YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

For.Her.Sins.S01E02.1080p.mp4

906.59 MB N/A video/mp4 21 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Modern Way

The Modern Way (2022) ဒီရုပ်ရှင်ကိုတော့ ၁၉၈၀ ခုနှစ် ဝန်းကျင်က အင်္ဂလန်ရဲ့ဂိုဏ်းတွေဖြစ်တဲ့ Mod၊ Skinhead နှင့် Biker တို့ကို နောက်ခံထားပြီး ရိုက်ကူးပြသထားတာပါ ။ ဇာတ်လမ်းလေးက ဗြိတိန်ဆန်ဆန် တက်ကြွလန်းဆန်းတဲ့ရသကိုခံစားမိစေပါတယ်။ ဇာတ်လမ်းက ရှေ့ဘာဆက်ဖြစ်မလဲဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တယ်လို့ပြောရပါမယ် ။ Danni ဆိုတဲ့ကောင်မလေးက အိမ်တွင်းရေးအဆင်မပြေမှုလေးတွေကြောင့် Skinhead ဂိုဏ်းဝင်ဖြစ်မှန်းမသိ ဖြစ်လာပြီး သူလေးကြောင့် ဘယ်သူတွေဒုက္ခရောက်မလဲ။ သူကကော ဒီဒုက္ခတွင်းထဲရုန်းထွက်နိုင်မှာလား ဆိုတာကို ရှုစားအားပေးကြပါဦးခင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size…  1.2GB | 624MB | 303MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae Phyo Min Encoder ..... Aaron

Action & Adventure • Drama • Sci-Fi & Fantasy
0 2022 88 mins
The Modern Way
Till
7.4

၀၂၂ ခုနှစ်မှာအသစ် ထွက်ရှိလာတဲ့ Rotten Tomatoes 98%, IMDb Rating 7.6 အထိ ရရှိထားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ သမိုင်းနောက်ခံပြု ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (Warning:ယခုဇာတ်ကားတွင် လူမျိုးရေးခွဲခြားတဲ့ အသုံးနှုန်းတွေ အများအပြားပါဝင်ပါတယ်။) အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်ဟာ လူမျိုးရေးခွဲခြားမှုတွေ၊ လူဖြူ ကြီးစိုးရေး အစွန်းရောက်များပြားခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ လူဖြူတွေဟာ လူမည်းတွေကို အလွန်အမင်း ခွဲခြားဆက်ဆံခဲ့ကြပါတယ်။ လူမည်းတွေဟာ လူဖြူတွေကို မလွန်ဆန်နိုင်သလို ပြုသမျှ နုနေရတဲ့ ဘဝနဲ့နေထိုင်နေခဲ့ရပါတယ်။ လူမည်းတစ်ယောက် အသတ်ခံရရင်တောင် ဘယ်သူကမှ အဖက်လည်းမလုပ်ကြသလို ရဲတွေကပါ လျစ်လျှူရှု့ကြပါတယ်။ လူမည်းတွေအနေနဲ့ မဲပေးခွင့်ရဖို့၊ တရားရေးရာတွင် ပါဝင်ဖို့ အစရှိတဲ့ နိုင်ငံသားအခွင့်အရေးတွေ ရရှိဖို့ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ National Association for the Advancement of Coloured People (NAACP) အသင်းဟာဆိုရင်လည်း တက်ကြွလှုပ်ရှားခဲ့တဲ့ အဖွဲ့တွေထဲမှာ နာမည်ကြီးတဲ့အသင်းတစ်ခုဖြစ်ခဲ့ပါတယ်။ မစ္စစ္စပီပြည်နယ်မှာ ထိုသို့ လှုပ်ရှားမှုတွေမှာပါဝင်တဲ့ နာမည်ကြီးသူလည်း မကြာခဏ လုပ်ကြံသတ်ဖြတ်ခံရသလို အသတ်ခံရတိုင်းမှာလည်း လူသတ်တရားခံကို ဖမ်းမိတယ်ဆိုတာ မရှိခဲ့ပါဘူး။ အဲလိုအဖြစ်အပျက်တွေ ကြီးစိုးနေတဲ့ ၁၉၅၅ ခုနှစ်မှာ အန်မက် ‌တေးလ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ချီကာဂိုမြို့ကနေ သူ့ဆွေမျိုးတွေရှိရာ မန်းနီးမြို့၊ မစ္စစ္စပီပြည်နယ်ကို အလည်အပတ်ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ အန်မက် တစ်ယောက် ကြမ္မာဆိုးငင်ချင်တော့ စတိုးဆိုင်တစ်ခုက လူဖြူမတစ်ယောက်ကို စကားပြောရင်း စနောက်မိပါတော့တယ်။ ထိုနေ့ညမှာပဲ အန်းမက်ကို လူတစ်စုကို အိမ်အတွင်း ဝင်ပြီး ဖမ်းခေါ်သွားပါတော့တယ်။ မကြာခင်မှာပဲ အန်မက်ရဲ့အလောင်းကို မြစ်တစ်ခုထဲမှာ ပြန်တွေ့ခဲ့ရပြီး အလောင်းမှာ ရစရာမရှိအောင် ရိုက်နှက်နှိပ်စက်ခံထားရပြီး ခေါင်းကို သေနတ်နဲ့ အပစ်ခံထားရတာပဲဖြစ်ပါတယ်။ အန်မက်ရဲ့ အမေဖြစ်သူ မေမီ တေးလ် မော်လီလည်း သားဖြစ်သူဆုံးရှုံးရတဲ့အတွက် ယူကြုံးမရဖြစ်ကာ သားဖြစ်သူအတွက် တရားမျှတမှု ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ မေမီ့ကို ဆွေမျိုးတွေ၊ NAACP လို အဖွဲ့အစည်းတွေက ကူညီပေးခဲ့ကြပါတယ်။ ဒီလို ခွဲခြားမှုတွေ ပြည့်နှက်နေတဲ့ ပြည်နယ်တစ်ခုမှာ မေမီတစ်ယောက် သားဖြစ်သူအတွက် တရားမျှတမှု ရှာဖွေပေးနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စားလိုက်ပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Biography, Drama, History Quality…. 1080p | 720p | 480p File size… 1.4GB | 802MB | 427MB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... August

