YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Football Youth (2024) 720p WEB-DL CM.mp4

685.46 MB 720p video/mp4 275 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Master Gardener
6.2

Master Gardener (2022) ~ IMDb - 6.3/10, Rotten Tomatoes - 70% ~ "God's Lonely Man" ဘုရားသခင်ရဲ့အထီးကျန်လူ တနည်းအားဖြင့် သင်းကွဲလူ ဆိုတာကို ဒါရိုက်တာကြီး Martin Scorsese ရဲ့ Taxi Driver ထဲမှာလည်းကြားဖူးခဲ့မှာပါ။ လူ့အဖွဲ့အစည်းနဲ့သိပ်မရော မအပ်စပ်ဘဲ တစ်ယောက်တည်း နေ့စဉ်ဓူဝ ကိုယ့်အတွေးနဲ့ကိုယ်ချာချာလည်ရင်း သင်းကွဲတစ်ယောက်လိုအထီးကျန်နေတဲ့ ဇာတ်‌ကောင်မျိုးတွေပေါ့။ အဲဒီလိုဇာတ်ကောင်တွေက တစ်နေ့မှာ လှုပ်နှိုးခံလိုက်ရတဲ့အချိန် ပရိသတ်တွေကို " ဒီကောင်ဘာတွေလုပ်မလဲမသိဘူး" ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာက ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အရသာတစ်ခုပါပဲ။ ဒီရုပ်ရှင်က ဇာတ်ကောင်ကလည်း အဲဒီလို သာမန်ဥယျာဉ်မှူး။ လတ်တလောမှာတော့ သာမန်ဥယျာဉ်မှူးပေါ့။ သူ့မှာလည်း အတိတ်ကစိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေ၊ နောင်တတွေကျန်နေပေမဲ့ သာမန်ဥယျာဉ်မှူးတစ်ယောက်လို ဂရေ့စ်ဝုဒ်ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ ‌ဘဝကိုဖြတ်သန်းနေတာမျိုးပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂရေ့စ်ဝုဒ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ မာယာ ဆိုတဲ့ ကောင်မလေးတစ်ယောက် အလုပ်သင်အနေနဲ့ရောက်လာပြီး ပြဿနာတွေပါခေါ်လာခဲ့ချိန်မှာတော့ " ဒီကောင်ဘာတွေလုပ်မလဲမသိဘူး" ဆိုတာလေးဖြစ်ဖို့ အ‌ကြောင်းခံလေးတွေပေါ်လာပါတော့တယ်။ ဒီရုပ်ရှင်မှာသဘောကျမိတာတစ်ခုက ပန်းအကြောင်းတွေပါ။ သူ့ရဲ့ ဂျာနယ်မှာထည့်ရေးသမျှ ပန်းအကြောင်းတွေနားထောင်ရင်း ကိုယ်တိုင်ပါ ထပြီး ပန်းတွေစိုက်ပစ်ချင်စိတ်တောင်ပေါက်လာနိုင်ပါတယ်။ ဂျိုဝယ်အက်ဂျာတန်လို ဘဲကြီးက ပန်းလှလှလေးတွေစိုက်နေတာမြင်ရတာကလည်း တစ်မျိုးလေးကြည့်ကောင်းနေတာပေါ့လေ။ "God's Lonely Man" ဆိုလို့ ဒါရိုက်တာဘယ်သူလဲ ပြေးကြည့်စရာမလိုပါဘူး။ အဲဒီလို ရုပ်ရှင်မျိုးတွေကို အသည်းခိုက်တဲ့ Taxi Driver ဇာတ်ညွှန်းရေးခဲ့တဲ့သူ Paul Schrader ကိုယ်တိုင်ဖြစ်နေလို့ပါ။ Paul Schrader က ဇာတ်ညွှန်းတင်မက ဒါရိုက်တာလည်းကောင်းကောင်းကြီးလုပ်နိုင်တယ်ဆိုတာကို Mishima, Blue collar နဲ့ First Reformed ကားတွေမှာ မြင်ခဲ့ရပြီးပါပြီ။ အင်တာဗျူးတစ်ခုမှာ သူနောက်ဆုံးရိုက်ထားတဲ့ ရုပ်ရှင်သုံးခုဖြစ်တဲ့ First Reformed (2017), Card Counter (2021) နဲ့ အခု Master Gardener ရုပ်ရှင်တွေက ဇာတ်လမ်းချင်းမတူပေမဲ့ စိတ်ပိုင်းဆိုင်ရာကျောရိုးချင်း ဆက်နွယ်နေတဲ့ Trilogy တစ်ခုလို့ ပြောခဲ့ဖူးပါတယ်။ ဥပမာ ကားရယ် လေယာဉ်ရယ် ရထားရယ် နဲ့ ခရီးသွားသလိုပေါ့။ ခရီးသွားနေတယ်ဆိုတဲ့ သဘောတရားချင်းတူတယ် ဒါပေမဲ့ သွားပုံချင်းမတူတာမျိုး။ အဲဒီသဘောတရားအတွက် ကား၊ လေယာဉ်၊ ရထား သုံးမျိုးလုံး စီးကြည့်စရာမလိုပေမဲ့ အချိန်ရရင်တော့ ၃ ကား စလုံးကို မြည်းကြည့်စေချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဗယ်လာဒိုလစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့တဲ့အပြင် Alien Franchise ထဲက မင်းသမီးကြီး ဆစ်ဂေါနီးဝီဗာကလည်း ဒီရုပ်ရှင်နဲ့ ပေါ်တူဂီရုပ်ရှင်ဆု CinEuphoria ရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုရခဲ့ပြီး ဂျိုဝယ်အက်ဂျာတန်ကလည်း အမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့ပါသေးတယ်။ ပန်းကလေးတွေအကြောင်းရုပ်ရှင်တွေကြည့်တိုင်း ကြည်အေးရဲ့ မောင်ကိုကိုနှင့်မြနန္ဒာ စာအုပ်ထဲက "ကမ္ဘာပေါ်မှာ လူနည်းနည်းနဲ့ ပန်းတွေအများကြီးရှိရင် သိပ်ကောင်းမှာပဲ" ဆိုတာလေးကိုပဲ အမှတ်ရနေမိပါတယ်။ ပန်းကလေးတွေရဲ့အလှနဲ့ ရုပ်ရှင်ရဲ့ အလှအပနှောထားတာလေးကတော့ ဒီရုပ်ရှင်ရဲ့ မျက်စိပသာဒအဖြစ်ရဆုံး အချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 540MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 51Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Crime • Thriller
6.2 2023 111 mins
Master Gardener
Zombie Chikadees
2

