YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Gen V (2023) S01 E05 720p WEB-DL [RMC].mp4

309.32 MB 720p video/mp4 13 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Padmaavat
6.9

သမိုင်းရာဇဝင်အခြေခံ ဒရာမာကားအမျိူးအစား Padmaavat ရုပ်ရှင်ဟာ ဒါရိုက်တာ Sanjay,Ranveer နဲ့Depika တို့ ၃ ဦးအတူရိုက်ကူးတဲ့တတိယမြောက် ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Sanjay ဆိုတာ ဘောလီးဝုဒ်မှာ Classic ရုပ်ရှင်တွေကို ဦးစားပေးရိုက်ကူးအောင်မြင်သူတစ်ဦးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက စလ်မားန်ခါးန် နဲ့Aishwaray တို့ရဲ့ Hum Dil De Chup Ke Sanam၊ရှာရွခ်ခါးန် နဲ့Devdas စတဲ့ ရုပ်ရှင်ကားကောင်းတွေကို ရိုက်ကူးပြီး ဘောလီးဝုဒ်ပရိသတ်တွေကို ညို့ယူဖမ်းစားနိုင်စွမ်းရှိတဲ့ ဒါရိုက်တာတစ်ယောက်ပါ။ ဒီဇာတ်ကား စရိုက်ကတည်းက ပြသနာပေါင်း သောင်းခြောက်ထောင်တက်ခဲ့ပြီး ရှုတင်ဖျက်စီးခံခဲ့ရပါတယ်။ ဒါရိုက်တာ ပါးရိုက်ခံရပါတယ်။ ဆက်တင်တစ်ခုလုံး မီးတင်ရှို့ခံခဲ့ရပါတယ်။ မင်းသမီး ဒီပီကားနှာခေါင်းဖြတ်ပေး၊မုဒိမ်းကျင့်ပေး၊ခေါင်းဖြတ်ပေးရင် ရူပီ ကုဋေ ဘယ်လောက်ပေးမယ်၊ဒါရိုက်တာ ခေါင်းဖြတ်ပေးရင် ရူပီး ၅ ကုဋေပေးမယ် စသဖြင့်အကြီးအကျယ် ခြိမ်းခြောက်ခံခဲ့ရပြီး ကျော်လွှားခဲ့ရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မွတ်စလင်မ်ဘုရင်တစ်ဦး နဲ့ဟိန္ဒူဘုရင့်မိဖုရားတို့အကြား လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်က ဖြစ်ပျက်ခဲ့တဲ့ ရာဇဝင် တစ်ခုကို အခြေခံရိုက်ကူးထားပြီး ရာဇဝင်မှာ မွတ်စလင်မ်ဘုရင်ကဟိန္ဒူဘုရင်နဲ့မျိူးနွယ်တွေအပေါ် မတရား၊အနိုင်ကျင့်၊စော်ကားခဲ့မူ တွေကြောင့် ရားဂျ်ပူးသ် ဟိန္ဒူမျိုးနွယ်ဝင်တွေဟာ နှစ်ပေါင်းရာနဲ့ချီ မွတ်စလင်မ်ဘုရင်ကို မုန်းတီးခဲ့ကြတာပါ။ ဇာတ်လမ်းကတော့ သမိုင်းဖြစ်ရပ်မှန်နဲ့ထပ်တူမဖြစ်ပါဘူး။ ရုပ်ရှင်ဆိုတဲ့အတွက်ကြောင့် ပရိသတ်စိတ်ဝင်စားနိုင်မဲ့ ဇာတ်ညွှန်းကိုပြင်ဆင်ရေးသားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ Spoiler Alert! ဇာတ်လမ်းကို Ranveer Singh နဲ့စထားပါတယ်။ Ranveer ဟာသူ့ဦးလေးဖြစ်သူ ဒေလီရဲ့ဘုရင် Sultan Jallaluddin Khilji နဲ့လာရောက်တွေ့ဆုံပြီး ဦးလေးရဲ့ သမီး Aditaya Rio ကို တောင်းပါတယ်။ Aditya ကလည်း Ranveer ကို ကြိုက်နေတဲ့အတွက်သူတို့၂ ဦးကို ဘုရင်က လက်ထပ်ပေးလိုက်ပါတယ်။ မင်္ဂလာဆောင်တဲ့ နေ့မှာတောင် ရန်ဘီးက တခြားမိန်းမတွေနဲ့ပျော်ပါးနေလို့မျိုးနွယ်ထဲက လူကြီးတစ်ဦးက တားတဲ့အခါ အဲ့လူကို သတ်ပစ်ပြီး မင်္ဂလာဆောင်ခန်းမကိုဝင်ရောက်လာခဲ့ပါတယ်။ အဲ့နေ့ကစပြီး Adiya ဟာ Ranveer ပေးတဲ့ ဒုက္ခတွေကိုခါးဆီးခံရတော့တာပါပဲ အဲ့အချိန် တဖက်မှာတော့ Depika (ဘုရင့်သမီးတော်)ဟာတောထဲ အမဲလိုက်နေရင်း သမင်တစ်ကောင်ကို မြှားနဲ့ပစ်ရာမှာ ရှာဟိဒ်ကပူးရ်(Rajput ဘုရင်)ကို မှားပြီးပစ်မိရာကနေ ၂ ယောက်ဆုံကြပါတယ်။ သူ့ကြောင့် ဒါဏ်ရာ ရနေတဲ့ ရှာဟိဒ်ကို ကုသပေးရာကနေ သူတို့၂ ယောက် ချစ်ကြိုက်ပြီး လက်ထပ်လိုက်ကြတယ်။ ရှာဟိဒ်မှာ မယားကြီးရှိပေမဲ့ ရှာဟိဒ် ဒီပီကားနဲ့လက်ထပ်တာကိုကြိုပြီး မသိခဲ့သလို နန်းတော်ကို ခေါ်လာတော့မှ မယားကြီးက သိရပါတယ်။ ဒီလိုနဲ့Depika ရဲ့ အလှ နဲ့လိမ္မာရေးခြား ရှိမူကြောင့် Rajput တိုင်းပြည်မှာ Padmavati မင်းသမီးကို ဘုရင်နဲ့တန်းတု ချစ်ခင်လေးစားလာကြပါတယ်။ (ဒီနေရာမှာ အိန္ဒိယမှာရှိတဲ့ မွတ်စလင်မ်/ဟိန္ဒူ ဘုရင်တွေ အကုန်မိန်းမတွေ လိုချင်သလောက်ယူပြီး မယားငယ်ယူပြီးရင် မယားကြီး ချောင်ထိုးခံရတာ၊မိန်းမတွေမှာ စောဒကတက်ခွင့်မရှိတာ၊သူတို့ကိုတလေးတစား အသိပေးတိုင်ပင်တာမျိုးမရှိ စတာတွေကတော့ တူညီတာ တွေ့ရပါတယ်။) အဲ့နောက်မှာတော့ Rajput နယ်ကြီးပျက်သုန်းဖို့အကြောင်းခံဖြစ်လာမဲ့ ဂုရုကြီးလို့ခေါ်တဲ့ ရှာဟိဒ်ကပူးရ် ကိုးကွယ်တဲ့ဘုန်းကြီးတပိုင်းလူတပိုင်းဆီ ဒီပီကားကို ခေါ်သွားပါတယ်။ ဒီပီကားအလှကိုမြင်ပြီး ဂုရုကြီး နှာဗူးထကာ ညဘက်ရှာဟိဒ်နဲ့ဒီပီကား မင်္ဂလာဦးညကို သွားချောင်းတာ မိပြီးပြည်နှင်ဒါဏ်ပေးခံလိုက်ရပါတယ်။ တဖက်မှာလည်း ရန်ဘီးကတိုင်းတွေပြည်နယ်တွေကို စစ်ခင်းပြီး အနိုင်တိုက်ရာမှ နံမည်ကြီးလာပြီး ဦးလေးလည်းတော်ပြီး ယောက္ခထီးလည်းတော်စပ်တဲ့ဒေလီဘုရင်ကို ဖြားယောင်းပြီး သတ်ပစ်ကာ ထီးနန်းကို သိမ်းပိုက်လိုက်ပါတယ်။ Rajput ကနေ နှင်ထုတ်ခံရတဲ့ ဂုရူကြီး ဒေလီကိုရောက်လာပြီး နှာဗူးဘုရင် ရန်ဘီးကို ဒီပီကားရဲ့အလှအကြောင်း သွေးထိုးပါတော့တယ်။ အဲ့မှာ ရန်ဘီး heat တက်ပြီး Rajputကို စစ်ချီပါတယ်။၆ လတိတိ ဝိုင်းထားတယ်။ စစ်လည်းမတိုက်ရ၊ဘာကြောင့်မှန်းမသိ ကွင်းပြင်ထဲ ၆လကျော် ဒုက္ခခံနေရတဲ့အောက်ခြေစစ်သည်တွေ စိတ်ပျက်ပြီး ပြန်မယ်ဖြစ်နေတဲ့အချိန်စစ်သူကြီးက ရန်ဘီးကို လာပြောပြတယ်။ အဲ့မှာ ဘုရင်တွေ၊စစ်ဗိုလ်ချုပ်ကြီးတွေ အောက်ခြေစစ်သားတွေကို ဂျင်းထည့်တဲ့အလုပ်ကို ရန်ဘီးက ထွက်လုပ်ပါတယ်။ ဒီကိုရောက်နေတာ မိန်းမတစ်ယောက်ကို နှာဗူးကြဖို့ဆိုတာမသိတဲ့ အောက်ခြေစစ်သားတွေကို ခပ်တည်တည်နဲ့ရန်ဘီးက မိန့်ခွန်းပြောပါတယ်။ ငါတို့ခိရ်ဂျီမျိုးနွယ်တွေမှာ အိပ်မက်တစ်ခုရှိတယ်။ ငါတို့ရဲ့ ဘာသာရေးအမှတ်အသားပါတဲ့အလံကို တလောကလုံးမှာ စိုက်ထူနိုင်ဖို့ပဲ။ အဲ့အတွက်ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ငါတို့တစ်ယောက်ကိုတစ်ယောက်လက်မလွှတ်ရဘူးလို့ကျိန်ဆိုထားကြတယ်။ ဒါပေမဲ့ ဒီကနေ့တော့မင်းတို့က ငါ့ကိုထားပြီးထွက်သွားကြတော့မယ်။ ကောင်းပြီ ငါတို့ရဲ့ အိပ်မက်ကို မေ့လိုက်ကြတာပေါ့ဆိုပြီး အလံကို မြေကြီးပေါ် ပစ်အချ စစ်သည်တွေက ရန်ဘီးရဲ့ အမျိုး၊ဘာသာ မျိုးချစ်စိတ်စတဲ့ ဂျင်းကို တကယ်ထင်ပြီး ဝေးဝါးအော်ပြီး မပြန်ကြတော့ဘူး။ နောက်ဆုံး ဟိုလီပွဲတော်နေ့ရောက်တဲ့အချိန် ချစ်ကြည်ရေးလုပ်ကြရအောင်ဆိုပြီး ရန်ဘီးက အကြံနဲ့ကမ်းလှမ်းပြီးရှာဟိဒ်ကပူးရ်ရဲ့ နန်းတော်ကို ဧည့်သည်အဖြစ်သွားတယ်။ အဲ့မှာ ဒီပီကားကို ပြပါလို့ပြောတော့ ရှာဟိဒ်က ဒေါသထွက်၊နောက်ဆုံး စစ်ပွဲက ရှောင်လွှဲဖို့ဒီပီကားကို ၅ စက္ကန့်မှန်ထဲကနေ အပြ နေထိုးတဲ့ လိုက်ကာကိုပါ ဖွင့်လိုက်တော့ ဒီပီကားမျက်နှာကိုသေချာတောင် မမြင်လိုက်ရဘူး။ အဲ့လောက် အဖြစ်သည်းလားဆိုပြီး ရှာဟိဒ်ကို ဖျားယောင်းပြီး ရန်ဘီးဖမ်းခေါ်သွားတယ်။ ရှာဟိဒ်ကို ပြန်လိုချင်ရင် ဒီပီကား ဒေလီကိုလာရမယ်ဆိုပြီးတောင်းဆိုတော့ ရှာဟိဒ်ကိုကယ်ဖို့ဒီပီၤကားဒေလီသွားတယ်။ ဒီပီကား ဒေလီမရောက်ခင် ရန်ဘီးပျော်ပြီး သီချင်းတပုဒ်နဲ့အရူးလိုပဲ ကတယ်။အဲ့မှာ သူ့ရဲ့တူက သူ့ကို ပြန်လုပ်ကြံ ပေမဲ့ မအောင်မြင်ဘူး။ ဒီပီကား ဒေလီရောက်တော့ ရန်ဘီးရဲ့ အနှိပ်စက်ခံဇနီး Adiyaအကူအညီနဲ့ရှာဟိဒ်ကိုဒီပီကား ကယ်ထုတ်လာနိုင်တယ်။ ရန်ဘီးသိတော့ သူ့မိန်းမကို သတ်မိန့်ပေးတယ်။ အဲ့မှာနောက်ဆုံးအနေနဲ့Adiya က ရန်ဘီးကို ဆုတခုပေးတယ်။ နင့်ရဲ့ ဆန္ဒတွေ၊ဖြစ်ချင်တာတွေ အားလုံးပြည့်ဝပါစေ။ဒါပေမဲ့Padmavati ကို ရယူသိမ်းပိုက်ဖို့ဆန္ဒတော့ ဘယ်တော့မှ မပြည့်ပါစေနဲ့လို့ပြောပြီး သွားလိုက်တယ်။ ရန်ဘီးဒေါသပုန်ထပြီး Rajput ကို စစ်ခင်းဖို့ထပ်အသွားးးဘာတွေဆက်ဖြစ်လဲ၊ ဒီပီကားးကို နောက်ဆုံး ရန်ဘီးမြင်ခွင့်တွေ့ခွင့်၊သိမ်းပိုက်ခွင့်ရမလားးဆိုတာကတော့ ဇာတ်လမ်း၊သရုပ်ဆောင်၊ဆက်တင်အပြင်အဆင် ဘာတစ်ခုမှပြောစရာမလိုလှအောင် လှပ၊သေသပ်၊အဆင့်မြင့်တဲ့ ရုပ်ရှင်တစ်ကားးဖြစ်တာမို့ပြသနာပေါင်းများစွာတက်ပြီး ရုပ်ရှင်ကြည့်တဲ့သူတွေနဲ့ရုပ်ရှင်ရုံတွေကို တိုက်ခိုက်မယ်လို့ခြိမ်းခြောက်ခံထားရတာတောင် ဖွင့်ရက် ရုံတင်တာ ကုဋေ ၂၀ နီးပါးရပါတယ်။ ဒါတောင် ပြည်နယ်ကြီး ၆ ခုမှာ ရုံတင်ခွင့်မရပါဘူး။ ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး BBC ကနေတောင် ရီဗြူးသတင်း လွှင့်ပေးခံရပြီး အိန္ဒိယမှာတင်မက တကမ္ဘာလုံးမှာပါ လှုတ်ခတ် ခဲ့ပါတယ်။ Min ThetNaing (ဇာတ်လမ်းအညွှန်းကို Bollywood Update News Myanmar FB-Page မှကူးယူဖော်ပြပါသည်) File size…(7.8 GB)/(2.7 GB)/(1.3 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:43:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,Than Htike Zaw Translated by Zaw Htoo

