YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Golden Boy(2022)EP107.WEB-DL.1080P(CM).mp4

751.07 MB N/A video/mp4 89 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Smokin' Aces
6.5

Ryan Reynolds နဲ့ Ben Affleck တို့တွေအပြင်အခြားနာမည်ကြီးတွေအများကြီးပါတဲ့ ဒီဇာတ်ကားဟာ ကြမ်းလည်းကြမ်းသလို ဆုကြီး ၄ ဆုလည်းရရှိခဲ့တယ်... ဒီကားမှာတော့ မာဖီးယားတွေ ကြေးစားလူသတ်သမားတွေနဲ့ FBI တွေရဲ့ အားပြိုင်မှုကိုတွေ့မြင်ရမှာပါ ဘတ်ဒီအစ်စရယ်လို့ခေါ်တဲ့ဖျော်ဖြေရေးသမားက မာဖီးယားဂိုဏ်းခေါင်းဆောင်အပေါ်သစ္စာဖောက်ခဲ့တာကြောင့် သူ့နှလုံးကိုရဖို့ဆုငွေတစ်မီလီယံထုတ်ထားပါတယ် ဆုကြေးရချင်နေတဲ့ ကြမ်းကြမ်းရမ်းရမ်းကြေးစားအဖွဲ့တွေကလည်း သူ့နောက်လိုက်ပြီးသတ်ဖို့ကြိုးစားပါတယ်.. မာဖီးယားခေါင်းဆောင်ရဲ့လျှို့ဝှက်ချက်တွေသိရဖို့နဲ့ သက်သေထွက်ဆိုဖို့အတွက် သူ့ကိုကာကွယ်ပေးဖို့ အေးဂျင့်မက်စ်နာနဲ့အေးဂျင့်ကော်ရတ်သာတို့က တာဝန်ယူထားရပါတယ်... လူသတ်သမားကခုနစ်ယောက် အေးဂျင့်ကနှစ်ယောက်နဲ့ အစ်စရယ်မသေစေဖို့ကြိုးစားရပါတယ်.. အဲဒါအပြင် ဆွီဒင်လူမျိုးဆိုတဲ့ ထူးဆန်းတဲ့ဇာတ်ကောင်က ဘာဖြစ်နေမလဲ... တဖြည်းဖြည်းနဲ့ သူတို့ FBI ကြားက အရှုပ်အရှင်းတွေပေါ်လာချိန်မှာတော့ မာဖီးယားတွေနဲ့ဘယ်လိုပတ်သက်နေတာလဲ လျှို့ဝှက်ချက်တွေကဘာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါ File Size : (2.7GB)(1.1GB) and (379 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:48:00 Genre : Action ,  Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Poant Encoded by Phyo Pyae

Comedy • Romance
6.5 2006 109 mins
Smokin' Aces
Kiseki: Sobito of That Day
7.9

အ​တောင်မစုံခင် အရွယ်မှာ မိဘ​တွေရဲ့​ဆန္ဒအတိုင်း ​နေခဲ့သလို အ​တောင်စုံလို့ အရွယ်​ရောက်ချိန်အထိ မိဘ​တွေရဲ့ အုပ်ထိန်းမှုကို ဆက်ပြီးနာခံ​နေမလား၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မျက်ကွယ် ပြုပြီး မိဘ​တွေခင်း​ပေးတဲ့လမ်းအတိုင်း ဘဝခရီးကို ဆက်ပြီး ​လျှောက်လှမ်းသွားမလား၊ ကိုယ့် အနာဂတ်လမ်းကို ကိုယ်​တိုင်ဖောက်ပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဝါသနာကိုပဲ ​​ ရှေ့​ရေးကို ကြိုမ​တွေးဘဲ တစိုက်မတ်မတ် အ​ကောင်အထည်​ဖော်သွားပြီး ဘဝကို ​နေ​ပျော်​အောင် ​နေသွားမလား။ ဒီ​မေးခွန်း၂ခုကို ဂျင် နဲ့ ဟိဒဲ လို့​ခေါ်တဲ့ ညီအစ်ကို၂​ယောက်က အခုဇာတ်လမ်းထဲမှာ အ​ဖြေ​ပေးသွားပါတယ်၊ အ​ဖေဖြစ်သူက သား၂​ယောက်ကို ဘဝ​နောင်​ရေးစိတ်​အေးရ​အောင် သူ့အတိုင်း ဆရာဝန်ဖြစ်​စေချင်သူ၊ အစ်ကိုကြီး ဂျင် က သူချစ်တဲ့ဂီတကို သူချစ်ရတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ အ​ပျော်တမ်းတီးဝိုင်းငယ်​ထောင်ပြီး ဘဝကို​ရှေ့ဆက်​နေသူ၊ တစ်နည်း​ပြောရရင် ဖခင်ရဲ့စကားကို တိုက်ရိုက် ဖီဆန်တဲ့ သားမိုက်ကြီး​ပေါ့။ ညီငယ် ဟိဒဲ က​တော့ အစ်ကိုကြီးလို မဟုတ်ဘဲ ဖခင်ရဲ့အလိုအတိုင်း ဆရာဝန်ဖြစ်​အောင်ကြိုးစား​ပေမယ့် ​လိုအပ်ချက်​​တွေ​ကြောင့် သွား​ဆေး​ကျောင်းတက်ခဲ့သူ၊ တစ်ဖက်မှာလည်း ဖခင်မသိ​အောင် ​ကျောင်းက ဝါသနာတူသူငယ်ချင်း​တွေနဲ့ ​ ကျောင်းတွင်းတီးဝိုင်း​လေးဖြစ်တဲ့ Green Boysကိုဖွဲ့စည်းရင်း ဝါသနာကို ​​ချွေးသိပ်ထားတဲ့သူ​ပါ။ ညီဖြစ်သူရဲ့ပါရမီနဲ့ဝါသနာကို သိသွား​တဲ့အခါ အစ်ကိုကြီးဂျင်က Professional Bandတစ်ခုဖြစ်လာ​​အောင် ကိုယ်တိုင်ကြီးကြပ်​ပေးရင်း အ​ဖေဖြစ်သူရဲ့အတ္တနဲ့ ​ကောင်း​စေလိုစိတ်ကို ညီအစ်ကို ၂​ဦးက သူတို့ချစ်တဲ့ဂီတနဲ့ စီးချင်းထိုးရပါ​တော့တယ်။ သီချင်း​ဆိုလို့ ဗိုက်မဝဘူးဆိုတဲ့ အ​ဖေနဲ့ ကိုယ့်ဘဝကိုယ်မ​​ကျောင်းရရင် လူဖြစ်ရတာ အလကားပဲဆိုတဲ့ ညီအစ်ကို ၂ဦး အားပြိုင်ရာမှာ ဂျပန်ပြည်ရဲ့သက်တမ်းရင့် Hip Hop,Pop Rock bandတစ်ခု၊ ဂျပန်ပြည်တွင်းရဲ့ Music industry က စံချိန်​တွေကို အလီလီရိုက်ချိုးထားတဲ့ GReeeeNဆိုတဲ့Bandကြီး စတင်အ​ခြေတည်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာဂျပန်နိုင်ငံရဲ့ လူကြိုက်အများဆုံးနဲ့အောင်မြင်မှုအကြီးဆုံး Bandဖြစ်တဲ့ GReeeeN အ​ကြောင်းကို ဖြစ်ရပ်မှန် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ GReeeeNကို ဂျပန် cultureနဲ့ နီးစပ်သူတိုင်း သိကြသလို J-Music industryနဲ့ သိပ်မရင်းနှီးရင်​​တောင် GReeeeN - Kiseki ဆိုပြီး ရိုက်ရှာကြည့်မယ်ဆိုရင် ၂၀၁၀ပြည့်နှစ်​တွေက ကြားဖူးခဲ့၊ Ringtone ထားဖူးခဲ့တဲ့ သံစဉ်​အေး​အေး​လေးနဲ့ သီချင်းတစ်ပုဒ်ရဲ့ပိုင်ရှင်​​တွေအဖြစ် မှတ်မိသွားမှာပါ။ ပွဲဦးထွက်2007ခုနှစ်က​နေ လက်ရှိအချိန်ထိ Member​​တွေဟာ ဘယ်သူဘယ်ဝါပါဆိုတဲ့ Identityကိုလုံးဝဖုံးကွယ်ထားတဲ့အဖွဲ့၊ တကယ့်အသက်​မွေးဝမ်း​ကြောင်းဖြစ်တဲ့ သွားဆရာဝန်အလုပ်နဲ့ မန်ဘာ​ ၄​ယောက်ရှိတာကို ​E ​၄လုံးပါတဲ့ ပါးစပ်ပုံစံ လိုဂို​​​လေးနဲ့ GReeeeN အဖွဲ့ရဲ့သီချင်း​ကောင်းများနဲ့အတူ စိတ်အားတက်ဖွယ် တင်ဆက်​ထားတဲ့ Musical Drama​ ကောင်း​လေးဖြစ်လို့ တင်ဆက်​ပေးလိုက်ပါတယ်။ ဒီဇာတ်ကား​လေးက​နေ စိတ်ဓါတ်ခွန်အား​တွေ ရ​စေဖို့လည်း ​ဆု​တောင်း​ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Music Quality….WEB-DL 1080p and 720p File size…1.7GB and 986MB and 315MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder .....LK

