YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

for.all.mankind.s04e07.720p.(CM).mp4

333.89 MB 720p video/mp4 63 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Fault in Our Stars
7.6

IMDb Rating (7.6) / Rotten Tomatoes (81%) ဒီဇာတ်လမ်းခေါင်းစဉ်လေးကတော့ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲက စကားစုတိုလေးဖြစ်တဲ့ "the fault, dear Brutus, is not in our stars but in ourselves" "ဘရူးတပ်စ်ရယ် အပြစ်က ငါတို့ရဲ့ကြယ်တွေထဲမှာ မရှိပါဘူး ငါတို့ဆီမှာပါ" ဆိုတဲ့စကားစုလေးကနေ ယူသုံးလာတယ်ထင်ပါတယ်။ အဲဒီအဆိုဟာလဲ အမြဲမှန်နိုင်ပါ့မလား။ တခါတလေ ဘဝရဲ့ခါးသီးမှုတွေက ကိုယ်တိုင်ဘာမှ လုပ်မယူခဲ့ဘဲ ဘာအပြစ်မှမရှိဘဲ ကြယ်လေးတွေရဲ့အပြစ်(ကံကြမ္မာ)ပဲ ဖြစ်နေနိုင်မလား။ "ကျွန်မတို့ရဲ့ ကမ္ဘာကြီးထဲမှာ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးတွေကို ဘယ်လိုပုံစံနဲ့ပြောပြရမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် ရှင်တို့ အဲဒီဇာတ်လမ်းကို သကာလောင်းပြီး ပြောပြနိုင်သေးတာပေါ့။ သူတို့ အချစ်စိတ်ကူးယဉ် ရုပ်ရှင်နဲ့ ဝတ္ထုတွေမှာ လုပ်နေကြပုံအတိုင်း လှပတဲ့လူသားလေးတွေက လှပတဲ့သင်္ခန်းစာလေးတွေရပြီး ပီတာဂေဘရီရယ်ရဲ့ သီချင်းလေးတစ်ပုဒ်နဲ့တောင်းပန်လိုက်ရင် မပြေလည်နိုင်လောက်အောင် ပျက်စီးသွားတဲ့ပြသနာမျိုးလဲ မရှိဘူးပေါ့။ ကျွန်မလဲ အခြားကောင်မလေးတွေလိုပဲ အဲဒီလို ဇာတ်လမ်းလေးတွေကိုကြိုက်ပါတယ်။ ဒါပေမယ့် ယုံလိုက်ပါ အဲဒါတွေဟာ အမှန်တရားမဟုတ်ဘူး။ အမှန်တရားကို အခုပြောပြမယ်။ စိတ်မကောင်းပါဘူး။ " ဇာတ်လမ်းလေးရဲ့ နိဒါန်းလေးကို ဒီလိုပြောပြီးဖွင့်လှစ်လိုက်ပါတယ်။ ၂၀၁၄ ခုနှစ်ထွက် Drama,Romance ရုပ်ရှင်လေးပါ။ IMDb 7.8 နဲ့ပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ကင်ဆာနောက်ဆုံးဆင့်နဲ့ ဆယ်ကျော်သက်ကောင်မလေး ဟေဇယ်ဟာ ကင်ဆာဝေဒနာသည်တွေအချင်းချင်းနှစ်သိမ့်တဲ့ အဖွဲ့လေးမှာ တခြားကင်ဆာနဲ့ ဆယ်ကျော်သက်ကောင်လေး အောဂက်စ်တက် နဲ့ သိကျွမ်းလာရပါတယ်။ သူတို့ ၂ ယောက်ရဲ့ တွေ့တွေ့ချင်း အငြင်းပွားစရာခေါင်းစဉ်ကတော့ အာဂတ်စ်တက်က သူသေဆုံးပြီးနောက်မှာ မေ့ပစ်ခံရပြီးအလုံးစုံပျောက်ကွယ်သွားရမှာကို ကြောက်ရွံ့နေပါတယ်။ သူ့အိမ်မက်က လူတွေ သန်းပေါင်းများစွာက သူ့ကိုမှတ်မိနိုင်လောက်အောင် အရေးပါတဲ့သူ သို့မဟုတ် သူရဲကောင်းတစ်ယောက်လို ရှင်သန်ချင်နေခဲ့တာပါ။ ဟေဇယ်ကတော့ လူသားအားလုံးဟာ တစ်ချိန်မှာ ပျောက်ကွယ်ခြင်းအဖြစ်ကို ရှောင်လွှဲမရဘူး ဒီတော့ အဲဒါကို ကြောက်ရင် ဥပက္ခာပြုထားလိုက်ဖို့ပဲတွေးပါတယ်။ ပြီးတော့ လူတွေအားလုံးက အမှတ်တရဖြစ်နေဖို့ထက် တစ်ယောက်ထဲကပဲ ထာဝရအမှတ်ရနေပေးရင် လုံလောက်ပြီဆိုတဲ့ အတွေးနဲ့ ကောင်မလေးပါ။ တစ်နေ့မှာတော့  ဟေဇယ်ရဲ့ အကြိုက်ဆုံးစာအုပ်ဖြစ်တဲ့ An Imperial Affliction ကိုရေးတဲ့ စာရေးဆရာဆီက သူအမေးချင်ဆုံးမေးခွန်းတွေကို ဖြေပေးဖို့    အမ်စတာဒမ်ကို ဖိတ်ခေါ်လာတဲ့အခါ။ ဒါပေမယ့် ဟေဇယ်မိဘတွေကဒီခရီးအတွက်ပိုက်ဆံမတတ်နိုင်ကြပါဘူး။ ဟေဇယ်ကိုယ်တိုင်လဲ သေလောက်တဲ့ ရောဂါသည်ကလေးတွေကို ဆန္ဒတစ်ခု ဖြည့်ဆည်းပေးတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ်တဲ့ ဂျင်းနီတွေဆီမှာ ၁၃ နှစ်သမီးကတည်းက ဆန္ဒတစ်ခုတောင်းဆိုခဲ့ပြီးသား ဖြစ်နေတဲ့အခါ။ အောဂတ်စ်တက်ဟာ သူ့ရဲ့နောက်ဆုံးဆန္ဒတောင်းဆိုခွင့်လေးကို ဟေဇယ်နဲ့အတူ အဲဒီစာရေးဆရာဆီသွားဖို့ အသုံးချခဲ့ပြီး ဆယ်ကျော်သက်လေး နှစ်ယောက်ရဲ့ ခရီးစဉ်လေး စတင်လာတဲ့ခါ....... တခြားဇာတ်ကားတွေမှာ ဝမ်းနည်းစရာပြကွက်မှာ ဝမ်းနည်းပြီး ပျော်စရာပြကွက်မှာ ပျော်ရွင်ကြရပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး အမြင်မျိုးစုံနဲ့ ခံစားနိုင်ကြပါတယ်။ ကျွန်တော့်အမြင်မှာ အထူးခြားဆုံးခံစားချက်ကတော့ ဒီဇာတ်ကားလေးမှာ အပျော်ရွှင်ရဆုံး အခိုက်အတန့်တွေမှာတောင် ဟေဇယ်ရဲ့ နှာခေါင်းက အောက်စီဂျင်ပိုက်ကလေး တစ်ခုတည်းကနေ ဝမ်းနည်းမှုတစ်ခုကို အချိန်ပြည့် ရောထွေးနေစေတဲ့အတွက် ထူးဆန်းတဲ့ ခံစားမှုတစ်ခုကို အမြဲရနေခဲ့ပါတယ်။ မိတ်ဆွေတို့လဲ ကြည့်ပြီးရင် တစ်ခုခု ပြန်လာမျှဝေကြပါဦး။မူရင်းရသကို မမှီပေမယ့် အတော်လေး ကြည့်လို့ကောင်း တွေးလို့ကောင်း ခံစားလို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပြီး လူတိုင်း တစ်ခေါက်လောက်တော့ ခံစားကြည့်သင့်တဲ့ဇာတ်ကားမျိုးပါပဲ။ ဒီအောက်မှာရေးထားတဲ့အကြောင်းအရာလေးတွေကတော့ ဇာတ်လမ်းအတွင်းမှာ သုံးသွားတဲ့ တစ်ချို့ နာမည်လေးတွေရဲ့ နောက်ခံကို ပြန်ရှင်း ပြပေးထားတာပါ။ သူတို့၂ယောက် လည်ပတ်ခဲ့တဲ့ Anne Frank House အန်းဖရန့်ခ် အိမ် ဆိုတဲ့နေရာက ဒုတိယကမ္ဘာစစ်မှာ နာဇီလက်ထဲနေ အန်း ရဲ့ မိသားစု နဲ့ လူ၄ ယောက်ပုန်းခိုနေခဲ့တဲ့နေရာပါ။ အန်း ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ သေဆုံးသွားခဲ့ပေမယ့် သူရေးခဲ့တဲ့ ဒိုင်ယာရီနဲ့အတူ အဲဒီအိမ်ကလေးဟာ ကမ္ဘာကျော်နေရာတစ်ဖြစ်လာခဲ့ပါတယ်။ နောက်ပြီးတော့ နောက်ဆုံးမှာ ဗန်ဟောင်တန်ပြောခဲ့တဲ့ Omnis cellula e cellula (လက်တင်-ပြင်သစ် ထင်ရပါတယ်) ဆဲလ်အားလုံးဟာ ဆဲလ်တွေကပဲ ဖြစ်ပေါ်လာတယ်ဆိုတာ ဂျာမန်ရောဂါဗေဒပညာရှင် Rudolf Virchow ရဲ့ ထင်ရှားတဲ့ သီအိုရီ တစ်ခုပါပဲ။ Trolley Problem ဆိုတဲ့ စကားစုလေးကလဲ  Philippa Foot က ၁၉၆၇ မှာ စတင်မိတ်ဆက်ခဲ့တဲ့ လူကျင့်ဝတ်ဆိုင်ရာ အတွေးအခေါ်မေးခွန်းတစ်ခုပါ။ မူရင်းကတော့ ရထားလမ်းအတိုင်း လိမ့်ဆင်းလာတဲ့လှည်းတစ်ခုရဲ့ လမ်းကြောင်းပေါ်မှာ လူ ၅ ယောက်ကို မလှုပ်နိုင်အောင် ကြိုးချီထားခဲ့ပါတယ်။ အဲဒီရထားလှည်းကို လမ်းကြောင်းပြောင်းပေးနိုင်တဲ့ လီဗာ အနီးမှာ လူတစ်ယောက်ရှိနေပါတယ်။ တကယ်လို့ သူဟာလီဗာကို ဆွဲလိုက်ရင် လမ်းကြောင်းပြောင်းသွားမှာပါ။ ဒါပေမယ့် ခင်ဗျားပြောင်းမဲ့လမ်းကြောင်းပေါ်မှာလဲ လူတစ်ယောက်ကို တွေ့လိုက်တဲ့အခါ။ (၁) လီဗာမဆွဲဘဲ လူ ၅ယောက်ကို အသေခံမယ် (၂) လီဗာဆွဲပြီး ဘေးလမ်းက လူကို အသေခံမယ် ဆိုရင် ဘယ်အရာက မှန်ကန်တဲ့ ရွေးချယ်မှုလဲ ဆိုတာပါပဲ။ File size…(2.8 GB)/ (1 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:12:53 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Littleneo

