YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Gamer.2009.2160p.BluRay.x265.10bit.SDR.DTS-HD.MA.5.1 4K {CM}.mkv

6.2 GB N/A video/x-matroska 449 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Shine
7.4

မိုးရေထဲဆေးပေါ့လိပ်တိုလေးကိုက်ပြီးပြေးလွှားနေတဲ့လူတစ်ယောက်၊ ပြောတဲ့စကားတွေကလည်း ဗလုံးဗထွေးနဲ့ရယ် တစ်ခွန်းကိုထပ်ခါတလှဲလှဲလည်းပြောသေးတယ်။ စကားပြောနေရင်း ထပြီးရယ်တတ်တဲ့သူ့ပုံစံက ခင်ဖို့ကောင်းမယ့်ပုံ။ လူအများရှေ့မှာဖျော်ဖြေဖို့ စန္ဒရားခုံရှေ့ထိုင်လိုက်တာနဲ့ ပြဿနာတတ်နေပုံပေါက်ပြီး စပြီးတီးလို့ ဆုံးတာနဲ့ လက်ခုပ်ဩဘာပေးသံတွေနဲ့ ဩချရလောက်တဲ့ အဆိုပါပုဂ္ဂိုလ်ဟာ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ကျော် ဒေးဗစ်ဟပ်ဖ်ဂေါ့(David Helfgott)ပဲဖြစ်ပါတယ်။ ငယ်ငယ်လေးကတည်းက ဂီတမှာတစ်ဖက်ကမ်းခပ်ထူးချွန်ခဲ့တဲ့ ဒေးဗစ်ဟာ အဖေဖြစ်သူရဲ့အဆမတန်ဖိအားပေးမှုတွေကြားမှာ ကြီးပြင်းခဲ့ရသူတစ်ယောက်။ ဂီတကျောင်းကိုရောက်ပြန်တော့လည်း ဂီတကလွဲလို့ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာလေးဟာ သူ့အတွက်ခက်ခဲနေခဲ့တယ်။ ဒေးဗစ်မှာ သူ့ခံစားချက်တွေကိုဖော်ပြဖို့ စကားလုံးတွေမရှိပါဘူး ဂီတသာလျှင်တစ်ခုတည်းသောအဖော်မွန်ဖြစ်ပါတယ်။ သူ့အဖေရဲ့ဖိအားပေးစကားတွေ၊ သူ့ဆရာပါမောက္ခကြီးရဲ့မောင်းနှင်မှုတွေ၊ အပြင်းထန်လေ့ကျင့်မှုတွေ၊ အောင်မြင်မှုဒဏ်တွေအကြားမှာ ဒေးဗစ်ရဲ့စိတ်ဓာတ်ဟာဗုန်းဗုန်းလဲကျပါတော့တယ်။ အဆိုပါ ရုပ်ရှင်ဟာ ဩစတေးလျနိုင်ငံသား ဂျူးလူမျိုး စန္ဒရားပါရမီရှင် ဒေးဗစ်ဟပ်ဖ်ဂေါ့(David Helfgott)ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်မင်းသားကြီး Geoffrey Rush မှ ဒေးဗစ်ဟပ်ဖ်ဂေါ့အဖြစ် ပြီပြင်စွာရုပ်လုံးထုသရုပ်ဆောင်ထားပြီး ၁၉၉၆ တွင် အကောင်းဆုံးဇာတ်ဆောင်အော်စကာဆုအား ဆွပ်ခူးရရှိခဲ့ပါတယ်။ Box Office တွင်လည်း ကန်ဒေါ်လာ ၃၆သန်းထိ ဝင်ငွေရရှိခဲ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဂန္ဒဝင်ဂီတသံများအကြားပျောက်ဆုံးနေတဲ့ ဒေးဗစ်တစ်ယောက် အောင်မြင်မှုလမ်းကြောင်းပေါ် ဘယ်နည်းဘယ်ပုံနဲ့ပြန်ရောက်လာပုံအား ခမ်းနားလှပတဲ့စန္ဒရားသံများနဲ့အတူ ပင့်သက်ရှိုက်ကာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…(1.67GB)  / (978.61MB) / (578.7MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:45:00 Genre...Biography / Drama / Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Kaung Paing

