YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Girls.To.Buy.2021.1080p.BluRay.CM].mp4

2.38 GB N/A video/mp4 799 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Blood Flower
5.7

Blood Flower (2022) ကျွန်တော်တို့ငယ်ငယ်ကတုန်းဆို မလေးရှားသရဲကားတွေဆိုတာလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာပေါ့။ မလေးရှားစုန်းကာ အသစ်ထွက်တယ်ဆိုရင်ကို အဒေါ်တွေနဲ့ ရုပ်ရှင်ရုံသွားကြည့်ရ အခွေငှားဆိုင်မှာ လုငှားခဲ့ရတာပေါ့။ တစ်ခါတစ်လေဆို အခွေကလက်မလည်လို့ ကြိုတင်ဘွတ်ကင်ပါ လုပ်ရသေးတာ။ ခုချိန်မှာလဲ မလေးရှား ဟော်ရာကားတွေက အရင်ကလို သိပ်မကြည့်ကြတော့ဘူးဆိုပေမဲ့ အရင်ကလိုပဲ မလေးရှားသရဲကား အငွေ့သက်တွေနဲ့ ကြောက်စရာကောင်းနေတုန်းပါပဲ။ အပနှင်တဲ့ပုံစံမျိုးနဲ့ လျှို့ဝှက်ချက်တွေပါတဲ့ ဟော်ရာကားမျိုး ကြိုက်တတ်တဲ့သူတွေအတွက်ကတော့ ဟော်ရာကားတွေ ထွက်စရာသိပ်မရှိတော့လို့ ဒီမလေးရှားဟော်ရာကားလေးက စိတ်ကျေနပ်မှုပေးနိုင်တဲ့ကားလေးဖြစ်မှာပါ။ သွေးသံတရဲရဲအခန်းတွေပါတာကိုတော့ သတိချပ်စေလိုပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အပနှင်တဲ့မိသားစုတစ်စုရှိပါတယ်။ အဲ့မိသားစုထဲမှာမှ အဖေလုပ်သူကလွဲပြီး ကျန်တဲ့သုံးယောက်လုံးဟာ သရဲတစေ တွေကို မြင်နိုင်စွမ်းရှိကြပါတယ်။ တစ်နေ့အပနှင်နေတုန်းမှာ အမေဖြစ်သူဟာ နတ်ဆိုးတစ်ကောင်ကြောင့်သေခဲ့ရပြီး နောက် အဖေဖြစ်သူက သူ့သားသမီးတွေ ဒီလိုမဖြစ်ရအောင်ဆိုပြီး သူတို့ရဲ့အစွမ်းစတွေကို ချိတ်ပိတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူတို့နဲ့အိမ်နီးချင်းတစ်ယောက်ဟာ သူမရှိတုန်း သူ့အခန်းကိုကြည့်ပေးဖို့ထားခဲ့ပါတယ်။ သားဖြစ်တဲ့သူနဲ့ သူ့သူငယ်ချင်းတွေဟာ အဲ့အခန်းထဲကိုဝင်ပြီး အလုံပိတ်ထားတဲ့ အခန်းတစ်ခုကို ဖွင့်မိရာကနေ လူတွေတစ်ယောက်ပြီးတစ်ယောက် သေကုန်ကြပါတယ်။ အဲ့အခန်းထဲက လွတ်သွားတဲ့အရာက ဘာလဲ ဘာလို့လူတွေကိုလိုက်သတ်နေရတာလဲ အခန်းပိုင်ရှင်ရဲ့ လျှို့ဝှက်ချက်ဟာဘာလဲဆိုတာကို အသဲတယားယားနဲ့ ကြည့်ရှုလိုက်ကြပါဦး ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Fantasy, Horror, Mystery Quality…. 1080p | 720p | 480p File size… 1.2GB | 567MB | 290MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Comedy • Romance
5.7 2022
Blood Flower
Mea Culpa
6.1

ဇာတ်လမ်အကျဉ်းလေးကတော့ ဆီမွန်ဟာ အရက်မူးပြီး ကားမောင်းတာကြောင့် ယာဉ်တိုက်မှု ဖြစ်ပြီး တစ်ဖက်ယာဉ်မှာ ပါလာတဲ့လူသုံးယောက်သေဆုံးခဲ့ ရပါတယ်၊ ဆီမွန်ဟာ ရဲဝန်ထမ်းဖြစ်ပြီး အခုကိစ္စအတွက် သူ့အပြစ်မကင်းဘူးဆိုတာသိပါတယ်၊ ပြစ်ဒဏ်ကြောင့် ထောင်ကျခဲ့ပေမယ့် လူသေဆုံးမှုအတွက် အမြဲတမ်းလိုလိုစိတ်ဒဏ်ရာရနေပါတယ်၊ ဇနီးနဲ့ သားရှိပေမယ့် ထောင်ကနေလွှတ်လာတော့ ကွာရှင်းလိုက်ပါတယ်၊ သူတို့နေထိုင်တဲ့မြို့လေးမှာ မူးယစ်ဆေးရောင်းဝယ်တာတွေ လိင်ကိစ္စတွေရှိနေပေမယ့် ရောင်းဝယ်တဲ့သူတွေ တစ်ယောက်ပြီး တစ်ယောက်သေဆုံးနေပါတယ်၊ ပြစ်မှုကျုးလွန်သူတွေကို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ မျက်မြင်သက်သေလည်းမရှိတဲ့အတွက် ဖမ်းမရဖြစ်နေပါတယ်၊ တစ်နေ့မှာတော့ နွားရိုင်းသတ်ပွဲသွားကြည့်ကြတဲ့ ဆီမွန်ရဲ့သားဟာ သန့်စင်ခန်းသွားရင်အမှတ်မထင် လူသတ်နေတဲ့ သူတွေကိုတွေ့သွားပြီးထွက်ပြေးပါတော့တယ်၊ လူသတ်သမား တွေဟာ သူတို့လုပ်ရပ်ရဲ့ မျက်မြင်သက်သေကိုအပြတ်ရှင်းဖို့ ကြိုးစားခဲ့အခါ ဆီမွန်တစ်ယောက်ဘယ်လိုကာကွယ်ပေးမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး File size…1.74GB / 696MB Quality…WEBRip 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