ထိပ်တန်းငှက်လေ့ကျင့်ရေး ဆရာကြီးတစ်ယောက်ဖြစ်တဲ့ မောင်ရှန်းဟောင်ဟာ ဖီးနစ်ကျွန်းကို သွားရောက်ခဲ့ပြီးတော့ ဗီဇပြောင်းငှက်မျိုးစေ့တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ် ထူးဆန်းစွာနဲ့ပဲ လူတွေကလဲ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးလို့ နေပါတယ် တစ်ဆက်ထဲမှာပဲ မြို့တော်ရဲ့ လူချမ်းသာအိမ်တော်ဖြစ်တဲ့ မုန့်အိမ်တော်ရဲ့ သခင်ကြီးဟာ သေဆုံးရာကနေပြီး ဖုတ်သစ္ဆေတစ်ကောင်ကို ပြန်နိုးထလာခဲ့ပါတယ် ထိပ်တန်းငှက်လေ့ကျင့်ရေး ဆရာကြီး မောင်ရှန်းဟောင်က ဒီသေဆုံးမှုဟာ ငှက်တစ်ကောင်တိုက်ခိုက်ခံရလို့ သေဆုံးတယ်လို့ ကောက်ချက်ချခဲ့ပေမဲ့ ဘယ်သူကမှယုံကြည်ချင်းမရှိခဲ့ပါဘူး မြို့တော်က လူတွေကလဲ ကောလဟာလတွေမှတစ်ဆင့် စိတ်တွေ ကယောင်ခြောက်ခြားတွေဖြစ်လို့လာမှာ အုံကြွမှုတွေပါ ဖြစ်လို့လာပါတယ် ဒီလိုနဲ့ မုန့်အိမ်တော်ရဲ့ သခင်လေးဖြစ်သူလဲဖြစ် ညွှန်ကြားရေးမှူးချုပ်လဲဖြစ်တဲ့ မုန့်ချန်နဲ့ အတူတူ အမှန်တရားကို ရှာဖွေခဲ့ကြတဲ့အခါ - ❏ ဘာတွေဆက်ဖြစ်ကြမှာလဲ ❏ သူတို့ပြောနေတဲ့ ဖုတ်သစ္ဆေဆိုတဲ့ အရာကရော အမှန်ပဲ ဖြစ်နေမလား ❏ အဲဒီတိုက်ခိုက်ကြတဲ့ ငှက်ဆိုးတွေကရော ဘာတွေကြောင့်ဖြစ်နေကြမလဲ ဆိုတာ ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစားအဖြေရှာကြရမဲ့ horror အမျိုးအစားလေး ဇာတ်ကားကောင်းလေး တစ်ကားဖြစ်လို့ အခုပဲကြည့်ရှုလိုက်ရအောင်လားရှင် [ Reviewed By Chit Mya Mya Hmwe ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Thriller , Horror Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Horror • Mystery • Thriller
2 2022 85 mins
Zombie Chikadees
Tadap
7.2