Action • Comedy
7.4 1996 105 mins
Shine
Hero

ဒီတစ်ခါ CMကနေဘာသာပြန်တင်ဆက်ပေးမှာကတော့ 2022ထွက် Comedy Movieသစ်လေး HERO ဖြစ်ပါတယ် ။ဒီကားလေးမှာဆိုရင်တော့ မင်းသား Zirui Wangက ယွီဖေး(ဖေးကျီး), မင်းသားSun Haoက စွမ်းဟောက်(ဟောက်ကျီ) , မင်းသမီးLiu Yu Qiaoက ရွှီယွမ်ယွမ် အနေနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အမှတ်တရပြတိုက် စကားပြန် ယွီဖေး(ဖေးကျီး)နဲ့ စွမ်းဟောက်(ဟောက်ကျီ)တို့ သူငယ်ချင်းနှစ်ယောက်ဟာ ပြတိုက်မှ ာ ရတနာသိုက်မြေပုံလာရှာတဲ့ ရွှီတာ့လုံတို့ညီအစ်ကိုအဖွဲ့တွေ့ဆုံခဲ့ကြရာက စကားများကြပြီး ဗုံးပေါက်ကွဲသွားတယ်....ထိုအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် လကြတ်ချိန်နဲ့ တိုးပြီး မင်ခေတ်ကို သူငယ်ချင်း၂ယောက်အတူတူ အချိန်ခရီးသွားမိသွားကြတယ် .... ထိုအချိန် မင်ခေတ်မှာလည်း အရာရှိဝန်ကြီးများရဲ့ အာဏာလုပွဲတွေ ​ ပြင်းထန်နေပြီး ယွီဖေးနဲ့ စွမ်းဟောက်တို့ သူငယ်ချင်းနှစ်ယောက် ရောက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ.... ၎င်းတို့ သူငယ်ချင်းနှစ်ယောက်ကို ချင်းယီးတပ်က လက်ပူးလက်ကြပ်မိသွားပြီး သတ်လိုက်တဲ့အခါမှာတော့ ဘယ်လိုအံ့အားသင့်ဖွယ်ဖြစ်ရပ်တွေ ဆက်ဖြစ်လာမလဲ..... အကြီးအကဲ ရွှီဝူချန်ရဲ့ သမီးချောလေး ရွှီယွမ်ယွမ်နဲ့ တွေ့ဆုံကြတဲ့အခါမှာ ဘယ်လိုစိတ်ဝင်စားစရာဇာတ်ကြောင်းလေးတွေ ဖြစ်လာဦးမလဲ ရွှီတာ့လုံတို့ ညီအစ်ကိုတစ်စုပါ မင်ခေတ်ကို ရောက်ရှိလာတဲ့အခါမှာ ဘယ်လိုရယ်မောဖွယ်ရာဖြစ်ရပ်တွေ ဆက်ဖြစ်လာဦးမလဲ.... ရတနာသိုက်မြေပုံနဲ့ မှတ်တမ်းလွှာလည်း နောက်ဆုံးမည်သူ့လက်ထဲရောက်မလဲ..... အချိန်ခရီးသွားရာကနေ ၎င်းတို့ရဲ့ သူငယ်ချင်းသံယောဇဉ်တွေ ဘယ်လိုပြောင်းလဲလာမလဲ... စရိုက်မတူတဲ့ သူငယ်ချင်းတစ်စု မင်ခေတ်မှ ာ ပြဿနာတွေ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ... စိတ်ဝင်စားဖို့ကောင်းတဲ့ သဘာဝလွန် ဟာသကားလေးကိုတော့ CMကနေ ကြည့်ရှုအားပေးပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Duration : 1h 15min Genres : Drama , Comedy , Fantasy Subtitle : Myanmar Subtitle ( Hardsub ) Translated by Healer KE Encoded by LK

Drama
null 2022
Hero
Harry Brown
7.2

Harry Brown (2009) ================ တော်ဝင်ရေတပ်သားဟောင်းကြီး ဟယ်ရီဘရောင်းဟာ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အထီးကျန်လှတဲ့ဘဝကို ပင်စင်ယူထားတဲ့ သူငယ်ချင်းလီယိုနာ့အက်ဝယ်လ်နဲ့ပဲ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ ဟယ်ရီတို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာလည်း အရမ်းသောင်းကျန်းပြီး ဆိုးသွမ်းတဲ့ လူငယ်လေးတွေအုပ်စုရှိပါတယ်။ လူ့အသက်တွေကို ကစားစရာလိုသတ်မှတ်ပြီး သေနတ်တစ်လက်နဲ့ ဆေးမူးပြီးလုပ်ချင်တာလုပ် ထင်ရာစိုင်းနေတဲ့လူငယ်လေးတွေပါ။ ဒီလိုမျိုး ပြဿနာပဲရှာချင်နေတဲ့ ကောင်လေးတွေက ပင်စင်စားဖြစ်ပြီး အင်အားနည်းတဲ့ မစ္စတာအက်ဝယ်လ်ကိုလည်း အနိုင်ကျင့်နှောင့်ယှက်ကြပါတယ်။ တစ်ရက်မှာတော့ ဟယ်ရီဆီကို စုံထောက်နဲ့ စုံစမ်းရေးအရာရှိတို့က မိတ်ဆွေမစ္စတာအက်ဝယ်လ်သေဆုံးသွားကြောင်းလာအကြောင်းကြားပါတယ်။ ဟယ်ရီတစ်ယောက် တစ်ဦးတည်းသောမိတ်ဆွေကိုဆုံးရှုံးလိုက်ရတဲ့အချိန်ကနေစပြီး ဘယ်လိုတွေပြောင်းလဲမလဲ.. မိတ်ဆွေအတွက်ရော ရေတပ်သားဟောင်းကြီးအနေနဲ့ ဘယ်လိုအကွက်ကျကျလက်တုံ့ပြန်မလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်… File size…0.99GB / 330.9MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 43m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kyawt Kay Zin

7.2 2009 103 mins
Harry Brown
Lift
5.4

Lift (2024) ဟာသမင်းသား ကယ်ဗင်ဟာ့ အတည်ပေါက်ရိုက်ထားတဲ့ နက်ဖလစ် သူခိုး အက်ရှင်ကားအသစ်လာပါပြီ။ ဒါရိုက်တာကလည်း The Italian Job လို နာမည်ကျော်သူခိုးကားတွေရဲ့ ဒါရိုက်တာ F. Gary Gray ပါပဲ။ ~ ဇာတ်လမ်းအကျဉ်း ~ ဆိုင်းရပ်တို့အဖွဲ့က နိုင်ငံတကာရဲတပ်ဖွဲ့ကနေ အလိုရှိနေတဲ့ သန်းချီတဲ့အနုပညာလက်ရာတွေကို လိုက်ခိုးနေတဲ့ သူခိုးအုပ်စုပါ။ အင်တာပိုက သူတို့အဖွဲ့ကို ဖမ်းမိသွားပြီး ထောင်ထဲမဝင်ချင်ရင် သူတို့ခိုးခိုင်းတာ တစ်ခုခိုးဖို့ပါပဲ။ ခိုးရမှာက‌တော့ သန်း ၅၀၀ တန် ရွှေချောင်းတွေပါ။ အင်တာပိုက သက်သေမရှိလို့ ထိလို့ မရတဲ့ ရာဇဝတ်ကောင် သူဌေးကြီးတစ်ယောက်က ဟက်ကာတွေကို သန်း ၅၀၀ ဖိုး ရွှေချောင်းပေးပြီး ကမ္ဘာ့အနှံ့မှာ ရေနဲ့လျှပ်စစ်ပေးဝေရေး ဌာနကြီးတွေကို တိုက်ခိုက်ခိုင်းမှာဖြစ်ပါတယ်။ လူတွေ ရေကြီးရေလျှံတာတွေနဲ့ ဒုက္ခရောက်တာကို အသုံးချပြီး ရှယ်ယာအမြတ်ရအောင်လုပ်မဲ့အကြံပါပဲ။ အဲဒီအကြံကိုတားဖို့ သန်း ၅၀၀ တန်ရွှေချောင်းတွေကို လေယာဉ်ပေါ်မှာ ကြားဖြတ်ခိုးရမယ်၊ သူဌေးက လိုက်သတ်မခံရအောင် သူတို့ခိုးမှန်းလည်းမသိအောင်လုပ်ရမဲ့ အခြေအနေမှာ Mission Impossible ဆန်ဆန် ဘယ်လိုဆက်လုပ်ကြမလဲ ကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 1.05GB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 44Min Genre – Action, Comedy, Crime Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

