YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Frankly Speaking 2024 - Episode 11 - 720p [RMC].mp4

443.64 MB 720p video/mp4 1 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(18+)Shortbus
6.3

LGBT(Lesbian, Gay, Bisexual, Transsexual) တွေ Straight တွေ ရောသမမွှေထားတဲ့ ဇာတ်ကားလေးလာပါပြီ ဆိုဖီယာဆိုတာ လိင်မှုကုထုံးမှာ အရမ်းတော်တဲ့ ဆရာမတစ်ယောက်ဖြစ်ပါတယ် သူမမှာ သိပ်ချစ်ရတဲ့ ယောင်္ကျား ရော့ဘ်ဆိုတာရှိတယ် သူမအလုပ်ကိုသူမ ကျွမ်းကျင်ပေမဲ့ သူမရောဂါကိုတော့ အဖြေမရှာနိုင်ဘူးဖြစ်နေပါတယ် သူမက တစ်ခါမှ ဆန္ဒမပြီးမြောက်ဖူးပါဘူးတဲ့ ဒါပေမဲ့ သူမယောင်္ကျားကို မပြောပြပါဘူး မျိုသိပ်ထားခဲ့တာကြာပါပြီ သူမအိမ်ထောင်ရေးကို အပျက်စီးမခံနိုင်ဘူးလေ ရော့ဘ် စိတ်ထိခိုက်ပြီး မကျေနပ်ဖြစ်မှာကိုလဲ သူမလိုလားဘူးလေ…. ဂျိမ်းစ် နဲ့ ဂျမီ သူတို့ကတော့ လိင်တူချစ်သူစုံတွဲဖြစ်ပါတယ် သူတို့က ထူးဆန်းတဲ့ ကိစ္စတစ်ခုကို နှစ်ဦးသဘောတူ ဆုံးဖြတ်ချက်ချလိုက်ပါတယ် အဲဒါကတော့ Open Relationship လုပ်ဖို့ပါပဲ အဲဒီကိစ္စအတွက် ချစ်မှုရေးရာကျွမ်းကျင်တဲ့ ဆိုဖီယာဆီမှာ အကြံဉာဏ်လာယူပါတယ် စကားတွေပြောကြရင်းနဲ့ တစ်ယောက်အကြောင်းတစ်ယောက်သိရှိသွားပြီး တစ်ယောက်နဲ့တစ်ယောက်ကူညီ ပေးကြတဲ့အထိဖြစ်လာကြတဲ့အခါ… နယူးရော့ခ်မှာ Shortbus ဆိုတဲ့ သီးသန့်ဂေဟာလေးရှိတယ် အဲဒီကဘာတွေရလဲဆိုရင် လူကြီးကိစ္စအကုန်ရပါတယ် အလွယ်ပြောရရင် ပွဲတော်ကြီးကျင်းပတဲ့ ဗလာကွင်းကြီးပေါ့ အဲဒီမှာဆုံဖို့ ဆိုဖီယာကို ကမ်းလှမ်းလိုက်တဲ့အခါမှာတော့…. ရှုပ်ထွေးပွေလီလှတဲ့ လိင်မှုကိစ္စတွေမှာ ရှင်းလင်းဖို့လိုတယ်ဆိုတာရယ် ကိုယ့်စိတ်ကြိုက် ကိုယ်ဘာသာနေနိုင်အောင်ကြိုးစားဖို့ရယ် ဖုံးကွယ်လို့မရတာကို ကြိုးစားပြီးဖုံးကွယ်ပေမဲ့ အချိန်အတိုင်းတာတစ်ခုထိသာ ဖုံးကွယ်လို့ရတာပါပဲဆိုတာရယ်တွေကို ဘာ ဆင်ဆာမှမဖြတ်ပဲ ကွက်ကွက်ကွင်းကွင်း အတုံးလိုက် အတစ်လိုက် ဖေါ်ကြူးထားတာဖြစ်လို့ ၂၁ နှစ်ကျော်မှကြည့်သင့်ပါတယ်။ File size…2.8GB / 1.2GB Quality…1080p BluRay AAC5.1CH / 720p Format…mp4 Duration….1h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki  Mu Chi

