YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Goodbye 2 (2023) WEB-DL 1080p CM.mp4

1.01 GB N/A video/mp4 342 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Assassin Club
6.3

Assassin Club (2023) အရှေ့အနောက်တောင်မြောက် ဘယ်အရပ်ကြည့်ကြည့်ကြေးစားလူသတ်သမားတွေနဲ့ပြည့်နေတာကတော့ မင်းသား Henry Golding ရဲ့ဇာတ်ကားသစ်ပါပဲ။ Henry က ဒီကားထဲမှာ မော်ဂန်ဆိုတဲ့ကြေးစား။ မော်ဂန့်ဆရာကပြောတယ်။ သူတို့လိုလူတွေ ကြေးစားလောကကထွက်ချင်တဲ့အကြောင်းအရင်းသုံးခုပဲရှိတယ်တဲ့။ ၁ ဘုရားသခင်ကိုရှာဖွေတွေ့ရှိသွားလို့ ၂ အမျိုးသမီးတစ်ယောက်ကြောင့် ၃ သေသွားလို့ မော်ဂန်ကတော့ ဒုတိယအကြောင်းအရင်းနဲ့ကြေးစားအလုပ်ကို ရပ်လိုက်ချင်နေသူဆိုပါတော့။ ဖြစ်ချင်တော့အဲ့အချိန်မှာပဲ မော်ဂန့်ကိုလာအပ်တဲ့အလုပ်က လူ၆ ယောက်သတ်ပေးရမယ်။ တစ်ယောက်စီအတွက်ဒေါ်လာတစ်သန်းရမယ်။ မော်ဂန်ကသူ့ဆုံးဖြတ်ချက်ကိုမပြင်တော့ဘူး ဒီအလုပ်ကိုလဲလက်လွှတ်လိုက်မယ်တွေးပေမယ့် သူ သတ်ပေးရမယ့် ၆ယောက်က သာမန်လူတွေမဟုတ်ဘဲ သူ့လိုကြေးစားတွေဖြစ်နေတယ်။ ပြီးတော့အဲ့၆ ယောက်ကလဲ မော်ဂန့်လိုပဲအလုပ်ကမ်းလှမ်းခံထားရသူတွေဖြစ်နေတယ်။ အဲ့တော့ဒါက ကြေးစားတွေအချင်းချင်းသတ်ရမယ့် Hunger Game ကြီးပေါ့။ မော်ဂန့်အနေနဲ့ကလဲ သူကဒီအလုပ်ကိုလက်မခံချင်ပေမယ့် ကျန်တဲ့၆ယောက်က သူ့ကို လာသတ်မှာပဲဆိုတော့ သူလဲဲ ဒီကစားပွဲကို မဖြစ်မနေ ဝင်ကစားရင်း ဒီကစားပွဲကို ကြိုးဆွဲနေသူက ဘယ်သူလဲ ဘာကြောင့်လဲဆိုတာတွေကို တိုက်ခိုက်အဖြေရှာတာကို ကြည့်ရှုရမယ့် လှည့်ကွက်စုံ အက်ရှင်စုံဇာတ်ကားတစ်ကားပါပဲ ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Action, Thriller Quality…. 1080p | 720p | 480p File size… 1.3GB | 749MB | 365MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Drama • Horror • Thriller
6.3 2023 113 mins
Assassin Club
Cleopatra
7.1