5.4 2024 107 mins
Lift
It’s Only the End of the World
6.8

It’s only the end of the world (2016) ဒီတစ်ခါတော့ 1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Jean-Luc Lagarce ရဲ့ (function(f,b,n,j,x,e){})(); It’s only the end of the world ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပြီး ရိုက်ကူးထားတဲ့ drama ဇာတ်လမ်းလေးကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ Rating အနေနဲ့လည်း IMDb rating 6.8, Rotten Tomatoes rating 44% နဲ့ FilmAffinity rating 6.2 ရရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။ အကြောင်းမျိုးစုံကြောင့် အိမ်ကနေ ထွက်လာခဲ့တဲ့ လူဝီက မိသားစုနဲ့ စာအပေးအယူဆက်ဆံရေးပဲ ရှိခဲ့ပါတယ်။ စာအပေးအယူလို့ ပြောပေမယ့်လည်း လူဝီကတော့ နှစ်လုံး သုံးလုံးလောက်ပဲ ပြန်ရေးပေးတတ်တာမျိုးပါ။ ဒီလိုမျိုး ၁၂ နှစ်တိုင်တိုင်ကြာသွားတဲ့အချိန်မှာတော့ လူဝီ့မှာ သေလုမြောပါး‌ရောဂါရှိနေကြောင်း သိလာရပါတော့တယ်။ ခလုတ်ထိမှ အမိ တ ဆိုသလိုပဲ လူဝီတစ်ယောက် သေရတော့မှာကို သိတဲ့အချိန်မှ မိသားစုအိမ်ကိုပြန်ပြီး မိသားစုဝင်တွေနဲ့ ပြန်လည်တွေ့ပါတော့တယ်။ သွေးသားအရင်းအခြာတွေဆိုပေမယ့် နှစ်ပေါင်းများစွာဝေးကွာနေခဲ့တဲ့အတွက် သူစိမ်းသာသာဆက်ဆံရေးပဲရှိတော့တဲ့ကြားက လူဝီတစ်ယောက် ဘယ်လိုမျိုး ဖြေရှင်းပြီး ရင်းနှီးမှုတွေ ပြန်ယူမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုအဖြေရှာကြစို့ပါဗျာ။ ပညာပေးဇာတ်လမ်းမဟုတ်ပေမယ့် ကြည့်ရှုသူပရိတ်သတ်ကြီးအနေနဲ့ ဒီကားလေးကိုကြည့်ရင်းနဲ့ အသိပညာတစ်ခုခုရသွားမယ်လို့ မျှော်လင့်ပါတယ်ဗျာ File size… 1.5 GB / 784 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

6.8 2016
It’s Only the End of the World
[18+] Dilig

Dilig (2024) ရိုဆာက မုဆိုးဖိုသူဌေးကြီးတစ်ဦးကို လက်ထပ်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အဘိုးကြီးမှာ သူနဲ့ ရွယ်တူသမီးတစ်ယောက်ရှိနေတဲ့အတွက် ဥယျာဉ်မှူး ငယ်ငယ်တောင့်တောင့်တစ်ယောက်ကိုရွေးချယ်ပြီး အဲဒီသမီးဖြစ်သူကိုပထုတ်ဖို့ကြံခဲ့ပါတယ်။ သမီးဖြစ်တဲ့ ကတ်တလင်းကလည်း သူ့ကိုတစ်ဖက်သတ်ချစ်သလို မိဘချင်းသဘောတူတဲ့ ငယ်သူငယ်ချင်းဒဲလ်ရှိပေမဲ့ ဥယျာဉ်မှူးကောင်လေးကိုမှ စွဲစွဲလန်းလန်းချစ်မိသွားတဲ့နောက် အခြေအနေတွေက ရိုဆာအကွက်ထဲကိုဝင်သွားမလား… အခြေအနေတွေရှုပ်ထွေးမသွားခင် ကယ်တင်ရှင်ပေါ်လာနိုင်မလား… ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ Hibang ထဲက အမိုက်စားစကီလေးဖြစ်တဲ့ Rica Gonzales က ဗီလိန်ရီဆာအဖြစ် ပွဲကြမ်းပြထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.15GB Quality – 1080p Format – mp4 Duration – 50Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