Thriller
6.3 2006 101 mins
(18+)Shortbus
Eros
5.6

ဝေါင်ကာဝေး၊ စတီဗင် ဆိုဒါးဘတ်၊ မိုက်ကယ်အိန်ဂျလို အန်တိုနီယိုနီ စတဲ့ ဟောင်ကောင် အမေရိကန် အီတလီက နာမည်ကျော် ဒါရိုက်တာ၃ယောက်ဟာ Eros ဆိုတဲ့နာမည်နဲ့ ဇာတ်လမ်းတို သုံးခုကို Erotic ဆန်ဆန်ရိုက်ဖို့ တွဲဖက်ပေးခံခဲ့ရပါတယ်။ ဇာတ်လမ်းသုံးခုလုံး ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်တွေပါပဲ။ သုံးယောက်လုံး နာမည်ကျော်တွေပေမဲ့ ဝေါင်ကာဝေးရဲ့ The Hand ကတော့ အသပ်ရပ်ဆုံး အလှပဆုံးပါပဲ။ - "The Hand" By Wong Kar Wai အပြာရောင်ရဲရဲသမိုင်းနဲ့ မကင်းတဲ့သူတွေ မရေနိုင်မတွက်နိုင် ရှိကောင်းရှိဖူးကြမှာပဲ။ အားလုံးနီးပါးပဲ ထင်ပါတယ်။ တစ်ခါတလေတော့လည်း သိ‌နေပြီးတဲ့ အရာရာတိုင်းကို သိဖို့မလိုဘူးပေါ့။ ဒီနည်းနဲ့ ထားသင့်အရာတွေကို ထားသင့်တဲ့နေရာမှာထားပြီး ကျွန်တော်တို့‌ ကမ္ဘာမပြိုပျက်ဖို့ နံရံတစ်ခုခြားခဲ့ကြတာပါပဲ။ အနုပညာပစ္စည်းတစ်ခုမှာ ကျန်တာထက် အခရာကျတဲ့ အရည်အသွေးက ရိုးသားမှုလို့ ကျွန်တော်တော့ မှတ်ယူတာပဲ။ ဖန်တီးသူဟာ သူ့ခံစားချက် သူရိုးသားရတာပေါ့။ ဒီလိုနဲ့ အဲဒီနံရံကို ပညာသားပါပါနဲ့ ကျော်ဖြတ်ဖို့ ဖန်လာတာပါပဲ။ ကိုမောင်မောင် (မဇ္ဈိမလှိုင်း) ရဲ့ ပန်းချစ်သူတို့၊ စိုင်းခမ်းလိတ်ရဲ့ အပြာရောင်မျက်ရည်တို့ပေါ့။ ဝေါင်ကာဝေးရဲ့ The Hand ကလည်း ထိုနည်းလည်းကောင်းပါ။ ဂေါင်လီရဲ့ အဝတ်အစားမဲ့တဲ့အခန်းတစ်ခန်းမှမပါ နမ်းခန်းတောင် သေသေချာချာမပါဘဲ အတော်ပညာသားပါပါနဲ့ ဒီနံရံကိုချိုးသွားတာပါပဲ။ ဝေါင်ကာဝေးဟာ 2046 မှာ ကျန်းကျိရီရဲ့ အသားတစ်စက်မှ မပြတဲ့အခန်းတွေကိုတောင် ဆွဲဆောင်မှုအပြည့်ရှိအောင် ရိုက်ခဲ့ဖူးပါတယ်။ (ပြတဲ့အခန်းလည်းပါပေမဲ့ မပြတာတွေမှာလည်း ဆွဲဆောင်မှုအပြည့်ရှိအောင် ရိုက်နိုင်တာကို ဆိုလိုတာပါ)။ ဒီမှာလည်း ထိုနည်း၎င်း ပုံစံလည်း သုံးထားပါတယ်။ ဂေါင်လီနဲ့ပေါ့။ သိတဲ့ထဲ သူ့တင်ပြပုံနဲ့ အနီးစပ်ဆုံး တူတာကို ဥပမာပေးရမယ်ဆိုရင် ဆရာဇော်ဇော်အောင် စာကြောင်းတစ်ကြောင်းပြချင်ပါတယ်။ " တင်းတင်းစည်းနှောင်းထားသော အဝါရောင်ပါတိတ်လုံချည်အောက်က နူးညံ့လုံးဝန်းပြီး ညွတ်ပျောင်းနွဲ့နှောင်းနေသည့် ပေါင်တံများ၏ ညှို့ဓာတ်ပါသော ကောက်ကြောင်းသည် ဆွတ်ပျံ့ဖွယ်ရာ အမှတ်သညာတစ်ခုပင်။ ပါးစပ်အရွယ်အစားက ဖြစ်သင့်သည်ထက် ပိုကျယ်လွန်းနေသည်။ မလိုက်ဖက်သော တစ်ခု နှစ်ခုပင် အလှတရား..." ။ ~ ဇော်ဇော်အောင် (အပိုင်းအစများ) မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်လှပပုံကို ဆရာဇော်ဇော်အောင် ပုံဖော်ရေးသားတွေဟာ ရိုင်းတယ်လို့ မထင်ရတဲ့အထိကို စကားလုံးတော်တော်ယဉ်ပါတယ်။ ဝေါင်ကာဝေးရိုက်ကူးပုံကလည်း ထိုနည်းလည်းကောင်းပါပဲ။ Eros ဆိုတဲ့ ခေါင်းစဉ်နဲ့ညီအောင် အယဉ်ဆုံးအညင်ဆုံး ရိုက်ကူးသွားတာပါပဲ။ သူပေးချင်တဲ့ ရသလည်းမပျက်ခဲ့ပါဘူး။ သူ့လူမျိုးစံနှုန်းအရ ရှိသင့်တာထက်လည်း မကျော်ပါဘူး။ ဝေါင်ကာဝေးဟာ ဝေါင်ကာဝေးပါပဲ။ သူ ရွေးသွားတဲ့အကြောင်းအရာကလည်း လက်ပါ။ အတော်ကောင်းတဲ့ရွေးချယ်မှုပါပဲ။ ဂေါင်လီဟာ ဘယ်လိုဇာတ်ရုပ်နဲ့မဆို လိုက်နေတဲ့ မင်းသမီးအစစ်လို့ ဆိုရမှာပဲ။ ပုဂ္ဂလိကအမြင်အရ 2046 က ကျန်းကျိရီရဲ့ ပခြုပ်သည်မကာရိုက်တာကို ပိုသဘောကျမိပေမဲ့ ဂေါင်လီနဲ့လည်း လိုက်ဖက်နေတာကိုတော့ ငြင်းမရပါဘူး။ ဇာတ်ကောင်၂ကောင်ဟာ ကွဲလွဲမှုနည်းနည်းတော့ရှိနေတော့ ဂေါင်လီဟာ ဒီဇာတ်ရုပ်နဲ့ အံကိုက်လို့ဆိုရပါမယ်။ နောက် အပ်ချုပ်သမားဇာတ်ကောင်နေရာမှာလည်း ချန်းချန်ကလွဲ ဝေါင်ကာဝေးနဲ့ ရိုက်နေကျလူတွေနဲ့ မြင်ကြည့်လို့မရပါဘူး။ သူ့ဇာတ်နဲ့သူ အကောင်းဆုံးလုပ်ခဲ့ကြသလို လူရွေးလည်းတော်တော်တော်ခဲ့ကြတယ် ဆိုရပါမယ်။ အိပ်မက်ပြာပြာတွေနဲ့ပဲ လူဟာ သက်၀င်ခဲ့တာပါပဲ။ The Hand ဟာ အနီရဲရဲတောက်နေတဲ့ အိပ်မက်ပြာတစ်ခုအ‌ကြောင်းပေါ့။ The Hand ဟာ အပြာရောင်အိပ်မက်တွေမှာ ပါ၀င်ဖူးခဲ့တဲ့ လက်ချောင်းတွေကို အလှပဆုံးပုံဖော်သွားတဲ့ကဗျာပေါ့။ နောက်ချစ်ခြင်းကိုရောပေါ့။ ဒါတွေဟာ အချစ်ဟုတ်ပါ့မလား ဆိုရင်တော့ စောဒကတက်ရခက်ခက်ပါ။ သေချာတာတော့ နား‌ထောင်နေကျ၊ အချစ်ပါပဲ သီချင်းထဲကလို "အရောင်တွေရှိတယ် မရှိဘူး မလိုပါဘူး" - "Equilibrium" By Steven Soderbergh ရုပ်ရှင်ရဲ့ဦးတည်ချက်အရ Eroticဆန်တဲ့ ပုံစံကို ရိုက်ရမှာပေမဲ့ စတီဗင်ဆိုဒါးဘတ်ရဲ့ ရွေးချယ်မှုကတော့ ဆန်းတော့ဆန်းတယ်ပြောရမယ်။ Robert Downey Jr. ဟာ အိပ်မက်ထဲမှာ မိန်းကလေးတစ်ယောက်ကို အမြဲမက်နေလို့ စိတ်ကုဆရာဝန်နဲ့ပြတဲ့အကြောင်းသက်သက်ပါပဲ။ အိပ်မက်ထဲက မိန်းကလေးကိုလည်း ခဏလောက်ပဲပြသလို ရိုက်ထားတဲ့ပုံစံကလည်း အဖြူအမဲနဲ့ပါ။ ဘယ်ကလဲမသိပေမဲ့ ကြားဖူးတဲ့စကားလေးရှိတယ်။ ဖုံးကွယ်ထားတဲ့အရာတွေက အလှဆုံးအရာတွေပဲ။ ဆိုဒါးဘတ်ဟာ ဒီသီအိုရီကိုပဲ မိုင်ကုန်သုံးပြီး Erotic ဆန်အောင် ရိုက်သွားသလားလို့ တွေးချင်စရာပဲ။ သိချင်စိတ်ကို ဆွပေးပြီး ရိုက်သွားတယ်လို့တော့ ဆိုရမှာပဲ။ သူ့မူလရည်ရွယ်ချက်ဖြစ်တဲ့ Erotic ဖြစ် မဖြစ်ကတော့ လူပေါ်မူတည်ပြီးကွဲပြားသွားမယ်ထင်ပါတယ်။ - "The Dangerous Thread of Things" By Michelangelo Antonioni မိုက်ကယ်အိန်ဂျယ်လိုရဲ့ အပိုင်းကတော့ ဒီရုပ်ရှင်ကို စဖြစ်စေခဲ့တဲ့ အကြောင်းရင်းပါ။ သူ့ဒီအပိုင်းက ခုနအပိုင်းလို မသိကိန်းလည်းဆန်သလို ကိုယ်လုံးတီးနီးပါး အခန်းတွေပါတဲ့ တစ်ပိုင်းတည်းသော အပိုင်းလည်းဟုတ်တယ်။ ဒီထဲမှာ သူဝါအရင့်ဆုံးပါပဲ။ ၁၉၄၇ကတည်းက ရုပ်ရှင်တွေ စရိုက်လာခဲ့တဲ့သူဖြစ်ပြီး Art Film တွေ မနည်းမနောရိုက်ထားဖူးတဲ့သူပါ။ တန်းမြင့်ရုပ်ရှင်တွေလည်း ရိုက်ထားတာမနည်းပါဘူး။ ရှာကြည့်သလောက်တော့ ဒါသူ့နောက်ဆုံးရုပ်ရှင်ပါပဲ။ ပြဿနာတစ်ခုရှိတာက ဒီအပိုင်းက ကျွန်တော့်ပုဂ္ဂလိကခံစားချက်အရတော့ Erotic ဆန်ဆန် ဘာမှသိပ်မခံစားရပါဘူး။ အသက်တော်တော်ကြီးမှ ရိုက်လိုက်လို့ နည်းနည်းပေါ့သွားတာဖြစ်နိုင်သလို ကျွန်တော် ဉာဏ်မမီတာလည်းဖြစ်နိုင်သလို ရေခံမြေခံအကွာကြောင့် ခံစားမရတာလည်း ဖြစ်နိုင်ပါတယ်။ ဘာနေနေပါ။ Eros ဟာ Rating အရ သုံးကားပေါင်းပေးရတာဆိုတော့ ဘယ်သူ့ကြောင့် နိမ့်သွားလဲ တရားခံမပေါ်ပေမဲ့ ရုပ်ရှင်တိုလေးသုံးကားမှာ ဆရာကြီးသုံးယောက်ပေးတဲ့ ကွဲပြားတဲ့အရသာသုံးခုကို ခံစားရမှာမို့ တော်တော်ကြည့်ရတန်တဲ့ ရုပ်ရှင်ပါပဲ။ "The Hand" ကလည်း ဝေါင်ကာဝေးရဲ့ အနားသားမာစတာပိစ်တစ်ကားပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.4GB, 990MB, 500MB Quality - 1080p, 720p, 480p Format - mp4 Duration - 1H 44Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action
5.6 2004 104 mins
Eros
Dil Bechara
6.9