Cleopatra ဆိုတဲ့နာမည်ကို အထူးတလည်မိတ်ဆက်ပေးနေစရာမလိုပါဘူး။ ကမ္ဘာ့သမိုင်းစာမျက်နှာမှာ လူတကာငေးရတဲ့အလှပိုင်ရှင်အဖြစ်၊ အီဂျစ်ဘုရင်မာယာရှင်အဖြစ် Cleopatra ကိုမှတ်တမ်းတင်ခဲ့ကြပါတယ်။ Cleopatra ပါဝင်ကပြတဲ့ ကမ္ဘာ့သမိုင်းဇာတ်ကွက်က ကြီးကျယ်ခမ်းနားခဲ့သလို အဲဒီအကြောင်းကို ပြန်လည်ရိုက်ကူးတဲ့ ရုပ်ရှင်ဟာလည်း ရုပ်ရှင်သမိုင်းမှာဆိုစမှတ်ပြုရလောက်အောင် ကြီးကျယ်ခမ်းနားခဲ့ပါတယ်။ Roman emperor ရဲ့အထင်ကရ စစ်သူကြီး Julius Caesar ဟာ ရန်သူတော် Pompey ကို တိုက်ခိုက်အနိုင်ယူလိုက်တဲ့ Battle of Pharsalus အပြီးမှာ ဇာတ်အိမ်တည်ထားပါတယ်။ Rome ရဲ့ အဓိကကုန်ဝင်ရာ နိုင်ငံဖြစ်တဲ့ Egypt မှာ Cleopatra ဘုရင်မနဲ့ မောင်ဖြစ်သူ Ptolemy တို့ထီးနန်းအတွက် တင်းမာနေတဲ့အခြေအနေကို Caesar ကဖြေရှင်းပေးဖို့ Egypt ကိုရောက်လာခဲ့ပါတယ်။ အချုပ်ပြောရရင် Cleopatra ကိုလုပ်ကြံရန်ကြိုးစားမှုနဲ့ Ptolemy နယ်နှင်ဒဏ်ပေးခံရပြီး Cleopatra က အီဂျစ်ရဲ့ဘုရင်မဖြစ်လာခဲ့တဲ့အပြင် Caesar နဲ့ Cleopatra တို့ပါငြိစွန်းခဲ့ပါတော့တယ်။ သားလေး Caesarion ဖွားမြင်လာခဲ့တဲ့အခါမှာတော့ Cleopatra ရဲ့အိပ်မက်ဟာ ကမ္ဘာတစ်ခွင်ကို သူမနဲ့ Caesar တို့အတူအုပ်စိုးပြီး သားတော်လေးလက်ထဲ အာဏာစက်ကိုလွှဲအပ်ပေးခဲ့ဖို့ဖြစ်လာပါတယ်။ ရောမနေပြည်တော်ကြီးမှာတော့ dictatorship ကိုတောင်းဆိုလာတဲ့ Caesar ကိုလွှတ်တော်အဖွဲ့ကအမြင်မကြည်တော့တဲ့အပြင် တူဖြစ်သူ Octavian ရဲ့သွေးထိုးမှုတွေကြောင့် Caesar အတွက် အခြေအနေမကောင်းဖြစ်နေပါတယ်။ နောက်ဆုံး Caesar လုပ်ကြံခံခဲ့ရပြီး Cleopatra တို့သားအမိလည်းပြည်တော်ပြန်ခဲ့ရပါတယ်။ ရောမမှာ Caesar လိုပဲ ပြည်သူတွေရဲ့ချစ်ခင်လေးစားမှုကိုခံရတဲ့ နောက်သူရဲကောင်းတစ်ဦးကတော့ Mark Antony ဖြစ်ပါတယ်။ Caesar မရှိတော့တဲ့နောက် Mark Antony ရယ်၊ Octavian ရယ်၊ Lepidus ရယ်တို့က ရောမအင်ပါယာကြီးကို ခွဲဝေအုပ်ချုပ်နေခဲ့ကြပါတယ်။ သူရဲကောင်းကြီး Mark Antony ဟာလည်း Cleopatra ရဲ့အလှတရားအောက်မှာ ကျရှုံးခဲ့ရပြန်ပါတယ်။ Caesar နဲ့မအောင်မြင်ခဲ့တဲ့အိပ်မက်ကို Mark Antony နဲ့ပြန်အသက်ဆက်ဖို့ကြိုးစားတဲ့ Cleopatra အောင်မြင်နိုင်မလားဆိုတာကတော့...................... Cleopatra ဇာတ်ကားကြီးကျော်ကြားရခြင်းအကြောင်းအချက်တွေအားလုံးက အကောင်းကြီးပဲတော့မဟုတ်ပါဘူး။ နာမည်ဆိုးနဲ့လည်း ကျော်ကြားသူပေါ့။ ဒီကားဟာ ကုန်ကျစရိတ်အများဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်ခဲ့ပါတယ်။ မူလ Budget က ဒေါ်လာ ၂ သန်းဖြစ်ပေမယ့် ရိုက်ကူးပြီးစီးသွားတော့ ၄၄သန်းလောက်ကုန်ခဲ့ပြီး 20th century fox ကို ဒေဝါလီခံရခါနီးအထိဖြစ်စေခဲ့ပါတယ်။ အဲ့ခေတ်က ၄၄ သန်းဆိုတာ ဒီနေ့ခေတ်မှာ ၃၃၉ သန်းလောက်အထိရှိတယ်ဆိုပါတယ်။ နှမြောစရာကောင်းတာက ကုန်ကျစရိတ်ရဲ့တော်တော်များများဟာ အချည်းနှီးဖြစ်ခဲ့ရတာပါ။ ဒီကားကိုစမရိုက်ခင်ကတည်းက ဇာတ်ညွှန်းရေးဆရာတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းလဲခဲ့ပါတယ်။ သရုပ်ဆောင်တွေလည်းပြောင်းလဲခဲ့ပါတယ်။ နောက်ဆုံး ဒါရိုက်တာ Mamoulian ပါလမ်းခွဲသွားခဲ့ပြီး Joseph L.Mankiewicz ဝင်ရောက်လာခဲ့ပါတယ်။ Mankiewicz ဝင်ရောက်လာချိန်မှာကို ကုန်ကျငွေက Budget ထက် ၅ သန်းလောက်ပိုနေခဲ့ပြီဖြစ်ပေမယ့် ပြလောက်စရာ လောက်လောက်လားလား ရိုက်ချက်တော့ တစ်ကွက်မှမရခဲ့သေးပါဘူး။ Mankiewicz ကဇာတ်ညွှန်းကိုအစအဆုံးပြန်ရေးပြီး စိတ်ကြိုက်ရိုက်ကူးခဲ့ပါတယ်။ အစက London မှ setting ကြီးတွေအသေအချာဆောက်ပြီးရိုက်ကူးနေခဲ့တာပါ။ ဒါပေမယ့် London ရဲ့အေးလွန်းတဲ့ရာသီဥတုက အဖွဲ့သားတွေအတွက်ခက်ခဲလွန်းနေခဲ့ပြီး မင်းသမီး Eizabeth Taylor ကိုယ်တိုင် အကြီးအကျယ်ဖျားနာခဲ့ရတာ လည်ပြွန်အပေါက်ဖောက်ခဲ့ရတဲ့အထိပါပဲ။ မင်းသမီးဆေးရုံတက်နေစဉ် ရိုက်ကူးရေးရပ်နားထားရာမှာ ဘဏ်တိုးက တစ်နေ့ကို ဒေါ်လာ ၇၅၀၀ တက်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဒေါ်လာ ၃ သန်းလောက်နစ်နာခဲ့ပြီး နောက်ဆုံးတော့ Italy, Egypt တို့မှာ ပြောင်းရွှေ့ရိုက်ကူးခဲ့ရပါတယ်။ ရိုက်ကူးပြီးစီးသွားပြီး တည်းဖြတ်အပြီးမှာ ကြာမြင့်ချိန်က ၆ နာရီထိရှိခဲ့ပါတယ်။ ဒါပေမယ့် Producers တွေက ပြန်လည်တည်းဖြတ်ဖို့ Mankiewicz ကိုတောင်းဆိုခဲ့တာကြောင့် နောက်ပိုင်းမှာ ၄ နာရီပဲဖြစ်သွားရပါတယ်။ အရေးကြီးတဲ့အခန်းအချို့လည်း ဖြုတ်ချခံရတဲ့အထဲပါသွားပါတော့တယ်။ Cleopatra ဇာတ်ကားအကြောင်းပြောမယ်ဆိုရင် မင်းသမီး Elizabeth Taylor အကြောင်းကိုလည်း မပြောမဖြစ်ပြောရပါလိမ့်မယ်။ အပြင်မှာလည်း ချောမောသလောက် ယောကျာ်းသားတို့နဲ့ ဇာတ်လမ်းတွေများခဲ့တဲ့ သူမကို ဒီဇာတ်ကောင်အတွက် ရွေးချယ်တာ တမင်ရည်ရွယ်ရင်းလားမသိပါဘူး။ ရိုက်ကူးနေရင်းနဲ့လဲ တွဲဖက်မင်းသား Richard Burton (Mark Antony) နဲာဇာတ်လမ်းတွေဖြစ်ခဲ့တာကြောင့် ဟိုးလေးတကျော်ဖြစ်ခဲ့ရပြီး ဝေဖန်သံတွေလည်း ညံခဲ့ပါတယ်။ အဲဒီအချိန်မှာ နှစ်ယောက်လုံးက အိမ်ထောင်ကိုယ်စီနဲ့ကိုး။ သူတို့နှစ်ယောက်လုံး ဒီကားနဲ့ဆုတွေမရခဲ့ပေမယ့် Elizabeth Taylor ကတော့ စံချိန်တစ်ခုတင်ခဲ့ပါတယ်။ ရုပ်ရှင်တစ်ကားအတွင်း ဝတ်စုံအများဆုံးလဲလှယ်မှုကို ၆၅ ကြိမ်နဲ့စံချိန်ဆင်လိုက်တာပါ။ ဒါပေမယ့် ဒီစံချိန်ကို ၁၉၉၆ မှာ Madonna က Evita ဇာတ်ကားမှာ ၈၅ ကြိမ်နဲ့ရိုက်ချိုးလိုက်ပါတယ်။ နောက်တစ်ချက်က ဒီကားနဲ့ Elizabeth Taylor က သရုပ်ဆောင်ကြေး ဒေါ်လာ ၁ သန်းအထိရရှိခဲ့ပါတယ်။ Original budget နဲ့ဆိုရင် တစ်ဝက်တိတိပါပဲ။ ဒီကားကို ဝေဖန်ရေးတွေကတော့ ကြိုက်တဲ့သူ၊ မကြိက်တဲ့သူစုံခဲ့ပါတယ်။ ဘယ်လိုပဲဝေဖန်သံညံညံ၊ ဘယ်လောက်ပဲငွေကုန်ကြေးကျများခဲ့များခဲ့ အကြီးကျယ်အခမ်းနားဆုံးဇာတ်ကားတစ်ကားဖြစ်လာရတာကိုပဲ ကျေနပ်ရမှာပါ။ ခမ်းနားတာကတော့ ကျွန်တော့်မျက်မြင်ပါပဲ။ Rome မြို့ထဲကို Cleopatra ဝင်လာတဲ့အခန်း၊ Mark Antony ကို Cleopatra သင်္ဘောကြီးနဲ့သွားရောက်တွေ့ဆုံတဲ့အခန်းတွေဟာ ကျွန်တော်ကြည့်ခဲ့ဖူးသမျှ အခမ်းနားဆုံးတွေပါပဲ။ နောက် battle scenes တွေအပြင် နောက်ခံ ဆက်တင်တွေကိုပါ ရှယ်ပြင်ဆင်ထားတာ တကယ်ကိုချီးကျူးစရာပါပဲ။ ကမ္ဘာ့သမိုင်းမှာ Julius Caesar, Mark Antony တို့နဲ့အတူ Cleopatra ဆိုတဲ့အလှနတ်ဘုရားကို ပယ်ဖျက်ထားလို့မရသလို Cleopatra ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ထာဝရတည်တံ့နေမယ့် ဂန္တဝင်ရုပ်ရှင်ကြီးပဲဖြစ်ပါတယ်။ Ref: wikipedia လင်းဝေမြိုင် - ဂန္တဝင်ဝတ္ထု၊ ဂန္တဝင်ရုပ်ရှင် ~Miller~ (ရုပ်ရှင်အညွှန်းကို Movies-we watch,we feel. Facebook Page မှ ကူးယူဖော်ပြပါသည်။) File size…(5.5 GB) /(4.2 GB)/(1.6 GB) Quality….50th.Anniv.Restored.BluRay HEVC 1080p /1080p/720p Format…mkv/mp4 Duration….04:11:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Lin Thar

