YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Follow Your Heart E37 720p WEB-DL CM.mp4

233.06 MB N/A video/mp4 65 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rooney
6.1

၁၉၈၅ခုနှစ် အောက်တိုဘာ ၂၄ရက်မှာ အင်္ဂလန်ရဲ့ မာဆေးဆိုက်ဒ် လို့ခေါ်တဲ့ လီဗာပူးလ်မြို့မှာ ကောင်လေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ ခရော့တတ်အရပ်မှာ ကြီးပြင်းလာတဲ့ ခပ်ဆိုးဆိုးနဲ့ဂျစ်ကန် တဲ့ ကောင်လေးတစ်ယောက်၊ တစ်နေကုန် လမ်းပေါ်မှာပဲ ဘောလုံးတစ်လုံးနဲ့ အချိန်ဖြုန်းနေတဲ့သူဟာ တချိန်မှာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံးစံချိန်ရှင်၊ အင်္ဂလိပ်ပရီးမီးယားလိဂ်ရဲ့အအောင်မြင်ဆုံးနဲ့အရှိန်အဝါအကြီးဆုံး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသွင်းအများဆုံးစံချိန်ရှင် ဖြစ်လာမယ်လို့ ဘယ်သူမှတပ်အပ်ပြောနိုင်မှာ မဟုတ်ခဲ့ပါဘူး။ သူ့နာမည်က "ဝိန်းရွန်နီ"ပါ။ ဒီ Docuမှာတော့ ဝိန်းရဲ့ကစားသမားအစပြုရာ အဲဗာတန်အသင်းကနေ လက်ရှိဒါဘီကောင်တီနည်းပြဖြစ်လာတဲ့အထိ footageများ၊အင်တာဗျူးမှာဖြင့်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်၊ ငယ်စဉ်ကတည်းက ဆိုးတေခဲ့တဲ့ ဝိန်းဟာ ပရီးမီးယားလိဂ်ရဲ့ အငယ်ဆုံးဂိုးသွင်းရှင်၊ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အငယ်ဆုံးဂိုးသွင်းရှင်စံချိန်များမှသည် မန်ချက်စတာယူနိုက်တက် အသင်းကြီးရဲ့ ထာဝရဂိုးသွင်းအများဆုံး စံချိန်ရှင် ( ၂၅၃ဂိုး) ၊ အင်္ဂလန်လက်ရွေးစင်ရဲ့ဂိုးသွင်းအများဆုံး စံချိန်ရှင် (၅၃ ဂိုး) ဖြစ်လာသူပါ မန်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှု ၅ကြိမ်အပါဆုဖလား၁၆လုံးအထိ ရရှိခဲ့ပြီး အင်္ဂလန်လူမျိုးကစားသမားအနေနဲ့မှတ်ကျောက်တင်ထိုက်သူပဲဖြစ်ပါတယ်။ ဒီ Docuမှာတော့ ဒီလိုမျိုးအောင်မြင်တဲ့ကစားသမားနောက်ကွယ်က ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊အခက်အခဲတွေ၊ အောင်မြင်မှုနဲ့တွဲလိုက်လာတဲ့ လူမှုရေးပြဿနာတွေ၊စသဖြင့် ဝိန်းရဲ့ငယ်ဘဝကစလို့ အတွင်းကျကျ အချက်အလက်များကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဝိန်းနဲ့ ဇနီးဖြစ်သူကောလင်းတို့မှ အဓိကဖြေကြားပေးထားတာဖြစ်ပြီးအသင်းဖော်ဟောင်းဂယ်ရီနဗီးလ်နဲ့ ရီယိုဖာဒီနန်၊ အင်္ဂလန်အသင်းရဲ့နည်းပြဟောင်း အဲရစ်ဆင်၊ ပြိုင်ဘက်ဟောင်းဖြစ်သူ အာဆင်နယ်နဲ့ပြင်သစ်ဂန္တဝင်တိုက်စစ်မှူး အွန်နရီတို့အပါအဝင် သတင်းထောက်၊တင်ဆက်သူ၊ အေးဂျင့်များ စသဖြင့် အားဖြည့်ကူညီထားသူများစွာပါဝင်ပါတယ်။ Team player တစ်ဦးဖြစ်တဲ့ ဝိန်းဟာ ဆေးစက်ကျရာအရုပ်ထင်ရင်းအသင်းလိုအပ်တဲ့နေရာတိုင်းမှာ ကစားခဲ့တဲ့ Ultimate Attacking Versatile ကစားသမားလို့သမုတ်ရင် မှားမှာမဟုတ်ပါဘူး၊ အသင်းအနိုင်ရဖို့ကို တစ်ဦးချင်းအောင်မြင်မှုထက် ပိုအလေးထားတဲ့ဝိန်းဟာIndividual recordတွေကို ပိုမြင်တဲ့ မော်ဒန်ဘောလုံးလောကမှာထိုကိသင့်တဲ့ အသိအမှတ်ပြုမှုကို မရခဲ့ပါဘူး၊ သို့ပေမယ့် သရဲနီတွေရဲ့ရင်ထဲမှာ ဝိန်းရွန်းနီဆိုတဲ့နာမည်ဟာ အမြဲရှင်သန်နေမှာပါ၊ Wazzaလို့ ပြောလိုက်တာနဲ့ တိုက်ရဲ ခိုက်ရဲ အသင်းအတွက်ဆို နည်းမျိုးစုံနဲ့ပေးဆပ်ရဲတဲ့ အင်္ဂလန်တိုက်စစ်မှူးကြီးကို သတိရနေကြမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Jim X မှ တင်ဆက်ထားပါတယ်။) File size…(2.3 GB) and (900 MB) Quality….WEB-DL 1080p & 720p Format…mp4 Duration….01:44:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Jim X