(WEB-DL 1080p 5.1CH, WEB-DL 720p တို့ဖြင့်ရရှိပါပြီ..) မနေ့ညက Disney+ Hotstarကနေ ဖြန့်ချိခဲ့တဲ့ မင်းသားချော ဆူရှန့်ကားသစ် လာပါပြီ။ အမြဲတမ်း ပြုံးနေတတ်တဲ့ မင်းသားချောကတော့ ဒီကားထဲမှာ နောက်ဆုံး မြင်တွေ့ခြင်းဆိုတာ အားလုံး သိပြီးသားဖြစ်မှာပါ။ ဇာတ်လမ်းထဲမှာတော့ ကင်ဆာရောဂါသည် ကောင်မလေးတစ်ယောက်.... ကင်ဆာရောဂါသည်တစ်ယောက်မို့ ဆေးတွေနဲ့ သူရဲ့ အောက်စီဂျင်ဘူးလေးနဲ့အတူ  မနက်ဖြန်ဆိုတာကို ဖြတ်ကျော်နေရတယ်...ဒါပေမဲ့ သူမက အာဂကောင်မလေးလို့ဆိုရမလားပဲ... သူမဟာ နာရေးတွေလိုက်တက်ပြီး အထီးကျန်နေခဲ့ရတဲ့ ကျန်ရစ်သူ မိသားစုတွေကိုတောင် အားပေးနေတတ်တယ်... တနေ့မှာတော့ သူ ဒီကင်ဆာရောဂါဝေဒနာရှင်တွေ အားပေးဝန်းရံကြတဲ့ အခမ်းအနားတစ်ခုမှာ ကောင်လေးတစ်ယောက်နဲ့ ဆုံခဲ့ပါလေရော....စပွိုင်လာဖြစ်မှာစိုးလို့ ဒီလောက်နဲ့တော်ပါရစေ..... ။ ဘောလိဝုဒ်ပရိသတ်တွေကတော့ အညွန်းမဖတ်ဘဲ ကြည့်ကြမယ်ဆိုတာလည်း ယုံကြည်ထားပါတယ်။ ခုချိန်မှာတော့ IMDb Ratingက လူပေါင်း၂သောင်းကျော်ပေးထားတဲ့ 9.9/10ပါ။ မနေ့က စပြီး လွှင့်လွှင့်ချင်း၂နာရီအကြာမှာတော့ လူ၁ထောင်ပေးထားတဲ့ Ratingက 10/10ပါ။ လွန်ခဲ့တဲ့လ,က သေဆုံးသွားပြီဖြစ်တဲ့ ဆူရှန်မို့ ပရိသတ်တွေက သေပြီးမှ ချစ်ကြောင်းပြချင်လို့ ပေးတဲ့ Ratingလား ဒါမှမဟုတ် ဒီဇာတ်ကားနဲ့ ထိုက်တန်လို့ ပေးထားတဲ့ Ratingလားဆိုတာကိုတော့ ကိုယ်တိုင်ခံစားပြီး ကြည့်ရှုကြပါဦးဗျာ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Myint Thu & Nyi Nyi Koe တို့ပဲဖြစ်ပါတယ်.... File Size : (1.99 GB)(950 MB) and (380 MB) Quality : WEB-DL 1080p 5.1CH, WEB-DL 720p Format…mp4 Duration…01:45:00 Genre :  Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu & Nyi Nyi Koe Encoded by Phyo Pyae