Action • Adventure • Science Fiction
7.9 2017 111 mins
Kiseki: Sobito of That Day
Breaking at the Edge
4.7

ဘီယန်ကာ ဝုဒ်ရဲ့နေ့စဉ်ဘ၀က အရမ်းခက်ခဲပင်ပန်းရတယ်။ ပထမဆုံး ရင်‌သွေးကိုဆုံးရှုံးခဲ့ရပြီးတဲ့နောက် စိတ်ရောဂါရပြီး ရူးမတတ်ဖြစ်ခဲ့ရတဲ့ ဘီယန်ကာကို ယောကျာ်းဖြစ်သူ အီယန် ဝုဒ်က အနီးကပ်စောင့်ရှောက်ပေးနေတာပါ။ ဒီလိုမျိုး တနေ့တနေ့ မရှိခြင်းနဲ့ရှိခြင်းကို ခက်ခက်ခဲခဲ ခွဲခြားနေရတဲ့ ဘီယန်ကာရဲ့နောက်ကို အခုတလော လိုက်နေတာက ထူးထူးဆန်းဆန်းကောင်မလေးတယောက်။ ဘီယန်ကာတယောက်ကပဲ သူ့ကိုမြင်နိုင်သလို ဒီကောင်မလေးနဲ့ ပတ်သက်ပြီး သူစုံစမ်းလို့ရသိလိုက်ရတဲ့အရာတိုင်းက ထူးဆန်းပြီးရင်းထူးဆန်းနေတယ်။ ယောကျာ်းဖြစ်သူအပါအ၀င် လူတိုင်းကတော့ ဘီယန်ကာတယောက် ကိုယ်၀န်ကြောင့် ဆေးသောက်တာရပ်လိုက်တဲ့အတွက် စိတ်ချောက်ချားပြီး မြင်ချင်ရာမြင် စိတ်ကူးတွေယဉ်နေတာလို့ပဲထင်ကြတယ်။ ဒါပေမယ့် ဒီကောင်မလေးကြောင့် ဘီယန်ကာရဲ့မမွေးဖွားသေးတဲ့ ဒုတိယ ရင်သွေးကိုပါ ထိခိုက်လာတဲ့အခါမှာတော့ ဘီယန်ကာတယောက် ဘယ်အရာက အမှန်တရားလဲ။ သူကပဲရူးနေတာလား။ ဒီကောင်မလေးက ဘာဖြစ်လို့သူ့ကိုမှ ဒီလိုမျိုးလုပ်နေတာလဲ။ တကယ့်အဖြစ်မှန်ကဘာလဲ။ အဆုံးမှာ ဘီယန်ကာနဲ့ သူ့ရဲ့ရင်သွေးလေးရော ဘေးကင်းနိုင်ပါ့မလားဆိုတာကို ရှုစားအားပေးကြပါဦးခင်ဗျ

