YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Ginny.and.Georgia.S02E07..720p(CM).mp4

515.07 MB N/A video/mp4 390 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Terminal
7.3

ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.4/10) ထိရရှိထားပြီး သိမ်းထားချင်သူများအတွက် 4K နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ File size…(11 GB )/ (2.9 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:08:45 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Comedy • Drama
7.3 2004 128 mins
The Terminal
Love Today
7.3

IMDb - 8.1/10 ၂၀၂၂ မှာထွက်ရှိထားပြီး rating ရှယ်ရထားတဲ့အပြင် ရုံ၀င်ငွေမှာရှယ်မြတ်ထားတဲ့ တမီးလ်ရုပ်ရှင်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ လူကြိုက်များတဲ့အပြင် မစိမ်းတဲ့တမီးလ်နာမည်ကြီးသရုပ်ဆောင်တွေပါပြီး ယူတတ်ရင် ပညာလည်းရမယ့် ရုပ်ရှင်တစ်ကားပေါ့... ဇာတ်လမ်းအကျဉ်း ချစ်သူနှစ်ယောက်ဟာ အချင်းချင်းချစ်တယ်လို့ပြောကြတယ်၊ သက်တမ်းကြာလာရင်ကိုယ့်အကြောင်း သူ့အကြောင်းထဲထဲ၀င်၀င်သိကြတယ်၊ ဘာလျှို့ဝှက်ချက်မရှိဘူး အချင်းချင်းယုံကြည်ပါတယ်လို့ပြောကြတယ်...ဒါပေမယ့်အဲ့ဒါကစကားအရပဲလား၊ အဲ့ဒါကိုတကယ်သက်သေပြရဲကြရဲ့လား... ဒါဆိုရင်ကိုယ့်ရဲ့ ကိုယ်ပိုင်ဖုန်းကို ကိုယ်ချစ်ရတဲ့သူ၊ ယုံကြည်ရပါတယ်ဆိုတဲ့ သူကိုပေးသုံးရဲလား၊ password နံပါတ်တွေပေးရဲလားပေါ့... ဒီဇာတ်ကားမှာတော့ ချစ်သူနှစ်ဦးဟာ အချင်းချင်းချစ်ကြတယ် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိတယ်ဆိုတာကို သက်သေပြဖို့ တစ်ယောက်နဲ့တစ်‌ယောက် ဖုန်းချင်းလဲသုံးခိုင်းပါတော့တယ်။ အဲ့မှာဇာတ်လမ်းစတော့တာပါပဲ...ဒီတော့ အချင်းချင်းယုံကြည်ပါတယ်ဆိုတဲ့ ချစ်သူနှစ်ဦးက ဖုန်းကိုအသာတကြည်လဲသုံးနိုင်ကြရဲ့လား၊ ဖုန်းpassword မဖွင့်မနိုင်အောင် ဘယ်လိုကြံစည်ကြမလဲ၊ ဘာလျှို့ဝှက်ချက်တွေများ ရှာတွေ့သွားကြမလဲ၊ အချင်းချင်းလက်ခံနိုင်ပါဦးမလားဆိုတာ... ကိုယ့်မှာလည်းချစ်ရတဲ့သူရှိရင် ဖုန်းလဲသုံးခိုင်းပြီး အချစ်စမ်းကြည့်လို့ရတာပေါ့... File size…2.3GB/ 1.1GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~Nyein

