YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Gen Z E31 CM.mp4

283.82 MB N/A video/mp4 185 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Acidman
5.7

IMDb 5.4/10 ဒီတစ်ခေါက် ရုပ်ရှင်ပရိသတ်ကြီးကို Sci-fi/Drama အမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Acidman ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းကတော့ ရာစုနှစ်တစ်ခုလောက်ဝေးကွာနေတဲ့ အဖေနဲ့သမီး ပြန်လည်ဆုံတွေ့ကြပြီး ဖြစ်လာတဲ့အဖြစ်အပျက်လေးပဲဖြစ်ပါတယ်။ သမီးဖြစ်သူ Maggie ဟာ တစ်နေ့မှာရုတ်တရက်ကြီး သူ့အဖေအိမ်ကို ရောက်ချလာပါတယ်။ သူ့အဖေဆိုသူကတော့ သားသမီးတွေကို တစ်ခါမှမဆက်သွယ်ဘဲ လူသူကင်းမဲ့တဲ့ တောထဲတောင်ထဲမှာ ဂြိုလ်သားတွေအချက်ပြတာလို့ သူထင်နေတဲ့ အလင်းတွေကို စူးစမ်းရင်း ခွေးတစ်ကောင်ကလွဲလို့ တခြားဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ဘဲ တစ်ယောက်တည်းနေနေတာပါ။ အဲလိုနဲ့ သားအဖနှစ်ယောက် ဆုံတွေ့ကြရင်း သံယောဇဥ်ကြိုးတွေ ပြန်သွယ်နိုင်ပါ့မလား… Maggie တစ်ယောက် ရုတ်တရက်ရောက်လာရတဲ့အကြောင်းရင်းကရော သူပြောသလို သူ့အဖေအဆင်ပြေရဲ့လား လာကြည့်တာဟုတ်ပါ့မလားဆိုတာ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရူခံစားပေးကြပါဦးရှင် File size…(1.8 GB)/(700 MB)/(333 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho

Drama • TV Movie • Thriller
5.7 2023 87 mins
Acidman
End of Days
6

ငယ်စဉ်တောင်ကျေး ကလေးဘဝက အထိတ်တလန့်ကြီး ကြားလိုက်ရတယ်။ ကမ္ဘာပျက်မယ်တဲ့။ ဟင် ဘာလား။ ပျော်စရာကြီး။ ကမ္ဘာပျက်ရင် သူငယ်ချင်းတွေနဲ့ အတူတူထိုင်ကြည့်မယ်ပေါ့။ တိုင်ပင်ကြ။ ပြင်ဆင်ကြ။ မုန့်တွေ သစ်သီးတွေ စုဆောင်းသိမ်းဆည်းကြ။ အချိုလေးတည်းရင်း ကြည့်ရရင် သိပ်ဇိမ်ရှိမှာကိုးဗျ။ ဒါပေမဲ့ လူကြီးသူမတွေရဲ့မျက်နှာက သိပ်မကောင်းကြဘူး။ လက်ဖက်ရည်ဆိုင်တွေ အိမ်က လက်ဖက်ရည်ကြမ်းဝိုင်းတွေမှာ တိုးတိုး တိုးတိုးနဲ့ ငြင်းခုန်ကြ တိုင်ပင်ကြ။ ကလေးပေမဲ့လို့ သိတတ်တဲ့အရွယ်ဆိုတော့ ကမ္ဘာပျက်မယ့်ကိစ္စက ပျော်စရာမဟုတ်မှန်းသိပြီလေ။ ကိုယ်ဖတ်ရတဲ့ ကာတွန်းလေးတွေ မဂ္ဂဇင်းတွေထဲမှာလည်း အဲဒီအကြောင်း မမြင်ချင်မှအဆုံး။ လူတိုင်း လူတိုင်း ကမ္ဘာသူကမ္ဘာသားတိုင်းက ပူပင်သောကတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ ပြင်ဆင်နေရချိန်ပေါ့လေ။ မျောက်မူးလဲအောင် ဆော့တတ်တဲ့ကိုယ်တွေတောင် လူကြီးတွေမျက်နှာကိုငေးမောပြီး ငြိမ်ငြိမ်လေး ထိုင်နေတတ်လာတယ်။ လူကြီးမင်းတို့ မီတဲ့သူတွေ မီကြမှာပါ။ Y2K တဲ့။ ဘာလဲဟ ဝိုင်တူးကေ။ လူကြီးတွေပြောစကားနားထောင် လက်လှမ်းမီသလောက် စာလေးတွေဖတ်ပြီးသိလာပါတယ်။ Y က year၊ 2K က 2000။ အပြည့်အစုံပြောရရင် သက္ကရာဇ် ၂၀၀၀ ပေါ့ဗျာ။ သက္ကရာဇ် ၂၀၀၀ မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ကိစ္စက ၂၀၁၂ ကမ္ဘာပျက်မယ့်ကိစ္စထက် ပိုပြီးကျယ်ကျယ်လောင်လောင်ဖြစ်ခဲ့တယ်။ ပိုပြီး လက်တွေ့ဆန်တဲ့ သီအိုရီတွေရှိခဲ့တယ်။ ဇာတ်ကားအကြောင်းမပြောခင် နည်းနည်းလေပေါဦးမယ်ဗျာ။ သက္ကရာဇ် ၂၀၀၀ ဟာ သိပ္ပံနည်းကျ လက်တွေ့သဘောအရ လူသားတွေ ရင်ဆိုင်ရမယ့် ကပ်ဘေးကြီးနှစ်ခုရှိပါတယ်။ ငွေကြေးဖောင်းပွခြင်းနဲ့ ငွေကြေးတန်ဖိုးမငြိမ်ခြင်း တပြိုင်နက်တည်းဖြစ်ခဲ့တာမလို့ စီးပွားရေးလုပ်ငန်းတွေရဲ့ သင်္ချိုင်းကုန်းကြီးဖြစ်ခဲ့တာပါ။ ကုန်ပစ္စည်းသိုလှောင်ရောင်းချခြင်းနဲ့ လည်ပတ်တဲ့စီးပွားရေးက မတည်ငြိမ်တဲ့ ငွေတန်ဖိုးကြောင့် ဘာမှဆက်လုပ်လို့မရဘဲ ထိုးရပ်သွားတယ်။ နောက်တစ်ခုကတော့ ကွန်ပျူတာတွေပါပဲ။ မောင်းနှင်ထားတဲ့စနစ်က ၁၉၉၉ ခုနှစ်အထိပဲ ကွန်ပျူတာတွေက သိမှာမလို့ သက္ကရာဇ် ၂၀၀၀ အရောက်မှာ ကွန်ပျူတာတွေက ၂၀၀၀ ကိုမသိတော့ဘဲ ၁၉၀၀ ကိုပဲ ဖတ်တော့မှာမလို့ နှစ်တစ်ရာ နောက်ပြန်ရောက်သွားတဲ့အဖြစ်ပေါ့။ အဲဒီအတွက် ပြင်ဆင်နိုင်ဖို့ အသည်းအသန်ကြိုးစားကြပေမဲ့ ၁၉၉၉ နှစ်ကုန်ကာနီးအထိ ဘယ်သူမှ စနစ်သစ်ကို Launch မလုပ်နိုင်သေးလို့ ရုံးသုံးကွန်ပျူတာတွေ ရပ်ဆိုင်းမယ်လို့ သတင်းဌာနတွေကနေ တစ်မိနစ်ကို အကြိမ်တစ်ရာလောက် မြိန်ရေယှက်ရေ ပြောခဲ့ကြချိန်ပေါ့ဗျာ။ ကဲ အဲဒါကတော့ ဝိုင်တူးကေရဲ့ သိပ္ပံနည်းကျ ကမ္ဘာပျက်ခြင်းပေါ့လေ။ အခု ဇာတ်ကားအကြောင်းပြောပါတော့မယ်။ လူစီဖာ ဆိုတဲ့ ဘုရားသခင်ရဲ့ ဒုတိယသားဦး ကောင်းကင်တမန်နတ်က စေတန် ဆိုတဲ့နာမည်နဲ့ အဆိုးဘက်ကို ကူးပြောင်းသွားပြီး ငရဲပြည်မှာ ငရဲမင်းသားအဖြစ် စိုးစံနေတာကို သိကြမှာပါ။ အဲဒီနောက် ကမ္ဘာကိုဖျက်မယ့် အတွေးဆိုးတွေကြောင့် ငရဲရဲ့ အကျဉ်းထောင်ထဲမှာ အကျဉ်းချခံခဲ့ရပါတယ်။ ထောင်စုနှစ်တစ်ခုရဲ့အဆုံးမှာ စေတန်ဟာ အကျဉ်းထောင်ကနေလွတ်မြောက်လာပြီး ကမ္ဘာပေါ်ကိုတက် ကမ္ဘာပျက်နေ့ ကို ယူဆောင်လာမယ်တဲ့။ သမ္မာကျမ်းစာ အခန်း ၂၀ အပိုဒ်ငယ် ၇ မှာ အတိအလင်း ပါပါတယ်။ ကဲ မခက်လားဗျာ။ ကမ္ဘာကိုက ပျက်ချင်နေတာလားမသိပါဘူးနော်။ ဒီတော့ ၁၉၉၉ ခုနှစ်ရဲ့ နှစ်သစ်ကူးအကြိုည။ ကမ္ဘာပျက်မပျက် ငြင်းခုန်ကြတာတွေ ဘေးဖယ်ထား။ လူတွေစိတ်အဝင်စားဆုံးညမလို့ နယူးယောက်မြို့ရဲ့ ညဘက်လမ်းမတွေပေါ်မှာ ကြက်ပျံမကျ စည်ကားနေချိန်ပေါ့ဗျာ။ လူစီဖာက ကမ္ဘာပေါ်ကိုတက်လာမယ်။ ရွေးချယ်ခံမိန်းကလေးကိုရှာဖွေပြီး ကိုယ်လက်နှီးနှောရမယ်။ သူ့ရဲ့မျိုးစေ့ကို ချန်ခဲ့ရမယ်။ ငရဲတံခါးကိုဖွင့်လို့ ကမ္ဘာပျက်နေ့ကိုယူဆောင်လာရမယ်။ အဲဒီအချိန်မှာပဲ မင်းသားကြီးအာနိုး တာဝန်ယူစောင့်ရှောက်ရမယ့် လုပ်ငန်းရှင်ကိုယ်ထဲကို လူစီဖာ ဝင်ပူးသွားတယ်။ အဖြစ်တွေ ဆင့်ကဲဖြစ်လာရင်းနဲ့ ရွေးချယ်ခံမိန်းကလေးကို မင်းသားကြီးကစောင့်ရှောက်ပေးဖို့လိုအပ်တဲ့အဖြစ်ကိုရောက်လာပြီး မိန်းကလေးအနား လူစီဖာ မရောက်နိုင်ဖို့ ပြေးလွှားရှောင်တိမ်းကြရတဲ့အကြောင်းတွေပါ။ လူသားနဲ့ စေတန် နတ်ဆိုးရဲ့ တိုက်ပွဲကြီးပေါ့။ Oldie but Goodie လေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.3GB, 670MB Quality - 1080p, 720p, 480p IMDb Rating - 5.8/10 Format - mp4 Duration - 2H 2Min Genre - Action, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action
6 1999 121 mins
End of Days
The Lost Leonardo
6.9

