YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Follow Your Heart E28 1080p WEB-DL CM.mp4

609.62 MB N/A video/mp4 35 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Princess Protection Program
6.6

Princess Protection Program (2009) Selena Gomez နဲ့ Demi Lovato တို့ရဲ့ ငယ်ရွယ်တက်ကြွတဲ့ ပုံစံကို ပြန်မြင်ရမယ့် ကားဟောင်းလေးပါ။ Selena ကတော့ ကာတာလို့ခေါ်တဲ့ ငါးစာရောင်းတဲ့ သာမန်အထက်တန်းကျောင်းသူလေးဖြစ်ပြီး Demi ကတော့ ရိုဆလင်ဒါလို့ခေါ်တဲ့ မင်းသမီးတစ်ပါးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ကာတာရဲ့အဖေက ခြိမ်းခြောက်ခံရတဲ့ နေရာအနှံ့က မင်းသမီး‌တွေကိုကယ်တင်တဲ့ နိုင်ငံတကာလျှို့ဝှက်အေဂျင်စီမှာ အလုပ်လုပ်တာပါ။ မင်းသမီးရိုဆလင်ဒါနေတဲ့ ကိုစတာလူနာဆိုတဲ့တိုင်းပြည်က ကျွန်းနိုင်ငံလေးဖြစ်ပြီး သူ့ဖခင်ဘုရင်ကြီးနတ်ရွာစံသွားတဲ့အတွက် မင်းသမီးက နောက်တစ်လနေရင် ဘုရင်မအဖြစ် နန်းတက်ရတော့မှာပါ။ နန်းတက်ပွဲအတွက်လေ့ကျင့်နေချိန်မှာ ဗိုလ်ချုပ်ကိန်းက မင်းသမီးငယ်သေးတာကို အကြောင်းပြပြီး အာဏာသိမ်းဖို့လုပ်ပါတော့တယ်။ ကံကောင်းစွာနဲ့ ရိုဆလင်ဒါအမေစီစဉ်ထားမှုကြောင့် ကာတာ့အဖေက ရိုဆလင်ဒါကို ခေါ်ထုတ်လာနိုင်ပါတယ်။ ရိုဆလင်ဒါကို အေဂျင်စီက လုံခြုံတဲ့အချိန်ရောက်တဲ့ထိ နေရာချပေးဖို့လုပ်ရာကနေ ကာတာတို့အိမ်ကို ၀မ်းကွဲညီအမ ရိုစီအဖြစ်ရောက်လာပါတော့တယ်။ ရိုစီကို သာမန်ဆယ်ကျော်သက်ကောင်မလေးလို နေတတ်အောင် ကာတာက သင်ပေးရင်း ကြုံတွေရတဲ့ အဖုအထစ်လေးတွေ ကျောင်းမှာကြုံရတဲ့အခက်အခဲတွေကို တွေ့ရဉီးမှာပါ။ ကျောင်းကပွဲတွေ ဘုရင်မရွေးတာတွေပါ ကြည့်ရမှာဖြစ်ပြီး နောက်ဆုံးမှာ ရိုစီ သူ့တိုင်းပြည်ကို ပြန်နိုင်အောင် ကြိုးစားပုံတွေကိုပါ အားပေးခံစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.75GB, 1.05GB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 30Min Genre - Comedy, Drama, Family Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Comedy • Romance
6.6 2009 89 mins
Princess Protection Program
Kitchen Brigade
6.7

~ IMDb - 6.3/10, Rotten Tomatoes - 89% ~ ဒီဇာတ်ကားရဲ့ တစ်ချို့အပိုင်းတွေဟာ ဖြစ်ရပ်မှန်တွေလို့ ပြောလို့ရပါတယ်။ ပင်မဇာတ်လမ်းကျောရိုးကြီးကို ပြောတာမဟုတ်ဘဲ ဥရောပနိုင်ငံတွေမှာ ခိုလှုံဖို့ကြိုးစားကြတဲ့ လူငယ်လေးတွေရဲ့ ရုန်းကန်မှုနဲ့ အခက်အခဲပေါ့။ လက်ရှိ ဥရောပမှာ မပြီးနိုင်မစီးနိုင် နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ ပြဿနာဟာ ခိုလှုံသူပြဿနာပါပဲ။ အချက်အပြုတ်ကို အကြောင်းကို ရှေ့မှာပြပြီး အဲဒီပြဿနာကို စိန်ခေါ်မီး‌မောင်းထိုးပြသွားတဲ့ ဒီကားလေးဟာတော့ ပြောရမယ်ဆိုရင် ပူပူနွေးနွေး ဟင်းကောင်းတစ်မယ်ပါပဲ။ ကက်သီဟာ နာမည်ကြီး တီဗီမှာ လူသိများတဲ့ စာဖိုမှူးကြီးတစ်ယောက်ရဲ့ လက်ထောက်စာဖိုမှူးဖြစ်ပါတယ်။ ဒါပေမဲ့ ကားအစမှာပဲ ဟင်းမယ်ထဲထည့်မယ့် အမွှေးအကြိုင်ကိစ္စနဲ့ စကားများပြီး အလုပ်ထွက်လိုက်ရပါတယ်။ အလုပ်ကတော့ လွယ်လွယ်ပြန်ရှာမရခဲ့သလို နောက်ဆုံး ရလာပြန်တော့လည်း တစ်ပတ်ရိုက်ပြီး အခေါ်ခံရတဲ့ နေရာ ဖြစ်နေပါတယ်။ အဲဒီနေရာကတော့ ရွှေ့ပြောင်းလူငယ်လေးတွေကို ထားပေးတဲ့ အဆောင်တစ်ခုပဲ ဖြစ်ပါတယ်။ ငွေကြေးအခက်အခဲကြောင့်သာ ဒီအလုပ်ကို လက်ခံလိုက်ပေမယ့် အစပိုင်း စိတ်သိပ်မပါခဲ့ဘူး။ ဒါပေမဲ့ နိုင်ငံအသီးသီးကနေ ပြင်သစ်မှာ ခိုလှုံဖို့ကြိုးစားနေကြတဲ့ ဒီလူငယ်လေးတွေကို သူ နားလည်လာတဲ့အခါမှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 760MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 37Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Thriller
6.7 2022 97 mins
Kitchen Brigade
(18+) Fatal Desire
2