Drama • Romance
7.6 2014 126 mins
The Fault in Our Stars
The Curious Case of Dolphin Bay
5.8

Mystery နဲ့ လူငယ်ကားလေးတွေကြည့်ရတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် The Curious Case of Dolphin Bayဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အားလုံးလည်း သိပြီးကြတဲ့အတိုင်း ကမ္ဘာကြီးက တဖြည်းဖြည်းပူနွေးလာပြီး ပင်လယ်ပျော်သတ္တဝါတွေလည်း မျိုးတုံးလာကြပါတယ်။ ဒီလိုပင်လယ်သတ္တဝါတွေမျိုးတုံးလာမှုကို ဖြေရှင်းချင်ပြီး ပင်လယ်ချစ်တတ်တဲ့ Quinnဟာ ကျောင်းပိတ်ရက်မှာ သြစတေးလျမှာရှိတဲ့ အဏ္ဏဝါဇီဝဗေဒစင်တာ တစ်ခုမှာ အလုပ်သင်လုပ်ဖို့ လင်းပိုင်ပင်လယ်အော်ကို လာခဲ့ပါတယ်။ အလုပ်သင်ဆင်းတဲ့ လူငယ်လေးယောက်ထဲမှာမှ Teddyဆိုတဲ့ကောင်လေးက အဏ္ဏဝါဇီဝဗေဒကို စိတ်ဝင်စားလို့မဟုတ်ဘဲ ဒီပင်လယ်အော်မှာရှိနေတဲ့ ရတနာသိုက်ရှာဖို့ လာခဲ့တာပါ။ စိတ်ကူးယဥ်ဆန်ဆန် Mysteryတွေကို ဖြေရှင်းချင်တဲ့ Teddyနဲ့ လက်တွေ့ကိုပဲ ယုံကြည်တဲ့ သိပ္ပံသမား Quinnတို့ ဘယ်လိုတွေ သူငယ်ချင်းဖြစ်သွားကြမလဲ။ ပြီးတော့ ဒီပင်လယ်အော်မှာပဲ ခြောက်လှန့်နေတဲ့ ရတနာသိုက်ရှာတစ္ဆေတစ်ကောင်လည်း ရှိနေပါသေးတယ်။ အဲဒီကိစ္စကိုရော Quinnတို့ ဘယ်လိုအဖြေရှာကြမလဲ..... ဒီကားကိုကြည့်ရတာတန်စေတဲ့ အကြောင်းအရင်းတွေကတော့ ပင်လယ်ကမ်းခြေရှုခင်းတွေ သန္တာကျောက်တန်းဇီဝမျိုးကွဲတွေကို တွေ့ရတာအပြင် အဆင်ချောချောလေးကို ငမ်းရတာလည်းပါပါသေးတယ် File size…(1.88GB) / (969MB) / (490MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:23:00 Genre...Adventure / Family / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jane

Drama • Horror • Romance
5.8 2022 83 mins
The Curious Case of Dolphin Bay
G.O.R.A.
7.3

IMDb - 8 ဒီတစ်ခေါက်မှာတော့ CM ပရိသတ်တွေအတွက် ပါးစပ်မစိအောင်ရယ်ရမယ့် Gora ဆိုတဲ့ တူရကီရုပ်ရှင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 2004 ကထွက်ခဲ့တာဖြစ်ပြီး အဲ့နှစ်အတွက် ဝင်ငွေအကောင်းဆုံး တူရကီရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ အာရိ အမည်ရတဲ့ ကော်ဇောရောင်းတဲ့ လူလည်တစ်ယောက်ရဲ့ စွန့်စားခန်းအကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ အမြဲလူလည်ကျတတ်တဲ့ အာရိတစ်‌ယောက် တစ်နေ့မှာတော့ ဂိုရာဆိုတဲ့ ဂြိုဟ်က ဂြိုဟ်သားတွေရဲ့ပြန်ပေးဆွဲတာ ခံလိုက်ရပါတော့တယ်။ အဲ့ဒီနောက်မှာ မထင်မှတ်တဲ့အလှည့်အပြောင်းတွေ စတင်ကြုံရပါတော့တယ်။ ပါးစပ်မစိအောင် ခွီရမှာဖြစ်ပြီး pop culture reference တွေရော sci-fic ရုပ်ရှင်တွေ စာအုပ်တွေပါ ပြောင်ထားတာတွေ့ရမှာပါ။ File size…(2.44GB)/(1.38GB)/(858MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:07:00 Genre...Comedy /Aventure / Sci -Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SPK

