YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Follow You Heart E20 720p WEB-DL CM.mp4

227.87 MB N/A video/mp4 80 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ

ဒါရနီ အဖြစ် Now Tisanart ယို အဖြစ် Tina Suppanad ဇာတ်လမ်းအကျဉ်း ဒါရနီက အိမ်လမ်းထိပ်က ဆိုင်မှာ အမြဲညဆိုင်းဆင်းနေတတ်တဲ့ မိန်းကလေး တစ်ယောက်ပါ ဒါရနီရဲ့ အိပ်မက်က တခြားအသိမိတ်ဆွေတွေလို နေရာတစ်ခုရပြီး အလုပ်ကောင်းကောင်းတစ်ခုနဲ့ ငွေရှာချင်ခဲ့တာပေါ့ တစ်ရက် ဆိုင်လာတဲ့ ဝယ်သူ ပမ့်ဆိုတဲ့မိန်းကလေးတစ်ယောက် အောင်မြင် ဝင်ငွေကောင်းနေတာကို အားကျရင်း ဒါရနီတစ်ယောက် နာဝီထိုင်းအာမခံကုမ္ပဏီအဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့တယ် သူငယ်ချင်းတွေကို အာမခံရောင်းဖို့ ဒါရနီတစ်ယောက် အပြင်းအထန်ကြိုးစားရင်း ငယ်ငယ်က အရမ်းခင်ခဲ့တယ်ဆိုတဲ့ ယို့ကို ဖုန်းဆက်အာမခံမိတ်ဆက်ပေးမိရာက မမျှော်လင့်ထားတဲ့ ထိတ်လန့်စရာအဖြစ်တွေ ဖြစ်ပေါ်လာခဲ့ပါတော့တယ် ယိုနဲ့ဒါရနီတို့ရဲ့ ဆက်ဆံရေးက ဘာအကြောင်းရင်းတွေကြောင့် ပြတ်တောက်ခဲ့ရတာလဲ ဒါရနီ ကြုံတွေ့လာရတဲ့ ထိတ်လန့်စရာအဖြစ်တွေကရော ဘာတွေဖြစ်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) File Size__(1.5GB) / (600MB) Quality__WEB-DL_1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__01:38:00 Type__Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Kyi Nue Zin Encoded by Naing Aung Latt

Drama • TV Movie • Thriller
null 2017
Memoir
(18+) Breathe Again
3.8

အချစ်ဇာတ်လမ်း ကောင်းကောင်းလေး ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးနဲ့ chill ဖို့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့လည်း romantic, erotic ဆန်လွန်းတဲ့ အခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့ အတူကြည့်ဖို့တော့ မသင့်တော်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ ... ‌ဂျိုအန်းနား ဆိုတဲ့ ကောင်မလေးမှာ သူ့သူငယ်ချင်းတွေအားလုံးက အိမ်ထောင်ကျကုန်ကြပြီ။ သူ့မှာလည်း ၇ နှစ်ကြာ တွဲလာတဲ့ ပါဝလို ဆိုတဲ့ ချစ်သူ ကောင်လေး ရှိတယ်။ ပါဝလိုက အပေါင်းအသင်း အသောက်အစား မက်တယ်။ တစ်နေ့ကျ ဂျိုအန်းနားကို လက်ထပ်ခွင့်တောင်းပြီး အချစ် တံခါးဖွင့်ဖို့ အပန်းဖြေစခန်းတစ်ခုကို နှစ်ယောက်သား ခရီးထွက်လာကြတယ်။ ပါဝလိုက လက်ထပ်ခွင့်တောင်းထားပေမဲ့ စိတ်ထဲ အလေးမထားသလို ခံစားလာရတဲ့ ဂျိုအန်းနား တစ်ယောက် ဖရီးဒိုင်ဗင် နည်းပြ ရောဘတ်နဲ့ ငြိသွားတယ်။ နှစ်ယောက်စလုံး ဖောက်ပြန်နေတဲ့ relationship ကြီးဟာ တဖြည်းဖြည်း Toxic ဖြစ်လာတဲ့အခါမှာတော့ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size : 2.4GB, 1.1GB, 545MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 39mins Genre : Drama, Romance, Adult, Asia Translated by Kit Encoded by Kinnov