Comedy
7.3 2022 154 mins
Love Today
Dune
7.8

IMDb Rating - 8.4/10 စောင့်​မျှော်​နေသူ​ ​အ​တော်များများရှိ​နေမယ့် DUNE ရုပ်ရှင်ကားကြီးထွက်လာပြီမို့ CMပရိတ်သတ်​တွေအတွက် အမြန်ဆုံး တင်ဆက်​ပေးလိုက်ပါတယ်၊ သာမန် Sci- fic​တွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့ Duneစာအုပ်​တွဲ​တွေကို မှီငြမ်းရိုက်ကူးထားတဲ့ ဇာတ်လမ်း၊ ​Timotheé Chalamet, Zendaya, Oscar Issac, တို့အပါအဝင် ကောင်း​ပေ့ဆိုတဲ့ Cast​တွေ၊ Legendary soundtrack ​တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ​ပြောင်​မြောက်လွန်းတဲ့ VFXနဲ့ CGI​တွေရဲ့ ​​ပေါင်းစပ်မှုအပြီးမှာ DUNE 2021ဇာတ်ကားဟာ ပရိတ်သတ်​တွေ အ​​မျှော်လင့်ဆုံးဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။ အနာဂတ်နှစ်​ပေါင်း၂၀၀၀၀​ကျော်မှာ အ​ခြေပြုထားတဲ့ ​ခေတ်လွန် Dune Universeထဲမှာ Known Universeကို အုပ်ချုပ်​နေတဲ့ Emperorဆိုတာရှိပြီး သူတို့ရဲ့လက်​အောက်မှာ​တော့ Houses​တွေက နယ်​မြေအသီးသီးကို အုပ်ချုပ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓီကအ​ကြောင်းရင်းက​တော့ House​ Harkonnen​တွေ နှစ်​ပေါင်း၈၀ကြာ​​​အောင် အုပ်ချုပ်လာတဲ့ Planet Dune တဖြစ်လဲ Planet Arrakisကို Emperorရဲ့အထက်အမိန့်အရ House Atreides​တွေကို ​ပြောင်းလဲအုပ်ချုပ်​စေခြင်းကစပါတယ်။ ဒါ​ပေမဲ့ Harkonnen​တွေဟာ Arrakis ဂြိုလ်​​ပေါ်ကရတဲ့ Spiceဆိုတဲ့အရာ​ကြောင့် ဂြိုလ်ကိုလွယ်လွယ်လက်လွှတ်မခံနိုင်ပါဘူး၊ Spiceဆိုတာဟာ Dune universeတစ်ခုလုံးမှာ အဖိုးအတန်ဆုံးအရာပါ၊ Spiceကိုစားသုံးရင် စိတ်အာရုံနိုးကြားကာ အသိဉာဏ်ပညာတိုးပွားလာခြင်း၊ သက်ရှည်ကျန်းမာ​စေခြင်းစတဲ့ စွမ်းအား​တွေရရှိမှာဖြစ်ပြီး သူ့ကိုလည်း Arrakisဂြိုလ်တစ်ခုထဲမှာပဲ တူး​ဖော်နိုင်မှာပါ၊ တူး​ဖော်ခွင့်ရှိတဲ့ Houseဟာလည်း Emperorထက်​တောင် ပိုပြီးချမ်းသာသွားမှာပါ။ ဒါ​ကြောင့်မလို့ နိုင်ငံ​ရေးအရ​ရော၊ စီးပွား​ရေးအရပါ အချက်အချာဖြစ်​နေတဲ့ Duneဂြိုလ်ကို လွှဲ​ပြောင်းယူလိုက်ရတဲ့ House Atreides အ​နေနဲ့ House Harkonnenရဲ့ ဒုက္ခ​ပေးလာမှု​ရော၊ Emperorနဲ့ တခြားHouse​တွေရဲ့ ရန်စလာမှုကိုပါ ဘယ်လိုကြံ့ကြံ့ခိုင်ရမလဲ၊ House Atreidesရဲ့ သား​​​​တော်... အိမ်​တော်ရဲ့အနာဂတ် The Oneအဖြစ် တင်စားခံရတဲ့ Paulက​ရော Atreides​တွေကို ဘယ်​​လောက်ထိ ​ ခေါင်း​ဆောင်​ပေးသွားမလဲဆိုတာကို CGIနဲ့ VFX အမိုက်စား၊ Soundtrackအမိုက်စား၊ Castsအမိုက်စား​တွေနဲ့ပဲ ရိုက်ကူးတင်ဆက်ထားတာ မလို့ Hypeရကျိုးနပ်မယ့် Sci-Fic ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတာမို့ အမြန်ဆုံး တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို JimX မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) Quality – BluRay 4K HEVC /DS4K HEVC/HDRip 1080p/ 720p/ 360p Duration - 2hr 35min Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Adventure, Drama Source : BluRay/HDRip Translator – CM Team Encoder – SWM,Nyeinsaeya Aung

Action • Crime
7.8 2021 155 mins
Dune
A Little Bit of Heaven

တကယ်လို့များ ဘုရားသခင်နဲ့တွေ့ပြီး လိုချင်တဲ့ ဆု ၃ခု ဆုတောင်းခွင့်ရခဲ့မယ်ဆိုရင်…. IMDB 6.2/10 ရရှိထားတဲ့ A little bit of Heaven (2011)ဆိုတဲ့ ဒီ Romance/Dramaကားလေးမှာ မင်းသမီး Kate Garry Hudson (How to lose a guy in 10 days/Almost Famous)နဲ့ မင်းသား Gael García Bernal (Bad Education)တို့က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားကြတာပါ။ ဇာတ်လမ်းအကျဉ်း မာလေက ဘဝကို ပျော်ပျော်နေတတ်ပြီး စိတ်ရှုပ်စရာတွေကို ရယ်စရာလုပ် တောက်ထုတ်တတ်တဲ့၊ ချိန်းတွေ့တာမျိုးလုပ်ပေမယ့် အချစ်ကိုဘဝထဲအဝင်မခံတတ်တဲ့၊ အလုပ်အကိုင်ရှိတဲ့ အမျိုးသမီးတစ်ယောက်ပါ.. သူငယ်ချင်းကောင်းတွေ ဝန်းရံထားပြီး ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားပေမယ့် လျစ်လျူရှုတတ်တဲ့အဖေနဲ့ ပွစိပွစိပြောတတ်တဲ့အမေကြား အလိုက်အထိုက်ဆက်ဆံရင်း နေနေရသူပေါ့.. အေးချမ်းနေတဲ့ မာလေ့ရဲ့ဘဝထဲကို မထင်မှတ်ဘဲ ကင်ဆာဆိုတဲ့ မုန်တိုင်းကြီးက ရုတ်တရက်ရောက်ရှိလာခဲ့ချိန်မှာတော့.. မာလေက ဘုရားသခင်ဆိုသူနဲ့ စကားပြောခွင့်ရခဲ့ပါတော့တယ်.. သူ့ကိုယ်သူ ဘုရားသခင်လို့ဆိုသူက လိုချင်တဲ့ ဆု ၃ခု တောင်းခွင့်ပေးမယ်လို့ ပြောခဲ့ပေမယ့် မယုံရဲယုံရဲနဲ့ ပါးစပ်ထဲတွေ့ရာ ဆုတွေ ၁ ခု ၂ ခုလောက် လျှောက်ပြောကြည့်ခဲ့တာပေါ့.. ဒါပေမယ့် မထင်မှတ်ဘဲ သူ တောင်းခဲ့တဲ့ ဆု ၂ ခုက တဖြည်းဖြည်း မသိမသာလေး ပြည့်မြောက်လာချိန်မှာတော့.. မာလေက သူတကယ်ပဲ ဘုရားသခင်နဲ့ တွေ့ခဲ့မိတာမှန်း ရိပ်မိသွားပါတော့တယ်.. ဒီလိုနဲ့ ၃ ခုမြောက် ဆုပဲ တောင်းဖို့ ကျန်နေခဲ့ချိန် သူ့ဘဝအတွက် အရေးကြီးဆုံး ဆုတစ်ခုကို မာလေတစ်ယောက် ဘယ်လိုများ ဆုတောင်းခဲ့လေမလဲ… ကင်ဆာဖြစ်နေတာမို့ မသေပါရစေနဲ့လို့များ ဆုတောင်းခဲ့လေမလား.. အဲဒီလို ဆုတောင်းခဲ့ရင်ရော ဘုရားသခင်က ဖြည့်ဆည်းပေးခဲ့မှာလား.. သေခြင်းတရားနဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မယ်ဆိုတဲ့အချိန် ကိုယ့်ဘဝအတွက် အရေးကြီးဆုံးက ဘယ်သူတွေဖြစ်မလဲ သူငယ်ချင်းလား မိသားစုလား..သူ မယုံကြည်ခဲ့တဲ့ အချစ်ဆိုတာလား.. မာလေ့ရဲ့ တတိယမြောက် ဆုတောင်းလေးက ပျော်ရွှင်ဖွယ်ဇာတ်သိမ်းလေးများ ဖြစ်သွားစေမှာလား.. ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်.. (ဇာတ်လမ်းအညွန်းနဲ့ ဘာသာပြန်ကတော့ Emily ပဲဖြစ်ပါတယ်) File size…(3 GB)/(1 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre…Drama, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2011 106 mins
A Little Bit of Heaven
Amandla
5.6

