YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Go.Goa.Gone.2013.1080p.AMZN.WEB-DL(CM).mp4

2.58 GB N/A video/mp4 375 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Evil Dead
6.5

Evil Dead 2013 ကို ဆင်ဆာတွေမဖြတ်ထားတဲ့ BluRay Extended Version အသစ်နဲ့တင်ဆက်လိုက်ပါတယ်။ ဇာတ်လမ်းကတော့.... ဒီဇာတ်ကား စစချင်းမှာဆို လူငယ်ငါးယောက်ဟာ တောနက်ထဲက သစ်လုံးအိမ်တစ်ခုကို အကြောင်းကိစ္စတစ်ခုနဲ့အတူ ရောက်လာကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ ထိုအိမ်ထဲမှာ အိပ်ပျော်နေတဲ့ မကောင်းတဲ့အရာတစ်ခုကို မထင်မှတ်ဘဲ သွားလှုပ်နိုးမိတဲ့ အခါမှာတော့ အဲ့ဒီမကောင်းဆိုးရွားရဲ့ လက်ကနေ ဘယ်လို အသက်ရှင် ရုန်းကန်လွတ်မြောက်ကြဖို့ ကြိုးစားကြမလဲ ဆိုတာ အရမ်းကို စောင့်ကြည်ချင်စရာ ကောင်းပါတယ်။ အောက်မှာ Review လေးကို ဆက်ဖတ်ကြည့်လိုက် ကြရအောင်ပါ။ **** Evil Dead 2013 ဟာဆိုရင် အရမ်းကို ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ Horror movie တစ်ခုလို့ပြောလာရင် ငြင်းစရာ မရှိပါဘူး။ ဇာတ်လမ်း ဇာတ်ကွက်ကို သေချာထောင့်စိအောင် ပုံဖော် ဖွဲ့စည်းထားတာကိုလဲတွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ 1981ခုနှစ်က ထွက်ရှိခဲ့တဲ့ Possession ဆိုတဲ့ ပြင်သစ် drama/ horror ဇာတ်ကားကို ပြေးမြင်မိရလောက်အောင် ပီပီပြင်ပြင်နဲ့ ကြောက်ရွံ့စိတ်လှုပ်ရှားဖို့ ကောင်းတာကိုလဲ တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ စိတ်မသက်မသာ ကြောက်လန့်တုန်လှုပ်ရတဲ့ ဇာတ်လမ်းလို့ပဲဆိုဆို နောက်ဆုံးမိနစ်အပိုင်းအခြားကို ရောက်သည်အထိ တကယ့်ကို သွေးပျက်ထိတ်လန့်ဖွယ်ရာ ပြကွက်တွေနဲ့ သင့်ကို ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းဆိုတာ အဆုံးရှိစမြဲဆိုရင်တောင် သင့်အနေနဲ့ နောက်ထပ်အပိုင်းဆက်တွေကို ကြည့်ရဖို့ စိတ်အားထက်သန်နေလိမ့်မယ် ဆိုတာကတော့ အသေအချာပါပဲ။ ဇာတ်လမ်းကို စဖွင့်လိုက်တာနဲ့ အရင်ဆုံး သင့်ကိုဆွဲဆောင်ထားမှာကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဝင် ခန်းတွေမှာ သုံးထားတဲ့ Visual Effects တွေပါပဲ။ သွေးထွက်သံယို ဇာတ်ဝင်ခန်းတွေမှာဆိုရင်လဲ ရုပ်ရှင်ကြည့်နေရတယ်လို့ မထင်မှတ်ရလောက်အောင် သင့်ကို ဆွဲဆောင်ထားနိုင်မှာ ဖြစ်ပါတယ်။ တကယ့် ထိပ်ဆုံးတန်းဝင်တဲ့ ရိုက်ချက်တွေ သတ်ခန်းဖြတ်ခန်းတွေနဲ့ horror ဇာတ်လမ်းတခုလို့တောင် တင်စားလို့ရနိုင်ပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုစီရဲ့ တကယ့်အဓိက point တွေအတွက် ဒီဇာတ်ကားမှာ ဘတ်ဂျက်အများကြီးသုံးပြီးဖန်တီးထားတယ်ဆိုတာကိုလည်း settingတွေ ချထားတဲ့ သစ်လူံးအိမ်၊ ဇာတ်ဝင်ခန်းတွေမှာ အသုံးပြုထားတဲ့ ရှေးဟောင်းဓလေ့ထုံးတမ်းနဲ့ဆိုင်တဲ့ ပစ္စည်းတွေကို ကြည့်ရင် သိသာစေနိုင်ပါတယ်။ သေချာတာတခုကတော့ 1981 မှာ ကိုယ်တိုင်ရေးသား ရိုက်ကူးခဲ့တဲ့ Evil Dead ကို အကောင်းဆုံး ပြန်ဖန်တီးတင်ဆက်ထားတဲ့ အနုပညာတခုဆိုတာပါပဲ။ ဒီဇာတ်ကားရဲ့ အသံပိုင်းဆိုင်ရာ audio effect တွေဟာဆိုရင်လည်း သူ့နေရာနဲ့ သူ့ဇာတ်ကွက်နဲ့သူ အပိုအလိုမရှိ တော်တော်လေး တင်ဆက် မှု ကောင်းတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Chain saw တခုရဲ့ ခပ်ကြမ်းကြမ်း အသံကနေ စလို့ အသံကြားရုံနဲ့ ဇောချွေးပြန်လာတဲ့အထိ ခြောက်လှန့်နေမယ့် နောက်ခံတီးလူံး၊ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ အသံ‌ဗလံတွေ၊ စူးစူးဝါးဝါး အော်ဟစ်လိုက်သံတွေ ဟာ သင့်ရဲ့ကြောက်စိတ်ကို ထုထည်ကြီးကြီးမားမားနဲ့ ဖန်တီး ထိုးဆွနေမှာ ဖြစ်ပါတယ်။ Evil dead ရဲ့ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်မှု အရည်အသွေးကတော့ ဒီဇာတ်ကားနဲ့ တော်တော်လေးလိုက်ဖက်ညီပြီး ပြောစရာ မရှိတာကိုတွေ့ရမှာပါ။ ဟာသဇာတ်ဝင်ခန်းတွေဟာ ဒီလိုဇာတ်လမ်းမျိုးနဲ့ မအပ်စပ်သလို တခုကျေးဇူးတင်ဖို့ ကောင်းတာက Evil Dead မှာ ဟာသ အခန်းတွေမပါဝင်လာတာပဲ ဖြစ်ပါတယ်။ တင်စားညွှန်းဆိုပြိး ပြောရမယ်ဆိုရင် သင့်ကို တည်ခင်းဖို့အတွက် အပြင်းထန်အရက်စက်ဆုံး ကြောက်မက်ဖွယ်အကောင်းဆုံး ဇာတ်ကွက်တွေကိုပဲ ဒီဇာတ်ကားက ယူဆောင်လာပေးမှာပါ။ Evil Dead ရဲ့ သရုပ်ဆောင်တွေကို ဘယ်သူက ပိုကောင်း ပါတယ်လို့ ‌နှိုင်းယှဉ်ဖို့ ခက်လောက်အောင်ပဲ တစ်ဦးချင်းစီရဲ့ သရုပ်ဆောင်အရည်အ‌သွေးက ပေါ်လွင်လှပါတယ်။ ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေဟာ တစ်ဦးနဲ့ တစ်ဦး တွဲဖက်ညီညီ ပန့်ပိုး သရုပ်ဆောင်သွားတာကိုလဲ သင့်အနေနဲ့ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Horror Rating 9/10 အထိရထားတဲ့ မဖြစ်မနေကြည့်ရှုခံစား စီးမျောသင့်တဲ့ ရက်ပေါင်းများစွာအထိ သင့်မြင်ကွင်းထဲမှာ စွဲထင် ခြောက်လှန့်နေမဲ့ Evil Dead (2013) ပဲ ဖြစ်ပါတော့တယ်။ (ရုပ်ရှင်အညွှန်းကို Final Girl-Horror Fanpage မှကူးယူဖော်ပြပါသည်။) File size…(4.3 GB)/(1.2 GB)/(780 MB) Quality….BluRay Extended 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:36:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mugiwara Ya

Science Fiction
6.5 2013 91 mins
Evil Dead
Never Rarely Sometimes Always
7.1

IMdb Rating - 7.3/10 ဒီရုပ်ရှင်ဟာ ထူးခြားမှုတစ်စုံတရာမရှိပေမယ့် ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ မြင်နေကြပြဿနာ တစ်ခုအတွက် ကာကာကွယ်ကွယ်ပြောရရင် တစ်ချို့အတွက်တော ဘာမှန်းမသိဘဲ ပြီးသွားတဲ့ကားသက်သက်ဖြစ်မှာပါ။ IMdb ratingဟာ ခင်ဗျားသွားပေးလည်းရတဲ့ ratingတစ်ခုဆိုတော့ IMDb ratingမဆိုးတာကို အသာဖယ်လိုက်ပါဦး။ ကမ္ဘာ့စိတ်အချရဆုံး ratingလို့ပြောကြတဲ့ Rotten Tomatoesရဲ့ criticတွေပေးတဲ့ Tomatoers rating ၉၉ရှိပါတယ်။ ဒီလောက်ဆို ကျွန်တော်ညွှန်းစရာတောင်မလိုပါဘူး။ ရုပ်ရှင်ကောင်းဆိုတာ သိသာပါတယ်။ တစ်ခုရှိတာကတော့ Audience Ratingကတော့ ၂၀ပဲရှိပါတယ် ။ ဆိုလိုတာကတော့ လူတိုင်းကြိုက်မယ့်ကား မဟုတ်ပါဘူး။ ကောင်းတယ်ညွှန်းလို့ Downမိတာ မကောင်းဘူးပြောမယ့်သူတွေ ကြိုက်မယ့်ကားမျိုးမဟုတ်ပါဘူး။ The New Yokerမှာတောင် ဒီရုပ်ရှင်အကြောင်း ဆောင်းပါးတစ်ခုတ်တရရေးထားပါတယ်။ ရုပ်ရှင်တစ်ကားရဲ့ ကောင်းခြင်းမ‌ကောင်းခြင်းက ကြည့်ရှုသူရဲ့ ခံစားမှုအကျယ်အပြောနဲ့ တိုက်ရိုက် အချိူးကျပါတယ်။ ဒီရုပ်ရှင်ရဲ့ အကြောင်းအရာနဲ့ တင်ဆက်ပြသပုံဟာ အင်မတန်ရိုးရှင်းပြီး သရုပ်မှန်ဆန်ပါတယ်။ မြင်နေကျပြဿနာ တစ်ခုကိုပဲ တင်ပြထားတာပါ။ ခေတ်အဆက်ဆက်ပြဿနာဖြစ်တဲ့ လိင်မှုရေးရာနဲ့ အမျိုးသမီးတွေရဲ့ အနိုင်ကျင့်ခံရမှုတွေ လစဉ်ဓမ္မတာဝေဒနာတွေ၊ ကိုယ်ဝန်နဲ့ပက်သက်တဲ့ ဝေဒနာတွေအကြောင်းပါပဲ။ စစ်တမ်းကောက်ချက်အရတော့ အမျိူးသမီးထုရဲ့ 81%ဟာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေနဲ့ကြုံတွေခဲ့ရပြီး ငါးယောက်မှာ တစ်ယောက်နှုန်းလောက် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတယ်ဆိုပါတယ်။ လူ့အဖွဲ့အစည်းကနေလုံလောက်တဲ့ကာကွယ်မှု မရတဲ့သဘောပါပဲ။ ဒါကို ဒီရုပ်ရှင်မှာ Reality ဆန်ဆန်နဲ့ မြင်သာအောင်ပြထားတယ်။ တစ်ဖက်မှာလည်း အမျိုးသမီးတွေကြုံ‌တွေ့ရမယ့်လိင်မှုကိစ္စရဲ့နောင်ဆက်တွဲဖြစ်တဲ့ ကိုယ်ဝန် ပြဿနာကို ၁၇နှစ်ကလေးမလေးရဲ့ကိုယ်ဝန်ဖျက်ဖို့ကြိုးစားခြင်းနဲ့ပြထားတယ်။ နစ်နာသူအတွက် တစ်ချို့လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုတွေဟာ စကားနဲ့ပြောပြဖို့ရာ အဆင်မပြေပါဘူး။ ဒါရိုက်တာကလည်း ဖော်ပြမထားပါဘူး။ဆရာဝန်သိသလောက်ကိုပဲ ကျွန်တော်တို့သိရတာပါပဲ။ သဘောကျစရာ ကောင်းတာကတော့ ဖြေရခက်တဲ့ မေးခွန်းတွေအတွက် အဖြေလေးခုထဲက ရွေးပေးရတဲ့စနစ်ကိုသုံးပြီး လူသားဆန်ဆန်မေးတာပါပဲ။ အဲ့ဒီ‌အဖြေလေးခုကတော့ "တစ်ခါမှ" "ဖြစ်တောင့်ဖြစ်ခဲ" "တစ်ခါတလေ" "အမြဲတမ်း"တို့ပါပဲ။ ခင်ဗျားရောလိင်မှုကိစ္စပြုဖူးလား။ပြုဖူးရင်ရောအမျိုးသမီးဘက်က နောက်ဆက်တွဲ ပြဿနာတွေအတွက် ထည့်စဉ်းစားဖူးလား။ "တစ်ခါမှလား" "ဖြစ်တောင့်ဖြစ်ခဲလား" "တစ်ခါတလေလား" "အမြဲတမ်းလား"။ ဘာပဲဖြစ်ဖြစ်ပါ ဒီရုပ်ရှင်ဟာ လိင်မှုကိစ္စနောက်ဆက်တွဲပြဿနာတွေကို ပိုပြီးဆင်ခြင်မိစေမှာပါပဲ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မလွဲမသွေ ကြုံတွေ့ရမယ့် အရာအ‌တွက် ကြည့်ထားကြသင့်တဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ရဲ့ အသက်ကန့်သတ်ချက်က PG-13ပါ။ 13နှစ်အထက် သားသမီးတွေရှိရင် ပြသင့်တဲ့ Sex educationရုပ်ရှင်တစ်ကားလို့ ပြောရင်လည်း မမှားပါဘူး။ ( အညွှန်းရေးသားပြီးဘာသာပြန်ထားသူကတော့ WiRa Aung ဖြစ်ပါတယ် ) Quality__1080p IMDb Rating__7.3/10 Format__mp4 Duration__01:44:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama • Family
7.1 2020 101 mins
Never Rarely Sometimes Always
Bombshell
6.8