Action • Drama • History
7.1 1963 248 mins
Cleopatra
Pizza 3: The Mummy
6.3

Pizza 3: The Mummy (2023) IMDb-7.0/10 နာမည်ကျော် အိန္ဒိယသဲထိတ်ရင်ဖိုကားတွေဖြစ်တဲ့ ပီဇာရဲ့သုံးကားမြောက်ထွက်ရှိလာပါပြီ။ ပထမနှစ်ကားနဲ့ချိတ်ဆက်မှုမရှိပဲ သူ့ချည်းသက်သက်ကြည့်လို့ရပါတယ်။ အခုတင်ဆက်ပေးမယ့်ကားကတော့ မံမီပေါ့။မံမီရုပ်တခုကနေ စတဲ့ဇာတ်လမ်း။ သရဲတစ္ဆေတွေဆိုတာ တကယ်ရှိတာလား မရှိတာလားဆိုတာအငြင်းပွားစရာပြဿနာတစ်ခုလိုပဲ။ မြင်ဖူးတွေ့ဖူး ကြားဖူးတယ်ဆိုပြီး သရဲတစ္ဆေတကယ်ရှိတယ်လို့ လက်ခံကြသူနဲ့ မဟုတ်တာတွေ ပေါက်တတ်ကရဆိုပြီး လက်မခံကြသူတွေကြားမှာ အဖြေမယ်မယ်ရရ ရှာမတွေ့နိုင်သေးတဲ့မေးခွန်းတခုပေါ့။ မကောင်းဆိုးဝါးဝိညာဉ်တွေကို ဖိတ်ခေါ်နိုင်တဲ့ ရှေးဟောင်းအီဂျစ်မံမီရုပ်အသေးလေးတခုရှိခဲ့တယ်။ အဲဒီမံမီရုပ်က ရှေးခေတ်အီဂျစ်ဘုရင်မက သူ့အင်ပါယာပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းဆိုးဝါးစွမ်းအင်တွေအကုန်ထည့်ပြီး သွင်းလုပ်ခဲ့တယ်။ အဲဒီမံမီရုပ်ကို မမျှော်လင့်ပဲ နာလန်ရဲ့စားသောက်ဆိုင်မှာတွေ့ခဲ့ရတဲ့အခါမှာတော့။ ပိတ်ရက်မှာ အပန်းဖြေရင်း ကြောက်လန့်မှုအရသာကိုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~YH~Yunniတို့ပဲဖြစ်ပါတယ်)