Drama
4.7 2013 85 mins
Breaking at the Edge
Another Round
7.7

IMDb Rating (8.1/10) Rotten Tomatoes (92%) ကြည့်ပါများလို့သတိထားမိသလောက်ပြောရရင် လူကြိုက်များလို့ကောင်းတယ်သတ်မှတ်ခံရတာ မဟုတ်ဘဲ တကယ်ကောင်းတဲ့ ရုပ်ရှင်အကုန်လုံးနီးပါးမှာတူညီတာတစ်ခုရှိပါတယ်။ ရုပ်ရှင်ရိုက်နေပေမဲ့ ရုပ်ရှင်မဆန်တဲ့ အချက်ပါပဲ။ ဒီလိုရုပ်ရှင်တွေထဲကဇာတ်ကောင်တွေဟာ လူသိပ်ဆန်ပါတယ်။ မကြီးကျယ်ဘူး မမြင့်မြတ်ဘူး။လုပ်ချင်တာလုပ်နေကြတဲ့လူတွေပါပဲ။ အထူးသဖြင့် အရှေ့တိုင်းရဲ့ ရုပ်ရှင်မဆန်တဲ့ရုပ်ရှင်တွေဟာ ရေနီးမြေနီးဓလေ့နီးတဲ့ ကျွန်တော်တို့ရင်ထဲကို ၀င်လွယ်ပါတယ်။ အနောက်တိုင်းဘက်မှာတော့ ဘုံတူညီမှုတစ်ခုကိုသာ မကြည့်ဘဲ တစ်ကားလုံးချုံကြည့်ရရင် အရှေ့တိုင်းရုပ်ရှင်ထက်နည်းနည်းရင်ထဲ၀င်ဖို့ခဲပါတယ်။ ဒီလို၀င်နိုင်တဲ့ကားက မရှားပေမယ့် မများလှပါဘူး။ အခုဒီဒိန်းမတ်ရုပ်ရှင်က ရုပ်ရှင်မဆန်တဲ့ရုပ်ရှင်မျိုးပါပဲ။ ဒီရုပ်ရှင်ဟာ အရက်သမားတစ်အုပ်အကြောင်းပါပဲ။ သူတို့မှာဖော်ပြပါအရည်အသွေးအပြည့်ရှိပါတယ်။ ဇာတ်အိမ်ကတော့...သက်လတ်ပိုင်းကျောင်းဆရာတစ်စုနဲ့ သူတို့ရဲ့သက်လတ်ပိုင်းမပြေလည်မှုတစ်ချို့ပေါ်တည်ထားပါတယ်။ သူတို့စကားအတိုင်းပြောရရင်လူ့ခန္ဓာကိုယ်မှာ မွေးကတည်းက အယ်ကိုဟော 0.05%ပါပါတယ်။ ပြောရရင် ဒီအယ်ကိုဟောနှုန်းကိုထိန်းထားခြင်းက စိတ်နဲ့ခန္ဓာ ကျန်းမာရေးအတွက်ကောင်းတယ် Createive ပိုဖြစ် Realxပိုဖြစ်တယ်ပေါ့ဗျာ။ ဒီတော့ အရက်ကိုကျန်းမာရေးအတွက် စသောက်ဖြစ်ရာကနေ ဘယ်လိုတွေ အထိန်းအကွပ်မဲ့သည့်တိုင် ဖြစ်သွားလဲဆိုတာကို ပြထားတယ်လို့ပဲ အကျဉ်းဆိုရမယ်။ သဘောကျစရာကောင်းတာက သူတို့မူးပြီးသောင်းကြမ်းကြတဲ့အခန်းတွေက အရိုးရဲ့ယိုင်တိုင်ယိုင်တိုင်မဟာပုရိသသီချင်းကို ဒိန်းမတ်စတိုင်သရုပ်ဖော်ထားသလိုပါပဲ ကျွန်တော်တော့ကြည့်နေရင်း အရိုးသီချင်းပဲပြေးမြင်တယ်။ ခင်ဗျားတို့ပတ်ဝန်းကျင်တော့ မသိပေမယ့်ကျွန်တော့်ပတ်၀န်းကျင်က လူတွေအတော်များများကတော့ သက်လတ်ပိုင်းစိတ်ဓာတ်ကျဆင်းမှုနဲ့အတူအရက်သမားဖြစ်လာကြသူတွေများပါတယ်။ ဒီနေရာမှာ ဒီရုပ်ရှင်ဟာ realisticဖြစ်ဖို့ဘက်ကို စကတည်းကဦးတည်ထားတာသိသာပါတယ်။ ကျောင်းဆရာတွေရဲ့ စရိုက်ကိုပုံဖော်ပုံကလည်းပုံဖော်ပုံလဲထိုနည်း၎င်းပါပဲ။ ဒါရိုက်တာကတော့ The Huntတို့ Celebrationတို့လို ဒရာမာကားကောင်းတွေရိုက်ထားတဲ့ Thomas Vinterbergပါ။ မင်းသား ဒါရိုက်တာ ဘာမှပြောစရာမရှိပေမယ့် ရုပ်ရှင်မဆန်တာလွန်သွားလို့ပဲလားတော့မသိပါဘူး Cinematography ပိုင်းမှာတော့ သာမန်အမြင်အရ ပြောလောက်စရာ ဘာမှမတွေ့မိပါဘူး။ အော်စကာပွဲမှာ Best International Film ဆုအတွက် ဒိန်းမတ်ပြည်ရဲ့ ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရထားပါတယ် အော်စကာရချင်ရမယ့် ရုပ်ရှင်ပါပဲ။ တစ်ခုရှိတာက ရုပ်ရှင်ရဲ့နာမည်ကိုက "Another round"ပါ။ တစ်ကားလုံးအရက်ကိုပဲအဓိကထားရိုက်ပြထားတာပါ။ ကျန်တာကောင်းတာဘာညာအသာထား အရက်နဲ့ပက်သက်တဲ့ ဗဟုသုတတိုးချင်ရင်တော့ မိတ်ဆွေကြည့်ကိုကြည့်သင့်ပါတယ်။ တွေ့ကြုံဖူးသလောက်ဆို ကျွန်တော်တို့ထဲက အတော်များများကတော့ လူလတ်ပိုင်းလောက်မှာ အရက်သမားဖြစ်မှန်းမသိဖြစ်လာကြမှာပါ။ ဒီတော့ အဲ့ဒီကာလမရောက်ခင် ရှောင်ရန်ဆောင်ရန်သိရအောင်ကြိုကြည့်ထားသင့်တယ်လို့အကြံပေးချင်ပါတယ်။ ဒိုင်တစ်ပေါက်က လျှမ်းလျှမ်းတောက်ပါတယ်။ File size…(1 GB) and (1.7 GB) Quality….WEB-DL 1080p and 720p Format…mp4 Duration….01:57:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by d3mon , Wira Aung , Tin Myo Lwin

Action & Adventure • Crime • Drama
7.7 2020 117 mins
Another Round
Dragged Across Concrete
6.6

