YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Freeze.2022.480p.(CM).mp4

249.89 MB N/A video/mp4 83 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Blue Gate Crossing
7

IMDb Rating - 7.4/10 ကိုယ့်နှလုံးသားကို ဝေခွဲမရဖြစ်နေတဲ့ မိန်းကလေးတွေရော၊ မချစ်သင့်တဲ့သူကို ချစ်မိတဲ့ကိုကိုတွေရောမမတွေရော အတွေး တစ်စုံတစ်ရာရရှိအောင်လုပ်ပေးနိုင်တဲ့ LGBT ထိုင်ဝမ်ကား လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ထိုင်ဝမ်ရုပ်ရှင်တို့ထုံးစံအတိုင်း သဘာဝကျတဲ့ရိုက်ချက်တွေနဲ့ အပီအပြင်တင်ဆက်ပေးထား ပါတယ်။ ကျောင်းမှာအရမ်းချောတဲ့ ကျောင်းသားလေးဖြစ်တဲ့ ကျန်းရှီး ဟောင်ကို လင်ယွဲ့ကျန်းကျောင်းသူက အရူးအမူးချစ်နေပါ တယ်။ ဘယ်လောက်တောင်ချစ်လဲဆိုရင် ကျန်းရှီးဟောင် စွန့်ပစ်ထားတဲ့ စာအုပ်၊ ဘောလုံး၊ အသုံးအဆောင်ပစ္စည်း တွေကအစ အမှိုက်ပုံးထဲကနေယူပြီး အိမ်မှာစုထားတဲ့သူပါ။ ဘယ်လောက်ပဲချစ်ချစ် သူငယ်ချင်းလုပ်ဖို့တောင် လုံးဝဖွင့် မပြောရဲတဲ့ ကြိတ်ခရက်ချ်သူလေးပေါ့။ သူ့ကိုကူညီပေးဖို့ မုန့်ခယ်ရုံဆိုတဲ့အချစ်ဆုံးသူငယ်ချင်းကို အကူအညီတောင်းခဲ့ပါတယ်။ ကြားထဲကနေ အောင်သွယ် ပေးရင်းနဲ့ ကျန်းရှီးဟောင်နဲ့လင်ယွဲ့ကျန်းတို့ နှစ်ယောက်ကြား ဗျာများလာခဲ့ရပါတော့တယ်။ တစ်နေ့မှာ “ကျွန်မကိုမနမ်း ချင်ဘူးလား”လို့ အရဲစွန့်ပြီးမေးလိုက်တဲ့တစ်ယောက်က မုန့်ခယ်ရုံဖြစ်သွားတဲ့အခါ.... ကျန်းရှီးဟောင်၊ လင်ယွဲ့ကျန်း၊ မုန့်ခယ်ရုံတို့သုံးယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့် လိုက်ပါတော့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.5 GB) / (622 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 39Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Jo Jo Va Encoder..........SWM

Horror
7 2002 85 mins
Blue Gate Crossing
Raging Fire
7

ယခုတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မူးယစ်နှိမ်နင်းရေးကားလေး တစ်ကားကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်း အကျဉ်းလေးကတော့ - ပင်းဟိုင်မြို့ မူးယစ်တပ်ဖွဲ့ကို မူးယစ်ရောင်းဝယ်နေတယ်ဆိုပြီး တိုင်ကြားလာတဲ့အခါ အဖွဲ့ခေါင်းဆောင်ချီဝေပင်းက အဖွဲ့ဝင် ၆ ယောက်နဲ့အတူ စစ်ဆေးစုံစမ်းမှုတွေ လုပ်ပါတော့တယ်။ အစပိုင်း အစီအစဉ်တကျ ဖြစ်ခဲ့ပေမဲ့ ပြဿနာတစ်စုံတစ်ရာဖြစ်ပြီး ချီဝေပင်းက မူးယစ်ဂိုဏ်းထဲကို တစ်ယောက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ တပ်ကူတွေ ရောက်လာပြီးမှ မူးယစ်ထုတ်လုပ်တဲ့ နေရာကို အပြတ်ရှင်းခဲ့ပါတယ်။ သို့သော် အဓိက ခေါင်းဆောင် တွမ့်မျိုးနွယ် ညီအစ်ကို နှစ်ယောက်ကတော့ လွှတ်သွားခဲ့ပြီး သူတို့က ကလဲ့စားချေရန် စတင် ကြံစည်ကြပါတော့တယ်။ ထိုညီအစ်ကို နှစ်ယောက်က ရာဇဝတ်မှုတွေကို ဘယ်လို ရက်စက်စွာ ကျူးလွန်ကြမလဲ...... ချီဝေပင်းတို့ အဖွဲ့ကရော ရာဇဝတ်သားတွေကို ဖမ်းဆီးဖို့ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ရမလဲ...... ဆိုတာတွေကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားလိုက်ဦးနော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : 1h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

7 2023
Raging Fire
Hit Man
4

2022 ခုနှစ်ထဲမှာပဲ ထွက်ရှိခဲ့တဲ့ Hitman ဆိုတဲ့ လူသတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ မီးလောင်သေဆုံးမှုကို စုံစမ်းပြီး ကျူးလွန်သူတွေကို လက်စားချေချင်တဲ့ ပတ်ဂျောင်းဂျာဟာ ... ဘာလို့ စုံစမ်းချင်တာလဲဆိုတော့ သေဆုံးသူတွေ သူ့သားရဲ့ မိသားစုဝင်တွေ ဖြစ်နေတာကြောင့်ပါ။ သားဖြစ်သူအတွက် တရားမျှတမှု ဖော်ဆောင်ပေးဖို့ ဒီလိုကိစ္စတွေမှာ ကြေးစားအဖြစ် လုပ်ကိုင်နေတဲ့ ကွပ်ကဲရေးမှုးရှင်းဆီ အမှုလာအပ်ပါတော့တယ်။ ကွပ်ကဲရေးမှူးရှင်းက လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ပညာရှင်ဆိုတဲ့ ကြေးစားလူသတ်သမားကို တာဝန်ပေးလိုက်တဲ့အခါ ... ပစ်မှတ်ကို သတ်မှတ်လိုက်ရင် နည်းလမ်းတွေရွေးမနေဘဲ သွေးအေးအေးနဲ့ လူသတ်ပေးတဲ့ ပညာရှင်တစ်ယောက် ... ဒီအမှုမှာ ပါဝင်ပတ်သက်နေတဲ့သူတွေကို ဘယ်လိုရှာဖွေပြီး လက်စားချေပေးမလဲဆိုတာ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Estel ပါ။) File Size          : 1.3GB, 467MB, 235MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 31mins Genre              : Crime, Thriller Translated by Estel Encoded by Kinnov