တောတွင်းစွန့်စားခန်းကို 18+ ဆန်ဆန်ကြည့်ချင်တယ်ဆို ဒီကားလေးရှိပါတယ်နော်။ ဇာတ်လမ်းကရိုးမလိုလိုနဲ့ ဆန်းပါတယ်။ ရှေးဟောင်းမြို့ထဲမှာမြှုပ်ထားတဲ့ ရတနာကို အားကတ်ကရှာချင်တာဖြစ်ပြီး အားကတ်နဲ့အတူတူ တစ်ခြားသူငယ်ချင်းတွေလည်းပါလာကြပါတယ်။ အားကတ်ရဲ့အဖေက ရှေးဟောင်းသုတေသနပညာရှင်ဖြစ်ပြီး သူ့အိပ်မက်ဖြစ်တဲ့ရှေးဟောင်းမြို့ကို မရှာနိုင်ခင်မှာပဲ ဆုံးသွားတာဖြစ်ပါတယ်။ အဖေ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ ဖိလစ်ပိုင်မှာ ရှေးဟောင်းမြို့ကိုလာရှာရင်း သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းနဲ့လည်းတွေ့ရပြီး တောင့်တောင့်ဖြောင့်ဖြောင့် ကိုလူချောဘန်းနဲ့လည်း ခင်မင်ရင်းနှီးခဲ့ရပါတယ်၊ သူတို့ငါးယောက် ရတနာရှာပုံတော်ဖွင့်ရင်း ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ ဘယ်လိုမျိုး အမှောင်ဇာတ်လမ်းတွေခင်းမလဲဆိုတာကိုတော့ တစ်ယောက်တည်းကြည့်လိုက်ပါတော့နော် ။ ။ File size…2.8GB / 1.4GB Quality…1080p / 720p Format…mp4 Duration….1h 37mins Subtitle….Myanmar Subtilte(Hard Sub) Encoder….X Cross Translated by Dark V

Comedy • Drama • Romance
2 1998 96 mins
(18+) Fatal Desire
Farhana
7

Farhana (2023) IMDb 6.4/10 Drama/Thriller ဘာသာရေးအရမ်းကိုင်းရှိုင်းပြီး ရှေးရိုးစွဲလွန်းတဲ့ ဘိုင်ဟာ မိသားစုစီးပွားရေးအနေနဲ့ ဖိနပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ ဒီဖိနပ်ဆိုင်ကြောင့်ပဲ သမီးတွေကို မင်္ဂလာဆောင်ပေးနိုင်ခဲ့ပေမယ့် အိမ်ထောင်အသီးသီးကျပြီး မြေးတွေထပ်ရလာတဲ့အခါမှာတော့ ဒီစီးပွားရေးကျဆင်းလာပြီး မလောက်ငှတော့ပါဘူး။ ချေးငွေယူတာကိုလည်း မကောင်းတဲ့အရာလို့ သတ်မှတ်ထားပါတယ်။ အဲဒါကြောင့် သမီးဖြစ်သူ ဖာဟာနာဟာ ကလေးသုံးယောက်ရဲ့အနာဂတ်လည်းရှိသေးတာမလို့ အလုပ်ထွက်လုပ်ခွင့်ပေးဖို့ တောင်းဆိုပါတော့တယ်။ ရှေးရိုးစွဲလွန်းတဲ့အိမ်ကနေ ခက်ခက်ခဲခဲတောင်းဆိုပြီး အလုပ်ရလာတဲ့အခါ ဖာဟာနာတစ်ယောက် အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဒီလိုနဲ့တဖြည်းဖြည်းအဆင်ပြေလာခဲ့ပေမယ့် သမီးဖြစ်သူ အရေးပေါ်ခွဲစိတ်မှုနဲ့ကြုံလာတဲ့အခါ ဒီ့ထက်ပိုပြီးမက်လုံးပေးတဲ့ အလုပ်တစ်ခုကိုရဖို့ကြံပါတော့တယ်။ ဒါပေမဲ့ ဒီအလုပ်ကနေ မထင်မှတ်ထားတာတွေ ကြုံရ‌တဲ့အခါ ဖာဟာနာဘာတွေဆက်လုပ်မလဲ။ ဘယ်လိုစိတ်ဝင်စားစရာဇာတ်ကြောင်းတွေဖြစ်လာဦးမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Cherry,Zwe,V,BpL,Yunni တို့ပဲဖြစ်ပါတယ်) File size…2.09GB / 858MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by  Cherry~Zwe~V~ BpL~ Yunni

Comedy • Crime • Mystery • Thriller
7 2023 140 mins
Farhana
Treeless Mountain
6.9

