YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Georgie.and.Mandys.First.Marriage.S02E08.720p.(CM).mp4

165.44 MB N/A video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Transporter 3
6.1

Jason Statham ရဲ့ Transporter ဇာတ်ကားတွေဟာ အက်ရှင်ကားစစ်စစ်တွေလို့ ပြောရလောက်အောင် အထိုးအခုတ်အတိုက်အခိုက် ပေါက်ကွဲရမ်းကားမှုတွေနဲ့ ဆွဲဆောင်မှုရှိခဲ့ပါတယ်။ သူပါဝင်ထားတဲ့ Transporter (၃)ကားထွက်ရှိထားပြီး ၃ ကားလုံး လန်းတယ် ဆိုရပါမယ်။ Frank Martin (Jason Statham) ဟာ စည်းကမ်းတွေနဲ့ အလုပ်လုပ်တတ်တဲ့ သယ်ယူပို့ဆောင်ရေးသမားဖြစ်ပြီး တိကျမှု စမတ်ကျမှု တည်ကြည်ခန့်ငြားမှုတွေအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှင်သန်နေထိုင်တဲ့ တကယ့်ဖိုက်တာတစ်ယောက်ပါ... ဒီလိုလူမျိုးနဲ့မှ လာပတ်သက်မိတဲ့ ဒုစရိုက်သမားတွေ ဘယ်လိုအဗျင်းခံရလဲဆိုတာ အပေါ်စီးကနေ ထိုင်ကြည့်နေယုံပါပဲ။ မင်းသား Jason Statham ရဲ့တည်ငြိမ်တဲ့ပုံစံကြောင့် ဒီဇာတ်ကားဟာ နာမည်ကြီးလူကြိုက်များခဲ့ပါတယ်။ Action ပေါ့ပေါ့ပါးပါးလေးတွေကို ဟာသဆန်ဆန်ကြည့်ရတာ နှစ်ခြိုက်သူများအတွက်တော့ လက်လွတ်မခံသင့်ပါ။ Transporter 1,2 အောင်မြင်ပြီးနောက် ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလမှာ Transporter 3 ဆက်လက် ထွက်ရှိခဲ့ပါတယ်။ Europa နဲ့ Lionsgate ရုပ်ရှင် ထုတ်လုပ်ရေးတို့ ပူးပေါင်းဖန်တီးလိုက်တဲ့ Transporter 3 ဟာ Boxoffice မှာ ဝင်ငွေကောင်းဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ Transporter ရဲ့ထုံးစံအတိုင်း ရုပ်ရှင်မှာ အက်ရှင်ခန်းဝေဝေ ဆာဆာပါဝင်ပြီး IMDb Rating (6/10) ရရှိထားပါတယ်။ File size…(3.7 GB)/(1.1 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:43:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Drama
6.1 2008 104 mins
Transporter 3
Cruella
8.1

ခရူရယ်လာဆိုတဲ့ ဒစ်စနေးရဲ့ နာမည်ကျော် ဗီလိန်ကြီးလာပါပြီ။ ကျတော်တို့ငယ်ငယ်ကတည်းက ခွေးလေးတွေကို လိုက်ဒုက္ခပေးချင်တဲ့ ဒီမိန်းမကြီးကို မြင်တာနဲ့ မုန်းခဲ့တာပါ။ အခုတော့ သူ့နေရာကို အမ်မာကျောက်တုံးလေးက ဝင်ပြီး သရုပ်ဆောင်လိုက်တော့လည်း မုန်းလို့မရတော့ပါဘူး။ မယ်လီဖီးဆန့် ဂျိုလီကို မုန်းလို့မရသလိုပေါ့။ ဒီ Live action အသစ်ကတော့ အတော်ကောင်းတဲ့အထဲမှာ ပါပါတယ်။ ဇာတ်လမ်းဇာတ်ကွက်လည်း အဆင်ပြေတယ်။ ခရူရယ်လာဆိုတဲ့ သူဌေးမကြီးဘယ်လိုဖြစ်လာသလဲဆိုတာကို ကောင်းကောင်းပြထားတာပါပဲ။ ရိုက်ထားတာတွေ ဖက်ရှင်တွေကလည်းအတော်ကိုကောင်းပါတယ်။ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ခရူရယ်လာ အကြောင်းကို ပြန်ကြည့်ချင်ရင်တော ့ 101 dalmatians နဲ့ 102 dalmatians ဆိုတဲ့ ရုပ်ရှင်နှစ်ကားရှိပါသေးတယ်။ ဒါကိုလည်း တစ်ခါတည်း တင်ထားပေးပါတယ်။ File size…(2 GB) and (1.4 GB) Quality….Webrip 1080p and 720p Format…mp4 Duration….02:14:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Mr.Andreson

Action & Adventure • Comedy • Drama
8.1 2021 134 mins
Cruella
Om – The Battle Within

Rashtra Kavach Om (2022) ခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ မင်းသားချော အာဒစ်သယားရွိုင်းကပူး (Malang မင်းသား) ရဲ့ အက်ရှင်ကားလေးတစ်ကားပဲ ဖြစ်ပါတယ် ကမ္ဘာ့နိုင်ငံကြီးတွေမှာ နျူးကလီးယားလက်နက်တွေ တီထွင်နေကြတယ် ဖွံ့ဖြိုးတိုးတက်နေကြတယ် ဒါပေမဲ့ နျူးကလီးယားလက်နက်ကိုခုခံနိုင်မယ့် လက်နက်တစ်ခု မရှိဘူးဖြစ်နေတယ်.. အိန္ဒိယနိုင်ငံက ဒီလက်နက်ကို တီထွင်တယ်ဆိုပါတော့… နျူးကလီးယားလက်နက်ကို ခုခံနိုင်တဲ့ လက်နက်တစ်ခုကို အောင်မြင်စွာ တီထွင်လို့အပြီးမှာ တီထွင်သူဟာ နိုင်ငံတော်ကို သစ္စာဖောက်သွားခဲ့ပါတယ်… အဲ့ဒီသစ္စာဖောက်ကို တပ်ဖွဲ့တစ်ခုဖွဲ့စည်းပြီး လိုက်လံဖမ်းဆီးဖို့ နိုင်ငံတော်က တာဝန်ပေးလိုက်တယ်.. ဒီကိစ္စဟာ ထင်သလိုမရိုးရှင်းလာဘဲ လှည့်ကွက်လေးတွေပါနေတဲ့အခါ ဇာတ်ကွက်တစ်ခုချင်းစီကို ဘယ်လိုဖေါ်ထုတ်မလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်