Thriller
3.8 2022 99 mins
(18+) Breathe Again
Nenu Leni Na Premakatha
7

အချစ်မှာ အချိန်ဆိုတာမရှိဘူး။ ကန့်သတ်ချက်တွေမရှိပါဘူးတဲ့။ 2020ခုနှစ်က ခရစ်ရှနာဆိုတဲ့ အင်ဂျင်နီယာကျောင်းပြီးထားတဲ့ ကောင်လေးတစ်​ယောက်။ အတိတ်ကအကြောင်းအရာတွေကို သိချင်လို့ အတိတ်ကို ပြန်သွားလို့ရမယ့် စက်ပစ္စည်းတွေကို ရှာနေရင်းကနေ ဟမ်ရေဒီယိုဆိုတဲ့ စက်တစ်ခုကို ရှာတွေ့သွားပြီး 1983ကို ဆက်သွယ်မိသွားပါတယ်။ ငယ်ငယ်ကတည်းက မိဘနှစ်ပါးကို ဆုံးရှုံးခဲ့ရတဲ့ ခရစ်ရှနာဟာ လက်ရှိမှာ မတွေ့ရတော့တဲ့ မိဘနှစ်ပါးကို ပြန်ရှာဖို့အတွက် 1983ခုနှစ်က ရာဒါဆိုတဲ့ မိန်းကလေးကို အကူအညီတောင်းလိုက်တဲ့နောက်မှာ မထင်မှတ်ထားစရာ ဇာတ်လမ်း အလှည့်အပြောင်းလေးတွေပေါ်ပေါက်လာခဲ့ပါတော့တယ်။ "သံယောဇဉ်ဖြစ်လာတဲ့အပေါ်မှာ ပျော်တတ်တဲ့ နှလုံးသားက အဲဒီသံယောဇဉ်တွေကို ဖြတ်ပစ်ရမယ့်အချိန်မှာ ရလာမယ့်နာကျင်မှုအတွက် အသင့်ဖြစ်နိုင်မှာ မဟုတ်ဘူး" တဲ့ အချစ်ဆိုတာ ရယူပိုင်ဆိုင်ရမှ မဟုတ်ပါဘူး။ မှတ်ဉာဏ်ဆိုတဲ့အရာလေးတစ်ခုတည်းနဲ့တင် ရင်ထဲမှာ ထာဝရရှင်သန်နေတတ်တဲ့အရာလေးတစ်ခုပါပဲ။ အနာဂတ်ကို ကြိုသိနေလို့လည်းပေးဆပ်ရမယ့်သူတစ်ယောက်ရဲ့ ကံကြမ္မာက ပြောင်းလဲမသွားတဲ့အခါ....။ မင်းသားအနေနဲ့ Naveen Chandraနဲ့ Krish Siddipalli, မင်းသမီးကတော့ Gayathri Sureshတို့ ပါဝင်ထားပြီး IMDb Rating 8.5 ရထားတဲ့ Nenu Leni Na Premakatha ဆိုတဲ့ 2021ထွက် ကားလေး CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီနော်။ File size…900MB / 1.8GB Quality…720p WEB DL / 1080p WEB DL  AAC 5.1CH  Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Go-O & Yate & HM

Crime • Thriller
7 2021 123 mins
Nenu Leni Na Premakatha
Nosferatu the Vampyre
7.4

Nosferatu the Vampyre (1979) ~ IMDb – 7.4/10, RT – 95%, Meta – 79% ~ မြို့ကြီးပြကြီးက အိမ်ခြံမြေအကျိုးဆောင် ဂျိုနသန်ဟာကာတစ်ယောက် ထရန်ဆဲလ်ဗေးနီးယားဒေသအထိ ခရီးဝေးထွက်ပြီး ငွေကြေးရှင်တောသူဌေးတစ်ယောက်ကို အိမ်ရောင်းရင်း အကျိုးဆောင်ခ မြက်မြက်လေးရဖို့ ကြိုးစားရာကနေ မရဏတိမ်တိုက်တစ်ခုကို သူ့ဘဝတင်မကဘဲ သူနေထိုင်ရာမြို့ဆီပါ ခေါ်ဆောင်လာမိသလို ဖြစ်သွားရတဲ့ ဒီ ဒရက်ကူလာဇာတ်လမ်းကိုတော့ ကလေးရော၊ ခွေးရော၊ ကလေးရဲ့ဘွားတော်ကြီးပါ ကြားဖူးကြပါလိမ့်မယ်။ ပုံနှိပ်စာရွက်တွေကနေ ဖန်သားပြင်ရော ပိတ်ကားပေါ်ပါ အကြိမ်ကြိမ်အထပ်ထပ် ပြန်တင်ခြင်းခံထားရပြီးဖြစ်တဲ့ ဒီဇာတ်ကြောင်းက ခုကားမှာ ဘာထူးခြားနေလဲဆိုရင်တော့ ဒရက်ကူလာရဲ့ ပထမဆုံးရုပ်ရှင်ဗားရှင်း ဖြစ်ပေမဲ့ ဝတ္ထုမူပိုင်ခွင့်မရလို့ နာမည်ပြောင်းရိုက်ခဲ့ရတဲ့တိုင် သူကိုယ်တိုင်က ရုပ်ရှင်သမိုင်းအပေါ် လွှမ်းမိုးမှုကြီးသွားခဲ့တဲ့ ၁၉၂၂ ခုနှစ်ထွက် ဂျာမန်ရုပ်ရှင် Nosferatu ဇာတ်လမ်းကိုရော၊ Bram Stoker ရဲ့ မူရင်းဝတ္ထုကိုပါ အခြေခံထားတာပါပဲ။ ဒီရုပ်ရှင်ကိုရိုက်တဲ့ Werner Herzog က New German Cinema က ပိုင်အိုးနီးယားတစ်ယောက်ပါ။ ပိုင်အိုးနီးယားပီပီ သူများနဲ့မတူတဲ့ ရိုက်ကူးတင်ဆက်ပုံ ဟန်ပန်တွေကြောင့်လည်း နာမည်ကြီးပါတယ်။ သူကိုယ်တိုင် ဇာတ်ညွှန်းပါ ရေးသားထားတာပါ။ Herzog ဟာ ဒီဇာတ်လမ်းကို တင်ပြရာမှာ ခြောက်ဖို့လှန့်ဖို့ထက် ဒရက်ကူလာကို လူ့သွေးအပြင် အချစ်မေတ္တာပါ ငတ်နေသလို နည်းနည်းလူသားဆန်အောင် ဖန်တီးပြထားတာမို့ မျောပြီး လိုက်မဖီးလ်ဖြစ်ရင်တောင်မှ မင်းသမီးက တော်တော်လှတာဆိုတော့ Vlad ကြီးကို ကိုယ်ချင်းကတော့ စာမိပါလိမ့်မယ်။ Nosferatu ကို 1922 မှာ ပထမဆုံးအကြိမ်ရိုက်ခဲ့ပြီး ကလပ်စစ်ရုပ်ရှင်အဖြစ် တော်တော်အောင်မြင်ခဲ့သလို Herzog ရဲ့ အခုဗားရှင်းကလည်း သူ့ဟာနဲ့သူ ပြိုင်ဘက်ကင်းပါပဲ။ ဒီဘက်ခေတ်မှာကတော့ The VVitch, The Lighthouse, The Northman စတဲ့ကားတွေနဲ့ လူသိများခဲ့တဲ့ ဒါရိုက်တာ Robert Eggers ကလည်း ပြန်ရိုက်ဖို့ ရှိပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 760MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 47Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Drama • History
7.4 1979 107 mins
Nosferatu the Vampyre
Inglourious Basterds
8.3

