YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Game Changer (2025) Proper TRUE WEB-DL - 720p - AVC - YK-Edit(CM).mp4

2.3 GB N/A video/mp4 6992 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Gunfight at Rio Bravo
2.5

ရဲမှူးချုပ် Austin Carterနဲ့ သူ့လက်ထောက်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Hellhoundဂိုဏ်းခေါင်းဆောင် Ethan Crawley ကို ဖမ်းမိပြီး တရားစီရင်ဖို့ San Antonia မြို့ကို ခရီးသွားကြ တယ်။ လမ်းမှာ Blind Chapel ဆိုတဲ့ မြို့မှာရပ်နားပြီး လူဆိုး ဂိုဏ်းခေါင်းဆောင်ကြီး Ethan Crawleyကို အဲ့မြို့ရဲ့ အကျဥ်း ခန်းမှာ ခဏချုပ်ထားတယ်။ ဒါပေမဲ့ Hellhoundဂိုဏ်းက လူတကာကိုသတ်ဖြတ်ပြီး ​မြို့လုံးကျွတ်မီးရှို့ဖျက်ဆီးနေတဲ့ အရိုင်းအစိုင်းကောင်တွေဆိုတော့ Blind Chapelရဲ့ မြို့တော်ဝန် Bowmanက လက်မခံဘူး။ အဲ့လိုနဲ့ လက်ခံမယ်ပြောတဲ့ ရဲမှူး Vernon Kellyနဲ့ အငြင်းပွားပြီး နောက်တော့ Crawleysကို လက်ခံလိုက်ပါတယ်။ အဲ့အချိန်မှာပဲ ဇာတ်လမ်းရဲ့အရှုပ်တော်ပုံကြီးက စတော့တာပဲ။ ဇာတ်လိုက်မင်းသား Ivanက ​သေနတ်ပစ်ကျွမ်းပြီး သူ့သရုပ်မှန် ကိုတော့ ဘယ်သူမှသေချာမသိကြဘူး။ Hellhoundဂိုဏ်းက သူတို့ခေါင်းဆောင်ကိုပြန်ခေါ်ဖို့ Blind Chapel မြို့ကို လာတိုက် ဖို့ကြံတာမို့ ရဲမှူး Vernon၊ ရဲမှူးချုပ် Austin နဲ့ Ivan တို့ကပဲ ခုခံပြီး မြို့ကိုလည်းကာကွယ်၊ Crawleysကိုလည်း မလွတ်အောင် ကြံရ ပါတော့တယ်။ Countryside Cow boy တွေနဲ့ Action genre ကားဖြစ်တာမို့ အတိုင်းအတာတစ်ခုလောက်ထိ ကောင်းမွန်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size..........(1.46 GB) / (553 MB) / (330 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 20Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama, Western Translator.......Thwal Htoo Zin Encoder..........SWM

Drama • Science Fiction • Thriller
2.5 2023 80 mins
Gunfight at Rio Bravo
Black Panther: Wakanda Forever
7.2

မာဗယ် Phase 4 ရုပ်ရှင်အသစ်တစ်ခုဖြစ်တဲ့ ဘလက်ပန်သာ-၂ ကို တင်ပေးထားပါပြီ။ ဇာတ်လမ်းအညွှန်း အားလုံးပဲ ဘလက်ပန်သာရဲ့ မင်းသားကြီး ချက်ဒ်ဝစ်ခ် ဘို့စ်မန် ကွယ်လွန်သွားခဲ့တာကိုသိမှာပါ။ အဲဒီအတွက်လည်း မာဗယ်စတူဒီယိုက ဒီရုပ်ရှင်ထဲမှာ အမှတ်တရတွေ သေချာထည့်ပေးထားပါတယ်။ အခု ဆက်ကြည့်ရမှာကတော့ ဝါကန်ဒါမှာ အားအနည်းဆုံးအချိန်၊ ဘလက်ပန်သာ မရှိတော့သလို နောက်ထပ် ပေါ်လာဖို့လည်း နှလုံးသားပုံဆေးရွက်တွေ မီးရှို့ခံထားရတဲ့အချိန်မှာ ဘုရင်ကြီးတီချာလာရဲ့ မယ်တော် အာမွန်ဒါဟာ ဗိုင်ဘရေနီယံကို မက်မောနေကြတဲ့ ကမ္ဘာတစ်ခုလုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်နေချိန်ပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ကမ္ဘာပေါ်က နိုင်ငံတိုင်းထက် အင်အားကြီးပြီး တိုးတက်နေတဲ့ နိုင်ငံအသစ်တစ်ခုနဲ့ ရင်ဆိုင်ဖို့ကြုံလာပါတော့တယ်။ ဝါကန်ဒါလိုပဲ ဗိုင်ဘရေနီယံတွေ ပိုင်ဆိုင်ပြီး သန္ဓေပြောင်းလူသားတွေနေထိုင်တဲ့ ရေအောက်မြို့တော် တာလိုကန်နဲ့ သူတို့ရဲ့ ခေါင်းဆောင် နေမော် (ခေါ်) ကုကုကန် ပါပဲ။ ပြီးတော့ နောက်ပိုင်းမှာ MCU villain အဖြစ်လာမယ့် ဗဲလ်၊ အိုင်ရွန်မန်းကိုဆက်ခံမယ့်သူ၊ ဘလက်ပန်သာကို ဆက်ခံမယ့်သူတွေအားလုံးကိုလည်းအစပျိုးသွားတာမို့ MCU ရဲ့ ခရီးရှည်ကြီးကို ဆက်ပြီးခံစားရဦးမှာပါပဲ။ ကြည့်လိုက်ကြပါဦး။ File size…(2.4 GB)/(1.1 GB) / 784MB   / 6.25GB Quality….Bluray 1080p / 720p / 480p / 4K Format…mp4 Duration….02:41:00 Genre...Action, Adventure, Superhero Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Comedy • Drama
7.2 2022 162 mins
Black Panther: Wakanda Forever
Spirit Halloween: The Movie
6.4