Drama • Fantasy
7.4 2022 131 mins
Till
The Invisible Man
7.1

IMDb Rating 7.5/10 ထိရရှိထားပါတယ် . . . #Unicode February လကုန်ခါနီးမှာ ရုံတင်သွားတဲ့ ပရိတ်သတ်တွေစောင့်မျှော်နေတဲ့ The Invisible Man ကတော့ အကြည်ထွက်ရှိလို့ လာပါပြီ။ ဒီကားကလည်း ပရိတ်သတ်အကြိုက်ဖြစ်စေခဲ့တဲ့ နောက်ထပ် ဟော်ရာ ရုပ်ရှင်ကားကောင်းတစ်ကားပါပဲ။ ဇာတ်ကားက နာမည်အတိုင်းပါပဲ ကိုယ်ပျောက်နိုင်တဲ့လူတစ်ယောက်အကြောင်းပါ။ ဇာတ်လမ်းအစမှာ ဆယ်စီလီရယ် ဆိုတဲ့ မိန်းကလေးဟာ သူ့ကို အရာရာချုပ်ကိုင်ထားချင်တဲ့ ရည်းစားဖြစ်သူ အေဒရီယန်ကို အတင်းစွန့်ခွာထားခဲ့ပါတယ်။ အေဒရီယန်ဟာ အမြင်အာရုံပိုင်း ကင်မရာပိုင်းမှာ ကမ္ဘာ့အတော်ဆုံးလို့ပြောလို့ရတဲ့ သိပ္ပံပညာရှင်ပါ။ အေဒရီယန်ဟာ အစွဲအလန်းကြီးပြီး ခေါင်းမာလွန်းတဲ့သူ ဖြစ် တာမို့ ဆယ်စီလီရယ်ကို အလွတ်မပေးခဲ့ပါဘူး။ ဒါပေမယ့် အေဒရီယန် သေဆုံးသွားခဲ့ပြီးနောက်မှာတော့ ဆယ်စီလီရယ်တစ်ယောက် ဘဝသစ်ကို စိတ်ရှင်းရှင်းနဲ့စနိုင်လာခဲ့ပါပြီး။ ဒါပေမယ့် အေဒရီယန်ဟာ တကယ်သေတာမဟုတ်သလို ဆယ်စီလီရယ်ကို ဒုက္ခမျိုးစုံ ပေးပြီး သူ့ဆီကိုပြန်ရောက်လာဖို့ ကြောက်စရာကောင်းတဲ့ လုပ်ရပ်တွေလုပ် လာတဲ့အခါမှာတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ် . . . Quality – 720p  Web-Dl Duration – 2 hrs 04 mins Subtitle – Myanmar Hardsub Format – Mp4 Genre : Horror, Mystery, Sci-Fi Source : 1080p.WEB-DL Translator – Littleneo Encoder – San Win Maung

Comedy • Drama
7.1 2020 124 mins
The Invisible Man
The Morning After
5.8

ဟာသရုပ်ရှင်တွေကို ကြိုက်တဲ့ ပရိသတ်တွေအတွက် နာမည်ကြီး လူရွှင်တော် တွေနဲ့ ရိုက်ကူးထားတဲ့ ဟာသကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- နှစ် ၃၀ ကျော် ငါးရောင်းခဲ့သူ ဦးလေးယာ၊ ငါးပြတိုက်ကြီးတစ်ခုမှ လင်းပိုင်လေ့ကျင့်သူ အားလဲ့နှင့် ငါးပြတိုက်လုံခြုံရေး တုကျစ်ကော်တို့ဟာအလုပ်ကြောင့် ခင်မင်သွားကြပါတယ်။ သူတို့ဟာ ဘဝကို ကြိုးစားဖြတ်သန်းနေပေမဲ့လဲ အချစ်ရေးတော့ကံမကောင်းကြပါဘူး တစ်နေ့မှာ သူတို့ ၃ ယောက် စုပြီး စိတ်ညစ်ညစ်နဲ့ အရက်သောက်ကြပါတယ်။ မူးနေကြပြီး ဘာမှ မသိတော့တဲ့ အချိန်မှ ာ ကားတစ်စီးက ငါးပြတိုက်ကို ရောက်လာခဲ့ပါတယ်။ မူးနေတဲ့ ဦးလေးယာဟာ ပစ္စည်းစာရင်းပေါ်မှာ လက်မှတ်ထိုးခဲ့ပါတယ်။ နောက်တစ်နေ့မနက်မှာတော့ ငါးပြတိုက်ထဲက နာမည်ကြီးလင်းပိုင်ပေါင်ပေါင်ကို သူတို့ ၃ ယောက် နိုင်ငံခြားသို့ရောင်းလိုက်ကြောင်း သိလိုက်ရပါတယ်။ ဒီကိစ္စကြောင့် သူတို့ ၃ ယောက်ဟာ လင်းပိုင်ကို ခိုးရောင်းခဲ့တဲ့ တရားခံတွေ ဖြစ်သွားပါတော့တယ်။ သူတို့ ၃ ယောက် လင်းပိုင်ကို ပြန်ရှာတဲ့ လမ်းတစ်လျှောက်မှာ ကြုံတွေ့ရမယ့် အလွှဲတွေကို ကြည့်ရှုရယ်မောပြီး ဘဝအမောတွေကို ဖြေဖျောက်ကြရအောင်နော်။

