YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Ghost.Game.2024.720p.WEBRip.(CM).mp4

468.71 MB N/A video/mp4 47 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Revice Forward: Kamen Rider Live & Evil & Demons

၂၀၂၃ မှာ အသစ်ထွက်ရှိလာတဲ့ Kamen Rider Revice ရဲ့ ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ မူရင်းဇာတ်လမ်းတွဲအပြီးမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီရုပ်ရှင်မှာတော့ Kamen Rider Revice က အဓိကဇာတ်ကောင်မဟုတ်ဘဲ Kamen Rider Live & Evil, Kamen Rider Demon တို့က အဓိကဇာတ်ကောင်များဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒိုင်ဂျီနဲ့ ကာဒိုတာ တို့ဟာ Bluebird ဆိုတဲ့ အဖွဲ့အစည်းမှာ ဆက်လက်လုပ်ကိုင်နေကြပါတယ်။ ကာဒိုတာလည်း မျိုးရိုးဗီဇပြုပြင်ရေးဌာနက ‌ဒေါက်တာ အီချီမူရာထံမှာ ဆေးကုသမှုခံယူနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Alicorn ဆိုတဲ့ အကြမ်းအဖက်အဖွဲ့အစည်းပေါ်‌ပေါက်လာပြီး က‌လေးတွေကို ပြန်‌ပေးဆွဲခဲ့ပါတယ်။ ဒိုင်ဂျီနဲ့ ကာဒိုတာလည်း အဆိုပါကလေးတွေကို ဝင်ရောက်ကယ်တင်ရင်း Alicorn ကိုဖြိုခွင်းဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကာဒိုတာရဲ့ နတ်ဆိုး ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ ဘာလို့ ကာဒိုတာရဲ့ နတ်ဆိုးက ပြန်လည်ပေါ်ပေါက်လာတာလဲ? Alicorn ဆိုတဲ့ အဖွဲ့အစည်းကရော ဘာလဲဆိုတာ Plot twist များစွာနဲ့ ကြည့်ရမှာပါ။ ကျွန်တော့်အမြင်ပြောရရင် ဇာတ်လမ်းပိုင်းက ကျစ်လစ်ပြီးတော့ Plot twist ကလည်း ထင်မထားတာဖြစ်တာမို့ "အော် အဲလိုလား" ဆိုတဲ့ ခံစားချက်မျိုးရခဲ့ပါတယ်။ မူရင်းဇာတ်လမ်းထဲက Main Rider ဇာတ်လမ်းမဟုတ်ပေမယ့် Kamen Rider Live&Evil, Kamen Rider Demon တို့ဟာလည်း ဇာတ်အိမ်ခိုင်မာတဲ့ Riders တွေဖြစ်တာမို့ ကြည့်လို့ကောင်းပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Action, Adeventure, Drama, Fantasy Quality…. 1080p | 720p | 480p File size… 1.7GB | 882MB | 415MB Format… mp4 Duration…. 1h 17min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... Aaron

Romance
0 2023 117 mins
Revice Forward: Kamen Rider Live & Evil & Demons
Shadow Master
6.8

ဒါကတော့ မွေ့ထိုင်းအတိုက်အခိုက်တွေကို အခြေခံပြီး သမ္မာကျမ်းစာလာ မြင်းစီးသမားလေးယောက်ရဲ့ ကမ္ဘာပျက်ကိန်းကို ရာမရဲ့ စစ်သူကြီး ဟာနုမန်က သေမင်းနတ်ဘုရားအနေနဲ့ အင်္ဂလိပ်လိုတွေပြောပြီးဝင်တားတဲ့ကားမျိုးဖြစ်လို့ နည်းနည်းတော့ကြောင်ပါတယ်။ ဒါပေမဲ့ Ong-bak ဆန်ဆန် အက်ရှင်တွေနဲ့ ပဟေဠိဆန်ဆန် ရိုက်ချက်တွေကြောင့် အပျော်ကြည့်အနေနဲ့တော့ အဆင်ပြေမယ့်ကားမို့ တင်ပေးလိုက်ပါတော့တယ်။ မင်းသားကတော့ စားစရာနေစရာမရှိလို့ ဆေးရုံပျက်တစ်ခုမှာ ညစောင့်ကင်းသမားလာလုပ်ရတဲ့သူပေါ့။ သူ့အတိတ်ကို ဆေးရုံမှာမှီခိုနေရတဲ့လူတွေကလည်းမသိကြဘူး။ ကြည့်တဲ့သူတွေပဲသိမှာပါ သူက ဂန်းစတားဟောင်းကြီး မွေ့ထိုင်းကျွမ်းတယ်ဘာညာပေါ့။ ဒါပေမဲ့ ဟာနုမန်နတ်ဘုရားက မြင်းသည်တော်လေးယောက်နဲ့ချဖို့ အသုံးချတာကိုခံလိုက်ရတဲ့အခါ ပိုပြီးကြမ်းလာပြီး နတ်ဆိုးတွေနဲ့ပါ ချနိုင်သွားတာပေါ့။ အဲတော့ ချကြတယ်ပေါ့။ ကြည့်ကြည့်လိုက်ပါ။ File size…1.35GB /600MB Quality… 1080p WEBRIP /720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr Anderson

