာတစ်ယောက်နဲ့ ပတ်သက်မိပါတယ်။ အဲဒါအပြင် ဝေလ်တစ်ယောက် သူငယ်ချင်းနဲ့ရည်းစားပါရာ ဂျူးအဖွဲ့အစည်းထဲပါ၀င်မိရာမှ အဲဒီအဖွဲ့အတွက်သူလျှိုလုပ်ပေးရင်း နဂိုစစ်တပ်ရဲကိုသတ်မှုကပါ နောက်မှာမီးခိုးကြွက်လျှောက်လိုက်လာတဲ့အခါမှာတော့… စစ်ပွဲတွေက လူ‌တွေရဲ့ကိုယ်ကျင့်တရားနဲ့ စာရိတ္တတွေကိုပါ တိုက်စားသွားနိုင်တဲ့အရာမျိုးပါပဲ။ ဝေလ်တစ်ယောက် ကြံ့ကြံ့ခံနိုင်ပါ့မလား… အများနည်းတူမိုးခါးရေသောက်မလား… ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ ဝေဖန်ရေးသမားတွေဆီကနေ Review ကောင်းတွေ ရထားတဲ့ကားမလို့ ပေးရတဲ့အချိန်နဲ့တန်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.05GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 50Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

7.1 2024
Will
Dealing with Dad

IMDb – 7 / RT – 78% နဲ့ ဆု ၁၁ ဆုအထိရထားတဲ့ ကော်မဒီ ဒရာမာရုပ်ရှင်တစ်ကားပါ။ ဒီရုပ်ရှင်ထဲမှာ အဖေနဲ့ သားသမီးတွေအကြားကဆက်ဆံရေးကို ရိုက်ပြထားပါတယ်။ တရုတ်မိသားစုတစ်ခုမှာ မာဂရတ်ဆိုတဲ့အငယ်‌ဆုံးသမီးရယ် လယ်ရီ နဲ့ ရွိုင်ဆိုတဲ့ အစ်ကိုနှစ်ယောက်ရယ်ရှိပါတယ်။ မာဂရတ်က မိဘအိမ်ကနေပြောင်းနေပြီး အိမ်ထောင်ကျလို့ ကလေးတစ်ယောက်ရနေပါပြီ။ တစ်ရက်မှာတော့ အဖေဖြစ်သူ အိပ်ရာထဲလဲနေတယ်ဆိုတဲ့သတင်းကိုကြားပြီး မာဂရတ်တစ်ယောက် အစ်ကိုဖြစ်သူနှစ်‌ယောက်ကို ပြာပြာသလဲအကြောင်းကြားပြီး မပြန်ချင်တဲ့အိမ်ဆီပြန်လာခဲ့ပါတယ်။ တကယ်တော့ မာဂရတ်တို့မောင်နှမသုံးယောက်နဲ့ အဖေဖြစ်သူကြီးနဲ့က လုံး၀မတည့်ကြပါဘူး။ ‌အေးရှန်းမိသားစုတွေ အထူးသဖြင့် တရုတ်မိသားစုတွေမှာ မိဘတွေကသားသမီးတွေအပေါ် အရမ်းတင်းကျပ်ကြပါတယ်။ ဒီအဖေကြီးကလည်း သားသမီးသုံးယောက်လုံးကို တချိန်လုံးမျက်စိဒေါက်ထောက်ကြည့်နေပြီး အပြစ်မရှိအပြစ်ရှာ အော်ဟစ်ကြိမ်းမောင်းခဲ့တာကြောင့် သားသမီးသုံးယောက်နဲ့အကြားမှာဆက်ဆံရေးက မကောင်းခဲ့ပါဘူး။ ဒါပေမဲ့ ဒီလိုအမြဲတစ်ခုမဟုတ်တစ်ခု ဆူပူနေတတ်တဲ့အဖေကြီးက ရုတ်တရက် အခန်းထဲကအခန်းပြင်မထွက်တော့ဘဲ တနေကုန် အိပ်ရာပေါ်မှာတီဗီကြီးဖွင့်လျက်နဲ့ပဲ လှဲနေ‌တဲ့အဖြစ်ကိုရောက်သွားပါတယ်။ ဒီလိုနဲ့ အငယ်ဆုံးသမီးမာဂရတ်တစ်ယောက် အိမ်ပြန်ရောက်သွားပြီး အစ်ကိုဖြစ်သူတွေဖြစ်ကြတဲ့ အာမခံကုမ္ပဏီမှာလုပ်နေတဲ့ရွိုင်ရယ်၊ action figure အရုပ်တွေရောင်း၀ယ်ပြီး မိဘအိမ်မှာကပ်နေနေတဲ့ ဂိမ်းဂျပိုးလယ်ရီနဲ့အတူ အဖေဖြစ်သူကို အရင်ကလိုပုံစံပြန်ဖြစ်လာအောင် ဘယ်လိုလုပ်ပေးကြရမလဲဆိုတာကို အဖြေရှာကြရပါတော့တယ်။ ဒါပေမဲ့လည်း အဖေဖြစ်သူရဲ့ ပြုစုပျိုးထောင်တဲ့ပုံစံက မှားယွင်းခဲ့တာကြောင့် သားသမီးတွေ အထူးသဖြင့် အငယ်ဆုံးသမီးဖြစ်တဲ့မာဂရတ်ဟာ ငယ်ဘ၀ကတည်းက စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အဖေနဲ့ပြန်ပြီးပြောဆိုဆက်ဆံရတာဟာ မာဂရတ်အတွက်တော့ မလွယ်ကူနေခဲ့ပါဘူး။ ဒါကြောင့်လည်း အရွယ်ရောက်လို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့အချိန်ကျ အိမ်ကနေလွတ်ရာကျွတ်ရာကိုထွက်သွားပြီး အိမ်ထောင်ပြုရင်းဘ၀သစ်ကိုစဖို့ဆုံးဖြတ်ခဲ့တာပေါ့။ ဒီလိုတစ်သက်လုံးအဆင်မပြေခဲ့ရတဲ့အဖေကြီးက နေ့ချင်းညချင်းပြောင်းလဲသွားတော့လည်း မာဂရတ်ခမျာ အောင့်အီးသည်းခံပြီးတော့ အသုံးမကျတဲ့အစ်ကိုနှစ်ယောက်နဲ့အတူ ဒီအဖေကြီးကိုနေပြန်ကောင်းအောင်လုပ်ပေးဖို့ရာကြိုးစားရင်းကနေ တစ်သက်နဲ့တစ်ကိုယ်မသိခဲ့ရတဲ့အကြောင်းအရာတွေကိုလည်း သိလာရပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်အိမ်ကရိုးရှင်းပေမဲ့ ခိုင်တဲ့အထဲမှာပါပါတယ်။ သရုပ်ဆောင်ပိုင်းတွေ ဒိုင်ယာလော့တွေကလည်း အပိုအလိုမရှိအောင်ကောင်းပြီးတော့ ဟာသလေးတွေကလည်း အတင်းကလိထိုးရယ်ခိုင်းတဲ့ဟာသတွေမဟုတ်ဘဲ နေ့စဉ်ဘ၀မှာကြုံတွေ့နေရတဲ့အရာတွေကိုပဲ ရယ်စရာအဖြစ်ဖန်တီးထားတာကြောင့်လည်း တော်တော်လေးသဘာ၀ကျပါတယ်။ တစ်ကားလုံးမှာ ရုပ်ရှင်‌တွေ လက်တွေ့ဘ၀ကကိုးကားချက်တွေကိုလည်း ဖောဖောသီသီသုံးထားပြီးတော့ မောင်နှမသုံးယောက်အကြားက ခွီလို့ကောင်းမယ့်ဇာတ်၀င်ခန်းတွေနဲ့အတူ ဇာတ်ကားတစ်ခုလုံးကို အဆုံးထိကြည့်ချင်သွားအောင်ဆွဲဆောင်သွားမယ့်ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် သေချာပေါက်မြည်းစမ်းကြည့်ရှုသင့်ပါကြောင်း။ File size…(1.7 GB)/(755 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2022
Dealing with Dad
Coco Farm
6.9