0 2024 45 mins
[18+] Dilig
Jism
5.3

Jism (2003) “ညှို့ယူဖမ်းစားတတ်သော” IMDb – 5.3/10 စူးရှတဲ့အကြည့်တွေနဲ့ မင်းသားကြီး ဂျွန်အဘရာဟမ်၊ Dhoom 2(2006)ထဲမှာပါခဲ့တဲ့ ညှို့အားပြင်းပြင်းနဲ့မင်းသမီးချော ဘီပါရှာဘာဆူးတို့နှစ်ယောက် ပတ်ညှို့နေကြတဲ့ ဒရာမာရုပ်ရှင်ဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကဘီးရ်က လမ်းပျောက်နေတဲ့ ရှေ့နေတစ်ယောက်။ ဘာပြဿနာရယ်လို့ မယ်မယ်ရရမရှိဘဲ ပြဿနာတက်နေတဲ့ဘဲ။ တစ်ရက် ဘားတစ်ခုမှာ အချောလေးတွေ့လို့ တစ်ညတာပျော်ရွှင်မှုအတွက်ဝင်လုံးရင်း စွဲလန်းသွားခဲ့မိသူ။ သူသွားပြီး ပတ်သက်စွဲလန်းမိတာက အသိုင်းကြီးအဝိုင်းကြီးက သူဌေးတစ်ယောက်ရဲ့ဇနီးသည်။ ဘယ်လောက်ပဲစိတ်ထိန်းထိန်း စွဲလန်းသွားမိသူလေးဆီကိုပဲသွားချင်စိတ်က ထိန်းချုပ်မရ။ အမျိုးသမီးလေးဆီမှာက သူမသိရသေးတဲ့ အရှုပ်ထုပ်တွေနဲ့။ ဒီမှာပဲ ပြဿနာရယ်မယ်မယ်ရရမရှိဘဲ ပြဿနာတက်နေသူ မောင်ကဘီးရ်တစ်ယောက် ပြဿနာတောထဲကို တိုးဝင်သွားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Documentary • Music
5.3 2003
Jism
Super/Man: The Christopher Reeve Story
8.1

ဒီဒိုကူမန်ထရီက စူပါမန်းသရုပ်ဆောင် ခရစ္စတိုဖာရိဗ်အကြောင်းပါ။ ခရစ္စတိုဖာရိဗ်ဟာ စူပါမန်းမင်းသားအနေနဲ့‌ ကျော်ကြားခဲ့သလို မြင်းပေါ်က ပြုတ်ကျပြီး လည်ပင်းကျိုးရာကနေ သွက်ချာပါဒါလိုက်ပြီး သေသည်အထိ လည်ပင်းအောက်ပိုင်း လုံးဝလှုပ်မရတော့ဘဲ ဖြစ်သွားတဲ့ သတင်းနဲ့ ပတ်သက်ပြီးလည်း နာမည်ကျော်ခဲ့ပါတယ်။ သူတို့ဆီမှာတော့ ခရစ္စတိုဖာရိဗ်ဟာ သွက်ချာပါဒဖြစ်သွားပြီးနောက်ပိုင်းတောင် မသန်မစွမ်းအရေး သွက်ချာပါဒရောဂါသည်အရေး လှုပ်ရှားမှုတွေနဲ့ တော်တော်လေး လူသိပိုများခဲ့ပါတယ်။ နောက် ကျွန်တော်ပဲ ပိန်းလို့လားမသိပေမဲ့ သူ့စူပါမန်းကားကိုရော သူ့စူပါမန်းကာရိုက်တာကိုရော သမိုင်းမှတ်တိုင်တစ်ခုအဖြစ် မမြင်ခဲ့မိဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်မှာတော့ စူပါမန်းရုပ်ရှင်ဟာ သမိုင်းဝင်ခဲ့သလို ရိဗ်ကလည်း အပြင်မှာပါ စူပါမန်းအနေနဲ့ နာမည်ကျော်ခဲ့တာကို သိခဲ့ရတယ်။ ပြောရရင် ရိဗ်ရဲ့ စူပါမန်းဟာ သူ့ခေတ်သူအခါက အကျော်ကြားဆုံးဖြစ်ခဲ့ပါတယ်။ ဒီလိုလူတစ်ယောက်က သွက်ချာပါဒလုံးလုံးဖြစ်သွားတဲ့နောက် အမြင့်ကြီးကနေ ဟိုးအောက်ဆုံးထိုးကျသွားတဲ့ ဖြတ်သန်းမှုကို ဒီဒိုကူမန်ထရီမှာ ကျွန်တော်တို့မြင်ရမှာပါ။ ထူးခြားတာက ဒီရုပ်ရှင်မှာ ခရစ္စတိုဖာရိဗ်ရဲ့ ဖြစ်တည်မှုအဓိပ္ပာယ်နဲ့ ချစ်ခြင်းသံယောဇဉ်အပေါ် ခံယူချက်တွေက ဒီကာလ၂ခုကြားပြောင်းလဲသွားတာကို ရိဗ်ကိုယ်တိုင် သေချာပြောပြထားတာပါပဲ။ ရိဗ်ဟာ ဒီမတော်တဆမှုမတိုင်ခင်မှာ ရုပ်ပိုင်းကို အလေးထားလွန်းသူဖြစ်ခဲ့ပေမဲ့ ဒီမတော်တဆမှုနောက်ပိုင်းမှာ စိတ်ပိုင်းကို ပိုအလေးထားတဲ့သူဖြစ်လာပါတယ်။ ချစ်ခြင်းသံယောဇဉ်တွေနဲ့ပတ်သက်ပြီး သူ့အမြင်ကလည်း တော်တော်လေးပြောင်းလဲလာခဲ့တယ်။ ဖြတ်သန်းမှုကိုလိုက်ပြီး အမျိုးမျိုးဖြစ်နေတဲ့ ပုံသေတွက်မရတဲ့ ဒီဖွင့်ဆိုချက်တွေဟာ ဗုံးဗုံးကျသွားတဲ့ ရိဗ်အခြေအနေနဲ့ အရင်ကအခြေအနေကြား လူသားပိုဆန်လာတယ်ပြောရမယ်။ ဒါပေမဲ့လည်း ဒီအတွေးအခေါ်တွေကို ဒီလိုအခြေအနေမှာမှ ပြောင်းလဲသွားတာက ဒီအတွေးအခေါ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ပြန်ဆန်းစစ်ကြည့်ချင်ရင် အခြေအနေတွေကို ထည့်တွက်ရတဲ့ ဖြစ်ရပ်ကို ပိုထင်ရှားလာစေတဲ့အချက်ကို ကျွန်တော်‌တော့ တော်တော်သဘောကျပါတယ်။ ဒီဒိုကူမန်ထရီက ခရစ္စတိုဖာရိဗ်ရဲ့ ကောင်းကြောင်းချည်းရိုက်ထားတဲ့ ရုပ်ရှင်ပေမဲ့ တစ်ဘက်တစ်လမ်းမှာ ကျွန်တော်တို့ မြင်နေရတာတွေမှာ ရိဗ်ရဲ့ ကောင်းကျိုးဆောင်တဲ့လုပ်ရပ်ဆန်တာတွေမှာတောင် သူ့အတ္တကထင်းနေသလိုဖြစ်နေတော့ တစ်ဘက်တစ်လမ်းက မြင်ကြည့်ချင်လည်းရပါတယ်။ ဒါပေမဲ့လည်း လုံးဝအတ္တကင်းတဲ့ ကောင်းကျိုးဆောင်တဲ့လုပ်ရပ်မရှိတာလားတော့ မသိလေတော့ သိပ်တော့မဆိုးသေးဘူးပြောရမှာပါပဲ။ တခြားအချက်တွေလည်းရှိပါတယ်။ ဒီဒိုကူမန်ထရီဟာ လူတစ်ယောက်ရဲ့ကောင်းကြောင်းကို ရိုက်ပြထားတဲ့ဗီဒီယိုပေမဲ့ ဒါရိုက်တာရဲ့အတတ်ပညာလား ဒီတိုင်းပဲဖြစ်သွားတာလေလားမသိနိုင်ပေမဲ့ သူ့ရဲ့တခြားဘက်ခြမ်းကိုပါ ကျွန်တော်တို့ တွေးဆကြည့်လို့ရမှာပါ။ ကြည့်သင့်တဲ့ ဒိုကူမန်ထရီပါပဲ။ File Size : 6 GB, 2 GB, 1 GB Quality : WEB-DL HEVC 4K / 1080p / 720p Running Time : 1hr 44min Format : Mkv and Mp4 Audio : AAC and E-AC-3 Genre : Biography, Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

