YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Golden Boy(2022)EP40.FIX.WEB-DL.720P(CM).mp4

437.59 MB N/A video/mp4 132 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
That Thing You Do!
6.9

ဒီတစ်ခေါက်မှာတော့ မင်းသားကြီး Tom Hanksက ပွဲဦးထွက်အနေနဲ့ ဒါရိုက်တာ၊ စာရေးဆရာအဖြစ် ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ 1996 ခုနှစ်က That Thing You Do ဆိုတဲ့ IMDB 7/10, Rotten Tomatoes 94% ရရှိထားတဲ့ ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ Musical/Comedy/Drama ကားလေးမှာ မင်းသားကြီးတွေဖြစ်တဲ့ Tom Everett Scott (Dead Man on Campus)၊ Johnathon Schaech (Hush)၊ ဟာသမင်းသားကြီး Steve Zahn (Daddy Day Care) နဲ့ မင်းသမီးချော Liv Tyler (Lord of the Ringsထဲက Arwen)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဇာတ်ဝင်သီချင်းတစ်ဖြစ်လည်း မူရင်းသီချင်းဖြစ်တဲ့ That Thing You Do ဟာဆိုရင် အကောင်းဆုံး မူရင်းဇာတ်ဝင်တေးသီချင်းဆုအဖြစ် ဆုပေးပွဲများစွာမှာ အနိုင်ရရှိခဲ့တာပါ။ ဇာတ်လမ်းအကျဉ်း ၁၉၆၄ ခုနှစ်မှာ Erie, Pennsylvania က လူငယ်လေး ၄ယောက်ပါဝင်တဲ့ တီးဝိုင်းအဖွဲ့လေးက ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆိုတဲ့ သီချင်းတစ်ပုဒ်နဲ့ မမျှော်လင့်ဘဲ လူသိများထင်ရှားလာခဲ့ပါတယ်။ တဖြည်းဖြည်းနာမည်ကြီးလာတော့ အသံသွင်းကုမ္ပဏီကြီးတစ်ခုရဲ့ ကမ်းလှမ်းချက်နဲ့အတူ နိုင်ငံတစ်ဝှမ်း ဖျော်ဖြေပွဲတွေ သွား၊ ဓာတ်ပုံတွေရိုက်နဲ့ မအားမလပ်နိုင်လောက်အောင် အလုပ်တွေရှုပ်နေခဲ့တာပေါ့။ လူမသိသူမသိဘဝလေးကနေ ရုတ်တရက်ကြီး အောင်မြင်သွားပြီး တိုင်းသိပြည်သိ အနုပညာရှင်ဖြစ်သွားတဲ့အခါ ဒီအောင်မြင်မှုရဲ့ဝန်ကို ဘယ်လိုတွေထမ်းပိုးရမလဲဆိုတာ၊ အောက်ခြေမလွတ် ဘဝင်မမြင့်ဘဲ အဆုံးထိ အောင်မြင်မှုကို ထိန်းသိမ်းနိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးထဲမှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်တာမို့ အတုယူစရာ ပညာရစရာလေးတွေကိုလည်း တစ်ပါတည်း ရှုစားနိုင်မှာပါ။ အောင်မြင်မှုဆိုတာ စတင်ဖို့မလွယ်သလို ထိန်းသိမ်းထားဖို့က ပိုခက်ခဲတယ်ဆိုတာ၊ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အောင်မြင်ကျော်ကြားမှုရဲ့ ကျေးကျွန်ဖြစ်မသွားဖို့ သတိထားသင့်ပုံလေးတွေပါ သိရှိနိုင်မှာပါ။ (ဒီကားလေးထဲက ကြည်နူးစရာလေး တစ်ခုကတော့ ဦးသန့်ကို ထည့်သွင်းဖော်ပြပေးသွားတာပါ။ စာလေးတစ်ကြောင်း ဇာတ်ဝင်ခန်းလေး တစ်ခန်းပဲပေမယ့် ဦးသန့်အကြောင်းကို တလေးတစား ထည့်သုံးသွားတာလေးနဲ့တင် အဲဒီခေတ်အဲဒီအခါက ဦးသန့်ရဲ့ အောင်မြင်မှုကို တွက်ဆကြည့်လို့ရနိုင်ပါတယ်။ ဒီကားရဲ့ စာရေးဆရာ ဒါရိုက်တာဖြစ်တဲ့ Tom Hanksရဲ့ ဗဟုသုတကြွယ်ဝမှုနဲ့ အလေးအမြတ်ထားတတ်မှုကိုတော့ မချီးကျူးဘဲမနေနိုင်လောက်အောင်ပါပဲ) အညွန်းနဲ့ ဘာသာပြန်က Emily ပါ။ File size…(2.5 GB)/(1.7 GB)/(822 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama, Comedy, Romance, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Drama • Romance
6.9 1996 108 mins
That Thing You Do!
Ladder 49
6.4

