YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

from.s02e01.720p.(CM).mp4

433.38 MB 720p video/mp4 1506 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Operation Seawolf
5.9

The Purge: Election Year, Hitman's Wife's Bodyguard နဲ့ Captain America: The Winter Soldier တို့ထဲပါခဲ့ပြီး မြန်မာနိုင်ငံကိုတောင် အလည်ခဏလာဖူးတဲ့ Frank Grillo နဲ့ The Expendables တို့၊ Rocky တို့၊ Creed တို့၊ Aquaman တို့ထဲပါဖူးပြီး ကျွန်တော်တို့ မြန်မာပရိသတ်တွေ ရုရှားအာနိုးလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ Dolph Lundgren တို့ တွဲဖက်ပါ၀င်ထားတဲ့ ရေတပ်ကားအသစ် အကြမ်းကြီးပါပဲ။ စစ်ကားထဲမှာမှ ကြည့်ရခဲလှတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ ရေတပ်ကားပေါ့။ ဒုတိယကမ္ဘာစစ်ကြီး ကန့်လန့်ကာပိတ်သိမ်းဖို့ နီးကပ်လာတဲ့အချိန်၊ အဘက်ဘက်က အင်အားနည်းလာတဲ့ ဂျာမန်တပ်တွေဟာ စစ်ပွဲချိန်ခွင်လျှာပြောင်းဖို့ ကြံရာမရ နောက်ဆုံးအားထုတ်မှုတွေထဲက တစ်ခုအဖြစ်နဲ့ မဟာမိတ်တပ်တွေရဲ့ အဓိကအချက်အချာနေရာဖြစ်တဲ့ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း နယူးယော့ခ်က ကုန်သွယ်သင်္ဘောသွားရာ ရေလမ်းကြောင်းတွေကို ရေငုပ်သင်္ဘောတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ဖို့အတွက် ပင်လယ်ဝံပုလွေဆိုတဲ့ စစ်ဆင်ရေးတစ်ခုကို စတင်လာခဲ့တယ်။ ဒီစစ်ဆင်ရေးကိုဦးဆောင်ဖို့ သူတို့ရွေးချယ်လိုက်တာက ဝါရင့်သမ္ဘာရင့် ရေငုပ်သင်္ဘောတပ်မှူးဖြစ်တဲ့ ဟန်စ်ကတ်စ်လာပဲ။ ဒါပေမဲ့ သူ့ဘဝတလျှောက်လုံးနီးပါး တိုင်းပြည်အတွက် စစ်မှုထမ်းလာခဲ့တဲ့ ကတ်စ်လာမှာ တန်ဖိုးဖြတ်မရတဲ့ အတွေ့အကြုံတွေနဲ့ထပ်တူ ကုစားမရတော့တဲ့ ဒဏ်ရာဒဏ်ချက်တွေကလည်း ရှိနှင့်နေတယ်။ စစ်အတွင်း ဗုံးကြဲမှုတစ်ခုမှာ တစ်မိသားစုလုံးကို ဆုံးရှုံးထားရတဲ့ ကတ်စ်လာဟာ သူ့စစ်မှုထမ်းဘဝရဲ့ နေဝင်ချိန်တွေကို အရက်ပုလင်းထဲခေါင်းထိုးရင်း ဖြတ်သန်းနေသူတစ်ယောက်။ ဒီလိုလူက နဂိုရှိနှင့်ပြီးသား သင်္ဘောကပ္ပတိန်ကို အစားထိုးပြီး လာဦးစီးမှာကို ရေငုပ်သင်္ဘောတပ်သားတွေက ကလန်ကဆန်လုပ်ချင်ကြပေမဲ့ သူတို့ရဲ့ မယုံကြည်မှုတွေကြားကနေ ကတ်စ်လာတစ်ယောက် စစ်ဆင်ရေးတလျှောက်မှာ စံပြဦးဆောင်နိုင်စွမ်းကို ပြသရင်းနဲ့ ယစ်ထုပ်ဘဝကိုစွန့်ပြီး ဘဝရည်ရွယ်ချက်ကို ပြန်ရှာတွေ့သလို ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အစတည်းက မျှော်လင့်ချက်နည်းခဲ့တဲ့ သူတို့ရဲ့စစ်ဆင်ရေး အောင်မြင်လုနီးပါး ဖြစ်လာကာမှပဲ ဒုတိယကမ္ဘာစစ်ကြီးက ပြီးဆုံးသွားတဲ့အခါမှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 880MB Quality - 1080p, 720p Format - mp4 Duration - 1H 27Min Genre - Action, Adventure, History Subtitle - Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Horror • Thriller
5.9 2022 86 mins
Operation Seawolf
Pinkfong Sing-Along Movie 2: Wonderstar Concert
2

အားလုံး​စောင့်​​မျှော်​နေကြတဲ့ Sing 2 က​တော့ ​စောင့်ရကျိုးနပ်​အောင် Soundtrackအမိုက်စား​တွေ၊ လှပတဲ့ Animation​ ရိုက်ချက်တွေနဲ့အတူ ထွက်ရှိလာပါပြီ ပါဝင်တဲ့ Cast​တွေကလည်း Matthew McConaughey, Bono, Scarlet Johansson, Letitia Wright, Halsey,Pharrell Williams တို့လို ထိပ်သီးCast​​တွေ artist​တွေက အသံသရုပ်​ဆောင်​ပေးထားလို့ Sing 1တုန်းက သ​ဘောကျခဲ့ရတဲ့ soundtrack တွေလို Sing 2မှာ ထပ်မံခံစားရဦးမှာပါ၊ - IMDbအ​နေနဲ့ 7.6 - RottenTomatoesမှာ 70%ရရှိထားပါတယ် Sign 1အပြီး ကဇာတ်ရုံကြီး ပြန်ဖွင့်ခွင့်ရ​သွားတဲ့ Buster Moonနဲ့ သူ့ရဲ့ ​တေးသရုပ်​ဖော်အဖွဲ့ဟာ ဒီတစ်​ခေါက်မှာ​​ ကမ္ဘာ့​ဖျော်​ဖြေ​ရေးမြို့​တော်ကြီးဖြစ်တဲ့ Redshore Cityအထိ တက်​ပြီး ကမ္ဘာနဲ့ချီ​အောင် အောင်မြင်တဲ့ ​တေးသရုပ်​ဖော်အဖွဲ့ဖြစ်ဖို့ ကြိုးစားကြပါတယ်၊ ဒါ​ပေမဲ့ သူတို့ရဲ့​ဖျော်​ဖြေပွဲကြီး ​အောင်မြင်ဖို့ လိုအပ်​​နေတာက​တော့ ဇနီးသည် သေဆုံးပြီးကတည်းက ၁၅နှစ်ကြာ အများမြင်ကွင်းက​ပျောက်​နေတဲ့ ကမ္ဘာ​ကျော် Rock Starကြီး Clay Callowayကို သူတို့​ဖျော်​ဖြေပွဲမှာ ပါဝင်လာ​အောင် ​ခေါ်ရမှာပါ၊ အသည်းကွဲ​ရော့ခ်ဘုရင်ကြီး Clayကို Buster Moonတို့တစ်သိုက် ရ​အောင်ခေါ်နိုင်မှာလား၊ သူတို့ရဲ့ရှိုးပွဲက တစ်ကမ္ဘာလုံးက နားဆင်သူ​တွေရဲ့ ရင်ကိုဖမ်းစားနိုင်ပြီး ​​အောင်မြင်တဲ့​တေးသရုပ်​ဖော်အဖွဲ့ကြီး ဖြစ်သွားမလားဆိုတာကို သီချင်းအမိုက်စား အလျှံအပယ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ် အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Team ပဲ ဖြစ်ပါတယ် Genre.....Animation, Adventure, Comedy Quality….2160p 4K HEVC, WEBrip 1080p and 720p and 360p File size…4.7GB, 1.8 GB , 905 MB, 300 MB Format…mp4 Duration….1h 50min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Team Encoder ..... August