~ Rotten Tomatoes - 55% ~ အားလုံးကို ဟောလို၀င်းအမှီ ဟောလို၀င်း vibe အပြည့်ရစေမယ့် ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Rating တွေက မစုတ်တစုတ်ဖြစ်‌နေသလို Effect တွေကလည်း မကောင်းတ‌ကောင်းပေမယ့် ၁နာရီခွဲစာလောက် အချိန်ဖြုန်းချင်သူတွေအတွက်တော့ အဆင်ပြေမယ့်ကားလေးပါ။ လူပျိုဖော်၀င်စ သူငယ်ချင်းသုံးယောက် ဟောလို၀င်းကို ခါတိုင်းနှစ်နဲ့မတူဘဲ ဖြတ်သန်းချင်လို့ ပေါက်ကရလေးဆယ်လုပ်ရင်းနဲ့ မြို့ရဲ့ဒဏ္ဍာရီထဲက ဝိညာဉ်ကိုနှောင့်ယှက်မိသွားတဲ့အခါမှာတော့ အဲဒီဝိညာဉ်နဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဟာသလေး‌တွေနဲ့ စခွီထရင်း ကြည့်ရှုရမှာပါ။ မိသားစုနဲ့အတူကြည့်ရင်း ဟာသလေးတွေနဲ့ fun ဖြစ်နိုင်တဲ့ကားမျိုးမလို့ တင်ဆက်ပေးလိုက်ရပါတယ်။ Deep plot တွေဘာတွေ မမျှော်လင့်ထားဘဲ ပေါ့ပေါ့ပါးပါးကြည့်ရင် အဆင်ပြေတဲ့ကားလေးပါ။ သရဲကားလည်းကြည့်ချင်တယ်၊ ကြောက်လည်း ကြောက်တတ်တယ်ဆိုတဲ့သူတွေလည်း လုံးဝလက်လွှတ်မခံသင့်တဲ့ကားဆိုတာကို သရဲကိုတွေ့တဲ့အချိန်မှာ သဘောပေါက်သွားပါလိမ့်မယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 851MB Quality - 1080p, 720p IMDb Rating - 4.3/10 Format - mp4 Duration - 1H 27Min Genre - Adventure, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Adventure • Animation • Family • Science Fiction
6.4 2022 87 mins
Spirit Halloween: The Movie
Typhoon
5

ဒီတစ်ခါမှာတော့ CMပရိသတ်ကြီးကိုသိုင်းလောကကနေခဏနားပြီး မတူညီတဲ့ရသတစ်မျိုးခံစားကြည့်နိုင်အောင် သဘာဝဘေးအန္တရာယ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ Zhang Yi Fan ဆိုတဲ့ ကယ်ဆယ်ရေးသမားကြီးဟာ ၂၀၁၁ခုနှစ်လောက်တုန်းမှာ ပြင်းထန်တဲ့မုန်တိုင်းကြားမှာ သူတစ်ပါးကိုကယ်ဖို့ကြိုးစားရင်း သူ့သားအရင်းကိုဆုံးရှုံးလိုက်ရပါတယ်။ သားကိုဆုံးရှုံးရပြီးနောက်ပိုင်းမှာ ၁၀နှစ်ကြာတဲ့အထိ သူ့ဘဝဟာအဲဒီအရိပ်မဲထဲကနေမထွက်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့်ပဲ သူ့ဇနီးနဲ့သမီးဟာ သူနဲ့ကင်းကင်းရှင်းရှင်းနေဖို့တောင်းဆိုလာကြပါတယ်။ သူ့သမီးလေးYao Yao ရဲ့မွေးနေ့မှာ မုန်တိုင်းကြီးထပ်ကျရောက်လာပါတော့တယ်။ ဒီမုန်တိုင်းဟာသာမန်မုန်တိုင်းဖြစ်ပေမယ့် ကမ္ဘာကြီးရဲ့ဝင်ရိုးစွန်းလည်ပတ်နှုန်းဟာမြင့်တက်လာတဲ့အတွက် အီကွေတာအနီးတစ်ဝိုက်ကလှိုင်းတွေဟာမြင့်တက်လာပြီး ကမ်းရိုးတန်းတွေဆီရောက်တဲ့အခါဆူနာမီလိုလှိုင်းကြီးတွေဖြစ်သွားပြီး အလွန်အားပြင်းတဲ့မုန်တိုင်းအသွင်ပြောင်းသွားပါတော့တယ်။ အဲဒီအချိန်မှာမွေးနေ့ပွဲကျင်းပနေတဲ့ Yao Yao ဟာ သူ့ရဲ့သူငယ်ချင်းနဲ့ မြေအောက်ခန်းထဲမှာပိတ်မိသွားပါတယ်။ အလွန်အားပြင်းတဲ့မုန်တိုင်းကြားမှာ ကယ်ဆယ်ရေးသမားကြီးတစ်ယောက်ဇနီးနဲ့သမီးကိုဘယ်လိုကယ်တင်ရပါ့မလဲ။ သားကိုဆုံးရှုံးလိုက်ရသလိုမျိုးထပ်မဖြစ်ရလေအောင် ကယ်ဆယ်ရေးသမားကြီး အစွမ်းကုန်ကြိုးစားပုံကို သဲထိတ်ရင်ဖိုအားပေးလိုက်ကြပါဦးရှင် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