IMDb - 6.5 RT - 41% မီးသတ်သမားတွေဆိုတာ အမေ့ခံ ပုဂ္ဂိုလ်တွေလို့ပဲ ပြောရမလားပဲ။ ကိုယ့်အသက်ကို ပဓာနမထားပဲ ကယ်တင်မှုတွေလုပ်ပေးပေမဲ့ ဆုတံဆိပ်အချို့က လွှဲလို့ ဘာမှရခဲ့တာမဟုတ်ပါဘူး။ အဲ့ဒီလိုလေးတွေနဲ့ပဲ ချွေးသိပ်ခဲ့ကြရတာပါ။ အဲ့လို‌အမေ့ခံသူရဲကောင်းတွေဖြစ်တဲ့ မီးသတ်သမား‌တွေအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်များစွာရှိပါတယ်။ အဲ့ဒီထဲမှာမှမင်းသား Joaquin Phoenix ရဲ့ ၂၀၀၄ က ရိုက်ကူးခဲ့တဲ့ Ladder 49 ဆိုတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ ဗာတီမောမြို့က ဂျက်မော်ရစ်စင် အမည်ရတဲ့ မီးသတ်သမားရဲ့ဘဝကို အခြေတည်ထားပြီး မီးသတ်သမားတွေရဲ့ ဘ‌ဝတွေ လူမှုပြဿနာတွေ သူရဲကောင်းဆန်မှုတွေ ရိုက်ကူးပြထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဝင်ငွေပိုင်းအရ အောင်မြင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပြီ ကမ္ဘာ့တစ်ဝန်းမှာ သန်းတစ်ရာကျော်ပြန်လည်ရရှိခဲ့ပါတယ်။ File size…(1.77GB)/(1.01GB)/(597MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:55:00 Genre...Action /Drama /Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SPK

Comedy • Fantasy • Science Fiction
6.4 2004 115 mins
Ladder 49
All the Moons
7.6

IMDb Rating - 6.7/10 ၁၉ ရာစုအပြီး စပိန်နိုင်ငံမှာ တတိယ ကာလစ်စစ်ပွဲဖြစ်နေတဲ့အချိန်မှာပေါ့ ဒီဇာတ်ကားရဲ့ အဓိက ဇာတ်လိုက်ကောင်မလေးနေတဲ့ မိဘမဲ့ဂေဟာအပေါ်ကို ဗုံးတစ်လုံးကျသွားခဲ့ပြီး အကုန်အနိစ္စရောက်သွားခဲ့တယ်။ သူသတိပြန်ရလို့ ကြည့်လိုက်တော့ ဂေဟာကလူတွေ တစ်ယောက်မှအသက်မရှိတော့ဘူး။ သူကိုယ်တိုင်လည်း သေအံ့ဆဲဆဲဖြစ်နေပြီ။ အဲ့အချိန်မှာ ထူးဆန်းတဲ့ အမျိုးသမီး ကြီးတစ်ယောက်က သူ့ကိုခေါ် ပြီးဆေးကု‌ပေးလိုက်တယ်။ ကောင်မလေး ပြန်နိုးလာတော့ ဒဏ်ရာတွေက ယူပစ်လိုက်သလိုပျောက်သွားပြီး နာကျင်မှု ဆိုတာလည်းမရှိတော့ဘူး။ ဘယ်လိုကုပေးလိုက်လဲလို့မေးလိုက်တော့လည်း "အနမ်းတစ်ပွင့်" နဲ့ ကုလိုက်တယ်လို့ပဲပြန်ဖြေတယ်။ နောက်သူထပ်ပြီးသိလိုက်ရတာ အဲ့အမျိုးသမီးကြီးတင်မဟုတ် သူနဲ့အတူ အခြားလူတွေပါရှိ‌သေးတယ်ဆိုတာပဲ၊ အားလုံးက စစ်သားတွေဆီကနေပုန်းပြီး နေနေကြတယ်။ နောက်နေ့ရောက်တော့ စစ်သားတွေက သူတို့ပုန်းတဲ့နေရာ သိသွားလို့ ဝင်စီးခံရတဲ့အခါ အမျိုးသမီးကြီးနဲ့ကောင်မလေးတို့ နှစ်ယောက်က အတူတူထွက်ပြေးကြတာပေါ့။ ပြေးရင်းပြေးရင်း ချောက်ကမ်းပါး‌နားရောက်သွားတဲ့ အခါမှာ အမျိုးသမီးကြီးက သေနတ်နဲ့ အပစ်ခံလိုက်ရပြီး ကောင်မလေးက ချောက်ထဲကျရော။ အထက်မှာပြောသွားတာတွေက ဇာတ်လမ်းရဲ့ အစပိုင်းအဖြစ်အပျက်တွေလောက် ပါပဲ။ တကယ့်နောက်ဆက်တွဲတွေကတော့ Horror ဆန်ဆန်ဆက်ကြည့်ရမယ့် အခန်းတွေအများကြီးကျန်ပါသေးတယ် . ဇာတ်လမ်းက ဇာတ်ရှိန်အေးအေးနဲ့ Horror ကား ကြိုက်တဲ့သူတွေအတွက်ကြည့်လို့ကောင်းမယ့် ကားမျိုးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size - (1.2 GB) / (540 MB) / (340 MB) Quality – Web-Rip 1080p/ 720p / 480p Duration - 1Hr 42mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Fantasy, Horror Translator – Khant Sett Naing Encoder – SWM