Amandla ဆိုတာက အင်အားလို့ အဓိပ္ပါယ်ရပြီး သူတို့လူမျိုးတွေ ကိစ္စကြီးတွေ မလုပ်ခင် ရဲဆေးတင်တဲ့အနေနဲ့ အားမာန်ပြည့်အောင် အသုံးပြုတဲ့စကားပါတဲ့။ ဒီဇာတ်လမ်းထဲမှာတော့ စစ်မှန်တဲ့အင်အားဆိုတာ ဘယ်လိုမျိုးကိုခေါ်တာလဲဆိုတာကို ပြသထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အင်ပီနဲ့ ခိုဆာနာက သိပ်ချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်ပြီး အနေအေးတဲ့ လူမည်းမိသားစုမှာ မွေးဖွားလာသူတွေပါ။ သူတို့ အလုပ်လုပ်တဲ့ လယ်ကွင်းပိုင်ရှင် လူဖြူက သူတို့ကိုစာနာသနားပြီး အလုပ်ရှင်ကောင်းတစ်ယောက်ပီသစွာဆက်ဆံခဲ့သလို သူ့သမီးလေး အဲလီဇဘက်ကလည်း အင်ပီ့ကို အကြင်နာပိုခဲ့တယ်ပေါ့လေ။ ဒါပေမဲ့ အင်ပီ့ရဲ့ ၁၁ နှစ်ပြည့်မွေးနေ့မှာ မထင်မှတ်ထားတဲ့ ကံကြမ္မာဆိုးကြီးက သူတို့ မိသားစုဆီကို ကျရောက်ခဲ့ပြီး သူတို့ညီအစ်ကိုက အမေနဲ့အဖေကို ဆုံးရှုံးလိုက်ရပါတော့တယ်။ ဒီလိုနဲ့ ညီအစ်ကို နှစ်ယောက်သား ခြေဦးတည့်ရာလျှောက်သွားရင်း ငတ်တစ်လှည့်ပြတ်တစ်လှည့်နဲ့ ဖြစ်နေခဲ့တာမို့ အစ်ကိုကြီးအင်ပီက သူ့ညီလေးကို စောင့်ရှောက်ဖို့အရေး မလွှဲမရှောင်သာဘဲ ခိုးဝှက်တဲ့အလုပ်ကို လုပ်ခဲ့ရပါတော့တယ်။ အချိန်တန်အရွယ်ရောက်လာလို့ ညီဖြစ်သူက ရဲလုပ်မယ်ဆိုတာမို့ အစ်ကိုကြီးနဲ့ ခွဲနေဖို့ဖြစ်လာပြီး အင်ပီတစ်ယောက်လည်း ကိုယ်ဝန်ရှိနေတဲ့ ချစ်ရသူနဲ့ တစ်အိုးတစ်အိမ် ထူထောင်မယ်လုပ်တဲ့အခါ မထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းကြောင့် ဒုစရိုက်ဂိုဏ်းတစ်ခုထဲ ရောက်သွားခဲ့ရပါတော့တယ်။ ဒုစရိုက်ဂိုဏ်းထဲရောက်ပြီး ပထမဆုံးလုပ်ရတဲ့အလုပ်မှာ မမျှော်လင့်ဘဲ ငယ်စဉ်က ကွဲကွာခဲ့ရတဲ့ အဲလီဇဘက်နဲ့ ပြန်တွေ့ခဲ့ပေမယ့် ထင်ထားသလို တွေ့ဆုံမှုမျိုးတော့ မဟုတ်နိုင်ခဲ့ပါဘူး။ အဲဒီလိုနဲ့ပဲ ရဲဖြစ်သူ ညီနဲ့ ဒုစရိုက်သမားအစ်ကိုတို့ ပြန်တွေ့ကြတဲ့အခါ အလင်းနဲ့အမှောင်၊ အဖြူနဲ့အမည်းကြား သိပ်ချစ်ကြတဲ့ညီအစ်ကိုနှစ်ယောက် ဘယ်လို ရင်ဆိုင်ကြမလဲ။ အင်ပီကရော ဘာလို့ဒုစရိုက်ဂိုဏ်းကြီးထဲ ဝင်ရောက်သွားခဲ့တာလဲ။ အဲလီဇဘက်နဲ့ရော ဘယ်လိုပြန်တွေ့ခဲ့ကြတာလဲ။ ဘယ်လိုပြစ်မှုတွေကို ကျူးလွန်ခဲ့ပြီး ညီဖြစ်သူ ရဲနဲ့ တွေ့တဲ့အခါ နောက်ဆုံးမှာရော ဘယ်လိုအဆုံးသတ်ကြမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