Drama
0 2022
Om – The Battle Within
The Song of Scorpions
5.9

The Song of Scorpions (2017) Drama IMDb 5.9/10 ဒီတစ်ခါမှာတော့ လွန်လေသွားတဲ့ မင်းသားကြီး အစ်ရဖန်းခန်းရဲ့ အပျောက်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်… ရယူပိုင်ဆိုင်လိုစိတ်များတဲ့ အချစ်က အန္တရာယ်များလွန်းလှပါတယ်ကွယ် ကိုယ်ချစ်ရတဲ့သူကို မလိုတမာနည်းနဲ့ သိမ်းပိုက်ချင်တာကျတော့ ယုတ်မာလေတယ်ပဲခေါ်မလား…. ဒါမှမဟုတ် အချစ်စစ်မှန်ရင် မတရားတာမရှိဘူးဆိုတဲ့အဆိုကို ထောက်ခံရမလား…. အင်း..ဒီဇာတ်ကားလေးထဲက နူရန်းအပေါ်ထားတဲ့ အာဒံရဲ့အချစ်ကိုပဲ သုံးသပ်ပြီး ဆုံးဖြတ်ကြပါလေတော့…. ဒီဇာတ်ကားလေးက လှည့်ကွက်ပေါင်းများစွာပါဝင်နေတဲ့ အချစ်..လက်စားချေမှုနဲ့ သီချင်းတစ်ပုဒ်ရဲ့ကတိကဝတ်အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်… ဆိုတော့ ဆက်လက်ပြီးပဲ ဇာတ်ကားကြည့်ရင်း အချစ်ရဲ့ဒဿနလေးတွေ ထုတ်လိုက်ကြတော့နော်…

Action • Drama • War
5.9 2017 120 mins
The Song of Scorpions
Falling in Love
6.5

Falling in Love (1984) ~ IMDb – 6.5/10, Rotten Tomatoes – 54% ~ ခရစ်စမတ်မှာစတဲ့ဇာတ်လမ်းက ခရစ်စမတ်မှာ ဆုံးခဲ့တယ်။ အစဟာ ရင်ခုန်စိတ်မောဖွယ် ခံစားမှုပြန်လည်ဆန်းသစ်‌ခြင်းတွေနဲ့။ အဆုံးသတ်ကတော့ ယစ်မူးတပ်မက်စိတ်တွေနဲ့ နှလုံးသား နိုးထရှင်သန်ခြင်းများ ထုံမွှန်းနေလေရဲ့။ ချစ်ခြင်းဟာ အပြစ်ကင်းပါသတဲ့။ သူတို့ချစ်ခြင်းကြောင့် နာကျင်ကြေကွဲရသူတွေ ရှိလာခဲ့ရင်ရော… ချစ်ခြင်းဟာ အပြစ်ကင်းပါသေးလား။ မင်းဘက်ကိုလှည့်လို့ တလောကလုံးကို ကျောခိုင်းလိုက်မယ်ဆိုတဲ့လူမျိုးတွေအတွက်တောင် ချီတုံချတုံဖြစ်စရာ မသင့်တော်ခြင်းလွှမ်းတဲ့ အချစ်လမ်းဖြစ်နေလို့ပါပဲ။ သွက်လက်ချက်ချာ ပျော်ပျော်နေတတ်တဲ့ ဆရာဝန်ကတော်တစ်ယောက်။ ကြော်ငြာအနုပညာစိတ်ကူးလေးတွေလှပသူ။ ကားပျက်နေတဲ့အတွက် သူ့အိမ်ကနေ နယူးယောက်မြို့ကို ရထားစီးလို့လာခဲ့တယ်။ ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ ကလေးတို့အဖေ၊ အင်မတန်လိမ္မာတဲ့ ဇနီးသည်လေးရဲ့ခင်ပွန်း။ သူလည်း ကားပျက်တာပဲဗျ။ နယူးယောက်မြို့ကို ခရစ်စမတ်ပွဲအတွက် ရထားနဲ့ ခရီးဆန့်ခဲ့သူပေါ့။ သူတို့နှစ်ယောက်ရဲ့ ဆုံဆည်းခြင်းနဲ့ ရင်ခုန်ခြင်းဟာ လူပျိုလူလွတ်တွေလိုတော့ မလှပ၊ မခမ်းနားဘူးပဲ ဆိုကြပါစို့ဗျာ။ ပိုင်ရှင်ကိုယ်စီရှိကြသူတွေဖြစ်လို့ အတင်းထိန်းချုပ်ထားတဲ့ အချစ်စိတ်တွေ ပေါက်ကွဲထွက်လာခြင်းကို တင်ဆက်ထားတဲ့ Falling in Love (ချစ်ခြင်းမှာ သက်ဆင်းရသူ) ဇာတ်ကားလေးပါပဲ။ ဒီဇာတ်ကားမှာ ဒိတ်ဒိတ်ကြဲ အမေရိကန်မင်းသမီးကြီး Meryl Streep က ဦးဆောင်ပါဝင်ထားပါတယ်။ Clint Eastwood နဲ့ The Bridges of Madison County ဇာတ်ကားမှာ ဒီလိုဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့သလို ဒီဇာတ်ကားမှာလည်း ခင်ပွန်းနဲ့ ချစ်သူကြားမှာ နှလုံးသားနဲ့ဦးနှောက် ဗျာများရပုံတွေကို အလိုက်ဖက်ဆုံး သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အီတလီဖွား အမေရိကန်မင်းသားကြီး Robert De Niro ကလည်း လိုက်ဖက်ပြေပြစ်စွာ သရုပ်ဆောင်ထားပါတယ်။ မင်းသား မင်းသမီး အပြိုင်ကြဲတဲ့ Romantic အချစ်ဇာတ်လမ်းလေးပေါ့ဗျာ။ မြန်မာမျက်လုံးနဲ့ကြည့်ရင်တော့ ဖိနပ်ပြတ်နဲ့ ခွေးငတ် ဘာညာ ပြောကြမှာ။ ဒါပေမဲ့ အချစ်ကို တမံတုပ်လို့ မထိန်းနိုင်ဘူးဆိုတာကိုတော့ ဒီဇာတ်ကားမှာ အတိအလင်းမြင်တွေ့နိုင်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 820MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 46Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

