YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Go East E30 1080p WEB-DL CM.mp4

789.14 MB N/A video/mp4 17 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sleepwalkers
6

IMDb 5.3 / Rotten Tomatoes 29% နာမည်ကျော်ရုပ်ရှင်ကားတွေဖြစ်တဲ့ The Shawshank Redemption, IT တို့ကို ရေးသားခဲ့သူ King of Horror လို့တင်စားခံရတဲ့ စာရေးဆရာ Stephen King ရဲ့ လက်ရာကောင်းရုပ်ရှင်ကားလေး တစ်ကားကို CM ပရိတ်သတ်ကြီးအတွက် ယူဆောင်လာပါတယ်. သဘာဝလွန်ဇာတ်ကားတွေကို သဘောကျတဲ့သူတွေ အကြိုက်တွေ့မယ့် ဒီ ရုပ်ရှင်ကားလေးထဲမှာတော့ အများအမြင်မှာ သားအမိလိုနေ​ပေယ့် နောက်ကွယ်မှာ ချစ်သူတွေလိုဖြစ်နေကြတဲ့ သွေးစုပ်ဖုတ်ကောင် နောက်ဆုံး မျိုးဆက် နှစ်ယောက် အပျိုစင်ရဲ့သွေးနဲ့မှ အာသာပြေမယ့် မိခင်ရဲ့ဆာလောင် မွတ်သိပ်မှုအတွက် သားဖြစ်သူ ချားစ်တစ်ယောက် ထန်ညာ လို့ခေါ်တဲ့အပျိုစင် မလေးအနား ချဉ်းကပ်ပါတော့တယ် တစ်ဖန် ဆရာတစ်ယောက်က ချားစ်ရဲ့ သရုပ်မှန်ကို ရိပ်မိသွားတဲ့အခါ...ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ ထန်ညာ့အပေါ်် ချားစ်တစ်ယောက် ဘယ်လိုခံစားချက်တွေ ဖြစ်လာမလဲ မိခင်အတွက် သူ ထန်ညာ့ကို တကယ်သတ်ပစ်မှာလား ဆရာကရော ဘာဆက်လုပ်မလဲဆိုတာ... သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် Horror / Teen ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်... File size…1.70GB / 766MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 31m Genre ..... Horror , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe

Comedy • Drama • Romance
6 1992 91 mins
Sleepwalkers
[18+] The Brown Bunny

ဒီကားက Experimental ကား ပီပီသသနဲ့ပဲ လိင်ဆက်ဆံခန်းတွေဟာ သာမန် 18+ ကား‌တွေထက်တောင် လက်တွေ့ဆန်အောင်ပြထားတယ်။ ပုံမှန် 18+ ကားတွေပြလေ့မရှိတာတွေကိုပါ ရဲရဲတင်းတင်းပြထားတယ်ဆိုပါစို့။ အဲဒီလိုဆိုလို့ အပေါစား အညှီအဟောက်ဇာတ်ကားတစ်ခုသက်သက်လားဆိုတော့လည်း မဟုတ်နေပြန်ဘူး။ ဘာလို့ဆို ကိန်းရုပ်ရှင်ပွဲတော်မှာပါ ပြခဲ့ရတဲ့ကားဖြစ်နေလို့ပါပဲ။ ဒါပေမဲ့လည်း ဒီကားရဲ့အပြတွေအရ ကိန်းလိုရုပ်ရှင်ပွဲတော်ကြီးနဲ့ မထိုက်တန်ဘူးဆိုပြီး ရုပ်ရှင်ဝေဖန်ရေးဆရာတွေကြား အငြင်းပွားခဲ့ရသလို ဂန္ထဝင်ရုပ်ရှင်‌ဝေဖန်ရေးဆရာကြီး Roger Ebert ကတောင် ကိန်းရုပ်ရှင်ပွဲတော်သမိုင်းပြခဲ့သမျှထဲ အဆိုးဆုံးကား ဆိုပြီးတောင် ထောပနာပြုခဲ့ပါသေးတယ်။ ‌ဒါပေမဲ့ ရုပ်ရှင်ပွဲတော်မှာ မပြခဲ့တဲ့ နောက်ဗားရှင်းကိုတော့ သူလည်း အကောင်းဘက်က ချီးကျူးခဲ့ပါတယ်။ ကားရဲ့ ဇာတ်အိမ်ကလည်း တော်တော်လေးဆန်းတယ်။ လေလွင့်နေတဲ့လူတစ်ယောက်ရဲ့ ခြေရာခံရခက်တဲ့အတိတ်ကို တငွေ့ငွေ့ချင်း ပုံဖော်ရင်း ဒီလူ ဘာလို့လေလွင့်နေလဲဆိုတာကို တစ်စတစ်စချင်း ပုံဖော်ပြသသွားတယ်။ Experimental Road Drama ပီပီသသပဲ လမ်းပေါ်မှာ တကယ်သွားနေတဲ့ အနေအထားနဲ့ တော်တော်ကျအောင်လည်းပြသွားတယ်။ ၁၈အပေါင်းထက် ပိုရင်ပိုလောက်တဲ့ ၂၁အပေါင်းကားပေမဲ့ အနုပညာလည်း မြောက်သလို Experimental ဖလင်ဖန်တွေအကြိုက်တွေ့မယ့်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Abyss မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 750MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Abyss Encoded by RGB