ဒီကားလေးကတော့ RX100 (2018) တုန်းကဇာတ်ကားကို အခြေခံပြီးရိုက်ကူးထားတဲ့ အချစ်ဇာတ်ကားချိုချိုလေးပဲဖြစ်ပါတယ် မဆူရီမြို့မှာ လူတိုင်းက ဒယ်ဒီလို့ခေါ်ကြတဲ့ လူတစ်ယောက် အီရှာနာကို ငယ်ငယ်လေးကတည်းက မွေးစားခဲ့ပါတယ်။ ဒယ်ဒီဟာ ရွေးကောက်ပွဲမှ ာအနိုင်ရရှိခဲ့တဲ့ ဒမိုဒါ နောတ့်တီရယ်နဲ့အလွန်တရာမှ ရင်းနှီးကြတဲ့မိတ်ဆွေတွေပါ။ အီရှာနာ တစ်ယောက်ကတော့ အဖေဖြစ်သူဒယ်ဒီနဲ့ နောတ့်တီရယ်ကို အဖက်ဖက်မှ ကူညီအားဖြည့်ပေးနေသူပေါ့။ တစ်နေ့မှာ လန်ဒန်မှ ပညာတော်သင်ပြန်လာတဲ့ ဒမိုဒါ ရဲ့ သမီးဖြစ်သူ ရမီဆာ က အီရှာနာကို သဘောကျပြီး ဖွင့်ပြောခဲ့ရာမှ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးတစ်ပုဒ်စတင်လာပါတယ်။ အချစ်စစ်မှန်ရင် လမ်းကြမ်းစမြဲပါပဲ။ သူတို့ကြား ဘယ်လိုအတားအဆီးတွေ ဝင်ရောက်လာမှာလဲ။ ဒမိုဒါရဲ့ပြိုင်ဘက်ပါတီဝင်ကရော ဘယ်လိုကောက်ကျစ်ယုတ်မာမလဲ။ မင်းသမီး မင်းသားချောချောလေးနဲ့အတူ စောင်ကိုက်ပြီး ကြည့်ရှုရမဲ့ အချစ်ခန်းချိုချိုအီအီလေးတွေပါတာကြောင့် မသေခင်ကြည့်ရှုသွားသင့်တဲ့ ရိုမန့်တစ်ဇာတ်ကားကောင်းလေးလို့ညွှန်းလိုက်ပါရစေ............ File size…2.3Gb / 1.2Gb / 400MB  Quality…1080p AAC 2.0CH / 720p / 360p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pwint & Haruko &  Yunni

Action • Animation • Comedy
7.2 2021 126 mins
Tadap
Love So Divine
6.7

Love So Divine(2004) ******************* ဂင်ဂျူရှစ်ဆိုတဲ့လူငယ်လေးဟာ ခရစ်ယာန်ဘာသာကို အထူးယုံကြည်သက်ဝင်ပြီး ကျန်ရှိတဲ့သက်တမ်းတစ်လျှောက်ကိုလည်း မွန်မြတ်တဲ့ ဖာသာတစ်ဦးအဖြစ်နဲ့ ဖြတ်သန်းသွားဖို့ ရည်ရွယ်ထားတဲ့ သူတစ်ဦးပါ… ဒါ့ကြောင့် ခရစ်ယာန်ကျောင်းတော်မှာလည်း ကျင့်ဝတ်တွေကို သေချာလိုက်နာပြီး စာတွေလည်း အရမ်းကြိုးစားခဲ့ပါတယ်… ဒီလိုနဲ့ သူနေတဲ့ ခရစ်ယာန်ကျောင်းတော်ကြီးက ဖာသာကြီးရဲ့ သမီးဖြစ်သူဟာ အမေရိကားမှာ စာသင်ပြီး ကျောင်းပိတ်လို့ပြန်လာခဲ့ပါတယ်… ကောင်မလေးဟာ အမေရိကားမှာကျောင်းတက်လာတဲ့ခေတ်လူယ်ပီပီ ခေတ်ဆန်ပွင့်လင်းပြီး အရာရာကိုစူးစမ်းတဲ့သူတစ်ဦးပေါ့ … ဒီလိုကောင်မလေးနဲ့ ရှေးရိုးစွဲ ဘာသာရေးသာ ပထမလို့ ယူဆထားတဲ့ လူငယ်လေးနဲ့တွေ့တဲ့အခါမှာတော့…. File Size :(1.4GB) and (654MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:45:00 Genre : Romance , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Nan D Lin Encoded by Phyo Pyae