ဒါကတော့ 2019ရဲ့ လူစောင့်ကြည့်ခံရတဲ့ကားတွေထဲကတစ်ကားဆိုတာကတော့ ရုပ်ရှင်နဲ့ရင်းနှီးသူတွေသိပြီးသားဖြစ်မှာပါ။ ရုပ်သံတင်ဆက်သူအမျိုးသမီးတွေကိုဇာတ်အိမ်တည်ထားတဲ့အတွက် တကယ့်အ‌ချောအလှဒိတ်ဒိတ်ကြဲမင်းသမီးတွေဖြစ်တဲ့ Charlize Theron, Nicole Kidman နဲ့ Margot Robbieတို့ ဦးဆောင်ပါဝင်ထားတာပါ။ Charlize Theronနဲ့ Margot Robbieတို့ Oscar ဆန်ကာတင်စာရင်းတွေဝင်ပြီး တခြားဆုတွေရရှိပြီး အောင်မြင်မှုရခဲ့ပါတယ်။ ဇာတ်လမ်းကတော့ Republicanပါတီကိုအလေးပေးတဲ့ Fox News ရုပ်မြင်သံကြားချန်နယ်အတွင်း အမျိုးသမီးအစီစဉ်တင်ဆက်သူများစွာဟာ ခေါင်းဆောင်ပိုင်းအမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရမှု၊ ဖိအားပေးခံရမှုတွေကိုခံခဲ့ရတဲ့အကြောင်းပါ။ ရာထူးအာဏာကြီးပြီး ပိုက်ဆံကျောထောက်နောက်ခံရှိတဲ့သူကို တရားစွဲဖို့လုပ်ရင်း ဘယ်လိုဂယက်တွေကြုံတွေ့ဆိုတာမြင်ရမှာပါ။ အပြင်မှာလည်း လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရသူအမျိုးသမီးများစွာလည်းရှိနေပါတယ်။ တစ်ချို့ကတော့ လိင်ကိစ္စနှင့်အောင်မြင်မှုကို လဲလှယ်ခဲ့ကြသူတွေပေါ့။ နစ်နာသူတစ်ယောက်ယောက်က မဖွင့်ဟခဲ့လို့ တခြားသူတွေပါနစ်နာရတဲ့အဖြစ်မျိုးတွေဖြစ်ရတာကိုပြသသွားခဲ့ပါတယ်။ မင်းသမီးတွေကိုကြည့်ရတာနဲ့တင်တန်နေတာမို့ ခံစားကြည့်ရှုကြည့်ပါအုံး။ File Size : ( 1 GB , 372 MB ) Quality : WEB-DL 720p Running Time : 1 hr 49 min Format : Mp4 Genre : Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin

Drama • History
6.8 2019 109 mins
Bombshell
Lucky
5

Lucky (2020) =========== ဇာတ်လမ်းနာမည် Lucky ပေမဲ့ တကယ် Lucky ဖို့ မလွယ်တဲ့ Horror ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မေရိုင်ယာဟာ အတော်အသင့်လူသိတဲ့အိမ်‌ထောင်သည် စာရေးဆရာမ တစ်ယောက်ပါ။ တစ်ည မေနဲ့ သူ့ယောက်ျားဖြစ်သူတက်ဒ်တို့ အိပ်မောကျနေစဉ် မေတစ်ယောက် ဖျတ်ကနဲလန့်နိုးလာပါတယ်။ အိမ်ရဲ့ဧည့်ခန်းကနေ အပြင်ကို လှမ်းကြည့်လိုက်တဲ့အခါ ရပ်နေတဲ့လူစိမ်းတစ်ယောက်ကို ထိတ်လန့်စရာတွေ့ လိုက်ရပါတယ်။ တက်ဒ်ကိုထိတ်လန့်တကြားနှိုးပြီး လူစိမ်းကိုရင်ဆိုင်ကြရာ တက်ဒ်ရော မျက်နှာဖုံးတပ် လူစိမ်းပါ ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူစိမ်းဟာ လဲကျနေရာက ရုတ်တရက် ပျောက်ဆုံးသွားပါတယ်။ မနက်ရောက်တဲ့အခါမှာ မေနဲ့တက်ဒ်စကားများပြီး တက်ဒ် ထွက်သွားခဲ့ပါတယ်။ နောက်တစ်ညမှာ‌ ရောက်လာပြန်လာတဲ့လူစိမ်းကို မေတစ်ယောက် တည်း ရင်ဆိုင်ခဲ့ရပါတယ်။ လူစိမ်းကိုဘယ်လိုပဲဒဏ်ရာရအောင်လုပ်ပေမဲ့ ညတိုင်း လာနေဆဲ၊ ထူးဆန်းစွာပျောက်ဆုံးသွားမြဲဖြစ်နေတာကတော့ အတော်ထူးဆန်းလွန်းပါတယ်။ ဒီလိုနဲ့ မေတစ်ယောက် သူ့ကိုသတ်ဖို့ညတိုင်းရောက်လာမြဲဖြစ်တဲ့လူစိမ်းကို ဘယ်လို ရင်ဆိုင်မလဲ၊ လူစိမ်းကဘယ်သူဖြစ်နေမလဲ၊ မေကိုယ်တိုင်ကြုံနေရတာတွေက အိပ်မက်လား တကယ်လား… ဆိုတာတွေကို သို့လောသို့လော ဒွိဟတွေနဲ့ ရင်တထိတ်ထိတ်ကြည့်ရမှာပါ။ ဒီကားလေးမှာ တွေးတောစရာတွေပါတဲ့ တကယ်အသည်းအေးစရာဇာတ်လမ်းမို့ Horror ချစ်သူတို့ လက်မလွတ်တမ်းကြည့်သင့်ပါကြောင်းပြောကြားချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(920 MB) / (400 MB) / (200 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 23mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Fantasy, Horror Translator…….C’mon Encoder……….SWM

Comedy • Crime
5 2020
Lucky
The Lion King II: Simba’s Pride
6.4

The Lion King 2 ******************** အားလုံးရဲ့ အချစ်တော် ခြင်္သေ့လေးစင်ဘာဟာ အရွယ်ရောက်လို့ ဘုရင်ကြီးစင်ဘာအဖြစ် အုပ်စုကို တာဝန်ယူနေပါပြီ။ အရိုက်အရာ ဆက်ခံမယ့် ခီယာရာဆိုတဲ့ အဖေတူသမီးတော်လေး တစ်ယောက်လည်း ရှိပါတယ်။ ခီယာရာလေးဟာ အရွယ်ရောက်လို့ အရာရာကို စူးစမ်းလို စိတ်ပြင်းပြနေပါတယ်။ ဒီတော့ ငယ်ရာကကြီးလာတဲ့ စင်ဘာ စိတ်ပူရပါပြီ။ တစ်ဘက်မှာလည်း နယ်နှင်ခံလိုက်ရတဲ့အုပ်စုက ခြင်္သေ့မ ဇီရာဟာ စကားရဲ့အရိုက်အရာကို ဆက်ခံမယ့် ကိုဘူးလေးကို ပျိုးထောင်ပေး နေပါတယ်။ လက်စားချေဖို့ အမုန်းတရားတွေနဲ့ အပြင်းအထန်လေ့ကျင့် ပေးနေပါပြီ။ ဇီရာဟာ စင်ဘာကို အလစ်ချောင်း လုပ်ကြံဖို့ ကိုဘူးကို အသုံးချပါတော့တယ်။ အစီအစဉ်အရ ကိုဘူးတစ်ယောက် စင်ဘာနဲ့ နီးစပ်နိုင်ဖို့ သမီးဖြစ်သူ ခီယာရာကို အရင်ချဉ်းကပ်ရပါတယ်။ အသုံးချဖို့ စခဲ့ပေမယ့် ကံကြမ္မာရဲ့လှည့်စားမှုကြောင့် သူတို့နှစ်ဦး ချစ်မိသွားပါတော့တယ်။ အမုန်းတရား လှည့်စားမှုတွေ သစ္စာဖောက်မှုတွေနဲ့ အုပ်စုနှစ်ခုကြားက ချစ်သူနှစ်ဦးရဲ့ လမ်းခရီး‌လေး ဖြောင့်ဖြူးပါ့မလား အတူပေါင်းစည်းနိုင်ဖို့ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ မူဖာဆာပြောခဲ့တဲ့အတိုင်း တစ်သားတည်းဖြစ်အောင် ပေါင်းစည်းနိုင်ပါ့မလားဆိုတာကိုတော့… File Size : (1.14 GB) and (553 MB) Quality : Blu-Ray (1080p 5.1, 720p) Running Time : 1hr 21min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Phu Myat Thwe Encoded by Thit San Khant