Action • Adventure • Drama • Mystery
null 2003 93 mins
[18+] The Brown Bunny
Organic Mama Hybrid Alludu
8

IMDb-8.1/10 တေလဂူးရဲ့ အကောင်းဆုံးဒါရိုက်တာ Flimfare ဆုရဖူးတဲ့ S.V Krishna Reddy ရိုက်ကူးထားတဲ့ တေလဂူး အချစ်ဇာတ်‌လမ်းပေါ့ပေါ့ပါးပါးလေးနဲ့ CM ပရိသတ်ကြီး အပန်းပြေနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအညွှန်း ဒါရိုက်တာဖြစ်ရဖို့ရူးသွပ်လွန်းတဲ့ ဗီဂျေးဟာသူ့ရဲ့ပွဲဦးထွက်နှစ်ကားမှာပဲ အရှုံးပေါ်ခဲ့လို့ မိသားစုကယုံကြည်မှုမရပဲ မိသားစုစီးပွားရေးကိုပဲလုပ်ဖို့ဖိအားပေးနေရတဲ့လူငယ်လေးပါ ဗီဂျေးကလည်း ဒါရိုက်တာပဲလုပ်ချင်တဲ့ခေါင်းမာပြီး ပါးနပ်ထက်မြတ်တဲ့လူငယ်တစ်ယောက်ဆိုတော့ အိမ်နဲ့အတိုက်အခံပေါ့ တစ်နေ့အဖေစိတ်ချမ်းသာဖို့ဆိုပြီး ကြယ်ငါးပွင့်ဟိုတယ်မှာ ကွန်ဒါပီလီအရုပ်တွေတက်ရောင်းပေးရင်းကနေ မင်းသမီးလေးနဲ့ဆုံပါတော့တယ် မင်းသမီးလေးကလည်း သူကြွယ်သူဌေးမြေရှင်ကြီးရဲ့ တစ်ဦးတည်းသောချစ်မ၀သမီးလေးပေါ့ တွေ့ရာလူနဲ့ကြိုက်သွားမှာဆိုးလို့ ကျောင်းတောင်မထားရက်လောက်အောင် အချစ်ခံရတဲ့သမီးလေး သူဌေးသမီးလေး ဟာစီနီနဲ့ ရိုးသားကြိုးစားဖိုးသခွားဒါရိုက်တာလေးဗီဂျေး ရှေ့ဆက်ပေါင်းစည်းနိုင်မလား ဗီဂျေးကရောအိမ်မက်အတိုင်းအောင်မြင်တဲ့ဒါရိုက်တာကြီးဖြစ်နိုင်မလား ခံစားကြည့်ပါဦး File size…2.5GB / 1.26GB Quality…1080p WEB DL /720p Format…mp4 Duration….2 h 22 min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~NyeinAye

8 2023 148 mins
Organic Mama Hybrid Alludu
A Good Person
6.8

IMDb Rating - 7.0/10 Nathan နဲ့ Allison တို့က စေ့စပ်ထားပြီး တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ကြတဲ့ ပျော်ရွှင်စရာ စုံတွဲတစ်တွဲပါ။ ဒါပေမဲ့ Allison မောင်းလာတဲ့ကား ယာဥ်တိုက်မှုဖြစ်သွားပြီး မကြာခင် ယောင်းမတော်ရမယ့် Nathanရဲ့အစ်မ Mollyနဲ့ သူ့ခင်ပွန်းဟာ ဆုံးပါးသွားခဲ့တယ်။ အဲ့ကြေကွဲစရာ အဖြစ် အပျက်ကြီးအပြီးမှာလည်း ကျန်ခဲ့သူတွေရဲ့ဘဝဟာလည်း ပူဆွေးမှုတွေနဲ့ ပျက်ဆီးသွားခဲ့ရတယ်။ Danielက သူ့သမီးMolly ဆုံးသွားပြီးနောက်ပိုင်း သူ့ရဲ့မြေး မလေး Ryanကို သူတစ်ယောက်တည်း ပြုစုပျိုးထောင်ပေး နေခဲ့တယ်။ Allison ရဲ့ တောက်ပနေတဲ့အနာဂတ်လည်း ထို ကားတိုက်မှုအပြီး အရာအားလုံး ပျက်ဆီးသွားပြီး သူ့အမှား အတွက် လိပ်ပြာမလုံ ခံစားနေခဲ့ရတယ်။ Allison နဲ့ Danielတို့ ပြန်လည်တွေ့ဆုံတဲ့အခါမှာတော့ သူတို့အချင်းချင်းကြား ခွင့် လွှတ်မှု၊ ခင်မင်မှုတွေပေါ်လာပြီး လူကောင်းတစ်ယောက်ဖြစ် အောင် ဘယ်လိုကြိုးစားမလဲဆိုတာကို ခံစားချက်ထိထိမိမိ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ IMDb rating 7.0 ထိ ရထားပြီး Traumaတွေကို ကျော်ဖြတ် ဖို့ ကြိုးစားနေသူနှစ်ဦးရဲ့ အဓိပ္ပါယ်ရှိတဲ့ ဘဝပညာပေး ဇာတ်လမ်း ကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ မင်းသားကြီး Morgan Freemanနဲ့ မင်းသမီး Florence Pugh (marvel - black widow ထဲက ယလီနာ) တို့က အဓိကသရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size..........(1.7 GB) / (665 MB) / (375 MB) Quality............WEB-DL 1080p / 720p / 480p Duration.........2Hrs 08Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Thwal Htoo Zin Encoder..........SWM