Action • Fantasy • Science Fiction
6.8 2022 90 mins
Shadow Master

ဣတ္ထိယတွေဟာ နားလည်ဖို့ခက်လှတယ်ရယ်လို့ ကျွန်တော်တို့ပုရိသတွေဟာ အမြဲညည်းလေ့ရှိကြတယ်မလား။ တကယ်တော့ ဒီအမျိုးသမီးလေးတွေဟာ ကျွန်တော်ထင်ထားသ‌လောက် ရောရှုပ်ထွေးမှုတွေပြည့်နှက်နေတာဟုတ်ပါ့မလား။ ပုရိသတွေဟာ ခေတ်အဆက်ဆက်မှာ ဖိုဝါဒီကိုလက်ကိုင်ပြုပြီး ဣတ္ထိယတွေကို ဖိနှိပ်အနိုင်ကျင့် သူတို့ရဲ့ကိုယ်ကျိုးအတွက်သာအသုံးပြုနေခဲ့ခြင်းတွေဟာ မှန်ကန်မှု ရှိနေပါရဲ့လား။ ယနေ့ခေတ်ထိ နောက်နှစ်ပေါင်းသန်းချီထိ အပေါ်ယံသကာရည်ဖုံးထားလည်း အမြဲမှန်ကန်နေမယ့် သဘောတရားတစ်ခုဖြစ်တဲ့ ခွန်အားကြီးသူသာ နိုင်စတမ်းနဲ့ ခွန်အားနည်းသူတွေကို အနိုင်ကျင့်ခြင်းတွေ၊ ယောက်ျားတွေရဲ့အနိုင်ကျင့်တာထက် အမျိုးသမီးအချင်းချင်းကိုပင် မနာလိုမရှု့စိမ့်၊နိုင်စားမှုတွေဟာ ဒီကမ္ဘာမြေကြီးပေါ်မှာ လူသားမျိုးနွယ်တွေ အဆုံးမသတ်ခင် ပျောက်သွားနိုင်ကောင်းပါရဲ့။ ကျွန်တော်တို့ပုရိသတွေ စနောက်လေ့ရှိတဲ့ အမျိုးသမီးလေးတွေရဲ့ လိုအင်ဆန္ဒတွေ၊ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ အမျိုးသမီးရယ်လို့ဖြစ်လာတာနဲ့ ရရှိလာတဲ့ ဒုက္ခတွေကို ကျွန်တော်တို့ဟာ တစ်ခါလောက်တောင် ဝင်ရောက်စာနာ ပေးဖူးခဲ့ပါရဲ့လား(ကိုယ့်ဒုက္ခမဟုတ်လို့ မစာနာပေးနိုင်တာကိုတော့ လူတိုင်းပြောတတ် ပါတယ် မိတ်ဆွေ)။ ကျွန်တော်တို့ဟာ ဘယ်လိုလူတွေဖြစ်ဖြစ် ဒီအမျိုးသမီးလေးတွေရဲ့ ပဋိသန္ဓေလွယ်ပေးခြင်းတွေကနေ ဖြစ်လာတဲ့သူတွေပဲမလို့ ကိုယ့်အမေ၊ ညီမ၊ အစ်မ၊ ချစ်ရသူမိန်းကလေးရယ်ကိုမှ တန်ဖိုးထားလေးစားထိုက်တဲ့အမျိုးသမီးတွေ၊ ကျန်တဲ့ အမျိုးသမီး‌တွေကိုအသုံးချစရာသက်သက်တွေ စိတ်ရှုပ်စရာတွေလို့မမြင်စေဘဲ လေးစားတန်ဖိုးထားသင့်ကြောင်း ရိုက်ပြထားတဲ့ စပိန်ကားကောင်းလေးကတော့ ယခုရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ဇာတ်ဆောင်မင်းသမီးချောသုံးလက်ကဦး‌ဆောင်ရိုက်ကူးထားပြီး တစ်နယ်တစ်ရပ်ကျေးမှလာတဲ့သူတို့တွေရဲ့မက်ဒရစ်မြို့ကြီးမှာ တွေ့ဆုံကြပုံ၊ မည်သို့မည်ပုံ သံယောဇဉ်တွယ်ကြပုံ၊ ကြုံတွေလာရတဲ့ဒုက္ခသုက္ခတွေနဲ့ လောက ဓံတရားတွေ၊ ဘဝမှာ တစ်ခါတလေ အောင်မြင်ပြီထင်ထားတဲ့သူတွေဟာ ကျရှုံးခြင်း ဆိုက်ရောက်သွားရပုံတွေ၊ အမျိုးသမီးတွေအပေါ် ဖိနှိပ်ချုပ်ခြယ်မှုတွေကို တွန်းလှန် ကြပုံတွေကို စုံလင်နေအောင်ကြည့်ရမယ့်ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ comedy/ drama အမျိုးအစားလို့ သတ်မှတ်ထားပြီး အဖော်အချွတ်တွေပါတဲ့အပြင် ဟာသကားတစ်ကားမဟုတ်ဘဲ ဘဝသရုပ်တွေကို ခံစားရမယ့်စပိန်ကားကောင်းလေးမို့ ဒီလိုအမျိုးအစားကြိုက်နှစ်သက်သူ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(1.93 GB) / (884 MB) / (515 MB) Quality............WEBRIP 1080p / 720p / 480p Duration.........1Hr 43mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......San Thu Aung Encoder..........SWM

Horror
null 2008
Rated R
Bachelor Party
6.3

ဦးTom Hanksကြီးဟာ အခုမှသာ ဒရာမာကားတွေ လူတွေငို​စေတဲ့ကားတွေ ရိုက်နေတာ သူ ငယ်စဉ်အချိန်တွေတုန်းကတော့ လူငယ်ဆန်ဆန်ကားလေးတွေနဲ့ပဲ စခဲ့ရတာဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်ကထွက်ခဲ့တဲ့ ဒီကားလေးဟာ 80s အ​နောက်ပိုင်းသား ဗရုတ်များရဲ့ ​နေထိုင်​ပြောဆိုပုံ​တွေကို ကွက်ကွက်ကွင်းကွင်း တင်ဆက်ထားပါတယ်... ရစ်ခ်ဟာ ​ကျောင်းကားလေးကို အငှား​မောင်းသူတစ်​ယောက်ဖြစ်ပြီး ဘဝကို ​ပေါ့​ပေါ့တန်တန် ဖြတ်သန်းသူပါ ဒါ​ပေမဲ့ သူ့ချစ်သူက​တော့ ဂုဏ်သ​ရေရှိ သူ​ဌေးသမီး တစ်​ယောက်ဖြစ်တဲ့ အ​လျောက် ​ယောက္ခထီးက သ​ဘောမတူသလို သူ့ထက်အရာရာသာတဲ့ ​ကောင်မ​လေးရဲ့ ရည်းစား​ဟောင်းကလည်း ပြိုင်ဘက် အဖြစ် ရှိ​နေပါတယ် သူတို့ ၂ဦး လက်ထပ်တော့မယ့်အ​ကြောင်း ရစ်ခ် တစ်‌ယောက် ချစ်ရတဲ့သူငယ်ချင်း​တွေကို ​ပြောပြလိုက်တဲ့အခါ သူတို့က ရစ်ခ်အတွက် လူပျိုညပါတီကို စီစဉ်​ပေးကြပါ​တော့တယ်... မိုင်ကုန်ကဲကြမယ်​ပေါ့ ကဲကြတယ်ဆိုတဲ့အတိုင်း မိန်းမ မရခင် သောက်ကြ၊ စားကြ၊ ​ဆေးချကြ၊ မိန်းမပျက်တွေနဲ့ ပျော်ပါးကြ​ပေါ့။ အ​နောက်တိုင်းသားများအတွက်တော့ လူပျိုည ပါတီမှာ ညဥ့်ငှက်​လေး​တွေနဲ့ ​ပျော်ပါးတာဟာ ထုံးစံတစ်ခုလိုကို ဖြစ်​နေတတ်ပါတယ် သူငယ်ချင်း​တွေရဲ့ တိုက်တွန်းမှုနဲ့ ရစ်ခ်ခမျာ အားနာနာနဲ့ပဲ လက်မထပ်ခင် တခြားမိန်းမနဲ့ အိပ်တဲ့ဓ​​လေ့ကို ဆင်နွှဲလိုက်​လေမလား ဆိုတာကို အခုလို ဆောင်းရာသီလေးမှာ ခေတ်ဟောင်းကားလေးတစ်ကားကို ခပ်မြူးမြူးလေးကြည့်ချင်တယ်ဆိုရင်တော့ Bachelor Party ကိုညွှန်းပါရစေ။ File size…(2.2 GB)/(970 MB) Quality….BluRay HEVC 1080p / 720p Format…mkv/mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mugiwara Ya