6.7 2004 109 mins
Love So Divine
Famous

သွေးမတော်သားမစပ် မွေးစားညီအစ်ကို နှစ်ယောက်ဖြစ်ကြတဲ့ Wayne နဲ့ Famous ဆိုတဲ့ ညီအစ်ကို နှစ်ယောက်ရဲ့ music business အထဲမှာ ကျင်လည်ကြပုံကို ရိုက်ထားတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ဆန့်ကျင်ဖက်တွေဖြစ်ကြပြီး Wayneက Famousရဲ့ ပရိုဂျူဆာဖြစ်ပါတယ်။ Famous က ဆေးစွဲနေတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ သူ့အစ်ကိုရဲ့ ထိန်းချုပ်ခြင်းကိုခံနေရသူပါ။ တညမှာ ခရစ်ယာန်ဘုရားကျောင်းတစ်ခုရဲ့ ဆေးဖြတ်တဲ့သူတွေကိုအထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းတစ်ခုကို ငွေသွားလှူခဲ့ရင်း Eileen ဆိုတဲ့အမျိုးသမီးလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့ဘဝရဲ့ လက်တွဲဖော်အဖြစ်ရည်မှန်းထားတဲ့ Eileenရဲ့ နောက်ကြောင်းကို သူသိသွားတဲ့အခါမှာ၊သူ့ကို ထိန်းချုပ်ထားတဲ့ သူ့အစ်ကိုက Eileenနဲ့ သဘောတူကြည်ဖြူရဲ့လား သူရောဆေးဖြတ်ပြီး သူ့အစ်ကို ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်နိုင်မလား ရုန်းထွက်လို့မရတဲ့ ထိန်းချုပ်မှုဆိုတာကရော တကယ်ရှိတာလား ဆိုတာသိရဖို့ ရုပ်ရှင်ကားကိုပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။ File size…(960 Mb/(500 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:10:00 Genre…Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Leonie

0 2023 70 mins
Famous
Anoksia
6.7

Anoksia (2023) ပန်းနာရင်ကြပ်ရောဂါအခံရှိတဲ့ ဆရာရေးဆရာမ အာဂျန်းဟာ ကလောင်ပညာရှင်ပီပီ တိတ်ဆိတ်ငြိမ်းအေးရာ အရပ်မှာသာ နေထိုင်ရင်း ဝတ္ထုတွေကို ရေးသားလိုသူတစ်ယောက်ပါ… ဒါကြောင့်လည်း မြို့နဲ့ အလှမ်းဝေးပြီး ခေါင်လွန်းတဲ့အရပ်မှာ အိမ်တစ်လုံး ဝယ်ယူနေထိုင်ခဲ့ပါတယ်… သူ မသိတာကတော့ ဒီအိမ်ကြောင့် သူတို့ လင်မယား ဒုက္ခရောက်ကြရလိမ့်မယ်ဆိုတာပါပဲ… မိုးသည်းတဲ့ တစ်ညနေမှာ ကက်ကရာဟာ အိမ်ကို အသည်းအသန်ပြန်ပြေးလာရပါတော့တယ်… ဇနီးသည်ကလည်း ‌ရင်ကြပ်ရောဂါဖောက်… ဆေးဝယ်ဖို့ရာကလည်း ဝေးလွန်းတာမို့ ဆေးခန်းကိုသာ တစ်ခါတည်းထွက်ဖို့ ရွေးချယ်လိုက်ပါတော့တယ်… ဒီလိုနဲ့ လာရင်းလမ်းမှာပဲ မြေစာပုံက သူတို့ကားပေါ် ပြိုကျလာပါတော့တယ်… ရင်ကြပ်ရောဂါသည်တွေအတွက် အခုလို အရေးပေါ်အခြေအနေတွေ၊ မွန်းကြပ်ပိတ်လှောင်နေတဲ့ အခြေအနေမျိုးတွေဟာ ရောဂါကို ပိုဆိုးစေတတ်တာမို့ အာဂျန်းတစ်ယောက် ဒီအခြေအနေဆိုးကို အသက်ရှင်လျက် ကျော်လွှားနိုင်လိမ့်မလား… ပိတ်မိသွားကာမှ ဘယ်လိုအကျပ်အတည်း ဘယ်လို စိတ်ရှုပ်စရာတွေနဲ့ ရင်ဆိုင်ကြရမလဲ… သူတို့လင်မယားနှစ်ယောက် ‌လွှတ်မြောက်နိုင်ပါ့မလား ဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Mystery Quality…. 1080p | 720p File size… 654MB | 360MB Format… mp4 Duration…. 1h 22min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

War • Action • Drama
6.7 2023
Anoksia
A Walk in the Woods
6.4

ခုတစ်ခါမှာတော့ စိတ်ရှုပ်စရာ လူမှုဘဝကနေ စွန့်ထွက်ပြီး အက်ပလန်ချန်တောင်ပေါ် ခြေဆန့်ကြသူနှစ်ဦးရဲ့ ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် 2015 က ထွက်ရှိခဲ့ပြီး Robert Redford ၊ Nick Nolte ၊ Emma Thompson တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ စာကောင်းသာ ရေးတတ်ပေမဲ့ စကားအပြောအဆို မတတ်လှတဲ့ စာရေးဆရာတစ်ယောက် တစ်ရက်မှာတော့ သူ့ပတ်ဝန်းကျင်ကို ငြီးငွေ့ပြီး သဘာဝသို့ တစ်ကိုယ်တော် ခြေဆန့်ဖို့ပြင်ပါတယ် ဒါပေမဲ့ မိန်းမက ခွင့်မပြုတော့ နီးစပ်ရာ အဖော်လိုက်စပ်ရာကငယ်စဉ်က တွဲဖက်ကျော် ကတ်ဇ် ဆိုသူတစ်ဦးသာ သူ့နောက်လိုက်ဖို့ ပေါ်လာပါတယ် ငယ်စဉ်က ကတောက်ကဆတွေရှိခဲ့ပေမဲ့ နှစ် ၄၀ ကြာပြီးမှ ဖြစ်ခဲ့သမျှကို ပြည်ဖုံးကား ကာချပြီး အက်ပလန်ချန်ခရီးစဉ်ကို အတူစတင်ကြပါတော့တယ်။ အတွင်းသိသူငယ်ချင်း နှစ်ဦးသား ငယ်ကျိုးငယ်နာဖော်ရင်း လမ်းတစ်လျှောက်မှာ အခက်အခဲ‌ပေါင်းစုံကျော်ဖြတ်ရင်းက မိတ်ဆွေစစ်နဲ့ ဘဝရဲ့အရေးကြီးတဲ့အရာတွေကို ဘယ်လိုပြန်ရှာဖွေနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးကိုကြည့်ပြီး ဝေဖန်ခံစားလိုက်ပါ။ File size… 2.3 GB / 742 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre ….. Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Nwe Hnin Thazin