5 2022 73 mins
Typhoon
Carjacked
5

Carjacked (2011) ============ ဒီဇာတ်ကားလေးကတော့ ဘဏ်ဓားပြတစ်ယောက်က single mother တစ် ယောက်ရဲ့ကားကို အနုကြမ်းစီးပြီးခိုင်းစေတာနဲ့ အနုကြမ်းစီးခံရသူက ဘယ်လို ထွက်ပြေးလွတ်မြောက်အောင်ကြိုးပမ်းမလဲဆိုတာ ကြည့်ရမယ့်ကားလေးပါ။ လော်ရိန်း ကယောက်ျားနဲ့ကွဲနေသူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့သားလေး ချက်ဒ် နဲ့အတူဘ၀ကိုခက်ခက်ခဲခဲရင်ဆိုင်နေရတာပါ။ တစ်နေ့တော့ သူနဲ့သူ့သား လေးတို့ကားကို ရွိုင် လို့ခေါ်တဲ့ ဘဏ်ဓားပြတစ်ယောက်က အနုကြမ်းစီးပါတော့ တယ်။ ရွိုင် ကလော်ရိန်းကို‌ခြိမ်းခြောက်ပြီး သူသွားချင်တဲ့နေရာကိုပို့ခိုင်းတဲ့အခါ လော်ရိန်း တစ်ယောက်သန်မာတဲ့မိန်းမတစ်ယောက်အနေနဲ့ ဘယ်လိုရုန်းကန်လွတ်‌ မြောက်မလဲဆိုတာ ရပ်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်) File Size……….(1.63 GB) / (684 MB) Quality………..BLU-RAY 1080p / 720p Duration……..1Hr 29Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Thriller Translator……Theo Katt Encoder……….SWM