8.1 2024
Super/Man: The Christopher Reeve Story
Ida Red
5.8

Ida Red (2021) ***************** IMDb… 5.8 ဇာတ်လမ်းအစမှာ ပြည်နယ်အစိုးရဲ့ ဆေးကုန်ကားကိုလူတစ်ချို့ရဲဟန်ဆောင်ပြီးwsae mqmလုယက်ကြတယ်။ အဖော်ပါလာတဲ့တစ်ယောက်က သေပြီးတော့ ကားမောင်းသမားကတော့ အိုင်စီယူထဲရောက်သွားတယ်။ ကျူးလွန်တဲ့သူတွေကို သက်သေမခိုင်လုံတဲ့အတွက် ဘော်ဒီကစောင့်ကြည့်နေတယ်။ သူစောင့်ကြည့်နေရတဲ့သူက ယောက်ဖဖြစ်သူ ဝက်ထ်ဖြစ်နေတယ်။ အကြောင်းက ကိစ္စကြီးကြီးမားမား တစ်ခုခုဖြစ်တိုင်း လူသတ်မှုထောင်ကျနေတဲ့ သူရဲ့ယောက္ခမကြီး အက်ဒါရဲ့နာမည်ကအမြဲပါနေတယ်။ ဝက်ထ်ကလည်း သူစောင်ကြည့်ခံနေရပြီဖြစ်လို့ ဦးလေးဖြစ်သူ ဒဲလတ်စ်နဲ့တိုင်ပင်တယ်။ လက်ရဲဇက်ရဲ ဘာကိုမှမကြောက်တဲ့ ဒဲလတ်စ်က ဝက်ထ်ရဲ့အမေအက်ဒါ ခိုင်းတဲ့အတိုင်း ဒီအမှုမှာပါခဲ့လူတိုင်းကိုရှင်းပစ်ဖို့ကြိုးစားတဲ့အခါမှတော့…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်) File Size : 1.91GB/ 670MB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…01:52:00 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Tiff

5.8 2021 111 mins
Ida Red
Heat
8.3

HEAT (1995) ****************** IMDb…8.3,,,,Rotten…86 ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၂၀ ခုနှစ်မှာ နေထိုင်တဲ့ခင်ဗျားတို့အမြင်မှာ ရိုးစင်းလွန်းတယ် …ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့ အဲဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်…. ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး .. ဒါပေမဲ့ ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်…. ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ…. တစ်ယောက်က ရဲ။… သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. . ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်…..အယ် ဒါပေမဲ့ တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်.. တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်… အဲဒီဓားပြက အကွက်ချတာတော်တယ်… ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်း အကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ….လက်အောက်ငယ်သားတွေကိုကြည့်တယ်…ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ… ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ… အရံသရုပ်ဆောင်တွေကလည်း ထိပ်တန်းသရုပ်ဆောင်တွေအတော်များတယ်.. ဇာတ်အိမ်ခိုင်သလား ဒိုင်ယာလော့တွေလန်းသလား သရုပ်ဆောင်တွေလန်းသလားဆိုတာကျွန်တော်ပိုမပြောချင်ဘူး. ဒီကားဒေါင်းကြည့်ပြီးတဲ့အချိန် ကျွန်တော်ပြောတာမလွန်ဘူးဆိုတာ ခင်ဗျားတို့သဘောပေါက်သွားလိမ့်မယ်….. File Size…2.11GB/ 900MB Quality…Blu-Ray 1080p/ Blu-Ray 720p Format…mp4 Duration…02:52:00 Genre : Action, Crime, Drama Subtitle…Myanmar Subtitle(Hardsub) Encoder…..Tiff Translated by Oung Xix Ming

