YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Gobangiri.2024.720p.AMZN.WEB-DL (CM).mp4

856 MB N/A video/mp4 404 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Phony
3.5

ဆရာ ဆရာ့ကြီးတွေ ကျော်သွားပေးပါ။ ပညာသင်ဆဲ ညီကိုတွေကတော့ တန်းစီပေးပါ။ ဒီဇာတ်ကားကို အညွှန်းမရေးခင် Found Footage film ဆိုတာ ဘာလဲလို့ မိတ်ဆက်ပေးချင်ပါတယ်။ အတိုချုံ့ပြီး အကြမ်းဖျင်းဘာသာပြန်လိုက်ရရင် အပျော်တမ်းရိုက်တဲ့ မှတ်တမ်းရုပ်ရှင်ပေါ့။ လက်ကိုင်ကင်မရာတွေ ၊ CCTV ကင်မရာက ဗွီဒီယိုမှတ်တမ်းတွေကို ရုပ်ရှင်တစ်ခုအောင်ဖန်တီးထားတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ဘာလို့ ဒီအကြောင်းကိုမိတ်ဆက်ပေးနေရသလဲဆိုတော့ ဒီလိုရုပ်ရှင်အမျိုးအစားတွေ ခေတ်စားလာတာနဲ့အမျှ ကြည့်ရှုသူတွေရဲ့အမြင်တွေလည်း နှစ်ခြမ်းကွဲလွဲလာလို့ပါပဲ။ တချို့ကတော့ ဒီရုပ်ရှင်တွေက အချိန်ဖြုန်းတာပဲလို့ မြင်ကြတယ်။ တချို့ကတော့ ဇာတ်လမ်းဇာတ်ညွှန်းကောင်းဖို့သာ အဓိကပဲမို့ သဘောကျတဲ့သူတွေလည်း အများကြီးရှိကြတယ်။ ဆိုတော့ အကြံပြုရရင် ဒီလိုမှတ်တမ်းရိုက်ချက်ရုပ်ရှင်နဲ့ မရင်းနှီးသေးတဲ့လူတွေက စစကြည့်ချင်းမှာ နဝေတိမ်တောင်ဖြစ်နေနိုင်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ David Bush ဆိုတဲ့ အဓိကဇာတ်ကောင်တစ်ယောက်ဟာ ဒီနေ့ခေတ်မှာ လူတွေဟာ ရည်းစားသနာရဖို့ ၊ အိပ်ဖော်အိပ်ဖက်ရဖို့အတွက် လိမ်လည်နေကြတဲ့ အတုအယောင်တွေကို ဖော်ထုတ် ရိုက်ကူးတင်ပြချင်ခဲ့သူဖြစ်ပါတယ်။ သို့သော်.. ကိုယ်တိုင်ရိုက်ကူးဖို့ ကြိုးစားခဲ့ပေမဲ့လည်း စော်ငြင်းကောင်ဖြစ်နေခဲ့တာကြောင့် မြာပွေသူ သူငယ်ချင်းဖြစ်သူကို မင်းသားလုပ်ပေးဖို့ရာ အကူအညီတောင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ထိုသူငယ်ချင်းဆီကနေပဲ သင်ခန်းစာတွေကိုလည်း အများကြီးရခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ ဂျော့ရှ်ရဲ့အဆိုအရ မိန်းကလေးတွေရဲ့ dating app က ပရိုဖိုင်မှာ 'မိသားစုသာ အရေးကြီးဆုံးပါ' လို့ ရေးထားရင် အဲဒီအဓိပ္ပာယ်က သူ့မှာ ကလေးရှိနေတာပါ တဲ့..။ ပရိုဖိုင်မှာ 'တွယ်ငြိရာသာ ဆုံးရှုံးမှာ' လို့ ရေးထားရင်ရော ဘာအဓိပ္ပာယ်ဖြစ်မလဲဆိုတာတော့ သိချင်သားပဲ။ မှတ်တမ်းရိုက်ချက်တွေရဲ့ ထုံးစံအတိုင်း ကင်မရာတွေက သိပ်မငြိမ်လှဘဲ ရှုပ်ထွေးနေတယ်။ ဒါပေမဲ့ ဇာတ်ကြောင်းကတော့ သိပ်မဆိုးလှဘူးလို့ ပြောရမယ်။ Plot-twist ကိုလည်း ၂ ခါထည့်ထားပြီးတော့ အဆုံးသတ်မှာ ထဆဲမိအောင်လည်း လုပ်ထားသေးတယ်။ ဒီတော့ ကြည့်ရှုရမှာက ရသတော့ စုံပါတယ်။ ဒါကို ကြည့်နေရင်းနဲ့ ဘယ်လိုတွေးမိလဲဆိုတော့ လက်ဖက်ရည်ဆိုင်မှာ အာပေါင်အာရင်းသန်သန် သင်ခန်းစာပို့ချနေတဲ့ စားဘဲကြီးကို မြင်နေရသလို ခံစားရတယ်။ ပြီးတော့ လူတွေမှာရှိတတ်ကြတဲ့ အငုံစိတ်တွေကိုလည်း သာသာနဲ့နာနာ နှက်ထားသေးတယ်။ ချပြချင်စိတ်တွေများနေပြီး plot-twist ကိုသာ နှစ်ခါမထည့်ထားရင် အတော်လေး အဆင်ပြေမယ့်ရုပ်ရှင်ပဲလို့ ထင်မိတယ်။ ဒီလိုအမျိုးအစားနဲ့ရုပ်ရှင်မျိုးဆိုတော့ လူတွေအားလုံး ကြိုက်ပါ့မယ်လို့ အာမတော့မခံနိုင်ဘူး။ သဘောကျတဲ့သူရော သဘောမကျတဲ့သူတွေရော ရှိနိုင်မယ်ဆိုပေမဲ့လည်း သေချာတာကတော့ ဒီလို Found footage film တွေ ခေတ်စားလာဦးမှာပဲ။ ဒီတော့ မြည်းစမ်းကြည့်တဲ့သဘောနဲ့ပဲဖြစ်ဖြစ် ကြည့်ထားကြည့်ဖို့ CM မှ တင်ဆက်ပေးလိုက်ရပါတယ်။ P.S နောက်ဆုံးအခန်း မကြည့်ပါနဲ့။ File size…(1.81GB)  / (`1005MB) / (645MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...  Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Man Htet Myat