Action • Adventure • Animation • Fantasy
6.9 2020 101 mins
Dil Bechara
The War Below
7

The War Below(2020) ******************** World war 1 ကမ္ဘာစစ် ဖြစ်ရပ်မှန်ကိုအခြေခံထားပြီး ကာလအားဖြင့် 1915 ခုနှစ် စစ်ပွဲကြီးမှာ ဂျာမန်တွေနဲ့ အင်္ဂလိပ်တို့တိုက်နေရချိန်ပါ… ဒီချိန်မှာ ဂျာမန်ဘက်က အရေးသာပြီးပြီး အဂ်လိပ်တို့ အရေးနိမ့်နေချိန်ပါ.. လူတွေ သောင်းချီ အပတ်တိုင်းသေနေပြီး ရှေ့ကိုတစ်လမတိုးဖို့တောင် ခက်ခဲနေတဲ့ အဂ်လိပ်တို့ရဲ့အခြေအနေပါ.. ဘာလင်ကိုသိမ်းဖို့ ဝေးစွ ….ဂျာမန်ရဲ့ရှေ့တန်းခံစစစ်စည်းကိုတောင်မကျော်နိုင်တဲ့အတွက် အင်္ဂလိပ်တို့ ထိုးစစ်ဆင်ဖို့ နည်းအမျိုးမျိုးစဉ်းစားကြပါတယ်.. ဒါကြောင့် British ခေါင်းဆောင်တွေက မိုင်းတူးသမားတွေကို လူစုပြီး ခေါ်ခဲ့ပါတယ် .. အကြံကတော့ အင်္ဂလိပ်ဘက်ကနေ ဂျာမန်ရှေ့တန်းထိ နေရာတစ်လျှောက်ကို မြေအောက်ကနေ လှိုက်ခေါင်းတွေတူးပြီး ဗုံးထောင်ခွဲဖို့ပါ .. သာမန်အရပ်သားတွေဖြစ်နေပြီးစစ်ရေးအတွေ့ကြုံလည်းမရှိ .. ဒါ့အပြင် တူးတဲ့ကာလက အပေါ်မှာ အမြောက်သံတဝီဝီ နဲ့ ဂျာမန်တွေရဲ့ နည်းဗျူဟာမြောက်ကင်းထောက်တွေကြားမှာ သူတို့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…. File Size :(1.1GB) and (470 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:36:00 Genre : War, History, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Marie Encoded by Phyo Pyae

7 2020
The War Below
War of the Wills
6.3

ဇာတ်လမ်းနာမည်လေးအတိုင်းပဲ ဝီလ်တို့ သားအဖကြားက မတည့်အတူနေစစ်ပွဲကိုမြင်တွေ့ရမယ့် Comedy Drama movieလေးပါပဲ…။ ဇာတ်လမ်းထဲမှာတော့ ကျိကျိတက်ချမ်းသာတဲ့အဘိုးဖြစ်သူသေဆုံးသွားပြီးတော့ အမွေတွေတစ်ပုံတစ်ပင်ကြီးကို မြေးဖြစ်သူဝီလ်နဲ့ သူ့အဖေကို ညီတူညီမျှခွဲဝေပေးခဲ့ပါတယ်…။ ဒီအတိုင်းရော့အင့်ဆိုပြီး ပေးလိုက်တာမျိုးမဟုတ်ဘဲ စည်းကမ်းချက်တစ်ခုရှိပါတယ်…။ အဲ့ဒီ စည်းကမ်းချက်ကတော့ ဝီလ်တို့သားအဖနှစ်ယောက် အဘိုးဖြစ်သူချန်ခဲ့တဲ့ အိမ်ကြီးမှာ ၂၉ရက်တာ၊ ခြံဝန်းအပြင်ဘက် ဘယ်ကိုမှထွက်သွားခွင့်မရှိဘဲ အိမ်ထဲမှာပဲအတူနေရမှာပါ…။ တစ်ယောက်က မနေနိုင်ရင် ဒါမှမဟုတ် ခြံဝန်းအပြင်ထွက်မိရင် ကျန်တဲ့သူက အမွေအကုန်ရမှာပါ…။ စည်းကမ်းချက်က ရှင်းရှင်းလေးပါ… ခက်တာက ဝီလ်တို့ သားအဖနှစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက သင့်မြတ်မှုမရှိတာပါပဲ…။ ဒီတော့ ဒီသားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အမွေမရအောင် ချောက်ချရင်း… အဆုံးသတ်မှာ ဘယ်သူကအမွေတွေရသွားမလဲဆိုတာကို plot twistလေးနဲ့ ကြည့်ရမယ့် ဇာတ်လမ်းလေးပါပဲ…။ File size…1.64GB / 684MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 44m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.3 2023
War of the Wills
High and Low
8.4