Crime • Drama
4 2022
Hit Man
Men
6.2

~ IMDb - 6.3/10, Rotten Tomatoes - 69% ~ A24 ဟာ တစ်နှစ်ထက်တစ်နှစ် တရှိန်ထိုးအောင်မြင်လာလိုက်တာ ဒီနှစ်ဆိုလည်း သူ့ပင်တိုင်လက်စွဲဒါရိုက်တာတွေဖြစ်တဲ့ Jordan Peele တို့ ရောဘတ်အက်ဂါတို့နဲ့ ကားမထုတ်ဖြစ်ပေမဲ့ တခြားနာမည်ကြီး ဒါရိုက်တာတွေ ဒါရိုက်တာအသစ်တွေနဲ့ ကားသစ်တွေထုတ်ခဲ့တာမှာ အကုန်လုံးနီးပါးလည်း အောင်မြင်ခဲ့ပါတယ်။ ဒီနှစ်ရဲ့ထွက်ပြီးသား A24ကားတွေကတော့ - " The Sky Is Everywhere, After Yang, X, Everything Everywhere All at Once နဲ့ Men " တို့တွေပါပဲ။ Everything Everywhere All at Once ဟာ A24 ရဲ့ ရုံဝင်ငွေအရရော အနုပညာအရရော စံချိန်တင်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်သလို After Yang တို့ X တို့ကလည်း တကယ့်ရုပ်ရှင်ကောင်းတွေပါပဲ။ သို့ပေမဲ့ ဒီသုံးကားလုံးက သူတို့အရင်ကလက်မတွဲဖူးတဲ့ ဒါရိုက်တာတွေနဲ့ လက်တွဲရိုက်ကူးခဲ့တာပါ။ ဒီနှစ်မှာတော့ Ex Machina ကားနဲ့ A24 အတူ Debut လုပ်ခဲ့တဲ့ ဒါရိုက်တာ Alex Garland ရဲ့ Men ကို A24ကပဲ ထပ်ပြီးထုတ်ဝေခဲ့ပါတယ်။ Alex Garland ဟာ ရုပ်ရှင်သုံးကားပဲ ရိုက်ကူးထားပေမဲ့ သုံးကားလုံးအောင်မြင်ခဲ့ပါတယ်။ ပထမကား Ex Machina ဟာ တော်တော်အောင်မြင်ခဲ့သလို ဒုတိယကား Annihilation ကလည်း မခေပါဘူး။ ခုတတိယကားကလည်း ပရိသတ်တစ်ချို့ကတော့ တော်တော်သဘောကျနေကြပြီး ဝေဖန်ရေးသမားတွေကလည်း သရုပ်ဆောင်ပိုင်းနဲ့ Sound Design ပိုင်းကို တော်တော်ချီးကျူးထားကြပါတယ်။ Horror ကားတစ်ကားမှာ အသံကလည်း အသက်ပဲမို့လား။ စီနီမာလည်း လှပါတယ်။ ဇာတ်အိမ်အရမ်းကျဉ်းတာကလွဲ အပြစ်ပြောစရာမရှိတဲ့ ရုပ်ရှင်ကောင်းပါပဲ။ Folk horror Genre ကို ရိုက်ကူးထားတာပါ ။ ဒါရိုက်တာကောင်းရိုက်တာဆိုတော့ နည်းနည်းဇာတ်အိမ်ကျဉ်းသွားတာတောင် ကားကောင်းကားဆန်းကြီးဖြစ်နေတုန်းပါပဲ။ တော်တော်ထူးဆန်းတဲ့ ဇာတ်မို့ ဇာတ်လမ်းကိုတော့ မပြောပြချင်တော့ပါဘူး။ ဘာမှမသိဘဲကြည့်ရတာပိုအရသာရှိမှာပါ။ A24 ဖန်တွေ၊ Horror ဖန်တွေ၊ Alex Garland ဖန်တွေ၊ Ex Machina နဲ့ Annihilation ကို သဘောကျတဲ့လူတွေကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ တစိမ့်စိမ့် သိချင်စိတ်ကိုဆွပြီး တသိမ့်သိမ့်ကြောက်ရွံ့ခြင်းရသ ပါးပါးကို ရချင်တဲ့သူတွေအပြင် Body Horror ဖန်တွေလည်း ကြည့်သင့်ပါတယ်။ A24 ရဲ့ ရုပ်ရှင်ကားကောင်းတွေကို သဘောကျတဲ့လူတွေ အကြိုက်တွေ့မယ်လို့ပြောနိုင်ပေမဲ့ A24 ကိုက လူတိုင်းကြိုက်တဲ့ ကားမျိုးတွေဖြန့်ဝေတာမဟုတ်တော့ ဒီကားဟာလည်း လူတိုင်းကြိုက်တဲ့ကားဖြစ်မယ်လို့ အာမ, မခံနိုင်ပေမဲ့ ကားကောင်းတစ်ကားဆိုတာတော့ အာမခံနိုင်ပါတယ်။ 2022 ရဲ့အကောင်းဆုံး ရုပ်ရှင်တွေထဲ Men ကိုလည်းထည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 575MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 40Min Genre - Drama, Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy • Drama • Romance
6.2 2022 100 mins
Men
Spencer
6.9