Adventure • Family • Fantasy
3.5 2022 92 mins
Phony
Stuber
6.7

မျက်လုံးခွဲစိတ်ထားရတဲ့ စိတ်မြန်လက်မြန်သမားရဲတစ်ယောက်နဲ့ အိစိစိနဲ့ စိတ်ပျော့လွယ်တဲ့ အူဘာတက္ကစီသမားတို့ ဘိန်းဖြူရောင်းဝယ်ရေးဂိုဏ်းကိုစုံစမ်းထောက်လှမ်းဖို့ အကြောင်းဖန်လာပါတယ် ဘယ်လိုမှကိုမကိုက်ညီကျတဲ့ သူတို့နှစ်ယောက် ကြမ်းပေ့ရမ်းပေ့ဆိုတဲ့လူဆိုးတွေ ကြားထဲမှာ သတ်လိုက်ဖြတ်လိုက် ပြေးလိုက်လွှားလိုက်နဲ့ပဲ ဘိန်းမှောင်ခိုသမားကိုဖမ်းမိနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ကြယ်၅ပွင့်လေးလိုချင်လွန်းလို့ သူမှာ သေရေးရှင်ရေးကြားထဲအထိကို ရောက်သွားတဲ့ အူဘာသမားလေးရဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဗျ။ တကယ့်ကိုပေါ့ပေါ့ပါးပါးနဲ့ရီနေရတဲ့ဇာတ်ကားလေးပါ။ File size…(1.3 GB) and (670 MB) Quality…1080p WEB_DL.DD.5.1 H264 FGT Format…mp4 Duration…1h33min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Charm,Dolly and August

Comedy
6.7 2019 93 mins
Stuber
Ghouls
5.4

Ghouls (2017) =========== ဇာတ်လမ်းလေးက ရိုးမလိုနဲ့ဆန်းပြီး Horror/Drama ဘက်ကို ကူးသွားတာမို့ အသစ်အဆန်းသဘောတွေ့တဲ့သူအတွက် အကြိုက် တွေ့မယ့်ကားလေးဖြစ်နိုင်ပါတယ်။ မာရှာဆိုတဲ့ကောင်မလေးကတော့ ပြင်သစ်အဆင်လေး ဂေဘရီရယ်နဲ့ တွေ့ရဖို့ ဆန္ဒတွေစောနေခဲ့ပါတယ်။ မာရှာရဲ့အတန်းဖော် ပိုလီနာက တော့ သူတို့အတွဲတွေ့ဖြစ်အောင် စီစဉ်ပေးရတဲ့ Third Wheel လေး ပေါ့။ ဒါပေမဲ့ ပိုလီနာတစ်ယောက်တည်းဖြစ်မှာစိုးလို့ ဂေဘရီရယ်က ရှန်းဆိုတဲ့တရုတ်တစ်ယောက်ကိုလည်း ခေါ်လာပေးခဲ့ပါတယ်။ အဲ့ဒါနဲ့ လေးယောက်ပေါင်းလောင်းကျော်ပြီး အရမ်းလှပြီးနာမည်ကြီးတဲ့ ရေကန် နားမှာ ပျော်ပွဲစားထွက်လာခဲ့ကြပါတယ်။ အဲ့ဒီရေကန်ရဲ့ မလှမ်းမကမ်းမှာ ရွာလေးတစ်ရွာရှိပြီး နုန်းမြေကြီးလည်းရှိပါတယ်။ သူတို့လုံးဝမသိသေးတဲ့အချက်က အဲ့ဒီရွာလေးမှာ ဘယ်သူမှမရှိဘဲ ပက်ခ်ဟို တို့သားအမိနှစ်ယောက်ပဲ ရှိနေတာပါ။ အဲ့ဒါအပြင် ရေကန်နားကနုန်းမြေကြီး ကလည်း လူစားတယ်လို့ နာမည်ကြီးနေပြီး နှစ်ပေါင်းများစွာငြိမ်သက်နေတဲ့ ဒဏ္ဍာရီက ပိုလီနာတို့လေးယောက်ကြောင့် အသက်ဝင်လာတဲ့အခါ… ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဆက်ကြည့်လိုက်ပါတော့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size……….(1.56 GB) / (680 MB) / (391 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 30mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Fantasy, Horror Translator……. Jo Jo Va Encoder……….SWM