"သစ်ပင်မရှိတဲ့ တောင်" ဆိုတဲ့ ဇာတ်ကားနာမည်လေးအတိုင်းပဲ အမေမရှိတဲ့ ကလေးတွေရဲ့ဘဝဟာ သစ်ပင်မရှိတဲ့ တောင်လို အကာအကွယ်မဲ့ဖြစ်ရတတ်ကြောင်းကို ဒီကားလေးထဲမှာ တင်ဆက်ပြသထားပါတယ်... ဂျင် နဲ့ ဘင် ဆိုတဲ့ ကလေးမလေးနှစ်ယောက်ဟာ အမေဖြစ်သူနဲ့အတူ ဟောင်းနွမ်းနေတဲ့တိုက်ခန်းကျဥ်းလေးထဲမှာ နေထိုင်ကြပါတယ်။ တစ်ရက် ကလေးတွေရဲ့အမေဟာ အဝေးရောက်နေတဲ့ ခင်ပွန်းကိုသွားရှာဖို့အတွက် လူမမည်ကလေးနှစ်ယောက်ကို အဒေါ်ဖြစ်သူရဲ့အိမ်မှာ သွားအပ်ထားဖို့ဖြစ်လာခဲ့ပါတော့တယ်။ ကလေးတွေအတွက် ဝက်ရုပ်စုဘူးလေးပေးခဲ့ပြီး အဲ့ဒီစုဘူးလေးပြည့်တဲ့နေ့ ပြန်လာခဲ့မယ်ကတိပေးပြီး ထွက်သွားပါတယ်။ အဒေါ်ဖြစ်သူဟာ အရက်စွဲနေတဲ့သူဖြစ်ပြီး ကလေးတွေကို သေချာဂရုမစိုက်နိုင်လို့ ဂျင် နဲ့ ဘင် ဟာ သူတို့ဘာသာပဲ နှံကောင်လေးတွေလိုက်ဖမ်းလိုက်၊ ကင်ပြီးရောင်းလိုက်နဲ့ ရသမျှငွေလေးတွေကို စုဘူးလေးထဲဖြည့်ရင်း အမေပြန်အလာကို စောင့်မျှော်နေကြပါတယ်။ တစ်ချိန် ဝက်ရုပ်စုဘူးလေးပြည့်သွားတဲ့နေ့ ကတိအတိုင်း အမေဖြစ်သူ ပြန်လာခေါ်ပါ့မလား...အမေပြန်မလာခဲ့ရင်ရော ကလေးနှစ်ယောက် ရှေ့ဆက်ဘာဖြစ်သွားကြမလဲဆိုတာ ဒီကားလေးထဲမှာ ဆက်လက်ရှုစားကြည့်လိုက်ရအောင်နော်~ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Ei Phyu Khin ပါ) File Size          :  (1.1GB) & (370MB) Quality            : 720p HDTV & 480p Format            : mp4 Duration         : 1hr & 29mins Genre              : Drama Translated by  Ei Phyu Khin Encoded by Kinnov

Action • Mystery • Thriller
6.9 2009 89 mins
Treeless Mountain
Peace by Chocolate
6

Peace By Chocolate (2021) ~ IMDb – 6/10, Rotten Tomatoes – 86% ~ ၂၀၁၁ မတ်လမှာ စဖြစ်ခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်ဟာ အခုရုပ်ရှင်ကို တင်ဆက်လိုက်တဲ့ အချိန်မှာဆို ၁၁နှစ် ၂လ ၄ပတ်နဲ့ နှစ်ရက်တိတိရှိပါပြီ။ တော်တော်ကြာတဲ့ ပြည်တွင်းစစ်ဖြစ်သလို ကမ္ဘာပေါ်မှာ စစ်ဘေးရှောင်ဒုက္ခသည်အများဆုံး ပေါ်ထွက်စေခဲ့တဲ့ ပြည်တွင်းစစ်လည်း ဟုတ်ပါတယ်။ အဲဒီက လူတွေ ဒုက္ခသည်လက်ခံပေးတဲ့ နိုင်ငံအသီးသီးမှာ ခိုလှုံကြတဲ့ အကြောင်းရုပ်ရှင်တွေလည်း မနည်းတော့ပါဘူး။ ဒီကားကတော့ အဲဒီဒုက္ခသည်တွေထဲကမှ ထူးထူးခြားခြား အောင်မြင်သွားတဲ့ မိသားစုတစ်စုအကြောင်းပါ။ ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ ဆီးရီးယားမှာ ဗုံးကြဲခံရရာက မိသားစုချောကလက်လုပ်ငန်းလေး ပျက်စီးခဲ့ရသလို သူတက်နေတဲ့ ဆေးကျောင်းလည်းတစ်၀က်တစ်ပျက် ဖြစ်ခဲ့ရတဲ့ ဆေးကျောင်းသားလေးနဲ့ သူ့မိသားစုဟာ ကနေဒါကိုရောက်လာခဲ့ပါတယ်။ ဆာတီဖီကိတ်မရှ်ိလို့ ဆေးပညာနဲ့ အသက်မွေးချင်ပေမဲ့ မရ ဖြစ်‌နေတဲ့ ကျောင်းသားလေးနဲ့ သူ့မိသားစုကို ကနေဒါဒေသခံမိသားစုတစ်စုက ခေါ်ထားပေးပါတယ်။ ချစ်တဲ့လူတွေလည်းဆုံးရှုံး၊ အိမ်လည်းမရှိ၊ ဘ၀လည်းမရှိတော့တဲ့ သူတို့ဟာ သူတို့ဇာတိမှာ ဆုံးရှုံးခဲ့ရတဲ့ချောကလက်လုပ်ငန်းလေးကို အိမ်တွင်းဖြစ်အ‌နေနဲ့ စထောင်ပြီး ချာ့ခ်ျကျောင်းမှာ ရောင်းရာက အရသာကောင်းလွန်းလို့ အောင်မြင်လာခဲ့ပြီး အခက်အခဲတွေကြုံခဲ့ရပေမဲ့ လုပ်ငန်းကြီးထူထောင်နိုင်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းရဲ့ နာမည်က Peace by Chocolate တဲ့။ သူတို့မရခဲ့တဲ့ ငြိမ်းချမ်းမှုကို ချောကလက်နဲ့ရှာဖွေချင်တဲ့… ချောကလက်နဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းစေချင်တဲ့သူတွေပေါ့။ ဒုက္ခသည်တွေလည်း အောင်မြင်နိုင်ကြောင်း အမြင်သစ်ဖွင့်ပေးခဲ့တဲ့သူတွေဆိုလည်း မမှားဘူးပေါ့။ လက်ရှိမှာ Peace By Chocolate ဟာ ကမ္ဘာနဲ့ချီအောင်မြင်နေတဲ့ ချောကလက်လုပ်ငန်းစုကြီးဖြစ်ပြီး သူတို့အမြတ်ရဲ့ ၃ရာခိုင်နှုန်းကနေ ၅ရာခိုင်နှုန်းကို ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ လှူဒါန်းပေးထားပါတယ်။ တကယ့် Peace By Chocolate ပါပဲ။ မယုံမရှိပါနဲ့။ တစ်ခါတလေကျ ချောကလက်ကလည်း ကမ္ဘာကြီးကို ငြိမ်းချမ်းစေနိုင်တာပါပဲ။ စာကြွင်း – အဓိကဇာတ်လမ်းကို သိပ်မထိခိုက်ပေမဲ့ တစ်ချို့ အာရေဗျလိုပြောတဲ့နားမှာ စာပါမလာပါဘူး။ မူရင်းစာဖိုင်မှာကို ပါမလာတာပါ။ သုံးဖြတ်လောက်ပဲဖြစ်ပြီး တစ်ဖြတ်ကို ဘယ်လောက်မှမကြာသလို ဇာတ်လမ်းကိုလည်း မထိခိုက်တာမို့သည်းခံပေးကြစေချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.63GB, 772MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 36Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Drama • Mystery • Thriller
6 2021
Peace by Chocolate
Flaming Cloud
6