Comedy • Drama
6.9 2018 164 mins
Padmaavat
Brian and Charles
6.7

Brian and Charles (2022) ================== IMDb Rating – 6.7/10 တစ်ခါတစ်လေ တစ်ယောက်တည်းနေတာကြာလာတဲ့အခါ အဖော်တစ်ယောက်လောက်လိုချင်မိတယ်။ ကိုယ့်အကြောင်းကို နားလည်ပေးမယ့်သူ၊ ကိုယ့်ကိုဂရုစိုက်ပေးမယ့်သူ ပြီးတော့ ကိုယ် ဂရုစိုက်တာကိုလည်း လက်ခံနိုင်မယ့်သူမျိုးပေါ့ ။ လွယ်လွယ်နဲ့တော့ ဘယ်ရပါ့မလဲ…. အဲ့ဒီလောက်ထိ ကံမကောင်းတတ်ကြဘူးလေ။ ကံကောင်းသွားတဲ့သူတော့ ရှိတယ်ဗျာ။ ကျွန်တော်တို့ရဲ့ ဇာတ်လိုက် ကျော်ကြီး ဘရိုင်ယန်ပေါ့။ သူက ရွာမှာတစ်ကိုယ်တည်းသမား၊ ဟိုဟာ လေးထွင်လိုက် ဒီဟာလေးဖန်တီးလိုက်နဲ့ ရွာထဲကလူထူးဆန်းတစ်ယောက် ပေါ့။ ပြီးတော့ သူ့အိမ်ထဲမှာကြွက်လေးတစ်ကောင်ရှိတယ်။ အဲ့ဒီကြွက် ကောင်းမှုနဲ့ပဲ မအောင်မြင်ခဲ့တဲ့သူ့စက်ရုပ်လေးက အသက်ဝင်သွားပါ လေရော။ ဘရိုင်ယန်အရမ်းပျော်ပြီလေ။ သူနဲ့အတူတူနေပြီးတော့ သူဂရုစိုက်ရမယ့်သူ ရှိလာပြီ။ အတူတူနေလာတော့ တစ်ခါတစ်လေတော့လည်း ရန်ဖြစ်ကြတာပေါ့။ ဒီလိုပဲ ရန်ဖြစ်လိုက် ပြန်တည့်လိုက်နဲ့ စက်ရုပ်ချားလ်က အိမ်ပေါ်ကဆင်းသွား ချင်ပါတယ်တဲ့။ ပြသာနာကအဲ့ဒီကစတော့တာပဲ… အဲ့ဒီပြသာနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာကတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ မိဘနဲ့သားသမီးတို့ကြားက ဖြစ်ပျက်တတ်တဲ့သဘောတရားကို စက်ရုပ်လေးနဲ့အစားထိုးပြီးရိုက်ပြထားတယ်လို့ ခံစားရပါတယ်။ အဲ့ဒါကြောင့် မိသားစု အချင်းချင်းလည်း အတူတူကြည့်ရှုရင်ပိုပြီးကောင်းပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)