Adventure • Crime • Mystery
5.4 2017
Ghouls
One Day
7

One Day (2011) ~ IMDb rating – 7/10 ~ One Day ကို တော်တော်ရိုမန့်တစ်ဆန်တဲ့ရုပ်ရှင်လို့ ပြောရင် ယုံချင်မှလည်း ယုံကြမယ်။ ဘယ်နားက ရိုမန့်တစ်ဆန်နေတာလဲလို့ ထမေးချင်စရာလည်း ဖြစ်ကောင်းဖြစ်သွားမယ်။ One Day ကိုယ်တိုင်ကလည်း ရိုမန့်တစ်ကို မရမကဖော်ကျူးထားတဲ့ ရိုမန့်တစ်ကားမျိုးမဟုတ်ဘူး။ ဘဝနှစ်ခုရဲ့ အစ အနိမ့် အမြင့်အတက်အကျတွေကြားက လူ၂ယောက်ရဲ့ ဆက်ဆံရေးကိုပဲ ပိုအသားပေးပြသွားတယ်။ ဒါကြောင့်ပဲ One Day ဟာ ပိုရိုမန့်တစ်ဆန်သွားခဲ့တာပဲ။ ဘာလို့ဆို One Day ဟာ လက်တွေ့နဲ့အနီးစပ်ဆုံး ရိုမန့်တစ်ကားမို့ပါပဲ။ ပါရီမှာ လက်ထပ်ခွင့်တောင်းတဲ့ ရိုမန့်ခန်းမျိုး ခင်ဗျားဘဝမှာ ကြုံလာရဖို့ မရှိနိုင်ပေမဲ့ လွဲချော်မှုများစွာ ဝေးကွာခြင်းတွေနဲ့ အချစ်တွေကတော့ ကျိန်းသေပေါက်ရှိနေခဲ့မှာပဲ။ One Day ဟာ ထိုနည်း၎င်း အချစ်တွေအကြောင်းပေါ့။ သက္ကရာဇ် နှစ်လတွေမှာ မြင်နိုင်ဆဲအချစ်တွေဟာ အိပ်မက်တစ်ခုထဲ ချဉ်းနင်းဝင်သွားခဲ့တယ်။ အိပ်မက်တို့ရဲ့ အတ္ထုပ္ပတ္တိကို ကျွန်တော်ပြန်ကြည့်တဲ့အခါ တစ်ခုတည်းသောအဖြေဟာ မနိုးထချင်သူဟာ မမက်မိဖို့သာပဲ။ “အချစ်ဆိုတာ အကြောင်းတရားလား။ အကျိုးတရားလား။ အကြောင်းတရားဆိုရင် အကျိုးသက်ရောက်မှုရှိရမယ်။ အကျိုးတရားဆိုရင်လည်း အကြောင်းဘက်က အရင်းခံရှိရမယ်။ နှစ်ခုလုံးမရှိတဲ့ အချစ်ဟာ အဲဒီနှစ်ခုလုံး မဟုတ်တော့ဘူး…” ဒါကိုကောင်းကောင်းနားမလည်သေးရင်လည်း အဖြေမရှာမကြည့်ကြနဲ့ပေါ့။ ဇော်ဇော်အောင်ပြောခဲ့သလိုပဲ ရင့်ကျက်လာတဲ့တစ်နေ့တော့ ခင်ဗျားသိလာလိမ့်မှာပဲ။ အဲဒီအချိန်မှာ တစ်ဦးတစ်ယောက်ကို ကျေးဇူးတင်လာရခြင်းတွေကလည်း ချစ်ခြင်းများဖြစ်လာလိမ့်မယ်။ လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကျွန်တော်တို့ဘဝကို ပုံသွင်းသွားခဲ့တဲ့ သိပ်ချစ်ရသော မနှစ်သက်နိုင်တော့သော ချစ်ခြင်းတွေဟာလည်း ကျေးဇူးတရားများ ဖြစ်လာလိမ့်မှာပဲ။ မှားယွင်းမှုများစွာ… ချစ်ခြင်းများစွာ… ကျေးဇူးများစွာ… အဲဒီအိပ်မက်ထဲမှာ စီးဝင်နေကြတယ်။ မရှိတော့ပြီဖြစ်သော အိပ်မက်များကို အရှိလုပ်တတ်လာခြင်းဟာလည်း ချစ်ခြင်းရဲ့ချစ်ခြင်းများပါပဲ။ မမြင်သာ မခင်သာသူတို့ကြားလည်း မထင်သာ မမြင်သာနိုင်လည်း တစ်နည်းတစ်လမ်းနဲ့တော့ ရှိနေလိမ့်ဦးမယ်။ မဟောင်းတော့ပြီဖြစ်သော ဒဏ္ဍာရီလာ ခွဲခွာခြင်းများစွာမှာ… ဘယ်တော့မှ မနာကျင်နိုင်ခဲ့တဲ့ ဒဏ်ရာတွေကို ချစ်တတ်လာအောင်လည်း အချစ်တို့ကပဲ သင်ပေးသွားလိမ့်မယ်။ ဒီလိုနဲ့ပဲ… “ငါနဲ့ ငါ့အနာဟောင်းကလည်း ဘဝတစ်ခုဖြစ်ခဲ့တယ်…” Goodbye ကမ္ဘာရဲ့အတွင်းထဲ နစ်ဝင်သွားသလို သိပ်ရင်းနီးဖူးသော ဘဝကို နှစ်ဦးသားရဲ့တစ်ရံတခါဆီမှာ အမှားတွေဟာလည်း လွမ်းစရာရယ်လို့ ဒီလိုတိုင်းသာဆို… ငါဟာ မင်းအမှားဖြစ်နေခဲ့တာ ရှေးလွန်လေခဲ့ပြီးသော ဘဝများစွာ။ Ref – ” ” – ကတ္တီပါလွမ်းချင်းမှ ” ” – မေမြို့မိုးမှ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 630MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 47Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7 2011 107 mins
One Day
Dick
6.2