Drama • Thriller
2 2022 75 mins
Pinkfong Sing-Along Movie 2: Wonderstar Concert
Prince of Persia: The Sands of Time
6.3

Prince of Persiaဟာ ကျွန်တော်တို့ ဟိုးငယ်ငယ် နာရီပေးနဲ့ဆော့ခဲ့ရတဲ့ P2ခေတ်ကတည်းက နာမည်ကြီးခဲ့ပါတယ်။ နောက်ပိုင်း Mobile Game အထိ ရှိခဲ့သလို ဒီနှစ်ထဲလည်း Ubisoftက remakeပြန်ထုတ်ဖို့ အထိလုပ်ထားပါတယ်။ Prince of Persiaဟာ ဒီလို ခေတ်အဆက်ဆက်အထိ မမှေးမှိန်သေးတဲ့ နာမည်ကျော်ဂိမ်းစီးရီးတစ်ခုပါပဲ ဒီရုပ်ရှင်ကတော့ Prince of Persia , Sand of time ဂိမ်းTrilogy က အချက်အလက်တွေကို သုံးပြီး 2010မှာ ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ legend actorကြီး Jake Gyllenhaalနဲ့ Ben Kingsley တို့အပြင် ဆွဲဆောင်မှုအပြည့်နဲ့ မမGemma Artertonတို့က သရုပ်ဆောင်ထားပါတယ်။ ရုပ်ရှင်က ပါရှားတွေရဲ့ စစ်မက်တွေ မတည်ငြိမ်တဲ့ ခေတ်ကာလမှာ တည်ထားတာဆိုတော့ နန်းဆောင်ကြီးတွေ ၊ စစ်တပ်‌တွေ ၊ ကန္တာရ‌တွေ ၊ မြို့တော်ကြီးတွေနဲ့ ရုပ်ထွက်ကောင်းကောင်းနဲ့ ကြည့်ရင် တော်တော်လှတဲ့ ရုပ်ရှင်ပါပဲ။ ရှေးတုန်းက ပါရှားဘုရင်ကြီးတစ်ပါးရှိခဲ့တယ်။ သူ့မှာ သားတော်နှစ်ပါးနဲ့ ညီတော်တစ်ယောက်ရှိပြီး သူ့ညီနဲ့ သူ့ ညီအစ်ကိုသံယောဇဉ် ခိုင်မာနေမှ ဒီတိုင်းပြည်ကြီး အေးချမ်းမယ်လို့ ယုံကြည်ထားခဲ့တယ်။ အပြင်ရန် ထားဦး အတွင်းမီးတော့ ငြိမ်းနေမှ တိုင်းပြည်သာယာမယ်မို့လား။ သူ့သားနှစ်ယောက်ကိုလည်း သူက သူတို့လိုပဲဖြစ်စေချင်ခဲ့တယ်။ တစ်နေ့မှာ သတ္တိနဲ့ ကိုယ်ကျိုးစွန့်စိတ်ကို တန်ဖိုးထားတဲ့ ဘုရင်ကြီးဟာ ဒီစိတ်၂ခုရှိတဲ့ လမ်းပေါ်ကကောင်လေးတစ်ယောက်ကို သားအဖြစ်မွေးစားခဲ့တယ်။ သူ့သားတွေရဲ့ ညီအစ်ကိုသံယောဇဉ်ကိုလည်း သူက ခိုင်မြဲစေချင်ခဲ့တယ်။ ဒီလိုနဲ့ သူတို့ညီအစ်ကိုသုံးယောက်ဟာ အထွတ်အမြတ်ထားရတဲ့ မြို့တစ်မြို့ကို သိမ်းပိုက်မိပြီး အဲဒီမြို့က နတ်ဘုရားတွေရဲ့ အချိန်နောက်ပြန်သွားလို့ရတဲ့ ဓားကို တွေ့လိုက်ရတဲ့ အချိန်မှာတော့..... ဒီရုပ်ရှင်ဟာ သူ့ခေတ်က အတော် Flopခဲ့ပါတယ်။ အက်ရှင်ကားကောင်းတွေ ရှားလာတဲ့ ဒီဘက်ခေတ်ကြီးမှာ ပြန်ကြည့်ရင်တော့ တော်တော်ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ မင်းသားတွေနဲ့တင်လည်း တန်ပါတယ်။ ဒီရုပ်ရှင်ကို ကြည့်ကိုကြည့်သင့်တဲ့ အကြောင်းပြချက်တစ်ခုပေးရရင်တော့... ပြင်သစ်ဒါရိုက်တာကြီးတစ်ယောက်ပြောဖူးတယ်။ ရုပ်ရှင်တစ်ကားရိုက်ဖို့ သေနတ်တစ်လက်နဲ့ မိန်းမလှလှတစ်ယောက်ပဲလိုတယ်တဲ့။ သည်းထိတ်ရင်ဖို နဲ့ လိင်ဆွဲဆောင်မှုကို ဆိုလိုတာ ဖြစ်ပါလိမ့်မယ်။ ဒီရုပ်ရှင်က မမGemma Artertonရဲ့ အလှဟာ ဒုတိယတစ်ချက်အတွက် ပြည့်စုံတာထက် ပိုပါတယ်။ မှော်တို့ အက်ရှင်တို့ အချိန်ခရီးသွားတာတို့ ဖိုက်တင်ခန်းတွေတို့ ဂျိတ်တို့ ထားလိုက်ပါဦး။ ရုပ်ရှင်ထဲက အယ်လမတ်မြို့က မင်းသမီးလေးရဲ့ ညိုစိမ့်စိမ့်အလှနဲ့တင် Prince Of Persiaဟာ ဟိုးငယ်ငယ်ကတည်းက ဒီနေ့အထိ မှော်ဆန်တဲ့ရုပ်ရှင်ဖြစ်နေခဲ့တာပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။) File size…(2.3 GB)/(1.2 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:55:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WiRa Aung