Drama • History • Romance
7.6 2020 102 mins
All the Moons
Think Like a Man
6.9

2009 ခုနှစ်ကထုတ်ဝေထားပြီး review ကောင်းတွေနဲ့နာမည်ကျော်တဲ့ Steve Harvey ရဲ့ "Act like a lady, think like a man" ဆိုတဲ့မိန်းမတွေအတွက်ယောက်ျားတွေရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် IMDb 6.5/10. Rotten tomatoes 54%ထိရရှိထားပြီးဗျူဟာအသစ်တွေနဲ့အချစ်စမ်းကြမဲ့အမျိုးသမီးတွေနဲ့ အမျိုးသားထုကြီးအကြောင်းကိုဟာသဆန်ဆန်ရိုက်ကူးထားတာကိုတွေ့ရမှာပါ Kevin Hart နဲ့သူငယ်ချင်းတွေကတော့အမျိုးသားထုကြီးကိုကိုယ်စားပြုထားတာဖြစ်ပြီး Steve ရဲ့စာအုပ်ကြောင့်သူတို့ရဲ့အချစ်ရေးကိစ္စတွေမှာပရမ်းပတာတွေဖြစ်သွားပါတော့တယ် စာအုပ်ဖတ်ပြီးတစ်ကွက်ကြိုမြင်နေတဲ့အမျိုးသမီးတွေဖက်ကစစချင်းတစ်ပန်းသာနေခဲ့ပေမဲ့ ကစားပွဲအလှည့်အပြောင်းတစ်နေရာအရောက်မှာတော့... နည်းဟောင်းတွေနဲ့တိုက်လို့မရတော့တဲ့အတွက်‌အမျိုးသားထုကြီးကလည်းဗျူဟာအသစ်တွေထုတ်သုံးရပါတော့တယ် ဒီလိုနဲ့အမြဲတမ်းလွန်ဆွဲနေတဲ့အချစ်စစ်ပွဲမှာဘယ်သူတွေကအနိုင်ရသွားမလဲဆိုတာကိုပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်