Horror
6.4 1998
The Lion King II: Simba’s Pride
Maurh – Lehndi Rutt De Nayak
8.4

Maurh (2023) ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ IMDb 8.5/10, the times of india 4.9/5 ရရှိထားတဲ့ ၁၈၈၅ ခုနှစ်နဲ့ ၁၈၉၃ခုနှစ်အတွင်း ပန်ဂျက်တောင်ပိုင်းက ဂျေအွန်နာဆိုတဲ့ တော်လှန်ရေးသမားရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအနှံ့ ဗြိတိသျှတွေခြေချနေကြတဲ့ အဲ့ကာလမှာ ပန်ဂျပ်ပြည်နယ်ကလူတွေအတွက်တော့ အိမ်ခွေးကိုလည်းကြောက်ရ အပြင်ခွေးကိုလည်းလန့်ရဆိုတဲ့ အခြေအနေဖြစ်နေခဲ့ပါတယ်။ ဗြိတိသျှကိုလည်းကြောက်ရ၊ ဘုရင့်အနွယ်တော်ဆိုတဲ့ မြေရှင်တွေကြောင့်လည်းကိုယ်စိုက်တဲ့အသီး ကိုယ္မစားရ မဝရေစာလေးစားပြီး အကြောက်ကြီးကြောက်နေခဲ့ရတဲ့ ကာလပါပဲ။ ဒီမှာမှ မစားရတဲ့အသီးကို သွားထိမိတဲ့သူကတော့ အနေအေးတဲ့ လူရိုးလေးဂျေအွန်နာရဲ့အမေပါပဲ။ သားကြီးကြိုက်တဲ့ မုန်ညှင်းစိမ်းလေးနည်းနည်းဝင်ခူးမိရာကစတဲ့မီးဟာ တစ်အိမ်လုံးကို တစ်စတစ်စနဲ့ပြန့်သွားပြီး ကြေးစားလူမိုက်အစ်ကိုကြီး တော်လှန်ရေးတပ်ထဲဝင်ပြီး အသက်ဆုံးသွားတဲ့အထိပါပဲ။ ဒီလိုအစ်ကိုကြီးရဲ့ သေဆုံးမှုကိုကလဲ့စားချေပေးမယ့် ဂျေအွန်နာ လူတိုင်းမှာပြောစမှတ်တွင်သွားရတဲ့ဇာတ်လမ်း၊ ယုံတမ်းနဲ့ ပါးစပ်ရာဇဝင်တွေ ဘာလို့ဖြစ်လာတယ်။ သူ့ရဲ့စွန်းစားခန်း ဘယ်လောက်ကြီးကျယ်တယ်ဆိုတာကို မိသားစုသံယောဇဉ်တွေ၊ ပန်ဂျပ်ပြည်သူတွေရဲ့ ဒုက္ခတွေကို ပေါ်လွင်အောင်တင်ပြထားတဲ့ကားလေးမို့ CM Bollywood Team မှ Aditi~ BpL~ ZWE~ Yunni တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှင်

8.4 2023 141 mins
Maurh – Lehndi Rutt De Nayak
Where the Devil Roams
5.6

Where the Devil Roams (2023) ~ IMDb – 5.6/10, Rotten Tomatoes – 100% ~ Rotten Tomatoes မှာ ၁၀၀ရာခိုင်နှုန်းအပြည့်ရထားတဲ့ မြင်ရခဲတဲ့ Horror ကားမျိုးပေါ့။ ဒါပေမဲ့ ဒီကားကို သာမန်ပရိသတ်တွေတော့ သိပ်ကြိုက်တဲ့ထဲမပါဘူး။ ဒါလည်း ဖြစ်သင့်ပါတယ်။ ဘာလို့ဆို ဒီကားက မိန်းစထွင်းဟော်ရာကားဆန်ဆန်လိုင်းကို သွားထားတာမဟုတ်ဘူး။ အင်ဒီဆန်ဆန် ဟော်ရာကားမျိုးလို့ပြောရမယ်။ ဟော်ရာဆိုပေမဲ့ သရဲလိုင်းမဟုတ်ဘဲ နတ်ဆိုးလိုင်းပေါ့။ ဒါပေမဲ့ အဲဒီနတ်ဆိုးကို ထည့်သွင်းထားပုံကလည်း တစ်မူထူးခြားနေတယ်။ နတ်ဆိုးပယောဂဆိုတာထက် လူတွေရဲ့ လောဘတရားကို ပိုဇောင်းပေးသလိုလိုတော့ ဖြစ်သွားမယ်။ ပြောသာပြောရတယ် အဲဒီလောက်ရိုးရှင်းနေတဲ့ ဇာတ်လည်းမဟုတ်ပြန်ဘူး။ ဇာတ်ကိုကလည်း နားလည်ရခက်စွာနဲ့ စိတ်ဝင်စားစရာကောင်းနေသလို အပြတွေကလည်း ဘော်ဒီဟော်ရာဆန်ဆန်ကို ရွံစရာကောင်းတာတွေလည်းပါတယ်။ ဒီကားက သမားရိုးကျဟော်ရာကားတွေကြည့်ရတာ ရိုးနေပြီး ကွဲပြားတာလေးကြည့်ချင်တဲ့လူတွေအတွက်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဘာမျှော်လင့်ချက်မှမထားဘဲ ဒီတိုင်းပဲ စိတ်ကိုရှင်းထားပြီးသား ကြည့်လိုက်ပါ။ အနည်းဆုံးတော့ ကြည့်ကောင်းပါလိမ့်မယ်။ ဒီထက်လည်း ပိုပါလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားမြင်နေကျ စံနှုန်းတွေနဲ့ သွားတိုင်းရင်တော့ ဒီရုပ်ရှင်ကို စိတ်ကျေနပ်မယ်လို့တော့မထင်ပါဘူး။ နတ်ဆိုးတောင်မှ အသုံးများတဲ့ နတ်ဆိုးမသုံးဘဲ ဟီဘရူးနတ်ဆိုးကို သုံးသွားတာပါ။ သူ့ကျောရိုးဇာတ်လမ်းကလည်း ဆန်းပြားပါတယ်။ Expressionism, Surrealism ဝတ္တုတောင်ဆန်ပါတယ်။ ဒီကားကို အဒမ်မိသားစုလို့ခေါ်တဲ့ ဂျွန်အဒမ်နဲ့ ဇယ်ဒါအဒမ်တို့က ရိုက်ထားပြီး သူတို့ရဲ့သမိုင်းကြောင်းကို ခြေရာပြန်ကောက်ကြည့်လိုက်ရင်လည်း The Deeper You Dig, Hellbender နဲ့ Halfway To Zen တို့လို ဟော်ရာပေမဲ့ ဝေဖန်ရေးအရအောင်မြင်ခဲ့တဲ့ကားတွေချည်း ရိုက်ခဲ့တဲ့ သူတွေဆိုတော့ ကားကောင်းတွေကြိုက်တတ်တဲ့လူတွေတော့ စိတ်ချလက်ချကြည့်လို့ရပါတယ်။ ထပ်ပြောရရင် သမားရိုးကျ ဟော်ရာကားတွေကို ကြိုက်တတ်တဲ့လူတွေအတွက်တော့ လုံးဝမဟုတ်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 760MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 33Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