ချစ်စရာ ကနေဒါ-ပြင်သစ် ကျေးလက်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ၁၂ နှစ်အရွယ်ကောင်လေး မက်စ်တို့သားအဖက မွန်ထရီရယ်မြို့ကြီးကနေ ငွေကြေးအခက်အခဲကြောင့် နယ်မြို့လေးကို ပြောင်းခဲ့ရပါတယ် စွန့်ဦးထီထွင်လိုစိတ်ရှိသူ မက်စ်က နယ်မှာ ဘာမှလုပ်စရာမရှိဘဲ အကြံအိုက်နေချိန်မှာ သူ့ဝမ်းကွဲအစ်ကို ချားစ်တို့အိမ်မှာ ကျွေးတဲ့ ကြက်ဥကို အရသာတွေ့သွားပါတယ် အလုံးအရင်းနဲ့ မွေးမြူရေးလုပ်ငန်းစုကြီးတွေရဲ့ ကြက်ဥနဲ့ အရသာကွာခြားချက်ကို အဖြေရှာပြီး တစ်နိုင်တစ်ပိုင် ကြက်မွေးမြူရေးလုပ်ငန်းကို မက်စ်၊ ချားစ်၊ youtuber ကောင်မလေးနဲ့ အလုပ်မရှိတဲ့ ဘီယာဗိုက် ဦးလေးကြီးတို့နဲ့ စထောင်လိုက်တယ် စထောင်ဖို့ကလည်း ပိုက်ဆံတွေ လိုက်ချေးထားရပြီး ရောင်းချဖို့ကျတော့လည်း ကြက်ဥလုပ်ငန်းအကြီးစားတွေကို မယှဥ်သာတာတွေ တခြားတခြားသော အခက်အခဲပေါင်းစုံတို့ကို ဘယ်လို ဝိုင်းဝန်းအဖြေရှာကြမလဲ ဆိုတာကတော့ …. File size…(1.2 GB)/(580 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:27:00 Genre… Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

Drama • Romance • Crime
6.9 2023 87 mins
Coco Farm
[18+] Kiskisan
5.4

Kiskisan (2024) အဒဲလ်နဲ့ရီနာတို့ဟာ အဒေါ်ဖြစ်သူရဲ့ဆန်စက်မှာ အတူတူလုပ်ရင်းကြိုးချင်းထားကြိုးချင်းညိကြတဲ့လူငယ်စုံတွဲဖြစ်ပြီး မကြာခင်လက်ထပ်ကြတော့မှာပါ။ အဲ့ဒီအချိန်မှာပဲ အဒဲလ်ရဲ့ညီမဖြစ်သူ ဘယ်ယာဟာ သူ့ကောင်မလေး ချက်စ်ကာနဲ့အတူ မင်္ဂလာပွဲတက်ဖို့ပြန်ရောက်လာပါတယ်။ ငယ်ရွယ်နုပျိုသူ သန်တုန်းမြန်တုန်းထန်တုန်းအရွယ်ကောင်းတွေကြားမှာ အချင်းချင်း ရမ္မက်ထန်မှောက်မှားကြပုံတွေကိုကွက်ကွက်ကွင်းကွင်းရှုစားရမှာဖြစ်ပါတယ်။ Vivamax ရဲ့ဝါရင့် မမ figure နှစ်ယောက်ဖြစ်တဲ့ Rob Guinto နဲ့ Apple Dy တို့ဦးဆောင်ပါဝင်ထားပြီး Skye Gonzaga ဆိုတဲ့ မင်းသမီးသစ်လေးကိုပွဲဦးထွက်မိတ်ဆက်ပေးထားပါတယ်။ File size…(1.1 GB) / (610 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:00:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Romance • Drama
5.4 2024 60 mins
[18+] Kiskisan
The President’s Barber
7