Drama • Thriller
6.3 1984 105 mins
Bachelor Party
An Organized Killer

An Organized Killer (2022) ဂရေ့စ်နဲ့ဂျိမ်းစ်တို့ဟာ အိမ်ထောင်ရေးသက်တမ်းတစ်ခု ကြာမြင့်ပြီးတော့မှ အဆင်မပြေမှုတွေကြောင့် ပူပူနွေးနွေးကွာရှင်းထားတဲ့ ဇနီးမောင်နှံဖြစ်ပြီး ချာလီလို့ခေါ်တဲ့ ၁၆ နှစ်သမီးလေးတစ်ယောက်ရှိပါတယ်။ ဂရေ့စ်ဘက်ကတော့ ဂျိမ်းစ်ကို ဖောက်ပြန်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ခါးသီးနေခဲ့ပေမယ့် ဂျိမ်းစ်ဘက်ကတော့ ပြန်ပေါင်းထုတ်ဖို့လိုလားနေတာပေါ့။ ဒီလိုနဲ့ တရားဝင်ကွာရှင်းပြီး ပိုင်ဆိုင်မှုတွေခွဲဝေပြီးချိန်မှာ ဂရေ့စ်နဲ့ချာလီတို့ အိမ်အကြီးကြီးထဲမှာ ၂ ယောက်တည်းနေရဖို့ဖြစ်လာလေတော့ သူငယ်ချင်းတွေရဲ့တိုက်တွန်းချက်နဲ့အတူ သူတို့မိသားစုထဲကိုဝင်ရောက်လာတဲ့ အိမ်ငှားလစ်လစ်သ်ဂျုန်းစ်နဲ့ သကြားမေမေဂရေ့စ်ရဲ့ပူပူနွေးနွေး ရည်းစားအသစ်လေး အဲလက်စ်….. ဒီလူ ၂ ယောက်က ဂရေ့စ်တို့ရဲ့ အဖုအထစ်များနေတဲ့ အိမ်ထောင်ရေးကို ဘယ်လိုပြဿနာတွေ သယ်ဆောင်လာမလဲ။ ဂရေ့စ်အကြောင်းတွေအကုန် စုံစမ်းပြီးရောက်လာတဲ့ အကြံသမားလစ်လစ်သ်ရဲ့ ပစ်မှတ်က ဘာများဖြစ်မလဲ။ နဂိုထဲကအဆင်မပြေဖြစ်နေတဲ့ ဂရေ့စ်တို့အိမ်ထောင်ရေးကရော ပြန်အဆင်ပြေနိုင်ပါ့မလားဆိုတာကိုတော့…. တစ်ခါတစ်လေမှာတော့ ကိုယ့်ရှေ့တည့်တည့်မှာရပ်နေတဲ့ရန်သူထက် နောက်ကျောဓားထိုးမယ့်မိတ်ဆွေက ပိုပြီးကြောက်စရာကောင်းပါတယ်ဆိုတဲ့အချက်လေးကို ရိုက်ပြထားတဲ့ An Organized Killer ဆိုတဲ့ဒီရုပ်ရှင်လေးဟာ ကြည့်ရှုသူပရိတ်သတ်အတွက် တွေးစရာတစ်ခုရသွားစေမှာ အသေအချာပါပဲ။ အညွှန်း နဲ့ ဘာသာပြနကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Romance Quality…. 1080p | 720p | 480p File size… 1.5GB | 813MB | 429MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. August