5.6 2023
Where the Devil Roams
Wolf and Dog
6.2

Wolf and Dog (2022) ================ IMDb Rating – 6.2/10 ဘာသာရေးကိုင်းရှိုင်းပြီး ဓလေ့ထုံးတမ်းတွေကို အလေးထားတဲ့ အတ္တလန္တိတ် ပင်လယ်ထဲက ကျွန်းတစ်ကျွန်းနဲ့ အများက သာမန်လို့ လက်ခံယုံကြည်ထားတဲ့ ဖြစ်တည်မှုတစ်ခုကနေ ရုန်းထွက်ချင်နေတဲ့ လူငယ်တစ်စု။ အန်နာဟာ ဒီကျွန်းလေးမှာ အိပ်မက်တွေကို စွန့်လွှတ်ပြီး ဘဝကို ရောင့်ရဲတင်း တိမ်နေရတယ်။ တဲလ်မိုဆိုတဲ့ ကောင်လေးကတော့ အလှတွေ ပြင်ပြီး ပန်းပွင့် လေးလို ပွင့်လန်းချင်တဲ့ လူငယ်ကောင်လေးတစ်ယောက်။ ကလိုဝီကတော့ ဘဝကို လွတ်လပ်စွာနေထိုင်နေပြီး ဒီကျွန်းကို ခဏတစ်ဖြုတ် လာလည်သူ အန်နာ့ သူငယ်ချင်း ကနေဒါသူလေးတစ်ယောက်။ တဲလ်မိုနဲ့ ကလိုဝီတို့ အန်နာနဲ့ မတူတဲ့ အချက်ကတော့ သူတို့ရဲ့ စိတ်ဆန္ဒကို ဦးစားပေးပြီး ကိုယ်ပိုင် ပျော်ရွှင်မှုကို ရွေးချယ်ရဲတဲ့ သတ္တိရှိကြတယ်။ ဒါတွေ က တစ်နေ့မှာ အန်နာ့အတွက် ခွန်အားတွေဖြစ်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ယဉ်ကျေးမှုတွေ ထွန်းကားရာ ကျွန်းတစ်စုက Queer Community အတွက် လှပတဲ့ တေးသွားလေးတစ်ပုဒ်ဆို မမှားပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်) File Size……….(3.5 GB) / (1.33 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 51Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Act Molemy Encoder……….SWM

6.2 2022
Wolf and Dog
To Live Through Death
6

အက်ရှင်ကားတွေကိုမှ ကြိုက်တတ်တဲ့ CM ရဲ့ပရိသတ်တွေအတွက် အက်ရှင်မင်းသားနှစ်ယောက်ရဲ့ ချကွက်တွေကို အကြိုက်ကြည့်ရဖို့ ရုပ်ရှင်လေးလာပါပြီ။ ဇာတ်လမ်းအကျဉ်းလေးကတော့- ပစိဖစ်သမုဒ္ဒရာအလယ်က ကျွန်းလေးတစ်ကျွန်းပေါ်မှာ အိမ်ခြေမဲ့ လေလွင့်သူတွေအတွက်နေထိုင်စရာ နေရာတစ်ခု ရှိခဲ့ပါတယ်။ အဲဒါကတော့ ကျွိုင့်လမ်းလေးပဲ ဖြစ်ပါတယ်။ ကျွိုင့်လမ်းပေါ်မှာ ဆယ်နှစ်ကျော် ဖွင့်ခဲ့တဲ့ စားသောက်ဆိုင်က စားဖိုမှူးလောင်ချန်ရဲ့ လက်မောင်းပေါ်က ဗလတွေကိုကြည့်ခြင်းအားဖြင့် သူက သာမန်လူမဟုတ်မှန်း သိသာနေပါတယ်။ နောက်ထပ် ကျွိုင့်လမ်းကို ကာကွယ်ဖို့ တာဝန်ကျတဲ့ ရဲမှူးအားချန့်ကလည်း လွန်ခဲ့တဲ့ နှစ် ၂၀ က ဒုစရိုက်မှုတွေကို ဖော်ထုတ်ဖို့ အမြဲ ကြိုးစားနေသူ ဖြစ်ပါတယ်။ တစ်နေ့မှာ လောင်ချန်တို့ဆိုင်ကို အလိမ်ခံရတဲ့ မိန်းကလေးတစ်ယောက်က အကူအညီတောင်းခံခဲ့ပါတယ်။ အဲဒီမိန်းကလေးကို ခေါ်ထားပေးမိတဲ့အတွက် လောင်ချန်ရဲ့ မွေးစားသမီးကို ဒုစရိုက်အဖွဲ့က ပြန်ပေးဆွဲဖို့ခေါ်သွားပါတော့တယ်။ မွေးစားသမီးကို ကယ်တင်ဖို့အတွက် လောင်ချန်တစ်ယောက် ဒုစရိုက်သမားတွေရဲ့ အသိုက်ထဲကို မဖြစ်မနေဝင်ရတဲ့အခါ…… လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က လောင်ချန် ဖုံးကွယ်ထားချင်တဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

