YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Forbidden Fairytale 2025 1080p HEVC WEB-DL [RMC].mp4

1.94 GB 1080p video/mp4 17 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
South Sentinel
5.8

ဒီနေ့ တင်ဆက်ပေးမှာကတော့ ၂၀၀၈ ခုနှစ် သြဂုတ်(၁၈)ရက်နေ့က အာဖကန်နစ္စတန် ရှေ့တန်းစစ်မြေပြင်မှာ တာလီဘန်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုမှာ ပြင်သစ်စစ်သား (၁၀)ယောက်ကျဆုံးခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ခရစ်ရှန်လာဖဲယတ်ဟာ အာဖကန် ရှေ့တန်းစစ်မြေပြင်ကနေ အသက်ရှင်လျက် ပြန်လာခဲ့ပေမဲ့ တိုက်ပွဲကြောင့် ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ ဖိစီးနေပါတယ်။ ရဲဘော်တွေ အများကြီး သေကြေ ဒဏ်ရာရပြီး သူပဲ အသက်ရှင်နေခဲ့လို့ အပြစ်ရှိစိတ်နဲ့ ရှင်သန်နေရသူပါ။ လက်ရှိ စူပါမားကတ်မှာ အလုပ်လုပ်ပြီး သာမန်အရပ်သားတစ်ဦးလို နေထိုင်ဖို့ ကြိုးစားနေပေမဲ့ အသားမကျနိုင်ဖြစ်နေပါတယ်။ မွန်နီးယားကတော့ တိုက်ခိုက်မှုကြောင့် ခြေထောက်ဒဏ်ရာရထားသူပါ။ ဂျစ်ပစီတွေနဲ့ ဘိန်းမှောင်ခိုလုပ်ကြရင်း ကတိပေးထားတဲ့အတိုင်း မပေးနိုင်လို့ အကြွေးတင်နေပါတယ်။ ဘိန်းတွေကို သိမ်းထားတဲ့ ရဲဘော်တစ်ယောက်က တိုက်ပွဲက ရခဲ့တဲ့ စိတ်ဒဏ်ရာကြောင့် အရင်အဖြစ်အပျက်တွေကို မမှတ်မိလို့ ဒုက္ခရောက်နေပါတယ်။ ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ကြိုးစားရင်း သူတို့ရဲဘော်တွေ အသက်ဆုံးရှုံးလိုက်ရတဲ့ တိုက်ခိုက်မှုဟာ နှစ်ဖက်ခေါင်းဆောင်တွေကြား တရားမဝင် ဘိန်းအရောင်းအဝယ်လုပ်ကြရင်း သဘောထားကွဲလွဲကြတာကြောင့်ဆိုတာ သိလိုက်ရပါတော့တယ်။ ဒီဇာတ်ကားမှာ စစ်ပွဲအပြီးအခြေအနေတွေကို ရိုက်ပြထားတာကြောင့် တိုက်ပွဲပြကွက်တွေတော့ အများကြီး မပါပါဘူး။ စစ်ပွဲတစ်ပွဲအပြီး စစ်သားတွေ ခံစားရတဲ့ စိတ်ဒဏ်ရာတွေ ကိုယ်လက်အင်္ဂါဆုံးရှုံးရတာတွေ ပုံမှန်အတိုင်းရှင်သန်ဖို့ ရုန်းကန်နေရတာတွေကို သရုပ်ဆောင်ကောင်းကောင်းနဲ့ ရုပ်လုံးကြွအောင် ပုံဖော်ထားတာမို့ ခံစားကြည့်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size…(1.6 GB)/(600 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phu Myat Thwe

Action & Adventure • Crime • Drama
5.8 2022 97 mins
South Sentinel
The Machine
6.5

Bert Kreischer (Machine) ဆိုတဲ့ comedian ကိုတော့လူတိုင်းလိုလိုကြားဖူးကြမှာပါ ဒီဇာတ်ကားကတော့ Bert ရဲ့ကိုယ်တွေ့ကျောင်းလေ့လာရေးခရီးကိုစိတ်ကူးယဉ်ဇာတ်လမ်းတွေထပ်ဖြည့်ပြီးရိုက်ကူးထားတဲ့ comedy and adventure movie ဖြစ်ပြီး IMDb 6.2/10 ရရှိထားပါတယ် ဇာတ်လမ်းထဲမှာ Bert ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပြီး Star Wars မှာ Luke Skywalker အနေနဲ့လူသိများတဲ့ Mark Hamil ကတော့ Bert ရဲ့အဖေနေရာမှာသရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းထဲမှာတော့ Bert က comedian တစ်ယောက်ဖြစ်ပြီးသူရုရှားမှာဖြစ်ခဲ့တဲ့အကြောင်းတွေကိုအမြဲ‌ဟာသလုပ်ပြောတတ်တဲ့သူပါ တစ်နေ့တော့သူ့ရဲ့အတိတ်ကလုပ်ရပ်တွေကြောင့်သူတို့သားအဖနှစ်ယောက်ရုရှားကိုပြန်ပေးဆွဲခံလိုက်ရပါတော့တယ် ဖြစ်ချင်တော့ ရုရှားမာဖီးယားတွေရဲ့ဂိုဏ်းလုတဲ့ပွဲမှာ Bert လုယူသွားခဲ့တဲ့ပစ္စည်းတစ်ခုကအဓိကဖြစ်နေခဲ့တာပါ သားအဖနှစ်ယောက်ရုရှားမှာပစ္စည်းကိုပြန်လိုက်ရှာရင်းရုရှားမာဖီးယား‌တွေကြားမှာဘယ်လိုအဖြစ်မျိုးတွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ် File size…(2.3 GB)/(1.1 GB)/(560 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Comedy, Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Drama
6.5 2023 112 mins
The Machine
Destined at Christmas
6