The President’s Barber (2004) ****************************** IMDb… 7 သရုပ်ဆောင်ကြီး Song Kang Ho နဲ့ Moon So Ri တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ သမ္မတနဲ့ တစ်ရပ်ကွက်ထဲမှာ နေထိုင်ရင်း သမ္မတရဲ့ ဆံသဆရာ ဖြစ်လာတဲ့ ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဆံပင်ညှပ်ဆိုင်လေး ဖွင့်ရင်း လုပ်ကိုင်စားသောက်နေတဲ့ သာမန် အညတရ ဆံသဆရာ ဆောင်းဟန်မိုရဲ့ ဆံပင်ညှပ်ဆိုင်ကို ရုတ်တရက်ဆိုသလိုပဲ ဗဟို ထောက်လှမ်းရေး ဌာနက အရာရှိ တစ်ဦး ရောက်ရှိလာပြီး ဆောင်းဟန်မိုဟာ ဒီရပ်ကွက်ထဲမှာ အချိန်အတော်ကြာ နေလာတဲ့သူ ဖြစ်တာကြောင့် မြောက်ကိုရီးယားသူလျှိုကို ဖမ်းပေးရမယ်ဆိုပြီး အမိန့် ထုတ်သွားခဲ့တယ်။ အဲဒီ အမိန့်အတိုင်းအတိုင်းလည်း သူလျှိုကို အမိအရ ဖမ်းဆီးပေးနိုင်ခဲ့တဲ့ အပြင် ရိုးသားကြိုးစားတယ်ဆိုပြီး သမ္မတကြီးက ဆောင်းဟန်မိုကို အိမ်ပြာတော်မှာ ရာထူးတစ်နေရာပေးလိုက်တော့တယ်။ အဲဒီအချိန်ကစလို့ ဆောင်းဟန်မိုတို့ မိသားစုရဲ့ဘဝဟာ အမှတ်မထင် တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့တယ်။ အိမ်ပြာတော်အထိ ခြေဆန့်နိုင်ခဲ့တဲ့ သာမန် ဆံသဆရာ တစ်ယောက်ရဲ့ဘဝဟာ ရှေ့လျှောက် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက် ရှူစားလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအကျဉ်းကို Treasure Htet မှ ရေးသားပေးထားပါတယ်။) File size… 2.75GB / 990MB Quality… WEB-DL 1080p / 720p Format…mp4 Duration….1h 53m Genre ….. Comedy, Drama, Family, Political Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Treasure Htet

7 2004 116 mins
The President’s Barber
Sugarplummed
7

Sugarplummed (2024) IMDb Rating (7.0) Rating ကြမ်းတဲ့ Holiday Romance ကားလေးက Chrismas ရဲ့ လှပမှု၊ လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု၊ တို့ကို ကြည့်ရှုသူတွေ‌အနေနဲ့ အနုပညာရသမြောက်စွာခံစားနိုင်ရန် မင်းသမီး Maggie Lawson နဲ့ Janel Parrish တို့က တွဲဖက်ညီညီ တင်ဆက်ထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွန်းမှာ‌တော့ အမ်မလီက ခရစ်စမတ်ကို နှစ်တိုင်းလိုလို အစီအစဉ်တကျ ကျင်းပဖို့ ကြိုးစားခဲ့ပြီး၊ မိသားစုဝင်တွေကို နီးစပ်စေချင်ခဲ့တာပါ။ အဲ့တာကြောင့် မျှော်လင့်ထားတဲ့ ခရစ်စမတ်ဖြစ်လာစေဖို့ Sugarplummed လို့ခေါ်တဲ့ ရုပ်ရှင်ကမ္ဘာက ဇာတ်ကောင်တစ်ဦးဆီ အကူအညီပေးဖို့ ဆုတောင်းခဲ့တယ်။ ဒါပေမယ့် Sugarplummed လို့ခေါ်တဲ့ ရုပ်ရှင်စည်းကမ်းတွေက လက်တွေ့ကမ္ဘာမှာတော့ ပြဿနာတွေ ဖြစ်စေတာကို အမ်မလီ တစ်ယောက် မသိခဲ့ဘူး။ အဲ့လိုနဲ့ အမ်မလီ နဲ့ Sugarplummed တို့က အခက်အခဲတွေကြားထဲက အမ်မလီလိုချင်တဲ့ ရုပ်ရှင်ဆန်ဆန် ခရစ်စမတ်ကို ရရှိနိုင်ဖို့ အစွမ်းကုန် ကြိုးစားကြတော့ပေါ့‌။ ရုပ်ရှင်ဆန်ဆန် Chrismas လေးက တကယ်ပဲ အကောင်အထည်ပေါ်သွားမလား၊ Sugarplummed ဆိုတာဘယ်လိုမျိုးလဲ၊ တကယ့်လက်‌ တွေ့မှာကောရှိနိုင်သလား ‌ဆိုတာကိုတော့ ဇာတ်လမ်းလေးကိုပဲ ဆက်လက်ကြည့်ရှုရင်း ခံစားလိုက်ကြပါဦးနော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size…(1.6 GB) / (870 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:25:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ivy Noe

7 2024 84 mins
Sugarplummed