5 2011
Carjacked
The Remains of the Day
7.8

The Remains of the Day (1993) ~ IMDb – 7.8/10, Rotten Tomatoes – 96% ~ ဒီရုပ်ရှင်ဟာ အော်စကာ ဆန်ခါတင်စာရင်းမှာ ၈ ဆုတောင် တသီကြီးဝင်ခဲ့ပေမယ့် အဲဒီတုန်းက သူနဲ့ အပြိုင်က Schindler’s List ဖြစ်နေခဲ့တာကြောင့် ဘာဆုမှ ချိတ်မသွားရှာခဲ့တဲ့ တစ်ခါတုန်းက အကောင်းဆုံးရုပ်ရှင်တစ်ကားပါ။ ခုခေတ်ရဲ့ ဂန္ထဝင်တွေလို့ သမုတ်ခံနေကြရပြီ‌ဖြစ်တဲ့ Sir Anthony Hopkins, Hugh Grant, Christopher Reeve နဲ့ Emma Thompson တို့လို ပုဂ္ဂိုလ်တွေ ခေါင်းဆောင်ပါဝင်ထားပါတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့ ဗြိတိန်မှာ ဇာတ်အိမ်တည်ထားတဲ့ သစ္စာရှိ၊ တာဝန်သိ အိမ်တော်ထိန်းကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ Booker Prize ရထားတဲ့ နာမည်တူ စာအုပ်ကိုပဲ ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်ခင်က ကြီးကျယ်ခမ်းနားတဲ့ အင်္ဂလိပ်လူမျိုး အထက်တန်းလူတန်းစားတစ်ရပ်ကိုတွေ့မြင်ရမှာပါ။ စည်းစနစ်ကြီးပြီး အလုပ်မှာသာ အရာရာမြှုပ်နှံထားတဲ့ စတီဗင်ဆိုတဲ့ အိမ်တော်ထိန်းကြီးတစ်ယောက် သူအိမ်ကြီးရှင် သခင်ဒါလင်တန်အပေါ် မှာထားတဲ့အကြွင်းမဲ့ယုံကြည်မှုနဲ့ သစ္စာတရားအပေါ် သခင်ဒါလင်တန် ကွယ်လွန်ပြီးနှစ်အတော်ကြာမှ သူကိုယ်တိုင်ပြန်မေးခွန်းထုတ်လာမိပါတယ်။ သခင်ဒါလင်တန်ဟာ တကယ့်လူကြီးလူကောင်းစစ်စစ်တစ်ယောက် အရှိန်အဝါကြီးသူတစ်ယောက်ဖြစ်ခဲ့ပေမဲ့ သူ့ရဲ့ တလွဲစာနာမှုတစ်ခုအပေါ် အခြေခံမိတဲ့ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့် ဗြိတိန်နိုင်ငံသားတွေရဲ့ သစ္စာဖောက်လို့ အခေါ်ခံရမှုတွေအောက်မှာ နောက်ဆုံးနေ့တွေကို ဖြတ်သန်းခဲ့ရသူပါ။ ဂုဏ်ရှိန်ပြင်းချိန်ကစလို့ မီးငယ်မှိန်ချိန်အထိ အနားမှာ တောက်လျှောက်ခစားခဲ့တဲ့သူကတော့ အိမ်တော်ထိန်းကြီး စတီဗင်ပါ။ ဒါလင်တန်စံအိမ်ကြီးနဲ့ သခင်ဒါလင်တန်ဟာ စတီဗင်အတွက်တော့ ကမ္ဘာတစ်ခုလုံးပါပဲ။ သူ့ရဲ့ သခင်အသစ်က နားရက်ပေးပြီး ခရီးသွားခိုင်းချိန် “ကမ္ဘာကြီးကို နောက်ဆုံးမြင်ခဲ့တာ ဘယ်တုန်းကလဲ စတီဗင်” လို့မေးတာကို “အတိတ်တုန်းကတော့ ကမ္ဘာကြီးကသာ ဟောဒီအိမ်ကြီးဆီ အမြဲ အလည်လာနေကျပဲ” လို့ ပြန်ဖြေတတ်သူမျိုးပေါ့။ ဇာတ်လမ်းအစစ်ကဘယ်အချိန်မှာစလဲဆိုတော့ သခင်ဒါလင်တန် ကွယ်လွန်သွားပြီးနောက် စာနယ်ဇင်းတွေမှာ ပလူပျံနေတဲ့ မကောင်းသတင်းကို ကြားပြီး မခံမရပ်ဖြစ်တဲ့စိတ်နဲ့အတူ စတီဗင်ဆီ ရောက်ရှိလာခဲ့တဲ့ စာတစ်စောင်ကြောင့်ပါ။ စာကိုပို့လိုက်သူကတော့ တခြားမဟုတ်ဘဲ တစ်ချိန်က စတီဗင်နဲ့အတူ အိမ်တော်ကြီးမှာ အတူခစားခဲ့ကြတဲ့ မစ္စကန်တွန်ဆိုတဲ့ အမျိုးသမီးပါပဲ။ အိမ်တော်ထိန်းကြီးရဲ့ မျက်လုံးတွေကတဆင့် လွန်ခဲ့တဲ့ နှစ်၂၀က ဒါလင်တန်စံအိမ်မှာ ဖြစ်ပျက်ခဲ့သမျှတွေကို လက်ရှိအချိန်နဲ့ လူးလာကူးရင်းတွေ့ရမှာပါ။ ရုပ်ရှင်က ၂နာရီ ၁၄ မိနစ်စာဆိုပေမဲ့ ဘဝကြီးတစ်ခုလုံးစာကြာတယ်လို့ ခံစားရပါလိမ့်မယ်။ မကောင်းတဲ့သဘောနဲ့ပြောတာမဟုတ်ဘဲ အဲဒီလောက်ထိကို လူကိုကျေနပ်သွားစေတယ်လို့ ပြောချင်တာပါ။ မဆိုသစလောက်လေးတော့ လေးပေမယ့် ပေါ့ပေါ့ပါးပါးခံစားရစေမယ့် အပိုင်းလေးတွေလည်း ပါပါတယ်။ ဒီကားရဲ့ အိမ်တော်ထိန်းကြီး စတီဗင်နေရာမှာ သရုပ်ဆောင်ဖို့ကို Sir Anthony Hopkins က ဘတ်ကင်ဟမ်နန်းတော်မှာ အဲလိဇဘက်ဘုရင်မကြီးအတွက် အနှစ် ၅၀ အမှုထမ်းခဲ့တဲ့ Cyril Dickman လို့ခေါ်တဲ့ အိမ်တော်ထိန်းကြီးတစ်ယောက်ဆီကနေ လေ့လာသင်ယူအကြံတောင်းခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 900MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 14Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Crime • Thriller
7.8 1993 134 mins
The Remains of the Day
CIA: Comrade In America
6.4