IMDb Rating - 6.8/10 Black Fridayဆိုတာ အမေရိကန်အခေါ်မှာတော့ ခရစ္စမတ်ကာလ ကျေးဇူးတော်နေ့အလွန် တစ်ရက်(သောကြာနေ့)ကို‌ဆိုလိုပါတယ်။ အဲဒီနေ့ကို ခရစ္စမတ်အတွက် ရောင်းဝယ်ဖောက်ကားတဲ့ရာသီအစလို့ သတ်မှတ်ကြပြီး အရောင်းဈေးတွေလည်း ချပေးကြတဲ့ကာလဖြစ် ပါတယ်။ အဲဒီနေ့ မနက်အစောပိုင်းမှာပဲ ကလေးအဖေတစ်ခုလပ် ဖြစ်တဲ့ Theo Hallနဲ့ ရည်းစားဖြစ်သူနဲ့လမ်းခွဲထားတာ လပိုင်းလေးသာ ရှိသေးတဲ့ Kim Fenechတို့ဟာ ဆုံမိကြလေရဲ့။ တစ်မနက်လုံး စကားတွေဖောင် ဖွဲ့ရင်းသံယောဇဉ်တွေ ငြိတွယ်လာသော်ငြားလည်း စတိုးဆိုင်တစ်ဆိုင်ထဲ အဝင်မှာမီးအား ပြတ်တောက်သွားတာကနေ အစပြုပြီး လူချင်းကွဲ သွားကြပါတော့တယ်။ Kimနဲ့ Theoဆိုပြီး နာမည်လေးအစလေးတစ် လုံးသာ သိကြတဲ့ သူတို့နှစ်ယောက်၊ တစ်ယောက်ကို တစ်ယောက် ရှာကြဖို့ကြိုးပမ်းတဲ့အခါ ဘယ်လိုဘယ်ပုံတွေဖြစ်လာမှာလဲ။ သူတို့ တတွေရဲ့ မေတ္တာလမ်းခရီးကရော ဖြောင့်ဖြူးနိုင်ပါ့မလားဆိုတာကို တော့ဆက်လက်ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားကိုတော့ Romanceတွေသာရိုက်လေ့ရှိတဲ့ Brittney Wiscombeက စီစဉ်ရိုက်ကူးတင်ဆက်ထားပြီး IMDb Rating မှာ 6.8/10 ရရှိထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hugo ဖြစ်ပါတယ်) File Size..........(789 MB) / (477 MB) Quality............WEB-DL 720p / 480p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family, Romance Translator.......Hugo Encoder...........SWM

Drama • History
6 2022 85 mins
Destined at Christmas
[18+] Cruel Intentions 2
4.9

ဆယ်ကျော်သက်ဘဝဆိုတာ စမ်းသပ်ချင် လေ့လာချင်စိတ်နဲ့ ဇီဝဗေဒတွေ ပိုးထကြွတဲ့အရွယ်ပေါ့။ ဆယ်ကျော်သက်အိပ်မက်တွေ ပြာရီလွှမ်းတဲ့ အဖြစ်မျိုးတွေ အားလုံး ကင်းကြမှာမဟုတ်ဘူး။ အပြစ်တော့လည်း မဟုတ်ပါဘူးလေ။ လူရယ်လို့ဖြစ်လာပြီးမှ ကိုယ့်ကို ဘယ်လိုဇီဝဗေဒနဲ့ ဖန်ဆင်းထားသလဲ မသိတာကမှ အ,လွန်းတာမို့လား။ ဒီရုပ်ရှင်မှာတော့ လူဖန်တီးနိုင်တဲ့ ဇီဝဗေဒပညာကို လေ့လာကြတဲ့ ကျောင်းသား ကျောင်းသူလေးတွေရဲ့ အကြောင်းကို ရိုက်ပြထားပါတယ်။ Sarah Thompson တို့ Teresa Hill တို့လို တစ်ခေတ်တစ်ခါက အလှလေးတွေ ပါဝင်အားဖြည့်ထားတဲ့ Cruel Intention 2 ပါ။ ပထမကားကြည့်ဖူးရင်တော့ ဘယ်လိုကားလဲသိပါလိမ့်မယ်။ အဓိကမင်းသမီးလို့ပြောလို့ရတဲ့ Amy Adams ရဲ့ ခပ်ကြမ်းကြမ်း အခန်းတွေလည်း မနည်းပါဝင်တာမို့ မိသားစုနဲ့ မကြည့်သင့်ပါဘူး။ ငမွှေကောင် ဆီဘတ်ရှန်ဟာ ဆိုးလွန်းပေလွန်းလို့ ကျောင်းပြောင်းပေးခံလိုက်ရပြီး သူ့အဖေနဲ့ မိထွေးနဲ့ အတူ အိမ်ကြီးရခိုင်နဲ့ သူဌေးသား ဘဝပြောင်းသွားပါတယ်။ သူ့မိထွေးရဲ့သမီး Amy Adams ရဲ့ ကာရိုက်တာ ကတ်သရင်းနဲ့အတူ ကျောင်းတက်ရင်း ကျောင်းမှာ အပျိုမရှိအောင် ကြံဆောင်နေတဲ့ ကတ်သရင်းရဲ့ စနက်မှာ ဝင်ပါမိပြီး ပါကင်တကာဖောက်တဲ့ကောင်ဘဝပြောင်းသွားတာကို ကြည့်ရမယ့် ဆက်စီအချစ်ဟာသကားလေးပါပဲ။ ပထမကားနဲ့ နာမည်တူ အကြောင်းအရာတူပေမဲ့ မင်းသား မင်းသမီးတွေတော့ မတူတော့ပါဘူး။ Amy Adams ကို တစ်ဝကြီးကြည့်ရမှာမို့ ပိုတန်တယ်လို့တောင်ပြောလို့ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 890MB Quality - 1080p, 720p Format - mp4 Duration - 1H 27Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy • Fantasy • Horror • Thriller
4.9 2001 87 mins
[18+] Cruel Intentions 2
Terrorizers
5.5