Comedy • Drama • Romance
7.3 2004 127 mins
G.O.R.A.
Elevator Game

ကြောက်စရာသရဲဂိမ်းတွေကို ဆော့ပြပြီး ကြည့်ရှုသူတွေအားပေးထောက်ခံမှုကို အတော်ထားရတဲ့ အထက်တန်းကျောင်းပြီးခါစသူငယ်ချင်းငါးယောက်ဟာ သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒီရှိုးကို အသက်မွေးဝမ်းအကြောင်းတစ်ခုအနေနဲ့ လုပ်ဖို့ရည်ရွယ်ထားကြတယ်။ ငါးယောက်ထဲမှာ ကယ်ဗင်က စပွန်ဆာရအောင်ရှာဖွေရပြီး ခရစ်၊မက်တီနဲ့ ကလိုဝီတို့ကတော့ လူတွေစိတ်ဝင်စားလာအောင် သရဲဂိမ်းတွေ ကိုဆော့ပြရတယ်။ နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ အစ်ဇီကတော့ တည်းဖြတ်ရေးပိုင်းကို တာဝန်ယူရတယ်။ တစ်နေ့ သူတို့ကုမ္ပဏီကိုအထက်တန်းကျောင်းတက်လက်စ ကျောင်းသားတစ်ယောက်က volunteer အနေနဲ့ကူညီပေးဖို့ရောက်လာတယ်။တစ်ဖွဲ့လုံးက အပိုင်းသစ်ရိုက်ကူးဖို့အတွက် အကြံကုန်နေကြတဲ့အတွက် လူသစ်လေး Elevator Game ကိုကစားလို့ရကြောင်း ပြောလာတယ်။ အရင်က ခရစ်က ဒီဂိမ်းအကြောင်းကိုပြောခဲ့ပေမယ့် ကြည့်ရှုသူတွေ ပျင်းမှာစိုးလို့ မလုပ်ချင်ကြောင်းပြောပြတယ်။ ဒါပေမဲ့ ရှေ့အပိုင်းမှာ စပွန်ဆာ product ကို သေချာရိုက်မပြခဲ့တဲ့အတွက် စပွန်ဆာ ကုမ္ပဏီကတင်းပြီးတော့ တစ်ပတ်အတွင်း အပိုင်းသစ်လုပ်ခိုင်းတယ်။ မလုပ်နိုင်ရင် ငွေကြေးမထောက်ပံ့တော့ဘူးဆိုပြီး ပြောလာတဲ့ အတွက် လူသစ်လေးရဲ့အကြံအတိုင်းလုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ Elevator Game ဟာ အွန်လိုင်းပေါ်မှာနာမည်ကြီး ဆော့တဲ့သူတွေဟာ ဂိမ်းဆော့နေရင်းနဲ့ပျောက်သွားကြောင်း ကလိုဝီတို့အဖွဲ့သိလိုက်ကြတယ်။ သရဲကားတို့ထုံစံအတိုင်း Elevator Game ရဲ့ သံမဏိစည်းမျဉ်းကို ကလိုဝီတို့အဖွဲ့ချိုးဖောက်လိုက်တဲ့အခါမှာတော့…….. File size…1.05 GB / 624 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

0 2023
Elevator Game
Evie

Evie (2023) Psychological နဲ့ Demonic Creature နှစ်ခုပေါင်းစပ်ထည့်သွင်းထားတဲ့ Horror အမျိုးအစားဖြစ်ပါတယ်။ ရှေးတုန်းက Britain နဲ့ ဗိုက်ကင်းတွေရဲ့ ဒဏ္ဍာရီလာ ရှေးဟောင်းပစ္စည်းတွေနဲ့ ဆက်စပ်ထားပါတယ်။ ငယ်ငယ်တုန်းက မိဘနှစ်ပါးရယ် အစ်ကိုဖြစ်သူတိုနီရယ်နဲ့ ပင်လယ်ကမ်းစပ်မှာ ပျော်ပွဲစားထွက်ခဲ့တဲ့ အီဗီဟာ ဆော့ကစားရင်း ရှေးဟောင်းလည်ဆွဲတစ်ခု ကောက်ရခဲ့ပါတယ်။ အဲ့လည်ဆွဲမှာ သူနဲ့ သူချစ်ရတဲ့သူတွေရဲ့ဘ၀ကို ဖျက်ဆီးမယ့် ရေနတ်ဆိုးကပ်ပါလာတာကိုတော့ မသိခဲ့ပါဘူး။ အီဗီ အဲဒီလည်ဆွဲကို ဆွဲပြီးကတည်းက သူတို့မိသားစုမှာ ကြောက်စရာကောင်းပြီး ဆိုးဝါးတဲ့အဖြစ်တွေနဲ့ ကြုံခဲ့ရပါတယ်။ အီဗီတို့ အမေလည်း သေသွားပြီး အဖေက သူတို့မောင်နှမနှစ်ယောက်ကို မကြည့်နိုင်ဘဲ မိဘမဲ့ဂေဟာကို ပို့ပစ်ခဲ့ပါတယ်။ မောင်နှမနှစ်ယောက် ကွဲကွာသွားပြီး ပြန်ဆုံတဲ့အချိန်မှာ အီဗီက ငယ်ငယ်က အဖြစ်တွေကို သိပ်မမှတ်မိပါဘူး။ သူတို့အဖေကလည်း စိတ်ကျန်းမာရေးချို့တဲ့ပြီး ဆေးရုံတက်နေရပါတယ်။ နတ်ဆိုးစွဲကပ်နေတဲ့ အီဗီက သူ့ကိုယ်သူ ကယ်တင်နိုင်မလား… သူ့အစ်ကို တိုနီကရော အီဗီကို ဘာလို့ ပြန်ဆက်သွယ်ခဲ့တာလဲ… အီဗီတို့မိသားစုရဲ့ကံကြမ္မာက လည်ဆွဲနဲ့ သက်ဆိုင်နေလား… ဆိုတာ အတွေးပွားရင်း ကြည့်ရှုခံစားလိုက်ကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 665MB Quality – 1080p, 720p Format – mp4 Duration – 1H 23Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2023 83 mins
Evie
Bad Day for the Cut
6.5