6 2024
To Live Through Death
The Vanishing Soldier
6.5

စစ်တပ်တွေမှာ ဘယ်ရာထူးမဆို ကြီးလေးတဲ့ ပြစ်မှုတစ်ခု ရှိပါတယ်။အဲ့ဒီ ပြစ်မှုကတော့ တပ်ပြေးတဲ့ပြစ်မှုပါပဲ။ အဲ့ဒီပြစ်မှုအတွက် အခြေအနေအလိုက် ထောင်ကျခံရတာ ကနေ သေဒဏ်ပေးခံရတဲ့အထိပြစ်ဒဏ်ချမှတ်လို့ရပါတယ်။ အခုတင်ဆက်ပေးမဲ့ ဇာတ်ကားထဲမှာ တပ်ပြေးလာတဲ့ ၁၈ နှစ်သားစစ်သားတစ်ယောက်အကြောင်းနဲ့ အဲ့လို တပ်ပြေးတဲ့အတွက် ဘယ်လိုနောက်ဆက်တွဲပြဿနာတွေ ဖြစ်လာမယ်ဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမှာ ပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Vanishing Soldier (ပျောက်ဆုံးနေသောစစ်သား) ဖြစ်ပြီး IMDb Rating 6.5 အထိရရှိထားပါတယ်။ ဇာတ်လမ်းအစမှာ ရှလိုမီလို့ခေါ်တဲ့စစ်သားတစ်ယောက် တပ်ကနေ ထွက်ပြေးလာတာကို တွေ့ရမှာဖြစ်ပြီး သူတပ်ပြေးလာရတဲ့ အကြောင်းအရင်းကတော့ တခြားမဟုတ်ဘဲ သူ့ကောင်မလေးနဲ့ တွေ့ချင်လို့ သက်သက်ဖြစ်ပါတယ်။ဒါပေမယ့် သူ့တပ်ကတော့ အဲ့ဒါကိုမသိဘဲ အဲ့ဒီနေ့မတိုင်ခင်မနေ့ကဖြစ်ခဲ့တဲ့စစ်ပွဲမှာ ရန်သူတွေရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီလို့ပဲ သိထားတာဖြစ်ပါတယ်။ ရှလိုမီကတော့ အဲ့ဒါကိုမသိဘဲ သူ့ကောင်မလေးနဲ့သွားတွေ့ မိဘတွေနဲ့သွားတွေ့ပြီး ပျော်ပါးနေခဲ့ပါတော့တယ်။ဒါပေမယ့် နောက်ပိုင်းမှာတော့ ရန်သူတွေသူ့ကိုဖမ်းသွားပြီလို့ထင်နေတဲ့ သူ့တပ်ကတော့ ရန်သူတွေကို လက်နက်ကြီးတွေနဲ့ ဗုံးကြဲပြီး သူ့ကိုပြန်ပေးဖို့တောင်းဆိုနေကြောင်းကို တီဗီကနေသိလိုက် ရပါတော့တယ်။ အဲ့ဒီအချိန်မှာသူထွက်ပြေးလို့ဖြစ်လာတဲ့အကျိုးဆက်တွေက အရမ်းကြီးမားလာတဲ့အတွက် ဆက်ပဲပြေးနေရမလိုလို တပ်ထဲပဲ ပြန်သွားရမလိုလိုနဲ့ ဆုပ်လည်းစူး စားလည်းရူးအခြေအနေတွေ ဖြစ်ပြီး နောက်ပိုင်းမှာဘယ်လိုအဆုံးသတ်သွားမယ်ဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ဖို့တင်ဆက်ပေးလိုက်ပါတယ်။ File size…2.08GB / 997MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 45m Genre ….. Drama , Thriller , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.5 2023 92 mins
The Vanishing Soldier
Monster Summer
5.8

Monster Summer ဇာတ်ကားဟာ ၂၀၂၄ ခုနှစ်ထွက် PG13 adventure, mystery, horror ပုံစံ ဇာတ်ကာလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Trailler လေး ဖွင့်ကြည့်မိရင် Stranger Things လို Vibes မျိုး ခံစားရမှာဖြစ်ပြီး ဇာတ်လမ်းလေး ကလည်း ဒီလို Vibe မျိုး ခံစားနေရမှာပဲ ဖြစ်ပါတယ်။ အမြည်းပြောပြရရင် Noah တို့ နေထိုင်တဲ့ ကျွန်းလေး နွေရာသီဆို လူတွေ လာလာလည်ကြတဲ့ Vacation ကျွန်းလေးမှာ တစ်နေ့ကျတော့ ဘာကြောင့်မှန်းမသိ ဆယ်ကျော်သက်ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့လာပါတယ်။ သူ့ဖခင်လို စွန့်စားခန်းစာရေးဆရာဖြစ်ချင်တဲ့ Noah တစ်ယောက် ဒီ လျှို့ဝှက်စရာကိစ္စတွေကို အငြိမ်းစား ရဲစုံထောက်တစ်ယောက်နဲ့အတူ ဖော်ထုတ်ဖို့ ကြိုးစားရင်း ပြဿနာတွေက ပြေလည်သွားမလား ပိုကြီးလာမလား လျှို့ဝှက်ချက်တွေနဲ့ အနောက်မှာ ဘာတွေ ရှိနေမလဲ စတာတွေကို Mystery ဆန်ဆန် ကြည့်ရမဲ့ ဇာတ်ကား ကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.58GB) / (810MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre ….. Adventure , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

5.8 2024
Monster Summer
Fog of War
5.3

ဂျာမန်နဲ့အမေရိကန်တို့ စစ်ဖြစ်နေစဉ်ကာလက ကြေကွဲစရာ အချစ်ဇာတ်လမ်းလေးတစ်ကို စိတ်ကူးယဉ်ပုံဖော်တင်ဆက် ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေး လိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Fog Of War ဖြစ်ပြီး လက်ရှိ IMDb Rating 5.3 အထိရရှိထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ နာမည်ကြီး Supernatural Series ထဲမှာ Michael အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Jake Abel တို့ Deadpool ထဲကမီးကောင်မလို့လူသိများကြတဲ့ Brianna Hildebrand ကိုဒီဇာတ်ကားထဲမှာ ရှေးခေတ်ပုံစံလှလှပပ တွေ့ရမှာဖြစ်ပြီး တခြားသော နာမည်ကြီးသရုပ်ဆောင် များလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဇာတ်လမ်းအစကတော့ ဂျင်းဆိုတဲ့ အမေရိကန်တိုက်လေယာဉ်မှူး ဂျာမန်တွေလက်ချက်ကြောင့် လေယာဉ်ပျက်ကျပြီး ဒဏ်ရာ ရခဲ့ရာကနေစတာပါပဲ။ဂျင်းက ဂျာမန်တွေကိုတိုက်ထုတ်ရာမှာ ထူးချွန်ခဲ့တဲ့တပ်သားတစ်ယောက်ဖြစ်တဲ့အတွက် သူ့ကိုဆုချဖို့ အတွက် သူ့ရဲ့ဇနီးလောင်းဖြစ်သူ OSS အေးဂျင့် ပန်နီတို့ကို ခွင့်ပေးပြီး ပန်နီ့ဦးလေးနဲ့အဒေါ်တို့ဆီကိုသွားလည်ခွင့်ပေးခဲ့ ပါတော့တယ်။ဒါပေမယ့် ဒီခရီးစဉ်ရဲ့နောက်ကွယ်မှာတော့ ဂျင်းအတွက်စစ်ဆင်ရေးတစ်ခုရှိ‌နေခဲ့ပါတယ်။အဲ့ဒါကတော့ သူတို့ရဲ့ကျူးကျော်တိုက်ခိုက်မဲ့ အချက်အလက်တွေပေါက် ကြားခဲ့ပြီး ပေါက်ကြားခဲ့တဲ့နေရာက သူတို့သွားမဲ့နေရာအနီး အနားမှာဖြစ်နေတဲ့အတွက် ဂျင်းကိုစုံစမ်းစစ်ဆေးခိုင်းဖို့အကြံနဲ့ လွှတ်လိုက်တာဖြစ်ပါတယ်။ ဒီလိုနဲ့ ဂျင်းနဲ့ပန်နီတို့အဲ့ဒီကိုရောက်ခဲ့ကြပြီး ဒီပေါက်ကြားမှုကြီးရဲ့ နောက်ကွယ်က တရားခံအစစ်အမှန်ကို ဂျင်းတစ်ယောက် ရှာဖွေဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာကို စစ်ပွဲကာလဇာတ်ကား ဆိုပေမဲ့ ဒရာမာဆန်ဆန်စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူး ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size… (1.25GB) / (759MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Crime • Action • Thriller
5.3 2025 103 mins
Fog of War
The Fault is Not Yours
7.8