~ IMDb - 7.5/10, Rotten Tomatoes - 97% ~ ကမ္ဘာကျော် မိုနာလီဇာရဲ့ အပြုံးကို အသက်သွင်းခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီကို မသိတဲ့သူမရှိဘူးပေါ့။ လီယိုနာဒို ဒါဗင်ချီဟာ ရီနေးဆန့်ခေတ်ရဲ့ နာမည်ကျော် အနုပညာသည်ကြီးတွေထဲက တစ်ယောက်ဖြစ်ပြီး မိုက်ကယ်အိန်ဂျလိုနဲ့ ခေတ်ပြိုင်လည်း ဟုတ်သလို ပန်းချီတင်မက သိပ္ပံ မက္ကင်းနစ်အပါအဝင် တခြားလိုင်းပေါင်းများစွာမှာ ထူးချွန်တဲ့ ဂျီးနီးယပ်တစ်ယောက်ပါပဲ။ လိုင်းပေါင်းများစွာထူးချွန်ပေမဲ့လည်း သူလုပ်သမျှတွေက ခပ်ပေါပေါတွေတော့မဟုတ်ခဲ့ပါဘူး။ မိုနာလီဇာက သက်သေတစ်ခုပဲမို့လား။ ဒီရုပ်ရှင်ကတော့ မိုနာလီဇာအထီးလို့ခေါ်တဲ့ မိုနာလီဇာနဲ့ ဒီဇိုင်းခပ်ဆင်ဆင် ယောက်ျားပုံတစ်ပုံကို တွေ့ရှိတဲ့အကြောင်းပါ။ အဲဒီပန်းချီကားကို Salvator Mundi လို့ခေါ်ပြီး လီယီုနာဒိုလက်မှတ်မထိုးထားတဲ့ ဟန်ကိုကြည့်ပြီး ဆုံးဖြတ်ရတဲ့ ပန်းချီကားလည်းဖြစ်ပါတယ်။ ထူးတာက ဒီကားက လီယီုနာဒိုရဲ့ ကားဟုတ်မဟုတ် အငြင်းပွားမှုတွေအတော်များခဲ့ပြီး အခုထိလည်း မသဲကွဲကြသေးပါဘူး။ ၁၅ရာစုကပန်းချီဟာ ၂၀၀၅လောက်မှာပေါ်လာခဲ့ပြီး လီယိုနာဒိုရဲ့ ပျောက်ဆုံးနေတဲ့ကား တွေ့ရှိခဲ့ရတဲ့ထဲ လီယီုနာဒိုရဲ့ နောက်ဆုံးပန်းချီကားလို့ ဆိုကြတာကို လူအများစုကတော လက်မခံနိုင်ခဲ့ပါဘူး။ သို့ပေမဲ့ ဒီကားကို ပြတိုက်တွေကတော့ လီယိုနာဒိုကားအနေနဲ့ပဲ ပြသခဲ့ပါတယ်၊ လေလံဆွဲတင်ရာမှာလည်း ဈေးအမြင့်ဆုံး အနုပညာပစ္စည်းအဖြစ် သန်း၄၅၀အထိ ရခဲ့ပါတယ်။ သို့ပေမဲ့ ဒီဖြစ်ရပ်တွေဟာ ဒီလောက်ရိုးရှင်းနေခြင်းမရှိဘဲ နောက်ကွယ်မှာအာဏာ နိုင်ငံရေး ငွေ စတာတွေ ဝင်ပတ်သက်နေပါတယ်။ အနုပညာပစ္စည်းတွေကို ကျွန်တော်တို့မြင်တဲ့အမြင်ကတော့ ရိုးရှင်းပေမဲ့ တကယ်တမ်းမှာ ဒီလောက်ရိုးရှင်းမနေဘဲ အနုပညာပစ္စည်းတွေဟာ ဘိန်းနဲ့ ညဉ့်ငှက်ဈေးကွက်ပြီးရင် မသမာဆုံးဈေးကွက်ကို ပိုင်ဆိုင်ထားတယ်တောင် ဆိုကြတဲ့အထိ နောက်ကွယ်မှာ ရှုပ်ထွေးပွေလီပါတယ်။ ဒီရုပ်ရှင်ကတော့ လီယိုနာဒိုရဲ့ နောက်ဆုံးပန်းချီကားနဲ့တကွ အနုပညာအရောင်းအဝယ်အမည်ခံ မသမာမှုတွေ ရှုပ်ထွေးပွေလီမှုတွေအကြောင်း ကျွန်တော်တို့ကို အလင်းဖွင့်ပြပေးမယ့် ရုပ်ရှင်ပါပဲ။ ဗဟုသုတအနေနဲ့ရော ပန်းချီတွေကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့ရော ကြည့်သင့်တဲ့ ၁၀၀ရာခိုင်နှုန်းဖြစ်ရပ်မှန် ဒိုကူမန်ထရီဇာတ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 850MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 36Min Genre - Documentary, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Animation • Comedy • Family • Fantasy • Music • Mystery
6.9 2021 95 mins
The Lost Leonardo
Gunday
5