Bad Day For The Cut ဇာတ်ကားဟာ ၂၀၁၇ မှာ ထွက်ရှိခဲ့တဲ့ action drama ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်… ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင်တော့ ဒိုနယ်ဆိုတဲ့ လူလတ်ပိုင်းတစ်ယောက်က သူ့ရဲ့ ချစ်လှစွာသော မိခင်နဲ့ အတူနေထိုင်နေပါတယ်, တနေ့မှာတော့ သူ့ရဲ့မိခင်ကို ဘယ်ကမှန်း မသိတဲ့ လူ ၂ ယောက်က လာရောက်လုပ်ကြံသတ်ဖြတ်သွားတဲ့ အခါမှာ ဒိုနယ်တစ်ယောက် လုံးဝစဉ််းစားရ ခက်သွားပါတယ်, သူတို့လို လူမသိသူမသိ တောရွာက သားအမိကို တစ်ကူးတက လာရောက်သတ်သွားရတဲ့ အကြောင်းရင်းကို လိုက်ရှာရင်း သူ့ကိုယ်သူ ဒုက္ခတောထဲ ရောက်မှန်းမသိ ရောက်သွားရင်း ဘယ်လိုရုန်းကန်လွတ်မြောက်နိုင်မလဲ.. သူ့အမေရဲ့နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိမလဲ ဆိုတာတွေကို စိတ်လှုပ််ရှားဖွယ်ရာ ကြည့်ရှုရမဲ့ ဇာတ်ကား ကောင်းလေးတစ်ကား ဖြစ်ပါတယ်…. File size…1GB / 459MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Drama
6.5 2017
Bad Day for the Cut
Pushing Hands
7.2

Pushing Hands ( 1991 ) ====================== Pushing Handsဟာ အန်းလီရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်သလို “Father Knows Best” trilogyထဲက ပထမဆုံးကားလည်းဟုတ်တယ်။ ဒီtrilogyက ရိုးရာမပျက်သေးတဲ့ မျိုးဆက်က အဖေတွေရယ် ပြောင်းလဲတဲ့ကမ္ဘာကြီးက ကလေးတွေရယ်ကြားက ပဋိပက္ခတွေကို ပြထားတဲ့ရုပ်ရှင်တွေပေါ့။ ဒီtrilogyမှာ ဒီကားအပြင် The Wedding Banquet (1993) နဲ့ Eat Drink Man Woman (1994)လည်း ပါတယ်။ ဒီသုံးကားလုံးဟာ မတူတဲ့ဇာတ်တွေပေမဲ့ သူတို့အဖေနေရာက သရုပ်ဆောင်တဲ့ သူကတော့ ထိုင်ဝမ်မင်းသားကြီး Sihung Lungတစ်ယောက်တည်းပဲ။ အန်းလီဟာ ဒုတိယ ထိုင်ဝမ်နယူးဝေ့ရဲ့ ထင်ရှားတဲ့ ဒါရိုက်တာတွေထဲ ပါနေတာလည်း ဒီသုံးကားကြောင့်ပဲလို့ ပြောရမယ်။ ဒီသုံးကားနောက်ပိုင်းမှာ အန်းလီဟာ ဟောလိဝုဒ်မှာပဲ ရုပ်ရှင်အရိုက်များခဲ့တယ်။ ပြောရရင် နောက်ပိုင်း Crouching Tiger, Hidden Dragonတို့ Lust, Cautionတို့လို ကားမျိုးတွေကို သူပြန်ရိုက်ခဲ့သေးပေမဲ့ ဒီ Trilogyလို ထိုင်ဝမ်အရသာစစ်စစ် ပေးနိုင်တဲ့ ရုပ်ရှင်တွေတော့ သူအခုထိ လုံးဝထပ်မရိုက်ခဲ့ဘူး။ ဒါပေမဲ့လည်း ဒီသုံးကားဟာာ ထိုင်ဝမ်စီနီမာက အန်းလီရဲ့ နေရာတစ်နေရာကို အခုထိ မှတ်ကျောက်တင်ပေးနိုင်တုန်းပါပဲ။ တရုတ်ယဉ်ကျေးမှုကိုလည်းပြသလို အနောက်ပိုင်းယဉ်ကျေးမှုကိုလက်ခံလာပုံကိုလည်း ပြထားတဲ့ “Father Knows Best” trilogy သုံးကားဟာ သူ့နာမည်အတိုင်း ဖခင်တွေရဲ့ ဇာတ်ကြောင်းတွေဆိုလည်းဟုတ်တယ်။ အသက်၂၅နှစ်မှာ ထိုင်ဝမ်ကနေ အမေရိကန်ကိုသွားခဲ့တဲ့ အန်းလီရဲ့ အတွေ့အကြုံတွေ အမြင်တွေအပေါ် အခြေခံထားတယ်ဆိုလည်းဟုတ်တယ်။ သူ့လိုလူတွေအကြောင်းဆိုလည်း ဟုတ်တယ်။ ဇာတ်ကတော့ အမေရိကမှာ အလုပ်လုပ်ရင်း အမေရိကန်သူနဲ့ အိမ်ထောင်ကျနေတဲ့ သားဖြစ်သူဆီ သွားနေတဲ့ ထိုက်ကျိသိုင်းဆရာတရုတ်အဘိုးကြီးတစ်ယောက်နဲ့ မိန်းမနဲ့အဖေရဲ့ ပဋိပက္ခတွေကြား ဗျာများရတဲ့ သားတစ်ယောက်အကြောင်းပဲ။ အဘိုးကြီးက အမေရိကကို လာနေတာ တစ်လပဲရှိသေးပေမဲ့ ဘာသာစကားလည်းမတူတော့ စကားလည်းပြောမရသလို ယဉ်ကျေးမှုမတူတော့ တစ်ယောက်လုပ်ရပ်တွေဟာ တစ်ယောက်အမြင်မှာ ထောင့်မကျိုးဖြစ်နေတော့ သူ့ချွေးမနဲ့ သူက မတည့်အတူနေဆိုသလိုဖြစ်နေတယ်။ အိမ်ကလည်း ကျဉ်းတော့ သူ့ချွေးမရဲ့အလုပ်ခန်းထဲ သူဝင်နေရတော့ အခြေအနေက ပိုဆိုးသွားတယ်။ သူ့မြေးကို သူချစ်သလို သူ့အမေကလည်း သူ့သားကိုချစ်တော့ နှစ်ယောက်ရဲ့ မတူညီတဲ့ပျိုးထောင်ချင်ပုံတွေကလည်း ပြဿနာဖြစ်လာတယ်။ ဒီလိုနဲ့ ပြဿနာက တစ်စတစ်စကြီးလာတဲ့အခါ သားဖြစ်သူက ဘယ်ဘက်ကိုရွေးပြီး ဘာတွေဆက်လုပ်မလဲ။ အဖိုးကြီးကပဲ အလျှော့ပေးမလား ချွေးမကပဲ အလျှော့ပေးမလား ကြည့်ရမယ့်ဇာတ်ပါပဲ။ ဇာတ်ကတော့ ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကြုံနေမြင်နေရတာတွေနဲ့ ခပ်ဆင်ဆင်ဖြစ်နေတဲ့ဇာတ်ဆိုတော့ ကြည့်ရတာအရသာရှိသလို အဖိုးကြီးရဲ့ ထိုက်ကျိသိုင်းတစ်ဖက်ကမ်းခတ်ကျွမ်းခြင်းကလည်း ဒီဇာတ်လမ်းရဲ့ အဆင်တန်ဆာတစ်ခုအဖြစ် ပိုကြည့်လှစေခဲ့တယ်။ Pushing Hands ( 1991 )ဟာ နေ့သစ်တွေမှာ နေ့ဟောင်းတွေကို မမေ့ဖို့ အကြောင်းလို့ ပြောလည်းရမယ် ထင်တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File size_(1.1GB) Quality_Blu-Ray 720p Format_mp4 Duration_0::00 Genre_Comedy, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung

7.2 1991
Pushing Hands
Legacy of Rage
6

ဒီတစ်ခေါက်ကတော့ ကွန်ဖူးအက်ရှင်ကားကြိုက်တဲ့ သူတွေအတွက် အပျင်းပြေစေမယ့် ရုပ်ရှင်လေးတစ်ကားပါ ၁၉၈၆ ခုနှစ်ကထွက်ခဲ့ပြီး ကွန်ဖူးရုပ်ရှင်လောကရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Bruce Lee ရဲ့ သားဖြစ်သူ Brandon Lee ခေါင်းဆောင်မင်းသားအနေနဲ့ ပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သာမာန် ကွန်ဖူးအက်ရှင် ဇာတ်လမ်းဆိုပေမယ့် Brandon lee ရဲ့ သရုပ်ဆောင်ကွက်တွေနဲ့ တိုက်ခိုက်ရေးဟန်တွေမှာ ဖခင်ဖြစ်သူရဲ့ ပုံရိပ်တွေကို ထင်ဟပ်နေတာကြောင့် Bruce Lee ကိုလေးစားအားကျရတဲ့သူတွေအတွက်တော့ အလွမ်းပြေစေမှာပါ။ Crow ဇာတ်ကားနဲ့ အောင်မြင်မှုတော်တော်ရခဲ့တဲ့ Brandon Lee ကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့လည်း ဒိရုပ်ရှင်ကြည့်ပြီး သူ့ကို ပြန်လည်အမှတ်ရစေဖို့ ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။ T Hmue မှ ဘာသာပြန်၊ အညွှန်းရေးသည် File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre… Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue

6 1986
Legacy of Rage
The Vanished Murderer
Ballistic
5

ဘက်ခ် ဟာ သူ့ညီမကို သတ်ပြီး သူတိုမိသားစုကို ပျက်စီးစေခဲ့တဲ့ လူသတ်သမားကို ပြန်လက်စားချေဖိုစိတ်နဲ့ ရှင်သန်နေထိုင်လာခဲ့ပါတယ်။ အဲ့ဒီနောက် လူသတ်သမား လျှော့ရက်နဲ့ ထောင်က လွတ်လာတဲ့ အခါမှာတော့ ဘက်ခ်ဟာ ညီမဖြစ်သူအတွက်လက်စားချေဖို ကြိုးပမ်းပါတော့တယ်။ ဒီလူသတ်သမားကလည်း တစ်ခြားသူမဟုတ်ဘဲ သူတိုမြိုမှာ ဒုစရိုက် ပေါင်းစုံလုပ်တဲ့ အဖွဲခေါင်းဆောင် ဘွတ်ချ် ဖြစ်နေပါတယ်။ ဒီတော့ ခေါင်ကို ဖြိုဖိုဆိုတာ သူ့ဘေးနားမှာဝိုင်းနေတဲ့ တပည့်တွေကလည်း ရှိသေးတော့ ဘက်ခ်အတွက် လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဒါဆို ဘက်ခ်ဟာ သူတစ်ချိန်လုံးစောင့်ဆိုင်းခဲ့ရတဲ့ သွေးကြေးကို ရယူဖိုဖြစ်နိုင်မလား၊ ဘယ်လိုတွေကြိုးပမ်းသွားမလဲ ဆိုတာနဲ့ ဘဝနဲ့ရင်းပြီး လက်စားချေတာကရော သူ့အတွက် တကယ်မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်မလားဆိုတာ ရှုစားနိုင်မှာဖြစ်ပါတယ်။ File size… (1.72GB) / (883MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mona