ဒီဇာတ်လမ်းလေးကတာ့ အချစ်စစ်နဲ့ ပတ်သတ်ပြီး နတ်ဘုရားတွေရဲ့သေခြင်းရှင်ခြင်းကို ဆုံးဖြတ်တဲ့ လောင်းကစား တစ်ခုကနေစတင်လာခဲ့တဲ့ ဇာတ်လမ်းလေးပါပဲ… ကောင်းကင်ဘုံမှာ အချစ်စစ်နဲ့ပတ်သက်ပြီးလောင်းကစားလုပ်ဖို့စတင်ခဲ့တာ လောင်းကြေးကတော့ တိမ်လွှာ မီးတောက်လို့ခေါ်တဲ့နတ်ဘုရားတွေရဲ့ သေဆုံးခြင်းပေါ့… အဲ့ဒီအတွက် ဝမ်စန်းကွေ့ဆိုတဲ့ ကလေးလေးဟာ အချစ်စစ်နဲ့ ကျိန်စာဖြေရမယ့် လူသားတစ်ယောက်အဖြစ်ရွေးချယ်ခံခဲ့ရတယ်… ငယ်စဥ်ကတည်းက မိဘမရှိ အဖွားနဲ့နေခဲ့ရပြီး သူငယ်ချင်းဆိုတာလည်းမရှိသူတစ်ယောက်ပါ… တစ်နေ့မှာ သူသွားနေကျ စွန့်ပစ်ပန်းခြံတစ်ခုရဲ့ ကိုယ်ပိုင်နေရာလေးကို လာသိမ်းပိုက်တဲ့ ထင်ထင် ဆိုတဲ့ကောင်မလေး တစ်ယောက်ပေါ်လာခဲ့တယ်… ထင်ထင်နဲ့အစမှာတော့ မတည့်ကြပေမယ့်ပြေလည်မှုရပြီးနောက်မှာသူငယ်ချင်းမရှိတဲ့ ဝမ်စန်းကွေ့အတွက်တော့ သံယောဇဥ်တွေတွယ်လာခဲ့တယ်… အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ ကျိန်စာဆိုးကပေါ်ထွက်လာခဲ့တော့တာပါပဲ… နမ်းလိုက်တဲ့ ဘယ်သူမဆို ချက်ချင်း အိပ်ပျော်သွားခဲ့တယ်.. ကျိန်စာဆိုးကြောင့်နားလည်မှုလွဲခဲ့ပြီး ထင်ထင်နဲ့ကွဲကွာခဲ့တဲ့အပြင် တစ်ဦးတည်းသောအဖွားလည်းဆုံးရှုံးခဲ့ရတဲ့ ဝမ်စန်းကွေ့… ရှေ့ဆက်ပြီး ကျိန်စာဆိုးနဲ့ဘယ်လိုတွေဆက်ဖြစ်မလဲ… ထင်ထင်ကရော အချစ်စစ်ဖြစ်လာနိုင်မလား… ကျိန်စာဆိုးကိုရောဖြေရှင်းနိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှုကြရအောင် …

6 2023
Flaming Cloud
Diary of a Wimpy Kid Christmas: Cabin Fever
5.8

ခရစ္စမတ်ချိန်ခါနီးပြီဆိုတော့ Disneyက အသစ်ထွက်ထားတဲ့ ဟာသကာတွန်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Christmas ရဲ့ ထုံးစံအတိုင်း Santaဟာ လိမ္မာတဲ့ကလေးတွေကို လက်ဆောင်တွေအများကြီး ပေးတယ်လို့ မိဘတွေကပြောကြပါတယ်။ ဒီတော့ ကလေးတွေမှာ ကိုယ်လိုချင်တဲ့ လက်ဆောင်ရဖို့အရေး Christmasရောက်ဖို့တစ်လလုံး လိမ္မာပြရပါတယ်။ Santaကြားသွားရင် လက်ဆောင်မပေးတော့မှာဆိုးလို့ ယောင်လို့တောင် စကားအမှား မထွက်ရဲကြပါဘူး။ ဒီကလေးတွေထဲကမှ Gregဆိုတဲ့ကောင်လေးဟာ ဂိမ်းစက် အသစ်လိုချင်နေပါတယ်။ လိမ္မာမှလိုချင်တာရမယ်ဆိုပေမဲ့ Christmasမရောက်ခင် တစ်ပတ်လောက်အလိုမှာ သူ့သူငယ်ချင်းနဲ့အတူ အပြစ်ကြီးကြီးမားမားတစ်ခုလုပ်မိ သွားပါတယ်။ ဒီအချိန်မှာ ဂိမ်းစက်ကိုလည်းဂရုမစိုက်နိုင်တော့ဘဲ ‌ဒီကိစ္စကိုဘယ်သူမှ မသိဖို့အရေး လူတကာပျော်နေချိန်မှာ အပူအပင်တွေနဲ့လုံးပမ်းနေရပါတယ်။ Greg တို့သူငယ်ချင်း၂ယောက် ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။ File size…1 GB / 478 MB Quality…DSNP WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 2m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