Rotten Tomatoes 89% IMDb 8.3/10 ရရှိထားပြီး အော်စကာ ၁ ဆုနဲ့ အခြားသော ဆုပေါင်း ၁၂၄ ဆုရရှိခဲ့တဲ့ ၂၀၀၉ ခုနှစ်ထွက် ဟစ်တလာ လုပ်ကြံရေး ဇာတ်ကားကောင်း တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အစပိုင်း ပြင်သစ်ကို နာဇီတို့ သိမ်းပိုက်ထားချိန်ကာလ….. နာဇီတွေကို တန်ပြန်သုတ်သင်ဖို့အတွက် မဟာမိတ် တွေဟာ လျှို့ဝှက် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ လက်ဖတင်နင် Aldo Raine (Brad Pitt)ကို တာဝန်ပေးခဲ့ပါတယ်။ Aldo ဟာ Basterds လို့ခေါ်တဲ့ ဂျူး ကပြားတွေ အများအပြားပါဝင်တဲ့ တပ်ဖွဲ့ကိုဖွဲ့စည်းပြီး ဟစ်တလာရဲ့ နားရွက်ကို တံတွေးစွတ်ပါတော့တယ်။ Basterds တွေဟာ နာဇီမှန်သမျှရက်ရက်စက်စက်သတ်ပြီး ဦးခေါင်းရေကို ခွါယူလေ့ရှိပါတယ်။သူနဲ့သူ့လူတွေဟာ ဟစ်တလာကို လုပ်ကြံဖို့ ဗြိတိသျှတို့ရဲ့သူလျှို၊ဂျာမန် နာမည်ကြီးမင်းသမီး Bridget von Hammersmark(Diane Kruger)နဲ့ပူးပေါင်းပြီး ကီနို စစ်ဆင်ရေးကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းကြပါတော့တယ်။ အဲဒီအချိန်မှာပဲ နာဇီတွေ သုတ်သင်ခဲ့တဲ့ ဂျူးမိသားစုတစ်ခုက ထွက်ပြေးလွတ်မြောက်ပြီး နာဇီတွေကို လက်စားချေဖို့ကြိုးစားနေတဲ့ ရုပ်ရှင်ရုံပိုင်ရှင် ဂျူး မိန်းမလှလေး Shosanna Dreyfus(Mélanie Laurent) ကလည်း သူ့လက်စားချေမှုကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးတစ်ခုကို အမှတ်မထင် ရရှိလာပါတယ်။ ဒီလို အခြေအနေမှာပဲ Jews Hunter လို့နာမည်ကြီးပြီး ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များတတ်တဲ့၊ ကာနယ် Hans Landa (Christoph Waltz) ဟာ ဒီလုပ်ကြံမှုကို ဘယ်လိုမျိုး တားဆီးကာကွယ်မလဲ။ Basterds တွေရဲ့ ကံကြမ္မာနဲ့ ဟစ်တလာရဲ့ ကံကြမ္မာဟာ ဘယ်သူ့အပေါ်မှာ မူတည်မလဲ? လုပ်ကြံမှုကရော အောင်မြင်မလား…. ကျဆုံးမလား ဆိုတာကို ရင်သပ်ရှုမောနဲ့ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားဟာ ဇာတ်လမ်း ဇာတ်အိမ်နဲ့ ဇာတ်ရုပ်တွေကို အများနဲ့မတူအောင် ခွဲထွက်ရိုက်ကူးတဲ့ နေရာမှာ နာမည်ကျော်တဲ့ အော်စကာဆုအပြင် အခြားဆုတွေအများကြီး ရထားတဲ့ ဒါရိုက်တာ Quentin Tarantino ရဲ့ လက်ရာပါ။ ဇာတ်လမ်း၊ သရုပ်ဆောင်မှု နဲ့ ရိုက်ကူးတင်ပြမှုတွေအရမ်းကောင်းတာကြောင့် ကြာမြင့်ချိန် ၂ နာရီခွဲကို ဆိမ့်နေအောင် ကျကျနနခံစားကြရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Kaung Thant Sin မှတင်ဆက်ထားပါတယ်။) 4K Quality ကိုတော့ ကာလာပိုလှတဲ့ HDR Version နဲ့ တင်ဆက်ထားတာမလို့ 4K ဖိုင်ကို HDR Play နိုင်တဲ့ ခေတ်ပေါ် Device များသာကြည့်ရှုလို့ရမှာဖြစ်ပြီး 1080p နဲ့ 720p ဖိုင်တွေကိုတော့ ပုံမှန်အတိုင်း ကြည့်ရှုလို့ရပါတယ်ခင်ဗျာ။