Crime • Drama • Thriller
6.3 2023
Pizza 3: The Mummy
The Dive
5.6

ဦးဆုံးအနေနဲ့ ဒီရုပ်ရှင်လေးဟာ 2020ခုနှစ်ထွက် Breaking Surfaceဆိုတဲ့ Swedish movieလေးကို english movieအဖြစ်ပြန်ရိုက်ကူးထားတာပါ…။ ဇာတ်လမ်းလေးကတော့ မေ နဲ့ ဒရူးဆိုတဲ့ ညီအစ်မနှစ်ယောက် နယ်ဝေးက ကမ်းခြေလှလှလေးတစ်ခုဆီ ပင်လယ်ရေငုပ်ထွက်ကြတယ်ပေါ့…။ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်တာလည်းကြာ၊ အတူရေမငုပ် ဖြစ်တာလည်းကြာဆိုတော့ နှစ်ယောက်သား စိတ်လျှော့လက်လျှော့နေနေမိတာပေါ့…။ ဒီလိုရေငုပ်နေရင်းနဲ့ ကံခေပြီး အစ်မဖြစ်သူ မေ ဟာ ပြဿနာတစ်ခုနဲ့ကြုံပါလေရော….။ ရေအောက်မှာ တစ်ခုခုဖြစ်လို့ အပေါ်ပြန်မတက်နိုင်သရွေ့ ပထမဆုံး ကြုံရတဲ့ဒုက္ခက အောက်စီဂျင်ပါပဲ…။ နောက်ပြီးတော့ အချိန်ပါ…။ အချိန်တစ်ရွေ့ရွေ့ကုန်လာလေ အသက်ဘေးနီးလာလေ၊ အခြားအန္တရာယ်အစုံတိုးလာလေပါပဲ….။ ဒီတော့ ဒီညီအစ်မနှစ်ယောက် အသက်ဘေးကလွတ်အောင် ဘယ်လိုဆုံးဖြတ်ချက် မှန်မှန်ချကြမလဲ…၊ ဘယ်လိုရုန်းကန်ကြမလဲတွေ့ရမယ့်အပြင် ဇွဲမလျှော့ကြတဲ့ညီအစ်မနှစ်ယောက်ကြားက သံယောဇဥ်မေတ္တာတရားကိုပါ မြင်တွေ့ရမယ့်ကားလေးဖြစ်ပါတယ်…။ File size…1.86GB / 685MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 31m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.6 2023
The Dive
Room No.7
5.8

Room No. 7 (2017) (အညွှန်း) ==================== လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က DVD ရုံဖွင့်ရင်း စီးပွါးဖြစ်ပြီးချမ်းသာသွားတဲ့အသိတစ်ယောက်အကြောင်းကို ကြားဖူးထားတဲ့ “ဒူရှစ်” ဟာ အရင်လုပ်နေတဲ့ဟင်းသီးဟင်းရွက်ဆိုင်ပြုတ်ပြီး မိန်းမဖြစ်သူရဲ့အစွန့်ပစ်ခံလိုက်ရပြီးနောက် DVD ရုံဖွင့်မယ်ဆိုပြီး ဆိုးလ်ကိုတက်လာပါတော့တယ်။ ရှိစုမဲ့စုပိုက်ဆံလေးရယ် ချေးငွေယူထားတဲ့ပိုက်ဆံရယ်နဲ့ အပ်ဂူဂျောင်မှာ “ဟောလိဝုဒ်” DVD ရုံကိုဖွင့်လိုက်ပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကလောက် ခေတ်မစားတော့တဲ့ DVD ရုံလုပ်ငန်းက စီးပွါးလုံးဝမဖြစ်ပြန်ပါဘူး။ ဒီလိုနဲ့ပေးစရာရှိတဲ့အကြွေးတွေမပေးနိုင်တဲ့အပြင် တစ်ဦးတည်းသောအချိန်ပိုင်းအလုပ်သမား “ထယ်ဂျောင်း” ကိုလည်း လစာမပေးနိုင်တော့ဘဲ DVD ရုံကိုရောင်းနိုင်ဖို့ အသေအလဲကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း လူမိုက်တွေအပေါ်အကြွေးတင်နေတဲ့ “ထယ်ဂျောင်း” မှာလည်း သူတို့ရဲ့မူးယစ်တွေကိုသိမ်းပေးရင် “ထယ်ဂျောင်း” ရဲ့အကြွေးတွေကိုချေပေးမယ်ဆိုတဲ့ကတိကြောင့် DVD ရုံရဲ့ အခန်းနံပါတ် ၇ မှာ မူးယစ်ဆေးတွေကိုဖွက်ထားဖို့ဖြစ်လာပါတော့တယ်။ စီးပွါးမဖြစ်လို့ ရောင်းရခက်နေတဲ့ဆိုင်ရယ် .. အဲဒီဆိုင်ရောင်းရမှာပဲအသက်ရှူချောင်မှာမို့ ဆိုင်ရောင်းထွက်ဖို့အရေး ဘာမဆိုလုပ်ဖို့အသင့်ဖြစ်နေတဲ့ “ဒူရှစ်” ရယ် .. ဖွက်ထားတဲ့မူးယစ်ဆေးတွေကြောင့် ရတက်မအေးနိုင်ဖြစ်နေရှာတဲ့ “ထယ်ဂျောင်း” ရယ် .. ထယ်ဂျောင်းဖွက်ထားတဲ့မူးယစ်ဆေးတွေအပြင် တခြားမထင်မှတ်ထားတဲ့လျှို့ဝှက်ချက်တွေရှိနေပြန်တဲ့ အခန်းနံပါတ် ၇ ရယ် .. ဘာတွေဆက်ဖြစ်ကြဦးမလဲ။ အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသားကြီး Shin Ha Kyun နဲ့ EXO ရဲ့ treasure လေး D.O. တို့ကအဓိကပါဝင်ထားသလို thriller ရုပ်ရှင်ကြိုက်တဲ့သူတွေအဖို့ ကြည့်လို့ကောင်းတဲ့ကားဟောင်းလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Crime, Thriller Quality…. 1080p | 720p File size… 1.4GB | 564MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lai Laii Encoder ….. Aaron

