YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Ginny.and.Georgia.S01.720p(CM).zip

3.84 GB N/A application/x-zip-compressed 255 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ashgrove
4.7

ဒီကားက ၁နာရီခွဲသာကြာပြီး ဇာတ်လမ်းအစမှာတင် ကမ္ဘာတစ်ခုလုံးကရေတွေက အဆိပ်တောက်ဖြစ်ပြီး လူတွေကိုသတ်နေခဲ့တာကြောင့်လူတွေကရေကိုအောင်စတွေနဲ့ တစ်နေ့ကိုဘယ်လောက်ဆိုပြီးတိုင်းတာပြီးသောက်သုံးနေကြရတယ် အဲ့တာကိုဖြေရှင်းဖို့ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင်တွေကကြိုးစားနေပြီး အထူးသဖြင့်အဖြေနဲ့အနီးကပ်ဆုံးလို့ထင်ရတဲ့Dr.Ashgrove, Jenniferအနေနဲ့Amanda Brugelကသရုပ်ဆောင်ထားပါတယ် သူ့ခင်ပွန်းအနေနဲ့ကတော့Jasonအဖြစ်နဲ့Jonas Charnickပေါ့ လူသားတွေကိုကယ်တင်ရမယ့်တာဝန်တွေပိနေတဲ့မိန်းမတစ်ယောက်က အလုပ်မှာပဲတာဝန်ပိနေခဲ့ပြီးအိမ်ထောင်ရေးဘက်ကိုလည်းဂရုမစိုက်နိုင်ဖြစ်ပြီး အတိတ်မေ့ရောဂါစတင်ခံစားလာခဲ့ရတာပေါ့ အဲ့ကနေမှအလုပ်ကခနအနားယူတာကနေ အိမ်ထောင်ရေးပဋိပက္ခတွေကို သဘာဝဆန်ဆန်ရိုက်ကူးထားပါတယ် ဇာတ်လမ်းကကြည့်ရှုသူတွေကို၁နာရီအစောပိုင်းမှာအနည်းငယ်ပျင်းနေစေလိမ့်မယ် ဒါပေမဲ့ နောက်မှတစ်ကယ့်big twistတစ်ခုပေါ်လာပြီး ဪဆိုပြီးဖြစ်သွားစေမယ့်ဇာတ်ကားတစ်ကားပါ အဲ့တော့ဒီဇာတ်လမ်းမှာ လူသားမျိုးနွယ်တစ်ခုလုံးအတွက်မဖြစ်မနေလိုအပ်တဲ့ရေကပ်ရောဂါကိုဘယ်လိုဖြေရှင်းဖို့နည်းလမ်းတွေ့မလဲနဲ့ Jasonနဲ့Jenniferတို့ရဲ့သဘာဝကျလွန်းတဲ့သရုပ်ဆောင်ချက်တွေကကြည့်ရှုသူကိုဆွဲခေါ်သွားမှာတော့အမှန်ပါပဲ IMDB 5.9/10ရထားပြီး ခရမ်းချဉ္သီးRatingကတော့89%ရထားတဲ့ဇာတ်ကားကောင်းတစ်ကားမို့ကြည့်ရှုဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ File size…(1.18GB)  / (`631MB) / (299MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...  Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein Htet Aung

Comedy
4.7 2022 93 mins
Ashgrove
The Lovebirds
6.1

Eternalsဇာတ်ကားမှာ Bollywood ကိုရောက်နေတဲ့ Eternal Kingoအ‌နေနဲ့သရုပ်ဆောင်ခဲ့တဲ့Kumail Nanjiani (ပိုးဟပ်မှာ ပုံအသုံးခံလိုက်ရလို့နာမည်ကြီးသွားတဲ့ဆရာကြီး)နဲ့ အာသွက်လျှာသွက် Comedy movie အများစုမှာပါ၀င်နေကျဖြစ်တဲ့ Issa Raeတို့ရဲ့ အချစ်ဟာသဇာတ်ကားလေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျီဘရန်နဲ့ လီလာနီဆိုတာက တကယ့်ထူးထူးခြားခြားအတွဲ။ ဂျီဘရန်ဆိုတာက ပါကစ္စတန်သား ကမ္ဘာကြီးကိုအဆိုးဘက်ကနေပဲ ကြည့်တတ်သလို ဘ၀ကြီးမှာ ဘာမှမစွန့်စားရဲ ပိုနေမြဲကျားနေမြဲနေတတ်သူ စိတ်လှုပ်ရှားတဲ့အချိန်ဆို ဘာမဟုတ်တဲ့ အကြောင်းအရာတခုကအစ တောင်စဉ်ရေမရလျှောက်ပြောလိုက်ရမှ။ အန္တရာယ်ဆိုတာနဲ့ ပြေးလိုက်ရမှဆိုတဲ့လူမျိုး။ လီလာနီဆိုတာက လူမည်းအမျိူးသမီး အရမ်းလည်းစပ်စု ပါလေရာငပိချက် ပြောချင်တဲ့အကြောင်းအရာတခုကို ကရားရေလွှတ် အဆုံးထိဖြစ်ချင်ရာဖြစ် ပြောထည့်လိုက်ရမှကျေနပ်တဲ့လူမျိုး။ ဒီလိုမျိုးနဲ့ ချိန်းတွေ့မယ့်စားသောက်ဆိုင်ရွေးတာကအစ ရန်တကျက်ကျက်ဖြစ်နေရတဲ့ သူတို့နှစ်ယောက် ‌ တနေ့မှာတော့ လမ်းခွဲဖို့ဆုံးဖြတ်ကြရင်းနဲ့ မတော်မဆ လူသတ်မှုတခုထဲဆွဲထည့်ခံလိုက်ရပါတော့တယ်။ ဒီလူသတ်မှုမှာ အပြစ်မရှိတာကို သက်သေပြနိုင်ဖို့ လီလာနီရဲ့ မဟာအကြံကြီးအတိုင်း စုံစမ်းကြတာကနေ သူတို့ ဘုနဲ့ဘောက်အတွဲ ဘယ်လိုမျိုး တလွဲတွေဖြစ်ဦးမှာလဲ။ သူတို့ရဲ့အပြစ်ကင်းမှုကို သက်သေပြနိုင်မှာလား။ သူတို့ရဲ့အရင်တည်းကဆိုးရွားလာနေတဲ့ realtionship ကိုရော ပြန်အဖတ်ဆယ် ကယ်တင်နိုင်ဦးမလား။ အဆုံး‌မှာဘယ်လိုမျိုး ဒီဇာတ်လမ်းလေးတခု ပြီးဆုံးသွားမလဲဆိုတာကို the lovebirds ဆိုတဲ့ အချစ်ဟာသဇာတ်ကားလေးမှာ ရှုစားအားပေးကြပါဦးခင်ဗျ။