6.1 2014
Mea Culpa
Kingdom of Heaven Director’s Cut Roadshow Version
7.2

Kingdom of Heaven (2005) Director’s Cut Roadshow Version IMDb Rating (7.2) နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့တဲ့ ခရစ်ယာန်-မူဆလင် ခရူးဆိတ်စစ်ပွဲကြီးတွေအတွင်းက ကာလ တစ်ခုကို အခြေခံထားတဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်အဖြစ် အော်လန်ဒိုဘလွန်း၊ အီဗာဂရင်းတို့ပါဝင်ထားပြီး မင်းသားကြီး လီယန်နီဆန်လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ ဒီရုပ်ရှင်ကို ရုံတင်ဗားရှင်း(Theatrical Version)ကို လုံးဝမကြည့်သင့်ပါဘူး၊ အရေးကြီးတဲ့အချက်တွေ နေရာတွေကို ဖြတ်ပြီး တင်ခဲ့တာမို့၊ အမြတ်အစွန်းနည်းခဲ့တဲ့အပြင် အတော်လည်း အဆဲခံခဲ့ရပါတယ်။ ခရစ်ယာန်တွေကလည်းဆဲ၊ မူဆလင်တွေကလည်း ဆဲနဲ့မို့ မိုရိုကိုဘုရင်က ဒါရိုက်တာ Ridley Scott ကို သက်တော်စောင့် လေးယောက်စီစဉ်ပေးထားလိုက်ရပါသေးတယ်။ Director’s Cut Roadshow Version ကို ထုတ်လိုက်မှပဲ တကယ့်ရုပ်ရှင်ကောင်းဆိုတာ လက်ခံသွားကြတာပါ။ ဒါတောင် အတော်ဝေဖန်ခံရပါသေးတယ်။ သမိုင်းလောကရဲ့ အိုစမာဘင်လာဒင်လို့တောင် သမုတ်ခံရဖူးပါတယ်။ ရစ်ဒလီစကော့ကလည်း ရုံတင်ဗားရှင်းဟာ ငါ့လက်ရာမဟုတ်ဘူးလို့တောင် ကြေညာပြီးအပြီးစွန့်လွှတ်လိုက်တာပါ။ ဒါကြောင့် Director’s Cut Roadshow Version ဖြစ်တဲ့ ၃ နာရီကျော်ကြာမြင့်တဲ့ Version ကိုပဲ တင်ဆက်လိုက်ပါတယ်။ သမိုင်းနောက်ခံ ခရူးဆိတ်စစ်ပွဲ ( 1095 -1291 ) (အရမ်းရှုပ်ထွေးပြီး နိုင်ငံများစွာ တိုက်ပွဲများစွာရှိလို့ ရှင်းပြဖို့မဖြစ်နိုင်ပါဘူး အကြမ်းတော့ ရေးပြထားပါတယ်) ခရူးဆိတ်စစ်ပွဲဟာ အကြိမ်များစွာဖြစ်ပွားခဲ့ပြီး ပင်မ ခရူးဆိတ်စစ်ပွဲကြီး ၈ ခုရှိခဲ့ပါတယ်။ ကမ္ဘာ့သက်တမ်းအရှည်ဆုံးမြို့ထဲက တစ်ခုဖြစ်တဲ့ အထွတ်အမြတ်မြေ Holy Land ခေါ် ဂျေရုဆလင်ကို တိုက်ခိုက်သိမ်းပိုက်တာတွေကနေ အစပြုခဲ့တာပါ။ ဂျေရုဆလင်ဟာ 3000 BCE လောက်ကတည်းက (လွန်ခဲ့သော နှစ်ပေါင်း 5000) ရှိခဲ့တာဖြစ်ပြီး ဘာသာပေါင်းစုံလူမျိုးပေါင်းစုံ သူတပြန် ကိုယ်တပြန် သိမ်းပိုက်ခဲ့ကြတာ ကြာပါပြီ။ တမန်တော် မိုဟာမက် ပေါ်ပေါက်လာပြီး ၆၂၂ ခုနှစ်နောက်ပိုင်းမှာ မူဆလင်ဘာသာရေးစစ်ပွဲတွေကနေတဆင့် နယ်မြေတွေရရှိလာခဲ့ပြီး ဂျေရုဆလင်ကိုလည်း ဘိုင်ဇန်တိုင်းခရစ်ယာန်တွေလက်ကနေ သိမ်းပိုက်ခဲ့ပါတယ်။ ဂျေရုဆလင်ကို ၆၃ ဘီစီလောက်မှာ ရောမအင်ပါယာက သိမ်းပိုက်ခဲ့ပြီး 30 A.D. လောက်မှာ ခရစ်တော်ကို ကားစင်တင်ခဲ့တာပါ၊ 614 ခုနှစ်မှာ ပါရှန်းတွေက