ဒီကားကပြောရမယ်ဆိုရင်တော့ မိဘတွေဆီကအချစ်မခံရတဲ့ broken familyတွေက ကလေးတွေအကြောင်းပေါ့ ကျောင်းမင်လန်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးက အိမ်မှာမနေချင်ဘူး သူ့မိဘတွေကပိုက်ဆံချမ်းသာပေမဲ့အိမ်ထောင်ရေးအဆင်မပြေဘူး သားဖြစ်သူကိုအရမ်းချစ်အရမ်းအလိုလိုက်ပေမဲ့ သူလိုချင်တဲ့မေတ္တာတော့မပေးနိုင်ကြဘူး ချန်ယွီဖုန်းကလည်းအဲ့လိုပဲ ကျောင်းမင်လန်နဲ့မောင်နှမဝမ်းကွဲ သူ့အမေကသူငယ်ငယ်ထဲကထားသွားတယ် အဖေကလည်းရာထူးနေရာအတွက်ပဲဂရုစိုက်ပြီး သူ့လက်ထောက်နဲ့နောက်အိမ်ထောင်ပြုသွားတယ် အမေလည်းမရှိ အဖေလည်း နောက်အိမ်ထောင်ပြုတဲ့အချိန်မှာ တစ်ယောက်ထဲအထီးကျန်ပြီး မေတ္တာငတ်နေခဲ့တယ် မောင်နှမနှစ်ယောက်တစ်အိမ်ထဲအတူနေကြပေမဲ့စကားမပြောကြဘူး ဒါပေမဲ့ကျောင်းမင်လန်ကြိုက်နေတဲ့သူက porn star ယွီဖုန်းရဲ့သူငယ်ချင်း... အဲ့သူငယ်ချင်းကိုလည်းယွီဖုန်းက မေတ္တာငတ်နေမှာ ဒုက္ခရောက်နေမှာစိုးပြီး ကူညီပေးဂရုစိုက်ပေးရင်း ချစ်မိသလိုဖြစ်သွားတဲ့အခါ... ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ အစ်မကသူ့ချစ်သူကိုခိုးတယ်ထင်ပြီး ထင်ရာတွေလုပ်ရင်း ဘာတွေဆက်ဖြစ်သွားလဲဆိုတာ ဇာတ်ကားထဲကြည့်ရှုပေးပါနော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ ) File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__02:07:00 Type__Drama, Romance, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt

Drama • History • Romance
5.5 2021 127 mins
Terrorizers
Ju Dou
7.6

Ju Dou (1990) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ ကျန်းရိမူဆိုတာနဲ့ သူ့ကနဦးကားတော်တော်များများကြည့်ဖူးတဲ့လူဆို အနီရဲရဲအရောင်တွေကိုပဲ ပြေးမြင်ကြမှာပါပဲ။ တရုတ်ကားတစ်ကားကြည့်လို့ စီနီမာတိုဂရပ်ဖီက Composition လည်း သာမန်မြင်နေကျတွေထက် ကျကျနနဖြစ်နေ၊ အရောင်အသုံးတွေကလည်း စုတ်ချက်ပြင်းပြင်းဆွဲထားသလိုတွေဖြစ်နေရင် သူ့ပဲပြေးမြင်မိကြမှာပဲ။ ကနဦးကားတွေမှာဆိုရင်တော့ ရဲရဲနီနီတွေပေါ့။ Red Sorghum, Ju Dou, To Live, Raise the Red Lantern တို့လိုကားတွေပေါ့။ နောက်ပိုင်းကားတွေမှာတော့ Shadow တို့၊ House of Flying Daggers တို့၊ Curse of the Golden Flower တို့၊ Hero တို့လို အသားပေးအရောင်ပြောင်းသွားတဲ့ကားတွေများပေမဲ့ အဲဒီအရောင်တွေမှာလည်း သူပြချင်တဲ့အရောင်ကိုပဲ တစ်စိုက်တစ်မတ်သုံးသွားတတ်တဲ့ သူ့ဟန်ကို မြင်နေရသေးတာပါပဲ။ ဆိုတော့ ကျန်းရိမူဆိုတာနဲ့ ကျွန်တော်တို့ ပြေးမြင်မိကြမှာက စစချင်းဆို တရုတ်လူနေမှုဘဝ တရုတ်လူ့ဘောင် လူစနစ်ကိုပေါ်လွင်တဲ့ ဇာတ်လမ်းတွေနဲ့ အနီနီရဲရဲတွေပေါ့။ နောက်ပိုင်းကတော့ သူ့အရောင်တွေပေါ့။ 1988 မှာ ကျန်းရိမူဟာ Red Sorghum နဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ခဲ့ပြီး အတိုင်းအတာတစ်ခုအထိအောင်မြင်ခဲ့ပါတယ်။ Red Sorghum ဟာ ဂေါင်လီက ပထမဆုံး အဓိကမင်းသမီးအဖြစ် ပွဲဦးထွက်တဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ Golden Bear မှာ BP ဆုလည်းရခဲ့တယ်။ နောက် 1989 မှာ Codename Cougar ဆိုတဲ့ရုပ်ရှင်ကိုရိုက်တယ်။ ကျန်းရိမူကိုယ်တိုင် ဒီကားကို သူ့အဆိုးဆုံးကားအဖြစ် သတ်မှတ်ခဲ့တယ်။ ဒီကားမှာလည်း ဂေါင်လီကိုပဲ သုံးခဲ့တယ်။ 1989 မှာပဲ ဂေါင်လီကိုပဲသုံးပြီး Yang Fengliang နဲ့တွဲပြီး Ju Dou ကိုရိုက်ခဲ့တယ်။ ဒီကားမှာလည်း ဂေါင်လီကိုပဲ သုံးထားတယ်။ ဒီကားကတော့ ကိန်းမှာဆုရပြီး အော်စကာဆန်ခါတင်ဝင်ခဲ့တယ်။ ဒီသုံးကားဟာ ၁၉၉၀မတိုင်ခင်ရိုက်ခဲ့တဲ့ ကျန်းရိမူရဲ့အစောဆုံး သုံးကားပါပဲ။ Ju Dou က စစချင်းသူ့ရုပ်ရှင်တွေရဲ့ ပုံစံအတိုင်းပဲ တရုတ်က နာမည်ကြီးဝတ္တုတစ်ပုဒ်ကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ Liu Heng ရဲ့ Fuxi Fuxi ဆိုတဲ့ ဝတ္တုကို ပြန်ရိုက်ထားတယ်။ ထုံးစံအတိုင်း စစချင်းမှာ‌တော့ တရုတ်ပြည်မှာ ဘန်းခံထိတဲ့ကားပဲ။ ကားရဲ့အကြောင်းအရာဖြစ်တဲ့ သွေးရင်းစပ်ယှက်မှုကြောင့် ဘန်းတယ်လို့တော့ထင်ရတာပဲ။ မသေချာဘူး။ ဇာတ်လမ်းကကျ ဒီလို… အထည်ဆေးဆိုးလုပ်ငန်းပိုင်တဲ့ အဘိုးကြီးတစ်ယောက်ရှိတယ်။ ကပ်စေးနဲတော့ လူပိုမခေါ်ဘဲ သူ့တူနဲ့အတူပဲ ဒီလုပ်ငန်းကို လုပ်တယ်။ သူက သားလိုချင်လို့ မိန်းမယူတာ ဂေါင်လီ့ဇာတ်ကောင်ပါနဲ့ဆို ၃ယောက်ရှိပြီ။ ဒါပေမဲ့ သူကိုယ်တိုင်ကိုက မစွမ်းနေတော့ အဖတ်မတင်ဘူး။ အဘိုးကြီးက သူမစွမ်းတာကို လက်မခံနိုင်ဘဲ မိန်းမတွေအသုံးမကျလို့ဆိုပြီး လုပ်ပြီး သူ့မိန်းမတွေကိုနှိပ်စက်တယ်။ ဒီလိုနဲ့ပဲ ရှေ့က ၂ယောက်သေသွားပြီ။ ခုက ဂေါင်လီ့တစ်လှည့်။ နှိပ်စက်တာကို မခံနိုင်တော့တဲ့ ဂေါင်လီက အဘိုးကြီးရဲ့တူနဲ့ ကာမဆက်ဆံပြီး ကလေးရသွားတယ်။ အဘိုးကြီးကတော့ သူ့ကလေးပဲထင်နေတယ်။ ဒီနောက် အဘိုးကြီးသိသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာလဲ ရိုက်ပြထားတယ်။ ဒါပဲ ဇာတ်ကရှင်းရှင်းလေး။ ဒါပေမဲ့ ဒီဇာတ်ကောင်လေးသုံးကောင်ကိုပဲ ကာရိုက်တာသေချာပေါ်အောင် ပုံဖော်ထားပြီး လိင်ဆွဲဆောင်မှုကို အစွမ်းကုန်သုံးပြီးရိုက်ထားတယ်။ ကြည့်ဖူးသမျှ ကျန်းရိမူဂေါင်လီကားတွေထဲတော့ ဒီကားက ဂေါင်လီရဲ့ လိင်ဆက်ဆံခန်းအများဆုံးကားဖြစ်သလို အဲဒီအခန်းတွေမပါဘဲနဲ့တောင် သူ့ဆွဲဆောင်မှုအပေါ်ဆုံးကားလည်းဟုတ်တယ်။ ဒီလိုဘာမှမဟုတ်တဲ့ ဇာတ်လေးရဲ့ နောက်ကွယ်မှာကို တရုတ်ရဲ့မုဆိုးမယဉ်ကျေးမှု၊ ဖိုဝါဒီကြီးစိုမှု၊ ဘူဇွာတွေရဲ့ နိုင်ထက်စီးနင်းမှု၊ နောက် နာမည်နဲ့ပတ်သက်တဲ့ သူတို့ယုံကြည်မှုတွေကိုပါ မြင်နိုင်တယ်။ ဇာတ်ကတော့ ကျဉ်းပေမဲ့ ပုံဖော်တဲ့လူတွေက သူတို့သိတဲ့ကိစ္စတွေဆိုတော့ အပြည့်စုံဆုံးဖြစ်အောင် ပုံဖော်ခဲ့ကြပုံပါပဲ။ ထူးခြားတဲ့သမိုင်းမှတ်တိုင်တစ်ခုလည်းရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ Academy Award for Best Foreign Language Film ကို ဆန်ခါတင်ခဲ့တဲ့ ပထမဆုံး တရုတ်ရုပ်ရှင်လို့ သတ်မှတ်ခံခဲ့ရခြင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 800MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 35Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Mystery • Thriller • Comedy • Horror
7.6 1990
Ju Dou
Duma
7.2