Comedy • Family
6.1 2020 87 mins
The Lovebirds
Autobiography
7.4

Autobiography (2022) အင်ဒိုနီးရှားမှာ Best Original Screenplay ဆုရခဲ့ပြီး ကျန် ၇ဆုဆန်ကာတင် စာရင်းဝင်ခဲ့တဲ့ အင်ဒိုကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဒါ့အပြင်ကို ဗင်းနစ် ရုပ်ရှင်ပြပွဲမှာပါ ဆုတွေရခဲ့ပါသေးတယ်။ အင်ဒိုနီးရှားဟာ အနှပညာလောကမှာ အရှေ့တောင်အာရှကို ဖောက်ထွက်ဖို့ကြိုးနေတယ်ဆိုတာ ဒီရုပ်ရှင်မှာတွေ့နိုင်ပါတယ်။ ဇာတ်လမ်း နာမည်လေးကလဲ မြန်မာလိုဆို “ကိုယ်တိုင်ရေး ရာဇဝင်” ပေါ့။ ဇာတ်လမ်းဟာလဲ နာမည်နဲ့အတော်လိုက်တာကို တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်တပ်မှဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက် နိုင်ငံရေးလောကထဲဝင်ပြီး ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်ဖို့ မီးမှန်မှန်ရဖို့ရေး ရေအားလျှပ်စစ်စက်ရုံတွေဆောက်မယ်ပေါ့။ ဒါပေမဲ့ သူက လူတွေကိုကူညီချင်သလိုနဲ့ အာဏာသုံးပြီးလုပ်တတ်တဲ့ အာဏာရှင်ကြီးတစ်ယောက်ပါ။ တနေ့ သူ့တပည့်တစ်ယောက်ရဲ့ သားကို သူ့အတွက်လက်တိုလက်တောင်းခိုင်းဖို့ ခေါ်လိုက်ပါတယ်။ အစကတော့ အကြောင်းမသိသေးလို့ လေးစားအားကျနေခဲ့ရာမှ နောက်ကွယ်ကအဖြစ်မှန်တွေသိပြီးနောက် အဲဒီ အာဏာရှင်လူဆိုးကြီး လက်အောက်က ဘယ်လို လွှတ်အောင်ပြေးပြီး ကိုယ့်ရာဇဝင်ကို ရေးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.3GB | 635MB | 322MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Drama • Romance
7.4 2022
Autobiography
Sanctified

အချိန်ကာလအားဖြင့် ၁၈၉၀ကာလဖြစ်ပါတယ်။ ၀က်စ်တန်လို့‌အမည်ရတဲ့ တောပုန်းတစ်ယောက်ဟာ လူသူအရောက်အပေါက်နည်းတဲ့ ဆိုးသွမ်းတဲ့ကန္တာရအလယ်မှာ သေအံ့ဆဲဆဲဖြစ်နေချိန် လှည်းတစ်စီးနဲ့ မြောက်ဘက်ကိုခရီးသွားနေတဲ့ ခရစ်ယာန်သီလရှင်တစ်ဦးရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပါတယ်။ ၀က်စ်တန်နဲ့ အန်းမက် ညီအစ်ကိုနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက တောပုန်းခေါင်းဆောင်ဖြစ်တဲ့ မစ္စတာရှောရဲ့ မွေးစားခြင်းကိုခံခဲ့ရတာပါ။ ၀က်စ်တန်ဟာ ထူးချွန်လှတဲ့ ရိန်းဂျားတစ်ယောက်ဖြစ်တဲ့အတွက် မစ္စတာရှောဟာ ၀က်စ်တန်ကို တစ်နေ့ သူ့ရဲ့အရိုက်အရာကိုဆက်ခံပြီး တောပုန်းအုပ်စုကို ဦးဆောင်စေချင်နေပါတယ်။ ၀က်စ်တန်ကတော့ စိတ်မ၀င်စားဘဲ မစ္စတာရှောရဲ့လောင်းရိပ်အောက်ကနေ ရုန်းထွက်ပြီး ကယ်လီဖိုးနီးယားမှာ အခြေချပြီး ဘ၀သစ်ကိုတည်ထောင်ချင်နေသူပါ။ ဒီလိုနဲ့ ၀က်စ်တန်ဟာ ညီဖြစ်သူအန်းမက်ကို သူနဲ့အတူ မစ္စတာရှောဆီကထွက်သွားဖို့ စည်းရုံးရာ မစ္စတာရှောကိုသစ္စာဖောက်ဖို့ကြိုးစားတဲ့ ၀က်စ်တန် ညီဖြစ်သူရဲ့ သစ္စာဖောက်ခြင်းကိုပြန်ခံလိုက်ရပါတယ်။ တောပုန်းတွေရဲ့စည်းကမ်းအရ တောပုန်းတစ်ယောက်ဟာ သူ့ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့ အသိုက်အ၀န်းဆီကထွက်သွားချင်ရင် အလကားထွက်သွားလို့မရပါဘူး။ သွေးနဲ့ပေးဆပ်ပြီးမှထွက်သွားခွင့်ရပါတယ်။ ဆိုလိုတာက ထွက်သွားချင်ရင် သေသွားမှထွက်သွားခွင့်ရမှာပါ။ မစ္စတာရှောတစ်ယောက် ၀က်စ်တန်ကို ကန္တာအလယ်က သစ်ပင်တစ်ပင်မှာ ကြိုးချည်ကာနှိပ်စက်ပြီး ဓားဒဏ်ရာနဲ့ သေလုမျောပါးဖြစ်အောင် ပစ်ထားခဲ့ပါတယ်။ ဒီလိုနဲ့ ၀က်စ်တန်ဟ ခရစ်တော်ရဲ့အမှုကိုထမ်းဖို့ မြောက်ဘက်ကိုခရီးသွားနေတဲ့ စစ်စတာဟေဒီရဲ့ ကယ်တင်ခြင်းကိုခံလိုက်ရပြီးတဲ့နောက်မှာ ၀က်စ်တန်တစ်‌ယောက် ‌မစ္စတာရှောရဲ့လက်အောက်က လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ဘာသာရေးအတွေးအမြင်တွေနဲ့ ရောယှက်ရိုက်ကူးထားတဲ့ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Western, Drama, Thriller, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2022
Sanctified
Just Remembering
6.9