8.3 2009 153 mins
Inglourious Basterds
Absentia
5.8

Absentia 2011 ကတော့ စိတ်လှုပ်ရှားစရာ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို horror movie လို့ ညွှန်းဆိုလိုက်လို့ စိတ်ကူးပေါက်ရာ ဇာတ်လမ်းလုပထားတဲ့ စိတ်ကူးယဥ် horror movie လို့တော့ တွေးလို့မရပါဘူး။ စိတ်လှုပ်ရှားစရာတွေကိုလည်း တွေ့ရမှာ ဖြစ်သလို တွေးစရာတွေလည်း ပါတာဖြစ်တာမို့ horror တစ်ပိုင်း mythology တစ်ပိုင်း ပေါင်းစပ်ထားတဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်။ ပြီးတော့ သိပ္ပံနည်းကျ တွေးခေါ်မှုနဲ့ ချည်းကပ်ထားတာလည်း ပါနေတာကြောင့် ခံစားချင်တဲ့သူတွေအတွက်တင် မဟုက်ဘဲ တွေးတော ချင်တဲ့ သူတွေအတွက်ပါ ကြည့်ရှုဖို့ သင့်လျော်ပါတယ်။ ဇာတ်လမ်းမှာ ထရေရှာဆိုတဲ့အမျိုးသမီးရဲ့ အမျိုးသားဟာ တစ်နေ့တော့ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီး ဘယ်မှာမှ ရှာမတွေ့ကြဘူး။ ဖြစ်ချင်တော့ ပျောက်နေတာက သူ့အမျိုးသား တစ်ဦးတင်မဟုက်ဘဲ သူတို့ပတ်ဝန်းကျင်က သူတွေပါ ပျောက်နေတာကို သိရတဲ့အခါမှာတော့ စဥ်းစားရခက် / လက်ခံရခက် ဖြစ်လာပြီး ဖြေသိမ့်နိုင်ဖို့ နည်းလမ်းတွေ ရှာပါတော့တယ်။ အဲဒီလိုနဲ့ တနေ့မှာတော့ သူ့အမျိုးသားကို ပြန်ရှာတွေ့မလား.. ဘာလို့ ပျောက်သွားရတယ်ဆိုတဲ့အကြောင်းရင်းကို သိသွားမလားဆိုတာကိုတော့ ဇာတ်ကားထဲက သရုပ်ဆောင်တွေတင်မဟုက်ဘဲ ကြည့်ရှူသူ ပရိတ်သတ်တွေပါ လိုက်ပြီး တွေးတောကြရမှာပါ။ ဒီဇာတ်ကားဟာ Fangoria Chainsaw Award ၊ Sonoma Valley Film Festival Award တို့အပါအဝင် winner ဆု ၁၄ ခု ၊ တင်သွင်းခံရတဲ့အဆင့် တစ်ခါ( Fright Meter Awards) စတဲ့ ဆုတွေ တစ်သီကြီးကို ရရှိထားပြီး horror စီးရီးမှာတော့ နေရာရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားတင် ဆုရတာမဟုက်ဘဲ ဒီဇာတ်ကားရဲ့ ဒါရိုက်တာလည်းဖြစ် ၊ ဇာတ်ညွှန်းရေးသူလည်း ဖြစ်တဲ့ Mike Flanagan က အကောင်းဆုံးဇာတ်ကားဆု ၊ ဇာတ်ညွှန်းဆု စတာတွေကို ဒီဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့ Katie Parker ကလည်း အကောင်းဆုံး သရုပ်ဆောင်မင်းသမီးဆု ၊ Dave Levine ကလည်း အကောင်းဆုံးသရုပ်ဆောင်မင်းသာဆု ၊ Morgan Peter Brown က အကောင်းဆုံး ဇာတ်ပို့ဆု စသဖြင့်ဆုတွေကို ဒီဇာတ်ကားနဲ့ ရရှိခဲ့ကြပါတယ်။ IMDb rating 5.8 ကိုလည်း ရရှိထားပါတယ်။ ဒါကြောင့် Horror ပရိတ်သတ်တွေအနေနဲ့ ဖြစ်စေ ၊ စဥ်းစားရတဲ့ ဇာတ်လမ်းတွေသဘောကျ ကြတဲ့သူတွေအနေနဲ့ ဖြစ်စေ ဒီဇာတ်ကားကိုတော့ ကြည့်ဖူးသင့်တယ်လို့ ဆိုချင်ပါတယ်။ File size…(1.5 GB)/(679 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Mystery, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thy Santa