5.8 2018
The Morning After
Guidance
5.6

AI ခေတ်ကြီးထဲ AI ကို အဆုံးမဲ့စွမ်းအင်အဖြစ် အသုံးပြုပြီး လူတွေရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်မယ်ဆို ဘယ်လို ကမ္ဘာကြီးဖြစ်လာမှာလဲ စဉ်းစားတဲ့သူရှိကြမှာပဲ.. ဒီလူငါ့ကို လိမ်နေတာလား… အမှန်အတိုင်းပြောနေတာလား ဆိုပြီး အလိုလိုသိချင်တဲ့သူရှိမှာပဲ.. သူတွေးလိုက်တိုင်း ငါသိနေတယ် ဆိုတာမျိုး ဖြစ်ချင်ကြသူလည်း နည်းမှာမဟုတ်ပါဘူး…. ဒီဇာတ်ကားလေးက Guidance ဆိုတဲ့ လူတွေရဲ့ စိတ်ခံစားချက်ကို လိမ်ညာမရအောင် ခံစားချက်အမှန် ဖော်ပြပြီး ထိန်းချုပ်ထားတဲ့ App အကြောင်း နောက်ခံထားပြီး ရိုက်ကူးထားတာပေါ့…. NIS ဆေးလုံးလေးသောက်လိုက်တာနဲ့ အချင်းချင်း ကိုယ့်ကို လိမ်နေတာလား…. အမှန်ပြောနေရဲ့လား… သူ့ခံစားချက် အစစ်အမှန်က ဘာလဲ မြင်ရမယ်ဆို သောက်ကြည့်ကြမှာလား… ဇာတ်လမ်းထဲက ဟန်မြောင်ဆိုတဲ့ ကောင်မလေးနဲ့ သူ့ချစ်သူ မိုက်ဇီရွှမ်တို့ကတော့ သောက်ခဲ့ကြပါတယ်… အပြန်အလှန် သိချင်တဲ့ အချက်လေးတွေက တွန်းအားပေးခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်… ကဲဒီတော့ သဘာဝလွန် ဒီစိတ်ကူးယဉ် ဆေးလုံးလေးက တကယ်ပဲ လူတွေကို ထိန်းချုပ်နိုင်သွားမှာလား… တကယ်ရော ချစ်သူနှစ်ဦးကို ပိုကောင်းတဲ့ အဆုံးသတ်ဆီ ပို့ပေးမှာလား… တကယ် ဒီ App က ချစ်ကြည်ရေးတွေ သယ်ဆောင်ပေးပြီး လူသားတွေအတွက် လိုအပ်ရဲ့လား… ကြည့်လိုက်ကြရအောင်~

Comedy • Action • Crime
5.6 2021
Guidance
Rumble Through the Dark
6.7

Rumble Through the Dark (2023) ~ IMDb – 6.7/10, Rotten Tomatoes – 50% ~ “You either die a hero or live long enough to see yourself become the villain.” ဆိုတဲ့ နာမည်ကျော် ဒိုင်ယာလော့ကို ကြားရင် ခင်ဗျားတို့ ဘယ်သူ့ကိုပြေးမြင်ကြလဲ။ သေချာတာပေါ့… နိုလန်ရဲ့ The Dark Knight ထဲက ဟာဗီးဒန့် ခေါ် Two-Face ကြီးကိုပါပဲ။ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Aaron Eckhart ကိုလည်း ခင်ဗျားတို့ကောင်းကောင်းရင်းနှီးကြမှာပါ။ Olympus Has Fallen, London Has Fallen, I, Frankenstein နဲ့ Sully တို့အပါအဝင် တခြားကားကောင်းတွေအများကြီးမှာ သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်မင်းသားကြီးပါပဲ။ တခြားမတွေးပါနဲ့ နိုလန်ခေါ်သုံးခံရတဲ့ထဲ ခပ်ညံ့ညံ့သရုပ်ဆောင်တစ်ကောင်မှ မရှိပါဘူး။ ဒီကားကတော့ အဲဒီ ဟာဗီးဒန့်ကြီး Aaron Eckhart ရဲ့ ဒီနှစ်ထွက် အက်ရှင်ရုပ်ရှင်အသစ်ပါ။ ရိတ်တင်ဘာညာလည်းမဆိုးလှပါဘူး။ ဒါကိုမှ ရုပ်လေးနဲ့ လုပ်စားလို့ကောင်းတဲ့ နာမည်ကြီး Midnight Sun ဇာတ်လမ်းထဲက မင်းသမီး Bella Throneပါ ထပ်ဖြည့်ပေးထားတော့ ဒီကားက စိတ်ပြေလက်ပျောက်ရုပ်ရှင်တွေရဲ့ ပရိသတ်တွေ အက်ရှင်ရုပ်ရှင်တွေရဲ့ ပရိသတ်တွေနဲ့ အံကိုက်ပါပဲ။ ထုတ်ထားတာကလည်း နာမည်ကြီးကုမ္ပဏီ Lionsgate ကနေပါ။ အက်ရှင်ပရိသတ်တွေဟာ ဒီရုပ်ရှင်ကို တော်တော်လေးကြည့်ကောင်းတယ်လို့ မှတ်ချက်ပေးကြပြီး Aaron ကိုလည်း ဒီရုပ်ရှင်ကို ဆွဲတင်နိုင်ခဲ့တယ်လို့ ချီးကျူးထားကြပါတယ်။ ဇာတ်လမ်းကတော့ ခပ်ရိုးရိုးလေးပါပဲ။ အ​ကြွေး​တွေကို အကုန်ပြန်ဆပ်ပြီး အ​မေ့​ရဲ့ ​နောက်ဆုံးခရီးမ​ရောက်ခင် အိမ်​လေးကိုပြန်ဝယ်ပြီး ထား​ပေးချင်တဲ့ ဖိုက်တာ ဂျက် တစ်​ယောက်ရဲ့ ​နောက်ဆုံးထိုးသတ်ပွဲကို ရိုက်ပြထားတာပါ။ အထိုးအနှက်​တွေကို ​သေချာ​လေးရိုက်ပြထားပြီး ​သွေးထွက်သံယိုခန်း​တွေအများကြီးပါတာ​ကြောင့် အကြမ်းအတမ်းကြိုက်တဲ့သူ​တွေကြည့်သင့်တဲ့ကားကောင်းတစ်ကားဆို မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 920MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 56Min Genre – Action, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