6.5 1984
Falling in Love
Bridget Jones’s Diary
6.8

Bridget Jones’s Diary (2001) ~ IMDb – 6.8/10, RT – 80%, Meta – 66% ~ Main Character တွေအဖြစ် Chicago လို Best Picture ရထားတဲ့ရုပ်ရှင်မှာ ကတ်သရင်းဇီတာဂျုန်းနဲ့ အပြိုင်ကြဲခဲ့တဲ့၊ တွမ်ခရုစ်ရဲ့ Jerry Maguire က မင်းသမီး Renée Zellweger က သရုပ်ဆောင်ပေးထားပြီး The King’s Speech နဲ့ အော်စကာရထားတဲ့ Colin Firth နဲ့ တစ်ချိန်က နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ Notting Hill မင်းသား Hugh Grant တို့ကလည်း ပါဝင်ပေးထားပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၉၆မှာထွက်ခဲ့တဲ့ နာမည်တူဝတ္တုကို ရိုက်ကူးထားတာဖြစ်ပြီး အဲဒီဝတ္တုကတော့ 1813 ခုတုန်းက ထွက်ခဲ့တဲ့ နာမည်ကျော်ဂန္ထဝင်စာအုပ် Pride and Prejudiceကို အမြင်သစ်နဲ့ ပြန်ရေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။ Pride and Prejudice ဖန်တွေ ကြည့်သင့်တဲ့ကားဆိုလည်း မမှားပါဘူး။ နောက်အဆက်၂ကားရှိသေးသလို ၂ကားလုံးလည်း အောင်မြင်ခဲ့ပါတယ်။ အဓိကမင်းသမီးလည်း အော်စကာဆန်ခါတင်ဝင်ခဲ့ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့အချစ်ရေးနဲ့ အလုပ်အကြောင်းကို ဒိုင်ယာရီ ရေးသားထားသလိုမျိုးရိုက်ကူးထားတဲ့ လှလှပပ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ ဘရစ်ဂျစ်ဂျုန်းစ်ဆိုတဲ့ အသက်သုံးဆယ်ကျော်အရွယ်တစ်ကိုယ်တည်းအမျိုးသမီးတစ်ယောက်ဟာ ဆေးလိပ်၊ အရက်တွေကြိုက်ပြီး ကိုယ်စိတ်ထဲရှိတာကို ထိန်းမထားဘဲ ပြောတတ်သူဖြစ်ပါတယ်။ နှစ်တိုင်း သူမိဘအိမ်ပြန်ရင် သူ့ရဲ့မိခင်က တစ်ယောက်ယောက်နဲ့ အဆင်ပြေဖို့ အောင်သွယ်ပေးလေ့ရှိပါတယ်။ ဒီတစ်ခါ အားလပ်ရက်အိမ်ပြန်တဲ့အချိန်မှာတော့ ဘရစ်ဂျစ်အမေက ဘရစ်ဂျစ်ရဲ့ငယ်ငယ်က အတူဆော့ကစားဖူးတဲ့ သူ့ထက်လေးနှစ်ကြီးတဲ့ တစ်ခုလပ်အိမ်ထောင်ကွဲအမျိုးသားမာ့ခ်နဲ့ အဆင်ပြေအောင်မိတ်ဆက်ပေးရာကနေ ဇာတ်လမ်းစတင်ခဲ့တာပါ။ အဲဒီအမျိုးသားက အောင်မြင်တဲ့ရှေ့နေတစ်ယောက်ဖြစ်ပြီး ဘရစ်ဂျစ်ရဲ့ ပင်ကိုယ်စရိုက်ကို သဘောမကျတဲ့အတွက် အဆင်တော့မပြေခဲ့ပါဘူး။ ဒီလိုနဲ့ ဘရစ်ဂျစ်က အလုပ်ထဲက သူ့သူဌေးလူရှုပ်နဲ့တွဲဖို့ဖြစ်လာပါတယ်။ အဲဒီသူဌေးနဲ့ မာ့ခ်နဲ့က ကျောင်းနေဖက်တွေပါတဲ့။ သူ့သူဌေးပြောပြတဲ့ အတိတ်က အကြောင်းအရာတွေကိုယုံပြီး ဘရစ်ဂျစ်က မာ့ခ်ကိုအထင်လွဲနေပြီး ပိုသဘောမကျဖြစ်လာပါတယ်။ သူ့လက်ရှိရည်းစား သူဌေးကလည်း နောက်တစ်ယောက်နဲ့‌ဇာတ်လမ်းရှုပ်ပြီး ဘရစ်ဂျစ်နဲ့လမ်းခွဲလိုက်ပါတယ်။ နောက်မှသိရတာကတော့ မာ့ခ်ကလည်း မာနကြီးသူပီပီ ဘရစ်ဂျစ်ကို နှုတ်ကအကန်တွေပြောပေမယ့် စိတ်ထဲကတော့သဘောကျနေတယ်ဆိုတာပါ။ ရည်းစားဟောင်းပြောပြတဲ့ မာ့ခ်ရဲ့အတိတ်နဲ့ သူ့အမေတို့သိတဲ့ တကယ့်အမှန်တရားနဲ့မတူတာကို သိသွားတဲ့အခါမှာ… ဘရစ်ဂျစ်တစ်ယောက် ရည်းစားဟောင်းကိုပြန်ရွေးမလား… မာ့ခ်ကိုရွေးမလားဆိုတာကို ဒိုင်ယာရီဖတ်သလိုကြည့်ရှုရမယ့် ဇာတ်ငြိမ်ငြိမ်အေးအေးလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 750MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 37Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6.8 2001 97 mins
Bridget Jones’s Diary
Balada Si Roy
7.4