Drama
5.8 2011
Absentia
Joe Dirt
6

ဟောင်းသွားပေမယ့် ကောင်းနေဆဲရုပ်ရှင်ကားတွေကတော့ ယခုထိတိုင်ရှိနေဆဲပါ။ အခုတင်ဆက်ပေးမယ့် ကားလေးကလည်း ၂၀၀၁ တုန်းကထွက်ရှိခဲ့တဲ့ Old But Gold ဇာတ်ကားလေးဖြစ်တဲ့ Joe Dirt ပဲဖြစ်ပါတယ်။ IMDb Rating 6.0 ရရှိထားပြီးဇာတ်ကားနာမည်အတိုင်း ဂျိုးဒတ်ဆိုတဲ့ ဇာတ်ကောင်တစ်ယောက်ကိုအဓိကထားပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားလေးက ဟာသကားဆိုပေမဲ့ ကြည့်တတ်ရင်တကယ်ပညာရတဲ့ ကားလေးပါ။ ကိုယ့်ဘ၀မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုပြုံးပြုံးလေးရင်ဆိုင်ပြီး အကောင်းမြင်စိတ်နဲ့ ဘ၀ကိုသွားရင် ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုအရောက် လှမ်းနိုင်တယ်ဆိုတာကို အဓိကပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဂျိုးဒတ်ဆိုတဲ့ ကောင်လေးတစ်ယောက်က အသက် ၈ နှစ်မှာမိဘတွေနဲ့ ခရီးသွားရင်းတစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး လမ်းပျောက်နေခဲ့ပါတယ်။မိဘတွေကလည်း သူ့ကိုပြန်လာမရှာတာနဲ့ သူ့အားသူကိုးပြီး သူ့ဘ၀ကိုဆက်လျှောက်လှမ်းခဲ့ပါတယ်။ကျန်းမာရေးအခြေအနေကြောင့် ဆံပင်တုကို ခေါင်းနဲ့တွဲ ချုပ်ထားရတဲ့အတွက် အဲ့ဒီပုံစံခပ်ဆန်းဆန်းဆံပင်တုကြီးကို လှောင်ပြောင်ဟားတိုက်ခံခဲ့ရတာလည်း အသက်ကြီးတဲ့အထိပါပဲ။မိဘမဲ့ဂေဟာတွေ တစ်ခုပြီးတစ်ခုပြောင်းခဲ့ရပြီး သူ့ဘ၀မှာ အိမ်လို့ခေါ်လို့ရတဲ့နေရာဆိုတာမရှိခဲ့ပါဘူး။ သူ့မိဘတွေကို သူ့ကိုပြန်လာမရှာပေမယ့် သူကတော့မိဘတွေကိုရှာဖို့ရည်မှန်းချက်ရှိ နေတုန်းပါ။တစ်နေ့မှာတော့ နာမည်ကြီးရေဒီယိုအစီအစဉ်တစ်ခုမှာ ကံကောင်းပြီးတော့ ပါဝင်ခွင့်ရခဲ့ပါတယ်။သူ့ဘ၀ဇာတ်ကြောင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့အတွက် အဲ့ဒီအကြောင်းကို ရေဒီယိုမှာနားထောင်ကြသူတွေများလာကြပြီး သူလည်းနာမည်ကြီး လာခဲ့ပါတော့တယ်။ဒီလိုနဲ့အခက်အခဲတွေအများကြီးကို အမြဲတမ်းကြုံတွေ့နေရပေမယ့် အရာရာကိုအကောင်းမြင်စိတ်နဲ့ မြင်တတ်တဲ့ ဂျိုးဒတ်တစ်ယောက်မိဘတွေကိုပြန်တွေ့ သွားမလား။သူ့ဘ၀မှာအလိုချင်ဆုံး အိမ်ဆိုတဲ့အရာကိုရောပိုင်ဆိုင်သွားရမလားဆိုတာကို ကြည့်ရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.67GB / 887MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 31m Genre ….. Comedy , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6 2001
Joe Dirt
Nowhere
7

Nowhere(2023) *************** ပင်လယ်ထဲမှာ ကွန်တိန်နာကြီးထဲမျောနေတဲ့ သားအမိနှစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ စပိန် သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။ Cast away, Buried, Fall တို့လို တစ်ယောက်တည်း အသက်ရှင်အောင် ရုန်းရတဲ့ ရုပ်ရှင်မျိုးတွေကို ကြိုက်တဲ့သူတွေအတွက် ရုပ်ရှင်ကောင်းပါပဲ။ ဇာတ်လမ်းအကျဉ်း အငတ်ဘေးဆိုက်နေတဲ့ စပိန်နိုင်ငံ အစိုးရဟာ အင်မတန်ပြောင်မြောက်တဲ့ အငတ်ဘေးလျှော့ချရေးနည်းလမ်းတစ်ခုကိုသုံးခဲ့ပါတယ်။ သက်ကြီးရွယ်အိုတွေကို အရင်ရှင်းပစ်လိုက်တာပါ။ မရသေးဘူး ငတ်ကြသေးတယ်ဆိုတော့ မိန်းမတွေနဲ့ ကလေးတွေကို စပြီးရှင်းပစ်ပါတော့တယ်။ အဲဒီတော့ နိုင်ငံထဲက နည်းလမ်းပေါင်းစုံနဲ့ လွတ်ရာကျွတ်ရာကို ပြေးကြရပါတော့တယ်။ လူသုံးအများဆုံးနည်းလမ်းကတော့ သင်္ဘောကွန်တိန်နာတွေထဲကို ခိုးပြီးလိုက်သွားကြတာပါ။ ဒါကိုသိတဲ့ အစိုးရကလည်း ဆိပ်ကမ်းမှာ ကုန်ကားတွေကို အသေးစိတ်စစ်ပြီး တွေ့သမျှ လိုက်သတ်ပါတော့တယ်။ မီရာဆိုတဲ့ မိန်းကလေးကတော့ ခင်ပွန်းသည်နဲ့အတူ ထွက်ပြေးလာပေမဲ့ သင်္ဘောအတက်မှာ လူစုကွဲသွားပြီ ကိုယ်ဝန်ကြီးနဲ့ တစ်ယောက်တည်း ကွန်တိန်နာထဲမှာပိတ်မိပြီး ပင်လယ်ထဲ မျောသွားပါတော့တယ်။ ပင်လယ်ထဲမှာပဲ ကလေးမွေးပြီး ကမ်းမမြင်လမ်းမမြင်နဲ့ အသက်ရှင်အောင်ကြိုးစားရပုံတွေ၊ ကမ်းတစ်ခုကို ရောက်နိုင်ဖို့ ရုန်းကန်ရပုံတွေကို မြင်တွေ့ရမှာပါပဲ။ File Size :(4.02GB) (1.8GB) (666MB) Quality : Web-Dl 4K HEVC 1080p/720p Format…mp4 Duration…01:49:00 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Mr.Anderson Encoded by Phyo Pyae , Thit San Khant

TV Movie • Romance • Comedy
7 2023 109 mins
Nowhere
The Legend of Condor Heroes : The Cadaverous Claws
6.5