Drama • Romance
6.1 2022 105 mins
Rooney
Spiral: From the Book of Saw
6

Saw ရုပ်ရှင်တွေရဲ့ ၉ ကားမြောက်ရုပ်ရှင်ဖြစ်တဲ့ Spiral လာပါပြီ။ Spiral ဆိုတဲ့ ခရုပတ်ပုံလေးက ပြောင်းလဲခြင်း၊တော်လှန်ခြင်း၊တိုးတက်ခြင်းတွေကို ရည်ညွှန်းတယ်တဲ့။ ဒီရုပ်ရှင်မှာတော့ လူသတ်သမား ပြောင်းလဲဖို့ကြိုးစားခဲ့တာကတော့ ရဲတွေကိုပါပဲ။ အကျင့်ပျက်ရဲတွေအပြင် ရဲဥပဒေ အပိုဒ်ခွဲ-၈ ဖြစ်တဲ့ မိမိကိုယ်ကိုယ် ခုခံဖို့ လက်နက်သုံးခွင့် ဥပဒေကိုပါ အလွဲသုံးစားလုပ်ခဲ့တဲ့ ရဲတွေ၊ တစ်နည်းအားဖြင့် မလိုအပ်ဘဲ လူမတရားသတ်ပြီး လွတ်မြောက်နေတဲ့ ရဲတွေကို အပြစ်ပေးဖို့ကြိုးစားခဲ့တာပါပဲ။ saw ရဲ့ထုံးစံအတိုင်း သူ့ကို လိုက်ဖမ်းဖို့ကြိုးစားနေကြတဲ့ကြားက တစ်ယောက်ပြီးတစ်ယောက်ကို သူတို့ရဲ့ အတိတ်တွေနဲ့ ပတ်သတ်တဲ့အပြစ်ပေးနည်းတွေနဲ့ ကစားနည်းတွေ ကစားခိုင်းပြီး သတ်ဖြတ်ခဲ့တာကို ကြည့်ရမှာပါပဲ။ ဟော်ရာ ရုပ်ရှင် ပရိသတ်တွေအတွက် ကြည့်စရာ တစ်ကားရပါပြီ။ File size…(1,5 GB) and (1 GB) Quality….Webrip 1080p and 720p Format…mp4 Duration….01:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Mr.Andreson

Sci-Fi & Fantasy
6 2021 93 mins
Spiral: From the Book of Saw
Indian Pink
9.2

Indian Pink (2022) အားလုံးပဲ လွမ်းနေကြလောက်မယ့် F4 ထဲက ဆံနီလေး Kim Hyun Joong ရဲ့ Indian Pink Movie လေး ရပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် ပုံမှန်မြင်တွေ့နေကျ Kim Hyun Joong ရဲ့ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်တွေနဲ့မတူဘဲ စိတ္တဇဆန်ဆန်ကြမ်းတမ်းခက်ထန်တဲ့ပုံစံမျိုးကို ကြည့်ရှုခံစားနိုင်မှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ အသည်းကွဲနေတဲ့ လူတစ်ယောက်ရဲ့ စိတ္တဇဆန်ဆန်အတွေးတွေအကြောင်းကို ပုံဖော်ရိုက်ကူးပြထားတာဖြစ်ပါတယ်။ အပြစ်ကင်းစင်တဲ့ အပြုံးတွေရဲ့နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ မကောင်းဆိုးဝါးဆန်ဆန်သဘောသဘာဝတွေ၊ သွေးအေးရက်စက်မှုတွေကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပြီး မထင်ထားတဲ့ ဇာတ်လမ်းဇာတ်အိမ်မျိုးနဲ့ တင်ဆက်ထားတာလည်းဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ဇာတ်ကွက်တွေအပြင် အပြုံးချိုချိုနဲ့ Kim Hyun Joong တစ်ယောက် ဒီဇာတ်ကားထဲမှာ ဘယ်လိုတွေပြောင်းလဲပြသွားမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုခံစားနိုင်လို့ K-Drama Fans တွေ လက်လွှတ်မခံသင့်ပါဘူးနော်။ သွေးသံတရဲရဲနဲ့ ရက်စက်ကြမ်းကြုတ်တဲ့အခန်းတွေပါလို့ Rating ကိုတော့ 18+ သတ်မှတ်ထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre….. Drama, Thriller Quality…. 1080p | 720p | 480p File size… 639MB | 295MB | 140MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe Thet Winn Encoder ….. August