Sci-Fi & Fantasy • Western
6.7 2022
Brian and Charles
[+18]Strawberry Shortcakes
7

********************************** မိသားစုနဲ့အတူမကြည့်သင့်ပါဘူးခင်ဗျ…} ဒီဇာတ်ကားလေးကတော့ တိုကျိုမှာနေထိုင်နေကြတဲ့ မိန်းကလေးတွေရဲ့ စိတ်မလုံခြုံမှုတွေအခက်အခဲတွေကိုရိုက်ပြထားတယ်။ တစ်ယောက်ချင်းစီရဲ့ ဇာတ်ကွက်တွေကိုရိုက်ပြထားတာကြောင့် ဇာတ်ကောင်တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်မှုတွေသိပ်မရှိပါဘူး။ ဒီထဲက ဇာတ်ကောင်တစ်ယောက်က အခိယောဆန်ပါ၊ ပြည့်တန်ဆာအလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မိန်းကလေးတွေထဲမှာ အခိယောဆန်ဟာ အသက်အရွယ်အားဖြင့်အကြီးဆုံးဖြစ်ပြီးအရင့်ကျက်ဆုံးလို့လဲပြောလို့သလို့စိတ်ဓာတ်အကျဆုံးသူပါပဲ ကိုယ်ပိုင်တိုက်ခန်းနဲ့နေချင်တဲ့အတွက် လာသမျှဖောက်သည်တိုင်းကိုလိုက်ပါတယ်။ ‌နောက်တစ်ယောက်ကတော့ တိုကို ၊ စာအုပ်မျက်နှာဖုံးတွေ ပန်းချီတွေကိုဆွဲပြီးအသက်မွေးတယ်။ သူတန်ဖိုးထားတဲ့အရာတွေကို အခြားသူတွေက မျက်နှာလွှဲခဲပစ်ခပ်ပေါ့ပေါ့ထားတာကိုသူအရမ်းမုန်းတယ်။ နောက်တစ်ယောက်က တိုကိုနဲ့အတူနေတဲ့ ချိဟိယိုက ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်တယ်။ နောက်ဇာတ်ကောင်တစ်ယောက်က ဆတိုကိုက အသက်လည်းငယ်တယ် ချစ်သူရည်းစားထားချင်တယ်။ သူချစ်သလိုမျိုး သူ့ကိုချစ်မယ်သူမျိုးကိုလိုချင်တယ်၊ သူတို့တွေရဲ့ တိုကျိုမြို့ကြီးမှာ ကြုံတွေရခဲ့တဲ့အခက်အခဲတွေကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့အတွက် ကြည့်ရှုပေးပါဦး… File Size :(1.9 GB) and (590 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…02:07:00 Genre : Adult , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS

Adventure • Comedy • Drama • Fantasy • Romance
7 2006 127 mins
[+18]Strawberry Shortcakes
The Judgement [De veroordeling]
7.3

The Judgement [De veroordeling] (2021) ============================= Genre – Biography, Crime, Drama IMDb Rating – 7.3/10 တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ နယ်သာလန်ရုပ်ရှင် ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၉၉ ခုနှစ်မှာ ချမ်းသာကြွယ်ဝတဲ့ မုဆိုးမကြီးတစ်ယောက် သေဆုံးမှုကနေ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ စတွေ့တဲ့သက်သေတွေအရ လောင်ဝက်စ်ဆိုတဲ့လူကို ဖမ်းဆီးလိုက်ကြပါတယ်။ ဒါပေမဲ့ နောက်နှစ်နည်းနည်းကြာလာတော့ ပြန်လွှတ်ပေးလိုက် ကြပါတယ်။ နောက်ပြီးတော့ ဒီအန်အေစစ်တာ ကိုက်ညီတယ်ဆိုပြီး ထောင်ဒဏ် ၁၂ နှစ် ပြန်ချမှတ်လိုက်ပါတယ်။ အဲဒီမှာ နက်ဝေါ့ဆိုတဲ့ ရုပ်သံလိုင်းက သတင်းထောက် ဘတ်စ်ဟန်းဟာ ဒီအမှုနောက်ကို စိန်ခေါ်မှုတွေများစွာနဲ့ သတင်းလိုက်ပြီး အမှန်တရားကို ရှာဖွေပါ တော့တယ်။ တစ်ချိန်တည်းမှာလည်း မောရစ်စ်ဆိုတဲ့လူ ပြောစကား အရ မုဆိုးမကြီးကို သတ်တဲ့လူဟာ သူမရဲ့ လက်တိုလက်တောင်း ခိုင်းတဲ့ မီခေး ဖြစ်နေတယ်လို့လည်း စွပ်စွဲလာပါတယ်။ အဲဒီမှာ သပွတ် အူလို ရှုပ်ထွေးလှတဲ့ အမှုအခင်းကြီး ဘယ်လိုဆက်ဖြစ်ကြမလဲ ဆိုတာ သတင်းထောက်အမြင်နေရာကနေ ကြည့်ရှု ခံစားရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.77 GB) / (667 MB) / (372 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………2Hr 10Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Crime, Drama Translator…….Thura Aung Encoder……….SWM