မေချောက်ဖုံ ဆိုတဲ့နာမည်လေးကို Conder Heros ကြည့်ဖူး ဖတ်ဖူးသူတွေအားလုံး ကြားဖူးကြမှာပါ… ရင်းလည်း ရင်းနှီးကြမှာပါ…အခု 2019 နောက်ပိုင်းမှာ Conder Herosကို version အစုံနဲ့ ပြန်ရိုက်လာတာ အားလုံး သတိထားမိမယ်ထင်ပါတယ်.. ဒီဇာတ်ကားလေးလည်း Conder Herosကို ပြန်ရိုက်ထားတဲ့ version တွေထဲက version တစ်ခုပါပဲဒါပေမယ့် ဒီကားကတော့ မေချောက်ဖုံရဲ့ side Story ပေါ့ ဒီကားလေးရဲ့ အဓိက ဇာတ်ကောင်ကတော့ Mei Chaofeng ပါပဲ… တချို့ကလည်း လူဆိုးလို့အမှတ်ထင်ကာ အမုန်းကြီးမုန်းခဲ့သလို တချို့ကလည်း မေတ္တာငတ်သူလို့ အသနားပိုခဲ့တဲ့ ဇာတ်ကောင်တစ်ခုပါ… ဒီဇာတ်ကောင်ကို ဒီဇာတ်လမ်းထဲမှာတော့ သူ့ဘဝနဲ့ ပြောင်းလဲလာပုံ ဒီလမ်းရောက်အောင် တွန်းပို့ခဲ့တဲ့ ကံကြမ္မာဇာတ်ဆရာအကြောင်းကို ရိုက်ကူးပုံဖော်ပြထားပါ… ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင် လှပတဲ့မိန်းမပျိုလေးတွေကို တန်ဖိုးဖြတ်ရောင်းစားနေတဲ့လောကမှာ အသားနာခံမယ် ဘဝအပျက်မခံဘူးဆိုတဲ့ ခံယူချက်နဲ့ သူဖုန်းစားလုပ်ဖို့ ဆုံးဖြတ်ရင်း ငတ်တစ်လှည့် ပြတ်တစ်လှည့် မသေရုံတမယ် ဗိုက်ထဲအစာရောက်ရုံလောက်သာစားရတဲ့ Mei Chaofeng တစ်ယောက် ဘဝအချိုးအကွေ့တစ်ခုမှာ ယောက်ျား ၂ ယောက်နဲ့တွေ့ခဲ့တယ်…တစ်ယောက်က သူ့ကိုနောက်နောက်ပြောင်ပြောင်နဲ့ ချစ်လို့စတယ်ပဲ ဆိုရမလား အစသန်တဲ့ လူငယ်လေး၊ နောက်တစ်ယောက်ကတော့ Mei Chaofeng မြင်မြင်ချင်း ကိုလူချောလို့ မသတ်မှတ်ဘဲ မနေနိုင်လောက်တဲ့ တည်ငြိမ်ရင့်ကျက်တဲ့ သက်လတ်ပိုင်းအရွယ်ဆိုပေမယ့် အရွယ်တင်သူ… သူတို့က ဘယ်သူဆိုတာ မပြောပြတော့ပါဘူး… တချို့တွေလည်း သိပြီးသားပါ မသိသေးသူလည်း ဇာတ်လမ်းကြည့်ရင်သိမှာပါ..ဒါပေမယ့် ဒီယောက်ျားနှစ်ယောက်နဲ့ တွေ့ခဲ့တဲ့ အချိန်ကစပြီး သိုင်းလောကမှာ Mei Chaofengဆိုသူတစ်ယောက် ပေါ်ထွက်လာခဲ့တယ်… သူ့ဘဝလေးလည်း အရင်ကနဲ့ မတူအောင် လုံးဝပြောင်းလဲသွားခဲ့တယ်…. ကျန်တာကတော့ ကိုယ်တိုင်သာဆက်လက်ကြည့်ရှုခံစားပါ

Thriller • Drama
6.5 2021
The Legend of Condor Heroes : The Cadaverous Claws
Kill Bill: Vol. 2
8