CIA : Comrade in America (2017) “ချစ်သူရှိရာသို့…” IMDb 6.4 Sita Ramam၊ King of Kotha နဲ့ Charlie တို့လို ရုပ်ရှင်တွေထဲက မင်းသား Dulquer Salmaan အဓိကပါဝင်ထားပြီး Dunki လို စာရွက်စာတမ်း မရှိဘဲ အမေရိကားသွားမယ့် ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ် အာဂျီဟာ ကီရယ်လာ ကွန်ဂရက်ပါတီက နိုင်ငံရေးသမားတစ်ယောက်ရဲ့ သားဖြစ်နေပေမယ့် သူယုံကြည်ရာဝါဒကိုသာ စွဲကိုင်ထားသူပါ ဘာနေနေ အပြုံးမပျက်ဘဲ ဘဝကို ကိုယ်နေချင်သလို ဖြတ်သန်းရင်း တစ်နေ့ အမေရိကန်နိုင်ငံသူလေး ဆာရာနဲ့ ချစ်သူတွေ ဖြစ်လာတယ် ဆာရာက သူနဲ့ အမေရိကားကို လိုက်ဖို့ခေါ်တိုင်း တွင်တွင်ငြင်းပေမယ့် တစ်နေ့တော့ သူ့ချစ်သူကောင်မလေးဟာ အမေရိကားကို ပြန်သွားပြီဖြစ်ကြောင်း၊ တခြားယောကျာ်းတစ်ယောက်နဲ့ အတင်းအကျပ်လက်ထပ်ခိုင်းဖို့ စီစဥ်နေပြီဖြစ်ကြောင်း သိရတော့ …. နှစ်ပတ်ဆိုတဲ့အချိန်အတွင်း ချစ်သူရှိရာ အမေရိကားကို စာရွက်စာတမ်းတွေမပါဘဲ ရောက်အောင်ဘယ်လိုသွားမလဲ… အခက်အခဲမျိုးစုံနဲ့ စွန့်စားခန်းလေးကို ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

6.4 2017
CIA: Comrade In America
Sniper
6.1

သမ္ဘာ့ရင့် လက်ဖြောင့်စနိုက်ပါသမားဖြစ်တဲ့ တပ်ကြပ်ကြီး Thomas Beckett သူ့ရဲ့အထောက်တော် Papich တောတွင်းက ပနားမားသူပုန်ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ပြီး မစ်ရှင်တစ်ခုအောင်ပြီးချိန်မှာ မမျှော်လင့်တဲ့အမှားတခုကြောင့် Papich တိုက်ပွဲကျသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ဆရာကြီး Beckett အတွက် အတွေ့အကြုံ နုနယ်တဲ့ Richard Miller အထောက်တော်အဖြစ် ခန့်အပ်ပေးပြီး သူတို့နှစ်ဦးဟာ ကိုလံဘီယာဘိန်းရာဇာက ငွေအင်အားထောက်ပံ့ ပေးထားတဲ့ ပနားမားသူပုန်ဗိုလ်ချုပ်ကို လုပ်ကြံဖို့ မစ်ရှင်စတင် ခဲ့ကြပါတယ်။ ကျွမ်းကျင်တဲ့ ဝါရင့်စနိုက်ပါသမားနှင့် အတွေ့အကြုံမရှိတဲ့ အထောက်တော်တို့ဟာ အန္တရာယ်ရှိတဲ့ တောတွင်းမြေပြင်ကို သွားလာရင်း မမျှော်လင့်ထားတဲ့ စိန်ခေါ်မှုတွေကို ဘယ်လို ရင်ဆိုင်ကြရမှာလဲ၊ အမြင်မတူတဲ့ သူတို့နှစ်ယောက်ကြား ဘယ်လိုတင်းမာမှုတွေ ဖြစ်ပေါ်လာမှာလဲ၊ အသက်လုပြေးရတဲ့ အခက်အခဲတွေကြားထဲမှာ Beckett က ဆရာကောင်းပီသနိုင်ပါ့မလား ဒီမစ်ရှင်ကို အောင်မြင်အောင် ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမယ့် စနိုက်ပါအသားပေး အက်ရှင်ရုပ်ရှင်ကားကောင်းတကားဖြစ်ပါတယ်။ File size…3.69GB / 1.39GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Action , Thriller , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

Adventure • Drama
6.1 1993
Sniper
Underground
8

IMDb 8/10 ဒုတိယကမ္ဘာစစ် နာဇီတွေ ဥရောပမှာအင်မတန်တန်ခိုးထွားနေချိန်…. နာဇီဆန့်ကျင်ရေးအတိုက်အခံ ယူဂိုစလပ်ကွန်မြူနစ်တွေကို လက်နက်မှောင်ခိုထုတ်ပြီးရောင်းတဲ့ ”မာကို”နဲ့ ”ဘလက်ကီ”(ဆိုးဖော်ဆိုးဖက်သူငယ်ချင်းနှစ်ယောက်) ဘလက်ကီတစ်ယောက် နာဇီနှိပ်စက်ခံရပြီး မာကို့အိမ်အောက်က လက်နက်မှောင်ခိုထုတ်တဲ့ဧရာမမြေအောက်ခန်းကြီးထဲမှာ ဆေးကုရင်း တခြားရဲဘော်တွေနဲ့အတူ နေထိုင်ဖို့ဖြစ်လာရာကနေ မာကိုဟာ ဘလက်ကီတို့တစ်သိုက်ကို သွေးအေးအေးနဲ့အချိုသပ်ပြီး ရက်ရက်စက်စက် ကြိုးကိုင်ဖို့ကြိုးစားခဲ့ပါတော့တယ်….. ဒီရုပ်ရှင်ဟာ dark comedy,drama ဖြစ်ပြီး ဒုတိယကမ္ဘာစစ်၊ စစ်အေးခေတ်နောက်ခံနဲ့ နိုင်ငံရေးရှုပ်ထွေးမှုတွေကိုအခွင့်ကောင်းယူပြီိး ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့တဲ့ လူတန်းစားနဲ့ သူတို့ကြောင့်ဘဝပျက်သွားရတဲ့လူတန်းစားနှစ်ရပ်အကြောင်းကို dark comedy ဝေဝေဆာဆာနဲ့ ဇာတ်ကောင်တစ်ခုချင်းစီ ပီပီပြင်ပြင်ပုံဖော်ထားတာမို့ ကြည့်ရတာတန်မဲ့ ကားကောင်းတစ်ကားပါပဲ File size…(3.8 GB)/(2.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:47:00 Genre… Comedy, Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C An Dy