5.6 2022
Amandla
About Him & Her
5.7

About Him and Her (2023) About him and her(2023) ဇာတ်လမ်းကိုဒါရိုက်တာ Ice Mrozek ကဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတာပါ။ ၁၉၈၉ ခုနှစ်မှာ ဖုန်းလိုင်းပူးရာကနေဖြစ်တဲ့အချစ်ဇာတ်လမ်းလေးပါ။ကောင်လေးက ချီကာဂိုတွင်နေထိုင်ပြီး ကောင်မလေး မီရှီဂန်တွင်နေထိုင်တာပါ။ တစ်ယောက်နဲ့တစ်ယောက်ဆုံတွေ့ဖို့အခွင့်အရေးဆိုတာနည်းပါးလှပြီး ချစ်ကြိုက်သွားဖို့ဆိုတာအတော်လေးကိုမှခဲယဉ်းပါတယ်။ အထူးသဖြင့်အသံပဲကြားရပြီးရုပ်မမြင်ရတဲ့၁၉ရာစု‌နှစ်တွေမှာပေါ့။ လူတွေအနေနဲ့ ဖုန်းစိမ်းတစ်လုံးဝင်လာတယ် “ဖုန်းမှားသွားတာ”ဆိုတဲ့ အသံကြားတာနဲ့ချလိုက်ပါပြီ။ ဇာတ်လမ်းက အစ၊အဆုံးပဲ။ ဒီဇာတ်လမ်းလေးရဲ့ ပေးချင်တဲ့မက်ဆေ့က “အချစ်ဆိုတာ ရုပ်ရည်သွင်ပြင်ပေါ်မှာ ဖွဲ့စည်းထားတာမဟုတ်ဘူး၊ တစ်ယောက်ကိုတစ်ယောက်ဂ ရုစိုက်မှု၊ နွေးထွေးမှု၊ နားလည်ပေးနိုင်မှုတို့နဲ့ တည်ဆောက်ထားတယ်”ဆိုတဲ့အကြောင်းပါပဲ။ သူဘယ်လိုလေးတင်စားထားသလဲ၊ ဘယ်လိုလေးအချစ်ကိုဖော်ကျူးပြထားလဲ ကြည့်ရှူအားပေးကြပါဦးခင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။ Genre….. Romance Quality…. 1080p | 720p File size… 1.2GB | 416MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Pyae Phyo Min Encoder ….. Aaron