IMDb Rating (6.2) / Rotten Tomatoes (72%) ကမ္ဘာ့နိုင်ငံရေးအကြောင်းတီးမိခေါက်မိရှိသူဆိုရင်တော့ အမေရိကန်နိုင်ငံက Watergate Scandal ဆိုတဲ့ ကိစ္စကိုသိကြမှာပါ။ သမ္မတ နစ်ဆင်လက်ထက်က နိုင်ငံရေးအရှုပ်တော်ပုံတစ်ခုပေါ့။ သတင်းထောက်လောကမှာဆိုရင်လည်း ဒီကိစ္စက အတုယူမှတ်သားဖွယ်သတင်းတင်ဆက်မှုတစ်ခုအဖြစ်ရှိခဲ့ပါတယ်။ ဒီ Dick ဆိုတဲ့ဇာတ်ကားကတော့ အဲဒီအဖြစ်အပျက်ကို Parody ဆန်ဆန် သရော်ထားတဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကဖြစ်တဲ့အတွက် လက်ရှိအချိန်မှာနာမည်ကြီးနေတဲ့ Deadpool မင်းသားရဲ့ ငယ်ဘဝသရုပ်ဆောင်ပုံတွေကိုတွေ့ရမှာပါ။ Dick မှာဆိုရင် စပိုင်ဒါမန်းမင်းသမီးလို့နာမည်ကြီးတဲ့ Kristen Dunst၊ အော်စကာစာရင်းဝင်မင်းသမီး Michelle Williams တို့အဓိကပါဝင်ထားကြပါတယ်။ ဆယ်ကျော်သက်ကောင်မလေး ၂ ယောက်ဟာ မအူမလည်နဲ့ အမေရိကန်သမ္မတကြီးဆီရောက်သွားပြီးတော့ သမ္မတကြီးရဲ့ လျှို့ဝှက်ချက်တွေကို အမှတ်မထင်ရခဲ့ကြပြီး သူတို့ရဲ့ ဆယ်ကျော်သက်စိတ်တွေကြောင့်ပဲ ဒီအရှုပ်တော်ပုံကြီးပေါ်ပေါက်ခဲ့ရတယ်ဆိုပြီး တကယ့်အဖြစ်အပျက်ကို ဟာသဆန်ဆန်ပြန်လည်ပုံဖော်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ရိုးအီနေတဲ့ နိုင်ငံရေးအရှုပ်တော်ပုံဇာတ်လမ်းကို နောက်ထပ် ဗားရှင်းတစ်မျိုးနဲ့ဟာသဆန်ဆန်ကြည့်ချင်ရင်တော့ Dick ကိုကြည့်ပါလို့ပဲ ညွှန်းဆိုလိုက်ပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Mugiwara Ya မှ တင်ဆက်ထားပါတယ်။)

6.2 1999 94 mins
Dick
The 6th Day

ခရစ်ယာန် သမ္မာကျမ်းစာရဲ့ ကမ္ဘာဦးကျမ်းမှာ ပြောထားတာတစ်ခုရှိတယ်။ လူသားတွေကို ဘုရားသခင်က သူ့ရဲ့အသွင်အပြင်အတိုင်း ဆဌမမြောက်နေ့မှာ ဖန်ဆင်းခဲ့သတဲ့။ လူသားတွေဟာ အသိပညာ အတတ်ပညာတွေမှာ တစ်ခေတ်ပြီးတစ်ခေတ် ကြောက်ခမန်းလိလိ တိုးတက်လာပြီး မျိုးရိုးဗီဇပြုပြင်ပြောင်းလဲတုပခြင်းကို တတ်ကျွမ်းလာတဲ့ အနာဂတ်က အချိန်တစ်ခုမှာပေါ့။ လူသားတွေ မွေးထားတဲ့ အိမ်‌မွေးတိရစ္ဆာန်လေးတွေ အိုမင်းလို့ နေမကောင်းလို့ သေကြရတဲ့အခါ သိပ္ပံပညာရှင်တွေက သူတို့ကို ပုံကြမ်းထည်ကနေ ဆဲလ်ပွားခြင်းနည်းပညာနဲ့ မွေးမြူယူလိုက်ပြီး သေသွားတဲ့ တိလေးတွေနဲ့ ပုံစံတူအောင်လုပ်ကြတယ်။ နောက်ဆုံးအဆင့်အနေနဲ့ တိလေးတွေရဲ့ ဦးနှောက်က မျိုးရိုးဗီဇနဲ့ မှတ်ဉာဏ်ကိုကူးယူပြီး အသစ်မွေးထားတဲ့ကိုယ်ခန္ဓာထဲ ထည့်သွင်းလိုက်တော့ ကျန်းမာပြီးပြည့်စုံတဲ့ အိမ်မွေးတိကလေးကို ပြန်ရတယ်။ သူတို့က ပိုင်ရှင်သင်ထားတဲ့ အကွက်လေးတွေကို အကုန်ပြန်လုပ်တတ်ကြပြီး သူတို့မြှုပ်ထားတဲ့ အရိုးတွေကိုတောင် ပြန်ဖော်စားတတ်ပါသတဲ့။ လူတွေဟာ ဒီလောက်နဲ့ ရပ်တန့်မသွားပါဘူး။ လူသားတွေကိုပါ ပုံတူကူးဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ပထမဆုံးစမ်းသပ်ချက်က မအောင်မြင်ခဲ့ပါဘူး။ ဒီတော့ နိုင်ငံရေးသမားတွေက လူသားပုံတူကူးခြင်းကို ဥပဒေအရ တားမြစ်ခဲ့ပြီး ကိုယ်ပွားဆိုတာရှိလာရင် ဥပဒေအရ ပိုင်ဆိုင်ခွင့်တွေ နေထိုင်ခွင့်တွေမရှိဘဲ ဖျက်ဆီးသတ်ဖြတ်တာခံကြရမှာပါ။ ဥပဒေကို လက်တစ်လုံးခြားလုပ်လိုသူ သူဌေးကြီးတစ်ဦးနဲ့ လူသားပုံတူကူးခြင်းကို အပြည့်အဝ လုပ်ဆောင်နိုင်သူ သိပ္ပံပညာရှင်တစ်ယောက်တို့ ပူးပေါင်းပြီး ဇာတ်ရှုပ်ကြီး လုပ်လိုက်တဲ့အခါ အဒမ် ဂစ်ဘ်ဆင် (အာနိုး) နှစ်ယောက်ဖြစ်လာတဲ့အကြောင်းတွေကို ကြည့်ရှုရမယ့် Old but Gold တစ်ကားဖြစ်ပါကြောင်း။ File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:03:00 Genre…Science Fiction, Action, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arr Khun Winchester