Adventure • Animation • Comedy • Family
9.2 2022
Indian Pink
The Fly
7.6

The Fly (1986) ~ IMDb – 7.6/10, Rotten Tomatoes – 93% ~ Horror တကာ့ Horror ထဲမှာမှ ကြည့်ရတော်တော် အသည်းယားစရာကောင်းတဲ့ Body Horror ကားတွေကိုမှ သိပ်ကြိုက်တဲ့သူဆိုပါစို့။ ခင်ဗျား ဘယ်လိုမှ မေ့ထားလို့မရတဲ့သူက David Cronenberg ပဲ။ သူက Body Horror တစ်လိုင်းရိုက်တဲ့သူ။ ဒါပေမဲ့ လူတစ်ယောက်နဲ့တစ်ယောက် ခံစားမှတ်ယူပုံချင်းမတူပေမဲ့ ရုပ်ရှင်ပွဲတော်တွေထဲကမှ Art House ဖြစ်တယ်၊ Art House ဆန်တယ်လို့ ယူဆလို့ရတဲ့ ကားတွေအများစုထဲကိုမှ ရွေးတတ်တဲ့ နာမည်အကြီးဆုံးရုပ်ရှင်ပွဲတော်တစ်ခုပြပါဆို ကိန်းကို အဓိကပြရမှာပဲ။ အဲဒီကိန်းရုပ်ရှင်ပွဲတော်ကနေ ခရိုနင်ဘတ်ရထားတဲ့ ဆုတွေကမနည်းဘူး။ ဒီတော့ သူက Body Horror ကို သူ့နည်းသူ့ဟန်နဲ့အကောင်းဆုံးပြနိုင်တဲ့ တစ်ခေတ်တစ်ယောက် ဒါရိုက်တာဆိုလည်း မမှားဘူး။ သူ့ကားတွေက အပြတွေဟာ အော်ဂလီဆန်စရာ အသည်းယားစရာကောင်းသလို သူ့ဇာတ်အိမ်တွေကလည်း မနုံနဲ့ဘူး။ Body Horror ပရိသတ်ဖြစ်ဖြစ်၊ ရိုးရိုး Horror ပရိသတ်ဖြစ်ဖြစ် ခင်ဗျားသာ ခရိုနင်ဘတ်ကားမကြည့်ဖူးသေးဘူးဆိုရင် ဘော်ဒီဟော်ရာဖန်မဖြစ်သေးဘူးလို့ မှတ်ယူလို့ရတဲ့အထိ ခရိုနင်ဘတ်ဟာ သူ့နယ်ပယ်မှာ သူထွန်းပေါက်တဲ့လူပါပဲ။ ဒီကားကတော့ ခရိုနင်ဘတ်ရဲ့ အစဦးပိုင်းကားတွေထဲက တစ်ကားဖြစ်သလို သူ့ရဲ့မာစတာပိစ်စာရင်းဝင်ကားလို့ပြောရင်လည်း မမှားပါဘူး။ ဒီကားနဲ့ပဲ အော်စကာမှာ Academy Award for Best Makeup ဆုကိုရထားတဲ့အထိ သူ့အပြတွေကလည်း ပီပြင်ခဲ့ပါတယ်။ ဆက်သ်ဘရန်ဒယ်က ကမ္ဘာကိုကိုင်လှုပ်မယ့် သိပ္ပံနည်းပညာတစ်ခုကို အပြီးသတ်တီထွင်နိုင်ဖို့ လက်တစ်ကမ်းပဲ လိုတော့တဲ့သူ။ သူ့တီထွင်မှုက တခြားမဟုတ်၊ Teleportation ခေါ်တဲ့ ရုပ်ဒြပ်တစ်ခုကို တစ်နေရာကနေ နောက်တစ်နေရာဆီ အချိန်မဆိုင်းဘဲ တစ်မုဟုတ်ချင်း ရွှေ့ပြောင်းပေးနိုင်တဲ့စက်ပဲ။ တစ်ခုရှိတာာက စက်က သွေးသားမပါတဲ့ သက်မဲ့ပစ္စည်းတွေကိုသာ ရွှေ့ပြောင်းပေးနိုင်သေးတာပဲ။ သူ့ရဲ့လူပါးမနပ်မှုကတဆင့် ဒီစက်အကြောင်းကိုသိသွားတဲ့ သတင်းထောက်ဗရွန်နီကာနဲ့ ဆက်သ်တို့ ရင်းနှီးကျွမ်းဝင်သွားရင်း ဆက်ဆံရေးတိုးတက်လာချိန်မှာ သူ့စက်ရဲ့အားနည်းချက်ကို ဖြေရှင်းပြီးတော့ သက်ရှိတွေကိုပါ ရုတ်ခြည်းရွှေ့ပြောင်းပေးမယ့် နည်းလမ်းကိုပါ ဆက်သ်တစ်ယောက် ရှာလိုက်နိုင်ပြီး စုတ်ရော လာဘ်ပါ ဝင်လာခဲ့ပေမဲ့ လောကကြီးရဲ့ပြက်ရယ်ပြုမှုတစ်ချက်မှာ သူကိုယ်တိုင် ပထမဆုံးအကြိမ် စမ်းသပ်မှုလုပ်တဲ့အချိန် သူနဲ့အတူ စက်ထဲကို ဖိတ်မခေါ်ဘဲ ဝင်လာတဲ့ ဧည့်သည်တစ်ယောက်ကြောင့် သူ့ဘ၀ အကြီးအကျယ်လမ်းချော်ဖို့ ဖြစ်လာတော့တယ်… (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.02GB, 824MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 36Min Genre – Drama, Horror, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Comedy • Drama
7.6 1986 96 mins
The Fly
Night Moves
6

IMDb – 6/10 Rotten Tomatoes – 86% အော်ရဂွန်မြစ်ကိုမှီခိုကာလုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမားတွေ။ စွမ်းအင်အရင်းမြစ်အတွက် မြစ်ပေါ်မှာ အထပ်ထပ်ဆောက်ထားတဲ့ရေကာတာတွေဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန် ရေနေသတ္တဝါအပေါ်ဆိုး ကျိုးများသက်ရောက်နေလျှက်။ ဇာတ်ကြောင်းကသဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူ သုံဦးဟာ အချိန်ယူပြီး စနစ်တကျစီစဉ်ကာ ရေကာတာ တွေထဲမှတစ်ခုကို ဖောက်ခွဲဖို့ ကြံစည်ကြတဲ့အကြောင်းပါ။ လိုအပ်တဲ့အချိန်၊ငွေကြေးအင်အား၊ လူအင်အားတွေစိုက်ထုတ်ပြီး ဖောက်ခွဲရေးကိစ္စကိုအကောင်ထည်ဖော်လိုက်တဲ့အခါ ဖြစ်လာတဲ့အကျိုးသက်ရောက်မှုတွေက ထင်သလိုမဟုတ်ဘဲ ကပြောင်းကပြန်တွေဖြစ်ကုန်တယ်။ ဒီကြားထဲ လုပ်ဖော်ကိုင်ဖက်ထဲက တစ်ယောက်က အကျိုးဆက်တွေကို မခံနိုင်ဘဲ ဂဂျောင်ဖတ်ပြီး မလုပ်သင့်တာတွေဆက်လုပ်မိတယ်။ အဲဒီနောက် မီးခိုးကြွက် လျှောက်ဖြစ်ပြီး ရှောင်ရတိမ်းရတယ်။ ဇာတ်လမ်းက စကားပြော ခန်းတွေများပြီး ခပ်အေးအေးတန်ပိုနဲ့ပဲသွားပါတယ်။ ကင်မရာရိုက်ချက်တွေကလည်း ငြိမ်လွန်းပြီး ကြီးမားတဲ့ နိုင်ငံတော်ပုန်ကန်မှုတစ်ခုကိုခပ်ဝေးဝေးကနေအံကြိတ်ပြီး လှမ်းကြည့်နေရတဲ့ ခံစားချက်မျိုးရပါလိမ့်မယ်။ ဘာမှမလုပ်ချင်မကိုင်ချင်တဲ့ ခြေခင်းလက်ခင်းသာတဲ့တစ်နေ့မှာ အေးအေးလူလူထိုင်ကြည့်လို့ ကောင်းမယ့်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ File size…1.62GB / 619MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kaung Paing