မင်းသမီးချော ပရီရန်ကာချော်ပရာနဲ့ မင်းသားတွေကတော့ ရမ်ဘီဆင်းနဲ့အာဂျွန်းကပူးတို့ပါ...Irrfan Khan လဲပါပါသေးတယ်။ ငယ်ငယ်က ဘဝနာခဲ့ရတဲ့ သူငယ်ချင်း ၂ ယောက် လူမိုက်လူကြမ်းကြီးတွေအဖြစ် ကြီးပြင်းလာကြရာကနေ သူတို့ဘဝထဲကို အကအလှမယ်လေးတစ်ယောက် ဝင်လာတဲ့အခါမှာတော့... ၃ ပွင့်ဆိုင် အချစ်နဲ့ သူငယ်ချင်း ညီကို သံယောဇဉ်တွေကြား ဗျာများရပုံတွေနဲ့... သူတို့ရဲ့ ဒုစရိုက်မှုတွေကြောင့် ရဲတွေကလဲ အချီကြီးလိုက်ကြနေတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ...။ Fun ဖြစ်အောင် ရောင်စုံအလှ အက ရသစုံတင်ဆက်ထားတဲ့ အက်ရှင်ဒရမ်မာရုပ်ရှင်ကားပါ။ Budget ရူပီး 310 Million ကုန်ချခံရိုက်ကူးခဲ့ပြီး Box office ဝင်ငွေ ရူပီး 1200 Million ကျော်မြတ်စွန်းခဲ့ပါတယ်။ File size…(3.8 GB)/(1.4 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

5 2014 152 mins
Gunday
Love 101

ဂင်မ်ချီမြေက “ဦး” တွေကိုပဲငမ်းနေကြတဲ့ ယူတို့တွေ သင်္ဘောသီးထောင်းမြေက “ဦး” ကိုရော ပြောင်းမငမ်းချင်ကြဘူးလား ? လက်ရှိမှာ တပ်ကြပ်ရာထူးနဲ့တာဝန်ထမ်းဆောင်နေပြီး မနက်မိုးလင်းတာနဲ့အလုပ်ခွင်ဝင် ညနေအိမ်ပြန်ရောက်ရင် အနားယူ .. အိပ် .. နေ့စဥ်နေ့တိုင်း ဘဝကို ဒီလိုပျင်းစရာကောင်းအောင်ဖြတ်သန်းနေရတဲ့ “ဒန်း” ဘဝထဲကို တစ်နေ့မှာတော့မြားနတ်မောင်ကြီးရဲ့ကူညီစောင်မမှုနဲ့ အထက်တန်းကျောင်းသူအရွယ် “ဖတ်” ရောက်လာခဲ့တယ်။ မြင်မြင်ချင်းအချစ်လို့ပဲပြောရမလား အသက် ၃၀ ကျော်ကွာပြီး အဖေ့ထက်တောင်အသက်ကြီးတဲ့ “ဒန်း” ကို တခြားသူတွေက “ခွေးချီးရုပ်, ဂြိုဟ်သားရုပ်, ဖားကိုပြုတ်ထားတဲ့ရုပ်” အမျိုးမျိုးဝေဖန်ကြပေမယ့် “ဖတ်” မျက်လုံးထဲမှာတော့ “ဦး” က ရိုးရိုးလေးနဲ့ခန့်နေခဲ့တာပေါ့:) ဒီလိုနဲ့နှစ်ယောက်သား fall in love သွားကြပြီး နှစ်ယောက်ကြားအသက်ကွာဟမှုက များလွန်းတာကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်လာရပါတော့တယ်။ အတားအဆီးတွေအများကြီးနဲ့ “ဦး နဲ့ သမီး” ရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုဖြစ်မလဲ .. “ဦး” အဖြစ် ထိုင်းဟာသကားပေါင်းများစွာရဲ့အဓိကဇာတ်လိုက်ကျော် “Phetthai Vongkumlao” နဲ့ “ဖတ်” အဖြစ် မင်းသမီးချောလေး “Daraphak Thawinun” က ပါဝင်သရုပ်ဆောင်ထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance Quality…. 1080p | 720p | 480p File size… 1.2GB | 674MB | 332MB Format… mp4 Duration….1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lai Laii Encoder .....August

Drama • Horror • TV Movie • Thriller
0 2022 90 mins
Love 101
Barbie in A Christmas Carol
6.3

ဒီဇာတ်လမ်း​လေးက​တော့ က​လေး​တွေအတွက် ဘယ်​တော့မှ မရိုးနိုင်တဲ့ ဘာဘီဇာတ်ကား​လေးပဲဖြစ်ပြီး ခရစ္စမတ်themeနဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းက​တော့ ခရစ္စမတ်အကြိုည​နေခင်း ရန်ပုံ​ငွေကပွဲကို သွားရမယ့် ဘာဘီ မင်းသမီး​လေးဟာ ညီမ​ဖြစ်သူရဲ့ ကပွဲကိုမလိုက်ချင်ဘူးဆိုတဲ့ ဂျီတိုက်မှု​ကြောင့် ပုံပြင်​တစ်ပုဒ်နဲ့ ​ချော့ဖို့ဖြစ်လာပါတယ်။ ဘာဘီ​​ပြောပြလိုက်တဲ့ ပုံပြင်က​တော့ ခရစ္စမတ်ရဲ့နာမည်​​ကျော် ပုံပြင်တစ်ပုဒ်ဖြစ်တဲ့ ခရစ္စမတ်ရဲ့တ​စ္ဆေ၃​ကောင်ဆိုတဲ့ ပုံပြင်ပါ။ အဲဒီပုံပြင်ကို ဘာဘီမင်းသမီးရဲ့ဇာတ်လမ်းအဖြစ် ဘယ်လိုမျိုး ဆန်းသစ်ထားမလဲ၊ က​လေး​တို့အတွက် ဘယ်လိုသင်ခန်းစာမျိုး ​ပေးစွမ်းသွားမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size… 1.73GB / 999MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 16m Genre ….. Animation , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