High and Low (1963) ~ IMDb – 8.4/10, RT – 96%, Meta – 90% ~ အကီရာကူရိုဆာဝါရဲ့ အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပေါ့။ Rashomon, Ran, Throne of Blood, Dreams တို့မှာ တော်တော်ပြောခဲ့ပြီးပြီဆိုတော့ ကူရိုဆာဝါရဲ့ ဘုန်းတော်ဘွဲ့တွေအကြောင်း ထပ်မိတ်ဆက်ပေးဖို့မလိုလောက်တော့ဘူး။ ကူရိုဆာဝါရုပ်ရှင်ဆိုတာနဲ့ ရုပ်ရှင်ကောင်းပဲဆိုတာ အကုန်လုံးသိပြီးသားဖြစ်နေမှာ သေချာတယ်။ ဒါပေမဲ့ ထူးတာကတော့ ဒီရုပ်ရှင်က ရှေ့ကပြောခဲ့တဲ့ ကားတွေနဲ့မတူတော့ဘူး။ ဇာတ်က သူထွက်ခဲ့တဲ့ မျက်မှောက်ခေတ်သီးသန့်မှာပဲ အခြေတည်ထားသလို ဇာတ်ကလည်း စလိုက်ပြီဆိုတာနဲ့ တော်တော်လေး စိတ်ဝင်တစား ဆက်ကြည့်ချင်စရာကောင်းနေတယ်။ ထူးတာက ဒီရုပ်ရှင်က သူ့နာမည်အတိုင်း ကောင်းကင်နဲ့ ငရဲလို ကွာခြားနေတဲ့ ဘဝတွေအကြောင်း ရိုက်ပြထားပေမဲ့ တစ်ချိန်တည်းမှာပဲ တော်တော်လေး သပ်ရပ်တဲ့ စုံထောက်ကားတစ်ခုအဖြစ်ပါ ထပ်ပေါင်းအသက်ဝင်နေတယ်။ ဒီနှစ်ခုရဲ့အချိုးမှာ ဘယ်ဟာက ပိုသာမလဲတော့ မပြောတတ်ဘူး။ ဒါပေမဲ့ နှစ်ဘက်စလုံးအနေနဲ့ အရသာရှိတာတော့ အမှန်ပဲ။ နောက်တစ်ခုက ဒီကားကို ကောင်းကင်နဲ့ငရဲလို့ ပေးထားတာကို နားလည်နိုင်ပေမဲ့ ဇာတ်ကားအဆုံးမှာ နည်းနည်းတော့ တစ်မျိုးဖြစ်နေမိကောင်းဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ဒီကားရဲ့ ဂျပန်နာမည်က ကောင်းကင်မှ ငရဲသို့လို့ ပေးထားတာကို သိထားရင် အဆင်ပြေလောက်ပြီလို့ ထင်ရတာပဲ။ သူ့နာမည်နဲ့ဇာတ်ကားက အဟကို ကျွန်တော့်လို စိတ်မတင်မကျဖြစ်ကောင်းဖြစ်နေနိုင်မယ့်လူတွေအတွက် ကြိုပြောပြထားခြင်းပါပဲ။ ဆိုခဲ့သလို ဇာတ်က စစဖွင့်လိုက်ပြီဆိုတာနဲ့ တော်တော်လေးစိတ်ဝင်စားစရာကောင်းနေတယ်။ နာမည်ကျော်ဖိနပ်ကုမ္ပဏီက ဒါရိုက်တာလူကြီးတစ်ယောက်အိမ်ကို တခြားဒါရိုက်တာတွေလာပြီး နားချတယ်။ ချမရတော့ အဲဒီဒါရိုက်တာကို ဖြုတ်ဖို့ ကြံကြတယ်။ အဲဒီဒါရိုက်တာကလည်း မခေဘူး။ နောက်ကွယ်မှာ ရှယ်ယာတွေခိုးဝယ်ထားတာတွေရော ထပ်ဝယ်ဖို့ ပြင်ထားတာတွေရောက ကုမ္ပဏီတစ်ခုလုံးရဲ့ ရှယ်ယာထက်ဝက်လောက်ဖြစ်တော့မယ်။ သူအပိုင်သိမ်းတော့မယ်ပေါ့။ ကံဆိုးချင်တော့ သူကျန်တဲ့ရှယ်ယာတွေအတွက် ငွေချေရမယ့်ညမှာပဲ သူ့သားကို ပြန်ပေးဆွဲပြီး ယန်း သန်း၃၀တောင်းခံရတယ်။ သားသမီးဇောနဲ့ သူက ပေးမယ်။ ငွေကအများကြီးထပ်ရှာလို့ရတယ် ဘာညာလုပ်တာပေါ့။ ပြီးမှသိလိုက်ရတာက သူ့သားမဟုတ်ဘဲ သူ့ဒရိုင်ဘာရဲ့သားကို ပြန်ပေးဆွဲသွားတာဖြစ်နေတယ်။ သူပေးရမယ့်ငွေဆိုတာကလည်း သူရှယ်ယာဝယ်ချင်လို့ ရှိသမျှအကုန်‌ပေါင်နှံထားတဲ့ငွေတွေ။ ဒီတော့ ဒီငွေမရှိရင် သူဘဝပျက်မယ်။ သူ့သားအတွက်တော့ ပေးလိုက်နိုင်ပေမဲ့ ဒရိုင်ဘာရဲ့သားအတွက်ကျ သူပေးဖို့ လက်တွန့်နေတယ်။ ပြန်ပေးသမားကလည်း ကလေးမှားမှန်းသိသွားပေမဲ့ သူမပေးရင် ဘာဖြစ်ဖြစ် သတ်မှာပဲလို့ ခြိမ်းခြောက်လာတယ်။ ဇာတ်ကားနာမည်နဲ့ ဒီဇာတ်အဖွင့်ကို ပေါင်းစပ်ကြည့်လိုက်ရင် ဘယ်လိုဇာတ်မျိုးဖြစ်မလဲ ခင်ဗျားသိနေပြီလို့ ရေးတေးတေးထင်လာစရာအကြောင်းရှိကောင်းရှိမယ်။ ဒါပေမဲ့ ဒီဇာတ်က ဒီထက်အများကြီး အကွေ့အကောက်များသလို သူ့တင်ပြချင်တဲ့ အကြောင်းအရာကလည်း တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီထိရေးပြခဲ့တာက ဇာတ်ရဲ့အစပဲရှိသေးတယ်။ နောက်မှာ ဒီထက်စိတ်ဝင်စားဖို့ကောင်းတဲ့ ဆုံးဖြတ်ချက်တွေအကြောင်းကို ခင်ဗျားမြင်လာရလိမ့်မယ်။ ရဲတွေက ပြန်ပေးသမားကို ဖမ်းဖို့ကြိုးစားတာကလည်း စုံထောက်ရုပ်ရှင်တစ်ကားလို စိတ်ဝင်စားဖို့ကောင်းသလို ပြန်ပေးသမားနဲ့ ဒါရိုက်တာ အဓိကကာရိုက်တာနှစ်ယောက် ငရဲနဲ့ကောင်းကင်ကြား အားပြိုင်ကြတာကလည်း သူတို့ချမယ့်ဆုံးဖြတ်ချက်တွေ လုပ်ရပ်တွေကိုလိုက်ကြည့်ရင်း အသည်းလန့်ချင်စရာကောင်းတယ်။ High and Low ကို အကောင်းဆုံး သည်းထိတ်ရင်ဖိုစုံထောက်ကားတစ်ကားလို့ ဆိုကြတယ်။ လွန်တော့မလွန်ပါဘူး။ မင်းသားတွေကလည်း ကူရိုဆာဝါထုံးစံအတိုင်း သူသုံးနေကျ လက်ရှိမှာ ဂျပန်ဂန္ထဝင်မင်းသားကြီးတွေ ဖြစ်သွားကြတဲ့ဘဲတွေချည်းပဲ။ Toshiro Mifune လို ဂန္ထဝင်မင်းသားကြီးရော၊ Ran ထဲက Tatsuya Nakadai ရော၊ To Live ထဲက Takashi Shimura ရောသုံးထားတယ်။ ဒီရုပ်ရှင်ကို မက္ကဘတ်ကို ကူရိုဆာဝါရိုက်ပြထားတဲ့ Throne of Blood မဟုတ်တဲ့ နောက်ထပ် ဗားရှင်းတစ်မျိုးလို့ တစ်ချို့က ဆိုကြတယ်။ ကူရိုဆာဝါရဲ့ တင်ပြပုံကြောင့် ဒီဇာတ်ဟာ ပိုမိုကျယ်ပြန့်သွားတယ်လို့လည်း ဆိုကြတယ်။ High and Low ကို မာတင်စကောဆဲစီက 39 Essential Foreign Films for a Young Filmmaker စာရင်းထဲ ထည့်ထားသလို အကောင်းဆုံးဂျပန်ရုပ်ရှင်ကားများစာရင်းမှာလည်း နံပါတ်၁၃ချိတ်ထားခဲ့တယ်။ ဒီဘာတွေညာတွေအသာထားပါဦး… ကူရိုဆာဝါတင်ပြတဲ့ စုံထောက်ကားတစ်ကားကို ဘယ်လိုဘယ်ပုံနဲ့ မြင်ရမလဲ တွေးကြည့်ရုံနဲ့တင် High and Low ဟာ တော်တော်လေး ရင်ခုန်စရာကောင်းနေပါပြီ။ နောက်ဆုံးတစ်ချက်အနေနဲ့တော့ ဒီရုပ်ရှင်ဟာ တခြားကူရိုဆာဝါရုပ်ရှင်တွေထက် ပရိသတ်မရွေးတဲ့ တင်ပြပုံမျိုးလည်း ပိုင်ထားပါတယ်။ စုံထောက်ကားပရိသတ်တွေကြည့်လည်းအဆင်ပြေသလို ရုပ်ရှင်ကောင်းကြိုက်သူတိုင်းအတွက်လည်း ကြည့်လို့ ကောင်းတယ်ဆိုတာထက် အများကြီးပိုစေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.65GB, 1.15GB Quality – 1080p, 720p IMDb Rating – 8.4/10 Format – mp4 Duration – 2H 23Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.4 1963
High and Low
You’re All Gonna Die