6 2013
Night Moves
My Beautiful Man: Eternal
7.3

My Beautiful Man : Eternal (2023) ဒီဇာတ်လမ်းလေးကတော့ 2021မှာ My Beautiful Man ဆိုပြီး Season 1 နဲ့ 2ထွက်ထားတဲ့ ဂျပန်BLဇာတ်လမ်းတွဲ‌လေးရဲ့ နောက်ဆက်တွဲ My Beautiful Man: Eternal ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တက္ကသိုလ်ကနေဘွဲ့ရခါနီးလို့ နာမည်ကြီးဓာတ်ပုံဆရာဆီမှာ လက်ထောက်အဖြစ်စတင်လုပ်ကိုင်နေတဲ့ Hira နဲ့ အနုပညာနယ်ပယ်မှာစတင်နာမည်ရလာ‌နေပြီဖြစ်တဲ့ kiyoiတို့ချစ်သူနှစ်‌ယောက် ။Hiraက သူ့အပေါ်မှာအရမ်းချစ်တယ်လို့ယုံကြည်ထားတဲ့ Kiyoi တစ်ယောက်ဟာ Hiraရဲ့ မပိုင်ဆိုင်ရရင်တောင် တည်ရှိနေပေးရုံ‌လေးနဲ့ လုံလောက်တယ်ဆိုတဲ့မြတ်နိုးခြင်းတွေ ချစ်ခြင်းမေတ္တာတွေကို နားလည်မပေးနိုင်ဘဲ သူ့ကိုချစ်တဲ့ Hiraဟာပြောင်းလဲသွားခဲ့ပြီလို့ အထင်လွဲခဲ့ပါတော့တယ်။ Kiyoiရဲ့အထင်လွဲမှုတွေကို Hira ရဲ့ချစ်ခြင်းတွေနဲ့ ဘယ်လိုအနိုင်ယူသွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing ပဲ ဖြစ်ပါတယ်။ Genre….. BL, Drama, Romance Quality…. 1080p | 720p File size… 1.4GB | 607MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khaing Encoder ….. Aaron

Action • Adventure
7.3 2023
My Beautiful Man: Eternal
La Vie en Rose
7.6

La Vie En Rose ဆိုတဲ့ ဇာတ်လမ်းလေးကတော့ ပြင်သစ်အဆိုတော် အီဒစ်ပီအပ်ဖ်ရဲ့ ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့အမည်ကိုလည်း အီဒစ်ပီအပ်ဖ် ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ La Vie En Rose ကိုမှည့်ခေါ်ထားပါတယ်။ အီဒစ်ပီအပ်ဖ်ရဲ့ ငယ်ဘဝအကြောင်းအရာတွေက စပြီး သူသေဆုံးချိန်မတိုင်ခင်နဲ့ ပတ်ဝန်းကျင် အဖြစ်အပျက်တွေထိ ပရိသတ်သိထားတာတွေရော နောက်ကွယ်က အကြောင်းအရာတွေပါ စုံစုံလင်လင် တင်ဆက်ထားတဲ့ အထ္ထုပတ္တိဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ အီဒစ်ပီအပ်ဖ်ဟာ အောင်မြင်မှုကြီးမားသူတွေရဲ့ ထုံးစံအတိုင်း ခက်ခဲကြမ်းတမ်းတဲ့ငယ်ဘဝကို ပိုင်ဆိုင်ခဲ့ရသူ ဖြစ်ပြီး ငယ်ငယ်ကလေးဘဝကတည်းက တာဝန်မယူတတ်တဲ့ အမေဖြစ်သူကြောင့် အဘွားဖြစ်သူ ရဲ့ ဆောင်ကြာမြိုင်မှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။ အီဒစ်လေး ၉ နှစ် အရွယ်ရောက်ချိန်မှာ သူ့အဖေဖြစ်သူ ဆပ်ကပ်ကျွမ်းဘားသမားရဲ့ လမ်းပေါ်က ဖျော်ဖြေပွဲ တစ်ခုမှာ ပရိသတ်တစ်ယောက် တောင်းဆိုမှုကြောင့် “La Marseillaise” ကိုသီဆိုပြခဲ့ပြီး ကမ္ဘာကြီးဆီကို “အီဒစ်ပီအပ်ဖ်” ကို စတင်မိတ်ဆက်ခဲ့ပေးပါတယ်။ နှစ်တွေအများကြီးကြာခဲ့ပြီး ကလပ်ပိုင်ရှင် လူးဝစ်လပ်ပလီး နဲ့ တွေ့ဆုံပြီးချိန်မှာတော့ ကလပ်ရဲ့ ပင်တိုင်အဆိုတော် ဖြစ်လာခဲ့ပါတယ်။ လူးဝစ်လပ်ပလီးကိုယ်တိုင်က သူ့ကို “စာငှက်ကလေး” လို့ အဓိပ္ပါယ်ရတဲ့ ပီအပ်ဖ်ဆိုတဲ့ အမည်ကို တွဲပေးခဲ့လို့ “အီဒစ်ပီအပ်ဖ်” ဆိုတဲ့ အနုပညာနာမည်ကို စရခဲ့ပါတယ်။ ကံကြမ္မာလှည်းဘီးတစ်ပတ်လည်ပြီး လူးဝစ်လပ်ပလီး တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရခဲ့ပါတယ်။ စုံထောက်တွေအနေနဲ့ မာဖီးယားတွေနဲ့ ပတ်သက်တယ်ဆိုပြီး အီဒစ်ပီအပ်ဖ်ကို သံသယဝင်လာခဲ့ပါတယ်။ ပရိသတ်ရဲ့ လက်မခံခဲ့တဲ့အပြင် အချစ်ဆုံးသူငယ်ချင်းပါ ထိန်းသိမ်းခံလိုက်ပြီးမှာတော့ ကြံရာမရဖြစ်နေတဲ့ အီဒစ်ဟာ ရေးမွန်အက်ဆို နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့အဆိုတော်ဘဝအတွက်တစ်ဆင့်တက်လာစေမယ့် လက်ဟန် ခြေဟန်နဲ့ ဖျော်ဖြေမှု၊ ပိုပြီးသက်ဝင်ခံစားနိုင်မှု နဲ့ အခြားသင်ခန်းစာတွေကိုပါ လေ့လာခဲ့ရပြီး အောင်မြင်တဲ့ အဆိုတော်ဘဝကို တက်လှမ်းနိုင်ခဲ့ပါတော့တယ်။ ဇာတ်လမ်းအဆုံးသတ်ပိုင်းမှာ အီဒစ်ရဲ့ ကံမကောင်းတဲ့အချစ်ရေး၊ အောင်မြင်မှုဖိစီးလာပုံ နဲ့ ဇရာပိုင်းရောက်လာချိန် စိတ်ခံစားချက်တွေကို လှလှပပ ပုံဖော်သွားနိုင်ပြန်ပါတယ်။ အီဒစ်ပီအပ်ဖ် အဖြစ် သရုပ်ဆောင်ခဲ့သူ Marion Cotillard အနေနဲ့လည်း အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင် -အော်စကာဆု၊ BAFTA AWARD၊ ရွှေကမ္ဘာလုံးဆု နဲ့ César Award တွေပါ ဆွတ်ခူးနိုင်ခဲ့သလို ဇာတ်ကားအနေနဲ့လည်း အကောင်းဆုံးမိတ်ကပ်၊ဆံပင်ပညာရှင်အော်စကာဆု၊ ဝတ်စုံဒီဇိုင်း BAFTA AWARD၊ ၊ အကောင်းဆုံးဂီတရုပ်ရှင်ဆု BAFTA AWARDတွေ ရခဲ့တဲ့ ဇာတ်ကားလေးဖြစ်လို့ လက်လွတ်မခံဘဲ ကြည့်ရှုနိုင်ပါရန် တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.2 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 20m Genre ….. Drama/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