IMDb....7.2 Kristen Stewart ဟာ ဝေဖန်အတော်များများခံရတဲ့ သရုပ်ဆောင်တွေထဲပါတယ်လို့ဆိုရမှာပါ... သို့ပေမဲ့ Diana (ဒိုင်ယာနာ) အဖြစ်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်မှာတော့ Oscar ရနိုင်တယ်လို့တောင် ဝေဖန်ရေးဆရာတွေက ချီးကျူးထားကြပါတယ်.... ဒိုင်ယာနာဆိုတာ ဗြိတိန်တော်ဝင် မိသားစုဝင်တစ်ဦးဖြစ်ပါတယ်... သို့ပေမဲ့ သူမ ငယ်ဘဝက ကြမ်းတမ်းပါတယ်... မိဘတွေ အိမ်ထောင်ကွဲဖြစ်ပြီး လန်ဒန်သို့ပြောင်းကာ လစာနိမ့်ဘဝဖြင့် လုပ်ကိုင်ရင်း ငယ်ဘဝကို ဖြတ်သန်းခဲ့ရတယ်... အဲဒီနောက် ဒုတိယ အဲလိဇဘက်ဘုရင်မ၏ သားကြီးဖြစ်သူ ချားလ်မင်းသားနဲ့စေ့စပ်လိုက်ပါတယ်.. ဒီဇာတ်လမ်းဟာ ချားလ်မင်းသားနဲ့အိမ်ထောင်ပြုပြီး နောက်ပိုင်း အေးခဲစပြုလာတဲ့ အိမ်ထောင်ရေးပြဿနာတွေကို အဓိကထားရိုက်ပြသွားတာပါ.. ဒိုင်ယာနာ တစ်ယောက် တော်ဝင် အသိုင်းအဝိုင်းမှာ အနေရကြပ်လာခဲ့တဲ့အကြောင်းတွေကိုလည်း မွှမ်းထုံပြသထားပါတယ်။ လူမှုရေးဆက်ဆံရေးကောင်းမွန်တဲ့အပြင် ကျက်သရေ ရှိလွန်းလှတဲ့ အလှအပကိုပိုင်ဆိုင်သူ.. နိုင်ငံရဲ့ ပုံရိပ်အဖြစ်တင်စားခံရတဲ့သူ .လူထုရဲ့ချစ်မြတ်နိုးမှုကို အများဆုံးရတဲ့သူ.. ဖက်ရှင်ပုံမှာလည်း ဒိုင်ယာနာစတိုင်ဆိုပြီး Fashion Queen အဖြစ်သတ်မှတ်ခံရသူ.. ဒီလို ဂုဏ်ပုဒ်ပေါင်းများစွာ ပိုင်ဆိုင်တဲ့ မင်းသမီးလေးဟာ နောက်ကွယ်မှာတော့ ဘယ်လိုခက်ခဲတဲ့အခြေအနေတွေကို ဖြတ်သန်းနေရလဲ.... အချစ်ရေးမှာရော သူမ ဘယ်လောက်ထိ ကံကောင်းခဲ့လဲ... အခက်အခဲကြုံလို့ သူမအတွက် ကမ်းလင့်လက်တစ်စုံရှိခဲ့လား...ခံစားကြည့်ကြပါဦး.. ဘာသာပြန်ထားတာကတော့ CM Team ပဲ ဖြစ်ပါတယ်။ File Size : (2.2GB) , (1.1GB) and (597MB) Quality : WEB-DL 1080p, 720p and 480p Format…mp4 Duration…01:57:00 Genre : Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by CM Team Encoded by Augst and Phyo Pyae