5.7 2023
About Him & Her
Why Did I Get Married?
5.9

Why Did I Get Married? ဇာတ်ကား နာမည်ကိုက စိတ်ဝင်စားစရာ မေးခွန်းလေးပါ။ ငါ ဘာလို့ အိမ်ထောင်ပြုတာလဲ တဲ့။ စုံတွဲတွေရော အိမ်ထောင်သည်တွေရော FA တွေရော ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားလို့ ပြောရင် မှားမဖြစ်ပါဘူး။ ကြည့်သင့်တဲ့ အချက်တွေထဲက အရေးကြီးဆုံး တစ်ချက်က စုံတွဲတွေကြားမှာ ဖြစ်လေ့ရှိတဲ့၊ စုံတွဲမဖြစ်သေးတဲ့ လူတွေလည်း စိတ်ပူလေ့ရှိတဲ့၊ ကွဲသွားတဲ့ လူတွေလည်း မေးခွန်းထုတ်မိတတ်တဲ့၊ ကွဲမလို ဖြစ်နေတတ်တဲ့ လူတွေလည်း အဖြေထုတ်ချင်တတ်တဲ့ မဟာမေးခွန်းကြီးဖြစ်တဲ့ “သူက Right Person လား” ဆိုတဲ့ မေးခွန်းအတွက် ဘယ်လို အဖြေထုတ်ရမလဲ ဆိုတာ သိရတာပါ။ တကယ့်ကိုလက်တွေ့ကျတဲ့ နည်းလမ်းကို ပြောပြထားတာပါ။ သိပြီးသားဆိုလည်း ဟုတ်မဟုတ်တိုက်ကြည့်ပါဦး။ သူငယ်ချင်း ရှစ်ယောက်/အိမ်ထောင်သည် စုံတွဲ ၄ တွဲရယ်၊ နောက်ထပ် သူတို့နဲ့ ဆက်နွယ်လာတဲ့လူတွေရယ်နဲ့၊ သူတို့တွေ အားလုံးရဲ့ကြားက အချစ် အမုန်း နားလည်မှု သစ္စာတရားအိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့ အယူအဆတွေနဲ့ ဆောင်ရန် ရှောင်ရန်တွေကို အံဝင်ခွင်ကျ ထည့်ပြောပြသွားတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပါ။ သစ္စာမရှိ ဖောက်ပြန်လို့ ကွဲသွားရတဲ့ စုံတွဲ အကြောင်းလည်း ပါတယ်။ ပို စိတ်ဝင်စားစရာကောင်းတာက အဲ့လို ဖောက်ပြန်တဲ့လူတွေ အကြောင်းနဲ့ ဆက်စပ်ပြီး တော်တော်ကောင်းတဲ့ ၈၀/၂၀ အချိုး ဆိုတာလေး ပြောပြထားတယ်။ အဲ့ဒီ အချိုးအကြောင်း သေချာပေါက်ရှာကြည့်လိုက်ပါ။ ဖောက်ပြန်တဲ့လူတွေ ဘာဖြစ်သွားလဲလည်း ပါတယ်။ ဖောက်ပြန်ခံရတဲ့လူတွေ ဘယ်လိုကျော်ဖြတ်ကြလဲ ဆိုတာလည်း သင်ယူစရာတွေ ပါတယ်။ ကိုယ့်ကို တန်ဖိုးမထားတဲ့လူနဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ထားတာက ဘယ်လောက်ဆိုးလဲ ဆိုတာလည်း ပါတယ်။ အဲ့လိုကနေ ရုန်းထွက်နိုင်ရင် ဘာတွေရလာနိုင်လဲ ဆိုတာလည်း ပါတယ်။ ပြီးတော့ တကျက်ကျက် ရန်ဖြစ်နေတတ်တဲ့ စုံတွဲတွေနဲ့ သူတို့ သဘောသဘာဝ တွေလည်းပါတာပဲ။ ဘယ်လိုဆိုးကျိုးတွေ ရှိလဲ၊ ဘာတွေတော့ ကောင်းလဲ ဆိုတာလည်း သိရမယ်။ ဘာမှ မပြောဘဲ စိတ်ထဲ ထားတတ်တဲ့ စုံတွဲတွေ ဆိုရင်ရော။သူတို့ ဘာတွေ ကြုံရတတ်လဲလည်းထည့်ပြောထားသေးတာပါပဲ။ ဆိုးဝါးတဲ့ နာကျင်စရာတွေကို တစ်ယောက်ကို တစ်ယောက် ညှာပြီး မပြောမိရာကကနေ ဘာတွေ ဖြစ်လာတတ်သလဲ ဘယ်လို ဖြေရှင်းလို့ ရသလဲတွေထည့်ရိုက်ထားတာပါ။ ပြီးတော့ အလုပ်ပဲ ကြည့်တတ်တဲ့ သားသမီးရတနာ ယူရေး/မယူရေးတွေနဲ့ မပြေလည်မှုတွေရှိလာတဲ့ စုံတွဲအကြောင်းလည်း ပါတယ်။ သူတို့တွေ နောက်ထပ် ထပ်တွဲဖြစ်သွားကြတဲ့ လူတွေအကြောင်းလည်း ပါပါသေးတယ်။ ပိုကောင်းတဲ့ ဆက်ဆံရေးတွေ၊ လက်တွဲဖော်တွေကို ရသွားကြတာလား၊ ထားခဲ့ကြရတာလား ဆိုတာလည်း သိရမှာပါ။ Rating တွေ သိချင်ရင်တော့ Rotten TomatoRating က 48 ဆိုပေမယ့် ပရိတ်သတ်ကတော့ 78မှတ်တောင် ပေးထားတဲ့ ဇာတ်ကားပါ။ IMDb က 5.9ပါတဲ့။ သရုပ်ဆောင်တွေကတော့ Janet Jackson က စလို့ Tyler Perry ထိ ပါ ပါတယ်။ အရမ်းမရင်းနှီးတဲ့ သရုပ်ဆောင်တွေက ပိုများနေတောင် ကြည့်ကြည့်လိုက်ရင် သဘာဝကျလွန်းနေတာ တွေ့ရမှာပါ။ မသိတဲ့ သရုပ်ဆောင် ပိုများတော့ ဇာတ်ကားဆိုတာ မေ့သလိုလို ပိုဖြစ်တာလည်း ပါဦးမှာပါ။ ဇာတ်ကားရဲ့ ဒါရိုက်တာနဲ့ စာရေးဆရာက ဒီဇာတ်ကားထဲကတယ်ရီဆိုတဲ့ ဘဲကြီးပါပဲတဲ့။ ကြည့်လိုက်ရင်တော့ လူတိုင်း တနည်းမဟုတ် တနည်းတွေ့ရရတတ်တဲ့ လူတွေကြားကဆက်ဆံရေးတွေအကြောင်း အများကြီး သိရ၊ ချိန်ညှိကြည့်လို့ရ၊ အဖြေထုတ်လို့ရဖြစ်သွားမှာပါ။ It’s worth it ပါ။ File size… 2.4 GB/ 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kaung Myat Thu

Drama • Adventure
5.9 2007 113 mins
Why Did I Get Married?
Evie

Evie (2023) Psychological နဲ့ Demonic Creature နှစ်ခုပေါင်းစပ်ထည့်သွင်းထားတဲ့ Horror အမျိုးအစားဖြစ်ပါတယ်။ ရှေးတုန်းက Britain နဲ့ ဗိုက်ကင်းတွေရဲ့ ဒဏ္ဍာရီလာ ရှေးဟောင်းပစ္စည်းတွေနဲ့ ဆက်စပ်ထားပါတယ်။ ငယ်ငယ်တုန်းက မိဘနှစ်ပါးရယ် အစ်ကိုဖြစ်သူတိုနီရယ်နဲ့ ပင်လယ်ကမ်းစပ်မှာ ပျော်ပွဲစားထွက်ခဲ့တဲ့ အီဗီဟာ ဆော့ကစားရင်း ရှေးဟောင်းလည်ဆွဲတစ်ခု ကောက်ရခဲ့ပါတယ်။ အဲ့လည်ဆွဲမှာ သူနဲ့ သူချစ်ရတဲ့သူတွေရဲ့ဘ၀ကို ဖျက်ဆီးမယ့် ရေနတ်ဆိုးကပ်ပါလာတာကိုတော့ မသိခဲ့ပါဘူး။ အီဗီ အဲဒီလည်ဆွဲကို ဆွဲပြီးကတည်းက သူတို့မိသားစုမှာ ကြောက်စရာကောင်းပြီး ဆိုးဝါးတဲ့အဖြစ်တွေနဲ့ ကြုံခဲ့ရပါတယ်။ အီဗီတို့ အမေလည်း သေသွားပြီး အဖေက သူတို့မောင်နှမနှစ်ယောက်ကို မကြည့်နိုင်ဘဲ မိဘမဲ့ဂေဟာကို ပို့ပစ်ခဲ့ပါတယ်။ မောင်နှမနှစ်ယောက် ကွဲကွာသွားပြီး ပြန်ဆုံတဲ့အချိန်မှာ အီဗီက ငယ်ငယ်က အဖြစ်တွေကို သိပ်မမှတ်မိပါဘူး။ သူတို့အဖေကလည်း စိတ်ကျန်းမာရေးချို့တဲ့ပြီး ဆေးရုံတက်နေရပါတယ်။ နတ်ဆိုးစွဲကပ်နေတဲ့ အီဗီက သူ့ကိုယ်သူ ကယ်တင်နိုင်မလား… သူ့အစ်ကို တိုနီကရော အီဗီကို ဘာလို့ ပြန်ဆက်သွယ်ခဲ့တာလဲ… အီဗီတို့မိသားစုရဲ့ကံကြမ္မာက လည်ဆွဲနဲ့ သက်ဆိုင်နေလား… ဆိုတာ အတွေးပွားရင်း ကြည့်ရှုခံစားလိုက်ကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 665MB Quality – 1080p, 720p Format – mp4 Duration – 1H 23Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2023 83 mins
Evie
Wishmaster: The Prophecy Fulfilled
4