6.3 2008
Barbie in A Christmas Carol
The Hyperions

“ဟိုက်ပါရီရန်များ” 2022 မှာထွက်ရှိထားတဲ့ စူပါဟီးရိုး parody ဟာသကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကို ၁၉၇၉ မှာ တည်ထားပြီး ကျွန်တော်တို့မြင်နေကျ အခုခေတ်ကားတွေလို ရိုက်ထားတာ မဟုတ်ဘဲ ကျွန်တော်တို့ ငယ်ငယ်က အခွေနဲ့ကြည့်လို့ကောင်းခဲ့တဲ့ B-movie တွေလိုမျိုး ဇာတ်ကားပါ ဇာတ်လမ်းအကျဥ်းကတော့ ၁၉၆၀ မှာ ပရော်ဖက်ဆာ ရက်ကတ်စ်ဆိုသူက စူပါ ပါဝါတွေ အသုံးပြုလို့ရတဲ့ Titan တံဆိပ်ကို တီထွင်ခဲ့ပြီး ဟိုက်ပါရီရန်(The Hyperions) ပရောဂျက်ကို တည်ထောင်ခဲ့ပါတယ် ပထမဆုံး Hyperions တွေဖြစ်ကြတဲ့ ဗစ်စတာနဲ့ အန်ဆယ်တို့နှစ်ယောက်က တစ်နေ့မှာ ရာထူးက ရပ်ဆိုင်းခံလိုက်ရပြီး Titan Badge တွေ ရုတ်သိမ်းခံလိုက်ရပါတယ် … Hyperion မျိုးဆက်သစ်တွေနဲ့ ရှေ့ဆက်လာခဲ့ရာကနေ တစ်နေ့တော့ ဗစ်စတာနဲ့ အန်ဆယ်တို့ မောင်နှမက Hyperion ပြတိုက်ကို ဝင်စီးပြီး ဓားစာခံတွေ ဖမ်းထားပါတယ် ပရော်ဖက်ဆာ ရက်ကတ်စ်ကို ခြိမ်းခြောက်ပြီး ဓားစာခံတွေကို Titan Badge တွေနဲ့ ပြန်လဲဖို့ လုပ်တဲ့အခါမှာ… တစ်ချိန်က သားအဖအရင်းလို ဆက်ဆံရေးရှိခဲ့တဲ့ ပရော်ဖက်ဆာနဲ့ ဗစ်စတာတို့ ဘယ်လို တင်းမာမှုတွေ ဖြစ်လာမလဲ သူတို့နှစ်ယောက်ရဲ့ လူတွေမသိတဲ့ တကယ့်အကြောင်းရင်းက ဘာလဲဆိုတာကိုတော့… DVD/EVD ခေတ်က ဘတ်ဂျက်နည်း B ရုပ်ရှင်တွေရဲ့ အရသာကို ပြန်လည်ခံစားနိုင်မယ့် ဒီကားလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဘာသာပြန်ကတော့ Sike Tanဖြစ်ပါတယ်။ File size…(1.8 GB)/(536 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre…Action, Science Fiction, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Crime • Thriller
0 2022
The Hyperions
Merry Good Enough
5.6

ဒီဇာတ်ကား​လေးက ခရစ္စမတ်ကာလကို အ​ခြေခံထားတဲ့ မိသားစု ဇာတ်ကား​​သစ်လေးပဲဖြစ်ပါတယ်။ IMDb 5.6,RT 95%ရထားပြီး မိသားစု​​တွေကြားမှာ ဖြစ်တတ်တဲ့ ပဋိပက္ခ​​တွေ၊ နားလည်မှုလွဲတဲ့ ပြဿနာ​တွေကို ပုံ​ဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ လူစီဟာ မိသားစုနဲ့ အ​စေးသိပ်မကပ်တဲ့ သမီးလတ်တစ်ဦးပါ။ ခရစ္စမတ် အချိန် ရောက်လာ​တော့ မိသားစုနဲ့အတူ ပိတ်ရက်ကိုဖြတ်သန်းဖို့ အိမ်ပြန်လာရင်း ခရစ္စမတ်မတိုင်ခင်မှာပဲ အ​မေနဲ့စကားများခဲ့ကြ ပါတယ်။ ​နောက်တစ်​​နေ့မှာ​တော့​ အ​မေဖြစ်သူ အိမ်​ပေါ်က ဆင်း​ သွားတဲ့အတွက် ညီအစ်မသုံး​ယောက်နဲ့ အရင်​ယောကျ်ား​ဟောင်း သူတို့အ​ဖေပါ ​ပေါင်းပြီး အ​​​မေဖြစ်တဲ့ ကာရိုးလ်ကို လိုက်ရှာရင်း မိသားစုတွေကြားက မ​ကျေလည်မှု​၊ ပြဿနာ​တွေကို တစ်ခုချင်း ​ပြေလည်​အောင် ညှိယူ​သွားပုံ၊ ဖြေရှင်းသွားပုံ​တွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size…1.56GB / 741MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