8 1995
Underground
Tom and Jerry Meet Sherlock Holmes
6.4

ဒီဇာတ်လမ်းက တွမ်နဲ့ဂျယ်ရီရယ် နာမည်‌ကျော်စုံ‌ထောက်ကြီး ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝက်ဆန်တို့ ပါဝင်တဲ့ သည်းထိတ်ရင်ဖို စွန့်စားခန်းanimationလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရှားလော့ဟုမ်းနေထိုင်ရာ လန်ဒန်မြို့ကြီးမှာ စိန်ခိုးဂိုဏ်းတစ်ခု သောင်းကျန်းနေပြီး ရက်ပိုင်းအတွင်းမှာပဲ တန်ဖိုးကြီးစိန်သုံးပွင့်လောက် အခိုးခံလိုက်ရတာကြောင့် လူတိုင်းက ထိုအမှုကို စိတ်ဝင်စားနေကြတာပါ။ ထိုအချိန်မှာ ရှားလော့ဆီ မစ်ရတ်ဒ်ဆိုတဲ့ ဇာတ်ရုံအဆိုတော်တစ်‌ယောက်ကငွေညှစ်ခံရမှုနဲ့ တိုင်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီအမှုနဲ့ စိန်ခိုးမှုကဆက်စပ်နေမယ်လို့ ရှားလော့ဟုမ်းက သံသယရှိရင်း စုံစမ်းရာမှ သူ့ရဲ့ရန်သူတော်ကြီး မိုရီယန်တေးရဲ့ မဟာအကြံကိုတားဆီးရဖို့ အကြောင်းဖန်လာပါတော့တယ်။ File Size : 1 GB, 535 MB Quality : Blu-Ray 1080p / 720p Running Time : 50min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