5.8 2023 64 mins
Diary of a Wimpy Kid Christmas: Cabin Fever
Au Revoir les Enfants (aka) Goodbye, Children
8

Best European Film, Best Film, Best Director ဆုတွေကို ဒီဇာတ်ကားနဲ့ပဲ ဆွတ်ခူးခဲ့တဲ့ ပြင်သစ်ဒါရိုက်တာကြီး Louis Malle ရိုက်ကူးထားပြီး ဆုတွေအများကြီး ရထားတဲ့ Drama/War ဇာတ်ကားကောင်းလေးတစ်ကားပါ ဇတ်အိမ်လေးကတော့ 1944 ခုနှစ် ပြင်သစ်ကို ဂျာမန်တွေဝင်လာတဲ့ကာလကိုရိုက်ကူးထားတာပဲဖြစ်ပြီး ဂျူလီယန် နဲ့ ဖရန်ဆွာ ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ အားလပ်ရက်ပြီးတော့ ST. JOHN ဆိုတဲ့ ကျေးလက် ဘုန်းတော်ကြီးသင် ဘော်ဒါကျောင်းကို တက်ဖို့ပြန်လာကြတာပေါ့…..တစ်နေ့တော့ အဲဒီကျောင်းကို ဘွန်နက် ဆိုတဲ့ ကျောင်းသားသစ်လေးတစ်ယောက်ရောက်လာတယ်….. အချိန်ကာလအနေနဲ့ နာဇီတွေဟာ ဂျူးတွေကို လိုက်ရှင်းနေတဲ့အချိန်ဖြစ်ပြီး တစ်ဖက်မှာလည်း မဟာမိတ်တပ်တွေက နာဇီတွေကို ချေမှုန်းဖို့အတွက် စစ်မျက်နှာဖြန့်နေတဲ့အချိန်ပေါ့….နာဇီတွေလိုက်ဖမ်းနေတဲ့ရန်ကနေ ထွက်ပြေးခိုလုံနေကြတဲ့ ဂျူးလူမျိုးတွေလည်း နေရာအသီးသီးမှာ ပြန့်ကျဲနေကြတာပေါ့…. နာဇီ ဂတ်စတာပို တွေဟာလည်း ST. JOHN ကိုဝင်ရောက်ရှာဖွေတဲ့အခါမှာတော့…… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.1 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:44:00 Genre…Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

8 1987 105 mins
Au Revoir les Enfants (aka) Goodbye, Children
Alfie

IMDb 6.2 ရရှိထားပါတယ်။ Comedy / Romance အမျိုးအစားလေးပါ။ ဇာတ်အိမ်ကတော့ အယ်လ်ဖီဆိုတဲ့ ဒရိုက်ဘာတစ်ယောက်ကိုတည်ထားတာ။ အယ်လ်ဖီက လီမိုကားမောင်းတဲ့ ဒရိုက်ဘာတစ်ယောက်။ သူ့ရုပ်ရည်က စွဲဆောင်မှုရှိတဲ့အထဲပါတယ်ပေါ့။ စော်ကြည်ဘဲပေါ့။ အယ်လ်ဖီရဲ့အားသာချက်က တော်ကီကောင်းပြီး မိန်းမတွေကိုညှို့ယူဆွဲဆောင်ရမလဲဆိုတာကို ကောင်းကောင်းသိတာ။ စော်ကြည်ဘဲအယ်လ်ဖီက လီမိုကားဒရိုက်ဘာလုပ်ပြီး၀န်ဆောင်မှုပေးရတဲ့ အထက်တန်းလွှာအသိုင်းအဝိုင်းထဲက မိန်းမတွေနဲ့ငြိတယ်ပေါ့။ ဒီလို၀မ်းနိုက်စတန်းတွေနဲ့ စားချင်တိုင်းစားနိုင်နေတဲ့အယ်လ်ဖီရဲ့ မကောင်းတဲ့အကျင့်က မိန်းကလေးတစ်ယောက်ကို စိတ်ရှိသလိုအသုံးချပြီးရင် တာ၀န်ယူမှုတာ၀န်ခံမှုကျ မရှိတာပဲ။ သူက သူ့ရဲ့မကောင်းတဲ့လုပ်ရပ်တွေကို ဆင်ခြေဆင်လက်ပေါင်းစုံနဲ့ အပြစ်လွတ်အောင် အကြောင်းပြပြီး ရှောင်ပြေးနေကျ။ ဒါပေမဲ့ လည်လွန်းတဲ့ဘီး ချေးသင့်ဆိုတဲ့စကားအတိုင်း အယ်လ်ဖီက သူ့ရပ်တွေရဲ့ ကြောက်စရာအကျိူးဆက်တွေကို တဖြည်းဖြည်းခံစားလာ‌ရတော့တယ်။ ဒီရုပ်ရှင်ထဲမှာ ဇာတ်လိုက် အယ်လ်ဖီကိုယ်တိုင်က ‌ဇာတ်ကြောင်းပြော‌တဲ့‌‌သူနေရာကနေလည်း သရုပ်ဆောင်ထားတာကြောင့် သူက ဇာတ်၀င်ခန်းတွေမှာ ပရိတ်သတ်ကြည့်ပြီး စကားလှမ်းလှမ်းပြောတဲ့ပုံစံက ရုပ်ရှင်ကိုနည်းနည်းဆန်းသွားစေတယ်လို့ဆိုရမယ်။ ရုပ်ရှင်ကပေါ့ပေါ့ပါးပါးပါပဲ လိင်ကိစ္စ၊ ဖိုမသဘာ၀ ဟာသလေးတွေနဲ့ရောပြီး မက်ဆေ့ခ်ျလေးတွေကိုပေးသွားတာမလို့ အေးဆေးကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးပါ။ အဖော်အချွတ်ခန်းတွေပါ၀င်တာကိုတော့ သတိချပ်ပေးပါ။ File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Comedy, Romance , Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2004
Alfie
Fight Against Evil Ⅱ
5.9