သိမ်းပိုက်ခဲ့ပြီး 629 ခုနှစ်မှာ ဘိုင်ဇန်တိုင်းခရစ်ယာန်တွေ ပြန်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီကမှ မူဆလင်နိုင်ငံတွေလက်အောက်ကိုရောက်သွားခဲ့ပြီး ပထမဆုံးခရူးဆိတ်ဖြစ်တဲ့ (1096–1099) ကာလမှာ ခရစ်ယာန်တွေက သိမ်းပိုက်ထားခဲ့တာပါ။ ခရူးဆိတ်အပြီးမှာ တည်ထောက်ခဲ့တဲ့ County of Edessa ဟာ ဆီးရီးယား Zengid မင်းဆက်လက်အောက်ကို ကျသွားတဲ့နောက် ဒုတိယခရူးဆိတ် (1145–1149) စတင်ခဲ့ပြီး ဂျေရုဆလင်ကို ဆက်သိမ်းပိုက်ထားနိုင်ပေမဲ့ အခြားနယ်တွေမှာခရစ်ယာန်တွေ စစ်ရှုံးခဲ့ပါတယ်။ အဲဒီကနေ ဂျေရုဆလင်ကို အုပ်ချုပ်တဲ့ King Baldwin IV လက်ထက်မှာ ဆီးရီးယားနဲ့ အီဂျစ်ကို စည်းရုံးထားနိုင်တဲ့ ဘုရင် ဆာလာဒင်နဲ့ စစ်ပြေငြိမ်းထားပြီး ယှဉ်တွဲနေထိုင်စေခဲ့ပါတယ်။ ဒီရုပ်ရှင်က ဒီနေရာက ဆက်တာပါ။ ဘုရင် နတ်ရွာစံပြီးနောက် ဆာလာဒင်က ဂျေရုဆလင်ကို သိမ်းပိုက်တဲ့တိုက်ပွဲမှာ မြို့ကိုခုခံခဲ့တဲ့ အစ်ဘလင်မြို့စား ဘေလီရန်အကြောင်းကို ပြသထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းအဆုံးမှာတော့ တတိယခရူးဆိတ် (1189–1192) ကိုစတင်ဖို့ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမန်ဘုရင်တို့ စစ်ချီလာတဲ့သမိုင်းနဲ့ အဆုံးသတ်ပေးခဲ့တာပါ။ တတိယခရူးဆိတ်မှာ အရေးပါတဲ့မြို့တွေကို ခရစ်ယာန်တွေပြန်ရခဲ့ပြီး စစ်နိုင်တယ်လို့ ပြောလို့ရပေမဲ့ ဂျေရုဆလင်ကိုတော့ မရခဲ့ပါဘူး။ ဇာတ်လမ်းအကျဉ်း ဒုတိယခရူးဆိတ်စစ်ပွဲကာလအပြီး တတိယခရူးဆိတ်စစ်ပွဲကို စတင်စေခဲ့တဲ့ သမိုင်းနောက်ခံကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ခရူးဆိတ်သူရဲကောင်း နယ်စားကြီး ဂေါ့ဖရေးရဲ့ သားဖြစ်သူ ဘေလီရန်ဟာ ဆာရာဆန်(မူဆလင်) ဘုရင် ဆာလာဒင်လက်ထဲကို ဂျေရုဆလင်မြို့ကြီးမကျဆုံးခင် အစွမ်းကုန်ကာကွယ်ခဲ့ပြီး မြို့ကျပြီးနောက်မှာ မြို့တွင်းက လူတွေကို အသက်ရှင်လျက် ထွက်လာနိုင်အောင် လုပ်နိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ (အသက်ရှင်လျက်ထွက်လာနိုင်အောင်လုပ်တယ်ဆိုတာ မလွယ်ပါဘူး၊ ပထမခရူးဆိတ်စစ်ပွဲမှာ ဂျေရုဆလင်ကို ခရစ်ယာန်တပ်တွေ သိမ်းပိုက်ချိန်မှာ မြို့ထဲကမူဆလင်နဲ့ဂျူးတွေ အားလုံးအသတ်ခံခဲ့ရပါတယ်။ အလယ်ခေတ်စစ်ပွဲတွေမှာ ထုံးစံလိုဖြစ်နေတာမို့ ဒါဟာ အောင်မြင်မှုတစ်ခုပါပဲ)။ ဘေလီရန်ရဲ့ သမိုင်းနောက်ခံနဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကတော့ သမိုင်းအတိုင်းမဟုတ်ဘဲ စိတ်ကူးယဉ်ဖန်တီးထားတာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှ တင်ဆက်ထားပါတယ်။)