Comedy • Drama
6.8 2023 128 mins
A Good Person
Tees Maar Khan
7.7

ဒီတစ်ခါတော့ တေလေဂူဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းအကျဥ်း.. သာယာမှုမရှိတဲ့မိသားစုနှစ်စုက ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက် တစ်ညမှာဆုံမိကြပြီး တစ်ယောက်နဲ့တစ်ယောက်အကူအညီပေးဖို့ကတိပြုခဲ့ကြပါတယ် အမေတစ်ယောက်ထက်သူ့အပေါ်မှာပိုကောင်းတဲ့အမကြီးကို အာဒီက အမေလို့ပဲခေါ်ခဲ့ပါတယ်... သူ့အမေကိုထိဓားကြည့်ဆိုတဲ့အတိုင်းသူ့အမေကိုလူတစ်စုက ထိပါးစော်ကားလို့အဲ့ဒီလူအယောက်သုံးဆယ်ကိုဆုံးမလိုက်ရာကနေ (Aadi)တီးစ်မာခန်းလို့အမည်တွင်လာခဲ့ပါတယ်... တစ်နေ့သူ့သူငယ်ချင်းရဲ့ကိစ္စတစ်ခုကိုလိုက်​ဖြေရှင်းပေးရင်း အာနာဂါ (Payal Rajput)ဆိုတဲ့မိန်းကလေးတစ်ယောက်က သူကတဲ့ကကွက်တွေအတိုင်းလိုက်ကနေတာကိုမြင်ပြီး ချစ်မိသွားရာက ကျောင်းအထိပါလိုက်ကပ်ပါတော့တယ် သူတို့မြို့မှာ ဂီဂျာ (Thakur Anoop Singh)လို့ခေါ်တဲ့ ဥပဒေကိုလက်တစ်လုံးခြားလုပ်နေတဲ့လူဆိုးတစ်ယောက်ရှိနေလို့ ဝန်ကြီးချုပ်က သူ့ကိုဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်နှိမ်နင်းဖို့ အစီအစဥ်ဆွဲကြိုးစားခဲ့ပါတယ်.. ဒီဇာတ်လမ်းထဲမှာ သူတို့ဘယ်လိုတွေထိပ်တိုက်တွေ့လာကြမှာလဲ.. တီးစ်မာခန်းကရော ဘယ်လိုစိန်ခေါ်မှုမျိုးတွေနဲ့ ကြုံတွေ့လာရမလဲဆိုတာ...ဆက်လက်ရှုစားပေးကြပါဦး File size…2.16GB / 1.06GB Quality…1080p AVC / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & ThuRa & Kevin