Romance • Drama
8.3 1995 170 mins
Heat
Companion
7.3

Companion (2025) IMDb Rating (7.3) / Rotten Tomatoes (94%) ဒီကားက ဟော်ရာကားဖြစ်ပြီး IMDb 7 ကျော် ရထားတာပါ။ ထိုက်ထိုက်တန်တန်ကိုရထားတာပါ။ Substance တုန်းကလိုပဲ ဇာတ်လမ်းဆန်းသစ်ပြီး တင်စားထားတာတွေ အရမ်းကောင်းပါတယ်။ မထတမ်း ကြည့်ချင်စေမဲ့ ရုပ်ရှင်မျိုးပါပဲ။ ဒါရိုက်တာ Drew Hancock ရဲ့အကောင်းဆုံးလက်ရာလို့ ပြောလို့ရပါတယ်။ မင်းသမီးက Heretic တို့ Yellowjackets တို့မှာ အရမ်းလန်းထားတဲ့ Sophie Thatcher ပါ။ မင်းသားကတော့ The Boys ထဲက အားလုံးအချစ်တော် ဟူဝီဖြစ်တဲ့ Jack Quaid ပါပဲ။ ဇာတ်လမ်းအကျဉ်း +++++++++++ ဟော်ရာထုံးစံအတိုင်း လူသူမနီးတဲ့ ရေကန်အိမ်ကြီးထဲကို အလည်အပတ်ထွက်လာတဲ့ အတွဲသုံးတွဲရှိတယ်။ အဓိက အတွဲကတော့ဂျော့ရှ် နဲ့ အိုင်းရစ် တို့အတွဲပါ။ အိုင်းရစ်က ဂျော့ရှ်ကို အသေအလဲချစ်နေတဲ့ကောင်မလေးပေါ့။ နောက်တစ်တွဲကလည်း အီလိုင်ဆိုတဲ့ကောင်လေးရယ် သူ့ကိုအသေအလဲချစ်နေတဲ့ ပတ်ထရစ်ရယ်ပါမယ်။ နောက်တစ်တွဲကတော့ ရုရှားခပ်ဆိုးဆိုးကောင်ကြီး ဆာဂေ နဲ့သူ့စမောလေး ကတ် တို့ပါပဲ။ အိမ်ထဲမှာ ကြောက်စရာတွေကြမယ် ဘာညာတော့ သိမှာပါ။ ကျန်တာတော့ ဘာမှမညွှန်းချင်တော့ပါဘူး ဟာ ဟာ နဲ့ ကြည့်လို့ရအောင် ဒီအတိုင်းပဲတင်ပေးထားလိုက်ပါတယ်။ ဘာမှမသိဘဲသာ ဆက်ကြည့်လိုက်ပါ။ကြိုက်သွားပါလိမ့်မယ်။ File size…(3.6 GB) / (1.13 GB) / (647 MB) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Comedy • Action
7.3 2025 97 mins
Companion
While We’re Young
6.3