History • Horror
6.3 2010 116 mins
Prince of Persia: The Sands of Time
American Sniper
7.4

IMDb Rating (7.3) / Rotten Tomatoes (72%) အမေရိကန်သမိုင်းတစ်လျှောက် Most Deadliest Sniper အဖြစ်သတ်မှတ်ခံထားရတဲ့ SEAL စနိုက်ပါသမား Chris Kyle အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ Chris Kyle ရဲ့ ကိုယ်တိုင်ရေး အထ္ထုပတ္တိ "American Sniper: The Autobiography of The Most Lethal Sniper in US Military History" စာအုပ်ကိုအခြေခံပြီး မင်းသားကြီး Clint Eastwood က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး Bradly Cooper က အဓိကသရုပ်ဆောင် Chris Kyle အဖြစ်ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်မှာ စစ်ပွဲကြားကအခြေအနေတွေအပြင် အိမ်မှာကျန်ခဲ့တဲ့ စစ်သားမိသားစုတွေရဲ့ ဘဝကိုလည်း ပေါ်လွင်အောင်ထည့်သွင်းရိုက်ကူးထားပါတယ်။ Chris Kyle ဟာ အစကတော့ တက္ကဆက်က သာမန်မြင်းစီးသမားလေးပေါ့။ ဒါပေမယ့် 9/11 ဖြစ်ရပ်ဆိုးကြီးအပြီး အမေရိကန်က အီရတ်ကိုစစ်ကြေငြာတဲ့အခါမှာ မျိုးချစ်ကြီးဖြစ်တဲ့ Chris ကလည်း စစ်တပ်ထဲစဝင်ပါတော့တယ်။ အမေရိကန်နဲ့ အီရတ်စစ်ပွဲဟာ လူတွေကြား ပြောစရာဖြစ်ခဲ့ပြီး အမေရိကန်ရဲ့ ကျူးကျော်စစ်အပေါ် ဝေဖန်သံတွေဆူခဲ့ပေမယ့် ဒီဇာတ်ကားက နိုင်ငံရေးကားမဟုတ်တာကြောင့် အဲဒါတွေကိုတော့ ထည့်သွင်းရိုက်ကူးထားတာမျိုးမရှိပါဘူး။ Chris Kyle ဟာ လူများများသတ်ဖို့ထက် သူ့ရဲဘော်တွေကို ပိုများများကာကွယ်ချင်တာကြောင့် တစ်ခါ နှစ်ခါ မကဘဲ လေးကြိမ်တိတိ စစ်ထွက်ခဲ့ပါတယ်။ အဆိုပါလေးကြိမ်အတွင်းမှာ သူသတ်ခဲ့တဲ့ ရန်သူပေါင်း ၁၆၀ ကျော်ရှိပါတယ်။ ဒါကြောင့်လည်း သူဟာ အမေရိကန်သမိုင်းတစ်လျှောက် သတ်အားအကောင်းဆုံး စနိုက်ပါသမားအဖြစ် ဂုဏ်ပြုခံခဲ့ရတာပါ။ စစ်ပွဲအတွင်းမှာတင် အီရတ်ဘက်က သူ့ကိုသတ်နိုင်တဲ့သူကို ဒေါ်လာ ၁သိန်း၈သောင်းပေးမယ်ဆိုပြီး ဝရမ်းထုတ်ရတဲ့အထိ ရန်သူတွေကို ဖိန့်ဖိန့်တုန်စေခဲ့ပါတယ်။ Kyle က သူ့ဘဝမှာ ရန်သူ ၁၆၀ ကျော်သတ်ခဲ့တာ နောင်တမရဘဲ သူ့ရဲ့ရဲဘော်ရဲဘက်တွေကို မကယ်နိုင်ခဲ့တာပိုနောင်တရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူစစ်ထဲမှာရှိနေရင် သူ့ရဲဘော်ရဲဘက်တွေကို ပိုကယ်နိုင်မယ်ဆိုပြီး စစ်ထဲကို ၄ ကြိမ် တိုင်တိုင် ပြန်သွားခဲ့ပါတယ်။ အဲဒီလိုစစ်ထွက်တိုင်း သူ့အိမ်ကကျန်ခဲ့တဲ့ မိသားစုဝင်တွေဟာ စိတ်အပူကြီးပူကျန်ခဲ့ရပြီး စစ်မထွက်ဖို့တားတဲ့ကြားက အတိုက်အခံလုပ်ပြီး စစ်ပွဲထဲကိုဝင်ခဲ့တဲ့လူမျိုးပါ။ ဒီလို စစ်ထဲပြန်သွားရတဲ့နောက်တစ်ချက်က ပထမဆုံး အကြိမ်မှာထဲက ရန်သူ Sniper တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရပြီး အဲ့ဒီ Sniper က အီရတ်အလ်ကိုင်ဒါတပ်ဖွဲ့ထဲက ဆီးရီးယားလက်ဖြောင့်သမား မူစတာဖာ ပါပဲ။ သူကလည်းခေသူတော့မဟုတ်ဘူး။ အိုလံပစ်ပြိုင်ပွဲမှာပါ စနိုက်ပါဝင်ပြိုင်ခဲ့တဲ့ ပရော်ဖက်ရှင်နယ်စနိုက်ပါသမားတစ်ယောက်ပါ။ ဒီ Sniper က သူ့လူတွေတစ်ယောက်ပြီး တစ်ယောက် သတ်နေပေမယ့် သူ ဒီကောင့်ကို မသတ်နိုင်တာကြောင့်လည်း ပြန်ပြန်သွားနေတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်ရင် စစ်ပွဲအနိ‌ဋ္ဌာရုံတွေကြားထဲ ခဏခဏပြန်သွားတဲ့ Chris Kyle ကိုလည်းစာနာမိလာမယ်။ အိမ်မှာကျန်ခဲ့တဲ့ သူ့ဇနီးနဲ့ သားသမီးတွေကိုလည်းကိုယ်ချင်းစာမိပါလိမ့်မယ်။ စစ်ပွဲကို တစ်ကန့်၊ သူ့ရဲ့ အိမ်ပြန်ချိန်လူနေမှုဘဝကို တစ်ကန့် တစ်လှည့်စီပြထားတာကြောင့် တခြားသောစစ်ကားတွေလို "ငါလည်းစစ်တိုက်ချင်လိုက်တာ" ဆိုတဲ့ ခံစားချက်မျိုးပေးမှာမဟုတ်ဘဲ စစ်ပွဲကို မုန်းသွားစေမယ့် စစ်ကားမျိုးပါ။ ဒီရုပ်ရှင်အတွက် မင်းသားကြီး Bradley Cooper ကလည်း ဝိတ်တင်ခဲ့ပါတယ်။ လက်တွေ့ဘဝက Chris Kyle နဲ့ လေသံကအစ ဆင်တူအောင် သရုပ်ဆောင်ထားနိုင်ပါတယ်။ အဲဒါကြောင့် အော်စကာဆု‌ Nominated ဝင်ခဲ့ပြီး ဒီရုပ်ရှင်ကလည်း ဆုပေးပွဲပေါင်းစုံကနေ ဆုပေါင်းများစွာရရှိခဲ့ပါတယ်။ သေနတ်ပစ်တာတွေ၊ ပေါက်ကွဲတာတွေ စစ်ပွဲမြင်ကွင်းတွေကို ပီပီပြင်ပြင်ရိုက်ကူးထားပြီး သွေးထွက်သံယိုခန်းတွေပါဝင်တာကြောင့် အသည်းနုတဲ့သူတွေ မကြည့်ဖို့ အကြံပေးချင်ပါတယ်။ သူ့ဇာတ်လမ်းကိုမကြားဖူးတဲ့ လူတွေအတွက် ဇာတ်သိမ်းပိုင်းက အံ့အားသင့်စရာတစ်ခုဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်း စ လယ် ဆုံး ပျင်းစရာမကောင်းအောင် ဆွဲခေါ်သွားနိုင်ပြီး အရင်ကကြည့်ဖူးတဲ့လူတွေအနေနဲ့ကော၊ စစ်ကားကြိုက်နှစ်သက်တဲ့လူတွေအနေနဲ့ပါ ကြည့်ရတာတန်မယ့် ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) File size…(5.1 GB)/(1.8 GB)/ (1.2 GB) Quality….WEB-DL 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….02:12:38 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Min Thant Bo