Drama • Romance
7.7 2022 135 mins
Tees Maar Khan
Not My Type
5.9

Not My Type (2022) ကျွန်တော်တို့ မြန်မာနာမည်ကြီးတေးသံရှင် မနောကို ဥပမာပြုရရင် မနောဟာလည်းတစ်ချိန်က Rock ‌တွေဆိုခဲ့တဲ့ ပုဂ္ဂိုလ်ပဲလေ။ သူ့ရဲ့မြန်မာသံ တောဓလေ့သီချင်းတွေဟာ ပရိသတ်ရင်ကိုရောက်သွားတဲ့အခါ သူဟာ Rock ကိုပစ်ခါခဲ့သလိုပဲပေါ့။ Musician တစ်ယောက်ဟာ လူတွေအကြိုက်ကိုမလိုက်ပဲ ကိုယ်ကြိုက်တာကို ကိုယ်လုပ်ရင် ဒီ Musician ဟာ အောင်မြင်ပါ့မလား။ ပြင်သစ်လူငယ်အဆိုတော်မလေး Marcia ဟာ ပြင်သစ် Classical တွေ Ballad သီချင်းတွေကို သီဆိုသူ ကြိုက်နှစ်သက်သူတစ်ယောက်ပေါ့။ အောင်မြင်သော မအောင်မြင်သော သူဟာ နေစရာမရှိလို့ မြစ်ထဲမှာ Houseboat နဲ့ နေရသူလေးလေ… အဲဒီလိုပါပဲ… ဒါဟေဂျန်း (Daredjane) ဆိုတဲ့ 70s အဆိုတော်တစ်ယောက် ဟာ 2021 မှာ အဘွားကြီးဖြစ်နေပြီပေါ့။ လူတွေလည်း သူ့ကိုမသိကြသလောက်ဖြစ်နေပါပြီ။ တစ်ခေတ်တစ်ခါက အဆိုတော်ဆိုပေမယ့် ကိုယ်ကြိုက်တာကိုယ်လုပ်ခဲ့တဲ့ Musician ဖြစ်ပေတာကိုး။ ဒါပေမယ့် Marcia ဟာ Daredjane ကို ကြိုက်နှစ်သက်ပြီး လေးစားရတာကြောင့် သူနဲ့အတူ သီချင်းအသစ်တွေလုပ်မယ်၊ ပြန်အောင်မြင်အောင် အတူကြိုးစားမယ်ဆိုပြီး အဘွားကြီးဆီကို ဇွတ်တွေသွားပြီး လုပ်တာပေါ့။ ဖြစ်ခဲ့ပါတယ်… သူတို့အတူတကွ ဖန်တီးရင်း တစ်ယောက်တစ်ပိုဒ်စီရေး၊ သေချာပြင်ဆင်၊ Arrangement လုပ်ထားတဲ့ “Throwing Myself Into The Unknown” လို့ အင်္ဂလိပ်လိုအမည်ရတဲ့ သီချင်းဟာ အောင်မြင်မယ့်သီချင်းတစ်ပုဒ်ဆိုတာ သေချာပါတယ်။ Marcia အိပ်မက်ကတော့ ဒီသီချင်းတွေနဲ့ အဟောင်းတွေကို ပြန် Record ပြီး ပြန်ဆန်းသစ်ပြီး Daredjane ရဲ့နောက်ကွယ်ကနေ Daredjane အောင်မြင်တာကို ကြည့်ပြီး ကြည်နူးချင်တဲ့ အနုပညာသမားစစ်စစ် စိတ်ဓာတ်နဲ့ပေါ့… ဒါပေမယ့်လည်း… ကံမကောင်းအကြောင်းမလှစွာပဲ Daredjane ဟာ ဆုံးပါးသွားပါတယ်။ သားသမီးမထွန်းကား၊ ဆွေမျိုးမရှိတော့တဲ့ သူ့ရဲ့ အရမ်းမများ‌သော အမွေလေးတွေ၊ သီချင်းမူပိုင်ခွင့်‌တွေ စတာတွေရဲ့ တရားဝင်အရိုက်အရာဆက်ခံသူဟာ သူမရဲ့ ဝမ်းကွဲတူဖြစ်တဲ့ ဈေးခေါင်းလုပ်နေတဲ့ Anthony Denoël ဆိုသူပါပဲ။ ခက်ခဲနက်နဲလှတဲ့ ဒို၊ ဒီ၊ ရေ၊ မာ၊ မီ၊ ဖာ၊ ဖီ၊ ဆို၊ စီ၊ လာ၊ ထာ၊ တီ နုတ်တွေကို ချစ်မြတ်နိုးတဲ့ ဂီတအပေါ် သစ္စာရှိပြီး ငွေရဖို့သက်သက်မလုပ်ချင်သူ Marcia ဟာ သူ့လိုစိတ်ဓာတ်နဲ့လူက အဆိုတော်ကြီး Daredjane ရဲ့ အရိုက်အရာကို မဆက်ခံလိုက်ရပဲ ဘဝကို ကလိုက်ခုန်လိုက် ဘားသွား ကလပ်တက်ဖြတ်သန်းနေတဲ့ Anthony လိုကောင်က တရားဝင်ဆက်ခံခွင့်ရှိ‌နေတဲ့အခါ Marcia ရင်ဆိုင်ဖြတ်သန်းရမယ့် အရာတွေကို ပြင်သစ် သီချင်းသံလေးတွေ မြိုင်မြိုင်နဲ့ ရှုစားလိုက်ကြပါဦးဗျ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 910MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

5.9 2022
Not My Type
Boyz 4
6.8

Boyz 4 (2023) “ကျွတ်ပလွတ် တသိုက်” IMDb- 7.2/10 Boyz franchiseရဲ့ လေးကားမြောက်ထွက်ရှိလာပါပြီ။ ငရှုပ်ကောင်တွေ ဒီထဲမှာလည်း လူငယ်သဘာ၀ ဘယ်လိုတွေမွှေကြမလဲဆိုတာ ရိုက်ကူးတင်ဆက်ထားပါတယ်။ တစ်နှစ်ပတ်လုံး စာတကုပ်ကုပ်ကြိုးစားခဲ့တဲ့ ကဘီးရ်တစ်ယောက် စာမေးပွဲအောင်စာရင်းထွက်လာတော့ ဘာစာမှမလုပ်တဲ့ ဒွန်ဂါနဲ့ ဒိုင်ယာဆိုတဲ့ငမွေထိုးနှစ်ကောင်ရဲ့နောက်မှာရောက်နေရော။ ဘာမှကောင်းကျိုးမပေးတဲ့ကောင်တွေဆိုပြီး သူငယ်ချင်းအဖြစ်ကရပ်စဲပြီး လန်ဒန်ကိုထွက်သွားတယ်။ ဒွန်ဂါနဲ့ ဒိုင်ယာကလည်း တက်မရှိလက်နဲ့လှော်မယ်ဆိုတဲ့ကောင်တွေ။ မရ ရတဲ့နည်းနဲ့ လန်ဒန်ကို လိုက်သွားကြတယ်။ ကဘီးရ်တစ်ယောက် လန်ဒန်မှာ ကူနယ်လ်ဆိုတဲ့ကောလိပ်ကလူဆိုးဗိုလ်နဲ့ ဘော်ဒါတွေဖြစ်နေပြီး ကူနယ်လ်ဆိုတဲ့ကောင်ကလည်း သူ့ကိုယ်သူ အိန္ဒိယသားဖြစ်နေတာကြီးကို မုန်းတဲ့ကောင်။ ဖြစ်ချင်တော့ မမြင်ချင် မခင်ချင်လို့မှ ထွက်သွားတဲ့ ကဘီးရ်တစ်ယောက် ဒွန်ဂါနဲ့ဒိုင်ယာဆိုတဲ့ ငရှုပ်နှစ်ကောင်နဲ့ တစ်ကျောင်းထဲ အတူတူတက်ရတဲ့အခါ…။ ဒွန်ဂါနဲ့ ဒိုင်ယာကလည်း ကူနယ်လ်နဲ့ဘော်ဒါတွေဖြစ်သွားပြီး ကူနယ်လ်က သူတို့သုံးကောင်ကို သူ့ရှော်တီလေး ဂရေ့စ်နဲ့မိတ်ဆက်ပေးတဲ့အခါမှာတော့ အဲဒီဂရေ့စ်ဆိုတဲ့ ဆော်လေးက ကဘီးရ်ရဲ့ အချစ်ဦးဖြစ်နေခဲ့တဲ့အခါ…။ ကျောင်းတော်ကြီးမှာ ဘယ်လိုတွေမွှေကြနှောက်ကြ ပြဿနာတွေရှာကြမလဲဆိုတာကို ကြည့်ရှုကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