You’re All Gonna Die ဇာတ်ကားက ၂၀၂၃ ခုနှစ်ထွက် horror, crime ရုပ်ရှင်ကားသစ်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကို အမြည်းလေးပြောပြရမယ်ဆိုရင် အမေရိကန်နိုင်ငံက လူသွားလူလာနည်းတဲ့ အမြန်လမ်းမတစ်ခုမှာ လူသတ်မှုတွေ ဆက်တိုက် ဖြစ်လာနေခဲ့တာက စပါတယ်။ အဲ့အမှုကို ရဲတွေက အမှုမြန်မြန် ပိတ်ချင်ဇောနဲ့ တွေ့ရာလူ ဖမ်းပြီး အတင်းဝန်ခံခိုင်းခဲ့ပါတယ်။ အဲ့ဒါကို ရိပ်စားမိတဲ့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ လူငယ်တစ်စုက အဲ့ဖမ်းထားတဲ့လူဟာ တကယ့်လူသတ်သမား မဟုတ်ကြောင်းကို သက်သေပြဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့လို ကြိုးစားတဲ့နေရာမှာ အခင်းဖြစ်သွားရာနေရာကို သွားလေ့လာဖို့ သူငယ်ချင်းအုပ်စုတစ်ခုက ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့အခင်းနေရာရောက်တဲ့အချိန်မှာ သူတို့ မထင်မှတ်ထားတဲ့ ဘယ်လိုအရာတွေကို တွေ့ရှိရမလဲ ဘာတွေရင်ဆိုင်ရမလဲ ရဲတွေကရော အကူအညီ ဖြစ်မှာလား ဇာတ်လမ်းရဲ့ နောက်တစ်ပိုင်းမှာလဲ အဓိကမင်းသမီးဖြစ်တဲ့ အန်နာရဲ့ နောက်ကြောင်းတွေကိုလည်း ချိတ်ဆက် ပြသထားတာဖြစ်လို့ သေချာတွေးတောစရာ တွေကို ပေးနိုင်မဲ့ ရုပ်ရှင်ကားလေးတစ်ခုဖြစ်ကြောင်း လက်တို့လိုက်ပါရစေ.. File size…1.80 GB / 1.19GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