6.9 2012 122 mins
Think Like a Man
They Came Back
5.5

They Came Back (2004) ~ IMDb - 5.8/10, Rotten Tomatoes - 78% ~ ကိုယ်ချစ်ရတဲ့သူတွေ ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့နေရာကို ထွက်သွားပြီးမှ ရုတ်တရက်ပြန်လာရင် ဘယ်လိုဖြစ်မလဲ... ဒီဇာတ်ကားလေးမှာတော့ ကမ္ဘာနဲ့အဝှမ်း အရင် ၁၀ နှစ်အတွင်းက သေပြီးသားလူတွေက ရုတ်တရက်ကြီး လမ်းတွေပေါ်မှာ အကောင်းပကတိအတိုင်း ပြန်ရောက်လာတာကို တွေ့လိုက်ကြရပါတယ်။ သေပြီလို့ လက်ခံထားကြတဲ့လူတွေက ပြန်ရောက်လာတော့ လူမှုရေးမှာရော၊ အလုပ်တွေမှာပါ ကသီလင်တဖြစ်ကုန်ကြတာပေါ့။ အလုပ်နေရာကို ပြန်ပေးရမလား၊ ပင်စင်တွေကို ပြန်ပေးရမလား၊ ကိုယ့်ဘဝထဲက လုံးဝထွက်သွားပါပြီလို့ စိတ်ပိုင်းဖြတ်ပြီးမှ ပြန်ရောက်လာတဲ့သူတွေကို အရင်လို ဘာမှမဖြစ်သလိုပဲ လက်ခံလိုက်ရမလားပေါ့။ ဒီဇာတ်ကားလေးက ကြောက်စရာမကောင်းပေမဲ့ ကျောချမ်းစရာတော့ကောင်းပါတယ်။ ပြန်ရောက်လာတဲ့သူတွေက ပုံမှန်မဟုတ်ကြဘူးလေ။ ပြန်ရောက်လာတာကိုက ပုံမှန်မှမဟုတ်တာကိုး။ Fantasy, Drama လို့ပြောလို့ရတာပေါ့။ နာမည်တူ Series တစ်ခုရဲ့ Spin-off လို့လည်းပြောလို့ရပါတယ်။ ကားကောင်းတွေထွက်တာများလေ့ရှိတဲ့ ပြင်သစ်တွေရဲ့ထုံးစံအတိုင်း ကြည့်ရတာ တန်ပါတယ်လို့ အာမခံပေးလို့ရတဲ့ ပြင်သစ်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 820MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration - 1H 42Min Genre - Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Action & Adventure • Drama • Sci-Fi & Fantasy
5.5 2004 102 mins
They Came Back
Earwig
5.5

2021 မှာထွက်ရှိထားတဲ့ ပြင်သစ်အမျိုးသမီးဒါရိုက်တာ Lucile Hadzihalilovic ရဲ့ ပထမဦးဆုံးသော အင်္ဂလိပ်စကားပြောရုပ်ရှင်ဖြစ်ပြီး စားရေးဆရာ Brian Catling ရဲ့ ဝတ္ထုကို မှီငြမ်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဥ်း 1950 ဝန်းကျင် ဥရောပအငွေ့အသက်တွေနဲ့ ရိုက်ကူးထားတဲ့ ဒီကားရဲ့ဇာတ်ဆောင်ဖြစ်သူ အဲလ်ဘတ်ဆဲလင့်ခ်က မီရာလို့ခေါ်တဲ့ ဆယ်နှစ်အရွယ်ကလေးမလေးကို ပြုစုစောင့်ရှောင့်ရသူပါ။ ဒီမီရာလို့ခေါ်တဲ့ကလေးမလေးကို အဲလ်ဘတ်အဓိကလုပ်ပေးရတဲ့တာဝန်က ကလေးမရဲ့ ရေခဲနဲ့လုပ်ထားတဲ့အံကပ်ကို ထိန်းသိမ်းလဲလှယ်ပေးရတာပါပဲ။ တစ်နေ့မှာတော့ အမြဲတမ်းဖုန်းပဲဆက်တတ်တဲ့ အလုပ်ရှင်ဟာ မီရာကို သူတို့ဆီခေါ်လာဖို့ အဲလ်ဘတ်ကိုပြင်ဆင်ခိုင်းတဲ့အခါ… တစ်ကားလုံးမှာ Dialogue နည်းနည်းသာပါပြီး mystery ဆန်ဆန် melodrama ဆန်ဆန် ရိုက်ကူးထားတဲ့ ဒီ Earwig ဆိုတဲ့ရုပ်ရှင်ဟာ fantasy/horror genre အမျိုးအစားပါ။ ဝတ္ထုထဲမှာပဲသေချာပါပြီး ရုပ်ရှင်မှာမပါတဲ့ trivia တစ်ခုကတော့ ရုပ်ရှင်နာမည် Earwig က အကြားအာရုံအင်မတန်ကောင်းတဲ့ အဲလ်ဘတ်ရဲ့ nickname ဆိုတာပါပဲ….. File size…1.19GB / 476MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 54m Genre ….. Drama , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aerin