6.8 2023 134 mins
Boyz 4
Annapoorani
5

Annapoorani – The Goddess of Food (2023)”အိန္ဒိယချန်ဂင်” IMDb- 4.8/10 Netflixကနေ ထုတ်လွှင့်လိုက်တဲ့ စားဖိုမှူးမလေးအကြောင်း တမီလ်အချစ် အချက်အပြုတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အဓိကဇာတ်ကောင်ကတော့ Jawan(2023)မှာ ရှရွတ်ခန်းဇနီး ရဲမေမလေးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော နာယန်သရာပဲဖြစ်ပါတယ်။ ဘုရားကျောင်းမှာ ဘုရားဆွမ်းချက်ပေးရတဲ့ သက်သတ်လွတ်စားတဲ့ မျိုးရိုးဇာတ်အနွယ်မြင့် မိသားစုက အမျိုးသမီးလေးတစ်ယောက်။ ဒီအမျိုးသမီးလေးရဲ့ အိပ်မက်က အိန္ဒိယဂုဏ်ဆောင် ကမ္ဘာကျော်စားဖိုမှူးကြီးဖြစ်ဖို့။ သက်သတ်လွတ်ဟင်းတွေကို ထူးရှယ်ချက်ပြုတ်နိုင်ပေမဲ့လည်း အသားမစားတဲ့အတွက် အသားဟင်းချက်ဖို့ အသားကိုင်ဖို့ကျ အဆင်မပြေဖြစ်နေရရှာ။ သူ့ကိုပိုးပန်းနေတဲ့ ကိုယ်တော်ချောရဲ့ ကောင်းမှုနဲ့ အဖေဖြစ်သူမသိအောင် အသားဟင်းတွေချက်ပြုတ်မြည်းစမ်းလာတဲ့အခါ။ အဖေဖြစ်သူက သူ့သမီးလေး အမ်ဘီအေတက်နေတယ်အမှတ်နဲ့ ကျောင်းကိုအလာမှာ အသားဟင်းတွေချက်ပြုတ် မြည်းစမ်းနေတဲ့သမီးဖြစ်သူကိုတွေ့တဲ့အခါမှာတော့။ သူဖြစ်ချင်တဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဆက်လက်ကြိုးစားသွားနိုင်မှာလားဆိုတာ…။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

5 2023
Annapoorani
Always I Am

Always I Am ( 2023 )==================Always I Am ကို ကိုရီးယား Art House ရုပ်ရှင်လို့ပြောရင်လည်း ကောင်း‌ကောင်းကြီးရလောက်တယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေမှာ အမြင်ရများတဲ့ ဇာတ်ပို့ဇာတ်ရံတွေကို အဓိကထားသုံးထားပေမဲ့ လူကြိုက်နည်းတဲ့ ရုပ်ရှင်ဖြစ်မယ်လို့တော့ ထင်ရတာပဲ။ ဒါလည်းမသေချာပါဘူး၊ Little Forsestလိုကားမျိုးတွေကို လူအများစု ကြိုက်တတ်ကြတော့ ဒီရုပ်ရှင်ကိုလည်း ကြိုက်ရင်လည်း ကြိုက်ကြမှာပဲ။ အဲဒီထက်တော့ နည်းနည်းလေး ပိုအေးစက်တယ်။ သေချာတာတစ်ခုကတော့ Always I Am ဟာ ဟုန်းဆန်းဆူပရိသတ်တွေတော့ ကြည့်ကို ကြည့်သင့်တဲ့ရုပ်ရှင်မျိုးပဲ။ဇာတ်ကတော့ ခက်ခဲတဲ့လက်တွေ့ကနေ မေ့ထားခဲ့တဲ့ တစ်ချိန်တစ်ခါဆီက လွတ်လပ်မှုတွေကို ပြန်ရှာကြတဲ့ လူတွေအကြောင်းလို့ပြောရမယ်။ အဆိုတော်တို့ ရုံးအလုပ်သမားတို့ ဘာတို့လို ဆိုးလ်လို မြို့ကြီးပြကြီးမှာ မွန်းကျပ်လာရာကနေ နယ်ဘက်ကျေးဘက်ကို စိတ်ပြေလက်ပျောက် ခဏခရီးထွက်သွားကြရင်း တစ်ချိန်ကမေ့ထားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေတွေ့ရှိကြတဲ့အကြောင်းအရာကို ရိုက်ပြထားတယ်။ ဇာတ်လမ်းတည်ဆောက်ပုံရော ပြောပြချင်တဲ့အမြင်ရော တော်တော်လေးကောင်းတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဇာတ်အဖွင့်မှာရေးထားတာက ” တကယ့်မရှိလို့မဖြစ်တဲ့အရာတွေဟာ မျက်လုံးနဲ့မမြင်နိုင်တဲ့အရာတွေပဲ”တဲ့။ Always I Am ဟာ အဲဒီအရာတွေအကြောင်းပေါ့။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ W ပါ )File size_(2.3GB)/(950MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:53:00 Genre_Drama, Music Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