ဒီဇာတ်ကားက တိရစ္ဆာန်​လေး​တွေကို ချစ်မြတ်နိုးသူ​တွေ အ​တော် သ​ဘောကျမယ့် ဇာတ်ကား​လေးပါ။ ဒါ​ပေမဲ့ ခါတိုင်းလို ​ခွေး​လေး၊ ​ကြောင်​လေး​တွေရဲ့ ဇတ်လမ်းမျိုးမဟုတ်ဘဲ အိမ်​မွေးတိရစ္ဆာန်​လို ဖြစ်​နေတဲ့ ချီတာကျားသစ်​လေးတစ်​ကောင်အ​ကြောင်းပါ။ IMDb 7.2နဲ့ RT 95% ရထားပါတယ်။ ဇန်ဆိုတဲ့​ကောင်​လေးရဲ့ အိမ်မှာ ​လသား​လေး အရွယ်ကတည်းက ​​ရောက်ရှိ​နေတဲ့ ဒူးမားဆိုတဲ့ကျားသစ်​လေးကို တစ်အိမ်လုံးဝိုင်းပြီး ချစ်ခင်ကြသလို သူကိုယ်တိုင်လည်း အိမ်​မွေးတိ​လေးတစ်​ကောင် လိုမျိုး အရမ်းယဉ်ပါးတဲ့ ​ကောင်​လေးတစ်​ကောင် ဖြစ်​နေတာပါ။ ဒါ​ပေမဲ့ ဇန်ရဲ့ဖခင်ဖြစ်သူ ဆုံးပါးပြီး​နောက် သူတို့​မိသားစုရဲ့အိမ်မှ မြို့​ပေါ်​ကို ပြောင်း​​ရွှေ့​နေထိုင်ရချိန်မှာ​​တော့ ဘယ်​လိုပဲ လူယဉ်တဲ့ တိ​လေးဖြစ်​နေပါ​စေ၊ ကျားသစ်က ကျားသစ်၊ ​သားရဲက သားရဲပဲ ဖြစ်လို့ ခေါ်ထားဖို့အဆင်မ​ပြေတဲ့ အ​ခြေအ​နေဖြစ်လာပါတယ်။ ဒါ​ကြောင့်ပဲ ဇန်က သူကိုယ်တိုင် ဒူးမား​လေးကို ​စ​တွေ့ခဲ့တဲ့​တောထဲ ပြန်ပို့​ပေးဖို့ ဆုံးဖြတ်လိုက်ပါ​တော့တယ်။ ဒီဇာတ်ကား​​လေးထဲမှာ ဇန်နဲ့ ကျားသစ်​လေး ဒူးမားတို့ရဲ့ သံ​ယောဇဉ်​​တွေ၊ သူတို့ကြုံရမယ့် အခက်အခဲ​ပေါင်းများစွာနဲ့ စွန့်စားမှု​တွေကို ကြည့်ရှုခံစားရမှာပါ။ ချစ်ဖို့​ကောင်းတဲ့ တိကား​လေးဖြစ်လို့ မိသားစုနဲ့အတူတူကြည့်ရှုဖို့ အဆင်​ပြေမယ့် ဇာတ်ကား​လေးပဲ ဖြစ်ပါတယ်။ File size…2.85 GB / 1.24 GB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 40m Genre ….. Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