5.8 2017 100 mins
Room No.7
Macabre
6.4

ဒီတစ်ခါမှာတော့ Horror ဇာတ်ကားကောင်းကောင်းလေးတွေကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်ကြီးကို rating 6.4/10 အထိရရှိထားတဲ့ Macabreဆိုတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားကို Kimo Stamboel က ဒါရိုက်တာအဖြစ်ကော ဇာတ်ညွှန်းရေးဆရာ အဖြစ်ကော တာဝန်ယူရိုက်ကူးထားပြီး အင်ဒိုနီးရှားရုပ်ရှင်သရုပ်ဆောင် အကျော်အမော်တွေဖြစ်တဲ့ မင်းသား Ario Bayuနဲ့ မင်းသမီး Julie Estellaကပါဝင်အားဖြည့်ရိုက်ကူးထားပါတယ် ဇာတ်လမ်းအစမှာ မိဘတွေအက်ဂျီကြောင့် ကားမတော်တဆမှုဖြစ်ပြီးဆုံးသွားလို့ ခပ်တန်းတန်းဖြစ်သွားတဲ့ ညီမဖြစ်သူ လိုင်ဒီယာနဲ့ အက်ဂျီတို့ မောင်နှမနှစ်ယောက်ကို ပြန်လည်ပေါင်းစည်းဖို့ကြိုးစားကြပုံနဲ့ အစပျိုးထားပါတယ် အဲ့နောက်မှာတော့ ညီမဖြစ်သူလိုင်ဒီယာတစ်ယောက် အကိုဖြစ်သူတို့အက်ဂျီနဲ့ဇနီးဖြစ်သူ ကိုယ်ဝန်သည် အက်စ်ထရစ်တို့ အတူတူဂျာကာတာမြို့ကိုသွားတော့မှာဖြစ်တဲ့အတွက် လိုက်ပို့လိုက်ပါတယ် ဒီလိုနဲ့ အက်ဂျီတို့ငါးယောက် ဂျာကာတာကိုသွားတဲ့လမ်း ညကြီးမိုးချုပ်မှာ လမ်းမှာ မျှော်လင့်မထားဘဲ ကောင်မလေးတစ်ယောက် ဒုက္ခရောက်နေတာတွေ့လို ကူညီဖို့ဆုံးဖြတ်လိုက်ကြပြီး ကားအသွားမလာမရှိတာနဲ့ အိမ်အထိလိုက်ပို့ ပေးလိုက်ကြပါတယ် သူတို့တစ်တွေ လမ်းမှာကူညီပေးလိုက်တဲ့ ကောင်မလေး နာမည်ကဆိုနီဖြစ်ပြီး ကောင်မလေးအိမ်ကိုရောက်တဲ့အခါမှာတော့ ထင်မှတ် မထားတဲ့အရာတွေနဲ့တွေ့ကြုံလိုက်ရပါတော့တယ် အဲ့တာကတော့ ဆိုနီတို့မိသားစုဟာ အိမ်ကိုရောက်လာတဲ့ ဧည့်သည်တွေကို စားကောင်းသောက်ဖွယ်တွေနဲ့ ဧည့်ခံကျွေးမွေးပြီး ဆေးခတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ပြီး ကလိစာတွေကို လူချမ်းသာတွေထံပြန်လည်ရောင်းချတာပဲ ဖြစ်ပါတယ် သူတို့တွေ ဒီအိမ်ကြီးမှာ ဘယ်လိုရက်စက်မှုအပေါင်းသရဖူဆောင်းထားတဲ့လုပ်ရက်တွေကို ရင်ဆိုင်ကြုံတွေ့ကြမလဲ သူတို့တွေ ဒီအိမ်ကြီးကနေ အသက်ရှင်လျက်လွတ်မြောက်အောင် ဘယ်လိုတွေ ကြိုးပမ်းကြမလဲ အဲ့ဒီနောက် သူတို့တစ်တွေ ဒီအိမ်ကြီးကနေကော အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလား ဆိုတာကိုဒီဇာတ်ကားလေးထဲမှာ လိုက်ပါစီးမျောခံစား ကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက Horror,Drama&Thriller ဖြစ်ပြီး ကြည့်ရှုသူပရိတ်သတ်က ဟာခနဲ့ ဟင်ခနဲ့ဖြစ်သွားအောင် မျက်တောင်မခတ်ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ် ဒီဇာတ်ကားဟာ အင်ဒိုနီးရှားHorrorကားဖြစ်တာနဲ့အညီ သွေးသံရဲရဲအခန်းတွေ ပါဝင်တဲ့အတွက် ကလေးငယ်လေးတွေ ကြည့်ရှုဖို့မသင့်တော်ဘူးဆိုတဲ့အကြောင်းကို ကြိုတင်အသိပေးပါရစေ…. File size…1.87GB / 857MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 35m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