5.6 2023 98 mins
Merry Good Enough
Zack Snyder’s Justice League
8.9

(function(f,b,n,j,x,e){})(); DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်…..DCEU ရုပ်ရှင်အားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/dceu/ ကြည့်လို့ရပါတယ်။ CM App မှာတော့ 4K Quality နဲ့ ကြည့်လို့ရပါတယ်။ DCEU အနေနဲ့ ရုပ်ရှင် (၁၆) ကား ထွက်ရှိခဲ့ပါတယ်။ – Man of Steel (2013) – Batman vs Superman: Dawn of Justice (2016) – Suicide Squad (2016) – Wonder Woman (2017) – Justice League (2017) (Theatrical Cut) – Aquaman (2018) – Shazam! (2019) – Birds of Prey (and the Fantabulous Emancipation of One Harley Quinn) (2020) – Wonder Woman 1984 (2020) – Zack Snyder’s Justice League (2021) – The Suicide Squad (2021) – Black Adam (2022) – Shazam!: Fury of the Gods (2023) – The Flash (2023) – Blue Beetle (2023) – Aquaman and the Lost Kingdom (2023) +++++++++++++++++++++++++++++ Zack Snyder’s Justice League (2021) [or ] Justice League (2017) IMDb Rating (7.9) / Rotten Tomatoes (72%) စောင့်မျှော်နေတဲ့ Snyder’s Cut တော့ ထွက်ရှိလာပါပြီ 2017 မှာထွက်ရှိခဲ့တဲ့ Justice League ရဲ့ အကြီးအကျယ် Failed တာကြောင့် DC ပရိတ်သတ်တွေဟာ Zack Snyder နှုတ်မထွက်ခင်က Version ကို WB ကိုအသည်းအသန်တောင်းကြပါတယ် 4 နှစ်အကြာမှာတော့ အိမ်မက်တွေဖြစ်မြောက်ပြီလို့ဆိုရမှာပါ ဒီဇာတ်ကားဟာ Super Man & Batman ကားရဲ့ အဆုံးသတ်ကနေစပြီး ဇာတ်လမ်းပြန်တည်ထားပါတယ်..SuperMan သေဆုံးပြီးတဲ့နောက် ကနေစပြီး Mother Box သုံးခုနိုးထလာမှုနဲ့အတူ Steppenwolf ဟာ လိုက်လံစုဆောင်းပါတော့တယ် Mother Box သုံးခုရဲ့ကြီးမားတဲ့ အစွမ်းကိုသိနေတဲ့ Wonder Woman ဟာ Bruce Wayne ကိုပြောပြပြီး ဖြစ်လာမယ့် အန္တရာယ်တွေအတွက် တားဆီးဖို့ လူစုခိုင်းပါတော့တယ် ဒီလိုနဲ့ပဲ Justice League အဖွဲ့ဖြစ်တည်လာဖို့ Bruce Wayne ကစတင်ပြီး လူစုပါတော့တယ်…ဒီဇာတ်ကားဟာ 4 နာရီကြာမြင့်တာဖြစ်ပြီး တချို့ဇာတ်ကောင်တွေရဲ့ Origin တွေဟာလည်းပြည့်ပြည့်စုံစုံပါတယ် ဒီတခါတော့ JL ဟာသင်တို့ကိုစိတ်ပျက်စေမှာမဟုတ်လောက်ဘူးလို့ထင်ပါတယ်… Screen Ratio ကတော့ Zack Snyder ရဲ့ သူ့ Original အတိုင်း ခပ်ရှည်ရှည်ပဲဖြစ်ပါမယ်။

Drama • Romance
8.9 2021
Zack Snyder’s Justice League
Arranged Love
6

အင်္ဂလိပ်စကားပြော အိန္ဒိယ ရိုမန့်တစ် ရုပ်ရှင်လေးတစ်ကားဖြစ်ပြီး ဇာတ်လမ်းလေးကလည်း ဆန်းတာမို့ အတော်လေးကြည့်ပျော်မှာပါ မင်္ဂလာဆောင်က ထွက်ပြေးသွားသော သတို့သမီး မီရာဟာ ဦးလေးအဒေါ်နှစ်ယောက်နဲ့ နေထိုင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပြင်းထန်တဲ့ မိန်းမငယ်လေးပါ မင်္ဂလာဆောင်မှာ သတို့သားကို ငုတ်တုတ်မေ့ကျန်နေစေခဲ့ပြီး အရာအားလုံးကို စွန့်ပယ်လို့ အမေရိကားကို ထွက်လာခဲ့တဲ့ ၈ နှစ်ကြာမှာတော့ နည်းပညာစွန့်ဦးတီထွင်သူ တစ်ဦး ဖြစ်လို့နေပြီ ဒါပေမဲ့ ကုမ္ပဏီဒေဝါလီခံမယ့်အရေး ပြဿနာတစ်ခုပေါ်လာတော့ကား ငွေကြေးလိုအပ်လာလို့ အိန္ဒိယက အဒေါ်တို့ထံ သူ့အမေရဲ့အမွေကို တောင်းရဖို့ဖြစ်လာတယ် သို့ပေမယ့်လည်း အိန္ဒိယလူမျိုးနဲ့ လက်ထပ်ရမယ်ဆိုတဲ့အချက် သေတမ်းစာမှာပါနေတာကြောင့် “ဟန်ဆောင်ယောကျာ်း” ရှာဖို့ အလုပ်မှာတော့ … File size…(1.6 GB)/(840 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