7.2 2005
Duma
Pay or Die
7.4

Pay or Die (2023) “ပိုက်ဆံပေးမလား သေမလား” အဲလိုမျိုး ခက်ခဲတဲ့ ရွေးချယ်မှုလုပ်ရမယ့်အချိန်မှာဆိုရင် သင်ဆိုရင်ရော ဘာကို ရွေးချယ်မလဲ။ အဲလိုမျိုး ရွေးချယ်မှုတွေ လုပ်နေရတဲ့ အမေရိကန်ပြည်ထောင်စုက လူတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ “Pay or Die” ဆိုတဲ့ Documentary film တစ်ခုပါ။ Rotten Tomatoes 91%, IMDb rating 7.4 ရရှိထားပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမြင့်သလောက် ဈေးကြီးတယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှင်တွေ အသုံးပြုရတဲ့ အင်ဆူလင်နဲ့ ဆက်စပ်ပစ္စည်းတွေဟာလည်း ဈေးကြီးပါတယ်။ ရောဂါရှင် တစ်ယောက်အတွက် တစ်လကို ဒေါ်လာ ထောင်နဲ့ချီပြီး အကုန်ခံမှသာ အသက်မသေမှာဖြစ်ပါတယ်။ အဲလိုနဲ့ အင်ဆူလင်ဖိုးမတတ်နိုင်ဖို့ သေသွားရတဲ့ လူနာတွေလည်း ထောင်နဲ့ချီပြီး ရှိနေပြန်ပါတယ်။ အဲတော့ ပိုက်ဆံပေးမလား သေမလား ဆိုတဲ့ အခြေအနေမျိုးကို ဆိုက်ရောက်သွားပါတယ်။ အဲလိုဖြစ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီးကို တွန်းလှန်ကြရင်း ဥပဒေပြုဖို့ ကြိုးစားကြတဲ့ လူတစ်စုအကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကောင်းလေးပါ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 991MB | 442MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

7.4 2023 90 mins
Pay or Die
A Walk in the Woods
6.4

ခုတစ်ခါမှာတော့ စိတ်ရှုပ်စရာ လူမှုဘဝကနေ စွန့်ထွက်ပြီး အက်ပလန်ချန်တောင်ပေါ် ခြေဆန့်ကြသူနှစ်ဦးရဲ့ ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် 2015 က ထွက်ရှိခဲ့ပြီး Robert Redford ၊ Nick Nolte ၊ Emma Thompson တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ စာကောင်းသာ ရေးတတ်ပေမဲ့ စကားအပြောအဆို မတတ်လှတဲ့ စာရေးဆရာတစ်ယောက် တစ်ရက်မှာတော့ သူ့ပတ်ဝန်းကျင်ကို ငြီးငွေ့ပြီး သဘာဝသို့ တစ်ကိုယ်တော် ခြေဆန့်ဖို့ပြင်ပါတယ် ဒါပေမဲ့ မိန်းမက ခွင့်မပြုတော့ နီးစပ်ရာ အဖော်လိုက်စပ်ရာကငယ်စဉ်က တွဲဖက်ကျော် ကတ်ဇ် ဆိုသူတစ်ဦးသာ သူ့နောက်လိုက်ဖို့ ပေါ်လာပါတယ် ငယ်စဉ်က ကတောက်ကဆတွေရှိခဲ့ပေမဲ့ နှစ် ၄၀ ကြာပြီးမှ ဖြစ်ခဲ့သမျှကို ပြည်ဖုံးကား ကာချပြီး အက်ပလန်ချန်ခရီးစဉ်ကို အတူစတင်ကြပါတော့တယ်။ အတွင်းသိသူငယ်ချင်း နှစ်ဦးသား ငယ်ကျိုးငယ်နာဖော်ရင်း လမ်းတစ်လျှောက်မှာ အခက်အခဲ‌ပေါင်းစုံကျော်ဖြတ်ရင်းက မိတ်ဆွေစစ်နဲ့ ဘဝရဲ့အရေးကြီးတဲ့အရာတွေကို ဘယ်လိုပြန်ရှာဖွေနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးကိုကြည့်ပြီး ဝေဖန်ခံစားလိုက်ပါ။ File size… 2.3 GB / 742 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre ….. Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Nwe Hnin Thazin