Action • Thriller
6.9 2021 117 mins
Spencer
Okinawa Rendez-vous
6

Okinawa Rendez-vous (2000) ဇာတ်အိမ်ကရိုးရိုးလေးပဲ။ ဂိုဏ်းစတားတစ်ကောင်ရယ်၊ သူခိုးတစ်ကောင်ရယ် (လတ်စလီ)၊ ရဲတစ်ကောင်ရယ် (ခဖိုင်)၊ ကောင်မလေး၂ယောက်ရယ်ရဲ့ ‌နဖူးစာမင်ရည်ကျဲ၏ မကျဲ၏ ဇာတ်လမ်းသက်သက်ပဲ။ ချစ်ကြတယ်။ လွဲကြတယ်။ ဝေးကြတယ်။ ဒါကိုပဲ ဂိုဏ်းစတားနဲ့ သူခိုးနဲ့ ဂိုဏ်းစတားရဲ့ ရည်းစားဟောင်း (Faye Wong) ကြားက ဇာတ်ရှုပ်နဲ့ ချိတ်ဆက်ပေးထားတယ်။ ဇာတ်ကားနာမည်ကိုက အိုခိန၀ဆုံစည်းခြင်း ဆိုတော့ အိုခိန၀ရဲ့ကောင်းကင်အောက် တွေ့ကြတယ်။ ကွဲကြတယ်။ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြတယ်။ ဒါပါပဲ။ ဒါပေမဲ့ Faye Wong နဲ့ Leslie Cheung တို့ လိုက်ဖက်ညီသဟဇာတ ဖြစ်နေတာက ဒီရုပ်ရှင်ကို ပိုအရသာရှိစေတဲ့ အဓိက အချက်လို့ဆိုရပါမယ်။ သူတို့၂ယောက်ကပေးတဲ့ ရသကို အမြည်းခံစားကြည့်ချင်ရင်တော့ အောက်ကစာ စာသားကို နမူနာမြည်းစမ်းကြည့်နိုင်ပါတယ်။ ” နှစ်လက်မတစ်စိတ် အကွာအဝေး၏ မိုင်သန်းပေါင်း လေးသောင်းနှစ်ထောင်ဆီမှ အရူးအမူးချစ်ခြင်းဖြင့် ဂျွမ်းထိုးမှောက်ခုံ ပြုတ်ကျလာခြင်းကြောင့် ငါ သေဆုံးသွားသည်။ ကမ္ဘာလောကရှိ အကွာအဝေး အတိုင်းအတာမှန်သမျှတို့သည် အတူတကွရှိနေခြင်း၏ ပြာလဲ့လဲ့ မြူနှင်းမှုန်ထဲတွင် ဝေဝါးကွာပျောက်ကွယ်သွားကြ၏။ အစ်ရှ်တာ ကုန်းပြင်မြင့်ပေါ်က သောကြာကြယ်ကို ဖွဲ့စည်းတည်ဆောက်ထားသော အနက်ရောင်တောက်တောက် ကျောက်ဆောင်တို့အလယ်တွင် သူမရပ်နေ၏။ ခရမ်းနုရောင် ပိုးသားဝတ်စုံကို ဝတ်ကာ ခမ်းနားတင့်တယ်စွာ ရပ်နေ၏။ “ – ဇော်ဇော်အောင် Chungking Express ကို အားကျလို့ပဲလားတော့မသိပေါ့။ ဒါရိုက်တာဟာ နှစ်လမပြည့်တဲ့ အချိန်အတွင်း ဇာတ်ညွှန်းမပါဘဲရိုက်ခဲ့တယ်တဲ့။ Gordon Chan ပုံမှန်ရိုက်နေကျက စတီဖင်ချောင်ကားတွေ ဂျက်ကီချမ်းကားတွေဆိုတော့ သူ့ပုံစံကနေ ကွဲထွက်တယ်ပြောရမှာပဲ။ Theme song အဖြစ် လတ်စလီချောင်ရဲ့ Without Love ကို သုံးထားတယ်။ Chungking Express ထဲကလို Faye Wong ရဲ့ စားသောက်ဆိုင်လေးထဲမှာ ဈေးရောင်းရင်း သီချင်းတွေဖွင့်နေတဲ့ အခန်းတောင်ပါသေးတယ်။ ဒီရုပ်ရှင်မှာ ဘာမှအားရလောက်စရာမပါပါဘူး။ အိုခိန၀ရဲ့ရှု့ခင်းတွေ၊ လတ်စလီချောင်၊ တိုနီလျောင်ခဖိုင်၊ Faye Wong၊ ဒီလောက်ပါပဲ။ Cast တွေက ဟောင်ကောင် Mega Starတွေချည်း။ ရိုက်ထားတာလည်း ၆ကားလောက်ပဲရှိပြီး သူ့ကိုကြာကြာမြင်ရတာ ၃ကားလောက်ပဲရှိတဲ့ Faye Wong ကို မြင်ရမယ့်ကားဆိုတော့ တော်တော်တော့ကြည့်လို့တန်ပါတယ်။ လတ်စလီချောင် သူ့ဘ၀သူ ဇာတ်သိမ်းပစ်လိုက်တာ တော်တော်ကြာပါပြီ။ သူ့ရုပ်ရှင်တွေဟာ ပြီးပါပြီ စာတန်းထိုးပြီး ပြီးသွားကြပေမဲ့ အခါအခွင့်သင့်တဲ့ အချစ်တကွေ့မှာ သတိရမိနေဦးမယ့် ကျွန်တော်တို့ ခံစားမှုတွေထဲ ကျွန်တော်တို့အရင်လူတွေ နောက်လူတွေရဲ့ ခံစားမှုတွေထဲတော့ မပြီးဆုံးနိုင်ဘူးပေါ့။ လတ်စလီ‌ချောင်ရဲ့ တချို့ရုပ်ရှင်တွေဟာ ကောင်းလားမေးရင် သာမန်ပါပဲ။ ဒါပေမဲ့ သူပါနေလို့ကို ဒီရုပ်ရှင်တွေဟာ ကျွန်တော့်အတွက် ပိုလှပခဲ့တယ်။ ဝေါင်ကာဝေးရဲ့ ရိုက်ကွင်းမှာ သူ့ကိုယ်သူ Legend လို့ နောက်သလိုပြောတတ်တဲ့ လတ်စလီဟာ သူ ဟောင်ကောင်ရုပ်ရှင်ဖန်တွေရဲ့ အချစ်အခံရဆုံး Legend အစစ်ဖြစ်လာတာကိုတော့ မမြင်သွားလိုက်ရဘူးပေါ့။ ဒါပေမဲ့ သူ့ရုပ်ရှင်တွေ သီချင်းတွေကတော့ ရှင်သန်နေဦးမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size – 1.6GB, 782MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 40Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Music • Romance
6 2000
Okinawa Rendez-vous
Pretty Red Dress
6.5

Pretty Red Dress (2022) ================== သိပ်လှတဲ့ အနီရောင်ဝတ်စုံတစ်စုံက မိသားစုတစ်စုကို လုံးဝပြောင်းလဲ ပေးလိုက်တဲ့အကြောင်းပေါ့။ ဖုံးနေတာတွေ ပုန်းနေတာတွေ ပေါ်လာပြီး၊ မိသားစု၃ယောက်လုံး တစ်ဦးချင်းစီရဲ့သွင်ပြင်အစစ်အမှန်တွေကို ထွက် ပေါ်လာစေတယ်လို့ပဲ ဆိုရလေမလား။ သမီးကိုကျွေးမွေးဖို့ အလုပ်လုပ် ရင်း သူ့ရဲ့အိပ်မက်ကို လက်မလွှတ်နိုင်ဘဲ တစ်ဖက်တစ်လမ်းကနေ ဖြစ် ညှစ်ကြိုးစားနေတဲ့အမေ။ ယောက်ျားလေးဆန်ပြီး ဂျစ်ကန်ကန်နိုင်တဲ့ အပြင် မိဘတွေနဲ့အစေးမကပ်တဲ့ သမီးလေး။ ဇိုးလိုလို ဘာလိုလိုနဲ့ ထောင် ကနေ ထွက်လာခါစအဖေ။ တစ်နေ့မှာတော့ ချစ်ဇနီးရဲ့အလိုကိုအရင်းပြုလို့ အစ်ကိုဖြစ်သူရဲ့ဆိုင်မှာ အလုပ်လုပ်ပေးဖို့ဖြစ်လာပြီး အိမ်သူသက်ထားလိုချင်လှပါချည်ရဲ့ဆိုတဲ့ အနီရောင်ဝတ်စုံလှလှလေးကို မောင်မင်းကြီးသားက ချွေးနှဲစာနဲ့ မဖြစ် ညှစ်ကျယ်ဝယ်ပေးရှာတော်မူတယ်။ အဲလိုနဲ့ အဲဒီအနီရောင်ဝတ်စုံ သူတို့ အိမ်ရောက်လာချိန်ကစလို့ မထင်မှတ်ထားတဲ့ ပြဿနာတစ်ခုအရင်းပြု ပြီး မိသားစုဆက်ဆံရေးကြား အဖုအထစ်၊ချိုင့်ခွက်လေးတွေ ဟိုနေရာ သည်နေရာကနေ ပေါ်လာတော့တာပေါ့။ ပတ်ဝန်းကျင်က ဘယ်လိုပဲဖြစ်ဖြစ် ဘာတွေပဲပြောပြော၊ကိုယ့်ဘေးနားက ကိုယ့်မိသားစုလောက် အရေးကြီးပါ့မလား။ အဲဒီအနီရောင်ဝတ်စုံကြောင့် သူတို့၃ယောက်လုံး ပြောင်းလဲသွားတယ်။ အသိတွေပြောင်းလဲသွားတယ်။ အမူအကျင့်တွေပြောင်းလဲသွားတယ်။ အမြင်တွေပြောင်းလဲသွားတယ်။ နည်းလမ်းတွေပြောင်းလဲသွားတယ်။ ဒီမိသားစုကတော့ တစ်ဦးချင်းစီရဲ့ ပြောင်းလဲမှုတွေကို စစ်မှန်တဲ့သံယောဇဉ်တွေနဲ့ လက်ခံပေးခဲ့ကြပါသတဲ့လေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(2.19 GB) / (804 MB) / (465 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM

6.5 2022 110 mins
Pretty Red Dress
Cargo
6.1

၂၀၀၉ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျာမန်Sci-fi/Thrillerရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ခရစ်သက္ကရာဇ် ၂၂၆၇ခုနစ်အချိန်၊ ဂေဟစနစ်ပြိုလဲတာကြောင့် ကမ္ဘာကြီးဟာ အသက်ရှင်နေထိုင်ဖို့မသင့်တော့ပါဘူး။ ဒီတော့ အသက်ရှင်ကျန်နေတဲ့လူသားတွေဟာ ကမ္ဘာပတ်လမ်းကြောင်းမှာရှိတဲ့ အာကာသစခန်းတွေမှာနေထိုင်ကြရပါတော့တယ်။ ဒေါက်တာလော်ရာပေါ့မန်းက ဒုက္ခတွေကြုံတွေ့နေရတဲ့ အမျိုးသမီးဆရာဝန်တစ်ဦး။ အစ်မဖြစ်သူမိသားစုရှိတဲ့ ရီယာဆိုတဲ့ လူတွေနေထိုင်နေကြတဲ့ဂြိုလ်ဆီကိုသွားဖို့ ရည်မှန်းထားသူ။ အဲဒီဂြိုလ်မှာနေထိုင်ဖို့ အသုံးစရိတ် နေထိုင်ခွင့်အတွက် ပိုက်ဆံရှာဖို့ ကတ်ဆန်ဒရာကုန်တင်အာကာသယာဉ်ပေါ်မှာ ဆေးအမှုထမ်းအနေနဲ့ လိုက်ပါခဲ့ပါတယ်။ ယာဉ်ပေါ်မှာက ၈လကျော်ကြာတစ်ဆိုင်းနှုန်းနဲ့ တစ်ယောက်စီ အလှည့်ကျကင်းစောင့်ရပါတယ်။ ဒေါက်တာပေါ့မန်းအဆိုင်းတာဝန်ချိန်မှာပဲ ထင်မှတ်မထားတာတွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါ…။ သူသွားချင်တဲ့ ရီယာဆိုတဲ့ဂြိုလ်ကလည်း ဖုံးကွယ်မှုတွေများစွာနဲ့တည်ရှိနေတာကို သိလိုက်ရတဲ့နောက်မှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2 GB)/(916 Mb) Quality….Blu-ray 1080p/720p Format…mp4 Duration….01:52:00 Genre…Drama, Mystery, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

Action • Comedy
6.1 2009 120 mins
Cargo
Still Alice
7.5

အသက် ၅၀ အရွယ် အဲလစ်ဟာ ကိုလမ်ဘီယမ်တက္ကသိုလ်မှာ ဘာသာဗေဒကိုပို့ချလျက်ရှိတဲ့ပါမောက္ခတစ်ယောက်ဖြစ်ပါတယ်။ ဘာသာဗေဒနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်ချက်များပြုလုပ်ကာ တကမ္ဘာလုံးမှာသင်ကြားပို့ချရလောက်တဲ့ ပြဌာန်းစာအုပ်တွေကို ပြုစုရေးသားနိုင်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့မှာ ချစ်ရတဲ့ခင်ပွန်းနဲ့ သားသမီး ၃ ယောက်တို့ရှိပါတယ်။ သူ့အနေနဲ့ အချို့အရာလေးတွေကို စတင်မေ့စပြုလာတဲ့အတွက် ဦးနှောက်နဲ့အာရုံကြောအထူးကုဆရာဝန်တစ်ဦးနဲ့ သွားရောက်ပြသလိုက်တဲ့ အခါ မျိုးရိုးဗီဇကြောင့် အရွယ်မတိုင်ခင်ဖြစ်တတ်တဲ့ အယ်ဇိုင်းမားရောဂါကို စတင်ခံစားနေရပြီဆိုတာကိုသိလိုက်ရပါတော့တယ်။ ရောဂါဖြစ်နေကြောင်း သိလိုက်ပြီးတဲ့နောက် သူ့အလုပ်မှာရောဘာတွေဆက်ဖြစ်မလဲ? သူ့ရဲ့ မိသားစုကရော မှတ်ဉာဏ်တွေ ယိုယွင်းလာတဲ့သူမအပေါ် ဘယ်လိုဆက်ဆံကြမလဲ? ဒါတွေကို ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အဲလစ်အဖြစ် မင်းသမီးကြီး Julianne Moore ကပါဝင်သရုပ်ဆောင်ထားပြီး အယ်ဇိုင်းမားရောဂါသည် တစ်ဦးအနေနဲ့ စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ၊ နာကျင်ခံစားရမှုနဲ့ ဒေါသစတဲ့စိတ်ခံစားချက်မျိုးစုံကို ပေါ်လွင် အောင်သရုပ်ဆောင်ထားတာတွေကို တွေ့ရှိရမှာပဲဖြစ်ပါတယ်။ သူမအနေနဲ့ ဒီဇာတ်ကောင်ဖြင့်ပင် အကယ်ဒမီဆုပေးပွဲအပါအဝင် အခြားဆုပေးပွဲတွေမှာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအများအပြားကို သိမ်းယူနိုင်ခဲ့ပါသေးတယ်။ သူ့ကို ချစ်ခင် တဲ့ ခင်ပွန်းသည်အဖြစ် မင်းသားကြီး Alec Baldwin သမီးငယ်အဖြစ် မင်းသမီးချော Kristen Stewart နဲ့ သမီးကြီးအဖြစ်ကိုတော့ Superman Returns မှာ လူးဝစ်လိန်းအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kate Bosworth တို့ကပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်း အမျိုးအစားလေးကတော့ Drama/ Melodrama အမျိုးအစားဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo Kay Zaw ဖြစ်ပါတယ်။ File size…(1.5 GB)/(700 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo Kay Zaw