7.6 2007
La Vie en Rose
A Journey
6.1

ဒရာမာအဆွေး ဇာတ်ကားကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်သူတွေအတွက် A Journey ဆိုတဲ့ ဖိလစ်ပိုင်ဒရာမာကား ကောင်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဖိလစ်ပိုင်ဆိုပေမဲ့ Netflix တန်းဝင်ဖြစ်ပြီး IMDb Rating ကလည်းလက်ရှိ 6.1 အထိရရှိထားတဲ့အတွက်ပေးရတဲ့အချိန်နဲ့တန်စေမဲ့ Feeling မျိုးကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ချစ်သူနှစ်ဦး ကတကယ်တမ်းအရမ်းချစ်လာကြပြီး အဆင်ပြေနေကြပြီဆိုရင် လောကကြီးကမတရားတာများ ပါတယ်။ချစ်လျက်နဲ့ သေကွဲကွဲရသူတွေ ရှင်ကွဲကွဲရသူတွေ ကိုလည်းရေတွက်လို့တောင် မကုန်နိုင်ပါဘူး။ဒီဇာတ်ကား လေးထဲမှာလည်း ဘရိုင်ယန်နဲ့ ရှိန်းဆိုတဲ့အရမ်းချစ်တဲ့ ငယ်ချစ် လင်မယားရဲ့ ဘဝကိုကံကြမ္မာဆိုးက ဝင်မွှေပုံကိုစတင် တွေ့ရမှာဖြစ်ပါတယ်။ရှိန်းက ရင်သားကင်ဆာရှိသူ တစ်ယောက် ဖြစ်ပြီး သိပ်မကြာသေးခင်ကပဲ ကုသမှုတွေခံယူပြီး ကင်ဆာကို ကျော်ဖြတ်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ကံကြမ္မာကမျက်နှာသာ မပေးတဲ့အခါမှာတော့ ဒုတိယ တစ်ခေါက်ပြန်ဖြစ်လာခဲ့ပြီး အရင်ထက်တောင်ပို ဆိုးလာပါတော့တယ်။ ဒီလိုနဲ့ ရှိန်းလည်း ကိုယ်ချစ်တဲ့သူကို ထပ်မနာကျင်စေချင်တဲ့ အတွက်ဆေးမကုသပဲနဲ့ သူမသေခင် ဖြစ်ချင်တဲ့ဆန္ဒတွေကို စာရင်းတစ်ခုနဲ့ချရေးပြီး အဲ့ဒါတွေကို လိုက်လုပ်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတော့တယ်။ဘရိုင်ယန် ကလည်း ရှိန်းကို ဆေးကုသဖို့နားချလို့ မရတဲ့အတွက် သူ့ရဲ့စာရင်းထဲက ဟာတွေကို ပြီးမြောက်အောင်လိုက်ကူညီပေးဖို့ပဲ ဆုံးဖြတ်ခဲ့ပါ တော့တယ်။ဒါပေမယ့် အဲ့ဒါကိုသူတို့နှစ်ယောက်တည်း လုပ်မှာမဟုတ်ပဲ သူတို့နှစ်ယောက်နဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ အခုအချိန်မှာမင်းသားဖြစ်နေတဲ့ သူငယ်ချင်း တူပဲကပါ အတူတူလိုက်လံကူညီပေးပါတော့တယ်။ ဒီလိုနဲ့ သူတို့ သူငယ်ချင်းသုံးယောက်ရှိန်းဖြစ်ချင်တဲ့ ဆန္ဒတွေကို အချိန်မှီ ပြီးမြောက်အောင်လုပ်ပေးနိုင်ပါ့မလား.. လင်မယားနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဇာတ်သိမ်းမှာ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာတွေကို လိုက်ပါစီးမြောပြီး ကြည့်ရှုရမဲ့ဒရာမာဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size…1.47GB / 697MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Animation • Family • Fantasy
6.1 2024 115 mins
A Journey
Wishmaster 3: Beyond the Gates of Hell
3.5