Drama
6 2023
Arranged Love
Seize Them!
5.1

2024 ခုနှစ်ထွက် အသစ်စက်စက် ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့လို ခေတ်ဟောင်း မင်းညီမင်းသား ဘုရင်တွေအုပ်စိုးတဲ့ခေတ်ကို နောက်ခံထားပြီး ကြိုက်တတ်တဲ့လူတွေ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်သင့်တဲ့ ဇာတ်ကောင်းကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင် ဒေဂန်ဆိုတဲ့ ဘုရင်မငယ်ငယ်လေးတစ်ယောက်ရှိပါတယ်။ တစ်ဦးတည်းသောသမီးဖြစ်ပြီး တိုင်းရေးပြည်ရေးလေး ဘာမှသေချာမသိတဲ့ မိန်းမငယ်လေးတစ်ယောက်ဖြစ်တာနဲ့အညီ ထုတ်ထားတဲ့ ဥပဒေတွေဟာလည်း ပြည်သူတွေကိုအတော်လေးအကြပ်ရိုက်နေစေခဲ့တာပါ။ အဲဒီအချိန်မှာပဲ ကြောင်သူတော်လုပ်ပြီး ပြည်သူတွေကိုကယ်တင်ဖို့ တော်လှန်တာပါဆိုပြီး ဟမ်းဘဲဂျုန်းဆိုတဲ့ အမျိုးသမီးက ဦးဆောင်ပြီးတော်လှန်တာ အောင်မြင်သွားခဲ့ပါတယ်။ ဆိုတော့ ထီးနန်းကျပြီး သတ်မှာစိုးလို့ ထွက်ပြေးသွားတဲ့ ဘုရင်မဒေဂန်ဟာ သူ့ကိုကယ်တင်ပေးမယ်ဆိုတဲ့ အိမ်နီးချင်းဘုရင် ၂ပါးဆီအကူညီတောင်းဖို့ မိုင်တစ်ရာ့လေးဆယ်ရှိတဲ့ ခရီးကို ကုန်းကြောင်းလျှောက်သွားပြီး စွန့်စားခန်းဖွင့်ပါတော့တယ်။ အဲဒီတော့ ဘယ်သူတွေက သူ့ကိုကူညီပေးမှာလဲ ဘယ်လိုလူတွေနဲ့တွေ့ပြီး ဘယ်လိုတွေဆက်ဖြစ်မှာလဲ။ သူ့ရဲ့ထီးနန်းရော ပြန်ရမှာလားဆိုတာကိုတော့ ဒီဇာတ်ကားလေးကို ဒေါင်းလုပ်ဆွဲပြီးကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ File size…(1.5 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ko Wunna

5.1 2024
Seize Them!
Indian
8.1

Indian 1996 (အင်ဒီးယန်း) IMDb 8.1/10 ဒီဇာတ်ကားလေးဟာ ၁၉၉၆ ခုနှစ်ဝန်းကျင်တုန်းက အိန္ဒိယပြည်ရဲ့ အစိုးရဝန်ထမ်းတွေ အကျင့်ပျက်ခြစားမှုကို မီးမောင်းထိုးပြထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ အသက် ၇၀ အရွယ်ရှိတဲ့အဘိုးတစ်ယောက်ဟာ အကျင့်ပျက်ခြစားနေတဲ့ အစိုးရဝန်ထမ်းတွေကို တွန်းလှန်လာရာကနေ ဇာတ်လမ်းလေးကိုအစပျိုးထားတာပဲဖြစ်ပါတယ်။ ဒီလိုနဲ့သူယှဉ်ပြိုင်လာရာကနေ သုံးယောက်မြောက်ကျော်လာပြီးတဲ့အခါမှာတော့ သူ့ရဲ့သားဖြစ်သူဟာလည်း ခြစားနေတဲ့သူတွေထဲကတစ်ယောက်ဆိုတာ သူသိလာရတဲ့အခါ သားနဲ့အဖေကြား ပြဿနာတွေနဲ့ရင်ဆိုင်လာရပါတော့တယ်။ သူစက်ဆုတ်ရွံရှာနေတဲ့အကျင့်ပျက်ခြစားမှုနဲ့ ချစ်ရတဲ့သားဖြစ်သူတို့ကြား လွန်ဆွဲလာရတဲ့အခါ သူဘာကိုရွေးချယ်ရမလဲဗျာများလာရပါတော့တယ်။ ဒီလိုနဲ့ပဲသူမုန်းတီးနေတဲ့အရာကို ဆက်တွန်းလှန်သွားနိုင်မလား သားဖြစ်သူရဲ့အကျိုးကိုငဲ့ပြီး နောက်ဆုတ်သွားရမလားဆိုတာကို အချစ်၊ အမုန်း၊ နာကြည်းမှုတွေနဲ့စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Thriller
8.1 1996 185 mins
Indian
The Bad Orphan
5

ဂျက်စီကာနဲ့ ကားလ်တို့ ဇနီးမောင်နှံမှာ ကောလိပ်တက်တော့မယ့် သမီးတစ်ယောက်ရှိသော်ငြား ဂျက်စီကာက အသက် ၄၀ လည်း ကျော်လာပြီးဖြစ်ကာ ကလေးနောက်တစ်ယောက်ထပ်လိုချင်တဲ့အတွက် ဂက်ဘီလို့ ခေါ်တဲ့ ၈ နှစ်သမီးအရွယ် ကလေးတစ်ယောက်ကို မွေးစားလိုက်ပါတော့တယ်။ ဂက်ဘီက အိမ်ကိုစရောက်လာစဉ်ကတော့ ကောင်းမိကောင်းလျက်နဲ့ တဖြေးဖြေး ဗီဇကပေါ်လာပြီး တစ်အိမ်လုံးကို ပြဿနာရှာတော့တာပါပဲ။ ဂျက်စီကာအနေနဲ့ သူမအပေါ် သံသယရှိပေမယ့် ကားလ်က သူမပြောသမျှကို မယုံကြည်ပါဘူး။ လူမှုဆက်ဆံရေးဘဝတွေမှာပါ မိတ်ပျက်လောက်တဲ့အထိ ပြဿနာရှာလာတဲ့ ကလေးကို သူတို့မိသားစု ဘယ်လိုရင်ဆိုင်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.2 GB)/(560 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