Balada Si Roy (2023) ******************* လောကဓံရဲ့အနိမ့်အမြင့်အခက်အခဲတွေကို အလူးအလဲခံနေရပေမဲ့ မလျော့သောစိတ်ဓာတ်ခွန်အားတွေနဲ့အတူ မတရားဘက်တော်သားတွေကို မကြောက်မရွံ့ပြန်တိုက်ခိုက်ရဲတဲ့ ရွိုက် (Roy) ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဘဝကို ပုံဖော်ရိုက်ကူးတာတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်.. ရွိုက် (Roy) ဟာ ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး သူ့မှာ အရမ်းချစ်ရတဲ့ဆိုးတူကောင်းဖက်ရှိနေပေးတဲ့ ဂျိုး (Joe) လို့ခေါ်တဲ့ခွေးလေးတစ်ကောင်ရှိပါတယ် … နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ သူ့အဖေဆုံးသွားပြီးနောက်ပိုင်းမှာ ရွိုက် (Roy) နဲ့သူ့အမေဟာ ဆန်ရန်ဆိုတဲ့မြို့ကို ပြောင်းရွေ့လာခဲ့ပါတယ်.. ဆန်ရန်အထက်တန်းကျောင်းမှာသာမက ဆန်ရန်မြို့မှာပါ ဗိုလ်ကျနေတဲ့ အကြီးအကဲတစ်ဦးရဲ့သား ဒူလန် (Dullah) နဲ့ ရွိုက် (Roy) တို့ဟာ ပြဿနာတစ်ခုဖြစ်ပွါးရာမှ ရွိုက် (Roy) ဟာ သူ့အချစ်ဆုံးခွေးလေး ဂျိူး (Joe) ကို ဆုံးရှုံးခဲ့ရပါတယ်.. မိသားစုရဲ့အုတ်တံတိုင်းဖြစ်တဲ့ဖခင်ကိုဆုံးရှုံးထားရတဲ့အပြင် ဆိုးတူကောင်းဖက်ခွေးလေးကိုပါ လက်လွှတ်လိုက်ရတဲ့ ရွိုက်(Roy) တစ်ယောက် ဘယ်လိုနာကျည်းချက်တွေနဲ့ ပြန်လည်တုံ့ပြန်မလဲ…… သူ့အဖေကရော ဘာအတွက်ကြောင့် အသက်ဆုံးရှုံးခဲ့ရသလဲ…… ဆန်ရန်မြို့ရဲ့ နောက်ကွယ်မှာရော ဘယ်လိုအကြောင်းတရားတွေရှိနေသလဲ……. .ဆိုတာကို ဇာတ်ကားထဲမှာ ရှာဖွေကြည့်လိုက်ရအောင်နော်…. File Size : 2.2GB, 921MB Quality : WEB-DL 1080p, 720p Format : mp4 Duration : 1hr 49mins Genre : Romance, Drama , Action Translated by Thinn Thinzar Encoded by Phyo Pyae

7.4 2023 109 mins
Balada Si Roy
True Justice: Family Ties

ဒီကားလေးကတော့ စုံထောက်ကားလိုမျိုး အမှုလိုက်ရတဲ့ဇာတ်ကားအမျိုးအစားပါပဲ။ စိတ်ဝင်စားစရာကောင်းတဲ့အပြင် Endingကိုကြိုပြီးခန့်မှန်းလို့မရတဲ့ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း ကေစီက ဥပဒေကျောင်းတက်နေတဲ့သူဖြစ်ပြီး မောင်တစ်ယောက်ရှိပါတယ်။ မောင်နှမနှစ်ယောက်ရဲ့အမေဆုံးပြီးကတည်းက ခနခန ခိုးမှု၊အလစ်သုတ်မှုတွေနဲ့အဖမ်းခံရပြီး ပျက်စီးနေတဲ့ ကေစီ့ရဲ့မောင်လေးက တနေ့မှာ လူသတ်မှု​နဲ့စွပ်စွဲခံခဲ့ရပြီးထောင်ကျခဲ့ပါတယ်။ မောင်ဖြစ်သူကို အမှုကနေကွင်းလုံးကျွတ်လွတ်အောင်ကယ်တင်ဖို့ ကေစီနဲ့ ကေစီ့သူငယ်ချင်းတွေပူးပေါင်းပြီး လူသတ်တရားခံအစစ်ကိုရှာဖွေရမှာပါ.. Murder mysteryဆိုပေမဲ့Friendship, Family life, Dramaအငွေ့အသက်တွေလည်းပါဝင်ပါတယ်။ File size…(1.4 GB)/(740 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

0 2024
True Justice: Family Ties
Fentasy

စုတ်ပြတ်သတ်နေတဲ့ဘ၀ လက်ရှိပတ်ဝန်းကျင်ကလူတွေနဲ့ဝေးရာဆီ ပျောက်ကွယ်ပြီး အေးချမ်းတဲ့နေရာလေးတစ်ခုမှာ နေချင်တဲ့ အိပ်မက်တွေနဲ့ ကောင်မလေးတစ်ယောက်။ မဖြစ်နိုင်သေးတဲ့အိပ်မက်လေးနဲ့ ယှဉ်သန်နေရင်း ဖူးစာဖက်လို့ထင်ရသူနဲ့တွေ့ပြီး ချစ်ခင်စုံမက်ခဲ့။ နှစ်ယောက်သား စိတ်ကူးတွေထပ်တူကျရင်း စိတ်ကူးယဉ်ထားတဲ့အိမ်လေးတစ်လုံးဝယ်ဖို့ ကြိုးစားရင်းက သူတို့ဖန်တီးရောင်းချမိကြတာ ဖန်တနိုင်းဆိုတဲ့ မူးယစ်ဆေး။ ဘိန်းဖြူတဲ့ အဆငါးဆယ်လောက်ပြင်းတဲ့ ဖန်တနိုင်းကို ဘိန်းဖြူလို့ထင်ရအောင်ဖန်တီးပြီး ရောင်းချရင်းက သူတို့တွေကို ရုရှားလူဆိုးဂိုဏ်းတစ်ခုက သတိထားမိလာချိန်။ အိပ်မက်တွေကိုပစ်ချ ဘ၀မှာရှင်သန်ဖို့အရေးကြိုးစားရင်း ပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းကြရတာကို ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.2 GB)/(660 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre… Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2024
Fentasy
Shaolin vs. Evil Dead
6