6.4 2015
A Walk in the Woods
Bleeding Love
5.5

Bleeding Love (2023) အမေတွေကသားတွေကို အချစ်ဆုံးဖြစ်ပြီးတော့ အဖေတွေက သမီးတွေကိုအချစ်ဆုံးပဲဆိုတာ လူတိုင်းအသိပါပဲ။ “ထူးအိမ်သင်” လိုပေါ့ … သမီးလေးမျက်နှာနဲ့ လောကကြီးကိုအံတုရဲတယ်ဆိုတာ ဖခင်တွေပါပဲ။ မိန်းမအတွက်နဲ့ အသောက်စားအပျော်ပါး မလျော့ကြတဲ့ ယောကျာ်းလေးတွေဟာ သမီးလေးအတွက်နဲ့ ဆေးလိပ်တွေ အရက်တွေဖြတ်ပြီး အလုပ်တွေကြိုးစားကြသူတွေပါ။ ဒီလို အဖေနဲ့သမီးကြားက ချစ်ခြင်းမေတ္တာလေးတွေကို ကြည်နူးစရာကောင်းအောင် ရိုက်ကူးထားတဲ့ ၂၀၂၃ ခုနှစ်ထွက် Bleeding Love ဆိုတဲ့ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေကလဲ အပြင်တကယ့်လက်တွေ့ဘဝမှာလဲ သားအဖအရင်းတွေဖြစ်ကြပါတယ်။ အဓိကသရုပ်ဆောင်အနေနဲ့က အဖေအဖြစ်နဲ့ကလေးဆိုးတွေထိန်းကျောင်းပေးနေကျဖြစ်တဲ့ မင်းသားကြီး Ewan McGregor (အိုဘီဝမ်ကီနိုဘီ) ဖြစ်ပြီးတော့ သမီးဖြစ်သူကတော့ တက်သစ်စမင်းသမီးဖြစ်တဲ့ Clara Mathilde McGregor ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အဖေဖြစ်သူကနေ မူးယစ်ဆေးစွဲပြီး ဆေးလွန်နေတဲ့သမီးဖြစ်သူကို ပြန်လည်ထူထောင်ရေးကို ပို့ပေးဖို့ ဇနီးဟောင်းကနေ အကူညီတောင်းလာခဲ့ပါတယ်။ ခက်တာက အဖေနဲ့သမီး စကားမပြောဖြစ် မတွေ့ဖြစ်ခဲ့ကြတာ နှစ်အတော်ကြာနေပြီးမှ ခုလိုရုတ်တရက်ပြန်တွေ့ရတာပါပဲ။ ဖခင်က စွန့်ပစ်သွားတယ်ဆိုပြီး Truama ရနေတဲ့သမီးဖြစ်သူနဲ့ ငယ်ရွယ်စဉ်က ဆိုးခဲ့မိုက်ခဲ့ပြီး အရက်ပါစွဲနေခဲ့တဲ့အဖေဖြစ်သူ ကားတစ်စီးနဲ့ နှစ်ယောက်သားအတူတူ အမေရိကန်က အဝေးပြေးလမ်းမပေါ်မှာ သူတို့ကြားက အဖုထစ်တွေ မကျေလည်တာတွေကို ဘယ်လိုရင်ဆိုင်ဖြတ်သန်းကြမလဲဆိုတာကို မျက်ရည်လည်ရွဲနဲ့ကြည့်ရမဲ့ Family Drama ကားလေးဖြစ်ပါတယ်။ ကြည့်ရှုအားပေးလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.7GB | 860MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

5.5 2023
Bleeding Love
Kensuke’s Kingdom
7.2

အရောင်အသွေးစိုစို .. ဇာတ်အိမ်ကောင်းကောင်းနဲ့ Anime ကားကို ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ညွှန်ပေးပါရစေ။ ဇာတ်လမ်း အကျဉ်း +++++++++++ မိုက်ကယ်နဲ့ သူ့ရဲ့ ခွေးလေး စတယ်လာတို့ဟာ မိသားစုနဲ့အတူ ပင်လယ်ခရီးထွက်လာရင်း မုန်တိုင်းမိပြီး ကျွန်းတစ်ကျွန်းပေါ်ကို ရောက်သွားကြပါတယ်။ အဲဒီ ကျွန်းပေါ်မှာ တစ်ယောက်တည်းနေတဲ့ ကင်ဆူကီဆိုတဲ့ ဂျပန်လူမျိုး အဘိုးကြီးတစ်ယောက်နဲ့ သူတို့ တစ်ရက်မှာ ဆုံမိကြတယ်။ အဲဒီအဘိုးကြီး ကင်ဆူကီက ကျွန်းပေါ်မှာ ဒုတိယ ကမ္ဘာစစ်ကတည်းက သူတစ်ယောက်တည်း နေခဲ့တဲ့ အဘိုးကြီး။ မိုက်ကယ်ဟာ လူသူ ကင်းမဲ့တဲ့ ကျွန်းပေါ်က နေထိုင်မှု ဘဝနဲ့အသားကျအောင် ကြိုးစားနေထိုင်ရင်း အဲဒီအဘိုးကြီးနဲ့ နောက်ပိုင်းမှာ တအား ရင်းနှီးသွားပါတယ်။ ပြီးတော့ အဲဒီအဘိုးကြီးဆီကနေ ပညာတွေကို သင်ယူရရှိခဲ့ပါတယ်။ အဲဒီ အဖိုးတန်လှတဲ့ ပညာတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက် ခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ် လို့ .. (ဘာသာပြန်နဲ့ အညွှန်း BZW ဖြစ်ပါတယ်) File size…(1.13GB) / (588MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 25m Genre ….. Adventure , Animation Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Drama • Romance
7.2 2023 84 mins
Kensuke’s Kingdom
The Order
7.3

The Order (2024) IMDb Rating (7.3) / Rotten Tomatoes (90%) မင်းသားကြီး ဂျုလော နဲ့ နစ်ကလက်ဟော့တို့ပါဝင်ထားတဲ့ ဖြစ်ရပ်မှန် သမိုင်းနောက်ခံ Crime, Drama, Thriller ရုပ်ရှင်အသစ်ဖြစ်ပါတယ်။ အမေရိကန် သမိုင်းမှာ နာမည်ကြီးအမဲစက်တွေဖြစ်တဲ့ ၁၉၈၀ ဝန်းကျင်လူဖြူကြီးစိုးရေးဝါဒီ၊ အစွန်းရောက် နာဇီလက်သစ်တွေရဲ့ ပြဿနာတွေကို အခြေခံထားတာဖြစ်ပါတယ်။ ၁၉၈၀ ကျော်မှာ ပေါ်ပေါက်ခဲ့တဲ့ The Order ဆိုတဲ့ အစွန်းရောက် ဂျူးမုန်းတီးရေးအဖွဲ့ကို အက်ဖ်ဘီအိုင်နဲ့ ရဲတွေလိုက်လံ နှိမ်နင်းရပုံကို ပြသထားတာပါ။ ဇာတ်လမ်းအကျဉ်း အက်ဖ်ဘီအိုင်အေးဂျင့် ဟက်စ်ဟာ ဂျေမီဆိုတဲ့ ရဲသားလေးနဲ့ပေါင်းပြီး ဓားပြမှုတွေကို စုံစမ်းရာကနေ ဓားပြမှုတွေဟာ ရန်ပုံငွေစုတဲ့သဘောဖြစ်နေပြီး အကြီးအကျယ် အကြမ်းဖက်မဲ့ အစီအစဉ်တွေ တစ်နိုင်ငံလုံးကိုတိုက်ခိုက်မဲ့အစီအစဉ်တွေပါရှိနေတဲ့ အစွန်းရောက်အဖွဲ့ကို ခြေရာခံမိသွားပါတယ်။ သူတို့ခြေရာခံနေစဉ်အတွင်းမှာပါ ဘဏ်ဓားပြမှုတွေ ဆက်တိုက်ဖြစ် လုပ်ကြံမှုတွေပါဖြစ်လာပြီး နောက်ဆုံး လက်နက်ကိုင် တော်လှန်ရေးအဆင့်အထိ ရောက်လာခါနီးမှာ အပြန်အလှန်တိုက်ပွဲတွေဖြစ်ပြီး ဖမ်းဆီးရပုံတွေကို ပြသထားတာပါ။ ၁၉၈၀ အထာတွေနဲ့ ဇာတ်လမ်းကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းကြည့်ချင်ရင် ဒီကားကိုလက်လွှတ်မခံသင့်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။) File size…(1.5 GB) / (730 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Crime,Drama,Thriller Duration….01:56:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mr.Anderson