Action • Adventure • Science Fiction
0 2022
An Organized Killer
Secret Love
5.8

ပရိတ်သတ်ကြီးကို ဒီတစ်ခေါက် ကိုရီးယား erotic thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ ဇာတ်ကား နာမည်ကတော့ Secret Loveဖြစ်ပြီး ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တာပါ ယွန်လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ဟာ သူချစ်ရတဲ့ သူ့ရဲ့ချစ်သူ ဂျင်ဝူးနဲ့ လက်ထပ်ခဲ့ပါတယ်။ ထူးခြားစွာနဲ့ပဲ ဒီလက်ထပ်ပွဲကျင်းပတဲ့ နေမှာ ကနေဒါမှာရှိတဲ့ ဂျင်ဝူးရဲ့ အမွှာညီဖြစ်တဲ့ ဂျင်ဟိုဟာ ကိုမာဝင်နေရာကနေ ပြန်သတိရလာခဲ့ပါတယ်။ အမွှာတို့ရဲ့ကံလို့ပဲ ပြောရမလားမသိ လက်ထပ်ပြီး အနည်းငယ် အကြာမှာပဲ ကားမတော်တဆမှုတစ်ခုကြောင့် အကိုဖြစ်သူ ဂျင်ဝူးဟာ ကိုမာဝင်သွားပြန်ပါတယ်။ ဒီသတင်းကိုကြားတဲ့အခါ ဂျင်ဟိုတစ်ယောက် အကိုဆီကိုပြန်လာတဲ့အချိန် အကိုရဲ့ မိန်းမဖြစ်သူ ယွန်နဲ့ တွေ့ဆုံမိကြပါတော့တယ်။ ဂျင်ဝူးနဲ့ ဂျင်ဟိုဟာ ရုပ်ရည်ချင်း ခွဲမရအောင်တူတဲ့ အမွှာညီအကို တွေဖြစ်နေတာကို ယွန် သိရှိသွားတဲ့အခါမှာတော့ ဂျင်ဟိုနဲ့ ယွန်တို့ နှစ်ယောက်ကြားက ဆက်ဆံရေးဟာ ဘယ်လိုပြောင်းလဲလာမလဲဆိုတာ ကြည့်ရှုရမှာပါ။ ဒီအချိန်မှာပဲ ဂျင်ဝူးတစ်ယောက် သတိပြန်ရလာ ရင်ရော ပြဿနာတွေ ဘယ်လိုရှုပ်ကြဦးမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာမို့ ကိုရီးယားကား ကြိုက်သူတွေရော erotic thriller ကြိုက်တတ်သူတွေပါ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ ယွန်အဖြစ် Jin-Seo Yoonက သရုပ်ဆောင်ထားပြီး အမွှာညီအကိုအဖြစ် Yoo Ji-tae က သရုပ်ဆောင်ထားတာပါ။ File size…1.60GB / 664MB Quality…Web-Rip 1080p / 720p Format…mp4 Duration….1h 51m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Spencer Potato

Comedy • Adventure • Fantasy
5.8 2010
Secret Love
Christmas of Yes
6.1

Christmas of Yes (2023) ================== IMDb Rating – 6.1/10 အလုပ်အရမ်းကြိုးစားပြီး အလုပ်ကလွဲရင်ဘာအတွက်မှ အချိန်မရှိတဲ့ Amy Bell က ခရစ္စမတ်မတိုင်ခင်မှာပဲ ကုမ္ပဏီကနေ အလုပ်ပြုတ်သွား ခဲ့တယ်။ အဲဒီမှာ သူနဲ့ဆန့်ကျင်ဘက် စွန့်စားရေးသမား သူ့အစ်ကိုPhilက Amy ကို ခရစ္စမတ်ရက်အထိ Amy ပြောပြောနေကျ နိုးဆိုတဲ့စကားလုံး အစား အရာအားလုံးကို ရက်စ်လို့ပြောဖို့ စိန်ခေါ်မှု စခဲ့တာပါပဲ။ ပြိုင်ဆိုင်ချင်စိတ်ပြင်းတဲ့ Amy လည်း အဲဒီစိန်ခေါ်မှုကိုလက်ခံခဲ့တာပေါ့။ နောက်တော့ Amy သူ့ရဲ့ ရက်စ်စိန်ခေါ်မှုကြောင့်ပဲ မကြည့်ချင်တဲ့ လက်တန်း ဟာသရှိုးပွဲကို သွားကြည့်ရရင်း ရှိုးပွဲကကောင်လေး Nico နဲ့ တွေ့ခဲ့တယ်။ Amy နဲ့ Nico တို့နှစ်ယောက် စစချင်းမှာတော့ မတူညီတဲ့စရိုက်တွေကြောင့် အချင်းချင်းအမြင်ကတ်ခဲ့ကြပေမဲ့ နောက်ပိုင်း ရက်စ်ခရစ္စမတ်အတွင်း ဘယ် လိုအပြောင်းအလဲတွေဖြစ်လာမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက် ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.5 GB) / (489 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Thwal Htoo Zin Encoder……….SWM