Horror • Thriller
6.4 2009 95 mins
Macabre
Healed

2023 ခုနှစ်ထွက် psychological thriller ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ Todd Lowe၊ Guinevere Turner၊ Emily Goss၊ Annie Funke၊ Benjamin Barrett နဲ့ the influencer (2021) မှာပါဝင်ထားတဲ့ Shantell Yasmine Abeydeera တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာကတော့ Meghan Weinstein ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဆယ်လီ LGBT စုံတွဲတစ်တွဲဟာ အနီးကပ်တရားထိုင်လေ့ကျင့်ခန်းနဲ့ စိတ်ကုထုံး ခံယူဖို့အတွက် ခရီးထွက်လာခဲ့ပါတယ်။ စုံတွဲထဲမှတစ်ယောက်ဖြစ်သူ အိုလီဗီယာရဲ့ဖခင်ဟာ နည်းပညာကုမ္ပဏီတစ်ခုကိုပိုင်ဆိုင်ထားပြီး သူ့သမီး လိင်တူချင်းတွဲနေတာကို လုံးဝသဘောမကျနိုင်ဘူးဖြစ်နေပါတယ်။ အိုလီဗီယာဟာ ကိုယ်ဝန်လည်းရှိနေတာဖြစ်တဲ့အတွက် သူတို့နဲ့ပဲလာနေစေချင်ပါတယ်။ အဲ့လိုအကြောင်းတရားတွေကြောင့်ပဲ အိုလီဗီယာဟာ ချစ်သူနဲ့မိဘကြားမှာဗျာများပြီး စိတ်ဖိအားတွေများနေတဲ့အတွက် အခုခရီးစဥ်ကို စာရင်းသွင်းပြီးထွက်လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။ တခြားတစ်ယောက်ဖြစ်တဲ့ ဂျက်ဇ်ကတော့ ပေါ့ပ်အဆိုတော်ဟောင်းတစ်ယောက်ဖြစ်ပြီး သူ့ချစ်သူပေါ်မှာ တကယ်ပဲအလေးထားသူပါ။ အဲ့ဒါကြောင့်ပဲ သူကိုယ်တိုင်စိတ်မဝင်စားတဲ့ ယခုခရီးစဥ်ကို ချစ်သူဖြစ်သူအိုလီဗီယာ စိတ်ချမ်းသာအောင် လိုက်လာပေးတာပဲဖြစ်ပါတယ်။ အိုလီဗီယာတို့ ရောက်သွားတဲ့အချိန်မှာ တာဝန်ခံကုထုံးဆရာမ ဂျော်ဂျီယာက ခရီးဦးကြိုပြုပြီး သေချာနေရာချထားပေးပါတယ်။ သူတို့တည်းတဲ့နေရာရဲ့ အသွင်အပြင်၊ အငွေ့အသက်နဲ့ ကုထုံးနည်းစနစ်တွေဟာ တစ်မျိုးကြီးဖြစ်နေလို့ ဂျက်ဇ်မင်တစ်ယောက် စိတ်မသန့်သလို ခံစားမိပေမယ့် ချစ်ရသူအိုလီဗီယာ စိတ်ချမ်းသာအောင် အလိုက်အထိုက်နေပေးခဲ့ပါတယ်။ အဲ့လိုနေပေးပြီး ကုထုံးကိုဆက်ခံယူခဲ့တဲ့ကြားက ပုံမှန်မဟုတ်တဲ့ ထူးခြားမှုတွေ၊ အဖြစ်အပျက်တွေ ကြုံလာရချိန်မှာတော့ ဂျက်ဇ်ဟာ ဘယ်လိုမှသည်းမခံနိုင်တော့ပဲ သူတို့ခံယူနေတဲ့ ကုထုံးနဲ့ တည်းတဲ့နေရာရဲ့သရုပ်မှန်ကို စူးစမ်းကြည့်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ File size…(1.5 GB)/(707 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

Animation • Family • Comedy
0 2023
Healed
Barton Fink
7.6

တမူထူးခြားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို တင်ဆက်ပေးမှာ ဖြစ်ပါတယ် ဒါရိုက်တာက နာမည်ကြီး Coen ညီနောင်ဖြစ်တဲ့အပြင် ကိန်းရုပ်ရှင်ပွဲတော်က Palme d’Or လို ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ရုပ်ရှင်ပါ Writers Block ဆိုတဲ့ စာရေးဆရာတွေ အကြံဉာဏ်မထွက်တဲ့ အကြောင်းကို psychological comedy ဆန်ဆန်ပုံဖော်ထားပြီး ဒိုင်ယာလော့ခ်တွေကလည်း စိတ်ဝင်စားစရာကောင်းပါတယ် ဘာတွန်ဖင့်န်က နာမည်ကြီးပြဇာတ်ရေးဆရာဖြစ်ပြီး ဝေဖန်ရေးဆရာတွေ ချီးကျူးခံရတာကို မနှစ်မြို့ပဲ သူ့ရင်ဘတ်ခံစားချက်အတိုင်း လူလတ်တန်းစားတွေရဲ့ စိတ်ခံစားချက်ကို တင်ပြဖို့ကသာ အိပ်မက်ပါ ဒါပေမဲ့ မိတ်ဆွေတစ်ယောက်ညွှန်းမှုနဲ့ ဟောလိဝုဒ်ကိုရောက်သွားပြီး ရုပ်ရှင်ဇာတ်ညွှန်းရေးရဖို့ ဖြစ်လာပါတယ် သူ့အတွေးအခေါ်နဲ့ လုံးဝမကိုက်ညီတဲ့ ပရိုဂျူဆာတွေရဲ့ ဖိအားပေးမှုတွေ ကြုံရတဲ့အခါ……. စာရေးဖို့ အကြံက တစ်နေပြီး သူနေတဲ့ ဟိုတယ်မှာပါ ထူးထူးဆန်းဆန်းတွေ ကြုံလာရတဲ့အခါမှာ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ File size…(2.5 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:56:00 Genre… Comedy, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