0 2023 113 mins
Always I Am
The Eye 2

ဒီဇာတ်ကားကတော့ Shu Qi (ရှုကြည်)အဓိကပါဝင်သရုပ်ဆောင်ထားပြီး IMDb 5.6/10ရရှိထားတဲ့ horrorဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင်တော့ ရှုကြည်ဟာ သူ့ရည်းစားကသူနဲ့လမ်းခွဲသွားတဲ့အတွက် စိတ်ဓာတ်ကျပြီးတော့ အိပ်ဆေးတွေသောက်ပြီးသတ်သေဖို့လုပ်ရာကနေစပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သူ့ကိုတွေ့တဲ့သူကတွေ့သွားပြီး ဆေးရုံကိုအမြန်ပို့ကာ အချိန်မှီကယ်လိုက်နိုင်ပေမယ့် အဲဒီနေ့ကစပြီး သူ့ရဲ့ဘဝဟာ အပြောင်းလဲကြီးပြောင်းလဲသွားပါတယ်။ အဲဒါကဘာလဲဆိုတော့ သေခါနီးဖြစ်ရာကနေပြန်ရှင်လာပြီးနောက် သူ့မျက်လုံးကပုံမှန်မဟုတ်တော့ပဲ တစ္ဆေသရဲတွေကိုမြင်လာရတာပါ။ အဲဒီထဲကမှ သူသွားလေရာကိုလိုက်ပြီးခြောက်လှန့်တတ်တဲ့ ထူးဆန်းတဲ့အမျိုးသမီးတစ္ဆေတစ်ကောင်လဲရှိပါသေးတယ်။ ဒီလိုမျိုး နေ့တိုင်းခြောက်ခြားစွာကုန်ဆုံးနေရင်းကနေ သူ့မှာအရင်ရည်းစားနဲ့ကိုယ်ဝန်ရှိနေကြောင်းပါသိလိုက်ရတဲ့အခါ ခံနိုင်ရည်‌ရှိပါတော့မလားဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.9 GB)/(959 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero

0 2004
The Eye 2
I Heart Robots
5.8

အနာဂတ်ကာလတစ်ခုမှာ လူတွေနဲ့ စက်ရုပ်တွေ ယှဉ်တွဲနေထိုင် လာကြရင်း AIနဲ့ စက်ရုပ်တွေရဲ့ သဘာဝအတိုင်း လူသားတွေကို သတ်ဖြတ်မယ့် စက်တွေအဖြစ်ကို ပြောင်းလဲသွားတာကြောင့် လူသားတွေနဲ့ စက်ရုပ်တွေ စစ်မက်ဖြစ်လာခဲ့ပြီး ကမ္ဘာပျက်ကပ်ကြီး စဖြစ်လာခဲ့ပါတယ်။ ဒီစစ်ပွဲမှာ လူသားတွေ အရေးနိမ့်သွားခဲ့ပြီး စက်ရုပ်တွေရဲ့ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရတာကြောင့် အဖွဲ့လိုက် ပုန်းခိုနေရတဲ့ဘဝကို ရောက်သွားကြပါတယ်။ ဒီထဲက တဲရာဆိုတဲ့ မိန်းကလေးတစ်‌ဦးက စိတ်မဖောက်သွားတဲ့ စက်ရုပ်တစ်ရုပ်နဲ့အတူ လူသားတွေရော၊စက်ရုပ်တွေပါ သေကြေပျက်စီးစေမယ့် အဏုမြူဗုံး ပေါက်ကွဲမှုကို တားဆီးဖို့ ကြိုးပမ်းရပါတော့တယ်…. File size…1.46GB / 743MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 17m Genre ….. Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