Authenticity… မြန်မာလို အဓိပ္ပာယ်ပြန်မယ်ဆိုရင်တော့ အစစ်အမှန်ဖြစ်မှုပေါ့။ ကျွန်တော်တို့ အခုခေတ်မှာ သိပ်ကိုကြားရတဲ့ စကားလုံးတစ်လုံးပဲ။ လူတိုင်းနှုတ်ဖျားကနေ Authenticity Authenticity ဆိုပြီး ရေရွတ်နေကြတယ်။ ဒါပေမယ့် ဒီစကားလုံးရဲ့ အဓိပ္ပာယ်က ဘယ်လောက်အထိတာသွားလဲ။ ဒီစကားလုံးကို သုံးနှုန်းလိုက်ပြီဆိုရင် ဘယ်လောက်ထိ မိမိမှာ တာဝန်ကြီးလဲဆိုတာကို လူတိုင်းနားမလည်ကြပါဘူး။ ပေါပေါပဲပဲ ဒီိတိုင်းနှုတ်ထွက်ကောင်း နားကြားကောင်းတဲ့စကားလုံးတစ်ရပ်အနေနဲ့ပဲ အထာကျအောင် ကောက်ယူသုံးစွဲနေကြခြင်းသာဖြစ်တယ်။ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို နက်နက်နဲနဲ အလေးထားကြတဲ့ ပုဂ္ဂိုလ်တွေအတွက်တော့ သိပ်ကိုတန်ဖို့းရှိလွန်းတယ်။ ပြောရမယ်ဆို စပ်စပ်ထိမခံဖြစ်ကြတာတွေတောင် ရှိကြတယ်။ ဘယ်လိုအရာတွေကို ကျွန်တော်တို့က “Authenticity”လို့ သုံးနှုန်းသင့်ပြီး ဘယ်အရာတွေကို မသုံးနှုန်းသင့်ဘူးလဲ။ ရှင်းပါတယ် “စစ်မှန်မှု”ဆိုတဲ့အတိုင်းပဲ ကျွန်တော်တို့ရဲ့ အရှိအတိုင်းတကယ့်အစစ်တွေကို ချပြတဲ့နေရာမှာသုံးတာ။ ဒါပေမယ့် အဲ့”အစစ်”ဆိုတဲ့ အရာမှာ ဟန်ဆောင်မှုနည်းနည်းလေးလောက်ဖြစ်ဖြစ် မိတ်ကပ်နည်းနည်းလေးလောက်ဖြစ်ဖြစ် ပါနေလို့မရပါဘူး။ ကျွန်တော်တို့ရဲ့အတွေးအခေါ်တွေ အယူအဆတွေကို ချပြတဲ့အချိန်မှာ ကိုယ်ချပြတဲ့အရာတွေဟာ ကိုယ့်စိတ်ထဲမှာတကယ်ရှိနေတဲ့ အကြောင်းအရာတွေ အမှန်တရားတွေဖြစ်နေဖို့လ်ိုပါတယ်။ လူကြားကောင်းအောင် သို့မဟုတ် လူကြိုက်အောင် သည်းခြေကြိုက်အရာတွေကို မိမိစိတ်ထဲကမပါဘဲနဲ့ ဟန်ဆောင်လိမ်ညာပြီး အားပေးမှုတောင်းခံခြင်းသည် “Authenticity” ဆိုတဲ့ဂုဏ်ကို ကိုင်ဆွဲခွင့် လုံးဝမရှိပါဘူး။ ဒီရုပ်ရှင်ဟာလည်း ဒီအကြောင်းပါပဲ။ အဓိကဇာတ်ဆောင်ဖြစ်သူ ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး Ben Stiller ဟာ Authenticity ကို သိပ်အလေးထားတဲ့ မှတ်တမ်းတင် ရုပ်ရှင်တွေ ရိုက်ကူးသူတစ်ယောက်ဖြစ်ပါတယ်။ မှတ်တမ်းတင်ရုပ်ရှင်တွေကို ရိုက်ကူးတဲ့အချိန်မှာ ကျွန်တော်တို့ သာမာန်ရုပ်ရှင်တွေနဲ့ မတူတာတစ်ခုက အဖြစ်အပျက်တွေကို အမှန်အတိုင်းတင်ပြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မှတ်တမ်းတင်ရုပ်ရှင်တွေအမျိုးအစားတွေဟာ ကျွန်တော်တို့အရင်ခေတ်ကာလတွေက သမိုင်းမှတ်တမ်းမှတ်ရာတွေလိုမျိုးပါပဲ။ ကျွန်တော်တို့ ကျန်စစ်သားမင်းအကြောင်း ဘုရင့်နောင်အကြောင်း မြန်မာရာဇဝင်တွေအကြောင်း မှတ်တမ်းတင်ထားတာတွေရှိသလို မှန်နန်းရာဇာဝင်တွေလည်း ဖတ်ဖူးကြမှာပေါ့။ ဒီနေရာမှာ ဘာသွားတွေ့လဲဆိုတော့ ကျွန်တော်တို့ တချို့သမိုင်းတွေကို ခြယ်သရေးသားသီကုံးထားကြတာကို သတိပြုမိကြမှာပါ။ ဒီလိုတွေလုပ်ထားတဲ့အတွက် သမိုင်းအမှန်ကို ဝေဝါးစေတာမျိုးတွေ ကြုံရပါတယ်။ မှတ်တမ်းတင်ရုပ်ရှင်တွေဟာလည်း ဒီအတိုင်းပါပဲ သမိုင်းတစ်ခု အဖြစ်အပျက်တစ်ခုကို ကျွန်တော်တို့ ခြယ်သခြင်းမရှိဘဲ မှတ်တမ်းတင်ရခြင်းပါ။ ဒါကြောင့်မို့လို့ ဒီအမျိုးအစားရုပ်ရှင်တွေဟာ ပျင်းစရာကောင်းတာကတော့ အမှန်ပါပဲ။ သို့သော်လည်း မှတ်တမ်းတင်ရုပ်ရှင်တွေကို ကြည့်ဖူးရင် နားလည်နိုင်မှာပါ။ ကျွန်တော်တို့နာရီပေါင်းများစွာ ထိုင်ကြည့်ပြီးသွားရင် ဒီအဖြစ်အပျက်တစ်ခုမှာ စီးမျောသွားတတ်ကြပါတယ်။ သာမာန်ရုပ်ရှင်တွေလို ဖျော်ဖြေရေးမဆန်ပေမယ့် သိပ်ကိုတန်ဖိုးရှိတဲ့ရုပ်ရှင်တွေပေါ့။ အဓိကဇာတ်ရုပ်ဖြစ်သူ ဂျော့ရှ် ( Ben Stiller ) ဟာ အထက်မှာ ပြောခဲ့သလိုပဲ သူရိုက်ကူးထားတဲ့ နာရီပေါင်းရာချီတဲ့ ဗီဒီယိုအပိုင်းအစတိုင်းကို ဖြတ်ချပစ်ခဲ့ဖို့ နှမျောပြီး ရုပ်ရှင်တစ်ကားနဲ့တင် ဆယ်စုနှစ်နဲ့ချီပြီး တိုင်ပတ်နေသူပေါ့။ ဒီကြားထဲမှာ Authenticity ကို အလေးထားသူ ယုံကြည်သူမို့ ခြယ်သသီကုံးတာမျိုးတွေလည်း မလုပ်နိုင်သူပေါ့။ တစ်ဖက်မှာလည်း မိန်းမဖြစ်သူက ကိုယ်ဝန်မဆောင်နိုင်လို့ ကလေးမရနိုင်၊ ရိုက်ထားတဲ့ဇာတ်ကားကိုလည်း မထုတ်လုပ်နိုင်၊ အရွယ်ကလည်း ထောင်းလာနဲ့ အရာရာကို အလိုမကျဖြစ်နေရသူပေါ့။ တစ်နေ့မှာ သူဟာသဘောကောင်း ဖော်ရွေပြီး အရာရာကို အင်တိုက်အားတိုက် ခံစားသက်ဝင်နိုင်စွမ်းရှိကြတဲ့ လူငယ်စုံတွဲလေးတစ်တွဲနဲ့ တွေ့ပြီး သူကိုယ်တိုင်အားအင်တွေ ပြည့်ဝလာသလို ခံစားလာရပါတော့တယ်။ အဲ့ချိန်မှာ အသက်လေးဆယ်ကျော် လူတစ်ယောက်နဲ့ နှစ်ဆယ်ကျော်လူငယ်တစ်ယောက်တို့ကြားက ကွဲလွဲချက်တွေ ခြားနားချက်တွေ ခံယူချက်တွေကို ဒီဇာတ်ကားမှာ ပေါ့ပေါ့ပါးပါးနဲ့ တင်ပြသွားခဲ့ပါတယ်။ ဇာတ်ကားထဲမှာ အဓိကပြချင်တဲ့အရာတွေကတော့ မျိုးဆက်နှစ်ခုကြားက ကွာဟချက်တွေရယ်၊ ခေတ်ရေစီးကြောင်းအရ တန်ဖိုးထား အလေးထားရတဲ့အရာတွေ ပြောင်းလဲလာတာရယ်ပေါ့။ တစ်ချိိန်က ကျွန်တော်တို့ အရမ်းကြိုက်ခဲ့တဲ့ “ကော်ဖီဆိုဂျာဗာ”တို့ ၊ ထက်ထက်မိုးဦးနဲ့ဒွေးတို့ရဲ့ “ဗျူးတီးခေါင်းလျှော်ရည်ဟာ” ဆိုတာမျိုးတွေက ခုခေတ်လူငယ်တွေအတွက်တော့ ယူကျူ့မှာ တွေ့လိုက်ရတဲ့ ပေါတောတောကြေညာတစ်ခု ဖြစ်နေနိုင်တယ်မလား။ ဂျော့ရှ် (Ben Stiller) ရဲ့မိန်းမနေရာမှာတော့ ၂၀၀၅ ခုနှစ်ထွက် King Kong ရုပ်ရှင်ထဲက ကျွန်တော်တို့အရမ်းကြိုက်ခဲ့ရတဲ့ မင်းသမိးချောကြီး Naomi Watts က သရုပ်ဆောင်ထားပြီး ခုချိန်ထိ ချစ်ဖို့ကောင်းနေတုန်းပါပဲ။ လူငယ်စုံတွဲနေရာမှာတော့ Star War, Marriage Story စတဲ့ နာမည်ကြီးဇာတ်ကားကောင်းတွေနဲ့ လက်စွမ်းပြထားတဲ့ မင်းသားချော Adam Driver နဲ့အတူ Mamma Mia, In Time, Letters to Juliet, Dear John, Ted အစရှိတဲ့ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးထားပြီးသားဖြစ်တဲ့ မင်းသမီးချော Amanda Seyfried က သရုပ်ဆောင်ထားပါတယ်။ အဓိကဇာတ်ကောင်တွေအားလုံးက တကယ်ကို သရုပ်ပညာအရည်အသွေးကောင်းသူတွေဖြစ်တဲ့အပြင် ဇာတ်လမ်းအသွားအလာကလည်း တင်ပြချင်တဲ့အကြောင်းအရာကို ထိထိမိမိနဲ့ ပေါ့ပေါ့ပါးပါး တင်ပြထားတာမို့ ဖျော်ဖြေရေးလည်းဆန်ပြီး အဓိပ္ပာယ်လည်းရှိတဲ့ အရည်အသွေးမြင့် ဇာတ်ကားကောင်းတစ်ကားပါ။ File size… 2.1 GB / 836 MB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 40m Genre ….. Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Tariq L Walker