Just Remembering (2021) ~ IMDb – 6.9/10, MyDramaList – 7.5/10 ~ ဒီရုပ်ရှင်အစအဆုံးမှာ ထူးထူးခြားခြား ရက်စွဲတစ်ခုပဲ ပါမယ်။ ဒါပေမဲ့ အဲ့ဒီ့ရက်စွဲတစ်ခုတည်းကိုပဲ နှစ်တွေ နှစ်တွေချီလို့… လူ့ဘဝဆိုတာကိုက အမှတ်တရနဲ့ ယှဉ်တွဲနေထိုင်ခြင်းပါပဲ… “Just Remembering“ ‘ယို’ ဆိုတဲ့ အမျိုးသမီးတက္ကစီယာဉ်မောင်းတစ်ဦးနဲ့ စတိတ်စင်မီးထိုးရတဲ့ တဲရူအိုဆိုတဲ့ အကသမားဟောင်းတစ်ဦးရဲ့ ကြားက အမှတ်တရတွေ။ အမှတ်တရထဲ ထားခဲ့ပြီဆိုကတည်းကိုက သိသာပါတယ်။ ကြည်နူးစရာတွေလာမယ်၊ ပြီးရင် ကြေကွဲစရာတွေလာမယ်၊ ပြီးတော့ တသသဖြစ်မယ်ပေါ့။ ဒါပေမဲ့ ဒီကားက အဲဒီလိုမဟုတ်ခဲ့ဘူး။ “အမှတ်တရတွေကို ရုပ်ရှင်ကြည့်သလို နောက်ပြန်ရစ်ကြည့်ရင်း ရှက်ဖို့ကောင်းလွန်းလို့ ရှေ့ကို ပြန်ကျော်ပစ်ချင်လာတယ်” တဲ့။ အပေါ်မှာ ပြောခဲ့တဲ့ ရက်စွဲတစ်ခု (သူတို့၂ယောက်ကြားမှာ အမှတ်တရအဖြစ်ဆုံး နေ့တစ်ခု) ကိုပဲ နှစ်တွေ ပြန်ရစ်ကြည့်သလိုပုံစံမျိုးနဲ့ တွေ့ရမှာပါ။ လက်ရှိကာလရဲ့ အဲဒီရက်စွဲလေးမှာပဲ တစ်ယောက်ကိုတစ်ယောက် တစ်ဘက်လူမသိဘဲ မတော်တဆတွေ့မိလိုက်ကြရင်း အမှတ်တရ ရထားကြီး နောက်ပြန်ခုတ်မောင်းတော့တာပါပဲ။ ဒါပေမဲ့လည်း ကျန်ခဲ့တဲ့အမှတ်တရတွေဟာ ကိုယ်ပိုင်ဘဝတွေမှာတော့ သတိရမိရုံပါပဲ…။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 900MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 55Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.9 2021 115 mins
Just Remembering
Everybody Loves Jeanne
6.4