5 2024
The Bad Orphan
Maybe Baby aka Bytte bytte baby
5.8

ဤဇာတ်ကားတွင် မိသားစုနှင့်ကြည့်ရှုရန်မသင့်သောဇာတ်ဝင်ခန်းအချို့ပါရှိပါသည်။ ဒီဇာတ်ကားလေးမှာကျွန်တော်တို့ပုံမှန်တွေ့နေရတာနဲ့ ကွဲထွက်နေတဲ့ဇာတ်လမ်းလေးကိုရှုစားကြရမှာပါ။ ဒီဇာတ်ကားမှာပါတဲ့ ခေါင်းဆောင်မင်းသားကြီး Lars Rantheနဲ့ မင်းသမီးကြီး Mille Dinesenတို့ဟာ ဒိန်းမတ်ပြည်တွင်းမှာသာမကဘဲ နိုင်ငံတကာရုပ်ရှင်ဆုများပါ ခူးဆွတ်ရယူဖူးသူတွေဖြစ်ကြပါတယ်။ နာမည်ကြီးဒိန်းနစ်သရုပ်ဆောင်တွေပါဝင်သရုပ်ဆောင်ထားပြီး ဒိန်းနစ်ရုပ်ရှင်ဆုများခူးဆွတ်ထားတဲ့ ဒါရိုက်တာ Barbara Topsøe-Rothenborgရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Cecilie ဟာ အသက်ကြီးကြီး၊ အရမ်းစည်းကမ်းကြီးပြီးစာအုပ်ကြီးအတိုင်းသွားတတ်တဲ့မိန်းမတစ်ယောက်ဖြစ်ပြီး ခေတ်မီဆေးပညာကို အကြွင်းမဲ့ယုံကြည်သူတစ်ဦးပါ။ တစ်ဖက်က Liv ကတော့ ခပ်ငယ်ငယ် ပြီးတော့ Cecilie နဲ့ဆန့်ကျင်ဖက်။ စာအုပ်ကြီးလမ်းစဉ်တွေ၊ ခေတ်မီဆေးပညာတွေကိုအယုံအကြည်မရှိ စိတ်ဝိညာဉ်ကျန်းမာမှ ကိုယ်ရောစိတ်ပါကျန်းမာမယ်ဆိုတဲ့ယုံကြည်ချက်ကြောင့် လွတ်လပ်စွာနေထိုင်တတ်တဲ့လူမျိုး။ သူတို့နှစ်ယောက်က လမ်းချင်းတောင်တူစရာအကြောင်းမရှိလောက်အောင် မတူကွဲပြားကြတဲ့မိန်းမနှစ်ယောက်ဖြစ်ကြပေမယ့် သူတို့မှာတူညီတဲ့အချက်တစ်ချက်ရှိပါတယ်။ ဒါကတော့ သူတို့နှစ်ယောက်လုံးဟာကလေးလိုချင်ပေမယ့် သဘာဝအတိုင်းရနိုင်ဖို့ခက်ခဲနေကြတာပါပဲ။ သန္ဓေအောင်ဖို့ဆေးခန်းပြရင်း ဆေးခန်းရဲ့မတော်တဆတစ်ခုကြောင့် သူတို့နှစ်ယောက် တစ်ယောက်ကိုယ်ဝန်ကိုတစ်ယောက်လွယ်ရဖို့ဖြစ်လာတဲ့အခါမှာ သူတို့နှစ်ယောက်ကြားက မတူညီမှုတွေကိုဘယ်လိုညှိယူကြရမလဲ၊ ဘယ်ကလေးကိုဘယ်သူကယူကြမှာလဲ၊ ကြားထဲမှာရော ဘယ်လိုအလွဲတွေကြုံရဦးမလဲဆိုတာကို ဟာသလေးတွေနဲ့ရယ်မောပြီးရှုစားကြရမှာပါ။ ဒီကားလေးက ဇာတ်လမ်းလှည့်ကွက်များများစားစားမပါဘဲ ရိုးရှင်းတဲ့ဇာတ်အိမ်လေးနဲ့ ထူးခြားတဲ့အကြောင်းအရာတစ်ခုကို ဟာသ​နှောပြီးတင်ဆက်ထားလို့ ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေကြိုက်ကြမယ့်ကားလေးပါ။ File size…(1.7 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar Maw

Science Fiction • Horror • Comedy • Action
5.8 2023 104 mins
Maybe Baby aka Bytte bytte baby
Imago
6.2

Imago (2024) IMDb Rating (6.2) အရွေ့တွေအရ စိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံတစ်ခုဖြစ်တဲ့ ပိုလန်ရဲ့၁၉၈၀ကာလကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ ကွန်မြူနစ်ပိုလန်ပြည်သူ့သမ္မတနိုင်ငံရဲ့ မှုန်ရီပြာတဲ့ အခြေအနေနဲ့ ခေတ်ကာလကြား ရှင်သန်ခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခေတ်ကာလတစ်ခုကို ဖြတ်သန်းပုံနဲ့ ရင်ဆိုင်ပုံတွေကို ပြထားတယ်လို့ပြောလို့ရပါတယ်။ post-punk psychological dramaလို့ ဆိုပါတယ်။ ဂီတအကြောင်းလည်း နည်းနည်းတော့ပါသလို အဓိကဇာတ်ကောင်ကလည်း ပိုလန်က နာမည်ကြီးအဆိုတော်ဖြစ်သွားခဲ့တဲ့အပိုင်းလည်းပါတယ်။ ဒီရုပ်ရှင်ဟာ ကျွန်တော့်အတွက်လည်းမဟုတ်သလို လူတိုင်းအတွက်လည်းမဟုတ်ပါဘူး။ ဒီနိုင်ငံတွေရဲ့ အရွေ့တွေကို ကျွန်တော်တို့ထက်ပိုကျွမ်းဝင် စိတ်ဝင်စားတဲ့လူတွေအတွက်ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင်တော့ အားရကျေနပ်ကြလိမ့်မယ် မထင်ပါဘူး။ (ဝတ်လစ်စလစ်အခန်း တချို့ပါဝင်သောကြောင့်မိသားစုနဲ့ အတူတူကြည့်ရန်မသင့်တော်ပါ။) (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.8 GB) / (990 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:54:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Drama
6.2 2024 113 mins
Imago