6.7 2023
Rumble Through the Dark
Kingdom of Heaven Director’s Cut Roadshow Version
7.2

Kingdom of Heaven (2005) Director’s Cut Roadshow Version IMDb Rating (7.2) နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့တဲ့ ခရစ်ယာန်-မူဆလင် ခရူးဆိတ်စစ်ပွဲကြီးတွေအတွင်းက ကာလ တစ်ခုကို အခြေခံထားတဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်အဖြစ် အော်လန်ဒိုဘလွန်း၊ အီဗာဂရင်းတို့ပါဝင်ထားပြီး မင်းသားကြီး လီယန်နီဆန်လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ ဒီရုပ်ရှင်ကို ရုံတင်ဗားရှင်း(Theatrical Version)ကို လုံးဝမကြည့်သင့်ပါဘူး၊ အရေးကြီးတဲ့အချက်တွေ နေရာတွေကို ဖြတ်ပြီး တင်ခဲ့တာမို့၊ အမြတ်အစွန်းနည်းခဲ့တဲ့အပြင် အတော်လည်း အဆဲခံခဲ့ရပါတယ်။ ခရစ်ယာန်တွေကလည်းဆဲ၊ မူဆလင်တွေကလည်း ဆဲနဲ့မို့ မိုရိုကိုဘုရင်က ဒါရိုက်တာ Ridley Scott ကို သက်တော်စောင့် လေးယောက်စီစဉ်ပေးထားလိုက်ရပါသေးတယ်။ Director’s Cut Roadshow Version ကို ထုတ်လိုက်မှပဲ တကယ့်ရုပ်ရှင်ကောင်းဆိုတာ လက်ခံသွားကြတာပါ။ ဒါတောင် အတော်ဝေဖန်ခံရပါသေးတယ်။ သမိုင်းလောကရဲ့ အိုစမာဘင်လာဒင်လို့တောင် သမုတ်ခံရဖူးပါတယ်။ ရစ်ဒလီစကော့ကလည်း ရုံတင်ဗားရှင်းဟာ ငါ့လက်ရာမဟုတ်ဘူးလို့တောင် ကြေညာပြီးအပြီးစွန့်လွှတ်လိုက်တာပါ။ ဒါကြောင့် Director’s Cut Roadshow Version ဖြစ်တဲ့ ၃ နာရီကျော်ကြာမြင့်တဲ့ Version ကိုပဲ တင်ဆက်လိုက်ပါတယ်။ သမိုင်းနောက်ခံ ခရူးဆိတ်စစ်ပွဲ ( 1095 -1291 ) (အရမ်းရှုပ်ထွေးပြီး နိုင်ငံများစွာ တိုက်ပွဲများစွာရှိလို့ ရှင်းပြဖို့မဖြစ်နိုင်ပါဘူး အကြမ်းတော့ ရေးပြထားပါတယ်) ခရူးဆိတ်စစ်ပွဲဟာ အကြိမ်များစွာဖြစ်ပွားခဲ့ပြီး ပင်မ ခရူးဆိတ်စစ်ပွဲကြီး ၈ ခုရှိခဲ့ပါတယ်။ ကမ္ဘာ့သက်တမ်းအရှည်ဆုံးမြို့ထဲက တစ်ခုဖြစ်တဲ့ အထွတ်အမြတ်မြေ Holy Land ခေါ် ဂျေရုဆလင်ကို တိုက်ခိုက်သိမ်းပိုက်တာတွေကနေ အစပြုခဲ့တာပါ။ ဂျေရုဆလင်ဟာ 3000 BCE လောက်ကတည်းက (လွန်ခဲ့သော နှစ်ပေါင်း 5000) ရှိခဲ့တာဖြစ်ပြီး ဘာသာပေါင်းစုံလူမျိုးပေါင်းစုံ သူတပြန် ကိုယ်တပြန် သိမ်းပိုက်ခဲ့ကြတာ ကြာပါပြီ။ တမန်တော် မိုဟာမက် ပေါ်ပေါက်လာပြီး ၆၂၂ ခုနှစ်နောက်ပိုင်းမှာ မူဆလင်ဘာသာရေးစစ်ပွဲတွေကနေတဆင့် နယ်မြေတွေရရှိလာခဲ့ပြီး ဂျေရုဆလင်ကိုလည်း ဘိုင်ဇန်တိုင်းခရစ်ယာန်တွေလက်ကနေ သိမ်းပိုက်ခဲ့ပါတယ်။ ဂျေရုဆလင်ကို ၆၃ ဘီစီလောက်မှာ ရောမအင်ပါယာက သိမ်းပိုက်ခဲ့ပြီး 30 A.D. လောက်မှာ ခရစ်တော်ကို ကားစင်တင်ခဲ့တာပါ၊ 614 ခုနှစ်မှာ ပါရှန်းတွေက သိမ်းပိုက်ခဲ့ပြီး 629 ခုနှစ်မှာ ဘိုင်ဇန်တိုင်းခရစ်ယာန်တွေ ပြန်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီကမှ မူဆလင်နိုင်ငံတွေလက်အောက်ကိုရောက်သွားခဲ့ပြီး ပထမဆုံးခရူးဆိတ်ဖြစ်တဲ့ (1096–1099) ကာလမှာ ခရစ်ယာန်တွေက သိမ်းပိုက်ထားခဲ့တာပါ။ ခရူးဆိတ်အပြီးမှာ တည်ထောက်ခဲ့တဲ့ County of Edessa ဟာ ဆီးရီးယား Zengid မင်းဆက်လက်အောက်ကို ကျသွားတဲ့နောက် ဒုတိယခရူးဆိတ် (1145–1149) စတင်ခဲ့ပြီး ဂျေရုဆလင်ကို ဆက်သိမ်းပိုက်ထားနိုင်ပေမဲ့ အခြားနယ်တွေမှာခရစ်ယာန်တွေ စစ်ရှုံးခဲ့ပါတယ်။ အဲဒီကနေ ဂျေရုဆလင်ကို အုပ်ချုပ်တဲ့ King Baldwin IV လက်ထက်မှာ ဆီးရီးယားနဲ့ အီဂျစ်ကို စည်းရုံးထားနိုင်တဲ့ ဘုရင် ဆာလာဒင်နဲ့ စစ်ပြေငြိမ်းထားပြီး ယှဉ်တွဲနေထိုင်စေခဲ့ပါတယ်။ ဒီရုပ်ရှင်က ဒီနေရာက ဆက်တာပါ။ ဘုရင် နတ်ရွာစံပြီးနောက် ဆာလာဒင်က ဂျေရုဆလင်ကို သိမ်းပိုက်တဲ့တိုက်ပွဲမှာ မြို့ကိုခုခံခဲ့တဲ့ အစ်ဘလင်မြို့စား ဘေလီရန်အကြောင်းကို ပြသထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းအဆုံးမှာတော့ တတိယခရူးဆိတ် (1189–1192) ကိုစတင်ဖို့ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမန်ဘုရင်တို့ စစ်ချီလာတဲ့သမိုင်းနဲ့ အဆုံးသတ်ပေးခဲ့တာပါ။ တတိယခရူးဆိတ်မှာ အရေးပါတဲ့မြို့တွေကို ခရစ်ယာန်တွေပြန်ရခဲ့ပြီး စစ်နိုင်တယ်လို့ ပြောလို့ရပေမဲ့ ဂျေရုဆလင်ကိုတော့ မရခဲ့ပါဘူး။ ဇာတ်လမ်းအကျဉ်း ဒုတိယခရူးဆိတ်စစ်ပွဲကာလအပြီး တတိယခရူးဆိတ်စစ်ပွဲကို စတင်စေခဲ့တဲ့ သမိုင်းနောက်ခံကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ခရူးဆိတ်သူရဲကောင်း နယ်စားကြီး ဂေါ့ဖရေးရဲ့ သားဖြစ်သူ ဘေလီရန်ဟာ ဆာရာဆန်(မူဆလင်) ဘုရင် ဆာလာဒင်လက်ထဲကို ဂျေရုဆလင်မြို့ကြီးမကျဆုံးခင် အစွမ်းကုန်ကာကွယ်ခဲ့ပြီး မြို့ကျပြီးနောက်မှာ မြို့တွင်းက လူတွေကို အသက်ရှင်လျက် ထွက်လာနိုင်အောင် လုပ်နိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ (အသက်ရှင်လျက်ထွက်လာနိုင်အောင်လုပ်တယ်ဆိုတာ မလွယ်ပါဘူး၊ ပထမခရူးဆိတ်စစ်ပွဲမှာ ဂျေရုဆလင်ကို ခရစ်ယာန်တပ်တွေ သိမ်းပိုက်ချိန်မှာ မြို့ထဲကမူဆလင်နဲ့ဂျူးတွေ အားလုံးအသတ်ခံခဲ့ရပါတယ်။ အလယ်ခေတ်စစ်ပွဲတွေမှာ ထုံးစံလိုဖြစ်နေတာမို့ ဒါဟာ အောင်မြင်မှုတစ်ခုပါပဲ)။ ဘေလီရန်ရဲ့ သမိုင်းနောက်ခံနဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကတော့ သမိုင်းအတိုင်းမဟုတ်ဘဲ စိတ်ကူးယဉ်ဖန်တီးထားတာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှ တင်ဆက်ထားပါတယ်။)