Everybody Loves Jeanne (2022) ~ IMDb – 6.4/10, Rotten Tomatoes – 100% ~ ဂျန်းမေယာလို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်ပေါ့။ ဂျန်းဟာ ထက်မြက်တယ်၊ ဦးဆောင်နိုင်တယ်၊ လူဝင်ဆန့်တယ်။ သူ့ရှေ့အနာဂတ်ကို ကြည့်လိုက်မယ်ဆိုရင်လည်း အလားအလာကောင်းတွေ တသီကြီး စောင့်နေတယ်ပေါ့။ အဲဒီလို ဂျန်းဟာ တစ်ရက်မှာ သူ့ဘဝရဲ့ ဆုံးရှုံးမှုအကြီးစားကြီးတစ်ခု ကြုံလိုက်ရပြီး ဒေဝါလီခံရလုဆဲဆဲဖြစ်ပါတော့တယ်။ အကြံကုန် ဂဠုန်ဆားချက်၊ ဂျန်းတစ်ယောက် သူ့အမေချန်ခဲ့တဲ့ တိုက်ခန်းကို ရောင်းပြီးအကြွေးဆပ်ဖို့ကြံရွယ်ပြီး သူ့အမေ အသက်ရှိတုန်းက နေထိုင်ခဲ့ရာ လစ်ဘွန်ဆီ ခရီးထွက်ခဲ့ပါတော့တယ်။ ဒီကားမှာ စိတ်ဝင်စားဖို့ကောင်းတာက ပြင်ပကမ္ဘာမှာ မြင်နေရတဲ့ ဂျန်းမဟုတ်ပါဘူး။ လူတစ်ကိုယ် အတွေးပေါင်းသောင်းခြောက်ထောင်ဆိုတဲ့အတိုင်း ဂျန်းရဲ့ ခေါင်းထဲမှာဖြစ်ပျက်နေတဲ့ အတွေးတွေ အသံတွေကို ကိုယ်စားပြုပြီး ပြထားတဲ့ အန်နီမေးရှင်းတွေပါ။ ထက်မြက်တဲ့ ဦးဆောင်နိုင်တဲ့ လူဝင်ဆန့်တဲ့ အားလုံးကချစ်ကြတဲ့ ဂျန်းရဲ့ အတွင်းပိုင်းမှာက ဝရုန်းသုန်းကားဆန်မှုတွေ၊ မလုံမလဲမှုတွေ၊ ကိုယ့်ကိုယ်ကိုယ် မုန်းတီးမှုတွေ၊ နောင်တတွေ၊ ရံဖန်ရံခါ သတ်သေချင်လာတဲ့ နေ့တွေ… ဒါတွေအကြောင်းပေါ့။ ဒီကားကို ခေါ်သွားတဲ့အဓိကပြဿနာက ဂျန်းရဲ့ ငွေရေးကြေးရေး ပြဿနာဆိုပေမဲ့ ကြည့်ရှုသူအနေနဲ့ အဲဒီပြဿနာကို မေ့သွားစေပြီး ဂျန်းရဲ့ ကိုယ်ပိုင်ဘဝ ဂျန်းရဲ့ စိတ်အတွင်းပိုင်းဆီကို ခေါ်ဆောင်သွားပေးပါတယ်။ ပြောရရင် ပိုက်ဆံက ဂျန်းအကြောင်းကို ပိုသိရစေဖို့ အကြောင်းအရင်းလေးတစ်ခုမျှသာပါပဲ။ ဒီကားရဲ့ သာလွန်ချက်က အပေါ်မှာ ပြောခဲ့သလို ဂျန်းရဲ့ အတွင်းစိတ်ထဲကို ဝင်ခွင့်ရတဲ့အချက်ပါပဲ။ အဲဒီတော့ ဂျန်းကြားသလိုကြားရမယ် ဂျန်းမြင်သလိုမြင်ရမယ့်အပြင်ကိုမှ ဂျန်းတွေးနေတာတွေကို ဗီအိုင်ပီခုံကနေ ထိုင်ကြည့်ခွင့်ရသလိုပေါ့။ “ကျုပ်တို့အားလုံးသည် ဂျန်းများသာ” ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 770MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 35Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Horror • Music • Action
6.4 2022 95 mins
Everybody Loves Jeanne
Room No.7
5.8

Room No. 7 (2017) (အညွှန်း) ==================== လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က DVD ရုံဖွင့်ရင်း စီးပွါးဖြစ်ပြီးချမ်းသာသွားတဲ့အသိတစ်ယောက်အကြောင်းကို ကြားဖူးထားတဲ့ “ဒူရှစ်” ဟာ အရင်လုပ်နေတဲ့ဟင်းသီးဟင်းရွက်ဆိုင်ပြုတ်ပြီး မိန်းမဖြစ်သူရဲ့အစွန့်ပစ်ခံလိုက်ရပြီးနောက် DVD ရုံဖွင့်မယ်ဆိုပြီး ဆိုးလ်ကိုတက်လာပါတော့တယ်။ ရှိစုမဲ့စုပိုက်ဆံလေးရယ် ချေးငွေယူထားတဲ့ပိုက်ဆံရယ်နဲ့ အပ်ဂူဂျောင်မှာ “ဟောလိဝုဒ်” DVD ရုံကိုဖွင့်လိုက်ပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကလောက် ခေတ်မစားတော့တဲ့ DVD ရုံလုပ်ငန်းက စီးပွါးလုံးဝမဖြစ်ပြန်ပါဘူး။ ဒီလိုနဲ့ပေးစရာရှိတဲ့အကြွေးတွေမပေးနိုင်တဲ့အပြင် တစ်ဦးတည်းသောအချိန်ပိုင်းအလုပ်သမား “ထယ်ဂျောင်း” ကိုလည်း လစာမပေးနိုင်တော့ဘဲ DVD ရုံကိုရောင်းနိုင်ဖို့ အသေအလဲကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း လူမိုက်တွေအပေါ်အကြွေးတင်နေတဲ့ “ထယ်ဂျောင်း” မှာလည်း သူတို့ရဲ့မူးယစ်တွေကိုသိမ်းပေးရင် “ထယ်ဂျောင်း” ရဲ့အကြွေးတွေကိုချေပေးမယ်ဆိုတဲ့ကတိကြောင့် DVD ရုံရဲ့ အခန်းနံပါတ် ၇ မှာ မူးယစ်ဆေးတွေကိုဖွက်ထားဖို့ဖြစ်လာပါတော့တယ်။ စီးပွါးမဖြစ်လို့ ရောင်းရခက်နေတဲ့ဆိုင်ရယ် .. အဲဒီဆိုင်ရောင်းရမှာပဲအသက်ရှူချောင်မှာမို့ ဆိုင်ရောင်းထွက်ဖို့အရေး ဘာမဆိုလုပ်ဖို့အသင့်ဖြစ်နေတဲ့ “ဒူရှစ်” ရယ် .. ဖွက်ထားတဲ့မူးယစ်ဆေးတွေကြောင့် ရတက်မအေးနိုင်ဖြစ်နေရှာတဲ့ “ထယ်ဂျောင်း” ရယ် .. ထယ်ဂျောင်းဖွက်ထားတဲ့မူးယစ်ဆေးတွေအပြင် တခြားမထင်မှတ်ထားတဲ့လျှို့ဝှက်ချက်တွေရှိနေပြန်တဲ့ အခန်းနံပါတ် ၇ ရယ် .. ဘာတွေဆက်ဖြစ်ကြဦးမလဲ။ အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသားကြီး Shin Ha Kyun နဲ့ EXO ရဲ့ treasure လေး D.O. တို့ကအဓိကပါဝင်ထားသလို thriller ရုပ်ရှင်ကြိုက်တဲ့သူတွေအဖို့ ကြည့်လို့ကောင်းတဲ့ကားဟောင်းလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Crime, Thriller Quality…. 1080p | 720p File size… 1.4GB | 564MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lai Laii Encoder ….. Aaron