Action • Fantasy
7.4 2014 133 mins
American Sniper
Next Sohee
7.3

Next Sohee (2023) Bae Doo Na ရဲ့ Comeback Movie လို့ ပြောလို့ ရပါတယ်။ ပျောက်နေတာ အတော်ကြီး ကြာပြီးမှ ပြန်လာသလို ပြန်လာတဲ့ကားကလည်း အတော့်ကို ကောင်းတဲ့ကားပါ။ "ထပ်တိုး ဆိုဟီး" ဆိုတဲ့ ရုပ်ရှင်ကားလေးနဲ့ ပြန်လာခဲ့တဲ့ သူမရဲ့ရုပ်ရှင်ကားက ဘယ်လို အကြောင်းအရာများ ဖြစ်မလဲ? တစ်ချက် ကြည့်လိုက်ရအောင်ပါ။ လူဟာ အိပ်မက်နဲ့ရှင်သန်ကြတယ်ဆိုပေမဲ့ အိပ်မက်တွေက တစ်ခါတလေတော့လည်း အိပ်မက်ဆန်လွန်းတယ်။ ဒီလိုနိုင်ငံမျိုးမှာတော့ ဖြစ်ချင်တာတွေနောက်လိုက်ဖို့ မဖြစ်ချင်တာတွေလုပ်ရတဲ့ အခြေအနေမျိုးကို အားလုံးကျော်ဖြတ်ခဲ့ဖူးကြမှာပဲ။ ဖြစ်ချင်တာတွေဟာ ဘယ်တော့မှဖြစ်မလာတော့တဲ့ဘဝတွေလည်း ရှိကောင်းရှိကြမှာပဲ။ ဒီရုပ်ရှင်ဟာ အဲဒီလိုဘဝမျိုးတွေအကြောင်းပဲ။ အထက်တန်းကျောင်းသူကောင်မလေး ဆိုဟီးဟာ ကျောင်းက ချိတ်ပေးတဲ့ အလုပ်မှာ အလုပ်သင်အနေနဲ့ဝင်လုပ်တယ်။ ဒါပေမဲ့ အဲဒီအလုပ်ဟာ မတရားမှုတွေ အပြည့်ရှိနေသလို လစာကိုလည်း ရတဲ့နေရာကနေ ဘက်စုံနှိမ်တတ်တဲ့ အလုပ်မျိုး။ ဒီလိုနဲ့ အထက်တစ်ဆင့်ကနေ အောက်တစ်ဆင့်ကိုပြန် အမြတ်ထုတ်ရင်း အဆင့်ဆင့်သွားတတ်တဲ့ စနစ်မျိုးမှာ သူရှင်သန်ခဲ့ရတယ်။ ဒါပေမဲ့လည် ရွေးစရာတော့မရှိဘူး။ ဆိုဟီးမှ မဟုတ်ဘူး။ ဆိုဟီးလို ရွေးစရာမရှိတဲ့ ကလေးတွေအကုန် ဒီလမ်းပဲ သွားကြရတာပဲ။ လူ့စနစ်ကြီးကတော့ ဒီလိုအခြေအနေကို သည်းညည်းခံပြီး‌ ကျော်ဖြတ်ပြီး အိပ်မက်တွေဖြစ်လာရင်ဖြစ်လာ မဖြစ်လာရင်လည်း ဒီလိုလူကြီးတစ်ယောက်ပဲဖြစ်လာဖို့ဆီ ဦးတည်ထားလားပဲ။ ဆိုဟီးကတော့ တတ်နိုင်သလောက် သည်းညည်းခံပေမဲ့ လူငယ်ဆိုတော့ ဒီလိုပဲ ပေါက်ကွဲထွက်သွားတယ်။ လူငယ်တစ်ယောက် ပေါက်ကွဲသွားတဲ့အခါ လူကြီးတွေဟာ... ( စကားလုံးမှားသွားမလားပဲ ) လူကြီးဆိုတဲ့လူတွေဟာ ဘာကြောင့်ပေါက်ကွဲသွားသလဲဆိုတဲ့ အကြောင်းရင်းကို နားလည်ပေးကြမှာမဟုတ်တာကတော့ သဘာဝတစ်ခုလိုလိုပါပဲ။ ပိုဆိုးတာကတော့ လူကြီးဆိုတဲ့ လူတွေဟာ သူ့ဟန်ကိုယ်ဖို့ (နားလည်လွယ်အောင်ပြောရရင်) လူကြားကောင်းဖို့နဲ့ သူတို့အချင်းချင်းကြားက ဆက်ဆံရေး မပျက်ဆီးသွားဖို့ ပြဿနာရဲ့အဖြေကို လူငယ်တွေရဲ့ ဆိုးကွက်တွေကိုပဲ ဖိနင်းပြောချပစ်ကြမှာပဲ။ ဆိုဟီးလည်းပဲ ဒီလိုအခြေအနေကို ကြုံခဲ့ရတယ်။ အိပ်မက်ကို လက်လျှော့ခဲ့ရတယ်။ ဒီလိုနဲ့ မရွေးသင့်တဲ့လမ်းကို ရွေးမိသွားတယ်။ ဒီရုပ်ရှင်က တကယ်ဆို နှစ်ခြမ်းခြမ်းထားတယ်။ ဆိုဟီးအလွန်မှာ ဒီလိုတွေကြုံကောင်း ကြုံခဲ့ရပေမဲ့ ဒီလိုလူကြီး