Romance
7.3 2021 130 mins
The Judgement [De veroordeling]
Adik Sa’Yo
6.7

Adik Sa’Yo(2023) *************** ‌လူတွေဟာ တစ်ခုခုကို စွဲလမ်းတတ်ကြတာ သဘာဝပါ၊ နေ့စဉ်ကြုံတွေ့ခံစားရတဲ့ လောကဓံပင်လယ်ရဲ့ ကံကြမ္မာလှိုင်းလုံးကြားမှာ မြုပ်ချည်ပေါ်ချည် ရုန်းကန် ရှင်သန်ရင်း စိတ်ထွက်ပေါက် စိတ်သက်သာရာ ရှာတဲ့အခါ မတူညီတဲ့ ရွေးချယ်မှုတွေအမျိုးမျိုးနဲ့ပေါ့ တစ်ချို့က ဂိမ်းကစားရင်း စိတ်ထွက်ပေါက်ရှာတယ် တစ်ချို့က လောင်းကစားတွေလုပ်ပြီး စိတ်ပျော်ရွှင်မှု ရှာကြတယ် တစ်ချို့က အရက်ဘီယာသောက်စားပြီး စိတ်ကိုအပန်းဖြေ ထွက်ပေါက်ရှာကြတယ် ဒီဇာတ်ကားထဲမှာ ကောင်လေးက ငယ်ငယ်ထဲက အဖေက စွန့်ပစ်သွားတဲ့အချိန် အမေနဲ့ ကျန်ရစ်တဲ့ ညီလေးနဲ့အတူ ဘဝကိုရှင်သန်နေထိုင်လာခဲ့တယ် မိသားစုရဲ့ဝင်ငွေကိုရှာဖွေဖို့ အမေဖြစ်သူက ကြိုးစားရင်း မိသားစုဝင်အချင်းချင်း နားလည်မှုဖေးမမှုနဲ့ ဝေးကွာလာတဲ့အချိန် ကောင်လေးက ကျောင်းမှာ သူငယ်ချင်းတစ်ချို့နဲ့ Band တစ်ခုမှာ ဂီတအဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့တယ် ,,, စိတ်ထွက်ပေါက်အတွက်ပဲဆိုဆို မြည်းစမ်းချင်လို့ပဲဆိုဆို အချိန်တစ်ခုရောက်တဲ့အချိန်မှာ ကောင်လေးဟာ ဆေးစသုံးကြည့်ပြီး တစ်ဖြည်းဖြည်း ဆေးစွဲတဲ့အထိ ဖြစ်လာခဲ့တယ် … သူ့မှာ ငယ်စဉ်ထဲက အရင်းနှီးဆုံး သူငယ်ချင်းမလေး တစ်ယောက်ရှိတယ် ကောင်လေးအနားမှာ တစ်ကောက်ကောက်လိုက် သူလုပ်သမျှလိုက်ထိန်းရင်း ကောင်မလေးအတွက်တော့ ကောင်လေးဟာ သူ့ဘဝမှာ မရှိမဖြစ် စွဲလမ်းချစ်ခင်နေရသူပါ ကောင်လေးရဲ့ မိသားစုနဲ့တိုင်ပင် ဆေးဖြတ်စခန်းကို ရောက်အောင်ပို့ပြီး လမ်းမှန်ပေါ်ပြန်ရောက်အောင် တွန်းတင်ပေးရင်းသူ့အချစ်ကိုပြခဲ့တယ် ကောင်မလေးဘက်က အရူးအမူး သူ့အချစ်ကိုပြနေပေမယ့် ကောင်လေးဘက်က မထုံတတ်တေး အရင်းနှီးဆုံးသူငယ်ချင်း တစ်ယောက်လိုပဲ မြင်နေခဲ့တာ ကောင်လေးဆေးဖြတ်စခန်းက ပြန်လာပြီးနောက်ပိုင်း Delivery အလုပ်လုပ်ရင်း ဘဝသစ်ကိုကြိုးစားပုံဖော်နေတဲ့အချိန်နောက်ပိုင်း အလှည့်အပြောင်းလေးတွေဖြစ်လာပါတော့တယ်… ဒီကားလေးက သမားရိုးကျ ဖန်စီအချစ်ဇာတ်လမ်းကနေ ကွဲထွက်ပြီး မိသားစုကိုတန်ဖိုးထားတတ်ဖို့နဲ့ လမ်းကြောင်းမှန်ကို လျှောက်ရမှာမကြောက်ဖို့ လှလှပပလေး တင်ဆက်ထားတာပါ ဆင်ခြင်စရာလေးအနေနဲ့ကတော့ လိုတာထက်ပိုပြီး ဘယ်အရာကိုမှ မစွဲလမ်းတာ အကောင်းဆုံးပေါ့ဗျာ… File Size : (1.6GB) &(763MB) Quality : WEB-DL 1080p,720p Format…mp4 Duration…01:42:00 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by AOI Encoded by Phyo Pyae