7.6 1991
Barton Fink
MacGruber
5.6

2010 တုန်းက ထွက်ရှိခဲ့တဲ့ ဟာသ အက်ရှင်ကားလေး တင်ဆက်ပေးချင်ပါတယ်။ ဒီကားကတော့ ကြည့်ရှုသူတွေ အပန်းပြေရမှာ အမှန်ပါပဲ။ Rated R ဖြစ်တဲ့ အတွက်ကြောင့် လူကြီးဟာသတွေလည်း အများကြီးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ မင်္ဂလာပွဲမှာ ဇနီးသည် သေဆုံးပြီးတဲ့နောက် အနားယူလိုက်တဲ့ စစ်မှုထမ်း အထူးအေးဂျင့်ဟောင်း မက်ခ်ဂရူဘာကို နျူးကလီယား ဒုံးကျည် အခိုးခံရမှု အတွက် လာခေါ်ခံရပြီး။ သူ့ဇနီးကို သတ်သွားတဲ့ သူက နျူးကလီးယား ဒုံးကျည်ကို ခိုးခဲ့တယ်ဆိုတာ သိသွားတဲ့ အခါမှာတော့ ကလဲ့စားအတွက်ရော နိုင်ငံကို ကာကွယ်ဖို့ အတွက်ရော မစ်ရှင် စတင်ပြီး ဘယ်လို ဆက်ဖြစ်သွားမယ်ဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။ File Size : 1.8 GB /808 MB Quality : WEB-DL 1080p / 720p Running Time : 1hr 30min Format : Mp4 Genre : Action, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Zin Sann Oo Encode by : Thit San Khant

5.6 2010 90 mins
MacGruber
Dark Figure of Crime
6.7

Dark Figure of Crime (2018) **************************** 2018ကထွက်ရှိထားတဲ့ Dark Figure of Crime ဆိုတဲ့ ဒီမှုခင်းဇာတ်ကားလေးမှာတော့ Kingdom ထဲက မင်းသားဂျူဂျီဟွန်းနဲ့ The Frog ထဲက ဝါရင့်သရုပ်ဆောင်ကြီး ဂင်ယွန်းဆော့တို့ အဓိက ပါဝင်ထားပါတယ် .. တခြားဇာတ်လမ်းတွေနဲ့ မတူတဲ့အပိုင်းကတော့ ဒီဇာတ်လမ်းက 2010 ခုနှစ်၊ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်းဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ ******************** ချစ်သူကောင်မလေးကို သတ်မှုနဲ့ အချုပ်ကျသွားတဲ့ ဂန်ထယ်အိုတစ်ယောက် ဘူဆန်မြို့ရဲ့စုံထောက်ဖြစ်သူ ဂင်ဟျောင်းမင်ဆီ ဆက်သွယ်လာပါတယ်။ ဆက်သွယ်လာရတဲ့အကြောင်းရင်းကတော့ သူကျူးလွန်ထားတဲ့ နောက်ထပ် လူသတ်မှု 7 ခု အကြောင်းကို ဝန်ခံဖို့ပါပဲ။ ဒါပေမဲ့ ဒီပြစ်မှုတွေကို ဂန်ထယ်အိုက စုံထောက်ဂင်ဟျောင်းမင်တစ်ယောက်တည်းဆီပဲ ဝန်ခံခဲ့ပါတယ်။ သူဒီလိုလုပ်ရတဲ့အကြောင်းရင်းက ဘာဖြစ်မလဲ။ ဂင်ဟျောင်းမင်ကရော ဒီအမှုတွေအကုန်လုံးကို ဖော်ထုတ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေအောက်မှာပဲ လူသတ်သမားနဲ့ စုံထောက်တို့ကြားက အားပြိုင်မှုကို ရင်တလှပ်လှပ်နဲ့ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းကို Double M မှ ရေးသားထားပါတယ်) File size…1.76GB / 732MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 52 min. Genre ….. Thriller, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Double M Encoded by AHtet

6.7 2018 111 mins
Dark Figure of Crime
Trapped Inn
3.1

Trapped Inn (2024) IMDb Rating (3.1) / Rotten Tomatoes (86%) 2024 ထွက် Thriller ကားအသစ်ပါ။ Thrillerကားတွေမှာတော့ ဇာတ်ကို ဘာမှမသိဘဲ ကြည့်ရတာ ပိုအရသာရှိလိမ့်မယ်ဆိုတော့ အရမ်းအကောင်းကြီး ခမ်းခမ်းနားနားကြီးမဟုတ်ပေမဲ့ အတန်အသင့်လက်သင့်ခံလို့ရတဲ့ ပမာဏလောက်နဲ့ ဇာတ်ကောင်တွေနဲ့အတူတူ ဘာတွေဖြစ်နေလဲ မသိဘဲ စီးမျောကြည့်ချင်ရင်တော့ ကြည့်လိုက်ပါ။ ဘာတွေဖြစ်နေလဲဆိုတာက မထင်ထားလောက်တဲ့အချိန်ကျမှ ရုပ်လုံးပေါ်တာဆိုတော့ ဇာတ်လမ်းက မပြောင်မြောက်လှပေမဲ့ ကြည့်တော့ကြည့်ကောင်းမှာပါ၊။ အညွှန်းဖတ်တာကို ဒီလောက်နဲ့ရပ်ပြီး ကြည့်ကြည့်လိုက်ပါ။ဇာတ်လမ်းကတော့ ပြိုင်ဘီးစီးတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်။ သူတို့က ပြိုင်ဘီးစီးကျင့်ဖို့ တောင်မြင့်ပြီး ဝေးလံခေါင်သီတဲ့ဒေသတစ်ခုကို ရောက်လာတယ်။ အဲဒီဒေသက အင်းမှာ သွားတည်းတယ်။ အင်းပိုင်ရှင် လင်မယားကတော့ ဖော်ဖော်ရွေရွေပါပဲ။ ကောင်မလေးတွေလည်း အဲဒီမှာရှိတယ်။ ဒီလိုနဲ့ အင်းပိုင်ရှင် လင်မယားမူမမှန်နေတာကို သူတို့အဖွဲ့ထဲက တစ်ယောက်က သတိထားမိသွားတဲ့အချိန် လူတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်လာတယ်။ ဘာလို့ပျောက်ကုန်ကြလဲ ဘယ်သူတွေလွတ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ပါတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.9 GB) / (980 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Science Fiction,Thriller Duration….01:54:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