5.5 2021
Earwig
Office Race
5.2

ပက်ကယ်စတီကတော့ ကိုယ့်ကိုကိုယ် ဘာစိတ်ဝင်စားလို့စားမှန်းမသိ ဘာဝါသနာပါလို့ပါမှန်းမသိ အလုပ်မှာရော အိမ်မှာပါ ရေလိုက်ငါးလိုက် သက်သာသလိုနေရင်း ဘဝတက်လမ်းမမြင်တဲ့လူတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့ဘော့စ်ဖြစ်သူက သူ့ကို ကျော်ပြီး သူ့လက်အောက်က ဝန်ထမ်းဖြစ်တဲ့ စပင်ဆာကို ရာထူးတိုးပေးလိုက်ပါတော့တယ်။ ဒီအချိန်မှာ ပက်နဲ့ စပင်ဆာနဲ့ အဆင်မပြေဖြစ်ပြီး ကုမ္မဏီတစ်ခုနဲ့ စာချုပ်မချုပ်နိုင်ရင် အလုပ်ပြုတ်မယ့်ကိန်းမြင်နေရတဲ့ပက်က အဲကုမ္မဏီရဲ့ ကိုယ်စားလှယ်ကို အပီချုပ်ဖို့ကြိုးစားရပါတော့တယ်၊ အဲဒီကိုယ်စားလှယ်က မာရသွန်ပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်မှာ ဖြစ်တဲ့အတွက် သူလည်း စာချုပ်ချုပ်နိုင်လို့ချုပ်နိုင်ငြား မာရသွန်ပြိုင်ပွဲမှာ စာရင်းပေးသွင်းထားကြောင်း ဖောရှောရိုက်ပါတော့တယ်။ အဲကနေ စကားကျွံပြီး စပင်ဆာနဲ့လည်း အဆင်မပြေဖြစ်ပြီး ပြိုင်ပွဲမှာ ဘယ်သူနိုင်အောင်ပြေးမလဲဆိုတာကို စပင်ဆာနဲ့ ဒေါ်လာတစ်သိန်းကြေး အလောင်းအစားလုပ်ပါတော့တယ်။ ပက်အနေနဲ့ရော စာချုပ်ချုပ်နိုင်ပါ့မလား၊ သူလုပ်ထားတဲ့အလောင်းအစားမှာရော နိုင်ပါ့မလား၊ သူ့ရဲ့ရေလိုက်ငါးလိုက် စိတ်ဝင်စားစရာမရှိတဲ့ဘဝကြီးကိုရော အပြောင်းအလဲရှိလာပါ့မလားဆိုတာကို စိတ်ဝင်တစား တပျော်တပါး ရယ်မောပြီး ကြည့်ရှုရမှာပါ။ File size…(1.7 GB)/(962 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

5.2 2023
Office Race
I Need You Baby
5

I Need You Baby [2022] ( IMDb 5/10 ) ဘီနိုနဲ့ ကတ်သီတို့ လက်ထပ်ပေါင်းသင်းခဲ့ကြတာဟာ ၅နှစ်တာသက်တမ်းထဲ ဝင်ရောက်လာခဲ့ပါပြီ… သူတို့ချင်းနားလည်မှုတွေနဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားကြပေမယ့် ကတ်သရဲ့မိဘတွေကတော့ တောင်းဆိုမှုတစ်ခုကို သူတို့လင်မယား ညားကတည်းက ပြင်းပြင်းထန်ထန် တောင်းဆိုလာခဲ့ကြတာပါ… အဲ့ဒါကတော့ သူတို့ မြေးချီရရေးပဲဖြစ်ပါတယ်… ၅နှစ်အတွင်း ဗိုက်ကြီးသံလုံးဝမကြားမိသေးတာကြောင့် ကတ်သီ့မိဘတွေက ဩစတြေးလျကနေ အင်ဒိုနီးရှားထိ ပြန်လာပြီး ကတ်သီကလေးမမွေးမချင်း တစ်အိမ်ထဲအတူ နေကြမယ်လို့ ရာဇသံပေးလာပါတော့တယ်… ဒီလိုနဲ့ မိဘစကားကို မကျော်လွှားနိုင်တဲ့ ကတ်သီဟာ နှစ်ပေါင်းများစွာ ကြာရှည်လာပြီဖြစ်တဲ့ ပြဿနာကို ဖြေရှင်းမှကို ရတော့မယ့်အရေး စိုက်လာပါတော့တယ်… ကတ်သီတို့ လင်မယား ဟန်ဆောင်ဗိုက်ကြီးဖို့ ဆုံးဖြတ်လိုက်ကြပြီး ကလေးတစ်ယောက်မွေးစားဖို့လည်း စီစဉ်ထားပါတယ်… အရာရာဟာ စီစဉ်ထားတဲ့အတိုင်းဖြစ်မလာပေမယ့် ရပ်ကွက်ထဲမှာ သူတို့လင်မယားနဲ့ ရုပ်ချင်းဆင်တဲ့ လသားအရွယ်ကလေးတစ်ယောက်ကို အမှတ်မထင် တွေ့လိုက်ကြရာကနေ ဒီကလေးကို မဖို့ ကတ်သီတို့ လင်မယားတိုင်ပင်ကြပါတော့တယ်… တရားဥပဒေနဲ့ မလျော်ညီသော်ငြား ကတ်သီတို့ဟာ ကလေးထိန်းဂျူဝီကို အကြပ်ကိုင်ပြီး ကလေးကို ငှားရမ်းပါတော့တယ်… ဒီအဖြစ်ကို ကလေးမိဘတွေ သိသွားမှာလား… ကတ်သီ့မိဘတွေကရော ကတ်သီတို့ဖုံးကွယ်ထားတာကို မသိရှိဘဲ ပိပိရိရိဖြစ်သွားမလား ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1.4GB | 562MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