6.1 2023
Christmas of Yes
27 Steps of May
7.9

27 Steps of May (2019) ပန်းပင်တစ်ပင်ရဲ့ အနုနယ်ဆုံးကာလကိုပြောပါလို့မေးရင်တော့ လူတိုင်းမှာ အဖြေတစ်မျိုးစီရှိကြမှာပေါ့။ တချို့က မျိုးစေ့ကနေ အပင်ပေါက်လာချိန်လို့ပြောရင်ပြောမယ်၊ တစ်ချို့ကလည်း အညှောက်ဘဝကနေ အရွက်တွေစထွက်လာတဲ့ အပင်ပေါက်ဘဝကို ကူးပြောင်းချိန်လို့ ပြောချင်ပြောကြမယ်။ ဒါပေမဲ့ ပန်းပင်တစ်ပွင့်ရဲ့တာဝန်ဟာ လှပတဲ့ပန်းပွင့်လေးတွေ ဖူးပွင့်လာဖို့လို့ ခံယူထားတဲ့ ကျွန်တော်ကတော့ ပထမဦးဆုံးပန်းစပွင့်ဖို့အားယူနေတဲ့ကာလက အနုနယ်ဆုံး လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ပထမဦးဆုံးပန်းစပွင့်မယ့်အချိန်မှာ မလိုလားအပ်တဲ့ပြဿနာကြုံလိုက်ရရင် တချို့ပန်းပင်တွေဟာ အပင်သေတဲ့အထိ အပွင့်မပွင့်တော့ဘဲ အပင်ချည်းသက်သက်အနေနဲ့ ရှင်သန်သွားကြလို့ပါပဲ။လူတွေအတွက်လည်း အတူတူပါပဲ။ စိတ်ဒဏ်ရာ Emotional Trauma ဆိုတဲ့စကားလုံးဟာ ခုခေတ်မှာ တွင်တွင်သုံးနေတဲ့ လူတိုင်းနဲ့မစိမ်းတဲ့ စကားလုံးတစ်လုံးပေမဲ့ ဒီစကားလုံးရဲ့အတိမ်အနက်ကိုတော့ အမှန်တကယ်ကြုံဖူးသူတွေပဲ နားလည်နိုင်မှာပါ။ အခု တင်ဆက်ပေးချင်တဲ့ ရုပ်ရှင်လေးကလည်း စိတ်ဒဏ်ရာအပြည့်နဲ့ အတိတ်ရဲ့အရိပ်ဆိုးအောက်က လွတ်မြောက်ဖို့ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါ။ ၁၄ နှစ်အရွယ် မေဆိုတဲ့ကောင်မလေးတစ်ယောက်၊ ဆယ်ကျော်သက်သက်ပီပီ တက်တက်ကြွကြွနဲ့ အများနည်းတူ စူးစမ်းချင်တဲ့အရွယ် လှချင်ပချင်တဲ့အရွယ်၊ ပျော်ပျော်ပါးပါးနေတတ်တဲ့မိန်းကလေးပေါ့။ ဒီမိန်းကလေး ကစားကွင်းကနေအပြန်မှာ လူတစ်စုကဖမ်းခေါ်သွားပြီးတော့ ရက်ရက်စက်စက် Group rapeလိုက်ပါတယ်။ အိမ်ကိုဖရိုဖရဲနဲ့ အသက်မဲ့တဲ့မျက်နှာနဲ့ပြန်လာတဲ့မေကိုကြည့်ပြီး ဖြစ်စဉ်ကိုသဘောပေါက်လိုက်ပေမဲ့ တက်ကြွပျော်ပါးခဲ့တဲ့ မေ ဆိုတဲ့ ကောင်မလေးကတော့ အဲဒီနေ့ အဲဒီအချိန်မှာပဲ သူ့ဘဝရဲ့ရှင်သန်မှုအဓိပ္ပာယ်တွေ ရပ်တန့်သွားခဲ့ပါပြီ။ အဖေဖြစ်သူနဲ့ စကားပြောတာလည်း မရှိတော့ဘဲ နေ့စဉ်လုပ်နေကျ အလုပ်တွေကိုပဲ ထပ်တလဲလဲလုပ်ရင်း သူမရဲ့ကမ္ဘာလောကကြီးကို ပိတ်လှောင်လိုက်ပါတော့တယ်။ ပန်းမပွင့်တော့တဲ့အပင်တစ်ပင်လို နေ့စဉ်ဘဝကို အဓိပ္ပာယ်မဲ့ဖြတ်သန်းနေတာကို ဘေးကနေ ဘာမှမပြောဘဲ ကြည့်နေရတဲ့ မေရဲ့အဖြစ်သူ လက်ဝှေ့သမား၊ ကိုယ်တိုင်က ကြမ်းကြမ်းရမ်းရမ်းလက်ဝှေ့သမားပေမဲ့ ဒီသမီးလေးတစ်‌ယောက်ကိုတောင် သေချာမကာကွယ်နိုင်ဘူးဆိုတဲ့အပြစ်တင်စိတ်နဲ့ မွန်းကြပ်နေရတဲ့သူ၊ သမီးလေးကို ရင်ဖွင့်စေချင် စကားပြောစေချင်ပေမဲ့ စကား‌မပြောခိုင်းရက်တဲ့ အဖေတစ်ယောက်ရဲ့ မွန်းကြပ်မှုတွေနဲ့ နေ့ရက်တိုင်းရှင်သန်နေရတဲ့သူတစ်‌ယောက်ပါပဲ။ ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်နေတဲ့ ရင်ထဲပြည့်ကြပ်နေတဲ့ခံစားချက်တွေကို လက်ဝှေ့ကြိုးဝိုင်းမှာ သွားသွားပေါက်ကွဲနေတဲ့သူပေါ့။ ၈ နှစ်တာကာလသာကြာမြင့်သွားတဲ့ မေနဲ့သူ့အဖေကတော့ လွန်ခဲ့တဲ့ ၈ နှစ်က မုဒိမ်းကျင့်ခံရတဲ့ညမှာပဲ ရှင်သန်နေကြဆဲပါပဲ။ ဒီလိုနဲ့ နံရံကနေထွက်နေတဲ့ ပိတ်စတစ်စကို ဆွဲမိရာကနေ ဘေးအိမ်နဲ့မေရဲ့အခန်းကြားမှာ အပေါက်ဖြစ်သွားပြီးတော့ ၈ နှစ်တာကာလကြာအပြီးမှာ နေ့တိုင်းပုံသေဖြစ်နေတဲ့ မေရဲ့ဘဝထဲကို မထင်မှတ်ထားတဲ့ အရာတစ်ခုအဖြစ် မျက်လှည့်ဆရာလေး ရောက်လာပါတော့တယ်။ အဲဒီနောက်မှာတော့…… Heart touching Dialogue တွေလည်းမပါ ဘာမှထူးခြားတဲ့Sceneတွေမပါဘဲ အတော်လေးရိုးရှင်းတဲ့ပုံစံနဲ့ ပုံဖော်ထားပေမဲ့ ကြည့်ရှုသူကို မေနဲ့သူ့အဖေရဲ့ခံစားချက်တစ်စိတ်တစ်ပိုင်းကို တန်းပြီးတော့ခံစားမိသွားစေတဲ့အထိ၊ အင်ဒိုရုပ်ရှင်မှဟုတ်ရဲ့လားလို့တောင် တွေးမိသွားစေတဲ့အထိ Emotionally densed ဖြစ်တဲ့ ဒီရှားပါးရုပ်ရှင်လေးကို CMပရိသတ်တို့ ခံစားလို့ရအောင် တင်ဆက်လိုက်ပြီမလို့ Rape victim နဲ့ မိသားစုဝင်‌တွေရဲ့ဒုက္ခကို တစ်စိတ်တစ်ပိုင်းအားဖြင့် စာနာနိုင်ဖို့အတွက် ကြည့်ရှုခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.1GB | 593MB Format… mp4 Duration…. 1h 52mim Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