6.7 2023
Adik Sa’Yo
Ice Age: Dawn of the Dinosaurs
6.9

ဒီဇာတ်ကားက Ice age franchiseရဲ့ တတိယဇာတ်ကား ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီကားရဲ့အဓိကဇာတ်​ဆောင်က အချစ်​တော် ဆ​လော့တ် ဆစ်ဒနီပဲဖြစ်ပါတယ်။ ကမ္ဘာဦး​ရေခဲ​ခေတ် မှာ သူတို့မသိထားတဲ့ ​မြေ​အောက်ကမ္ဘာတစ်ခု ရှိ​နေခဲ့ပြီး တစ်​နေ့မှာ အဲဒီကမ္ဘာကို သွားတဲ့ဝင်​ပေါက်တစ်ခုကို ဆစ်ဒ်က ကံ​အား​လျော်စွာ ရှာ​တွေ့သွားခဲ့ပါတယ်။ မိသားစုရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ဆစ်ဒ်ဟာ သူငယ်ချင်း မန်နီရဲ့မိသားစုဘဝကို အားကျ​တာ​ကြောင့် ကိုယ်ပိုင် မိသားစုတစ်ခုကို လိုချင်​နေခဲ့တာပါ။ ဒါ​ကြောင့် မြေ​အောက်ကမ္ဘာ မှာ​ ​တွေ့ခဲ့တဲ့ဥသုံးလုံးကို ဘူမသိကိုးမသိ ​မြေ​ပေါ်ကမ္ဘာကိုယူလာပြီး သူ့က​လေး​တွေလို ​ပျိုး​ထောင်ဖို့ လုပ်ခဲ့ပါတယ်။ ဖြစ်ချင်​တော့ အဲဒီဥ​တွေဟာ ဒိုင်နို​ဆောဥ​တွေဖြစ်​နေပြီး မိခင်ရင်း ဖြစ်သူ ဒိုင်နို​ဆောမကြီးက ​မြေ​ပေါ်အထိ တက်လာပြီး သူ့က​လေး​ ​တွေကို ပြန်လာ​ခေါ်ရင်း ဥ​တွေကိုယူသွားတဲ့ ဆစ်ဒ်ကိုပါ ဖမ်းသွား လို့ မန်နီ ဒီ​ယေဂိုနဲ့ ကိုယ်ဝန်အရင့်အမာကြီး ဖြစ်​နေတဲ့ အယ်လီတို့ တစ်သိုက်ခမျာ သူတို့မကျွမ်းဝင်တဲ့ ​မြေ​အောက် ဒိုင်နို​ဆောကမ္ဘာ အထိလိုက်ပြီး ဆစ်ဒ်ကိုကယ်ဖို့ ကြိုးစားရပါ​တော့တယ်။ File size… 7.3 GB / 2.4 GB / 1.1 GB Quality… Web-DL 4K HDR / 1080p / 720p Format… mp4 Duration…. 1h 21m Genre ….. Animation, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

Thriller
6.9 2009
Ice Age: Dawn of the Dinosaurs
Mantra Surugana

အင်ဒိုသရဲကားဖြစ်တာမို့ ထိတ်လန့်စရာတွေ ကွင်းကွင်းကွက်ကွက်မြင်ရဦးမှာပါ…၊ ဇာတ်လမ်းနာမည်က “စူရူဂါနာမန္တန်”တဲ့ ဒီမန္တန်ဟာ အငြိုးကြီးတဲ့အမျိုးသမီးတစ်ယောက်က သူ့ရန်သူတွေကိုကျိန်စာတိုက်ခဲ့တဲ့မန္တန်ပါ…။ ရန်သူတွေတင်မကဘဲ ရန်သူရဲ့ မိန်းမတွေ၊ သမီးတွေကို ဆွေစဥ်မျိုးဆက်တိုင် အသက်သေဆုံးအောင် ကျိန်စာတိုက်ခဲ့တာပါ…။ ဇာတ်လမ်းလေးကဘယ်ကစလဲဆိုတော့ တန်ထရီဟာ စကောလားရှစ်ရတော့ တက္ကသိုလ်ကျောင်းသူဆောင်ကို ပြောင်းလာခဲ့ပါတယ်…။ တန်ထရီမှာက ပရလောကနဲ့ဆက်သွယ်နိုင်တဲ့ အမြင်မျိုး ရှိလေတော့ ရောက်ရောက်ချင်းမှာပဲ အဆောင်မှာ ဝိုးဝိုးဝါးတား အရိပ်တွေမြင်ရ အသံတွေကြားရ စိတ်မသိုးမသန့်ဖြစ်ရတယ်ပေါ့…. နောက်မှသိလာရတာက ဒီအဆောင်မှာပဲ ကောင်မလေး တစ်ယောက်နဲ့ ကောင်လေးတစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားဖူးတယ်…။ သေလားရှင်လားမသိရ အလောင်းလည်းမတွေ့ရ‌ပေါ့…။ တန်ထရီရဲ့ အကြားအမြင်အာရုံနဲ့အတူ ပျောက်သွားတဲ့ လူနောက်လိုက်ရှာရင်း ဘယ်လိုကြောက်စရာပုံပြင်တွေတွေ့ရမလဲ ဘယ်လိုနတ်ဆိုးတွေနဲ့ကြုံဦးမလဲဆိုတာတော့ ကိုယ်တိုင်ပဲခံစားလိုက်ပါဗျာ…။ File size…910MB / 449MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Horror Translated by Themes