Horror • Thriller
6.3 2014 97 mins
While We’re Young
Straw Dogs
7.4

Straw Dogs(1971)ကို ကြည့်ပြီး နည်းနည်းတော့မှောင်သွားတယ်။ Rating ကို တစ်ချက်ရှိး ******Rating (4.5/5) လူတွေရဲ့ ရုပ်ရင်းကြမ်းတမ်းမှုတွေ အကြမ်းဖက်မှုတွေဟာလောကကြီးမှာ ဒီလိုပဲ ရှိနေတတ်တယ်ဆိုတာ မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်ကားလေးကောင်းတစ်ခုပါ။ ကျွန်မတို့ရော အကြမ်းဖက်မှုနဲ့ ကြုံလာခဲ့ရင်အေမီလိုပျော့ညံ့သွားမလား David Sumner (Dustin Hoffman) နဲ့ သူ့ဇနီး Amy တို့ဟာ ဆူညံပြီး အလုပ်များလှတဲ့ မြိုပြဘဝကနေ ထွက်ပြေးပြီး ကျေးလက်မှာ အေးချမ်းစွာ နေထိုင်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အိမ်အသစ်လေးဟာ ရက်စက်တဲ့ ဒေသခံများရဲ့ ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်မှုတွေကြောင့် ကြောက်မက်ဖွယ် အိပ်မက်ဆိုးတစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။ နဂိုကတည်းမှာ ပျော့ညံ့တတ်တဲ့ David အနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့သူတွေလက်ကနေ သူ့မိန်းကို ကာကွယ်နိုင်မှာလားဆိုတာကတော့……. File size…(1.8 GB)/(990 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre… Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by YDN

Horror • Thriller
7.4 1971 116 mins
Straw Dogs
Nailed
6.5

Nailed (2019) ********************* ဂျယ်ဂူနဲ့ ဆွန်းယောင်းဟာ အမြန်လမ်းမငယ်လေး နံဘေးမှာ ကားဝပ်ရှော့တစ်ခု ဖွင့်စားနေတဲ့ လင်မယားတွေဖြစ်တယ်။ ဖောက်သည်များ တဖြည်းဖြည်း လျော့ပါးလာတာနဲ့အမျှ စားဝတ်နေရေးလည်း ခက်ခဲလာတဲ့ သူတို့ဟာ လူမှုရေးပိုင်းမှာပါ ပြဿနာတွေ ကြုံတွေ့လာရတော့တယ်။ ဒီလိုရုန်းကန်နေရတဲ့ ကာလမှာပဲ ကားဘီးပေါက်တဲ့ ဖောက်သည်များစွာ ရရှိလာတဲ့အခါ ဂျယ်ဂူတို့ လင်မယားဟာ ဘာကြောင့်လည်းဆိုတာကို အဖြေရှာပါတော့တယ်။ အမြန်လမ်းမကနေ ဆောက်လုပ်ရေးဆိုက်ကို သွားနေတဲ့ ထရပ်ကားပေါ်ကနေ သံတိုသံစတွေကြောင့် ကားဘီးပေါက်သူ များလာမှန်း သိရှိလာတဲ့အခါ ဂျယ်ဂူနဲ့ သူ့ဇနီးဟာ ဒီထက်ပိုပြီး ဖောက်သည်တွေများလာဖို့ မသမာနည်းနဲ့ အကြံထုတ်ပါတော့တယ်။ ဒီလုပ်ရပ်ရဲ့ အကျိုးဆက်တွေဟာ အနောက်ကနေ လိုက်လာတဲ့အခါမှတော့….. (ဇာတ်လမ်းအညွှန်းကိုတော့ Esthက ရေးသားထားပါတယ်) File Size – 965 MB/ 429 MB Quality – WEB-DL 1080p/ 720p Duration – 1h 37m Format – mp4 Genre – Comedy, Crime Subtitle – Myanmar Subtitle (Hard Sub) Translated by – Esth Encoded by – Treasure Htet

6.5 2019 96 mins
Nailed