0 2000
The 6th Day
All Jacked Up and Full of Worms

(အဖော်အချွတ်ခန်း ကိုယ်လုံးတီးများ သွေးထွက်သံယို ရွံစရာ ပြကွက်များနှင့် အကောင်ပလောင်များ ပါဝင်သောကြောင့် ကလေးသူငယ်များ မကြည့်ရှုသင့်ပါ။) ဇာတ်လမ်းက ပြောရမယ်ဆို ဘာပြောရမှန်းတောင် မသိပါဘူး။ တီကောင်တွေကို စိတ်ကြွထင်ယောင်ထင်မှားဖြစ်စေတယ်ဆိုပြီး မူးယစ်ဆေးအနေနဲ့လုပ်ပြီး သုံးစွဲနေကြတာက အဓိကပေါ့နော်။ အဲဒီမှာ ချစ်သူဖြစ်တဲ့ကောင်မလေးက ဟစ်ပီဆေးတွေ ချခိုင်းပြီး စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ဘဲပါမယ်။ နောက်ပြီးတော့ ကလေးလိုချင်တယ်ဆိုပြီး ပရမ်းပတာ အရုပ်ကြီးတွေဝယ် ကလေးရူး ရူးနေတဲ့ ဝတုတ်ကြီးတစ်ယောက် ရှိမယ်။ အူကြောင်ကြောင် တီဗီအစီအစဉ်တွေ ကြည့်ပြီး ဂေါက်သီးထ တီကောင်တွေကျွေးနေတဲ့ ပြည့်တန်ဆာမ တစ်ယောက်ရှိမယ်။ လမ်းမပေါ်တင် ဖြစ်ချင်ရာဖြစ် သောင်းကျန်းချင်ရာ သောင်းကျန်းနေတဲ့ အာရှသူတစ်ယောက်နဲ့ ဂျိုကာလို လူပြက်တို့ စုံတွဲတစ်တွဲလည်း ရှိမယ်။ ဒီလူတွေအားလုံးက ဒီလို ရွံစရာကောင်းတဲ့ တီကောင်မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဘယ်လိုဇာတ်ရှုပ်ကြမလဲ ဆိုတာပဲ ဖြစ်ပါတယ်။ File size…(1.6 GB)/(854 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:12:00 Genre…Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thura Aung