မဖြစ်လာခဲ့တဲ့ Bae Doo Na ရဲ့ဇာတ်ကောင်ပါ။ ဆိုဟီးအမှုကို စုံစမ်းတယ်။ ဆိုဟီးအတွက် အမှန်တရားကို ရှာပေးတယ်။ ပြောခဲ့သလိုပဲ လူကြီးတွေက ဟန်ကိုယ့်ဖို့လုပ်ရင်း ဆိုဟီးကိုပဲ ပုံချလိုက်ကြတယ်။ Bae Doo Na ရဲ့ ဇာတ်ကောင်ဟာ ဒေါသထွက်ရပေမဲ့လည်း အားလုံးကြားကောင်းအောင် အပေါ်ယံတွေ တည်ဆောက်ထားတဲ့ စနစ်ကြီးကို သူတို့တွေလည်း မကျော်လွှားနိုင်ခဲ့ဘူး။ ဦးလှိုင်ရဲ့ လူငယ်တယောက်ရဲ့သွေးတွေဆိုတဲ့ကဗျာထဲကလို " သူတို့က မှားသွားလည်းလှတယ် ...... ကမ္ဘာမြေကို မဖျက်ဆီးဘူး " ဆိုတဲ့ ကမ္ဘာမျိုးပေါ်မလာနိုင်သရွေ့တော့ အရင်ဆိုဟီးတွေရော နောက်ထပ်ဆိုဟီးတွေရော အဆက်ဆက်ပေါ်လာကြဦးမှာပဲ။ အစ်ကိုတစ်ယောက်ပြောဖူးတယ်။ "ကျွန်တော်တို့ကမ္ဘာဟာ နောက်လူငယ်တွေအတွက်" တဲ့။ ဒီရုပ်ရှင်ကတော့ ခင်ဗျားတို့ ကျွန်တော်တို့ ကြုံခဲ့ရတဲ့ အဖြစ်မျိုးတွေ နောက်လူငယ်တွေ မကြုံစေဖို့ ကျွန်တော်တို့လည်း လူငယ်တွေဖြစ်ခဲ့ကြတာကို မမေ့ဖို့အတွက်ပေါ့။ အညွှန်းကိုတော့ WiRa Aung က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.74GB | 541MB | 272MB Format… mp4 Duration…. 2h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... Aaron

Action • Comedy
7.3 2022 135 mins
Next Sohee
Late Night
6.4

အမေရိကန်နိုင်ငံရဲ့ ညပိုင်းစကားပြောအစီအစဉ်တွေအကြောင်းရိုက်ကူးထားတဲ့ ဟာသဇာတ်မြူးလေးပါ .....ဒီဇာတ်ကားထဲမှာ အစီအစဉ်တင်ဆက်သူတစ်ယောက်က အလုပ်အရမ်းကြိုးစားသလို အချိန်ပြည့်လည်း ဒီအစီအစဉ်ကိုပဲခေါင်းထဲထည့်ထားလေ့ရှိယတ်... သို့ပေမယ့် သူဟာ ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ သူ့အစီအစဉ်တွေဟာ ဒီပုံစံခွက်ထဲက မထွက်သလိုဖြစ်နေတယ်...ဒီတော့ အောင်မြင်သင့်သလောက် မအောင်မြင်ဘူးဖြစ်နေရှာတယ်...အဲ့ဒီအချိန်မှာပဲ သူနဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဟာ ဒီအစီအစဉ်တွေကို တစ်ဘက်တစ်လမ်းက ကူညီဖို့ကြိုးစားတယ်... ဒီဇာတ်လမ်းက ဟာသဇာတ်မြူးလေးဆိုပေမယ့် လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ပညာသားသားပါပါ ထောက်ပြထားတယ်... ရယ်လည်းရယ်ရသလို မှတ်သားစရာလေးတွေလည်း ပါတာမို့ ခံစားကြည့်ကြပါဦးလို့.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်... File Size : (950 MB) and (357 MB) Quality : Blu-Ray 720p Format…mp4 Duration…01:42:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Initiative Encoded by Phyo Pyae