3.1 2024 114 mins
Trapped Inn
Suky
6

လက်ဝှေ့တို့ ဖိုက်တင်တို့ကိုမှကြိုက်တဲ့ ခပ်ကြမ်းကြမ်းဘဲကြီးတွေ အတွက် Suky ဆိုတဲ့ နိုက်ဂျီးရီးယား ဇာတ်ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ နိုက်ဂျီးရီးယားဆိုပေမဲ့ အထင်တော့မသေးလိုက်ပါနဲ့။ မထင်ရင်မထင်သလို ဇာတ်လမ်းကောင်းကြီးတွေချပြလေ့ရှိလို့ နိုင်ငံတကာရုပ်ရှင်လောကက စောင့်ကြည့်နေရတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။အခုဇာတ်ကားလေးကလည်း အစပိုင်းတော့ဟင်ခနဲ ဟာခနဲဖြစ်ရပေမဲ့ နောက်ပိုင်းမှာဇာတ်လမ်း ဇာတ်ကွက်တော်တော်ကောင်းလာပြီး မြင်တွေ့နေကျ ဇာတ်ညွှန်းတွေနဲ့ကွဲထွက်နေတဲ့အတွက် ရှုစားကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဆူကီဆိုတဲ့ကောင်လေးတစ်ယောက်က လက်ဝှေ့သမားတစ်ဖြစ်လဲ လက်ဝှေ့ဆရာသူ့အဖေကိုအားကျပြီး လက်ဝှေ့သမားကြီးဖြစ်ချင် နေသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်သူ့အဖေကလုပ်ပွဲတွေထိုးနေမှန်း သိသွားတဲ့အခါမှာတော့ အဖေဖြစ်သူနဲ့အဲ့ဒီအကြောင်းပြောဖြစ်ပြီး နောက်နေ့မှာတော့ သားရဲ့စကားတွေကြောင့် သူ့အဖေအနိုင်ရအောင်ထိုးသတ်ခဲ့ ပါတော့တယ်။ဒါပေမယ့်အဲ့ဒီအကျိုးဆက်ကြောင့် သူ့ရှေ့မှာတင် သူ့အဖေကိုလူဆိုးတွေကလာသတ်ခဲ့ပါတော့တယ်။အဲ့ဒါကြောင့် သူ့အဖေကိုသတ်သွားခဲ့တဲ့လူကိုရအောင်ပြန်သတ်မယ်လို့ ကြုံးဝါးရင်းနဲ့ ၁၂ နှစ်ကြာတဲ့အခါမှာ မွေးစားအိမ်မှာနေထိုင်နေပြီး သူ့ကိုယ်သူအသင့်ပြင်နေခဲ့ပါတော့တယ်။ဒါပေမယ့်အဲ့ဒီလူဆိုးတွေကပဲ သူ့မွေးစားမိဘတွေကိုထပ်သတ်သွားပြန်ပြီး သူ့ကိုပါထောင်ထဲ ရောက်အောင်အကွက်ချခဲ့ပါတော့တယ်။ ဇာတ်လမ်းကြီးကဒီလိုကြီးမလို့မကောင်းဘူးလို့တော့မထင်လိုက်ပါနဲ့။ သူထောင်ထဲရောက်မှသာ ဇာတ်လမ်းကတကယ်စပြီး ဆူကီတစ်ယောက် သူလိုချင်တဲ့ သူ့အဖေအတွက်လက်စားချေပေးမဲ့ပန်းတိုင်ဆီကို ရောက်အောင် ကြိုးစားရုန်းကန်ရပုံတွေကို ထောင်တွင်းကခက်ခဲ ကြမ်းတမ်းမှုတွေနဲ့အတူရှုစားရဦးမှာဖြစ်ပါတယ်။ File size… (1.77 GB) / (1.07 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 49m Genre …. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Horror • Adventure • Science Fiction
6 2025 109 mins
Suky
Knee High
5.8

ဇာတ်လမ်းအကျဉ်းကတော့ အဖေဖြစ်သူဆုံးသွားတဲ့အတွက် ကာလ်ဟာအိမ်ထောင်ဦးစီးဖြစ်သွားတယ်။ ကာလ်ဟာ ဇနီးဖြစ်သူကက်ဆီနဲ့အိမ်ထောင်ကွဲထားပြီးသားဖြစ်သူကိုအလှည့်ကျစောင့်ရှောက်ရတဲ့တာဝန်ကိုယူထားရတယ်။ ဖခင်ဖြစ်သူမသေဆုံးခင်မှာ လယ်ယာစိုက်ပျိုးရေးအတွက် ဘဏ်ကနေပိုက်ဆံချေးယူခဲ့ပြီးမဆပ်နိုင်တဲ့အတွက် ကာလ်တို့မိသားစုတို့အတော်လေး ဒုက္ခရောက်နေတယ်။ သူတို့မိသားစုကဟာ ဒီလယ်မြေကိုပဲအားထားပြီးရှာဖွေစားနေရတဲ့အတွက်အခုလိုကြုံတွေ့ရတော့ကမ္ဘာပျက်သလိုဖြစ်နေရတယ်။ ဒါ့အပြင် ကာလ်တို့လယ်ရဲ့အသီးအနှံထွက်နှုန်းကျဆင်းမှုကလည်း ကာလ်ကိုငရဲတွင်းထဲထပ်ဆွဲချလိုက်သလိုပဲ။ ဒါပေမယ့်ရှောင်လွဲလို့မရတဲ့ ဒီအခြေအနေကိုကာလ်တစ်ယောက်ဘယ်လိုရင်ဆိုင်မလဲဆိုတာကြည့်ရှူပေးပါဦး။ File Size… (1.05 MB) / (553 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 54m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML

5.8 2025 113 mins
Knee High