သည်းထိတ်ရင်ဖိုမှုခင်းဇာတ်ကားတွေကို ကြည့်ရှုချင်တဲ့ ပရိသတ်တွေအတွက် ၂၀၁၈ခုနှစ်ထွက် Dragged Across Concrete ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်… IMDb -7.3/10 နဲ့ Rottem tomatoes 73 တောင်ရရှိထားပြီး ရင်တမမနဲ့ တကယ်မိုက်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် ရစ်ဂျမန်းနဲ့ အန်သနီဆိုတဲ့ ရဲအရာရှိနှစ်ယောက်တို့ဟာ တရားခံဖမ်းတဲ့နေရာမှာ ကြမ်းတမ်းစွာ ကိုင်တွယ်ဖြေရှင်းခဲ့တာတွေကို အရပ်သားတစ်ဦးက ဗီဒီယိုရိုက်ယူခဲ့အပြီးမှာတော့ တီဗီသတင်းထဲအထိ ဟိုးလေးတကြော်ကြော်ဖြစ်ပြီး အလုပ်ကနေ လစာမဲ့ လေးပတ် ခေတ္တရပ်စဲခံရပါတယ်။ စုံထောက်ရစ်ဂျမန်းဟာ နောက်လမှာ အသက် ၆၀ပြည့်ပင်စင်ယူရတော့မှာဖြစ်ပြီး ပင်စင်ယူချိန်ရောက်ရင် နေမကောင်းတဲ့ ဇနီးနဲ့ ဆယ်ကျော်သက်သမီးလေးကို ထောက်ပံ့ဖို့ ငွေရေးကြေးရေး အခက်အခဲရှိနေသူပါ။ အန်သနီကလည်းမကြာခင် လက်ထပ်တော့မှာဖြစ်ပြီး သူ့ရှေ့ရေးအတွက် နဲ့ ရည်းစားကို ရွှေပေါ်မြတင်ထားချင်သူအနေနဲ့ သူကလည်း ပိုက်ဆံတစ်နည်းနည်းနဲ့ လိုအပ်နေပါတယ်။ ပိုက်ဆံလိုနေကြတဲ့ အလုပ်လက်မဲ့ ရဲစုံထောက်နှစ်ယောက်ဟာ တစ်နေ့မှာ မသင်္ကာတဲ့ ကားတစ်စီးနောက်ကိုလိုက်ရင်း ရာဇဝတ်မှုတစ်ခုထဲ ခုန်ဆင်းလျက်သားဖြစ်နေပါတော့တယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (1.20 GB) and (550 MB) Quality : WEB-DL 720p Running Time : 2h 39min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-CMRG Translated by Zuel Khant Thwin Encoded by Thanhtike Zaw

Drama • Sci-Fi & Fantasy
6.6 2018 159 mins
Dragged Across Concrete
Stuber
6.7

မျက်လုံးခွဲစိတ်ထားရတဲ့ စိတ်မြန်လက်မြန်သမားရဲတစ်ယောက်နဲ့ အိစိစိနဲ့ စိတ်ပျော့လွယ်တဲ့ အူဘာတက္ကစီသမားတို့ ဘိန်းဖြူရောင်းဝယ်ရေးဂိုဏ်းကိုစုံစမ်းထောက်လှမ်းဖို့ အကြောင်းဖန်လာပါတယ် ဘယ်လိုမှကိုမကိုက်ညီကျတဲ့ သူတို့နှစ်ယောက် ကြမ်းပေ့ရမ်းပေ့ဆိုတဲ့လူဆိုးတွေ ကြားထဲမှာ သတ်လိုက်ဖြတ်လိုက် ပြေးလိုက်လွှားလိုက်နဲ့ပဲ ဘိန်းမှောင်ခိုသမားကိုဖမ်းမိနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ကြယ်၅ပွင့်လေးလိုချင်လွန်းလို့ သူမှာ သေရေးရှင်ရေးကြားထဲအထိကို ရောက်သွားတဲ့ အူဘာသမားလေးရဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဗျ။ တကယ့်ကိုပေါ့ပေါ့ပါးပါးနဲ့ရီနေရတဲ့ဇာတ်ကားလေးပါ။ File size…(1.3 GB) and (670 MB) Quality…1080p WEB_DL.DD.5.1 H264 FGT Format…mp4 Duration…1h33min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Charm,Dolly and August

Comedy
6.7 2019 93 mins
Stuber
Just Say Yes
4.5

Just Say Yes (2022) =============== လမ်းခွဲခံရဖူးတဲ့သူတွေ ရှိကြမှာပါ။ တချို့တွေက မက်ဆေ့ချ်တစ်စောင်နဲ့ လမ်းခွဲခံရမယ်။ တချို့ကတော့ ဖုန်းထဲမှာပဲ လမ်းခွဲခံရမယ်။ တချို့ကတော့ လူကိုယ်တိုင် စသည်ဖြင့် မျိုးစုံပဲပေါ့။ ဒီဇာတ်လမ်းထဲက လော့တာဆိုတဲ့ producerမလေးကတော့ တီဗီမှာ တိုက် ရိုက်ထုတ်လွှင့်နေတုန်းမှာပဲ သူနဲ့စေ့စပ်ထားတဲ့ ချစ်သူဆီက လမ်းခွဲစကား ပြောခံလိုက်ရပါသတဲ့။ ဒီလိုမျိုး တိုင်းသိပြည်သိ ဘဲပစ်ခံလိုက်ရလို့ ကြေကွဲ လူငယ်လေးဖြစ်နေတဲ့လော့တာက သူ့လိုမျိုး producerတစ်ယောက်ဖြစ်တဲ့ ခရစ်နဲ့အတူ သူ့ဘဲပြန်လာအောင် လုပ်ဖို့ စီစဉ်ကြပါတော့တယ်။ ဒီလိုစီစဉ်ရင်းမှာပဲ လော့တာတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ ကောင်း တာတွေဖြစ်လာမလား အဆိုးတွေနဲ့ပဲတွေ့ရမလားဆိုတာကို ရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါး Comedy, Romance ကားလေးကို ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ် ပါတယ်) File Size……….(1.85 GB) / (753 MB) / (461 MB) Quality…………WEB-DL 1080p / 720p / 480P Duration………1Hr 37Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….EL Encoder……….SWM