Genre – Fantasy, Horror ဆုတောင်းသခင်ကြီး နတ်ဆိုးဂျင်ရဲ့ ၄ ကားမြောက်နဲ့ နောက်ဆုံးကား ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အရင် ၃ ကားလုံးမှာ မဖြစ်ဖူးတဲ့ တတိယမြောက်ဆုတောင်း ပြည့်တဲ့ထိ ပါဝင်တာကို မြင်ရမှာပါ။ ဒါပေမဲ့လည်း အခက်အခဲလေးတော့ ရှိနေပါတယ် ဒါကတော့ ဂျင်ဘဲကြီးဟာ ဒီကားထဲမှာ လူသားဆန်လာပြီး ကောင်မလေးကို ချစ်ကြိုက်သွားမိခဲ့တာပဲ ဖြစ်ပါတယ်။ ထားပါ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆို လီဆာနဲ့ ဆမ်ဆိုတာ သိပ်ချစ်ကြတဲ့ စုံတွဲလေးပါ ဒါပေမဲ့ ဆမ်တစ်ယောက် ဆိုင်ကယ်မတော်မဆဖြစ်ပြီး အောက်ပိုင်းသေရာကနေ ဒီအတွဲလေးက အရင်တုန်းကလို ချစ်ဇောဟုန်တွေ မပြင်းထန်တော့ပဲ ဆမ်လည်း အရက်သမားဖြစ်ပြီး လီဆာတစ်ယောက်ပဲ အမှုနိုင်ဖို့ မိတ်ဆွေရှေ့နေ ဗာဒယ်နဲ့အတူ ပူးပေါင်း ကြိုးစားနေပါတယ်။ ပြဿနာတွေမှာ ဒီရှေ့နေလည်း ပါပါတယ် သူကလည်း လီဆာလေးကို အခွင့်ရရင် ရသလို စားချင်နေတဲ့ ကြောင်ဖားကြီးပါ တစ်ရက်ကျ ကြောင်ဖာကြီးလုပ်ဖို့ လက်ဆောင်ဝယ်ပေးရာကနေ ထုံးစံအတိုင်း ဂျင်ကို နိုးထစေခဲ့ပါတယ်။ ဒီလိုနဲ့ ခါတိုင်းလိုပဲ လူတွေကို ဆန္ဒတွေထုတ်ဖော် ပြဿနာတွေပေးပြီး သူ့မျိုးနွယ်ဂျင်တွေကို ကမ္ဘာပေါ်ခေါ်နိုင်မလား ချစ်မိသွားတဲ့ လူသားမလေးနဲ့ အဆင်ပြေအောင်နေမလားဆိုပြီး ဂျင်ဇိုးကြီးတစ်ယောက် ဗြာတွေများပြီး ပြဿနာတက်ရတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ကိုယ်လုံးတီးတွေ အိပ်ရာပေါ်အခန်းတွေ ဇာတ်လမ်းစကတည်းက ပါဝင်နေတာကြောင့် ကြည့်ရှုတွေ သတိပြုစေလိုပါတယ်ဗျ။ ဆုတောင်းသခင်ကြီး ၄ ကားလုံးကို အကုန်တင်ဆက်ပေးလိုက်ပြီ ဖြစ်လို့ ကြည့်ရှုရင်း အပန်းပြေစေဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ File size… 4.2 GB / 1.4 GB Quality… WEB DL 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Fantasy/ Horror / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

4 2002
Wishmaster: The Prophecy Fulfilled
Svaha: The Sixth Finger
6.3

Svaha: The Sixth Finger (2016) IMDb Rating (6.3) / Rotten Tomatoes (75%) ဒီကိုရီးယားကားကတော့ Netflix ဇာတ်ကားလေးဖြစ်ပြီး Squid Game ထဲက မင်းသား Lee Jung-Jae နဲ့ မင်းသား Park Jung-Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဘာသာရေးကျမ်းတွေ နတ်တွေ မကောင်းဆိုးဝါးတွေကို အခြေခံပြီး လူသတ်မှု လူသေမှုတွေကို စုံစမ်းဖော်ထုတ်တဲ့ဇာတ်လမ်းမျိုး ရိုက်ကူးထားလို့ Horror, Thriller အမျိုးအစားလို့ပဲ ပြောရမှာပါပဲ… ဇာတ်လမ်းကတော့… ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်နေသူဖြစ်ပါတယ်။ ဒီလိုနဲ့ သူလိုက်နေတဲ့အမှုတစ်ခုဟာ ဘာသာရေးဗန်းပြပြီး လူသတ်မှုတွေနဲ့ပါဝင်ပတ်သတ်နေတာကို တွေ့ရပါတော့တယ်။ လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့ လူသတ်နေတဲ့ (စတုလောကပါလ) နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကို အယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။ မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး အမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေ ပါနေတဲ့အတွက် အများကြီး ပြောပြလို့မရပါဘူး။ ဘာသာရေးအသုံးအနှုန်းတွေပေါ်မူတည်ပြီး အမှုကိုအဖြေရှာဖွေဖော်ထုတ်ထားတာမလို့ စိတ်ဝင်တစားလိုက်ပါကြည့်ရှုမှသာ အပြည့်အဝနားလည်မယ့်ရုပ်ရှင်ကားမျိုးပါ။