Kill Bill : Vol. 1 (2003) & Kill Bill : Vol. 2 (2004) IMDb Rating (8.2) / IMDb Rating (8.0) ဒီဖက်ခေတ်ရဲ့ လွှမ်းမိုးမှုအရှိဆုံးဒါရိုက်တာတွေထဲက တစ်ဦးဖြစ်ပြီး ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့ ၄ ကားမြောက်ရုပ်ရှင်ဖြစ်ပြီး Volume 1/2 အဖြစ် ၂ ပိုင်းခွဲ ထွက်ရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့…. အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ် အယ်လ်ပါဆို မြို့ကလေးရဲ့ ဘုရားကျောင်းငယ်လေးတစ်ခုက လပ်ထပ်ပွဲတစ်ခုမှာ ကိုယ်ဝန်ဆောင် သတို့သမီးတစ်ယောက်အပါအဝင် လူကိုးဦး၊ (သတို့သမီး ဗိုက်ထဲကကလေးပါ ပါရင် ၁၀-ဦး)တို့ဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ သူတို့ကို သတ်ခဲ့တဲ့သူတွေက “မရဏမြွေပွေး” လို့ခေါ်တဲ့ ကြေးစားလူသတ်သမားအဖွဲ့တစ်ခုကဖြစ်ပြီး သူတို့တစ်ကယ်သတ်ချင်ခဲ့တာကတော့ သူတို့ရဲ့ အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ အဖွဲ့ခေါင်းဆောင် ဘီလ် ရဲ့ ညာလက်ရုံး…ချစ်သူဟောင်းလည်းဖြစ်တဲ့ “သူတို့သမီး”(Uma Thurman) ကိုပဲ ဖြစ်ပါတယ်။ “သတို့သမီး”ဟာ ကံကောင်းထောက်မစွာ အသက်မသေပဲ ဒဏ်ရာအပြင်းအထန်နဲ့ “ကိုမာ”(မေ့မြော)ရပြီး ဆေးရုံမှာ ဆေးကုသမှုယူနေရင်း လေးနှစ်လောက်အကြာမှ ပြန်လည်နိုးထလာခဲ့ပါတယ်။ အဲဒီအခါမှာတော့ သတို့သမီးဟာ သူနဲ့သူ့ရဲ့မမွေးလိုက်ပဲ သေဆုံးခဲ့ရတဲ့ကလေးအတွက် သူ့ရဲ့ မိတ်ဆွေဟောင်းတွေနဲ့ ချစ်သူဟောင်းဖြစ်တဲ့ ဘီလ်တို့ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်။ ဇာတ်လမ်အသွားကတော့ အင်မတန်ရိုးရှင်းပါတယ်။ စတင်ရိုက်ကူးစဉ်က တစ်ကားတည်းနဲ့အပြီး ထုတ်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ပြသချိန် ၄ နာရီကျော်ကြာမြင့်မှာဖြစ်တဲ့အတွက် Kill Bill Vol.1(2003) Vol.2 (20014) ဆိုပြီး နှစ်ပိုင်းခွဲပြီး ထုတ်လုပ်ပြသခဲ့ပါတယ်။ Kill Bill (2003) ဟာ ဒါပေမယ့် အမေရိကန်-ဂျပန် ဖက်စပ်ရှင်ရှင်ဖြစ်ပြီး Box Office မှာ ဒေါ်လာ သန်း ၁၈၀ လောက်အမြတ်အစွန်းရရှိခဲ့တဲ့၊ ငွေကြေးအရရော အနုပညာအရပါ အောင်မြင်ကျော်ကြားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရိုးစင်းတဲ့ ဇာတ်လမ်းကျောရိုးပေါ်မှာ မှီတည်ပြီးရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားအောင်မြင်ခဲ့ရတာကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ညွန်းနဲ့ဒါရိုက်တာ ဖြစ်တဲ့ Quentin Tarantino ရဲ့ ဇာတ်လမ်းတင်ပြပုံ၊ ဒိုင်ယာလော့ခ် စတာတွေက အဓိကကျတယ်လို့ ပြောလို့ရပါတယ်။ နောက်တစ်ချက်က Uma Thurman ရဲ့ ဇာတ်ရုပ်ဖြစ်တဲ့ The Bride@Black Mamba@Beatrix Kiddo ပါ။ Kill Bill ရဲ့ Main Character ဖြစ်တဲ့ ဒီဇာတ်ကောင်ဟာ Empire Film Magazine က ရွေးချယ်ခဲ့တဲ့The 100 Greatest Movie Characters ထဲမှာ Harry Portter…Bane…Captain Kirk….Neo….Wolverine….Bilbo Baggins….V..တို့ရဲ့အထက်မှာ အဆင့် ၂၃ နေရာကို ရရှိခဲ့ပါတယ်။ အက်ရှင်ခပ်ကြမ်းကြမ်းတွေကို ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် စွဲလန်းသွားစေလောက်မယ့် ဇာတ်ဝင်ခန်းတွေအများအပြားပါဝင်ပြီး IMDb 8.2/10….RT 85%…Roger Ebert 4/4 စတဲ့ Rating မြင့် ဂန္ဓဝင်ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် CM ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ် ခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Kaung Thant Sin မှ တင်ဆက်ထားပါတယ်။)

Mystery • Thriller
8 2004 136 mins
Kill Bill: Vol. 2
A City of Sadness

၁၉၄၅ ခုနှစ် ဂျပန်တို စစ်ရှုးပြီးနောက် ထိုင်၀မ်ကျွန်းကို တရုတ်နိုင်ငံဆီပြန်အပ်ရချိန် ၅၁ နှစ်ကြာ ဂျပန်ပိုင်ဖြစ်ခဲ့တဲ့ ထိုင်၀မ်ဟာ ဂျပန်လက်ထဲက လွတ်မြောက်ခဲ့ရပေမဲ့ တခြားစစ်ပွဲတွေက ဆီးကြိုနေသေးတယ်။ အစိုးရအပြောင်းအလဲတွေကြောင့် ဖရိုဖရဲတွေဖြစ်နေတဲ့အချိန်မှာ ကံကြမ္မာဆိုးတွေကို တစ်ခုပြီးတစ်ခု ခါးစည်းခံရတဲ့ လင်းမိသားစု။ လင်းမိသားစုမှာ ‌သားယောကျာ်း ၄ ယောက်ထွန်းကားတယ်။ အကြီးဆုံးသားက အိမ်ထောင်ဦးစီးတာ၀န်ယူ၊ ဒုတိယမြောက်နဲ့တတိယမြောက်သားတွေက စစ်အတွင်းမှာ တပ်ထဲပါသွားခဲ့ပြီး ဒုတိယမြောက်သားက ဖိလစ်ပိုင်ကိုထွက်သွားခဲ့ရာကနေ စစ်ပွဲပြီးဆုံးသွားခဲ့ပေမဲ့ အိမ်ပြန်ရောက်မလာခဲ့။ တတိယမြောက်သားက စစ်ပွဲကရလာတဲ့စိတ်ဒဏ်ရာတွေကြောင့် တစ်ခါရူးရ၊ အိမ်ပြန်ရောက်ပြီး စစ်သားတွေနှိပ်စက်လို တစ်ခါပြန်ရူးရ၊ အငယ်ဆုံးသားလေးကတော့ ၈ နှစ်အရွယ်မှာ မတော်တဆဖြစ်ကာ နားကန်းခဲ့ရ။ ထိုင်၀မ်သားနဲ့ပြည်မသားတွေရဲ့ကြားက ပဋိပက္ခဖြစ်ပွားချိန် လင်းမိသာစုကြုံတွေ့ရဲ့အရာတွေကို လွမ်းမောဖွယ်တင်ဆက်ပြသပေးထားပါတယ်။ သမိုင်းနောက်ခံ စစ်အကြောင်းကိုရိုက်ထားပေမဲ့ ဒါရိုက်တာကြီး Huo Hsiao Hsein ရဲ့ထူးခြားပြောင်မြောက်ကာ သူမတူတဲ့စွမ်းရည်ကြောင့် လွမ်းဖွယ်အတိဖြစ်ကာ ဂန္တ၀င်မြောက်ခဲ့ရတယ်။ (ရုပ်ရှင်ကိုကြည့်ရှုခံစားပြီးလို soundtrack ကိုသဘောကျနှစ်ခြိုက်မိခဲ့သည်ရှိသော် – Soundtrack -S.E.N.S) File size…(2.2 GB)/(900 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:01:00 Genre… Tragedy, Comedy, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Family • Adventure
0 1989 158 mins
A City of Sadness
Madagascar
6.9