7.2 2005 144 mins
Kingdom of Heaven Director’s Cut Roadshow Version
Other People’s Children
6.8

အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ ထူးထူးဆန်းဆန်းပါပဲ။ ကိုယ့်ကလေးမဟုတ်တဲ့သူများရဲ့ကလေး Other People’s Children ပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ နာမည်လေးအတိုင်းပဲ တခြားသူရဲ့ ကလေးနဲ့ သွားပတ်သတ်မိတဲ့ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ မိသားစုဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ IMDb Rating 6.8 အထိရရှိထားပြီး Rotten Tomatoes မှာတော့ 91 ရာခိုင်နှုန်းအထိရရှိထားပါတယ်။ ရေချယ်ဆိုတဲ့အမျိုးသမီးတစ်ယောက်က ကျောင်းတစ်ခုမှာစာသင်ပေးနေတဲ့ ဆရာမဖြစ်ပြီး အချစ်ရေးကံမှာတော့ညံ့ဖျင်းလှပါတယ်။အခုလည်း အသည်းကွဲ လာပြီးသိပ်မကြာခင်မှာပဲသူ့ရဲ့ဂစ်တာသင်တန်းကအလီဆိုတဲ့ ကလေး တစ်ယောက်အဖေနဲ့ငြိသွားပါတော့တယ်။သူတို့နှစ်ယောက်ကအတူတူနေတာ ကြာလာတဲ့အခါမှာတော့ အလီရဲ့သမီးဖြစ်သူလီလာနဲ့ရေချယ်တို့ကို မိတ်ဆက်ပေးခဲ့ပါတော့တယ်။လီလာကချစ်စရာကောင်းတဲ့အပြင် ရေချယ့်ကိုလည်းချစ်တော့ သူတို့သုံးယောက်သားက မိသားစုကြီးတစ်ခု လိုတောင်ဖြစ်နေပါပြီ။ဒါပေမယ့် အဲ့လိုပျော်ရွှင်နေတဲ့မိသားစုလေးရဲ့ ဘဝထဲကို အလီ့ရဲ့ကွာရှင်းထားတဲ့ မိန်းမအဲလစ်ပြန်ရောက်လာတဲ့အခါမှာတော့ ဘယ်လိုရှုပ်ထွေးပြီး ဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက်တွေဖြစ်လာမယ် ဆိုတာကိုရိုက်ကူးတင်ဆက်ထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်… File size…1.54 GB/ 711 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 43m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.8 2022
Other People’s Children
Tasbih Kosong
6.6