မကျွတ်မလွတ်တဲ့တစ္ဆေတွေကိုကယ်တင်ဖို့ ပယောဂဆရာကြီးဟာ တပည့်နှစ်ယောက်နဲ့ နေရာအနှံ့လှည့်လည်သွားပြီး လူတွေကိုကူညီနေခဲ့တယ်။ တစ်နေ့မှာတော့ သူ့ရဲ့တပည့်လေးတစ်ယောက်က ဝိဉာဉ်ချုပ်တဲ့ဥကိုမတော်တဆမြိုချမိလိုက်တယ်။ အန်ထုတ်မရ စွန့်ထုတ်လို့မရနဲ့ ဒုက္ခရောက်ပြီး ကောင်လေးဟာအခက်တွေ့နေခဲ့တယ်။ အဲဒီအချိန်မှာပဲ ပယောဂဆရာကြီးရဲ့ ဂိုဏ်းတူဆရာတူအစ်ကိုဟာ လမ်းမှားရောက်ပြီး ပညာကိုအသုံးချပြီး လူတွေကိုလိမ်လည်နေခဲ့ရင်း ထူးဆန်းတဲ့တန်ဖိုးကြီးကျောက်တစ်ခုကိုခိုးယူမိတာကြောင့် ဒုက္ခအကြီးအကျယ်ရောက်တဲ့အချိန်မှာ ဆရာကြီးက အရင်ရန်ငြှိုးတွေကိုလစ်လျူရှုပြီး သွားကယ်တဲ့ပါတော့တယ် ၂၀၀၀ခုနှစ်တွေရဲ့ ဟောင်ကောင်ကားဆိုတဲ့အတိုင်း အက်ရှင်ပီပြင်ပြီး ရယ်ရတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။

6 2004
Shaolin vs. Evil Dead
The Wig
6.2

ဒီရုပ်ရှင်ထဲမှာတော့ အားလုံးရင်းနှီးပြီးသားဖြစ်မဲ့ Xiaoming Huang ကို တစ်ခါမှ မမြင်ဖူးတဲ့ ပုံစံနဲ့ မြင်ရမှာ ဖြစ်ပါတယ်။ အက်ရှင်၊ မှုခင်း၊ ပြစ်မှု၊ သဲထိတ်ရင်ဖိုစတဲ့ ရသအစုံကို ခံစားရမဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ရှေ့နေမုံ့ကျုံးရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။ ဆင်းရဲတဲ့ မိသားစုက မွေးဖွားလာပြီး ငယ်စဉ်ကတည်းက အမေမရှိတော့တဲ့ မုံ့ကျုံးဟာ ကြီးလာတဲ့အချိန်မှာ အဖေ့အလုပ်ကို ဆက်ခံဖို့ထက် ရှေ့နေကြီးတစ်ယောက် ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဥပဒေစာမေးပွဲဟာ နတ်ကြီးတယ်လို့ ပြောရမလားပဲ ထူးချွန်လှပါတယ်ဆိုတဲ့ မုံ့ကျုံးတစ်ယောက် ၄ ကြိမ်တိတိဖြေပြီးမှ အောင်ခဲ့ပါတယ်။ ရှေ့နေဖြစ်ပြီးနောက် နှစ် ၂၀ ခန့်ကြာတဲ့အခါ ရှေ့နေလောကမှာ ရပ်တည်နိုင်လာတဲ့ မုံ့ကျုံးဟာ အကူအညီလိုအပ်သူတွေကိုပဲ လိုက်ကူညီပေးပါတော့တယ်။ မိန်းကလေးကို မုဒိမ်းကျင့်မှုတစ်ခုကို လိုက်လံစုံစမ်းနေတဲ့အချိန်မှာ ဝေ့ရှန်ဆိုတဲ့ မိန်းကလေးနဲ့ တွေ့ခဲ့ပါတယ်။ မိန်းမကို စိတ်မဝင်စားဘဲ အလုပ်ထဲပဲ စိတ်နစ်ထားတဲ့ မုံ့ကျုံးဟာ ဝေ့ရှန်အပေါ်တော့ ထူးခြားနေခဲ့ပါတယ်။ ဒါပေမဲ့ ကျားမမေတ္တာတော့ မဟုတ်ပါဘူး။ ဝေ့ရှန်ဟာ ဘယ်သူဖြစ်မလဲ…… မုံ့ကျုံးဆီမှာရော ဘယ်လို လျှို့ဝှက်ချက်မျိုးတွေ ရှိနေမလဲ…… သူစုံစမ်းနေတဲ့ အမှုကရော အဆင်ပြေနိုင်ပါ့မလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Action • Comedy • Drama • Thriller
6.2 2024
The Wig
[James Bond] Spectre
6.8