2021 ခုနှစ်က ထွက်ခဲ့တဲ့ Fight Against Evil ဇာတ်လမ်းရဲ့ အဆက်လေးပဲဖြစ်ပါတယ် ပထမကားကို ကြည့်ချင်တယ်ဆိုရင် ဒီလင့်လေးကိုနိပ့်ပီး ကြည့်နိုင်ပါတယ် ဇာတ်လမ်းအညွန်းလေးကတော့ ရဲဝန်ထမ်းလုပ်နေတဲ့ လီဟုန်ချီးတစ်‌ယောက်ဟာ KTV တစ်ခုမှာအလုပ်လုပ်နေတဲ့ကောင်မလေးတွေအပေါ် လိင်အမြတ်ထုတ်တာတွေ တရားမဝင် မူးယစ်ဆေးဝါးရောင်းတာတွေလုပ်ပြီး ငွေမည်းတွေနဲ့ကြီးပွားနေတဲ့ လူမိုက်တွေကို ခြေရာခံမိခဲ့ပါတယ် လူမိုက်တွေရဲ့ အနိုင်ကျင့်မှုကြောင့် တစ်ချို့မိန်းကလေးတွေ sucideလုပ်တဲ့အထိဖြစ်လာခဲ့ပါတယ် လူမိုက်တွေထဲမှာ သူချစ်ရတဲ့ညီလေးတစ်ယောက်လည်းပါနေတာကြောင့် ညီလေးကို ကယ်တင်နိုင်ဖို့ သူဘယ်လိုတွေစုံစမ်းပြီးထုတ်ဖော်မလဲ စုံစမ်းရင်းနဲ့ ဘယ်လိုမထင်မှတ်ထားတာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုလို့ရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyawt ပဲ ဖြစ်ပါတယ်။

5.9 2023
Fight Against Evil Ⅱ
The Flower Of The Sea – Snowy Night And Fierce Lantern
5.8

The Secret Lair of the Tibetan Flowerကိုကြည့်ပြီး သူတို့အရှေ့ခရီးစဉ်က ဘာဖြစ်ခဲ့တာလဲလို့ တွေးမိသူတို့ရေ… ထူးခြားဆန်းပြားတဲ့ အရပ်ဆီကို ထပ်မံပြီးခေါ်သွားဖို့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ထူးခြားတဲ့သွေးပိုင်ရှင် ကျန်းမိသားစုဝင် ကျန်းခိုင်ဟယ်နဲ့ ကျန်းညန် ညီအစ်ကို ၂ ယောက်က…. ဖျံကြပြီး လူလည်ကြ လောင်းကြေးတွေကို အနိုင်ပိုင်းခဲ့ပြီး ကျင်လည်နေတာပေါ့… ဒီလိုနဲ့ပဲ လောင်းကြေးပွဲတစ်ခုမှာ မြေပုံဟောင်းတစ်ခုကိုရလိုက်တယ်… အဲ့မြေပုံကတော့ ကူလော့ရှေးဟောင်းဂူကို ညွှန်နေတာဖြစ်ပြီး… တိုက်တိုက်ဆိုင်ဆိုင် ကျန်းညန်အဖေသေဆုံးတာနဲ့လည်း ဆက်စပ်နေပါတယ်တဲ့… ဒီလိုနဲ့ ကျန်းညီအစ်ကိုနှစ်ဦးရဲ့ စွန့်စားခန်းခရီးလေးစတင်လာတာပေါ့…. ဒီခရီးလမ်းအဆင်ပြေချောမွေ့ပါမလား… ကျန်းညီအစ်ကိုနှစ်ယောက် သေဘေးကလွတ်မြောက်ပါ့မလား… ကျန်းညန်အဖေသေဆုံးရတဲ့ အကြောင်းအရင်းမှန်ကို ဖော်ထုတ်နိုင်မှာလားဆိုတာကို CM မှာ ဇာတ်ကားလေးကြည့်ရင်း နဲ့အတူတူ အဖြေထုတ်ကြရအောင်နော်

5.8 2024
The Flower Of The Sea – Snowy Night And Fierce Lantern
Accidental Love
5.1