5 2022
I Need You Baby
The Tripper
5

The Tripper (2006) =============== လွတ်လပ်မှုကို မြတ်နိုးတဲလူငယ်တစ်သိုက်… ဆေးချမယ်၊ သောင်းကျန်းမယ်၊ ကာမဂုဏ်ခံစားမယ်၊ ဘယ်သူ့ကိုမှဂရုမစိုက်ဘူး ကိုယ်ကြိုက်တာလုပ်ခွင့်ရှိမယ်။ အဲ့ဒါမျိုးက လွတ်လပ်မှုလား၊ အထိန်းအချုပ်မဲ့တာလား၊ ကောင်းတာလား၊ ဆိုး တာလား၊ ဘာပဲဖြစ်ဖြစ် ဒီရုပ်ရှင်ထဲမှာတော့ လွတ်လပ်မှုကိုမြတ်နိုးတယ်ဆိုပြီး ဟစ်ကြွေးနေကြတဲ့ လူငယ်အုပ်စု ဒုက္ခလှလှတွေ့ရပုံလေး ရိုက်ကူးထားပါတယ်။ ဆမန်သာတို့လူငယ်အုပ်စုလေးကတော့ တောအုပ်ထဲမှာဖျော်ဖြေပွဲတစ်ခုကို ဆင်နွဲဖို့ချီတက်ခဲ့ကြပါတယ်။ ဖျော်ဖြေပွဲဆိုပေမယ့်လည်း မူးယစ်ဆေးဘာညာ အကုန်လုပ်မယ့်ပွဲလေးပါ။ ဆမန်သာက မသွားချင်ပေမယ့် သူ့ရည်းစားဟောင်း လက်ထဲကနေလွတ်ဖို့ လိုက်လာခဲ့ပါတယ်။ တောထဲရောက်တော့ သူငယ်ချင်း ငါးယောက်ပေါင်းပြီး ဆေးတွေကွဲလိုက်ကြတာ မြင်လို့မှမကောင်း… သူတို့တင် ပဲမဟုတ် တစ်ခြားလူငယ်တွေလည်း အပျော်ကြူးကုန်ကြပါပြီ။ ဒါပေမဲ့ ဖျော် ဖြေပွဲနဲ့မလှမ်းမကမ်းနေရာကနေ အလောင်းတစ်လောင်းကို စတွေ့ပါတော့တယ်။ ညနေပိုင်းရောက်တော့ နောက်ထပ်အလောင်းတစ်လောင်းထပ်တွေ့တော့ ပါတီ ပွဲကိုဖျက်သိမ်းဖို့လုပ်ပါတော့တယ်။ လူငယ်တွေလည်း အထိတ်တလန့်ဖြစ်ကုန် ကြပြီး ဆမန်သာတို့သူငယ်ချင်းအုပ်စုကလည်း အဖွဲ့ကွဲသွားတဲ့အခါ…. ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဆက်ကြည့်လိုက်ပါတော့နော်…. (သွေးသံရဲရဲတွေပါဝင်တာမို့ နှလုံးအားကောင်းသူများသာ ကြည့်ရှုသင့်ပါတယ်ခင်ဗျ ) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size……….(2.64 GB) / (1.13 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Horror Translator…….Jo Jo Va Encoder……….SWM