Drama • Thriller • Romance
0 2023 98 mins
Mantra Surugana
A Beautiful Mind
8.2

A beautiful mind (2001) IMDb rating – 8.2 ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းလေးကတော့ (Nobel Laureate in Economics) နိုဘယ်ဆုရရှိခဲ့တဲ့ သင်္ချာပညာရှင်ကြီး John Nash ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ John Nash ရဲ့သီအိုရီတွေက modern economic အတွက် အရမ်းအထောက်အကူပြုခဲ့ပါတယ်။ သူဟာ Princeton University ကနေ ပါရဂူဘွဲ့ရပြီး အဲဒီကျောင်းမှာ ဆရာပြန်လုပ်ခဲ့ပါတယ်။ သူ့ဘဝဇာတ်ကြောင်းကို တက္ကသိုလ်နယ်မြေကအစပြုလို့ နိုဘယ်ဆုချီးမြှင့်ခံရချိန်အထိ နိုဘယ်ဆုနဲ့ထိုက်တန်အောင် သူ ဘယ်လိုမဆုတ်မနစ်ကြိုးစားခဲ့ရလဲ၊ ဘယ်လိုရုန်းကန်ရလဲ၊ အခက်အခဲတွေကို ဘယ်လိုအောင်မြင်အောင် ကျော်ဖြတ်ရလဲဆိုတာတွေကို ရိုက်ကူးထားပါတယ်။ အပိုဆုအနေနဲ့ သူ့ရဲ့မဟေသီ Alicia နဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့တဲ့အကြောင်းတွေကို ရိုမန့်တစ်ဆန်ဆန် တင်ဆက်ထားပါတယ်။ John Nash အဖြစ် မင်းသားကြီး Russell Crowe နဲ့ Alicia Nash အဖြစ် (မမသာ အလှဆုံး) မင်းသမီးချောလေး Jennifer Connelly တို့က သရုပ်ဆောင်ထားပါတယ်။ Oscer စကာတင်တွေအများကြီးဝင်ထားပြီး Best Director ၊ Best actress in a supporting role စသဖြင့် အော်စကာဆု လေးဆုသိမ်းပိုက်ရရှိထားပါတယ်။ ဇာတ်လမ်းရဲ့ဇာတ်ရှိန်အတက်အကျတွေနဲ့ သရုပ်ဆောင်တွေရဲ့ ပီပီပြင်ပြင်သရုပ်ဆောင်မှုတွေနဲ့မို့ ကြည့်ပြီးရင် နောင်တမရစေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ပညာရှင်ကြီးတွေရဲ့ကြိုးစားမှုတွေကိုပါ အတုယူနိုင်မယ့် ဇာတ်လမ်းကောင်းလေးကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ File size… 2.7 GB / 1.16 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 15m Genre ….. Biography / Drama / Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

Western
8.2 2001 135 mins
A Beautiful Mind
Full Moon Scimitar Harmony Initial
5.6

ရှုပ်ထွေးလှတဲ့ သိုင်းလောကကို ဓားသိုင်းကျမ်းတစ်ခုအားကိုးနဲ့ ဝင်လာတဲ့ တင်းဖောင်တစ်ယောက်… လောကနံပါတ်၁ နေရာရဖို့ သိုင်းပညာရှင်တစ်ယောက်ပြီး တစ်ယောက်ကို စိန်ခေါ်တိုက်ခိုက်ပြီး နေရာတစ်ခုရဖို့ ကြိုးစားနေချိန်မှာပဲ… တစ်နေ့တော့ မိန်းကလေးတစ်ယောက်က သူနားနေတဲ့ သစ်ရိပ်ဆီ အပြေးရောက်လာပြီး… ပြန်ပေးသမားတွေလက်က ထွက်ပြေးလာရတာမို့ ကယ်တင်ပေးဖို့ တောင်းပန်ခဲ့တယ်… တင်းဖောင်လည်း အဲ့မိန်းကလေးတောင်းဆိုသမျှကို အတတ်နိုင်ဆုံး ကူညီပေးဖို့ ကြိုးစားခဲ့တယ်… နောက်တော့လည်း အိုးချင်းထားတော့ အိုးချင်းထိ ၊ ကြိုးချင်းထားတော့ ကြိုးချင်းငြိဆိုသလိုပဲ… တင်းဖောင်နဲ့ ဒီမိန်းကလေး ချစ်ကျွမ်းဝင်ခဲ့တယ်… ဒါပေမယ့် ၇ လပိုင်း ၁၅ ရက်နေ့မှာ ဂိုဏ်းချုပ်တစ်ဦးနဲ့ စိန်ခေါ်တိုက်ခိုက်ရမှာမို့ သူ့ကိုမနှောင့်ယှက်ချင်လို့ဆိုပြီး မိန်းကလေးပျောက်သွားခဲ့တယ်… တင်းဖောင်လည်း ဒီစိန်ခေါ်ပွဲအတွက် သူကြိုးစားလေ့ကျင့်ခဲ့တယ်… တကယ့် စိန်ခေါ်ပွဲနေ့မှာတော့…. ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…….