5.8 2017 100 mins
Room No.7
The Grifters
6.9

The Grifters (1990) ~ IMDb – 6.9/10, Rotten Tomatoes – 91% ~ National Board of Review of Motion Pictures ရဲ့ ၁၉၉၀ ခုနှစ်အတွက် အကောင်းဆုံး ရှပ်ရှင် ၁၀ ကားထဲက တစ်ခုအဖြစ်သတ်မှတ်ခံရတဲ့ရုပ်ရှင်ပါ။ သိတဲ့အတိုင်း ၁၉၉၀ ဆိုတာ ကားကောင်းတွေထွက်ခဲ့တဲ့နှစ်ဆိုတော့ အကောင်းဆုံး ၁၀ ကားထဲပါတယ်ဆိုတာ တော်ရုံတော့မဟုတ်ပါဘူး။ အော်စကာဆု ၄ ခု ဆန်ကာတင်ဝင်ခဲ့တဲ့အပြင် ဒါရိုက်တာ၊ သရုပ်‌ဆောင်နဲ့ ဇာတ်လမ်းအပိုင်းတွေမှာ တခြားဆုကြီးတွေလည်း ရခဲ့တယ်။ ဒီရုပ်ရှင်ကို Crime ဝတ္ထု‌နယ်ပယ်မှာ ဩဇာရှိတယ်လို့ပြောလို့ရတဲ့ Jim Thompson ရဲ့ The Grifters ဝတ္ထုကို မှီငြမ်းထားတယ်။ ၁၉၉၀ မှာ Jim Thompson ရဲ့ ဝတ္ထု ၂ ခုကို မှီငြမ်းရိုက်ခဲ့တဲ့ ရုပ်ရှင် ၂ ကားထွက်ခဲ့တယ်။ “The Grifters” နဲ့ “After Dark, My Sweet” တို့ပေါ့။ ဒီဝတ္ထုကအရှိန်အဝါရှိတဲ့ ဝတ္ထုဆိုတော့ အရှိန်အဝါရှိတဲ့လူနဲ့ရိုက်မှတော်ကာကျမပေါ့။ အဲဒါကြောင့် အစက ဒီရုပ်ရှင်ကို ထုတ်လုပ်တဲ့ Studio Cineplex Odeon Films က Martin Scorsese ကို ဒါရိုက်တာလုပ်စေချင်ခဲ့တယ်။ ဒါပေမဲ့ မာတင်က Stephen Frears ကို ရိုက်ကူးဖို့ပြောပြီး သူကတော့ ပရိုဂျူဆာနေရာမှာပဲနေခဲ့တယ်။ Frears ကလည်း ဒီနှစ်(၂၀၂၃)ထဲမှာပဲ ရုပ်ရှင်နယ်ပယ်မှာ သူ့ရဲ့အားထုတ်မှုအတွက် သူရဲကောင်းဘွဲ့ရခဲ့တယ်။ Grifters ဆိုတာ ဖိုးတွမ်တိပေါ့။ ဖိုးတွမ်တိမှာတောင် ၂ မျိုးရှိတယ်။ Long-con ခေါ်တဲ့ အချီကြီးသမားနဲ့ Short-con ခေါ်တဲ့ တစ်ပွဲတိုးသမား။ အချီကြီးသမားတွေက ပိပိရိရိ ‌အသေးစိတ်အစီအစဉ်ဆွဲပြီး ငွေပမာဏအများကြီးကိုလိမ်တယ်။ တစ်ပွဲတိုးသမားတွေကတော့ ဖဲလိမ်သလို၊ အံစာတုံးလိမ်သလို၊ လက်လှည့်ပြကွက်မျိုးတွေနဲ့ တစ်ပွဲတိုးစာလောက်ပဲလိမ်တယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလန်က တစ်ပွဲတိုးသမား၊ သူ့ချစ်သူ မိုင်ရာကတော့ အချီကြီးသမားပေါ့။ ဒီလိုနဲ့တစ်နေ့မှာ ဒီလန်ဆီကို မတွေ့တာကြာတဲ့ သူ့အမေ လီလီ ရောက်လာတယ်။ လီလီက ဝါရင့်ဖိုးတွမ်တိသမားလို့ပြောလို့ရတယ်။ လတ်တလောကတော့ လူမိုက်ဂိုဏ်းတစ်ခုမှာ မြင်းပွဲဒိုင်လုပ်နေတယ်။ အဲဒီလိုနဲ့ သူတို့ ၃ ယောက် ပြန်ဆုံပြီး အရင်းအနှီးကြီးတဲ့ ရှုပ်ထွေးမှုတွေထဲ ခြေရှုပ်မိကြတဲ့အချိန်မှာ အချင်းချင်း လိမ်လည်လှည့်ဖျားရင်း ပြန်လမ်းမရှိတဲ့ လမ်းတွေကို နင်းခဲ့မိကြတယ်။ ဒီရုပ်ရှင်မှာ အဓိကအနေနဲ့ တစ်ပွဲတိုးသမား ဒီလန် (John Cusack)၊ အရာရာကို မြှူပြီးဖြေရှင်းတတ်တဲ့ မိုင်ရာ (Anette Benning) နဲ့ ဒီလန်ရဲ့ အမေဖြစ်တဲ့ ဝါရင့်ဖိုးတွမ်တိ လီလီ (Anjelica Houston) တို့ပါဝင်ထားတယ်။ ဇာတ်ကောင်က ၃ ယောက်ဆိုပေမဲ့ ဇာတ်ကောင်တည်ဆောက်ပုံတွေက စိတ်ဝင်စားဖို့ကောင်းတယ်။ လူ ၃ ယောက် စိတ် ၃ မျိုး။ လီလီက ဒီလန်ကို ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ သူ့အသက် ၁၄ နှစ်ပဲရှိသေးတယ်။ အဲဒီတော့ သူတို့သားအမိက ကစားဖော်တွေလိုဖြစ်နေတယ်။ သူတို့ဆက်ဆံရေးကလည်း တော်တော်ကိုထူးဆန်းတယ်။ မိုင်ရာက တစ်ချိန်ကတော့ အချီကြီးလုပ်တဲ့ဆရာကြီး ကိုးလ်ဆိုတဲ့လူနဲ့ လက်တွဲလုပ်ခဲ့ပြီး အဲဒီလိုအချီကြီးမျိုးကိုသိပ်လုပ်ချင်နေတယ်။ အဲဒီအတွက် ဒီလန်နဲ့ပေါင်းပြီးလုပ်ချင်တယ်တကဲကဲဖြစ်နေတာပေါ့။ လီလီကတော့ မိုင်ရာကို သိပ်သဘောမကျဘူး။ သူကိုယ်တိုင်ကော သူ့သားကိုပါ ဒီ ဒုစရိုက်လောကထဲက ထွက်စေချင်တယ်။ ဒါပေမဲ့ ထင်သလောက်မလွယ်ပါဘူး။ ဒုစရိုက်လောကဆိုတာ အလျော်အစားကြီးပါတယ်။ ဒီရုပ်ရှင်မှာ ဘယ်သူက လူဆိုးလဲပြောဖို့ခက်လိမ့်မယ်။ ၃ ယောက်လုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဉာဏ်နီဉာဏ်နက်များကြတယ်။ နောက်ဆုံးကျန်ခဲ့မယ့်မေးခွန်းက… “ဘယ်သူက ဘယ်သူ့ကို လိမ်နေတာလဲ…” (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 870MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 50Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.9 1990
The Grifters
South Wind
7.9