5.8 2024
I Heart Robots
Outside
5.5

ဒီတစ်ခါ ပရိသတ်ကြီးကို Netflix က အသစ်ထုတ်လွှင့်လိုက်တဲ့ အာရှနိုင်ငံတစ်ခုရဲ့ ဇွန်ဘီဇာတ်ကားသစ် တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက အောက်တိုဘာ ၁၇ ကမှ ပူပူနွေးနွေးထွက်ရှိထားပြီးတော့ IMDB မှာ လက်ရှိ Rating 5.5 ရထားပါတယ်။ သမားရိုးကျ ဇွန်ဘီကားတွေနဲ့ မတူဘဲ ပြင်ပဘေးအန္တရာယ်နဲ့အတူ ယှဉ်တွဲပြီး အတွင်းစိတ်ဒဏ်ရာ ရှိသူတစ်ဦးက ဘယ်လောက်ထိ အန္တရာယ်များနိုင်သလဲဆိုတာ ရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်ညွှန်းကတော့ ဖိလစ်ပိုင်နိုင်ငံမှာ Zombie Outbreak ဖြစ်ပြီး နောက်ပိုင်း ဖက်ဒရစ်တို့ မိသားစုဟာ သူရဲ့မိဘတွေ ရှိတဲ့ နယ်မြို့လေးကို ခိုလှုံဖို့ ပြေးလာကြတာနဲ့ အစပြုထားပါတယ်။ ကံမကောင်းချင်တော့ မိဘတွေလည်း ဇွန်ဘီဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီး သေဆုံးကုန်ကြပါတယ်။ ဖက်ဒရစ်ဟာ ငယ်စဉ်ကလေးဘဝကတည်းက ဖခင်ဖြစ်သူရဲ့ ကိုယ်ထိလက်ရောက် နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ကြီးပြင်းလာခဲ့ရပြီး သူ့မိဘအိမ်ဟာ အတိတ်မှာ သူ့အတွက်တော့ ပျော်ရွှင်စရာ အိမ်မဖြစ်ခဲ့ပါဘူး၊ ဒါ့အပြင် သူ့ရဲ့ဇနီး အိုင်းရစ်ကလည်း သူနဲ့အိမ်ထောင်ရေး အဆင်မပြေတာ ကာလတစ်ခုကြာပြီးနောက်ပိုင်း ကလေးတွေ မျက်နှာကြောင့်သာ သူနဲ့ အတူရှိနေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဖက်ဒရစ်နဲ့ သူ့မိသားစု ဘယ်လိုအန္တရာယ်တွေ ရင်ဆိုင်ရမှာလဲ….။ သူ့အတွက် အကျဉ်းထောင်တစ်ခုလို ဖြစ်ခဲ့တဲ့ သူ့မိဘနေအိမ်မှာ သူ့အတွက် ဘယ်လိုအတိတ်ကို နှိုးဆွစေမယ့် အရာတွေ ဖြစ်လာမလဲ ဆိုတာတော့…..။ File size…2.05GB / 1.04GB Quality…NF WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 22m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2024 142 mins
Outside
Burning Blood
6.2

န်မာ ထိုင်း လာအို ၃ နိုင်ငံစုံစည်းရာရွှေတြိဂံနယ်မြေဟာ မူးယစ်ဆေးဝါးရောင်းဝယ်ရေးနဲ့ပတ်သက်ပြီး အင်မတန်မှနာမည်ကြီးတဲ့နေရာပေါ့။ ဒီလိုမူးယစ်ဆေးတွေပေါများတာကြောင့် မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲများစွာရှိသည့်ထဲက အားထန် ထိုက်ဟွ လောင်မီ အားဖုန်း သူတိုလေးယောက်က တရုတ်ပြည်ရဲ့ ရွှေတြိဂံနယ်မြေမူးယစ်ဆေးတိုက်ဖျက်ရေးအထူးတပ်ဖွဲဝင်တွေဖြစ်ကြတယ်။​ လေးယောက်လုံးငယ်စဥ်တည်းကကြီးပြင်းလာကြပြီး အတိုင်အဖောက်ညီစွာနဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးကိုလုပ်ဆောင်ကြတယ်။တနေ့မှာတော့ ရွှေတြိဂံရဲ့မူးယစ်ဆေးရောင်းဝယ်ရေးဘုရင် ခွမ်းဖူကိုဖမ်းဖိုမစ်ရှင်ထမ်းဆောင်ဖို ခွမ်းဖူရှိမယ့်လက်ဝှေ့ရုံနေရာကိုသွားကြတာပေါ့။ သူတိုအဖွဲကိုကြီးကြပ်သူကတော့ ခေါင်းဆောင်လူနဲ့ခေါင်းဆောင်ကျိုးတိုဖြစ်ကြပြီး ခွမ်းဖူလက်ဝှေ့ရုံက်ိရောက်လာပြီဆိုတဲ့ သတင်းအမှားကို တမင်ဖြန့်ပြီး ခွမ်းဖူဘက်ကလူတွေနဲ့ရဲဘက်တိုတိုက်ခိုက်ကြတဲ့အခါမှာ အားဖုန်းနဲ့ ခေါင်းဆောင် လူအပြင် တခြားရဲတပ်သားတွေအများအပြားကျရူံးခဲ့တဲ့အချိန်မှာ အားထန်ကထူးဆန်းစွာနဲ့ပျောက်ဆုံးသွားခဲ့တယ်။ ဒါကိုထိုက်ဟွက အားဖုန်းသေဆုံးတာဟာ အားထန်ရဲ့သစ္စာဖောက်သတင်းပေးမှုကြောင့်ထင်ပြီး ၃ နှစ်တိတိအားထန်အကြောင်းစုံစမ်းခဲ့ပေမဲ့ ဘာသတင်းမှမရရှိခဲ့ပါဘူး ၃ နှစ်ကြာပြီးနောက်မှာ ခွမ်းဖူ မကြာခင်အနားယူမည့်သတင်းကိုရဲဘက်က သတင်းရရှိသည့်အပြင် တိုက်တိုက်ဆိုင်ဆိုင် အားထန်သတင်းပါရရှိလာတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ဘယ်လိုတွေဖော်ထုတ်ကြမလဲ မူးယစ်ဆေးရောင်းဝယ်မှုနယ်ပယ်ရဲ့ကြောက်မယ်ဖွယ်ရာတွေကို ပြသထားတာကြောင့် Burning Blood ဇာတ်ကားလေးကို CM ကနေတင်ဆက်ပေးလိုက်ချင်ပါတယ်။