6.3 2016 122 mins
Svaha: The Sixth Finger
The Tracey Fragments
6

The Tracey Fragments ဒီဇာတ်လမ်းထဲမှာတော့ လက်ရှိခေတ်စားနေတဲ့ စီးရီးတစ်ခုဖြစ်တဲ့ The Umbrella Academy မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးကြီး Elliot Page ရဲ့ ကလေးဘဝသရုပ်ဆောင်ထားတဲ့ ဇာတ်ကွက်တွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ထရေစီလို့ခေါ်တဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကြောင်းကို အခြေခံထားတာပါ။ ထရေစီဟာ ငယ်ငယ်ကတည်းက အတွေးအမြင်တွေ ဆန်းသစ်လွန်းလို့ သူ့မိဘတွေက သူ့ကို စိတ္တဇဆိုပြီးနာမည်တပ်ပြီး အိမ်ထဲမှာ မျက်သာလုံးဝမပေးခံရတာပါ။ ဒီလိုနဲ့ တစ်နေ့မှာ သူဟာ သူ့မောင်လေး ဆန်နီနဲ့ကစားနေရင် တစ်နေရာမှာ သူ့မောင်လေးပျောက်သွားပါတယ်။ ဒါကို သူ့အိမ်ကကော ကျောင်းပတ်ဝန်းကျင်က တခြားဖိအားတွေနဲ့ ပေါင်းသွားတဲ့အခါမှာ ထရေစီဟာ တကယ့်အရူးသယောင် ဖြစ်သွားရပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ စိတ္တဇတစ်ယောက်ရဲ့ တွေးတောဆင်ခြင်ပုံ လူတစ်ယောက်က စိတ်ဒဏ်ရာရသွားတဲ့အချိန်မှာ ဦးနှောက်နေ သူတို့ရဲ့မှတ်ဉာဏ်ကို ဘယ်လိုမျိုးပြောင်းလဲပစ်တတ်လဲဆိုတာကို တစိုးတစမြင်ရမှာပဲဖြစ်ပါတယ်။ File size_(1.5GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark

6 2007 77 mins
The Tracey Fragments
The Front Line Go-ji-jeon
7.4

The Front Line (2011) IMDb Rating (7.4) / Rotten Tomatoes (69%) ဒီဇာတ်ကားအညွှန်းမရေးခင်ပြောချင်တာတခုရှိသေးတယ်ဒီဇာတ်ကားကိုကြည့်ပြီးမှ အိမ်ကအဒေါ်တွေဘာလို့ကိုရီးယားကားကို အငမ်းမရကြည့်လဲဆိုတာကို ကိုယ်ချင်းစာမိသွားတယ်။ အရင်က ကိုရီးယားကားဆိုမကြည့်ဖြစ်ဘူး။ ဒီဇာတ်လမ်းထဲမှာ ၁၉၅၀ ဝန်းကျင်တောင်မြောက်ကိုရီးယားစစ်ပွဲကိုအခြေခံပြီးရိုက်ကူးထားတယ်။ ၂နိုင်ငံ အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်မထိုးခင် အရို ကေတောင်ကုန်းနဲ့ပါတ်သက်ပြီး ၂ဖက်ခေါင်းဆောင်တွေအငြင်းပွါးကြတယ်။ ဒီတောင်ကုန်းကို ၂ဖက်တပ်တွေအလုအယက်သူတပြန်ကိုယ်တပြန်သိမ်းနေရင်းနဲ့မှနောက်ဆုံးဘယ်လိုဇာတ်သိမ်းသွားမလဲ။ တောင်ကိုရီးယားတွေဘက်က မိကျောင်းတပ်ခွဲကဒီတိုက်ပွဲကိုအဆုံးထိတိုက်ရပြီးနောက်ဆုံးသူတို့ဘယ်လိုတွေဇာတ်သိမ်းသွားကြလဲ? အသက်ရောရှင်ရဲ့လား? တောင်ကုန်းလေးရယ်စစ်မြေပြင်ရယ် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးတာရယ်နေရာ၃ခုပဲပါပေမယ့် အချစ်အမုန်း အယူဝါဒ…အစုံကိုသရုပ်ဖော်သွားတဲ့ဒီကားကစစ်ကားကောင်းတကားဖြစ်သလို ၂ဖက်တပ်တွေရဲ့ သရုပ်ကိုပီပြင်အောင်သရုပ်ဖော်ထားတဲ့ ဇာတ်ကားကောင်းတကောင်းဖြစ်လို့မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်းတကားဖြစ်ပါတယ်။ File size…(3.7 GB) / (1.5 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Action,Drama,War Duration….02:14:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Jia

Comedy • Romance
7.4 2011 133 mins
The Front Line Go-ji-jeon
Star Trek: Insurrection