Tasbih Kosong (2023) ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ အင်ဒိုနီးရှားဟော်ရာဇာတ်ကားသစ် လာပါပြီ။ IMDB Rating 6.6/10 ရရှိထားတာမို့ မဆိုးလှတဲ့ ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့… တစ်နေ့မှာ အစိုးရဝန်ထမ်းတွေဖြစ်တဲ့ အက်စတီနဲ့ အူမာတို့က တိုးတက်ဖွံ့ဖြိုးမှုနည်းလှတဲ့ ရွာတစ်ရွာဆီကို အိမ်ထောင်စုစာရင်းကောက်ဖို့ တာဝန်ကျလာပါတယ်။ လမ်းခရီးကြမ်းလှပေမဲ့ ဖော်ဖော်ရွေရွေရှိလှတဲ့ ရွာသားတွေကြောင့် စိတ်ချလက်ချပါပဲ။ ဒါပေမဲ့ တစ်အိမ်နဲ့တစ်အိမ် ဝေးကွာလွန်းတာမို့ ထင်သလောက် အလုပ်မတွင်ဘဲ ဒီရွာမှာပဲ အချိန်အတော်ကြာ သောင်တင်နေပြန်ပါတယ်။ တချိန်တည်းမှာပဲ အူမာဟာ ရွာကရာဂျန်ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်မိပြန်ပါတယ်။ ရွာမှာအနေကြာလေ ရွာအကြောင်းကို ပိုသိလာရလာလေဖြစ်လာကြတဲ့အပြင် ရွာရဲ့ မျက်နှာဖုံးအမှန်ကို သိလာကြရပါတယ်။ ရာဂျန်ဆိုတဲ့ မိန်းကလေးကလည်း သာမန်မဟုတ်တဲ့အခါ…။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 986MB | 516MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

6.6 2023
Tasbih Kosong
Rebel Moon – Part Two: The Scargiver
6.9

Rebel Moon – Part Two: The Scargiver (2024) ================================= IMDb Rating – 6.9/10 ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စတားဝေါ ဖန်မိတ် ရုပ်ရှင်ကြီးလာပါပြီ။ ဒီဇာတ်လမ်းကို စတားဝေါလူကြီးဆန်ဆန်ဗားရှင်းအဖြစ် ကမ်းလှမ်းခဲ့ပေမဲ့ ဒစ္စနေးနဲ့လူးကပ်ရုပ်ရှင် ကုမ္ပဏီက လက်မခံတာကြောင့် Star Wars ရုပ်ရှင်အဖြစ်မဟုတ်ဘဲ ကိုယ်ပိုင်ရိုက် ကူးဖြစ်သွားတာပါ။ ဒါကြောင့် ဂျဒိုင်းတွေနဲ့အလင်းဓားတွေ မပါဝင်ပေမဲ့ အင်ပါယာ နဲ့ ဖိနှိပ်ခံဂြိုလ်တွေ၊ တော်လှန်ရေးအဖွဲ့တွေ အကုန်ပါဝင်နေပါတယ်။ ဒါ့အပြင် ဇာတ် လမ်းကျောရိုးကိုလည်း ဇက်ရဲ့ အကြိုက်ဆုံးရုပ်ရှင် Seven Samurai (1954) ကို မှီ ငြမ်းထားတာမို့ အာကာသထဲက ဆာမူရိုင်း ၇ ယောက် ဇာတ်လမ်းမျိုးဖြစ်နေပြန်ပါ တယ်။ လက်ရှိ ဝေဖန်ရေးဆရာတွေ အကြိုက်မတွေ့တဲ့အချက်ကလည်း ဒီအချက်ပဲ ဖြစ်ဖို့များပါတယ်။ မူရင်းဖန်တီးချက် ဘာမှမပါသေးဘဲ စတားဝေါ နဲ့ ဆဲဗင်းဆာမူရိုင်း ဒါမှမဟုတ် Magnificent Seven ကြည့်ပြီးသားလူတွေအတွက် မဲပြာပုဆိုးဖြစ်နေလို့ ပါပဲ။ ဒါပေမဲ့ ပထမရုပ်ရှင်ပဲ ရှိသေးတာမို့ နောက်ထွက်လာမဲ့ အပိုင်းတွေမှာ မထင်မှတ် ထားတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ အောင်မြင်နိုင်ပါသေးတယ်။ ဒီအချက်တွေကို မေ့ပစ်ပြီး ကြည့်မယ်ဆိုရင်တော့ ဇက်ရဲ့ထုံးစံအတိုင်း ရိုက်ချက်လှလှ၊ ဒိုင်ယာလော့ကောင်းကောင်း၊ အက်ရှင်ခန်းကြမ်းကြမ်းတွေနဲ့ ကြည့်ပျော်တဲ့ရုပ်ရှင်မို့ လူ တိုင်းကြည့်လို့အဆင်ပြေပါတယ်။ ဇာတ်လမ်းအကျဉ်း – ဗဲ့ဒ်ဆိုတဲ့ ရွာကလေးက လယ်သမားတွေဆီကို အင်ပါယာဗိုလ်ချုပ်တစ်ယောက်ရောက် လာပြီး ရိက္ခာတွေ မတန်တဆ တောင်းတယ်။ ဒါကို ရွာသားတွေကမပေးနိုင်တော့ ပြန်ခု ခံဖို့ အကူအညီတောင်းဖို့ ကြိုးစားတယ်။ သူတို့မှာလည်း ကြေးစားတပ်တွေငှားဖို့ ပိုက်ဆံ မရှိပါဘူး ရိက္ခာအပိုလေးနည်းနည်းပဲပေးနိုင်တာပါ။ ရွာမှာ ခိုအောင်းနေတဲ့ ဝရမ်းပြေးစစ် သည်တော်တစ်ယောက်နဲ့ လယ်သမားလေးတစ်ယောက်တို့ စကြဝဠာထဲမှာ ခြေဆန့်ပြီး မဖြစ်စလောက်ရိက္ခာလေးပေးရုံနဲ့ လယ်သမားတွေဘက်ကနေ ကူတိုက်ပေးမဲ့ စစ်သည် တော်တွေကို လိုက်စုစည်းကြတာက အပိုင်း-၁ ရဲ့ ဇာတ်လမ်းပါပဲ။ အပိုင်း-၂ မှာတော့ ဒီ ဆာမူရိုင်းတွေ အင်အားအရမ်းကြီးတဲ့ အင်ပါယာကြီးကို ဘယ်လိုခုခံတော်လှန်ကြမလဲ ဆိုတာ တွေ့ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(4.8 GB)/(1.79 GB) / (899MB) Quality…………WEB-DL 4K HEVC/1080p / 720p Duration………2Hr 2Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Drama Translator…….Mr.Anderson Encoder……….SWM