7.2 2005 144 mins
Kingdom of Heaven Director’s Cut Roadshow Version
Yule Log

ဒီရုပ်ရှင်ကတော့ ခရစ်စမတ်အကြိုနေ့မတိုင်ခင်မှာ ကျရောက်တဲ့ထုံးတမ်းဓလေ့တခုဖြစ်တဲ့ Yule Log ဆိုတဲ့ ဒဏ္ဍာရီတခုအကြောင်းကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။ သူငယ်ချင်းသုံးယောက်ဟာ ခရစ်စမတ်အားလပ်ရက်ကို ဝေးလံခေါင်ဖျားတဲ့နေရာတခုက သစ်လုံးအိမ်မှာဖြတ်သန်းဖို့အတွက် ကားတစီးနဲ့ထွက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ သူတို့ဟာ လမ်းမှာမိန်းမတယောက်ကို ဖြတ်ခနဲမြင်လိုက်ရတာကြောင့် တွေဝေနေကြပါတယ်။ လမ်းက ဓာတ်ဆီဆိုင်မှာ ဆီဖြည့်ရင်း စားစရာ၀င်၀ယ်တော့လည်း အဲဒီဆိုင်က ဒေသခံက သူတို့ကို တောထဲမှာသတိထားကြဖို့အတွက် သတိပေးလိုက်ပါတယ်။ ဒီလိုနဲ့တောထဲရောက်တဲ့အချိန်မှာတော့ ဆိုးဝါးတဲ့အဖြစ်အပျက်တွေကို စတင်ကြုံတွေ့လာရပြီး ကျော်ဖြတ်ဖို့ကြိုးစားကြရပါတော့တယ်။ File size…(2.0 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:11:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
Yule Log
Kuiko
6.8

Kuiko 2023 (ကိုလူကြမ်းတို့ဘဝအဖုံဖုံ) IMDb-7.7/10 ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့ တမီးလ်မင်းသားကြီး Vidharth တို့ပါဝင်ထားတဲ့ Netflix ကနေထုတ်လွှင့်လာတဲ့ ဟာသဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ဒဿနပေါင်းများစွာနဲ့ ဘဝကြီးကိုပုံဖော်နေတဲ့ ကျောင်းဆရာတစ်ယောက်က ဆေးလိပ်ခိုးသောက်နေတဲ့ ကျောင်းသားတွေဆီက အကြံနဲ့ဆေးလိပ်လုသောက်ပြီး ဆေးလိပ်ဒဿနဖွင့်နေတဲ့အချိန် ကျောင်းအုပ်ကြီးနဲ့တွေ့ပြီး အလုပ်ထုတ်ခံလိုက်ရပါတယ် အလုပ်မရှိဝင်ငွေမရှိနဲ့ ချန်နိုင်းမှာလုပ်မဲ့ IPL ပွဲကြည့်ချင်စိတ်ပြင်းပြလာတော့ ရှေ့အကြွေးတွေမဆပ်ရသေးတဲ့ ဦးလေးဆီကိုပဲ မျက်နှာပြောင်တိုက် ထပ်ချေးငှားရတာပေါ့ ဦးလေးဖြစ်သူဟာလည်း ငွေတိုးပေးစားနေပေမဲ့ အရမ်းသနားတတ်တော့ ငိုပြလိုက်ချေးလိုက် ပြန်မရလိုက်နဲ့ သဘောမနောကောင်းငွေတိုးရှင်ကြီးပါတဲ့။ ဇာတ်‌လိုက်ကျော်ယိုဂီဘာဘူကြီးကတော့ ဆော်ဒီရောက် အသဲကွဲသမားလေး။ မိခင်ဖြစ်သူနာရေးကြောင့် ဇာတိကိုပြန်လာမဲ့သူ။ ဒီနာရေးမှာ အခေါင်းအတွက် ချေးငှားပေးရသူက သဘောမနောကောင်းငွေတိုးရှင်ကြီး။ IPL ပွဲသွားကြည့်ချင်တဲ့ အလုပ်လက်မဲ့ ဒဿနကျောင်းဆရာလေးက ဒီအခေါင်းကို လိုက်တာဝန်ယူစောင့်ရှောက်ပေးရမဲ့သူ။ ဒီသုံးယောက်ရဲ့ အလွဲအချော်လေးတွေက တဟားဟားရယ်မောရတာမဟုတ်ဘဲ ကြည့်ရင်းတွေးရင်းသဘောပေါက်ရင်းပြုံးမိရင်း ရှုစားရမဲ့ဇာတ်လမ်းတစ်ပုဒ်ပါ အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