ဆားဘီးယား စကားပြော crime/thriller ကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် IMDb 7.9 အထိရထားပြီး ဥရောပဖလင်တွေရဲ့ ထုံးစံအတိုင်း အပိုစာသားသိပ်မပါပဲ လက်တွေ့ အဆန်ဆုံးဖြစ်အောင် ရိုက်ကူးထားတဲ့ ခပ်ကြမ်းကြမ်း ဇာတ်လမ်းမျိုးပါ ဇာတ်လမ်းကတော့ ပီတာမာရက်ရှ်ဆိုတဲ့ လူငယ်တစ်ယောက်က ဆားဘီးယားနိုင်ငံ ဘဲဂရိတ်ရဲ့ မြေအောက်ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်ပြီး အတူနေချစ်သူ ဆိုဖီယာနဲ့ နေထိုင်ပါတယ် စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တတ်တဲ့ အဖေဖြစ်သူရဲ့လက်အောက်မှာ ကြီးပြင်းလာရပြီး ညီအစ်ကိုလို ခင်တဲ့ ဂိုဏ်းခေါင်းဆောင် Tsar နဲ့ သူ့ရဲ့ ဘော်ဒါတွေကပဲ သူ့ဘဝမှာ မိသားစုဝင်လို ဖြစ်ခဲ့ပါတယ် တနေ့မှာ မာစီးဒီးကားတစ်စီးကို ခိုးရာကနေ မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ယောက်နဲ့ သွားငြိပါတယ်… သာမန်ကိစ္စလေးကနေ သပွတ်အူလို ရှုပ်ထွေးနက်နဲတဲ့ ထောင်ချောက်ထဲကို ရောက်သွားပြီး သူချစ်တဲ့သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတဲ့အခါ လက်မရွံ့တမ်း ဘယ်လိုရင်ဆိုင် ဖြေရှင်းသွားမလဲ စိတ်ဝင်တစားကြည့်ရှုရမှာပါ File size…(2.1 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