Genre – Fantasy, Horror နတ်ဆိုးကြီးဂျင် သို့မဟုတ် ဆုတောင်းသခင်ကြီးရဲ့ တတိယကား ဖြစ်ပါတယ်။ ဒီကားမှာတော့ တက္ကသိုလ်ကျောင်းတစ်ခုတည်းမှာ အခြေခံထားတာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိဘနှစ်ပါးကို ကားမီးလောင်ပြီး ဆုံးရှုံးထားတဲ့ ကျောင်းသူလေး ဒိုင်ယာနာဟာ ပရော်ဖက်ဆာဖြစ်သူနဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို ဖွင့်ကြည့်ရာကနေ ထုံးစံအတိုင်း ဂျင်ဟာ နိုးထလာခဲ့ပါတော့တယ်။ ဒီတော့ အရင်ကားတွေအတိုင်းပဲ နိုးထပေးတဲ့လူကို ဆု ၃ ဆု ဖြည့်ပေးမယ်ဆို ကမ္ဘာကို သိမ်းပိုက်နိုင်မှာ ဖြစ်တဲ့အတွက် ဒိုင်ယာနာ့နောက်ကို လိုက်ပြီး ချစ်ခင်တဲ့လူတွေကို သတ်ဖြတ်ကာ ဆုတောင်း ၃ ခု ပြည့်ဖို့အတွက် ဖိအားလိုက်ပေးတဲ့အခါမှာတော့….။ ဒီကားမှာတော့ ရှေ့ ၂ ကားတုန်းက ဘဲကြီး သရုပ်မဆောင်တော့ပဲ နတ်ဆိုးဂျင်နေရာ နောက်တစ်ယောက်ပြောင်းသွားလို့ ကြည့်ရတာ ဖီးလ်နည်းနည်းကျဲပါတယ်။ ဇာတ်လမ်းပိုင်းမှာလည်း မဆီမဆိုင်တွေ လျှောက်ထည့်ပြီး တခြားကားတွေကို မမှီတာ တွေ့ရပါတယ်။ နောက်ပြီး ဒီကားမှာ ခါတိုင်းလို အသတ်အဖြတ်တွေအပြင် ကိုယ်လုံးတီးခန်းတွေပါ ပါဝင်တဲ့အတွက် ကြည့်ရှုမယ်ဆို သတိချပ်စေလိုပါတယ်ဗျ။ File size… 4.4 GB / 1.3 GB Quality… WEB DL 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Fantasy/ Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

3.5 2001
Wishmaster 3: Beyond the Gates of Hell
El Mariachi
6.8

ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ ဟုတ်ပါတယ်….အဲ့ဒီရုပ်ရှင်တွေကတော့… Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။ ၃ ကားလုံးကို CM App နဲ့ Website https://www.channelmyanmar.to/?s=Mexico+Trilogy မှာ ကြည့်လို့ရပါတယ်။ ++++++++++++++++ El Mariachi (1992) IMDb Rating (6.8) / Rotten Tomatoes (91%) ဒီကားလေးက ဂစ်တာကိုင်လူသတ်သမား Trilogy ထဲက ပထမဆုံးကားလေးပါ ဒီကားထဲမှာတော့ သူ့ရဲ့အဖိုး အဖေတို့လို မက္ကဆီကန် ဂီတသမားလေးဖြစ်ချင်နေတဲ့ အဆိုတော်လေးတစ်ယောက်က အလုပ်အတည်တကျမရှိလို့ တမြို့ပြီး တမြို့အလုပ်ပတ်ရှာရာကနေ နောက်ဆုံး အုန်းသီးအလကားရတဲ့ မြို့ဆီရောက်တော့ သူ့အတွက် ကံကောင်းစေတဲ့မြို့ဆိုပြီး ကြည့်နူးနေခဲ့တာပါ……ဒါပေမဲ့ အဲဒီမြို့လေးက သူထင်ထားသလိုမဟုတ်ဘဲ အင်မတန်ဆိုးရွားလှတဲ့ ကျိန်စာကြီးတစ်ခုဖြစ်နေမှန်း သူသိလိုက်ရတဲ့အချိန်မှာတော့ ဘယ်လိုရုန်းထွက်မလဲ ဘယ်လိုအသက်ဆက်မလဲဆိုတာ ကြည့်ရှုရမဲ့ကားလေးတစ်ကားဖြစ်ပါတယ်….. အဲဒီခေတ်တုန်းကတော့ ဘတ်ဂျတ်ဒေါ်လာ ၇၀၀၀ရင်းပြီး ဒေါ်လာ ၂သန်းထိပြန်ရခဲ့တဲ့ကားလေးဖြစ်တာမို့ ကြည့်ရှုခံစားကြည့်လိုက်ပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Garfield မှ တင်ဆက်ထားပါတယ်။)