6.8 2023
Kuiko
Demolition
7

-IMDb Rating – 7.0/10 ခံစားချက်ဆိုတာတွေက ကျွန်တော်တို့တွေကို လူသားဆန်စေပါတယ်..။ ခံစားချက်မရှိတဲ့လူတစ်ယောက်ဟာ ယန္တာရားအရေခွံနဲ့လူတစ်ယောက် သက်သက်ပါပဲ…။ ဇနီးသည်ကားတိုက်သေသွားပြီးနောက် နောက်နေ့မနက်မှာ အလုပ်သွားခဲ့တဲ့ ခံစားချက်လုံးဝမရှိတဲ့လူတစ်ယောက်… အရာရာကို ဖြိုချဖျက်စီးပြီး ဘယ်လိုတည်ဆောက်ထားသလဲ အဖြေရှာတတ်တဲ့ စိတ်ရောဂါသမားတစ်ယောက်… ဒီလို ယန္တာရားအရေခွံနဲ့လူတစ်ယောက်ရဲ့ စိတ်.. အတွေး… ပြောင်းလဲပုံ အဆင့်ဆင့်ကို ဒီရုပ်ရှင်မှာ Jakeရဲ့ အကောင်းဆုံး acting skillတွေနဲ့ ပီပီပြင်ပြင် ဖော်ညွှန်းသွားပါတယ်။ ဒီကားဟာ တိကျတဲ့ ရသမရှိပေမဲ့ ဝေဝါးထူးခြားတဲ့ ရသတစ်ခုကို ဖော်ညွှန်း ရိုက်ကူးထားတဲ့ Comedy , Drama ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Jake Gyllanhaal (Main castအဖြစ်) သရုပ်ဆောင်ထားတဲ့ ကားတွေဟာ မကောင်းတာ မရှိသလောက်ရှားပါတယ်။ ဒီတစ်ခါ Demolitionမှာလဲ သူ့ရဲ့ အနုပညာမှော်ဝင်စားမှုကို တွေ့ရဦးမှာပါ….. (အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size… 1.3 GB / 637 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

7 2015
Demolition
Urban Legend
5.6

Urban Legend (1998) =============== အမြို့မြို့အနယ်နယ်မှာ ပါးစပ်ရာဇဝင်လို့ခေါ်ကြတဲ့ ဇာတ်လမ်းတွေ၊ အချင်းချင်း လက်ဆင့်ကမ်းလာခဲ့တဲ့ပုံပြင်တွေကိုယ်စီရှိတတ်ကြပါတယ်။ အဲ့ဒါတွေဟာ အမှန် တကယ်လား စိတ်ကူးယဉ်လား ဆိုတာ ဘယ်သူမှစေ့စေ့စပ်စပ်စုံစမ်းလေ့မရှိကြ ပေမယ့် ပြောတဲ့သူတိုင်းကတော့ ကိုယ်တွေ့ကြုံသလိုပြောလေ့ရှိကြတာပါပဲ။ အဖြစ်အပျက်တွေက ပန်ဒယ်တန်တက္ကသိုလ်ကျောင်းသူ မီချယ်မန်စီနီဆိုတဲ့ကောင် မလေးတစ်ယောက် ကားနောက်ခုံမှာ ပါလာတဲ့လူသတ်သမားရဲ့ခေါင်းဖြတ်သတ်ခံ လိုက်ရချိန်မှာစတင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ကျောင်းဝင်းတစ်ခုလုံးကို တုန်လှုပ်သွား စေခဲ့ပေမယ့် ထုံးစံအတိုင်းယုံကြည်တဲ့သူတွေ မယုံကြည်ပဲလှောင်ပြောင်သူတွေနဲ့ဝိဝါဒ ကွဲပြားနေကြတုန်းပါပဲ။ အဲ့ဒီမီချယ်နဲ့အထက်တန်းကျောင်းတုန်းက သူငယ်ချင်းဖြစ်ခဲ့တဲ့သူ နက်တလီကတော့ ဒီဖြစ်ရပ်ကြောင့်အထူးတုန်လှုပ်သွားခဲ့ရပါတယ်။ သူ့ဘေးက လက်လှမ်းမီသူတွေကို သတိပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ သူ့သူငယ်ချင်း တွေ တစ်ယောက်ပြီးတစ်ယောက် ပါးစပ်ရာဇဝင် ဇာတ်လမ်းတွေထဲက အတိုင်း ဆင်တူနည်းလမ်းတွေနဲ့ အသတ်ခံလာရတဲ့အချိန်မှာတော့ နက်တလီတစ်ယောက် ကိုယ့် အားကိုယ်ကိုးပြီးလူသတ်သမားကိုဖော်ထုတ်ဖို့ကြိုးစားရပါတော့တယ်။ ဂန္ဓဝင် Slasher Films တွေထွက်ခဲ့တဲ့ 90s ကာလက နာမည်ကျော်တွေထဲက တစ်ကားဖြစ်ပါတယ်။ Horror ပရိသတ်တွေအတွက်အချိန်ပေးရကျိုးနပ်မယ့်ဇာတ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.76 GB) / (751 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Mystery, Thriller Translator…….Alias Encoder……….SWM

Adventure • Animation • Family
5.6 1998 100 mins
Urban Legend
Au Revoir les Enfants (aka) Goodbye, Children
8