Action & Adventure • Sci-Fi & Fantasy
6.4 2019 102 mins
Late Night
Deleter
5.9

Deleter (2022) ~ IMDb – 5.9/10, Rotten Tomatoes – 83% ~ ” အဖေကပြောဖူးတယ် တစ္ဆေတွေဆိုတာ ကြောက်စရာမဟုတ်ဘူး။ တစ္ဆေတွေကိုမြင်တွေ့ရတယ်ဆိုတာ နောက်ဘဝရှိခြင်း၊ ပြီးတော့ ဘုရားရှိခြင်း၊ အကောင်းအဆိုးရှိနေခြင်းတွေရဲ့သက်သေပဲ။ အဲဒါတွေကြောင့် ကျွန်မဟာ ကမ္ဘာကြီးထဲက ရက်စက်ဆိုးယုတ်မှုတွေအကြောင်း နားလည်လာလိမ့်မယ်တဲ့။ ကျွန်မကတော့ အခုထိ တစ္ဆေတွေကိုရှာနေတုန်းပါပဲ။ ” လိုင်ရာက ဆိုရှယ်မီဒီယာတွေပေါ်ကို အသုံးပြုသူတွေတင်လာကြတဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေထဲက ကြည့်ရှုဖို့မသင့်တော်အောင် ကြမ်းတမ်းရက်စက်တဲ့ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာတွေကို ပယ်သင့်တာပယ် ခွင့်ပြုသင့်တာခွင့်ပြုပေးရတဲ့ Content Moderator တစ်ယောက်ဖြစ်ပါတယ်။ အလုပ်ရဲ့သဘောသဘာဝအရ စိတ်ထိခိုက်စရာ၊ ခြောက်ခြားစရာတွေကို သူများတွေမကြည့်မိအောင် ကိုယ်တိုင်အစအဆုံးကြည့်ပေးရတဲ့အတွက် စိတ်ဖိစီးမှုများသလို ငယ်ဘဝရဲ့ဒဏ်ရာတွေကလည်း သူ့ကိုခြောက်လှန့်နေပါသေးတယ်။ ဒါပေမဲ့လည်း အဲ့ဒီစိတ်သောကတွေကို ဘယ်သူမှမမြင်အောင်ဖုံးဖိထားနိုင်တဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို စိတ်ဓာတ်မာကြောသူလို့ယူဆကြပါတယ်။ အဲဒါတွေက သူတို့ရုံးတွင်း လုပ်ဖော်ကိုင်ဖက် အီလင်းဆိုတဲ့ကောင်မလေးတစ်ယောက် သူ့ကိုယ်သူ သတ်သေမသွားခင်အထိပဲဖြစ်ပါတယ်။ အားလုံးက အလုပ်ကပေးတဲ့ စိတ်ဖိစီးမှုကြောင့်လို့ယူဆကြပေမဲ့ တစ်ခြားကောလဟာလတွေလည်းရှိနေတဲ့အတွက် အီလင်းရဲ့သေဆုံးမှုဟာ ပဟေဠိဆန်ပါတယ်။ အဲဒါထက်ပိုဆိုးတဲ့အဖြစ်ကတော့ ကံကွက်ကြားပြီး သူ့အပေါ်ကိုမှ အီလင်းရဲ့ခြောက်လှန့်မှုတွေ စတင်လာခြင်းပါပဲ။ Deleter ဟာ စပြီးရုံတင်ကတည်းက ဝင်ငွေစံချိန်တင်နိုင်ခဲ့တဲ့ B.O မှာကြီးစိုးခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး တစ်နှစ်တာဝင်ငွေအကောင်းဆုံးဇာတ်ကားတွေထဲမှာလည်း ပါပါတယ်။ Metro Manila Film Festival မှာ ဆုပေါင်း ၁၂ ဆုအထိဆန်ကာတင်ဝင်ခဲ့ပြီး အကောင်းဆုံးဇာတ်ကား၊ ဒါရိုက်တာ၊ မင်းသမီး အစရှိတဲ့ အဓိကဆုကြီးတွေအပါအဝင် ဆုပေါင်းရှစ်ဆုဆွတ်ခူးခဲ့တဲ့ကားပါ။ အနုပညာအရရော ဝင်ငွေအရပါ အောင်မြင်ခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် အပြောင်းအလဲအနေနဲ့ ခုလို Philippines Horror ကားလေးကို မြည်းစမ်းကြည့်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 740MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 33Min Genre – Drama, Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by Y

5.9 2022 93 mins
Deleter
Love Lies Bleeding
7.3

Love Lies Bleeding (2024) [18+] ==================== IMDb Rating – 7.3/10 (မာတုဂါမအချင်းချင်း မေထုန်မှီဝဲတာတွေ၊ ပါဏာတိပါတာ ကျူးလွန်တာတွေ အရှင်းကြီးပြထားလို့ မိသားစုနဲ့ ကလေးတွေနဲ့ မကြည့်သင့်ပါဘူး။) မင်းသမီး Kristen Stewart ရဲ့ မှုခင်း အက်ရှင်အသစ်တစ်ကား ရပါပြီ။ Thelma & Louise 1991 တုန်းကလို ၉၀ အငွေ့အသက်တွေနဲ့ ပျော်စရာလေးကနေ တလွဲ တွေဖြစ်ကုန်ပြီး အကြမ်းပတမ်းတွေ ပါလာတဲ့ဇာတ်လမ်းမျိုးပါပဲ။ ဂျက်ကီဟာ ဗေးဂတ်စ်မှာ ကာယအလှမယ်သွားပြိုင်မဲ့သူပါ။ လူလူရဲ့မြို့လေးမှာ ခရီးတထောက်ဝင်နားရင်း လူလူနဲ့ ချစ်ကြိုက်မိသွားပါတယ်။ လူလူရဲ့အစ်မကို သူ့ယောက်ျားက ဆေးရုံရောက်တဲ့အထိ ရိုက်နှက်လိုက်လို့ စိတ်မထိန်းနိုင်တော့ဘဲ လူလူနဲ့ ပြဿနာဖြစ်ရာကနေ မီးခိုးကြွက်လျှောက် အမှုတွေ တသီတတန်းကြီး ဖြစ်လာပုံကို ပြထားတာပါ။ ၉၀ ကာလ မှုခင်းအက်ရှင်တွေရဲ့ Vibe မျိုးအပြည့် ရမှာမို့ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(4.1 GB)/ (1.41 GB) / (650 MB) Quality…………WEB-DL 4K HEVC/1080p / 720p Duration………1Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Crime Translator…….Mr.Anderson Encoder……….SWM,Ka Naung