6.8 1992
El Mariachi
Jameelante Poovan Kozhi
7.1

Jameelante Poovan Kozhi 2024 ချစ် ချစ် ချစ် သူငယ်ချင်း ၂ယောက် ရေငုပ်ပြိုင်ကြတယ် ကြာကြာငုပ်ပြီးနိုင်တဲ့ကောင်က ၂ယောက်လုံးလိုက်နေတဲ့ကောင်မလေးကို ဆက်လိုက်ခွင့်ရှိမယ် ရှုံးတဲ့ကောင်ကတော့ နုတ်ထွက်ရမယ်ပေါ့ ဒီလိုနဲ့ရေငုပ်ပြိုင်ရင်း အတော်ကြာတဲ့အထိ သူငယ်ချင်းကပေါ်မလာခဲ့ပါဘူး အရင်ပေါ်လာတဲ့တစ်ယောက်ကတော့ အကူအညီတွေခေါ် အသိတွေဖုန်းပတ်ဆက်ပြီး ကယ်ဆယ်ရေးတွေလွှတ်ခိုင်း သေပြီထင်ပြီး ဗလီကနေ ကြေညာတဲ့လူက ကြေညာနဲ့ပေါ့ ရေနစ်သွားတဲ့လူက ရှာနူတဲ့ သူ့အကြောင်းကိုပြောရမယ်ဆိုရင်တော့ မိန်းမပွေတဲ့ကောင် တစ်မြို့လုံးကမိန်းမတွေက သူရှိရင်အတော်ကြီးသတိထားကြရတယ် တွေ့တဲ့မိန်းမကိုလိုက်ကြောင်ပေမဲ့ ဘယ်သူကမှ ပြန်မကြိုက်တဲ့ လူရှုပ်လူပွေပေါ့ အခုလည်းကြည့်လေ ရေငုပ်ပြိုင်ရင်း ကမ်းစပ်မှာရေချိုးနေတဲ့စော်လေးကိုသွားကြောင်တာ သေပြီဆိုပြီး ရပ်သိရွာသိတွေဖြစ်ကုန်တဲ့အထိပါပဲ ဘဝကိုဒီလိုပျော်ပျော်ကြီးနေလာပေမဲ့ သူကြောက်တာကတော့ နိုင်ငံရပ်ခြားမှာရှိနေတဲ့ သူ့အမေပါ ဒီလိုနဲ့တစ်နေ့ အကြောင်းမကြား အသိမပေးဘဲ အမေဖြစ်သူက စပရိုက်စ်ဆိုပြီး သူ့ဆီရောက်ချလာတဲ့အခါမှာတော့ ပေါ့ပေါ့နေခဲ့တဲ့သူ့ဘဝကြီး ဘယ်လိုတွေဟန်ဆောင်ပန်ဆောင်နဲ့ ကမောက်ကမတွေဖြစ်ကုန်မယ်ဆိုတာ ဟာသတွေနဲ့အတူကြည့်ရှုရမှာပဲဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ် )

7.1 2024 122 mins
Jameelante Poovan Kozhi
Candlewood
5

ဒီတစ်ခါ cm ပရိသတ်ကြီးကို Candlewood ဆိုတဲ့ Horror ကားသစ်လေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားကို နာမည်ကြီး Horror ဇာတ်ကားတွေ အရိုက်များပြီး သစ်တောသစ်ပင် ရေကန်တွေ သဘာဝ ရှုခင်းတွေနဲ့ နာမည်ကြီးတဲ့ ကွန်နတီကပ်ပြည်နယ် နယူးမီလ်ဖို့ဒ်မြို့မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်က မိသားစု တစ်စုဟာ ကန်ဒယ်ဝုဒ်ဟေးစ် နားက အိမ်ကြီးတစ်လုံးကို ရာဇဝင်မသိ မမြင်ဖူးသေးဘဲ ငွေပေးချေ ဝယ်ယူခဲ့ပါတယ်။ မိသားစုလိုက် နေထိုင်ဖို့ ပြောင်းလာခဲ့ပြီးမှ နယ်ခံတစ်ချို့ရဲ့ သူတို့အပေါ် အမြင်မကြည်လင်မှုတွေနဲ့ ဒီနယ်မြေရဲ့ ဒဏ္ဍာရီ ဇာတ်လမ်းတွေ သိခဲ့ရပြီးနောက်မှာတော့ သူတို့မိသားစုတွေကြားထဲမှာ ထင်ယောင်ထင်မှားမှုတွေ… ပြဿနာတွေ ဖြစ်လာခဲ့ပါတော့တယ်။ ဒဏ္ဍာရီထဲက ဖြစ်ရပ်တွေက တစ်ကယ်ပဲလား…။ ဒီအိမ်ကြီးမှာ အရင်နေခဲ့တဲ့သူတွေက ဘာတွေဖြစ်သွားခဲ့ကြတာလဲ…..။ သူတို့ မိသားစုကို ခြောက်လှန့်နေတဲ့ အရာတွေက ဘာတွေလဲ ဆိုတာကတော့……။ ( စပွိုင်လာ သုံးသပ်ချက်…. ဒီဇာတ်ကားကို Horror Fan တစ်ယောက်အနေနဲ့ သုံးသပ်ရရင် ဇာတ်လမ်းနဲ့ နေရာထိုင်ခင်း ကောင်းပေမယ့် အားမရစရာ ကောင်းတယ်လို့ ပြောလို့ ရပါတယ်။ ဒါကြောင့်လည်း IMDB မှာ Rating 5.0 ပဲ ရတာ နေမယ်…။ အမှန်တကယ် ခြောက်ခြားစရာ ဖြစ်အောင် ရိုက်ကူးလို့ ရရဲ့သားနဲ့ creepy ဖြစ်မယ့် ရိုက်ကွက်နေရာတွေ ရှိရဲ့သားနဲ့ သာမန် သွေးလေခြောက်ခြားပြီး ထင်ယောင်ထင်မှား ဖြစ်တဲ့ ပုံစံမျိုးတွေ ရိုက်ကူး ပြထားတာက အတော်ဆိုးတယ်လို့ ပြောရမယ်။ သိပ္ပံနည်းကျ စဉ်းစားကြည့်မယ် ဆိုရင်တော့ သူတို့တွေ သောက်သုံးတဲ့ ရေကနေ ပြဿနာ တစ်ခုခု ရှိတယ်လို့ ထင်ပါတယ်။ ရေတစွတ်စွတ် သောက်ပြနေတဲ့ ရိုက်ကွက်တွေကို ထည့်သွင်းထားတာလည်း အဲဒါကို မြင်သာစေချင်လို့ ယူဆမိပါတယ်။ ) File size… (1.32 GB) / (698 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Comedy • Romance
5 2025 87 mins
Candlewood
Varsity Blues