Best European Film, Best Film, Best Director ဆုတွေကို ဒီဇာတ်ကားနဲ့ပဲ ဆွတ်ခူးခဲ့တဲ့ ပြင်သစ်ဒါရိုက်တာကြီး Louis Malle ရိုက်ကူးထားပြီး ဆုတွေအများကြီး ရထားတဲ့ Drama/War ဇာတ်ကားကောင်းလေးတစ်ကားပါ ဇတ်အိမ်လေးကတော့ 1944 ခုနှစ် ပြင်သစ်ကို ဂျာမန်တွေဝင်လာတဲ့ကာလကိုရိုက်ကူးထားတာပဲဖြစ်ပြီး ဂျူလီယန် နဲ့ ဖရန်ဆွာ ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ အားလပ်ရက်ပြီးတော့ ST. JOHN ဆိုတဲ့ ကျေးလက် ဘုန်းတော်ကြီးသင် ဘော်ဒါကျောင်းကို တက်ဖို့ပြန်လာကြတာပေါ့…..တစ်နေ့တော့ အဲဒီကျောင်းကို ဘွန်နက် ဆိုတဲ့ ကျောင်းသားသစ်လေးတစ်ယောက်ရောက်လာတယ်….. အချိန်ကာလအနေနဲ့ နာဇီတွေဟာ ဂျူးတွေကို လိုက်ရှင်းနေတဲ့အချိန်ဖြစ်ပြီး တစ်ဖက်မှာလည်း မဟာမိတ်တပ်တွေက နာဇီတွေကို ချေမှုန်းဖို့အတွက် စစ်မျက်နှာဖြန့်နေတဲ့အချိန်ပေါ့….နာဇီတွေလိုက်ဖမ်းနေတဲ့ရန်ကနေ ထွက်ပြေးခိုလုံနေကြတဲ့ ဂျူးလူမျိုးတွေလည်း နေရာအသီးသီးမှာ ပြန့်ကျဲနေကြတာပေါ့…. နာဇီ ဂတ်စတာပို တွေဟာလည်း ST. JOHN ကိုဝင်ရောက်ရှာဖွေတဲ့အခါမှာတော့…… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.1 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:44:00 Genre…Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

8 1987 105 mins
Au Revoir les Enfants (aka) Goodbye, Children
LSD 2: Love, Sex aur Dhokha 2
4.2

Love Sex Aur Dokha 2 (2024) အချစ် တဏှာနှင့် လှည့်စားခြင်းများ ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2010 တုန်းက ထွက်ရှိထားတဲ့ Love Sex Aur Dokha ဇာတ်ကားလေးရဲ့ ဒုတိယကားဖြစ်တဲ့ Love Sex Aur Dokha 2 လေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားကိုတော့ Dibakar Banerjee က ရိုက်ကူးပေးထားပြီးတော့ သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်ပါတယ် အဲဒီထဲကမှ Naagin ဇာတ်ကားထဲမှာ မြွေမင်းသမီးလေး ရှီဗန်ညာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီးချောလေး Mouni Roy လည်း ပါဝင်တာမလို့ သူ့ရဲ့ပရိသတ်တွေကတော့ လက်မလွတ်တမ်း ကြည့်ရှု့သင့်တယ်နော် ဒီဇာတ်လမ်းထဲမှာဆိုရင် ခေတ်သစ်ဆက်ဆံရေးအရှုပ်‌အထွေးတွေ ခေတ်မီနည်းပညာတိုးတက်လာမှုတွေပါဝင်ပါတယ် ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ လျှို့ဝှက်ကင်မရာတွေနဲ့ မတူညီတဲ့ဇာတ်လမ်းသုံးခုကို အခြေခံထားသလို ခေတ်မီချစ်ခြင်းမေတ္တာ၊ ခင်မင်ရင်းနှီးမှုနှင့် မိမိကိုယ်ကိုရှာဖွေတွေ့ရှိမှုတို့၏ ရှုပ်ထွေးမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဘဝကို သရုပ်ဖော်ရိုက်ကူးထားတာမလို့ ဘာတွေများ စိတ်ဝင်စားစရာကောင်းစွာနဲ့ မြင်တွေ့ရမလဲဆိုတာ ဒီဇာတ်လမ်းလေးထဲမှာ စောင့်မျှော်ကြည့်ရှု့အားပေးကြပါဦးရှင့် အညွှန်းနဲ့ ဘာသာပြန်ကတော့ Cyrah ဖြစ်ပါတယ်ရှင်

Mystery • Drama
4.2 2024
LSD 2: Love, Sex aur Dhokha 2
My Paper Dolls (aka) Le mie ragazze di carta

-ကျွန်တော်တို့ချစ်တဲ့လူတွေက ဘာလို့ ကျွန်တော်တို့အနားကနေ အမြဲထွက်သွားကြတာလဲ- ဒီဇာတ်လမ်းက တီဘာရီယိုဘိုတာချင်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အကြောင်းကို ဇာတ်လမ်း တည်ထားတာပဲ ဖြစ်ပါတယ်။ အလယ်တန်းအောင်ပြီးနောက် ရွာကနေ မြို့ပေါ်ကို မိသားစုနဲ့အတူတက်လာတဲ့ တီဘာရီယိုတစ်ယောက် အိမ်အနီးက ရုပ်ရှင်ရုံပိုင်ရှင်ရဲ့သားနဲ့ သူငယ်ချင်းဖြစ်ကာ ညစ်ညမ်းရုပ်ရှင်ဆိုတာကို ပထမဆုံးကြည့်ဖူးသွားပြီး ကြည့်မိလိုက်တဲ့ ညစ်ညမ်းရုပ်ရှင်ထဲက မင်းသမီးကိုမှ စွဲလမ်းသွားမိပါတော့တယ်။ အဲ့ဒီစွဲလမ်းစိတ်ကို “အချစ်”လို့မှားယွင်းပြီး ခေါင်းစဉ်တွေတပ် …. သူ့ကို ကြိုက်လို့ ကောင်မလေးဘက်က စကားတွေလိုက်ပြောတာကိုတောင် သတိမထားမိလောက်အောင်၊ ကျောင်းမှာ အမှတ်တွေကျလောက်အောင် ညစ်ညမ်းရုပ်ရှင်ထဲကမင်းသမီးကို စွဲလမ်း ….. အဲ့လိုတွေဖြစ်နေရာကနေ “ကျွန်တော်တို့ ချစ်တဲ့လူတွေက ဘာလို့ ကျွန်တော်တို့အနားကနေ အမြဲထွက်သွားကြတာလဲ” ဆိုတဲ့မေးခွန်းကို ထုတ်မေးလာရတဲ့အထိ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ဘဝမှာ ကြုံတွေ့ရတဲ့ ဘဝအချိုးအကွေ့လေးတွေကိုရိုက်ပြထားတာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကို Nostalgic ဖြစ်စေတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.3 GB)/(777 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2023
My Paper Dolls (aka) Le mie ragazze di carta
Against the Ropes