Drama
6.4 2010 49 mins
Tom and Jerry Meet Sherlock Holmes
Kill Bill: Vol. 1
8.2

Kill Bill : Vol. 1 (2003) & Kill Bill : Vol. 2 (2004) IMDb Rating (8.2) / IMDb Rating (8.0) ဒီဖက်ခေတ်ရဲ့ လွှမ်းမိုးမှုအရှိဆုံးဒါရိုက်တာတွေထဲက တစ်ဦးဖြစ်ပြီး ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့ ၄ ကားမြောက်ရုပ်ရှင်ဖြစ်ပြီး Volume 1/2 အဖြစ် ၂ ပိုင်းခွဲ ထွက်ရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့…. အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ် အယ်လ်ပါဆို မြို့ကလေးရဲ့ ဘုရားကျောင်းငယ်လေးတစ်ခုက လပ်ထပ်ပွဲတစ်ခုမှာ ကိုယ်ဝန်ဆောင် သတို့သမီးတစ်ယောက်အပါအဝင် လူကိုးဦး၊ (သတို့သမီး ဗိုက်ထဲကကလေးပါ ပါရင် ၁၀-ဦး)တို့ဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ သူတို့ကို သတ်ခဲ့တဲ့သူတွေက “မရဏမြွေပွေး” လို့ခေါ်တဲ့ ကြေးစားလူသတ်သမားအဖွဲ့တစ်ခုကဖြစ်ပြီး သူတို့တစ်ကယ်သတ်ချင်ခဲ့တာကတော့ သူတို့ရဲ့ အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ အဖွဲ့ခေါင်းဆောင် ဘီလ် ရဲ့ ညာလက်ရုံး…ချစ်သူဟောင်းလည်းဖြစ်တဲ့ “သူတို့သမီး”(Uma Thurman) ကိုပဲ ဖြစ်ပါတယ်။ “သတို့သမီး”ဟာ ကံကောင်းထောက်မစွာ အသက်မသေပဲ ဒဏ်ရာအပြင်းအထန်နဲ့ “ကိုမာ”(မေ့မြော)ရပြီး ဆေးရုံမှာ ဆေးကုသမှုယူနေရင်း လေးနှစ်လောက်အကြာမှ ပြန်လည်နိုးထလာခဲ့ပါတယ်။ အဲဒီအခါမှာတော့ သတို့သမီးဟာ သူနဲ့သူ့ရဲ့မမွေးလိုက်ပဲ သေဆုံးခဲ့ရတဲ့ကလေးအတွက် သူ့ရဲ့ မိတ်ဆွေဟောင်းတွေနဲ့ ချစ်သူဟောင်းဖြစ်တဲ့ ဘီလ်တို့ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်။ ဇာတ်လမ်အသွားကတော့ အင်မတန်ရိုးရှင်းပါတယ်။ စတင်ရိုက်ကူးစဉ်က တစ်ကားတည်းနဲ့အပြီး ထုတ်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ပြသချိန် ၄ နာရီကျော်ကြာမြင့်မှာဖြစ်တဲ့အတွက် Kill Bill Vol.1(2003) Vol.2 (20014) ဆိုပြီး နှစ်ပိုင်းခွဲပြီး ထုတ်လုပ်ပြသခဲ့ပါတယ်။ Kill Bill (2003) ဟာ ဒါပေမယ့် အမေရိကန်-ဂျပန် ဖက်စပ်ရှင်ရှင်ဖြစ်ပြီး Box Office မှာ ဒေါ်လာ သန်း ၁၈၀ လောက်အမြတ်အစွန်းရရှိခဲ့တဲ့၊ ငွေကြေးအရရော အနုပညာအရပါ အောင်မြင်ကျော်ကြားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရိုးစင်းတဲ့ ဇာတ်လမ်းကျောရိုးပေါ်မှာ မှီတည်ပြီးရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားအောင်မြင်ခဲ့ရတာကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ညွန်းနဲ့ဒါရိုက်တာ ဖြစ်တဲ့ Quentin Tarantino ရဲ့ ဇာတ်လမ်းတင်ပြပုံ၊ ဒိုင်ယာလော့ခ် စတာတွေက အဓိကကျတယ်လို့ ပြောလို့ရပါတယ်။ နောက်တစ်ချက်က Uma Thurman ရဲ့ ဇာတ်ရုပ်ဖြစ်တဲ့ The Bride@Black Mamba@Beatrix Kiddo ပါ။ Kill Bill ရဲ့ Main Character ဖြစ်တဲ့ ဒီဇာတ်ကောင်ဟာ Empire Film Magazine က ရွေးချယ်ခဲ့တဲ့The 100 Greatest Movie Characters ထဲမှာ Harry Portter…Bane…Captain Kirk….Neo….Wolverine….Bilbo Baggins….V..တို့ရဲ့အထက်မှာ အဆင့် ၂၃ နေရာကို ရရှိခဲ့ပါတယ်။ အက်ရှင်ခပ်ကြမ်းကြမ်းတွေကို ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် စွဲလန်းသွားစေလောက်မယ့် ဇာတ်ဝင်ခန်းတွေအများအပြားပါဝင်ပြီး IMDb 8.2/10….RT 85%…Roger Ebert 4/4 စတဲ့ Rating မြင့် ဂန္ဓဝင်ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် CM ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ် ခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Kaung Thant Sin မှ တင်ဆက်ထားပါတယ်။)

Action • Thriller • Fantasy
8.2 2003 111 mins
Kill Bill: Vol. 1
Cherry Bomb
5

ဒီကားလေးကတော့ Camille ဆိုတဲ့ကောင်မလေးတစ်ယောက်က သူဘဝအကြောင်းကိုပြောပြတဲ့ပုံစံနဲ့ရိုက်ကူးဖော်ပြထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Camille ဟာ သူ့ရဲ့အကိုလိုရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့မိန်းမကို သတ်တဲ့အမှုနဲ့ထောင်ချခံခဲ့ရပါတယ်။ Camilleဟာသူအပြစ်မရှိကြောင်းကိုကြိုးစားဖော်ပြ ပြီး ထောင်ထဲကထွက်ဖို့ သူမရှေ့နေနဲ့အတူကြိုးစားခဲ့ပါတယ်။ သို့သော်လည်း သက်သေတွေအားလုံးဟာ သူ့ကိုပဲညွှန်ပြနေခဲ့ပါတယ်။ သူဟာတကယ်ပဲ လူသတ်မှုကိုကျူးလွန်ခဲ့တာလား။ စွပ်စွဲခံခဲ့ရတာလား။ သူထောင်ကလွတ်ဖို့ဘယ်လိုဆက်လုပ်မလဲ။ သူ့ကိုယ်သူရော သိမြင်လာမှာလားကို စိတ်ဝင်တစား ခန့်မှန်းရင်း ကြည့်ရှူနိုင်မဲ့ကားလေးဖြစ်ပါတယ်။ Cherryboom 2024 က စိတ်လှုပ်ရှားစရာ ကောင်းသော ရုပ်ရှင် တစ်ပုဒ်ဖြစ်ပြီး၊ ချစ်ခြင်း၊ ဆုံးဖြတ်ချက်များနှင့် ကိုယ်ပိုင်ခွင့်ကို ရှာဖွေရန် ကြိုးစားမှုတို့ကကြည့်ရှူသူတွေကို ပိုမိုစိတ်ဝင်စားစေမှာပါ။ File size… (1.84 GB) / (861 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 39m Genre ….. Thriller , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Comedy • Crime • Thriller
5 2024 97 mins
Cherry Bomb
Steppenwolf Dala qasqiri
6.4