Accidental Love (2015) *********************** မင်းသမီးချော Jessica Biel နဲ့မင်းသား Jake Gyllenhaal တို့ ပါဝင် သရုပ်ဆောင် ထားတဲ့ Accidental Love ရုပ်ရှင်ကတော့ အမေရိကန်နိုင်ငံရေးလောက၊ မူဝါဒတွေနဲ့ လွှတ်တော်ကို သရော်ထားတဲ့ ဟာသအချစ်ကားဖြစ်ပါတယ်။ ချစ်သူက လက်ထပ်ခွင့်တောင်းတဲ့နေ့မှာ မတော်တဆဖြစ်ပြီး ခေါင်းထဲမှာ သံစိုက်ဝင်သွားတဲ့ စားပွဲထိုးမလေးအဲလစ္စဟာ ကျန်းမာရေးအာမခံမရှိတာကြောင့် ခွဲစိတ်ကုသခွင့် မရခဲ့ပါဘူး။ ချစ်သူက ပစ်တာလည်းခံလိုက်ရတဲ့ အဲလစ္စတစ်ယောက် ဝါရှင်တန်ကိုသွားပြီး လူထုကိုကူညီဖို့ အဆင်သင့်ပါလို့ကြေညာထားတဲ့အမတ် ဟောင်းဝပ်ကို အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကိုယ်တိုင်ခွဲစိတ်မှုခံယူရဖို့ကြိုးစားရင်း အာမခံမရှိလို့ အရေးပေါ်ခွဲစိတ်မှုတွေ မလုပ်နိုင်တဲ့ လူပေါင်းများစွာရှိနေသေးတာကို သိခဲ့ရတာကြောင့် ကျန်းမာရေးဉပဒေသစ်ကို လွှတ်တော်က ပြဌာန်းပေးအောင် အဲလစ္စတစ်ယောက် ဟောင်းဝပ်နဲ့ပူးပေါင်းပြီး ကြိုးစားရပါတော့တယ်။ လွှတ်တော်ရဲ့အထင်ကရအမတ်တစ်ဦးဖြစ်တဲ့ ပမ်ဟင်နရီကတော့ အဲလစ္စရဲ့ကျန်းမာရေးဥပဒေဟာ နိုင်ငံတော်အတွက် အများကြီးကုန်ကျစေပြီး အခွန်တွေ တိုးကောက်ရလိမ့်မယ်လို့ဆိုရင်း လပေါ်မှာ အမေရိကန်စစ်ခြေစိုက်စခန်း တည်ဆောက်ဖို့ကသာ ပိုအရေးကြီးတယ်လို့ အမတ်တွေကို စည်းရုံးထားခဲ့ပါတယ်။ နိုင်ငံရေးလောကကို ဘုမသိဘမသိရောက်လာတဲ့အဲလစ္စနဲ့ နိုင်ငံရေးလောကကို ကြီးစိုးထားတဲ့ ပမ်ဟင်နရီတို့ကြား အမျိုးအမျိုးရင်ဆိုင်တိုက်ခိုက်ကြပုံကို ဟာသဖြစ်အောင် ရိုက်ကူး ပြသထားတာဖြစ်သလို ပြင်ပအမေရိကန်နိုင်ငံရေးလောကကိုပါ ထိထိရောက်ရောက် သရော်လှောင်ပြောင်ထားတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ (အညွှန်းကို JULY မှ ရေးသားထားပါတယ်) File size…2.27GB / 1.04 GB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 41m Genre ….. Romance, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by JULY Encoded by AHtet