Comedy
5 2024 95 mins
Ballistic
Anyone But Her Todas menos tú
4.9

Anyone But Her (2024) ရိုမန်တစ်ကော်မတီတွေဟာ ကြည့်ရှုသူတိုင်းအတွက် entertain အဖြစ်ဆုံး genre တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ သမာရိုးကျ မင်းသားနဲ့မင်းသမီးတင်မဟုတ်ဘဲ ဇာတ်ကွက်ထဲမှာ သူငယ်ချင်းတွေပါ ပါလာပြီဆိုရင်တော့ ဘယ်လိုထင်သွားကြမလဲပေါ့။ ဒီဇာတ်ကားတော့ Romance အပြင် Comedy ကိုပါ ဆန်းပြားတဲ့နည်းလမ်းနဲ့ ထည့်သွင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဆန်ဒရာ၊ လူးဝစ်၊ ဂါဘီ၊ ရောဘတ်တို၊ နော်မာ နဲ့ ဖာဘီယန်တို့ဟာ တက္ကသိုလ်ကျောင်းသားဘဝကတည်းက အရမ်းခင်ကြတဲ့သူတွေပါ။ ဘယ်လောက်ထိခင်ကြလဲဆိုရင် သက်ထက်ဆုံးလက်တွဲဖော်ရရင်တောင်မှ သေကွဲပဲကွဲမယ်ဆိုပြီးတော့ တစ်အိမ်ထဲမှာ သွေးနှောတဲ့မိသားစုသဖွယ်နေကြတဲ့သူတွေပါ။ ဖြစ်ချင်တော့ ဆန်ဒရာနဲ့ လူးဝစ်တို့က အရင်က ချိတ်ဟောင်းရှိခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးနဲ့ပြတ်သွားပြီး လူးဝစ်က သူငယ်ချင်းတွေနေရာအိမ်နဲ့ ခဏလောက်ဝေးသွားပါတယ်။ ဒီလိုနဲ့ တစ်ညမှာ သူငယ်တွေအားလုံးမိတ်ဆုံစားဖို့ ချိန်းထားကြတဲ့အချိန်မှာ လူးဝစ်ပါပြန်ရောက်နေတာကို ဆန်ဒရာတစ်ယောက်တွေ့လိုက်ရပါတယ်။ ex ကို ရင်ပြန်ခုန်ချင်သလိုဖြစ်သွားတဲ့ ဆန်ဒရာတစ်ယောက် သူငယ်ချင်းတွေမြှောက်ပေးမှုနဲ့ လူးဝစ်နဲ့ ပြန်ချိန်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကံဆိုးချင်ပြန်တော့ အဲဒီလိုပြောတော့မယ့်အချိန်ကျခါမှ လူးဝစ်က သူ့ရဲ့လက်ရှိကောင်မလေးနဲ့ လက်ထပ်တော့မယ်ဆိုပြီးဖြစ်လာပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေသစ္စာဆိုထားတဲ့ သေတူရှင်မကွဲဆိုတာကို ဥပေက္ခာပြုတဲ့သဘောမျိုးဖြစ်သွားတဲ့ လူးဝစ်ရဲ့မင်္ဂလာပွဲကို ဆန်ဒရာရော တခြားသူငယ်ချင်းတွေကပါ မကူချင်ကူချင်နဲ့ ကူရပါတော့တယ်။ ဒီလိုနဲ့ ဇာတ်လမ်းတစ်လျှောက် ဘယ်လိုဟာသတွေ အဖျက်အမှောက်တွေဖြစ်လာမလဲဆိုတာကို ရသဆန်ဆန်ကြည့်ရှရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.8 GB) / (820 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:32:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

History • Drama
4.9 2024
Anyone But Her Todas menos tú
Elevation
5.8

Elevation (2024) IMDb Rating (5.8) / Rotten Tomatoes (55%) တစ်ကမ္ဘာလုံးမှာ စိမ့်တွင်းတွေ ပေါ်ပေါက်လာပြီး စိမ့်တွင်းထဲက ထူးဆန်းတဲ့သတ္တဝါကြီးတွေက လူသားမျိုးနွယ်ကို အမဲလိုက်သတ်ဖြတ်လာတဲ့အခါ… ဇာတ်လမ်းအကျဉ်း ကမ္ဘာပေါ်မှာ စိမ့်တွင်းတွေပေါ်ပေါက်လာပြီး ဒီစိမ့်တွင်းထဲက သတ္တဝါဆန်းတွေက လူသားမျိုးနွယ် ၉၅ ရာခိုင်နှုန်းကို အမဲလိုက်သတ်ဖြတ်ခဲ့ပါတယ်။ တစ်ခုထူးဆန်းတာက ဒီသတ္တဝါတွေက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၈၀၀၀ ကျော်တဲ့အထိ မတက်လာနိုင်ပါဘူး။ ဒါကြောင့် အသက်ရှင်ကျန်ရစ်တဲ့လူသားမျိုးနွယ် ၅ ရာခိုင်နှုန်းဟာ ပေ ၈၀၀၀ အထက်မြင့်တဲ့ တောင်ထိပ်တွေမှာ စခန်းချနေထိုင်ရပါတယ်။ ဒီအချိန်မှာ ဇာတ်ဆောင်ဖြစ်သူ ဝီလ်ဟာ ကျန်းမာရေးချူချာလို့ အောက်ဆီဂျင်သွင်းနေရတဲ့ သားဖြစ်သူအတွက် လေသန့်စက်လိုအပ်တဲ့အတွက် တောင်အောက်ကို ဆင်းဖို့ အကြောင်းဖန်လာပါတော့တယ်။ တစ်ချိန်တည်းမှာ ရူပဗေဒပညာရှင် နီနာကလည်း ဒီသတ္တဝါတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ပြုမူနေထိုင်ပုံကိုလေ့လာနေပြီး တောင်အောက်မှာရှိတဲ့ သူ့ဓာတ်ခွဲခန်းကို သွားချင်နေပါတယ်။ အဲဒီဓာတ်ခွဲခန်းမှာ သူ့လေ့လာတွေ့ရှိချက်တွေနဲ့ဆို စမ်းသပ်လိုက်ရင် ဒီအကောင်တွေကို သတ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဒီတော့ ဒီသတ္တဝါဆန်းတွေက ဘယ်ကနေ ပေါက်ဖွားလာတာလဲ၊ သူတို့ကို ဘာက အနိုင်ယူနိုင်မှာလဲ၊ ကျန်ရှိတဲ့ လူသားမျိုးနွယ်မှာရော မျှော်လင့်ချက်ရှိပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။) File size…(3.9 GB) / (1.4 GB) / (800 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Sci-Fi, Thriller Duration….01:31:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Matteo