4.5 2022 97 mins
Just Say Yes
Barbie in A Mermaid Tale

Barbie in A Mermaid Tale (2010) ======================== IMDb Rating – 6.3/10 Barbie in a mermaid tale ဆိုရင်တော့ Barbie fan မှန်ရင် အများကြီး ညွှန်းနေစရာမလိုမယ့် ကားကောင်းလေးပါနော်။ ၂၀၁၀ ထွက် Barbie Movie တွေထဲမှာမှ Fan တွေ အရူးအမူးဖြစ်ခဲ့ရတဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ကြည့်ဖူးသူတော်တော်များများကို ဆံပင်အရောင်ပြောင်းချင်စေ ခဲ့တဲ့ လွှမ်းမိုးမှုအကောင်းဆုံးဇာတ်လမ်းလေးကတော့ … Merliah Summers လို့ဆိုလိုက်ရင် Malibu ရဲ့ Celebrity အကျော်အမော် ရေလွှာလျှောစီးသူတွေထဲကတစ်ယောက်လို့ ပြေးမြင်ကြပါလိမ့်မယ်။ လှိုင်းစီး တဲ့ Stunt တွေလှလွန်းလို့ “Queen of the waves” လို့တောင် တင်စားရတဲ့ ကစားသမားတစ်ဦးပါ။ နာမည်လေးလည်း ရနေပြီးသားဖြစ်လို့ Merliah တစ် ယောက် အကောင်းဆုံးကစားသမားနေရာကို မှန်းထားခဲ့ပါတယ်။ ပြိုင်ပွဲနေ့မှာ လှိုင်းလုံးအမြင့်ကြီးကိုမှ ရွေးပြီးစီးလို့ Merliah လူစိတ်ဝင်စားခံနေရချိန်မှာပေါ့။ ရုတ်တရက်ဆိုသလို လူစိတ်ဝင်စားရတဲ့ အကြောင်းအရင်းက ပြောင်မြောက်တဲ့ စတန့်ကွက်တွေကနေ ရေစင်တာနဲ့အမျှ တဖြည်းဖြည်းပန်းရောင်ပြောင်းလာတဲ့ Merliah ဆံပင်တွေဖြစ်သွားပါတော့တယ်။ နာမည်လည်းကြီး Hightlight လည်း အလကားဖောက်လိုက်ရသလို ဖြစ်သွား ပေမယ့် Merliah ပျော်မနေခဲ့ပါဘူး။ ဆံပင်တင်ဆန်းတာမဟုတ်ဘဲ ခန္ဓာကိုယ် ကပါ တမူထူးပြီး ရေအောက်ထဲမှာ အသက်ရှူနိုင်နေတဲ့အပြင် လင်းပိုင်တစ်ကောင် ကပါ စကားလာပြောသွားလို့ပါပဲ။ လူထူးလူဆန်းဆိုတဲ့ ခေါင်းစဉ်ကြီးအောက်ကနေ နာမည်မကြီးချင်လို့ အဘိုးလုပ်သူကို မေးကြည့်လိုက်တဲ့အခါမှာတော့ ဘဝရဲ့အကြီး မားဆုံး Surprise နဲ့ ကြုံလိုက်ရပါတော့တယ်။ ဒီကားလေးက Barbie in a Fashion Fairytale နဲ့ တစ်နှစ်တည်းထွက်ခဲ့တာဖြစ်ပြီး သူ့ရဲ့အဆက်ဖြစ်တဲ့ Movie ကတော့ ၂၀၁၁ မှာထွက်ရှိခဲ့ပြီး CM ကနေလည်း ဆက်လက်ဘာသာပြန်တင်ဆက်ပေးသွားဦး မှာမို့ စောင့်မျှော်အားပေးကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(2.11 GB) / (985 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 15Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Family, Fantasy Translator…….Hnin Wut Yi Encoder……….SWM

0 2010
Barbie in A Mermaid Tale
Firefly
7.8

Firefly ( 2023 ) Firefly က ဖိလစ်ပိုင် က ရိုက်တဲ့ကားဆိုပေမဲ့ ပုံမှန်မြင်နေကျ ဖိလစ်ပိုင်ကားတွေနဲ့ တော်တော်လေး ကွဲထွက်တယ်လို့ပြောရမယ်။ ဇာတ်အမျိုအစားကလည်း Fantasy , Drama အမျိုးအစား။ ဒီအမျိုးအစားကိုလည်း ဖိလစ်ပိုင်ကားကောင်းတွေထဲ သိပ်တော့မတွေ့ရတတ်ဘူး။ ဒီဇာတ်က ပုံပြင်တွေနဲ့ လက်တွေ့ဘဝကို ချိတ်ထားတဲ့ဇာတ်မျိုးပဲ။ ဒါမျိုးကို ကျွန်တော်တို့ ဟောလိဝုဒ်ကားတွေမှာတော့ ပမာဏတစ်ခုအထိတော့ မြင်တွေ့ခဲ့ရပြီးပြီ။ ဒီလိုကားအကုန်နီးပါးလည်း ကောင်းကြတယ်။ ဥပမာဆို Bigfishတို့ The Imaginarium of Doctor Parnassusတို့ A Monster Callsတို့လိုပေါ့။ ဒီကားက A Monster Callsနဲ့တော့ ပိုဆင်မယ်။ ဒီကားတွေရဲ့တန်းနဲ့တော့ သွားယှဉ်မရပေမဲ့ ဒီကားတွေရဲ့ အငွေ့အသက်မျိုးကို အာရှကားအငွေ့အသက်နဲ့ပါ ပေါင်းကြည့်ရတာတော့ တစ်မျိုးထူးတယ်။ နောက် သူက သူ့ဖိလစ်ပိုင် အငွေ့အသက်ကိုလည်း မဖျက်ထားဘူး။ ဘိုကားတော့မဆန်သွားဘူး။ အားနည်းချက်ကတော့ ဇာတ်လမ်းဟာ အီမိုရှင်နယ်ကိုတော့ ထိခတ်အောင်လုပ်နိုင်ပေမဲ့ သူ့ဇာတ်မှာ သူ့ဇာတ်ကောင်ရဲ့ ဆန့်ကျင်ဘက်မှာနေပြီး သူ့ဇာတ်ကောင်ကို ပိုအားကောင်းလာအောင်လုပ်ပေးနိုင်မယ့်အရာမျိုးက ထည့်တော့ထည့်ထားပေမဲ့ အားမပါလှတာမို့ မပါသလိုဖြစ်နေတော့ ဇာတ်ကောင်ရဲ့ သူ့ဇာတ်လမ်းကိုပြောပြခြင်းဟာ စိတ်ဝင်စားစရာကောင်းပေမဲ့ ရိုးစင်းနေခြင်းပါပဲ။ ဒါပေမဲ့ ဖိလစ်ပိုင်ရုပ်ရှင်တွေရဲ့ တန်းနဲ့ပဲ ပြန်ချိန်ညှိရင်တော့ Firefly ဟာ တော်တော်ကြည့်ကောင်းမယ့်ထဲ ပါနေမှာပါ။ ကြည့်လည်းကြည့်ရခဲမယ့် ဖိလစ်ပိုင်ရုပ်ရှင်မျိုးပါပဲ။ ဇာတ်လမ်းကတော့ အမျိုးသားစာပေဆု ကလေးစာပေဆုရ ပုံပြင်စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာ အယ်ဗာရိုဟာ ဆုလက်ခံတော့မယ့်အချိန်မှာ အင်တာဗျူးတစ်ခုလုပ်ခဲ့ပါတယ်။ အင်တာလာဗျူးတဲ့သူကတော့ သူ့ဇာတ်လမ်းကို သူ့ကိုယ်ပိုင်ဇာတ်လမ်းလို့ မထင်ဘဲ တစ်ယောက်ယောက်ဆီက ကူးချထားတယ်လို့ထင်နေခဲ့တယ်။ ဒီလိုနဲ့ အယ်ဗာရိုဟာ သူ့စာအုပ်ရဲ့ မြစ်ဖျားခံရာဖြစ်တဲ့ တွမ်တွမ်ဆိုတဲ့ ကောင်လေးနဲ့ အဲဒီကောင်လေးရဲ့စွန့်စားခန်းအကြောင်းကို စီကာပတ်ကုံးပြောပြဖို့ ဖြစ်လာတော့တယ်။ တွမ်တွမ်ကတော့ သူ့အမေပြောဖူးတဲ့ ပုံပြင်ထဲက မှော်ဆန်တဲ့နေရာတစ်နေရာကို ခရီးထွက်ခဲ့တဲ့ ကလေးလေးတစ်ယောက်ပါပဲ။ အယ်ဗာရိုပြောပြမယ့် တွမ်တွမ်ရဲ့ မှော်ဆန်တဲ့ဇာတ်လမ်းလေးမှာ ဘာတွေဖြစ်လာမလဲ ဖိလစ်ပိုင်ရဲ့ရှုခင်းတွေနဲ့အတူ စိတ်ဝင်တစားကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ Fireflyဟာ ဘဝမှာ ကျွန်တော်တို့ ကြုံနိုင်မြင်နိုင်တဲ့အထဲက မှော်အဆန်ဆုံးအရာတစ်ခုအကြောင်း ရိုက်ပြထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Fantasy Quality…. 1080p | 720p File size… 1.6GB | 810MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