The Fault is Not Yours (2019) ****************************** ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ All of us Are Dead မှ Yoon Chan-Young, Racket Boys မှ Son Sang-Yeon နဲ့ IZ*ONE အဖွဲ့ဝင် Kim Min-Joo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ပညာပေး ရုပ်ရှင်လေးပဲ ဖြစ်ပါတယ် .. – ဇာတ်လမ်းအကျဉ်း – ဂျွန်ယောင်း (Yoon Chan-Young) ဟာဆိုရင် ရောဂါသည်အမေ့ကို တစ်ယောက်တည်း ပြုစုရင်း ကျောင်းတက်နေရသူလေးပါ .. ငယ်ငယ်ရွယ်ရွယ်နဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို သယ်ပိုး ထားရတဲ့ ဂျွန်ယောင်းကို အမြဲ ကူညီပေးနေတဲ့သူကတော့ ဂျွန်ယောင်းရဲ့ဆရာ မင်ဂျယ် (Kim Jae-Chul) ပဲဖြစ်ပါတယ် .. ဒါပေမဲ့ ဂျွန်ယောင်းတစ်ယောက် တကယ်တမ်း ကူရာမရဖြစ်လောက်တဲ့အထိ စိတ်ပျက်လက်မှိုင် ကျနေတဲ့ အခြေအနေမှာမှ ဆရာဖြစ်သူက အမှုမဲ့အမှတ်မဲ့ သဘောထားလိုက်မိတဲ့အတွက် ဂျွန်ယောင်းလည်း အစွန်းရောက်ရွေးချယ်မှုကို ပြုလုပ်သွားပါတော့တယ် .. ဂျွန်ယောင်းကို ဆုံးရှုံးလိုက်ရတဲ့ ဆရာဖြစ်သူလည်း နောက်ထပ် ကျောင်းသားတွေကို မဆုံးရှုံးရစေဖို့အတွက် ဆရာတစ်ယောက်အနေနဲ့ အကူအညီလိုအပ်နေတဲ့ ကျောင်းသားတွေကို စိတ်ရင်းစေတနာအပြည့်နဲ့ ဖေးမပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ် .. လက်ရှိ ဆရာမင်ဂျယ် အတန်းပိုင်လုပ်နေတဲ့ အတန်းက ကလေးတွေမှာလည်း စိတ်ဒဏ်ရာအသီးသီး ရှိနေကြပါတယ် .. ဒီလို စိတ်ဖိစီးစရာကိစ္စ ကိုယ်စီရှိနေကြတဲ့ ကလေးတွေကို ဒီတစ်ခေါက်မှာတော့ ဆရာမင်ဂျယ်က ဖေးမကူညီ‌ပြီး ကာကွယ်ပေးသွားနိုင်မလားဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော် .. (အညွှန်းကို Hnin Wai Oo မှ ရေးသားထားပါတယ်) File size…1.06GB / 487MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 47m Genre ….. Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by AHtet

Horror • Thriller
7.8 2019 108 mins
The Fault is Not Yours
Torrente, the Dumb Arm of the Law

“Torrente: El brazo tonto de la ley” ဆိုတာဟာ မြန်မာလိုဆိုရင် “တရားဥပဒေရဲ့အရူးလက်တစ်ဖက်”ဆိုတဲ့ ခေါင်းစဉ်နဲ့ လူမိုက်ရဲဟောင်းတစ်ယောက်ဟာ မူးယစ်ဆေးအမှုတစ်မှုကိုအလွဲအမှားတွေနဲ့စုံစမ်းဖော်ထုတ်ဖို့ကြိုးစားတဲ့ ဟာသဇာတ်လမ်းဖြစ်ပါတယ်။ သူဟာ ရူးကြောင်ကြောင်အမူအရာတွေလုပ်ပြီး ရဲတပ်ဖွဲ့ရဲ့ အားနည်းချက်တွေနဲ့ လူ့အဖွဲ့အစည်းထဲကအလွဲတွေကို ဟာသနဲ့ဖော်ပြထားပါတယ်။ ဇာတ်ညွှန်းကိုပြောရရင်တော့ တိုရန်တဲလ်ဟာ ရဲတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ရာထူးကျပြီးနောက်မှာ မကောင်းတာမှန်သမျှအကုန်လုပ်ပြီး အရက်စွဲနေတဲ့လူတစ်ယောက်ပါ။ တစ်ရက်မှာတော့ စားသောက်ဆိုင်တစ်ဆိုင်မှာထိုင်နေရင်း ထိုစားသောက်ဆိုင်ကနေ မူးယစ်ဆေးတွေကို တစ်ကမ္ဘာလုံးကိုဖြန့်နေတယ်ဆိုတာ မထင်မှတ်ထားပဲ တွေ့ရှိလိုက်ပါတော့တယ်။ အဲဒါနဲ့သူလဲ အရင်ရာထူးကိုပြန်ရဖို့အတွက် သူ့နဲ့ခင်တာမကြာသေးတဲ့‌တိုက်အောက်ထပ်ကကောင်လေးနဲ့အတူ ထိုအမှုကိုဖော်ဖို့ကြိုးစားရင်း အလွဲလွဲအချော်ချော်တွေဖြစ်ကာ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါဦး။ File size…(1 GB) Quality….720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero

0 1998
Torrente, the Dumb Arm of the Law