ဂန္တဝင်အာကာသရုပ်ရှင်တွေထဲက အပါအဝင်တစ်ခုဖြစ်တဲ့ Startrek Saga ထဲက ရုပ်ရှင်ကားကောင်းတစ်ကားပါ စတားထရက်ရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ကပ္ပတိန်ကာ့ခ် ဂျွန်လုပစ်ကာ့ မစ္စတာဝုဖ် ..ဘို့ဂ်မျိုးနွယ်နဲ့ အာကသယာဉ်ပျံကြီးတွေ ဒါတွေက ၉၀ ကာလက စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်တွေကြားထဲမှာခေတ်ရှေ့ပြေးဆုံး ရုပ်ရှင်တွေဖြစ်ခဲ့ပါတယ်… အခုရုပ်ရှင်မှာလည်း ကပ္ပတိန်ဂျွန်လုပစ်ကာ့တို့ဦးဆောင်တဲ့ အင်တာပရိုက်စ်အဖွဲ့ဟာ မသေမျိုးတွေအဖြစ်နေထိုင်နေတဲ့ ဂြိုလ်ကလူတွေပေါ်ကျရောက်လာတဲ့ အန္တရာယ်ကိုကာကွယ်ဖို့အတွက် ဂြိုလ်သားမျိုးနွယ်တွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာတဲ့ အာကာသစွန့်စားခန်းရုပ်ရှင်ကောင်းတစ်ခုပါ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Science Fiction, Action, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thiha Yan Naing

Comedy • Drama
0 1998
Star Trek: Insurrection
Appleseed: Ex Machina
7

Appleseed Ex Machina (2007) ————————————- MyAnimeList – 7.31/10, IMDb – 7/10 ဒီတစ်ခေါက် CM Anime Lover တွေကို မိတ်ဆက်ပေးချင်တာကတော့ ကြည့်နေကျ Animation Movie တွေနဲ့မတူတဲ့ 2007 ခုနှစ်က ထွက်ခဲ့တဲ့ CG Animated Sci-fi Movie ကောင်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်။ Olympus ဆိုတဲ့ ကမ္ဘာကြီးမှာ လူသားတွေရော၊ Cyborgs တွေရော၊ Cyborgs ကနေ ဖန်တီးထားတဲ့ Bioroids တွေရော အတူနေထိုင်ကြပါတယ်။ E S W.A.T တပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ Deunan နဲ့ Briareos ဆိုတဲ့ Cyborg ဟာ ပါတနာတွေဖြစ်ကြပြီး Halcon ဆိုတဲ့ တပ်ဖွဲ့က အကြမ်းဖက်သမားတွေကို တိုက်ခိုက်ရင်း Briareos ဟာ ဒဏ်ရာရပြီး ဆေးရုံရောက်သွားပါတယ်။ အဲဒီလိုနဲ့ အချိန်တွေကြာလာပြီး အထက်ကလူတွေက Briareos ဆီကနေ Tereus ဆိုတဲ့ Bioroids တစ်ယောက်ကို ဖန်တီးပြီး Deunan ရဲ့ ပါတနာအသစ်ဖြစ်စေခဲ့ပါတယ်။ တစ်ဖက်မှာလည်း Briareos ဟာ ပြန်သတိရလာခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်တဲ့သူတွေဟာ Cyborg တွေ မဟုတ်ဘဲ လူသားစစ်စစ်တွေဖြစ်နေတာကို သိသွားခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်မှာလည်း မူမမှန်တာတွေ ဖြစ်နေတာကို သတိထားမိခဲ့ပါတယ်။ အဲဒီနောက်မှာ လိုက်စုံစမ်းရင်းနဲ့ သူ့ဆီမှာဖြစ်နေတာတွေရော၊ အကြမ်းဖက်တိုက်ခိုက်မှုတွေရောက Halcon နဲ့ ဆက်စပ်နေတယ်ဆိုတာကို သိသွားတဲ့အခါ…. ဒီတော့ အဲဒီတိုက်ခိုက်မှုတွေမှာ လူတွေပါဝင်နေတာ ရိုးရှင်းရဲ့လား၊ Halcon နဲ့ကရော ဘယ်လိုမျိုးပက်သက်နေတာလဲ၊ Briareos နဲ့ ပါတနာ ဆက်ဆံရေးထက်ပိုတဲ့ Deunan ကရော Tereus ကို ပါတနာအဖြစ် လက်ခံနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစွာနဲ့ စောင့်မျှော် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့ အစပိုင်းမှာ နည်းပညာ အသုံးအနှုန်း‌တွေပါတော့ နည်းနည်းနားလည်ရခက်နိုင်ပေမယ့် တဖြည်းဖြည်းနဲ့ စိတ်ဝင်စားစရာ ကောင်းလာပြီး နားလည်လာမှာပါ။ 2007 ခုနှစ်ကထွက်ခဲ့တာဆိုပေမယ့် Animation ကတော့ ဒီခေတ် CG Animation နဲ့တောင် ယှဉ်လိုရတဲ့အထိ Effects တွေက အမိုက်စားလို့ ပြောလိုရပါတယ်။ ထုတ်လုပ်ပေးတာကတော့ 3D/CG animation တွေ Live action တွေနဲ့ နာမည်ကြီးပြီး Death Note (live action) ကို ထုတ်လုပ်ခဲ့တဲ့ Digital Frontier Studio နဲ့ Micott & Basara ဆိုတဲ့ Japanese Film Production တို့ ပူးပေါင်းပြီး ထုတ်လုပ်‌ထားတာပဲ‌ဖြစ်ပါတယ်။ ဒီတော့ ပုံမှန် Anime တွေကြည့်ရတာ ငြီးငွေ့နေပြီဆိုတဲ့ သူတွေအတွက်ရော အသစ်အ‌ဆန်းလေးတွေ ကြည့်ချင်တဲ့သူတွေအတွက်ရော ရွေးချယ်လို့ မမှားတဲ့ ‌ဇာတ်ကားကောင်းလေးဖြစ်လို့ ကြည့်ရှုဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ ttmuswe ဖြစ်ပါတယ်) File size… 2 GB / 1 GB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 45m Genre ….. Animation, Action, Sci-fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by ttmuswe

Drama • Comedy
7 2007 105 mins
Appleseed: Ex Machina