7.8 2023
Firefly
Mean Spirited

Mean Spirited(2022) ================ ဇာတ်လမ်းအညွှန်း အန်ဒီတစ် ယောက် Youtube မှာ Mean Spirited ဆိုတဲ့ချန်နယ်တစ်ခု ထောင်ပြီး စ နေတဲ့ဗီဒီယို တွေတင် ပေမယ့် လူအာရုံစိုက်ခြင်း စိတ်ဝင်စားခြင်းကို မခံရဖြစ် နေပါတယ် ကြံရာမရတဲ့အဆုံး ဟောလိဝုဒ်မှာ လျှပ်စစ်လူသားအဖြစ် အောင်မြင် နေတဲ့ ငယ်သူငယ်ချင်း ဘရိုက်စ်ဆီကို သွားဖို စီစဥ်လိုက်ကြပါတယ် ငယ်သူငယ်ချင်းဆို ပေမယ့် ဘရိုက်စ် အောင်မြင်လာပြီး နောက် ဘာလို အန်ဒီနဲ့ သူငယ်ချင်းတစ်စုကိုထားသွားလဲ ဆိုတာ သိချင်တဲ့အတွက် ကြောင်ြ ဘ လော့မှတ်တမ်း လေးရိုက်မယ်ဆိုပြီး အန်ဒီရယ် ဂျူးရယ် တွမ်ရယ် နစ်ကီရယ် ဂျိုအီရယ် သူငယ်ချင်းတစ်စု ဘရိုက်စ် ရှိရာ ပိုကိုနိုပြည်နယ်ကို ပိတ်ရက်ခရီးထွက်လာခဲ့ကြပါတယ် ဘရိုက်စ်ဆီ ရောက်တဲ့ နေ့ကစပြီး လမ်းခရီးမှာတင် အမျိုးမျိုး ခြောက်လှန့်ခံရ ပေမယ့် အစသန်တဲ့အန်ဒီ ကြောင့်လိုပဲ ထင်ခဲ့ကြတာ နေ တဖြည်းဖြည်းစိတမ ခြောက်ခြားဖွယ်ရာအဖြစ်အပျက် တွေကို ကြုံလာခဲ့ရပါ တော့တယ် ဒီအ ခြေအ နေ တွေရဲ့ နောက်ကွယ်ကဘယ်သူလဲ ဒီ ခြောက်လှန့်စရာမြိုကြီးက နေ ရောထွက်သွားနိုင်မလားဆိုတာ တွေကို ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို ဟာသကား လေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ DB ပါ ) File size_(1.8GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_0::00 Genre_Horror , Documentry Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB

Horror • Mystery
0 2023
Mean Spirited
I Am: Celine Dion
8.1

ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ ဒါရိုက်တာ Irene Taylor ရိုက်ကူးတဲ့ ကနေဒါလူမျိုး အဆိုကျော် Celine Dion အကြောင်း မှတ်တမ်းရုပ်ရှင် လေးပါပဲ။ Celine Dion ဟာ Titanic ရုပ်ရှင်ဇာတ်ဝင်တေးသီဆိုသူအဖြစ် မြန်မာပရိတ်သတ်နဲ့ မစိမ်းလှသူလည်း ဖြစ်ပါတယ်။ Dion ကို Charlemagne မြို့၊ Quebec ပြည်နယ်မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၁၄ ယောက်အနက် အငယ်ဆုံး သမီးဖြစ်ပါတယ်။ သီချင်းခွေပေါင်း သန်း ၂၀၀ ကျော်အထိ ရောင်းချခဲ့ရတဲ့ Dion ဟာ သမိုင်းတလျှောက် ရောင်းအားအကောင်းဆုံး အဆိုတော်တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ ပေါ့ပ်ဘုရင်မလို့ တင်စားကြတဲ့ သူမဟာ သူမရဲ့ အသံပါဝါနဲ့ ဆိုနည်းဆိုဟန်တွေက တမူထူးခြားသူအဖြစ် ကမ္ဘာမှာ ကျော်ကြားလှတဲ့ အဆိုတော်တစ်ဦးဆိုတာ အထူးတလည် ရည်ညွှန်းဖို့ လိုမယ် မထင်တော့ပါဘူးနော်။ ဒီလို အောင်မြင်မှုတွေ များစွာရခဲ့တဲ့ တစ်ခေတ်မှာ တစ်ယောက်ထွန်းတဲ့ သူမဟာ အခုအခါ stiff-person syndrome လို့ ခေါ်တဲ့ ကြွက်သားတွေ တင်းကျပ်သွားတတ်တဲ့ ရှားရှားပါးပါးရောဂါဝေဒနာကို ခံစားနေရရှာပါတယ် ဒီ documentary လေးမှာတော့ Dion ရဲ့ ဘဝအကြောင်း၊ သူ့မရဲ့ ဂီတအပေါ် ရူးသွပ်မြတ်နိုးမှုတွေ၊ အဆိုတော်သက်တမ်းတလျှောက် အောင်မြင်မှုတွေ၊ မိသားစုနောက်ခံအကြောင်းတွေနဲ့ နောက်ဆုံးမှာတော့ stiff-person syndrome ရောဂါကို ရင်ဆိုင်တွန်းလှန်နေရပုံတွေကို ဝေဝေဆာဆာ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်လို့ Dion ရဲ့ ပရိသတ် ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ ကြည့်ရှုသင့်ပါကြောင်း အကြံပေးချင်ပါတယ် File size…(2 GB)/(1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:43:00 Genre… Documentary, Biography, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ladybug

Action • Animation • Science Fiction • Fantasy
8.1 2024 103 mins
I Am: Celine Dion
Barikowa aka Crazy Scary

Barikowa 1 ယခုတစ်ခါ တင်ဆက်ပေးမှာကတော့ သရဲကားအကြိုက်ပရိသတ်ကြီးအတွက် ဂျပန်Horror ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ Barikowa ဆိုတဲ့သရဲကားလေးဟာ ၁,၂,၃ ၃ကားထွက်ရှိထားတာဖြစ်ပြီးတော့ အခုတင်ဆက်ပေးမှာကတော့ နံပါတ်၁ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဇာတ်လမ်းတစ်ပုဒ်တည်းမဟုတ်ဘဲ ဇာတ်လမ်းတွေအများကြီးကို ပေါင်းပြီးတော့ ဇာတ်ကားတစ်ခုအနေနဲ့ ဖန်တီးတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းလေးတွေကလည်း တစ်ပုဒ်ဆိုတစ်ပုဒ် ကြည့်ရှုလို့ကောင်းတဲ့အပြင် သရဲတွေရဲ့ SFX မိတ်ကပ်တွေဟာလည်း အရမ်းကို ပီပြင်တဲ့အတွက် သရဲကားကြိုက်တဲ့သူတွေအတွက်တော့ ရှယ်ပါပဲ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ဖြစ်ပါတယ်)

Drama • Action • Thriller
0 2023
Barikowa aka Crazy Scary
Scooby-Doo 2: Monsters Unleashed

ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးမယ့်ကားလေးကတော့ ငယ်ငယ်တုန်းကနေ အခုထိ လူကြိုက်များဆဲဖြစ်တဲ့ Scooby Doo ရဲ့ Live action movie 2 လေးပဲဖြစ်ပါတယ်… ဖရက်၊ ဒက်ဖ်နီ၊ ဗဲလ်မာ၊ ရှက်ဂီနဲ့ စကူဘီတို့က လျှို့ဝှက်ဆန်းကြယ်တဲ့အမှုတွေကို ဖြေရှင်းရင်းနဲ့ နာမည်ကျော် လူသိများလာကြတဲ့ လူငယ်အဖွဲ့လေးတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့နှိမ်နင်းလာခဲ့သမျှ လူဆိုးတွေရဲ့ ဝတ်စုံတွေကို ပြတိုက်တစ်ခုမှ လှူဒါန်းခင်းကျင်းပြသဖို့ ဖြစ်လာပါတယ်။ ဒါပေမဲ့ ပြတိုက်ဖွင့်ပွဲရက်မှာပဲ ဖရက်တို့ရဲ့ ရန်သူဟောင်းကြီး တာရိုဒက်တိုင်လ်သရဲဟာ ပြန်ပေါ်လာပြီး ဝတ်စုံနှစ်ခုကို မျက်စိရှေ့တင် ခိုးသွားပါတော့တယ်။ နာမည်ကျော်စုံစမ်းရေးအဖွဲ့ဖြစ်တဲ့ ဖရက်တို့ရှေ့မှာပဲ ဖြစ်ပွါးသွားတဲ့အတွက် သတင်းထောက်တွေက ဖရက်တွေရဲ့ အမှုဖြေရှင်းနိုင်စွမ်းကို မေးခွန်းထုတ်လာပါတော့တယ်။ ဖရက်တို့အပေါ် ပြည်သူတွေရဲ့အားပေးမှုကကျဆင်းလာတဲ့အတွက် နာမည်ပြန်ရအောင် တရားခံဖမ်းဖို့ စုံစမ်းနေချိန်မှာပဲ ပြတိုက်ဟာ ဓားပြအတိုက်ခံရပြန်ပါတော့တယ်။ ဒီလိုနဲ့ နာမည်ပျက်ပြီးရင်း ပျက်လာတဲ့ဖရက်တို့အုပ်စုဟာ အရင်လို တရားခံကို တကယ်ပဲဖမ်းဆီးဖော်ထုတ်နိုင်ပါဦးမလား… တရားခံကရော ဘယ်လောက်အတိုင်းအတာအထိ ဆိုးသွမ်းဦးမလဲ… မြို့နေပြည်သူတွေရဲ့ ယုံကြည်မှုကို ပြန်လည်အရယူနိုင်ဖို့ ဖရက်တို့ငါးယောက်ရဲ့ ကြိုးပမ်းမှုတွေ အလွဲတွေကို ရယ်မောရင်း ဆက်လက်ကြည့်ရှုလိုက်ကြပါစို့ File Size : 1.9 GB, 1.1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Adventure, Comedy, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by : Benni Encode by : Thit San Khant