Comedy • Drama
5.1 2015 100 mins
Accidental Love
New York, I Love You
6.2

New York, I Love You (2008) IMDb Rating (6.2) / Rotten Tomatoes (37%) New York, I Love You ဟာ နယူးယောက်ကို ပေးတဲ့ ရည်းစားစာလိုပြောလိုရတယ်။ ပြောရရင် ရည်းစားစာဆိုတာ ရည်းစားစာဆိုတဲ့ စကားလုံးသက်သက်တော့မဟုတ်ဘူး။ တစ်ချိုရုပ်ရှင်တွေကို ညွှန်းဆိုရာမှာ သုံးတတ်တဲ့ စကားလုံးတစ်ခုရှိတယ်။ A Love Letter to ဆိုတဲ့ စကားလုံး ပေါ့။ “This movie is a love letter to New York”တို ” This movie is a love letter to 90s romace comedy.”တိုလိုပေါ့။ ဒီစကားလုံးကို အဘိဓာန်မှာတော့ “A love letter to something” idiomally means a heartfelt and enthusiastic expression of appreciation, admiration, or love for a particular subject, place, or idea, often presented in a creative or expressive wayလို အဓိပ္ပာယ်ဖွင့်ထားတယ်။ စကားလုံးကျစ်ကျစ်လျစ်လျစ်နဲ့ ဗမာလို ပြန်ရင်လည်း ရည်းစားစာလိုပဲ ပြန်သင့်တယ်လိုတော့ မြင်တာပဲ။ ဒီရုပ်ရှင်က ရှော့ဖလင်၁၁ခုကို ရုပ်ရှင်တစ်ကားတည်းလိုဖြစ်အောင် ရိုက်ထားတဲ့ ရုပ်ရှင်။ ဒီရှော့ဖလင်၁၁ခုက သီခြားစီအနေနဲ့လည်း ရှော့ဖလင် ကောင်းတွေဖြစ်နေသလို အကုန်လုံးပေါင်းလိုက်တဲ့အနေနဲ့လည်း ရုပ်ရှင်ကောင်းတစ်ကားဖြစ်နေတယ်။ နယူးယောက်ကိုပေးတဲ့ ရည်းစားစာဆိုပေမဲ့လို ဒီရုပ်ရှင်မှာ ဝင်ရိုက်ထားတဲ့ ဒါရိုက်တာတွေက နိုင်ငံပေါင်းစုံက ဒါရိုက်တာပေါင်းစုံပါပဲ။ ဂျပန် အိန္ဒိယ တရုတ် ပြင်သစ် ဂျာမန်တူရကီ အမေရိကန်တွေပေါ့။ အိန္ဒိယကဆို Shekhar Kapur – သူက Bandit Queenနဲ့‌ လူသိများခဲ့သလို အယ်လီဇဘတ် , အယ်လီဇဘတ်ရွှေခေတ်စတာတွေလည်း ရိုက်ထားတယ်။ တရုတ်က Jiang Wen- Red Sorghumမင်းသား , In the Heat of the Sunဒါရိုက်တာ။ ဂျပန်က Shunji Iwai- သူတော့ သိတဲ့လူတွေအတွက် ပြောနေစရာမလိုပါဘူး။ သရုပ်ဆောင်တွေကတော့ Shu Qi , Natalie Portman, Irrfan Khan, Orlando Bloom, John Hurt ,Bradley Cooper , Ethan Hawke, Hayden Christensen, Olivia Thirlby, Shia LaBeouf , Maggie Q စတဲ့ လူသိများ နာမည်ကြီးပြီးသားတွေ မနည်းမနောပါတယ်။ တစ်ခုရှိတာက Irrfan Khanအခန်းကို အိန္ဒိယဒါရိုက်တာက မရိုက်သလို , နာတာလီပေါ့မန်းက ဝင်ရိုက်ထားပေမဲ့ သူသရုပ်ဆောင်တာက သူဝင်ရိုက်ထားတဲ့ဟာမဟုတ်ဘူး, နောက် ရှုကြည်နဲ့ နောက်တရုတ်နွယ်ဖွား မင်းသမီးပါတဲ့အခန်းကလည်း တရုတ်ဒါရိုက်တာ ရိုက်ထားတဲ့အခန်းမဟုတ်ဘူး။ ဘယ်သူ ဘာရိုက်လဲ အတိအကျသိချင်ရင်တော့ https://shortfilmspring2013.weebly.com/new-york-i-love-you.html ဒီလင့်မှာ ဝင်ကြည့်လိုရတယ်။ ကျွန်တော့်ပုဂ္ဂလိကအမြင်နဲ့တော့ ဒီထဲ ကျွန်တော်မကြိုက်မိတဲ့ ရှော့ဖလင်က ၂ခုလောက်ပဲရှိတယ်။ ကျန်တာတွေအကုန် တော်တော်လှတယ်။ တော်တော်လည်း စကေးကြမ်းတဲ့ ဘဲတွေပါပဲ ၁မိနစ် ၂မိနစ်နဲ့စတဲ့ အချိန်လေးအတွင်း ပုံပေါ်အောင်ရိုက်နိုင်ကြတယ်။ ရှော့ဖလင်ရိုက်ချင်တဲ့သူတွေ လေ့လာကြည့်သင့်တဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ဒီထဲမှာ ကျွန်တော်အကြိုက်ဆုံး ဇာတ်လမ်းက Shunji Iwaiရဲ့ ဇာတ်လမ်း။ သူ့ဇာတ်လမ်းက နယူးယောက်က musician တစ်ယောက်အကြောင်း။ အဲဒီနေရာမှာ သရုပ်ဆောင်တာက အော်လန်ဒိုဘလွန်း။ သူက သူ့အခန်းလေးထဲမှာပဲ တေးသီနေတဲ့လူ။ သူနဲ့တိုက်ရိုက်ချိတ်ဆက်နေတဲ့ ဇာတ်ကောင်က ၂ယောက်ရှိတယ်။ တစ်ယောက်က သူ့ဒါရိုက်တာ။ တစ်ယောက်က သူ့ဒါရိုက်တာရဲ့လက်ထောက်။ တစ်ကားလုံးမှာ ဒီလူ၂ယောက်စလုံးနဲ့ သူက ဖုန်းနဲ့ပဲ ဆက်သွယ်တာပြပြီး လူတွေကိုမပြသွားဘူး။ ဇာတ်က ဘယ်လိုလဲဆိုတော့ သူဖွဲထားတဲ့တေးကို သူ့ဒါရိုက်တာက မကြိုက်ဘူး။ ဆိုတော့ သူတို ပြန်တိုင်ပင်ကြတယ်။ သူ့ဒါရိုက်တာက သူ့ကို ဒါစတိုယက်စကီးရဲ့ Crime and Punsihment နဲ့ The Brothers Karamazovကို ဖတ်ခိုင်းလိုက်တယ်။ သူက ဒီစာအုပ်ကြီးတွေကိုကြည့်ပြီး စိတ်ဓာတ်ကျနေပြီ။ အလုပ်ထွက်တော့မယ်ပေါ့။ အဲဒီမှာ သူ့ဒါရိုက်တာရဲ့လက်ထောက်ကောင်မလေး သူနဲ့ တစ်ချိန်လုံးဆက်သွယ်နေတဲ့ကောင်မလေးက သူ့ဆီ ဖုန်းဆက်ပြီးပြောတယ်။ ဒေါ့စတိုယက်စကီး The Gambler ဝတ္တုကိုရေးတုန်းက ထုတ်ဝေသူက အချိန်၂၈ရက်ပဲရမယ်လို စာချုပ်ချုပ်ထားခဲ့တယ်တဲ့။ ဒေါ့စတိုယက်စကီးက ပြီးအောင်ရေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စာရိုက်သမလေးတစ်ယောက်ရဲ့ အကူအညီတော့ယူခဲ့ရတယ်တဲ့။ နောက် အဲဒီကောင်မလေးနဲ့ သူလက်ထပ်သွားတယ်တဲ့။ သူကူညီပေးရမလားလို အော်လန်ဒိုဘလွန်းကိုမေးလာတယ်။ အော်လန်ဒိုဘလွန်းကလည်း လက်ခံလိုက်တယ်။ သူ့အိမ်တံခါးဝကိုဖွင့်ကြည့်လိုက်တော့ ကောင်မလေးက Crime and Punsihmentစာအုပ်ကြီးနဲ့ မျက်နှာကို ကွယ်ထားပြီး ရပ်နေတယ်။ ဘလွန်းက ငါမင်းကို လက်ထပ်ရတော့မယ့် သဘောလားလိုပြောတော့ ကောင်မလေးကပြောတယ် ကျွန်မရှင့်ကိုစာတွေအများကြီးဖတ်ပြပေးဖိုလိုပါသေးတယ်တဲ့။ ထုံးစံအတိုင်း Shunji Iwaiကတော့ Shunji Iwaiပါပဲ။ ဒီရုပ်ရှင်မှာ ဒီလိုတခြားဇာတ်လမ်းကောင်းတွေ အများကြီးထပ်ပါပါသေးတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.8 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:43:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Adventure • Crime • Mystery
6.2 2008 103 mins
New York, I Love You