6.4 2015
A Walk in the Woods
Dangerous Evidence
5.8

ဘဝမှာအဆင်ပြေဖို့အတွက် အလွယ်နည်းလိုက်ပြီးပိုက်ဆံရှာချင်တဲ့ မိန်းကလေးတစ်ယောက်ဟာ မပတ်သက်သင့်တဲ့သူနဲ့ပတ်သက်မိပြီး မယူသင့်တဲ့ပစ္စည်းကိုယူခဲ့မိတဲ့အတွက်ကြောင့် လိုက်သတ်ခံနေရတယ်။ ရဲအရာရှိတစ်ယောက်ဟာ မိန်းကလေးကိုကယ်တင်ခဲ့တဲ့အတွက် သူ့သမီးလေးကိုပါ ပြန်ပေးဆွဲခံလိုက်ရတယ်။ အရေးကြီးသက်သေဖြစ်နေတဲ့မိန်းကလေးကို ခေါ်လာပြီး သမီးလေးနဲ့လဲယူလို့ရမယ်လို့ပြန်ပေးသမားတွေကပြောလာတဲ့အခါ…… ပြစ်မှုကျူးလွန်တဲ့ နောက်ကွယ်ကအဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်ဟာဘာတွေဖြစ်နေမလဲ…… ဘာကြောင့်များ မိန်းကလေးလက်ထဲကသက်သေပစ္စည်းကို လိုချင်နေကြတာဖြစ်မလဲ….. အမှန်တရားနဲ့သမီးလေးကြားမှာ ဘာကိုရွေးရပါ့မလဲ……

5.8 2024
Dangerous Evidence
Skiptrace
5.6

ဝါရင့်ဟောင်ကောင်ရဲတစ်ယောက်ဖြစ်တဲ့ ဘန်နီချန်းဟာ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သလိုပါတနာလည်းဖြစ်တဲ့ ယန်းရဲ့ သေဆုံးမှုကိုအခုတိုင်မေ့မရသေးပါဘူး။ယန်းရဲ့သမီးငယ် ဆမန်သာကို သမီးရင်းလိုစောင့်ရှောက်ရင်း တစ်ဖက်ကလည်း မက်တဒေါ်ဆိုတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကိုဖော်ထုတ်ဖို့ကြိုးစားနေခဲ့ပါတယ်။ တစ်နေ့တော့ သူ့သမီးလိုစောင့်ရှောက်ထားတဲ့ ဆမန်သာဟာ ကတ်စီနိုပိုင်ရှင်လူဆိုးတွေနဲ့ပြဿနာတစ်ခုထဲမှာ ဝင်ပါမိပြီး အဲဒီပြဿနာအတွက် အမေရိကန်လောင်းကစားသမားတစ်ယောက်ဖြစ်တဲ့ ကွန်နာဝပ်ကိုချန်းကလိုက်ရှာပေးဖို့ဖြစ်လာပါတယ်။ကွန်နာဝပ်ကိုယ်တိုင်ကလည်း ရုရှားမာဖီးယားတွေနဲ့အကြီးအကျယ်ရန်စရှိနေတဲ့သူပါ။ အဲဒီလိုနဲ့ ဘန်နီချန်းနဲ့ကွန်နာဝပ်တို့နှစ်ယောက် ဟောင်ကောင်အပြန်လမ်းမှာ ရုရှားမာဖီးယားတွေ၊ဟောင်ကောင်ဂန်းစတားတွေနဲ့အပြိုင်စွန့်စားခန်းတွေဖွင့်ရပါတော့တယ်။ ဂျက်ကီရဲ့ Shanghai noon တို့ Rush Hour တို့လိုပဲ အရွှန်းဖောက်ထားတဲ့ အက်ရှင်ပြကွက်တွေ သွက်လက်တဲ့ဇာတ်အိမ်တို့နဲ့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် Buddy cop action comedy တစ်ကားပါပဲ။ File size…(2.6 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:47:00 Genre… Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias

Family • Comedy
5.6 2016
Skiptrace
Curbing Violence
5.9

ကိုယ့်ရဲ့အစ်မလိုချစ်ခင်ရတဲ့သူငယ်ချင်းတစ်ယောက်ဟာ မထင်မှတ်ပဲကိုယ့်ကိုယ်ကိုယ်သတ်သေသွားတယ်လို့ သိလိုက်ရတဲ့အခါ အရွယ်အိုအဖေကြီးနဲ့ သားတစ်ယောက်အတွက် ကြိုးစားရှင်သန်နေတဲ့သူငယ်ချင်းဟာဒီလိုသတ်သေသွားဖို့ လုံးဝမဖြစ်နိုင်ဘူးဆိုပြီး ချိုးယိကျောင်းဟာလက်မခံနိုင်ဖြစ်နေခဲ့တယ်။ မှုခင်းရဲမေတစ်ယောက်ဖြစ်တဲ့ ချိုးယိကျောင်းဟာ အသေးစိတ်လိုက်စုံစမ်းတဲ့အခါ သူငယ်ချင်းဖြစ်သူဟာ ဘိုးတော်ဆရာကြီး တစ်ယောက်ရဲ့ဟောချက်ကြောင့် အဓိပ္ပါယ်မဲ့မတရားသေသွားရကြောင်းသိလိုက်ရတယ်။ တရားခံက အင်အားကြီးတဲ့သူဌေးတစ်ယောက်ဖြစ်တဲ့အတွက် အတားအဆီးအပိတ်အပင်တွေကြားကနေပြီးတော့ ရအောင်သက်သေယူပြီး ဥပဒေနဲ့စီရင်လိုက်တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ခပ်ကြမ်းကြမ်း Female Lead ဇာတ်လမ်းမျိုးတွေ ကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။

5.9 2024
Curbing Violence
Within
5.5

အမေရိကန် Horror ကားကိုမှ Parasite လို Vibe မျိုးလေးနဲ့ ကြည့်ရှုချင်ရင်တော့ အခုတင်ဆက်ပေးမဲ့ ကားလေးက ကွက်တိပဲဖြစ်မှာပါ။Parasite လိုမျိုးကြီးလုံး၀တူနေတာတော့ မဟုတ်ဘဲနဲ့ အိမ်ထဲမှာ တစ်ယောက်ယောက်ရှိနေတယ်ဆိုတဲ့ ခံစားချက်ကြီးနဲ့ ကျောချမ်းစေမှာကတော့အသေအချာပါပဲ။ ခေါင်းကြီးတွေကတော့ မင်းသမီးချောချောလေးကို ငေးနေတာနဲ့တင် ကြောက်ချိန်ရမယ်မထင်ပါဘူး။ဇာတ်လမ်းနာမည်ကတော့ Within ဖြစ်ပြီး IMDb Rating 5.1 ရရှိထားတဲ့ 2016 တုန်းက ထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အမေရိကန် သည်းထိပ်ရင်ဖို ဇာတ်ကားတွေကတော့ ထုံးစံအတိုင်းပဲ မိသားစုတစ်စုက အိမ်သစ်တစ်လုံးကို ပြောင်းရွှေ့လာရာကနေ စပါတယ်။သူတို့မိသားစုမှာ အဖေ မိထွေးနဲ့ ဆယ်ရာဆိုတဲ့သမီးဖြစ်သူ ဆိုပြီးမိသားစုဝင် ၃ ယောက်ရှိပါတယ်။မိထွေးဆိုပေမဲ့ ဆယ်ရာနဲ့ အရမ်းအဆင်ပြေပြီး သင့်မြတ်ကြပါတယ်။အိမ်ကိုရောက်လာ ခါစမှာတော့ ဘာပြဿနာထွေထွေထူးထူးမှမရှိခဲ့ပေမဲ့ သူတို့ခေါ် ခိုင်းတဲ့ ဘေးအိမ်ကသော့ပြင်ဆရာကတော့ ကြောက်စရာ ကောင်းပြီးတော့ ကြောင်တောင်တောင်နိုင်ပါတယ်။အဲ့ဒီအပြင်ကိုမှ ဆယ်ရာက တစ်ခါတစ်လေအိမ်ထဲမှာ လူရိပ်တွေ့တာတွေ အသံတွေကြားနေရတာတွေ ခဏခဏဖြစ်လာပြီး စိတ်ခြောက်ခြား နေပါတော့တယ်။ ဆယ်ကျော်သက်တစ်ယောက်ရဲ့ စကားဆိုတော့လည်း အဖေနဲ့ မိထွေးဖြစ်သူက သိပ်မယုံချင်ကြပါဘူး။ဒီလိုနဲ့ ဆယ်ရာပြောနေတာ အမှန်တွေဖြစ်တယ်ဆိုတဲ့ အကြောင်းသက်သေထွက်ရှိလာပြီး နောက်မှာတော့ သူတို့ရဲ့အိမ်ထဲမှာသူတို့မထင်မှတ်ထားတဲ့ ဘယ်လို ကြောက်စရာကောင်းတဲ့ အရာတွေရှိနေမယ်ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.22GB / 470MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2016 88 mins
Within
Paris When It Sizzles
6.3