7.9 2018
South Wind
His Three Daughters
7.3

ဒီတစ်ခေါက် cm ကနေတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အားလုံးရဲ့အချစ်တော် မမ Elizabeth Olsen ပါဝင်သရုပ်ဆောင်ထားတဲ့ His Three Daughters ဆိုတဲ့ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ ညီအစ်မသုံးယောက်နေရာမှာ အကြီးဆုံးအစ်မ ကေတီအဖြစ် မင်းသမီး Carrie Coon၊ အလတ်ညီမ ခရစ္စတီးနားအဖြစ် Elizabeth Olsen၊ အငယ်ဆုံးညီမ ရေချယ်အဖြစ် Natasha Lyonneတို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ ကေတီ၊ ခရစ္စတီးနားနဲ့ ရေချယ်တို့ရဲ့ဖခင် ဗင်းဆင့်ဟာ ကင်ဆာရောဂါကြောင့် ဘဝတစ်ပါးကို ကူးပြောင်းခါနီး အခြေအနေကို‌ရောက်လို့နေပါတယ်။ အဲဒါကြောင့်ပဲ သူတို့ညီအစ်မသုံးယောက်ဟာ ဖခင်ဖြစ်သူရဲ့နောက်ဆုံးအချိန်အတွက် ပြင်ဆင်ရင်း အနီးကပ်လာစောင့်ရှောက်ကြပုံကို ဇာတ်အိမ်တည်ရိုက်ကူး ထားတဲ့ Family/Drama ရုပ်ရှင်မျိုးဖြစ်ပါတယ်။ ကိုယ်ချစ်ရတဲ့လူ မကြာခင်ထွက်သွားတော့မှာကို သိသိလျက်ကြီးနဲ့ ဘေးနားထိုင် ကြည့်နေရပြီး ပူဆွေးသောကရောက်နေရတာဟာ ဘယ်လောက်ဆိုးရွားလဲ ဆိုတာ ကြုံဖူးသူတွေဆို သိပါလိမ့်မယ်။ ဒီဇာတ်ကားထဲမှာလည်း တစ်ယောက်တစ်နေရာစီနေထိုင်ကြတဲ့ ညီအစ်မ သုံးယောက်ဟာ ဖခင်ရဲ့နောက်ဆုံးထွက်သက်ကို စောင့်ဆိုင်းရင်း စိတ်ဖိစီးမှုတွေ ပူပန်သောကရောက်မှုတွေ အကြား အချင်းချင်း ပဍိပက္ခဖြစ်ကြရပုံတွေ၊ စိတ်သဘောထားချင်းမတိုက်ဆိုင်ကြပုံတွေကို ပုံဖော်ရိုက်ကူးပြထားပါတယ်။ Family/Drama ဖြစ်တဲ့အလျှောက် ဇာတ်လမ်းအေးပြီး တစ်နေ့လူတိုင်းကြုံ လာရနိုင်မဲ့ အခြေအနေတစ်ခုကို အရှိတိုင်းရိုက်ပြထားတဲ့အတွက်ကြောင့် သဘာဝဆန်ဆန်နဲ့ ဇာတ်ကောင်တွေရဲ့ ဝမ်းနည်းမွန်းကြပ်နေတဲ့ခံစားချက်တွေကိုပါ ကူးစက်ခံစားနိုင်မှာပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း အပိုအလိုလုံးဝမရှိအောင်သရုပ်ဆောင်သွားနိုင်တဲ့ အတွက် ရုပ်ရှင်ဟာတကယ် လက်တွေ့ဆန်လွန်းလှပါတယ်။ အကျင့်စရိုက်တွေ၊ စိတ်နေစိတ်ထားတွေ လုံးဝမတူညီကြတဲ့ ညီအစ်မသုံးယောက်အနေနဲ့ သူတို့ဘဝရဲ့ ကြီးမားတဲ့ဆုံးရှုံးမှုကြီးကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…1.62GB / 697MB Quality…NF WEB-DL 1080p HEVC 5.1CH / 720p Format…mkv / mp4 Duration….1h 41m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

7.3 2024
His Three Daughters
Beautiful Sunday
5.6

Beautiful Sunday (2007) ************************ မင်းသားကြီး Namkoong Min နဲ့ ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ ဒီကားဟာ တစ်ကားလုံး ဇာတ်ရှိန်မကျသွားဘဲ ခြောက်ခြားစရာကောင်းတဲ့ ရိုက်ချက်နဲ့ ဇာတ်လမ်းကြောင့် နောက်ဆုံးစာတန်းထိုးပြီးတာတောင် စိတ်ထဲမှာ စွဲကျန်ရစ်နေမဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ် .. ဒီကားဟာ ဝမ်းနည်းမှု၊ ပူဆွေးမှုတွေ အရင်းခံဆက်ယှက်နေတဲ့ အမျိုးသားနှစ်ဦးရဲ့ ဇာတ်ကြောင်းဖြစ်ပြီး စိတ္တဇမှုခင်းအမျိုးအစားကို ကြိုက်နှစ်သက်တဲ့ ပရိသတ်များ အရသာတွေ့မှာ သေချာပါတယ်။ ဇာတ်လမ်းအညွှန်း ************* ဆေးရုံမှာ သတိမေ့နေတဲ့ ဇနီးဖြစ်သူရဲ့ ဆေးဖိုးဝါးခအကြွေးတွေကြောင့် ငွေအသည်းအသန်လိုနေတဲ့ စုံထောက်ဂန်။ သူ့ဘဝရဲ့ အမှောင်ဆုံးအချိန်မှာ ဇနီးဖြစ်သူ အသက်ဆက်နိုင်ဖို့အတွက် ဆေးမှောင်ခိုသမားတွေဆီက လာဘ်ထိုးတာကို လက်ခံပြီး သူတို့ရဲ့ပြစ်မှုတွေကို မျက်နှာလွှဲခဲပစ် နေပေးခဲ့ရတယ်။ တစ်နေ့မှာ အကျင့်ပျက်စုံထောက်ဂန်ဆီကို မင်ဝူးဆိုတဲ့လူတစ်ယောက် ရောက်လာပြီး သူဟာ သူ့မိန်းမကို သတ်မိပါတယ်လို့ အပြစ်ဝန်ခံတော့တယ်။ အဲဒီအချိန်မှာပဲ စုံထောက်ဂန်ဟာ ဒီလူသတ်မှုနဲ့ သူ့မိန်းမရဲ့ မတော်တဆမှုအကြား ဆက်သွယ်ချက်တစ်ခုခုရှိနေကြောင်း ရိပ်မိသွားတဲ့အခါ…. (ဇာတ်လမ်းအညွှန်းကို Esther Oo မှရေးသားထားပါတယ်) File size…3.32GB / 1.03GB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 57 min. Genre ….. Thriller, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Esther Oo Encoded by AHtet