0 2022 72 mins
All Jacked Up and Full of Worms
Criminal Activities
5.8

Old But Gold ကားလေးတွေပြန်ကြည့်ချင်သူတွေအတွက် ခေတ်ဟောင်းအက်ရှင်မင်းသားကြီးဂျွန်ထရာဗိုတာပါဝင် သရုပ်ဆောင်ထားတဲ့ Criminal Activities ဆိုတဲ့ ၂၀၁၅ ခုနှစ်က ထွက်ရှိထားတဲ့ဇာတ်ကားလေးကိုပြန်လည်တင်ဆက်ပေးလိုက် ပါတယ်။IMDb Rating 5.8 ရရှိထားပြီး ဇာတ်လမ်းအမျိုးအစား ကတော့သည်းထိပ်ရင်ဖိုဒရာမာအမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းကို ဈာပနတစ်ခုမှာစတင်ထားတာကိုတွေ့ရမှာဖြစ်ပြီး အချိန်မတန်သေးပဲ ကွယ်လွန်သွားခဲ့တဲ့သူငယ်ချင်းဖြစ်သူအတွက် သူ့ရဲ့ သူငယ်ချင်းလေးယောက်က ဈာပနပွဲကိုလာတက်ခဲ့ကြပါတယ်။ နောက်တော့ သူငယ်ချင်းတွေစကားလက်ဆုံပြောကြရင်းနဲ့ အောင်မြင်မှာ သေချာတဲ့စတော့ရှယ်ယာကို ရောင်းဖို့ရှိတယ်ဆိုတဲ့ အကြောင်း သူငယ်ချင်းတစ်ယောက်က စကားစလိုက်တဲ့အခါမှာ ယောက်ျားလေးတွေ ထုံးစံအတိုင်း ရရာနေရာကပိုက်ဆံယူပြီး အကုန်ပုံအောထည့်ဝယ်လိုက်ပါတော့တယ်။ကံကြမ္မာဆိုတာကလည်း ထင်သလောက် သဘောမကောင်းတဲ့အခါမှာတော့ စတော့တွေ အကုန်လုံး သုံးစားမရဖြစ်ကုန်ပြီး လူဆိုးဂိုဏ်းဆီက ပိုက်ဆံချေးလာပေးတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ကောင်းမှုနဲ့လေးယောက်သား တိုင်ပတ်ကုန်ကြပါတော့တယ်။ဒါပေမယ့် လူဆိုးဂိုဏ်းခေါင်းဆောင်က သဘောကောင်းပြီး သူတို့ကိုရွေးချယ်စရာတစ်ခုပေးခဲ့ပါတယ်။ အဲ့ဒီ ရွေးချယ်စရာကတော့ အဲ့ဒီခေါင်းဆောင်ရဲ့ ရန်သူဖြစ်သူရဲ့ညီကို ပြန်ပေးဆွဲပေးရမှာ ဖြစ်ပြီးအဲ့လိုလုပ်ပေးရင်အကြွေးတွေ အကုန် ချေပေးမယ်လို့ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။ဒီတော့ ဘာမှရွေးချယ် စရာရှိမနေတဲ့ သူငယ်ချင်းလေးယောက်လည်းမရဲတရဲနဲ့ ပြန်ပေးဆွဲဖို့ ကြိုးစားပြီးနောက်မှာတော့ ဘာတွေဆက်ကြုံတွေ့ရမယ်ဆိုတာကို ကြည့်ရှုရမဲ့ Plot Twist ပေါင်းများစွာနဲ့စိတ်ဝင်စားစရာဇာတ်ကား ဟောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…965MB / 440MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre …..Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2015 94 mins
Criminal Activities
Rama Ayodhya

Rama Ayodhya (2024) (အယုဒ္ဓယသို့ အလည်တစ်ခေါက်) IMDb- 6/10 ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ လေယာဉ်စီးစရာမလိုဘဲ အယုဒ္ဓယကို လည်ပတ်နေသလိုမျိုး ခံစားစေရမှာဖြစ်ပါတယ်။ သမိုင်းကြောင်းစိတ်ဝင်စားတဲ့သူတွေအတွက်တော့ အကြိုက်ပေါ့ဗျာ။ ဇာတ်လမ်းကတော့ အယုဒ္ဓယမှာရှိတဲ့ အရှင်ရာမနဲ့ သက်ဆိုင်တဲ့နေရာတွေကို အသေးစိတ်ရှင်းပြပြီးတော့ အရှင်ရာမရဲ့ အကြောင်းတွေကို အသေးစိတ်လေ့လာနိုင်မှာပဲဖြစ်ပါတယ်။ အရှင်ရာမရဲ့ စိတ်နေသဘောထားတွေ ခွန်အားကြီးတာတွေ အစရှိသဖြင့် အရာတွေကို အရှင်ရာမရဲ့ သက်ဆိုင်တဲ့နေရာတွေနဲ့ ယှဉ်ပြပြီး ပြောသွားတာမျိုးဆိုတော့ စိတ်ဝင်စားစရာလည်း ကောင်းပြီး သမိုင်းကြောင်းတွေကိုလည်း သိရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒီလို သမိုင်းကြောင်းတွေပြောကြားရင်းနဲ့ လူ့အဖွဲ့အစည်းမှာ ကောင်းသောနေထိုင်နည်းနဲ့ နေထိုင်နိုင်ဖို့ကိုလည်း လမ်းညွှန်သင်ပြသွားပါသေးတယ်။ အဲဒီတော့ ဘယ်လိုသမိုင်းကြောင်းတွေ , ဘယ်လိုနေရာတွေကို ပြသသွားမလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)