သမ္ဘာရင့်ဇာတ်ညွှန်းရေးဆရာကြီး ရစ်ချက်ဘန်ဆင်ဟာ ထုတ်လုပ်သူ အက်လဇန္ဒားမေယာအင်းဆီ ရုပ်ရှင်ဇာတ်လမ်းသစ်တစ်ခု ရောင်းချထားပါတယ်။ ပြဿနာက ဇာတ်ညွှန်းအပ်ဖို့ ရက်နီးလာတဲ့အထိ ဘာတစ်ခုမှ မရေးရသေးဘဲ ပဲရစ်မြို့မှာပဲ လတ်လျားလတ်လျားအချိန်ဖြုန်းနေခဲ့ပါတယ်။ ကံကောင်းစွာနဲ့ ဘန်ဆင့်ဆီ ဂဘရီအယ်လ်ဆင့်ပ်စင်ဆိုတဲ့ စာရိုက်အကူရောက်လာတဲ့အချိန်မှာတော့ ဘန်ဆင့်ရဲ့အချစ်ဇာတ်လမ်းလေးက တဖြည်းဖြည်းချင်း ရုပ်လုံးကြွလာပါတော့တယ်။ ပဲရစ်မြို့ရဲ့ အလှ၊ ပြင်သစ်အမျိုးသားနေ့ ခမ်းနားပုံကို တစ်စွန်းတစမြင်တွေ့ရမယ့်အပြင် မင်းသားချောလေး William Holden နဲ့ အလှလေး Audrey Hepburn တို့ရဲ့ ထိထိမိမိသရုပ်ဆောင်ပုံတွေကြောင့် ဟာသရိုမန့်တစ်ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းလေးပါ။ File size…(2.5 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:50:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina

6.3 1964
Paris When It Sizzles
Knock Out

Knock Out (2020) **************** ကျုံးရှီး ဟာ ချန်ပီယံလုပွဲအတွက်အရမ်းကြိုးစားနေတဲ့ လက်ဝှေ့သမားတစ်ဦးဖြစ်ပါတယ်… ပူပူနွေးနွေးဇနီးသည်လေးကလည်း ကိုယ်ဝန်ရှိတာဆိုတော့ ကျုံးရှီးတစ်ယောက် ချန်ပီယံရအောင်ယူပြီး… အနာဂတ်မိသားစုဝင်လေးအတွက် အောင်ပွဲခံချင်နေတော့တယ်။ သူ့ကြိုးစားမှုအောင်မြင်တယ်ပြောရမှာပေါ့… သူ ချန်ပီယံဖြစ်လာခဲ့တယ်။ ဒါပေမဲ့ သူ့ပျော်ရွှင်မှုတွေဟာ နေ့တောင်မကူးခဲ့ပါဘူး။ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး… နှစ်ရှည်ထောင်ကျသွားခဲ့တယ်။ ထောင်ကထွက်လာတဲ့အချိန်မှာအရာအားလုံးပြောင်းလဲခဲ့ပါပြီ။ သူမရှိတဲ့အချိန်အတွင်း… သမီးလေးအတွက် တစ်ယောက်တည်းရုန်းကန်ခဲ့ရတဲ့ဇနီးသည်လေး ဆုံးပါးသွားတဲ့အပြင်… ငွေကြေးလည်းအရမ်းကိုခက်ခဲနေပါတယ်။ အဲဒီနောက်သမီးတစ်ယောက်ကိုပြုစုပျိုးထောင်ဖို့ … သူတတ်စွမ်းတဲ့ လက်ဝှေ့ကိုအသုံးချပြီး ကြိုးဝိုင်းထဲကိုပြန်ဝင်ဖို့ကြိုးစားပါတော့တယ်… ဇာတ်လမ်းလည်းကောင်းတဲ့အပြင် ထိုးသတ်ခန်းတွေလည်းကြည့်ကောင်းပါတယ်… ခံစားကြည့်ကြပါဦး… File Size : 2.4GB / 985MB Quality : BluRay 1080p 5.1ch / 720p Duration : 01:55:00 Genres : Drama, Martial Arts, Sports Subtitle : Myanmar Subtitle (Hard Sub) Translated by The One Encoded by Heather Oo