***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့ စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်။ https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။ ***+++++++++++++++++++++++++++++++++++++++++++++++++++++++++ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Spectre ဇာတ်ကားဟာ ၂၄ ကားမြောက် James Bond ဇာတ်ကားဖြစ်ပါတယ်..။ Spectreဆိုတဲ့ နာမည်ဟာ James Bondရုပ်ရှင်တွေမှာ ပါလေ့ရှိတဲ့ ကမ္ဘာ့အကြမ်းဖက် အဖွဲ့အစည်းဖြစ်မှန်း James Bond ပရိသတ်တွေ သိကြမှာပါ။ ဒီနာမည်ရဲ့ အရှည်က မကောင်းဆိုးဝါးတစ်ကောင်လိုဖြစ်ပြီး Special Executive for Counter-intelligence, Terrorism, Revenge, and Extortion ဖြစ်ပါတယ်။ ဒီဂိုဏ်းကို Skyfall မှာတုန်းက သေသွားခဲ့တဲ့ M ရဲ့မသေခင် ပေးပို့သွားတဲ့ Message ကနေခြေရာခံလိုက်ခဲ့တာပါ။ ယခင်ဂျိမ်းဘွန်းကားတွေနဲ့ မနှိုင်းယှဉ်တော့ပါဘူး…ဒီဖက်ခေတ်အထာတွေအများကြီးပါဝင်လာတာမို့လို့ပါ။ ယခင်ဇာတ်ကားတွေလို ဂျိမ်းစ်ဘွန်းကို Team တစ်ခုလုံးက မထောက်ပံ့နိုင်အောင် C ဆိုသူမှ ဝင်ရှုပ်နေပါတယ်။ ဒါကြောင့် Q တို့ မန်နီပန်နီတို့ M တို့က တရားဝင်ကူညီခွင့်မရဘဲ ဘေးကနေ အသာလေးကူညီနေရပြီး ဂျိမ်းစ်ဘွန်းတစ်ယောက်ထဲ ကြိုးစားရုန်းကန်တဲ့ ပုံစံမျိုးနဲ့ ဖန်တီးထားတာကြောင့် ရှေးခေတ်တုန်းကလို ဘော်ကြော့ ဟီးရိုး မဟုတ်တော့ဘဲ ယခုခေတ် ခပ်မိုက်မိုက် ထီမထင် ဟီးရိုးပုံစံဖြစ်လာပါတယ်။ ဝင်ငွေတွေလဲ စံချိန်ချိုးခဲ့တယ်လို့ သိရပါတယ်။ခံစားအားပေးကြပါဦး။ (ကျွန်တော်တို့ရဲ့ မမကြီး Monica Bellucci ဟာ ဒီကားနဲ့ Bond Girl ဖြစ်လာခဲ့ပြီး ဒီအချက်ကိုတော့ အားအရဆုံးပါပဲ…ဤကားစကားချပ်။) File size…(3.3 GB) and (2.1 GB) Quality….BluRay 1080p and 720p (HEVC Encode) Format…mkv Duration….02:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Drama • Thriller • Crime
6.8 2015 148 mins
[James Bond] Spectre
Blackmark
5

Blackmark(2017) *************** သမ္မတ ကနေဒီ ကို လုပ်ကြံခဲ့တဲ့ သူကို သမိုင်းတွင် အထင်အရှား သိနိုင်ကြပါတယ်…… ဒါပေမယ့် နောက်ကွယ်က အကြောင်းတွေကို သိကြတဲ့သူ စိတ်ဝင်စားတဲ့လူကတော့ နည်းလွန်းလှပါတယ်… သမ္မတ တစ်ယောက်ကို လုပ်ကြံရလောက်တဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေများ ရှိနေမလဲ… ဇာတ်လမ်းက စစ်အေးကာလကို နောက်ခံထားပြီး နိုင်ငံရေးလှည့်ကွက်တွေများစွာပါတဲ့ ဇာတ်ကြမ်းကားလေး တစ်ကားမို့လို့ အစပိုင်း ကြည့်ရတာ ရှုပ်သလို ဖြစ်နေပါလိမ့်မယ်… ဒါပေမယ့် နောက်ပိုင်းမှာ ကွင်းဆက်လေးတွေချိတ်ဆက်ရင်း နားလည် သဘောပေါက်သွားပါလိမ့်မယ်.. တကယ့်ကို ကောင်းတဲ့ ဇာတ်ကားကောင်းလေးပါ…… ကိုင်း ခံစားကြည့်လိုက်ပါဦးဗျို့…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Ye Pye Sone ဖြစ်ပါတယ်… File Size : 1.32 GB, 423 MB Quality : WEB-DL 1080p, 720p Format…mp4 Duration…01:34:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by AHtet