7.3 2024 116 mins
The Order
A Dog’s Will O Auto da Compadecida
8.6

A Dog’s Will (2000) IMDb Rating (8.6) / Rotten Tomatoes (94%) ဂန္တဝင်ဇာတ်ကားအဖြစ်အသိအမှတ်ပြုခံထားရတဲ့ ဘရာဇီး ဇတ်ကားကောင်း အမေရိကန်ဟောလီဝုဒ်ဇာတ်ကား ကိုးရီးယားဇတ်ကား တရုတ်ဇတ်ကားဘောလီဝုဒ် ဇတ်ကားတွေနဲ့ရိုးနေပြီဆိုရင်တော့ တောင်အမေရိကတိုက် ဘရားဇီးနိုင်ငံကဇတ်ကားလေးတစ်ကား ကိုညွှန်းပေးချင်ပါတယ်။ ဒီဇတ်ကားက နာမည်ကြီးပြဇာတ်ကိုပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ဇတ်ကောင်တွေရဲ့ သရုပ်ဆောင်တာကသမရိုးကျ ကားတွေနဲ့ကွဲထွက်နေမှာဖြစ်ပါတယ်။ ဒါကလည်းဇာတ်ကားရဲ့ဆွဲဆောင်မှုဖြစ်ပါတယ်။ ဟာသဆန်သလို တစ်ချို့နေရာတွေမှာ ကရုဏာသက်ရမှာဖြစ်ပါတယ်။ ဘာသာရေးဆိုင်ရာ အယူအဆတွေလည်းပါပါတယ်။ အစိုးရကို သရော်ထားတဲ့ အကွက်တွေလည်းပါပါတယ်။ ဟာသဆန်တဲ့ ဇတ်ကားဖြစ်ပေမဲ့ တစ်ချို့အခန်းတွေက ဂီတတွေကတော့ ဝမ်းနည်းစရာ ခံစားရစေပါတယ်။ ဇတ်လမ်းအကျဥ်း ဘရာဇီးလ်နိုင်ငံမြောက်ပိုင်း မြို့လေးတစ်မြို့မှာ ဂျက်ခ်နဲ့ ချီကို သူငယ်ချင်းနှစ်ယောက်က ပေါင်မုန့်ဖိုတစ်ခုမှာဝင်လုပ်ကြပါတယ်။ ဂျက်ခ်ကဆင်းရဲပေမဲ့ဥာဏ်ကောင်းတဲ့သူဖြစ်ပါတယ်။မုန့်ဖုတ်သမားယူရီကိုရဲ့ဇနီးဒိုရာမှာခွေးမလေးတစ်ကောင်ရှိပါတယ်။ဒိုရာက နောက်မီးလင်းတတ်သူဖြစ်ပါတယ်။ ခွေးမလေး စားရတဲ့ အစာက ဂျက်ခ်တို့စားရတဲ့ အစားအသောက်တွေထက်ကောင်းနေတာပါ။ခွေးမလေးနေမကောင်းဖြစ်လို့ ကတ်သလစ်ဘုန်းတော်ကြီး ဆီဆာရိုကို ကောင်းချီးပေးဖို့ဂျက်ခ်ကိုပြောခိုင်းပါတယ်။ ဖာသာက ငြင်းပါတယ်။ ဗိုလ်မှူးရဲ့ခွေးလို့ညာပြောတာနဲ့လုပ်ပေးမယ်ဖြစ်သွားပြန်ပါတယ်။ ကောင်းချီးပေးဖို့လာတော့ခွေးကသေနေပြီဖြစ်သလိုဒိုရာကခွေးကိုခရစ်ယာန်ထုံးစံနဲ့မြှုပ်ပေးဖို့တောင်းဆိုပါတယ်။ဗိုလ်မှူးရဲ့ခွေးမဟုတ်လို့မလုပ်ပေးဘူးလို့ဖာသာကပြောလိုက်ပါတယ်။ ဂျက်ခ်ကဖာသာကို ခွေးမလေးရဲ့ဆန္ဒအရတရားဝင် ဒီလိုလုပ်ဖို့စာရွက်ပေါ်မှာနှိပ်ထားတွေရှိပြီး ဖာသာအတွက်ရော ဘစ်ရှော့အတွက်ပါငွေတွေပေးဖို့ထားခဲ့တယ်ဆိုတာနဲ့အသုဘကိုလုပ်ပေးဖြစ်သွားပါတယ်။ ဗိုလ်မှူးက သူ့သမီးနေမကောင်းလို့ဖာသာကို ကောင်းချီးလာပေးခိုင်းတဲ့အခါ ဂျက်ခ် ဇာတ်လမ်းရှုပ်ထားတာကြောင့် အလွဲတွေဖြစ်ကုန်ပြီး ဗိုလ်မှူးကစိတ်ဆိုးပြီးဂိုဏ်းအုပ် ဘစ်ရှော့ကိုတိုင်ပါတယ်။ နောက်တော့ မြို့ကိုစစ်တပ် တပ်စုတစ်စုရောက်လာသလို ဗိုလ်မှူးသမီး ရိုစင်းဟာလည်း ရောက်လာပါတယ်။ သူ့ကို တပ်ကြပ် နဲ့ ဗလကြီးဗင့်စ်က ကြိုက်ပါတယ်။ချီကိုနဲ့ ရိုစင်းဟာဆုံမိပြီး နှစ်ယောက်စိတ်ဝင်စားသွားကြပါတယ်။ ဂျက်ခ်ကတပ်ကြပ်နဲ့ဗင့်စ်ရဲ့ပိုးကြေးပန်းကြေးလက်ဆောင်တွေကိုရိုစင်းဟာဆီယူသွားပေးပြီးချီကိုအတွက်ပါအကွက်တွေ ထွင်ပေးပါတယ်။ ဗိုလ်မှူးက ရိုစင်းဟာကို လက်ထပ်ဖို့ဖိအားပေးလာပါတယ်။ ချီကိုက ဂျက်ခ်ရဲ့အကူအညီနဲ့ ရိုစင်းဟာကို လက်ထပ်ရဖို့ ကြိုးစားလာပါတယ်။ မြို့ထဲကို ဓားပြတွေက ဝင်ဖို့ကြိုးစားလာပါတယ်။ ဗိုလ်မှူးနဲ့ ချီကိုတို့ဘာဆက်ဖြစ်မလဲဓားပြတွေနဲ့ မြို့သားတွေဘာဆက်ဖြစ်မလဲ။ ချီကိုနဲ့ ရိုစင်းဟာ တို့ဘာဆက်ဖြစ်မလဲဆိုတာကတော့ ဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ ဒိုင်ယာလော့အမိုက်စားတွေ ဂျက်ခ် နဲ့ ချီကိုတို့ရဲ့ သရုပ်ဆောင်အမိုက်စားတွေနဲ့ ဟာသအမိုက်စားတွေကိုကြည့်ကြည့်လိုက်ရင်း ဘရာဇီးရုပ်ရှင်ကိုမြည်းစမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size… (3.3 GB) / (1.9 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Fantasy Duration….01:42:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