0 2023
You’re All Gonna Die
24 Weeks
7.2

24 Weeks (2016) လူ့ဘဝဆိုတာ နတ်ပြည်ကအပ်တစ်ချောင်နဲ့ငရဲပြည်ကအပ်တစ်ချေင်း ထိပ်ချင်းတိုက်ပြီးဆုံဖို့ကလွယ်လိမ့်မယ် လူ့ဘဝကရဖို့မလွယ်ဘူးဆိုပြီး ပြောကြဟောကြခဲ့တာကို ကြားဖူးကြမှာပါ။ ဒါပေမဲ့ ဒီလူ့ဘဝဆိုတာလဲ သန္ဓေတည်တဲ့အချိန်ကစပြီး အချိန်တိုင်းဟာ သေခြင်းတရားကိုရင်ဆိုင်နေကြရတာပဲလေ။ အထူးသဖြင့် ခုခေတ်လို ကလေးတွေကိုလွယ်လွယ်မွေးပြီး လွယ်လွယ်စွန့်ပစ်တာတွေ ကိုယ်ဝန်ဖျက်ချတာတွေ ဒီလိုတွေများလာတော့ ဘဝတွေဟာ စတောင်မစရသေးဘူး အဆုံးသတ်သွားကြရတာများလာပါတယ်။ ဒါတွေက တာဝန်ယူလိုစိတ်နည်းပါးလာမှုတွေကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေပါ။ ဒါပေမဲ့လဲ ဒါတွေကိုအပြစ်တွေလိုက်ပြောနေမဲ့အစား ဒီလိုတွေမဖြစ်အောင် အသိပညာပေးမှ အလုပ်ဖြစ်မှာပါ။ လူတိုင်းဟာ ကိုယ်တိုင်မကြုံရသရွေ့ ကိုယ်ချင်းစာစိတ်ဆိုတာ ဘယ်လိုမှ ပေါ်မလာနိုင်ပါဘူးတဲ့။ ကိုယ်ချင်းစာတယ်ဆိုတာ အပြောနဲ့တင်မဟုတ်ပဲ ကိုယ်တိုင်ကြုံဖူးမှ ကိုယ်ချင်းစာနိုင်တာပါ။ တခြားနိုင်ငံတွေမှာတော့ မလိုချင်တဲ့ကိုယ်ဝန်ရသွားပြီဆိုရင် ဖျက်ချပိုင်ခွင့်ရှိပါတယ်။ ဒါကတော့ နောက်ဆုံးနည်းလမ်းပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ လူ့ဘဝဟာရဖို့မလွယ်သလို လူစဉ်မှီအောင်မွေးလာဖို့ဆိုတာလဲ မလွယ်ပါဘူး။ လူစဉ်မှီဦးတော့ မွေးရာပါ ရောဂါတွေနဲ့ဆို မွေးပေးတဲ့ မိဘတွေကိုဒုက္ခပေးသလိုတောင်ဖြစ်နေပါသေးတယ်။ ဒီလို ပုံမှန်လူတစ်ယောက်အဖြစ်မွေးဖွားလာတဲ့အတွက်ကို ကံတော်တော်ကောင်းနေပါပြီ။ ဒီလိုဘဝမျိုးကို လိုချင်မဲ့သူတွေ သူများတွေလို လူတန်းစေ့နေနိုင်ချင်သူတွေ ဒုနဲ့ဒေးဆိုတာ သတိရပြီး ကိုယ့်ဘဝကို ကျေးဇူးတင်ရမှာပါပဲ။ ခုတင်ဆက်ပေးတဲ့ ဂျာမနီဇာတ်ကားလေးကိုကြည့်ရင်းနဲ့ လူ့ဘဝမှာ လူစဉ်မှီပြီး ခုချိန်ထိအသက်ရှင်ကာ လူ့ဘဝရဲ့ ဒုက္ခသုခတွေခံစားနေရတာကို ကျေးဇူးတင်မိကြမှာအမှန်ပါပဲ။ ဇာတ်လမ်းအကျဉ်း အက်စ်ထရစ်ဆိုတာ အောင်မြင်နေတဲ့ ဟာသပညာရှင်တစ်ယောက်ပါ။ သူ့အလုပ်မှာလဲ အောင်မြင်နေသလို လူချစ်လူခင်လဲများပါတယ်။ ကိုယ့်ကိုချစ်တဲ့ ယောကျာ်းနဲ့ ချစ်ရတဲ့သမီးလေးတစ်ယောက်ကိုလဲ ပိုင်ဆိုင်ထားတဲ့သူပေါ့။ အေးချမ်းပျော်ရွှင်ရတဲ့ မိသားစုလေးပါ။ ဒုတိယကိုယ်ဝန်ကိုလဲ လွယ်ထားပြီး အမျိုးသမီးတိုင်းအားကျရတဲ့ စံပြအမျိုးသမီးတစ်ယောက်ပေါ့။ ဒါပေမဲ့ ကိုယ်ဝန်ကို အာထရာဆောင်းရိုက်ပြီး စစ်ကြည့်တဲ့အချိန်မှာ သန္ဓေသားရဲ့ နှလုံးမှာ မွေးရာပါ အပေါက်ပါလာပါတယ်။ ဒီနှလုံးကို မွေးပြီးပြီးချင်းခွဲစိတ်မှသာ ကလေးဟာဆက်လက်အသက်ရှင်မှာပါ။ ဒါနဲ့တင်မပြီးသေးပါဘူး ကလေးကိုအမြဲစောင့်ကြည့်ပြီး ခွဲစိတ်မှုတွေက လိုအပ်တိုင်းလုပ်မှအသက်ရှင်မှာပါ။ ပြောရရင် မွေးကတည်းကဆေးရုံမှာပဲ အသက်ရှင်နိုင်မဲ့အခြေအနေပေါ့။ ဒါကိုက တော်တော်ကိုအခြေနေကောင်းမှ ခွဲနေတုန်းတင်လဲ သေသွားနိုင်တယ်။ ဒီလိုအဖြစ်ဆိုးကြီးကို ကြုံရမဲ့မိခင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ကလေးကို ဆေးရုံမှာပဲနေပြီး ဒုက္ခခံခိုင်းရမလား စောစောစီးစီးအဆုံးသတ်လိုက််ရမလား တော်တော်ကိုမှကျဉ်းထဲကြပ်ထဲ အခြေအနေပါ။ ကိုယ့်ရဲ့ကလေးကို သေမလားရှင်မလားရွေးရမဲ့ မိခင်တစ်ယောက်ရဲ့ အဖြစ်ကို စာနာပြီးကြည့်ရှုအားပေးလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.6GB | 677MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Romance • Comedy • Drama
7.2 2016
24 Weeks
Parijatha Parvam
7.5

Parijatha Parvam (2024) မင်းသားတစ်ယောက် ဖြစ်ဖို့အရေး ဒီတစ်ခါမှာတော့ Comedy, Thriller အမျိုးအစား အိန္ဒိယဇာတ်လမ်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ နယ်မြို့လေးတစ်မြို့က သာမညကောင်လေးနှစ်ယောက် တစ်ယောက်က ဒါရိုက်တာ တစ်ယောက်က မင်းသားဖြစ်ဖို့အတွက် ပရိုဂျူဆာတွေကို ကပ်ရင်း ဇာတ်ကားထွက်ရှိဖို့ ကြိုးစားတဲ့အခါ တိုက်ခိုက်ခြင်းမျိုးစုံကို ကြုံရပါတော့တယ် အဲဒီအချိန်မှာ ပရိုဂျူဆာတစ်ယောက်က သူတို့ကို နှိမ့်ချဆက်ဆံတဲ့အတွက် နှစ်ယောက်သား အဲဒီပရိုဂျူဆာရဲ့ မိန်းမကို ပြန်ပေးဆွဲဖို့ စီစဉ်ပါတော့တယ် ဒါပေမဲ့ ပြန်ပေးဆွဲရတဲ့တကယ့်နောက်ကွယ်က အကြောင်းအရင်းက နှိမ့်ချဆက်ဆံတာကြောင့်တင် ဟုတ်ပါ့မလား ဘာလို့များ တကူးတကကြီး ပြန်ပေးဆွဲတာလဲက တွေးစရာဖြစ်လာပါတယ် ဒီတော့ ဘာတွေဆက်ဖြစ်မလဲ…. ဘယ်လိုတိုက်ခိုက်ခံရလို့ ပြန်ပေးဆွဲတာအထိပါ လုပ်ဖို့ ကြံစည်ရတာလဲ…. နောက်ကွယ်မှာ တခြားအကြောင်းအရင်း ရှိနေမလား…သိချင်ရင် ဇာတ်လမ်းလေးကို ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood team က ဖြစ်ပါတယ်)