Comedy • Drama • Romance
5 2017 94 mins
Blackmark
Curse of the Seven Seas
5.8

Curse of the Seven Seas (2024) ********************************* တစ်ခါတလေမှာ ကျိန်စာလို့ ကိုယ်ထင်နေတဲ့အရာက ဘုရားပေးတဲ့ဆုလာဘ်တစ်ခု ဖြစ်သွားနိုင်သလို ဆုလာဘ်လို့ထင်နေတဲ့အရာတစ်ခုကလည်း ကိုယ့်ကို ကံဆိုး မိုးမှောင်ကျစေတဲ့ ကျိန်စာတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ကီပ်တိုတစ်ယောက် သားလေးအာဒီ ကျောက်ကပ်ခွဲစိတ်နိုင်ဖို့ အလုပ်ကြိုးစားပြီး ရုန်းကန်ခဲ့ပေမဲ့ အာဒီက ခွဲစိတ်မှုအပြီးမှာ အရိပ်တွေမြင်နေတယ်ဆိုပြီး ငိုယိုနေတော့ ကီပ်တိုနဲ့မာနီတို့လည်း နောက်ထပ်အပူတစ်ခုတိုးပြီး ရတက်မအေးနိုင် ဖြစ်ရပြန်တာပေါ့။ ဒီလိုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေမှာ ကျွမ်းကျင်လိမ္မာတဲ့ ရူစတန်ဆိုတဲ့လူကြီးရဲ့ အကူအညီနဲ့ အာဒီတစ်ယောက် အန္တရာယ်များတဲ့ခွဲစိတ်မှုအပြီးမှာ ထူးဆန်းစွာနဲ့ တတိယမျက်လုံးပွင့်သွားပြီး တစ်ပါးသူမမြင်နိုင်တဲ့ဝိညာဉ်တွေကို မြင်နေတာဖြစ်ကြောင်း သိလိုက်ရပါတယ်။ ဒါပေမဲ့ အာဒီလေးအဆင်ပြေစေဖို့အတွက် ဒီတတိယမျက်လုံးရဲ့ အစွမ်းတွေကို ဖိနှိပ်ထားလိုက်ပြီး ရူစတန်ကတော့ အာဒီကို ဈေးထဲ မသွားခိုင်းဖို့ မိဘတွေကို မှာခဲ့တာပေါ့။ နှစ်တွေအတော်ကြာပြီးချိန် အာဒီလည်း လူပျိုပေါက်အရွယ်ရောက်လို့ အာရစ်ဖ်ဆိုတဲ့ ညီတစ်ယောက်နဲ့ ရှီဖာဆိုတဲ့ညီမလေးတစ်ယောက်ရှိလာချိန်မှာတော့ သူအမြဲရှောင်နေတဲ့ အဖေ့ဆိုင်ရှိတဲ့ဈေးကို မဖြစ်မနေသွားရဖို့ဖြစ်လာပြီး ကံဆိုးချင်တော့ အဖေနဲ့ဦးလေးရဲ့ အငြင်းပွားသံကို နားစွန်နားဖျားကြားလိုက်ရပါတယ်။ အဓိကကတော့ ဈေးထဲက ကုန်စုံဆိုင်တွေထဲမှာ ကီပ်တိုရဲ့ဆိုင်ကပဲ ထူးထူးခြားခြား အရမ်းအောင်မြင်ပြီး ရောင်းကောင်းနေတော့ မနာလိုရာကနေ အစပျိုးလာတဲ့ အငြင်းပွားမှုတွေ အာဃာတတွေဖြစ်လာတာပါ။ ဒီလိုနဲ့ ဆိုင်ကို ထူးဆန်းတဲ့ ပါဆယ်တစ်ခုရောက်လာပြီးတဲ့နောက် မိသားစုမှာရော လုပ်ငန်းမှာပါ ဆက်တိုက်ဆိုသလို ကံဆိုးမှုတွေ ဖြစ်လာချိန်မှာတော့…. အာဒီက မိသားစုရဲ့သားကြီးအနေနဲ့ သူအရင်က ကျိန်စာတစ်ခုလို့သတ်မှတ်ခဲ့တဲ့ သူ့ရဲ့ တတိယမျက်လုံးအကူအညီနဲ့ မိသားစုရဲ့ပြဿနာကို ရှီဖာနဲ့အတူ ဘယ်လို ရင်ဆိုင်မလဲဆိုတာ ရှုစားကြပါဦး .. ။ (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.24GB / 558MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 35m Genre ….. Supernatural, Horror, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou & Mary Christ Encoded by AHtet

Adventure • Family • Fantasy
5.8 2024 94 mins
Curse of the Seven Seas
Crimson Peak
6.5