Drama • Horror
7.5 2014 100 mins
Still Alice
Nobel Son
6.1

ဒိဇာတ်လမ်းကတော့ Harry Potter ဇာတ်လမ်းမှာ Severerus Snape ဖြစ်တဲ့ မင်းသားကြီး Alan Rickman ပါဝင်တဲ့ အသေခွီနေရမဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဘဝင်လေဟပ်ပြီး ကျောင်းသူတွေနဲ့အိပ်၊ မိန်းမပွေ၊ ​အကျင့်စာရိတ္တမကောင်းတဲ့ Eli လို့ခေါ်တဲ့ သိပ္ပံပညာရှင်ကြီးက ရုတ်တရက် နိုဘယ်လ်ဆုကြီးရလာတော့ သူ့မြင့်ပြီးသားမာနက မိုးပေါ်ထောင်တက်သွားတော့တယ်။ နိုဘယ်လ်ဆုကို ဆွီဒင်နိုင်ငံမှာသွားယူဖို့ သူ့မိန်းမနဲ့သားကို ခေါ်သွားပေမဲ့ တစ်ဦးတည်းသော သားတော် Barkley က အပြာကဗျာရေးတဲ့ စော်လေးနဲ့အိပ်နေလို့ လေယာဥ်မမီဘဲ နောက်ကျသွားတယ်။ သူ့အမေနဲ့အဖေဆီ လေယာဥ်ကိုအမြန်လိုက်ဖို့ အိမ်ပြန်ရောက်တော့ ပြန်ပေးဆွဲပါခံလိုက်ရတယ်။ အနန္တဂိုဏ်းဝင်ဖခင်ကြီး Eli ကလည်း သူ့သားပြန်ပေးဆွဲရတဲ့အကြောင်း ပြန်ပေးဆွဲသမားကဖုန်းဆက်ခြိမ်းခြောက်တော့ လိလိ့လားလားတွေလာပြောနေတယ်ဆိုပြီး ​မယုံဘဲ သူ့သားကို ဆွီဒင်အမြန်လိုက်လာခဲ့ဖို့ပြောတယ်။ အဲဒီမှာ ပြန်ပေးဆွဲသမားလည်း Berkeley လက်မကို ဖြတ်ပြီး သူ့မိဘတွေဆီကို ပို့မယ်ကြံ​၊ သူ့သား Berkeley လည်း စိတ်ခြောက်ခြားပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုက်ပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော Thwal Htoo Zin ပါ ) File size_(2GB)/( 990MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Comedy, Crime, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

6.1 2007 110 mins
Nobel Son
A Perfect Murder
6.6

ကျွန်တော်တို့ Iron-man ဇာတ်ကားထဲမှာ Iron-man ရဲ့အတွင်းရေးမှူးကနေ သူ့ရဲ့ဇနီးသည်ဖြစ်လာတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ဇာတ်ဆောင်မင်းသမီးအဖြစ်က ပါဝင်သရုပ်ဆောင်ထားပြီး ၁၉၉၈ ခုနှစ်က ထွက်ခဲ့တာဆိုတော့ သူ့ရဲ့ငယ်ရွယ်နုပျိုလှပဆဲ ကာလကို ခံစားကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် အသက်နည်းနည်းကြီးတဲ့ လူချမ်းသာတေလာမှာ အမ်မလီဆိုတဲ့ ဇနီးချောလေးရှိပါတယ်။ သူတို့ကြည့်ရတာ အိမ်ထောင်ရေးက အဆင်ပြေတယ်ထင်ရပေမဲ့ လူကုံထံတွေအများစုရဲ့ထုံးစံအတိုင်း အပေါ်ယံမှာပဲ အဆင်ပြေနေတာပါ။ တကယ်တမ်းမှာတော့ တစ်ယောက်ကိုတစ်ယောက် နားမလည်မှုတွေနဲ့ရှင်သန်နေခဲ့ကြရင်း အမ်မလီဟာ ပန်းချီဆရာကောင်လေး ခပ်ငယ်ငယ်တစ်ယောက်နဲ့ နောက်မီးလင်းပါတော့တယ်။ အမျိုးသားဖြစ်သူ မစ္စတာတေလာ ဘာမှမသိဘူးအထင်နဲ့ပေါ့။ တစ်နေ့မှာ မစ္စတာတေလာဟာ သူ့မိန်းမနဲ့ဖောက်ပြန်တဲ့သူနဲ့တွေ့ပြီး အပေးအယူလုပ်ပါတယ်။ ဒေါ်လာ ၅သိန်းပေးမှာပါ။ အဲဒီပိုက်ဆံက သူတို့နဲ့ဝေးဝေးနေဖို့ပေးတာမဟုတ်ဘဲ သူ့မိန်းမကိုသတ်ပေးဖို့ ခိုင်းတဲ့ပိုက်ဆံဖြစ်နေပါတယ်။ ဆိုတော့ အစကတည်းက ပိုက်ဆံမက်လို့ ချဉ်းကပ်လာတဲ့သူကရော ငြင်းမှာလား အမ်မလီတစ်ယောက် အသတ်ခံရမှာလားဆိုတာ လင်ကြီးနဲ့လင်ငယ်ပေါင်းပြီး အကွက်ချသတ်တာကို စိတ်ဝင်တစား ကြည့်ရမှာပါ။ File Size : 2.12 GB, 963 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 47min Format : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Ko Wunna Encode by : Thit San Khant