6.9 2024
Rebel Moon – Part Two: The Scargiver
Fuks 2
5.5

Fuks 2 (2024) ဧပြီလတုန်းက ထွက်ရှိခဲ့တဲ့ Action/ Comedy ဇာတ်ကားကောင်းလေးပါ။ IMDb rating – 6 ရရှိထားပြီး ပိုလန်နိုင်ငံက ထုတ်လုပ်တဲ့ ရုပ်ရှင်ဖြစ်တာမို့ Hollywood က ရုပ်ရှင်တွေနဲ့ မတူညီတဲ့ အရသာမျိုးကို ခံစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မီရိုစလော ဘိုင်ချောစကီဟာ ပိုလန်နိုင်ငံက လူချမ်းသာတစ်ယောက်ပါ။ သူဟာ ငွေရဖို့ဆို တရားမဝင်ရော၊ တရားဝင်ရော အကုန်လုပ်ပါတယ်။ ကာစီနိုလည်း ထောင်ထားသလို လူတွေကို ရိုက်နှက်တာမျိုးလည်း လုပ်ပါတယ်။ မာချက်ခ်ဆိုတဲ့ ကောင်လေးတစ်ယောက်က ဘိုင်ချောစကီရဲ့ ဒုတိယဇနီး အန်နာ့ကို ဘိုင်ချောစကီရဲ့ သမီး ယူကာလို့ ထင်ပြီးတော့ ပတ်သက်မိသွားပါတယ်။ အန်နာကလည်း ဘိုင်ချောစကီးက ချုပ်ချယ်တာမို့ ထွက်ပြေးချင်နေပါတယ်။ ပိုဆိုးတာက မာချက်ခ်ဟာ အန်နာ ထွက်ပြေးဖို့ ကူညီလိုက်မိပါတယ်။ ဒီလိုနဲ့ ဒေါသယမ်းပုံပေါက်သွားတဲ့ ဘိုင်ချောစကီဟာ မာချက်ခ်အဖေကို ရိုက်နှက်ပြီး သူတို့ရဲ့ ကားဝင်းကိုလည်း မီးရှို့သွားပါတော့တယ်။ ယူကာကလည်း သူ့အဖေရဲ့ လုပ်ငန်းကြောင့် သူတန်ဖိုးထားတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ရတယ်ဆိုပြီး တားဆီးဖို့ ကြိုးစားနေသူပါ။ ဒီလိုနဲ့ မာချက်ခ်၊ အန်နာနဲ့ ယူကာတို့ ပူးပေါင်းပြီး ဘိုင်ချောစကီးကို သူတို့လိုချင်တာတွေရဖို့အတွက် လိမ်ဖို့ ကြိုးစားကြပါတော့တယ်…. အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy Quality…. 1080p | 720p File size… 1.5GB | 792MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Action • Thriller
5.5 2024
Fuks 2
Top Gunner: America vs. Russia