7.5 2024 133 mins
Parijatha Parvam
The Bad Orphan
5

ဂျက်စီကာနဲ့ ကားလ်တို့ ဇနီးမောင်နှံမှာ ကောလိပ်တက်တော့မယ့် သမီးတစ်ယောက်ရှိသော်ငြား ဂျက်စီကာက အသက် ၄၀ လည်း ကျော်လာပြီးဖြစ်ကာ ကလေးနောက်တစ်ယောက်ထပ်လိုချင်တဲ့အတွက် ဂက်ဘီလို့ ခေါ်တဲ့ ၈ နှစ်သမီးအရွယ် ကလေးတစ်ယောက်ကို မွေးစားလိုက်ပါတော့တယ်။ ဂက်ဘီက အိမ်ကိုစရောက်လာစဉ်ကတော့ ကောင်းမိကောင်းလျက်နဲ့ တဖြေးဖြေး ဗီဇကပေါ်လာပြီး တစ်အိမ်လုံးကို ပြဿနာရှာတော့တာပါပဲ။ ဂျက်စီကာအနေနဲ့ သူမအပေါ် သံသယရှိပေမယ့် ကားလ်က သူမပြောသမျှကို မယုံကြည်ပါဘူး။ လူမှုဆက်ဆံရေးဘဝတွေမှာပါ မိတ်ပျက်လောက်တဲ့အထိ ပြဿနာရှာလာတဲ့ ကလေးကို သူတို့မိသားစု ဘယ်လိုရင်ဆိုင်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.2 GB)/(560 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

5 2024
The Bad Orphan
God with Three Eyes
6

League Of Gods Universe ထဲကအာ့လန်နတ်ဆိုတဲ့ စစ်နတ်ဘုရားတစ်ပါးနဲ့ ရေနဂါးတို့ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ရှေးလွန်လေပြီးသောနှစ်ပေါင်းများစွာတုန်းက ရေနဂါးမိစ္ဆာဘုရင်က (၃)လောကကိုဖျက်ဆီးပြီး အရှင်သခင်ဖြစ်ဖို့ကြိုးစားလာတဲ့အခါ ရှန်ကုန်းနဲ့ကွေဖူဆိုတဲ့နတ်မင်း(၂)ပါးကသူ့ကိုတားခဲ့ကြတယ်။ အဲဒီသမိုင်းတွင်တဲ့တိုက်ပွဲမှာ ကွေဖူကရေနဂါးမိစ္ဆာဘုရင်ကိုမြစ်ဝှမ်းမှာချုပ်နိုင်ဖို့အတွက် သူ့ခန္ဓာကိုယ်ကိုစတေးခဲ့ပြီး သူ့ရဲ့စွမ်းအားတွေကိုနတ်လက်နက်ထဲသွင်းခဲ့တယ်။ အဲဒီတော့မှမိစ္ဆာကြီးကိုထိန်းချုပ်နိုင်ပြီး လောကကြီးအေးချမ်းသွားခဲ့တယ်။ နတ်ဘုရားစစ်ပွဲပြီးသွားတော့ မော့ချီလင်နဲ့ ရေနဂါးလေးတစ်ကောင်ဟာ အဲဒီတားမြစ်နယ်မြေထဲကိုဝင်ဖို့အကြိမ်ကြိမ်ကြိုးစားကြတယ်။ အဲဒီလိုနဲ့ ကျန်းကျီယာရဲ့အကြံပြုချက်ကြောင့် ကောင်းကင်မင်းကြီးက ကောင်းကင်လောကရဲ့လူမိုက်လေးဖြစ်တဲ့ အာ့လန်နတ်ကို အဲဒီနှစ်ကောင်ကိုသွားဖမ်းဖို့တာဝန်ပေးခဲ့တယ်။ ဒါပေမယ့် သွားဖမ်းတဲ့အချိန်မှာ အာ့လန်နတ်ကလှည့်စားခံရပြီး ကြီးမားတဲ့ထောင်ချောက်ကြီး တစ်ခုထဲကိုဝင်မိသွားလို့ဖြစ်သွားခဲ့ပါတယ်။ အာ့လန်က ဒီထောင်ချောက်ထဲက အချိန်မီထွက်နိုင်ပါ့မလား ဒီထောင်ချောက်ရဲ့နောက်ကွယ်မှာ ဘယ်လိုပြဿနာတွေရှိနေမလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်……

6 2025
God with Three Eyes
Teasing Master Takagi-san
6.7

Teasing Master Takagi-san (2024) *********************************** သူငယ်ချင်းအချစ်ဦးလေးနဲ့ ပြန်ဆုံတွေ့ကြတဲ့ Teasing Master Takagi San ဆိုတဲ့ ဂျပန်ကားလေးက ငယ်စဉ်ဘဝအပြင် လက်ရှိကာလကိုပါ ပိုပြီးသက်ဝင် ကြည်နူးဖွယ် ခံစားမှုပေးနိုင်တဲ့ အချစ်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းတစ်လျှောက်လုံးမှာ သူငယ်ချင်းနှစ်ယောက်ရဲ့ ရယ်စရာကောင်းပြီး ချစ်စရာကောင်းတဲ့ စနောက်မှုတွေကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************* အလယ်တန်းကျောင်းသား နီရှီခတာဟာ သူ့ဘေးနားကထိုင်တဲ့ တာခဂိဆိုတဲ့ မိန်းကလေးသူငယ်ချင်းဆီက အမြဲလိုလို စနောက်ခံရပါတယ်။ နည်းမျိုးစုံနဲ့ အမြဲစနောက်တတ်တဲ့ တာခဂိကို နီရှီခတာက လက်စားချေပစ်မယ်လို့ ကြုံးဝါးခဲ့သူလည်းဖြစ်ပါတယ်။ ဘယ်လိုပဲ တာခဂိကို အနိုင်ချင်ပေမယ့် နီရှီခတာဟာ တာခဂိဆိုတဲ့နဲ့တင် အလိုလို ရှုံးခဲ့ရသူပါ။ အလယ်တန်းတတိယနှစ်မှာ ပါရီကို တာခဂိပြောင်းသွားခဲ့ပေမယ့် သူတို့နှစ်ယောက်ဟာ အဆက်အသယ်မပြတ်ခဲ့ကြပါဘူး။ ၁၀ နှစ်အကြာမှာ နီရှီခတာက သူတို့ကျောင်းမှာပဲ ကာယဆရာအဖြစ် လုပ်နေချိန် တာခဂိက တန်းပြဆရာမအနေနဲ့ ၃ပတ်ကြာအလုပ်သင်လာရောက်ခဲ့ချိန်မှာ အတူတူနီးစပ်ဖို့ ဖြစ်လာပါတယ်။ ဆရာတွေအဖြစ်နဲ့ပြန်ဆုံတဲ့ သူငယ်ချင်းနှစ်ယောက် ကျောင်းမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်ချက်တွေကို ဘယ်လိုမျိုး စဉ်းစားဖြေရှင်းကြမလဲ။ ရိုးအတဲ့နီရှီခတာက တာခဂိဆိုတဲ့ အစနောက်သန်တဲ့ မိန်းကလေးကို အနိုင်ရယူပြီး ပြန်စနောက်နိုင်မလား ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ (အညွှန်းကို DaoPhyo မှ ရေးသားထားပါတယ်) File size…1.61GB / 670MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Comedy, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou, Dao Phyo & Mary Christ Encoded by AHtet

Western • Drama • Adventure
6.7 2024 119 mins
Teasing Master Takagi-san