6.6 1998
A Perfect Murder
The Curse of the Necklace
5.5

ကြောက်ဖို့ကောင်းတဲ့ Horror movie ကြည့်ချင်တယ် The Exorcist ရဲ့ Themes လိုမျိုး ကြည့်ချင်တယ် ဆိုတဲ့သူတွေအတွက် Warner Bros. က ရိုက်ကူးထုတ်လုပ်လိုက်တဲ့ The Curse of the necklace ဇာတ်ကားက စိတ်ကျေနပ်မှု ရစေမှာပါ။ ၁၉၆၀ ဝန်းကျင် ခေတ်အနေအထားကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့ သရုပ်ဆောင် တွေကလည်း Horror Genre နဲ့ အသားကျပြီးသား သရုပ်ဆောင်တွေမို့ အပိုအလိုမရှိ အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်ကြပါတယ်။ (ဖရန့်ခ်- Pet Sematary၊ လော်ရာ – Shevenge ၊ အယ်လင်- M3GAN) ဇာတ်လမ်းကတော့ အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတဲ့ မိသားစု တစ်စုမှာ ဖခင်လုပ်သူ ဖရန့်ခ်က ရဲဝန်ထမ်း တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ လော်ရာက ဆေးရုံမှာ နာ့စ်လုပ်ပါတယ်။ လင်မယား ရန်အကြီးအကျယ် ဖြစ်ပြီးနောက်ပိုင်း ယောကျ်ားက အိမ်မှာမနေတော့ဘဲ ဟိုတယ်တစ်ခုမှာ နေနေရတာပါ။ ဆယ်ကျော်သက်အရွယ် သမီးကြီး ဂျူးဒစ်နဲ့ သမီးအငယ် အယ်လင်ကတော့ မိခင်ဖြစ်သူနဲ့ အတူ အိမ်မှာပဲ နေထိုင်ပါတယ်။ တစ်နေ့တော့ ဖရန့်ခ်က သက်သေခံ ပစ္စည်းအခန်းထဲက အနှစ်သုံးဆယ်ကျော် အမှုပိတ်ပြီးသား လူသတ်မှုတစ်ခုရဲ့ သက်သေခံပစ္စည်းပုံးကို ဖွင့်ကြည့်မိတဲ့ အခါမှာ ရတနာပစ္စည်း လည်ဆွဲလေးကို တွေ့သွားပါတယ်။ ပိတ်ပြီးသား အမှုမို့ ပြဿနာ တက်စရာမရှိလို့ ယူဆပြီး သူ့ရဲ့ ဇနီး လော်ရာကို မျက်နှာလုပ်ဖို့အတွက် အိမ်ကို ယူသွားခဲ့ပါတယ်။ လော်ရာက လက်မခံဘဲ ဒီလည်ဆွဲကို အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့ပေမယ့် သမီးငယ် အယ်လင်က ကောက်ယူထားလိုက်ပါတယ်။ အဲဒီကနေ စပြီး သူတို့အိမ်မှာ ထူးဆန်းတာတွေ မြင်ရကြားရသလို၊ ဂျူးဒစ်မှာ ညတိုင်း အိပ်မက်ဆိုးတွေ မက်နေပါတော့တယ်။ ဒီကျိန်စာသင့် လည်ဆွဲရဲ့ သမိုင်းကြောင်းက ဘယ်လိုတွေ ရှိခဲ့လဲ၊ သူတို့အိမ်လေးမှာ ဘယ်လိုတွေ ဖြစ်လာဦးမလဲဆိုတာ…..။ File size…939MB / 500MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 39m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2024
The Curse of the Necklace
Mon Mon Mon Monsters
6.3

ဒီဇာတ်ကားကတော့ တရုတ်ဇွန်ဘီဇာတ်ကားလေးဖြစ်ပြီး သွေးထွက်သံယိုပြကွက်ကြမ်းတွေ ပါတာမို့ ရွံတတ်သူများ မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ အတန်းထဲက အဆင့် ၁ ကျောင်းသားကို ကျောင်းလူမိုက် အဖွဲ့က အတန်းကြေးတွေခိုးပါတယ်လို့ စွပ်စွဲခံရ‌အောင်လုပ်ပြီး တစ်တန်းလုံးရှေ့မှာ အရှက်ခွဲခဲ့ပါတယ်။ အဲဒီမှာအတန်းပိုင်က အဆင့် ၁သမားကိုရော ကျောင်းလူမိုက်တွေကိုပါ အဖွဲ့ဖွဲ့ပေးလိုက်ပြီး လူမှုကူညီရေးအလုပ်တွေ ဝင်လုပ်ဖို့ ဒဏ်ပေးလိုက်ပါတယ်။ သူတို့အဖွဲ့သွားလုပ်ရတဲ့ တိုက်ခန်းက လူသားစား မကောင်းဆိုးဝါးတွေ ရှိတယ်လို့ နာမည်ကြီးနေတဲ့ တိုက်ခန်းဖြစ်နေတာပါ။ အဲဒီတိုက်ကနေ တကယ်ပဲ မကောင်းဆိုးဝါး တစ်ကောင်ကို ဖမ်းမိလာပြီး လူမိုက်အဖွဲ့ပီပီ ပေါက်ကရနှိပ်စက်နည်းတွေ မျိုးစုံသုံးပြီး အဲဒီဇွန်ဘီမကောင်းဆိုးဝါးကို နှိပ်စက်ခဲ့ပါတယ်။ ထိုအခါဇွန်ဘီအစ်မဖြစ်သူက သူ့ညီမဇွန်ဘီကို လိုက်ရှာနေရင်းနဲ့ အထက်တန်းကျောင်းသားတွေရဲ့ လက်ချက်ဖြစ်ကြောင်း သိသွားတဲ့အခါ ကလဲ့စားချေ သတ်ဖြတ်မှုတွေ လုပ်လာလို့ ကိုယ်မွှေးခဲ့တဲ့မီးကို ကိုယ်ပြန်ငြှိမ်းရတော့မယ့် လူမိုက်အဖွဲ့နဲ့ အဆင့်တစ်ကောင်တို့ဟာ လူသတ်ဇွန်ဘီမနဲ့ ထိပ်တိုက်ရင်ဆိုင်ရ‌‌ပါတော့တယ်။ File Size : 1.6 GB, 811 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 51min Format : Mp4 Genre : Comedy, Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encoded by : Thit San Khant