ဒီတစ်ခါတော့ 2005 ခုနှစ်က ထွက်ခဲ့တဲ့ Madagascar ဆိုတဲ့ အမေရိကန် ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် Adventure comedy အမျိုးအစား ကာတွန်းကားလေးပါ မာတီဆိုတဲ့ မြင်းကျားလေးရယ်အဲလက်စ်ဆိုတဲ့ ခြင်္သေ့ရယ် မယ်လ်မန်းဆိုတဲ့ သစ်ကုလားအုတ်ရယ် ဂလော်ရီရာဆိုတဲ့ ရေမြင်းမလေးရယ် သူတို့ ၄ ကောင်က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ် သူတို့ လေးကောင်ဟာ နယူးယော့ခ်တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေပါ တိရစ္ဆာန်ရုံထဲမှာပဲ သူတို့ ဘဝကို နှစ်မြှုပ်ထားရင်း သာယာပျော်ရွှင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၄ ယောက်ပေါ့ တစ်နေ့မှာ တိရစ္ဆာန်ရုံက ပင်ဂွင်း ၄ ကောင်က အန္တာတိကတိုက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာကို မြင်းကျားလေးမာတီ တွေ့လိုက်ရာကငါတို့လည်း အရိုင်းတောထဲမှာ တောရိုင်းသတ္တဝါတွေနဲ့ သွားနေရင် ပျော်စရာကောင်းမယ်လို့ သူအတွေးရသွားပါတော့တယ် သူ့မွေးနေ့မှာ ကျန်တဲ့ သူငယ်ချင်း ၃ ယောက်က မွေးနေ့လုပ်ပေးပြီး လက်ဆောင်တွေ ပေးကြပေမဲ့ သူမပျော်တော့ပါဘူး အကျိုးအကြောင်းမေးမှ သူရှင်းပြလိုက်တော့ အကုန် အံ့သြပြီး မဖြစ်နိုင်တဲ့အကြောင်း ပြောကြပါတယ် မာတီကတော့ စိတ်ဓာတ်ကျပြီး သူတို့ အိပ်သွားတဲ့အချိန်မှာ တစ်ယောက်တည်း ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ် သူထွက်သွားတာကိုတရေးနိုး အပေါ့သွားတဲ့ မယ်လ်မန်းက သိသွားပြီး အဲလက်စ်နဲ့ ဂလော်ရီရာကို ပြောပြလိုက်ပါတယ် ဒီလိုနဲ့ သူတို့တွေ မာတီ့နောက်ကို လိုက်ရင်းလူတွေ မိသွားတဲ့အခါ တိရစ္ဆာန်ရုံပြောင်းခံရပါတော့တယ် အဲမှာ သူတို့အချင်းချင်း သူ့ကြောင့် ငါ့ကြောင့် စကားများရန်ဖြစ်ရင်း လမ်းမှာ သင်္ဘောပေါ်က ပြုတ်ကျပြီး လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းကို ရောက်သွားပါတော့တယ် အဲကျွန်းမှာ သူတို့ ဘာတွေနဲ့ ရင်ဆိုင်ရမှာလဲ သူတို့သူငယ်ချင်း ၄ ယောက်ရော အရင်လို ချစ်ချစ်ခင်ခင်နဲ့ ရှိပါတော့မလား ကြုံလာတဲ့အခက်အခဲတွေကိုရောရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား သူတို့အိမ်ဖြစ်တဲ့ နယူးယော့ခ်ကိုရော ပြန်နိုင်ပါ့မလားဆိုတာတော့ ဇာတ်လမ်းလေးကို ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါ IMDB rating 6.9 ထိရထားတဲ့ ကာတွန်းလေးမို့ ကာတွန်းချစ်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ဇာတ်ကားကောင်းလေးပါ ပျော်ပျော်ရွှင်ရွှင်ဇာတ်ဝင်ခန်းလေးတွေနဲ့ အတူ ရယ်စရာဟာသလေးတွေရော နှောထားလို့ ကြည့်နေရင်း မပျင်းရမယ့် ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ

Comedy
6.9 2005 86 mins
Madagascar