Thriller • Science Fiction
0 2024
Rama Ayodhya
Alien³
6.4

Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ…..အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်…..ထွက်ရှိပြီးသားကားတွေကတော့…… (1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) – အကြည်မထွက်ရှိသေး….. Timeline အရကြည့်မယ်ဆိုရင်တော့….. (1) Prometheus (2012) – 2093 (2) Alien: Covenant (2017) – 2104 (3) Alien (1979) – 2122 (4) Alien: Romulus (2024) – 2142 [အကြည်မထွက်သေး] (5) Aliens (1986) – 2192 (6) Alien³ (1992) – 2197 (7) Alien Resurrection (1997) – 2381 တို့ဖြစ်ပါတယ်……Alien: Romulus (2024) ကလွဲပြီး ကျန်၆ကားလုံးကို CM မှာတင်ဆက်ထားပြီးဖြစ်လို့ ကြည့်ရှုအားပေးနိုင်ပါပြီ….. ***************************************************************************************************************** ဂြိုဟ်တစ်ဂြိုဟ်ပေါ်မှာ တစ်သက်တစ်ကျွန်းကျနေတဲ့ ထောင်သားတစ်စုဆီ လူသာားစားဂြိုဟ်သားတစ်ကောင်နှင့် မိန်းမတစ်ယောက်ပါတဲ့ ယာဉ်ပျံ ပျက်ကျလာတဲ့အခါ…… ဇာတ်လမ်းအကျဉ်း အနာဂါတ်ကာလမှာ အစိုးရက ဆိုးရွားရက်စက်တဲ့ မုဒိန်းကောင်တွေ လူသတ်သမားတွေ ရာဇဝတ်ကောင်တွေ အယောက်သုံးဆယ်လောက်ကို လူသူအရောက်အပေါက်မရှိတဲ့ ဂြိုဟ်သိမ်တစ်ခုမှာ အလုပ်ကြမ်းနဲ့ အကျဉ်းချထားခဲ့ပါတယ်။ တနေ့မှာတော့ သူတို့ဆီကို ယာဉ်ပျံတစ်စီး ပျက်ကျလာခဲ့ပြီး မိန်းမတစ်ယောက်ကလွဲလို့ ယာဉ်ထဲက စီးနင်းလိုက်ပါသူအားလုံး သေဆုံးသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့က ဒီမိန်းမကို ကယ်တင်ထားပြီး သူ့ကို လာခေါ်မယ့် ကယ်ဆယ်ရေးယာဉ်ကို စောင့်နေခဲ့ပါတယ်။ သူတို့မသိလိုက်တာက ဒီယာဉ်ထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့ အသားစား ဂြိုဟ်သားတစ်ကောင်ပါလာတာကိုပါပဲ။ ဒီယာဉ်ပေါ်က လူတွေသေပြီး ပျက်ကျခဲ့တာ ဒီအကောင်ကြောင့်လား ဒါဆို ဘာလို့ ရှင်ကျန်တဲ့ မိန်းမတစ်ယောက်ကို မသတ်ပဲထားခဲ့တာလဲ၊ ဒီဂြိုဟ်သားက ဘယ်လိုလုပ် ယာဉ်ပေါ်ရောက်လာတာလဲ၊ ဒီဂြိုဟ်သားရန်က ထောင်သားတွေ ဘယ်လိုလွှတ်မြောက်အောင် ကြံကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် သိပ္ပံဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(2.5 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:54:00 Genre… Action, Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

6.4 1992
Alien³
Feather Christmas
5.6

ခရစ်စမတ်ရာသီရောက်လာပြီဆိုတော့ ရင်ဘတ်ထဲမှာ နွေးခနဲကျန်ရစ်ခဲ့စေမယ့် ခရစ်စမတ် ကားကောင်းလေးတစ်ကား ညွှန်းပေးချင်ပါတယ်။ တိကုဆရာဝန် Martin ဟာ Single Father တစ်ဦးဖြစ်ပါတယ်။ ဒီနှစ်မှာလည်း သားအဖနှစ်ယောက် ခရစ်စမတ်ကို ထုံးစံအတိုင်းပဲ ဖြတ်သန်းဖိုပြင်ဆင်နေတုန်း Mrs.Lay ဆိုတဲ့ အိမ်မွေးကြက်မလေးတစ်ကောင် နေမကောင်းလို ဆေးခန်းလာပြရာကနေ Robin တို သားအမိနဲ့ ဆုံစည်းဖိုဖန်လာ ပါတယ်။ အဲ့နောက်မှာ ကလေးအချင်းချင်း ခင်မင်သွားကြပြီး ဘဝခရီးသွားဖော်မဲ့နေတဲ့ သူတိုနှစ်ယောက်လည်း မြန်မြန်ဆန်ဆန်ပဲ ရင်းနှီးသွားကြပါတယ်။ ဒါပေမယ့် ရင်းနှီးတာကနေ နီးစပ်ဖို့ဆိုတာတော့ အိမ်ထောင်ပျက်စီးထားရသူအတွက် အတားအဆီးတွေ မာနတွေနဲ့ အထင်သေးမခံလိုစိတ်တွေက ကာရန်တားဆီးထားပါတယ်။ အကြီးဆုံးအတားအဆီးကတော့ မိဘဖြစ်လာပြီဆိုရင် သားသမီးက တစ် သားသမီးက နှစ်ဖြစ်လာတဲ့အတွက် ကိုယ့်ဘဝနဲ့ ပျော်ရွှင်မှုကို ဦးစားမပေးနိုင်တော့တာပါပဲ။ ဒီကားလေးမှာလဲ နှလုံးသားနဲ့ နှလုံးသွေးကဖြစ်လာတဲ့ ရင်နှစ်သည်းချာအတွက်ဆိုတဲ့ကိစ္စတွေအကြား လွန်ဆွဲပွဲနဲ့ ဒါကိုဘယ်လို တွေးခေါ်ခံယူပြီး ဖြေရှင်းသွားမလဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (1.12GB) / (661MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mona