Adventure • Comedy • Drama
7.3 2024 104 mins
Love Lies Bleeding
Catwoman
3.4

Catwoman (2004) Genre – Action,Crime,Fantasy ဒီတစ်ခါမှာတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသမီးကြီး Halle Berry ပါဝင်သရုပ်ဆောင်ထားတဲ့ Catwoman နဲ့မိတ်ဆက်ပေးပါမယ်။ Patience ဟာ Hadre အလှကုန်ကုမ္ပဏီမှာ ဒီဇိုင်းဆွဲတဲ့အလုပ်လုပ်နေတဲ့ကောင်မလေးပါ။ တစ်နေ့မှာတော့ သူ့တိုက်ခန်းမှာဒီဇိုင်းဆွဲနေတုန်း ကြောင်လေးတစ်ကောင်ခေါင်မိုးပေါ်ရောက်နေတာတွေ့တာနဲ့ ပြတင်းပေါက်ကထွက်ပြီးကယ်ဖို့လုပ်ပါ‌တော့တယ်။ အဲဒီလိုကယ်နေတဲ့အချိန်မှာပဲ လမ်းကဖြတ်သွားတဲ့ စုံထောက်ကြီးတစ်ယောက်က ခုန်ချမယ်ထင်ပြီး လာကယ်ရင်းနဲ့ပဲ Patience နဲ့ စုံထောက်ကြီးတို့ခင်မင်သွားပါတော့တယ်။ တစ်နေ့ Patience တစ်ယောက် ကုမ္ပဏီကခိုင်းထားတဲ့ဒီဇိုင်းကိုစက်ရုံအထိသွားပေးရပါတယ်။ စက်ရုံကလျှို့ဝှက်ချက်တစ်ခုကိုမထင်မှတ်ပဲ သိသွားတာကြောင့် ကံဆိုးမိုးမှောင်ကျပြီး အသတ်ခံလိုက်ရပါတယ်။ Patience တစ်ယောက်သေသွားတယ်ဆိုပေမဲ့ သူကယ်ခဲ့တဲအီဂျစ်နတ်ဘုရားမရဲ့တမန်တော်ကြောင်လေးရဲ့ အစွမ်းနဲ့ အသက်ပြန်ရှင်သန်လာခဲ့ပါတယ်။ ပြန်ရှင်သန်လာတဲ့အခါမှာ Patience တစ်ယောက် အရင်လိုမဟုတ်တော့ပါဘူး။ အထိအတွေ့၊ အနံ့ အာရုံခံမှုတွေဟာ လူသားတစ်ယောက်နဲ့မတူတော့ဘဲ ထူးခြားနေပါတယ်။ အဲဒီညကကိစ္စကိုလည်း မမှတ်မိပါဘူး။ ဒီလိုနဲ့‌‌ ကြောင်အစွမ်းတွေရပြီး ကြောင်လူသားဖြစ်သွားတဲ့ Patience ဟာ သူ့စိတ်ထင်ရာလျှောက်သွားလိုက်၊ လူဆိုးတွေကိုဝင်ဖမ်းလိုက်နဲ့ သတင်းတွေမှာနာမည်ကြီးလာပါတယ်။ နောက်ပိုင်းမှာ သူအသတ်ခံခဲ့ရတဲ့အဖြစ်မှန်ကိုသိပြီး သတ်ခဲ့တဲ့လူနဲ့ သတ်ခဲ့တဲ့အကြောင်းအရင်းကိုရှာပုံတော်ဖွင့်ပါတော့တယ်။ Catwoman တစ်ယောက် ကုမ္ပဏီရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်ပြီး တရားမျှတမှုကိုရှာဖွေနိုင်မလားဆိုတာကို မမရဲ့ အမိုက်စားတိုက်ခိုက်မှုပြကွက်တွေနဲ့တင်ဆက်ပေးထားတာကြောင့်ကြည့်ရှုခံစားလိုက်ပါဦး။ File size… 2.1 GB / 971 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Action/Crime/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jia

Horror • Thriller
3.4 2004 104 mins
Catwoman
The Man On Credit
5.8

မင်းကြီးကျောက်ကျုံးကို ထူးဆန်းတဲ့ဓားငှားသူတစ်ယောက်က ကျန့်လူဓားကိုငှားပေးခဲ့ရာက ကံကြမ္မာတစ်ဆစ်ချိုးပြောင်းလဲပြီး ကျင့်ပြည်ထောင်ကိုပါ ထူထောင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဓားငှားသူဓားပြန်လာသိမ်းတဲ့အချိန်မှာပဲ ကျင့်ပြည်ထောင်ကပျက်သုဉ်းသွားခဲ့ပါတော့တယ် ။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ ဓားငှားသူဟာ နဉ်ယိုချူးလို့ခေါ်တဲ့သူတစ်ယောက်ကိုဓားငှားပေးခဲ့ပြီး ရန်သူကိုသတ်စေခဲ့ပြီး ကံကြမ္မာပြောင်းလဲကာ သိုင်းလောကတခွင်ကျန့်ခွမ်းဆိုတဲ့နာမည်ကြီးလာခဲ့ပါတယ်။ ဒါပေမဲ့ ဓားငှားသူက ဓားလာသိမ်းတဲ့အချိန် နဉ်ယိုချူးက ပြန်မပေးခဲ့ပါဘူး ဒီလိုနဲ့ ဓားငှားသူက ဓားကိုတောင်းတဲ့အချိန်မပေးရင် တစ်နေ့နေ့ကျ အဲဒီဓားက မင်းချစ်ရတဲ့သူကိုပြန်သတ်လိမ့်မယ်လို့ပြောသွားခဲ့ပါတယ် ။ ဇာတ်ကားထဲမှာတော့ ဒီကျိန်စာတကယ်ဖြစ်လာတဲ့အခါ နဉ့်ယိုချူးဘဝဘယ်လိုတွေပြောင်းလဲလာမလဲ ? ဘယ်လိုအခက်အခဲတွေနဲ့ သူ့ဘဝဘယ်လိုဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်