မင်းသားကြီး Tom Cruiseရဲ့ Top Gun Maverickလိုမျိုး အက်ရှင်ဇာတ်လမ်းကိုတင်ဆက်ပေးလိုက်ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်လိုမျိုးပဲ စစ်ကားဆိုရင် အမြဲတမ်းလိုလို တည်လေ့ရှိတဲ့ အမေရိကန်နဲ့ ရုရှားတို့ကြားက အရှုပ်အရှင်းကိစ္စလေးတွေမှာ အမေရိကန်နဲ့ ရုရှားတို့ရဲ့ လေကြောင်းတိုက်ခိုက်ရေးကို အဓိကထားရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ရုရှားသမ္မတ ဗဆီးလီယက်ဟာ အမေရိကန် ဝါရှင်တန်မြို့ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတက် လာရောက်မှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားမှာရှိနေတဲ့ CIAအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဗရောနီကာ့ဆီကို မိတ်ဆွေတစ်ဦးထံကနေ အရေးကြီးပြောစရာရှိတယ်ဆိုပြီး ခေါ်တွေ့ရာက ရုရှားကာကွယ်ရေးဝန်ကြီးက ရုရှားသမ္မတကို အမေရိကန်ခရီးစဉ် အမေရိကန်တို့ရဲ့မြေမှာ လုပ်ကြံပြီး အမေရိကန်အစိုးရကို အပြစ်လွှဲချပြီး သမ္မတလုပ်အာဏာသိမ်းမဲ့ အစီအစဉ်ဖြစ်ပါတယ်။ ရုရှားသမ္မတကလည်း ရောက်လာပြီမို့ သူတို့သိထားတဲ့ အစီအစဉ်ကို ကြိုတင်ပြောပြ ကာကွယ်ဖို့ အတော်လေးခက်ခဲနေတဲ့ အနေအထားမှာလည်းရှိနေပါတယ်။ အစပိုင်းလေးပဲ ပြောပြထားတာဖြစ်ပြီး နောက်မှာ ဇာတ်ကြောင်းတွေအများကြီးရှိသေးတာမို့ စစ်ပွဲတွေ၊ တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကြိုက်နှစ်တတ်တဲ့သူတွေ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.2 GB)/(650 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

Action • Horror
0 2023
Top Gunner: America vs. Russia
The Namesake
5.5

Namesake (2007) “နိုင်ငံရပ်ခြား တိုင်းတစ်ပါး” မင်းသား Irrfan Khan ရဲ့ အင်္ဂလိပ်စကားပြော အိန္ဒိယဇာတ်ကားဟောင်းလေး တစ်ပုဒ်ကို ပြန်လည်တင်ဆက်လိုက်ပါတယ် နယူးယောက်မှာနေတာ ၂ နှစ်ရှိပြီဖြစ်တဲ့ အာရှုတ်ခ်ဟာ ရိုးရိုးအေးအေး အိန္ဒိယသူလေး အာရှီမာနဲ့ မိဘသဘောတူလက်ထပ်လိုက်ပြီးနောက် အာရှီမာတစ်ယောက် အမေရိကားကို ယောင်လည်လည်နဲ့ လိုက်လာရပါတယ် နိုင်ငံရပ်ခြားမှာ ယဉ်ကျေးမှုမတူညီတာကို အသားမကျနိုင်တဲ့ အာရှီမာရဲ့ ဒုက္ခနဲ့ အထီးကျန်ဝေဒနာကို ဘယ်လိုကုစားမလဲ သားကလေး ဂိုဂေါ် မွေးလာတဲ့အခါမှာလည်း အမေရိကန်ဖွား အိန္ဒိယလူမျိုး ကလေးတစ်ယောက်ရဲ့ ဘဝမှာရော ဘယ်လိုအခက်အခဲတွေကြုံရမလဲ ဒီရုပ်ရှင်လေးမှာ ခံစားကြည့်ရှုကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

History • Thriller
5.5 2007 122 mins
The Namesake
Paru Parvathy
6.2

Paru Parvathy 2025 (ပါရူပါဗာသီရဲ့ ခရီးစဉ်) သား ၅ယောက်ရဲ့ မိခင် ပါရူဟာ သားတွေရဲ့ အချစ်ကိုခံရပေမဲ့လည်း သားတွေနဲ့အတူ လိုက်နေရမဲ့အစား အိမ်ကြီးထဲမှာပဲ တစ်ယောက်တည်းနေရင်း အထီးကျန်တဲ့ဘဝကို နေထိုင်နေသူတစ်ယောက်ပါ။ သားတွေကလည်း အလုပ်ကိုယ်စီနဲ့ အလုပ်များပေမဲ့ ဖုန်းတစ်ဂွမ်ဂွမ်ဆက်ပြီး အမေ့ကို ဂရုစိုက်ကြရှာပါတယ်။ ပါရူ့မှာ ခရီးသွားဘလော့ကာမလေး ပါယယ်ဆိုတဲ့ မိတ်ဆွေတစ်ယောက်ရှိပါတယ်။ သူတို့ဟာ အသက်အရွယ်ကွာဟပေမဲ့လည်း သူငယ်ချင်းတွေလိုနေကြပါတယ်။ တစ်ရက်မှာတော့ ပါရူတစ်ယောက်ဟာ သိပ်မကြာခင်ရက်အတွင်းမှာ သူ့ယောက်ျားနဲ့ မင်္ဂလာနှစ်ပတ်လည် အနှစ်၅၀ပြည့်ရောက်တော့မှာမလို့ ခင်ပွန်းဖြစ်သူကို တွေ့ချင်ကြောင်း ပါယယ်ကို ပြောရင်း သူတို့နှစ်ယောက်အတူ အဝေးမှာရှိတဲ့ခင်ပွန်းဖြစ်သူဆီကို ခရီးထွက်ဖို့ ဖြစ်လာပါတော့တယ်။ ဒီအချိန်မှာပဲ ပါရူပြနေကြ ဒေါက်တာက ပါရူရဲ့သားကြီးကို ခေါ်ကာ ပါရူ့မှာ လူကီးမီးယားရောဂါဖြစ်နေပြီဖြစ်ကြောင်းပြောလာတဲ့အချိန် ပါရူကတော့ ပါယယ်နဲ့အတူ ကားတစ်စီးနဲ့ထွက်သွားပါပြီ။ ဘယ်သူ့ကိုမှ မပြောဘဲ ထွက်လာတာဖြစ်လို့ ပါရူ့သားတွေခမျာတော့ ခေါင်းမီးတောက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ပါရူတစ်ယောက် ပါယယ်နဲ့အတူ ခရီးထွက်ရင်း ဘာတွေ ကြုံတွေ့ရမလဲ ….. သူ့ရောဂါအခြေအနေကရော ပေါ်လာမလား ….. ဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Drama • Science Fiction
6.2 2025 159 mins
Paru Parvathy