0 2004
Scooby-Doo 2: Monsters Unleashed
Audition
7.2

Audition ဇာတ်ကားကတော့ Ryu Murakamiရဲ့ဝတ္တုကို Director : Takashi Miike က ပုံဖော်ရိုက်ကူးထားတဲ့ Drama , Horror , Mystery ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb Rating – 7.2/10 Rotten Tomatoes – 81% Psycho Killer ကားတွေ ကြိုက်တဲ့ ပရိတ်သတ်တွေအတွက် အထူးသင့်တော်တဲ့ကားပါ။ တစ်ချိန်လုံးသတ်နေတဲ့လူသတ်ကားတွေနဲ့ ပုံစံကွဲထွက်နေပါတယ်။ ***ဇာတ်လမ်းအညွှန်း*** Yoshikawa လို့ခေါ်တဲ့ သက်လတ်ပိုင်းအရွယ် single father တစ်ယောက်ဟာ သူ့သားဖြစ်သူရဲ့အကြံပေးချက်ကြောင့်နောက်အိမ်ထောင်ပြုဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့စိတ်တိုင်းကျ မိ်န်းမတစ်ယောက်ကို သူ့သူငယ်ချင်းဖြစ်သူရဲ့အကူအညီနဲ့ လူရွေးပွဲလုပ်ပြီးရှာပြီးနောက် မထင်မှတ်ဘဲ သူသဘောကျတဲ့အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သူမနာမည်ကတော့ Asami ပါ။ Asami ကို သူလက်ထပ်ထပ်ခွင့် တောင်းလိုက်တဲ့အခါမှာတော့… လုံးဝမထင်မှတ်ထားတဲ့ အလှည့်အပြောင်းကြီးတစ်ခုကို ကြုံတွေ့လိုက်ရပါတော့တယ်။ အဲ့ဒါကတော့…… ဒီလူသတ်ကားလေးကတော့ 1999ဆိုပေမယ့် Old but Gold ဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်။ မကြည့်ခင် Trailerအရင်ရှာကြည့်လိုက်ပါ ဘယ်လောက်ကြမ်းတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ File size… 5.2 GB / 1.7 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ….. Drama / Horror / Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Benni

7.2 1999 115 mins
Audition
Souleymane’s Story
7.7

Original title: L’histoire de Souleymane အကြောင်းအမျိုးမျိုးနဲ့ ကိုယ့်နိုင်ငံမှာအဆင်မပြေလို့ တိုင်းတစ်ပါးကို ပြောင်းရွှေ့ရတော့မယ်ဆိုရင် အခက်အခဲတွေဆိုတာက အနည်းနဲ့ အများတော့ကြုံရစမြဲပါပဲ။ကိုယ်ပြောင်းရွှေ့ထားတဲ့နိုင်ငံမှာ အလုပ် လုပ်ဖို့အခက်အခဲရှိကြသူတွေရှိသလို နေထိုင်ဖို့အခက်အခဲဖြစ်ကြ သူတွေလည်းရှိပါတယ်။ ဒီလိုရွှေ့ပြောင်းလုပ်သားတွေရဲ့ အခက်အခဲတွေကိုမျက်စိထဲကွင်းကွင်း ကွက်ကွက်မြင်သာလာအောင် တောင်အာဖရိက ဂင်နီကနေ ပြင်သစ်ကို ပြောင်းရွေ့လာခဲ့တဲ့ ဆူလေမန်ဆိုတဲ့လူတစ်ယောက်နဲ့နှိုင်းယှဉ်ပြီး ရိုက်ကူးပြသထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက် ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Souleymane’s Story ဖြစ်ပြီး IMDb Rating ကလည်း 7.7 အထိရရှိထားတဲ့အတွက် အချိန် ပေးရကျိုးနပ်စေပြီး ရင်ထဲမှာတစ်ခုခုထင်ကျန်စေမှာတော့အသေအချာ ပါပဲ။ ဆူလေမန်က ပြင်သစ်ကိုပြောင်းရွှေ့လာခဲ့ပြီးနောက်မှာ ခိုလှုံခွင့်တောင်းဖို့ ကြိုးစားခဲ့ပါတယ်။လက်ရှိမှာတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ တရားဝင် အလုပ်လုပ်လို့မရသေးတဲ့အတွက် အလုပ်လုပ်ခွင့်ရပြီးတဲ့လူရဲ့အကောင့်ကို ငှားပြီး Food Panda Rider လိုမျိုး စက်ဘီးတစ်စီးနဲ့စားစရာတွေလိုက်ပို့ ပေးနေခဲ့ပါတော့တယ်။သူများကိုအားကိုးပြီးအလုပ်လုပ်ရတာဖြစ်တဲ့ အတွက် သူရှာတဲ့ပိုက်ဆံသူအကုန်မရဘဲ ဝေစုတော်တော်များများကို အကောင့်ပိုင်ရှင်ကိုပေးနေရပါသေးတယ်။ဒါပေမယ့် ဒါတွေအားလုံးက သူခိုလှုံခွင့်ရသွားတဲ့အခါကျရင်တော့ အဆင်ပြေသွားမှာပါဆိုတဲ့အတွေးနဲ့ ဆူလေမန်တစ်ယောက် အံကြိတ်ပြီး အားတင်းကာ ဆက်လုပ်ကိုင် နေခဲ့တာဖြစ်ပါတယ်။သဘက်ခါကျရင် သူ့ခိုလှုံခွင့်အင်တာဗျူးဖြေရ တော့မှာဖြစ်တဲ့အတွက်‌ အေးဂျင့်သဘောလိုမျိုးလူတွေနဲ့ချိတ်ပြီး သူ့ကို လက်ခံပေးနိုင်လောက်မဲ့ မျက်ရည်ခြူဇာတ်လမ်းတွေကိုလည်း ကြိုတင် ကျက်ထားရပါသေးတယ်။ဒီလိုနဲ့ သဘက်ခါမတိုင်မှီ ဆူလေမန်ရဲ့ ခက်ခက် ခဲခဲဘ၀ကိုဖြတ်သန်းနေရပုံနဲ့ တကယ်တမ်းခိုလှုံခွင့် အင်တာဗျူးဖြေတဲ့ အခါ သူ့အားထုတ်မှုတွေက အရာထင်ပါ့မလား သူလိုချင်တဲ့ ခိုလှုံခွင့်ကို ရော ရသွားမလားဆိုတာတွေကို စိတ်ဝင်စားစရာရှုစားရမဲ့ ဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.52 GB) / ( 1.03GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

History • Drama • Adventure
7.7 2024 92 mins
Souleymane’s Story