Crime • Drama • Thriller
6.3 2017 110 mins
Mon Mon Mon Monsters
Kabuliwala
5.5

Kabuliwala (2024)”ကာဘူလီဝါလာ” ============================= အိန္ဒိယ ဂန္ထဝင်ကဗျာဆရာ၊ စာရေးဆရာကြီး ရာဘင်ဒြာနတ်တဂိုးရေးသားခဲ့တဲ့ ဝတ္ထုတိုကို ပြန်လည်အသက်သွင်းထားတဲ့ ဟင်ဒီစကားပြော ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းကိုပဲ ၁၉၆၁ ခုနှစ်တုန်းကလည်း ရုပ်ရှင်တစ်ခုထွက်ရှိခဲ့ပြီး အခုရုပ်ရှင်ကတော့ ၁၉၆၁ ခုနှစ်ရုပ်ရှင်ရဲ့ Remake ဖြစ်ကာ မင်းသားကြီး မီသွန်းချာကရာဘော်တီက ကာဘူလီဝါလာနေရာကနေ သရုပ်ဆောင်ပါဝင်ထားပါတယ်။ ရုပ်ရှင်နာမည်ဖြစ်တဲ့ ကာဘူလီဝါလာဆိုတာကတော့ အဝေးကြီးကနေ အိန္ဒိယကို အလုပ်လာလုပ်ကြတဲ့ အာဖဂန်နွယ်ဖွားတွေကို အိန္ဒိယကလူတွေခေါ်ကြတဲ့နာမည်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၆၀ ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားတာပါ။ အာဖဂန်နစ္စတန် နယ်စပ်မှာတည်ရှိပြီး ရွှံ့နဲ့လုပ်ထားတဲ့အိမ်လေးတွေရှိတဲ့ ရွာလေးတစ်ရွာမှာ ရာမတ်နဲ့ ရာဇီယာဆိုတဲ့သားအဖနှစ်ယောက်ရှိပါတယ်။ ရာဇီယာလေးဟာ ရာမတ်တို့ဇနီးမောင်နှံ အသက်ကြီးမှရတဲ့ သမီးဦးလေးဖြစ်ပြီး ရာမတ်ရဲ့ဇနီးကတော့ ဆုံးပါးသွားခဲ့ပါပြီ။ သူတို့ရွာလေးဟာ ကန္တာရထဲမှာရှိတဲ့ နယ်စပ်ရွာလေးဖြစ်တဲ့အတွက် အစာရေစာရှားပါးပြီး အသက်ရှင်ရပ်တည်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အဲဒီလိုနဲ့ ရပ်တည်ဖို့ကြိုးစားရင်း အကြွေးတွေတင်လာတဲ့အတွက် ရာမတ်ဟာ သူ့သမီးလေးကို အဘွားဖြစ်သူနဲ့ထားခဲ့ကာ ကာလကတ္တားကို အလုပ်သွားလုပ်ဖို့ဖြစ်လာပါတယ်။ အသက်ရှင်ရပ်တည်ရေးအတွက် သမီးလေးနဲ့ မိုင်ထောင်ချီအဝေးမှာ အလုပ်လုပ်နေရတဲ့ရာမတ်ဟာ သူ့သမီးလေးနဲ့တူတဲ့ မီနီဆိုတဲ့ကလေးမလေးနဲ့ သားအဖသံယောဇဉ်ဖြစ်လာပုံကို လွမ်းစရာကောင်းအောင်၊ ရင်နင့်စရာကောင်းအောင် ပုံဖော်ပြထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Western • Action • Drama • Romance • Thriller
5.5 2024 101 mins
Kabuliwala
Girls on Wire
6.1

ဘဝမှာတစ်ချို့အရာတွေကရွေးချယ်ခွင့်မရခဲ့ဘူး အထူးသဖြင့် ဘယ်လိုမိသားစုမှာမွေးဖွားလာမလဲဆိုတာရွေးချယ်လို့မရဘူး…… မှားယွင်းတဲ့မိသားစုတစ်ခုမှာမွေးဖွားလာတဲ့အခါ လွတ်မြောက်ရာကိုပျံသန်းချင်ပေမယ့် ပျံသန်းခွင့်မရတဲ့ဘဝတွေအများကြီးရှိတယ်ဆိုတဲ့အကြောင်းကို အရမ်းချစ်ကြတဲ့ညီအစ်မလေး(၂)ယောက်ကိုဇာတ်အိမ်တည်ပြီးတော့ ချပြထားတဲ့ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မူးယစ်ဆေးရန်ကနေရုန်းထွက်လာတဲ့ညီမလေးဟာ လွန်ခဲ့တဲ့(၅)နှစ်တုန်းကပြတ်စဲခဲ့တဲ့အစ်မဆီကိုပြန်လာရှာခဲ့တယ်။ အခက်အခဲတွေကြားမှာရုန်းကန်နေရတဲ့အစ်မဖြစ်သူကလဲ ညီမဖြစ်သူကိုလက်ခံဖို့အသင့်ဖြစ်မနေခဲ့ပါဘူး။ ဒါပေမယ့် အန္တရာယ်တွေတကယ်ကြုံလာတဲ့အခါမနေသာပဲ ညီမနဲ့အတူ လက်တွဲရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီးတော့ သူတို့နှစ်ယောက်ရဲ့ကံကြမ္မာဟာပေါင်းစည်းသွားပါတယ်…… ၂၀၂၅ခုနှစ်ဘာလင်နိုင်ငံတကာရုပ်ရှင်ပြပွဲမှာ ဇကာတင်စာရင်းဝင်ခဲ့တဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။

6.1 2025
Girls on Wire