7.9 2019
27 Steps of May
Cape Fear
7.3

သေသောသူကြာလျှင်မေ့ဆိုသလို ဟိုးအရင်တုန်းကတကယ်ကောင်းခဲ့တဲ့ ဇာတ်ကားဟောင်းလေးတွေကို အခုအချိန်မှာမေ့နေကြလောက်မှာပါ။ အဲ့ဒါကြောင့်မလို့ သည်းထိတ်ရင်ဖိုကြိုက်တဲ့လူတွေအတွက် 1991 ခုနှစ်က ထွက်ရှိခဲ့တဲ့ Cape Fear ဆိုတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 7.3 ရရှိထားပြီး သူ့ခေတ်သူ့အခါကအတိုင်းအတာနဲ့ဆိုရင် တော်တော်အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားလို့ပြောရပါမယ်။ တရားဥပဒေလောကမှာ တကယ်တမ်းတရားမျှတမှုကိုရရှိနိုင်ဖို့အတွက် ဥပဒေဘောင်အပြင်က လုပ်လိုက်ရတဲ့အခိုက်အတန့်တွေရှိကြပါတယ်။ ဒီကားထဲက ဆမ်ဘိုဒန်ဆိုတဲ့ရှေ့နေတစ်ယောက်ကလည်း သူ့ရဲ့အမှုသည် အတွက် တရားမျှတမှုစစ်စစ်ကိုရရှိနိုင်အောင် အချက်အလက်ထိမ်ချန်ပြီး ဥပဒေဘောင်အပြင်ကနေ လုပ်ခဲ့ပါတော့တယ်။သူ့အမှုသည်ကတော့ မုဒိမ်းမှု ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတို့နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပြီး အမှုကနေ လွတ်အောင်လုပ်ပေးချင်ရင် လုပ်ပေးလို့ရတယ်ဆိုပေမဲ့ ရက်စက်လွန်းတဲ့ အမှုသည်အတွက် မထိုက်တန်ဘူးလို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီ အမှုသည်ဖြစ်တဲ့ကေဒီက ၁၄ နှစ်အကြာမှာတော့ ထောင်ထဲကနေလွတ်လာ ပါတော့တယ်။ထောင်ထဲက လွတ်လာတာနဲ့ရှေ့နေဆမ်ဆီကို လက်စားချေဖို့ ပြန်လာခဲ့ပါတော့တယ်။ဒါပေမယ့် သူ့ရဲ့လက်စားချေပုံက သတ်ဖြတ်တာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းနဲ့ ဆမ်ရဲ့မိသားစုကို လုံးပါးပါးအောင်ဉာဏ်သုံးပြီး လက်စားချေနေတာပဲဖြစ်ပါတယ်။ဒီတော့ ဆမ်တစ်ယောက် ကိုယ်လုပ်ခဲ့တဲ့ အတိတ်က ကိုယ့်နောက်ကိုပြန်လိုက်လာတဲ့ အချိန်မှာတော့ ဘာတွေဘယ်လို လုပ်ပြီး ဖြေရှင်းမလဲ။ကေဒီကရောဘယ်လိုနည်းလမ်းတွေသုံးပြီး သူတို့မိသားစု အပေါ်မှာ လက်စားချေမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size… 2.05 GB / 988 MB Quality… Blu-Ray 1080p / 720p Format…mp4 Duration….2h 8m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

7.3 1991
Cape Fear
Parallel

ဇာတ်ကားနာမည်အတိုင်း Prallel Universeသီအိုရီနဲ့ ဇာတ်အိမ်တည်ထားတဲ့ Drama Thrillerကားလေးတစ်ကားဖြစ်ပါတယ်…။ ဗီနက်ဆာဟာ မတော်တဆမှုတစ်ခုမှာ သားဖြစ်သူကို ဆုံးရှုံးလိုက်ရလို့ ဖြေမဆည်နိုင်ဖြစ်နေတဲ့အမျိုးသမီးတစ်ယောက်ပါ…။ သားဖြစ်သူနေသွားတဲ့ တောစပ်ကအိမ်လေးမှာပဲ ခင်ပွန်းဖြစ်သူရယ်၊ ခဲအိုဖြစ်သူရယ်နဲ့ အတူနေထိုင်ရင်း ကြေကွဲနေရရှာပါတယ်။ တစ်နေ့ စိတ်သက်သာရာရလို့ရငြား တောအုပ်ထဲကို လမ်းလျှောက်အထွက်မှာ သူနဲ့ချွတ်စွပ်တူတဲ့ အမျိုးသမီးတစ်ယောက်က သူ့ကို သေနတ်နဲ့ပစ်ခတ် တိုက်ခိုက်ပါတယ်။ ဗီနက်ဆာကလည်း ပြန်လည်ပစ်ခတ်ထွက်ပြေးရင်း အိမ်သို့ပြန်ရောက်တဲ့အခါ သူရောက်ရှိနေတဲ့နေရာဟာ သူ့အရင်ကရှိခဲ့တဲ့နေရာမဟုတ်မှန်းသိလိုက်ရပါတော့တယ်…။ မျက်စိရှေ့မှာ မြင်တွေ့နေရပေမယ့်၊ ချွတ်စွပ်တူနေပေမယ့် ကိုယ့်ရဲ့ နေရာဟုတ်မနေခဲ့ပါဘူး။ ဗီနက်ဆာတစ်‌ယောက်က ဘယ်နေရာကိုရောက်သွားတာလဲ ဒါမှမဟုတ် ဘယ်အချိန်ကိုရောက်သွားတာလဲ၊ ဒီတောအုပ်ထဲမှာပဲ ဘယ်လိုလူတွေနဲ့ထပ်ဆုံတွေ့ရဦးမလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။ File size…1.42GB / 558MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Drama , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Thriller
0 2024
Parallel
Manderlay