0 2020 119 mins
Knock Out
King of Dallas
6.2

AD 2022ခုနှစ်မှာ ဗိုင်းရက်စ်တစ်မျိုးကြောင့် ကမ္ဘာ့လူဦးရေရဲ့ ၉၉.၉၉ရာခိုင်နှုန်းဟာသေဆုံးသွားခဲ့ကြပြီးတော့ ထူးဆန်းတဲ့သွေးအမျိုးအစားကိုပိုင်ဆိုင်ထားကြတဲ့ လူမည်းအနည်းစုသာ ကမ္ဘာပေါ်မှာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ် ဒီလိုနဲ့ ၂၀၉၇ခုနှစ် အရောက်မှာတော့ အဲဒီကျန်ရှိတဲ့လူမည်းအနည်းစုဟာလည်း Pure, Bronze နဲ့ Vantaဆိုပြီး အသားအရောင်ကြောင့် သုံးဂိုဏ်း ကွဲသွားပြီးတော့ အချင်းချင်းစစ်ဖြစ်တော့မယ့်အခြေအနေပါ အဲဒီထဲကမှ Vanta ဂိုဏ်းရဲ့ဘုရင့်သားဖြစ်တဲ့ အော့တေးဗီးယက်စ်ဟာ Pureဂိုဏ်းသူတစ်ယောက်နဲ့ချစ်ကျွမ်းဝင်ပြီး ကလေးမွေးလာတဲ့ အခါမှာတော့ ကလေးကBronze ဂိုဏ်းသားတွေရဲ့အသား အရောင်လိုမျိုးဖြစ်နေပါတယ် ဒါကြောင့် အချင်းချင်းပြဿနာ မဖြစ်ရလေအောင်ဆိုပြီး အော့တေးဗီးယက်စ်ရဲ့ဇနီးနဲ့သမီးဖြစ်သူကို သုတ်သင်လိုက်ကြပါတယ်.. ဒါကြောင့်အော့တေးဗီးယက်စ်ဟာ Vanta ဂိုဏ်းကထွက်ပြီး တားမြစ်နယ်မြေထဲမှာသွားနေနေခဲ့တာပါ ဒါပေမယ့် အသားအရောင်ခွဲခြားမှုကြောင့် တစ်နေ့တစ်ခြားတင်းမာလာတဲ့ ဂိုဏ်း၃ဂိုဏ်းရဲ့ပြဿနာဟာပိုမိုးကြီးထွားလာပြီး ဦးဆောင်သူမဲ့နေတဲ့ Vantaရဲ့တာဝန်တွေဟာ အော့တေးဗီးယက်စ်ပခုံးပေါ်ရောက်လာချိန်မှာတော့ အော့တေးဗီးယက်စ်တစ်ယောက် ဒီပြဿနာတွေကိုဘယ်လိုကိုင်တွယ်မလဲ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ရှုစားလိုက်ကြပါဦး… File size… (1.70GB) / (893MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 59m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

6.2 2024 150 mins
King of Dallas
Jawbreaker
5.7

Jawbreaker (1999) IMDb Rating (5.7) / Rotten Tomatoes (14%) နှစ် ၂၀ ကြာခဲ့တဲ့အထိ လန်းနေဆဲ ကြည့်ကောင်းနေဆဲ ဆိုးသွမ်းလုံမေလေးတွေရဲ့ ရုပ်ရှင်အဟောင်း အကောင်းတစ်ခုပါ။ အဲဒီခေတ်ကတော့ အရမ်းဟော့ပြီး အရမ်းဖက်ရှင်မိုက်ခဲ့လို့ ရေပန်းစားခဲ့တာပေါ့။ 1999 ကတည်းက ဆိုပေမယ့် ယနေ့ခေတ်ထိ ခေတ်စားနေဆဲ ဖြစ်တဲ့ Prank လုပ်တာကနေ ဇာတ်လမ်းစထားပါတယ်။ ကျောင်းရဲ့ စူပါးစတား Girl Squad အဖွဲ့ရဲ့ အလှဆုံး သဘောအကောင်းဆုံးကောင်မလေး လစ်ဇ်ရဲ့ မွေးနေ့မှာ သူ့သူငယ်ချင်းတွေက Prank လုပ်ကြတာပေါ့။ ကားနောက်ဖုံးထဲထည့်ပြီး ပြန်ပေးဆွဲရင်း အသံမထွက်အောင် ပါးစပ်ထဲကို Jawbreaker ဆိုတဲ့ သကြားလုံးအကြီးကို ဆို့ထားလိုက်ပါတယ်။ အဲ့ဒီလိုနဲ့ ကားဖုံးပြန်ဖွင့်တော့ သကြားလုံးကြီးက လည်ချောင်းထဲဝင်ပြီး လစ်ဇ်ဟာ သေဆုံးသွားပါတော့တယ်။ အဲ့ဒီလိုနဲ့ ဆယ်ကျော်သက်ကလေးသုံးယောက်ဟာ မတော်တဆလူသတ်မှုဖြစ်သွားပြီး ဘယ်လိုဖုံးဖိကြသလဲ…? လစ်ဇ်ရဲ့ မိဘတွေနဲ့ ရဲတွေကရော ဘယ်လိုမျိုးရှာဖွေကြမလဲ…? လစ်ဇ်ရဲ့ သူငယ်ချင်းသုံးယောက်ရော ဘာဆက်ဖြစ်မှာလဲ…? လူငယ်ဆန်ဆန်ရိုက်ကူးထားပြီး R-rated လည်း မဆန်တာမို့ စိတ်ဝင်တစားကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Kham Mon ဖြစ်ပါတယ်။) File size…(2.8 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Crime Duration….01:27:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Kham Mon

Comedy • Crime
5.7 1999 87 mins
Jawbreaker