Steppenwolf (2024) IMDb Rating (6.4) / Rotten Tomatoes (79%) ဒီကားနာမည်က သိဒ္ဓတ္ထဝတ္တုကိုရေးခဲ့တဲ့ ဂျာမန်စာရေးဆရာကြီး ဟားမန်းဟက်ဆီရဲ့ Steppenwolfဆိုတဲ့ ဝတ္တုနာမည်ကိုပဲ ပေးထားတာ။ ဒါပေမဲ့ အဲဒီဝတ္တုရဲ့ ဇာတ်လမ်းကို ယူထားတာတော့မဟုတ်ဘူး။ ဇာတ်လမ်းရဲ့အစမှာ Steppenwolfထဲက ဇာတ်ကောင်ရဲ့ ကိုယ့်ကိုယ်ကိုယ်ကရော လူ့ဘောင်ကရော လွတ်မြောက်မှုကို ထင်ဟပ်စေတဲ့ စကားကို ယူသုံးထားတယ်။ အဲဒီစကားက ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင် အမျိုးသမီးကိုရော အမျိုးသားကိုရော ထင်ဟပ်နေတယ်။ ” လူ့ဘောင်ကြီးရဲ့ ရည်ရွယ်ချက်ကိုလည်း ငါနားမလည်နိုင်သလို လူတွေသာယာနေကြတဲ့ ပျော်စရာတွေဆိုတာကိုလည်း ငါမခံစားတတ်တဲ့နောက် ငါက တစ်ကိုယ်တည်းသမား ဧကစာရီကျင့်ကြံသူ ဖြစ်လာရတော့တာပေါ့” ဟားမန်းဟက်ဆီရဲ့ ဟန်အတိုင်း လွတ်မြောက်မှုအစစ်ဆိုတာကို သရုပ်ဖော်ထားတဲ့ စာသားပါပဲ။ ဒီကားက မငြိမ်သက်တဲ့ တိုင်းပြည်တစ်ခုရဲ့ ရိုက်ခတ်မှုကြားက အဖော်မဲ့သွားတဲ့ လူ၂ယောက်ရဲ့ ဖြစ်စဉ်ကို ရက်စက်မှုတွေ တစ်သီတစ်သန်းနဲ့ သရုပ်ဖော်ထားတဲ့ ကား။ မသိရင် အက်ရှင်ကားလို့ ထင်ရအောင်ကို ပစ်ခတ် သတ်ဖြတ်တာလည်း သိပ်များတယ်။ ဥပဒေမဲ့နေတဲ့ နိုင်ငံမှာ ဖြစ်ချင်တိုင်း ဖြစ်ချင်နေတဲ့ အခြေအနေတွေကြားက လူတွေကို သရုပ်ဖော်ထားတယ်ပေါ့။ အောက်ကစာတွေကတော့ ဆောင်းပါးတစ်ခုမှာ ဒီကားအကြောင်းရေးထားတာလေးက သဘောကျစရာတော့ ကောင်းလို့ ထုတ်နုတ် ဘာသာပြန်ပေးလိုက်တာပါ။ စစ်ပွဲတွေက ဘယ်တော့မှ မပြောင်းလဲဘူး။ စစ်ပွဲဒဏ်ခံရတဲ့လူတွေပဲ ပြောင်းလဲကုန်ကြတာပါပဲ။ ဒီရုပ်ရှင် ဇာတ်အိမ်တည်ရာ Kazakhstan နိုင်ငံဆိုတဲ့နာမည်က Boratကားနဲ့ ရုပ်ရှင်သမားတွေ အားလုံးသိကြတဲ့ နိုင်ငံပါပဲ။ ဒါပေမဲ့ Kazakhstanရုပ်ရှင်တွေကတော့ ကမ္ဘာကို သိပ်ပျံ့နှံ့ပုံမရဘူး။ ဒီနိုင်ငံက ကမ္ဘာပေါ်မှာ နဝမမြောက်အကြီးဆုံးနိုင်ငံဆိုတော့ ဒီလိုဖြစ်နေတာ ဆန်းတော့ဆန်းသား။ တစ်ခါတလေကျ တစ်ကမ္ဘာလုံး နိုင်ငံတစ်ခုနာမည်ကို ရင်းနှီးသွားဖို့ ရုပ်ရှင်တစ်ကားပဲလိုတယ်။ Steppenwolfက ဒီနိုင်ငံရဲ့ ရုပ်ရှင်လောကကို ရုပ်ရှင်ပရိသတ်တွေ အာရုံစိုက်မိစေမယ့် ရုပ်ရှင်ပါပဲ။ Steppenwolfဟာ ကျွန်တော်တို့ စိတ်ကိုချမ်းမြေ့စေမယ့် ရုပ်ရှင်တစ်ကားတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကမ္ဘာကြီးကို ပိုသိဖို့ ကျွန်တော်တို့ကြည့်ဖို့လိုတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ခံစားချက်တွေစိုပြေစေမယ့် ရုပ်ရှင်တစ်ကားဖြစ်ဖို့တော့ တော်တော်အလှမ်းဝေးတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(1.7 GB) / (680 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Dram,Thriller Duration….01:42:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Drama
6.4 2024 102 mins
Steppenwolf Dala qasqiri