5 2006 93 mins
The Tripper
All the Names of God

အကြမ်းဖက်ဝါဒ (terrorism) တစ်ကမ္ဘာလုံးက အစိုးရတွေရော၊ သာမန်လက်နက်မဲ့ပြည်သူတွေကိုပါ အနုနည်း၊ အကြမ်းနည်းနဲ့ ဒုက္ခပေးနေတဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်သမားတွေအကြောင်းကို နိုင်ငံတကာက ဇာတ်လမ်းအမျိုးမျိုး၊ ဝတ္တုအမျိုးမျိုးနဲ့ မရိုးနိုင်အောင်ရိုက်ကူးရေးသား ဖော်ပြခဲ့ကြ၊ ဖော်ပြနေကြဆဲပါ။ အခုတင်ဆက်မယ့်ဇာတ်ကားလေးကလည်း အဲ့ထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ အကျင့်အတိုင်း ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးစုကောင်းစားရေး စတဲ့မြင့်မြတ်သန့်စင်တဲ့အကြောင်းအရာတွေကို မစားရဝခမန်းပြောပြီး သူတို့လိုချင်တဲ့အရာကို သူရဲဘောနည်းစွာသူတို့ကိုယ်တိုင်မလုပ်ဘဲ အသိဉာဏ်နည်းပါးတဲ့ အူကြောင်ကြားတွေ၊ ဂေါက်သီးတွေ၊ စိတ်မူမမှန်သူတွေ၊ အစွန်းရောက်တွေကို ချကျွေးပြီး ယုတ်မာတာဟာ အကြမ်းဖက်ဝါဒပါပဲ။ ဒီဇာတ်ကားထဲမှာလည်း ဘာသာရေးအကြောင်းပြပြီး လူငယ်သုံးယောက်ကို လေဆိပ်မှာ အသေခံဗုံးခွဲခိုင်းပါတယ်။ နှစ်ယောက်က အောင်မြင်စွာခွဲနိုင်ခဲ့ပေမယ့် တစ်ယောက်ကတော့ မအောင်မြင်ဘဲ လေဆိပ်ကနေ တက္ကစီသမားတစ်ယောက်ကိုတားစီးပြီး ကိုယ်လွတ်ရုန်းထွက်ပြေးတာနဲ့ ဇာတ်လမ်းစဖွင့်ပါတယ်။ ဒဏ်ရာရသူထင်ပြီး ဆေးရုံပို့ပေးဖို့ စေတနာနဲ့တင်ခေါ်ခဲ့တဲ့ တက္ကစီသမားခမျာ သူ့နားထင်ကိုသေနတ်နဲ့အထောက်ခံပြီး ပြန်ပေးဆွဲခံရမှ အဖြစ်မှန်သိလိုက်ရပါတော့တယ်။ အဲ့ကတဆင့် တက္ကစီသမားနဲ့ မအောင်မြင်ခဲ့တဲ့အကြမ်းဖက်သမား ဘယ်လိုနှစ်ပါးသွားကြမလဲ၊ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကရော ဗုံးခွဲတရားခံတွေနဲ့ တက္ကစီသမားကိုဓားစာခံလုပ်ထားတဲ့ အကြမ်းဖက်သမားကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှူကြရမှာပါ။ Rating အများကြီးရမထားပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ဇာတ်လမ်းအစမှအဆုံးထိ ဇာတ်အိမ်ခိုင်ခိုင်နဲ့ တောက်လျှောက်မလွတ်တမ်း ကြည့်ဖြစ်အောင် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်လမ်း၊ အခက်အခဲကြုံရချိန်မှာ ရှိလာတတ်တဲ့ မိသားစုသံယောဇဥ်စိတ်ကိုဖော်ကျူးနိုင်တဲ့ ဇာတ်လမ်းအဖြစ် အသိအမှတ်ပြုမိပါတယ်။ ဥရောပရုပ်ရှင်ဇာတ်ကားတွေထဲကမှ စပိန်ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း dialouge နည်းနည်း၊ idea များများ ပုံစံမျိုးနဲ့ လေးနက်တဲ့ရသတစ်မျိုး ခံစားမိမှာပါ။ စပိန်ဒါရိုက်တာ Daniel Calparsoro ကရိုက်ကူးပေးထားပြီး Luis Tosar၊ Inma Cuesta၊ Nourdin Batan၊ Patricia Vico၊ Lucas Nabor၊ Antonio Buil စတဲ့စပိန်သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb rating 5.7 ရရှိထားပါတယ်။ File size…(1.7 GB)/(960 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:45:00 Genre…Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