8.6 2000 104 mins
A Dog’s Will O Auto da Compadecida
Wristcutters: A Love Story
7.2

Wristcutters: A Love Story (2007) ******************************** သေဆုံးပြီးနောက် ဘယ်ကိုရောက်သွားသလဲဆိုတဲ့ မေးခွန်းဟာ ဘာသာတရား၊ ယုံကြည်မှုနဲ့ ဒဿနအမြင်ပေါ်မူတည်ပြီး အဖြေကွဲပြားပါတယ်။ ဗုဒ္ဓဘာသာအရ လူတစ်ယောက်သေဆုံးရင် သူ့ရဲ့ကံကြောင့် ဘဝသံသရာထဲမှာ ပြန်လည်မွေးဖွားလာပြီး နတ်ဘုံ၊ လူ့ဘုံ၊ ငရဲဘုံစတဲ့ ဘဝတစ်ခုခုမှာ ရောက်ရှိတတ်ပါတယ်။ ခရစ်ယာန်ဘာသာမှာတော့ ယုံကြည်သူတွေဟာ ကောင်းကင်ဘုံ သို့မဟုတ် ငရဲသို့ ရောက်ရှိတယ်လို့ ယူဆပါတယ်။ အချို့ယုံကြည်မှုတွေမှာတော့ သေပြီးနောက် ဝိညာဉ်ဟာ အဆုံးမရှိတဲ့ အနားယူရာနေရာ ဒါမှမဟုတ် စကြဝဠာနဲ့ တစ်သားတည်းဖြစ်သွားတယ်လို့ ယူဆကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်းနဲ့ ပတ်သက်လာရင်တော့ ဘာသာတရားအများစုက ဒါဟာ ကောင်းတဲ့လုပ်ရပ် မဟုတ်ဘူးလို့ ယူဆပါတယ်။ ဒီလိုပါပဲ။ ဒီဇာတ်ကားလေးမှာတော့ အဲဒီအယူအဆတွေနဲ့ကွဲပြားနေပြီး လူတစ်ယောက်က ကိုယ်တိုင်သေကြောင်းကြံစည်လိုက်တဲ့အခါ ဘုံတစ်ခု ရောက်သွားတာပါ။ ဇီယာဆိုတဲ့ကောင်လေးက သူ့ကောင်မလေးနဲ့လမ်းခွဲပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်ပြီးတဲ့နောက်မှာ သေကြောင်းကြံစည်သူတွေချည်း နေထိုင်တဲ့ ထူးဆန်းတဲ့ ဘဝတစ်ခုမှာ နိုးထလာပါတယ်။ အဲဒီဘဝမှာ လူတွေက ပြုံးရယ်တာမျိုးမရှိဘဲ သူ့အလုပ်သူလုပ်ပြီး ရှင်သန်ရတာပါ။ အသက်ရှင်စဥ်မှာ ကိုယ့်ကိုယ်ကိုယ် အသုံးမဝင်တော့ဘူးလို့ ခံစားရတဲ့ဇီယာတစ်ယောက် သေဆုံးပြီးချိန်မှာလည်း ရောက်သွားတဲ့ဘုံမှာ သူဘာအတွက်ရှင်သန်မှာလဲဆိုတာ အဖြေရှာကြည့်ရင်း သူကြုံ့တွေ့လာရမယ့်အဖြစ်အပျက်တွေကို ကြည့်ရှုလိုက်ကြရအောင်။ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းဟာ မကောင်းတဲ့ကံကို ဖြစ်ပေါ်စေပြီး နောက်ဘဝမှာ ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘဝရဲ့အခက်အခဲတွေကို ကျော်လွှားဖို့ အကူအညီရယူခြင်းဟာ ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ၊ မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ ပံ့ပိုးမှုတွေက ဒီလိုအခြေအနေတွေကို ရင်ဆိုင်ဖို့ အင်အားပေးနိုင်ပါတယ်။ ဘဝဟာ အဖိုးတန်တဲ့အရာဖြစ်ပြီး ဘယ်လိုအခက်အခဲပဲရှိရှိ အသက်ရှင်နေထိုင်ဖို့ အကြောင်းတစ်ခုခုတော့ အမြဲရှိနေတတ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ ZWTက ရေးသားထားပါတယ်) File Size – 2.78 GB/ 1.37 GB Quality – WEB-DL 1080p/ 720p Duration – 1h 28m Format – mp4 Genre – Comedy, Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – ZWT Encoded by – Treasure Htet

Comedy • Drama • Romance
7.2 2007 88 mins
Wristcutters: A Love Story