Varsity Blues ဆိုတာ ၁၉၉၉ ခုနှစ်က ထွက်ခဲ့တဲ့ ဘောလုံးအကြောင်းနဲ့ လူငယ်ဘဝရဲ့ အလှည့်အပြောင်းတွေကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးတစ်ကားပါ ဇာတ်အိမ်က တက္ကဆက်ပြည်နယ်က မြို့ငယ်လေးတစ်မြို့မှာ တည်ထားတာ ဒီမြို့မှာ ဘောလုံးဆိုတာ ဘာသာတရားလိုပဲ အားလုံးက အထက်တန်းကျောင်းရဲ့ ဘောလုံးအသင်းကို အသက်သွင်းထားတဲ့ပုံစံပေါ့ အဓိကဇာတ်ကောင်ကတော့ ဂျွန်နီ မော့က်စ် ဆိုတဲ့ကောင်လေး (ဂျိမ်းစ် ဗန် ဒါ ဘိခ် သရုပ်ဆောင်ထားတာ) သူက အသင်းရဲ့ အရန် ကွာတားဘက် ပြီးတော့ ဒီဘောလုံးအရူးတွေနဲ့ ပြည့်နေတဲ့ မြို့မှာ သူ့ဘဝကို သူ ကိုယ်ပိုင်လမ်းနဲ့ သွားချင်တဲ့ ကောင်မျိုးဖြစ်နေတာ ဒါပေမယ့် ကံကြမ္မာက လှည့်စားတယ်လေ အသင်းရဲ့ စတားကစားသမား လန်စ် ဟာဘာ ဒဏ်ရာရသွားတော့ မော့က်စ်တစ်ယောက် မထင်မှတ်ဘဲ အဓိက ကွာတားဘက်ဖြစ်လာတယ် ဒီမှာ ပြဿနာက နည်းပြကြီး ဘတ်ကုန်း (ဂျွန် ဗွိုက်ထ် သရုပ်ဆောင်ထားတယ်) သူက အနိုင်ရဖို့ဆို ဘာမဆို လုပ်မယ့် လူမိုက်ပုံစံ ကစားသမားတွေကို စိတ်ရော ကိုယ်ပါ ဖိအားပေးတာ မော့က်စ်ကတော့ ဒီဖိအားတွေ မြို့သူမြို့သားတွေရဲ့ မျှော်လင့်ချက်တွေကြားမှာ သူဘာကို တကယ်လိုချင်လဲ ရှာဖွေရတော့တာပဲ ဇာတ်ကားထဲမှာ သူငယ်ချင်းတွေ အချစ်ရေး (အေမီ စမတ် သရုပ်ဆောင်တဲ့ ဒါစီနဲ့ ဇာတ်လမ်းလေး ပါသေးတယ်) မိသားစုပြဿနာတွေနဲ့ ဘဝရဲ့ ရွေးချယ်မှုတွေကို ဟာသလေးနှောပြီး ပြသွားတာ နောက်ဆုံး မော့က်စ်တစ်ယောက် အသင်းကို သူ့လမ်းနဲ့ ဦးဆောင်ပြီး သူ့ကိုယ်သူ ပြန်ရှာတွေ့သွားတဲ့ ပုံစံနဲ့ ဇာတ်သိမ်းထားပါတယ် ဘောလုံးပရိသတ်ဖြစ်ဖြစ် လူငယ်ဘဝ ဇာတ်လမ်းမျိုးကြိုက်တတ်သူဖြစ်ဖြစ် ဒီဇာတ်ကားက စိတ်ဝင်စားစရာပါပဲ File size… (2.3 GB) / (1.3 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

Comedy • Romance
0 1999
Varsity Blues
You Are the Apple of My Eye
7.4

You Are the Apple of My Eye (2025) ********************************** IMDb… 7.4 နောက်ဆုံးတော့ TWICE အဖွဲ့ဝင် Dahyun ရဲ့ Acting Debut Movie လေး ထွက်ရှိလာပါပြီ။ တွဲဖက်မင်းသားအနေနဲ့လည်း အားလုံးသိပြီးသား မင်းသား Jinyoung က ပါဝင် သရုပ်ဆောင်ထားပါတယ်။ – ဇာတ်လမ်းအကျဉ်း – ဂူဂျင်အူ (Jinyoung) ကတော့ အိပ်မက်လည်းမရှိ စာလည်းမလုပ်ဘဲ အပျော်အပါးပဲမက်နေတဲ့ ကျောင်းသားလေးပါ။ အိုဆွန်းအာ (Dahyun) ကတော့ စံပြကျောင်းသူလေးဖြစ်ပြီး လှပချောမောတဲ့ ရုပ်ရည်ကြောင့်လည်း ကျောင်းသားအများစုရဲ့ ဝိုင်းသဘောကျခြင်းကို ခံနေရသူ‌လေးပေါ့။ တစ်နေ့မှာ ဂျင်အူက အတန်းချိန်အတွင်း သူငယ်ချင်းကို လိုက်စနေရင်းက ဆရာမိသွားလို့ ပြစ်ဒဏ်ပေးခံလိုက်ရပါတယ်။ အဲဒီပြစ်ဒဏ်ကတော့ တခြားမဟုတ်ဘဲ စံပြကျောင်းသူ ဆွန်းအာရဲ့ ရှေ့ခုံကို ပြောင်းထိုင်ပြီး စာကြိုးကြိုးစားစားလုပ်ဖို့ပါပဲ။ ဒီလိုနဲ့ဆွန်းအာက ဂျင်အူကို စာလုပ်ဖို့ ကူညီပေးရင်း အကျင့်စရိုက်ရော ကျောင်းအဆင့်ပါ ပြောင်းပြန်ဖြစ်ကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်‌ဆံရေးက တဖြည်းဖြည်းချင်း နီးစပ်လာတဲ့အခါမှာတော့… ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ထိုင်ဝမ်ရုပ်ရှင်ကို remake ရိုက်ကူးထားတာဖြစ်ပြီး နူးနူးညံ့ညံ့ လှလှပပ အချစ်ဦးဇာတ်လမ်းလေးတွေကို ကြိုက်နှစ်သက်သူများအတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်ရှင်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားထားပေးပါတယ်။) File Size : 1.26GB/ 700MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:41:58 Genre : Romance, Youth, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Miri, Hnin Wai Oo, Treasure Htet & Stary Encoded by Tiff

Horror
7.4 2025 102 mins
You Are the Apple of My Eye