5.6 2024
Full Moon Scimitar Harmony Initial
The Texas Chainsaw Massacre
6.2

The Texas Chainsaw Massacre (2003) IMDb Rating (6.2) မင်းသမီး Jessica Biel ရဲ့ နာမည်ကြီး Texas Chainsaw ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… ၁၉၇၃ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ ကောင်လေးနဲ့ကောင်မလေးအတွဲ ၂တွဲနဲ့သူငယ်ချင်း၁ယောက်တို့ မက္ကဆီကိုနိုင်ငံမှာ ဆေးခြောက်ဝယ်ပြီး Dallasမြို့က ဂီတပွဲတစ်ခုသို့ သွားရောက်ကြပါတယ် တက္ကဆက်ပြည်နယ်ကို ဖြတ်မောင်းနေတုန်း လမ်းလယ်မှာ ငူငူငိုင်ငိုင်နဲ့ တစ်ယောက်တည်းလျှောက်နေတဲ့ မိန်းကလေးတစ်ဦးကို လမ်းကြုံတင်ခဲ့ရာကနေ သူမကို စကားပြောကြည့်ဖို့ ကြိုးစားကြပေမယ့် မိန်းကလေးက လူဆိုးတစ်ယောက်အကြောင်းကို မရေမရာပြောပြီး နင်တို့အားလုံး သေရလိမ့်မယ်ဆိုကာ ကိုယ့်ကိုယ်ကို သေနတ်နဲ့ အဆုံးစီရင်သွားလို့ အမှုကြီးကြီးတက်ပါတော့တယ်… ဒါနဲ့ ရဲကို အကြောင်းကြားဖို့ နီးစပ်ရာ ဓာတ်ဆီဆိုင်ဝင်ပြီး ဖုန်းဆက်ဖို့ ကြိုးစားပေမယ့် ဆိုင်ရှင် အဒေါ်ကြီးက ရဲမှူးက မလာနိုင်ကြောင်း ကြိတ်ခွဲစက်ရုံကို လာခဲ့ဖို့ ပြောပါတယ် သူတို့ ၅ယောက်လည်း သေဆုံးသူကို လမ်းဘေးမှာ မထားခဲ့ချင်တာနဲ့ အရောက်သွားခဲ့ပေမယ့် ရဲမှူးကို မတွေ့ခဲ့ရဘဲ ကလေးငယ်တစ်ယောက်နဲ့သာ ဆုံခဲ့ပါတယ် ရဲမှူးက အိမ်မှာ အရက်သောက်နေတယ်လို့ ကလေးကပြောတာကြောင့် အကြောင်းကြားဖို့ ရဲမှူးရှိရာအိမ်ဆီကို အယ်ရင်နဲ့ ကမ့်ပါတို့ ထွက်ခွာလာခဲ့ကြပါတော့တယ်… နောက်ပိုင်း ဘာဆက်ဖြစ်မလဲ ရဲမှူးကရော ဘယ်ရောက်နေသလဲ သတ်သေသွားတဲ့ မိန်းကလေးရဲ့ ဇာတ်ကြောင်းကရော ဘယ်လိုလဲဆိုတဲ့မေးခွန်းတွေကိုတော့ ခြောက်ခြားဖွယ်ရာဆက်လက်ကြည့်ရှုရမှာပါ။ ကြမ်းတမ်းတဲ့ပြကွက်တွေ ပါတာကြောင့် အသည်းငယ်တတ်သူများမကြည့်ဖို့ သတိပေးလိုပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thu Thu မှ တင်ဆက်ထားပါတယ်။)

Romance
6.2 2003 98 mins
The Texas Chainsaw Massacre
The Trial
5.9

The Trial (2025) ဒီဇာတ်ကားလေးကတော့ ၂၀၂၅မေလထုတ် ဗြိတိန် ရုပ်သံဒရာမာကားလေး ဖြစ်ပါတယ်။ ဒီအုန်းနဲ့ ဒေးဗစ်စင်ကလဲ တို့ရဲ့ ဆယ်ကျော်သက်သမီးဖြစ်သူ တီး က ပြင်းထန်တဲ့ပြစ်မှုတစ်ခုကို ကျူးလွန်လိုက်ပါတယ်။ သားသမီးပြစ်မှုကျူးလွန်ရင် မိဘတွေပါ တာဝန်ယူရမယ် ဆိုတဲ့ ဥပဒေကြောင့် ဒီအုန်း နဲ့ဒေးဗစ်ဟာ ရုံးမှာ စစ်ဆေးမေးမြန်းခံရပါတော့တယ်။ ဇာတ်ကားလေးက မိဘတာဝန်ယူမှု၊ တရားမျှတမှုတွေကို အခြေခံထားတာ ဖြစ်ပြီး ကြည့်ပြီးတာနဲ့ တွေးစရာတွေအများကြီးပေါ်လာမဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (340 MB) / (180 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 00:45:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eaint Phu Khin

Drama • Romance
5.9 2025 60 mins
The Trial
The Dogs
6.4

2025 မှာထွက်ရှိထားပြီး IMDb မှာ 6.4/10 ရထားတဲ့ ဒီဇာတ်ကားမှာ ကင်မရွန် ဝီဗာဆိုတဲ့ ဆယ်ကျော်သက်လူငယ်တစ်ဦးနဲ့ သူ့အမေကက်သရင်းတို့ဟာ အကြမ်းဖက်တတ်တဲ့ ဖခင်ဖြစ်သူထံက ထွက်ပြေးလာရင်း ကနေဒါရဲ့ ကျေးလက်ဒေသတစ်ရဲ့ လယ်မြေအိမ်တစ်ခုကိုပြောင်းရွှေ့လာတယ်။ အိမ်ကို ရောက်ပြီး သိပ်မကြာခင်းမှာတင် ကင်မရွန်ဟာ ဒီနေရာဟာ အေးချမ်းတဲ့ ခိုလှုံရာမဟုတ်ဘဲ ထူးဆန်းတဲ့ အသံတွေ၊ မြင်ကွင်းတွေနဲ့ ရိုင်းစိုင်းတဲ့ ခွေးတွေရဲ့ ရန်ကို ရင်ဆိုင်ရတဲ့ သည်းထိတ်ရင်ဖိုနေရာတစ်ခုဖြစ်နေတာကို သိလာခဲ့တယ်။ တစ်ရက်မှာ ကင်မရွန်အိမ်ခန်းထဲ ဂျက်ကီဆိုတဲ့ကောင်လေးတစ်ယောက်ရောက်လာပြီး စကားတွေလာပြောတဲ့အခါမှာတော့…. ဘယ်လိုခြောက်ခြားမှုတွေက ဒီဇာတ်လမ်းကို အဆုံးထိဆွဲခေါ်သွားမလဲကြည့်လိုက်ကြရအောင်။ File Size… (957 MB) / (644 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 37m Genre ….Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Romance • Comedy
6.4 2025 97 mins
The Dogs