၁၉၃၀ ပြည့်နှစ်ကာလတွေက အမေရိကန်နိုင်ငံမှာရှိတဲ့ လူမည်းကျွန်တွေရဲ့ဘဝကို ရိုက်ကူးထားတဲ့ Drama/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါ Dogville 2003 ရဲ့ Trilogy တစ်ကားလည်းဖြစ်ပါတယ် အလာဘားမားပြည်နယ်က မန်းဒလေး ဆိုတဲ့ ဝါဂွမ်းစိုက်ပျိုးရေးခြံကြီးကိုပိုင်ဆိုင်တဲ့ လူဖြူမိသားစုတစ်စုဟာ လူမည်းကျွန်တွေကို သူတို့ရဲ့ ကိုယ်ပိုင်ဥပဒေဖြစ်တဲ့ ဆိုရှယ်လစ်/ကွန်မြူနစ် ဆန်ဆန် Mam’s Law ဆိုတဲ့ဥပဒေနဲ့ အုပ်ချုပ်နေတာပေါ့…. တစ်နေ့မှာ ဂရေ့စ် ဆိုတဲ့ ဂိုဏ်းစတားခေါင်းဆောင်ရဲ့ သမီးတစ်ယောက်ဟာ အဲဒီခြံကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီး မတရားမှု၊ ညှင်းပန်းနှိပ်စက်မှု၊ ကျွန်ဝါဒ၊ အရင်းရှင်ဝါဒတွေကို လက်မခံတော့တဲ့ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီကျကျအတွေးအခေါ်တွေနဲ့ ကျွန်လူတန်းစားနဲ့ သခင်လူတန်းစားနှစ်ရပ်စလုံးကို မြေလှန်ပစ်ဖို့ အစီအစဉ်ချပြီးကြိုးစားရုန်းကန်မှာပဲဖြစ်ပါတယ် ဇာတ်ကားရဲ့ထူးခြားချက်ကလည်း Studio ထဲမှာပဲ Setting တစ်ခုတည်းနဲ့ရိုက်ကူးထားတဲ့ Directior ကြီး Lars von Trier ရဲ့စိတ်ကူးပဲဖြစ်ပါတယ်…… Argylle ၊ Jurassic World 1,2 ထဲက မင်းသမီးချော Baryce Dallas Howard ရဲ့ ထူးခြားပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်…. ဂရေ့စ် တစ်ယောက် မန်းဒလေး ကကျွန်တွေရဲ့ဘဝကို ဒီမိုကရေစီနည်းနဲ့ ပြောင်းလဲအုပ်ချုပ်လို့ရပါ့မလား…. ခြံပိုင်ရှင်လူဖြူမိသားစုကရော ဂရေ့စ် ကိုဘယ်လိုသဘောထားပြီးဆက်ဆံမှာလည်း….. ကျွန်စနစ်ကိုဖျက်သိမ်းလိုက်ပါပြီလို့ ကြေညာထားတဲ့ အမေရိကန်နိုင်ငံကိုယ်တိုင်ကရော ဘယ်လိုသဘောထားတွေရှိနေတာလဲ….. ဂရေ့စ် တွေးထားသလို ခြေနှစ်ချောင်း ကယ်ကောင်းရဲ့လား ဆိုတာတွေကိုတော့…… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.9 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:19:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

0 2005
Manderlay
Blue Giant
7.9

BLUE GIANT (2023) ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၂၃ က ထွက်ရှိထားပြီး imdb 7.9 ရရှိထားတဲ့ Anime ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ “ကမ္ဘာ့နံပါတ်စ် ဂျက်ဇ်ပညာရှင်ဖြစ်လာဖို့” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုကျိုမြို့ဆီ ရောက်လာခဲ့တဲ့ ကောင်လေး။ Dai ဆိုတဲ့ အထက်တန်းကျောင်းသားလေးက ဂျက်ဇ်ကို စိတ်ဝင်စားတည်းက မိုးရွာရွာ နေပူပူ saxophone ကိုပဲ မနားမနေ လေ့ကျင့်ပါတော့တယ်။ ဒီလိုနဲ့ တိုကျိုကို ရောက်လာပြီးနောက်မှာ အရည်အချင်းရှိတဲ့ စန္ဒရားတီးသမား Yukinori, သူငယ်ချင်း Shanji တို့နဲ့အတူ ဂျက်ဇ်တီးဝိုင်းကို တည်ထောင်ခဲ့ပြန်ပါတယ်။ ၃ ယောက်သား တိုကျိုမြို့က စားသောက်ဆိုင်တွေမှာ ဖျော်ဖြေရင်း စစ်မှန်တဲ့ဂျက်ဇ်ကို ဖန်တီးဖို့ဆိုတဲ့ ခံယူချက်၊ ကမ္ဘာ့နံပါတ်တစ်ဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်မယ့်ပုံကို ကြည့်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်) Genre….. Animation, Drama, Music Quality…. 1080p WEB-DL | 720p WEB-DL File size… 1.28GB | 737MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

7.9 2023
Blue Giant
Echoes of the Thunder
6

ဒီတစ်ခါမှာတော့ CM ကနေယှဉ်ပြိုင်ခြင်းကိုမှနှစ်ခြိုက်တဲ့ပရိသတ်တွေအတွက် ကားမောင်းပြိုင်ပွဲကိုအဓိကဇာတ်အိမ်တည်ထားတဲ့ ဟောင်ကောင်နာမည်ကြီး ဇာတ်လမ်းလေးဖြစ်တဲ့ Echoes of the Thunderကားလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ မာရှန့်ရူံက ဟောက်ရှန့်လုပ်ငန်းစု ပိုင်ရှင်ရဲ့သားဖြစ်ပြီး အင်မတန်မှချမ်းသာတာကြောင့် ပြိုင်ကားကစားသမားအဖွဲ့တည်ထောင်ထားထားတာပေါ့။ ဒီအဖွဲ့ထဲမှာ လီဝေနန်ဆိုတဲ့လူက အပျော်တမ်းပြိုင်ကားမောင်းသမားဖြစ်ပြီး အင်မတန်မှာထူးချွန်တဲ့ပြိုင်ကားမောင်းသမားလည်းဖြစ်တယ်။ သူ့အပြင် ဟောင်ကောင်မှောင်ခိုပြိုင်ကားလောကမှာ နာမည်ကြီးဆရာတစ်ဆူဖြစ်တဲ့ အစ်ကိုဟော်ကတော့ ကားဝပ်ရှော့ဆိုင်လည်း ဖွင့်ထားတာပေါ့။ အစပိုင်းမှာလီဝေနန်နဲ့အစ်ကိုဟော်တို့ကို ဆင်းရဲတဲ့အပြင်ဘာမှလုပ်ကိုင်စားသောက်စရာမရှိခဲ့ပဲသူများကားတွေကို လိုက်လံပြင်တဲ့အလုပ် လုပ်ခဲ့ရာကနေ မာရှန့်ရူံနဲ့တွေ့ပြီးသုံးယောက်သား သွေးသောက်ညီအစ်ကိုတွေဖြစ်သွားခဲ့ကြတယ်။ ဒီလိုနဲ့လီဝေနန်မှာ နှလုံးရောဂါရှိတဲ့သားလေးတစ်ယောက်ရှိပြီး ခွဲစိတ်မှုပိုက်ဆံလိုနေတဲ့အပြင် အစ်ကိုဟော်ကလည်း ကားဝပ်ရှော့ဆိုင် အရင်းအနှီးလိုနေတာကြောင့် မာရှန့်ရူံက အပျော်တမ်းလို့ခေါ်တဲ့ တရားမဝင်ပြိုင်ကားမောင်းပြိုင်ပွဲက ပိုက်ဆံမရတဲ့အတွက် ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အကြံပေးခဲ့တယ်။ ဒီလိုနဲ့ မာရှန့်ရူံကြောင့်နှစ်ဦးသား ငွေကြေးအဆင်ပြေခဲ့ပြီး တစ်နေ့မှာ မာကာအိုဘုရင့်ဖလားကားမောင်းပြိုင်ပွဲကြီးရောက်ရှိလို့လာခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းတစ်လျှောက်လုံးမှာဖော်ကြူးထားတဲ့ ညီအစ်ကိုတွေရဲ့စိတ်ဓါတ်နဲ့ ကားမောင်းသမားတွေရဲ့အသက်စွန့်စားယှဉ်ပြိုင်မှုတွေကိုပါ မြင်တွေ့ရမှာကြောင့် ဒီဇာတ်လမ်းလေးကို CM ကနေစောင့်မျှော်ကြည့်ရူလိုက်ရအောင်