*”Against the Ropes”* ဇာတ်ကားသည် 2004 ခုနှစ်မှာထွက်ရှိခဲ့တဲ့ အားကစားဒရမ်မာ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် ဂျက်ကီကယ်လန်ဆိုတဲ့ အားကစားမှာ စိတ်အားထက်သန်လှတဲ့ အမျိုးသမီးတစ်ဦးရဲ့ လက်ဝှေ့လောကထဲကိုတိုးဝင်ပုံကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ အမျိုးသမီးများကို အလေးထားမှုမရှိတဲ့လက်ဝှေ့လောကမှာ အမျိုးသားများနဲ့ရင်ဘောင်တန်ပြီး တန်းတူယှဉ်ပြိုင်ရင်း အလုပ်ကိုကြိုးစားရုန်းကန်သွားပုံကို စိတ်ဝင်စားဖွယ်ဖော်ပြထားတာပါ။ လက်ဝှေ့လောကမှာ နာမည်မရှိသေးတဲ့ လက်ဝှေ့သမားတစ်ယောက်ကို နာမည်ကျော်တစ်ဦးဖြစ်တဲ့အထိ လေ့ကျင့်သင်ကြားပေးပြီး စိန်ခေါ်မှုများ အခက်အခဲများနှင့်အောင်မြင်မှုကို ထင်ဟပ်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။ File size…(2.2 GB)/(1.8 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre… Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khin Sanda

0 2004
Against the Ropes
The Substance
7.8

The Substance (2024) IMDb Rating (7.6) / Rotten Tomatoes (91%) နာမည်ကြီး ဟော်ရာ ရုံရှင်ကားအသစ် အကြည်ထွက်ပါပြီ။ မင်းသမီးကြီး ဒယ်မီမိုး နဲ့ Once Upon a Time… in Hollywood ရုပ်ရှင်ထဲက Pussycat လေး Margaret Qualley တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ကြောက်စရာ ခန္ဓာကိုယ်အပြောင်းအလဲ တွေနဲ့ ရွံစရာတွေ ပါတာမို့ နှလုံးခိုင်မှ ကြည့်ကြပါလို့ သတိပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** အယ်လီဇဘတ်ဟာ နာမည်ကြီးမင်းသမီးဖြစ်ခဲ့ပေမဲ့ အသက်အရွယ် ကြီးရင့်လာတဲ့အခါ သူ့နေရာမှာ ကောင်မလေးငယ်ငယ်လှလှလေးနဲ့ အစားထိုးဖို့ တီဗီအစီအစဉ်တစ်ခုကနေ ကန်ထုတ်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ သူ့ကို ထူးဆန်းတဲ့ ဆေးတစ်မျိုး ကမ်းလှမ်းလာပါတယ်။ အဲဒီဆေးရဲ့ အစွမ်းကတော့ ဆေးသုံးလိုက်တဲ့သူရဲ့ ဆဲလ်တွေကို ပွားလာစေပြီး အဲဒီဆေးထိုးခံတဲ့သူရဲ့ နောက်ထပ် ဗားရှင်းလူတစ်ယောက် ကိုယ်ပွားထွက်ပေါ်လာတာပါပဲ။ အဲဒီကိုယ်ပွားက ပိုလှမယ် ပိုတော်မယ် ပိုပြီးပြည့်စုံတဲ့ ဗားရှင်းဖြစ်လာပါမယ်။ ဒါပေမဲ့ အရေးကြီးတဲ့သတ်မှတ်ချက်ကတော့ မူလလူနဲ့ ကိုယ်ပွားဟာ တစ်ယောက်ကို တစ်ပတ်စီ အချိန်ပေးရပါတယ်။ ဒါပေမဲ့ ငယ်ရွယ်တဲ့ ကိုယ်ပွားလေးဟာ တဖြည်းဖြည်း ပိုအောင်မြင်လာပြီ အချိန်တွေကို ပိုလောဘကြီးလာတဲ့အခါ မူရင်းလူမှာ ယိုယွင်းတာတွေ ဆိုးရွားလာပြီး ကိုယ်ပွားမှာလဲ ခန္ဓာကိုယ်မတည်ငြိမ်တာတွေဖြစ်လာပါတယ်။ အဲဒီကနေမှ ပိုပိုပြီး အရုပ်ဆိုးတဲ့ ရက်စက်တဲ့အဖြစ်အပျက်တွေ ဖြစ်လာတဲ့အခါ… File size…(5.6 GB) / (1.85 GB) / (1.09 GB) Quality…WEB-DL 4K HEVC/1080p HEVC / 720p Format…mkv / mp4 Duration….2h 21m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai,Ka Naung Translated by Mr.Anderson