သရဲကား (သည်းထိတ်ရင်ဖိုရုပ်ရှင်လို့ခေါ်ရင်ပိုကောင်းမလား) တွေကြည့်ရင် တည်နေရာနောက်ခံကလည်း အများကြီးစကားပြောပါတယ်။ အိပ်ခန်းထဲမှာသရဲခြောက်တာ (The Ring) ဆင်ခြေဖုံးကတိုက်ခန်းမှာသရဲခြောက်တာ (Paranormal Activities) သစ်တောထဲမှာ သရဲခြောက်တာ (Blairwitch Project) စသဖြင့်အမျိုးမျိုးပေါ့။ ခေတ်ကာလနောက်ခံကလည်း အရေးပါသေးတယ်ဗျ။ ထိတ်လန့်သည်းဖိုရုပ်ရှင်အများစုဟာ ရှေးခေတ်ကာလတွေမှာဇာတ်အိမ်တည်လေလေ ပိုကြောက်ဖို့ကောင်းလေပဲ။ အဲ့ဒီထဲမှာမှ ၁၉ရာစုနှောင်းပိုင်းကနေ ၂၀ရာစုအစောပိုင်း ဝန်းကျင်မှာဇာတ်အိမ်တည်ရင် ကြည့်ရတာအရသာအရှိဆုံးပဲ။ နောက်ဆုံးကြည့်ဖြစ်တဲ့ The Woman in Black လို ဂေါ့သစ်ဆန်ဆန်ဇာတ်လမ်းမျိုးတွေပေါ့။ အဲ့ဒီခေတ်ကာလ အင်္ဂလန်နိုင်ငံရဲ့ အခြေအနေ၊ အမြဲတမ်းမှုန်မှိုင်းအေးစက်နေတတ်တဲ့ ကျေးလက်ပိုင်းရာသီဥတု၊ ဇာတ်ကောင်တွေဝတ်တဲ့အဝတ်အစားကအစ ထိတ်လန့်သည်းဖိုဇာတ်လမ်းကို ပိုအရသာရှိစေတယ်၊ အနောက်တိုင်းသားတွေရဲ့ အေးတိအေးစက်မျက်နှာထားတွေကြောင့် ရုပ်ရှင်ကပိုပြီးကျောချမ်းစရာဖြစ်လာတယ်။ခုလည်းအဲ့လိုဇာတ်ကားတစ်မျိုးလာပြန်ပါပြီ။ ဗစ်တိုးရီးယားခေတ် (၁၉ရာစု) ကိုနောက်ခံထားပြီး၊ အင်္ဂလန်နိုင်ငံမြောက်ပိုင်း Cumbria မြို့လေးမှာဇာတ်အိမ်တည်ထားပါတယ်။ ဝမ်းသာစရာက ဒီနှစ်အောက်တိုဘာ ၁၆ရက် USAမှာ စထွက်မှာဆိုတော့သိပ်ကြာကြာမစောင့်ရတော့တာပဲ (မြန်မာနိုင်ငံရောက်ဖို့ဆို ၈လကနေ ၉လအတွင်းလောက်ပေါ့)။ ဇာတ်လမ်း၊ ဒါရိုက်တာ Guillermo del Toro ဖြစ်ပြီး Legendary Pictures နဲ့ Universal တို့ပူးပေါင်းမှုဆိုတော့စောင့်ကြည့်သင့်တဲ့စာရင်းမှာပါပါတယ်။ အဓိကဇာတ်ဆောင်တွေက Tom Hiddleston, Jessica Chastain, Mia Wasicowska, Charlie Hunnum ဆိုတော့ပိုစိတ်ဝင်စားစရာကောင်းလာတယ်။ ဇာတ်လမ်းအညွှန်းကတော့ – Edith Cushing (Wasikowska) ကစာရေးဆရာမလေးဖြစ်ပြီး အတိတ်က သူ့မိဘတွေရဲ့ ကြေကွဲစရာဇာတ်သိမ်းကို မေ့ပျောက်ဖို့ကြိုးစားနေရသူ။ သူ့ရဲ့အသစ်စက်စက်ခင်ပွန်း Thomas Sharpe (Hiddleston) ကခန့်ညားပြီးဆွဲဆောင်မှုရှိပေမယ့် လျှို့ဝှက်တတ်ပြီး လူတွေနဲ့ခပ်ကင်းကင်းနေတတ်သူတစ်ဦးပါ။ သူ့ခင်ပွန်းရဲ့အစ်မ Lucille Sharpe (Chastain) ကလည်းသူ့ကိုသိပ်မကြိုဆိုပြန်ဘူး။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ငယ်ရည်းစား Alan McMichael (Hunnum) ကိုလည်းစိတ်ထဲကမပြတ်မသားဖြစ်နေမိပြန်တယ်။ Edith ဟာသူ့ခင်ပွန်းရဲ့ခန်းနားတဲ့အိမ်ကြီးမှာနေထိုင်ရင်း အဲ့ဒီအိမ်ကြီးရဲ့ထိတ်လန့်စရာကောင်းတဲ့အတိတ်ကို တဖြည်းဖြည်းတူးဆွဖော်ထုတ်လာမိတဲ့အခါမှာတော့…..။ မက္ကဆီကန်ဒါရိုက်တာ Del Toro ရဲ့ပြောစကားအရတော့ R အဆင့်တောင်သတ်မှတ်ခံရနိုင်တဲ့ရုပ်ရှင်ဆိုပဲ။ သူဇာတ်ညွှန်းရေး သူဒါရိုက်တာလုပ်ရိုက်တဲ့ကားတွေထဲမှာ Hell Boy I, II လောက်ကိုပဲသဘောကျတယ်။ Pan’s Labyrinth ရဲ့ဇာတ်လမ်းကသိပ်မဆိုးပေမယ့် Pacific Rim ကိုတော့မကြိုက်ဘူး။ ကျနော်ကပဲ Alien theme တွေမကြိုက်လို့လားတော့မသိဘူး။ The Hobbit Trilogy ကိုဇာတ်ညွှန်းရေးပေးခဲ့တဲ့အတွက် သူ့ကိုဇာတ်ညွှန်းအရေးကောင်းသူလို့ပဲ မြင်မိတယ်။ ဒီဇာတ်ကားကလည်းသိပ်မဆိုးလောက်ပါဘူး၊ teaser နဲ့တင်တော်တော်ကြည့်ချင်စရာကောင်းနေပြီ။ တစ်ခုပဲ.. သူဇာတ်ညွှန်း၊ သူဒါရိုက်တာဆိုတော့ သွေးသံရဲရဲနဲ့ရွံစရာ animation ကြီးတွေမပါပါစေနဲ့ပဲဆုတောင်းရမယ်။ ဇာတ်ဆောင်ပိုင်းနဲ့ပတ်သက်လို့ကတော့ Edith Cushing ရဲ့နေရာမှာ အရင်က Emma Stone ကိုလျာထားပြီး နောက်မှ Wasikowska နဲ့ပြောင်းလိုက်တာပါတဲ့။ Wasikowska ကပိုကောင်းတဲ့ရွေးချယ်မှုလို့ထင်တယ်။ Stoker ထဲကအေးတိအေးစက်ကောင်မလေးပုံစံကို ထပ်မြင်ချင်သေးတာကိုး။ Thomas Sharpe ရဲ့နေရာမှာလည်း အရင်က Benedict Cumberbatch ကိုရွေးထားပြီးမှ Hiddleston နဲ့လဲလိုက်ပါတယ်။ သူတို့ ၂ယောက်စလုံးက အေးစက်စက်မျက်နှာတွေနဲ့ဆိုတော့ ဘယ်သူဖြစ်ဖြစ် ဇာတ်လမ်းနဲ့လိုက်ဖက်မှာပါပဲ။ ပြီးတော့ Hiddleston ကအပြင်မှာလည်း သူ့ရဲ့သူငယ်ချင်းကောင်းဖြစ်တဲ့ Cumberbatch ကို ဒီရုပ်ရှင်အောင်မြင်ပါစေလို့ ဆုတောင်းပေးပါလို့ပြောသေးတယ်ဆိုပဲ (yeah, bromance!)။ ဘာပဲပြောပြော ဒါရိုက်တာကောင်း သရုပ်ဆောင်ကောင်းတွေနဲ့ရိုက်ထားတဲ့ဒီကားက စောင့်ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားပါ။ YouTube teaser ထဲကနောက်ခံသီချင်း Red Right Hand ကို PJ Harvey ပြန်ဆိုထားတာဖြစ်ပြီး ဇာတ်ကားရဲ့ အဓိကနောက်ခံသီချင်းလည်းဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Nay Thiha Facebook Acc(https://www.facebook.com/nay.thih) မှကူးယူဖော်ပြထားတာဖြစ်ပါတယ်) File size…(7 GB)/(2.1 GB)/(1.1 GB) Quality….Blu-Ray 4K HEVC/1080p / 720p Format… mp4 Duration…. 01:59:00 Genre… Drama, Horror, Mystery, Romance, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield

Romance • Comedy • Drama
6.5 2015 118 mins
Crimson Peak