0 2023 105 mins
All the Names of God
Mars Express

IMDb 7.6 ရထားတဲ့ ပြင်သစ် သိပ္ပံစိတ်ကူးယဥ် animation လေးကို တင်ဆက်ပေးလိုက်ပါတယ် ခေတ်လွန်မားစ်ဂြိုဟ်မှာ ဇာတ်လမ်းတည်ထားပြီး Aline ဆိုတဲ့ အလွတ်စုံထောက်မလေးနဲ့ သူ့ရဲ့ပါတနာ Carlos ဆိုတဲ့ စက်ရုပ်တစ်ရုပ်တို့က ဟက်ကာတစ်ယောက်ကို လိုက်ဖမ်းရင်း … နက်နဲတဲ့ လျှို့ဝှက်ကြံစည်မှုတစ်ခုကို သိလာတဲ့ ဇာတ်လမ်းပါ သူတို့ခေတ်မှာ စက်ရုပ်တွေနဲ့ လူသားတွေ ယှဥ်တွဲနေထိုင်ကြပြီး Aline ရဲ့ ပါတနာ Carlos ဟာဆိုရင်လည်း တစ်ချိန်က လူသားတစ်ယောက်ပါပဲ သေဆုံးသွားပြီးနောက်မှာမှ Back-up လို့ ခေါ်တဲ့ စက်ရုပ်အမျိုးအစားအဖြစ် ပြန်အသက်သွင်းခြင်း ခံလိုက်ရတာပါ လူသားနဲ့စက်ကြားက ဆက်နွယ်မှု ခေတ်လွန်ကာလက နေ့စဥ်ဘဝ အခက်အခဲတွေကို တွေ့မြင်ရမှာဖြစ်ပြီး စိတ်ဝင်စားစရာ ဇာတ်လမ်းလေးမို့ ညွှန်းပေးလိုက်ရပါတယ် File size…(1.1 GB)/(606 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Animation, Science Fiction, Action, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Horror • Fantasy
0 2023
Mars Express
My Spy the Eternal City

IMDb 5.7/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Action ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ My Spy ကားရဲ့ sequel ဖြစ်ပြီး ပထမကားထဲမှာလိုပဲ Dave Bautista၊ Ken Jeong နဲ့ Chloe Coleman တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဂျေဂျေက စီအိုင်အေအေးဂျင့်တစ်ယောက်ဖြစ်ပြီး မယားပါသမီးဖြစ်သူ ဆိုဖီ့အတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူပါ။ ၁၄ နှစ်အရွယ် သမီးနားမှာ အနီးကပ်စောင့်ရှောက်ပေးနိုင်ဖို့ အသက်အန္တရာယ်များတဲ့ ကွင်းဆင်းအလုပ်တွေကို ရှောင်ပြီး သတင်းပေးအဖြစ်နဲ့ပဲ ရုံးထိုင်အလုပ်လုပ်ကာ သမီးဖြစ်သူကို ထိန်းကျောင်းဖို့ တာဝန်ယူထားတာပါ။ ဒီလိုနဲ့ သမီးဖြစ်သူက ကျောင်းက ဓမ္မတေးအဖွဲ့နဲ့အတူ အီတလီကို ခရီးထွက်ဖို့ အကြောင်းဖန်လာရာမှာတော့ စိတ်မချနိုင်စွာနဲ့ အထိန်းတော်အဖြစ် ကျောင်းအဖွဲ့နဲ့အတူ လိုက်ပါသွားခဲ့ပါတော့တယ်။ ဂျေဂျေရဲ့ အကြံကတော့ ဒီခရီးစဉ်မှာ ဆိုဖီနဲ့ ရင်းနှီးနိုင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ တကယ်တမ်း ခရီးထွက်ရတဲ့အခါမှာမှ မသိနိုင်တဲ့လူတစ်စုရဲ့ လျှို့ဝှက်အကြံအစည်တွေနဲ့ သူတို့ရဲ့ အသက်အန္တရာယ်တွေ ခြိမ်းခြောက်ခံလာရချိန်မှာတော့… အစိုးရိမ်ကြီးတဲ့ ဂျေဂျေနဲ့ လူငယ်ပီပီ လွတ်လပ်ချင်တဲ့ ဆိုဖီတို့အကြား ဆက်ဆံရေးပြေလည်သွားနိင်မှာလား.. သူတို့နှစ်ယောက်ရင်ဆိုင်ရမယ့် အန္တရာယ်အခက်အခဲတွေကိုရော ဖြတ်ကျော်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre… Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2024
My Spy the Eternal City