6.2 2024
Burning Blood
Mobile Suit Gundam I
7

Mobile Suit Gundam Movies Trilogy Mobile Suit Gundam 1 (1979) Mobile Suit Gundam ဆိုတာက Anime လောကမှာဆိုရင် သူ့ဟာနဲ့သူ Star Wars လို့တောင် တင်စားလို့ရမယ်ထင်တယ်။ ဒီ ရုပ်ရှင် ၃ ကား Trilogy ကတော့ မူရင်းစီးရီးကို ရုပ်ရှင် ၃ ကားအဖြစ် ဖန်တီးထားပြီး Music ပိုင်း Animation ပိုင်း ပိုအားထုတ်ပေးထားတယ်။ နောက်ပြီး Mecha လို့ ခေါ်ရမယ့် စက်ရုပ်ကြီးတွေနဲ့ တိုက်ပွဲဆင်တာ ဘာညာကို စတင်မိတ်ဆက်ပေးတဲ့ကောင်လည်း ဟုတ်တယ်။ အဲဒီလိုဆိုလို့ စက်ရုပ်အက်ရှင်တွေပဲလားဆိုတော့ မဟုတ်ဘူး သူက လူသားတွေရဲ့ Emotional တွေ စစ်ရဲ့ဆိုးကျိုးတွေ နိုင်ငံရေးတွေပါ ထည့်သွင်းပုံဖော်ထားတာ။ Sci-fi, War, Psycological Drama ဆိုတာတွေကို အချိုးကျကျ ရောသမပေးထားတာမျိုး။ ဇာတ်လမ်းအကျဉ်းမပြောခင် သူတည်ဆောက်ထားတဲ့ကမ္ဘာမှာ လူသားတွေက အာကာသတွေပေါ်မှာ ကိုလိုနီလုပ် နေထိုင်နေကြပြီ။ အဲဒီမှာ Earth Federation နဲ့ Zeon ဆိုပြီး အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့နှစ်ဖွဲ့ကွဲပြီး စစ်ဖြစ်နေကြရော။ Zeon ဖက်က Zaku ဆိုတဲ့ စက်ရုပ်ကြီးတွေနဲ့ လူမောင်းနှင်ပြီး တိုက်ခိုက်သလို Federation ဖက်ကလည်း Gundam, Guntank, Guncannon ဆိုပြီး စက်ရုပ်တွေနဲ့ ပြန်ဆော်ကြတယ်။ အဲဒီမှာ Federation ဘက်သားဖြစ်သူ ဖခင် အင်ဂျင်နီယာကြောင့် အာကာသစခန်းပေါ် လိုက်နေတဲ့ Amuro လို့ခေါ်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က သူတို့နေရာကို ဆုတ်ခွာမိန့်ပေးထားတာကို မကြားပဲ သူ ဝါသနာပါရာတွေလုပ်နေရင်း ကျန်ခဲ့တာ ။ ဒီမှာတင် Zeon တွေက ဝင်တိုက်တော့ ပြေးကြလွှားကြရင်းနဲ့ လမ်းမှာ သယ်ယူပို့ဆောင်ရေးလုပ်နေတဲ့ Gundam ဆိုတဲ့ စက်ရုပ်ကြီးပေါ်ကို Manual ဖတ်ရင်း ပြန်ချရာကနေ ဒီကောင်က လက်စောင်းထက်လာပြီး White Base ဆိုတဲ့ စစ်ယာဉ်ကြီးနဲ့ လွတ်ရာကိုပြေးရင်း နောက်ကလည်း Zeon တပ်က တိုက်ခိုက်ရာကနေ ဒီ Trilogy တစ်ခု ဖြစ်လာခဲ့တာပါ။ ဒီလိုနဲ့ ပထမကားအရ အူကြောင်ကြောင်နဲ့ စစ်ပွဲထဲဝင်လာတဲ့ ကောင်လေးတစ်ယောက်ဟာ တဖြည်းဖြည်း ဒီ အကျည်းတန်ရုပ်ဆိုးတဲ့ စစ်ပွဲဆိုတာကြောင့် ဘယ်လို စိတ်ဒဏ်ရာတွေဖြစ်လာမလဲဆိုတာတွေ၊ Zaku Vs Gundam ချခန်းတွေ၊ Villain ဂန္ဓဝင်ဇာတ်ကောင် Char နဲ့ Amuro တို့ရဲ့ အဆက်မပြတ် တိုက်ပွဲတွေ ၊ ပြီးပြည့်စုံတဲ့ ကမ္ဘာတည်ဆောက်မှုနဲ့ ဖန်တီးမှုကြောင့် အဟောင်းဖြစ်သော်ငြား Old is Gold မို့ ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Anime Team ဖြစ်ပါတယ်) File size… 2.57 GB / 1.92 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 2h 17m Genre ….. Anime/Action/ Sci-fi/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

Action • Science Fiction • Adventure
7 1981 139 mins
Mobile Suit Gundam I