6 2023
Echoes of the Thunder
Into the Deep
5.5

နာမည်ကျော်ငါးမန်းရုပ်ရှင် Jaws ရဲ့မင်းသားကြီး Richard Dreyfuss ပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ထပ်ငါးမန်းရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ ငါးမန်းကားဆိုပေမယ့် အက်ရှင်ခန်းတွေ၊ တိုက်ခိုက်တာတွေနဲ့ ပစ်ခတ်တာတွေကို အသားပေးရိုက်ကူးထားတဲ့ အက်ရှင်ကားဖြစ်ပါတယ်။ ကတ်ဆီဒီဟာ ကလေးဘဝတုန်းက မျက်စိရှေ့တင် ငါးမန်းကိုက်ခံ ရပြီးသေဆုံးခဲ့တဲ့ဖခင်ကြောင့် ရေကိုလုံးဝကြောက်သွားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ အဏ္ဏဝါဗေဒပညာရှင်ဖြစ်တဲ့ အဘိုးဖြစ်သူရဲ့ လေ့ကျင့်ပေးမှုကြောင့် ကတ်ဆီဒီတစ်ယောက် ငါးမန်းတွေကို လေ့လာတဲ့ အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ တစ်ရက်မှာ လန်ဒန်အမျိုးသားပြတိုက်မှာအလုပ်လုပ်တဲ့ခင်ပွန်း ဖြစ်သူဂရက်က သမုဒ္ဒရာအောက်က သမိုင်းဝင်ရွှေပြားတွေကို ဆယ်ယူဖို့ ပြင်သစ်ကိုခရီးထွက်လာတဲ့အခါ ကတ်ဆီဒီလည်း လိုက်ပါလာခဲ့ပါတယ်။ ကိုယ့်အကြောက်တရားကိုယ် ရင်ဆိုင် ကျော်လွှားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့လိုက်လာတဲ့ကတ်ဆီဒီတစ်ယောက် ဂရက်တို့အုပ်စုနဲ့အတူ လိုက်ရေငုပ်ချိန်မှာတော့ ငါးမန်းဖြူကြီးတွေနဲ့ တည့်တည့်တိုးပါတော့တယ်။ တစ်ချိန်တည်းမှာပဲ မှောင်ခိုသမားတွေရဲ့လှေက ကတ်ဆီဒီတို့ကို ဖမ်းထားလိုက်ပြီး ငါးမန်းတွေရှိနေတဲ့ ရေအောက်ကမူးယစ်ဆေး အထုပ်တွေကို အတင်းအကြပ်ဆယ်ယူခိုင်းချိန်မှာတော့ ငါးမန်းတွေ အကြောင်းလေ့လာခဲ့တဲ့ကတ်ဆီဒီတစ်ယောက် သူလေ့လာထားတာတွေကို အသုံးချပြီး ငါးမန်းဖြူကြီးတွေလက်ကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ။ မှောင်ခိုသမားတွေလက်ကရော ဘယ်လိုရုန်းထွက်မှာလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (1.88GB) / (1.04GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Mystery • Animation • Family • Comedy
5.5 2025 90 mins
Into the Deep
The Man in the White Van
5.5

၁၉၇၅ ခုနှစ်၊ ဖလော်ရီဒါရဲ့ အေးချမ်းတဲ့ မြို့ငယ်လေးမှာ အန်နီ (Madison Wolfe) ဆိုတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ဟာ သူ့ဘဝရဲ့ ပုံမှန်ရုန်းကန်မှုတွေကြားမှာ ထူးဆန်းတဲ့ အဖြူရောင်ဗင်ကားတစ်စီးက သူ့ကို လိုက်နေတာကို သတိထားမိနေခဲ့တယ်။ ဒီအကြောင်းကို မိဘတွေဖြစ်တဲ့ ဟယ်လင်နဲ့ ရစ်ချတ် (Ali Larter နဲ့ Sean Astin) တို့ကို ပြောပြခဲ့ပေမဲ့ သူ့ရဲ့ ကြောက်ရွံ့မှုတွေကို စိတ်ကူးယဉ်တယ်ဆိုပြီး လျစ်လျူရှုထားတဲ့အခါ အန်နီတစ်ယောက် သူ့ဘာသာသူ ရင်ဆိုင်ရဖို့ ဖြစ်လာတယ်။ ဟော်လိုဝင်းညမှာ ဒီဗင်ကားထဲက လူသတ်သမားနဲ့ရင်ဆိုင်တွေ့တဲ့အခါ… ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းဟာ အန်နီရဲ့မိသားစုဆက်ဆံရေးနဲ့ ရှင်သန်ဖို့အတွက် ရုန်းကန်မှုကို အဆုံးထိ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပါ။ File Size… (1.33 GB) / ( 769 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 45m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Adventure • Family • Drama
5.5 2024 105 mins
The Man in the White Van