Drama • History
5.6 2007
Beautiful Sunday
Vaayai Moodi Pesavum
6.7

Vaayai Moodi Pesavum (2014) “စကားမပြောရ” IMDb 6.7/10 မင်းသား Dulquer Salmaan ရဲ့ အမှန်တကယ်ရယ်ရတဲ့ ရုပ်ရှင်အဟောင်းလေးကို တင်ဆက်လိုက်ရပါတယ် စကားပြောတာကိုဘယ်သူစပြီးတီထွင်ခဲ့တာလဲ ဘာအကြောင်းပြချက်နဲ့တီထွင်ခဲ့တာလဲ စကားပြောတယ်ဆိုတာ တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်နားလည်‌နိုင်အောင် ကြားထဲကဖွင့်ဟပေးတဲ့တံခါးတစ်ချက်လို့ပဲဆိုရပါမယ် ကျွန်တော်တို့စကားတွေအမျိုးမျိုးပြောကြတယ် တစ်ချို့ကအားနေလို့ပြောတယ် တစ်ချို့ကအချိန်အခါမသိပြောတယ် တစ်ချို့ကချိုချိုသာသာပြောတယ် တစ်ချို့ကကြမ်းကြမ်းတမ်းတမ်းပြောတယ် တစ်ချို့ကမလိုအပ်တာတွေပြောတယ် အမျိုးမျိုးသောနည်းလမ်းတွေနဲ့စကားကိုပြောကြတယ် ဒါပေမဲ့စကားသာ မပြောနိုင်ကြတော့ရင်ဘယ်လိုဖြစ်သွားမလဲ တစ်ရက်မှာ ပန်နီမယ်လိုင်တောင်ကြားစခန်းအကြား ဆွံ့အတုပ်ကွေးဟာ မြို့သားတွေကြားစတင်ပျံ့နှံ့ကူးစက်လာပါတော့တယ် ဆွံ့အတုပ်ကွေးကစကားပြောရင်းနဲ့မှကူးနိုင်တာမို့ ကျမ်းမာရေးဝန်ကြီးဌာနကအကုန်လုံးကို စကားမပြောရအမိန့်ထုတ်ပြန်လိုက်ပါတော့တယ် အဲဒီမှာတင်တစ်မြို့လုံးအကြပ်ရိုက်ကုန်ကြပြီး စကားပြောရတာအလွန်ကြိုက်တဲ့ အာရ်ဗင်တစ်ယောက်လည်းဒုက္ခရောက်ရပါတော့တယ် မြို့သူမြို့သားတွေစကားမပြောနိုင်တဲ့တုပ်ကွေးအကြားဘယ်လို ဘယ်လိုတွေနှစ်ပါးသွားကြမယ်ဆိုတာကြည့်ရင်းရယ်နေရမဲ့ဟာသကားလေးပါ (အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)

Crime • Mystery
6.7 2014 140 mins
Vaayai Moodi Pesavum
Year of the Widow
6.4

Year of the Widow (2024) IMDb Rating (6.4) ဒီဇာတ်လမ်းလေးကတော့ Respekt မဂ္ဂဇင်းမှာရေးခဲ့တဲ့ Zuzana Pokorná ရဲ့ ဆောင်းပါးကို Veronika Lišková က ရိုက်ကူးခဲ့တဲ့ Czech ဒရမ်မာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ခင်ပွန်းသည် သေဆုံးမှုကြောင့်ဖြစ်ပေါ်လာတဲ့ ပူဆွေးလွမ်းဆွတ်မှု၊ သေစာရင်းလုပ်ငန်းစဉ်နဲ့ ကိုယ်ပိုင်ဘဝပြောင်းလဲမှုတွေကို ခံစားချက်အလိုက် ပေါ်လွင်အောင်ဖော်ပြထားပါတယ်။ Plot review ဘာသာပြန်တစ်ယောက်ဖြစ်တဲ့ Petra တစ်ယောက် ရုတ်တရက် သူ့အမျိုးသားဆုံးပါးသွားလို သူ့ဘဝကြီး အချိုးအကွေ့ပြောင်းလဲသွားခဲ့တယ်။ သူ့ခင်ပွန်းအပေါ် လွမ်းဆွတ်ပူဆွေးမှုတွေကို ခံစားနေရတဲ့ကြားက ကြီးမားတဲ့ သေဆုံးမှုလုပ်ငန်းစဉ် ဝန်ထုတ်ဝန်ပိုးတွေဖြစ်တဲ့— ဘဏ်၊ အမွေခံမှု၊ ဥပဒေ စာရွက်စာတမ်းနဲ့ ရှေ့နေကိစ္စတွေအပြင် ဆယ်ကျော်သက် သမီးလေးနဲ့ သားသမီးဆက်ဆံရေးကိုပါ ကိုင်တွယ်ဖြေရှင်းရင်း သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ မပြိုလဲသွားအောင် ဘယ်လိုကြိုးစားတောင့်ခံမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.9 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:44:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Romance • Drama
6.4 2024 109 mins
Year of the Widow