Drama • Romance
5.6 2024 94 mins
Feather Christmas
Jupiter Ascending
5.3

Jupiter Ascending (2015) ဒီဇာတ်ကားကတော့ အကာသသိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Wachowskis ကရိုက်ကူးထားတာပါ။ သရုပ်ဆောင်တွေအဖြစ် Mila Kunis, Channing Tatun, Sean Bean, Eddie Redmayne, Douglas Booth တို့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း လူသားတွေကို နတ်ဘုရားတွေကအုပ်စိုးတဲ့အနာဂါတ်ကာလမှာဖြစ်ပါတယ်။ Jupiter Jones ဟာကံမကောင်းတဲ့ ရုရှားပြောင်းရွှေ့အခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး အလုပ်အကိုင်အဖြစ် အိမ်သာတွေကိုသန့်ရှင်းရေးလုပ်ပြီး အသက်မွေးပါတယ်။ ဂျူပီတာဟာ နက္ခတ်တာရာကြည့်မှန်ပြောင်းဝယ်ဖို့ ငွေလိုသဖြင့် သူ၏အစ်ကိုဝမ်းကွဲ အကြံပေးချက်ကြောင့် မမျိုးဥကို ဆေးခန်းတစ်ခုမှာသွားရောင်းပါတော့တယ်။ ဆေးခန်းမှာ မထင်မှတ်ထားတဲ့တိုက်ခိုက်ခံရမှုတွေကြားမှ ကယ်တင်ရှင်တစ်ဦးပေါ်လာကာ သူမသည် တော်ဝင်သွေးဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။ သူမ၏ ဇစ်မြစ်က သူမကို ဘယ်လိုအန္တရယ်ဖြစ်စေနိုင်မလဲ၊ သူမကို ဘာကြောင့်အန္တရာယ်ပြုချင်နေရတာလဲ စသည်တို့ကို ကြည့်ရှုခံစားရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size…(1.7 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Sci-Fi Duration….02:08:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Eunice

5.3 2015
Jupiter Ascending
[18+] Cat Girl
6.1

******************** ဂျွန်ချောက သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ချစ်သူကောင်မလေး ဟျွန်းဂျူနဲ့ အတူနေနေပါတယ် .. ။ ဟျွန်းဂျူက လက်ထပ်ဖို့ ဆန္ဒရှိတာဖြစ်လို့ မိဘတွေနဲ့ ဂျွန်ချောကို တွေ့စေချင်နေပေမဲ့ ဂျွန်ချောကတော့ ဇာတ်လိုက်မင်းသားလုပ်ရပြီးနောက်မှပဲ မိဘတွေကို သွားတွေ့ပါရစေဆိုပြီး အချိန်ဆွဲထားတဲ့အတွက် ဟျွန်းဂျူလည်း ဂျွန်ချောကို ပြတ်မယ်ပြောပြီး အိမ်ကနေ နှင်ထုတ် လိုက်ပါတော့တယ် .. ။ ဂျွန်ချောတစ်ယောက် နေစရာမရှိဖြစ်နေချိန်မှာပဲ စီနီယာတစ်ယောက်က သူ အလုပ်ခရီးထွက်‌နေတုန်း သူ့အိမ်က ကြောင်လေးကို ကြည့်ပေးထားပါဆိုပြီး တောင်းဆိုလာပါတယ်။ ဒါပေမဲ့ တကယ်တမ်း သွားကြည့်လိုက်တော့ ကြောင်လေးမဟုတ်ဘဲ စကားမပြောနိုင်တဲ့ အိမ်ပြေးကောင်မလေး ဖြစ်နေပါတယ်။ ဒီလိုနဲ့ ဂျွန်ချောနဲ့ ကြောင်မလေးလို့ ခေါ်တဲ့ အိမ်ပြေးကောင်မလေး‌နဲ့ အတူတူ နေထိုင်ဖြစ်သွားပြီး နှစ်ဦးသား ရင်းနှီးလာကြတဲ့အခါမှာတော့… File Size : 1.67GB, 551MB Quality : 1080p,720p Format…mp4 Duration…1 hr. 26 min. Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

Drama • Comedy
6.1 2013
[18+] Cat Girl
Away We Go
7

Away We Go (2009) IMDb – 7.0 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~ အိမ်ထောင်တစ်ခု‌ထူထောင်ကြတော့မယ်ဆိုရင် ဘာကအရေးအကြီးဆုံးဖြစ်မယ်လို့ထင်ကြလဲ။ မင်္ဂလာ အကြီးအကျယ်ဆောင်တာလား၊ လက်ထပ်ခွင့်သေချာအတောင်းခံရတာလား။ ဘာဖြစ်မယ်ထင်လဲ။ ဒီဇာတ်ကားလေးထဲမှာတော့ အိမ်ထောင်ရေး၊ မိသားစုနဲ့ ဆိုင်တဲ့ သဘောတရားတွေကို နားလည်လွယ်အောင် ထည့်သွင်းရိုက်ကူးထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ မင်္ဂလာမဆောင်ရသေးတဲ့အတွဲတစ်တွဲရဲ့ဖြတ်သန်းပုံကိုအဓိကပုံဖော်ထားပါတယ်။ ဘာ့တ်နဲ့ ဗီရိုနာတို့ဟာ လက်မထပ်ရသေးပေမယ့် ရုတ်တရက် ဗီရိုနာ့မှာ ကိုယ်၀န်ရှိလာတဲ့အခါမှာ ဘ၀နေရေးထိုင်ရေးအတွက် ဘယ်လိုတွေရုန်းကန်ကြမလဲဆိုတာကြည့်ရှုရမှာပါ။ Quite Place(2018) ထဲက မင်းသား John Krasinki နဲ့ Animaton ဇာတ်ကားတော်တော်များများရဲ့ အသံသရုပ်‌ဆောင် Maya Rudolph က အဓိကပါ၀င်သရုပ်‌ဆောင်ထားပါတယ်။ File Size – 1GB/ 458 MB Quality – BluRay 1080p/ 720p Duration – 1:38:37 Format – mp4 Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Ivy Noe Encoded by – Treasure Htet

7 2009 98 mins
Away We Go