Horror
5.8 2024
The Man On Credit
Lucca’s World
6.6

Cerebral palsy လို့ခေါ်တဲ့ ဦးနှောက်အကြောသေရောဂါကြောင့် လူကာဆိုတဲ့ကလေးငယ်ဟာ စကားမပြောနိုင် ၊ အစားမစားနိုင်သလို လမ်းလည်းမလျှောက်နိုင်ပါဘူး။ မိခင်ဖြစ်သူဘာဘာရာကတော့ ကလေးမွေးတုန်းက သူမညှစ်နိုင်ခဲ့လို့ဖြစ်ရတာဆိုတဲ့အပြစ်ရှိစိတ်နဲ့ လူကာကိုလူကောင်းလိုဖြစ်တဲ့အထိ ကုသပေးမယ်လို့ ဆုံးဖြတ်ထားသူပါ။ တစ်ရက်မှာတော့ ဆိုင်တိုထရွန်လို့ခေါ်တဲ့ အိန္ဒိယကစက်တစ်မျိုး အကြောင်း သိလိုက်ရတာကြောင့် ဘာဘာရာတို့မိသားစုဟာ အိမ်ပေါင်ပြီး လူကာကို အိန္ဒိယခေါ်လာခဲ့ကြပါတယ်။ ဆိုင်တိုထရွန်ကြောင့် လူကာရဲ့ ဦးနှောက်နှစ်ခြမ်းဟာ ဆက်သွယ်မှုတွေလုပ်နိုင်လာပြီး အစားစားတာ၊ စကားပြောတာနဲ့လမ်းလျှောက်တာတွေကို စလုပ်လာနိုင်ခဲ့ပါတယ်။ ကုသမှုပြီးလို့ မက္ကစီကိုကိုပြန်ခဲ့ရပေမယ့် ဘာဘာရာကတော့ ဆိုင်တိုထရွန်နဲ့ဆက်ကုမယ်ဆိုရင် လူကာဟာ အခုထက်ပိုတိုးတက် လာနိုင်တာကိုသိနေပေမယ့် သူတို့မိသားစုကလည်း အိန္ဒိယအထိ ထပ်ခရီးနှင်ဖို့မတတ်နိုင်ခဲ့ပါဘူး။ အဲဒီအချိန်မှာပဲ မက္ကစီကိုဆိပ်ကမ်း တစ်ခုမှာ အမေရိကန်ကိုပို့ဆောင်ဖို့ ဆိုင်တိုထရွန်စက်နှစ်လုံး ရောက်နေကြောင်းသိရှိလိုက်ရတာကြောင့် ဘာဘာရာတစ်ယောက် ဒီစက်တွေကို အမေရိကန်အထိမရောက်ဘဲ မက္ကစီကိုကလေး ဆေးရုံမှာတင်အသုံးချနိုင်အောင် စတင်ကြိုးပမ်းပါတော့တယ်။ ဘာဘာရာရဲ့စိတ်ကူးအတိုင်း ဆိုင်တိုထရွန်စက်တွေကို မက္ကစီကိုမှာတင် တကယ်ပဲအသုံးပြုနိုင်သွားမှာလား။ လူကာကရော ဘယ်အခြေအနေအထိပြန်ကောင်းလာမှာလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (1.34GB) / (732MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama • Comedy
6.6 2025 96 mins
Lucca’s World
Swordsman
6.8

Swordsman (1990) IMDb Rating (6.8) ဒီဇာတ်ကား စာရေးဆရာကျင်းယုံ (Louis Cha) ရဲ့ နာမည်ကျော် ဝတ္ထု “The Smiling, Proud Wanderer” မြန်မာလိုဆို သိုင်းလောကစိန်ခေါ်သံ စီးရီးကို အခြေခံထားတဲ့ လင့်ဟူချုန်းရဲ့ တကိုယ်တော် wuxia ဇာတ်ကားဖြစ်ပါတယ်။ 1990 ခုနှစ်ကာလ Hong Kong ရုပ်ရှင်လောက ရွှေခေတ်ကို ကိုယ်စားပြုတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး၊ အောင်မြင်ခဲ့လို့ Swordsman 2 (1992) နဲ့ Swordsman 3 The East Is Red (1993) ဇာတ်ကားများကို ထပ်မံရိုက်ကူးခဲ့ပါတယ်။ တရုတ်ပြည် မင်မင်းဆက်ကာလမှာ လင့်ဟူးချုန်းဆိုတဲ့ ဓားသူရဲကောင်းနဲ့ သိုင်းလောကကြားမှာ နာမည်ကြီးနေတဲ့ နေကြာသိုင်းကျမ်းကို ရယူဖို့ကြိုးစားကြတဲ့ သိုင်းသမားများ၊ အုပ်စုများအကြား ပြိုင်ဆိုင်မှုများ၊ သစ္စာရှိမှုနဲ့ သစ္စာဖောက်မှုများ၊ ချစ်ခြင်းမေတ္တာနဲ့ လောဘတို့ကို ရင်သပ်ရှုမောစရာ သိုင်းကွက်တွေနဲ့ သေချာရိုက်ပြထားတဲ့ သိုင်းကားတစ်ကားဖြစ်ပါတယ်။

Crime • Drama • Thriller
6.8 1990 120 mins
Swordsman
Guy Manley – A Real Movie
5

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဆွီဒင်နိုင်ငံရိုက် အင်္ဂလိပ်စကားပြော Action/Comedy ကားလေးပဲဖြစ်ပါတယ်.. Guy Manley ဟာ အနားယူပြီးဖြစ်တဲ့ စပိုင်တစ်ယောက်ဖြစ်ပါတယ်.. မပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးများကြောင့် အရက်အလွန်အကျွံသောက်ရင်း ဘဝကိုဖြတ်သန်းကာ ပေပေတေတေနေနေသည့် Guy Manley တစ်ယောက် Cash ညီနောင်တို့ရဲ့ အရှုပ်တော်ပုံထဲ ပါဝင်ရမယ့်အခါမှာတော့ စပိုင်လောကကို ပြန်လည်ဝင်ရောက်ဖို့ဖြစ်လာပါတော့တယ်.. Cash ညီနောင်တို့ဟာ ဒင်မ်ဘာ့ဂ်မြို့ရဲ့ မြို့တော်ဝန်ဖြစ်ရေး အပြိုင်အဆိုင်ကြိုးပမ်းနေကြသူများဖြစ်ပြီး အချင်းချင်းလုပ်ကြံသတ်ဖြတ်ဖို့ Guy Manley တစ်ယောက်ကို ငှားရမ်းလာရာမှာတော့… ဒီကားလေးမှာဆိုရင် အက်ရှင်ကားချစ်သူများအတွက် မတူကွဲပြားတဲ့ အက်ရှင်ခန်းများ စွမ်းအားရှင်ပုံစံများ အထူးအဆန်းစက်ကိရိယာများနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ပုံဖော်ထည့်ထားသလို အရွှန်းဖောက်မှုများဟာလည်း တသောသောနဲ့ အရယ်အမော ပြကွက်များပါဝင်လို့ ရုပ်ရှင်ချစ်သူများ အပန်းပြေကြည့်ရှုနိုင်မယ့် ရုပ်ရှင်ကားလေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ.. File size… (1.31 GB) / ( 704 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 32m Genre …..Action , Comedy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

History • Drama • War • Action
5 2024 90 mins
Guy Manley – A Real Movie