Comedy • Horror • Thriller
5.8 2024 91 mins
Elevation
Better Luck Tomorrow
7

Better Luck Tomorrow (2002) IMDb Rating (7.0) / Rotten Tomatoes (81%) Director Justin Lin ရိုက်ကူးခဲ့ပြီး၊ အတိတ်ကာလက ကျောင်းသားလေးတွေ ရင်ဆိုင်နေရတဲ့ စိတ်အခြေအနေတွေ ရည်မှန်းချက်တွေနဲ့ လက်တွေ့အခြေအနေတွေကို ဖော်ပြတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ အောင်မြင်မှုအတွက် စိတ်နဲ့ ငြိမ်းချမ်းသော ဘဝမှာ အကြမ်းဖက်မှုတွေကို စတင်ခဲ့တဲ့ အပေါ်လွတ်လပ်ချင်တဲ့ ကျောင်းသား Ben (Parry Shen) ရဲ့ ဘဝအမြင်ကနေကြည့်ရပါမယ် ။ Ben ဟာ သူ့ရဲ့ အဖွဲ့သားတွေအပါအဝင် Virgil (Jason Tobin) နှင့် Steve (Sheng-Wei Liao) တို့ဟာ အကြမ်းဖက်မှုများအတွင်း ဝင်ရောက်ပြီး မကောင်းမှုတွေပိုလုပ်ဖြစ်လာပါတယ်။ ဇာတ်လမ်းက အရင်က ပျော်ရွှင်သော အချိန်များ နဲ့ မတည်တံ့တဲ့ အဖြစ်အပျက်တွေကို ပေါင်းစပ်ပြီး ရုပ်ရှင်ရဲ့ ပြင်းထန်မှုတွေကို ခံစားရစေပါတယ်။ ဒါကအချိန်လွန်ပြီးသွားပေမယ့် ခေတ်မီတဲ့ လူငယ်တွေရဲ့ ကိုယ်ပိုင်အတွေး ယုံကြည်မှုတွေကို လေ့လာရတာတင် မဟုတ်ဘဲ၊ လူတွေကို ပြသတဲ့ စိတ်ကူးကို ပါမြင်ရပါမယ်။ Better Luck Tomorrow ရုပ်ရှင်ကို Justin Lin ရိုက်ကူးထားပြီး Parry Shen ရဲ့ အခန်းကတွေကတော့စိတ်သက်သက်သာသာနဲ့ မိုက်ပါတယ် ။ လူငယ်ဆန်ဆန် အတွေးတွေမြင်ချင်ရင်တော့ကြည့်ကောင်းတဲ့ဇာတ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2.8 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime,Drama, Romance Duration….01:39:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

7 2002 101 mins
Better Luck Tomorrow
Tears Of No Regret
5.5

Tears of No Regrets ဆိုတဲ့ တရုတ်ကားလေးကို တင်ပေးလိုက်ပါတယ် ဒီကားလေးက စွန်းဝူခုန်းကားတွေထဲမှာ low budget နဲ့ ရိုက်ထားတဲ့ ဇာတ်ကားကောင်းတလေးတစ်ခုပါ။ ဒီကားလေးကတော့ မူရင်းအနောက်အရပ်ခရီးနဲ့ မတူဘဲ ဝူခုန်းရဲ့ အချစ်ဇာတ်လမ်းကို ပုံစံတစ်မျိုးနဲ့ ပုံဖော်ထားတာပါ။ ဒီကားလေးမှာတော့ အနောက်ခရီးကအပြန် ဝူခုန်းနဲ့ သူ့ဆရာလမ်းခွဲပြီးနောက် ဝူခုန်းတစ်ယောက်မိစ္ဆာစိတ်ဖုံးပြီး သူ့ဆရာသူပြန်သတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဒီမိစ္ဆာစိတ်က ဘယ်သူကြိုးကိုင်ခဲ့တယ်ဆိုတဲ့ အဖြေကို ရှာရာကနေ လွန်ခဲ့တဲ့ နှစ် ၃၀၀ ကိုပြန်သွားရာကနေ ဇာတ်လမ်းပုံဖော်ခဲ့တာပါ။ အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာထက်ကို ပိုတယ်။ တကယ့်ကို low budget နဲ့ လုပ်ထားတယ်ဆိုတာကို မယုံနိုင်လောက်အောင် ကောင်းနေတဲ့ ဇာတ်ကားကောင်းလေးပါ။

Action • Adventure • Science Fiction
5.5 2020 71 mins
Tears Of No Regret