Drama • Horror • Thriller
7.8 2024 141 mins
The Substance
Je Jatt Vigad Gya
5.4

Je Jatt Vigarh Gya (2024)”တုံးတိုက်ကျားကိုက်” ===================================== ပေါလိဝုဒ် ရုပ်ရှင်လောကထဲမှာ တော်တော်လေးနာမည်ကြီးတဲ့ မင်းသား ဂျေးရန်ဒဝါရဲ့ အသစ်ထွက်ရှိထားတဲ့ ပန်ချာပီစကားပြော ရုပ်ရှင်ကို ပရိသတ်တွေအတွက် CM Bollywood Team ကနေ ထပ်မံတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့.. ဂျေးရန်ဒဝါသရုပ်ဆောင်ထားတဲ့ဇာတ်ကောင် ဇာတ်လိုက်ဖြစ်သူ ဒလေဟာ ဟုတ်လည်းမခံ၊ မဟုတ်လည်းမခံတဲ့ တစ်ရွာလုံးနဲ့မတည့်တဲ့ ဆတ်ဆတ်ကြဲ ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူ့မျက်စိထဲ အချိုးမပြေသမျှ ဝင်ဝင်ဆုံးမတတ်လို့ သူတို့ရွာမှာဆိုရင် သူထိုးတာမခံဖူးတဲ့ယောက်ျားလေးတွေကို တစ်ရွာလုံးက နှိမ်ကြတဲ့အထိပါပဲ။ အဲဒီလို အိန္ဒိယရုပ်ရှင်ဇာတ်လိုက်တွေရဲ့ ဝိသေသတွေနဲ့ပြည့်စုံနေတဲ့ ဒလေဟာ သူတပါးကို ကူညီရင်း အင်မတန်မှအကျင့်ပျက်ခြစားနေတဲ့ ဆေးရုံကြီးတစ်ခုဖွင့်ထားတဲ့ နိုင်ငံရေးသမားကြီးတွေနဲ့ ငြိသွားတဲ့အခါ ကြမ်းပုံရမ်းပုံတွေကို ပရိသတ်တွေ မြင်တွေ့ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

5.4 2024 132 mins
Je Jatt Vigad Gya
Friendly Fire
7.4

Friendly Fire (2024) IMDb Rating (7.4) Friendly Fire က Mikhail Red ရိုက်ကူးခဲ့တဲ့ ဖိလစ်ပိုင် coming-of-age ဒရမ်မာတစ်ပုဒ်ဖြစ်ပါတယ်။ ဖိလစ်ပိုင် esports လောကမှာ gamers တွေ ကြုံတွေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ၊ အထူးသဖြင့် အမျိုးသမီး players တွေ ကြုံတွေ့ရတဲ့ လူ့အသိုင်းအဝိုင်းကgender ခွဲခြားဆက်ဆံမှုတွေကို ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ Plot summary: “Project: Xandata” ဆိုတဲ့ သေနတ်ပစ်ဂိမ်းကို ကစားကြတဲ့ professional esports team တစ်ခုဖြစ်တဲ့ Team Isla မှာ သူတိုရဲ့ ကစားသမားတစ်ယောက်က အဖွဲ့ထဲကထွက်ပြီး ပြိုင်ဘက် ကိုရီးယားအသင်းကို ဝင်သွားခဲ့တယ်။ အဲဒါနဲ့ Team Isla ရဲ့ မ​န်နေဂျာဖြစ်တဲ့ Sonya က ထွက်သွားတဲ့ player ကို အစားထိုးဖို့ လူတွေကို လိုက်ရှာရင်း Team Isla အဖွဲ့သားနှစ်ယောက်ကို အပျော်တမ်းဂိမ်းမှာနိုင်သွားတဲ့ player တစ်ယောက်ပေါ်လာခဲ့တယ်။ အဲဒီ အွန်လိုင်းပေါ်က player က အင်တာနက်ကဖေးဆိုင်မှာ အလုပ်လုပ်နေတဲ့ ဆင်းရဲသားမိန်းကလေး Hazel Sales ဖြစ်ပြီး Sonya က Hazel ရဲ့ အရည်အချင်းကိုသဘောကျပြီး Team Isla အဖွဲ့ထဲဝင်ဖို့ ကမ်းလှမ်းခဲ့တယ်။ ဒီလိုနဲ့ Hazel တစ်ယောက် သူ့အတွက်အသစ်အဆန်းဖြစ်တဲ့ esports လောကထဲကို ဝင်လာပြီး professional gamer တစ်ယောက်အဖြစ်နဲ့ ဘယ်လိုစိန်ခေါ်မှုတွေကြုံတွေ့ရမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(2.1 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure,Drama Duration….01:45:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

7.4 2024 105 mins
Friendly Fire